Part-35 ( reason)
Unicode
"ငယ်ဘယ်တွေသွားနေတာလဲ...
ပြန်လာတော့မတွေ့လို့စိတ်ပူနေတာ..."
အိမ်ထဲဝင်ဝင်ချင်းကြားရသည့် ဘုန်းရှိန်ဝါထက်ရဲ့အသံ...
"ပြန်ရောက်နေပြီလား..."
"အင်း...
ကိုယ် နန်းစံထိုက်နဲ့လမ်းခွဲတော့မယ်....
ပြီးရင် ကိုယ်တို့အရင်လိုပြန်နေကြအောင်နော်..."
သူ့လက်ဖဝါးကိုလာဆုပ်ကိုင်ရင်း ပျော်နေဟန်ရှိသည့် မျက်ဝန်းတွေ....
"ကိုယ်သူ့ကိုစွန့်လွှတ်လိုက်တော့မယ်..."
"ကိုကို...."
သလင်းမြူ ဆက်ပြောမည့်စကားကလည်ချောင်းထဲတွင်တစ်ဆို့သွားသည်။
"ပြောလေ ငယ်..."
"ဘုန်းရှိန်ဝါထက် မဟုတ်ဘဲ အရင်က မင်းညီပြန်ဖြစ်ပေးလားဟင်..."
"ကိုယ်ကအမြဲတမ်း ငယ့်ရဲ့မင်းညီပဲလေ..."
"ကျွန်တော့်ရဲ့ချစ်သူမဟုတ်ဘဲ
ကျွန်တော့်ရဲ့ အစ်ကို မင်းညီ ပြန်ဖြစ်ပေးပါ...."
"ငယ်ဘာကိုပြောချင်တာလဲ..."
နားမလည်ဟန်ထပ်မေးသည်က မကြားချင်ပုံပင်။
"ကျွန်တော်တို့ တကယ့်ညီအစ်ကိုတွေလိုပဲနေကြရအောင်....
ကျွန်တော်အခု..."
"မနေချင်ဘူး.....
ကိုယ်မင်းရဲ့ အစ်ကိုမဖြစ်ချင်ဘူး...."
"ကိုကို"
"ဘာလို့ပြောင်းလဲသွားတာလဲ...
ငယ်ပဲကိုယ့်ကိုကတိပေးခဲ့တယ်လေ...
ကိုယ့်ကိုလက်ထပ်မယ်လို့....
ကိုယ်တို့အခုလက်ထပ်ကြမယ်....
နော် ငယ်...."
"ဟင့်အင်း....
အဲ့ကတိက ကျိုးပေါက်ခဲ့တာကြာပြီလေ...
ကိုကိုထွက်သွားကတည်းက အဲ့ကတိမရှိတော့ဘူး..."
"မဟုတ်ဘူး....
အဲ့လိုမဟုတ်ဘူးလေ...
မဖြစ်ရဘူး...."
လမင်းရဲ့အလင်းကိုမြင်နေရပါလျက်နဲ့ လမိုက်ညပါလို့အတင်းငြင်းနေသလို ကိုကိုကအမှန်တရားကို လက်မခံ...
"စစ်ကောင်းကင်နိုင်ကြောင့်လား..."
သူ့မျက်ဝန်းတွေထဲကပြောင်းလဲသွားသည့် အရိပ်အယောင်ကို ဘုန်းရှိန်ဝါထက် သတိပြုမိသွားခဲ့သည်။
"ကိုယ့်အထင်မှန်နေတာပဲ....
ငယ်သူ့ကိုချစ်မိသွားပြီလား..."
"......."
"ချစ်လို့မရဘူးနော်....
သူချစ်တာက ငယ်မဟုတ်ဘူး....
သူကစူးနေရောင်ထက်ကိုချစ်တာ....
ငယ်က စူးနေရောင်ထက်ဟန်ဆောင်ပြီး သူ့ကိုလိမ်ညာနေတာကိုသာ သူသိသွားရင်........."
သလင်းမြူရဲ့ လက်တွေသိသိသာသာကိုတုန်ယင်လာပါသည်။
"ကိုယ်ပြောပြလိုက်ရမလား...."
သူရဲ့လွတ်ထွက်သွားသည့် စိတ်နောက်လက်က ဘုန်းရှိန်ဝါထက်ရဲ့ အကျႌကော်လန်စကိုတင်းတင်းဆွဲကိုင်လိုက်စေပြီး မျက်ဝန်းတွေကလည်း ဒေါသအဟုန်ပြည့်လျှက်....
"ပြောလိုက်လေ......
ပြောပြီးရင်တော့ ခင်ဗျားနဲ့ကျုပ်နှစ်ယောက်ထဲကတစ်ယောက်သေလိမ့်မယ်....."
လက်လွှတ်လိုက်ပြီး သူခြေလှမ်းတွေလျှင်မြန်စွာဦးတည်သွားခဲ့သည်က တစ်ဖက်အိမ်မှ ကောင်းကင်ရဲ့အခန်းရှိရာဆီ....
တံခါးတောင်မခေါက်တော့ဘဲ lock မချထားသည့် တံခါးကို ဖွင့်ကာဝင်သွားလိုက်သည်။
ကုတင်ထက်မှာ ကောင်းကင်ကအိပ်ပျော်နေသည်။
ကောင်းကင်ရဲ့နံဘေးမှာအသာဝင်ထိုင်ပြီး မျက်ဝန်းအစုံကိုမှိတ်ကာ သူနှုတ်ခမ်းကိုဖိကိုက်ရင်း အသံမထွက်အောင်ကြိတ်ငိုကြွေးနေခဲ့မိသည်။
ကျေးဇူးပြုပြီး....
သလင်းမြူဆိုတဲ့ သူ့ရဲ့ဖြစ်တည်မှုကို ကောင်းကင်ဘယ်တော့မှမသိပါစေနဲ့......
ဒီတိုင်းလေး အချိန်ပြည့်တဲ့အထိ စူးနေရောင်ထက်အဖြစ်နဲ့ ချစ်သွားပါရစေ...
အချိန်တန်ရင် ပျောက်ကွယ်သွားပေးပါ့မယ်...
ကောင်းကင်သူ့ကို မုန်းသွားမှာ ကြောက်လို့ပါ....
ကောင်းကင်ရဲ့ဘေးမှာ ကြယ်လေးတွေထည့်ထားသည့် ဖန်ပုလင်းလေးနှင့် ခေါက်လက်စ စာရွက်တချို့...
စာရွက်အတွင်းပိုင်းတစ်ခုစီတိုင်းရဲ့ အဖြူပေါ်မှာ မှင်နက်နှင့် ရေးထားသည့် စာကြောင်းလေးတွေကလည်း တစ်ကြောင်းစီ....
""နေရောင့်နဲ့ရုပ်ရှင်ကြည့်ချင်တယ်""
""နေရောင်နဲ့ဆင်တူအကျႌဝတ်ချင်တယ်""
""နေရောင်နဲ့လက်တွဲပြီး လူတွေအများကြီးကြားထဲမှာ လျှောက်လည်ချင်တယ်""
""နေရောင်နဲ့ ဖိနပ်ဆင်တူစီးချင်တယ်""
""နေရောင့်ကို anniversary surprise တွေလုပ်ပေးချင်တယ်""
""နေရောင့်ကို လူတွေအများကြီးကြားမှာဖက်ထားချင်တယ်""
""နေရောင့်ဆီက ချစ်တယ်ဆိုတဲ့စကားကိုနေ့တိုင်းကြားချင်တယ်""
""နေရောင်နဲ့နှစ်ယောက်တည်း ခရီးတွေသွားချင်တယ်""
""နေရောင်ကျွန်တော့်ကို ကိုလို့အမြဲခေါ်စေချင်တယ်""
""နေရောင်နဲ့ဘဝဆက်တိုင်းဆုံတွေ့ခွင့်ရချင်တယ်""
""နေရောင့်ကိုထာဝရပိုင်ဆိုင်ချင်တယ်""
ဖြစ်ချင်သည့်ဆန္ဒတွေက ပုလင်းထဲကကြယ်တွေမှာတောင် ဘယ်လောက်ပါသွားပြီလဲမသိ...
