Part-38 ( contrition)
Unicode
မျက်လုံးဖွင့်ဖွင့်ချင်း မြင်ရသည့် အိပ်မောကျနေသူ ကောင်းကင်ကို သလင်းမြူ အတန်ကြာအောင်ငေးနေမိသည်။
သူငေးလည်း ငေးလောက်စရာပါ။ သူ့မျက်လုံးထဲမှာကောင်းကင်ကချောလွန်းသည်မလား....
သူမနေ့ညကလည်းကောင်းကောင်းအိပ်မပျော်ခဲ့ဘဲ မနက်လင်းခါနီးမှမှေးကနဲအိပ်ပျော်သွားခြင်းပင်။
မနက်ပိုင်းအတန်းချိန်ရှိသည်ကို သတိရကာ နာရီကိုလှမ်းကြည့်မိတော့....
"Shit!!"
7 နာရီခွဲနေပြီ။ အတန်းက 8 နာရီစမှာ....
"ကောင်းကင် ထတော့!
ကောင်းကင်!!"
သူအော်တော့ ကိုယ်တော်ချောကစောင်ပုံထဲမှ လှုပ်လာပြီး မျက်စိတောင်မဖွင့်ဘဲ သူ့ကိုအတင်းဆွဲဖက်လေသည်။
"Morning ချစ်....
ကို့ကိုဘာလို့အစောကြီးနိုးနေတာလဲ...."
"ချစ်တွေကိုတွေလုပ်မနေနဲ့!
လွှတ်!! "
"နမ်းမှလွှတ်မယ်...."
"7 နာရီခွဲနေပြီဟ!!!"
"ဟမ်!!"
သူ့ကိုလွှတ်ပြီးကောင်းကင်ကချက်ချင်းရေချိုးခန်းထဲဝင်ပြေးရာ သလင်းမြူလည်း ပြေးရတော့သည်။
"ချစ်!
ကိုယ်သေးပေါက်နေတယ်လေ!"
မျက်လုံးအပြူးသားနှင့်အော်သည့်ကောင်းကင်ကိုပင်ဂရုမစိုက်အား ဘေစင်မှာသွားအမြန်တိုက်ရတော့သည်။
အချိန်မရှိတော့လို့ မနက်စာမစားနိုင်တော့ဘဲ ဆိုင်ကယ်လီဗာအသားကုန်ဆွဲကာ ကျောင်းကိုအမြန်ပြေးရတော့သည်။
အတူနိုးထရတဲ့မနက်ခင်းဟာ ကြည်နူးမှုအစား ယောက်ယက်ခတ်လွန်းနေသည်။
"ဆရာမ!"
လက်ထောင်ဝင်ခွင့်တောင်းပြီး ဆရာမခွင့်ပြုသည်နှင့် အတန်းထဲဝင်ကာ တေဇတို့ရဲ့အနောက်က အတန်းမှာဝင်ထိုင်လိုက်ကြသည်။
ထိုင်နေကျအတန်းမှ စိုင်းစံကတော့ တစ်ယောက်တည်းယောင်လည်လည်နှင့် အနောက်ခုံဆင်းရမလား ဆက်ပဲထိုင်နေရမလားဆိုပြီး ကြောင်တောင်တောင်...
စာဆိုတာအကောင်းဆုံးအိပ်ဆေးဆိုသလိုပဲ
စာအုပ်ကိုလိုက်ကြည့်ရင်းနှင့် သလင်းမြူ ခေါင်းလေးရှေ့သို့ စိုက်စိုက်ကျလာသည်။
"အိပ်ရေးမဝဘူးလား..."
နားနားကပ်ကာခပ်တိုးတိုးမေးသည့် ကောင်းကင်ကို ခေါင်းအသာညိတ်ပြလိုက်တော့ အရှေ့ခုံမှ တေဇတို့ရဲ့ကျောကိုလှမ်းတို့လေသည်။
"ဘာလဲ..."
"မင်းတို့သုံးကောင်ကပ်ထိုင်စမ်းပါဟ....
နေရောင်ကအိပ်ချင်လို့တဲ့..."
တေဇတို့ကမျက်စောင်းထိုးပြီး ကောင်းကင်ပြောသည့်အတိုင်း သလင်းမြူကိုကွယ်အောင်ကပ်ထိုင်ပေးကြသည်။
"ကိုယ့်ကိုမှီအိပ်...."
ကောင်းကင်ကဝတ်ထားသည့် coat ထဲကို သလင်းမြူကိုဆွဲသွင်းကာမှီစေပြီး ဖက်ထားပေးသည်။
စာသင်သံမှလွဲ၍တိတ်ဆိတ်နေသည့်အခန်းနှင့် နွေးထွေးလွန်းသည့်အခြေအနေကြောင့် သလင်းမြူ ခဏလေးအတွင်းအိပ်ပျော်သွားသည်။
အချိန်ဘယ်လောက်ကြာသွားလဲမသိပေမယ့် ဗိုက်ထဲမှလစ်ဟာကာ ဆန္ဒပြလာသောကြောင့်သာနိုးလာရသည်။
"ဘယ်နှနာရီရှိပြီလဲ...."
"နိုးပြီလား....
အခုမှ 9:15 ပဲရှိသေးတာ... "
ကောင်းကင်ကသူ့ကိုပုံစံမပျက်ပွေ့ဖက်ထားဆဲဖြစ်ပြီး တစ်ခန်းလုံးမျက်လုံးက သူတို့နှစ်ယောက်ဆီမှာ....
စိုင်းစံကသူ့ကို မျက်ဖြူလှန်ပြပြီး စိတ်လေတယ်ဆိုတဲ့အမူအယာမျိုး....
"မင်းတို့နှစ်ကောင်....
အမှန်အတိုင်းပြောကြစမ်းပါ..."
"ဘာပြောရမှာလဲ.... "
"ဒီလိုဒီလိုတွေမလား...."
လက်ညှိးနှစ်ချောင်းကိုပူးပြရင်း မေးသည့် တေဇကို သလင်းမြူ ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အနေပေမယ့် ကောင်းကင်က ပြုံးပြုံးကြီးသာ...
"ငစစ်ရုပ်ကဘာလဲဟ....
ဝန်ခံတာလား....
တကယ်ကြီလား!"
"မဟုတ်ပါဘူး!"
သလင်းမြူငြင်းလိုက်တော့ ကောင်းကင်မျက်နှာပျက်သွားသည်ကို သူမြင်ဖြစ်အောင်မြင်လိုက်သေးသည်။
"ဗိုက်ဆာလိုက်တာ....
ဆရာမလာသေးဘူးလား....."
သလင်းမြူ စကားလမ်းကြောင်းကိုအမြန်လွှဲရတော့သည်။
"ဆရာကနည်းနည်းနောက်ကျမယ်တဲ့...."
