Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-33 ( my answer)

Unicode

စူးနေရောင်ထက် ပြောထားသည့် တစ်ပတ်ကပြည့်ဖို့ နှစ်ရက်သာလိုတော့သည်။

သူ့ကိုပွတ်သီးပွတ်သပ်လာလုပ်နေသည့် ကောင်းကင်ကိုမြင်တော့ ပို၍မွန်းကြပ်ရသည်။

သူစိတ်ရှုပ်စွာသက်ပြင်းတွေသာချရင်း ဆေးလိပ်ဘူးနှင့်မီးခြစ်ကို ဘောင်းဘီအိတ်ထဲထိုးထည့်ကာ ယောက်ျားလေး toilet များရှိရာသို့ထွက်ခဲ့လိုက်သည်။

ဘေစင်ကိုမှီရင်း သူဆေးလိပ်ကိုသာ တရှိုက်မက်မက်ဖွာနေခဲ့သည်။

"ဆေးလိပ်သောက်နေပြန်ပြီလား...."

သူ့အနောက်ကိုလိုက်လာခဲ့သည့် ကောင်းကင်က သူ့အနားကိုပို၍တိုးကပ်လာတော့ သလင်းမြူ ဘေစင်နှင့် ကောင်းကင်ကြားညပ်သွားသည်။

"ဘေးဖယ်..."
"ဆေးလိပ်မသောက်ပါနဲ့လို့ငါပြောထားတယ်လေ နေရောင်...."

ညွတ်ကျလာသော ကောင်းကင်ရဲ့နှုတ်ခမ်းတွေကို မျက်နှာလွှဲကာ ငြင်းဆန်လိုက်သည်။

"ငါစိတ်မကြည်ဘူး....ကောင်းကင်....
စနောက်ဖို့လည်းစိတ်မပါဘူး....ဘေးဖယ်ပေး..."
"မဖယ်ပေးချင်ဘူး..."

သူ့လည်တိုင်ကို ကောင်းကင်ရဲ့နှုတ်ခမ်းနဲ့ပွတ်ဆွဲလာတော့ သလင်းမြူ သတိလက်လွတ်နဲ့ ဆေးလိပ်မီးစကို ကောင်းကင်ရဲ့ လက်ကောက်ဝတ်ပေါ်ထိုးမိသွားသည်။

"အ....."

တွန့်သွားပေမယ့် သူ့လည်တိုင်ပေါ်ကနှုတ်ခမ်းတွေကိုကောင်းကင်မရုတ်သိမ်းသေး....

သလင်းမြူလည်း ထိုအခါမှ လက်ထဲမှဆေးလိပ်ကိုလွှတ်ချကာ ကောင်းကင်ရဲ့ လက်ကို စိုးရိမ်တကြီးကြည့်လိုက်သည်။

မကြီးမားပေမယ့် နီရဲနေသည့်နေရာလေးက သူ့ကိုမျက်ရည်ဝဲလာစေသည်။

"ဘေးဖယ်ပါလို့ပြောတာကို ဘာလို့မဖယ်ရတာလဲ!
အခုတော့မင်းကိုငါနာအောင်လုပ်မိသွားပြီ...."
"ရပါတယ် မနာပါဘူး.... "
"ဘာမနာပါဘူးလဲ!!
မကောင်းတဲ့ကောင်..."

ကျချင်နေသည့် မျက်ဝန်းထောင့်မှမျက်ရည်စတွေကို မမြင်စေချင်သောကြောင့် လက်နှင့်အုပ်ကာ တစ်ဖက်ကိုလှည့်လိုက်သည်။

"သွားတော့....
ငါတစ်ယောက်တည်း နေခွင့်ပေး...."
"နေရောင်.... "
"ငါမင်းကိုဒေါသဖြစ်မိတော့မယ်နော် ကောင်းကင်....
သွားတော့...."
"အင်းပါ....
ငါသွားတော့မယ်နော်....
နောက်အချိန်မကူးခင် အတန်းထဲကိုပြန်လာခဲ့နော်...."

ကောင်းကင်ဝေးဝေးကို ရောက်သွားတာ သေချာမှ သလင်းမြူ ဘေစင်ကိုလက်ထောက်ရင်း နင့်သီးစွာငိုမိသည်။

ဆေးလိပ်ကိုင်ခဲ့သည့် ညာဘက်လက်ကလည်း တဆတ်ဆတ်တုန်ယင်နေခဲ့ကာ မှန်ထဲမှာမြင်နေရတဲ့ကိုယ့်ပုံရိပ်ကိုယ်သာ စိုက်ကြည့်နေခဲ့သည်။

ငါကောင်းကင်ကိုထိခိုက်စေမိပြီ....

ပူလောင်နေသည့် ရင်ဟာ ထိုအတွေးနဲ့တင်ပို၍ပူလောင်လာသည်။

မျက်နှာသစ်ကာ အတန်းဆီပြန်လာခဲ့သည်။

ခပ်ရဲရဲမျက်ဝန်းတွေနှင့် နီနေသည့် နှာခေါင်းထိပ်လေးကိုမြင်လိုက်ရတော့ ကောင်းကင်ရဲ့ရင်ထဲထိတ်ကနဲ....

ဘယ်သူ့အတွက်စိတ်တွေရှုပ်နေရပြန်ပြီလဲနေရောင်...

မေးချင်ပေမယ့် ကိုယ်က နေရောင့်ကိုဒီလိုမေးခွင့်ရှိသူမဟုတ်တဲ့အတွက် တိတ်တဆိတ်သာနှုတ်ပိတ်နေလိုက်ပါသည်။

အရင်ကမင်းအတွက် အရေးအပါဆုံးဖြစ်ခဲ့တဲ့ငါက အခုတော့ မင်းအတွက် ဘောင်မဝင်ဘူးထင်တယ်.....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

🎶📲 phone rings.......

Unknown Number တစ်ခု...

"Hello"
"စူးနေရောင်ထက်....
ငါနန်းစံထိုက်...."

