Part-4 ( a new brother? )
Unicode
ကျောင်းအတော်ကြာအောင်ပြန်မတက်သည့် သလင်းမြူထံ သွေးနှင့်အတူ အတန်းမော်နီတာ ဝေယံတို့အဖွဲ့နေ့တိုင်းရောက်လာကာ သူ့ကိုကျောင်းပြန်တက်ဖို့နှင့် ရယ်စရာပေါင်းစုံကို တစ်နေ့တစ်မျိုး မရိုးအောင်လာပြောကြသည်။
သူတို့ကြောင့်လည်း သလင်းမြူ ပြန်လည်ပြုံးရယ်လာခဲ့ရာ မိခင်ဖြစ်သူနှင့် အစ်ကိုများလည်း စိတ်ချမ်းသာကြရသည်။
သူကျောင်းပြန်တက်ချိန်မှာတော့ မင်းသစ်အာကာကိုလုံးဝမတွေ့ရတော့ချေ။ သွေးပြောသောကြောင့်သာ ကျောင်းပြောင်းသွားကြောင်းသိရလေသည်။
သူ့ရဲ့နေ့ရက်တွေဟာ အရင်ကထက်ပိုပြီး ပျော်ရွှင်စရာကောင်းလာခဲ့သည်။ သွေးအပြင် သူငယ်ချင်းတွေလည်းအများကြီးရှိလာကာ ကဲ့ရဲ့ခြင်းတွေမှ ဝေးကွာခဲ့ရတော့သည်။
ခြောက်တန်း နောက်ဆုံးစာမေးပွဲဖြေပြီးသည့်နေ့ အိမ်ကိုလာမကြိုခိုင်းဘဲ ဝေယံစက်ဘီးနောက်မှလိုက်ကာ သူပြန်ခဲ့သည်။
ဆိုင်အနောက်မှာရှိသည့် အိမ်သို့သူလှမ်းလာစဉ် ကောင်တာတွင်ထိုင်နေသည့် မေမေ့ကိုတွေ့သောကြောင့် သူအပြေးလေးသွားဖက်လိုက်သည်။
မေမေ အရေးတကြီးကိစ္စနှင့် ဟားခါးဘက်ကိုထွက်သွားတာ တစ်ပတ်လောက်ပင်ရှိခဲ့ပြီး အခုမှပြန်ရောက်ပုံပင်။
"စာမေးပွဲဖြေနိုင်လား"
"ဟုတ်...
မေမေ့ကိုလွမ်းနေတာ..."
မေမေ့က သူ့ဆံပင်လေးတွေကိုသပ်ကာ ရယ်လေသည်။
"သားငယ်လေး... "
"ဗျာ..."
"မေမေ သားအတွက်အစ်ကိုတစ်ယောက်ခေါ်လာတယ်..."
"အစ်ကို...?"
"အင်း..အစ်ကို...
မေမေ ဟားခါးကိုသွားတာ မေမေ့သူငယ်ချင်းဆုံးသွားလို့....
အခု မေမေ့သူငယ်ချင်းရဲ့သားကို ခေါ်လာတယ်
ဟိုမှာ သူတစ်ယောက်တည်း ဆွေမရှိမျိုးမရှိနဲ့မို့လို့...."
သလင်းမြူ မေမေပြောပြတာကိုခေါင်းလေးသာညိတ်ရင်း နားထောင်နေလိုက်သည်။
"အဲ့အစ်ကိုမှာ ဖေဖေရောမရှိတော့ဘူးလားဟင်"
"အင်း သူ့ဖေဖေလည်းမရှိတော့ဘူး...."
"သနားပါတယ်...... "
"သူ့အတွက်အခန်းမပြင်ရသေးလို့ လောလောဆယ်တော့ သားငယ်လေးအခန်းမှာပဲ သူ့ကိုနေခိုင်းထားတယ်....
မေမေ့သားလေး အဆင်ပြေလား.... "
"အဆင်ပြေပါတယ်...
သား အဲ့အစ်ကိုနဲ့အတူတူနေလိုက်မယ်..."
"လိမ္မာတယ်...."
မေမေ့ပါးကို နမ်းကာ သလင်းမြူ အခန်းရှိရာသို့ထွက်လာခဲ့သည်။
စေ့ထားသော အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်နှင့် နှာခေါင်းထဲဝင်လာသည့် ဆေးလိပ်နံ့ကြောင့် သူချောင်းဆိုးတော့သည်။
ပြတင်းပေါက်တွေလည်း ပိတ်ထားပြီး တစ်ခန်းလုံးမှောင်ကာဆေးလိပ်ငွေ့များနှင့်ပြည့်နှက်နေသည်။
ကုတင်ပေါ်မှာပက်လက်အနေအထားနှင့် ဆေးလိပ်ကိုခဲထားသည့် သူက သလင်းမြူဝင်လာတာမြင်တော့ ထထိုင်ပြီး စိုက်ကြည့်နေလေသည်။
"အဟွတ်....အဟွတ်...."
သလင်းမြူ နှာခေါင်းပိတ်ထားသည့်ကြားမှပင် ချောင်းတွေဆက်တိုက်ဆိုးကာ မျက်ရည်ပင်ဝဲလာသောကြောင့် ပြတင်းပေါက်တွေအမြန်ပြေးဖွင့်ပြီး အပြင်လေကိုအမြန်ရှူရှိူက်လိုက်သည်။
အနည်းငယ်သက်သာသွားမှ ထိုသူ့နှုတ်ခမ်းတွေကြားက ဆေးလိပ်ကိုဆွဲယူကာ မီးသတ်ပြီးလွှင့်ပစ်လိုက်သည်။
"မင်းဘာလုပ်တာလဲ..."