ချစ်တတ်လွန်းတဲ့သူ့ရဲ့ချစ်သူ ရုတ်တရက်နိုးလာခဲ့ရင် သူ့မျက်ရည်တွေကိုမမြင်စေချင်သောကြောင့် အမြန်သုတ်ဖယ်လိုက်သည်။
ဖြစ်စေရမယ် မြူတတ်နိုင်သလောက် ကို့ဆန္ဒတွေကိုဖြည့်ဆည်းပေးမယ်....
ဘေးတစောင်းအိပ်နေသည့် ကောင်းကင်ရဲ့ နားသယ်စကို သူခပ်ဖွဖွနမ်းရှိုက်လိုက်သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ဘုန်းရှိန်ဝါထက် အရက်ကိုသာဖိသောက်ရင်း သူမြင်လိုက်ရသည့် ငယ့်မျက်ဝန်းတွေကိုမေ့နိုင်အောင်ကြိုးစားမိသည်။
ငယ့်ရဲ့ဒီလိုပုံစံအကြည့်မျိုးကို သူပထမဆုံးအကြိမ်အနေနှင့် မြင်ဖူးခြင်းပါ။
ပြန်တွေ့စက ငယ်သူ့ကိုမလိုလားပေမယ့် ငယ့်မျက်ဝန်းတွေက သူ့ကိုဒီလိုမကြည့်ခဲ့ဖူးပေ။
စစ်ကောင်းကင်နိုင်ကို အမှန်အတိုင်းပြောလိုက်မယ်ဆိုပြီး သူပြောမိတော့ ငယ်ကသူ့ကို ရွံရှာမုန်းတီးပြီး သတ်ပစ်ရဲသည့် မျက်ဝန်းတွေနှင့် ထိတ်လန့်စေခဲ့သည်။
သူထင်ထားခဲ့မိဘူး....
ငယ်က စစ်ကောင်းကင်နိုင်ကိုချစ်သွားလိမ့်မယ်လို့....
စူးနေရောင်ထက်ခိုင်းလို့လုပ်နေရတာဆိုပြီး သူငယ်နဲ့ စစ်ကောင်းကင်နိုင်ရဲ့ ပတ်သက်မှုကို ဂရုမစိုက်ခဲ့....
သူသတိထားမိချိန်မှာ ငယ့်နှလုံးသားကို စစ်ကောင်းကင်နိုင်ပိုင်ဆိုင်သွားပြီ....
ကျလာသည့် မျက်ရည်စက်ကို သုတ်ဖယ်ပစ်ရင်း သူနာကျင်စွာရယ်လိုက်သည်။
"ငိုနေလည်းမထူးတော့ဘူး ဘုန်းရှိန်ဝါထက်...
ဒါတွေအားလုံးမင်းညံ့လို့ဖြစ်ရတာ....
ငွေနောက်ကိုပဲလိုက်နေခဲ့တဲ့မင်းအပြစ်ပဲ...."
ကိုယ့်ကိုကိုယ်သာတီးတိုးပြောနေရင်း မျက်ရည်ကျလျက်ရယ်နေတဲ့သူက အရူးတစ်ယောက်လို...
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
AM tuto ရှိတာကိုမေ့နေခဲ့သည့် သလင်းမြူနှင့်ကောင်းကင်မှာ ဘေးကစိုင်းစံကိုအားကိုးတကြီးလှမ်းကြည့်လိုက်တော့...
ဒင်းကောင်က ခေါင်းစဉ်သာတပ်ထားပြီး ရယ်ပြနေသည်။
အနောက်တန်းကိုမသိမသာလှည့်ကြည့်လိုက်တော့လည်း သူရေးမှလိုက်ကူးဖို့စောင့်နေကြသည့် ရုပ်တွေ....
သေစမ်း!
ကိုယ့်အားကိုယ်ကိုးရင်း ဆရာမလစ်မည့်အချိန်ကိုမျက်ခြေမပျက်ကြည့်ကာ စာအုပ်ထုတ်ပြီး လက်စက်တပ်ကူးရတော့သည်။
သူပြီးတာနဲ့ ဝင်လာသည့် ဆရာမမမြင်ခင် စာအုပ်ကို အမြန်ခုံအောက်ထိုးထည့်ကာ သက်ပြင်းခိုးချရင်း လှုပ်ရှားနေသည့် စိတ်ကို မနည်းငြိမ်အောင်လုပ်ရသည်။
"ပြဦး...."
အနောက်ကနေ ကျောကိုဘောပင်နှင့် ထိုးနေသောကြောင့် ခန္ဓာကိုယ်ကိုနည်းနည်းစောင်းကာ မြင်သာအောင်စာအုပ်ကိုစာစစ်သလို ထောင်ကြည့်နေလိုက်သည်။
ကောင်းကင်နှင့်စိုင်းစံက ပြီးသွားပြီဖြစ်သည့်အတွက်ငြိမ်သွားကြပေမယ့် အနောက်ကကောင်တွေကတော့ ပြည့်ခါနီးနေသည့် အချိန်ကြောင့် ကျားလိုက်သလိုကို ကူးနေကြသည်။
"စာအုပ်တွေလာထပ်ကြတော့!"
ကူးပြီးသည်နှင့် အချိန်ကိုက်ဆရာမထံ စာအုပ်သွားထပ်ကြပြီး အချိန်ကုန်သွားလို့ ဆရာမထွက်သွားတော့ သူတို့အဖွဲ့ထိုင်ခွီနေခဲ့ကြသည်။
သလင်းမြူ နည်းနည်းညောင်းနေသည့် လက်ကို လက်ဆစ်ချိုးရန်ပြင်လိုက်တော့ သူ့လက်ကို ကောင်းကင်ကဆွဲကိုင်လေသည်။
"လက်ချိုးမလို့လား..."
"အင်း...
ခုနက အမြန်ရေးလိုက်ရတော့ ညောင်းနေသလိုပဲ...."
"ညောင်းရင်ကိုယ်နှိပ်ပေးမယ်...
လက်မချိုးနဲ့...."
လပ်ဆစ်လေးတွေကို သေချာနှိပ်နယ်ပေးနေသည့် ကောင်းကင်ကိုကြည့်ကာ သူကျေနပ်နေမိသည်။
"အား...!!
လက်ကိုက်လိုက်တာ......
စိုင်းစံငါ့လက်ကလေးကိုနှိပ်ပေးပါလားဟင်...."
အခွက်ထပြောင်သည့် တေဇ.....
"ကျောက်တုံးနဲ့သွားထုလိုက်....
အဲ့တာမှမသက်သာရင် လက်မောင်းရင်းကနေဖြတ်ပစ်လိုက်တော့......"
"မင်းကလည်း ကြင်ကြင်နာနာကိုမရှိဘူး...
ငစစ် စူးနေရောင်ကို ဂရုစိုက်သလိုလေး ငါ့လည်း ဂရုစိုက်ပေးကြပါဟ....
ငါလည်း အနှိပ်ခံချင်တာပေါ့..... "
"အနှိပ်ခံချင် အနှိပ်ခန်းသွားလေ....
ရုပ်ကြမ်းကြီးနဲ့လာနွဲ့ပြမနေနဲ့......."
တေဇရဲ့ အဆဲသံတွေကြား တစ်ခန်းလုံးရယ်ကြပါသည်။
"Dee....De...Deee"
အတန်းချိန်တွေမို့ vibrate လုပ်ထားသည့် ဖုန်းက unknown number တစ်ခုကိုပြနေသည်။
"Hello"
"ဟေး.....
အသဲလေး....ကိုယ့်ကိုအဆက်အသွယ်တောင်မလုပ်ဘူးနော်...."
တစ်ဖက်ကယောက်ျားသံက သူမရင်းနှီးသောကြောင့် number ကိုပြန်ကြည့်ကာ သူကြောင်သွားသည်။
"ဘယ်သူလဲဗျ... "
"မတွေ့တာ နှစ်လလောက်ပဲရှိသေးတာကို ကိုယ့်ကိုမမှတ်မိတော့ဘူးပေါ့.....
