Part-39 ( believe)
Unicode
နန်းစံထိုက်က ဘုန်းရှိန်ဝါထက် အတွက်မုန့်လုပ်ပေးသည်ဆိုတာနဲ့ ကောင်းကင်ကသူ့ကိုအတင်းမုန့်လုပ်ကျွေးခိုင်းသည်။
"ဘာမုန့်မှမလုပ်တတ်ပါဘူးဆို..!"
"ချစ်ကလည်းကွာ...."
ရေချိုးပြီးကတည်းကကောင်းကင်ဂျီကျနေတာများနားကိုပူလို့.....
"အာလူးချောင်းကြော်နဲ့ကြက်ဥပေါင်းကြိုက်လား..."
"ဟမ်....
ချစ်လုပ်တတ်တယ်ပေါ့..."
"အဲ့နှစ်မျိုးတော့ရတယ်....
စားမှာလားမစားဘူးလား..."
"စားမှာပေါ့....ဟီးဟီး...."
"အဲ့တာဆို ကူဦး...."
အိမ်မှာ အားလူးနှင့်ကြက်ဥကအလွယ်တကူရှိနေသည့်အပြင် လတ်လတ်ဆတ်ဆတ်နွားနို့လေးပါရှိနေတော့ အဆင်ပြေသည်။
ကြက်ဥပေါင်းလုပ်ဖို့သူပြင်နေတုန်း ကောင်းကင်ကို အာလူးအကြီးကြီး လေးလုံးကိုအခွံခွာခိုင်းလိုက်သည်။
ကောင်းကင်ရဲ့မိဘတွေကဒီနေ့လည်း အိမ်ပြန်လာကြမည်မဟုတ်သောကြောင့် အိမ်အကူတချို့နှင့်သူတို့နှစ်ယောက်သာရှိသည်။
ကြက်ဥကိုအနှစ်နှင့်အကာသမအောင်မွှေ နွားနို့ရော ဂျင်းကြက်သွန်ဖြူ ဆားနှင့်သကြားအနည်းငယ်ထည့်ကာ ပေါင်းလိုက်သည်။
"ချစ်...."
"အင်း..."
"ဟင်းရောချက်တတ်လား...."
"နည်းနည်းပါးပါးချက်တတ်တယ်..."
"ဘာဟင်းတွေချက်တတ်လဲ..... "
"မြန်မာဟင်းတော်တော်များများနဲ့....
တရုတ်ဟင်း ထိုင်းဟင်း တုံရန်းတွေဘာတွေ..."
"Woah!!!
ကိုယ့်အိမ်ရှင်ထီးလောင်းလျာလေးက တော်လိုက်တာ.....
ကိုယ်ကထင်တောင်မထားဘူး...."
"ဘာကိုထင်မထားတာလဲ...."
"ဒါတွေလုပ်တတ်လိမ့်မယ်ထင်မထားတာပေါ့..
ကိုယ်သိခဲ့တဲ့စူးနေရောင်ထက်က ဒီလိုမဟုတ်လို့.....
ကိုယ်အထင်မှား အ....."
ဓားကိုလွှတ်ချလိုက်သည့် ကောင်းကင်အနားကိုသူရောက်မှန်းမသိ....
"သွေးတွေ......
အရင်လက်ဆေးရမယ်...."
သလင်းမြူ ပြာယာခတ်စွာပဲ ကောင်းကင်ရဲ့လက်ကို ဘေစင်မှာဆေးစေကာ သွေးတိတ်အောင်အရင်လုပ်ရသည်။
ဒဏ်ရာကအရမ်းမကြီးသလို နက်လည်းမနက်ပေမယ့် ပူလောင်နေသည့်စိတ်ကမအေးနိုင်သေး...
အရက်ပြန်နှင့်ထိတော့ ကောင်းကင်နည်းနည်းတွန့်သွားရာ သလင်းမြူ ကိုယ့်ကိုကိုယ်သာထုရိုက်ချင်မိတော့သည်။
"တောင်းပန်ပါတယ်....
ချစ်ခိုင်းလို့ဖြစ်ရတာ...
ချစ်ဘာသာလုပ်ရမှာကို...."
"ဘာလို့တောင်းပန်နေရတာလဲ
ဓားလေးရှရုံကို ကိုယ်ဘာမှမဖြစ်ပါဘူး..."
လက်ညိုးကို ဆေးထည့်ပေးပြီး ကောင်းကင်ကိုငြိမ်ငြိမ်သာထိုင်နေခိုင်းကာ သလင်းမြူပဲအကုန်လုပ်သည်။
"ကြက်ဥပေါင်းရပြီ....
မြည့်ကြည့်ကြည့်...."
ဇွန်းနှင့် အနည်းငယ်ဖဲ့ကာ ပူနေသောကြောင့်မှုတ်ပြီး ကောင်းကင်ကိုခွံ့လိုက်သည်။
"Woah....
ကောင်းတယ်...."
"သိတယ်...
ချစ်လက်ရာကောင်းမှန်း..."
ယုံကြည်ချက်ရှိသည့်ပုံစံနှင့် သူပြောတော့ ကောင်းကင်ကရယ်ရင်းထောက်ခံသည်။
အာလူးချောင်းကြော်ကျွတ်မှ ပန်းကန်တစ်ချပ်ပေါ်ဆီစစ်ဖို့ စက္ကူခင်းပြီး အားလူးချောင်းကြော်တွေဆယ်လိုက်သည်။
ငရုပ်ဆော့ထဲ ငရုတ်ကောင်းခပ်ပြီးချိန်မှာတော့ စားရန်အသင့်ဖြစ်သွားပြီ....
"တကယ် ကောင်းတယ်....
ချစ်လက်ရာကရူးလောက်တယ်...."
စားလိုက်သူ့ကိုချီးကျူးလိုက်နှင့် ကောင်းကင်မှာမအားနိုင်....
