Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-37 ( cut off)

Unicode

မန္တလေးတိုင်းဒေသကြီး တရားရုံးမှာ သလင်းမြူ ဘုန်းရှိန်ဝါထက်နှင့် မမကြီးတို့အားလုံး ဆိုင်တစ်ဆိုင်တွင်ထိုင်ရင်း အမှုကိစ္စဆွေးနွေးနေကြသည်။

မနက်ကတည်းကရောက်နေကြပြီး မေမေ့အမှုက နေ့လည်မှစစ်မည်ဟုသိရသောကြောင့် သူတို့ထိုင်စောင့်နေခြင်းပင်။

"ငယ် ရေသောက်ဦး...
နှုတ်ခမ်းတွေအရမ်းခြောက်နေပြီ...."

ဘုန်းရှိန်ဝါထက် ထည့်ပေးသည့် ခွက်ထဲမှရေကို သူမငြင်းဆန်ဘဲမော့သောက်လိုက်သည်။

"နေ့လည်စာစားချိန်နားပြီးမှစစ်မယ်ထင်တယ်...."

ရှေ့နေကြီး၏အသံကြားမှ သလင်းမြူ နာရီကိုကြည့်မိတော့ 11 နာရီတောင်ထိုးပြီးနေပြီ။

"ကျွန်တော့်တို့လည်း နေ့လည်စာသွားစားကြရအောင်လား...
ရှေ့နေကြီးလည်းလိုက်ခဲ့ပါ...."
"မဟုတ်တာ....."
"လိုက်ခဲ့ပါဗျာ...."

ဘုန်းရှိန်ဝါထက် အတင်းခေါ်လို့ ရှေ့နေကြီးပါ သူတို့နှင့်အတူ ပါလာလေသည်။

အပြင်မြန်မာထမင်းဟင်းဆိုင်တစ်ဆိုင်မှာ သူတို့သွားစားကြသည်။

တရားရုံးနှင့်နီးသောကြောင့် ဆိုင်အတွင်းမှာလဲ ကုတ်အမဲဝတ် ရှေ့နေတွေကအများအပြား...

သလင်းမြူ ထမင်းကိုစားချင်စိတ်မရှိစွာ ဇွန်းခရင်းနှင့်ထိုးဆွနေရာ ဘုန်းရှိန်ဝါထက် ဟင်းတွေခပ်ထည့်ပေးလိုက်သည်။

"ကုန်အောင်စားရမယ်နော် ငယ်....
မနက်ကလည်း ကောင်းကောင်းမစားထားဘူး....
မျက်နှာလေးချောင်ကျသွားတာကို မေမေမြင်ရင် စိတ်ကောင်းပါ့မလား...."

သလင်းမြူ ဝဲတက်လာသည့် မျက်ရည်တွေကို မျက်တောင်ပုတ်ခတ်ကာ ပြန်လည်သိမ်းဆည်းရင်း နာခံစွာပင် ကုန်အောင်စားသည်။

"ဆရာ..."
"မင်းဇော်...."

အနားမှနှုတ်ဆက်သံကြောင့် သလင်းမြူကြည့်လိုက်တော့ ရှေ့နေကြီးနှင့် စကားပြောနေသည့် ကောင်းကင်ရဲ့အဖေ......

သလင်းမြူ ချက်ချင်းခေါင်းကိုငုံ့ချပစ်လိုက်သည်။

"ဘုန်းရှိန်ဝါထက်.... "
"ဟာ.....ဦးလေး..... မင်္ဂလာပါ....."
"ငါ့တူက တရားရုံးဘာလာလုပ်တာလဲ...."
"ကျွန်တော့်အမှုသည်တွေနဲ့ ဆရာကသိနေတာလား...."
"အမှုသည်?
ဘာအမှုဖြစ်လို့လဲ...."

သလင်းမြူ ခေါင်းကို မြေကြီးထဲဝင်တော့မတတ်ကို ငုံ့ထားရသည်။

"ငယ်လေး ဘာဖြစ်လို့လဲ.... "
"ဗျာ ဘာမှမဖြစ်ပါဘူး.... "

သလင်းမြူ မကြီးကို ခေါင်းမော့ပြန်ဖြေပြီးမှ ကိုယ့်မျက်နှာကိုယ်ဓားနှင့်လှီးချင်သွားသည်။

"သား....စူးနေရောင်ထက်...... "

သလင်းမြူလည်း မထူးဇာတ်ခင်းကာ ထသာနှုတ်ဆက်လိုက်သည်။

"ခုနက အဲ့ဦးလေးကနင့်ကို စူးဘာဆိုလား....
အဲ့လိုခေါ်လိုက်တာလား...."

သတိထားမိသွားသည့် မကြီးကြောင့် သလင်းမြူ ဖင်ပိတ်ငြင်းရတော့မည်။

"မခေါ်ပါဘူး....
သလင်းမြူလို့ပဲခေါ်တာပါ....
မကြီးနားကြားမှားသွားတာထင်တယ်....."
"ဟုတ်လား..."

🎶📲 phone rings......

""He""

ချစ်သူစဖြစ်ကတည်းကပြောင်းထားသည့် ကောင်းကင်ရဲ့ content name ကိုမြင်တော့ နှုတ်ခမ်းထက်အပြုံးလေးကလှစ်ကနဲ....

ထိုင်နေရာမှထကာ လူရှင်းတဲ့နားသွားပြီး ဖုန်းကိုင်လိုက်သည်။

"အင်းပြော...."
"အလုပ်များနေလား..... "
"အင်း..... "
"ထင်သားပဲ...
မနက်ကအစောကြီးသွားတာ...
ကိုယ့်ကိုတောင်မနှိုးသွားဘူး....
နေ့လည်စာရောစားပြီးပြီလား...."
"လွမ်းတယ် "

မေးခွန်းနဲ့အဖြေကိုက်ညီမှုမရှိပေမယ့် တစ်ဖက်ကကောင်းကင်မှာ အကျေနပ်လွန်ပြီး ဘေးက game ဆော့နေသည့် တေဇကိုအားရပါးရရိုက်ချပစ်လိုက်သည်။

"ကိုယ်ရောပဲ "
"ငစစ်!
ယီးမို့ငါ့ရိုက်တာလား....
ဟမ်!"
"တိုးတိုးနေစမ်းပါ...
ငါဖုန်းပြောနေတာမမြင်ဘူးလား!!"

