Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-36 ( tomorrow's pains)

Unicode

"ဓန.....
အဲ့လူငါ့ဆီလာတယ်...."
"....ဘာ.....ဘာတွေပြော သွားသေးလဲ..."

တစ်ဖက်ကစူးနေရောင်ထက်အသံကသိသိသာသာကို ခြောက်ခြားနေသည်။

"ပိုက်ဆံလာတောင်းတာ...
ငါကမပေးဘူးပြောလို့ video ဖွင့်ပြသွားတယ်...."
"Video......
မင်းအပြင်ဘယ်သူတွေမြင်သွားလဲ...."
"ကောင်းကင်အပါအဝင် တေဇတို့ရော ကန်တင်းမှာရှိသမျှလူတွေအကုန်နီးပါး...."
"............."
"စိတ်အရမ်းပူမနေနဲ့
အဲ့ video ထဲကငါမဟုတ်ပါဘူးဆိုပြီး သက်သေပြထားတယ်....
video ကိုလည်းဖျက်ဆီးပစ်လိုက်ပြီ သူထပ်ပြီးခြိမ်းခြောက်စရာမရှိတော့ဘူး...."
"အဲ့လောက်မလွယ်ဘူး...
သူကအရမ်းယုတ်မာတဲ့ကောင်......
မင်းသတိထားရမယ်...."
"စူးနေရောင်ထက် မင်း ဆေးစွဲနေခဲ့တာလား...."
"......."
"Sorry ငါ့မှာမေးပိုင်ခွင့်မရှိတာကိုငါမေ့သွားတယ်....
ဆေးစွဲနေရင်လည်း ရအောင်ဖြတ်ပါ....
မင်းဘဝကိုဒီလိုမျိုးအပျက်ဆီးမခံနဲ့....
ဓနကိစ္စတွေရှိရင်လည်း ငါရှင်းလိုက်မယ်...
မင်းငါ့ကိုငှါးထားတော့ ငါကတာဝန်ကျေရမှာပေါ့....."
"သလင်းမြူ...."
"အင်းပြော...."
"ကျေး...ဇူး"

ကောင်းကောင်းတောင်မကြားလိုက်ရ စူးနေရောင်ထက်က ဖုန်းချသွားခဲ့ပြီ....

"ဟူး....."

ဒီနေ့ခါတိုင်းထက်ရာသီဥတုပိုပူသည်ထင် သူအသက်ရှူရမဝသလိုခံစားနေရသည်။

တံခါးတွေအကုန်ဖွင့်တာတောင် သိပ်အဆင်မပြေ....

တစ်ချက်တစ်ချက်အသက်ရှူလိုက်တိုင်း ရင်ဘက်ကစူးအောင့်သွားသေးသည်။

"နေရောင်...."

သူ့အခန်းထဲဝင်လာသည့် ကောင်းကင်က သူ့ကိုသိုင်းဖက်ရင်း ပါးချင်းလာပွတ်နေသည်။

"စူးတယ်ဟ....!"

ကောင်းကင်ရဲ့ ခပ်ရေးရေး နှုတ်ခမ်းမွှေးတိုတိုတို့ကြောင့် သလင်းမြူ သည်းမခံနိုင်စွာ အော်မိသည်။

"အာ sorry ကိုယ်နှုတ်ခမ်းမွှေးရိတ်ဖို့မေ့နေတာ..."

သလင်းမြူ ကုတင်ပေါ်လှဲကာ game ဆော့နေလိုက်တော့ ကောင်းကင်က လူကိုဟိုထိသည်ထိလုပ်နေပြန်သည်။

"8........ဒီမှာတစ်ခု....9...."

သူ့ခန္ဓာအနှံ့နီးပါးကို ဘာတွေလိုက်ရှာနေလဲမသိ....

"ဘာတွေလိုက်ရေနေတာလဲ...."
"မှဲ့......
အချစ်ဆုံးရဲ့မှဲ့လေးတွေကို လိုက်ကြည့်နေတာ...."

သလင်းမြူ အသံမထွက်ဘဲ ရယ်မိသည်။

"အ......."

အသက်ရှူသွင်းလိုက်တော့ အောင့်သွားသည့် နှလုံးရှိရာ ဘယ်ဘက်ရင်အုံ၏နာကျင်မှုကြောင့် သူအသံထွက်အော်မိကာ ထထိုင်လိုက်သည်။

"ရင်ဘက်က ဘာဖြစ်လို့လဲ....."

စိတ်ပူနေသည့် ကောင်းကင်ကြောင့် ရင်ဘက်ကိုဖိထားသည့် လက်ကိုဖယ်ကာ ခေါင်းရမ်းရင်း အားတင်းပြုံးပြမိသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

သူ ကိုခန့်ရှိရာဆေးရုံကိုရောက်တော့ ဖုန်းဆက်ထားသည့် အတွက် ကိုခန့်လက်ထောက်သူနာပြုက စမ်းသပ်ခန်းထဲကို တန်းခေါ်သွားပေးသည်။

သူ့ရောဂါက ရုတ်တရက်ကြီး ပြောင်းလဲကာဆိုးလာသည်ဟု သူခံစားရပြီး အရမ်းအဆိုးကြီး မဖြစ်ဖို့သာ ဆုတောင်းရုံပင်။

"သောက်ဆေးကထိန်းမထားနိုင်တော့ဘူး သသ...."
"ဘယ်လောက်တောင့်ခံနိုင်ဦးမလဲ..."
"ဒီရောဂါက စိတ်အခြေအနေအပေါ်လည်းဦးတည်တော့ မသေချာဘူး....
အခု နှလုံးအစားထိုးဖို့ ပြင်ဆင်သင့်ပြီ....."
"အချိန်နည်းနည်းလောက် ထပ်လိုတယ်.....
ကျွန်တော်အဆင်သင့်မဖြစ်သေးဘူး...."
"ကြာလေ အောင်မြင်ဖို့ % နည်းလေပဲနော် သသ....."
"သိတယ်....
အခုလောလောဆယ်....
လက်ရှိဆေးထက်ပိုပြင်းတဲ့ဆေးမျိုးရှိရင်ပေးပါ..."
"ကိုယ်ဆေးစာရေးပေးလိုက်မယ်....
Counter မှာထုတ်လိုက်...."
"ကျေးဇူးပါပဲ ကိုခန့်...."
"အသက်ရှူရအရမ်းခက်ခဲလာရင် ဆေးရုံကိုအမြန်လာခဲ့....
မလာနိုင်ရင်ကိုယ့်ဆီသာ ဖုန်းဆက်လိုက်...."
"အင်း...."
"ဒီတလော အရှုပ်အထွေးတွေရှိနေတယ်မလား...
အားနည်းနေတယ်..."
"ညဘက်တွေအိပ်မပျော်လို့ပါ...."
"စိတ်ငြိမ်ဆေးပါ ပေးလိုက်မယ်....
အများကြီးသောက်လို့တော့မဖြစ်ဘူးနော်..."
"ဟုတ်ကဲ့..... "

သလင်းမြူ ကားကိုအပြန်ဖြည်းဖြည်းသာမောင်းလာခဲ့သည်။

ခွဲစိတ်ဖို့အတွက်လိုအပ်တဲ့ငွေပမာဏသူ့မှာမလုံလောက်သေးဘူး...