"ဟုတ်လား...
ကောင်းကင်...
မနက်စာသွားစားရအောင်လေ.....
ငါဗိုက်အရမ်းဆာနေပြီ...."
"အင်း...."
"ဟျောင့်တွေ roll call လက်မှတ်ထိုးရရင်ထိုးပေးဦးနော်...
ငါနဲ့ကောင်းကင်လစ်တော့မယ်...."
"ကြွကြွ!"
ဆရာမလာခင်အနောက်ပေါက်ကနေ ကောင်းကင်လက်ကိုဆွဲကာထွက်လာခဲ့သည်။
"RC သွားရအောင်...."
ကောင်းကင်ကခေါင်းသာ ညိတ်ပြီး ဆိုင်ကယ်ဇက်သော့ဖွင့်ကာ စက်နှိုးတော့ သလင်းမြူ အနောက်ကတက်လိုက်သည်။
စားစရာတွေမှာပြီး အပြင်ဝိုင်းတစ်ဝိုင်းမှာထိုင်ကြသည်အထိ ကောင်းကင်သူ့မျက်နှာကိုမကြည့်ဘဲရှောင်နေဆဲ....
"ကောင်းကင်...."
"အင်း...."
ဖုန်းကိုသာမျက်နှာမူရင်းပြန်ထူးပုံကြောင့် စိတ်ဆိုးနေသည်ဟုထင်မိသည်။
"ကို...."
ကျောင်းသူတချို့သာရှိသော တိတ်ဆိတ်နေသည့် RC အတွင်းမှာ သလင်းမြူရဲ့ခေါ်သံကနှစ်ယောက်ကြားသာရုံတိုးတိုးလေး....
သူ့မျက်နှာကိုကောင်းကင်ကကြည့်လာပြီး ချက်ချင်းခေါင်းငုံ့သွားသည်။
"ခုနကငြင်းလိုက်လို့ စိတ်ဆိုးသွားတာလား... "
"စိတ်မဆိုးပါဘူး.....
ဘာလို့ တခြားသူတွေကိုမသိစေချင်တာလဲဟင်
ကိုယ်နဲ့ချစ်ကချစ်သူတွေပါလို့ပြောရမှာကိုရှက်လို့လား....."
မျက်ရည်တွေရစ်သိုင်းလာသည့် ကောင်းကင်ရဲ့မျက်ဝန်းအစုံက သူ့ကိုအသက်ရှူရခက်ခဲလာစေသည်။
"ကိုယ်ကြောက်တယ်.....
ချစ်ကိုတစ်ယောက်ယောက်ကသာ ကိုယ့်ဆီကလုယူရင်ဘယ်လိုလုပ်မလဲ....
ချစ်ကကိုယ့်အပိုင်ကိုယ့်ချစ်သူပါလို့ကြေညာထားမှ သူတို့ ဆင်ခြင်ကြမှာလေ...."
"ဘယ်သူကလုရဲမှာမို့လို့လဲ..."
"လူတိုင်းပဲ.....
ဘုန်းရှိန်ဝါထက် ခက်သံစဉ် သူတို့တွေအပြင် တခြားသူတွေအများကြီး ချစ်ကိုကြည့်တဲ့အကြည့်တွေကိုကိုယ်မကြိုက်ဘူး......"
"ကိုအစိုးရိမ်လွန်နေတာပါ.....
သူတို့တွေကမပြောလည်းသိပါတယ်....
ကိုနဲ့ချစ်ကချစ်သူတွေဆိုတာကို........"
အစားအသောက်တွေလာချပေးသည့် စားပွဲထိုးကြောင့် ပြောလက်စစကားကို သလင်းမြူရပ်လိုက်သည်။
"ကိုပဲကြောက်တာမဟုတ်ပါဘူး....
ချစ်လည်းကြောက်တယ်....
ချစ်တို့ရဲ့ relationship ကိုသိသွားကြရင်....
ပတ်ဝန်းကျင် အတိုက်အခိုက်တွေပေါ်လာမှာ....
အဲ့တာတွေကိုရင်ဆိုင်ဖို့ အသင့်မဖြစ်သေးဘူး...."
"Sorry ကိုယ်တစ်ဖက်ဆန်သွားတယ်....
ချစ်ဘက်ကိုမတွေးပေးမိဘူး...."
သူ့လက်ဖဝားကို လက်နွေးနွေးနှင့် ဆုပ်ကိုင်လာပြီး စကားတွေကိုထိုနေရာမှာသာ အပြီးသတ်လိုက်ကြသည်။
မနက်စာစားပြီး RC အောက်ထပ်က convenience store လေးမှ အအေးဘူးအချို့ဝင်ဝယ်ကာ အတန်းမတက်ချင်သောကြောင့် ပန်းခြံထဲမှ ခုံတန်းလေးတွေမှာသွားထိုင်ကြသည်။
"အိပ်ချင်သေးရင် ကိုယ့်ပေါင်ပေါ်အိပ်လေ...."
ကောင်းကင်ရဲ့ပေါင်ကိုခေါင်းအုံးရင်း ခုံပေါ်ပက်လက်လှန်လှဲလိုက်သည်။
"ကောင်းကင်ကြီးကလှလိုက်တာ...."
"ဟုတ်သားပဲ....
ဒီနေ့မှပိုလှနေသလိုပဲ...."
အဖြူရောင်တိမ်တိုက်တွေ ဟိုတစ်ခုသည်တစ်ခုနှင့် ကောင်းကင်ပြာက တောက်ပနေသည်။
"ကို့နာမည်ရဲ့အဓိပ္ပါယ်က....
ကောင်းကင်ကိုတောင်စစ်နိုင်တဲ့သူပေါ့..."
"ဟားဟား...
အဲ့တာဆို....
ချစ်ရဲ့နာမည်က...
နေရောင်ထက်ကို စူးရှတောက်ပသူပေါ့ ဟုတ်လား...."
မဟုတ်ဘူး.....
ချစ်ရဲ့နာမည်က ထွင်းဖောက်မြင်နိုင်တဲ့သလင်းလိုကြည်လင်ပြီး မြူလိုဝေဝါးရှုပ်ထွေးသူပါ....
ကိုဘယ်တော့မှသိမှာမဟုတ်တဲ့ သလင်းမြူ....
အတွေးလေးရဲ့အဆုံး သူသတိမထားမိခင်မှာဘဲ မျက်ရည်စတွေက မျက်ဝန်းထောင့်မှ နားထင်ကိုဖြတ်ကာ စီးဆင်းသွားခဲ့ပြီ....
"ချစ်..ဘာဖြစ်လို့လဲ
ဘာလို့ငိုတာလဲ....