တစ်ဖက်ကကြားရသည့် အော်သံတွေကြောင့် သလင်းမြူ ရယ်မိပါသည်။

"ညနေကျစောစောပြန်လာမှာမလား...
မနေ့တုန်းကလို နောက်ကျမှာလား..."
"မသိသေးဘူး.... "
"ကိုယ်ကချစ်ပြန်လာမှညစာစားမှာနော်...."
"ကလေးမဆန်ပါနဲ့ ကောင်းကင်ရာ...."
"ငယ်....
သွားရအောင်.... "

သူ့ကိုလာခေါ်သည့် ဘုန်းရှိန်ဝါထက် ကိုခေါင်းညိတ်ပြလိုက်သည်။

"ဖုန်းချလိုက်တော့မယ်.... "

သလင်းမြူ ဖုန်းချလိုက်တော့ တစ်ဖက်ကကောင်းကင်ကထပ်ခေါ်လာသည်။

ရဲတွေနဲ့မေမေရောက်လာတာကြောင့် သလင်းမြူ ဖုန်းကို silent လုပ်ပစ်လိုက်တော့သည်။

တရားခွင်မှာမေမေ့ကိုမြင်ရတော့ သူတို့လူကြီးတွေကထိန်းနိုင်ပေမယ့် ငယ်လွန်းသည့် သူတူနှင့်တူမကတော့ အော်ငိုကြရာ သလင်းမြူ ကလေးနှစ်ယောက်ကိုခေါ်ပြီး အပြင်ကိုထွက်ခဲ့ရသည်။

မေမေကလည်းသူမြေးနှစ်ယောက်ကိုကြည့်ပြီး မျက်ရည်ခိုးသုတ်နေခဲ့သည်။

အစားနဲ့တွေ့မှအငိုတိတ်သွားသည့် ကလေးနှစ်ယောက်ကိုကြည့်ကာ သလင်းမြူ မပြုံးနိုင်ခဲ့။

အကုန်လုံးကိုအမှန်အတိုင်းဖွင့်ဟသည့် မေမေ့ကြောင့် သူတို့အမှုကိုထပ်ပြီးစစ်ဆေးရန် နောက်အပတ်ကိုရွေ့ကာ မေမေ့ကို အာမခံနှင့်လွှတ်ပေးလေသည်။

လွတ်လွတ်ချင်း အဖွားဆီကိုသွားချင်သည်ပြောသည့် မေမေ့ကြောင့် သူတို့မောင်နှမတွေမထိန်းနိုင်ငိုကြတော့သည်။

မေမေ့ကို အဖွားတို့ထပ်ပြီး ဒုက္ခပေးမှာကိုသူတို့ကြောက်သည်။

မယုံကြည်ရတဲ့ ဆွေမျိုးတွေကိုဖယ်ထုတ်လိုက်ရင် မေမေကသာသူတို့ရဲ့တစ်ဦးတည်းသော ကိုးကွယ်ရာပါ။

ပြောစရာရှိလို့ပါဆိုပြီး တောင်းဆိုသည့် မေမေ့ကြောင့် သူတို့အားလုံးအဖွားအိမ်ကိုသွားကြသည်။

သူတို့အစ်မဝမ်းကွဲ ဒေါ်လေးရဲ့သမီး မွေးသည့် မြစ်ကလည်းနှင့် အိမ်ရှေ့မှာဆော့နေသည့် အဖွားကပြုံးပျော်လို့....

"အမေ....."
"အကြီးမ....."

အဖွားကမေမေ့ကိုတွေ့တော့ အံ့ဩသွားကာ မျက်နှာချင်းမဆ်ိုင်ချင်ပုံပင်။

"နင်ဘယ်လိုလွတ်လာတာလဲ....
အဖေ့ခြံရောင်းလိုက်လို့အမွေလာတောင်းတာလား...."

အိမ်ထဲကထွက်လာသည့် ဒေါ်လေရဲ့ ယဉ်ကျေးမှုမရှိသည့် စကားကို မေမေကပြုံးရင်းသာ တုန့်ပြန်သည်။

"အဖေခေါင်းချခဲ့တဲ့နေရာကိုတောင် ရောင်းလိုက်ကြပြီပေါ့...."
"နင့်ကိုအမေကလည်း အမွေပေးမှာမဟုတ်ဘူး...သွားတော့!"

7 အိမ်ကြား 8 အိမ်ကြား ငါးစိမ်းသည်လိုအရှက်မရှိအော်နေသည့် အဒေါ့်ကို တစ်စစီဆွဲဖြဲပစ်ချင်နေသည့် သူ့လက်ကို မကြီးရော ကိုကိုကပါ ဆွဲထားသည်။

"ငါအမွေလာတောင်းတာမဟုတ်ဘူး....
အမေ့ကိုလာကန်တော့တာ....နောက်ဆုံးအနေနဲ့....."
"ကန်တော့စရာရှိကန်တော့ပြီး မြန်မြန်ပြန်ကြ!"

မတ်တပ်ရပ်နေသည့် အဖွားရှေ့မှာမေမေက တင်ပျင်ခွေလေး ထိုင်ကာ လက်အုပ်ချီသည်။

"အမေ....
သမီးကိုစွန့်ပစ်ရက်မှန်းသိပေမယ့်...
သမီးကတော့ အမေ့ကိုတစ်ခါမှစိတ်မဆိုးခဲ့ဖူးဘူး...
သမီးတစ်ယောက်တည်းထိခိုက်ရင်သမီးမမှုပါဘူးအမေ...
ဒါပေမယ့် အခုသမီးရဲ့သားသမီးတွေပါအကုန်ထိခိုက်တယ်....သမီးသည်းမခံနိုင်တော့ဘူး..
အမေ အငယ်မကိုအရမ်းချစ်သလို သမီးလည်း သမီးသားသမီးတွေကို အရမ်းချစ်တယ်....
ထပ်ပြီး အငယ်မကြောင့်ဘယ်လိုပြဿနာပဲရှိလာလာ သမီးကိုအကူအညီလာမတောင်းပါနဲ့...
သေရင်တောင် လှည့်ကြည့်မှာမဟုတ်သလို မျက်ရည်တစ်စက်တောင်ကျမှာမဟုတ်ပါဘူး....
မတန်လို့ပါ...
နောက်ဆုံးအနေနဲ့တစ်ခုတော့ မှာခဲ့ချင်တယ်...
သားသမီးကိုချစ်တာချစ်ပါ...
မကောင်းမှန်းသိရက်နဲ့ မပြုပြင်ပေးဘဲ ဆက်အလိုလိုက်ပြီး မနှစ်ပါနဲ့တော့....
ကျန်းမာရေးလည်းဂရုစိုက်ပါ....
သမီးသွားတော့မယ်...."