ကျောင်းပိတ်ရက်သူအမြဲဒီလိုလုပ်ကျွေးတိုင်းပျော်နေရှာသည့် တူလေးတူမလေးနှင့် သူ့ညီမငယ်ခွန်းလေးကို သတိရမိသွားသေးသည်။
စားပြီး ကောင်းကင်က တစ်စခန်းထပြီး သီချင်းဆိုခိုင်းသည်။
"အဟမ်း!...အဟမ်း!!"
Guitar ကိုပိုက်ထားရင်း လည်ချောင်းရှင်းတော့ ကောင်းကင်က လက်ခုပ်ဖွဖွတီးကာ စောင့်စားနေသည်။
"🎶 ငါ...ကျေနပ်လိုက်ရတာ....
ကျေနပ်လိုက်ရတာ......
မြင့်မြတ်တဲ့ငါ့အချစ်တွေနဲ့ငါ.....
ဘာမှမထူးဘူးငါ့အချစ်တွေက....
အမြဲဖြူစင်နေမယ်.....
မင်းပြန်ချစ်ဖို့....
အိမ်မက်တွေအထိ ယုံကြည်မိတယ်....
မင်းကလွဲပြီး ...
နောက်တစ်ယောက်ရှာဖို့....
Oh..No....
ငါ့အချစ်ကိုမင်းကိုပေးထား....
ငါ့အချစ်အတွက်ငါအကျေနပ်ဆုံး...
ငါ..ကျေနပ်လိုက်ရတာ.....
ကျေနပ်လိုက်ရတာ....
မြင့်မြတ်တဲ့ ငါ့အချစ်တွေနဲ့ငါ....
ကျေနပ်လိုက်ရတာ....
ကျေနပ်လိုက်ရတာ...
မြင့်မြတ်တဲ့ငါ့အချစ်တွေနဲ့ငါ...... 🎶"
သလင်းမြူ တီးနေသည့်လေးဖြူသီချင်းရဲ့ သံစဉ်ရော ဆိုနေသည်ပါရပ်ပစ်လိုက်သည်။
"ဒါပဲလား...."
"အင်းလေ...ဒါပဲပေါ့....."
"ချစ်ကကွာ....
တစ်ပုဒ်လောက်တော့ပြီးအောင်ဆိုပြလေ..."
"မောတယ်...."
🎶📲 income message
""အိမ်ပြန်လာခဲ့""
ဘုန်းရှိန်ဝါထက် ထံမှထိုခပ်တိုတို message လေးကြောင့်ဦးနှောက်က အိမ်မပြန်ဖို့သူ့ကိုသတိပေးသည်။
"မပြန်ရဘူးနော်ချစ်..."
Message ကိုမြင်သွားသည့် ကောင်းကင်က သူ့ပုခုံးပေါ်မေးလာတင်ပြီး ခါးကိုကြပ်နေအောင်ဖက်လာသည်။
"ချစ်....."
Phone screen ကိုသာစိုက်ကြည့်နေဆဲ သလင်းမြူကို ကောင်းကင်က လှုပ်ခါလိုက်လေသည်။
"မပြန်ပါဘူး....
စိတ်ချပါ ကိုရဲ့....."
သလင်းမြူ message ထပ်ဝင်လာသံကြားပေမယ့် ဥပေက္ခာ ပြုထားလိုက်သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ငယ်!"
စောစောစီးစီးအိပ်ဖို့လုပ်နေကြတုန်း ကြားရသည့် ဧည့်ခန်းထဲမှ အော်ခေါ်သံကြောင့် အိပ်ချင်မူးတူးနှင့်ခေါင်းထောင်လာရသည်။
"စူးနေရောင်ထက်!!!"
အော်ခေါ်သံကြီးက ဘုန်းရှိန်ဝါထက်အသံဖြစ်တာကြောင့် မျက်ဝန်းအစုံပြူးသွားလေသည်။
"ဘိုးတော် ဒီအချိန်ကြီး ဘာလာလုပ်တာလဲမသိဘူး....
အော်ကြီးဟစ်ကျယ်နဲ့...."
ကုတင်ပေါ်ကထဖို့ပြင်နေသည့် ကောင်းကင်လက်ကို သူအမြန်ဖမ်းဆွဲကာ ကုတင်ပေါ်ပြန်လှဲစေလိုက်သည်။
"ချစ်သွားလိုက်မယ်...."
"ကိုယ်လည်းလိုက်မှာ..."
သူဘယ်လိုတားတားမရ ကောင်းကင်ကဇွတ်လိုက်လာသည်။
ဘုန်းရှိန်ဝါထက် ကသူ့ကိုမြင်သည်နှင့် လက်ကိုအကြမ်းပတမ်းလာဆွဲသည်။
"ပြန်မယ်! "
"လွှတ်..."
သလင်းမြူ လက်ကောက်ဝတ်ကိုရုန်းပေမယ့် ပို၍နာနာလာသည်။
"လွှတ်လိုက်!!"
သူ့ကျန်လက်တစ်ဖက်ကို ကောင်းကင်ကဆွဲထားပြီး အော်သည်။
"ငါကဘာကိစ္စငယ့်လက်ကိုလွှတ်ရမှာလဲ....
လွှတ်ရမယ့်လူကမင်း!"
"သူခိုးကလူကိုပြန်ဟစ်နေတယ်...
နေရောင်ကကျွန်တော့်ချစ်သူ!!"
ဘုန်းရှိန်ဝါထက် လက်တွေပြေလျော့လာတော့ သလင်းမြူလက်ကိုရုန်းထွက်လိုက်သည်။
"မင်းအဓိပ္ပါယ်မရှိတာတွေမပြောနဲ့!"
ကောင်းကင်ထံလက်သီးနှင့်ထိုးဖို့ရွယ်နေတော့ သလင်းမြူ ကြားမှာဝင်ရပ်လိုက်သည်။
"ငယ် ဖယ်စမ်း!!"
"........"
"ငယ်!!"
"ကောင်းကင်ပြောတာကအဓိပ္ပါယ်ရှိတယ်....
ဟုတ်တယ်မှန်တယ်....