အချိန်တိုအတွင်းမှာ ငွေပမာဏအများကြီးရဖို့အတွက် တရားနည်းကျတဲ့အလုပ်ရှိနိုင့်ပါ့မလား...

ရှိရင်ရော သူ့ကျန်းမာရေးအခြေအနေနဲ့ လုပ်နိုင်ပါ့မလား...

ထီပေါက်ဖို့ကလည်း တစ်လတစ်ခါတောင် ကုသိုလ်လုပ်ဖြစ်သူမဟုတ်တဲ့အပြင် ထီလည်းထိုးဖို့ စိတ်ကူးမရှိ....

🎶📲 phone rings....

"Hello မမကြီး ပြော..."
"ငယ်လေး.....ဟင့်....."

တစ်ဖက်ကငိုသံကြောင့် ထိတ်သွားကာ ကားမောင်းရင်း အန ္တရာယ်မဖြစ်စေရန် ကားကိုလမ်းဘေးကပ်ရပ်လိုက်သည်။

"ငိုနေလား...
ဘာဖြစ်လို့လဲ...."
"မေမေ့ကို ဖမ်းသွားကြပြီ...."
"ဘာ...!"
"ဒေါ်လေးကလွတ်သွားပြီး မေမေ့ကိုဖမ်းသွားကြတယ်...."
"ဘယ်ကိုလဲ..."
"ဘယ်ကို ခေါ်သွားမယ်မပြောဘူး...
မနက်ဖြန်ကျရင် ရုံးထုတ်စစ်မယ်တဲ့....
မကြီးတို့လည်း Mandalay ကိုဆင်းလာနေပြီ..."
"ရှေ့နေရော..."
"မငှါးရသေးဘူး....
တကယ်တော်တဲ့ရှေ့နေတစ်ယောက်ကိုသိပေမယ့် အရမ်းဈေးကြီးတယ်...."
"ငှါးလိုက်....
သားပိုက်ဆံထုတ်ပေးမယ်....
ခွန်းလေးကျောင်းအပ့ိုအကြိုကရော..."
"အိမ်မှာကိုလတ်ကျန်ခဲ့တယ်....."

သလင်းမြူ ဖုန်းချပြီး စတီယာရင်ကို ထုရိုက်ပစ်မိသည်။

မေမေက ညီမဖြစ်သူနဲ့ မိခင်ကို မစွန့်လွှတ်နိုင်လို့ မရှိတဲ့ကြားကနေ ဒီလောက်အထိ လိုက်ဒုက္ခခံပေးခဲ့တာကို ကျေးဇူးကန်းပြီး လုပ်ရက်လိုက်ကြတာ...

"ဟား!!!......"

မျက်ရည်ဖြိုင်ဖြိုင်ကျရင်း ဆွေမျိုးဆိုတာတွေကိုသူပိုမုန်းတီးလာသည်။

ပြဿနာဆိုတာအမြဲ အဖော်အပေါင်းတွေနဲ့လာတာမျိုး။

အိမ်ကို အမြန်ပြန်ရောက်အောင်မောင်းလာခဲ့ပြီး ဘုန်းရှိန်ဝါထက်ရဲ့အခန်းတံခါးကို သူအပြေးအလွှားသွားခေါက်ခဲ့သည်။

"ငယ်...."
"ကျွန်တော့်ကိုကူညီပါ....
ကျွန်တော့်မေမေကိုကူညီပေးပါ....
ကျေးဇူးပြုပြီး....."

တဆတ်ဆတ်တုန်ယင်နေသည့် သူ့လက်ကို အသာဆုပ်ကိုင်လာသည်။

"ငယ်..... စိတ်လျော့.....
မေမေဘာဖြစ်လို့လဲ....
ကိုကို့ကို ဖြည်းဖြည်းချင်းပြော....."
"မေမေ အဖမ်းခံရတယ်....
ဒေါ်လေးကသူ့အမှု့တွေကို မေမေ့အပေါ်လွှဲချသွားတယ်....
အခုမေမေ့ကို အချုပ်ထဲခေါ်သွားကြပြီ...."
"စိတ်ငြိမ်ငြိမ်ထားနော်....ကိုကို တတ်နိုင်သမျှကူညီပေးမယ်..."

ဘုန်းရှိန်ဝါထက် ချက်ချင်းဆိုသလို မိမိနှင့် သိကျွမ်းသည့် ရဲမှူးတွေအရာရှိတွေကိုအကုန်ဖုန်းဆက်သည်။

"မေမေ့ဆီသွားရအောင် ငယ်...."

စိတ်ငြိမ်ဆေးနှစ်လုံးသောက်ထားပေမယ့် သူအမှန်တကယ်မတည်ငြိမ်သေး....

"နေရောင်...."

ကားပေါ်တက်ခါနီးသူ့လက်ကို လာဆွဲသည့်ကောင်းကင်.....

"ဘယ်သွားမလို့လဲ...."

ဘုန်းရှိန်ဝါထက်ကို တစ်လှည့်သူ့ကိုတစ်လှည့်ကြည့်နေသည့် ကောင်းကင်က စိတ်မချဟန်...

"အရေးကြီးကိစ္စလေးရှိလို့...
ငါအပြင်သွားရမယ်...
ညကျမှဖုန်းဆက်လိုက်မယ်နော်...."
"ငါလိုက်လို့မရဘူးလား..."
"မရဘူး!!"

