Part-32 ( afraid )
Unicode
"နေရောင်.... "
သူ့ရှေ့မှာ ပြုံးပြပြီး ရပ်နေတဲ့ကောင်းကင်....
ကောင်းကင်ရဲ့မျက်ဝန်းထက်မှ ကျဆင်းလာသည်က မျက်ရည်မဟုတ်ဘဲ အနီရောင်သွေးစက်များ....
ဘယ်ဘက်ရင်အုံမှာလည်း သွေးတွေအများအပြားထွက်နေသည့် ဒဏ်ရာကို လက်နှင့်ဖိထားကာ ကောင်းကင်ပြုံးနေဆဲ....
သလင်းမြူ ကြောင်အနေပြီး ညာဘက်လက်ထဲမှာရှိနေသည့် တစ်စုံတစ်ခုကို ကြည့်လိုက်မိတော့ သွေးတွေနှင့် ဓားတစ်ချောင်း.....
သလင်းမြူ အထိတ်တလန့် ဓားကိုလွှတ်ချလိုက်ပေမယ့် လက်ဖဝါးထက်မှာတော့ သွေးစတွေနှင့်ပေစွန်းနေသည်။
"ပျော်ရဲ့လား.....နေရောင်...."
ပြောပြီးလဲကျသွားသည့် ကောင်းကင်....
သူ့အနားကိုဝန်းရံလာသည့် ကောင်းကင်ထံမှ သွေးစီးကြောင်းများ...
ငြိမ်သက်သွားတဲ့ကောင်းကင်က အသက်မဲ့သွားပုံပေါ်ပေမယ့် သူ့ကိုကြည့်နေဆဲ...
တဖြည်းဖြည်းကောင်းကင်ရဲ့ပုံရိပ်ဟာ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်ဟာပို၍မှောင်မိုက်လာသည်။
သူထွက်ပြေးဖို့လုပ်ပေမယ့် လှုပ်ရှားလို့မရ....
"သားငယ်လေး.... "
"မေမေ...."
ခေါ်သံကြားပေမယ့် ရှာလို့ကမတွေ့ပြန်...
နားထဲတိုးဝင်လာသည့် ငိုသံကျယ်များ....
ဒါကအိမ်မက်ပဲ.....
ဟုတ်တယ် ဒါကအိမ်မက်ပဲ....
အိမ်မက်မှန်းသိပေမယ့် မနိုးထနိုင်ဘဲ နားတွေကိုပိတ်ထားလိုက်သည်။
"နေရောင်..."
သလင်းမြူ မျက်စိတင်းတင်းမှိတ်ပြီး နားတွေကိုဖိပိတ်ထားလျှက် ခေါင်းတသွင်သွင်ခါမိသည်။
"နေရောင်....!"
"အားးး!"
သူအော်ဟစ်ပြီး မျက်လုံးတွေဖွင့်လိုက်တော့ သူ့ကိုစိုးရိမ်နေသည့် အကြည့်တွေနှင့် ကောင်းကင်....
သလင်းမြူ အမြန်ထထိုင်ရင်း ကောင်းကင်ရဲ့ရင်ဘက်ကိုသေချာကိုင်တွယ်ကြည့်ကာ မျက်နှာကိုပါစစ်ဆေးကြည့်မိသည်။
"တော်သေးတာပေါ့.... "
"ဘာဖြစ်လို့လဲ..."
ရေခွက်ကိုသူ့နှုတ်ခမ်းနားလာတေ့ပေးရင်း မေးနေသည့်ကောင်းကင်ကိုခေါင်းသာယမ်းပြလိုက်ကာ ရေတစ်ခွက်လုံးကုန်အောင်သောက်ပြီး မောဟိုက်နေခြင်းမှတည်ငြိမ်အောင်လုပ်လိုက်သည်။
"အိမ်မက်ဆိုးမက်လို့လား... "
"အင်း..."
"ဘယ်လိုအိမ်မက်လဲ...
အရမ်းကြောက်ဖို့ကောင်းလို့လား..."
ဆောင်းတွင်းမနက်ကြီး ချွေးပျံနေတဲ့ သူ့နဖူးပြင်မှ ချွေးစတို့ကို ညင်သာစွာ သုတ်ပေးရင်း မေးပြန်သည်။
"အိမ်မက်ထဲမှာ....
အစကတော့ ငါတန်ဖိုးထားတဲ့သူတွေကိုတွေ့ရတယ်....သူတို့ရဲ့ခေါ်သံတွေကိုလည်းကြားရတယ်....
သူတို့တွေက ငိုရင်ငို မငိုရင် ထိခိုက်ဒဏ်ရာရနေတာတွေချည်းပဲ...
ဒါပေမယ့်....
သူတို့တွေ အမှောင်ထဲမှာပျောက်ကွယ်သွားကြပြီး အမြဲ ငါတစ်ယောက်ထဲကျန်နေခဲ့တာ...
သွေးညှီနံ့တွေနဲ့ မှောင်မဲနေတဲ့နေရာကြီးမှာ ငါကြောက်တဲ့အော်သံငိုသံတွေကိုလည်းကြားရတယ်....."
"အဲ့လိုအိမ်မက်တွေအမြဲတမ်းမက်လား..."
"အမြဲတမ်းတော့မမက်ဘူး....
တစ်ခါတစ်လေမှပါ...
မင်းကစောစောစီးစီး ဘာလို့ငါ့အခန်းထဲရောက်နေတာလဲ..."
"မင်းကိုလာနှိုးတာလေ...
မနက်စာအတူစားရအောင်...
ဒီနေ့ငါတို့ group က presentation လုပ်ရမှာမို့စောစောသွားရမယ်မလား..."
"ဟုတ်သားပဲ...
Presentation ကိုငါမေ့နေတာ..."
"မြန်မြန်ပြင်တော့..."