ကိုယ်ပြောတာမှားသွားလို့လား..."
"ဘာမှမဖြစ်ပါဘူး.....
အလင်းရောင်ကအရမ်းစူးလို့....ဟီး...."
မျက်ရည်တွေကို သုတ်ဖယ်ပြီး သူရယ်ပြတော့မှ စိတ်သက်သာသွားပုံပင်။
"ချစ်မျက်စိအားနည်းနေတယ်ထင်တယ်...
ညနေ piratical ပြီးရင် မျက်စိသွားစစ်ရအောင်...."
အလင်းရောင်ကို သူ့လက်နဲ့ကာကွယ်ပေးထားပြီး စိုးရိမ်တကြီးပြောနေသည့် ကောင်းကင်ရဲ့ မျက်နှာကိုလှမ်းကိုင်ကာ ငုံ့စေပြီး နှုတ်ခမ်းကိုခပ်ဖွဖွနမ်းလိုက်သည်။
"ချစ်ကိုကာကွယ်ပေးပါ....
နေရောင်ကြောင့် မျက်ရည်မကျရအောင်...."
"သေချာပေါက် ကာကွယ်ပေးမှာ ကိုယ်က..."
ရိုးရှင်းစွာတွေးရင်းကတိပေးသည့်ကောင်းကင်က သူ့ရဲ့ဆိုလိုရင်းအမှန်ကိုမသိခဲ့ပါ။
တကယ်ဖြစ်မလာခဲ့ရင်တောင် သူကျေနပ်မိသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Pratical ချိန်ရောက်တော့ သလင်းမြူ သွေးတက်ချင်သွားသည်။
အကြောင်းက ဆရာမတွေကအစိမ်းရောင်သန်းနေသည့် ရေယူလာပြီး ထိုရေထဲမှာပါသည့် organisms ဆယ်မျိုးရဲ့ ပုံစံနဲ့ scientific name တွေပြောပြီး microscope နှင့်ကြည့်ကာ ပုံဆွဲခိုင်းရာ အဖွဲ့ခွဲပေးတော့ သူတို့ယောက်ျားလေးခြောက်ယောက်ကိုတစ်ဖွဲ့တဲ့...
Pratical စာအုပ်ဝါဝါတွေပိုက်ပြီး ခဲသားဘောပင်နှင့်ခဲဖျက်ကိုအသင့်ကိုင်ကာ သူ့ကိုပြုံးကြည့်နေကြသည့် ငါးကောင်ကို ဘေးကနံရံနှင့်အကုန်ကိုင်ဆောင့်ပစ်ချင်မိသည်။
စိတ်လျော့....
စိတ်လျော့....
သက်ပြင်းအသာချပြီး slide ပေါ်ရေတစ်စက်တင်ကာ microscope နှင့်သေချာချိန်ပြီး အာရုံစိုက်ရှာရတော့သည်။
မျက်လုံးကအကြည့်မပျက်ဘဲ လက်ကလည်း သေချာဆွဲရပြီး ကျန်ငါးကောင်ကတော့ တစ်သွေမတိမ်းလိုက်ဆွဲကြသည်။
"မင်းတို့တစ်လှည့်ကြည့်....
ငါမျက်စိညောင်းပြီ..."
လေးပုံလောက်ပြီးတော့ သလင်းမြူ ရမလားလုပ်ကြည့်သည်။
"ဘာကောင်မှလည်းမတွေ့ဘူး....
စိုင်းစံမင်းကြည့်...."
"အကောင်တွေအများကြီးဘဲ....
ဝိုး......
ကူးနေကြတာ....ဝိုး..."
ကျပ်မပြည့်တဲ့ဟာတွေလိုလုပ်နေကြတော့ သလင်းမြူ လေသွားသည်။
"ဖယ်!
ငါပဲကြည့်မယ်ဟေ့ ငါပဲကြည့်မယ်ဟ....
ရမလားခိုင်းမိတဲ့ ငါကိုကမှားတာ...."
ဆရာမဆီမှ လက်မှတ်နှင့် A+ ဆိုပြီးရတော့ အခွက်တွေများဖြီးနေကြတာ ဖြတ်ရိုက်ချင်စရာ...
"နေရောင့်ကျေးဇူးနဲ့ A+ ရဖူးသွားပြီ....
ကျေးဇူးသားကြီး မွ....."
မျက်နှာနားအတင်းတိုးတာသည့် တေဇ၏ထော်လန်နှုတ်ခမ်းကြီးက သူ့ထံမသက်ဆင်းရဘဲ လမ်းတစ်ဝက်မှာတင်ကောင်းကင်က ပိတ်ရိုက်ပစ်လိုက်လေသည်။
"သွားမှန်အောင်မတိုက်ဘဲ...
ရွံစရာ..."
"ဟျောင့်ငါနေ့တိုင်းသွားတိုက်တယ်!"
"မင်းအကြောင်းမသိဘူးဆိုတော့ ယုံရမှာလား...
ဆုတောင်းလေ...."
"ငစစ်!"
"နေရောင် ပြန်ကြစို့...."
တေဇကိုလျှာထုတ်ပြောင်ပြပြီး ကောင်းကင်ရဲ့နောက်ကို သူလိုက်ခဲ့တော့သည်။
"ကြည့်ဦး....
လိုက်လည်းလိုက်တဲ့ နှစ်ကောင်..."
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
အိမ်အပြန် မျက်မှန်ဆိုင်ကိုဝင်ဖို့လုပ်နေသည့်ကောင်းကင်က သူအတင်းငြင်းမှ လက်လျော့လေသည်။
အိမ်ရှေ့တွင်ဘုန်းရှိန်ဝါထက် ကားအပြင်ရှိနေသည့် နောက်ထပ်ကားတစ်စီးက နန်းစံထိုက်ရောက်နေသည်ဟုအချက်ပြခြင်းပင်။
"ဟိုမိန်းမရောက်နေတယ်ထင်တယ်....
ချစ်ကိုယ့်အိမ်လိုက်ခဲ့...."
ကိုကိုနဲ့လည်းမျက်နှာချင်းသိပ်မဆိုင်ချင်တာကြောင့် သလင်းမြူလက်ခံလိုက်သည်။
"အဝတ်အစားနည်းနည်းလောက်ဝင်ယူလိုက်ဦးမယ်...."
"ကိုယ်ပါလိုက်ခဲ့မယ်.... "
အိမ်ထဲဝင်သည်နှင့် မီးဖိုချောင်ထဲမှ သူမအသံကို ကြားရသည်။
ဘုန်းရှိန်ဝါထက် ကတော့သူမဘေးမှာပေါ့....
"စူးနေရောင်....
ကျောင်းကပြန်လာပြီလား..."