သလင်းမြူ ကန်တင်းမှာ မုန့်စားနေတာမို့ လက်မအားဘဲ speaker ဖွင့်ပြောသည့် ဖုန်းသံကဘေးမှကောင်းကင်တို့အားလုံးပါကြားရပြီး သူ့ကိုကြည့်လာကြသည်။

"ဘာကိစ္စလဲ... "
"ငါနင်နဲ့စကားပြောချင်တယ်...
ကိုဘုန်းနဲ့ပတ်သက်ပြီး..."

Tissue နှင့် လက်ကိုသုတ်ကာ phone ကို speaker ပိတ်ပြီး သလင်းမြူ ထိုင်နေသည့် ဝိုင်းမှခပ်လှမ်းလှမ်းကို လျှောက်သွားခဲ့သည်။

"ပြောလေ..."
"ငါနင်နဲ့အပြင်မှာတွေ့ပြီး ပြောမယ်...
နှစ်ယောက်တည်း...."

လာရမည့် လိပ်စာကိုပြောပြီး နန်းစံထိုက်ဖုန်းချသွားသည်။

"အဲ့မိန်းမကဘာတွေပြောသေးလဲနေရောင်...
အရင်တစ်ခါကလို မင်းကို နှိမ်သေးလား..."

သလင်းမြူ ခေါင်းသာရမ်းပြပြီး စားလက်စကိုပြန်စားနေလိုက်သည်။

"နန်းစံထိုက်ကဘယ်သူလဲ..."

ဘာမှမသိသည့် တေဇတို့က စိတ်ဝင်တစား မေးလာသည်။

"နေရောင့် ပထွေးရဲ့ မဟေသီ..."
"ဒါဆိုမိထွေးပေါ့..."
"အခုထိ လက်မထပ်ရသေးဘူး...."
"အနာဂတ်မိထွေးလောင်းလျာ...."
"လှလား..."
"မသိဘူး..."

မိထွေး interview ကိုဒိုင်ခံဖြေကြားနေသူကကောင်းကင်...

"ငါညနေအတန်းပြီးရင် သွားစရာရှိတယ်....
မင်းဘာသာပြန်လိုက်တော့..."
"ဘယ်သွားမလို့လဲ..
ငါလိုက်..."
"လိုက်မလာနဲ့!"

ကောင်းကင်ရဲ့စကားကိုသိနေသည့်အတွက်သလင်းမြူ ဖြတ်အော်လိုက်သည်။

"နေရောင်ကလည်း...."
"လိုက်မလာနဲ့ဆို မလိုက်နဲ့ပဲနော်ကောင်းကင်...
ငါ့များကလေးမှတ်နေလား...
ကလေးထိန်းကြီးလို့နေရာတကာလိုက်ပြီး...
အိမ်သာထဲမလိုက်တာတောင်ကျေးဇူးတင်ရမယ်...."
"အိမ်သာထဲထိတောင်လိုက်ချင်တာ..."
"အော့!!"
"စားနေသောက်နေတာကို ရွံစရာတေပြောရလား ငိုးသားလေးတွေရဲ့!"

ထွက်လာတဲ့ဆဲသံတွေက သူ့နားထဲမဝင်သလို ကောင်းကင်က သလင်းမြူကိုဖြီးပြနေသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

စိတ်ဆိုးမှာစကားမပြောတော့ဘူးဆိုပြီး ကောင်းကင်ကို သူမနည်းခြိမ်းခြောက်ထားခဲ့ရသည်။

နန်းစံထိုက်ချိန်းသည့် coffee shop လေးက စူးနေရောင်ထက်ပိုင်သည့်ဆိုင်တွေထဲကတစ်ခုပင်...

သူဆိုင်ထဲဝင်လိုက်သည်နှင့် manager ဖြစ်ဟန်တူသူနှင့် ဆိုင်ဝန်ထမ်းများက သူ့ကိုအရိုအသေပေးကြလေသည်။

ထောင့်ကျကျ ဝိုင်းတစ်ခုမှထိုင်နေသည့် နန်းစံထိုက်ရှေ့တည့်တည့်မှာ သလင်းမြူဝင်ထိုင်လိုက်သည်။

"Ice Cappuccino တစ်ခွက်..."

အမှာစာရသွားလို့ waiter လေးထွက်သွားမှ သလင်းမြူ နန်းစံထိုက်နှင့် မျက်လုံးချင်းဆုံလိုက်သည်။

နန်းစံထိုက်ကတော့ black coffee တစ်ခွက်ကိုသောက်နေသည်။

"ခင်ဗျားကမိန်းကလေး ဖြစ်ပြီး အခါးကြိုက်တာပဲ..."
"မင်းကလည်း ယောက်ျားလေးဖြစ်ပြီး အချိုကြိုက်တာပဲ..."
"အပြင်မှာတွေ့ဖို့ချိန်းရလောက်အောင်...
ခင်ဗျားကျွန်တော့်ကို ဘာတွေပြောချင်လို့လဲ..."
"ကိုဘုန်းနဲ့မပက်သက်ပါနဲ့....
ငါနဲ့ကိုဘုန်းကြားကိုထပ်ပြီး ဝင်မနှောက်နဲ့..."
"Hak...."
"နင်ဘာကိုရယ်တာလဲ..."

Coffee ခွက်ပေါ်မှ တင်းသွားသောသူမလက်ချောင်းများ...

"ခင်ဗျားကရယ်ရလို့လေ...
ကျွန်တော်ကဘာလို့ ခင်ဗျားပြောသလိုလုပ်ရမှာလဲ...
ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိဘူးလား..."
"ငာ့ကိုယ်ငါယုံကြည်ချက်ဘယ်လောက်ရှိရှိ...
ကိုယ့်ပထွေးတောင်အလွတ်မပေးတဲ့ နင်လိုယောက်ျားဖြစ်ပြီး လင်တရူးနေတဲ့ဟာတွေကို ဘယ်ယှဉ်နိုင်မလဲ..."