သလင်းမြူ အလျင်လိုနေသည့်အတွက် ကောင်းကင်ကို အော်မိသွားသည်ကိုပင် ဂရုမစိုက်နိုင်တော့.....

"ကိုကို မြန်မြန်သွားရအောင်...."

ကျန်နေခဲ့သည့်ကောင်းကင်ကကျောက်ရုပ်လိုငြိမ်သက်နေပြီး သလင်းမြူရဲ့ တုန်ယင်နေသည့် လက်ဖဝါးကိုတော့ ဘုန်းရှိန်ဝါထက်ကကိုင်ထားလေသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"မေမေ...."
"သားငယ်လေး.....ဘယ်လိုရောက်လာတာလဲ..."

မေမေ့ကိုပြေးပွေ့ရင်း မငိုမိအောင်မနည်းထိန်းချုပ်ထားရသည်။

"သား....မင်းညီ...."

သူနဲ့အတူပါလာသည့် ဘုန်းရှိန်ဝါထက်ကိုမြင်တော့ မေမေကအံ့ဩနေသည်။

"သားကဘယ်လိုလုပ်သားငယ်လေးနဲ့အတူ..."
"ကိုကို့အိမ်က သားအလုပ်လုပ်တဲ့အိမ်နားမှာမို့ပြန်တွေ့ထားကြတာ...."
"ကောင်းတာပေါ့....
မေမေကသားငယ်လေးကိုစိတ်ပူနေတာ...
သားမင်းညီနဲ့အတူရှိတော့စိတ်ချရပြီ....."
"မေမေနေ့လည်စာမစားရသေးဘူးမလား....
ဒါလေးစားလိုက်နော်...."

ဘုန်းရှိန်ဝါထက် လမ်းမှာဝင်ဝယ်လာသည့် မုန့်တွေကိုမေမေ့အားပေးလိုက်သည်။

"ဒီကစခန်းမှူးကသားနဲ့အသိတွေမို့ စိတ်ပူစရာမလိုဘူး....."
"ကျေးဇူးပါ သားရယ်...."

မေမေကအနွေးထည်ပင်ပါမလာရှာဘဲ အိမ်နေရင်း ဝတ်စုံနဲ့ပဲမို့ သလင်းမြူ မေမေ့အတွက် လိုအပ်သည့် အဝတ်အစား အနွေးဖိနပ်ပါပြေးဝယ်သည်။

မကြာလိုက်သူဖုန်းဆက်၍မမကြီးတို့ပါရောက်လာကြသည်။

ဘုန်းရှိန်ဝါထက်ကပဲ မမကြီးတို့နေဖို့ အကုန်စီစဉ်ပေးကာ ရှေ့နေပါသူငှါးပေးမည်ဆိုတော့ သလင်းမြူ လက်မခံနိုင်ဘဲငြင်းသည်။

"မေမေကကိုယ့်ကျေးဇူးရှင်ပဲလေ ငယ်...
ကိုယ်ဒီလောက်တော့ ပြန်လုပ်ပေးပါရစေ....."

သလင်းမြူ ကျေးဇူးတင်ရုံမှလွဲ၍ ဘာမှမတတ်နိုင်။

ည 9 နာရီကျော်မှသာသူတို့အိမ်ပြန်ခဲ့ကြသည်။

"အစ်ကိုလေးတို့ပြန်လာပြီ...."

သူတို့ပြန်အလာကို အန်တီမြတို့ကစောင့်နေကြပြီး ခြံတံခါး အိမ်တံခါးတွေကိုပိတ်ကြလေသည်။

"အစ်ကိုလေး.....ဟို...
အစ်ကိုလေးစစ်ကောင်းကင်နိုင်က အစ်ကိုလေးအခန်းထဲမှာစောင့်နေပါတယ်...."
"ဘယ်အချိန်ကတည်းကလဲ....."
"နေ့လည်အစ်ကိုလေးတို့ထွက်သွားကတည်းကပါ...."

သလင်းမြူ ထပ်ပြီးမောရပြန်ပြီ။

အခန်းထဲကို အမြန်သွားကြည့်တော့ ကုတင်ခေါင်းရင်းကိုမှီပြီး ကောင်းကင်ကအိပ်ပျော်နေသည်။

"အိပ်ရင်လည်း နေရာတကျမအိပ်ဘူး..."

သလင်းမြူ ကောင်းကင်ကို ကုတင်ပေါ်လှဲပေးရန် အသာထိန်းဖက်လိုက်တော့ ရုတ်တရက် သူ့ကိုတင်းကြပ်စွာပြန်ဖက်လာသည်။

"ပြန်လာပြီလား....
ကိုယ်ဖုန်းဆက်တာလည်းမကိုင်ဘူး....
စိတ်ပူနေတာ..... "

ကောင်းကင်ဖုန်းခေါ်တာကိုတောင် သလင်းမြူ သတိမထားမိဘဲ အလုပ်ရှုပ်နေခဲ့တာပါ။

"ညစာစားပြီးပြီးလား ကောင်းကင်...."
"မစားရသေးဘူး...."
"ဘယ်အချိန်တောင်ရှိနေပြီလဲ...."
"စားချင်စိတ်မရှိလို့....."
"တကယ်ပဲ...."
"ဟိုစားပွဲပေါ်ကဆေးတွေကို မင်းသောက်တာလား...."

သလင်းမြူ ထိုအခါမှ မသိမ်းမိသည့် ဆေးဘူးတွေကိုသတိရသည်။

ကံကောင်းလို့ ဆေးမှတ်တမ်းတွေကိုတော့ သူသိမ်းခဲ့သည်။

"ဆေးဘူးကနာမည်တွေကိုရှာကြည့်လိုက်တော့ တစ်ဘူးက စိတ်ငြိမ်ဆေး နောက်တစ်ဘူးက နှလုံးရောဂါနဲ့ ပန်းနာရင်ကျပ်ရောဂါသည်တွေသောက်တဲ့ဆေးတဲ့....."
"ငါသောက်တာမဟုတ်ပါဘူး....
အသိတစ်ယောက်အတွက်ဝယ်ထားပြီး ပေးဖို့မေ့နေတာ...."
"ဪ..တော်သေးတာပေါ့....
ကိုယ်က ကိုယ့်ချစ်သူလေးများနေမကောင်းဘူးလားဆိုပြီး စိုးရိမ်နေတာ..."
"ဂွီ!"