ခပ်ဩဩအသံပိုင်ရှင် ထိုလူက မတ်တပ်ရပ်လိုက်ရာ သူ့ထက်အဆမတန်ရှည်သော အရပ်ကြောင့် သလင်းမြူခေါင်းမော့သွားရသည်။
သူ့အနားကိုတဖြည်းဖြည်းတိုးလာရာ ပြတင်းပေါက်မှဝင်နေသည့် အလင်းရောင်ကြောင့် ထိုလူ့မျက်နှာကိုလည်းရှင်းရှင်းလင်းလင်းမြင်လာရသည်။
ကတုံးဆန်တောက်သာသာ ဆံပင်တိုတို ၊ မျက်ခုံးထူထူ ၊ မျက်ရစ်မပါသည့် မျက်ဝန်းမှေးမှေး ၊ မထူမပါးနှုတ်ခမ်းတစ်စုံနှင့် နှုတ်ခမ်းမွှေးရေးရေးရှိသည့် ထိုလူက အသားလည်းဖြူသည်ဟုဆိုနိုင်သည်။
"ငါမေးနေတယ်လေ "
"ဗျာ.....ဟို....
သားဆေးလိပ်နံ့မခံနိုင်လို့ပါ...."
ရုတ်တရက် ခါးကိုင်းကာ သူ့မျက်နှာကိုအနီးကပ်သေချာကြည့်လာသည့် ထိုလူကြောင့် သလင်းမြူ လန့်ကာလက်သီးကိုဆုပ်လိုက်သည်။
"မင်က သလင်းမြူပဲ...."
"ဗျာ...."
သူ့မျက်နှာကိုမေးစေ့မှကိုင်ကာမော့စေပြီး ထိုလူက သေချာအနီးကပ်ကြည့်လာပြန်သည်။
ထိုသူ၏ ခန္ဓာကိုယ်မှ ရနေသည့် ဆေးလိပ်နံ့ကြောင့် သလင်းမြူနှာခေါင်းရှုံ့သွားရသည်။
"ငါက မင်းညီ.."
"ကျွန်တော့်ညီ...?!!"
ပြူးကြောင်ကြောင် သလင်းမြူ၏ နဖူးကိုထိုလူက အသာလေးတောက်လိုက်လေသည်။
"ငါ့နာမည် မင်းညီလို့ပြောတာ"
"ဪ... ဟုတ်..."
"ငါ့ကိုကြောက်လို့လား...."
"ဗျာ.."
ဘာပြောမှန်းနားမလည်ဘဲ သူကြောင်တောင်တောင်ဖြစ်နေတာကြောင့် ထိုလူက လက်သီးဆုပ်ထားသည့် သူ့လက်လေးတွေကို မေးငေါ့ပြလေသည်။
ထိုအခါမှ သူသဘောပေါက်သွားကာ လက်တွေကိုပြန်ဖြန့်လိုက်သည်။
"မ..မဟုတ်ပါဘူး....."
ထိုလူကုတင်ပေါ်ပြန်သွားလှဲတော့ သလင်းမြူ လည်းရေချိုးခန်းထဲသို့ဝင်လာခဲ့သည်။
"ကိုမင်းလို့ခေါ်ရမလား ကိုညီလို့ခေါ်ရမလား"
ရေချိုးရင်းသူတစ်ယောက်တည်းစဉ်းစားကာပြောနေသည့်စကားသံလေးတွေကို အပြင်က မင်းညီကြားပြီး ပြုံးနေခဲ့သည်။
◾◽◾◽◾◾◽◾◽◾◽◾◽◾◽
သလင်းမြူ အိမ်စာတွေလုပ်ပြီး အိပ်ရာဝင်ရန်ပြင်တော့ ကိုမင်းညီက အိပ်ပင်ပျော်နေပေပြီ။
အခန်းမီးကိုအသာပိတ်ပြီး ဘုရားကန်တော့ကာ ကိုမင်းညီဘေး ကျောပေးလျှက် ဝင်လှဲလိုက်ပြီး မျက်ဝန်းတွေကိုမှိတ်လိုက်သည်။
တစ်နာရီလောက်ကြာပြီး သူအိပ်ပျော်သွားချိန်မှာတော့ ရှိုက်သံတစ်ခုကြောင့် ဆတ်ကနဲလန့်နိုးလာလေသည်။
သူ့ကျောဘက်မှထွက်ပေါ်နေသည့် ရှိုက်သံကြောင့် ကုတင်ဘေးမှအခန်းမီးကိုအမြန်လှမ်းဖွင့် ပြီး လှည့်ကြည့်လိုက်ရာ သလင်းမြူတစ်ခဏမျှဘာလုပ်ရမှန်းမသိအောင်ကြောင်အသွားရသည်။
ကုတင်ခေါင်းရင်းကိုမှီပြီး ငိုနေသည့် ကိုမင်းညီကလည်း မျက်ရည်တွေကို ချက်ချင်းသုတ်ကာ သူမမြင်အောင်တစ်ဖက်ကိုမျက်နှာလွှဲလိုက်လေသည်။
"အာ.....
အစ်ကို မီးပိတ်ထားတာကြောက်လို့လားဟင်.."
"ဘာ.."
"မီးပိတ်ထားလို့ကြောက်ပြီးငိုနေတာမလား.....
ကျွန်တော်လည်း အသံအကျယ်ကြီးတွေကြားရင် အစ်ကို့လိုကြောက်တတ်တယ်...ဟီး....
ကျွန်တော်မီးမပိတ်တော့ဘူးနော်..အစ်ကို....မကြောက်နဲ့တော့...."
အစ်ကိုမင်းညီရှက်သွားမည်စိုး၍ စိတ်ထဲပေါ်လာတာတွေပြောပြီး ချက်ချင်း သလင်းမြူ ကျောပေးကာပြန်လှဲအိပ်လိုက်သည်။
ပြောချင်ရာပြောကာ ရယ်ပြပြီး ပြန်လှဲအိပ်သွားသည့် ကောင်လေးကို မင်းညီ ကျေးဇူးတင်မိသွားသည်။
သူ့အမေကိုသတိရလို့ငိုနေမှန်း ကောင်လေးကရိပ်မိဟန်တူသည်။ ချက်ချင်းသူစိတ်သက်သာအောင် ပြောတတ်သည့် ကောင်လေးကြောင့် သူဒုတိယအကြိမ်ပြုံးမိသွားပြန်သည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
"ဟို အစ်ကို မေမေက မနက်စာစားရအောင်တဲ့..."
