Part-40 ( for you)
Unicode
ရုတ်တရက် လဲကျသွားသောနေရောင့်ကြောင့် ကောင်းကင် မတ်တပ်ကြီးကြောင်အသွားသည်။
"ကျောင်းသား...
ဟိုကျောင်းသား!"
စာကြည့်တိုက်ဒုတိယထပ်ရဲ့တာဝန်ရှိသူရောက်လာမှ သူစိတ်နှင့်လူပြန်ကပ်ကာ ကျောပိုးအိတ်ကိုလွယ်လိုက်ပြီး နေရောင့်ကိုပွေ့ချီလိုက်သည်။
ဝရုန်းသုန်းကားပြေးဆင်းလာသည့်သူ့ကြောင့် တိတ်ဆိတ်နေသည့်စာကြည့်တိုက်ပထမထပ်မှသူများကကြည့်လာကြသည်။
တက္ကသိုလ်ဆေးရုံကိုခေါ်သွားရမည်ဆိုသည့်အသိကြောင့် နေရောင့်ကားရှိရာ Zoology Department ရှေ့သို့ပြေးရတော့သည်။
သူ့လက်တွေကြားမှာ ပျော့ခွေနေသည့် အစားအသောက်ကိုကြိုက်လွန်းသောချစ်ရသူဟာ သိပ်ကိုပေါ့ပါးနေတော့ပို၍စိုးထိတ်ကာ မျက်ရည်တွေကကျလာသည်။
"ငစစ်.....
စူးနေရောင် ဘာဖြစ်လို့လဲ....."
အတန်းပြီးလို့ထွက်လာကြသည့် တေဇတို့နှင့်တည့်တည့်တိုးနေသည်။
"မသိဘူး....
ရုတ်တရက်ကြီး လဲကျသွားတာ....."
အသက်ကိုမျှင်းမျှင်းလေးရှူနေသည့် သလင်းမြူရဲ့ဖြူလျော့လျော့ပုံစံကြောင့် ဘာဖြစ်မှန်း စိုင်းစံသဘောပေါက်သွားကာ သလင်းမြူရဲ့အိတ်ထဲကိုရှာဖွေလိုက်သည်။
"တေဇ....
နေရောင့်ကိုခဏပွေ့ထားပေးစမ်းပါ...
ငါကားမောင်းရမယ်..."
တေဇကနေရောင့်ကိုပွေ့ကာ ကားနောက်ခန်းထဲဝင်ထိုင်ပြီး စိုင်းစံကတော့တွေ့ထားသည့်ဆေးဘူးထဲမှဆေးတစ်ပြားကိုထုတ်ယူကာ သလင်းမြူကိုတိုက်ပေမယ့် မရ....
"အဲ့တာဘာဆေးလဲ...."
"အစ်ကိုအရေးပေါ်ဖြစ်ရင် သောက်နေကျဆေးပဲ...."
အလျင်စလို ခေါ်မိသွားသည့်နာမ်စားကြောင့် စိုင်းစံထိတ်သွားပေမယ့် ကောင်းကင်တို့ကတော့သတိထားမိဟန်မတူ....
"ငါတိုက်လိုက်မယ်....
မင်းကားမောင်း...."
ကောင်းကင်ကအနောက်ခန်းကိုရောက်လာပြီး စိုင်းစံ driver seat ကိုသွားရသည်။
"ဘယ်ကိုမောင်းရမှာလဲ..."
"တက္ကသိုလ်ဆေးရုံပေါ့ဟ...."
မဖြစ်ဘူး.....
"ထက်ရဲ့ phone ပေးစမ်းပါ.... "
"ဘာလုပ်မလို့လဲ...."
"မြန်မြန်!"
ကောင်းကင်လှမ်းပေးသည့် phone ကိုဖွင့်လိုက်တော့ password ခံထားခြင်းမရှိဘဲ content တွေထဲဝင်ရှာလိုက်သည်။
Doctor Khant
စိုင်းစံထိုဖုန်းနံပါတ်ကိုခေါ်လိုက်တော့တစ်ဖက်က ချက်ချင်းပြန်ဖြေသည်။
"Hello သသ..."
"Doctor ခန့်သူရိန်လားဗျ..."
"သသ ဘာဖြစ်လို့လဲ! "
တစ်ဖက်က ကိုခန့်ကအခြေအနေကိုနားလည်စွာပင် ဆေးတိုက်ပြီး ဆေးရုံကိုအမြန်လာခိုင်းသည်။
စိုင်းစံ ကားကိုအရှိန်နှင့်မောင်းထွက်ကာ ဆေးရုံကိုဦးတည်မောင်းလာခဲ့သည်။
သူတို့ကားဘေးမှာတော့ မင်းခိုင်တို့နှစ်ကောင်ဆိုင်ကယ်နှင့်လိုက်လာကြသည်။
ကောင်းကင် အဖြူရောင်ဆေးပြားသေးသေးကို ပါးစပ်ထဲထည့်ငုံကာ အနည်းငယ်ကိုက်ပြီး နေရောင်နှင့်ပါးစပ်ချင်းတေ့ကာလျှာဖြင့်လွှဲပြောင်းလိုက်သည်။
သူကအတင်းပိတ်ထားတာကြောင့် ဆေးက မျိုကျသွားသည်။
"ရေ...."
သူ့ကိုရှုံ့မဲ့ပြီးကြည့်နေသည့် တေဇပေးသည့်ရေဘူးထဲမှရေကိုငုံကာ နေရောင့်ကိုအရင်တိုက်လိုက်သည်။
"မခါးဘူးလား..... "
အန်ချင်သလို တွန့်လိမ်ပြောနေသည့် တေဇကိုပင်ခွန်းတုံ့ပြန်ဖို့မအား....
"တက္ကသိုလ် ဆေးရုံကိုမောင်းခိုင်းတာ
ဘယ်တွေမောင်းနေတာလဲ စိုင်းစံ!!"
"မင်းပါးစပ်ပိတ်ထားစမ်းပါ!
ငါအာရုံစိုက်လို့မရဘူး!"