ကိုယ့်အထိအတွေ့တွေကိုလည်း မလွမ်းဘူးလား..."
ဘာလဲဟ....
ဘာတွေလာပြောနေတာလဲ.....
"ဖုန်းမှားနေတယ်ဗျ....."
"မမှားပါဘူး အသဲလေးရဲ့ဖုန်းနံပါတ်ကိုကိုယ်သေချာစုံစမ်းထားတာပါ....
ဘာလဲ အရင်ကကိစ္စကြောင့် ကိုယ့်ကိုစိတ်ဆိုးနေတာလား...
ကိုယ်အသဲလေးရဲ့ကျောင်းကို လာခဲ့ရမလား..."
"ဒီမှာဗျ....
ခင်ဗျားဘယ်သူလည်းကျွန်တော်မသိဘူး...
ခင်ဗျားပြောတာကိုလည်းကျွန်တော်နားမလည်ပါဘူး....
ဖုန်းနံပါတ်မှားနေပါတယ်ဗျ...."
သလင်းမြူ ဖုန်းကိုချပစ်လိုက်တော့ ထပ်ခေါ်နေရာ နားငြီး၍ silent သာလုပ်လိုက်သည်။
"ဘယ်သူလဲ...."
"ဖုန်းမှားတာ..."
"ေဩာ်.... "
📩 income message.....
""ကိုယ့်စိတ်ကိုလာမဆွနဲ့နော်....
အသားမနာချင်ရင်....
အလိုက်တသိလေး ကိုယ့်အိမ်ကို ပိုက်ဆံလာပို့ပေး...""
ဘလိုင်းကြီးဘာလားဟ....
""Fuck yourself ""
သလင်းမြူ message ကို reply ပြန်ကာ ထို number ကို block လိုက်သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"နေရောင်....အာ...."
သလင်းမြူ ပါးစပ်ဟကာ ကောင်းကင် ခွံ့ကျွေးသည့် အသားဖက်ကို ဝါးစားရင်း ကောင်းကင်ကိုလည်း ပြန်ခွံ့ကျွေးလိုက်သည်။
"နေရောင်...."
အနားမှခေါ်သံကြောင့် လှည့်ကြည့်လိုက်ရာ ခက်သံစဉ်နှင့် သူမသူငယ်ချင်း နှစ်ယောက်....
"ခက်...."
"ဒီဝိုင်းမှာ ခက်တို့ထိုင်လို့ရမလားဟင်....
တခြားဝိုင်းတွေက လူပြည့်နေလို့...."
"မရဘူး.!"
ထငြင်းသည့် ကောင်းကင်ကို သလင်းမြူ မျက်မှောင်ကျုံ့ကာ အသာနေရန်အချက်ပြလိုက်သည်။
"မရရင်လည်း ခက်တို့ RC ပဲသွားလိုက်တော့မယ်..."
"မဟုတ်တာ ခက်ရဲ့....
ရပါတယ် ထိုင်ပါ...."
"ကျေးဇူး...."
ခုံနေရာတွွေပေးသည့်တေဇတို့က ဒီလိုနေရာမျိုးမှာ အလိုက်သိတတ်လွန်းနေသည်။
"ခက် နေရောင့်ဘေးမှာထိုင်လို့ရမလား..."
သူ့ဘေးမှ ကောင်းကင်ကို သွားပြောသည့် ခက်သံစဉ်ကတော့ ကောင်းကင်ရဲ့တန်ပြန်အကြည့်အောက်မှာ ပြာကျနိုင်သည်။
"စိုင်းစံ....
နေရာရွေ့ပေးလိုက်..."
သလင်းမြူ မနေနိုင်စွာဘဲ စိုင်းစံကိုနေရာရွေ့ခိုင်းကာ ခက်သံစဉ်ကိုထိုင်စေလိုက်သည်။
ထမင်းဆက်မစားဘဲ ရုပ်သေကြီးနှင့် ကောင်းကင်ကထိုင်နေသည်။
"ကောင်းကင်...."
"....."
"ပါးစပ်ဟ...ဒါကိုမင်းကြိုက်တယ်မလား...."
"....."
"မစားချင်ဘူးလား.....
ဟင်......
ဟင်...."
တတ်သမျှ ချစ်စရာအမူအယာတွေ ထုတ်ပြတော့ ကောင်းကင်ကပြုံးလာကာ သူကျွေးသည်ကိုဆတ်ကနဲစားလိုက်လေသည်။
ထိုအခိုက်အတန့် တေဇတို့က မြင်နေကြမို့ အမြင်ကတ်သလိုကြည့်နေကြပေမယ့် ခက်သံစဉ်တို့ကတော့ ဇွန်းတန်းလန်းနှင့် အံ့ဩနေသည်။
"အသဲလေး..."
အနောက်ကနေ သူ့အပေါ်အုပ်မိုးကာ သိုင်းဖက်လာသူတစ်ယောက်.....
သလင်းမြူ အမြန်လက်တွေကိုဖယ်ကာ ထရပ်လိုက်ပြီး ကောင်းကင်က ထိုလူ့ရင်ဘက်ကိုတွန်းပစ်လိုက်သည်။
"စစ်ကောင်းကင်နိုင်ပဲ "
ထိုလူကကောင်းကင်ကို သိနေပုံပင်။
"မင်းဘယ်သူလဲ..."
"ငါလား...
ဒီကအသဲလေးရဲ့ sex partner.... ဓန"
"ဘာ!"
ထိုလူ့အသံက သူ့ကိုဖုန်းဆက်သည့်သူအသံပင်....
စိတ်တိုပြီး ထိုးဖို့ဟန်ပြင်နေသည့် ကောင်းကင်တို့ကို သလင်းမြူ မလုပ်ရန် တားလိုက်သည်။
"ခင်ဗျားကဘယ်သူလဲ.... "
"အိုး...အသဲလေးကကိုယ့်ကိုမသိချင်ယောင်ဆောင်တယ်ပေါ့....
အသဲလေး ပိုက်ဆံလာမပို့လို့ ကိုယ်ကိုယ်တိုင်ရောက်လာရတာနော်....
Video ကိုထုတ်မပြခင် ကိုယ်တောင်းတဲ့ငွေပေး...."
"ဘာ video လဲ..."
"ဒီကောင့်ရှေ့မို့မသိချင်ယောင်ဆောင်မနေစမ်းပါနဲ့ကွာ...
ကိုယ်ထုတ်ပြလိုက်ရင် အသဲလေးအရှက်ကွဲမှာနော်...."
"ပြလိုက်လေ..."
"သေချာတယ်နော်
ပြီးမှနောင်တရတော့..."
ထိုလူကဖုန်းထဲက video တစ်ခုကို အားလုံးရှေ့မှာ ဖွင့်ပြလေသည်။
အဝတ်ဗလာနှင့် မှိန်းနေသည့် စူးနေရောင်ထက်ဘေးမှာ အပ်တွေနှင့် မူးယစ်ဆေးတွေ...
Video အစမှာတင် ခက်သံစဉ်အပါအဝင်မိန်းကလေးများက မျက်နှာလွှဲသွားကြကာ သူနှင့်ကောင်းကင်တို့ကတော့ ဆက်ကြည့်သည်။
မျက်နှာကိုဖျက်ထားသည့် အဝတ်ဗလာနှင့် အခြားယောက်ျားတစ်ယောက်နှင့် အသိစိတ်လွတ်သလို ဖြစ်ချင်တိုင်းဖြစ်နေသည့် စူးနေရောင်ထက်ပုံစံက သူ့ခေါင်းထဲမှ သံသယများစွာ၏ အဖြေကိုပေးစွမ်းလေသည်။
"ဒီ video ထဲကတကယ်မင်းလား နေရောင်...."
ရဲတက်လာသည့် ကောင်းကင်ရဲ့ မျက်ဝန်းအစုံက လက်ရှိတည်ငြိမ်နေသည့်သူ့ကို တုန်လှုပ်သွားစေသည်။
"ငါမဟုတ်ဘူး....