မေမေငိုနေပေမယ့် အဖွားကတော့ မျက်နှာအမူအယာတစ်ချက်မပျက်ဘဲ ကျန်နေခဲ့သည်။

"သားငယ်လေးကို စိတ်ချမယ်နော် သား....."
"ဟုတ်မေမေ...."
"ညီအစ်ကိုနှစ်ယောက်ကို အရင်လိုချစ်ချစ်ခင်ခင်မြင်ရတော့ မေမေစိတ်ချမ်းသာလိုက်တာ...."

သလင်းမြူကိုဂရုစိုက်ပေးဖို့ ဘုန်းရှိန်ဝါထက် ကိုအထပ်ထပ်မှာကာ မေမေတို့ပြန်သွားခဲ့သည်။

အိမ်မှာကျန်ခဲ့သည့် ခွန်းလေးတို့ကိုစိတ်မချသောကြောင့် နောက်အပတ်ရုံးချိန်ကျမှပြန်လာခဲ့မည်တဲ့....။

"ငယ်....
ညစာဘာစားမလဲ....."

ညစာဆိုမှ သူကောင်းကင်ကိုပြေးသတိရကာ ဖုန်းကိုထုတ်ကြည့်လိုက်တော့ message ပို့ထားသည်။

""ချစ်နဲ့ညစာအတူစားဖို့ ကိုယ်စောင့်နေတယ်နော်....""

ဘုန်းရှိန်ဝါထက် လည်းဝင်လာသည့် သူငယ်ချင်းတစ်ယောက်ရဲ့ဖုန်းကိုပြန်ဖြေရင်း ညစာအတူစားဖို့ချိန်းလိုက်သည်။

"ငယ်...ကိုယ့်သူငယ်ချင်းတွေနဲ့ညစာသွားစားရအောင် ကိုယ်ချိန်းပြီးပြီ...."
"ကိုကိုပဲသွားလိုက်တော့....
ကျွန်တော် taxi နဲ့ပြန်တော့မယ်...."

ပြေးသွားသည့် သူ့ကို ဘုန်းရှိန်ဝါထက် တားဆီးချိန်တောင်မရလိုက်.....

အိမ်ရှေ့ရောက်သည်နှင့် taxi ခရှင်းကာမီးလင်းနေသည့် သူ့အခန်းရှိရာကို လှေကားထစ်တွေကျော်တက်ပြီးကိုသူပြေးသည်။

ကုတင်ဘေးမှာ မတ်တပ်ရပ်နေသည့် ကောင်းကင်ကိုအနောက်ကနေဖက်ပြီး ကျောပြင်ကျယ်ကျယ်ထက်မှာ မှီလိုက်သည်။

"ပြန်လာပြီလား....
ကိုယ်ကားသံကြားလိုက်လို့ ထကြည့်နေတာ...."

သူ့ဘက်ကိုကောင်းကင်ကလှည့်ဖို့လုပ်နေတော့ သလင်းမြူမောနေသည့် ကြားမှ တားလိုက်သည်။

"မလှည့်လာနဲ့....
ဒီတိုင်းလေး ခဏနေပေး...."

သလင်းမြူ အမောပြေသည်အထိ အတန်ကြာအောင် ထိုအတိုင်းပဲ ဖက်ထားခဲ့သည်။

"ချစ်နဲ့ဘုန်းရှိန်ဝါထက်
တရားရုံးကိုဘာသွားလုပ်တာလဲ...."

သူ့မျက်လုံးကို စူးစိုက်ကြည့်ပြီး မေးလာသည့်ကောင်းကင်က ဦးလေးထံမှာကြားလာပုံပင်။

"အသိတစ်ယောက်အမှုဖြစ်လို့ လိုက်ကူညီပေးတာ...."
"ကိုယ့်ကိုလိမ်နေတာလား ချစ်...."

ကောင်းကင်ရဲ့ အကြည့်တွေအောက်မှာ သလင်းမြူ အာခေါင်တွေခြောက်လာသည်။

"ချစ်ကိုမယုံဘူးလား....."

ကောင်းကင် သက်ပြင်းချကာ သူ့ကိုဖက်လာသည်။

"ယုံတယ်.....
အပြည့်အဝယုံတယ်......
ကိုယ့်ကိုထားမသွားရင်ရပြီ...."

ကောင်းကင် ဘာတွေတွေးနေခဲ့တာလဲ...

"ညစာဘာစားကြမလဲ...."
"ညဈေးသွားမလား...."

သလင်းမြူ မျက်ဝန်းတွေလက်သွားကာ ခေါင်းကိုအထပ်ထပ် ညိတ်တော့ ကောင်းကင်ထံမှ ချစ်စရာကောင်းသည်ဆိုသည့် စကားကို အပြုံးများနှင့်အတူ ကြားရပြီး ညင်သာသည့် နှုတ်ခမ်းထက်ကိုခြွေချသော အနမ်းတစ်ပွင့်လည်း ရသည်။

လူတွေအများကြီးကြားမှာ သူ့လက်ကို ဆုပ်ကိုင်ပြီး ကောင်းကင်ပျော်နေခဲ့သည်။

အခုသူကောင်းကင်ရဲ့နောက်ထပ်ဆန္ဒတစ်ခုကိုဖြည့်ဆည်းပေးလိုက်ပြီ။

ဗိုက်ကားပြီး ပြန်အန်ထွက်မတတ်ကို သူတို့နှစ်ယောက်စားကြသည်။

အိမ်အပြန်လည်း ကောင်းကင်က လက်တစ်ဖက်နှင့်သာဆိုင်ကယ်မောင်းပြီး ကျန်လက်တစ်ဖက်က ဖက်ထားသည့် သူ့လက်တွေကို ဆုပ်ကိုင်ထားလေသည်။

"စူးနေရောင်ထက် ကို ချစ်တယ်!!"

ညကြီးတိတ်ဆိတ်နေတာကို ဆိုင်ကယ်မောင်းရင်း ထအော်သည့် ကောင်းကင်က သူ့ဘာသာသူအော် သူ့ဘာသာသူသဘောကျနေပေမယ့် သလင်းမြူမှာ အနောက်ကနေ ပုခုံးကိုထုရိုက်ရင်း ထပ်မအော်ဖို့ ပြောရသည်။

"စူးနေရောင်ထက် ကို ချစ်တယ်!!!"
"တော်တော့လို့ကောင်းကင်....
ပတ်ဝန်းကျင်ဆူပူမှုနဲ့အဖမ်းခံနေရမယ်...."
"ချစ်ကလည်း ကိုယ့်ကိုချစ်တယ်လို့ပြန်အော်လေ..."
"မအော်ချင်ပါဘူး....."
"ချစ်မအော်မချင်း ကိုယ်တစ်လမ်းလုံးအော်မယ်...."

