Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-34 ( game over)

Unicode

"မင်းတို့နှစ်ကောင်ဘယ်သွားနေတာလဲ
Roll call တောင်ယူသွားပြီ...."

ပြုံးဖြီးဖြီးကြီးလုပ်နေသည့်ကောင်းကင်ကြောင့် ဟိုကောင်တွေကမသင်ကာတော့သလိုကြည့်လာရာ...

"မနက်စာမစားခဲ့ရလို့ မုန့်သွားစားတာ..."
"ဟုတ်လို့လား..."
"ဟုတ်တာပေါ့ ငါကမင်းတို့ကိုဘာကိစ္စလိမ်ရမှာလဲ....
နော... ကောင်းကင်..."

သူ့လှမ်းပြီး လက်ကိုကုတ်မှ ကောင်းကင်က ခေါင်းညိတ်လေသည်။

"မင်းတို့နှစ်ကောင်နော် အခုတလောရုတ်ရုတ် ရုတ်ရုတ်နဲ့....."

လက်ညိုးတထိုးထိုးနဲ့ကြိမ်းနေသည့် တေဇကြောင့် သလင်းမြူ မလုံမလဲတံတွေးမျိုချနေရပေမယ့် ဘေးမှကောင်းကင်ကတော့ မကြားသလို သူ့ကိုကြည့်ပြီးဖြီးနေတုန်း...

🎶📲 phone rings......

""Real""

သလင်းမြူ ထိုင်နေရာမှအမြန်ထကာ ကောင်းကင်ကိုပင်ဖယ်ခိုင်းမနေတော့ပဲ အတင်းတိုးထွက်ပြီး toilet တွေဘက်ကိုပြေးတော့သည်။

"Hello"

ဘယ်လိုအရှိန်နှင့်ပြေးလိုက်မှန်းကိုမသိ ဘေစင်မှန်ရှေ့ရောက်တော့ နံရံကိုအားပြုမှီရင်း အမောတကောနှင့်ဖုန်းကိုင်လိုက်သည်။

"အခြေအနေ..."
"အဖြေ...ပြန်ပေးလိုက်ပြီ..."
"ကောင်းတယ်...
မင်းတို့နှစ်ယောက်တွဲနေတာကို တခြားသူတွေလုံးဝမသိစေနဲ့...."
"ဘာလို့လဲ... "
"ငါ့ကိုပြန်မမေးနဲ့....
ငါပြောတာနားလည်လား..."
"အင်း..."
"အရေးအကြောင်းကိစ္စတစ်ခုခုရှိရင် ဒီ number ကိုပဲဆက်လိုက်...
ငါ korea မှာရှိနေတုန်းဆို ဒီ number ပဲသုံးမှာ..."
"အင်း..."

ပြောချင်တာပြောပြီး စူးနေရောင်ထက်က ဖုန်းချသွားသည်။

"ဘယ်သူနဲ့ပြောနေတာလဲ..."
"အမလေး !"

သလင်းမြူ ပြန်အလှည့် အနောက်မှာရောက်နေသည့် ကောင်းကင်ကိုတွေ့ရတော့ လန့်ပြီးတုန်သွားကာ ရင်ဘက်ကိုဖိထားလိုက်သည်။

"ဘာလို့ဒီလောက်တောင်လန့်သွားတာလဲ....
ကိုယ်ကသရဲမို့လို့လား..."

သရဲဆိုရင်တောင်ဒီလောက်မလန့်ဘူး....

သလင်းမြူစိတ်ထဲကနေသာ ပြောရင်း အသက်ကိုပုံမှန်လေးရှူနေရသည်။

"ဘယ်ကတည်းကရောက်နေတာလဲ..."
"အခုလေးတင်..."

သလင်းမြူ သက်ပြင်းကိုသာသာချလိုက်သည်။

"ဘာလို့လိုက်လာတာလဲ..."
"ဆေးလိပ်တွေသောက်နေမှာစိုးလို့ပေါ့..."
"သောက်တော့ရော ဘာဖြစ်လဲ..."

သလင်းမြူ မေးငေါ့ကာဘာလုပ်ချင်လဲဆိုသည့် ပုံစံမျိုးနှင့်မေးတော့ ကောင်းကင်က သွားတန်းတွေပေါ်အောင်ပြုံးကာ သူ့ခါးကိုဆွဲဖက်လေသည်။

"အသားယူတာပေါ့..."
"ကိုယ့်ချစ်သူကိုအသားယူလို့မရဘူးလား..."

ငုံ့ဆင်းလာသည့် နှုတ်ခမ်းတွေကိုမရှောင်ဖယ်ဘဲ သလင်းမြူ မျက်လုံးတင်းတင်းမှိတ်ပြီးစောင့်နေလိုက်သည်။

ဘယ်အထိအတွေ့မှမခံစားရဘဲ ရယ်သံခပ်တိုးတိုးကြားရသောကြောင့် သလင်းမြူ မျက်လုံးဖွင့်ကြည့်လိုက်သည်။

သူ့ကိုကြည့်ပြီးကြိတ်ရယ်နေသည့်ကောင်းကင်ကြောင့် သလင်းမြူ ရှက်ကာ ရင်ဘက်ကိုထုထည့်လိုက်သည်။

"ကောင်လေးတစ်ယောက်ဘာတွေတွေးနေတာလဲမသိဘူး...."

သူ့ရင်ဘက်ကိုမနာအောင်ထုပြီး ပါးပြင်ရောနားရွက်တွေပါရဲတက်လာသည့် ရင်ခွင်ထဲက လောလောလတ်လတ်အဖြေပြန်ပေးထားသည့် ချစ်သူလေးက နှုတ်ခမ်းလေးစူလာသလိုရှိရာ စိတ်ဆိုးတော့မည်ထင်သည်။

အရင်ကတည်းကထိတွေ့ချင်နေခဲ့သည့် လည်တိုင်ဘယ်ဘက်အခြမ်းမှ မှဲ့လေးကိုသူငုံ့နမ်းလိုက်ရာ ရုတ်တရက်မို့ ရင်ခွင်ထဲက ခန္ဓာကိုယ်လေးက တွန့်သွားပေမယ့် မရုန်း....

"ကိုယ့်ကိုကြည့်ပါဦး..."

ခေါင်းမော့မလာသည့်ကောင်းလေးကို မေးဖျားလေးမှကိုင်ကာ မော့စေလိုက်တော့ နှုတ်ခမ်းလေးကိုက်ထားသည့်နေရောင်က သူ့ကိုတစ်ချက်သာကြည့်ကာ ခေါင်းငုံ့သွားပြန်သည်။

"ကိုယ့်ကိုကြည့်ပါဦးဆိုမှကွာ....
ခေါင်းလေးမော့ပါ....နော်...."
"ရှက်တယ်..."