သူ့ကိုမြင်သွားပြီး ပြုံးကာနှုတ်ဆက်တော့ သလင်းမြူ အလိုက်သင့် ခေါင်းသာညိတ်ပြလိုက်သည်။
"အစ်မမုန့်လုပ်နေတာ....
ခဏနေဆိုရတော့မှာ...
မောင်လေးရောစားရမယ်နော်...."
ပြောင်းလဲနေသည့် အခေါ်အဝေါ်အပြုအမူတွေကြောင့် ကောင်းကင်ရောဘုန်းရှိန်ဝါထက်သာမက အန်တီမြတို့ပါအံ့ဩနေသည်။
"ကျွန်တော်မစားတော့ဘူး....
ကောင်းကင်ရဲ့အိမ်ကိုလိုက်သွားမလို့...
အစ်မနဲ့ကိုကိုတို့ပဲစားကြပါ...."
အပြုံးလေးနှင့်သာတုန့်ပြန်ပြီး သူအပေါ်ထပ်ကိုတက်ခဲ့တော့သည်။
အခန်းထဲရောက်တော့ ညဝတ်တစ်စုံနှင့်အဝတ်နှစ်စုံလောက်ထုတ်ကာ အသုံးအဆောင်အချို့ပါယူလိုက်သည်။
"ချစ် guitar ပါယူခဲ့လိုက်မယ်
ကိုယ့်ကိုသီချင်းဆိုပြနော်...."
"ကို့သဘော..."
ယူစရာရှိတာတွေယူပြီး ပြန်ဆင်းလာကာ မီးဖိုချောင်ထဲကသူတို့ကိုနှုတ်မဆက်တော့ဘဲ ကောင်းကင်အိမ်ကိုလိုက်ခဲ့သည်။
"ချစ်ရေချိုးလိုက်ဦးမယ်...."
"ကိုယ်နဲ့အတူချိုးမလား...."
ကောင်းကင်ရဲ့မချိုမချဉ်မေးပုံကြောင့်သလင်းမြူ ပါးပြင်နှင့် နားရွက်ဖျားလေးတွေရဲတက်လာသည်။
"ကောင်လေးတစ်ယောက်ရေအတူချိုးမယ်ဆိုတာနဲ့ ဘာတွေတွေးနေတာလဲ....ဟားဟား..."
သလင်းမြူ ရှက်ရှက်နှင့် ကောင်းကင်ကိုမျက်စောင်းထိုးကာ ရေချိူးခန်းထဲပြေးဝင်မိသည်။
ရေချိုးခန်းတံခါးကို lock ချကာမှီရင်းအပြင်မှတဟားဟားအော်ရယ်နေသည့် ကောင်းကင်ကြောင့် နှုတ်ခမ်းကိုကိုက်ထားလိုက်သည်။
သူအခုနားလည်သွားပြီ.....
ကိုကိုကိုသူချစ်ခဲ့တဲ့အချစ်က အရောင်မပါတဲ့အတ္တဆန်ဆန်အချစ်မျိုး....
မိသားစုရဲ့ဂရုစိုက်မှုနဲ့နေနေတဲ့သူ့ဘဝထဲကို ဝင်လာပြီးမတူညီတဲ့ဂရုစိုက်မှုနဲ့ချစ်ခြင်းတွေပေးတဲ့ကိုကို့ကို သူတန်ဖိုးထားလောဘတက်မိတယ်...
ထာဝရသူ့တစ်ယောက်တည်းကိုချစ်စေချင်ပြီး အတ္တဆန်ဆန်အချစ်လို့ခေါင်းစဉ်တပ် သူ့အနားမှာဘဲနေစေချင်ခဲ့တာ....
ဒါပေမယ့်....
ကောင်းကင်ကိုကျတော့....
ဘာကြောင့်သူအတ္တမရှိရတာလဲ....
တစ်နေ့ကိုယ်သူ့အနားကထွက်ခွာသွားရမှာကိုသိလည်း သူပျော်ရွှင်နေတာတွေ့တော့ ကိုယ်လည်းအေးချမ်းနေတာမျိုး....
ကိုကိုနဲ့တုန်းကသူဦးနှောက်သုံးခဲ့ပေမယ့် ကောင်းကင်နဲ့ကျတော့ သူမှာစဉ်းစားဉာဏ်မရှိသလိုစီးမျောမိတာမျိုး.....
အချိန်မလွန်ခင်ထိန်းချုပ်သင့်မှန်းသိရက်နဲ့ ရူးမိုက်မိတာမျိုး.....
တကယ်လို့ စူးနေရောင်ထက်အနေနဲ့မဟုတ်ဘဲ သလင်းမြူအဖြစ်နဲ့ ကောင်းကင်ကိုသာတွေ့ရှိခဲ့မယ်ဆိုရင်ရော.......
ချစ်ခြင်းရဲ့အရောင်အစစ်မှန်ကိုရှာဖွေတွေ့ရှိချိန်မှာ သူဟာနောင်တတွေကိုရင်ဝယ်ပိုက်ထားခဲ့ရပြီ.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
သူကကျွန်တော့်အတွက်တော့
အလှပဆုံးနေ့ရက်တွေကို
ဖန်ဆင်းပေးခဲ့တဲ့
နောင်တတစ်ခုပါ
သလင်းမြူ
************************************
Zawgyi
မ်က္လုံးဖြင့္ဖြင့္ခ်င္း ျမင္ရသည့္ အိပ္ေမာက်ေနသူ ေကာင္းကင္ကို သလင္းျမဴ အတန္ၾကာေအာင္ေငးေနမိသည္။
သူေငးလည္း ေငးေလာက္စရာပါ။ သူ့မ်က္လုံးထဲမွာေကာင္းကင္ကေခ်ာလြန္းသည္မလား....
သူမေန႔ညကလည္းေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့ဘဲ မနက္လင္းခါနီးမွေမွးကနဲအိပ္ေပ်ာ္သြားျခင္းပင္။
မနက္ပိုင္းအတန္းခ်ိန္႐ွိသည္ကို သတိရကာ နာရီကိုလွမ္းၾကည့္မိေတာ့....
"Shit!!"
7 နာရီခြဲေနျပီ။ အတန္းက 8 နာရီစမွာ....
"ေကာင္းကင္ ထေတာ့!
ေကာင္းကင္!!"
သူေအာ္ေတာ့ ကိုယ္ေတာ္ေခ်ာကေစာင္ပုံထဲမွ လႈပ္လာၿပီး မ်က္စိေတာင္မဖြင့္ဘဲ သူ႔ကိုအတင္းဆြဲဖက္ေလသည္။
"Morning ခ်စ္....
ကို႔ကိုဘာလို႔အေစာႀကီးႏိုးေနတာလဲ...."