ကောင်းကင်ပါးစပ်ကို လှမ်းပိတ်ထားတော့ တဝူးဝူးတဝါးဝါးနှင့် အော်နေပြန်သည်။

"စစ်ကောင်းကင်နိုင် ကို ချစ်တယ်!"

သလင်းမြူ ထအော်မှကောင်းကင်ကတိတ်သွားကာ ရယ်လေသည်။

"ကျေနပ်ပြီလား..."
"အင်း....."
"အဲ့တာဆိုလည်း မြန်မြန်မောင်း....
နားငြီးလို့ဆိုပြီး ဒီရပ်ကွက်ကလူတွေဝိုင်းထွက်ရိုက်နေမယ်...."
"Ok ok...."

သူတို့အိမ်ပြန်ရောက်တော့ ဘုန်းရှိန်ဝါထက်လည်း ပြန်ရောက်နေခဲ့ပြီ။

"ငယ် ကိုယ်တို့စကားပြောရအောင်....."
"အင်း...."

ဘုန်းရှိန်ဝါထက် အခန်းထဲလိုက်ဝင်ရန်လုပ်သည့် သူ့ကို ကောင်းကင်က မသွားစေချင်ဘဲ တားဆီးသည်။

"ခဏပဲ....
အခန်းထဲကစောင့်နေနော်...."

သူဘုန်းရှိန်ဝါထက် အခန်းထဲကို ဝင်လာခဲ့လိုက်သည်။

"ပြောလေ ကိုကို....."
"ကိုကိုနဲ့တစ်ခွက်လောက်သောက်ရအောင်...."

အလေးအနက်မရှိသည့် ဘုန်းရှိန်ဝါထက် စကားကြောင့် သက်သက်မဲ့ကောင်းကင်ရှေ့မို့ သူ့ကိုခေါ်မှန်း နားလည်လိုက်ကာ သလင်းမြူရဲ့ မေးရိုးလေးတင်းသွားသည်။

ဘုန်းရှိန်ဝါထက် ထည့်ပေးထားသည့် အရက်ခွက်ကို တစ်ခါတည်းမော့သောက်ပစ်လိုက်သည်။

"ရပြီမလား....
ကျွန်တော်သွားတော့မယ်....
နောက်ကို ဒီလိုထပ်မလုပ်ပါနဲ့...."

သလင်းမြူ ကိုယ့်အခန်းကိုယ်ပြန်ရောက်တော့ ကောင်းကင်က သူ့ကိုစီးကြိုကာ နမ်းသည်။

"အွန်း......."

ရပ်တန့်စေရန် ရင်ဘက်ကိုတွန်းပြီး သတိပေးပေမယ့် အနမ်းတွေကပို၍ပြင်းလာသည်။

"အရက်သောက်လာတယ်ပေါ့...."

ရုတ်တရက် နှုတ်ခမ်းတွေကိုလွှတ်ပေးပြီး စကားပြောကာ ချက်ချင်းပြန်နမ်းသည်။

ဇွတ်အတင်းနမ်းနေသည့် ကောင်းကင်က အနမ်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုမရှိရာ သလင်းမြူ ပြန်လည်တုန့်ပြန်ရင်း သူကပြန်လည်ဦးဆောင်လိုက်သည်။

"ဒီလိုနမ်းတတ်အောင် ဘယ်သူသင်ပေးထားတာလဲ.....
ကိုယ့်အပြင် တခြားသူတွေကိုရောနမ်းဖူးလား..."

အနမ်းတွေကို ရပ်ပြီး မျက်မှောင်ကျုံ့ကြီးနှင့်မေးပုံက သဝန်တိုခြင်းတွေအပြည့်....

"ဒီနှုတ်ခမ်းတွေကိုနမ်းခွင့်ရတာ.....
ကိုကပထမဆုံးပဲ..... "
"တကယ်လား.....
ဒါဆိုဘာလို့ဒီလောက်နမ်းတာဆရာကျနေတာလဲ......"
"Online မှာနမ်းနည်းတွေရှာကြည့်ထားတာ..."
"အတတ်ကောင်းတွေပဲ...."

သူ့ကိုအိပ်ယာပေါ်လှဲချပြီး ကောင်းကင်က လက်မောင်းကိုခေါင်းအုံးအိပ်စေကာ နှုတ်ခမ်းကို မွကနဲနမ်းပြန်သည်။

"ကိုယ်ကြောက်တယ်.....
ချစ်ကိုကိုယ့်ဆီကနေ ဘုန်းရှိန်ဝါထက် ပြန်လုသွားမှာကို ကိုယ်သေမလောက်ကြောက်တယ်.."

အိပ်ပျော်နေသည့် သလင်းမြူရဲ့ နဖူးထက်မှ မွှေးညှင်းလေးတွေကို နမ်းရင်း ကောင်းကင်ခပ်တိုးတိုးရေရွတ်လေသည်။

သူ့ရင်ခွင်ထဲကကောင်လေးအိပ်မနေခဲ့တာကိုသူမသိခဲ့.....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

တချို့သံယောဇဉ်တွေက
ဘယ်လောက်ပဲလေးနက်နေပါစေ
လိုအပ်လာခဲ့ရင်
ဖျက်တောက်ပစ်ရမယ်

************************************

Zawgyi

မန ၱေလးတိုင္းေဒသႀကီး တရား႐ုံးမွာ သလင္းျမဴ ဘုန္း႐ွိန္ဝါထက္ႏွင့္ မမႀကီးတို႔အားလုံး ဆိုင္တစ္ဆိုင္တြင္ထိုင္ရင္း အမႈကိစၥေဆြးေႏြးေနၾကသည္။

မနက္ကတည္းကေရာက္ေနၾကၿပီး ေမေမ့အမႈက ေန႔လည္မွစစ္မည္ဟုသိရေသာေၾကာင့္ သူတို႔ထိုင္ေစာင့္ေနျခင္းပင္။

"ငယ္ ေရေသာက္ဦး...
ႏႈတ္ခမ္းေတြအရမ္းေျခာက္ေနၿပီ...."

ဘုန္း႐ွိန္ဝါထက္ ထည့္ေပးသည့္ ခြက္ထဲမွေရကို သူမျငင္းဆန္ဘဲေမာ့ေသာက္လိုက္သည္။

"ေန႔လည္စာစားခ်ိန္နားၿပီးမွစစ္မယ္ထင္တယ္...."