ကျွန်တော်ကကောင်းကင်ချစ်သူ"
"ငယ်!
မင်းကိုယ့်ရှေ့မှာဒီလိုမပြောသင့်ဘူးနော်...."
"ပြောဖို့လိုအပ်လို့...
ကျွန်တော်ပြောတာ ကိုကို...."
"စစ်ကောင်းကင်နိုင်.....
မင်းချစ်သူအကြောင်းမင်းဘယ်လောက်သိလဲ...."
သလင်းမြူ မျက်နှာပျက်ယွင်းလာကာ ကောင်းကင်ကတော့မျက်မှောင်ကျုံ့လာသည်။
"သိတာပေါ့....
အကုန်သိတယ်....."
"သေချာရဲ့လား.....
မင်းချစ်တာစူးနေရောင်ထက်မလား...."
"ကိုကို...."
သူတာဆီးဖို့ကြိုးစားလေလေ ဘုန်းရှိန်ဝါထက် ကပိုဆိုးလာလေလေပင်။
"မင်းသိရင်တောင်စူးနေရောင်ထက်အကြောင်းပဲသိလိမ့်မယ်....
အခုမင်းနဲ့ရှိနေတဲ့သူက"
"ကိုကို!!"
သလင်းမြူ ကြောက်လန့်ခြင်းကြောင့် အသံကုန်အော်ပစ်လိုက်သည်။
"ကိုကို့စကားကိုနားထောင်ပါငယ်...."
သူ့နှလုံးသားဟာတဆတ်ဆတ်တုန်ယင်နေခဲ့ပြီ...
"အိမ်ပြန်လိုက်ခဲ့..."
"နေရောင်ကခင်ဗျားနဲ့ုပြန်လိုက်မှာမဟုတ်ဘူး...
ဟုတ်တယ်မလားချစ်...."
သလင်းမြူကောင်းကင်ကို တောင်းပန်သည့်အကြည့်တွေနှင့်ကြည့်လိုက်တော့ ကောင်းကင်အံကြိတ်လေသည်...
"ပြန်လိုက်မသွားရဘူးနော်ချစ်"
သလင်းမြူ အခန်းထဲပြန်ဝင်ပြီး ညနေကယူလာသည့် ဟာတွေကိုပြန်သိမ်းလိုက်သည်။
"မနက်ဖြန်ကျောင်းအတူသွားမယ်နော်.... "
ကောင်းကင်က အခန်းထဲကထွက်ဖို့ပြင်နေသည့် သူ့ရှေ့ကိုလာရပ်ကာ အိတ်ကိုပြန်ဆွဲသည်။
"မသွားနဲ့...."
"ချစ်ပြန်လိုက်သွားမှဖြစ်မယ်...."
ကောင်းကင်ရဲ့လက်ကိုဖြုတ်ချပြီး သူဘုန်းရှိန်ဝါထက် နှင့်အတူအိမ်ကိုပြန်ခဲ့ရသည်။
ထပ်ပြီးမင်းသူ့ကိုရွေးခြယ်ပြန်ပြီ နေရောင်....
"လိမ္မာပါငယ်....."
သူ့ခေါင်းကိုပုတ်ကာပြောသွားသည့် ဘုန်းရှိန်ဝါထက် စကားက သူ့ကိုတုပ်နှောင်လိုက်သလိုခံစားရသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ကျောင်းသွားချိန်နီးလာပေမယ့် ရောက်မလာသည့်ကောင်းကင်ကြောင့် သူဟိုဘက်ခြံကိုသွားရသည်။
"အန်တီ ကောင်းကင်ရော...."
"အစ်ကိုလေးက မနက်အစောကြီးကတည်းကထွက်သွားပြီ...."
"သွားပြီလား......"
သလင်းမြူလည်း ကားကိုကိုယ်တိုင်မောင်းကာ ကျောင်းကိုအပြေးနှင်တော့သည်။
ကျောင်းရောက်တော့လည်း အတန်းထဲမှာကောင်းကင်ကိုမတွေ့ရ....
"ငစစ်ကကျောင်းမလာဘူးလား...."
သူ့ကိုမေးသည့် တေဇတို့ကို ခေါင်းသာရမ်းပြရင်း မနေ့ညကကောင်းကင်ကိုထားခဲ့မိမှန်းပြန်တွေးမိတော့ စိတ်ပူလာရသည်။
အတန်းထဲကပြန်ထွက်ဖို့လုပ်တော့ အချိန်ကိုက်ပါချုပ်ကဝင်လာရာ ပြန်ထိုင်လိုက်သည်။
သင်နေသမျှကိုစိတ်မဝင်စားနိုင် နာရီကိုတကြည့်ကြည့်နှင့် ကောင်းကင်ထံ message တွေပို့ရင်း သူအဆင်မပြေ.....
ပါချုပ်လည်းထွက်သွားရော ချက်ချင်းသူအခန်းထဲကနေထွက်ကာ ကျောင်းပန်းခြံကိုပြေးပြီး ကောင်းကင်ကိုသွားရှာသည်။
RC ရော ကန်တင်းပါ တစ်ကျောင်းလုံးပတ်ပြီးတော့ သူလမ်းမလျှောက်ချင်အောင်ကိုညောင်းနေပြီ....
ကားပါတာကိုတောင်သတိမရဘဲပတ်ပြေးနေတော့ သူ့အသက်ရှူနှုန်းများမြန်ကာ တဒိန်းဒိန်းအရှိန်ပြင်းနေသည့် နှလုံးခုန်ခြင်းကြောင့် ခေါင်းတွေတောင်မူးဝေလာသည်။
နောက်ဆုံးအနေနဲ့ စာကြည့်တိုက်ထံရောက်တော့ ပထမအထပ် စာကြည့်ဖုန်းကြည့်နေသူများကြားမှာ ကောင်းကင်ကရှိမနေပြန်....