သလင်းမြူ ရေချိုးခန်းထဲပြေးဝင်သွားတော့ ကောင်းကင် စောင်ကိုခေါက်လိုက်သည်။
မီးအိမ်တင်စားပွဲပေါ်မှ အားသွင်းထားသည့် နေရောင့်ဖုန်းကို တွေ့တော့ ဘာရယ်မဟုတ်ဖွင့်ကြည့်မိသည်။
အမှောင်ထဲမှ အဖြူရောင်နှင်းဆီတစ်ပွင့်ပေါ်မှာ အဖြူရောင်လိပ်ပြာလေးနားနေသည့် ပုံကို lock screen wallpaper တင်ထားလေသည်။
Password မခံထားသည့် ဖုန်းကအလွယ်တကူပင်ပွင့်သွားသည်။
Gallary ထဲဝင်ပြီး ကြည့်လိုက်တော့ သီချင်းvideo ပေါင်းများစွာ Korea, Chinese, Thai, Japanese အပြင် မြန်မာသီချင်းကောင်းများကလည်း စုံစွာ...
Anime နှင့် ကာတွန်းကားများကိုလည်း တွေ့ရတော့ ကောင်းကင် ရယ်မိပါသည်။
Photo တွေထဲမှာတော့ ပန်းပုံ လိပ်ပြာပုံ အစားအသောက်ပုံတွေလောက်သာရှိသည်။
""Me""ဆိုသည့် သီးသန့် album လေးကိုလည်းသူဝင်ကြည့်မိသည်။
စိုင်းစံရှားနှင့် sefile ဆွဲထားသည့် ရုပ်ပြောင်ပုံများ တေဇတို့ရဲ့ snap များ....
သူတစ်ပုံချင်းကြည့်ရင်း ခွီနေရသည်။
ထို file ၏ နောက်ဆုံးပုံကိုရောက်တော့ သူအတွေးတွေများကာ ငြိမ်သွားသည်။
မိသားစုပုံတစ်ပုံဟုထင်ရသည်။
ထိုပုံထဲမှာ နေရောင်လည်းပါနေသောကြောင့် သူဇဝေဇဝါဖြစ်မိသည်။
နေရောင့် အမျိုးတွေထဲမှာတော့ ဒီဓာတ်ပုံထဲကလူတွေမပါပါဘူး....
"ဘယ်သူတွေပါလိမ့်...."
ထိုအချိန် ရေချိုးခန်းထဲမှ သလင်းမြူ ပြန်ထွက်လာကာ ကောင်းကင်လက်ထဲမှဖုန်းကိုမြင်တော့ အထိန့်တလန့်နှင့် အမြန်ဆွဲလုလိုက်သည်။
"ဘာလို့ငါ့ဖုန်းကို ကိုင်နေတာလဲ!
ငါမကြိုက်ဘူး!"
"Sorry.....
ငါကဒီတိုင်း ဖွင့်ကြည့်မိတာပါ..."
ဘာမှမြင်သွားပုံမပေါ်သည့် ကောင်းကင်ကြောင့် သလင်းမြူ စိတ်လျော့လိုက်သည်။
"နောက်တစ်ခါငါ့ကိုခွင့်မတောင်းဘဲ ငါ့ဖုန်းကိုမကိုင်နဲ့..."
"စိတ်ဆိုးသွားတာလား... "
"မဆိုးဘူး..."
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ကိုဘုန်းကလည်း...."
ို့လှမ်းနေတဲ့သူ့ခြေလှမ်းတွေက ရယ်သံတစ်ချို့ကြောင့် ရပ်တန့်သွားသည်။
သောက်မှတ်မရှိသေးဘူးပဲ....
သူ့နှုတ်ခမ်းမှာ လူယုတ်မာအပြုံးတစ်ပွင့်....
"မြန်မြန်လာလေ နေရောင်..."
"အင်း..."
မနက်စာဝိုင်းမှာ ဘုန်းရှိန်ဝါထက်ပေါ်တက်ထိုင်တော့မတတ်ကပ်ကာ ဘာတွေပြောပြီး သဘောကျနေလဲမသိသည့် နန်းစံထိုက်...
"Morning ကိုကို..."
ငယ်ငယ်က မနက်စာဝိုင်းမှာသူလုပ်တတ်တဲ့ အကျင့်တစ်ခုကို သလင်းမြူ ပြန်အသက်သွင်းလိုက်သည်။
ဘုန်းရှိန်ဝါထက်ပါးပြင်ပေါ် အနမ်းတစ်ပွင့်ခြွေလိုက်တော့ ဘုန်းရှိန်ဝါထက်ကကျေနပ်စွာပြုံးသည်။
"Morning ငယ်..."
"Morning ကောင်းကင်..."
သလင်းမြူ သူ့ဘေးမှာဝင်ထိုင်သည့် ကောင်းကင်ရဲ့ပါးကိုပါနမ်းလိုက်သည်။
ဘုန်းရှိန်ဝါထက် မေးရိုးတွေတင်းသွားပေမယ့် ကောင်းကင်ကတော့ အံ့ဩနေသည်။
သလင်းမြူ ဘာမှမဖြစ်သလိုပဲ မနက်စာကိုသာအာရုံစိုက်နေပေမယ့် မထိန်းနိုင်အောင်ပျက်ယွင်းနေသည့် နန်းစံထိုက် မျက်နှာကို မျက်ဝန်းထောင့်မှမြင်တော့ မထိန်းနိုင်စွာ အော်ရယ်လိုက်သည်။
"နင်ဘာကိုရယ်တာလဲ!"
ရိုက်သတ်မည့်ဟန်ထမေးသည့် နန်းစံထိုက်ကိုသလင်းမြူ ပုခုံးတွန့်ပြလိုက်သည်။
"ရယ်ချင်လို့ရယ်တာလေ...."
"နန်း မင်းဘာဖြစ်နေတာလဲ ပြန်ထိုင်နေစမ်း!"
ဘုန်းရှိန်ဝါထက် စကားတစ်ခွန်းနှင့် မာန်ကျိုးသွားသည့် နန်းစံထိုက်.....
ဘုန်းရှိန်ဝါထက်ကို ချစ်သေးလား ပြန်လက်ခံမှာလားလို့မေးရင် သူ့အဖြေက No ပါ....
သူသောက်ရူးမဟုတ်တော့ဘူး....
ဘာလို့ဒီလိုတွေလုပ်နေတာလဲဆိုတဲ့မေးခွန်းရဲ့အဖြေကတော့ သောက်မြင်ကတ်လို့....
နန်းစံထိုက်ကို တနုံ့နုံ့ခံစားစေချင်လို့....
မထိတထိ ပုံစံမျိုးနဲ့ ထိထိမိမိ ဖြည်းဖြည်းချင်း အနုနည်းနဲ့ သတ်ချင်လို့....