သူ့နေရာမှာ စူးနေရောင်ထက်သာဆိုရင် ထိုမိန်းမကိုချက်ချင်းထသတ်လိမ့်မည်။

ဒါပေမယ့် သူကစူးနေရောင်ထက်မဟုတ်တော့ သူ့နားထဲမှာ ဟာသလိုပင်....

သူတခွီခွီတောင်ထရယ်မိပါသည်။

မျက်နှာဆီအရှိန်နှင့် ပက်ခံလိုက်ရသည့် ရေတွေကြောင့် သလင်းမြူ ဒေါသထောင်းကနဲထွက်သွားသည်။

တစ်ဖက်က ရေဖန်ခွက်ကိုကိုင်ပြီး တုန်ယင်နေသည့်သူမ....

Black coffee နဲ့မပက်ဘဲ ဘေးကရေခွက်ကိုရွေးလိုက်ခြင်းက စိတ်ကိုမနည်းထိန်းထားရပုံပင်....

"နင့်လိုအရိုင်းအစိုင်းက ကောင်းကောင်းပြောလည်းရမှာမဟုတ်ဘူးဆိုတာကိုငါမေ့သွားတယ်...
တောက်!"

သူမထွက်သွားတော့ သလင်းမြူ ထပ်ရယ်မိပါသေးသည်။

"ကောင်းကောင်းပြောတယ်?
Ok....hak....
ဒီကလည်း ကောင်းကောင်းတုန့်ပြန်ရမှာပေါ့..."

သူ့အတွက် coffee လာချပေးသည့် waiter ကသူ့ကိုရှိန်နေပုံပင်....

သလင်းမြူ မျက်နှာကို tissue နှင့်သုတ်ကာ manager ကိုခေါ်လိုက်သည်။

"CCTV မှတ်တမ်းလိုချင်တယ်...
ခုနကအဖြစ်အပျက်ကို..."
"ဟုတ်ကဲ့..."

Coffee ကိုအရသာခံသောက်ရင်း သိပ်မစောင့်လိုက်ရ stick လေးတစ်ခုသူ့လက်ထဲရောက်လာသည်။

အိမ်ပြန်ရောက်သည်နှင့် အိမ်ထဲကိုခေါင်းငုံ့ရင်းလှမ်းဝင်ခဲ့လိုက်သည်။

"ငယ်..."

ထင်သည့်အတိုင်း သူ့ကိုစောင့်မျှော်နေသည့် တစ်စုံတစ်ယောက်ကို မော့ကြည့်ရင်း ဟန်ဆောင်မျက်ရည်တွေဝဲပြလိုက်သည်။

"ဘာဖြစ်လာလို့လဲ...."

ပြာယာခတ်ပြီး အနားရောက်လာသူရဲ့ရင်ဘက်ကို သူထုရိုက်လိုက်သည်။

"ကိုကိုကြောင့်....ဟင့်.....
ကိုကို့ကြောင့် ဒီလိုတွေပြောခံနေရတာ...."
"ဘယ်သူကလဲ..."
"နန်းစံထိုက်..."
"နန်းက?"
"သူကသားကို လင်တရူးနေတဲ့သူတဲ့!"
"မဖြစ်နိုင်တာ...
နန်းကအဲ့လိုတွေမပြောတတ်ပါဘူး...
အရင်တစ်ခါတုန်းကလည်း သူငယ့်ကိုအမှတ်တမဲ့ရိုက်မိတာပါ...."
"အမှတ်တမဲ့?
ကိုကိုက သားပြောတာကိုမယုံဘူးပေါ့...
ရော့!
ဒီထဲမှာကိုကိုပြောသလိုအမှတ်တမဲ့လားတမင်လားဆိုတာတွေ့လိမ့်မယ်..."

Stick လေးကိုဘုန်းရှိန်ဝာထက်ရင်ဘက်တည့်တည့်ပစ်ပေါက်ပြီး လှေကားပေါ်ပြေးတက်ခဲ့ကာ အခန်းထဲရောက်မှ မျက်ရည်တွေသုတ်လိုက်သည်။

🎶📲 phone rings......

""Thway""

🎶📲 phone rings.....

""Zayyar""

တစ်စတစ်စပြန့်နေသည့် သူ့ဓာတ်ပုံတွေကို ဒင်းကောင်တွေမြင်ပြီးမှန်း သေချာသောကြောင့် သလင်းမြူ ဖုန်းမကိုင်ရဲ...

🎶📲 phone rings......

""Sai San""

သလင်းမြူ စိုင်းစံရဲ့ဖုန်းကိုတော့ကိုင်လိုက်သည်။

"အစ်ကို ဇေယျာတို့ကျွန်တော့်ဆီဖုန်းဆက်တယ်...."

သိနေတယ် စိုင်းစံဆီဝိုင်းဆက်ကြတော့မယ်ဆိုတာ....

"ကျွန်တော် share ထားတာတွေတွေ့သွားတဲ့ပုံပဲ...
အစ်ကိုကဘာလို့ကျွန်တော်တို့ကျောင်းရောက်နေတာလဲလို့မေးနေကြတာ..."
"ဘယ်လိုပြန်ပြောလိုက်လဲ..."
"အဲ့တာအစ်ကိုနဲ့ဆင်တဲ့သူ
အစ်ကိုမဟုတ်ဘူးဆိုပြီး လိမ်ရတာပေါ့...."
"ယုံကြလား..."
"အစကတော့မယုံကြဘူး...
ဒါပေမယ့် အစ်ကိုကကျွန်တော်တို့ကျောင်းမှာတက်နေတာမဖြစ်နိုင်ဘူးဆိုပြီး ယုံသွားကြတယ်..."
"တော်သေးတာပေါ့...
ကျေးဇူးပဲ ငစိုင်း..."
"အစ်ကို့ကိုဖုန်းဆက်တာ တစ်ခါမှမကိုင်လို့ဆိုပြီး ခွီးနေကြတယ်နော်....
သတိထား..."

သလင်းမြူ အပူလုံးတစ်လုံးကျသွားသောကြောင့် သက်ပြင်းချမိပါသည်။

📩 income message....