ေ႐ွ႕ေနႀကီး၏အသံၾကားမွ သလင္းျမဴ နာရီကိုၾကည့္မိေတာ့ 11 နာရီေတာင္ထိုးၿပီးေနၿပီ။

"ကြၽန္ေတာ့္တို႔လည္း ေန႔လည္စာသြားစားၾကရေအာင္လား...
ေ႐ွ႕ေနႀကီးလည္းလိုက္ခဲ့ပါ...."
"မဟုတ္တာ....."
"လိုက္ခဲ့ပါဗ်ာ...."

ဘုန္း႐ွိန္ဝါထက္ အတင္းေခၚလို႔ ေ႐ွ႕ေနႀကီးပါ သူတို႔ႏွင့္အတူ ပါလာေလသည္။

အျပင္ျမန္မာထမင္းဟင္းဆိုင္တစ္ဆိုင္မွာ သူတို႔သြားစားၾကသည္။

တရား႐ုံးႏွင့္နီးေသာေၾကာင့္ ဆိုင္အတြင္းမွာလဲ ကုတ္အမဲဝတ္ ေ႐ွ႕ေနေတြကအမ်ားအျပား...

သလင္းျမဴ ထမင္းကိုစားခ်င္စိတ္မ႐ွိစြာ ဇြန္းခရင္းႏွင့္ထိုးဆြေနရာ ဘုန္း႐ွိန္ဝါထက္ ဟင္းေတြခပ္ထည့္ေပးလိုက္သည္။

"ကုန္ေအာင္စားရမယ္ေနာ္ ငယ္....
မနက္ကလည္း ေကာင္းေကာင္းမစားထားဘူး....
မ်က္ႏွာေလးေခ်ာင္က်သြားတာကို ေမေမျမင္ရင္ စိတ္ေကာင္းပါ့မလား...."

သလင္းျမဴ ဝဲတက္လာသည့္ မ်က္ရည္ေတြကို မ်က္ေတာင္ပုတ္ခတ္ကာ ျပန္လည္သိမ္းဆည္းရင္း နာခံစြာပင္ ကုန္ေအာင္စားသည္။

"ဆရာ..."
"မင္းေဇာ္...."

အနားမွႏႈတ္ဆက္သံေၾကာင့္ သလင္းျမဴၾကည့္လိုက္ေတာ့ ေ႐ွ႕ေနႀကီးႏွင့္ စကားေျပာေနသည့္ ေကာင္းကင္ရဲ႕အေဖ......

သလင္းျမဴ ခ်က္ခ်င္းေခါင္းကိုငုံ႔ခ်ပစ္လိုက္သည္။

"ဘုန္း႐ွိန္ဝါထက္.... "
"ဟာ.....ဦးေလး..... မဂၤလာပါ....."
"ငါ့တူက တရား႐ုံးဘာလာလုပ္တာလဲ...."
"ကြၽန္ေတာ့္အမႈသည္ေတြနဲ႔ ဆရာကသိေနတာလား...."
"အမႈသည္?
ဘာအမႈျဖစ္လို႔လဲ...."

သလင္းျမဴ ေခါင္းကို ေျမႀကီးထဲဝင္ေတာ့မတတ္ကို ငုံ႔ထားရသည္။

"ငယ္ေလး ဘာျဖစ္လို႔လဲ.... "
"ဗ်ာ ဘာမွမျဖစ္ပါဘူး.... "

သလင္းျမဴ မႀကီးကို ေခါင္းေမာ့ျပန္ေျဖၿပီးမွ ကိုယ့္မ်က္ႏွာကိုယ္ဓားႏွင့္လွီးခ်င္သြားသည္။

"သား....စူးေနေရာင္ထက္...... "

သလင္းျမဴလည္း မထူးဇာတ္ခင္းကာ ထသာႏႈတ္ဆက္လိုက္သည္။

"ခုနက အဲ့ဦးေလးကနင့္ကို စူးဘာဆိုလား....
အဲ့လိုေခၚလိုက္တာလား...."

သတိထားမိသြားသည့္ မႀကီးေၾကာင့္ သလင္းျမဴ ဖင္ပိတ္ျငင္းရေတာ့မည္။

"မေခၚပါဘူး....
သလင္းျမဴလို႔ပဲေခၚတာပါ....
မႀကီးနားၾကားမွားသြားတာထင္တယ္....."
"ဟုတ္လား..."

🎶📲 phone rings......

""He""

ခ်စ္သူစျဖစ္ကတည္းကေျပာင္းထားသည့္ ေကာင္းကင္ရဲ႕ content name ကိုျမင္ေတာ့ ႏႈတ္ခမ္းထက္အျပဳံးေလးကလွစ္ကနဲ....

ထိုင္ေနရာမွထကာ လူ႐ွင္းတဲ့နားသြားၿပီး ဖုန္းကိုင္လိုက္သည္။

"အင္းေျပာ...."
"အလုပ္မ်ားေနလား..... "
"အင္း..... "
"ထင္သားပဲ...
မနက္ကအေစာႀကီးသြားတာ...
ကိုယ့္ကိုေတာင္မႏႈိးသြားဘူး....
ေန႔လည္စာေရာစားၿပီးၿပီလား...."
"လြမ္းတယ္ "

ေမးခြန္းနဲ႔အေျဖကိုက္ညီမႈမ႐ွိေပမယ့္ တစ္ဖက္ကေကာင္းကင္မွာ အေက်နပ္လြန္ၿပီး ေဘးက game ေဆာ့ေနသည့္ ေတဇကိုအားရပါးရ႐ိုက္ခ်ပစ္လိုက္သည္။

"ကိုယ္ေရာပဲ "
"ငစစ္!
ယီးမို႔ငါ့႐ိုက္တာလား....
ဟမ္!"
"တိုးတိုးေနစမ္းပါ...
ငါဖုန္းေျပာေနတာမျမင္ဘူးလား!!"