"ခ်စ္ေတြကိုေတြလုပ္မေနနဲ႔!
လႊတ္!! "
"နမ္းမွလႊတ္မယ္...."
"7 နာရီခြဲေနၿပီဟ!!!"
"ဟမ္!!"
သူ႔ကိုလႊတ္ၿပီးေကာင္းကင္ကခ်က္ခ်င္းေရခ်ိဳးခန္းထဲဝင္ေျပးရာ သလင္းျမဴလည္း ေျပးရေတာ့သည္။
"ခ်စ္!
ကိုယ္ေသးေပါက္ေနတယ္ေလ!"
မ်က္လုံးအျပဴးသားႏွင့္ေအာ္သည့္ေကာင္းကင္ကိုပင္ဂ႐ုမစိုက္အား ေဘစင္မွာသြားအျမန္တိုက္ရေတာ့သည္။
အခ်ိန္မ႐ွိေတာ့လို႔ မနက္စာမစားႏိုင္ေတာ့ဘဲ ဆိုင္ကယ္လီဗာအသားကုန္ဆြဲကာ ေက်ာင္းကိုအျမန္ေျပးရေတာ့သည္။
အတူႏိုးထရတဲ့မနက္ခင္းဟာ ၾကည္ႏူးမႈအစား ေယာက္ယက္ခတ္လြန္းေနသည္။
"ဆရာမ!"
လက္ေထာင္ဝင္ခြင့္ေတာင္းၿပီး ဆရာမခြင့္ျပဳသည္ႏွင့္ အတန္းထဲဝင္ကာ ေတဇတို႔ရဲ႕အေနာက္က အတန္းမွာဝင္ထိုင္လိုက္ၾကသည္။
ထိုင္ေနက်အတန္းမွ စိုင္းစံကေတာ့ တစ္ေယာက္တည္းေယာင္လည္လည္ႏွင့္ အေနာက္ခုံဆင္းရမလား ဆက္ပဲထိုင္ေနရမလားဆိုၿပီး ေၾကာင္ေတာင္ေတာင္...
စာဆိုတာအေကာင္းဆုံးအိပ္ေဆးဆိုသလိုပဲ
စာအုပ္ကိုလိုက္ၾကည့္ရင္းႏွင့္ သလင္းျမဴ ေခါင္းေလးေ႐ွ႕သို႔ စိုက္စိုက္က်လာသည္။
"အိပ္ေရးမဝဘူးလား..."
နားနားကပ္ကာခပ္တိုးတိုးေမးသည့္ ေကာင္းကင္ကို ေခါင္းအသာညိတ္ျပလိုက္ေတာ့ အေ႐ွ႕ခုံမွ ေတဇတို႔ရဲ႕ေက်ာကိုလွမ္းတို႔ေလသည္။
"ဘာလဲ..."
"မင္းတို႔သုံးေကာင္ကပ္ထိုင္စမ္းပါဟ....
ေနေရာင္ကအိပ္ခ်င္လို႔တဲ့..."
ေတဇတို႔ကမ်က္ေစာင္းထိုးၿပီး ေကာင္းကင္ေျပာသည့္အတိုင္း သလင္းျမဴကိုကြယ္ေအာင္ကပ္ထိုင္ေပးၾကသည္။
"ကိုယ့္ကိုမွီအိပ္...."
ေကာင္းကင္ကဝတ္ထားသည့္ coat ထဲကို သလင္းျမဴကိုဆြဲသြင္းကာမွီေစၿပီး ဖက္ထားေပးသည္။
စာသင္သံမွလြဲ၍တိတ္ဆိတ္ေနသည့္အခန္းႏွင့္ ေႏြးေထြးလြန္းသည့္အေျခအေနေၾကာင့္ သလင္းျမဴ ခဏေလးအတြင္းအိပ္ေပ်ာ္သြားသည္။
အခ်ိန္ဘယ္ေလာက္ၾကာသြားလဲမသိေပမယ့္ ဗိုက္ထဲမွလစ္ဟာကာ ဆႏၵျပလာေသာေၾကာင့္သာနိုးလာရသည္။
"ဘယ္ႏွနာရီ႐ွိၿပီလဲ...."
"ႏိုးၿပီလား....
အခုမွ 9:15 ပဲ႐ွိေသးတာ... "
ေကာင္းကင္ကသူ႔ကိုပုံစံမပ်က္ေပြ႔ဖက္ထားဆဲျဖစ္ၿပီး တစ္ခန္းလုံးမ်က္လုံးက သူတို႔ႏွစ္ေယာက္ဆီမွာ....
စိုင္းစံကသူ႔ကို မ်က္ျဖဴလွန္ျပၿပီး စိတ္ေလတယ္ဆိုတဲ့အမူအယာမ်ိဳး....
"မင္းတို႔ႏွစ္ေကာင္....
အမွန္အတိုင္းေျပာၾကစမ္းပါ..."
"ဘာေျပာရမွာလဲ.... "
"ဒီလိုဒီလိုေတြမလား...."
လက္ညိွးႏွစ္ေခ်ာင္းကိုပူးျပရင္း ေမးသည့္ ေတဇကို သလင္းျမဴ ဘာျပန္ေျပာရမွန္းမသိဘဲ ဆြံ႔အေနေပမယ့္ ေကာင္းကင္က ျပဳံးျပဳံးႀကီးသာ...
"ငစစ္႐ုပ္ကဘာလဲဟ....
ဝန္ခံတာလား....
တကယ္ႀကီလား!"
"မဟုတ္ပါဘူး!"
သလင္းျမဴျငင္းလိုက္ေတာ့ ေကာင္းကင္မ်က္ႏွာပ်က္သြားသည္ကို သူျမင္ျဖစ္ေအာင္ျမင္လိုက္ေသးသည္။
"ဗိုက္ဆာလိုက္တာ....
ဆရာမလာေသးဘူးလား....."
သလင္းျမဴ စကားလမ္းေၾကာင္းကိုအျမန္လႊဲရေတာ့သည္။
"ဆရာကနည္းနည္းေနာက္က်မယ္တဲ့...."
"ဟုတ္လား...
ေကာင္းကင္...
မနက္စာသြားစားရေအာင္ေလ.....
ငါဗိုက္အရမ္းဆာေနၿပီ...."
"အင္း...."
"ေဟ်ာင့္ေတြ roll call လက္မွတ္ထိုးရရင္ထိုးေပးဦးေနာ္...
ငါနဲ႔ေကာင္းကင္လစ္ေတာ့မယ္...."
"ႂကြႂကြ!"
ဆရာမလာခင္အေနာက္ေပါက္ကေန ေကာင္းကင္လက္ကိုဆြဲကာထြက္လာခဲ့သည္။
"RC သြားရေအာင္...."