ထိုအသံကြီးကကောင်းကင်ရဲ့ဗိုက်ဆီမှထွက်ပေါ်လာခြင်းပင်။

"ဗိုက်ဆာနေတာလား...."
"မဆာပါဘူး....."
"ဂွီ!!"

ထပ်မြည်လာသည့် ဗိုက်ကိုကောင်းကင်ကြိတ်ကျိန်ဆဲမိသည်။

"ထ....
ညစာတစ်ခုခုစား...."
"ကိုယ်မစားချင်ပါဘူးဆို...."
"ဆာနေတာကိုမစားဘဲနဲ့နေရင် ရောဂါဖြစ်လိမ့်မယ်...
ထဆိုထနော်!
ငါမင်းကိုစကားမပြောဘဲနေလိုက်ရမလား...."
"ထပြီ...."

အနောက်ကနေ သူ့ကိုဖက်ရင်း ကောင်းကင်ကအောက်ထပ်မီးဖိုခန်းအထိ မှီလိုက်လာလေသည်။

"ခေါက်ဆွဲပြုတ်စားမလား...."
"ချစ်ကျွေးတာအကုန်စားမယ်...."

သလင်းမြူလည်း အမြန်ဆုံးရနိုင်သည့် သူအကျွမ်းဆုံးခေါက်ဆွဲပြုတ်ကို မြန်မြန်ပြုတ်လိုက်သည်။

ကောင်းကင်တော်တော်ဗိုက်ဆာနေမှန်းသိ၍ ခေါက်ဆွဲနှစ်ထုပ် ကြက်ဥနှစ်လုံး ကြက်ဥချောင်းနှင့် ရေခဲသေတ္တာထဲမှာတွေ့သည့် ကြက်သားတွေပါအကုန်ထည့်ပစ်လိုက်သည်။

"ရပြီ..."

ပလို့ပလောင်းစားနေသည့် ကောင်းကင်ကိုဘေးကနေထိုင်ကြည့်ရင်း သလင်းမြူ ဒီနေ့အတွက်အမောတွေပြေပါပြီ။

"ချစ်ရောစားလေ...."
"ချစ်ကညစာစားပြီးသား....ကိုပဲစားနော်.... "
"အခုကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ..."

စားနေသည့် တူနှင့်ဇွန်းကိုပင် ကောင်းကင်က ချကာမေးလာသည်။

"ကိုလို့ခေါ်တာလေ....
ဘာလဲ မကြိုက်လို့လား....
နှစ်ယောက်တည်းရှိချိန်မှာ အဲ့လိုခေါ်မလို့ဘဲ မကြိုက်ရင်လည်း မခေါ်တော့ပါဘူး...."
"ကြိုက်တာပေါ့!!"

ညကြီးထအော်သည့် ကောင်းကင်အသံကဟိန်းထွက်နေရာ သလင်းမြူ တိုးတိုးပြောရန်သတိပေးရသည်။

"အဲ့လိုပဲခေါ်နော်....
ကိုယ်ကြိုက်တယ်...."
"အင်း...."

စားပြီး ပန်းကန်ဆေးကာ သူတို့အခန်းဆီပြန်ခဲ့ကြသည်။

ကိုယ်အိမ်ကိုယ်ပြန်အိပ်ခိုင်းပေမယ့် ကောင်းကင်ကပြောမရ။

တစ်နေကုန်လုံး သူ့ကိုအချိန်မပေးနိုင်ခဲ့သည့် အတွက်သလင်းမြူလည်း ခွင့်ပြုပေးလိုက်ရသည်။

"ကိုယ့်ကိုတစ်ခါလောက်နမ်းပါဦးလား ချစ်"

သလင်းမြူ ကောင်းကင်ရဲ့မေးဖျားကို နမ်းလိုက်သည်။

"မနက်ဖြန်....
ချစ်ကျောင်းမသွားဖြစ်ဘူး...
Roll call ရရင် လက်မှတ်ထိုးပေးဦးနော်...."
"အင်း...."
"မမေးတော့ဘူးလား ဘာလို့လဲလို့..."
"ချစ်ပြောချင်ရင် ကိုယ်မေးစရာတောင်လိုမှာမဟုတ်ဘူးလေ....."

ကောင်းကင်တောင် သူ့ကိုတော်တော်နားလည်နေခဲ့ပြီပဲ.....

ဖွင့်ထားသည့် လိုက်ကာမှ ဝင်နေသည့် လရောင်နှင့် မြင်နေရသော ကောင်းကင်မျက်နှာကိုသာကြည့်ရင်း အိပ်မပျော်နိုင်သည့် ညတစ်ညကိုသလင်းမြူ ကုန်ဆုံးရသည်။

ကြုံတွေ့ရမယ့် မနက်ဖြန်ရဲ့ ဝမ်းနည်းနာကျင်စရာတွေကိုမတွေးဘဲ ချစ်သူ့ရင်ခွင်ထဲကိုသာ နွေးထွေးစေရန် သူပိုတိုးဝင်မိသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◾

ရှင်သန်ရတာပင်ပန်းပေမယ့်
ငါချစ်တဲ့မင်းကြောင့်
ဒီဘဝကို
လွယ်လွယ်လက်မလျော့နိုင်တော့ဘူး

သလင်းမြူ

************************************

Zawgyi

"ဓန.....
အဲ့လူငါ့ဆီလာတယ္...."
"....ဘာ.....ဘာေတြေျပာ သြားေသးလဲ..."