ကားကိုအရှိန်ပိုတင်ပြီး ယာဉ်ထိန်းမီးပွိုင့်တွေကို ဂရုမစိုက်ဘဲ ကားဆိုင်ကယ်တွေကိုရှောင်ကာမောင်းနေသည့် စိုင်းစံကြောင့် တေဇကဘုရားစာတွေရွတ်နေလေသည်။
ဆေးရုံကိုရောက်တော့ အသင့်စောင့်နေသည့် ကိုခန့်က သလင်းမြူကိုအရေးပေါ်ခန်းထဲတန်းခေါ်သွားသည်။
သူတို့အားလုံးတိတ်ဆိတ်စွာဘဲ စောင့်ဆိုင်းနေခဲ့ပြီး ကောင်းကင်အေးစက်နေသည့် လက်ဖဝါးနှစ်ဖက်ကိုအချင်းချင်းပွတ်တိုက်နေသည်။
နာရီဝက်ကျော်လောက်မှ အရေးပေါ်ခန်းထဲကနေထွက်လာပြီး အထွေထွေလူနာဆောင်ကိုပြောင်းရွေ့ပေးသည်။
Oxygen mask အကူအညီနှင့် အသက်ကိုပုံမှန်လေးရှူနေသည့် နေရောင်ဟာ ဆေးအရှိန်နှင့် အိပ်ပျော်နေသည်။
"လူနာကမကြာခင်သတိရလာမှာပါ...
ခုနကကျွန်တော့်ကိုဖုန်းဆက်တာ ဘယ်သူလဲ.."
"ကျွန်တော်ပါ..."
"ခဏလောက် လိုက်ခဲ့ပေးပါ..."
ကိုခန့်ခေါ်ရာနောက်ကို စိုင်းစံလိုက်သွားလိုက်သည်။
ဆေးပိုက်တန်းလန်းနှင့် လက်ကောက်ဝတ်လေးကိုကြည့်ရင်း ကောင်းကင်ရဲ့မျက်ရည်ကပေါက်ကနဲ သလင်းမြူရဲ့ လက်ဖမိုးပေါ်ကိုသက်ဆင်းသွားသည်။
"ငစစ်....
မငိုစမ်းပါနဲ့ကွာ....
စူးနေရောင်ကခဏနေသတိရလာတော့မှာပါ..."
"တောင်းပန်ပါတယ်ကွာ....
ကိုယ်မင်းကိုပင်ပန်းအောင်သံသယတွေဝင်ခဲ့မိတယ်...."
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ညီက သသ......အာ...
စူးနေရောင်ထက် ရဲ့သူငယ်ချင်းလား..... "
"ကျွန်တော်က အစ်ကိုသလင်းမြူနဲ့ကျောင်းနေဖက်ပါ....
အစ်ကို့အကြောင်းကျွန်တော်သိထားပါတယ်...."
"တော်သေးတာပေါ့....
သသကိုသိတဲ့သူရှိသေးလို့...
ဒီရက်ပိုင်းအတွင်း မိသားစုကိစ္စတွေအပြင် တခြားစိတ်ရှုပ်စရာတွေပါရှိနေတယ်ထင်တယ်....
သသကျန်းမာရေး အခြေအနေကပိုဆိုးလာတယ်...."
"အစ်ကို့မိသားစုကဘာဖြစ်လို့လဲ...."
"ညီ မသိဘူးလား....
သသ အမေ အမှုဖြစ်နေတယ်...."
"အဲ့တာကြောင့် ကျောင်းမတတ်တဲ့ရက်တွေရှိနေတာကို....
အစ်ကိုက အရမ်းမျိုသိပ်တတ်တော့....
ကျွန်တော့်ကိုဘာမှမပြောပြဘူး...."
"ဟုတ်တယ်....
အဲ့ကောင်လေးကိုအဲ့တာတွေကြောင့်ပိုစိတ်ပူရတာ....
ကျေးဇူးပါပဲ ငါ့ညီရာ....
သသတစ်ခုခုဖြစ်ရင် အချိန်မရွေးအစ်ကို့ဆီကို လှမ်းဖုန်းဆက်ပေးပါ...."
"ဟုတ်ကဲ့.... "
စိုင်းစံ သလင်းမြူရှိရာကိုပြန်လာခဲ့တော့ လူနာကုတင်ဘေးမှာ သလင်းမြူရဲ့လက်ဖဝါးကိုကိုင်ထားသည့် ကောင်းကင်တစ်ယောက်ကိုသာတွေ့ရသည်။
"ဆရာဝန်ကဘာပြောလဲ...."
"အားနည်းနေလို့မူးလဲတာတဲ့....
တေဇတို့ရော..."
"ငါပြန်ခိုင်းလိုက်ပြီ....
မင်းလည်းပြန်ရင်ပြန်တော့လေ...."
"ရတယ်...
ငါလည်းစောင့်ပေးမယ်...."
စိုင်းစံနဲ့ကောင်းကင်ငြိမ်သက်စွာပင် သလင်းမြူကိုကြည့်နေခဲ့ကြသည်။
"ကောင်းကင်..."
"အင်း..."
"မင်း.....
ထက်ကိုချစ်နေတာမလား..."
ငြင်းဆန်ခြင်းမပြုဘဲ ကောင်းကင်သူကိုကြည့်သည့်မျက်ဝန်းတွေကသူ့အထင်မှန်သည်ဟု ဝန်ခံသည်။
"ထက်ကလည်းချစ်တယ်...."
"နေရောင်ကအဲ့လိုပြောလား..."
"မပြောလည်းသိတယ်..."
"မင်းကနေရောင်နဲ့တွေ့တာမကြာသေးဘူးဆိုပေမယ့်...
နှစ်တွေအများကြီးခင်မင်လာသလိုမျိုးနေရောင့်ကိုနားလည်နေတဲ့ပုံပဲ..."
စိုင်းစံက ပြုံးရုံသာပြုံးသည်။
"မင်းတို့တွဲနေကြပြီမလား..."
"အင်း...
နေရောင်ကမင်းတို့ကိုမပြောခိုင်းလို့ sorry "
အစ်ကို့ရဲ့အရှားပားဆုံးပျော်နေတဲ့အပြုံးတွေကို ကောင်းကင်နဲ့အတူရှိတိုင်းတွေ့ရတော့ သူသိနေခဲ့သည်။
တစ်ချိန်က သူနဲ့ကျောင်းမှာတစ်ခန်းထဲအတူနေခဲ့ရတုန်းက အစ်ကိုကအမြဲသတိရှိသောသူတစ်ယောက် လူတိုင်းအပေါ်မှန်လိုပြန် တုန့်ပြန်တတ်သူပါ။
"ထက်ကိုချစ်ပေးလိုက်ပါ....
မင်းမှာရှိသမျှအချစ်တွေအကုန်လုံးပေးဖို့ သူကထိုက်တန်ပါတယ်...."
"တခြားသူတွေကိုမပြောနဲ့ဦး....
နေရောင့်ကိုအနေမခက်စေချင်ဘူး..."
"အင်းပါ....
ငါနားလည်ပါတယ်.... "
🎶📲 phone rings.....
Content name ကိုကြည့်လိုက်တော့ ဟိုဘိုးတော်....