တစ္ဖက္ကၾကားရသည့္ ေအာ္သံေတြေၾကာင့္ သလင္းျမဴ ရယ္မိပါသည္။

"ညေနက်ေစာေစာျပန္လာမွာမလား...
မေန႔တုန္းကလို ေနာက္က်မွာလား..."
"မသိေသးဘူး.... "
"ကိုယ္ကခ်စ္ျပန္လာမွညစာစားမွာေနာ္...."
"ကေလးမဆန္ပါနဲ႔ ေကာင္းကင္ရာ...."
"ငယ္....
သြားရေအာင္.... "

သူ႔ကိုလာေခၚသည့္ ဘုန္း႐ွိန္ဝါထက္ ကိုေခါင္းညိတ္ျပလိုက္သည္။

"ဖုန္းခ်လိုက္ေတာ့မယ္.... "

သလင္းျမဴ ဖုန္းခ်လိုက္ေတာ့ တစ္ဖက္ကေကာင္းကင္ကထပ္ေခၚလာသည္။

ရဲေတြနဲ႔ေမေမေရာက္လာတာေၾကာင့္ သလင္းျမဴ ဖုန္းကို silent လုပ္ပစ္လိုက္ေတာ့သည္။

တရားခြင္မွာေမေမ့ကိုျမင္ရေတာ့ သူတို႔လူႀကီးေတြကထိန္းႏိုင္ေပမယ့္ ငယ္လြန္းသည့္ သူတူႏွင့္တူမကေတာ့ ေအာ္ငိုၾကရာ သလင္းျမဴ ကေလးႏွစ္ေယာက္ကိုေခၚၿပီး အျပင္ကိုထြက္ခဲ့ရသည္။

ေမေမကလည္းသူေျမးႏွစ္ေယာက္ကိုၾကည့္ၿပီး မ်က္ရည္ခိုးသုတ္ေနခဲ့သည္။

အစားနဲ႔ေတြ႔မွအငိုတိတ္သြားသည့္ ကေလးႏွစ္ေယာက္ကိုၾကည့္ကာ သလင္းျမဴ မျပဳံးႏိုင္ခဲ့။

အကုန္လုံးကိုအမွန္အတိုင္းဖြင့္ဟသည့္ ေမေမ့ေၾကာင့္ သူတို႔အမႈကိုထပ္ၿပီးစစ္ေဆးရန္ ေနာက္အပတ္ကိုေရြ႔ကာ ေမေမ့ကို အာမခံႏွင့္လႊတ္ေပးေလသည္။

လြတ္လြတ္ခ်င္း အဖြားဆီကိုသြားခ်င္သည္ေျပာသည့္ ေမေမ့ေၾကာင့္ သူတို႔ေမာင္ႏွမေတြမထိန္းႏိုင္ငိုၾကေတာ့သည္။

ေမေမ့ကို အဖြားတို႔ထပ္ၿပီး ဒုကၡေပးမွာကိုသူတို႔ေၾကာက္သည္။

မယုံၾကည္ရတဲ့ ေဆြမ်ိဳးေတြကိုဖယ္ထုတ္လိုက္ရင္ ေမေမကသာသူတို႔ရဲ႕တစ္ဦးတည္းေသာ ကိုးကြယ္ရာပါ။

ေျပာစရာ႐ွိလို႔ပါဆိုၿပီး ေတာင္းဆိုသည့္ ေမေမ့ေၾကာင့္ သူတို႔အားလုံးအဖြားအိမ္ကိုသြားၾကသည္။

သူတို႔အစ္မဝမ္းကြဲ ေဒၚေလးရဲ႕သမီး ေမြးသည့္ ျမစ္ကလည္းႏွင့္ အိမ္ေ႐ွ႕မွာေဆာ့ေနသည့္ အဖြားကျပဳံးေပ်ာ္လို႔....

"အေမ....."
"အႀကီးမ....."

အဖြားကေမေမ့ကိုေတြ႔ေတာ့ အံ့ဩသြားကာ မ်က္ႏွာခ်င္းမဆ္ိုင္ခ်င္ပုံပင္။

"နင္ဘယ္လိုလြတ္လာတာလဲ....
အေဖ့ျခံေရာင္းလိုက္လို႔အေမြလာေတာင္းတာလား...."

အိမ္ထဲကထြက္လာသည့္ ေဒၚေလရဲ႕ ယဥ္ေက်းမႈမ႐ွိသည့္ စကားကို ေမေမကျပဳံးရင္းသာ တုန္႔ျပန္သည္။

"အေဖေခါင္းခ်ခဲ့တဲ့ေနရာကိုေတာင္ ေရာင္းလိုက္ၾကၿပီေပါ့...."
"နင့္ကိုအေမကလည္း အေမြေပးမွာမဟုတ္ဘူး...သြားေတာ့!"

7 အိမ္ၾကား 8 အိမ္ၾကား ငါးစိမ္းသည္လိုအ႐ွက္မ႐ွိေအာ္ေနသည့္ အေဒၚ့ကို တစ္စစီဆြဲျဖဲပစ္ခ်င္ေနသည့္ သူ႔လက္ကို မႀကီးေရာ ကိုကိုကပါ ဆြဲထားသည္။

"ငါအေမြလာေတာင္းတာမဟုတ္ဘူး....
အေမ့ကိုလာကန္ေတာ့တာ....ေနာက္ဆုံးအေနနဲ႔....."
"ကန္ေတာ့စရာ႐ွိကန္ေတာ့ၿပီး ျမန္ျမန္ျပန္ၾက!"

မတ္တပ္ရပ္ေနသည့္ အဖြားေ႐ွ႕မွာေမေမက တင္ပ်င္ေခြေလး ထိုင္ကာ လက္အုပ္ခ်ီသည္။

"အေမ....
သမီးကိုစြန္႔ပစ္ရက္မွန္းသိေပမယ့္...
သမီးကေတာ့ အေမ့ကိုတစ္ခါမွစိတ္မဆိုးခဲ့ဖူးဘူး...
သမီးတစ္ေယာက္တည္းထိခိုက္ရင္သမီးမမႈပါဘူးအေမ...
ဒါေပမယ့္ အခုသမီးရဲ႕သားသမီးေတြပါအကုန္ထိခိုက္တယ္....သမီးသည္းမခံႏိုင္ေတာ့ဘူး..
အေမ အငယ္မကိုအရမ္းခ်စ္သလို သမီးလည္း သမီးသားသမီးေတြကို အရမ္းခ်စ္တယ္....
ထပ္ၿပီး အငယ္မေၾကာင့္ဘယ္လိုျပႆနာပဲ႐ွိလာလာ သမီးကိုအကူအညီလာမေတာင္းပါနဲ႔...
ေသရင္ေတာင္ လွည့္ျကည့္မွာမဟုတ္သလို မ်က္ရည္တစ္စက္ေတာင္က်မွာမဟုတ္ပါဘူး....
မတန္လို႔ပါ...
ေနာက္ဆုံးအေနနဲ႔တစ္ခုေတာ့ မွာခဲ့ခ်င္တယ္...
သားသမီးကိုခ်စ္တာခ်စ္ပါ...
မေကာင္းမွန္းသိရက္နဲ႔ မျပဳျပင္ေပးဘဲ ဆက္အလိုလိုက္ၿပီး မႏွစ္ပါနဲ႔ေတာ့....
က်န္းမာေရးလည္းဂ႐ုစိုက္ပါ....
သမီးသြားေတာ့မယ္...."