တစ္ဖက္ကစူးေနေရာင္ထက္အသံကသိသိသာသာကို ေျခာက္ျခားေနသည္။

"ပိုက္ဆံလာေတာင္းတာ...
ငါကမေပးဘူးေျပာလို႔ video ဖြင့္ျပသြားတယ္...."
"Video......
မင္းအျပင္ဘယ္သူေတြျမင္သြားလဲ...."
"ေကာင္းကင္အပါအဝင္ ေတဇတို႔ေရာ ကန္တင္းမွာ႐ွိသမ်ွလူေတြအကုန္နီးပါး...."
"............."
"စိတ္အရမ္းပူမေနနဲ႔
အဲ့ video ထဲကငါမဟုတ္ပါဘူးဆိုၿပီး သက္ေသျပထားတယ္....
ဲ႔ video ကိုလည္းဖ်က္ဆီးပစ္လိုက္ၿပီ သူထပ္ၿပီးၿခိမ္းေျခာက္စရာမ႐ွိေတာ့ဘူး...."
"အဲ့ေလာက္မလြယ္ဘူး...
သူကအရမ္းယုတ္မာတဲ့ေကာင္......
မင္းသတိထားရမယ္...."
"စူးေနေရာင္ထက္ မင္း ေဆးစြဲေနခဲ့တာလား...."
"......."
"Sorry ငါ့မွာေမးပိုင္ခြင့္မ႐ွိတာကိုငါေမ့သြားတယ္....
ေဆးစြဲေနရင္လည္း ရေအာင္ျဖတ္ပါ....
မင္းဘဝကိုဒီလိုမ်ိဳးအပ်က္ဆီးမခံနဲ႔....
ဓနကိစၥေတြ႐ွိရင္လည္း ငါ႐ွင္းလိုက္မယ္...
မင္းငါ့ကိုငွါးထားေတာ့ ငါကတာဝန္ေက်ရမွာေပါ့....."
"သလင္းျမဴ...."
"အင္းေျပာ...."
"ေက်း...ဇူး"

ေကာင္းေကာင္းေတာင္မၾကားလိုက္ရ စူးေနေရာင္ထက္က ဖုန္းခ်သြားခဲ့ၿပီ....

"ဟူး....."

ဒီေန႔ခါတိုင္းထက္ရာသီဥတုပိုပူသည္ထင္ သူအသက္႐ွဴရမဝသလိုခံစားေနရသည္။

တံခါးေတြအကုန္ဖြင့္တာေတာင္ သိပ္အဆင္မေျပ....

တစ္ခ်က္တစ္ခ်က္အသက္႐ွဴလိုက္တိုင္း ရင္ဘက္ကစူးေအာင့္သြားေသးသည္။

"ေနေရာင္...."

သူ႔အခန္းထဲဝင္လာသည့္ ေကာင္းကင္က သူ႔ကိုသိုင္းဖက္ရင္း ပါးခ်င္းလာပြတ္ေနသည္။

"စူးတယ္ဟ....!"

ေကာင္းကင္ရဲ႕ ခပ္ေရးေရး ႏႈတ္ခမ္းေမႊးတိုတိုတို႔ေၾကာင့္ သလင္းျမဴ သည္းမခံႏိုင္စြာ ေအာ္မိသည္။

"အာ sorry ကိုယ္ႏႈတ္ခမ္းေမႊးရိတ္ဖို႔ေမ့ေနတာ..."

သလင္းျမဴ ကုတင္ေပၚလွဲကာ game ေဆာ့ေနလိုက္ေတာ့ ေကာင္းကင္က လူကိုဟိုထိသည္ထိလုပ္ေနျပန္သည္။

"8........ဒီမွာတစ္ခု....9...."

သူ႔ခႏၶာအႏွံ႔နီးပါးကို ဘာေတြလိုက္႐ွာေနလဲမသိ....

"ဘာေတြလိုက္ေရေနတာလဲ...."
"မွဲ႔......
အခ်စ္ဆုံးရဲ႕မွဲ႔ေလးေတြကို လိုက္ၾကည့္ေနတာ...."

သလင္းျမဴ အသံမထြက္ဘဲ ရယ္မိသည္။

"အ......."

အသက္ရွဴသြင္းလိုက္ေတာ့ ေအာင့္သြားသည့္ ႏွလုံး႐ွိရာ ဘယ္ဘက္ရင္အုံ၏နာက်င္မႈေျကာင့္ သူအသံထြက္ေအာ္မိကာ ထထိုင္လိုက္သည္။

"ရင္ဘက္က ဘာျဖစ္လို႔လဲ....."

စိတ္ပူေနသည့္ ေကာင္းကင္ေၾကာင့္ ရင္ဘက္ကိုဖိထားသည့္ လက္ကိုဖယ္ကာ ေခါင္းရမ္းရင္း အားတင္းျပဳံးျပမိသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

သူ ကိုခန္႔႐ွိရာေဆး႐ုံကိုေရာက္ေတာ့ ဖုန္းဆက္ထားသည့္ အတြက္ ကိုခန္႔လက္ေထာက္သူနာျပဳက စမ္းသပ္ခန္းထဲကို တန္းေခၚသြားေပးသည္။

သူ႔ေရာဂါက ႐ုတ္တရက္ႀကီး ေျပာင္းလဲကာဆိုးလာသည္ဟု သူခံစားရၿပီး အရမ္းအဆိုးႀကီး မျဖစ္ဖို႔သာ ဆုေတာင္း႐ုံပင္။

"ေသာက္ေဆးကထိန္းမထားႏိုင္ေတာ့ဘူး သသ...."
"ဘယ္ေလာက္ေတာင့္ခံႏိုင္ဦးမလဲ..."
"ဒီေရာဂါက စိတ္အေျခအေနအေပၚလည္းဦးတည္ေတာ့ မေသခ်ာဘူး....
အခု ႏွလုံးအစားထိုးဖို႔ ျပင္ဆင္သင့္ၿပီ....."
"အခ်ိန္နည္းနည္းေလာက္ ထပ္လိုတယ္.....
ကြၽန္ေတာ္အဆင္သင့္မျဖစ္ေသးဘူး...."
"ၾကာေလ ေအာင္ျမင္ဖို႔ % နည္းေလပဲေနာ္ သသ....."
"သိတယ္....
အခုေလာေလာဆယ္....
လက္႐ွိေဆးထက္ပိုျပင္းတဲ့ေဆးမ်ိဳး႐ွိရင္ေပးပါ..."
"ကိုယ္ေဆးစာေရးေပးလိုက္မယ္....
Counter မွာထုတ္လိုက္...."
"ေက်းဇူးပါပဲ ကိုခန္႔...."
"အသက္႐ွဴရအရမ္းခက္ခဲလာရင္ ေဆး႐ုံကိုအျမန္လာခဲ့....
မလာႏိုင္ရင္ကိုယ့္ဆီသာ ဖုန္းဆက္လိုက္...."
"အင္း...."
"ဒီတေလာ အ႐ႈပ္အေထြးေတြ႐ွိေနတယ္မလား...
အားနည္းေနတယ္..."
"ညဘက္ေတြအိပ္မေပ်ာ္လို႔ပါ...."
"စိတ္ၿငိမ္ေဆးပါ ေပးလိုက္မယ္....
အမ်ားႀကီးေသာက္လို႔ေတာ့မျဖစ္ဘူးေနာ္..."
"ဟုတ္ကဲ့..... "

သလင္းျမဴ ကားကိုအျပန္ျဖည္းျဖည္းသာေမာင္းလာခဲ့သည္။

ခြဲစိတ္ဖို႔အတြက္လိုအပ္တဲ႔ေငြပမာဏသူ႔မွာမလုံေလာက္ေသးဘူး...