ငါ့မျက်နှာကို edit လုပ်ထားတာ..."
"အသဲလေးရာ ဒီမှာသက်သေတစ်ခုလုံးရှိနေတာကို ဘာလို့ဆက်ငြင်းနေရတာလဲ..."
"မင်းသောက်ပါးစပ်ကိုပိတ်ထားစမ်း!!"
သလင်းမြူရဲ့ဒေါသသံကြောင့် ထိုလူငြိမ်သွားသည်။
ကန်တင်းတစ်ခုလုံးကလည်းသူ့ကိုအာရုံစိုက်နေသောကြောင့် သလင်းမြူ ရှင်းမှဖြစ်တော့မည်။
"ငါသက်သေပြမယ်....
အဲ့တာငါမဟုတ်ဘူးဆိုတာ....
အဲ့ video ထဲကလူရဲ့ ရင်ဘက်မှာ tatoo ရှိတာကိုတွေ့တယ်မလား....
အခုငါ့ရင်ဘက်ကိုကြည့်..."
သလင်းမြူ ဝတ်ထားသည့် hoddie ရော T shirt ကိုပါဆွဲချွတ်ပစ်လိုက်သည်။
"ငါ့မှာဘာ tatoo မှမရှိဘူး...."
ဓနဆိုသူက ထိုအခါမှပြူးပြူးပြာပြာဖြစ်သွားသည်။
"Tatoo ကဖျက်လို့ရတာပဲ..."
"Ok.....
ခင်ဗျားပြောတာကိုလက်ခံတယ်...
ဒါဆိုရင် ဒါကရော...."
ဘောင်းဘီကို ခါးပေါ်မှအနည်းငယ်ဆွဲချလိုက်တော့ ပေါ်လာသည့် အမာရွတ်....
"ဒါက ကျွန်တော်ငယ်ငယ်ကတည်းက အူအတတ်ဖြတ်ထားတဲ့အမာရွတ်....
နှစ်လလောက်နဲ့ အူအတတ်ဖြတ်ခဲ့ရင်တောင် အမာရွတ်ကဒီလိုကျက်ပြီး ပျောက်လုနီးပါးဖြစ်နေပါ့မလား...."
"ဒါက....မဖြစ်နိုင်တာ...."
ထိုလူက သေချာစဉ်းစားနေချိန် အားလုံးက သူမဟုတ်တာ ယုံသွားကြပြီဖြစ်သည်။
သူဒီလိုအမာရွတ်ကိုပြတာကလည်း စူးနေရောင်ထက်အကြောင်းကိုသိသူမရှိကြတော့ ပြဿနာမဖြစ်နိုင်။
"ဒီ video က copy ရှိသေးလား..."
"မရှိဘူး...."
ကောင်းကင်ရဲ့အမေးကို အယောင်ယောင်အမှားမှားပြန်ဖြေတော့ ထိုလူ့လက်ထဲမှဖုန်းကို ကောင်းကင်ကလုကာ ရေခွက်ထဲပစ်ထည့်လိုက်သည်။
"မင်းဘာလုပ်တာလဲ! "
ဝဲလာသည့် ထိုလူ့လက်သီးက ကောင်းကင်ဆီမရောက်လိုက်ဘဲ စိုင်းစံတို့ဝိုင်းထိုးခြင်းကိုခံရကာ မြေကြီးပေါ်လဲကျရာမှ အတင်းပြန်ထပြီးထွက်ပြေးလေသည်။
"ဒီလောက်နဲ့မပြီးဘူး စူးနေရောင်ထက်!
ဓနဆိုတာဘာကောင်လဲမင်းကိုပြမယ်!"
"လာစမ်းပါ!!"
"ထားလိုက် မလိုက်နဲ့တော့"
ပြေးသွားသည့် ထိုလူ့နောက်ကိုမလိုက်ဖို့ စိုင်းစံတို့ကိုသလင်းမြူပြောလိုက်သည်။
ထိုအခာသူ့အကျႌတွေကိုကောင်းကင်က ပြန်ဝတ်ပေးလေသည်။
"ကိုယ်မင်းကိုမယုံကြည်သလိုဖြစ်သွားတယ်....
ကိုယ်တောင်းပန်ပါတယ်.... "
"အခုယုံပြီလား.... "
"အင်း "
"အဲ့တာဆို ရပြီ...."
"နောက်တစ်ခါလူရှေ့သူရှေ့ဒီလိုချွတ်မပြနဲ့...."
စူပုတ်ပုတ်ကောင်းကင်ကြောင့် သလင်းမြူရယ်ကာခေါင်းညိတ်လိုက်ပါသည်။
"စူးနေရောင် အဲ့ကောင်ကမင်းနဲ့ဘာဇယားရှိလို့လဲ"
"ဘာဇယားမှမရှိဘူး..."
"အဲ့တာဆို ဘလိုင်းကြီးပေါ့...."
ကောင်းကင်က ရေခွက်ထဲမှ ရေရောဖုန်းကိုပါ မြေကြီးပေါ်သွန်ချပစ်လိုက်သည်။
"ခက်သံစဉ်....
နင့်ဒေါက်ဖိနပ်ငှါးစမ်းပါ...."
ခက်သံစဉ်ကချက်ချင်း ထကာ ဖိနပ်ချွတ်ပေးခြင်းမဟုတ်ဘဲ ဖုန်းကိုကြေမွသွားအောင် တက်နင်းလေသည်။
"ကောင်းတယ်.... "
တေဇတို့ လက်ဝါးချင်းရိုက်ကာ ရယ်နေကြပေမယ့် သလင်းမြူကတော့ အတွေးတို့နှင့်တည်ငြိမ်နေသည်။
စူးနေရောင်ထက် သူ့ကိုဘာကြောင့်ငှါးခဲ့လဲဆိုတဲ့အကြောင်းအရင်းကိုသူသိပြီ....
စူးနေရောင်ထက်အခုလို ပုန်းကွယ်နေတဲ့အကြောင်းအရင်း....
မသိတဲ့ဖုန်းတွေလာလားလို့အမြဲမေးသည့် အကြောင်းအရင်း....
စူးနေရောင်ထက်မျက်နှာက ဒဏ်ရာ....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
နာကျင်မှုတွေနဲ့အသားကျနေတဲ့
ကျွန်တော့်ကိုပဲ နာကျင်မှုတွေအကုန်ပေးပါ
ကျွန်တော့်ချစ်သူကိုတော့
အချစ်တွေနဲ့ပျော်ရွှင်ပါစေ
သလင်းမြူ
************************************
Zawgyi
"ငယ္ဘယ္ေတြသြားေနတာလဲ...
ျပန္လာေတာ့မေတြ႔လို႔စိတ္ပူေနတာ..."
အိမ္ထဲဝင္ဝင္ခ်င္းၾကားရသည့္ ဘုန္း႐ွိန္ဝါထက္ရဲ႕အသံ...
"ျပန္ေရာက္ေနၿပီလား..."
"အင္း...
ကိုယ္ နန္းစံထိုက္နဲ႔လမ္းခြဲေတာ့မယ္....
ၿပီးရင္ ကိုယ္တို႔အရင္လိုျပန္ေနၾကေအာင္ေနာ္..."
သူ႔လက္ဖဝါးကိုလာဆုပ္ကိုင္ရင္း ေပ်ာ္ေနဟန္႐ွိသည့္ မ်က္ဝန္းေတြ....
"ကိုယ္သူ႔ကိုစြန္႔လႊတ္လိုက္ေတာ့မယ္..."
"ကိုကို...."
သလင္းျမဴ ဆက္ေျပာမည့္စကားကလည္ေခ်ာင္းထဲတြင္တစ္ဆို႔သြားသည္။
"ေျပာေလ ငယ္..."
"ဘုန္း႐ွိန္ဝါထက္ မဟုတ္ဘဲ အရင္က မင္းညီျပႏ္ျဖစ္ေပးလားဟင္..."
"ကိုယ္ကအျမဲတမ္း ငယ့္ရဲ႕မင္းညီပဲေလ..."