ေမေမငိုေနေပမယ့္ အဖြားကေတာ့ မ်က္ႏွာအမူအယာတစ္ခ်က္မပ်က္ဘဲ က်န္ေနခဲ့သည္။

"သားငယ္ေလးကို စိတ္ခ်မယ္ေနာ္ သား....."
"ဟုတ္ေမေမ...."
"ညီအစ္ကိုႏွစ္ေယာက္ကို အရင္လိုခ်စ္ခ်စ္ခင္ခင္ျမင္ရေတာ့ ေမေမစိတ္ခ်မ္းသာလိုက္တာ...."

သလင္းျမဴကိုဂ႐ုစိုက္ေပးဖို႔ ဘုန္း႐ွိန္ဝါထက္ ကိုအထပ္ထပ္မွာကာ ေမေမတို႔ျပန္သြားခဲ့သည္။

အိမ္မွာက်န္ခဲ့သည့္ ခြန္းေလးတို႔ကိုစိတ္မခ်ေသာေၾကာင့္ ေနာက္အပတ္႐ုံးခ်ိန္က်မွျပန္လာခဲ့မည္တဲ့....။

"ငယ္....
ညစာဘာစားမလဲ....."

ညစာဆိုမွ သူေကာင္းကင္ကိုေျပးသတိရကာ ဖုန္းကိုထုတ္ၾကည့္လိုက္ေတာ့ message ပို႔ထားသည္။

""ခ်စ္နဲ႔ညစာအတူစားဖို႔ ကိုယ္ေစာင့္ေနတယ္ေနာ္....""

ဘုန္း႐ွိန္ဝါထက္ လည္းဝင္လာသည့္ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ဖုန္းကိုျပန္ေျဖရင္း ညစာအတူစားဖို႔ခ်ိန္းလိုက္သည္။

"ငယ္...ကိုယ့္သူငယ္ခ်င္းေတြနဲ႔ညစာသြားစားရေအာင္ ကိုယ္ခ်ိန္းၿပီးၿပီ...."
"ကိုကိုပဲသြားလိုက္ေတာ့....
ကြၽန္ေတာ္ taxi နဲ႔ျပန္ေတာ့မယ္...."

ေျပးသြားသည့္ သူ႔ကို ဘုန္း႐ွိန္ဝါထက္ တားဆီးခ်ိန္ေတာင္မရလိုက္.....

အိမ္ေ႐ွ႕ေရာက္သည္ႏွင့္ taxi ခ႐ွင္းကာမီးလင္းေနသည့္ သူ႔အခန္း႐ွိရာကို ေလွကားထစ္ေတြေက်ာ္တက္ၿပီးကိုသူေျပးသည္။

ကုတင္ေဘးမွာ မတ္တပ္ရပ္ေနသည့္ ေကာင္းကင္ကိုအေနာက္ကေနဖက္ၿပီး ေက်ာျပင္က်ယ္က်ယ္ထက္မွာ မွီလိုက္သည္။

"ျပန္လာၿပီလား....
ကိုယ္ကားသံၾကားလိုက္လို႔ ထၾကည့္ေနတာ...."

သူ႔ဘက္ကိုေကာင္းကင္ကလွည့္ဖို႔လုပ္ေနေတာ့ သလင္းျမဴေမာေနသည့္ ၾကားမွ တားလိုက္သည္။

"မလွည့္လာနဲ႔....
ဒီတိုင္းေလး ခဏေနေပး...."

သလင္းျမဴ အေမာေျပသည္အထိ အတန္ၾကာေအာင္ ထိုအတိုင္းပဲ ဖက္ထားခဲ့သည္။

"ခ်စ္နဲ႔ဘုန္း႐ွိန္ဝါထက္
တရား႐ုံးကိုဘာသြားလုပ္တာလဲ...."

သူ႔မ်က္လုံးကုိ စူးစိုက္ၾကည့္ၿပီး ေမးလာသည့္ေကာင္းကင္က ဦးေလးထံမွာၾကားလာပုံပင္။

"အသိတစ္ေယာက္အမႈျဖစ္လို႔ လိုက္ကူညီေပးတာ...."
"ကိုယ့္ကိုလိမ္ေနတာလား ခ်စ္...."

ေကာင္းကင္ရဲ႕ အၾကည့္ေတြေအာက္မွာ သလင္းျမဴ အာေခါင္ေတြေျခာက္လာသည္။

"ခ်စ္ကိုမယုံဘူးလား....."

ေကာင္းကင္ သက္ျပင္းခ်ကာ သူ႔ကိုဖက္လာသည္။

"ယုံတယ္.....
အျပည့္အဝယုံတယ္......
ကိုယ့္ကိုထားမသြားရင္ရၿပီ...."

ေကာင္းကင္ ဘာေတြေတြးေနခဲ့တာလဲ...

"ညစာဘာစားၾကမလဲ...."
"ညေစ်းသြားမလား...."

သလင္းျမဴ မ်က္ဝန္းေတြလက္သြားကာ ေခါင္းကိုအထပ္ထပ္ ညိတ္ေတာ့ ေကာင္းကင္ထံမႇ ခ်စ္စရာေကာင္းသည္ဆိုသည့္ စကားကို အျပဳံးမ်ားႏွင့္အတူ ၾကားရၿပီး ညင္သာသည့္ ႏႈတ္ခမ္းထက္ကိုေႁခြခ်ေသာ အနမ္းတစ္ပြင့္လည္း ရသည္။

လူေတြအမ်ားႀကီးၾကားမွာ သူ႔လက္ကို ဆုပ္ကိုင္ၿပီး ေကာင္းကင္ေပ်ာ္ေနခဲ့သည္။

အခုသူေကာင္းကင္ရဲ႕ေနာက္ထပ္ဆႏၵတစ္ခုကိုျဖည့္ဆည္းေပးလိုက္ၿပီ။

ဗိုက္ကားၿပီး ျပန္အန္ထြက္မတတ္ကို သူတို႔ႏွစ္ေယာက္စားၾကသည္။

အိမ္အျပန္လည္း ေကာင္းကင္က လက္တစ္ဖက္ႏွင့္သာဆိုင္ကယ္ေမာင္းၿပီး က်န္လက္တစ္ဖက္က ဖက္ထားသည့္ သူ႔လက္ေတြကို ဆုပ္ကိုင္ထားေလသည္။

"စူးေနေရာင္ထက္ ကို ခ်စ္တယ္!!"