ရင်ခွင်ထဲပိုတိုးဝင်လာသည့် ချစ်ရသူလေးရဲ့ဆံနွယ်ပျော့ပျော့တို့ကိုနမ်းရှိုက်ရင်း ပိုတိုးကာဖက်ထားလိုက်သည်။

သလင်းမြူ စူးနေရောင်ထက်ပြောသည့်စကားကိုပြန်သတိရကာ ကောင်းကင်ရင်ခွင်ထဲမှအမြန်ထွက်လိုက်သည်။

"ဘာဖြစ်လို့လဲ.... "
"Toilet လာတဲ့တစ်ယောက်ယောက်မြင်သွားမှာစိုးလို့...."
"မြင်ပါစေပေါ့ကွာ...
တေဇတို့ကို ကိုယ်တို့ကချစ်သူတွေဆိုတာပြောပြကြရအောင်...."
"မဖြစ်ဘူး! "

သူ့ရဲ့အထိတ်တလန့်ငြင်းဆန်မှုကြောင့် ကောင်းကင်အံ့ဩသွားပုံပင်။

"ဘာလို့လဲ.... "
"ငါတို့နှစ်ယောက်လုံးက ယောက်ျားလေးတွေလေ....
ငါတို့ဖွင့်ပြောလိုက်လို့ ငါတို့သူငယ်ချင်းတွေငါတို့အပေါ်ပြောင်းလဲသွားမှာကို မလိုချင်ဘူး..."
"မပြောင်းလဲလောက်ပါဘူး...
အဲ့ကောင်တွေကိုယ်တို့ကို လက်ခံလောက်မှာပါ..."
"ဒီတိုင်း ဒီလိုလေးပဲ နေလို့မရဘူးလား....
ဟင်...ကောင်းကင်...."

သလင်းမြူ အသနားခံသလိုပြောတော့ ကောင်းကင်တိတ်နေသည်။

"ငါအဆင်သင့်မဖြစ်သေးလို့ပါ...."

ကောင်းကင် ခေါင်းညိတ်လိုက်ကာ သူ့ကိုဖက်လာပြန်သည်။

"မင်းလေးရဲ့သဘော....
မင်းလေးဖြစ်စေချင်သလို ကိုယ်လုပ်ပါ့မယ်..."
"ကျေးဇူးတင်ပါတယ်..... ကောင်းကင်..."
"ကျေးဇူးထက်ဒါပိုလိုချင်တယ်..."

ပါးတစ်ဖက်ကို ပုတ်ကာပြောသူကို သလင်းမြူ နှာခေါင်းရှုံ့ပြကာ အလိုက်သင့်လေး ကောင်းကင်ပါးပြင်ကို နမ်းလိုက်သည်။

"ဒီနေ့မှချစ်သူစဖြစ်တာကို အရမ်းအသားယူတယ်နော်...."
"ချစ်လို့ပါကွာ....
အရမ်းချစ်လွန်းလို့...."

သူ့နဖူးပြင်ကို အထပ်ထပ်အခါခါနမ်းရင်း ကောင်းကင်ကပြောလေသည်။

ပါမောက္ခဆရာ ရှင်းပြတာကို သေချာလိုက်မှတ်သားနေတုန်း စာရေးနေသည့် သူ့ညာလက်ကို လာကိုင်သည့် ကောင်းကင်ကြောင့် ဘေးမှ စိုင်းစံတို့ကိုအလန့်တကြားကြည့်လိုက်တော့ သူတို့အာရုံနှင့်သူတို့...

"လွှတ်...."

နှစ်ယောက်ကြားသာရုံအသံနှင့်ပြောပေမယ့် ကောင်းကင်က သူ့လက်ကိုမလွှတ်ပေးပဲ ခုံအောက်ကိုဆွဲကာ ဆုပ်ကိုင်ထားဆဲ...

သလင်းမြူမှာလည်း ကြည်နူးသလိုလိုနှင့် ဟိုကာင်တွေမြင်မှာလည်း လန့်နေရပြီး တစ်ယောက်တည်း ဂနာမငြိမ်ပေမယ့် ကောင်းကင်ကတော့ အမူအရာမပျက် စာအုပ်ကိုသာကြည့်ရင်းပြုံးနေသည်။

ညနေအတန်းတွေပြီးတော့ ဦးထွန်းဆီဖုန်းဆက်ကာလာမကြိုခိုင်းတော့ဘဲ ကောင်းကင်ရဲ့ဆိုင်ကယ်နှင့်သာ သူပြန်ခဲ့သည်။

"ခါးကိုသေချာဖက်ထားပါဆိုကွာ..."
"ဖက်ထားတာပဲလေ..."

ကောင်ကင်က ခါးကိုကိုင်ရုံကိုင်ထားသည့် သူ့လက်တွေကို ဆွဲကာ သေချာကိုနေရာချပေးပေမယ့် သလင်းမြူ မနေတတ်သောကြောင့် လွှတ်လွှတ်ပစ်သည်။

"နေရောင်...."
"မနေတတ်ဘူး...
ဒီတိုင်းကိုင်ထားလည်းရတာပဲကို..."
"မင်းရပေမယ့် ကိုယ်မရဘူး...
မနေတတ်လည်း ဒီနေ့ကစပြီးနေတတ်အောင်လေ့ကျင့်...."

သလင်းမြူ အနောက်ကနေပဲ ပွစိပွစိလုပ်နေသည့်ကောင်းကင်ကို လျှာထုတ်ကာပြောင်နေသည်။

အိမ်ရှေ့ရောက်တာတောင် အတင်းအခန်းထဲအထိ လိုက်ပို့ချင်သည်ဆိုလာပြန်သည့်ကောင်းကင်...

ဘုန်းရှိန်ဝါထက်ရဲ့ကားရောလူကိုပါအရိပ်အရောင်မတွေ့ရသောကြောင့် သူပေးလိုက်သည့် stick ကအလုပ်ဖြစ်သည်ထင်...

သူ့ကျောပိုးအိတ်ကိုပါသယ်ပေးရင်း ကောင်းကင်ကပြောသေးသည်။

"ကိုယ့်ချစ်သူရဲ့အိတ်ကို အလိုက်တသိသယ်ပေးရမယ်...."