ေကာင္းကင္ကေခါင္းသာ ညိတ္ျပီး ဆိုင္ကယ္ဇက္ေသာ့ဖြင့္ကာ စက္ႏိႈးေတာ့ သလင္းျမဴ အေနာက္ကတက္လိုက္သည္။
စားစရာေတြမွာၿပီး အျပင္ဝိုင္းတစ္ဝိုင္းမွာထိုင္ၾကသည္အထိ ေကာင္းကင္သူ႔မ်က္ႏွာကိုမၾကည့္ဘဲေ႐ွာင္ေနဆဲ....
"ေကာင္းကင္...."
"အင္း...."
ဖုန္းကိုသာမ်က္ႏွာမူရင္းျပန္ထူးပုံေၾကာင့္ စိတ္ဆိုးေနသည္ဟုထင္မိသည္။
"ကို...."
ေက်ာင္းသူတခ်ိဳ႕သာ႐ွိေသာ တိတ္ဆိတ္ေနသည့္ RC အတြင္းမွာ သလင္းျမဴရဲ႕ေခၚသံကႏွစ္ေယာက္ၾကားသာ႐ုံတိုးတိုးေလး....
သူ႔မ်က္ႏွာကိုေကာင္းကင္ကၾကည့္လာၿပီး ခ်က္ခ်င္းေခါင္းငုံ႔သြားသည္။
"ခုနကျငင္းလိုက္လို႔ စိတ္ဆိုးသြားတာလား... "
"စိတ္မဆိုးပါဘူး.....
ဘာလို႔ တျခားသူေတြကိုမသိေစခ်င္တာလဲဟင္
ကိုယ္နဲ႔ခ်စ္ကခ်စ္သူေတြပါလို႔ေျပာရမွာကို႐ွက္လို႔လား....."
မ်က္ရည္ေတြရစ္သိုင္းလာသည့္ ေကာင္းကင္ရဲ႕မ်က္ဝန္းအစုံက သူ႔ကိုအသက္႐ွဴရခက္ခဲလာေစသည္။
"ကိုယ္ေၾကာက္တယ္.....
ခ်စ္ကိုတစ္ေယာက္ေယာက္ကသာ ကိုယ့္ဆီကလုယူရင္ဘယ္လိုလုပ္မလဲ....
ခ်စ္ကကိုယ့္အပိုင္ကိုယ့္ခ်စ္သူပါလို႔ေၾကညာထားမွ သူတို႔ ဆင္ျခင္ၾကမွာေလ...."
"ဘယ္သူကလုရဲမွာမို႔လို႔လဲ..."
"လူတိုင္းပဲ.....
ဘုန္း႐ွိန္ဝါထက္ ခက္သံစဥ္ သူတို႔ေတြအျပင္ တျခားသူေတြအမ်ားႀကီး ခ်စ္ကိုၾကည့္တဲ့အၾကည့္ေတြကိုကိုယ္မႀကိဳက္ဘူး......"
"ကိုအစိုးရိမ္လြန္ေနတာပါ.....
သူတို႔ေတြကမေျပာလည္းသိပါတယ္....
ကိုနဲ႔ခ်စ္ကခ်စ္သူေတြဆိုတာကို........"
အစားအေသာက္ေတြလာခ်ေပးသည့္ စားပြဲထိုးေၾကာင့္ ေျပာလက္စစကားကို သလင္းျမဴရပ္လိုက္သည္။
"ကိုပဲေၾကာက္တာမဟုတ္ပါဘူး....
ခ်စ္လည္းေၾကာက္တယ္....
ခ်စ္တို႔ရဲ႕ relationship ကိုသိသြားၾကရင္....
ပတ္ဝန္းက်င္ အတိုက္အခိုက္ေတြေပၚလာမွာ....
အဲ့တာေတြကိုရင္ဆိုင္ဖို႔ အသင့္မျဖစ္ေသးဘူး...."
"Sorry ကိုယ္တစ္ဖက္ဆန္သြားတယ္....
ခ်စ္ဘက္ကိုမေတြးေပးမိဘူး...."
သူ့လက္ဖဝားကို လက္ေႏြးေႏြးႏွင့္ ဆုပ္ကိုင္လာၿပီး စကားေတြကိုထိုေနရာမွာသာ အၿပီးသတ္လိုက္ၾကသည္။
မနက္စာစားၿပီး RC ေအာက္ထပ္က convenience store ေလးမွ အေအးဘူးအခ်ိဳ႕ဝင္ဝယ္ကာ အတန္းမတက္ခ်င္ေသာေၾကာင့္ ပန္းျခံထဲမွ ခုံတန္းေလးေတြမွာသြားထိုင္ၾကသည္။
"အိပ္ခ်င္ေသးရင္ ကိုယ့္ေပါင္ေပၚအိပ္ေလ...."
ေကာင္းကင္ရဲ႕ေပါင္ကိုေခါင္းအုံးရင္း ခုံေပၚပက္လက္လွန္လွဲလိုက္သည္။
"ေကာင္းကင္ႀကီးကလွလိုက္တာ...."
"ဟုတ္သားပဲ....
ဒီေန႔မွပိုလွေနသလိုပဲ...."
အျဖဴေရာင္တိမ္တိုက္ေတြ ဟိုတစ္ခုသည္တစ္ခုႏွင့္ ေကာင္းကင္ျပာက ေတာက္ပေနသည္။
"ကို႔နာမည္ရဲ႕အဓိပၸါယ္က....
ေကာင္းကင္ကိုေတာင္စစ္ႏိုင္တဲ့သူေပါ့..."
"ဟားဟား...
အဲ့တာဆို....
ခ်စ္ရဲ႕နာမည္က...
ေနေရာင္ထက္ကို စူး႐ွေတာက္ပသူေပါ့ ဟုတ္လား...."
မဟုတ္ဘူး.....
ခ်စ္ရဲ႕နာမည္က ထြင္းေဖာက္ျမင္ႏိုင္တဲ့သလင္းလိုၾကည္လင္ၿပီး ျမဴလိုေဝဝါး႐ႈပ္ေထြးသူပါ....
ကိုဘယ္ေတာ့မွသိမွာမဟုတ္တဲ့ သလင္းျမဴ....
အေတြးေလးရဲ႕အဆုံး သူသတိမထားမိခင္မွာဘဲ မ်က္ရည္စေတြက မ်က္ဝန္းေထာင့္မွ နားထင္ကိုျဖတ္ကာ စီးဆင္းသြားခဲ့ၿပီ....
"ခ်စ္..ဘာျဖစ္လို႔လဲ
ဘာလို႔ငိုတာလဲ....
ကိုယ္ေျပာတာမွားသြားလို႔လား..."