နန်းစံထိုက်တစ်ယောက်တည်းတော့မဟုတ်ဘူး ဘုန်းရှိန်ဝါထက်လည်း ပါတယ်...
ကောင်းကင်ကတော့ ကြားညပ်ခြင်းသာ....
ခေါင်းဆောင်အဖြစ်တာဝန်ယူထားသည့် နေရောင်က အားလုံးရှေ့မှာ တည်တည်ငြိမ်ငြိမ်နဲ့ presentation လုပ်ပြီး ပါမောက္ခနှင့် ကျောင်းသူတွေမေးသည်များကို အကောင်းဆုံးပြန်လည်ဖြေကြားနေသည်ကို ကောင်းကင် တမေ့တမောငေးနေမိသည်မှာ ပါးစပ်ကြီးကိုဟလို့...
"အု..."
ပါးစပ်ထဲအရှိန်နှင့် ဝင်လာသည့် အရာကို ထုတ်ကြည့်လိုက်တော့ ခဲဖျက်ကြီး....
လက်ဝါးချင်းရိုက်ကာ ကြိတ်ရယ်နေသည့် တေဇနှင့်စိုင်းစံ ကသူ့ကို ပါးစပ်တွေဟကာ ပြန်ပြောင်နေကြသည်။
ဆရာဆရာမတွေရှေ့နားမှာ ရပ်နေရလို့ အော်ဆဲချင်သည့်စိတ်ကိုထိန်းကာ အထာကျကျလက်ပိုက်ထားရာမှ လက်ခလယ်တစ်ချောင်းသာထောင်ပြလိုက်သည်။
တက်ညီလက်ညီပြန်ထောင်ပြနေကြသည့် လေးကောင်က ပြေးရိုက်ချင်စရာ...
နေရောင့်စီအကြည့်ပြန်ပို့မိတော့ တိုနေသည့်စိတ်တွေပျောက်ကာ ပြန်ပြုံးမိသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◽◽
"နင်ဘာလုပ်နေတာလဲ..."
"ပန်းခူးနေတာလေ..."
သလင်းမြူ အလုပ်မပျက်ဘဲပြန်ဖြေလိုက်သည်။
"နင့်ကိုဘယ်သူကခူးခိုင်းလို့လဲ!"
"ခူးချင်လို့ခူးတာ!
သောက်ရေးမပါတာကို လာပြီးရေးကြီးခွင်ကျယ်လုပ်နေတယ်..."
"နင်ဘာပြောလိုက်တယ်..."
"သောက်ကျင့်မကောင်းရုံအပြင် နားကပါမကောင်းဘူးပဲ..."
"အဆင့်အတန်းမရှိတဲ့အကောင်...
နင်ကများငါ့ကို စော်ကားရဲတယ်..."
"စော်ကားတယ်?
ကျွန်တော် ခင်ဗျားကိုတက်လုပ်နေလို့လား..."
"နင်!"
ဝဲပျံလာသည့် လက်ဖဝါးကရှောင်ချင်အလွယ်လေးဆိုပေမယ့် သူလက်ခံလိုက်သည်။
"နန်းစံထိုက်!!"
"ကိုဘုန်း...."
"ကိုကို.....ဟင့်...."
သလင်းမြူ နီရဲနေသောပါးပြင်ကိုအုပ်ကာ မထွက်ချင်သည့် မျက်ရည်ကို အတင်းညှစ်ထုတ်လိုက်သည်။
"ငါမင်းကိုပြန်မရိုက်မိခင် မင်းပြန်လိုက်တော့!"
"ကိုဘုန်း.....
သူက နန်းကိုအရင်စရိုင်းတာ..."
"မင်းကိုပြန်တော့လို့ငါပြောနေတယ်လေ နန်းစံထိုက်!!
ငယ်လေး....
အရမ်းနာသွားလား....
ကိုကို့ကိုပြပါဦး..."
"အဟင့်....ကိုကို...
မမနန်းစံကလေ...
သားသူငယ်ချင်းကို လက်ဆောင်ပေးမလို့...
ပန်းလေးနည်းနည်းခူးမိတာကို သားကို ရိုက်တယ်....ဟင့်..."
သလင်းမြူ ဘုန်းရှိန်ဝါထက် ရင်ခွင်ထဲကိုဝင်ကာ ငိုလိုက်သည်။
"မငိုပါနဲ့ကွာ...
ကိုကိုရင်နာလို့ပါ..."
ကျောခိုင်းကာပြေးထွက်သွားသည့် နန်းစံထိုက်ကိုကြည့်ရင်း သလင်းမြူ နှုတ်ခမ်းထောင့်လေးကော့တက်သွားပြန်သည်။
အရိုက်ခံရတာ တန်ပါတယ်....hak...
ငါပိုင်ခဲ့တုန်းက နင်ဖျက်ဆီးခဲ့ပြီး...
နင်ပိုင်တဲ့အချိန်မှာ ငါပြန်ဖျက်ဆီးတော့...
ဘယ်လိုနေလဲ နန်းစံထိုက်...
သူ့ပါးကို ပြာပြာသလဲ ရေခဲအုပ်ပေးနေသည့် ဘုန်းရှိန်ဝါထက်စကားပြောသည်ကို အလိုက်သင့် အင်း အဲ သာလုပ်ရင်း ဖြတ်ယူလာသည့် နှင်းဆီဖြူတွေကို လှပသည့် ပန်းစည်လေးဖြစ်အောင် သလင်းမြူဖန်တီးလိုက်သည်။
"ဘယ်သူငယ်ချင်းကို ပန်းပေးမလို့လဲ ငယ်..."
"အသိသူငယ်ချင်းတစ်ယောက်...
ဒီနေ့သူ့ပြိုင်ပွဲကို သွားအားပေးမှာမလို့..."
"ယောက်ျားလေးလား မိန်းကလေးလား..."
"မိန်းကလေး...
ကျွန်တော်သွားတော့မယ်...."
မိန်းကလေးလို့ပြောတော့ ဘုန်းရှိန်ဝါထက် ရင်ပူရပေမယ့် ယောက်ျားလေးလို့ပြောရင်လည်း ပူရပေမည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Major အလိုက်မိတ်ဆက်ပြီး တစ်ယောက်ပြီး တစ်ယောက်ထွက်လာကြသည့် လှယဉ်ကျေးမယ် ပြိုင်ပွဲဝင်များ...