သူအခန်းထဲရောက်တာတောင် တာ့တာ့လုပ်ရင်း အခန်းပေါက်မှာကောင်းကင်က ခြေတစ်လှမ်းမှမရွေ့သေး....

"ကိုယ်သွားတော့မယ်နော်..."
"အင်း..."
"လိုက်ကာတွေလုံးဝမပိတ်နဲ့နော်..."
"ဟုတ်ကဲ့..."
"ညကျရင် ဖုန်းဆက်မယ်နော်..."
"ဟုတ်...."
"ကိုယ်အခုတကယ်သွားတော့မယ်နော်"

သလင်းမြူ ကောင်းကင်အနားသွားကာ ခြေဖျားထောက်ရင်း ပါးပြင်ကိုနမ်းလိုက်သည်။

"သွားတော့...."
"တစ်ခါလောက်ထပ်နမ်းပါလား..."
"မရတော့ဘူး တော်ပြီ...
ပြန်တော့..."
"ကိုယ်ပြန်တော့မယ်နော်....
ချစ်တယ်..."

နောက်တစ်လှည့်လှည့်နှင့် ကောင်းကင်လှေကားမှဆင်းသွားလေသည်။

လှမ်းကြည့်မြင်နေရတာတောင် ဆယ်မိနစ်ခြားတစ်ခါ လွမ်းလို့ဆိုပြီး ဖုန်းခေါ်သည့် ကောင်းကင်ကို သလင်းမြူ စိတ်ဆိုးသလိုပြောမှ ငြိမ်သွားသည်။

ညဘက်ကြီးအေးတာတောင် ဖုန်းပြောရင်းမျက်နှာလေးကြည့်ချင်လို့ဆိုပြီး ဝရန်တာကိုအတင်းထွက်လာခိုင်းသေးသည်။

အိပ်တာတောင် သူ့အခန်းဘက်ကို မျက်နှာမူလှည့်အိပ်ရသည်အထိ....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

တပြွတ်ပြွတ်နှင့် သူ့နှုတ်ခမ်းကို စုပ်နေသလို ခံစားရတာကြောင့် သလင်းမြူ အိပ်မှုံစုံမွှားနှင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။

"Good morning ချစ်ဆုံးလေး.....
အိပ်ပျော်နေတာလေးကအသဲယားစရာကောင်းတယ်....."

သူ့နှုတ်ခမ်းတွေကို ထပ်စုပ်ဖို့ကြံနေပုံရသည့် ကောင်းကင်ကြောင့် လက်နှင့်အုပ်ကာ သလင်းမြူထထိုင်လိုက်သည်။

"မနမ်းနဲ့....
ခွင့်လည်းမတောင်းဘူး...."
"ခွင့်တောင်းပြီးမှနမ်းရမှာလား ...
အဲ့တာဆိုလည်း နမ်းခွင့်ပြုပါကွာ..."
"သွားမတိုက်ရသေးဘူး....
ရွံစရာကြီး.... "
"ကိုယ်မရွံဘူး...."
"မင်းမရွံလည်း ငါရွံတယ်...."

နှုတ်ခမ်းမရတော့ သူ့လက်ချောင်းတွေကို ဆွဲငုံသည့် ကောင်းကင်...

"ဘာလုပ်တာလဲ.... "
"အူယားလို့ပါဆိုကွာ...."

သူ့လက်ချောင်းလေးတွေကို တစ်ချောင်းချင်းငုံရင်း ဖွဖွလေးလေးကိုက်သေးသည်။

"ဖြစ်နိုင်ရင် တစ်ကိုယ်လုံးငုံထားချင်တယ်..."

ကောင်းကင်ရဲ့ထိုစကားနဲ့တင် သလင်းမြူ အော်ဂလီဆန်သွားရသည်။

ဘယ်လောက်တောင် ငန်လိုက်မလဲ...

ခါတိုင်းလိုပဲတိတ်ဆိတ်နေသည့် မနက်စာဝိုင်းက သူနဲ့ကောင်းကင်နှစ်ယောက်သာရှိနေသည်။

"ဘုန်းရှိန်ဝါထက်ရော..."
"ညကတည်းကပြန်မလာပါဘူး အစ်ကိုလေး...."

သလင်းမြူ ခပ်တွေတွေလေးဖြစ်သွားတော့ ကောင်းကင်မျက်နှာပါညှိုးသွားသည်။

"ဘုန်းရှိန်ဝါထက်ကိုစိတ်ပူလို့လား...."
"အင်း...."

သလင်းမြူ ဖြေပြီးမှ ယဲ့ယဲ့လေးသာပြုံးသည့် ကောင်းကင်ကြောင့် ကိုယ့်ပါးစပ်ကိုဖြတ်ရိုက်ချင်မိသွားသည်။

"သူကငါ့ရဲ့တစ်ဦးတည်းသောမိသားစုဝင်မို့....
စိတ်ပူတာသဘာဝပဲလေ....မဟုတ်ဘူးလား...."

ရှင်းပြသလိုလေး သူပြောတော့ ကောင်းကင်က သဘောပေါက်လွယ်စွာ ပြန်ရွှင်လန်းလာပါသည်။

🎶📩 income message...

""ငါတို့တွေ့ရအောင်""

စောစောစီးစီး ဒီမိန်းမငါ့ကို ဘယ်လိုတွေပြောဦးမလို့လဲမသိဘူး...

"ဘယ်သူ့ဆီကလဲ..."
"သူငယ်ချင်းတစ်ယောက်ဆီက...."

သလင်းမြူ အရေးမကြီးသလိုပဲထားလိုက်သည်။

ချက်ချင်းဆိုသလို ထပ်ဝင်လာသည့် message က ဆိုင်တစ်ဆိုင်ရဲ့လိပ်စာ...

"ကောင်းကင်...."
"ဗျာ..."
"ခဏနေငါအပြင်ခဏသွားဦးမယ်နော်...."
"ဘယ်သွားမလို့လဲ...."
"ခုနကသူငယ်ချင်းနဲ့သွားတွေ့မလို့..."
"ကိုယ်လည်းလိုက်ခဲ့မယ်လေ..."
"လိုက်လို့မရဘူး....
ခဏပဲသွားမှာ...
အဲ့သူငယ်ချင်းက သူနိုင်ငံခြားကပြန်လာလို့ လက်ဆောင်ပေးမလို့ခေါ်တာ...
သူနဲ့စကားပြောပြီးတာနဲ့ချက်ချင်းပြန်လာခဲ့မယ်နော်..."
"မကြာစေနဲ့နော်...
ကိုယ်ကလွမ်းနေမှာ...."