"ဘာမွမျဖစ္ပါဘူး.....
အလင္းေရာင္ကအရမ္းစူးလို႔....ဟီး...."
မ်က္ရည္ေတြကို သုတ္ဖယ္ၿပီး သူရယ္ျပေတာ့မွ စိတ္သက္သာသြားပုံပင္။
"ခ်စ္မ်က္စိအားနည္းေနတယ္ထင္တယ္...
ညေန piratical ၿပီးရင္ မ်က္စိသြားစစ္ရေအာင္...."
အလင္းေရာင္ကို သူ႔လက္နဲ႔ကာကြယ္ေပးထားၿပီး စိုးရိမ္တႀကီးေျပာေနသည့္ ေကာင္းကင္ရဲ႕ မ်က္ႏွာကိုလွမ္းကိုင္ကာ ငုံ႔ေစၿပီး ႏႈတ္ခမ္းကိုခပ္ဖြဖြနမ္းလိုက္သည္။
"ခ်စ္ကိုကာကြယ္ေပးပါ....
ေနေရာင္ေၾကာင့္ မ်က္ရည္မက်ရေအာင္...."
"ေသခ်ာေပါက္ ကာကြယ္ေပးမွာ ကိုယ္က..."
႐ိုး႐ွင္းစြာေတြးရင္းကတိေပးသည့္ေကာင္းကင္က သူ႔ရဲ႕ဆိုလိုရင္းအမွန္ကိုမသိခဲ့ပါ။
တကယ္ျဖစ္မလာခဲ့ရင္ေတာင္ သူေက်နပ္မိသည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Pratical ခ်ိန္ေရာက္ေတာ့ သလင္းျမဴ ေသြးတက္ခ်င္သြားသည္။
အေၾကာင္းက ဆရာမေတြကအစိမ္းေရာင္သန္းေနသည့္ ေရယူလာၿပီး ထိုေရထဲမွာပါသည့္ organisms ဆယ္မ်ိဳးရဲ႕ ပုံစံနဲ႔ scientific name ေတြေျပာၿပီး microscope ႏွင့္ၾကည့္ကာ ပုံဆြဲခိုင္းရာ အဖြဲ႔ခဲြေပးေတာ့ သူတို႔ေယာက္်ားေလးေျခာက္ေယာက္ကိုတစ္ဖြဲ႔တဲ့...
Pratical စာအုပ္ဝါဝါေတြပိုက္ၿပီး ခဲသားေဘာပင္ႏွင့္ခဲဖ်က္ကိုအသင့္ကိုင္ကာ သူ႔ကိုျပဳံးၾကည့္ေနၾကသည့္ ငါးေကာင္ကို ေဘးကနံရံႏွင့္အကုန္ကိုင္ေဆာင့္ပစ္ခ်င္မိသည္။
စိတ္ေလ်ာ့....
စိတ္ေလ်ာ့....
သက္ျပင္းအသာခ်ၿပီး slide ေပၚေရတစ္စက္တင္ကာ microscope ႏွင့္ေသခ်ာခ်ိန္ၿပီး အာ႐ုံစိုက္႐ွာရေတာ့သည္။
မ်က္လုံးကအၾကည့္မပ်က္ဘဲ လက္ကလည္း ေသခ်ာဆြဲရၿပီး က်န္ငါးေကာင္ကေတာ့ တစ္ေသြမတိမ္းလိုက္ဆြဲၾကသည္။
"မင္းတို့တစ္လွည့္ၾကည့္....
ငါမ်က္စိေညာင္းၿပီ..."
ေလးပုံေလာက္ၿပီးေတာ့ သလင္းျမဴ ရမလားလုပ္ၾကည့္သည္။
"ဘာေကာင္မွလည္းမေတြ႔ဘူး....
စိုင္းစံမင္းၾကည့္...."
"အေကာင္ေတြအမ်ားႀကီးဘဲ....
ဝိုး......
ကူးေနၾကတာ....ဝိုး..."
က်ပ္မျပည့္တဲ့ဟာေတြလိုလုပ္ေနၾကေတာ့ သလင္းျမဴ ေလသြားသည္။
"ဖယ္!
ငါပဲၾကည့္မယ္ေဟ့ ငါပဲၾကည့္မယ္ဟ....
ရမလားခိုင္းမိတဲ့ ငါကိုကမွားတာ...."
ဆရာမဆီမွ လက္မွတ္ႏွင့္ A+ ဆိုၿပီးရေတာ့ အခြက္ေတြမ်ားၿဖီးေနၾကတာ ျဖတ္႐ိုက္ခ်င္စရာ...
"ေနေရာင့္ေက်းဇူးနဲ႔ A+ ရဖူးသြားၿပီ....
ေက်းဇူးသားႀကီး မြ....."
မ်က္ႏွာနားအတင္းတိုးတာသည့္ ေတဇ၏ေထာ္လန္ႏႈတ္ခမ္းႀကီးက သူ႔ထံမသက္ဆင္းရဘဲ လမ္းတစ္ဝက္မွာတင္ေကာင္းကင္က ပိတ္႐ိုက္ပစ္လိုက္ေလသည္။
"သြားမွန္ေအာင္မတိုက္ဘဲ...
ရြံစရာ..."
"ေဟ်ာင့္ငါေန႔တိုင္းသြားတိုက္တယ္!"
"မင္းအေၾကာင္းမသိဘူးဆိုေတာ့ ယုံရမွာလား...
ဆုေတာင္းေလ...."
"ငစစ္!"
"ေနေရာင္ ျပန္ၾကစို႔...."
ေတဇကိုလ်ွာထုတ္ေျပာင္ျပၿပီး ေကာင္းကင္ရဲ႕ေနာက္ကို သူလိုက္ခဲ့ေတာ့သည္။
"ၾကည့္ဦး....
လိုက္လည္းလိုက္တဲ့ ႏွစ္ေကာင္..."
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
အိမ္အျပန္ မ်က္မွန္ဆိုင္ကိုဝင္ဖို႔လုပ္ေနသည့္ေကာင္းကင္က သူအတင္းျငင္းမွ လက္ေလ်ာ့ေလသည္။
အိမ္ေ႐ွ႕တြင္ဘုန္း႐ွိန္ဝါထက္ ကားအျပင္႐ွိေနသည့္ ေနာက္ထပ္ကားတစ္စီးက နန္းစံထိုက္ေရာက္ေနသည္ဟုအခ်က္ျပျခင္းပင္။
"ဟိုမိန္းမေရာက္ေနတယ္ထင္တယ္....
ခ်စ္ကိုယ့္အိမ္လိုက္ခဲ့...."