ညႀကီးတိတ္ဆိတ္ေနတာကို ဆိုင္ကယ္ေမာင္းရင္း ထေအာ္သည့္ ေကာင္းကင္က သူ႔ဘာသာသူေအာ္ သူ႔ဘာသာသူသေဘာက်ေနေပမယ့္ သလင္းျမဴမွာ အေနာက္ကေန ပုခုံးကိုထု႐ိုက္ရင္း ထပ္မေအာ္ဖို႔ ေျပာရသည္။

"စူးေနေရာင္ထက္ ကို ခ်စ္တယ္!!!"
"ေတာ္ေတာ့လို႔ေကာင္းကင္....
ပတ္ဝန္းက်င္ဆူပူမႈနဲ႔အဖမ္းခံေနရမယ္...."
"ခ်စ္ကလည္း ကိုယ့္ကိုခ်စ္တယ္လို႔ျပန္ေအာ္ေလ..."
"မေအာ္ခ်င္ပါဘူး....."
"ခ်စ္မေအာ္မခ်င္း ကိုယ္တစ္လမ္းလုံးေအာ္မယ္...."

ေကာင္းကင္ပါးစပ္ကို လွမ္းပိတ္ထားေတာ့ တဝူးဝူးတဝါးဝါးႏွင့္ ေအာ္ေနျပန္သည္။

"စစ္ေကာင္းကင္ႏိုင္ ကို ခ်စ္တယ္!"

သလင္းျမဴ ထေအာ္မွေကာင္းကင္ကတိတ္သြားကာ ရယ္ေလသည္။

"ေက်နပ္ၿပီလား..."
"အင္း....."
"အဲ့တာဆိုလည္း ျမန္ျမန္ေမာင္း....
နားၿငီးလို႔ဆိုၿပီး ဒီရပ္ကြက္ကလူေတြဝိုင္းထြက္႐ိုက္ေနမယ္...."
"Ok ok...."

သူတို႔အိမ္ျပန္ေရာက္ေတာ့ ဘုန္း႐ွိန္ဝါထက္လည္း ျပန္ေရာက္ေနခဲ့ၿပီ။

"ငယ္ ကိုယ္တို႔စကားေျပာရေအာင္....."
"အင္း...."

ဘုန္း႐ွိန္ဝါထက္ အခန္းထဲလိုက္ဝင္ရန္လုပ္သည့္ သူ႔ကို ေကာင္းကင္က မသြားေစခ်င္ဘဲ တားဆီးသည္။

"ခဏပဲ....
အခန္းထဲကေစာင့္ေနေနာ္...."

သူဘုန္း႐ွိန္ဝါထက္ အခန္းထဲကို ဝင္လာခဲ့လိုက္သည္။

"ေျပာေလ ကိုကို....."
"ကိုကိုနဲ႔တစ္ခြက္ေလာက္ေသာက္ရေအာင္...."

အေလးအနက္မ႐ွိသည့္ ဘုန္း႐ွိန္ဝါထက္ စကားေၾကာင့္ သက္သက္မဲ့ေကာင္းကင္ေ႐ွ႕မို႔ သူ႔ကိုေခၚမွန္း နားလည္လိုက္ကာ သလင္းျမဴရဲ႕ ေမး႐ိုးေလးတင္းသြားသည္။

ဘုန္း႐ွိန္ဝါထက္ ထည့္ေပးထားသည့္ အရက္ခြက္ကို တစ္ခါတည္းေမာ့ေသာက္ပစ္လိုက္သည္။

"ရၿပီမလား....
ကြၽန္ေတာ္သြားေတာ့မယ္....
ေနာက္ကို ဒီလိုထပ္မလုပ္ပါနဲ႔...."

သလင္းျမဴ ကိုယ့္အခန္းကိုယ္ျပန္ေရာက္ေတာ့ ေကာင္းကင္က သူ႔ကိုစီးႀကိဳကာ နမ္းသည္။

"အြန္း......."

ရပ္တန္႔ေစရန္ ရင္ဘက္ကိုတြန္းၿပီး သတိေပးေပမယ့္ အနမ္းေတြကပို၍ျပင္းလာသည္။

"အရက္ေသာက္လာတယ္ေပါ့...."

႐ုတ္တရက္ ႏႈတ္ခမ္းေတြကိုလႊတ္ေပးၿပီး စကားေျပာကာ ခ်က္ခ်င္းျပန္နမ္းသည္။

ဇြတ္အတင္းနမ္းေနသည့္ ေကာင္းကင္က အနမ္းနဲ႔ပတ္သက္ၿပီး ကြၽမ္းက်င္မႈမ႐ွိရာ သလင္းျမဴ ျပန္လည္တုန္႔ျပန္ရင္း သူကျပန္လည္ဦးေဆာင္လိုက္သည္။

"ဒီလိုနမ္းတတ္ေအာင္ ဘယ္သူသင္ေပးထားတာလဲ.....
ကိုယ့္အျပင္ တျခားသူေတြကိုေရာနမ္းဖူးလား..."

အနမ္းေတြကို ရပ္ၿပီး မ်က္ေမွာင္က်ဳံ့ႀကီးႏွင့္ေမးပုံက သဝန္တိုျခင္းေတြအျပည့္....

"ဒီႏႈတ္ခမ္းေတြကိုနမ္းခြင့္ရတာ.....
ကိုကပထမဆုံးပဲ..... "
"တကယ္လား.....
ဒါဆိုဘာလို႔ဒီေလာက္နမ္းတာဆရာက်ေနတာလဲ......"
"Online မွာနမ္းနည္းေတြ႐ွာၾကည့္ထားတာ..."
"အတတ္ေကာင္းေတြပဲ...."

သူ႔ကိုအိပ္ယာေပၚလွဲခ်ၿပီး ေကာင္းကင္က လက္ေမာင္းကိုေခါင္းအုံးအိပ္ေစကာ ႏႈတ္ခမ္းကို မြကနဲနမ္းျပန္သည္။

"ကိုယ္ေၾကာက္တယ္.....
ခ်စ္ကိုကိုယ့္ဆီကေန ဘုန္း႐ွိန္ဝါထက္ ျပန္လုသြားမွာကို ကိုယ္ေသမေလာက္ေၾကာက္တယ္.."

အိပ္ေပ်ာ္ေနသည့္ သလင္းျမဴရဲ႕ နဖူးထက္မွ ေမႊးညႇင္းေလးေတြကို နမ္းရင္း ေကာင္းကင္ခပ္တိုးတိုးေရရြတ္ေလသည္။

သူ႔ရင္ခြင္ထဲကေကာင္ေလးအိပ္မေနခဲ့တာကိုသူမသိခဲ့.....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

တခ်ိဳ႕သံေယာဇဥ္ေတြက
ဘယ္ေလာက္ပဲေလးနက္ေနပါေစ
လိုအပ္လာခဲ့ရင္
ဖ်က္ေတာက္ပစ္ရမယ္


Bạn đang đọc truyện trên: Truyen247.Pro