ကောင်းကင် စူးနေရောင်ထက်ကို အရမ်းချစ်မှန်းသူခံစားမိသောကြောင့်
ပိုလွန်းသည်ဟု သူမပြောရက်ပါ....

စားသောက်ဆိုင်ရဲ့အပြင် စားပွဲမှာထိုင်းပြီး သူ့ကိုစောင့်နေသည့် နန်းစံထိုက်ထံသူတည့်တည့်မတ်မတ် လျှောက်သွားလိုက်သည်။

"ဘာကိစ္စရှိလို့ချိန်းတာလဲ...."
"နင်ကိုဘုန်းကိုဘာမဟုတ်ကဟုတ်ကတွေပြောလိုက်တာလဲ..."

ဟိုတစ်နေ့ကမှတွေ့ခဲ့သည့် နန်းစံထိုက်နှင့် မတူညီစွာပင် ယခုသူ့ရှေ့မှ နန်းစံထိုက်က အိပ်ရေးပျက်ထားသည့်ပုံနှင့် မြွေအစွယ်ချိုးခံထားရသလိုပင်။

"မဟုတ်ကဟုတ်ကတွေမပြောဘူး...
မှန်တာတွေပဲပြောလိုက်တာ..."

သူ့ကိုစိုက်ကြည့်ရင်း ရုတ်တရက်မတ်တပ်ထရသည့် သူမကြောင့် သလင်းမြူ ရေနှင့်ထပ်အပက်ခံရတော့မည်ထင်ကာ မျက်လုံးထဲမဝင်စေရန် မျက်စိမှိတ်လိုက်သည်။

"တောင်းပန်ပါတယ်.....
ငါတကယ် တောင်းပန်ပါတယ်..."

သူ့ရှေ့မှာ ဒူးထောက်ရင်း လက်အုပ်ချီမတတ်တောင်းပန်နေသည့် နန်းစံထိုက်ကြောင့် သလင်းမြူ မှာလည်း အလန့်တကြားမတ်တပ်ထရပ်လိုက်သည်။

"ငါဒူးထောက်တောင်းပန်ပါတယ်....
ကိုဘုန်းကိုငါ့ဆီကနေပြန်လုယူမသွားပါနဲ့...."

ငိုယိုရင်းပြောနေသည့် သူမက မာနတွေသိက္ခာတွေကို အကုန်မြောင်းထဲလွင့်ပစ်လိုက်ပုံပင်။

"ဘုန်းရှိန်ဝါထက်ကိုအဲ့လောက်တောင်ချစ်လား...."
"ငါ့မှာရှိတဲ့အရာအားလုံးထက်ကိုချစ်တယ်...."

တခြား ဆိုင်ဝန်ထမ်းဧည့်သည်တွေကလည်း သူတို့နှစ်ယောက်ကိုအာရုံစိုက်လာကြသည်။

"ခင်ဗျားသိလား....
ဘုန်းရှိန်ဝါထက်က ခင်ဗျားကိုသူလိုချင်တာရှိလို့ကပ်တာ သူခင်ဗျားကိုလုံးဝမချစ်ဘူး...."
"သိတယ်...."
"ဒါတောင်သူ့ကိုမစွန်လွှတ်နိုင်ဘူးပေါ့..."
"အင်း...."

သလင်းမြူ ဒီပွဲကိုဆက်မကစားတော့ဖို့ဆုံးဖြတ်လိုက်ပါသည်။

သူဒီတစ်ခါတော့ နန်းစံထိုက်ကိုသနားမိသွားသည်။ သူ့တုန်းက ကိုကိုကသူ့ကိုချစ်တယ်ဆိုပြီး ယုံကြည်ထားလို့ ရူးမိုက်ခဲ့ပေမယ့် တခြားတစ်ယောက်ရှိနေမှန်းသိတာနဲ့ သူသည်းမခံနိုင်ခဲ့....

နန်းစံထိုက်ကတော့ မတူညီ။

ကောင်းကင်ကရော နန်းစံထိုက်လိုလူမျိုးလား...

နန်းစံထိုက်လိုကောင်းကင်သာဆိုရင်ဆိုသည့် မဆိုင်ဘူးထင်ရသည့်အတွေးဝင်လာတော့ မျက်ဝန်းထက်မှ မျက်ရည်တစ်စက်ကဖွဲ့တည်လာကာ ကြမ်းပြင်ပေါ်သက်ဆင်းသွားသည်။

"ခင်ဗျားနဲ့ ဘုန်းရှိန်ဝါထက်ကြားကို ကျွန်တော်နောက်ထပ်ဝင်မရှုပ်တော့ဘူး....
ဘုန်းရှိန်ဝါထက်ကိုလည်း လုယူမှာမဟုတ်လို့စိတ်မပူနဲ့...
သူ့အချစ်ကိုမရတိုင်း ကျွန်တော့်ကိုလွှဲချပြီးသာ လာမရိုင်းနဲ့...."

သလင်းမြူ ထိုနေရာကနေ ကျောခိုင်းထွက်လာခဲ့သည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

အချစ််ကိုတွေ့တဲ့အခါ
မင်းလည်းကိုယ်ချင်းစာတတ်လာလိမ့်မယ်

************************************

Zawgyi

"မင္းတို႔ႏွစ္ေကာင္ဘယ္သြားေနတာလဲ
Roll call ေတာင္ယူသြားၿပီ...."

ျပဳံးၿဖီးၿဖီးႀကီးလုပ္ေနသည့္ေကာင္းကင္ေၾကာင့္ ဟိုေကာင္ေတြကမသင္ကာေတာ့သလိုၾကည့္လာရာ...

"မနက္စာမစားခဲ့ရလို႔ မုန္႔သြားစားတာ..."
"ဟုတ္လို႔လား..."
"ဟုတ္တာေပါ့ ငါကမင္းတို႔ကိုဘာကိစၥလိမ္ရမွာလဲ....
ေနာ... ေကာင္းကင္..."

သူ႔လွမ္းျပီး လက္ကိုကုတ္မွ ေကာင္းကင္က ေခါင္းညိတ္ေလသည္။

"မင္းတို႔ႏွစ္ေကာင္ေနာ္ အခုတေလာ႐ုတ္႐ုတ္ ႐ုတ္႐ုတ္နဲ႔....."

လက္ညိဳးတထိုးထိုးနဲ႔ႀကိမ္းေနသည့္ ေတဇေၾကာင့္ သလင္းျမဴ မလုံမလဲတံေတြးမ်ိဳခ်ေနရေပမယ့္ ေဘးမွေကာင္းကင္ကေတာ့ မၾကားသလို သူ႔ကိုၾကည့္ၿပီးၿဖီးေနတုန္း...