အခ်ိန္တိုအတြင္းမွာ ေငြပမာဏအမ်ားႀကီးရဖို႔အတြက္ တရားနည္းက်တဲ့အလုပ္႐ွိႏိုင့္ပါ့မလား...

႐ွိရင္ေရာ သူ႔က်န္းမာေရးအေျခအေနနဲ႔ လုပ္ႏိုင္ပါ့မလား...

ထီေပါက္ဖို႔ကလည္း တစ္လတစ္ခါေတာင္ ကုသိုလ္လုပ္ျဖစ္သူမဟုတ္တဲ့အျပင္ ထီလည္းထိုးဖို႔ စိတ္ကူးမ႐ွိ....

🎶📲 phone rings....

"Hello မမႀကီး ေျပာ..."
"ငယ္ေလး.....ဟင့္....."

တစ္ဖက္ကငိုသံေၾကာင့္ ထိတ္သြားကာ ကားေမာင္းရင္း အန ၱရာယ္မျဖစ္ေစရန္ ကားကိုလမ္းေဘးကပ္ရပ္လိုက္သည္။

"ငိုေနလား...
ဘာျဖစ္လို႔လဲ...."
"ေမေမ့ကို ဖမ္းသြားၾကၿပီ...."
"ဘာ...!"
"ေဒၚေလးကလြတ္သြားျပီး ေမေမ့ကိုဖမ္းသြားၾကတယ္...."
"ဘယ္ကိုလဲ..."
"ဘယ္ကို ေခၚသြားမယ္မေျပာဘူး...
မနက္ျဖန္က်ရင္ ႐ုံးထုတ္စစ္မယ္တဲ့....
မႀကီးတို႔လည္း Mandalay ကိုဆင္းလာေနၿပီ..."
"ေ႐ွ႕ေနေရာ..."
"မငွါးရေသးဘူး....
တကယ္ေတာ္တဲ့ေ႐ွ႕ေနတစ္ေယာက္ကိုသိေပမယ့္ အရမ္းေဈးႀကီးတယ္...."
"ငွါးလိုက္....
သားပိုက္ဆံထုတ္ေပးမယ္....
ခြန္းေလးေက်ာင္းအပ႔ိုအႀကိဳကေရာ..."
"အိမ္မွာကိုလတ္က်န္ခဲ့တယ္....."

သလင္းျမဴ ဖုန္းခ်ၿပီး စတီယာရင္ကို ထု႐ိုက္ပစ္မိသည္။

ေမေမက ညီမျဖစ္သူနဲ႔ မိခင္ကို မစြန္႔လႊတ္ႏိုင္လို႔ မ႐ွိတဲ့ၾကားကေန ဒီေလာက္အထိ လိုက္ဒုကၡခံေပးခဲ့တာကို ေက်းဇူးကန္းၿပီး လုပ္ရက္လိုက္ၾကတာ...

"ဟား!!!......"

မ်က္ရည္ၿဖိဳင္ၿဖိဳင္က်ရင္း ေဆြမ်ိဳးဆိုတာေတြကိုသူပိုမုန္းတီးလာသည္။

ျပႆနာဆိုတာအျမဲ အေဖာ္အေပါင္းေတြနဲ႔လာတာမ်ိဳး။

အိမ္ကုုိ အျမန္ျပန္ေရာက္ေအာင္ေမာင္းလာခဲ့ၿပီး ဘုန္း႐ွိန္ဝါထက္ရဲ႕အခန္းတံခါးကို သူအေျပးအလႊားသြားေခါက္ခဲ့သည္။

"ငယ္...."
"ကြၽန္ေတာ့္ကိုကူညီပါ....
ကြၽန္ေတာ့္ေမေမကိုကူညီေပးပါ....
ေက်းဇူးျပဳၿပီး....."

တဆတ္ဆတ္တုန္ယင္ေနသည့္ သူ႔လက္ကို အသာဆုပ္ကိုင္လာသည္။

"ငယ္..... စိတ္ေလ်ာ့.....
ေမေမဘာျဖစ္လို႔လဲ....
ကိုကို႔ကို ျဖည္းျဖည္းခ်င္းေျပာ....."
"ေမေမ အဖမ္းခံရတယ္....
ေဒၚေလးကသူ႔အမႈ့ေတြကို ေမေမ့အေပၚလႊဲခ်သြားတယ္....
အခုေမေမ့ကို အခ်ဳပ္ထဲေခၚသြားၾကၿပီ...."
"စိတ္ၿငိမ္ၿငိမ္ထားေနာ္....ကိုကို တတ္ႏိုင္သမ်ွကူညီေပးမယ္..."

ဘုန္း႐ွိန္ဝါထက္ ခ်က္ခ်င္းဆိုသလို မိမိႏွင့္ သိကြၽမ္းသည့္ ရဲမွဴးေတြအရာ႐ွိေတြကိုအကုန္ဖုန္းဆက္သည္။

"ေမေမ့ဆီသြားရေအာင္ ငယ္...."

စိတ္ၿငိမ္ေဆးႏွစ္လုံးေသာက္ထားေပမယ့္ သူအမွန္တကယ္မတည္ၿငိမ္ေသး....

"ေနေရာင္...."

ကားေပၚတက္ခါနီးသူ႔လက္ကို လာဆြဲသည့္ေကာင္းကင္.....

"ဘယ္သြားမလို႔လဲ...."

ဘုန္း႐ွိန္ဝါထက္ကို တစ္လွည့္သူ႔ကိုတစ္လွည့္ၾကည့္ေနသည့္ ေကာင္းကင္က စိတ္မခ်ဟန္...

"အေရးႀကီးကိစၥေလး႐ွိလို႔...
ငါအျပင္သြားရမယ္...
ညက်မွဖုန္းဆက္လိုက္မယ္ေနာ္...."
"ငါလိုက္လို႔မရဘူးလား..."
"မရဘူး!!"

သလင္းျမဴ အလ်င္လိုေနသည့္အတြက္ ေကာင္းကင္ကို ေအာ္မိသြားသည္ကိုပင္ ဂ႐ုမစိုက္ႏိုင္ေတာ့.....