"ကြၽန္ေတာ့္ရဲ႕ခ်စ္သူမဟုတ္ဘဲ
ကြၽန္ေတာ့္ရဲ႕ အစ္ကို မင္းညီ ျပန္ျဖစ္ေပးပါ...."
"ငယ္ဘာကိုေျပာခ်င္တာလဲ..."
နားမလည္ဟန္ထပ္ေမးသည္က မၾကားခ်င္ပုံပင္။
"ကြၽန္ေတာ္တို႔ တကယ့္ညီအစ္ကိုေတြလိုပဲေနၾကရေအာင္....
ကြၽန္ေတာ္အခု..."
"မေနခ်င္ဘူး.....
ကိုယ္မင္းရဲ႕ အစ္ကိုမျဖစ္ခ်င္ဘူး...."
"ကိုကို"
"ဘာလို႔ေျပာင္းလဲသြားတာလဲ...
ငယ္ပဲကိုယ့္ကိုကတိေပးခဲ့တယ္ေလ...
ကိုယ့္ကိုလက္ထပ္မယ္လို႔....
ကိုယ္တို႔အခုလက္ထပ္ၾကမယ္....
ေနာ္ ငယ္...."
"ဟင့္အင္း....
အဲ့ကတိက က်ိဳးေပါက္ခဲ့တာၾကာၿပီေလ...
ကိုကိုထြက္သြားကတည္းက အဲ့ကတိမ႐ွိေတာ့ဘူး..."
"မဟုတ္ဘူး....
အဲ့လိုမဟုတ္ဘူးေလ...
မျဖစ္ရဘူး...."
လမင္းရဲ႕အလင္းကိုျမင္ေနရပါလ်က္နဲ႔ လမိုက္ညပါလို႔အတင္းျငင္းေနသလို ကိုကိုကအမွန္တရားကို လက္မခံ...
"စစ္ေကာင္းကင္ႏိုင္ေၾကာင့္လား..."
သူ႔မ်က္ဝန္းေတြထဲကေျပာင္းလဲသြားသည့္ အရိပ္အေယာင္ကို ဘုန္း႐ွိန္ဝါထက္ သတိျပဳမိသြားခဲ့သည္။
"ကိုယ္႔အထင္မွန္ေနတာပဲ....
ငယ္သူ႔ကိုခ်စ္မိသြားၿပီလား..."
"......."
"ခ်စ္လို႔မရဘူးေနာ္....
သူခ်စ္တာက ငယ္မဟုတ္ဘူး....
သူကစူးေနေရာင္ထက္ကိုခ်စ္တာ....
ငယ္က စူးေနေရာင္ထက္ဟန္ေဆာင္ၿပီး သူ့ကိုလိမ္ညာေနတာကိုသာ သူသိသြားရင္........."
သလင္းျမဴရဲ႕ လက္ေတြသိသိသာသာကိုတုန္ယင္လာပါသည္။
"ကိုယ္ေျပာျပလိုက္ရမလား...."
သူရဲ႕လြတ္ထြက္သြားသည့္ စိတ္ေနာက္လက္က ဘုန္း႐ွိန္ဝါထက္ရဲ႕ အက်ႌေကာ္လန္စကိုတင္းတင္းဆြဲကိုင္လိုက္ေစၿပီး မ်က္ဝန္းေတြကလည္း ေဒါသအဟုန္ျပည့္လ်ွက္....
"ေျပာလိုက္ေလ......
ေျပာၿပီးရင္ေတာ့ ခင္ဗ်ားနဲ႔က်ဳပ္ႏွစ္ေယာက္ထဲကတစ္ေယာက္ေသလိမ့္မယ္....."
လက္လႊတ္လိုက္ၿပီး သူေျခလွမ္းေတြလ်ွင္ျမန္စြာဦးတည္သြားခဲ့သည္က တစ္ဖက္အိမ္မွ ေကာင္းကင္ရဲ႕အခန္း႐ွိရာဆီ....
တံခါးေတာင္မေခါက္ေတာ့ဘဲ lock မခ်ထားသည့္ တံခါးကို ဖြင့္ကာဝင္သြားလိုက္သည္။
ကုတင္ထက္မွာ ေကာင္းကင္ကအိပ္ေပ်ာ္ေနသည္။
ေကာင္းကင္ရဲ႕နံေဘးမွာအသာဝင္ထိုင္ၿပီး မ်က္ဝန္းအစုံကိုမွိတ္ကာ သူႏႈတ္ခမ္းကိုဖိကိုက္ရင္း အသံမထြက္ေအာင္ႀကိတ္ငိုေႂကြးေနခဲ့မိသည္။
ေက်းဇူးျပဳၿပီး....
သလင္းျမဴဆိုတဲ့ သူ႔ရဲ႕ျဖစ္တည္မႈကို ေကာင္းကင္ဘယ္ေတာ့မွမသိပါေစနဲ႔......
ဒီတိုင္းေလး အခ်ိန္ျပည့္တဲ့အထိ စူးေနေရာင္ထက္အျဖစ္နဲ႔ ခ်စ္သြားပါရေစ...
အခ်ိန္တန္ရင္ ေပ်ာက္ကြယ္သြားေပးပါ့မယ္...
ေကာင္းကင္သူ႔ကို မုန္းသြားမွာ ေၾကာက္လို႔ပါ....
ေကာင္းကင္ရဲ႕ေဘးမွာ ၾကယ္ေလးေတြထည့္ထားသည့္ ဖန္ပုလင္းေလးႏွင့္ ေခါက္လက္စ စာရြက္တခ်ိဳ႕...
စာရြက္အတြင္းပိုင္းတစ္ခုစီတိုင္းရဲ႕ အျဖဴေပၚမွာ မွင္နက္ႏွင့္ ေရးထားသည့္ စာေၾကာင္းေလးေတြကလည္း တစ္ေၾကာင္းစီ....
""ေနေရာင့္နဲ႔႐ုပ္႐ွင္ၾကည့္ခ်င္တယ္""
""ေနေရာင္နဲ႔ဆင္တူအက်ႌဝတ္ခ်င္တယ္""
""ေနေရာင္နဲ႔လက္တြဲၿပီး လူေတြအမ်ားႀကီးၾကားထဲမွာ ေလ်ွာက္လည္ခ်င္တယ္""
""ေနေရာင္နဲ႔ ဖိနပ္ဆင္တူစီးခ်င္တယ္""
""ေနေရာင့္ကို anniversary surprise ေတြလုပ္ေပးခ်င္တယ္""
""ေနေရာင့္ကို လူေတြအမ်ားျကီးျကားမွာဖက္ထားခ်င္တယ္""
""ေနေရာင့္ဆီက ခ်စ္တယ္ဆိုတဲ့စကားကိုေန႔တိုင္းၾကားခ်င္တယ္""
""ေနေရာင္နဲ႔ႏွစ္ေယာက္တည္း ခရီးေတြသြားခ်င္တယ္""
""ေနေရာင္ကြၽန္ေတာ့္ကို ကိုလို႔အျမဲေခၚေစခ်င္တယ္""
""ေနေရာင္နဲ႔ဘဝဆက္တိုင္းဆုံေတြ႔ခြင့္ရခ်င္တယ္""
""ေနေရာင့္ကိုထာဝရပိုင္ဆိုင္ခ်င္တယ္""
ျဖစ္ခ်င္သည့္ဆႏၵေတြက ပုလင္းထဲကၾကယ္ေတြမွာေတာင္ ဘယ္ေလာက္ပါသြားၿပီလဲမသိ...
ခ်စ္တတ္လြန္းတဲ့သူ႔ရဲ႕ခ်စ္သူ ႐ုတ္တရက္ႏိုးလာခဲ့ရင္ သူ႔မ်က္ရည္ေတြကိုမျမင္ေစခ်င္ေသာေၾကာင့္ အျမန္သုတ္ဖယ္လိုက္သည္။
ျဖစ္ေစရမယ္ ျမဴတတ္ႏိုင္သေလာက္ ကို႔ဆႏၵေတြကိုျဖည့္ဆည္းေပးမယ္....