ဒုတိယထပ်ဆီတက်လာခဲ့ချိန်မှာတော့ ရှင်းလင်းနေသည့် စားပွဲတွေထဲမှာမှ ပြတင်းပေါက်နားက စားပွဲမှာ ကောင်းကင်မှောက်အိပ်နေသည်ကိုမြင်ရသည်။
သလင်းမြူ သက်ပြင်းချပြီး ဘေးနံရံကိုမှီချကာ တော်တော်ကြာအောင်ငြိမ်နေရသည်။
"ကို...."
အားမရှိသည့် ခပ်တိုးတိုးသူ့ခေါ်သံနောက် ကောင်းကင်ခေါင်းထောင်လာကာ သူ့ကိုမြင်တော့တစ်ဖက်သို့ခေါင်းလှည့်သွားသည်။
"အတန်းမတက်ဘဲ ဒီမှာဘာလုပ်နေတာလဲ!"
"......"
"တစ်ကျောင်းလုံးအနှံ့လိုက်ရှာနေရတာ....
ချစ်ဘယ်လောက်တောင်စိတ်ပူနေလဲသိရဲ့လား..."
"......."
"ဘာလို့ဘာမှပြန်မပြောတာလဲ!"
"ဘုန်းရှိန်ဝါထက်ကိုချစ်လား..."
"ကိုမဆိုင်တာတွေမမေးနဲ့...."
"ကိုယ်ကမင်းအတွက်ဘာလဲ...."
"ကို!"
"မင်းကိုချစ်လို့ ငါ့ကိုယ်ငါဖြေသိမ့်တယ်....
သူ့မှာလည်းအကြောင်းကိစ္စရှိနေလို့နေမှာပါဆိုပြီး....
မင်းကိုယ့်ကို အရေးမစိုက်ဘူး...
မင်းဘယ်သွားမယ်ဘာလုပ်မယ်ဆိုတာကိုတောင်ကိုယ့်ကိုအသိမပေးတတ်ဘူး....
မင်းကကိုယ့်ချစ်သူဖြစ်တဲ့အတွက်
ကိုယ်မင်းကိုနားလည်ပေးဖို့ကြိုးစားတယ်...
မင်းကိုနားလည်နိုင်ဖို့လည်းကြိုးစားတယ်....
ဒါပေမယ့် ကိုယ်မင်းကိုနားမလည်နိုင်ဘူး....
မင်းကအရမ်းရှုပ်ထွေးပြီး ကိုယ်နီးဖို့ကြိုးစားလေ ဝေးလေပဲ....
ကိုယ့်ကိုတကယ်ရောချစ်ရဲ့လားဟင်...."
"ဘာလို့အဲ့လိုသံသယတွေဝင်နေရတာလဲ....
ကိုပြောတယ်ချစ်ကိုယုံတယ်ဆို...."
"ဟုတ်တယ် ယုံတယ်....
ယုံလို့ပဲ ငါအခုဒီလိုဖြစ်နေတာ...
မင်းငါ့ထက် ဘုန်းရှိန်ဝါထက်ကိုပိုအရေးပေးတိုင်း ငါရူးမတတ်ခံစားရတယ်....
ဒါကိုရောမင်းသိရဲ့လား!"
တစ်ကျောင်းလုံးပတ်ပြေးခဲ့ရတာတောင် သူခံနိုင်ရည်ရှိခဲ့ပေမယ့် ကောင်းကင်ရဲ့ထင်မြင်ချက်တွေကြောင့် သူခြေမခိုင်တော့.....
တစ်ဖက်ကသူချစ်ရသူ
နောက်ထပ်တစ်ဖက်ကသူ့ကိုချုပ်ကိုင်ထားသူ
သူလှုပ်လိုက်တိုင်း မြှားအစင်းပေါင်းများစွာက နှစ်ဖက်စလုံးကထွက်ပေါ်လာပြီး သူ့နှလုံးသားကိုလာစိုက်ကြမှာဘဲ....
"~~~"
စကားပြောဖို့ကြိုစားကြည့်တော့ ဘာသံမှထွက်မလာဘဲ သူ့ကမ္ဘာချာချာလည်ကာ မူးဝေလာသည်။
"အဲ့လို.......မဟုတ်ပါဘူး ........
အဲ့......."
ဝုန်းကနဲလဲကျသွားသည့်အသံနောက် သူဘာကိုမှမကြားမမြင်ရတော့ဘဲ အရာအားလုံးတိတ်ဆိတ်သွားသည်။
သူအနားယူဖို့လိုအပ်နေခဲ့ပြီ......
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ရက်လနှစ်တွေက
အချစ်ရဲ့ထုထည်ကို မတိုင်းတာနိုင်ပါဘူး....
စက္ကန့်ပိုင်းအတွင်း ချစ်မိသွားနိုင်သလို
စက္ကန့်ပိုင်းအတွင်းမှာပဲ ပျက်စီးသွားနိုင်တယ်
************************************
Zawgyi
နန္းစံထိုက္က ဘုန္း႐ွိန္ဝါထက္ အတြက္မုန္႔လုပ္ေပးသည္ဆိုတာနဲ႔ ေကာင္းကင္ကသူ႔ကိုအတင္းမုန္႔လုပ္ေကြၽးခိုင္းသည္။
"ဘာမုန္႔မွမလုပ္တတ္ပါဘူးဆို..!"
"ခ်စ္ကလည္းကြာ...."
ေရခ်ိဳးၿပီးကတည္းကေကာင္းကင္ဂ်ီက်ေနတာမ်ားနားကိုပူလို႔.....
"အာလူးေခ်ာင္းေၾကာ္နဲ႔ၾကက္ဥေပါင္းႀကိဳက္လား..."
"ဟမ္....
ခ်စ္လုပ္တတ္တယ္ေပါ့..."
"အဲ့ႏွစ္မ်ိဳးေတာ့ရတယ္....
စားမွာလားမစားဘူးလား..."
"စားမွာေပါ့....ဟီးဟီး...."
"အဲ့တာဆို ကူဦး...."