"ကိုကို ျမန္ျမန္သြားရေအာင္...."

က်န္ေနခဲ့သည့္ေကာင္းကင္ကေက်ာက္႐ုပ္လိုၿငိမ္သက္ေနၿပီး သလင္းျမဴရဲ႕ တုန္ယင္ေနသည့္ လက္ဖဝါးကိုေတာ့ ဘုန္း႐ွိန္ဝါထက္ကကိုင္ထားေလသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ေမေမ...."
"သားငယ္ေလး.....ဘယ္လိုေရာက္လာတာလဲ..."

ေမေမ့ကိုေျပးေပြ႔ရင္း မငိုမိေအာင္မနည္းထိန္းခ်ဳပ္ထားရသည္။

"သား....မင္းညီ...."

သူနဲ႔အတူပါလာသည့္ ဘုန္း႐ွိန္ဝါထက္ကိုျမင္ေတာ့ ေမေမကအံ့ဩေနသည္။

"သားကဘယ္လိုလုပ္သားငယ္ေလးနဲ႔အတူ..."
"ကိုကို့အိမ္က သားအလုပ္လုပ္တဲ့အိမ္နားမွာမို့ျပန္ေတြ႔ထားျကတာ...."
"ေကာင္းတာေပါ့....
ေမေမကသားငယ္ေလးကိုစိတ္ပူေနတာ...
သားမင္းညီနဲ႔အတူ႐ွိေတာ့စိတ္ခ်ရၿပီ....."
"ေမေမေန႔လည္စာမစားရေသးဘူးမလား....
ဒါေလးစားလိုက္ေနာ္...."

ဘုန္း႐ွိန္ဝါထက္ လမ္းမွာဝင္ဝယ္လာသည့္ မုန္႔ေတြကိုေမေမ့အားေပးလိုက္သည္။

"ဒီကစခန္းမွဴးကသားနဲ႔အသိေတြမို႔ စိတ္ပူစရာမလိုဘူး....."
"ေက်းဇူးပါ သားရယ္...."

ေမေမကအေႏြးထည္ပင္ပါမလာ႐ွာဘဲ အိမ္ေနရင္း ဝတ္စုံနဲ႔ပဲမို႔ သလင္းျမဴ ေမေမ့အတြက္ လိုအပ္သည့္ အဝတ္အစား အေႏြးဖိနပ္ပါေျပးဝယ္သည္။

မၾကာလိုက္သူဖုန္းဆက္၍မမႀကီးတို႔ပါေရာက္လာၾကသည္။

ဘုန္း႐ွိန္ဝါထက္ကပဲ မမႀကီးတို႔ေနဖို႔ အကုန္စီစဥ္ေပးကာ ေ႐ွ႕ေနပါသူငွါးေပးမည္ဆိုေတာ့ သလင္းျမဴ လက္မခံႏိုင္ဘဲျငင္းသည္။

"ေမေမကကိုယ့္ေက်းဇူး႐ွင္ပဲေလ ငယ္...
ကိုယ္ဒီေလာက္ေတာ့ ျပန္လုပ္ေပးပါရေစ....."

သလင္းျမဴ ေက်းဇူးတင္႐ုံမွလြဲ၍ ဘာမွမတတ္ႏိုင္။

ည 9 နာရီေက်ာ္မွသာသူတို႔အိမ္ျပန္ခဲ့ၾကသည္။

"အစ္ကိုေလးတို႔ျပန္လာၿပီ...."

သူတို႔ျပန္အလာကို အန္တီျမတို႔ကေစာင့္ေနၾကၿပီး ျခံတံခါး အိမ္တံခါးေတြကိုပိတ္ၾကေလသည္။

"အစ္ကိုေလး.....ဟို...
အစ္ကိုေလးစစ္ေကာင္းကင္ႏိုင္က အစ္ကိုေလးအခန္းထဲမွာေစာင့္ေနပါတယ္...."
"ဘယ္အခ်ိန္ကတည္းကလဲ....."
"ေန႔လည္အစ္ကိုေလးတို႔ထြက္သြားကတည္းကပါ...."

သလင္းျမဴ ထပ္ၿပီးေမာရျပန္ၿပီ။

အခႏ္းထဲကို အျမန္သြားၾကည့္ေတာ့ ကုတင္ေခါင္းရင္းကိုမွီၿပီး ေကာင္းကင္ကအိပ္ေပ်ာ္ေနသည္။

"အိပ္ရင္လည္း ေနရာတက်မအိပ္ဘူး..."

သလင္းျမဴ ေကာင္းကင္ကို ကုတင္ေပၚလွဲေပးရန္ အသာထိန္းဖက္လိုက္ေတာ့ ႐ုတ္တရက္ သူ႔ကိုတင္းၾကပ္စြာျပန္ဖက္လာသည္။

"ျပန္လာၿပီလား....
ကိုယ္ဖုန္းဆက္တာလည္းမကိုင္ဘူး....
စိတ္ပူေနတာ..... "

ေကာင္းကင္ဖုန္းေခၚတာကိုေတာင္ သလင္းျမဴ သတိမထားမိဘဲ အလုပ္႐ႈပ္ေနခဲ့တာပါ။

"ညစာစားၿပီးၿပီးလား ေကာင္းကင္...."
"မစားရေသးဘူး...."
"ဘယ္အခ်ိန္ေတာင္႐ွိေနၿပီလဲ...."
"စားခ်င္စိတ္မ႐ွိလို႔....."
"တကယ္ပဲ...."
"ဟိုစားပြဲေပၚကေဆးေတြကို မင္းေသာက္တာလား...."

သလင္းျမဴ ထိုအခါမွ မသိမ္းမိသည့္ ေဆးဘူးေတြကိုသတိရသည္။

ကံေကာင္းလို့ ေဆးမွတ္တမ္းေတြကိုေတာ့ သူသိမ္းခဲ့သည္။

"ေဆးဘူးကနာမည္ေတြကိုရွာၾကည့္လိုက္ေတာ့ တစ္ဘူးက စိတ္ၿငိမ္ေဆး ေနာက္တစ္ဘူးက ႏွလုံးေရာဂါနဲ႔ ပန္းနာရင္က်ပ္ေရာဂါသည္ေတြေသာက္တဲ့ေဆးတဲ့....."
"ငါေသာက္တာမဟုတ္ပါဘူး....
အသိတစ္ေယာက္အတြက္ဝယ္ထားၿပီး ေပးဖို႔ေမ့ေနတာ...."
"ေဩာ္...ေတာ္ေသးတာေပါ့....
ကိုယ္က ကိုယ့္ခ်စ္သူေလးမ်ားေနမေကာင္းဘူးလားဆိုၿပီး စိုးရိမ္ေနတာ..."
"ဂြီ!"