အားပေးသံဆူညံနေကြသည့်အထဲမှာ သူ့ဘေးကကောင်းကင်မှအပ ကျန်တဲ့ကောင်တွေအကုန် စပ်စလူးခါနေကြသည်။
ခန္ဓာကိုယ်အလှပေါ်လွင်သည့် ချိုင်းပြတ်ရင်စေ့အကျႌနှင့် ထမီဝတ်ဆင်ကာ ဆံထုံးလေးတွေနှင့် ပြိုင်ပွဲဝင်များက တူညီစွာဝတ်ထားပြီး အရောင်တော့ မတူကြ...
ခက်သံစဉ်က အသားရောင်ဝတ်စုံလေးနှင့်ဖြစ်ပြီး စင်အောက်မှတစ်ခုခုကိုရှာနေပုံပင်...
သူ့ကိုမြင်သွားတော့ပြုံးရာ သလင်းမြူလည်း အသာလက်ပြလိုက်သည်။
မယ်ရွေးပွဲအပြင် အဆိုအကတွေကလည်းပါတော့ ပျော်စရာကောင်းသည်။
Fifth Harmony ရဲ့ Worth It သီချင်းနှင့် ညီညာစွာကနေသည့် ကောင်မလေးတွေကိုကြည့်ကာ သလင်းမြူလည်း စီးချက်အတိုင်းလိုက်လှုပ်မိပါသည်။
"Congratulation ခက်..."
ပန်းစည်းအဖြူလေးကို ခက်သံစဉ်ဆီပေးလိုက်တော့ သူမက အရမ်းပျော်သွားပုံပင်...
"ကျေးဇူးပါပဲ နေရောင်....
ခက်နဲ့ဓာတ်ပုံတွဲရိုက်ရအောင် ရလား..."
"ရပါတယ်..."
သူမတောင်းဆိုသည့်အတိုင်း သလင်းမြူ ဓာတ်ပုံအတူရိုက်ပေးကာ ပြန်လာခဲ့ကြသည်။
"ခုနတုန်းက ပန်းစည်းက....
ကိုယ်တိုင်လုပ်ထားတာလား..."
"အင်း..."
"ဘာလို့လဲ...
ဘာလို့ကိုယ်တိုင်လုပ်ပေးတာလဲ..."
"ပေးချင်လို့ပေါ့...
အကုန်အကျလည်းသက်သာတယ်လေ..
ဆိုင်မှာသွားဝယ်ရင်ကုန်မယ့်ပိုက်ဆံကို ငါစားချင်တာစားမှာ...."
အစားဘူတာကိုပြန်စိုက်သည့် နေရောင့်ကိုကြည့်ကာ ကောင်းကင်မှာ အူတယားယား...
"ဘာစားချင်လဲ...
ငါလိုက်ကျွေးမယ်..."
"တကယ်!
Spicy Noodle အရမ်းစားချင်တယ်...
မြန်မြန်သွားမယ်လာ..!"
သလင်းမြူတို့က အစားနဲ့ပတ်သက်ရင် တက်ကြွလွန်းပါသည်။
"ငါ့ကိုအဖြေဘယ်တော့ပေးမှာလဲ..."
ဘုကြည့်ကြည့်လာပြီး လက်ထဲမှတူကို ဆောင့်ချလိုက်သည့် နေရောင့်ကြောင့် ကောင်းကင်သွားဖြီးရယ်ပြလိုက်သည်။
"ငါကို အစားနဲ့မျှားပြီး အဖြေတောင်းတယ်ပေါ့...
မစားတော့ဘူး..."
"နေရောင်ကလည်း...
အဲ့လိုမဟုတ်ပါဘူးကွာ....
စားစား ငါဘာမှမပြောတော့ဘူးနော်..."
ကောင်းကင် ပုဇွန်နှစ်ကောင်လုံးကို နေရောင့်ထံပေးလိုက်သည်။
"မင်းလည်းစားလေ... "
"အင်း စားတယ်လေ..."
သလင်းမြူ ကောင်းကင်ဆီ ပုဇွန်တွေပြန်ပေးလိုက်သည်။
ကောင်းကင်ပုဇွန်နှစ်ကောင်လုံးကိုသေချာအခွံနွှာလိုက်သည်။
"နေရောင်...ပါးစပ်ဟ..."
ကြောင်တောင်တောင် ပါးစပ်လေးဟပေးသည့် နေရောင့်ကို အခွံချွတ်ထားသည့် ပုဇွန်နှစ်ကောင်လုံးသူခွံ့ကျွေးလိုက်တော့ စားပြီးနေရောင်ကကျေနပ်စွာပြုံးနေသည်။
"မပြုံးနဲ့.."
နားနားကပ်ကာတိုးတိုးပြောသည့် ကောင်းကင်ကြောင့် လူကတွန့်သွားသည်။
"ငါဘာသာငါပြုံးချင်ပြုံးမှာပေါ့..."
သူဘုဂလန့်ပြန်ပြောပေမယ့် ကောင်းကင်ကပြုံးနေသည်။
ဒီအပြုံး...
သူအိမ်မက်ထဲမှာမြင်ခဲ့တဲ့အပြုံးမျိုး....
"မင်းလည်းမပြုံးနဲ့ကောင်းကင်..."
သူကြောက်လို့ပါ....
အိမ်မက်ထဲကလို သူကောင်းကင်ကို ထိခိုက်မိမှာကိုကြောက်တယ်...
ကောင်းကင်ရဲ့မျက်ရည်တွေကိုမြင်ရမှာကြောက်တယ်....
ပြီးတော့...
မငြိမ်သက်ပြန်သည့် နှလုံးခုန်သံတွေကိုကြောက်တယ်
ငါမင်းကိုချစ်မိသွားမှာကိုကြောက်တယ် ကောင်းကင်....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Zawgyi
"ေနေရာင္.... "
သူ႔ေ႐ွ႕မွာ ျပဳံးျပၿပီး ရပ္ေနတဲ့ေကာင္းကင္....
ေကာင္းကင္ရဲ့မ်က္ဝန္းထက္မွ က်ဆင္းလာသည္က မ်က္ရည္မဟုတ္ဘဲ အနီေရာင္ေသြးစက္မ်ား....