ေဘးတေစာင္းအိပ္ေနသည့္ ေကာင္းကင္ရဲ႕ နားသယ္စကို သူခပ္ဖြဖြနမ္း႐ိႈက္လိုက္သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ဘုန္း႐ွိန္ဝါထက္ အရက္ကိုသာဖိေသာက္ရင္း သူျမင္လိုက္ရသည့္ ငယ့္မ်က္ဝန္းေတြကိုေမ့ႏိုင္ေအာင္ႀကိဳးစားမိသည္။
ငယ့္ရဲ႕ဒီလိုပုံစံအၾကည့္မ်ိဳးကို သူပထမဆုံးအႀကိမ္အေနႏွင့္ ျမင္ဖူးျခင္းပါ။
ျပန္ေတြ႔စက ငယ္သူ႔ကိုမလိုလားေပမယ့္ ငယ့္မ်က္ဝန္းေတြက သူ႔ကိုဒီလိုမၾကည့္ခဲ့ဖူးေပ။
စစ္ေကာင္းကင္ႏိုင္ကို အမွန္အတိုင္းေျပာလိုက္မယ္ဆိုၿပီး သူေျပာမိေတာ့ ငယ္ကသူ႔ကို ရြံ႐ွာမုန္းတီးၿပီး သတ္ပစ္ရဲသည့္ မ်က္ဝန္းေတြႏွင့္ ထိတ္လန္႔ေစခဲ့သည္။
သူထင္ထားခဲ့မိဘူး....
ငယ္က စစ္ေကာင္းကင္ႏိုင္ကိုခ်စ္သြားလိမ့္မယ္လို႔....
စူးေနေရာင္ထက္ခိုင္းလို႔လုပ္ေနရတာဆိုၿပီး သူငယ္နဲ႔ စစ္ေကာင္းကင္ႏိုင္ရဲ႕ ပတ္သက္မႈကို ဂ႐ုမစိုက္ခဲ့....
သူသတိထားမိခ်ိန္မွာ ငယ့္ႏွလုံးသားကို စစ္ေကာင္းကင္ႏိုင္ပိုင္ဆိုင္သြားၿပီ....
က်လာသည့္ မ်က္ရည္စက္ကို သုတ္ဖယ္ပစ္ရင္း သူနာက်င္စြာရယ္လိုက္သည္။
"ငိုေနလည္းမထူးေတာ့ဘူး ဘုန္း႐ွိန္ဝါထက္...
ဒါေတြအားလုံးမင္းညံ့လို႔ျဖစ္ရတာ....
ေငြေနာက္ကိုပဲလိုက္ေနခဲ့တဲ့မင္းအျပစ္ပဲ...."
ကိုယ့္ကိုကိုယ္သာတီးတိုးေျပာေနရင္း မ်က္ရည္က်လ်က္ရယ္ေနတဲ့သူက အ႐ူးတစ္ေယာက္လို...
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
AM tuto ႐ွိတာကိုေမ့ေနခဲ့သည့္ သလင္းျမဴႏွင့္ေကာင္းကင္မွာ ေဘးကစိုင္းစံကိုအားကိုးတႀကီးလွမ္းၾကည့္လိုက္ေတာ့...
ဒင္းေကာင္က ေခါင္းစဥ္သာတပ္ထားၿပီး ရယ္ျပေနသည္။
အေနာက္တန္းကိုမသိမသာလွည့္ၾကည့္လိုက္ေတာ့လည္း သူေရးမွလိုက္ကူးဖို႔ေစာင့္ေနၾကသည့္ ႐ုပ္ေတြ....
ေသစမ္း!
ကိုယ့္အားကိုယ္ကိုးရင္း ဆရာမလစ္မည့္အခ်ိန္ကိုမ်က္ေျခမပ်က္ၾကည့္ကာ စာအုပ္ထုတ္ၿပီး လက္စက္တပ္ကူးရေတာ့သည္။
သူၿပီးတာနဲ႔ ဝင္လာသည့္ ဆရာမမျမင္ခင္ စာအုပ္ကို အျမန္ခုံေအာက္ထိုးထည့္ကာ သက္ျပင္းခိုးခ်ရင္း လႈပ္႐ွားေနသည့္ စိတ္ကို မနည္းၿငိမ္ေအာင္လုပ္ရသည္။
"ျပဦး...."
အေနာက္ကေန ေက်ာကိုေဘာပင္ႏွင့္ ထိုးေနေသာေၾကာင့္ ခႏၶာကိုယ္ကိုနည္းနည္းေစာင္းကာ ျမင္သာေအာင္စာအုပ္ကိုစာစစ္သလို ေထာင္ၾကည့္ေနလိုက္သည္။
ေကာင္းကင္ႏွင့္စိုင္းစံက ၿပီးသြားၿပီျဖစ္သည့္အတြက္ၿငိမ္သြားၾကေပမယ့္ အေနာက္ကေကာင္ေတြကေတာ့ ျပည့္ခါနီးေနသည့္ အခ်ိန္ေၾကာင့္ က်ားလိုက္သလိုကို ကူးေနၾကသည္။
"စာအုပ္ေတြလာထပ္ၾကေတာ့!"
ကူးၿပီးသည္ႏွင့္ အခ်ိန္ကိုက္ဆရာမထံ စာအုပ္သြားထပ္ၾကၿပီး အခ်ိန္ကုန္သြားလို႔ ဆရာမထြက္သြားေတာ့ သူတို႔အဖြဲ႔ထိုင္ခြီေနခဲ့ၾကသည္။
သလင္းျမဴ နည္းနည္းေညာင္းေနသည့္ လက္ကို လက္ဆစ္ခ်ိဳးရန္ျပင္လိုက္ေတာ့ သူ႔လက္ကို ေကာင္းကင္ကဆြဲကိုင္ေလသည္။
"လက္ခ်ိဳးမလို႔လား..."
"အင္း...
ခုနက အျမန္ေရးလိုက္ရေတာ့ ေညာင္းေနသလိုပဲ...."
"ေညာင္းရင္ကိုယ္ႏိွပ္ေပးမယ္...
လက္မခ်ိဳးနဲ႔...."
လပ္ဆစ္ေလးေတြကို ေသခ်ာႏွိပ္နယ္ေပးေနသည့္ ေကာင္းကင္ကိုၾကည့္ကာ သူေက်နပ္ေနမိသည္။
"အား...!!
လက္ကိုက္လိုက္တာ......
စိုင္းစံငါ့လက္ကေလးကိုႏွိပ္ေပးပါလားဟင္...."
အခြက္ထေျပာင္သည့္ ေတဇ.....
"ေက်ာက္တုံးနဲ႔သြားထုလိုက္....
အဲ့တာမွမသက္သာရင္ လက္ေမာင္းရင္းကေနျဖတ္ပစ္လိုက္ေတာ့......"
"မင္းကလည္း ၾကင္ၾကင္နာနာကိုမ႐ွိဘူး...
ငစစ္ စူးေနေရာင္ကို ဂ႐ုစိုက္သလိုေလး ငါ့လည္း ဂ႐ုစိုက္ေပးၾကပါဟ....
ငါလည္း အႏွိပ္ခံခ်င္တာေပါ့..... "
"အႏွိပ္ခံခ်င္ အႏွိပ္ခန္းသြားေလ....
႐ုပ္ၾကမ္းႀကီးနဲ႔လာႏြဲ႔ျပမေနနဲ႔......."
ေတဇရဲ႕ အဆဲသံေတြၾကား တစ္ခန္းလုံးရယ္ၾကပါသည္။
"Dee....De...Deee"
အတန္းခ်ိန္ေတြမို႔ vibrate လုပ္ထားသည့္ ဖုန္းက unknown number တစ္ခုကိုျပေနသည္။
"Hello"
"ေဟး.....
အသဲေလး....ကိုယ့္ကိုအဆက္အသြယ္ေတာင္မလုပ္ဘူးေနာ္...."