ထိုအသံႀကီးကေကာင္းကင္ရဲ႕ဗိုက္ဆီမွထြက္ေပၚလာျခင္းပင္။

"ဗိုက္ဆာေနတာလား...."
"မဆာပါဘူး....."
"ဂြီ!!"

ထပ္ျမည္လာသည့္ ဗိုက္ကိုေကာင္းကင္ႀကိတ္က်ိန္ဆဲမိသည္။

"ထ....
ညစာတစ္ခုခုစား...."
"ကိုယ္မစားခ်င္ပါဘူးဆို...."
"ဆာေနတာကိုမစားဘဲနဲ႔ေနရင္ ေရာဂါျဖစ္လိမ့္မယ္...
ထဆိုထေနာ္!
ငါမင္းကိုစကားမေျပာဘဲေနလိုက္ရမလား...."
"ထၿပီ...."

အေနာက္ကေန သူ႔ကိုဖက္ရင္း ေကာင္းကင္ကေအာက္ထပ္မီးဖိုခန္းအထိ မွီလိုက္လာေလသည္။

"ေခါက္ဆြဲျပဳတ္စားမလား...."
"ခ်စ္ေကြၽးတာအကုန္စားမယ္...."

သလင္းျမဴလည္း အျမန္ဆုံးရႏိုင္သည့္ သူအကြၽမ္းဆုံးေခါက္ဆြဲျပဳတ္ကို ျမန္ျမန္ျပဳတ္လိုက္သည္။

ေကာင္းကင္ေတာ္ေတာ္ဗိုက္ဆာေနမွန္းသိ၍ ေခါက္ဆြဲႏွစ္ထုပ္ ၾကက္ဥႏွစ္လုံး ၾကက္ဥေခ်ာင္းႏွင့္ ေရခဲေသတၱာထဲမွာေတြ႔သည့္ ၾကက္သားေတြပါအကုန္ထည့္ပစ္လိုက္သည္။

"ရၿပီ..."

ပလို႔ပေလာင္းစားေနသည့္ ေကာင္းကင္ကိုေဘးကေနထိုင္ၾကည့္ရင္း သလင္းျမဴ ဒီေန႔အတြက္အေမာေတြေျပပါၿပီ။

"ခ်စ္ေရာစားေလ...."
"ခ်စ္ကညစာစားၿပီးသား....ကိုပဲစားေနာ္.... "
"အခုကိုယ့္ကို ဘယ္လိုေခၚလိုက္တာလဲ..."

စားေနသည့္ တူႏွင့္ဇြန္းကိုပင္ ေကာင္းကင္က ခ်ကာေမးလာသည္။

"ကိုလို႔ေခၚတာေလ....
ဘာလဲ မႀကိဳက္လို႔လား....
ႏွစ္ေယာက္တည္း႐ွိခ်ိန္မွာ အဲ့လိုေခၚမလို႔ဘဲ မႀကိဳက္ရင္လည္း မေခၚေတာ့ပါဘူး...."
"ႀကိဳက္တာေပါ့!!"

ညႀကီးထေအာ္သည့္ ေကာင္းကင္အသံကဟိန္းထြက္ေနရာ သလင္းျမဴ တိုးတိုးေျပာရန္သတိေပးရသည္။

"အဲ့လိုပဲေခၚေနာ္....
ကိုယ္ႀကိဳက္တယ္...."
"အင္း...."

စားၿပီး ပန္းကန္ေဆးကာ သူတို႔အခန္းဆီျပန္ခဲ့ၾကသည္။

ကိုယ္အိမ္ကိုယ္ျပန္အိပ္ခိုင္းေပမယ့္ ေကာင္းကင္ကေျပာမရ။

တစ္ေနကုန္လုံး သူ႔ကိုအခ်ိန္မေပးႏိုင္ခဲ့သည့္ အတြက္သလင္းျမဴလည္း ခြင့္ျပဳေပးလိုက္ရသည္။

"ကိုယ့္ကိုတစ္ခါေလာက္နမ္းပါဦးလား ခ်စ္"

သလင္းျမဴ ေကာင္းကင္ရဲ႕ေမးဖ်ားကို နမ္းလိုက္သည္။

"မနက္ျဖန္....
ခ်စ္ေက်ာင္းမသြားျဖစ္ဘူး...
Roll call ရရင္ လက္မွတ္ထိုးေပးဦးေနာ္...."
"အင္း...."
"မေမးေတာ့ဘူးလား ဘာလို႔လဲလို႔..."
"ခ်စ္ေျပာခ်င္ရင္ ကိုယ္ေမးစရာေတာင္လိုမွာမဟုတ္ဘူးေလ....."

ေကာင္းကင္ေတာင္ သူ႔ကိုေတာ္ေတာ္နားလည္ေနခဲ့ၿပီပဲ.....

ဖြင့္ထားသည့္ လိုက္ကာမွ ဝင္ေနသည့္ လေရာင္ႏွင့္ ျမင္ေနရေသာ ေကာင္းကင္မ်က္ႏွာကိုသာၾကည့္ရင္း အိပ္မေပ်ာ္ႏိုင္သည့္ ညတစ္ညကိုသလင္းျမဴ ကုန္ဆုံးရသည္။

ၾကံုေတြ႔ရမယ့္ မနက္ျဖန္ရဲ႕ ဝမ္းနည္းနာက်င္စရာေတြကိုမေတြးဘဲ ခ်စ္သ႔ူရင္ခြင္ထဲကိုသာ ေႏြးေထြးေစရန္ သူပိုတိုးဝင္မိသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◾

႐ွင္သန္ရတာပင္ပန္းေပမယ့္
ငါခ်စ္တဲ့မင္းေၾကာင့္
ဒီဘဝကို
လြယ္လြယ္လက္မေလ်ာ့ႏိုင္ေတာ့ဘူး

သလင္းျမဴ

Bạn đang đọc truyện trên: Truyen247.Pro