ဘယ္ဘက္ရင္အုံမွာလည္း ေသြးေတြအမ်ားအျပားထြက္ေနသည့္ ဒဏ္ရာကို လက္ႏွင့္ဖိထားကာ ေကာင္းကင္ျပဳံးေနဆဲ....
သလင္းျမဴ ေၾကာင္အေနၿပီး ညာဘက္လက္ထဲမွာ႐ွိေနသည့္ တစ္စုံတစ္ခုကို ၾကည့္လိုက္မိေတာ့ ေသြးေတြႏွင့္ ဓားတစ္ေခ်ာင္း.....
သလင္းျမဴ အထိတ္တလန္႔ ဓားကိုလႊတ္ခ်လိုက္ေပမယ့္ လက္ဖဝါးထက္မွာေတာ့ ေသြးစေတြႏွင့္ေပစြန္းေနသည္။
"ေပ်ာ္ရဲ႕လား.....ေနေရာင္...."
ေျပာၿပီးလဲက်သြားသည့္ ေကာင္းကင္....
သူ႔အနားကိုဝန္းရံလာသည့္ ေကာင္းကင္ထံမွ ေသြးစီးေၾကာင္းမ်ား...
ၿငိမ္သက္သြားတဲ့ေကာင္းကင္က အသက္မဲ့သြားပုံေပၚေပမယ့္ သူ႔ကိုၾကည့္ေနဆဲ...
တျဖည္းျဖည္းေကာင္းကင္ရဲ႕ပုံရိပ္ဟာ ေပ်ာက္ကြယ္သြားၿပီး ပတ္ဝန္းက်င္ဟာပို၍ေမွာင္မိုက္လာသည္။
သူထြက္ေျပးဖို႔လုပ္ေပမယ့္ လႈပ္႐ွားလို႔မရ....
"သားငယ္ေလး.... "
"ေမေမ...."
ေခၚသံၾကားေပမယ့္ ႐ွာလို႔ကမေတြ႔ျပန္...
နားထဲတိုးဝင္လာသည့္ ငိုသံက်ယ္မ်ား....
ဒါကအိမ္မက္ပဲ.....
ဟုတ္တယ္ ဒါကအိမ္မက္ပဲ....
အိမ္မက္မွန္းသိေပမယ့္ မႏိုးထႏိုင္ဘဲ နားေတြကိုပိတ္ထားလိုက္သည္။
"ေနေရာင္..."
သလင္းျမဴ မ်က္စိတင္းတင္းမွိတ္ၿပီး နားေတြကိုဖိပိတ္ထားလ်ွက္ ေခါင္းတသြင္သြင္ခါမိသည္။
"ေနေရာင္....!"
"အားးး!"
သူေအာ္ဟစ္ၿပီး မ်က္လုံးေတြဖြင့္လိုက္ေတာ့ သူ႔ကိုစိုးရိမ္ေနသည့္ အၾကည့္ေတြႏွင့္ ေကာင္းကင္....
သလင္းျမဴ အျမန္ထထိုင္ရင္း ေကာင္းကင္ရဲ႕ရင္ဘက္ကိုေသခ်ာကိုင္တြယ္ၾကည့္ကာ မ်က္ႏွာကိုပါစစ္ေဆးၾကည့္မိသည္။
"ေတာ္ေသးတာေပါ့.... "
"ဘာျဖစ္လို႔လဲ..."
ေရခြက္ကိုသူ႔ႏႈတ္ခမ္းနားလာေတ့ေပးရင္း ေမးေနသည့္ေကာင္းကင္ကိုေခါင္းသာယမ္းျပလိုက္ကာ ေရတစ္ခြက္လုံးကုန္ေအာင္ေသာက္ၿပီး ေမာဟိုက္ေနျခင္းမွတည္ၿငိမ္ေအာင္လုပ္လိုက္သည္။
"အိမ္မက္ဆိုးမက္လို႔လား... "
"အင္း..."
"ဘယ္လိုအိမ္မက္လဲ...
အရမ္းေၾကာက္ဖို႔ေကာင္းလို႔လား..."
ေဆာင္းတြင္းမနက္ႀကီး ေခြၽးပ်ံေနတဲ့ သူ႔နဖူးျပင္မွ ေခြၽးစတို႔ကို ညင္သာစြာ သုတ္ေပးရင္း ေမးျပန္သည္။
"အိမ္မက္ထဲမွာ....
အစကေတာ့ ငါတန္ဖိုးထားတဲ့သူေတြကိုေတြ႔ရတယ္....သူတို႔ရဲ႕ေခၚသံေတြကိုလည္းၾကားရတယ္....
သူတို႔ေတြက ငိုရင္ငို မငိုရင္ ထိခိုက္ဒဏ္ရာရေနတာေတြခ်ည္းပဲ...
ဒါေပမယ့္....
သူတို႔ေတြ အေမွာင္ထဲမွာေပ်ာက္ကြယ္သြားၾကၿပီး အျမဲ ငါတစ္ေယာက္ထဲက်န္ေနခဲ့တာ...
ေသြးညႇီနံ႔ေတြနဲ႔ ေမွာင္မဲေနတဲ့ေနရာႀကီးမွာ ငါေၾကာက္တဲ့ေအာ္သံငိုသံေတြကိုလည္းၾကားရတယ္....."
"အဲ့လိုအိမ္မက္ေတြအျမဲတမ္းမက္လား..."
"အျမဲတမ္းေတာ့မမက္ဘူး....
တစ္ခါတစ္ေလမွပါ...
မင္းကေစာေစာစီးစီး ဘာလို႔ငါ့အခန္းထဲေရာက္ေနတာလဲ..."
"မင္းကိုလာႏွိုးတာေလ...
မနက္စာအတူစားရေအာင္...
ဒီေန႔ငါတို႔ group က presentation လုပ္ရမွာမို႔ေစာေစာသြားရမယ္မလား..."
"ဟုတ္သားပဲ...
Presentation ကိုငါေမ့ေနတာ..."
"ျမန္ျမန္ျပင္ေတာ့..."