""လွမ်းတယ်""

သလင်းမြူ ထိုစာလုံးလေးနှစ်လုံးကို အထပ်ထပ်ဖတ်ကြည့်ရင်း မသိလိုက်ခင်မှာပဲ နှစ်လိုစွာပြုံးနေခဲ့သည်။

ဝရန်တာကိုထွက်လိုက်တော့ သူ့ကိုစောင့်မျှော်နေသည့် ကောင်းကင်က လက်ပြနေလေသည်။

"နေရောင်!!
ချစ်တယ်!!"

အသားကုန်အော်ပြောသည့် ကောင်းကင်က ပတ်ဝန်းကျင်ကိုဂရုစိုက်ခြင်းမရှိ....

သလင်းမြူလည်း ဘာကိုမှဂရုမစိုက်မိပဲ အလှဆုံးပြုံးမိပါသည်။

ခြံထဲမှာ အပင်စိုက်နေသည့် ခြံစောင့်ကြီးနှင့် ဦးထွန်းကတော့ ဟိုဘက်အိမ်ကကောင်းကင်ကိုကြည့်လိုက် ဝရန်တာကသူ့ကိုကြည့်လိုက်နှင့် ပါးစပ်အဟောင်းသား....

စူးနေရောင်ထက်.....
မင်းသိလား....
ပတ်ဝန်းကျင်ထက်မင်းကိုပိုချစ်တဲ့ ကောင်းကင်လိုလူမျိုးကိုပိုင်ဆိုင်ရမှာ မင်းအရမ်းကံကောင်းတယ်....

ညနေနေဝင်ဆည်းဆာကိုသလင်းမြူ ငေးမောရင်း ခပ်ဖျော့ဖျော့လေးပြုံးနေသလို တစ်ဖက်ဝရန်တာမှ ကောင်းကင်ကတော့ သူချစ်တဲ့ကောင်လေးကိုငေးမောပြီး ပြုံးနေခဲ့တယ်....

တစ်ကယ်ကိုလှတဲ့ဆည်းဆာလေးကို မခံစားနိုင်သည့် ဘုန်းရှိန်ဝါထက်ကတော့ ကားကို အရှိန်ပြင်းပြင်းမောင်းနှင်ရင်း လက်ထဲမှာလည်း stick လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

သလင်းမြူ ချွေးပျံနေသည့် လက်ဖဝါးနှစ်ဖက်နှင့် အကျႌအောက်နားစလေးကိုဆုပ်ကိုင်ထားပြီး သူ့ရှေ့မှာ ဘာပြောမလဲစောင့်နေသည့် ကောင်းကင်ကို မရဲတရဲမော့ကြည့်လိုက်သည်။

"ကောင်းကင်....
မင်းငါ့ကိုတကယ်ချစ်တာလား..."
"တကယ်ချစ်တာပေါ့ နေရောင်ရယ်..."
"ငါမင်းကိုငြင်းရင်ရော.....
ငါ့ကိုစိတ်ဆိုးမှာလား...."
"မင်းရဲ့အဖြေက ဘာပဲဖြစ်ဖြစ် ငါလက်ခံမယ်....
ပြီးတော့ မင်းကိုဒီတိုင်း ဆက်ချစ်မယ်..."
"ငါမင်းအပေါ်မကောင်းတာလုပ်ပြီး မင်းကိုထိခိုက်စေမိရင်ရော...."
"ရပါတယ်....
ငါအဆင်ပြေတယ်......"
"ကတိပေးနိုင်လား....
ငါ့ကိုထားမသွားဘူးလို့...."

သလင်းမြူ ထိန်းချုပ်မှုကနေလွတ်သွားခဲ့ပြီ....
စူးနေရောင်ထက်အနေနဲ့မဟုတ်ဘဲ သလင်းမြူအနေနဲ့ကတိတောင်းမိသွားသည်။

"ကတိပေးတယ်.....
ငါအမြဲမင်းအနားမှာရှိနေမယ်...
မင်းဘာပဲဖြစ်ဖြစ် ဘယ်လောက်ဆိုးဆိုး ဘာတွေပဲလုပ်လုပ် ငါမင်းကိုမထားခဲ့ဘူး...."

သလင်းမြူ မျက်ရည်တွေကျနေခဲ့ပြီ....

"ဘာလို့ငိုနေတာလဲ..... "
"ပျော်လို့.....
အရမ်းပျော်လို့...."

ကောင်းကင်ကသူ့မျက်ရည်တွေကိုသုတ်ပေးရှာသည်။

"ကိုယ့်ကိုချစ်လား...."

စောင့်ဆိုင်းနေသည့် ကောင်းကင်ကို သလင်းမြူ ခေါင်းညိတ်ပြလိုက်သည်။

"အင်း..."

ဝမ်းသာအားရဖက်လာသည့် ကောင်းကင်ရဲ့ရင်ခွင်ထဲမှာ သလင်းမြူ ငိုနေခဲ့သည်။

ငါ့ကိုယ်ငါပြန်သတ်မိပြန်ပြီ.....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Zawgyi

စူးေနေရာင္ထက္ ေျပာထားသည့္ တစ္ပတ္ကျပည့္ဖို႔ ႏွစ္ရက္သာလိုေတာ့သည္။

သူ႔ကိုပြတ္သီးပြတ္သပ္လာလုပ္ေနသည့္ ေကာင္းကင္ကိုျမင္ေတာ့ ပို၍မြန္းၾကပ္ရသည္။

သူစိတ္႐ႈပ္စြာသက္ျပင္းေတြသာခ်ရင္း ေဆးလိပ္ဘူးႏွင့္မီးျခစ္ကို ေဘာင္းဘီအိတ္ထဲထိုးထည့္ကာ ေယာက္်ားေလး toilet မ်ား႐ွိရာသို႔ထြက္ခဲ့လိုက္သည္။

ေဘစင္ကိုမွီရင္း သူေဆးလိပ္ကိုသာ တရိွဳက္မက္မက္ဖြာေနခဲ့သည္။

"ေဆးလိပ္ေသာက္ေနျပန္ၿပီလား...."