အိမ္မွာ အားလူးနွင့္ၾကက္ဥကအလြယ္တကူ႐ွိေနသည့္အျပင္ လတ္လတ္ဆတ္ဆတ္ႏြားႏို႔ေလးပါ႐ွိေနေတာ့ အဆင္ေျပသည္။
ၾကက္ဥေပါင္းလုပ္ဖို႔သူျပင္ေနတုန္း ေကာင္းကင္ကို အာလူးအႀကီးႀကီး ေလးလုံးကိုအခြံခြာခိုင္းလိုက္သည္။
ေကာင္းကင္ရဲ႕မိဘေတြကဒီေန႔လည္း အိမ္ျပန္လာၾကမည္မဟုတ္ေသာေၾကာင့္ အိမ္အကူတခ်ို့ႏွင့္သူတို႔ႏွစ္ေယာက္သာ႐ွိသည္။
ၾကက္ဥကိုအႏွစ္ႏွင့္အကာသမေအာင္ေမႊ ႏြားႏို႔ေရာ ဂ်င္းၾကက္သြန္ျဖဴ ဆားႏွင့္သၾကားအနည္းငယ္ထည့္ကာ ေပါင္းလိုက္သည္။
"ခ်စ္...."
"အင္း..."
"ဟင္းေရာခ်က္တတ္လား...."
"နည္းနည္းပါးပါးခ်က္တတ္တယ္..."
"ဘာဟင္းေတြခ်က္တတ္လဲ..... "
"ျမန္မာဟင္းေတာ္ေတာ္မ်ားမ်ားနဲ႔....
တ႐ုတ္ဟင္း ထိုင္းဟင္း တုံရန္းေတြဘာေတြ..."
"Woah!!!
ကိုယ့္အိမ္႐ွင္ထီးေလာင္းလ်ာေလးက ေတာ္လိုက္တာ.....
ကိုယ္ကထင္ေတာင္မထားဘူး...."
"ဘာကိုထင္မထားတာလဲ...."
"ဒါေတြလုပ္တတ္လိမ့္မယ္ထင္မထားတာေပါ့..
ကိုယ္သိခဲ့တဲ့စူးေနေရာင္ထက္က ဒီလိုမဟုတ္လို႔.....
ကိုယ္အထင္မွား အ....."
ဓားကိုလႊတ္ခ်လိုက္သည့္ ေကာင္းကင္အနားကိုသူေရာက္မွန္းမသိ....
"
ေသြးေတြ......
အရင္လက္ေဆးရမယ္...."
သလင္းျမဴ ျပာယာခတ္စြာပဲ ေကာင္းကင္ရဲ႕လက္ကို ေဘစင္မွာေဆးေစကာ ေသြးတိတ္ေအာင္အရင္လုပ္ရသည္။
ဒဏ္ရာကအရမ္းမႀကီးသလို နက္လည္းမနက္ေပမယ့္ ပူေလာင္ေနသည့္စိတ္ကမေအးႏိုင္ေသး...
အရက္ျပန္ႏွင့္ထိေတာ့ ေကာင္းကင္နည္းနည္းတြန္႔သြားရာ သလင္းျမဴ ကိုယ့္ကိုကိုယ္သာထု႐ိုက္ခ်င္မိေတာ့သည္။
"ေတာင္းပန္ပါတယ္....
ခ်စ္ခိုင္းလို႔ျဖစ္ရတာ...
ခ်စ္ဘာသာလုပ္ရမွာကို...."
"ဘာလို႔ေတာင္းပန္ေနရတာလဲ
ဓားေလး႐ွ႐ုံကို ကိုယ္ဘာမွမျဖစ္ပါဘူး..."
လက္ညိဳးကုိ ေဆးထည့္ေပးျပီး ေကာင္းကင္ကိုၿငိမ္ၿငိမ္သာထိုင္ေနခိုင္းကာ သလင္းျမဴပဲအကုန္လုပ္သည္။
"ၾကက္ဥေပါင္းရၿပီ....
ျမည့္ၾကည့္ၾကည့္...."
ဇြန္းႏွင့္ အနည္းငယ္ဖဲ့ကာ ပူေနေသာေၾကာင့္မႈတ္ၿပီး ေကာင္းကင္ကိုခြံ႔လိုက္သည္။
"Woah....
ေကာင္းတယ္...."
"သိတယ္...
ခ်စ္လက္ရာေကာင္းမွန္း..."
ယုံၾကည္ခ်က္႐ွိသည့္ပုံစံႏွင့္ သူေျပာေတာ့ ေကာင္းကင္ကရယ္ရင္းေထာက္ခံသည္။
အာလူးေခ်ာင္းေၾကာ္ကြၽတ္မွ ပန္းကန္တစ္ခ်ပ္ေပၚဆီစစ္ဖို႔ စကၠဴခင္းၿပီး အားလူးေခ်ာင္းေၾကာ္ေတြဆယ္လိုက္သည္။
င႐ုပ္ေဆာ့ထဲ င႐ုတ္ေကာင္းခပ္ၿပီးခ်ိန္မွာေတာ့ စားရန္အသင့္ျဖစ္သြားၿပီ....
"တကယ္ ေကာင္းတယ္....
ခ်စ္လက္ရာက႐ူးေလာက္တယ္...."
စားလိုက္သူ႔ကိုခ်ီးက်ဴးလိုက္ႏွင့္ ေကာင္းကင္မွာမအားႏိုင္....
ေက်ာင္းပိတ္ရက္သူအျမဲဒီလိုလုပ္ေကြၽးတိုင္းေပ်ာ္ေန႐ွာသည့္ တူေလးတူမေလးႏွင့္ သူ႔ညီမငယ္ခြန္းေလးကို သတိရမိသြားေသးသည္။
စားၿပီး ေကာင္းကင္က တစ္စခန္းထၿပီး သီခ်င္းဆိုခိုင္းသည္။
"အဟမ္း!...အဟမ္း!!"
Guitar ကိုပိုက္ထားရင္း လည္ေခ်ာင္း႐ွင္းေတာ့ ေကာင္းကင္က လက္ခုပ္ဖြဖြတီးကာ ေစာင့္စားေနသည္။
"🎶 ငါ...ေက်နပ္လိုက္ရတာ....