မကိုင်ဘဲထားပေမယ့် ဖုန်းဆက်တိုက်ခေါ်ပြီး message တွေပါပို့လာသည်။
""မပြန်လာသေးဘူးလား""
""ဘာလို့ဖုန်းမကိုင်တာလဲ
အတန်းမပြီးသေးလို့လား""
""Reply ပြန်""
""မလိမ္မာရင် ငယ်ပဲဒုက္ခရောက်မှာနော်""
နောက်ဆုံးဝင်လာသည့် messageကပိုင်စိုးပိုင်နင်းဆန်လွန်းတာကြောင့် သူဒေါသထွက်ပြီး ဖုန်းခေါ်ဖို့လုပ်လိုက်သည်။
ဖုန်းကိုခွင့်ပြုချက်မရှိဘဲကိုင်ရင်မကြိုက်ကြောင်း နေရောင်ပြောခဲ့သည်ကိုပြန်သတိရကာ သူစိတ်လျော့လိုက်သည်။
ညနေခြောက်နာရီကျော်လို့ အပြင်မှာလည်းတော်တော်မှောင်နေပြီ....
"စိုင်းစံရှား.....
မင်းပြန်တော့လေ...."
ကျောင်းတွင်းအဆောင်နေရသည့်အတွက် စိုင်းစံပြန်သွားရသည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
သလင်းမြူ မျက်လုံးဖွင့်ဖွင့်ချင်းမြင်ရသည့်အလင်းရောင်စူးစူးကြောင့် မျက်လုံးကိုလက်နှင့်ကွယ်လိုက်သည်။
"ချစ် သတိရပြီလား..."
"အင်း.....
ဆေးရုံရောက်နေတာလား..."
"မဖြုတ်နဲ့လေ.... "
Oxygen mask ကိုဖြုတ်လိုက်သည့်သူ့ကိုကောင်းကင်ကတားသည်။
"ချစ်ကိုစိတ်ဆိုးနေသေးလား..."
"အရူးလေး...
ကိုယ်ကဘယ်တုန်းကစိတ်ဆိုးနေလို့လဲ...
နောက်တစ်ခါနေမကောင်းဖြစ်ရဲဖြစ်ကြည့်...."
"ဘာလုပ်မှာလဲ..."
"ဖက်နမ်းမှာ.."
သလင်းမြူအားမာန်အပြည့်နှင့်ကြိမ်းသည့်ကောင်းကင်ရဲ့ပါးကိုနမ်းလိုက်သည်။
"ဒီလိုလား..."
"မဟုတ်ဘူး ဒီလို.."
သူ့နှုတ်ခမ်းတွေကိုကောင်းကင်ကတရှိုက်မက်မက်နမ်းသည်။
ဘေးကုတင်တွေမှလူနာအချို့နှင့် တာဝန်ကျ ဆရာဝန်သူနာပြုလေးတွေကိုတော့ ရှိသည်တောင်မထင်တော့ပါ...
"လူနာ....
ကျွန်တော်နဲ့လိုက်ခဲ့ပါ...."
အနားကိုရုပ်တည်ကြီးနှင့်ရောက်လာသည့်ကိုခန့်က ဆေးပိုက်ကိုဖြုတ်ပေးပြီး သူနဲ့စကားပြောဖို့ခေါ်သည်။
"ကို ခဏလောက်စောင့်နေပေးနော်..."
"အင်း..."
ကိုခန့်ကသူ့ရုံးခန်းထဲကိုခေါ်သွားသည်။
"သသ.."
"ထပ်ပြီးစာရင်းသွင်းဖို့ပြောဦးမလို့လား..."
"သိရင်လည်း...."
"အင်း...
သွင်းလိုက်တော့..."
"တကယ်လား! "
"အင်း..."
"ကောင်းတယ်.....
ကိုယ်အခုပဲစာရင်းသွင်းလိုက်တော့မယ်....
အမျိုးအစားကိုက်ညီမယ့်အလှူရှင်ကိုစောင့်ကြတာပေါ့...."
ဝမ်းသာနေသည့်ကိုခန့်ကသူ့ကိုတောင်ဖက်လာသည်။
"ဆုံးဖြတ်ချက်မှန်တယ်...."
မျက်လုံးဖွင့်ဖွင့်ချင်းကောင်းကင်ကိုမြင်ရသည့်ခံစားချက်က သူ့ကိုအတိုင်းထက်အလွန်ပျော်ရွှင်အားအင်ရှိစေသည်။
"ချစ်တာကလည်းချစ်...
လူရှေ့သူရှေ့တော့ရှောင်...."
သူနဲ့ကောင်းကင်ကိုမြင်သွားဟန်ရှိသည့် ကိုခန့်စကားကသူ့ကိုအမြင်ကတ်သလို ရွဲ့တဲ့တဲ့....
"ကိုခန့်လည်းရှာတော့လေ..."
"တော်ပါပြီကွာ.....
FA ဘဝပဲကောင်းပါတယ်..."
"တကယ်ချစ်တဲ့သူမတွေ့သေးလို့အဲ့လိုပြောနိုင်နေတာပါ....
တွေ့မယ့်ပုံလဲမပေါ်ပါဘူး....
ငှက်ပျောတုံးဖက်ရမယ့်ကံဇာတာနဲ့..."
သလင်းမြူ ပြောပြီးတာနဲ့ အခန်းထဲကနေ ဝှစ်ကနဲနေအောင်ပြေးထွက်သွားတော့သည်။
ဆေးရုံပြိုကျမတတ်အော်တော့မည့် ကိုခန့်အသံကိုသိသောကြောင့် ခြေသွက်ရသည်။
"ပြန်ကြမယ်..."
"ပြီးပြီလား..."
"အင်း..."
ဆေးရုံထဲမှလက်တွဲထွက်သွားပြီး ကားပေါ်တက်ကာမောင်းထွက်သွားသည့်ကောင်လေးနှစ်ယောက်ကိုမျက်စိတဆုံးလိုက်ကြည့်ရင်း ကိုခန့်ပြုံးပါသည်။
"သလင်းမြူလေးတောင်ချစ်သူရနေပြီပဲနော်..."
သူ့ဘေးမှလက်ထောက်သူနာပြုမလေးကပြောလာသည်။
"အင်း...
တော်တော်ပျော်နေရှာတာ..."
"သူ့အမေကလက်ခံပါ့မလား..."
ကိုခန့် သက်ပြင်းမောတစ်ခုကိုချရင်း ဆုတောင်းပေးမိပါသည်။
ကျွန်တော်တို့ရဲ့ကလေးငယ်လေးကို ပျော်ရွှင်ခွင့်ပေးပါ အရှင်ဘုရား....