ကာတွန်းရုပ်လေးတွေနှင့် ညဝတ်အင်္ကျီကို ဝတ်ထားဆဲ ကောင်လေးက အခန်းတံခါးပေါက်မှ ခေါင်းလေးပြူကာ သူ့ကိုခေါ်လိုက်သည့် ဟိုအစ်ကို ဆိုသည့်နာမ်စားကြောင့် သူသဘောမကျဖြစ်သွားရသည်။
မနက်ပိုင်းမနက်စာလာစားကြသည့်သူများနှင့် ဆိုင်ထဲတွင်စည်းကားနေပေမယ့် မေမေကသူတို့မောင်နှမတွေအတူစားရန် သီးသန့်ဝိုင်းတစ်ခုထားထားပေးသည်။
"Morning မေမေ....
Morning မမ....
Morning ကိုလတ်......
Morning ကိုငယ်......
Mor.............အာ..........."
သူ့အစ်ကိုအစ်မတွေကိုနှုတ်ဆက်ပြီး တစ်ယောက်ပြီးတစ်ယောက် ပါးတွေကိုလိုက်နမ်းနေသည့် ကောင်လေးက သူ့အနားရောက်တော့ ပါးစပ်လေးဟစိစိနှင့် ဆက်လုပ်ရမလား မလုပ်ရမလားစဉ်းစားနေဟန် ရပ်သွားသည်။
"သားငယ် မင်းညီကလည်းသားအစ်ကိုပဲလေ...
အစ်ကို့ကို နမ်းရမှာပေါ့..."
မေမေပြောမှ သလင်းမြူနားလည်ဟန်ခေါင်းငြိမ့်ပြလိုက်သည်။
"Morning အစ်ကိုမင်းညီ..."
မနက်ခင်းရဲ့နှုတ်ခွန်းဆက်သသံလေးအဆုံး ပါးပြင်ထက်ကို ကောင်လေးရဲ့ နှုတ်ခမ်းလေးတစ်စုံက ခေတ္တခိုနားသွားခဲ့သည်။
ခုံပေါ်မှာငုတ်တုပ်လေးထိုင်ပြီး ဇွန်းကိုက်ကာ အငြိမ်မနေခေါင်းလေးလှုပ်လိုက် ဟိုနားလှုပ်စိ ဒီနားလှုပ်စိနှင့် စာဖိုဆောင်ဝန်ထမ်းတွေပြင်ပေးနေသည့် မုန့်ဟင်းခါးကိုစောင့်နေသည့် ကောင်လေးမှာ အစာစားခါနီး အမြှီးလေးနန့်ကာ ပျော်နေသည့် ခွေးပေါက်လေးနှင့်တူတာကြောင့် သူတတိယအကြိမ်ပြုံးမိသွားပြန်သည်။
"သား မင်းညီက မနှစ်ကတည်းက ဆယ်တန်းအောင်ပြီးသားမလား..."
"ဟုတ်ပါတယ် အန်တီ"
"မေမေ လို့ပဲခေါ်ပါသားရယ်"
"ဟုတ်....မေမေ..."
ထိုအချိန်မုန့်ဟင်းခါးပန်းကန်တွေလာချတာကြောင့်စကားစပြတ်သွားသည်။
"ငယ်လေး!!"
သံပုရာသီးစိပ်လေးတွေဆီလက်လှမ်းနေသော သလင်းမြူ၏လက်ကလေးများလေထဲတွင်ပင် ရပ်တန့်သွားကာ မေမေနှင့်မမတို့ကို သွားလေးဖြီးရယ်ပြလိုက်သည်။
"ပြီးရင်ဆေးသောက်ရမှာလေ...
သံပုရာသီးမစားနဲ့..."
"ဟုတ်...."
အောက်နှုတ်ခမ်းလေးထော်ကာနာခံသည့် ကောင်လေးက မုန့်ဟင်းခါးပန်းကန်ထဲမှ ပဲကြော်နှင့် ငါးဖယ်တွေကိုရွေးစားနေပြန်သည်။
"သားတက္ကသိုလ်ဆက်တက်မယ်မလား.."
မေမေ့ရဲ့မေးခွန်းကို မင်းညီချက်ချင်းပြန်ဖြေလေသည်။
"ဟုတ်.....
အဝေးသင်ဆက်တက်မယ်စဉ်းစားထားတယ်...
ကျွန်တော်အလုပ်လုပ်ချင်လို့...."
"ကောင်းသားပဲ....
သားလိုတာရှိရင် မေမေ့ကိုပြောနော်..."
"ဟုတ်ကဲ့..."
မနက်စာစားပြီးတော့ မမယူလာပေးသည့်ဆေးကို သလင်းမြူသောက်ရသည်။
အနံ့ပြင်းသည့် ဆေးတွေက သူနဲ့နေ့သားကျနေတာကြောင့် သူ့အတွက်တော့ပုံမှန်လိုပင်။
အခန်းဆီပြန်လာတော့ ပြတင်းပေါက်နားမှာ စာအုပ်ဖတ်ရင်း ဆေးလိပ်တစ်လိပ်ကိုခဲထားသည့် ကိုမင်းညီကိုတွေ့ရသည်။
"ဟိုအစ်ကို!
သားဆေးလိပ်နံ့မခံနိုင်ဘူးလို့ပြောထားတယ်လေ..."
သူ့ရဲ့ခပ်ဆောင့်ဆောင့်ပြောသံကြောင့် ကိုမင်းညီက မျက်မှောင်ကျုံ့ကာဆေးလိပ်ကိုမီးသတ်လိုက်လေသည်။
"မင်းငါ့ကို ဟိုအစ်ကိုလို့မခေါ်နဲ့..."