သလင္းျမဴ ေရခ်ိဳးခန္းထဲေျပးဝင္သြားေတာ့ ေကာင္းကင္ ေစာင္ကိုေခါက္လိုက္သည္။
မီးအိမ္တင္စားပြဲေပၚမွ အားသြင္းထားသည့္ ေနေရာင့္ဖုန္းကို ေတြ႔ေတာ့ ဘာရယ္မဟုတ္ဖြင့္ၾကည့္မိသည္။
အေမွာင္ထဲမွ အျဖဴေရာင္ႏွင္းဆီတစ္ပြင့္ေပၚမွာ အျဖဴေရာင္လိပ္ျပာေလးနားေနသည့္ ပုံကို lock screen wallpaper တင္ထားေလသည္။
Password မခံထားသည့္ ဖုန္းကအလြယ္တကူပင္ပြင့္သြားသည္။
Gallary ထဲဝင္ၿပီး ၾကည့္လိုက္ေတာ့ သီခ်င္းvideo ေပါင္းမ်ားစြာ Korea, Chinese, Thai, Japanese အျပင္ ျမန္မာသီခ်င္းေကာင္းမ်ားကလည္း စုံစြာ...
Anime ႏွင့္ ကာတြန္းကားမ်ားကိုလည္း ေတြ႔ရေတာ့ ေကာင္းကင္ ရယ္မိပါသည္။
Photo ေတြထဲမွာေတာ့ ပန္းပုံ လိပ္ျပာပုံ အစားအေသာက္ပုံေတြေလာက္သာ႐ွိသည္။
""Me""ဆိုသည့္ သီးသန္႔ album ေလးကိုလည္းသူဝင္ၾကည့္မိသည္။
စိုင္းစံ႐ွားႏွင့္ sefile ဆြဲထားသည့္ ႐ုပ္ေျပာင္ပုံမ်ား ေတဇတို႔ရဲ႕ snap မ်ား....
သူတစ္ပုံခ်င္းၾကည့္ရင္း ခြီေနရသည္။
ထို file ၏ ေနာက္ဆုံးပုံကိုေရာက္ေတာ့ သူအေတြးေတြမ်ားကာ ၿငိမ္သြားသည္။
မိသားစုပုံတစ္ပုံဟုထင္ရသည္။
ထိုပုံထဲမွာ ေနေရာင္လည္းပါေနေသာေၾကာင့္ သူဇေဝဇဝါျဖစ္မိသည္။
ေနေရာင့္ အမ်ိဳးေတြထဲမွာေတာ့ ဒီဓာတ္ပုံထဲကလူေတြမပါပါဘူး....
"ဘယ္သူေတြပါလိမ့္...."
ထိုအခ်ိန္ ေရခ်ိဳးခန္းထဲမွ သလင္းျမဴ ျပန္ထြက္လာကာ ေကာင္းကင္လက္ထဲမွဖုန္းကိုျမင္ေတာ့ အထိန္႔တလန္႔ႏွင့္ အျမန္ဆြဲလုလိုက္သည္။
"ဘာလို႔ငါ့ဖုန္းကို ကိုင္ေနတာလဲ!
ငါမႀကိဳက္ဘူး!"
"Sorry.....
ငါကဒီတိုင္း ဖြင့္ၾကည့္မိတာပါ..."
ဘာမွျမင္သြားပုံမေပၚသည့္ ေကာင္းကင္ေၾကာင့္ သလင္းျမဴ စိတ္ေလ်ာ့လိုက္သည္။
"ေနာက္တစ္ခါငါ့ကိုခြင့္မေတာင္းဘဲ ငါ့ဖုန္းကိုမကိုင္နဲ႔..."
"စိတ္ဆိုးသြားတာလား... "
"မဆိုးဘူး..."
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ကိုဘုန္းကလည္း...."
ို႔လွမ္းေနတဲ့သူ႔ေျခလွမ္းေတြက ရယ္သံတစ္ခ်ိဳ႕ေၾကာင့္ ရပ္တန့္သြားသည္။
ေသာက္မွတ္မ႐ွိေသးဘူးပဲ....
သူ႔ႏႈတ္ခမ္းမွာ လူယုတ္မာအျပဳံးတစ္ပြင့္....
"ျမန္ျမန္လာေလ ေနေရာင္..."
"အင္း..."
မနက္စာဝိုင္းမွာ ဘုန္း႐ွိန္ဝါထက္ေပၚတက္ထိုင္ေတာ့မတတ္ကပ္ကာ ဘာေတြေျပာၿပီး သေဘာက်ေနလဲမသိသည့္ နန္းစံထိုက္...
"Morning ကိုကို..."
ငယ္ငယ္က မနက္စာဝိုင္းမွာသူလုပ္တတ္တဲ့ အက်င့္တစ္ခုကို သလင္းျမဴ ျပန္အသက္သြင္းလိုက္သည္။
ဘုန္း႐ွိန္ဝါထက္ပါးျပင္ေပၚ အနမ္းတစ္ပြင့္ေႁခြလိုက္ေတာ့ ဘုန္း႐ွိန္ဝါထက္ကေက်နပ္စြာျပဳံးသည္။
"Morning ငယ္..."
"Morning ေကာင္းကင္..."
သလင္းျမဴ သူ႔ေဘးမွာဝင္ထိုင္သည့္ ေကာင္းကင္ရဲ႕ပါးကိုပါနမ္းလိုက္သည္။
ဘုန္း႐ွိန္ဝါထက္ ေမး႐ိုးေတြတင္းသြားေပမယ့္ ေကာင္းကင္ကေတာ့ အံ့ဩေနသည္။
သလင္းျမဴ ဘာမွမျဖစ္သလိုပဲ မနက္စာကိုသာအာ႐ုံစိုက္ေနေပမယ့္ မထိန္းႏိုင္ေအာင္ပ်က္ယြင္းေနသည့္ နန္းစံထိုက္ မ်က္ႏွာကို မ်က္ဝန္းေထာင့္မွျမင္ေတာ့ မထိန္းႏိုင္စြာ ေအာ္ရယ္လိုက္သည္။
"နင္ဘာကိုရယ္တာလဲ!"
႐ိုက္သတ္မည့္ဟန္ထေမးသည့္ နန္းစံထိုက္ကိုသလင္းျမဴ ပုခုံးတြန္႔ျပလိုက္သည္။
"ရယ္ခ်င္လို႔ရယ္တာေလ...."