သူ႔အေနာက္ကိုလိုက္လာခဲ့သည့္ ေကာင္းကင္က သူ႔အနားကိုပို၍တိုးကပ္လာေတာ့ သလင္းျမဴ ေဘစင္ႏွင့္ ေကာင္းကင္ၾကားညပ္သြားသည္။

"ေဘးဖယ္..."
"ေဆးလိပ္မေသာက္ပါနဲ႔လို႔ငါေျပာထားတယ္ေလ ေနေရာင္...."

ၫြတ္က်လာေသာ ေကာင္းကင္ရဲ႕ႏႈတ္ခမ္းေတြကို မ်က္ႏွာလႊဲကာ ျငင္းဆန္လိုက္သည္။

"ငါစိတ္မၾကည္ဘူး....ေကာင္းကင္....
စေနာက္ဖို႔လည္းစိတ္မပါဘူး....ေဘးဖယ္ေပး..."
"မဖယ္ေပးခ်င္ဘူး..."

သူ႔လည္တိုင္ကို ေကာင္းကင္ရဲ႕ႏႈတ္ခမ္းနဲ႔ပြတ္ဆြဲလာေတာ့ သလင္းျမဴ သတိလက္လြတ္နဲ႔ ေဆးလိပ္မီးစကို ေကာင္းကင္ရဲ႕ လက္ေကာက္ဝတ္ေပၚထိုးမိသြားသည္။

"အ....."

တြန္႔သြားေပမယ့္ သူ႔လည္တိုင္ေပၚကႏႈတ္ခမ္းေတြကိုေကာင္းကင္မ႐ုတ္သိမ္းေသး....

သလင္းျမဴလည္း ထိုအခါမွ လက္ထဲမွေဆးလိပ္ကိုလႊတ္ခ်ကာ ေကာင္းကင္ရဲ႕ လက္ကို စိုးရိမ္တႀကီးၾကည့္လိုက္သည္။

မႀကီးမားေပမယ့္ နီရဲေနသည့္ေနရာေလးက သူ႔ကိုမ်က္ရည္ဝဲလာေစသည္။

"ေဘးဖယ္ပါလို႔ေျပာတာကို ဘာလို႔မဖယ္ရတာလဲ!
အခုေတာ့မင္းကိုငါနာေအာင္လုပ္မိသြားၿပီ...."
"ရပါတယ္ မနာပါဘူး.... "
"ဘာမနာပါဘူးလဲ!!
မေကာင္းတဲ့ေကာင္..."

က်ခ်င္ေနသည့္ မ်က္ဝန္းေထာင့္မွမ်က္ရည္စေတြကို မျမင္ေစခ်င္ေသာေၾကာင့္ လက္ႏွင့္အုပ္ကာ တစ္ဖက္ကိုလွည့္လိုက္သည္။

"သြားေတာ့....
ငါတစ္ေယာက္တည္း ေနခြင့္ေပး...."
"ေနေရာင္.... "
"ငါမင္းကိုေဒါသျဖစ္မိေတာ့မယ္ေနာ္ ေကာင္းကင္....
သြားေတာ့...."
"အင္းပါ....
ငါသြားေတာ့မယ္ေနာ္....
ေနာက္အခ်ိန္မကူးခင္ အတန္းထဲကိုျပန္လာခဲ့ေနာ္...."

ေကာင္းကင္ေဝးေဝးကို ေရာက္သြားတာ ေသခ်ာမွ သလင္းျမဴ ေဘစင္ကိုလက္ေထာက္ရင္း နင့္သီးစြာငိုမိသည္။

ေဆးလိပ္ကိုင္ခဲ့သည့္ ညာဘက္လက္ကလည္း တဆတ္ဆတ္တုန္ယင္ေနခဲ့ကာ မွန္ထဲမွာျမင္ေနရတဲ့ကိုယ့္ပုံရိပ္ကိုယ္သာ စိုက္ၾကည့္ေနခဲ့သည္။

ငါေကာင္းကင္ကိုထိခိုက္ေစမိၿပီ....

ပူေလာင္ေနသည့္ ရင္ဟာ ထိုအေတြးနဲ႔တင္ပို၍ပူေလာင္လာသည္။

မ်က္ႏွာသစ္ကာ အတန္းဆီျပန္လာခဲ့သည္။

ခပ္ရဲရဲမ်က္ဝန္းေတြႏွင့္ နီေနသည့္ ႏွာေခါင္းထိပ္ေလးကိုျမင္လိုက္ရေတာ့ ေကာင္းကင္ရဲ႕ရင္ထဲထိတ္ကနဲ....

ဘယ္သူ႔အတြက္စိတ္ေတြ႐ႈပ္ေနရျပန္ၿပီလဲေနေရာင္...

ေမးခ်င္ေပမယ့္ ကိုယ္က ေနေရာင့္ကိုဒီလိုေမးခြင့္႐ွိသူမဟုတ္တဲ့အတြက္ တိတ္တဆိတ္သာႏႈတ္ပိတ္ေနလိုက္ပါသည္။

အရင္ကမင္းအတြက္ အေရးအပါဆုံးျဖစ္ခဲ့တဲ့ငါက အခုေတာ့ မင္းအတြက္ ေဘာင္မဝင္ဘူးထင္တယ္.....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

🎶📲 phone rings.......

Unknown Number တစ္ခု...

"Hello"
"စူးေနေရာင္ထက္....
ငါနန္းစံထိုက္...."

သလင္းျမဴ ကန္တင္းမွာ မုန္႔စားေနတာမို႔ လက္မအားဘဲ speaker ဖြင့္ေျပာသည့္ ဖုန္းသံကေဘးမွေကာင္းကင္တို႔အားလုံးပါၾကားရၿပီး သူ႔ကိုၾကည့္လာၾကသည္။

"ဘာကိစၥလဲ... "
"ငါနင္နဲ႔စကားေျပာခ်င္တယ္...
ကိုဘုန္းနဲ႔ပတ္သက္ၿပီး..."