"ဟိုအစ်ကိုလို့မခေါ်လို့ဒီအစ်ကိုလို့ခေါ်ရမှာလား.."
"ကိုကို လို့ခေါ်"
"ဟမ်.....
ကိုမင်းလို့ပဲခေါ်မယ်ဗျာ"
"မရဘူး...ကိုကိုလို့ပဲခေါ်..."
"မရလည်းအတတ်နိုင်ဘူး..."
ကောင်လေးက သူ့ကိုဘောက်ဆတ်ဆတ်ပြန်ပြောကာ အိပ်ရာပေါ်ဝင်ခွေတော့သည်။
"ဟေ့....
မင်းပြန်အိပ်မလို့လား..."
"ဟုတ်တယ်..."
"အခုမှ မနက်8 နာရီပဲရှိသေးတယ်လေ"
"အင်းလေ...
မနက်8 နာရီပဲရှိသေးလို့ပြန်အိပ်မှာ..."
"မင်းခေါင်းကိုက်လိမ့်မယ်..."
"မကိုက်ဘူး.."
"နေမကောင်းဖြစ်လိမ့်မယ်... "
"ဘယ်တုန်းကများနေကောင်းနေလို့လဲ...."
ကောင်လေးစကားကြောင့် သူဘာမှဆက်မပြောနိုင်တော့ပေ။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
မင်းညီ ဆိုင်မှာကူလုပ်ပေးရန်ထွက်လာပြီး ကောင်တာမှမေမေထံသွားလိုက်သည်။
"သားငယ်လေး ပြန်အိပ်သွားပြီလား..."
"ဟုတ်....
သူဒီလိုပြန်အိပ်တော့ ခေါင်းကိုက်တော့မှာပဲ..."
"မကိုက်ပါဘူးသားရယ်...
သားငယ်လေးက အဲ့လိုပဲ အိပ်နေကျ...
ကျောင်းဖွင့်ရင်သာ ပြန်မအိပ်တာ ကျောင်းပိတ်တိုင်း အိပ်လိုက် TV ကြည့်လိုက်နဲ့..."
"ငယ်လေးက နေမကောင်းဘူးလားဟင်....
ခုနကဆေးတွေသောက်နေတာမြင်လို့..."
"............
သားငယ်လေးက မွေးရာပါနှလုံးရောဂါရှိတယ်.."
"ဆရာဝန်နဲ့သွားပြပြီးမကုဘူးလား...."
"ကုတာပေါ့သားရယ်........ဒါပေမယ့်............
ဆရာဝန်ကြီးတွေကိုယ်တိုင်က လက်လျော့လိုက်တော့......ဆေးနဲ့ပဲအသက်ဆက်နိုင်အောင်လုပ်ထားကြရတာ......."
မင်းညီရင်ထဲတကယ်မကောင်းပေ။
ကောင်လေးအတွက်တကယ်ကိုစိတ်မကောင်းဖြစ်မိသည်။
"ကျွန်တော်ဘာကူပေးရဦးမလဲ..."
"ရတယ်သား.....
ဝန်ထမ်းတွေရှိတယ်...."
မင်းညီ အခန်းဆီကိုသာပြန်လာခဲ့ပြီး အိပ်မောကျနေသည့်ကောင်လေးကိုသာ အချိန်အတော်ကြာအောင်ထိုင်ကြည့်နေမိသည်။
ကောင်လေးရဲ့စာကြည့်စားပွဲပေါ်မှာ တင်ထားသည့်မိသားစုဓာတ်ပုံလေးထဲမှာလည်း အပြစ်ကင်းသည့်အပြုံးလေးကိုမြင်တွေ့နေရသည်။
အမှတ်မထင် စာစီစာကုံးစာအုပ်အောက်မှ Diary လေးကိုတွေ့ရာ သူဖွင့်ကြည့်မိသည်။
ရက်စွဲလေးတွေကိုသေချာတပ်ထားပြီး ရေးထားသည့်စာတွေက နေ့ရက်တိုင်းတူညီသည့် တစ်ကြောင်းတည်းသာ။
""ကျွန်တော်မသေသေးဘူး အိမ်မက်တွေလည်းမသေဆုံးသေးဘူး""
မင်းညီ ရင်ထဲမှ တုန်လှုပ်သွားသည်ကိုခံစားမိလိုက်သည်။
ကောင်လေးရဲ့အပြုအမူစကားလေးတွေကသူ့လိုလူကိုပြုံးစေနိုင်သလို တုန်လှုပ်အံ့ဩအောင်လည်းစွမ်းဆောင်နိုင်သည် ဆိုကတည်းက သူနားလည်လိုက်ပါသည်။
ကောင်လေးကသူ့အတွက်အရေးပါသူတစ်ယောက်ဆိုတာကို။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Zawgyi
ေက်ာင္းအေတာ္ၾကာေအာင္ျပန္မတက္သည့္ သလင္းျမဴထံ ေသြးႏွင့္အတူ အတန္းေမာ္နီတာ ေဝယံတို႔အဖြဲ႔ေန႔တိုင္းေရာက္လာကာ သူ႔ကိုေက်ာင္းျပန္တက္ဖို႔ႏွင့္ ရယ္စရာေပါင္းစုံကို တစ္ေန႔တစ္မ်ိဳး မ႐ိုးေအာင္လာေျပာၾကသည္။
သူတို႔ေၾကာင့္လည္း သလင္းျမဴ ျပန္လည္ျပဳံးရယ္လာခဲ့ရာ မိခင္ျဖစ္သူႏွင့္ အစ္ကိုမ်ားလည္း စိတ္ခ်မ္းသာၾကရသည္။
သူေက်ာင္းျပန္တက္ခ်ိန္မွာေတာ့ မင္းသစ္အာကာကိုလုံးဝမေတြ႔ရေတာ့ေခ်။ ေသြးေျပာေသာေၾကာင့္သာ ေက်ာင္းေျပာင္းသြားေၾကာင္းသိရေလသည္။
သူ႔ရဲ႕ေန႔ရက္ေတြဟာ အရင္ကထက္ပိုၿပီး ေပ်ာ္ရႊင္စရာေကာင္းလာခဲ့သည္။ ေသြးအျပင္ သူငယ္ခ်င္းေတြလည္းအမ်ားႀကီး႐ွိလာကာ ကဲ့ရဲ႕ျခင္းေတြမွ ေဝးကြာခဲ့ရေတာ့သည္။
ေျခာက္တန္း ေနာက္ဆုံးစာေမးပြဲေျဖၿပီးသည့္ေန႔ အိမ္ကိုလာမႀကိဳခိုင္းဘဲ ေဝယံစက္ဘီးေနာက္မွလိုက္ကာ သူျပန္ခဲ့သည္။
ဆိုင္အေနာက္မွာ႐ွိသည့္ အိမ္သို႔သူလွမ္းလာစဥ္ ေကာင္တာတြင္ထိုင္ေနသည့္ ေမေမ့ကိုေတြ႔ေသာေၾကာင့္ သူအေျပးေလးသြားဖက္လိုက္သည္။
ေမေမ အေရးတႀကီးကိစၥႏွင့္ ဟားခါးဘက္ကိုထြက္သြားတာ တစ္ပတ္ေလာက္ပင္႐ွိခဲ့ၿပီး အခုမွျပန္ေရာက္ပုံပင္။
"စာေမးပြဲေျဖႏိုင္လား"
"ဟုတ္...