ေက်နပ္လိုက္ရတာ......
ျမင့္ျမတ္တဲ့ငါ့အခ်စ္ေတြနဲ႔ငါ.....
ဘာမွမထူးဘူးငါ့အခ်စ္ေတြက....
အျမဲျဖဴစင္ေနမယ္.....
မင္းျပန္ခ်စ္ဖို႔....
အိမ္မက္ေတြအထိ ယုံၾကည္မိတယ္....
မင္းကလြဲၿပီး ...
ေနာက္တစ္ေယာက္႐ွာဖို႔....
Oh..No....
ငါ့အခ်စ္ကိုမင္းကိုေပးထား....
ငါ့အခ်စ္အတြက္ငါအေက်နပ္ဆုံး...
ငါ..ေက်နပ္လိုက္ရတာ.....
ေက်နပ္လိုက္ရတာ....
ျမင့္ျမတ္တဲ့ ငါ့အခ်စ္ေတြနဲ႔ငါ....
ေက်နပ္လိုက္ရတာ....
ေက်နပ္လိုက္ရတာ...
ျမင့္ျမတ္တဲ့ငါ့အခ်စ္ေတြနဲ႔ငါ...... 🎶"
သလင္းျမဴ တီးေနသည့္ေလးျဖဴသီခ်င္းရဲ႕ သံစဥ္ေရာ ဆိုေနသည္ပါရပ္ပစ္လိုက္သည္။
"ဒါပဲလား...."
"အင္းေလ...ဒါပဲေပါ့....."
"ခ်စ္ကကြာ....
တစ္ပုဒ္ေလာက္ေတာ့ၿပီးေအာင္ဆိုျပေလ..."
"ေမာတယ္...."
🎶📲 income message
""အိမ္ျပန္လာခဲ့""
ဘုန္း႐ွိန္ဝါထက္ ထံမွထိုခပ္တိုတို message ေလးေျကာင့္ဦးေႏွာက္က အိမ္မျပန္ဖို႔သူ႔ကိုသတိေပးသည္။
"မျပန္ရဘူးေနာ္ခ်စ္..."
Message ကိုျမင္သြားသည့္ ေကာင္းကင္က သူ႔ပုခုံးေပၚေမးလာတင္ၿပီး ခါးကိုၾကပ္ေနေအာင္ဖက္လာသည္။
"ခ်စ္....."
Phone screen ကိုသာစိုက္ျကည့္ေနဆဲ သလင္းျမဴကို ေကာင္းကင္က လႈပ္ခါလိုက္ေလသည္။
"မျပန္ပါဘူး....
စိတ္ခ်ပါ ကိုရဲ႕....."
သလင္းျမဴ message ထပ္ဝင္လာသံၾကားေပမယ့္ ဥေပကၡာ ျပဳထားလိုက္သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ငယ္!"
ေစာေစာစီးစီးအိပ္ဖို႔လုပ္ေနၾကတုန္း ၾကားရသည့္ ဧည့္ခန္းထဲမွ ေအာ္ေခၚသံေၾကာင့္ အိပ္ခ်င္မူးတူးႏွင့္ေခါင္းေထာင္လာရသည္။
"စူးေနေရာင္ထက္!!!"
ေအာ္ေခၚသံႀကီးက ဘုန္း႐ွိန္ဝါထက္အသံျဖစ္တာေၾကာင့္ မ်က္ဝန္းအစုံျပဴးသြားေလသည္။
"ဘိုးေတာ္ ဒီအခ်ိန္ႀကီး ဘာလာလုပ္တာလဲမသိဘူး....
ေအာ္ႀကီးဟစ္က်ယ္နဲ႔...."
ကုတင္ေပၚကထဖို႔ျပင္ေနသည့္ ေကာင္းကင္လက္ကို သူအျမန္ဖမ္းဆြဲကာ ကုတင္ေပၚျပန္လွဲေစလိုက္သည္။
"ခ်စ္သြားလိုက္မယ္...."
"ကိုယ္လည္းလိုက္မွာ..."
သူဘယ္လိုတားတားမရ ေကာင္းကင္ကဇြတ္လိုက္လာသည္။
ဘုန္း႐ွိန္ဝါထက္ ကသူ႔ကိုျမင္သည္ႏွင့္ လက္ကိုအၾကမ္းပတမ္းလာဆြဲသည္။
"ျပန္မယ္! "
"လႊတ္..."
သလင္းျမဴ လက္ေကာက္ဝတ္ကို႐ုန္းေပမယ့္ ပို၍နာနာလာသည္။
"လႊတ္လိုက္!!"
သူ႔က်န္လက္တစ္ဖက္ကို ေကာင္းကင္ကဆြဲထားၿပီး ေအာ္သည္။
"ငါကဘာကိစၥငယ့္လက္ကိုလႊတ္ရမွာလဲ....
လႊတ္ရမယ့္လူကမင္း!"
"သူခိုးကလူကိုျပန္ဟစ္ေနတယ္...
ေနေရာင္ကကြၽန္ေတာ့္ခ်စ္သူ!!"
ဘုန္း႐ွိန္ဝါထက္ လက္ေတြေျပေလ်ာ့လာေတာ့ သလင္းျမဴလက္ကို႐ုန္းထြက္လိုက္သည္။
"မင္းအဓိပၸါယ္မ႐ွိတာေတြမေျပာနဲ႔!"
ေကာင္းကင္ထံလက္သီးႏွင့္ထိုးဖို႔ရြယ္ေနေတာ့ သလင္းျမဴ ၾကားမွာဝင္ရပ္လိုက္သည္။
"ငယ္ ဖယ္စမ္း!!"
"........"
"ငယ္!!"
"ေကာင္းကင္ေျပာတာကအဓိပၸါယ္႐ွိတယ္....
ဟုတ္တယ္မွန္တယ္....