🎶📲 phone rings......

""Real""

သလင္းျမဴ ထိုင္ေနရာမွအျမန္ထကာ ေကာင္းကင္ကိုပင္ဖယ္ခိုင္းမေနေတာ့ပဲ အတင္းတိုးထြက္ၿပီး toilet ေတြဘက္ကိုေျပးေတာ့သည္။

"Hello"

ဘယ္လိုအ႐ွိန္ႏွင့္ေျပးလိုက္မွန္းကိုမသိ ေဘစင္မွန္ေ႐ွ႕ေရာက္ေတာ့ နံရံကိုအားျပဳမွီရင္း အေမာတေကာႏွင့္ဖုန္းကိုင္လိုက္သည္။

"အေျခအေန..."
"အေျဖ...ျပန္ေပးလိုက္ၿပီ..."
"ေကာင္းတယ္...
မင္းတို႔ႏွစ္ေယာက္တြဲေနတာကို တျခားသူေတြလုံးဝမသိေစနဲ႔...."
"ဘာလို႔လဲ... "
"ငါ့ကိုျပန္မေမးနဲ႔....
ငါေျပာတာနားလည္လား..."
"အင္း..."
"အေရးအေၾကာင္းကိစၥတစ္ခုခု႐ွိရင္ ဒီ number ကိုပဲဆက္လိုက္...
ငါ korea မွာ႐ွိေနတုန္းဆို ဒီ number ပဲသုံးမွာ..."
"အင္း..."

ေျပာခ်င္တာေျပာၿပီး စူးေနေရာင္ထက္က ဖုန္းခ်သြားသည္။

"ဘယ္သူနဲ႔ေျပာေနတာလဲ..."
"အမေလး !"

သလင္းျမဴ ျပန္အလွည့္ အေနာက္မွာေရာက္ေနသည့္ ေကာင္းကင္ကိုေတြ႔ရေတာ့ လန္႔ၿပီးတုန္သြားကာ ရင္ဘက္ကိုဖိထားလိုက္သည္။

"ဘာလို႔ဒီေလာက္ေတာင္လန္႔သြားတာလဲ....
ကိုယ္ကသရဲမို႔လို႔လား..."

သရဲဆိုရင္ေတာင္ဒီေလာက္မလန္႔ဘူး....

သလင္းျမဴစိတ္ထဲကေနသာ ေျပာရင္း အသက္ကိုပုံမွန္ေလး႐ွဴေနရသည္။

"ဘယ္ကတည္းကေရာက္ေနတာလဲ..."
"အခုေလးတင္..."

သလင္းျမဴ သက္ျပင္းကိုသာသာခ်လိုက္သည္။

"ဘာလို႔လိုက္လာတာလဲ..."
"ေဆးလိပ္ေတြေသာက္ေနမွာစိုးလို႔ေပါ့..."
"ေသာက္ေတာ့ေရာ ဘာျဖစ္လဲ..."

သလင္းျမဴ ေမးေငါ့ကာဘာလုပ္ခ်င္လဲဆိုသည့္ ပုံစံမ်ိဳးႏွင့္ေမးေတာ့ ေကာင္းကင္က သြားတန္းေတြေပၚေအာင္ျပဳံးကာ သူ႔ခါးကိုဆြဲဖက္ေလသည္။

"အသားယူတာေပါ့..."
"ကိုယ့္ခ်စ္သူကိုအသားယူလို႔မရဘူးလား..."

ငုံ႔ဆင္းလာသည့္ ႏႈတ္ခမ္းေတြကိုမေ႐ွာင္ဖယ္ဘဲ သလင္းျမဴ မ်က္လုံးတင္းတင္းမွိတ္ၿပီးေစာင့္ေနလိုက္သည္။

ဘယ္အထိအေတြ႔မွမခံစားရဘဲ ရယ္သံခပ္တိုးတိုးၾကားရေသာေၾကာင့္ သလင္းျမဴ မ်က္လုံးဖြင့္ၾကည့္လိုက္သည္။

သူ႔ကိုၾကည့္ၿပီးႀကိတ္ရယ္ေနသည့္ေကာင္းကင္ေၾကာင့္ သလင္းျမဴ ႐ွက္ကာ ရင္ဘက္ကိုထုထည့္လိုက္သည္။

"ေကာင္ေလးတစ္ေယာက္ဘာေတြေတြးေနတာလဲမသိဘူး...."

သူ႔ရင္ဘက္ကိုမနာေအာင္ထုၿပီး ပါးျပင္ေရာနားရြက္ေတြပါရဲတက္လာသည့္ ရင္ခြင္ထဲက ေလာေလာလတ္လတ္အေျဖျပန္ေပးထားသည့္ ခ်စ္သူေလးက ႏႈတ္ခမ္းေလးစူလာသလို႐ွိရာ စိတ္ဆိုးေတာ့မည္ထင္သည္။

အရင္ကတည္းကထိေတြ႔ခ်င္ေနခဲ့သည့္ လည္တိုင္ဘယ္ဘက္အျခမ္းမွ မွဲ႔ေလးကိုသူငုံ႔နမ္းလိုက္ရာ ႐ုတ္တရက္မို႔ ရင္ခြင္ထဲက ခႏၶာကိုယ္ေလးက တြန္႔သြားေပမယ့္ မ႐ုန္း....

"ကိုယ့္ကိုၾကည့္ပါဦး..."

ေခါင္းေမာ့မလာသည့္ေကာင္းေလးကို ေမးဖ်ားေလးမွကိုင္ကာ ေမာ့ေစလိုက္ေတာ့ ႏႈတ္ခမ္းေလးကိုက္ထားသည့္ေနေရာင္က သူ႔ကိုတစ္ခ်က္သာၾကည့္ကာ ေခါင္းငုံ႔သြားျပန္သည္။

"ကိုယ့္ကိုၾကည့္ပါဦးဆိုမွကြာ....
ေခါင္းေလးေမာ့ပါ....ေနာ္...."
"႐ွက္တယ္..."