ေမေမ့ကိုလြမ္းေနတာ..."
ေမေမ့က သူ႔ဆံပင္ေလးေတြကိုသပ္ကာ ရယ္ေလသည္။
"သားငယ္ေလး... "
"ဗ်ာ..."
"ေမေမ သားအတြက္အစ္ကိုတစ္ေယာက္ေခၚလာတယ္..."
"အစ္ကို...?"
"အင္း..အစ္ကို...
ေမေမ ဟားခါးကိုသြားတာ ေမေမ့သူငယ္ခ်င္းဆုံးသြားလို႔....
အခု ေမေမ့သူငယ္ခ်င္းရဲ႕သားကို ေခၚလာတယ္
ဟိုမွာ သူတစ္ေယာက္တည္း ေဆြမ႐ွိမ်ိဳးမ႐ွိနဲ႔မို႔လို႔...."
သလင္းျမဴ ေမေမေျပာျပတာကိုေခါင္းေလးသာညိတ္ရင္း နားေထာင္ေနလိုက္သည္။
"အဲ့အစ္ကိုမွာ ေဖေဖေရာမ႐ွိေတာ့ဘူးလားဟင္"
"အင္း သူ႔ေဖေဖလည္းမ႐ွိေတာ့ဘူး...."
"သနားပါတယ္...... "
"သူ႔အတြက္အခန္းမျပင္ရေသးလို႔ ေလာေလာဆယ္ေတာ့ သားငယ္ေလးအခန္းမွာပဲ သူ႔ကိုေနခိုင္းထားတယ္....
ေမေမ့သားေလး အဆင္ေျပလား.... "
"အဆင္ေျပပါတယ္...
သား အဲ့အစ္ကိုနဲ႔အတူတူေနလိုက္မယ္..."
"လိမၼာတယ္...."
ေမေမ့ပါးကို နမ္းကာ သလင္းျမဴ အခန္း႐ွိရာသို႔ထြက္လာခဲ့သည္။
ေစ့ထားေသာ အခန္းတံခါးကို ဆြဲဖြင့္လိုက္သည္ႏွင့္ ႏွာေခါင္းထဲဝင္လာသည့္ ေဆးလိပ္နံ႔ေၾကာင့္ သူေခ်ာင္းဆိုးေတာ့သည္။
ျပတင္းေပါက္ေတြလည္း ပိတ္ထားၿပီး တစ္ခန္းလုံးေမွာင္ကာေဆးလိပ္ေငြ႔မ်ားႏွင့္ျပည့္ႏွက္ေနသည္။
ကုတင္ေပၚမွာပက္လက္အေနအထားႏွင့္ ေဆးလိပ္ကိုခဲထားသည့္ သူက သလင္းျမဴဝင္လာတာျမင္ေတာ့ ထထိုင္ၿပီး စိုက္ၾကည့္ေနေလသည္။
"အဟြတ္....အဟြတ္...."
သလင္းျမဴ ႏွာေခါင္းပိတ္ထားသည့္ၾကားမွပင္ ေခ်ာင္းေတြဆက္တိုက္ဆိုးကာ မ်က္ရည္ပင္ဝဲလာေသာေၾကာင့္ ျပတင္းေပါက္ေတြအျမန္ေျပးဖြင့္ၿပီး အျပင္ေလကိုအျမန္႐ွဴ႐ိႉက္လိုက္သည္။
အနည္းငယ္သက္သာသြားမွ ထိုသူ႔ႏႈတ္ခမ္းေတြၾကားက ေဆးလိပ္ကိုဆြဲယူကာ မီးသတ္ၿပီးလႊင့္ပစ္လိုက္သည္။
"မင္းဘာလုပ္တာလဲ..."
ခပ္ဩဩအသံပိုင္႐ွင္ ထိုလူက မတ္တပ္ရပ္လိုက္ရာ သူ႔ထက္အဆမတန္႐ွည္ေသာ အရပ္ေၾကာင့္ သလင္းျမဴေခါင္းေမာ့သြားရသည္။
သူ႔အနားကိုတျဖည္းျဖည္းတိုးလာရာ ျပတင္းေပါက္မွဝင္ေနသည့္ အလင္းေရာင္ေၾကာင့္ ထိုလူ႔မ်က္ႏွာကိုလည္း႐ွင္း႐ွင္းလင္းလင္းျမင္လာရသည္။
ကတုံးဆန္ေတာက္သာသာ ဆံပင္တိုတို ၊ မ်က္ခံုးထူထူ ၊ မ်က္ရစ္မပါသည့္ မ်က္ဝန္းေမွးေမွး ၊ မထူမပားႏႈတ္ခမ္းတစ္စုံႏွင့္ ႏႈတ္ခမ္းေမႊးေရးေရး႐ွိသည့္ ထိုလူက အသားလည္းျဖဴသည္ဟုဆိုႏိုင္သည္။
"ငါေမးေနတယ္ေလ "
"ဗ်ာ.....ဟို....