ကြၽန္ေတာ္ကေကာင္းကင္ခ်စ္သူ"
"ငယ္!
မင္းကိုယ့္ေ႐ွ႕မွာဒီလိုမေျပာသင့္ဘူးေနာ္...."
"ေျပာဖို႔လိုအပ္လို႔...
ကြၽန္ေတာ္ေျပာတာ ကိုကို...."
"စစ္ေကာင္းကင္ႏိုင္.....
မင္းခ်စ္သူအေၾကာင္းမင္းဘယ္ေလာက္သိလဲ...."
သလင္းျမဴ မ်က္ႏွာပ်က္ယြင္းလာကာ ေကာင္းကင္ကေတာ့မ်က္ေမွာင္က်ဳံ့လာသည္။
"သိတာေပါ့....
အကုန္သိတယ္....."
"ေသခ်ာရဲ႕လား.....
မင္းခ်စ္တာစူးေနေရာင္ထက္မလား...."
"ကိုကို...."
သူတာဆီးဖို႔ႀကိဳးစားေလေလ ဘုန္း႐ွိန္ဝါထက္ ကပိုဆိုးလာေလေလပင္။
"မင္းသိရင္ေတာင္စူးေနေရာင္ထက္အေၾကာင္းပဲသိလိမ့္မယ္....
အခုမင္းနဲ႔႐ွိေနတဲ့သူက"
"ကိုကို!!"
သလင္းျမဴ ေၾကာက္လန္႔ျခင္းေၾကာင့္ အသံကုန္ေအာ္ပစ္လိုက္သည္။
"ကိုကို့စကားကိုနားေထာင္ပါငယ္...."
သူ႔ႏွလုံးသားဟာတဆတ္ဆတ္တုန္ယင္ေနခဲ့ၿပီ...
"အိမ္ျပန္လိုက္ခဲ့..."
"ေနေရာင္ကခင္ဗ်ားနဲ႔ုျပန္လိုက္မွာမဟုတ္ဘူး...
ဟုတ္တယ္မလားခ်စ္...."
သလင္းျမဴေကာင္းကင္ကို ေတာင္းပန္သည့္အၾကည့္ေတြႏွင့္ၾကည့္လိုက္ေတာ့ ေကာင္းကင္အံႀကိတ္ေလသည္...
"ျပန္လိုက္မသြားရဘူးေနာ္ခ်စ္"
သလင္းျမဴ အခန္းထဲျပန္ဝင္ၿပီး ညေနကယူလာသည့္ ဟာေတြကိုျပန္သိမ္းလိုက္သည္။
"မနက္ျဖန္ေက်ာင္းအတူသြားမယ္ေနာ္.... "
ေကာင္းကင္က အခန္းထဲကထြက္ဖို႔ျပင္ေနသည့္ သူ႔ေ႐ွ႕ကိုလာရပ္ကာ အိတ္ကိုျပန္ဆြဲသည္။
"မသြားနဲ႔...."
"ခ်စ္ျပန္လိုက္သြားမွျဖစ္မယ္...."
ေကာင္းကင္ရဲ႕လက္ကိုျဖဳတ္ခ်ၿပီး သူဘုန္း႐ွိန္ဝါထက္ ႏွင့္အတူအိမ္ကိုျပန္ခဲ့ရသည္။
ထပ္ၿပီးမင္းသူ႔ကိုေရြးျခယ္ျပန္ၿပီ ေနေရာင္....
"လိမၼာပါငယ္....."
သူ႔ေခါင္းကိုပုတ္ကာေျပာသြားသည့္ ဘုန္း႐ွိန္ဝါထက္ စကားက သူ႔ကိုတုပ္ေႏွာင္လိုက္သလိုခံစားရသည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ေက်ာင္းသြားခ်ိန္နီးလာေပမယ့္ ေရာက္မလာသည့္ေကာင္းကင္ေၾကာင့္ သူဟိုဘက္ျခံကိုသြားရသည္။
"အန္တီ ေကာင္းကင္ေရာ...."
"အစ္ကိုေလးက မနက္အေစာႀကီးကတည္းကထြက္သြားၿပီ...."
"သြားၿပီလား......"
သလင္းျမဴလည္း ကားကိုကိုယ္တိုင္ေမာင္းကာ ေက်ာင္းကိုအေျပးႏွင္ေတာ့သည္။
ေက်ာင္းေရာက္ေတာ့လည္း အတန္းထဲမွာေကာင္းကင္ကိုမေတြ႔ရ....
"ငစစ္ကေက်ာင္းမလာဘူးလား...."
သူ႔ကိုေမးသည့္ ေတဇတို႔ကို ေခါင္းသာရမ္းျပရင္း မေန႔ညကေကာင္းကင္ကိုထားခဲ့မိမွန္းျပန္ေတြးမိေတာ့ စိတ္ပူလာရသည္။
အတန္းထဲကျပန္ထြက္ဖို႔လုပ္ေတာ့ အခ်ိန္ကိုက္ပါခ်ဳပ္ကဝင္လာရာ ျပန္ထိုင္လိုက္သည္။
သင္ေနသမ်ွကိုစိတ္မဝင္စားႏိုင္ နာရီကိုတၾကည့္ၾကည့္ႏွင့္ ေကာင္းကင္ထံ message ေတြပို႔ရင္း သူအဆင္မေျပ.....
ပါခ်ဳပ္လည္းထြက္သြားေရာ ခ်က္ခ်င္းသူအခန္းထဲကေနထြက္ကာ ေက်ာင္းပန္းျခံကိုေျပးၿပီး ေကာင္းကင္ကိုသြား႐ွာသည္။
RC ေရာ ကန္တင္းပါ တစ္ေက်ာင္းလုံးပတ္ၿပီးေတာ့ သူလမ္းမေလ်ွာက္ခ်င္ေအာင္ကိုေညာင္းေနၿပီ....