Tissue ႏွင့္ လက္ကိုသုတ္ကာ phone ကို speaker ပိတ္ၿပီး သလင္းျမဴ ထိုင္ေနသည့္ ဝိုင္းမွခပ္လွမ္းလွမ္းကို ေလ်ွာက္သြားခဲ့သည္။

"ေျပာေလ..."
"ငါနင္နဲ႔အျပင္မွာေတြ႔ၿပီး ေျပာမယ္...
ႏွစ္ေယာက္တည္း...."

လာရမည့္ လိပ္စာကိုေျပာၿပီး နန္းစံထိုက္ဖုန္းခ်သြားသည္။

"အဲ့မိန္းမကဘာေတြေျပာေသးလဲေနေရာင္...
အရင္တစ္ခါကလို မင္းကို ႏွိမ္ေသးလား..."

သလင္းျမဴ ေခါင္းသာရမ္းျပၿပီး စားလက္စကိုျပန္စားေနလိုက္သည္။

"နန္းစံထိုက္ကဘယ္သူလဲ..."

ဘာမွမသိသည့္ ေတဇတို႔က စိတ္ဝင္တစား ေမးလာသည္။

"ေနေရာင့္ ပေထြးရဲ႕ မေဟသီ..."
"ဒါဆိုမိေထြးေပါ့..."
"အခုထိ လက္မထပ္ရေသးဘူး...."
"အနာဂတ္မိေထြးေလာင္းလ်ာ...."
"လွလား..."
"မသိဘူး..."

မိေထြး interview ကိုဒိုင္ခံေျဖၾကားေနသူကေကာင္းကင္...

"ငါညေနအတန္းၿပီးရင္ သြားစရာ႐ွိတယ္....
မင္းဘာသာျပန္လိုက္ေတာ့..."
"ဘယ္သြားမလို့လဲ..
ငါလိုက္..."
"လိုက္မလာနဲ႔!"

ေကာင္းကင္ရဲ႕စကားကိုသိေနသည့္အတြက္သလင္းျမဴ ျဖတ္ေအာ္လိုက္သည္။

"ေနေရာင္ကလည္း...."
"လိုက္မလာနဲ႔ဆို မလိုက္နဲ႔ပဲေနာ္ေကာင္းကင္...
ငါ့မ်ားကေလးမွတ္ေနလား...
ကေလးထိန္းႀကီးလို႔ေနရာတကာလိုက္ၿပီး...
အိမ္သာထဲမလိုက္တာေတာင္ေက်းဇူးတင္ရမယ္...."
"အိမ္သာထဲထိေတာင္လိုက္ခ်င္တာ..."
"ေအာ့!!"
"စားေနေသာက္ေနတာကို ရြံစရာေတေျပာရလား ငိုးသားေလးေတြရဲ႕!"

ထြက္လာတဲ့ဆဲသံေတြက သူ႔နားထဲမဝင္သလို ေကာင္းကင္က သလင္းျမူကိုၿဖီးျပေနသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

စိတ္ဆိုးမွာစကားမေျပာေတာ့ဘူးဆုိၿပီး ေကာင္းကင္ကို သူမနည္းၿခိမ္းေျခာက္ထားခဲ့ရသည္။

နန္းစံထိုက္ခ်ိန္းသည့္ coffee shop ေလးက စူးေနေရာင္ထက္ပိုင္သည္႕ဆိုင္ေတြထဲကတစ္ခုပင္...

သူဆိုင္ထဲဝင္လိုက္သည္ႏွင့္ manager ျဖစ္ဟန္တူသူႏွင့္ ဆိုင္ဝန္ထမ္းမ်ားက သူ႔ကိုအ႐ိုအေသေပးၾကေလသည္။

ေထာင့္က်က် ဝိုင္းတစ္ခုမွထိုင္ေနသည့္ နန္းစံထိုက္ေ႐ွ႕တည့္တည့္မွာ သလင္းျမဴဝင္ထိုင္လိုက္သည္။

"Ice Cappuccino တစ္ခြက္..."

အမွာစာရသြားလို႔ waiter ေလးထြက္သြားမွ သလင္းျမဴ နန္းစံထိုက္ႏွင့္ မ်က္လုံးခ်င္းဆုံလိုက္သည္။

နန္းစံထိုက္ကေတာ့ black coffee တစ္ခြက္ကိုေသာက္ေနသည္။

"ခင္ဗ်ားကမိန္းကေလး ျဖစ္ၿပီး အခါးႀကိဳက္တာပဲ..."
"မင္းကလည္း ေယာက္်ားေလးျဖစ္ၿပီး အခ်ိဳႀကိဳက္တာပဲ..."
"အျပင္မွာေတြ႔ဖို႔ခ်ိန္းရေလာက္ေအာင္...
ခင္ဗ်ားကြၽန္ေတာ့္ကို ဘာေတြေျပာခ်င္လို႔လဲ..."
"ကိုဘုန္းနဲ႔မပက္သက္ပါနဲ႔....
ငါနဲ႔ကိုဘုန္းျကားကိုထပ္ၿပီး ဝင္မေႏွာက္နဲ႔..."
"Hak...."
"နင္ဘာကိုရယ္တာလဲ..."

Coffee ခြက္ေပၚမွ တင္းသြားေသာသူမလက္ေခ်ာင္းမ်ား...

"ခင္ဗ်ားကရယ္ရလို႔ေလ...
ကြၽန္ေတာ္ကဘာလို႔ ခင္ဗ်ားေျပာသလိုလုပ္ရမွာလဲ...
ကိုယ့္ကိုကိုယ္ယုံၾကည္ခ်က္မ႐ွိဘူးလား..."
"ငာ႔ကိုယ္ငါယုံၾကည္ခ်က္ဘယ္ေလာက္႐ွိ႐ွိ...
ကိုယ့္ပေထြးေတာင္အလြတ္မေပးတဲ့ နင္လိုေယာက္်ားျဖစ္ၿပီး လင္တ႐ူးေနတဲ့ဟာေတြကို ဘယ္ယွဥ္ႏိုင္မလဲ..."