သားေဆးလိပ္နံ႔မခံႏိုင္လို႔ပါ...."
႐ုတ္တရက္ ခါးကိုင္းကာ သူ႔မ်က္ႏွာကိုအနီးကပ္ေသခ်ာၾကည့္လာသည့္ ထိုလူေၾကာင့္ သလင္းျမဴ လန္႔ကာလက္သီးကိုဆုပ္လိုက္သည္။
"မင္က သလင္းျမဴပဲ...."
"ဗ်ာ...."
သူ႔မ်က္ႏွာကိုေမးေစ့မွကိုင္ကာေမာ့ေစၿပီး ထိုလူက ေသခ်ာအနီးကပ္ၾကည့္လာျပန္သည္။
ထိုသူ၏ ခႏၶာကိုယ္မွ ရေနသည့္ ေဆးလိပ္နံ႔ေၾကာင့္ သလင္းျမဴႏွာေခါင္း႐ွံု႕သြားရသည္။
"ငါက မင္းညီ.."
"ကြၽန္ေတာ့္ညီ...?!!"
ျပဴးေၾကာင္ေၾကာင္ သလင္းျမဴ၏ နဖူးကိုထိုလူက အသာေလးေတာက္လိုက္ေလသည္။
"ငါ့နာမည္ မင္းညီလို႔ေျပာတာ"
"ေဩာ္... ဟုတ္..."
"ငါ့ကိုေၾကာက္လို႔လား...."
"ဗ်ာ.."
ဘာေျပာမွန္းနားမလည္ဘဲ သူေၾကာင္ေတာင္ေတာင္ျဖစ္ေနတာေၾကာင့္ ထိုလူက လက္သီးဆုပ္ထားသည့္ သူ႔လက္ေလးေတြကို ေမးေငါ့ျပေလသည္။
ထိုအခါမွ သူသေဘာေပါက္သြားကာ လက္ေတြကိုျပန္ျဖန္႔လိုက္သည္။
"မ..မဟုတ္ပါဘူး....."
ထိုလူကုတင္ေပၚျပန္သြားလွဲေတာ့ သလင္းျမဴ လည္းေရခ်ိဳးခန္းထဲသို႔ဝင္လာခဲ့သည္။
"ကိုမင္းလို႔ေခၚရမလား ကိုညီလို႔ေခၚရမလား"
ေရခ်ိဳးရင္းသူတစ္ေယာက္တည္းစဥ္းစားကာေျပာေနသည့္စကားသံေလးေတြကို အျပင္က မင္းညီၾကားၿပီး ျပဳံးေနခဲ့သည္။
◾◽◾◽◾◾◽◾◽◾◽◾◽◾◽
သလင္းျမဴ အိမ္စာေတြလုပ္ၿပီး အိပ္ရာဝင္ရန္ျပင္ေတာ့ ကိုမင္းညီက အိပ္ပင္ေပ်ာ္ေနေပၿပီ။
အခန္းမီးကိုအသာပိတ္ၿပီး ဘုရားကန္ေတာ့ကာ ကိုမင္းညီကို ေက်ာေပးလ်ွက္ ဝင္လွဲလိုက္ၿပီး မ်က္ဝန္းေတြကိုမွိတ္လိုက္သည္။
တစ္နာရီေလာက္ၾကာၿပီး သူအိပ္ေပ်ာ္သြားခ်ိန္မွာေတာ့ ႐ိႈက္သံတစ္ခုေၾကာင့္ ဆတ္ကနဲလန္႔ႏိုးလာေလသည္။
သူ႔ေက်ာဘက္မွထြက္ေပၚေနသည့္ ႐ႈိက္သံေၾကာင့္ ကုတင္ေဘးမွအခန္းမီးကိုအျမန္လွမ္းဖြင့္ ၿပီး လွည့္ၾကည့္လိုက္ရာ သလင္းျမဴတစ္ခဏမ်ွဘာလုပ္ရမွန္းမသိေအာင္ေၾကာင္အသြားရသည္။
ကုတင္ေခါင္းရင္းကိုမွီၿပီး ငိုေနသည့္ ကိုမင္းညီကလည္း မ်က္ရည္ေတြကို ခ်က္ခ်င္းသုတ္ကာ သူမျမင္ေအာင္တစ္ဖက္ကိုမ်က္ႏွာလႊဲလိုက္ေလသည္။
"အာ.....
အစ္ကို မီးပိတ္ထားတာေၾကာက္လို႔လားဟင္.."
"ဘာ.."
"မီးပိတ္ထားလို႔ေၾကာက္ၿပီးငိုေနတာမလား.....
ကြၽန္ေတာ္လည္း အသံအက်ယ္ႀကီးေတြၾကားရင္ အစ္ကို႔လိုေၾကာက္တတ္တယ္...ဟီး....
ကြၽန္ေတာ္မီးမပိတ္ေတာ့ဘူးေနာ္..အစ္ကို....မေၾကာက္နဲ႔ေတာ့...."