ရင္ခြင္ထဲပိုတိုးဝင္လာသည့္ ခ်စ္ရသူေလးရဲ႕ဆံႏြယ္ေပ်ာ့ေပ်ာ့တို႔ကိုနမ္း႐ွိဳက္ရင္း ပိုတိုးကာဖက္ထားလိုက္သည္။

သလင္းျမဴ စူးေနေရာင္ထက္ေျပာသည့္စကားကိုျပန္သတိရကာ ေကာင္းကင္ရင္ခြင္ထဲမွအျမန္ထြက္လိုက္သည္။

"ဘာျဖစ္လို႔လဲ.... "
"Toilet လာတဲ့တစ္ေယာက္ေယာက္ျမင္သြားမွာစိုးလို႔...."
"ျမင္ပါေစေပါ့ကြာ...
ေတဇတို႔ကို ကိုယ္တို႔ကခ်စ္သူေတြဆိုတာေျပာျပၾကရေအာင္...."
"မျဖစ္ဘူး! "

သူ႔ရဲ႕အထိတ္တလန္႔ျငင္းဆန္မႈေၾကာင့္ ေကာင္းကင္အံ့ဩသြားပုံပင္။

"ဘာလို႔လဲ.... "
"ငါတို႔ႏွစ္ေယာက္လုံးက ေယာက္်ားေလးေတြေလ....
ငါတို႔ဖြင့္ေျပာလိုက္လို႔ ငါတို႔သူငယ္ခ်င္းေတြငါတို႔အေပၚေျပာင္းလဲသြားမွာကို မလိုခ်င္ဘူး..."
"မေျပာင္းလဲေလာက္ပါဘူး...
အဲ့ေကာင္ေတြကိုယ္တို႔ကို လက္ခံေလာက္မွာပါ..."
"ဒီတိုင္း ဒီလိုေလးပဲ ေနလို႔မရဘူးလား....
ဟင္...ေကာင္းကင္...."

သလင္းျမဴ အသနားခံသလိုေျပာေတာ့ ေကာင္းကင္တိတ္ေနသည္။

"ငါအဆင္သင့္မျဖစ္ေသးလို႔ပါ...."

ေကာင္းကင္ ေခါင္းညိတ္လိုက္ကာ သူ႔ကိုဖက္လာျပန္သည္။

"မင္းေလးရဲ႕သေဘာ....
မင္းေလးျဖစ္ေစခ်င္သလို ကိုယ္လုပ္ပါ့မယ္..."
"ေက်းဇူးတင္ပါတယ္..... ေကာင္းကင္..."
"ေက်းဇူးထက္ဒါပိုလိုခ်င္တယ္..."

ပါးတစ္ဖက္ကို ပုတ္ကာေျပာသူကို သလင္းျမဴ ႏွာေခါင္း႐ႈံ႕ျပကာ အလိုက္သင့္ေလး ေကာင္းကင္ပါးျပင္ကို နမ္းလိုက္သည္။

"ဒီေန႔မွခ်စ္သူစျဖစ္တာကို အရမ္းအသားယူတယ္ေနာ္...."
"ခ်စ္လို႔ပါကြာ....
အရမ္းခ်စ္လြန္းလို႔...."

သူ႔နဖူးျပင္ကို အထပ္ထပ္အခါခါနမ္းရင္း ေကာင္းကင္ကေျပာေလသည္။

ပါေမာကၡဆရာ ႐ွင္းျပတာကို ေသခ်ာလိုက္မွတ္သားေနတုန္း စာေရးေနသည့္ သူ႔ညာလက္ကို လာကိုင္သည့္ ေကာင္းကင္ေၾကာင့္ ေဘးမွ စိုင္းစံတို႔ကိုအလန္႔တၾကားၾကည့္လိုက္ေတာ့ သူတို႔အာ႐ုံႏွင့္သူတို႔...

"လႊတ္...."

ႏွစ္ေယာက္ၾကားသာ႐ုံအသံႏွင့္ေျပာေပမယ့္ ေကာင္းကင္က သူ႔လက္ကိုမလႊတ္ေပးပဲ ခုံေအာက္ကိုဆြဲကာ ဆုပ္ကိုင္ထားဆဲ...

သလင္းျမဴမွာလည္း ၾကည္ႏူးသလိုလိုနွင့္ ဟိုကာင္ေတြျမင္မွာလည္း လန္႔ေနရၿပီး တစ္ေယာက္တည္း ဂနာမၿငိမ္ေပမယ့္ ေကာင္းကင္ကေတာ့ အမူအရာမပ်က္ စာအုပ္ကိုသာၾကည့္ရင္းျပဳံးေနသည္။

ညေနအတန္းေတြၿပီးေတာ့ ဦးထြန္းဆီဖုန္းဆက္ကာလာမႀကိဳခိုင္းေတာ့ဘဲ ေကာင္းကင္ရဲ႕ဆိုင္ကယ္ႏွင့္သာ သူျပန္ခဲ့သည္။

"ခါးကိုေသခ်ာဖက္ထားပါဆိုကြာ..."
"ဖက္ထားတာပဲေလ..."

ေကာင္ကင္က ခါးကိုကိုင္႐ုံကိုင္ထားသည့္ သူ႔လက္ေတြကို ဆြဲကာ ေသခ်ာကိုေနရာခ်ေပးေပမယ့္ သလင္းျမဴ မေနတတ္ေသာေၾကာင့္ လႊတ္လႊတ္ပစ္သည္။

"ေနေရာင္...."
"မေနတတ္ဘူး...
ဒီတိုင္းကိုင္ထားလည္းရတာပဲကို..."
"မင္းရေပမယ့္ ကိုယ္မရဘူး...
မေနတတ္လည္း ဒီေန႔ကစၿပီးေနတတ္ေအာင္ေလ့က်င့္...."

သလင္းျမဴ အေနာက္ကေနပဲ ပြစိပြစိလုပ္ေနသည့္ေကာင္းကင္ကို လ်ွာထုတ္ကာေျပာင္ေနသည္။

အိမ္ေ႐ွ႕ေရာက္တာေတာင္ အတင္းအခန္းထဲအထိ လိုက္ပို႔ခ်င္သည္ဆိုလာျပန္သည့္ေကာင္းကင္...

ဘုန္း႐ွိန္ဝါထက္ရဲ႕ကားေရာလူကိုပါအရိပ္အေရာင္မေတြ႔ရေသာေၾကာင့္ သူေပးလိုက္သည့္ stick ကအလုပ္ျဖစ္သည္ထင္...

သူ႔ေက်ာပိုးအိတ္ကိုပါသယ္ေပးရင္း ေကာင္းကင္ကေျပာေသးသည္။

"ကိုယ့္ခ်စ္သူရဲ႕အိတ္ကို အလိုက္တသိသယ္ေပးရမယ္...."