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
"ဟိုဘိုးတော်ချစ်ကိုဖုန်းတွေခေါ်ထားတယ်..."
"ကိုင်လိုက်သေးလား..."
"ဟင့်အင်း..."
နေရောင်က တစ်ဖက်ကိုမျက်နှာလှည့်ကာကားမှန်အပြင်ဘက်ကိုကြည့်နေလေသည်။
"ကို..."
"ဗျာ..."
"ဘာတွေပဲဖြစ်လာလာ....
သိထားပေးပါ....
ကို့ကို ဒီလူသားက အရမ်းချစ်တယ်....."
ကောင်းကင်ကျေနပ်စွာပြုံးနေခဲ့ပေမယ့် နေရောင်ကတော့ သူ့ဘက်ကိုလှည့်မလာ...
သူမသိခဲ့တာက သူ့ချစ်သူတစ်ဖက်ကိုလှည့်နေခဲ့တာဟာ မျက်ရည်တွေကိုမမြင်စေချင်လို့မှန်း....
အခန်းထဲထိလိုက်ပို့မည်ဆိုတာကို နေရောင်ကလက်အခံဘဲ သူ့ကိုနမ်းကာ အတင်းပြန်ခိုင်းသောကြောင့် ကောင်းကင်ပြန်ခဲ့ရပေမယ့် စိတ်ကမချချင်။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
"ကိုကိုကျွန်တော့်ဆီကဘာလိုချင်တာလဲ...."
ထင်သည့်အတိုင်းသူ့အခန်းရှေ့မှာစီးကြိုစောင့်နေသူကို မေးခွန်းတစ်ခုနှင့် နှုတ်ခွန်းဆက်လိုက်သည်။
"ဘာလို့ဖုန်းမကိုင်တာလဲ.."
"......."
"မင်းအကောင်နဲ့အတူရှိနေတာမလား...."
"......."
"ဖြေလေ!"
"ဆေးရုံရောက်နေလို့..."
"ဆေးရုံ?.
ဘာဖြစ်လို့လဲ....
နေမကောင်းဘူးလား..."
"ကျွန်တော်နေမကောင်းတာကို ကိုကိုကောင်းကောင်းသိပါတယ်....
သိသိရက်နဲ့ကျွန်တော့်ကိုနှိပ်စက်ချင်နေတာ..."
"အဲ့လို့မဟုတ်ဘူး.....
ကိုယ်ကငယ်ကောင်းဖို့လုပ်ရတာ..."
"ကောင်းဖို့?
ဘာတွေများကောင်းရမှာလဲ!"
"စစ်ကောင်းကင်နိုင်ကို ငယ်နက်နက်ရှိုင်းရှိုင်းချစ်မသွားအောင်ကိုယ်တားနေတာ...
ငယ်နဲ့သူကင်းကင်းနေမှ အဆင်ပြေမှာ...
အဲ့တာမှ.....
စူးနေရောင်ထက် ပြန်လာရင်....
ငယ်အရမ်းမနာကျင်ရမှာ...."
"ကိုကိုသိလား...
ဒီလိုတွေလုပ်တာကမှ ကျွန်တော့်ကိုပိုနာကျင်စေတာ.....
သူ့ကိုကျွန်တော်မတွေ့ရရင် သူကျွန်တော့်အပေါ်သံသယဖြစ်ရင် သူကျွန်တော့်အပေါ်စိတ်ကွက်ရင်.....
သူကျွန်တော့်ကြောင့် စိတ်ညစ်ရ နာကျင်ရရင်....
ကျွန်တော်ကအဆပေါင်းများစွာပိုခံစားရတယ်
စာချုပ်သက်တမ်းအချိန်ပြည့်တာနဲ့ သလင်းမြူဘဝကိုပြန်သွားမှာပါ....
ဒါကြောင့် ကျွန်တော့်ကိုလွှတ်ထားပေးပါကိုကို "
အခန်းထဲဝင်သွားသည့်ငယ့်အတွက် သူ့ရဲ့လုပ်ရပ်တွေဟာ မကောင်းခဲ့ဘူးပဲ....
မင်းကောင်းဖို့အတွက်ပါ ငယ်ရယ်....
ဒီရက်ပိုင်း ဟိုဓနဆိုသူဘက်မှပြဿနာရှာလာခြင်းမျိုးမရှိသေးဘဲ စူးနေရောင်ထက်ကပါငြိမ်နေသောကြောင့် သလင်းမြူ အသက်ရှူချောင်ရသည်။
ညဘက်ဟိုဘက်ဝရန်တာဒီဘက်ဝရန်တာ မျက်နှာချင်းဆိုင်ပြီး ဖုန်းပြောနေသည့် ကောင်လေးနှစ်ယောက်ဟာ လရောင်အောက်မှာ အချစ်တွေကြောင့်တောက်ပနေကြသည်။
"Good night ကို
Mwah!"
ဟိုဘက်သည်ဘက် fly kiss ပေးပြီး ရယ်သံလေးတွေ ပြန့်လွင့်လျှက်....
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
အနားမှာရှိနေတုန်း
ချစ်နိုင်သမျှချစ်ပေးပါ
ပျောက်ကွယ်သွားမှ
မတမ်းတပါနဲ့
************************************
Zawgyi
႐ုတ္တရက္ လဲက်သြားေသာေနေရာင့္ေၾကာင့္ ေကာင္းကင္ မတ္တပ္ႀကီးေၾကာင္အသြားသည္။
"ေက်ာင္းသား...
ဟိုေက်ာင္းသား!"
စာၾကည့္တိုက္ဒုတိယထပ္ရဲ႕တာဝန္႐ွိသူေရာက္လာမွ သူစိတ္ႏွင့္လူျပန္ကပ္ကာ ေက်ာပိုးအိတ္ကိုလြယ္လိုက္ၿပီး ေနေရာင့္ကိုေပြ႔ခ်ီလိုက္သည္။
ဝ႐ုန္းသုန္းကားေျပးဆင္းလာသည့္သူ႔ေၾကာင့္ တိတ္ဆိတ္ေနသည့္စာျကည့္တိုက္ပထမထပ္မွသူမ်ားကၾကည့္လာၾကသည္။
တကၠသိုလ္ေဆး႐ုံကိုေခၚသြားရမည္ဆိုသည့္အသိေၾကာင့္ ေနေရာင့္ကား႐ွိရာ Zoology Department ေ႐ွ႕သို႔ေျပးရေတာ့သည္။
သူ႔လက္ေတြၾကားမွာ ေပ်ာ့ေခြေနသည့္ အစားအေသာက္ကိုျကိုက္လြန္းေသာခ်စ္ရသူဟာ သိပ္ကိုေပါ့ပါးေနေတာ့ပို၍စိုးထိတ္ကာ မ်က္ရည္ေတြကက်လာသည္။
"ငစစ္.....