အစ္ကိုမင္းညီ႐ွက္သြားမည္စိုး၍ စိတ္ထဲေပၚလာတာေတြေျပာၿပီး ခ်က္ခ်င္း သလင္းျမဴ ေက်ာေပးကာျပန္လွဲအိပ္လိုက္သည္။
ေျပာခ်င္ရာေျပာကာ ရယ္ျပၿပီး ျပန္လွဲအိပ္သြားသည့္ ေကာင္ေလးကို မင္းညီ ေက်းဇူးတင္မိသြားသည္။
သူ႔အေမကိုသတိရလို႔ငိုေနမွန္း ေကာင္ေလးကရိပ္မိဟန္တူသည္။ ခ်က္ခ်င္းသူစိတ္သက္သာေအာင္ ေျပာတတ္သည့္ ေကာင္ေလးေၾကာင့္ သူဒုတိယအႀကိမ္ျပဳံးမိသြားျပန္သည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
"ဟို အစ္ကို ေမေမက မနက္စာစားရေအာင္တဲ့..."
ကာတြန္း႐ုပ္ေလးေတြႏွင့္ ညဝတ္အက်ႌကို ဝတ္ထားဆဲ ေကာင္ေလးက အခန္းတံခါးေပါက္မွ ေခါင္းေလးျပဴကာ သူ႔ကိုေခၚလိုက္သည့္ ဟိုအစ္ကို ဆိုသည့္နာမ္စားေၾကာင့္ သူသေဘာမက်ျဖစ္သြားရသည္။
မနက္ပိုင္းမနက္စာလာစားၾကသည့္သူမ်ားႏွင့္ ဆိုင္ထဲတြင္စည္းကားေနေပမယ့္ ေမေမကသူတို႔ေမာင္ႏွမေတြအတူစားရန္ သီးသန္႔ဝိုင္းတစ္ခုထားထားေပးသည္။
"Morning ေမေမ....
Morning မမ....
Morning ကိုလတ္......
Morning ကိုငယ္......
Mor.............အာ..........."
သူ႔အစ္ကိုအစ္မေတြကိုႏႈတ္ဆက္ၿပီး တစ္ေယာက္ၿပီးတစ္ေယာက္ ပါးေတြကိုလိုက္နမ္းေနသည့္ ေကာင္ေလးက သူ႔အနားေရာက္ေတာ့ ပါးစပ္ေလးဟစိစိႏွင့္ ဆက္လုပ္ရမလား မလုပ္ရမလားစဥ္းစားေနဟန္ ရပ္သြားသည္။
"သားငယ္ မင္းညီကလည္းသားအစ္ကိုပဲေလ...
အစ္ကို႔ကို နမ္းရမွာေပါ့..."
ေမေမေျပာမွ သလင္းျမဴနားလည္ဟန္ေခါင္းၿငိမ့္ျပလိုက္သည္။
"Morning အစ္ကိုမင္းညီ..."
မနက္ခင္းရဲ႕ႏႈတ္ခြန္းဆက္သသံေလးအဆုံး ပါးျပင္ထက္ကို ေကာင္ေလးရဲ႕ ႏႈတ္ခမ္းေလးတစ္စုံက ေခတၱခိုနားသြားခဲ့သည္။
ခုံေပၚမွာငုတ္တုပ္ေလးထိုင္ၿပီး ဇြန္းကိုက္ကာ အၿငိမ္မေနေခါင္းေလးလႈပ္လိုက္ ဟိုနားလႈပ္စိ ဒီနားလႈပ္စိႏွင့္ စာဖိုေဆာင္ဝန္ထမ္းေတြျပင္ေပးေနသည့္ မုန္႔ဟင္းခါးကိုေစာင့္ေနသည့္ ေကာင္ေလးမွာ အစာစားခါနီး အၿမီွးေလးနန္႔ကာ ေပ်ာ္ေနသည့္ ေခြးေပါက္ေလးႏွင့္တူတာေၾကာင့္ သူတတိယအႀကိမ္ျပဳံးမိသြားျပန္သည္။
"သား မင္းညီက မႏွစ္ကတည္းက ဆယ္တန္းေအာင္ၿပီးသားမလား..."
"ဟုတ္ပါတယ္ အန္တီ"
"ေမေမ လို႔ပဲေခၚပါသားရယ္"
"ဟုတ္....ေမေမ..."
ထိုအခ်ိန္မုန္႔ဟင္းခါးပန္းကန္ေတြလာခ်တာေၾကာင့္စကားစျပတ္သြားသည္။
"ငယ္ေလး!!"
သံပုရာသီးစိပ္ေလးေတြဆီလက္လွမ္းေနေသာ သလင္းျမဴ၏လက္ကေလးမ်ားေလထဲတြင္ပင္ ရပ္တန္႔သြားကာ ေမေမႏွင့္မမတို႔ကို သြားေလးၿဖီးရယ္ျပလိုက္သည္။
"ၿပီးရင္ေဆးေသာက္ရမွာေလ...
သံပုရာသီးမစားနဲ႔..."
"ဟုတ္...."
ေအာက္ႏႈတ္ခမ္းေလးေထာ္ကာနာခံသည့္ ေကာင္ေလးက မုန္႔ဟင္းခါးပန္းကန္ထဲမွ ပဲေၾကာ္ႏွင့္ ငါးဖယ္ေတြကိုေရြးစားေနျပန္သည္။
"သားတကၠသိုလ္ဆက္တက္မယ္မလား.."
ေမေမ့ရဲ႕ေမးခြန္းကို မင္းညီခ်က္ခ်င္းျပန္ေျဖေလသည္။
"ဟုတ္.....
အေဝးသင္ဆက္တက္မယ္စဥ္းစားထားတယ္...
ကြၽန္ေတာ္အလုပ္လုပ္ခ်င္လို႔...."
"ေကာင္းသားပဲ....
သားလိုတာ႐ွိရင္ ေမေမ့ကိုေျပာေနာ္..."
"ဟုတ္ကဲ့..."
မနက္စာစားၿပီးေတာ့ မမယူလာေပးသည့္ေဆးကို သလင္းျမဴေသာက္ရသည္။
အနံ႔ျပင္းသည့္ ေဆးေတြက သူနဲ႔ေန႔သားက်ေနတာေၾကာင့္ သူ႔အတြက္ေတာ့ပုံမွန္လိုပင္။
အခန္းဆီျပန္လာေတာ့ ျပတင္းေပါက္နားမွာ စာအုပ္ဖတ္ရင္း ေဆးလိပ္တစ္လိပ္ကိုခဲထားသည့္ ကိုမင္းညီကိုေတြ႔ရသည္။
"ဟိုအစ္ကို!