သူ႔ေနရာမွာ စူးေနေရာင္ထက္သာဆိုရင္ ထိုမိန္းမကိုခ်က္ခ်င္းထသတ္လိမ့္မည္။

ဒါေပမယ့္ သူကစူးေနေရာင္ထက္မဟုတ္ေတာ့ သူ႔နားထဲမွာ ဟာသလိုပင္....

သူတခြီခြီေတာင္ထရယ္မိပါသည္။

မ်က္ႏွာဆီအ႐ွိန္ႏွင့္ ပက္ခံလိုက္ရသည့္ ေရေတြေၾကာင့္ သလင္းျမဴ ေဒါသေထာင္းကနဲထြက္သြားသည္။

တစ္ဖက္က ေရဖန္ခြက္ကိုကိုင္ၿပီး တုန္ယင္ေနသည့္သူမ....

Black coffee နဲ႔မပက္ဘဲ ေဘးကေရခြက္ကိုေရြးလိုက္ျခင္းက စိတ္ကိုမနည္းထိန္းထားရပုံပင္....

"နင့္လိုအ႐ိုင္းအစိုင္းက ေကာင္းေကာင္းေျပာလည္းရမွာမဟုတ္ဘူးဆိုတာကိုငါေမ့သြားတယ္...
ေတာက္!"

သူမထြက္သြားေတာ့ သလင္းျမဴ ထပ္ရယ္မိပါေသးသည္။

"ေကာင္းေကာင္းေျပာတယ္?
Ok....hak....
ဒီကလည္း ေကာင္းေကာင္းတုန္႔ျပန္ရမွာေပါ့..."

သူ႔အတြက္ coffee လာခ်ေပးသည့္ waiter ကသူ႔ကို႐ွိန္ေနပုံပင္....

သလင္းျမဴ မ်က္ႏွာကို tissue ႏွင့္သုတ္ကာ manager ကိုေခၚလိုက္သည္။

"CCTV မွတ္တမ္းလိုခ်င္တယ္...
ခုနကအျဖစ္အပ်က္ကို..."
"ဟုတ္ကဲ့..."

Coffee ကိုအရသာခံေသာက္ရင္း သိပ္မေစာင့္လိုက္ရ stick ေလးတစ္ခုသူ႔လက္ထဲေရာက္လာသည္။

အိမ္ျပန္ေရာက္သည္ႏွင့္ အိမ္ထဲကိုေခါင္းငုံ႔ရင္းလွမ္းဝင္ခဲ့လိုက္သည္။

"ငယ္..."

ထင္သည့္အတိုင္း သူ႔ကိုေစာင့္ေမ်ွာ္ေနသည့္ တစ္စုံတစ္ေယာက္ကို ေမာ့ၾကည့္ရင္း ဟန္ေဆာင္မ်က္ရည္ေတြဝဲျပလိုက္သည္။

"ဘာျဖစ္လာလို႔လဲ...."

ျပာယာခတ္ၿပီး အနားေရာက္လာသူရဲ႕ရင္ဘက္ကို သူထု႐ိုက္လိုက္သည္။

"ကိုကိုေၾကာင့္....ဟင့္.....
ကိုကို႔ေၾကာင့္ ဒီလိုေတြေျပာခံေနရတာ...."
"ဘယ္သူကလဲ..."
"နန္းစံထိုက္..."
"နန္းက?"
"သူကသားကို လင္တ႐ူးေနတဲ့သူတဲ့!"
"မျဖစ္ႏိုင္တာ...
နန္းကအဲ့လိုေတြမေျပာတတ္ပါဘူး...
အရင္တစ္ခါတုန္းကလည္း သူငယ့္ကိုအမွတ္တမဲ့႐ိုက္မိတာပါ...."
"အမွတ္တမဲ့?
ကိုကိုက သားေျပာတာကိုမယုံဘူးေပါ့...
ေရာ့!
ဒီထဲမွာကိုကိုေျပာသလိုအမွတ္တမဲ့လားတမင္လားဆိုတာေတြ႔လိမ့္မယ္..."

Stick ေလးကိုဘုန္းရွိန္ဝာထက္ရင္ဘက္တည့္တည့္ပစ္ေပါက္ျပီး ေလွကားေပၚေျပးတက္ခဲ့ကာ အခန္းထဲေရာက္မွ မ်က္ရည္ေတြသုတ္လိုက္သည္။

🎶📲 phone rings......

""Thway""

🎶📲 phone rings.....

""Zayyar""

တစ္စတစ္စျပန္႔ေနသည့္ သူ႔ဓာတ္ပုံေတြကို ဒင္းေကာင္ေတြျမင္ၿပီးမွန္း ေသခ်ာေသာေၾကာင့္ သလင္းျမဴ ဖုန္းမကိုင္ရဲ...

🎶📲 phone rings......

""Sai San""

သလင္းျမဴ စိုင္းစံရဲ႕ဖုန္းကိုေတာ့ကိုင္လိုက္သည္။

"အစ္ကို ေဇယ်ာတို႔ကြၽန္ေတာ့္ဆီဖုန္းဆက္တယ္...."

သိေနတယ္ စိုင္းစံဆီဝိုင္းဆက္ၾကေတာ့မယ္ဆိုတာ....

"ကြၽန္ေတာ္ share ထားတာေတြေတြ႔သြားတဲ့ပုံပဲ...
အစ္ကိုကဘာလို႔ကြၽန္ေတာ္တို႔ေက်ာင္းေရာက္ေနတာလဲလို႔ေမးေနၾကတာ..."
"ဘယ္လိုျပန္ေျပာလိုက္လဲ..."
"အဲ့တာအစ္ကိုနဲ႔ဆင္တဲ့သူ
အစ္ကိုမဟုတ္ဘူးဆိုၿပီး လိမ္ရတာေပါ့...."
"ယုံၾကလား..."
"အစကေတာ့မယုံၾကဘူး...
ဒါေပမယ့္ အစ္ကိုကကြၽန္ေတာ္တို႔ေက်ာင္းမွာတက္ေနတာမျဖစ္ႏိုင္ဘူးဆိုၿပီး ယုံသြားၾကတယ္..."
"ေတာ္ေသးတာေပါ့...
ေက်းဇူးပဲ ငစိုင္း..."
"အစ္ကို႔ကိုဖုန္းဆက္တာ တစ္ခါမွမကိုင္လို႔ဆိုၿပီး ခြီးေနၾကတယ္ေနာ္....
သတိထား..."