စူးေနေရာင္ ဘာျဖစ္လို႔လဲ....."
အတန္းၿပီးလို႔ထြက္လာၾကသည့္ ေတဇတို႔ႏွင့္တည့္တည့္တိုးေနသည္။
"မသိဘူး....
႐ုတ္တရက္ႀကီး လဲက်သြားတာ....."
အသက္ကိုမ်ွင္းမ်ွင္းေလး႐ွဴေနသည့္ သလင္းျမဴရဲ႕ျဖဴေလ်ာ့ေလ်ာ့ပုံစံေၾကာင့္ ဘာျဖစ္မွန္း စိုင္းစံသေဘာေပါက္သြားကာ သလင္းျမဴရဲ႕အိတ္ထဲကို႐ွာေဖြလိုက္သည္။
"ေတဇ....
ေနေရာင့္ကိုခဏေပြ႔ထားေပးစမ္းပါ...
ငါကားေမာင္းရမယ္..."
ေတဇကေနေရာင့္ကိုေပြ႔ကာ ကားေနာက္ခန္းထဲဝင္ထိုင္ၿပီး စိုင္းစံကေတာ့ေတြ႔ထားသည့္ေဆးဘူးထဲမွေဆးတစ္ျပားကိုထုတ္ယူကာ သလင္းျမဴကိုတိုက္ေပမယ့္ မရ....
"အဲ့တာဘာေဆးလဲ...."
"အစ္ကိုအေရးေပၚျဖစ္ရင္ ေသာက္ေနက်ေဆးပဲ...."
အလ်င္စလို ေခၚမိသြားသည့္နာမ္စားေၾကာင့္ စိုင္းစံထိတ္သြားေပမယ့္ ေကာင္းကင္တို႔ကေတာ့သတိထားမိဟန္မတူ....
"ငါတိုက္လိုက္မယ္....
မင္းကားေမာင္း...."
ေကာင္းကင္ကအေနာက္ခန္းကိုေရာက္လာၿပီး စိုင္းစံ driver seat ကိုသြားရသည္။
"ဘယ္ကိုေမာင္းရမွာလဲ..."
"တကၠသိုလ္ေဆး႐ုံေပါ့ဟ...."
မျဖစ္ဘူး.....
"ထက္ရဲ႕ phone ေပးစမ္းပါ.... "
"ဘာလုပ္မလို႔လဲ...."
"ျမန္ျမန္!"
ေကာင္းကင္လွမ္းေပးသည့္ phone ကိုဖြင့္လိုက္ေတာ့ password ခံထားျခင္းမ႐ွိဘဲ content ေတြထဲဝင္႐ွာလိုက္သည္။
Doctor Khant
စိုင္းစံထိုဖုန္းနံပါတ္ကိုေခၚလိုက္ေတာ့တစ္ဖက္က ခ်က္ခ်င္းျပန္ေျဖသည္။
"Hello သသ..."
"Doctor ခန္႔သူရိန္လားဗ်..."
"သသ ဘာျဖစ္လို႔လဲ! "
တစ္ဖက္က ကိုခန္႔ကအေျခအေနကိုနားလည္စြာပင္ ေဆးတိုက္ၿပီး ေဆး႐ုံကိုအျမန္လာခိုင္းသည္။
စိုင္းစံ ကားကိုအ႐ွိန္ႏွင့္ေမာင္းထြက္ကာ ေဆး႐ုံကိုဦးတည္ေမာင္းလာခဲ့သည္။
သူတို႔ကားေဘးမွာေတာ့ မင္းခိုင္တို႔ႏွစ္ေကာင္ဆိုင္ကယ္ႏွင့္လိုက္လာၾကသည္။
ေကာင္းကင္ အျဖဴေရာင္ေဆးျပားေသးေသးကို ပါးစပ္ထဲထည့္ငုံကာ အနည္းငယ္ကိုက္ၿပီး ေနေရာင္ႏွင့္ပါးစပ္ခ်င္းေတ့ကာလ်ွာျဖင့္လႊဲေျပာင္းလိုက္သည္။
သူကအတင္းပိတ္ထားတာေၾကာင့္ ေဆးက မ်ိဳက်သြားသည္။
"ေရ...."
သူ႔ကို႐ႈံ႕မဲ့ၿပီးၾကည့္ေနသည့္ ေတဇေပးသည့္ေရဘူးထဲမွေရကိုငုံကာ ေနေရာင့္ကိုအရင္တိုက္လိုက္သည္။
"မခါးဘူးလား..... "
အန္ခ်င္သလို တြန္႔လိမ္ေျပာေနသည့္ ေတဇကိုပင္ခြန္းတုံ႔ျပန္ဖို႔မအား....
"တကၠသိုလ္ ေဆး႐ုံကိုေမာင္းခိုင္းတာ
ဘယ္ေတြေမာင္းေနတာလဲ စိုင္းစံ!!"
"မင္းပါးစပ္ပိတ္ထားစမ္းပါ!
ငါအာ႐ုံစိုက္လို႔မရဘူး!"
ကားကိုအ႐ွိန္ပိုတင္ၿပီး ယာဥ္ထိန္းမီးပြိဳင့္ေတြကို ဂ႐ုမစိုက္ဘဲ ကားဆိုင္ကယ္ေတြကိုေ႐ွာင္ကာေမာင္းေနသည့္ စိုင္းစံေၾကာင့္ ေတဇကဘုရားစာေတြရြတ္ေနေလသည္။
ေဆး႐ုံကိုေရာက္ေတာ့ အသင့္ေစာင့္ေနသည့္ ကိုခန္႔က သလင္းျမဴကိုအေရးေပၚခန္းထဲတန္းေခၚသြားသည္။
သူတို႔အားလုံးတိတ္ဆိတ္စြာဘဲ ေစာင့္ဆိုင္းေနခဲ့ၿပီး ေကာင္းကင္ေအးစက္ေနသည့္ လက္ဖဝါးႏွစ္ဖက္ကိုအခ်င္းခ်င္းပြတ္တိုက္ေနသည္။
နာရီဝက္ေက်ာ္ေလာက္မွ အေရးေပၚခန္းထဲကေနထြက္လာၿပီး အေထြေထြလူနာေဆာင္ကိုေျပာင္းေရြ႔ေပးသည္။
Oxygen mask အကူအညီႏွင့္ အသက္ကိုပုံမွန္ေလး႐ွဴေနသည့္ ေနေရာင္ဟာ ေဆးအ႐ွိန္ႏွင့္ အိပ္ေပ်ာ္ေနသည္။
"လူနာကမၾကာခင္သတိရလာမွာပါ...