တစ္ဖက္ကေယာက္်ားသံက သူမရင္းႏွီးေသာေၾကာင့္ number ကိုျပန္ၾကည့္ကာ သူေၾကာင္သြားသည္။
"ဘယ္သူလဲဗ်... "
"မေတြ႔တာ ႏွစ္လေလာက္ပဲ႐ွိေသးတာကို ကိုယ့္ကိုမမွတ္မိေတာ့ဘူးေပါ့.....
ကိုယ့္အထိအေတြ႔ေတြကိုလည္း မလြမ္းဘူးလား..."
ဘာလဲဟ....
ဘာေတြလာေျပာေနတာလဲ.....
"ဖုန္းမွားေနတယ္ဗ်....."
"မမွားပါဘူး အသဲေလးရဲ႕ဖုန္းနံပါတ္ကိုကိုယ္ေသခ်ာစုံစမ္းထားတာပါ....
ဘာလဲ အရင္ကကိစၥေၾကာင့္ ကိုယ့္ကိုစိတ္ဆိုးေနတာလား...
ကိုယ္အသဲေလးရဲ႕ေက်ာင္းကို လာခဲ့ရမလား..."
"ဒီမွာဗ်....
ခင္ဗ်ားဘယ္သူလည္းကြၽန္ေတာ္မသိဘူး...
ခင္ဗ်ားေျပာတာကိုလည္းကြၽန္ေတာ္နားမလည္ပါဘူး....
ဖုန္းနံပါတ္မွားေနပါတယ္ဗ်...."
သလင္းျမဴ ဖုန္းကိုခ်ပစ္လိုက္ေတာ့ ထပ္ေခၚေနရာ နားၿငီး၍ silent သာလုပ္လိုက္သည္။
"ဘယ္သူလဲ...."
"ဖုန္းမွားတာ..."
"ေဩာ္.... "
📩 income message.....
""ကိုယ့္စိတ္ကိုလာမဆြနဲ႔ေနာ္....
အသားမနာခ်င္ရင္....
အလိုက္တသိေလး ကိုယ့္အိမ္ကို ပိုက္ဆံလာပို႔ေပး...""
ဘလိုင္းႀကီးဘာလားဟ....
""Fuck yourself ""
သလင္းျမဴ message ကို reply ျပန္ကာ ထို number ကို block လိုက္သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ေနေရာင္....အာ...."
သလင္းျမဴ ပါးစပ္ဟကာ ေကာင္းကင္ ခြံ႔ေကြၽးသည့္ အသားဖက္ကို ဝါးစားရင္း ေကာင္းကင္ကိုလည္း ျပန္ခြံ႔ေကြၽးလိုက္သည္။
"ေနေရာင္...."
အနားမွေခၚသံေၾကာင့္ လွည့္ၾကည့္လိုက္ရာ ခက္သံစဥ္ႏွင့္ သူမသူငယ္ခ်င္း ႏွစ္ေယာက္....
"ခက္...."
"ဒီဝိုင္းမွာ ခက္တို႔ထိုင္လို႔ရမလားဟင္....
တျခားဝိုင္းေတြက လူျပည့္ေနလို႔...."
"မရဘူး.!"
ထျငင္းသည့္ ေကာင္းကင္ကို သလင္းျမဴ မ်က္ေမွာင္က်ဳံ့ကာ အသာေနရန္အခ်က္ျပလိုက္သည္။
"မရရင္လည္း ခက္တို႔ RC ပဲသြားလိုက္ေတာ့မယ္..."
"မဟုတ္တာ ခက္ရဲ႕....
ရပါတယ္ ထိုင္ပါ...."
"ေက်းဇူး...."
ခုံေနရာေတြြေပးသည့္ေတဇတို႔က ဒီလိုေနရာမ်ိဳးမွာ အလိုက္သိတတ္လြန္းေနသည္။
"ခက္ ေနေရာင့္ေဘးမွာထိုင္လို႔ရမလား..."
သူ႔ေဘးမွ ေကာင္းကင္ကို သြားေျပာသည့္ ခက္သံစဥ္ကေတာ့ ေကာင္းကင္ရဲ႕တန္ျပန္အၾကည့္ေအာက္မွာ ျပာက်ႏိုင္သည္။
"စိုင္းစံ....
ေနရာေရြ႔ေပးလိုက္..."
သလင္းျမဴ မေနႏိုင္စြာဘဲ စိုင္းစံကိုေနရာေရြ႔ခိုင္းကာ ခက္သံစဥ္ကိုထိုင္ေစလိုက္သည္။
ထမင္းဆက္မစားဘဲ ႐ုပ္ေသႀကီးႏွင့္ ေကာင္းကင္ကထိုင္ေနသည္။
"ေကာင္းကင္...."
"....."
"ပါးစပ္ဟ...ဒါကိုမင္းႀကိဳက္တယ္မလား...."
"....."
"မစားခ်င္ဘူးလား.....
ဟင္......
ဟင္...."
တတ္သမ်ွ ခ်စ္စရာအမူအယာေတြ ထုတ္ျပေတာ့ ေကာင္းကင္ကျပဳံးလာကာ သူေကြၽးသည္ကိုဆတ္ကနဲစားလိုက္ေလသည္။
ထိုအခိုက္အတန္႔ ေတဇတို႔က ျမင္ေနၾကမို႔ အျမင္ကတ္သလိုၾကည့္ေနၾကေပမယ့္ ခက္သံစဥ္တို႔ကေတာ့ ဇြန္းတန္းလန္းႏွင့္ အံ့ဩေနသည္။
"အသဲေလး..."
အေနာက္ကေန သူ႔အေပၚအုပ္မိုးကာ သိုင္းဖက္လာသူတစ္ေယာက္.....
သလင္းျမဴ အျမန္လက္ေတြကိုဖယ္ကာ ထရပ္လိုက္ၿပီး ေကာင္းကင္က ထိုလူ႔ရင္ဘက္ကိုတြန္းပစ္လိုက္သည္။
"စစ္ေကာင္းကင္ႏိုင္ပဲ "
ထိုလူကေကာင္းကင္ကို သိေနပုံပင္။
"မင္းဘယ္သူလဲ..."
"ငါလား...
ဒီကအသဲေလးရဲ႕ sex partner.... ဓန"
"ဘာ!"
ထိုလူ႔အသံက သူ႔ကိုဖုန္းဆက္သည့္သူအသံပင္....
စိတ္တိုၿပီး ထိုးဖို႔ဟန္ျပင္ေနသည့္ ေကာင္းကင္တို႔ကို သလင္းျမဴ မလုပ္ရန္ တားလိုက္သည္။
"ခင္ဗ်ားကဘယ္သူလဲ.... "
"အိုး...အသဲေလးကကိုယ့္ကိုမသိခ်င္ေယာင္ေဆာင္တယ္ေပါ့....
အသဲေလး ပိုက္ဆံလာမပို႔လို႔ ကိုယ္ကိုယ္တိုင္ေရာက္လာရတာေနာ္....
Video ကိုထုတ္မျပခင္ ကိုယ္ေတာင္းတဲ့ေငြေပး...."
"ဘာ video လဲ..."
"ဒီေကာင့္ေ႐ွ႕မို႔မသိခ်င္ေယာင္ေဆာင္မေနစမ္းပါနဲ႔ကြာ...
ကိုယ္ထုတ္ျပလိုက္ရင္ အသဲေလးအ႐ွက္ကြဲမွာေနာ္...."
"ျပလိုက္ေလ..."
"ေသခ်ာတယ္ေနာ္
ၿပီးမွေနာင္တရေတာ့..."
ထိုလူကဖုန္းထဲက video တစ္ခုကို အားလုံးေ႐ွ႕မွာ ဖြင့္ျပေလသည္။
အဝတ္ဗလာႏွင့္ မွိန္းေနသည့္ စူးေနေရာင္ထက္ေဘးမွာ အပ္ေတြႏွင့္ မူးယစ္ေဆးေတြ...