"နန္း မင္းဘာျဖစ္ေနတာလဲ ျပန္ထိုင္ေနစမ္း!"
ဘုန္း႐ွိန္ဝါထက္ စကားတစ္ခြန္းႏွင့္ မာန္က်ိဳးသြားသည့္ နန္းစံထိုက္.....
ဘုန္း႐ွိန္ဝါထက္ကို ခ်စ္ေသးလား ျပန္လက္ခံမွာလားလို႔ေမးရင္ သူ႔အေျဖက No ပါ....
သူေသာက္႐ူးမဟုတ္ေတာ့ဘူး....
ဘာလို႔ဒီလိုေတြလုပ္ေနတာလဲဆိုတဲ့ေမးခြန္းရဲ႕အေျဖကေတာ့ ေသာက္ျမင္ကတ္လို႔....
နန္းစံထိုက္ကို တႏုံ႔ႏုံ႔ခံစားေစခ်င္လို႔....
မထိတထိ ပုံစံမ်ိဳးနဲ႔ ထိထိမိမိ ျဖည္းျဖည္းခ်င္း အႏုနည္းနဲ႔ သတ္ခ်င္လို႔....
နန္းစံထိုက္တစ္ေယာက္တည္းေတာ့မဟုတ္ဘူး ဘုန္း႐ွိန္ဝါထက္လည္း ပါတယ္...
ေကာင္းကင္ကေတာ့ ၾကားညပ္ျခင္းသာ....
ေခါင္းေဆာင္အျဖစ္တာဝန္ယူထားသည့္ ေနေရာင္က အားလုံးေ႐ွ႕မွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ presentation လုပ္ၿပီး ပါေမာကၡႏွင့္ ေက်ာင္းသူေတြေမးသည္မ်ားကို အေကာင္းဆုံးျပန္လည္ေျဖၾကားေနသည္ကို ေကာင္းကင္ တေမ့တေမာေငးေနမိသည္မွာ ပါးစပ္ႀကီးကိုဟလို႔...
"အု..."
ပါးစပ္ထဲအ႐ွိန္ႏွင့္ ဝင္လာသည့္ အရာကို ထုတ္ၾကည့္လိုက္ေတာ့ ခဲဖ်က္ႀကီး....
လက္ဝါးခ်င္း႐ိုက္ကာ ႀကိတ္ရယ္ေနသည့္ ေတဇႏွင့္စိုင္းစံ ကသူ႔ကို ပါးစပ္ေတြဟကာ ျပန္ေျပာင္ေနၾကသည္။
ဆရာဆရာမေတြေ႐ွ႕နားမွာ ရပ္ေနရလို႔ ေအာ္ဆဲခ်င္သည့္စိတ္ကိုထိန္းကာ အထာက်က်လက္ပိုက္ထားရာမွ လက္ခလယ္တစ္ေခ်ာင္းသာေထာင္ျပလိုက္သည္။
တက္ညီလက္ညီျပန္ေထာင္ျပေနၾကသည့္ ေလးေကာင္က ေျပး႐ိုက္ခ်င္စရာ...
ေနေရာင့္စီအၾကည့္ျပန္ပို႔မိေတာ့ တိုေနသည့္စိတ္ေတြေပ်ာက္ကာ ျပန္ျပဳံးမိသည္။
◽◾◽◾◽◾◽◾◽◾◽◾◽◽◽
"နင္ဘာလုပ္ေနတာလဲ..."
"ပန္းခူးေနတာေလ..."
သလင္းျမဴ အလုပ္မပ်က္ဘဲျပန္ေျဖလိုက္သည္။
"နင့္ကိုဘယ္သူကခူးခိုင္းလို႔လဲ!"
"ခူးခ်င္လို႔ခူးတာ!
ေသာက္ေရးမပါတာကို လာၿပီးေရးႀကီးခြင္က်ယ္လုပ္ေနတယ္..."
"နင္ဘာေျပာလိုက္တယ္..."
"ေသာက္က်င့္မေကာင္း႐ုံအျပင္ နားကပါမေကာင္းဘူးပဲ..."
"အဆင့္အတန္းမ႐ွိတဲ့အေကာင္...
နင္ကမ်ားငါ့ကို ေစာ္ကားရဲတယ္..."
"ေစာ္ကားတယ္?
က်ြန္ေတာ္ ခင္ဗ်ားကိုတက္လုပ္ေနလို႔လား..."
"နင္!"
ဝဲပ်ံလာသည့္ လက္ဖဝါးကေ႐ွာင္ခ်င္အလြယ္ေလးဆိုေပမယ့္ သူလက္ခံလိုက္သည္။
"နန္းစံထိုက္!!"
"ကိုဘုန္း...."
"ကိုကို.....ဟင့္...."
သလင္းျမဴ နီရဲေနေသာပါးျပင္ကိုအုပ္ကာ မထြက္ခ်င္သည့္ မ်က္ရည္ကို အတင္းညႇစ္ထုတ္လိုက္သည္။
"ငါမင္းကိုျပန္မ႐ိုက္မိခင္ မင္းျပန္လိုက္ေတာ့!"
"ကိုဘုန္း.....
သူက နန္းကိုအရင္စ႐ိုင္းတာ..."
"မင္းကိုျပန္ေတာ့လို႔ငါေျပာေနတယ္ေလ နန္းစံထိုက္!!
ငယ္ေလး....
အရမ္းနာသြားလား....
ကိုကို႔ကိုျပပါဦး..."
"အဟင့္....ကိုကို...
မမနန္းစံကေလ...
သားသူငယ္ခ်င္းကို လက္ေဆာင္ေပးမလို႔...
ပန္းေလးနည္းနည္းခူးမိတာကို သားကို ႐ိုက္တယ္....ဟင့္..."
သလင္းျမဴ ဘုန္း႐ွိန္ဝါထက္ ရင္ခြင္ထဲကိုဝင္ကာ ငိုလိုက္သည္။
"မငိုပါနဲ႔ကြာ...
ကိုကိုရင္နာလို႔ပါ..."
ေက်ာခိုင္းကာေျပးထြက္သြားသည့္ နန္းစံထိုက္ကိုၾကည့္ရင္း သလင္းျမဴ ႏႈတ္ခမ္းေထာင့္ေလးေကာ့တက္သြားျပန္သည္။
အ႐ိုက္ခံရတာ တန္ပါတယ္....hak...