ခုနကကြၽန္ေတာ့္ကိုဖုန္းဆက္တာ ဘယ္သူလဲ.."
"ကြၽန္ေတာ္ပါ..."
"ခဏေလာက္ လိုက္ခဲ့ေပးပါ..."
ကိုခန္႔ေခၚရာေနာက္ကို စိုင္းစံလိုက္သြားလိုက္သည္။
ေဆးပိုက္တန္းလန္းႏွင့္ လက္ေကာက္ဝတ္ေလးကိုၾကည့္ရင္း ေကာင္းကင္ရဲ႕မ်က္ရည္ကေပါက္ကနဲ သလင္းျမဴရဲ႕ လက္ဖမိုးေပၚကိုသက္ဆင္းသြားသည္။
"ငစစ္....
မငိုစမ္းပါနဲ႔ကြာ....
စူးေနေရာင္ကခဏေနသတိရလာေတာ့မွာပါ..."
"ေတာင္းပန္ပါတယ္ကြာ....
ကိုယ္မင္းကိုပင္ပန္းေအာင္သံသယေတြဝင္ခဲ့မိတယ္...."
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ညီက သသ......အာ...
စူးေနေရာင္ထက္ ရဲ႕သူငယ္ခ်င္းလား..... "
"ကြၽန္ေတာ္က အစ္ကိုသလင္းျမဴနဲ႔ေက်ာင္းေနဖက္ပါ....
အစ္ကို႔အေၾကာင္းကြၽန္ေတာ္သိထားပါတယ္...."
"ေတာ္ေသးတာေပါ့....
သသကိုသိတဲ့သူ႐ွိေသးလို႔...
ဒီရက္ပိုင္းအတြင္း မိသားစုကိစၥေတြအျပင္ တျခားစိတ္႐ႈပ္စရာေတြပါ႐ွိေနတယ္ထင္တယ္....
သသက်န္းမာေရး အေျခအေနကပိုဆိုးလာတယ္...."
"အစ္ကို႔မိသားစုကဘာျဖစ္လို႔လဲ...."
"ညီ မသိဘူးလား....
သသ အေမ အမႈျဖစ္ေနတယ္...."
"အဲ့တာေၾကာင့္ ေက်ာင္းမတတ္တဲ့ရက္ေတြ႐ွိေနတာကို....
အစ္ကိုက အရမ္းမ်ိုသိပ္တတ္ေတာ့....
ကြၽန္ေတာ့္ကိုဘာမွမေျပာျပဘူး...."
"ဟုတ္တယ္....
အဲ့ေကာင္ေလးကိုအဲ့တာေတြေၾကာင့္ပိုစိတ္ပူရတာ....
ေက်းဇူးပါပဲ ငါ့ညီရာ....
သသတစ္ခုခုျဖစ္ရင္ အခ်ိန္မေရြးအစ္ကို႔ဆီကို လွမ္းဖုန္းဆက္ေပးပါ...."
"ဟုတ္ကဲ့.... "
စိုင္းစံ သလင္းျမဴ႐ွိရာကိုျပန္လာခဲ့ေတာ့ လူနာကုတင္ေဘးမွာ သလင္းျမဴရဲ႕လက္ဖဝါးကိုကိုင္ထားသည့္ ေကာင္းကင္တစ္ေယာက္ကိုသာေတြ႔ရသည္။
"ဆရာဝန္ကဘာေျပာလဲ...."
"အားနည္းေနလို႔မူးလဲတာတဲ့....
ေတဇတို႔ေရာ..."
"ငါျပန္ခိုင္းလိုက္ၿပီ....
မင္းလည္းျပန္ရင္ျပန္ေတာ့ေလ...."
"ရတယ္...
ငါလည္းေစာင့္ေပးမယ္...."
စိုင္းစံနဲ႔ေကာင္းကင္ၿငိမ္သက္စြာပင္ သလင္းျမဴကိုၾကည့္ေနခဲ့ၾကသည္။
"ေကာင္းကင္..."
"အင္း..."
"မင္း.....
ထက္ကိုခ်စ္ေနတာမလား..."
ျငင္းဆန္ျခင္းမျပဳဘဲ ေကာင္းကင္သူကိုၾကည့္သည့္မ်က္ဝန္းေတြကသူ႔အထင္မွန္သည္ဟု ဝန္ခံသည္။
"ထက္ကလည္းခ်စ္တယ္...."
"ေနေရာင္ကအဲ့လိုေျပာလား..."
"မေျပာလည္းသိတယ္..."
"မင္းကေနေရာင္နဲ႔ေတြ႔တာမၾကာေသးဘူးဆိုေပမယ့္...
ႏွစ္ေတြအမ်ားႀကီးခင္မင္လာသလိုမ်ိဳးေနေရာင့္ကိုနားလည္ေနတဲ့ပုံပဲ..."
စိုင္းစံက ျပဳံး႐ုံသာျပဳံးသည္။
"မင္းတို႔တြဲေနၾကၿပီမလား..."
"အင္း...
ေနေရာင္ကမင္းတို႔ကိုမေျပာခိုင္းလို႔ sorry "
အစ္ကို့ရဲ႕အရွားပားဆုံးေပ်ာ္ေနတဲ့အျပဳံးေတြကို ေကာင္းကင္နဲ႔အတူ႐ွိတိုင္းေတြ႔ရေတာ့ သူသိေနခဲ့သည္။
တစ္ခ်ိန္က သူနဲ႔ေက်ာင္းမွာတစ္ခန္းထဲအတူေနခဲ့ရတုန္းက အစ္ကိုကအျမဲသတိ႐ွိေသာသူတစ္ေယာက္ လူတိုင္းအေပၚမွန္လိုျပန္ တုန္႔ျပန္တတ္သူပါ။
"ထက္ကိုခ်စ္ေပးလိုက္ပါ....
မင္းမွာ႐ွိသမ်ွအခ်စ္ေတြအကုန္လုံးေပးဖို႔ သူကထိုက္တန္ပါတယ္...."
"တျခားသူေတြကိုမေျပာနဲ႔ဦး....
ေနေရာင့္ကိုအေနမခက္ေစခ်င္ဘူး..."
"အင္းပါ....
ငါနားလည္ပါတယ္.... "
🎶📲 phone rings.....
Content name ကိုၾကည့္လိုက္ေတာ့ ဟိုဘိုးေတာ္....