သူအခန္းထဲေရာက္တာေတာင္ တာ့တာ့လုပ္ရင္း အခန္းေပါက္မွာေကာင္းကင္က ေျခတစ္လွမ္းမွမေရြ႔ေသး....

"ကိုယ္သြားေတာ့မယ္ေနာ္..."
"အင္း..."
"လိုက္ကာေတြလုံးဝမပိတ္နဲ႔ေနာ္..."
"ဟုတ္ကဲ့..."
"ညက်ရင္ ဖုန္းဆက္မယ္ေနာ္..."
"ဟုတ္...."
"ကိုယ္အခုတကယ္သြားေတာ့မယ္ေနာ္"

သလင္းျမဴ ေကာင္းကင္အနားသြားကာ ေျခဖ်ားေထာက္ရင္း ပါးျပင္ကိုနမ္းလိုက္သည္။

"သြားေတာ့...."
"တစ္ခါေလာက္ထပ္နမ္းပါလား..."
"မရေတာ့ဘူး ေတာ္ၿပီ...
ျပန္ေတာ့..."
"ကိုယ္ျပန္ေတာ့မယ္ေနာ္....
ခ်စ္တယ္..."

ေနာက္တစ္လွည့္လွည့္ႏွင့္ ေကာင္းကင္ေလွကားမွဆင္းသြားေလသည္။

လွမ္းၾကည့္ျမင္ေနရတာေတာင္ ဆယ္မိနစ္ျခားတစ္ခါ လြမ္းလို႔ဆိုၿပီး ဖုန္းေခၚသည့္ ေကာင္းကင္ကို သလင္းျမဴ စိတ္ဆိုးသလိုေျပာမွ ၿငိမ္သြားသည္။

ညဘက္ႀကီးေအးတာေတာင္ ဖုန္းေျပာရင္းမ်က္ႏွာေလးၾကည့္ခ်င္လို႔ဆိုၿပီး ဝရန္တာကိုအတင္းထြက္လာခိုင္းေသးသည္။

အိပ္တာေတာင္ သူ႔အခန္းဘက္ကို မ်က္နွာမူလွည့္အိပ္ရသည္အထိ....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

တႁပြတ္ႁပြတ္ႏွင့္ သူ႔ႏႈတ္ခမ္းကို စုပ္ေနသလို ခံစားရတာေၾကာင့္ သလင္းျမဴ အိပ္မႈံစံုမႊားႏွင့္ မ်က္လုံးဖြင့္ၾကည့္လိုက္သည္။

"Good morning ခ်စ္ဆုံးေလး.....
အိပ္ေပ်ာ္ေနတာေလးကအသဲယားစရာေကာင္းတယ္....."

သူ႔ႏႈတ္ခမ္းေတြကို ထပ္စုပ္ဖို႔ၾကံေနပုံရသည့္ ေကာင္းကင္ေၾကာင့္ လက္ႏွင့္အုပ္ကာ သလင္းျမဴထထိုင္လိုက္သည္။

"မနမ္းနဲ႔....
ခြင့္လည္းမေတာင္းဘူး...."
"ခြင့္ေတာင္းၿပီးမွနမ္းရမွာလား ...
အဲ့တာဆိုလည္း နမ္းခြင့္ျပဳပါကြာ..."
"သြားမတိုက္ရေသးဘူး....
ရြံစရာႀကီး.... "
"ကိုယ္မရြံဘူး...."
"မင္းမရြံလည္း ငါရြံတယ္...."

ႏႈတ္ခမ္းမရေတာ့ သူ႔လက္ေခ်ာင္းေတြကို ဆြဲငုံသည့္ ေကာင္းကင္...

"ဘာလုပ္တာလဲ.... "
"အူယားလို႔ပါဆိုကြာ...."

သူ႔လက္ေခ်ာင္းေလးေတြကို တစ္ေခ်ာင္းခ်င္းငုံရင္း ဖြဖြေလးေလးကိုက္ေသးသည္။

"ျဖစ္ႏိုင္ရင္ တစ္ကိုယ္လုံးငုံထားခ်င္တယ္..."

ေကာင္းကင္ရဲ႕ထိုစကားနဲ႔တင္ သလင္းျမဴ ေအာ္ဂလီဆန္သြားရသည္။

ဘယ္ေလာက္ေတာင္ ငန္လိုက္မလဲ...

ခါတိုင္းလိုပဲတိတ္ဆိတ္ေနသည့္ မနက္စာဝိုင္းက သူနဲ႔ေကာင္းကင္ႏွစ္ေယာက္သာ႐ွိေနသည္။

"ဘုန္း႐ွိန္ဝါထက္ေရာ..."
"ညကတည္းကျပန္မလာပါဘူး အစ္ကိုေလး...."

သလင္းျမဴ ခပ္ေတြေတြေလးျဖစ္သြားေတာ့ ေကာင္းကင္မ်က္ႏွာပါညိွဳးသြားသည္။

"ဘုန္း႐ွိန္ဝါထက္ကိုစိတ္ပူလို႔လား...."
"အင္း...."

သလင္းျမဴ ေျဖၿပီးမွ ယဲ့ယဲ့ေလးသာျပဳံးသည့္ ေကာင္းကင္ေၾကာင့္ ကိုယ့္ပါးစပ္ကိုျဖတ္႐ိုက္ခ်င္မိသြားသည္။

"သူကငါ့ရဲ႕တစ္ဦးတည္းေသာမိသားစုဝင္မို႔....
စိတ္ပူတာသဘာဝပဲေလ....မဟုတ္ဘူးလား...."

႐ွင္းျပသလိုေလး သူေျပာေတာ့ ေကာင္းကင္က သေဘာေပါက္လြယ္စြာ ျပန္ရႊင္လန္းလာပါသည္။

🎶📩 income message...

""ငါတို႔ေတြ႔ရေအာင္""

ေစာေစာစီးစီး ဒီမိန္းမငါ့ကို ဘယ္လိုေတြေျပာဦးမလို႔လဲမသိဘူး...

"ဘယ္သူ႔ဆီကလဲ..."
"သူငယ္ခ်င္းတစ္ေယာက္ဆီက...."

သလင္းျမဴ အေရးမႀကီးသလိုပဲထားလိုက္သည္။

ခ်က္ခ်င္းဆိုသလို ထပ္ဝင္လာသည့္ message က ဆိုင္တစ္ဆိုင္ရဲ႕လိပ္စာ...