ကိုကိုနဲ႔လည္းမ်က္ႏွာခ်င္းသိပ္မဆိုင္ခ်င္တာေၾကာင့္ သလင္းျမဴလက္ခံလိုက္သည္။
"အဝတ္အစားနည္းနည္းေလာက္ဝင္ယူလိုက္ဦးမယ္...."
"ကိုယ္ပါလိုက္ခဲ့မယ္.... "
အိမ္ထဲဝင္သည္ႏွင့္ မီးဖိုေခ်ာင္ထဲမွ သူမအသံကို ၾကားရသည္။
ဘုန္း႐ွိန္ဝါထက္ ကေတာ့သူမေဘးမွာေပါ့....
"စူးေနေရာင္....
ေက်ာင္းကျပန္လာၿပီလား..."
သူ႔ကိုျမင္သြားၿပီး ျပဳံးကာႏႈတ္ဆက္ေတာ့ သလင္းျမဴ အလိုက္သင့္ ေခါင္းသာညိတ္ျပလိုက္သည္။
"အစ္မမုန္႔လုပ္ေနတာ....
ခဏေနဆိုရေတာ့မွာ...
ေမာင္ေလးေရာစားရမယ္ေနာ္...."
ေျပာင္းလဲေနသည့္ အေခၚအေဝၚအျပဳအမူေတြေၾကာင့္ ေကာင္းကင္ေရာဘုန္း႐ွိန္ဝါထက္သာမက အန္တီျမတို႔ပါအံ့ဩေနသည္။
"ကြၽန္ေတာ္မစားေတာ့ဘူး....
ေကာင္းကင္ရဲ႕အိမ္ကိုလိုက္သြားမလို႔...
အစ္မနဲ႔ကိုကိုတို႔ပဲစားၾကပါ...."
အျပဳံးေလးႏွင့္သာတုန္႔ျပန္ၿပီး သူအေပၚထပ္ကိုတက္ခဲ့ေတာ့သည္။
အခန္းထဲေရာက္ေတာ့ ညဝတ္တစ္စုံႏွင့္အဝတ္ႏွစ္စုံေလာက္ထုတ္ကာ အသုံးအေဆာင္အခ်ိဳ႕ပါယူလိုက္သည္။
"ခ်စ္ guitar ပါယူခဲ့လိုက္မယ္
ကိုယ့္ကိုသီခ်င္းဆိုျပေနာ္...."
"ကို႔သေဘာ..."
ယူစရာ႐ွိတာေတြယူၿပီး ျပန္ဆင္းလာကာ မီးဖိုေခ်ာင္ထဲကသူတို႔ကိုႏႈတ္မဆက္ေတာ့ဘဲ ေကာင္းကင္အိမ္ကိုလိုက္ခဲ့သည္။
"ခ်စ္ေရခ်ိဳးလိုက္ဦးမယ္...."
"ကိုယ္နဲ႔အတူခ်ိဳးမလား...."
ေကာင္းကင္ရဲ့မခ်ိဳမခ်ဥ္ေမးပုံေၾကာင့္သလင္းျမဴ ပါးျပင္ႏွင့္ နားရြက္ဖ်ားေလးေတြရဲတက္လာသည္။
"ေကာင္ေလးတစ္ေယာက္ေရအတူခ်ိဳးမယ္ဆိုတာနဲ႔ ဘာေတြေတြးေနတာလဲ....ဟားဟား..."
သလင္းျမဴ ႐ွက္႐ွက္ႏွင့္ ေကာင္းကင္ကိုမ်က္ေစာင္းထိုးကာ ေရခ်ိဴးခန္းထဲေျပးဝင္မိသည္။
ေရခ်ိဳးခန္းတံခါးကို lock ခ်ကာမွီရင္းအျပင္မွတဟားဟားေအာ္ရယ္ေနသည့္ ေကာင္းကင္ေၾကာင့္ ႏႈတ္ခမ္းကိုကိုက္ထားလိုက္သည္။
သူအခုနားလည္သြားၿပီ.....
ကိုကိုကိုသူခ်စ္ခဲ့တဲ့အခ်စ္က အေရာင္မပါတဲ့အတၱဆန္ဆန္အခ်စ္မ်ိဳး....
မိသားစုရဲ႕ဂ႐ုစိုက္မႈနဲ႔ေနေနတဲ့သူ႔ဘဝထဲကို ဝင္လာၿပီးမတူညီတဲ့ဂ႐ုစိုက္မႈနဲ႔ခ်စ္ျခင္းေတြေပးတဲ့ကိုကို႔ကို သူတန္ဖိုးထားေလာဘတက္မိတယ္...
ထာဝရသူ႔တစ္ေယာက္တည္းကိုခ်စ္ေစခ်င္ၿပီး အတၱဆန္ဆန္အခ်စ္လို႔ေခါင္းစဥ္တပ္ သူ႔အနားမွာဘဲေနေစခ်င္ခဲ့တာ....
ဒါေပမယ့္....
ေကာင္းကင္ကိုက်ေတာ့....
ဘာေၾကာင့္သူအတၱမ႐ွိရတာလဲ....
တစ္ေန႔ကိုယ္သူ႔အနားကထြက္ခြာသြားရမွာကိုသိလည္း သူေပ်ာ္ရႊင္ေနတာေတြ႔ေတာ့ ကိုယ္လည္းေအးခ်မ္းေနတာမ်ိဳး....
ကိုကိုနဲ႔တုန္းကသူဦးေႏွာက္သုံးခဲ့ေပမယ့္ ေကာင္းကင္နဲ႔က်ေတာ့ သူမွာစဥ္းစားဉာဏ္မ႐ွိသလိုစီးေမ်ာမိတာမ်ိဳး.....
အခ်ိန္မလြန္ခင္ထိန္းခ်ဳပ္သင့္မွန္းသိရက္နဲ႔ ႐ူးမိုက္မိတာမ်ိဳး.....
တကယ္လို႔ စူးေနေရာင္ထက္အေနနဲ့မဟုတ္ဘဲ သလင္းျမဴအျဖစ္နဲ႔ ေကာင္းကင္ကိုသာေတြ႔႐ွိခဲ့မယ္ဆိုရင္ေရာ.......
ခ်စ္ျခင္းရဲ႕အေရာင္အစစ္မွန္ကို႐ွာေဖြေတြ႔႐ွိခ်ိန္မွာ သူဟာေနာင္တေတြကိုရင္ဝယ္ပိုက္ထားခဲ့ရၿပီ.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
သူကကြၽန္ေတာ့္အတြက္ေတာ့
အလွပဆုံးေန႔ရက္ေတြကို
ဖန္ဆင္းေပးခဲ့တဲ့
ေနာင္တတစ္ခုပါ
သလင္းျမဴ
Bạn đang đọc truyện trên: Truyen247.Pro