မကိုင္ဘဲထားေပမယ့္ ဖုန္းဆက္တိုက္ေခၚၿပီး message ေတြပါပို႔လာသည္။
""မျပန္လာေသးဘူးလား""
""ဘာလို႔ဖုန္းမကိုင္တာလဲ
အတန္းမၿပီးေသးလို႔လား""
""Reply ျပန္""
""မလိမၼာရင္ ငယ္ပဲဒုကၡေရာက္မွာေနာ္""
ေနာက္ဆုံးဝင္လာသည့္ messageကပိုင္စိုးပိုင္နင္းဆန္လြန္းတာေၾကာင့္ သူေဒါသထြက္ၿပီး ဖုန္းေခၚဖို႔လုပ္လိုက္သည္။
ဖုန္းကိုခြင့္ျပဳခ်က္မ႐ွိဘဲကိုင္ရင္မႀကိဳက္ေၾကာင္း ေနေရာင္ေျပာခဲ့သည္ကိုျပန္သတိရကာ သူစိတ္ေလ်ာ့လိုက္သည္။
ညေနေျခာက္နာရီေက်ာ္လို႔ အျပင္မွာလည္းေတာ္ေတာ္ေမွာင္ေနၿပီ....
"စိုင္းစံ႐ွား.....
မင္းျပန္ေတာ့ေလ...."
ေက်ာင္းတြင္းအေဆာင္ေနရသည့္အတြက္ စိုင္းစံျပန္သြားရသည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
သလင္းျမဴ မ်က္လုံးဖြင့္ဖြင့္ခ်င္းျမင္ရသည့္အလင္းေရာင္စူးစူးေၾကာင့္ မ်က္လုံးကိုလက္ႏွင့္ကြယ္လိုက္သည္။
"ခ်စ္ သတိရၿပီလား..."
"အင္း.....
ေဆး႐ုံေရာက္ေနတာလား..."
"မျဖဳတ္နဲ႔ေလ.... "
Oxygen mask ကိုျဖဳတ္လိုက္သည့္သူ႔ကိုေကာင္းကင္ကတားသည္။
"ခ်စ္ကိုစိတ္ဆိုးေနေသးလား..."
"အ႐ူးေလး...
ကိုယ္ကဘယ္တုန္းကစိတ္ဆိုးေနလို႔လဲ...
ေနာက္တစ္ခါေနမေကာင္းျဖစ္ရဲျဖစ္ၾကည့္...."
"ဘာလုပ္မွာလဲ..."
"ဖက္နမ္းမွာ.."
သလင္းျမဴအားမာန္အျပည့္ႏွင့္ႀကိမ္းသည့္ေကာင္းကင္ရဲ႕ပါးကိုနမ္းလိုက္သည္။
"ဒီလိုလား..."
"မဟုတ္ဘူး ဒီလို.."
သူ႔ႏႈတ္ခမ္းေတြကိုေကာင္းကင္ကတ႐ိႈက္မက္မက္နမ္းသည္။
ေဘးကုတင္ေတြမွလူနာအခ်ိဳ႕ႏွင့္ တာဝန္က် ဆရာဝန္သူနာျပဳေလးေတြကိုေတာ့ ႐ွိသည္ေတာင္မထင္ေတာ့ပါ...
"လူနာ....
ကြၽန္ေတာ္နဲ႔လိုက္ခဲ့ပါ...."
အနားကို႐ုပ္တည္ႀကီးႏွင့္ေရာက္လာသည့္ကိုခန္႔က ေဆးပိုက္ကိုျဖဳတ္ေပးၿပီး သူနဲ႔စကားေျပာဖို႔ေခၚသည္။
"ကို ခဏေလာက္ေစာင့္ေနေပးေနာ္..."
"အင္း..."
ကိုခန္႔ကသူ႔႐ုံးခန္းထဲကိုေခၚသြားသည္။
"သသ.."
"ထပ္ၿပီးစာရင္းသြင္းဖို႔ေျပာဦးမလို႔လား..."
"သိရင္လည္း...."
"အင္း...
သြင္းလိုက္ေတာ့..."
"တကယ္လား! "
"အင္း..."
"ေကာင္းတယ္.....
ကိုယ္အခုပဲစာရင္းသြင္းလိုက္ေတာ့မယ္....
အမ်ိဳးအစားကိုက္ညီမယ့္အလွဴ႐ွင္ကိုေစာင့္ၾကတာေပါ့...."
ဝမ္းသာေနသည့္ကိုခန္႔ကသူ႔ကိုေတာင္ဖက္လာသည္။
"ဆုံးျဖတ္ခ်က္မွန္တယ္...."
မ်က္လုံးဖြင့္ဖြင့္ခ်င္းေကာင္းကင္ကိုျမင္ရသည့္ခံစားခ်က္က သူ႔ကိုအတိုင္းထက္အလြန္ေပ်ာ္ရႊင္အားအင္႐ွိေစသည္။
"ခ်စ္တာကလည္းခ်စ္...
လူေ႐ွ႕သူေ႐ွ႕ေတာ့ေ႐ွာင္...."
သူနဲ႔ေကာင္းကင္ကိုျမင္သြားဟန္႐ွိသည့္ ကိုခန္႔စကားကသူ႔ကိုအျမင္ကတ္သလို ရြဲ႔တဲ့တဲ့....
"ကိုခန္႔လည္း႐ွာေတာ့ေလ..."
"ေတာ္ပါၿပီကြာ.....
FA ဘဝပဲေကာင္းပါတယ္..."
"တကယ္ခ်စ္တဲ့သူမေတြ႔ေသးလုိ႔အဲ့လိုေျပာႏိုင္ေနတာပါ....
ေတြ႔မယ့္ပုံလဲမေပၚပါဘူး....
ငွက္ေပ်ာတုံးဖက္ရမယ့္ကံဇာတာနဲ႔..."
သလင္းျမဴ ေျပာၿပီးတာနဲ႔ အခန္းထဲကေန ဝွစ္ကနဲေနေအာင္ေျပးထြက္သြားေတာ့သည္။
ေဆး႐ုံၿပိဳက်မတတ္ေအာ္ေတာ့မည့္ ကိုခန္႔အသံကိုသိေသာေၾကာင့္ ေျခသြက္ရသည္။
"ျပန္ၾကမယ္..."
"ၿပီးၿပီလား..."
"အင္း..."
ေဆးရုံထဲမွလက္တြဲထြက္သြားၿပီး ကားေပၚတက္ကာေမာင္းထြက္သြားသည့္ေကာင္ေလးႏွစ္ေယာက္ကိုမ်က္စိတဆုံးလိုက္ၾကည့္ရင္း ကိုခန္႔ျပဳံးပါသည္။
"သလင္းျမဴေလးေတာင္ခ်စ္သူရေနၿပီပဲေနာ္..."