သားေဆးလိပ္နံ႔မခံႏိုင္ဘူးလို႔ေျပာထားတယ္ေလ..."
သူ႔ရဲ႕ခပ္ေဆာင္႔ေဆာင္႔ေျပာသံေျကာင္႔ ကိုမင္းညီက မ်က္ေမွာင္က်ံဳ႕ကာေဆးလိပ္ကိုမီးသတ္လိုက္ေလသည္။
"မင္းငါ့ကို ဟိုအစ္ကိုလို႔မေခၚနဲ႔..."
"ဟိုအစ္ကိုလို႔မေခၚလို႔ဒီအစ္ကိုလို႔ေခၚရမွာလား.."
"ကိုကို လို႔ေခၚ"
"ဟမ္.....
ကိုမင္းလို႔ပဲေခၚမယ္ဗ်ာ"
"မရဘူး...ကိုကိုလို႔ပဲေခၚ..."
"မရလည္းအတတ္ႏိုင္ဘူး..."
ေကာင္ေလးက သူ႔ကိုေဘာက္ဆတ္ဆတ္ျပန္ေျပာကာ အိပ္ရာေပၚဝင္ေခြေတာ့သည္။
"ေဟ့....
မင္းျပန္အိပ္မလို႔လား..."
"ဟုတ္တယ္..."
"အခုမွ မနက္8 နာရီပဲ႐ွိေသးတယ္ေလ"
"အင္းေလ...
မနက္8 နာရီပဲ႐ွိေသးလို႔ျပန္အိပ္မွာ..."
"မင္းေခါင္းကိုက္လိမ့္မယ္..."
"မကိုက္ဘူး.."
"ေနမေကာင္းျဖစ္လိမ့္မယ္... "
"ဘယ္တုန္းကမ်ားေနေကာင္းေနလို႔လဲ...."
ေကာင္ေလးစကားေၾကာင့္ သူဘာမွဆက္မေျပာႏိုင္ေတာ့ေပ။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
မင္းညီ ဆိုင္မွာကူလုပ္ေပးရန္ထြက္လာျပီး ေကာင္တာမွေမေမထံသြားလိုက္သည္။
"သားငယ္ေလး ျပန္အိပ္သြားၿပီလား..."
"ဟုတ္....
သူဒီလိုျပန္အိပ္ေတာ့ ေခါင္းကိုက္ေတာ့မွာပဲ..."
"မကိုက္ပါဘူးသားရယ္...
သားငယ္ေလးက အဲ့လိုပဲ အိပ္ေနက်...
ေက်ာင္းဖြင့္ရင္သာ ျပန္မအိပ္တာ ေက်ာင္းပိတ္တိုင္း အိပ္လိုက္ TV ၾကည့္လိုက္နဲ႔..."
"ငယ္ေလးက ေနမေကာင္းဘူးလားဟင္....
ခုနကေဆးေတြေသာက္ေနတာျမင္လို႔..."
"............
သားငယ္ေလးက ေမြးရာပါႏွလုံးေရာဂါ႐ွိတယ္.."
"ဆရာဝန္နဲ႔သြားျပၿပီးမကုဘူးလား...."
"ကုတာေပါ့သားရယ္........ဒါေပမယ့္............
ဆရာဝန္ႀကီးေတြကိုယ္တိုင္က လက္ေလ်ာ့လိုက္ေတာ့......ေဆးနဲ႔ပဲအသက္ဆက္ႏိုင္ေအာင္လုပ္ထားၾကရတာ......."
မင္းညီရင္ထဲတကယ္မေကာင္းေပ။
ေကာင္ေလးအတြက္တကယ္ကိုစိတ္မေကာင္းျဖစ္မိသည္။
"ကြၽန္ေတာ္ဘာကူေပးရဦးမလဲ..."
"ရတယ္သား.....
ဝန္ထမ္းေတြ႐ွိ္တယ္...."
မင္းညီ အခန္းဆီကိုသာျပန္လာခဲ့ၿပီး အိပ္ေမာက်ေနသည့္ေကာင္ေလးကိုသာ အခ်ိန္အေတာ္ၾကာေအာင္ထိုင္ၾကည့္ေနမိသည္။
ေကာင္ေလးရဲ႕စာၾကည့္စားပြဲေပၚမွာ တင္ထားသည့္မိသားစုဓာတ္ပုံေလးထဲမွာလည္း အျပစ္ကင္းသည့္အျပဳံးေလးကိုျမင္ေတြ႔ေနရသည္။
အမွတ္မထင္ စာစီစာကုံးစာအုပ္ေအာက္မွ Diary ေလးကိုေတြ႔ရာ သူဖြင့္ၾကည့္မိသည္။
ရက္စြဲေလးေတြကိုေသခ်ာတပ္ထားၿပီး ေရးထားသည့္စာေတြက ေန႔ရက္တိုင္းတူညီသည့္ တစ္ေၾကာင္းတည္းသာ။
""ကြၽန္ေတာ္မေသေသးဘူး အိမ္မက္ေတြလည္းမေသဆုံးေသးဘူး""
မင္းညီ ရင္ထဲမွ တုန္လႈပ္သြားသည္ကိုခံစားမိလိုက္သည္။
ေကာင္ေလးရဲ႕အျပဳအမူစကားေလးေတြကသူ႔လိုလူကိုျပဳံးေစႏိုင္သလို တုန္လႈပ္အံ့ဩေအာင္လည္းစြမ္းေဆာင္ႏိုင္သည္ ဆိုကတည္းက သူနားလည္လိုက္ပါသည္။
ေကာင္ေလးကသူ႔အတြက္အေရးပါသူတစ္ေယာက္ဆိုတာကို။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Bạn đang đọc truyện trên: Truyen247.Pro