"ေကာင္းကင္...."
"ဗ်ာ..."
"ခဏေနငါအျပင္ခဏသြားဦးမယ္ေနာ္...."
"ဘယ္သြားမလို႔လဲ...."
"ခုနကသူငယ္ခ်င္းနဲ႔သြားေတြ႔မလို႔..."
"ကိုယ္လည္းလိုက္ခဲ့မယ္ေလ..."
"လိုက္လို႔မရဘူး....
ခဏပဲသြားမွာ...
အဲ့သူငယ္ခ်င္းက သူႏိုင္ငံျခားကျပန္လာလို႔ လက္ေဆာင္ေပးမလို႔ေခၚတာ...
သူနဲ့စကားေျပာၿပီးတာနဲ႔ခ်က္ခ်င္းျပန္လာခဲ့မယ္ေနာ္..."
"မၾကာေစနဲ႔ေနာ္...
ကိုယ္ကလြမ္းေနမွာ...."

ေကာင္းကင္ စူးေနေရာင္ထက္ကို အရမ္းခ်စ္မွန္းသူခံစားမိေသာေၾကာင့္
ပိုလြန္းသည္ဟု သူမေျပာရက္ပါ....

စားေသာက္ဆိုင္ရဲ႕အျပင္ စားပြဲမွာထိုင္းၿပီး သူ႔ကိုေစာင့္ေနသည့္ နန္းစံထိုက္ထံသူတည့္တည့္မတ္မတ္ ေလ်ွာက္သြားလိုက္သည္။

"ဘာကိစၥ႐ွိလို႔ခ်ိန္းတာလဲ...."
"နင္ကိုဘုန္းကိုဘာမဟုတ္ကဟုတ္ကေတြေျပာလိုက္တာလဲ..."

ဟိုတစ္ေန႔ကမွေတြ႔ခဲ့သည့္ နန္းစံထိုက္ႏွင့္ မတူညီစြာပင္ ယခုသူ႔ေ႐ွ႕မွ နန္းစံထိုက္က အိပ္ေရးပ်က္ထားသည့္ပုံႏွင့္ ေႁမြအစြယ္ခ်ိဳးခံထားရသလိုပင္။

"မဟုတ္ကဟုတ္ကေတြမေျပာဘူး...
မွန္တာေတြပဲေျပာလိုက္တာ..."

သူ႔ကိုစိုက္ၾကည့္ရင္း ႐ုတ္တရက္မတ္တပ္ထရသည့္ သူမေၾကာင့္ သလင္းျမဴ ေရႏွင့္ထပ္အပက္ခံရေတာ့မည္ထင္ကာ မ်က္လုံးထဲမဝင္ေစရန္ မ်က္စိမွိတ္လိုက္သည္။

"ေတာင္းပန္ပါတယ္.....
ငါတကယ္ ေတာင္းပန္ပါတယ္..."

သူ႔ေ႐ွ႕မွာ ဒူးေထာက္ရင္း လက္အုပ္ခ်ီမတတ္ေတာင္းပန္ေနသည့္ နန္းစံထိုက္ေၾကာင့္ သလင္းျမဴ မွာလည္း အလန္႔တၾကားမတ္တပ္ထရပ္လိုက္သည္။

"ငါဒူးေထာက္ေတာင္းပန္ပါတယ္....
ကိုဘုန္းကိုငါ့ဆီကေနျပန္လုယူမသြားပါနဲ႔...."

ငိုယိုရင္းေျပာေနသည့္ သူမက မာနေတြသိကၡာေတြကို အကုန္ေျမာင္းထဲလြင့္ပစ္လိုက္ပုံပင္။

"ဘုန္း႐ွိန္ဝါထက္ကိုအဲ့ေလာက္ေတာင္ခ်စ္လား...."
"ငါ့မွာ႐ွိတဲ့အရာအားလုံးထက္ကိုခ်စ္တယ္...."

တျခား ဆိုင္ဝန္ထမ္းဧည့္သည္ေတြကလည္း သူတို႔ႏွစ္ေယာက္ကိုအာ႐ုံစိုက္လာၾကသည္။

"ခင္ဗ်ားသိလား....
ဘုန္း႐ွိန္ဝါထက္က ခင္ဗ်ားကိုသူလိုခ်င္တာ႐ွိလို႔ကပ္တာ သူခင္ဗ်ားကိုလုံးဝမခ်စ္ဘူး...."
"သိတယ္...."
"ဒါေတာင္သူ႔ကိုမစြန္လႊတ္ႏိုင္ဘူးေပါ့..."
"အင္း...."

သလင္းျမဴ ဒီပြဲကိုဆက္မကစားေတာ့ဖို႔ဆုံးျဖတ္လိုက္ပါသည္။

သူဒီတစ္ခါေတာ့ နန္းစံထိုက္ကိုသနားမိသြားသည္။ သူ႔တုန္းက ကိုကိုကသူ႔ကိုခ်စ္တယ္ဆိုၿပီး ယုံၾကည္ထားလို႔ ႐ူးမိုက္ခဲ့ေပမယ့္ တျခားတစ္ေယာက္႐ွိေနမွန္းသိတာနဲ႔ သူသည္းမခံႏိုင္ခဲ့....

နန္းစံထိုက္ကေတာ့ မတူညီ။

ေကာင္းကင္ကေရာ နန္းစံထိုက္လိုလူမ်ိဳးလား...

နန္းစံထိုက္လိုေကာင္းကင္သာဆိုရင္ဆိုသည့္ မဆိုင္ဘူးထင္ရသည့္အေတြးဝင္လာေတာ့ မ်က္ဝန္းထက္မွ မ်က္ရည္တစ္စက္ကဖြဲ႔တည္လာကာ ၾကမ္းျပင္ေပၚသက္ဆင္းသြားသည္။

"ခင္ဗ်ားနဲ႔ ဘုန္း႐ွိန္ဝါထက္ၾကားကို ကြၽန္ေတာ္ေနာက္ထပ္ဝင္မ႐ႈပ္ေတာ့ဘူး....
ဘုန္း႐ွိန္ဝါထက္ကိုလည္း လုယူမွာမဟုတ္လို႔စိတ္မပူနဲ႔...
သူ႔အခ်စ္ကိုမရတိုင္း ကြၽန္ေတာ့္ကိုလႊဲခ်ၿပီးသာ လာမ႐ိုင္းနဲ႔...."

သလင္းျမဴ ထိုေနရာကေန ေက်ာခိုင္းထြက္လာခဲ့သည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

အခ်စ္္ကိုေတြ႔တဲ့အခါ
မင္းလည္းကိုယ္ခ်င္းစာတတ္လာလိမ့္မယ္


Bạn đang đọc truyện trên: Truyen247.Pro