သူ႔ေဘးမွလက္ေထာက္သူနာျပဳမေလးကေျပာလာသည္။
"အင္း...
ေတာ္ေတာ္ေပ်ာ္ေနရွာတာ..."
"သူ႔အေမကလက္ခံပါ့မလား..."
ကိုခန္႔ သက္ျပင္းေမာတစ္ခုကိုခ်ရင္း ဆုေတာင္းေပးမိပါသည္။
ကြၽန္ေတာ္တို႔ရဲ႕ကေလးငယ္ေလးကို ေပ်ာ္ရႊင္ခြင့္ေပးပါ အ႐ွင္ဘုရား....
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
"ဟိုဘိုးေတာ္ခ်စ္ကိုဖုန္းေတြေခၚထားတယ္..."
"ကိုင္လိုက္ေသးလား..."
"ဟင့္အင္း..."
ေနေရာင္က တစ္ဖက္ကိုမ်က္ႏွာလွည့္ကာကားမွန္အျပင္ဘက္ကိုၾကည့္ေနေလသည္။
"ကို..."
"ဗ်ာ..."
"ဘာေတြပဲျဖစ္လာလာ....
သိထားေပးပါ....
ကို႔ကို ဒီလူသားက အရမ္းခ်စ္တယ္....."
ေကာင္းကင္ေက်နပ္စြာျပဳံးေနခဲ့ေပမယ့္ ေနေရာင္ကေတာ့ သူ႔ဘက္ကိုလွည့္မလာ...
သူမသိခဲ့တာက သူ႔ခ်စ္သူတစ္ဖက္ကိုလွည့္ေနခဲ့တာဟာ မ်က္ရည္ေတြကိုမျမင္ေစခ်င္လို႔မွန္း....
အခန္းထဲထိလိုက္ပို႔မည္ဆိုတာကို ေနေရာင္ကလက္အခံဘဲ သူ႔ကိုနမ္းကာ အတင္းျပန္ခိုင္းေသာေၾကာင့္ ေကာင္းကင္ျပန္ခဲ့ရေပမယ့္ စိတ္ကမခ်ခ်င္။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
"ကိုကိုက်ြန္ေတာ့္ဆီကဘာလိုခ်င္တာလဲ...."
ထင္သည့္အတိုင္းသူ႔အခန္းေ႐ွ႕မွာစီးႀကိဳေစာင့္ေနသူကို ေမးခြန္းတစ္ခုႏွင့္ ႏႈတ္ခြန္းဆက္လိုက္သည္။
"ဘာလို႔ဖုန္းမကိုင္တာလဲ.."
"......."
"မင္းအေကာင္နဲ႔အတူ႐ွိေနတာမလား...."
"......."
"ေျဖေလ!"
"ေဆး႐ုံေရာက္ေနလို႔..."
"ေဆး႐ုံ?.
ဘာျဖစ္လို႔လဲ....
ေနမေကာင္းဘူးလား..."
"ကြၽန္ေတာ္ေနမေကာင္းတာကို ကိုကိုေကာင္းေကာင္းသိပါတယ္....
သိသိရက္နဲ႔ကြၽန္ေတာ့္ကိုႏွိပ္စက္ခ်င္ေနတာ..."
"အဲ့လို႔မဟုတ္ဘူး.....
ကိုယ္ကငယ္ေကာင္းဖို႔လုပ္ရတာ..."
"ေကာင္းဖို႔?
ဘာေတြမ်ားေကာင္းရမွာလဲ!"
"စစ္ေကာင္းကင္ႏိုင္ကို ငယ္နက္နက္႐ိွဳင္း႐ွိဳင္းခ်စ္မသြားေအာင္ကိုယ္တားေနတာ...
ငယ္နဲ႔သူကင္းကင္းေနမွ အဆင္ေျပမွာ...
အဲ့တာမွ.....
စူးေနေရာင္ထက္ ျပန္လာရင္....
ငယ္အရမ္းမနာက်င္ရမွာ...."
"ကိုကိုသိလား...
ဒီလိုေတြလုပ္တာကမွ ကြၽန္ေတာ့္ကိုပိုနာက်င္ေစတာ.....
သူ႔ကိုကြၽန္ေတာ္မေတြ႔ရရင္ သူကြၽန္ေတာ့္အေပၚသံသယျဖစ္ရင္ သူကြၽန္ေတာ့္အေပၚစိတ္ကြက္ရင္.....
သူကြၽန္ေတာ့္ေၾကာင့္ စိတ္ညစ္ရ နာက်င္ရရင္....
ကြၽန္ေတာ္ကအဆေပါင္းမ်ားစြာပိုခံစားရတယ္
စာခ်ဳပ္သက္တမ္းအခ်ိန္ျပည့္တာနဲ႔ သလင္းျမဴဘဝကိုျပန္သြားမွာပါ....
ဒါေၾကာင့္ ကြၽန္ေတာ့္ကိုလႊတ္ထားေပးပါကိုကို "
အခန္းထဲဝင္သြားသည့္ငယ့္အတြက္ သူ႔ရဲ႕လုပ္ရပ္ေတြဟာ မေကာင္းခဲ့ဘူးပဲ....
မင္းေကာင္းဖို႔အတြက္ပါ ငယ္ရယ္....
ဒီရက္ပိုင္း ဟိုဓနဆိုသူဘက္မွျပႆနာ႐ွာလာျခင္းမ်ိဳးမ႐ွိေသးဘဲ စူးေနေရာင္ထက္ကပါၿငိမ္ေနေသာေၾကာင့္ သလင္းျမဴ အသက္႐ွဴေခ်ာင္ရသည္။
ညဘက္ဟိုဘက္ဝရန္တာဒီဘက္ဝရန္တာ မ်က္ႏွာခ်င္းဆိုင္ၿပီး ဖုန္းေျပာေနသည့္ ေကာင္ေလးႏွစ္ေယာက္ဟာ လေရာင္ေအာက္မွာ အခ်စ္ေတြေျကာင့္ေတာက္ပေနၾကသည္။
"Good night ကို
Mwah!"
ဟိုဘက္သည္ဘက္ fly kiss ေပးၿပီး ရယ္သံေလးေတြ ျပန္႔လြင့္လ်ွက္....
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
အနားမွာ႐ွိေနတုန္း
ခ်စ္ႏိုင္သမ်ွခ်စ္ေပးပါ
ေပ်ာက္ကြယ္သြားမွ
မတမ္းတပါနဲ႔
Bạn đang đọc truyện trên: Truyen247.Pro