ကားပါတာကိုေတာင္သတိမရဘဲပတ္ေျပးေနေတာ့ သူ႔အသက္႐ွဴႏႈန္းမ်ားျမန္ကာ တဒိန္းဒိန္းအ႐ွိန္ျပင္းေနသည့္ ႏွလုံးခုန္ျခင္းေၾကာင့္ ေခါင္းေတြေတာင္မူးေဝလာသည္။
ေနာက္ဆုံးအေနနဲ႔ စာၾကည့္တိုက္ထံေရာက္ေတာ့ ပထမအထပ္ စာျကည့္ဖုန္းၾကည့္ေနသူမ်ားၾကားမွာ ေကာင္းကင္က႐ွိမေနျပန္....
ဒုတိယထပ္ဆီတက္လာခဲ့ခ်ိန္မွာေတာ့ ႐ွင္းလင္းေနသည့္ စားပြဲေတြထဲမွာမွ ျပတင္းေပါက္နားက စားပြဲမွာ ေကာင္းကင္ေမွာက္အိပ္ေနသည္ကိုျမင္ရသည္။
သလင္းျမဴ သက္ျပင္းခ်ၿပီး ေဘးနံရံကိုမွီခ်ကာ ေတာ္ေတာ္ၾကာေအာင္ၿငိမ္ေနရသည္။
"ကို...."
အားမ႐ွိသည့္ ခပ္တိုးတိုးသူ႔ေခၚသံေနာက္ ေကာင္းကင္ေခါင္းေထာင္လာကာ သူ႔ကိုျမင္ေတာ့တစ္ဖက္သို႔ေခါင္းလွည့္သြားသည္။
"အတန္းမတက္ဘဲ ဒီမွာဘာလုပ္ေနတာလဲ!"
"......"
"တစ္ေက်ာင္းလုံးအႏွံ႔လိုက္႐ွာေနရတာ....
ခ်စ္ဘယ္ေလာက္ေတာင္စိတ္ပူေနလဲသိရဲ႕လား..."
"......."
"ဘာလို႔ဘာမွျပန္မေျပာတာလဲ!"
"ဘုန္း႐ွိန္ဝါထက္ကိုခ်စ္လား..."
"ကိုမဆိုင္တာေတြမေမးနဲ႔...."
"ကိုယ္ကမင္းအတြက္ဘာလဲ...."
"ကို!"
"မင္းကိုခ်စ္လို႔ ငါ့ကိုယ္ငါေျဖသိမ့္တယ္....
သူ႔မွာလည္းအေၾကာင္းကိစၥ႐ွိေနလို႔ေနမွာပါဆိုၿပီး....
မင္းကိုယ့္ကို အေရးမစိုက္ဘူး...
မင္းဘယ္သြားမယ္ဘာလုပ္မယ္ဆိုတာကိုေတာင္ကိုယ့္ကိုအသိမေပးတတ္ဘူး....
မင္းကကိုယ့္ခ်စ္သူျဖစ္တဲ့အတြက္
ကိုယ္မင္းကိုနားလည္ေပးဖို႔ႀကိဳးစားတယ္...
မင္းကိုနားလည္ႏိုင္ဖို႔လည္းႀကိဳးစားတယ္....
ဒါေပမယ့္ ကိုယ္မင္းကိုနားမလည္ႏိုင္ဘူး....
မင္းကအရမ္း႐ႈပ္ေထြးၿပီး ကိုယ္နီးဖို႔ႀကိဳးစားေလ ေဝးေလပဲ....
ကိုယ့္ကိုတကယ္ေရာခ်စ္ရဲ႕လားဟင္...."
"ဘာလို႔အဲ့လိုသံသယေတြဝင္ေနရတာလဲ....
ကိုေျပာတယ္ခ်စ္ကိုယုံတယ္ဆို...."
"ဟုတ္တယ္ ယုံတယ္....
ယုံလို့ပဲ ငါအခုဒီလိုျဖစ္ေနတာ...
မင္းငါ့ထက္ ဘုန္း႐ွိန္ဝါထက္ကိုပိုအေရးေပးတိုင္း ငါ႐ူးမတတ္ခံစားရတယ္....
ဒါကိုေရာမင္းသိရဲ႕လား!"
တစ္ေက်ာင္းလုံးပတ္ေျပးခဲ့ရတာေတာင္ သူခံႏိုင္ရည္႐ွိခဲ့ေပမယ့္ ေကာင္းကင္ရဲ႕ထင္ျမင္ခ်က္ေတြေၾကာင့္ သူေျခမခိုင္ေတာ့.....
တစ္ဖက္ကသူခ်စ္ရသူ
ေနာက္ထပ္တစ္ဖက္ကသူ႔ကိုခ်ဳပ္ကိုင္ထားသူ
သူလႈပ္လိုက္တိုင္း ျမႇားအစင္းေပါင္းမ်ားစြာက ႏွစ္ဖက္စလုံးကထြက္ေပၚလာၿပီး သူ႔ႏွလုံးသားကိုလာစိုက္ၾကမွာဘဲ....
"~~~"
စကားေျပာဖို႔ႀကိဳစားၾကည့္ေတာ့ ဘာသံမွထြက္မလာဘဲ သူ႔ကမာၻခ်ာခ်ာလည္ကာ မူးေဝလာသည္။
"အဲ့လို.......မဟုတ္ပါဘူး ........
အဲ့......."
ဝုန္းကနဲလဲက်သြားသည့္အသံေနာက္ သူဘာကိုမွမၾကားမျမင္ရေတာ့ဘဲ အရာအားလုံးတိတ္ဆိတ္သြားသည္။
သူအနားယူဖို႔လိုအပ္ေနခဲ့ၿပီ......
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ရက္လႏွစ္ေတြက
အခ်စ္ရဲ႕ထုထည္ကို မတိုင္းတာႏိုင္ပါဘူး....
စကၠန္႔ပိုင္းအတြင္း ခ်စ္မိသြားႏိုင္သလို
စကၠန္႔ပိုင္းအတြင္းမွာပဲ ပ်က္စီးသြားႏိုင္တယ္
Bạn đang đọc truyện trên: Truyen247.Pro