သလင္းျမဴ အပူလုံးတစ္လုံးက်သြားေသာေၾကာင့္ သက္ျပင္းခ်မိပါသည္။

📩 income message....

""လြမ္းတယ္""

သလင္းျမဴ ထိုစာလုံးေလးႏွစ္လုံးကို အထပ္ထပ္ဖတ္ၾကည့္ရင္း မသိလိုက္ခင္မွာပဲ ႏွစ္လိုစြာျပဳံးေနခဲ့သည္။

ဝရန္တာကိုထြက္လိုက္ေတာ့ သူ႔ကိုေစာင့္ေမ်ွာ္ေနသည့္ ေကာင္းကင္က လက္ျပေနေလသည္။

"ေနေရာင္!!
ခ်စ္တယ္!!"

အသားကုန္ေအာ္ေျပာသည့္ ေကာင္းကင္က ပတ္ဝန္းက်င္ကိုဂ႐ုစိုက္ျခင္းမ႐ွိ....

သလင္းျမဴလည္း ဘာကိုမွဂ႐ုမစိုက္မိပဲ အလွဆုံးျပဳံးမိပါသည္။

ျခံထဲမွာ အပင္စိုက္ေနသည့္ ျခံေစာင့္ႀကီးႏွင့္ ဦးထြန္းကေတာ့ ဟိုဘက္အိမ္ကေကာင္းကင္ကိုၾကည့္လိုက္ ဝရန္တာကသူ႔ကိုၾကည့္လိုက္ႏွင့္ ပါးစပ္အေဟာင္းသား....

စူးေနေရာင္ထက္.....
မင္းသိလား....
ပတ္ဝန္းက်င္ထက္မင္းကိုပိုခ်စ္တဲ့ ေကာင္းကင္လိုလူမ်ိဳးကိုပိုင္ဆိုင္ရမွာ မင္းအရမ္းကံေကာင္းတယ္....

ညေနေနဝင္ဆည္းဆာကိုသလင္းျမဴ ေငးေမာရင္း ခပ္ေဖ်ာ့ေဖ်ာ့ေလးျပဳံးေနသလို တစ္ဖက္ဝရန္တာမွ ေကာင္းကင္ကေတာ့ သူခ်စ္တဲ့ေကာင္ေလးကိုေငးေမာၿပီး ျပဳံးေနခဲ့တယ္....

တစ္ကယ္ကိုလွတဲ့ဆည္းဆာေလးကို မခံစားႏိုင္သည့္ ဘုန္း႐ွိန္ဝါထက္ကေတာ့ ကားကို အ႐ွိန္ျပင္းျပင္းေမာင္းႏွင္ရင္း လက္ထဲမွာလည္း stick ေလးကိုက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

သလင္းျမဴ ေခြၽးပ်ံေနသည့္ လက္ဖဝါးႏွစ္ဖက္ႏွင့္ အက်ႌေအာက္နားစေလးကိုဆုပ္ကိုင္ထားၿပီး သူ႔ေ႐ွ႕မွာ ဘာေျပာမလဲေစာင့္ေနသည့္ ေကာင္းကင္ကို မရဲတရဲေမာ့ၾကည့္လိုက္သည္။

"ေကာင္းကင္....
မင္းငါ့ကိုတကယ္ခ်စ္တာလား..."
"တကယ္ခ်စ္တာေပါ့ ေနေရာင္ရယ္..."
"ငါမင္းကိုျငင္းရင္ေရာ.....
ငါ့ကိုစိတ္ဆိုးမွာလား...."
"မင္းရဲ႕အေျဖက ဘာပဲျဖစ္ျဖစ္ ငာလက္ခံမယ္....
ၿပီးေတာ့ မင္းကိုဒီတိုင္း ဆက္ခ်စ္မယ္..."
"ငါမင္းအေပၚမေကာင္းတာလုပ္ၿပီး မင္းကိုထိခိုက္ေစမိရင္ေရာ...."
"ရပါတယ္....
ငါအဆင္ေျပတယ္......"
"ကတိေပးႏိုင္လား....
ငါ့ကိုထားမသြားဘူးလို႔...."

သလင္းျမဴ ထိန္းခ်ဳပ္မႈကေနလြတ္သြားခဲ့ၿပီ....
စူးေနေရာင္ထက္အေနနဲ႔မဟုတ္ဘဲ သလင္းျမဴအေနနဲ႔ကတိေတာင္းမိသြားသည္။

"ကတိေပးတယ္.....
ငါအျမဲမင္းအနားမွာ႐ွိေနမယ္...
မင္းဘာပဲျဖစ္ျဖစ္ ဘယ္ေလာက္ဆိုးဆိုး ဘာေတြပဲလုပ္လုပ္ ငါမင္းကိုမထားခဲ့ဘူး...."

သလင္းျမဴ မ်က္ရည္ေတြက်ေနခဲ့ၿပီ....

"ဘာလို႔ငိုေနတာလဲ..... "
"ေပ်ာ္လို႔.....
အရမ္းေပ်ာ္လို႔...."

ေကာင္းကင္ကသူ႔မ်က္ရည္ေတြကိုသုတ္ေပး႐ွာသည္။

"ကိုယ့္ကိုခ်စ္လား...."

ေစာင့္ဆိုင္းေနသည့္ ေကာင္းကင္ကို သလင္းျမဴ ေခါင္းညိတ္ျပလိုက္သည္။

"အင္း..."

ဝမ္းသာအားရဖက္လာသည့္ ေကာင္းကင္ရဲ႕ရင္ခြင္ထဲမွာ သလင္းျမဴ ငိုေနခဲ့သည္။

ငါ့ကိုယ္ငါျပန္သတ္မိျပန္ၿပီ.....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Bạn đang đọc truyện trên: Truyen247.Pro