Video အစမွာတင္ ခက္သံစဥ္အပါအဝင္မိန္းကေလးမ်ားက မ်က္ႏွာလႊဲသြားၾကကာ သူႏွင့္ေကာင္းကင္တို႔ကေတာ့ ဆက္ၾကည့္သည္။
မ်က္ႏွာကိုဖ်က္ထားသည့္ အဝတ္ဗလာႏွင့္ အျခားေယာက္်ားတစ္ေယာက္ႏွင့္ အသိစိတ္လြတ္သလို ျဖစ္ခ်င္တိုင္းျဖစ္ေနသည့္ စူးေနေရာင္ထက္ပုံစံက သူ႔ေခါင္းထဲမွ သံသယမ်ားစြာ၏ အေျဖကိုေပးစြမ္းေလသည္။
"ဒီ video ထဲကတကယ္မင္းလား ေနေရာင္...."
ရဲတက္လာသည့္ ေကာင္းကင္ရဲ႕ မ်က္ဝန္းအစုံက လက္႐ွိတည္ၿငိမ္ေနသည့္သူ႔ကို တုန္လႈပ္သြားေစသည္။
"ငါမဟုတ္ဘူး....
ငါ့မ်က္ႏွာကို edit လုပ္ထားတာ..."
"အသဲေလးရာ ဒီမွာသက္ေသတစ္ခုလုံး႐ွိေနတာကို ဘာလို႔ဆက္ျငင္းေနရတာလဲ..."
"မင္းေသာက္ပါးစပ္ကိုပိတ္ထားစမ္း!!"
သလင္းျမဴရဲ႕ေဒါသသံေၾကာင့္ ထိုလူၿငိမ္သြားသည္။
ကန္တင္းတစ္ခုလုံးကလည္းသူ႔ကိုအာ႐ုံစိုက္ေနေသာေၾကာင့္ သလင္းျမဴ ႐ွင္းမွျဖစ္ေတာ့မည္။
"ငါသက္ေသျပမယ္....
အဲ့တာငါမဟုတ္ဘူးဆိုတာ....
အဲ့ video ထဲကလူရဲ႕ ရင္ဘက္မွာ tatoo ႐ွိတာကိုေတြ႔တယ္မလား....
အခုငါ့ရင္ဘက္ကိုၾကည့္..."
သလင္းျမဴ ဝတ္ထားသည့္ hoddie ေရာ T shirt ကိုပါဆြဲခြၽတ္ပစ္လိုက္သည္။
"ငါ့မွာဘာ tatoo မွမ႐ွိဘူး...."
ဓနဆိုသူက ထိုအခါမွျပဴးျပဴးျပာျပာျဖစ္သြားသည္။
"Tatoo ကဖ်က္လို႔ရတာပဲ..."
"Ok.....
ခင္ဗ်ားေျပာတာကိုလက္ခံတယ္...
ဒါဆိုရင္ ဒါကေရာ...."
ေဘာင္းဘီကို ခါးေပၚမွအနည္းငယ္ဆြဲခ်လိုက္ေတာ့ ေပၚလာသည့္ အမာရြတ္....
"ဒါက ကြၽန္ေတာ္ငယ္ငယ္ကတည္းက အူအတတ္ျဖတ္ထားတဲ့အမာရြတ္....
ႏွစ္လေလာက္နဲ႔ အူအတတ္ျဖတ္ခဲ့ရင္ေတာင္ အမာရြတ္ကဒီလိုက်က္ၿပီး ေပ်ာက္လုနီးပါးျဖစ္ေနပါ့မလား...."
"ဒါက....မျဖစ္ႏိုင္တာ...."
ထိုလူက ေသခ်ာစဥ္းစားေနခ်ိန္ အားလုံးက သူမဟုတ္တာ ယုံသြားၾကၿပီျဖစ္သည္။
သူဒီလိုအမာရြတ္ကိုျပတာကလည္း စူးေနေရာင္ထက္အေၾကာင္းကိုသိသူမ႐ွိၾကေတာ့ ျပႆနာမျဖစ္ႏိုင္။
"ဒီ video က copy ႐ွိေသးလား..."
"မ႐ွိဘူး...."
ေကာင္းကင္ရဲ့အေမးကို အေယာင္ေယာင္အမွားမွားျပန္ေျဖေတာ့ ထိုလူ႔လက္ထဲမွဖုန္းကို ေကာင္းကင္ကလုကာ ေရခြက္ထဲပစ္ထည့္လိုက္သည္။
"မင္းဘာလုပ္တာလဲ! "
ဝဲလာသည့္ ထိုလူ႔လက္သီးက ေကာင္းကင္ဆီမေရာက္လိုက္ဘဲ စိုင္းစံတို႔ဝိုင္းထိုးျခင္းကိုခံရကာ ေျမႀကီးေပၚလဲက်ရာမွ အတင္းျပန္ထၿပီးထြက္ေျပးေလသည္။
"ဒီေလာက္နဲ႔မၿပီးဘူး စူးေနေရာင္ထက္!
ဓနဆိုတာဘာေကာင္လဲမင္းကိုျပမယ္!"
"လာစမ္းပါ!!"
"ထားလိုက္ မလိုက္နဲ႔ေတာ့"
ေျပးသြားသည့္ ထိုလူ႔ေနာက္ကိုမလိုက္ဖို႔ စိုင္းစံတို႔ကိုသလင္းျမဴေျပာလိုက္သည္။
ထိုအခာသူ႔အက်ႌေတြကိုေကာင္းကင္က ျပန္ဝတ္ေပးေလသည္။
"ကိုယ္မင္းကိုမယုံၾကည္သလိုျဖစ္သြားတယ္....
ကိုယ္ေတာင္းပန္ပါတယ္.... "
"အခုယုံၿပီလား.... "
"အင္း "
"အဲ့တာဆို ရၿပီ...."
"ေနာက္တစ္ခါလူေ႐ွ႕သူေ႐ွ႕ဒီလိုခြၽတ္မျပနဲ႔...."
စူပုတ္ပုတ္ေကာင္းကင္ေၾကာင့္ သလင္းျမဴရယ္ကာေခါင္းညိတ္လိုက္ပါသည္။
"စူးေနေရာင္ အဲ့ေကာင္ကမင္းနဲ႔ဘာဇယား႐ွိလို႔လဲ"
"ဘာဇယားမွမ႐ွိဘူး..."
"အဲ့တာဆို ဘလိုင္းႀကီးေပါ့...."
ေကာင္းကင္က ေရခြက္ထဲမွ ေရေရာဖုန္းကိုပါ ေျမႀကီးေပၚသြန္ခ်ပစ္လိုက္သည္။
"ခက္သံစဥ္....
နင့္ေဒါက္ဖိနပ္ငွါးစမ္းပါ...."
ခက္သံစဥ္ကခ်က္ခ်င္း ထကာ ဖိနပ္ခြၽတ္ေပးျခင္းမဟုတ္ဘဲ ဖုန္းကိုေၾကမြသြားေအာင္ တက္နင္းေလသည္။
"ေကာင္းတယ္.... "
ေတဇတို႔ လက္ဝါးခ်င္း႐ိုက္ကာ ရယ္ေနၾကေပမယ့္ သလင္းျမဴကေတာ့ အေတြးတို႔ႏွင့္တည္ၿငိမ္ေနသည္။
စူးေနေရာင္ထက္ သူ႔ကိုဘာေၾကာင့္ငွါးခဲ့လဲဆိုတဲ့အေၾကာင္းအရင္းကိုသူသိၿပီ....
စူးေနေရာင္ထက္အခုလို ပုန္းကြယ္ေနတဲ့အေၾကာင္းအရင္း....
မသိတဲ့ဖုန္းေတြလာလားလို႔အျမဲေမးသည့္ အေၾကာင္းအရင္း....
စူးေနေရာင္ထက္မ်က္ႏွာက ဒဏ္ရာ....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
နာက်င္မႈေတြနဲ႔အသားက်ေနတဲ့
ကြၽန္ေတာ့္ကိုပဲ နာက်င္မႈေတြအကုန္ေပးပါ
ကြၽန္ေတာ့္ခ်စ္သူကိုေတာ့
အခ်စ္ေတြနဲ႔ေပ်ာ္ရႊင္ပါေစ
သလင္းျမဴ
Bạn đang đọc truyện trên: Truyen247.Pro