ငါပိုင္ခဲ့တုန္းက နင္ဖ်က္ဆီးခဲ့ၿပီး...
နင္ပိုင္တဲ့အခ်ိန္မွာ ငါျပန္ဖ်က္ဆီးေတာ့...
ဘယ္လိုေနလဲ နန္းစံထိုက္...
သူ႔ပါးကို ျပာျပာသလဲ ေရခဲအုပ္ေပးေနသည့္ ဘုန္း႐ွိန္ဝါထက္စကားေျပာသည္ကို အလိုက္သင့္ အင္း အဲ သာလုပ္ရင္း ျဖတ္ယူလာသည့္ ႏွင္းဆီျဖဴေတြကို လွပသည့္ ပန္းစည္ေလးျဖစ္ေအာင္ သလင္းျမဴဖန္တီးလိုက္သည္။
"ဘယ္သူငယ္ခ်င္းကို ပန္းေပးမလို႔လဲ ငယ္..."
"အသိသူငယ္ခ်င္းတစ္ေယာက္...
ဒီေန႔သူ႔ၿပိဳင္ပြဲကို သြားအားေပးမွာမလို႔..."
"ေယာက္်ားေလးလား မိန္းကေလးလား..."
"မိန္းကေလး...
ကြၽန္ေတာ္သြားေတာ့မယ္...."
မိန္းကေလးလို႔ေျပာေတာ့ ဘုန္း႐ွိန္ဝါထက္ ရင္ပူရေပမယ့္ ေယာက္်ားေလးလို႔ေျပာရင္လည္း ပူရေပမည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Major အလိုက္မိတ္ဆက္ၿပီး တစ္ေယာက္ၿပီး တစ္ေယာက္ထြက္လာၾကသည့္ လွယဥ္ေက်းမယ္ ၿပိဳင္ပြဲဝင္မ်ား...
အားေပးသံဆူညံေနၾကသည့္အထဲမွာ သူ႔ေဘးကေကာင္းကင္မွအပ က်န္တဲ႔ေကာင္ေတြအကုန္ စပ္စလူးခါေနၾကသည္။
ခႏၶာကိုယ္အလွေပၚလြင္သည့္ ခ်ိဳင္းျပတ္ရင္ေစ့အက်ႌႏွင့္ ထမီဝတ္ဆင္ကာ ဆံထုံးေလးေတြႏွင့္ ၿပိဳင္ပြဲဝင္မ်ားက တူညီစြာဝတ္ထားၿပီး အေရာင္ေတာ့ မတူၾက...
ခက္သံစဥ္က အသားေရာင္ဝတ္စုံေလးႏွင့္ျဖစ္ၿပီး စင္ေအာက္မွတစ္ခုခုကို႐ွာေနပုံပင္...
သူ႔ကိုျမင္သြားေတာ့ျပဳံးရာ သလင္းျမဴလည္း အသာလက္ျပလိုက္သည္။
မယ္ေရြးပြဲအျပင္ အဆိုအကေတြကလည္းပါေတာ့ ေပ်ာ္စရာေကာင္းသည္။
Fifth Harmony ရဲ႕ Worth It သီခ်င္းႏွင့္ ညီညာစြာကေနသည့္ ေကာင္မေလးေတြကိုၾကည့္ကာ သလင္းျမဴလည္း စီးခ်က္အတိုင္းလိုက္လႈပ္မိပါသည္။
"Congratulation ခက္..."
ပန္းစည္းအျဖဴေလးကို ခက္သံစဥ္ဆီေပးလိုက္ေတာ့ သူမက အရမ္းေပ်ာ္သြားပုံပင္...
"ေက်းဇူးပါပဲ ေနေရာင္....
ခက္နဲ႔ဓာတ္ပုံတြဲ႐ိုက္ရေအာင္ ရလား..."
"ရပါတယ္..."
သူမေတာင္းဆိုသည့္အတိုင္း သလင္းျမဴ ဓာတ္ပုံအတူ႐ိုက္ေပးကာ ျပန္လာခဲ့ၾကသည္။
"ခုနတုန္းက ပန္းစည္းက....
ကိုယ္တိုင္လုပ္ထားတာလား..."
"အင္း..."
"ဘာလို႔လဲ...
ဘာလို႔ကိုယ္တိုင္လုပ္ေပးတာလဲ..."
"ေပးခ်င္လို႔ေပါ့...
အကုန္အက်လည္းသက္သာတယ္ေလ..
ဆိုင္မွာသြားဝယ္ရင္ကုန္မယ့္ပိုက္ဆံကို ငါစားခ်င္တာစားမွာ...."
အစားဘူတာကိုျပန္စိုက္သည့္ ေနေရာင့္ကိုၾကည့္ကာ ေကာင္းကင္မွာ အူတယားယား...
"ဘာစားခ်င္လဲ...
ငါလိုက္ေကြၽးမယ္..."
"တကယ္!
Spicy Noodle အရမ္းစားခ်င္တယ္...
ျမန္ျမန္သြားမယ္လာ..!"
သလင္းျမဴတို႔က အစားနဲ႔ပတ္သက္ရင္ တက္ႂကြလြန္းပါသည္။
"ငါ့ကိုအေျဖဘယ္ေတာ့ေပးမွာလဲ..."
ဘုၾကည့္ၾကည့္လာျပီး လက္ထဲမွတူကို ေဆာင့္ခ်လိုက္သည့္ ေနေရာင့္ေၾကာင့္ ေကာင္းကင္သြားၿဖီးရယ္ျပလိုက္သည္။
"ငါကို အစားနဲ႔မ်ွားၿပီး အေျဖေတာင္းတယ္ေပါ့...
မစားေတာ့ဘူး..."
"ေနေရာင္ကလည္း...
အဲ့လို႔မဟုတ္ပါဘူးကြာ....
စားစား ငါဘာမွမေျပာေတာ့ဘူးေနာ္..."
ေကာင္းကင္ ပုဇြန္ႏွစ္ေကာင္လုံးကို ေနေရာင့္ထံေပးလိုက္သည္။
"မင္းလည္းစားေလ... "
"အင္း စားတယ္ေလ..."
သလင္းျမဴ ေကာင္းကင္ဆီ ပုဇြန္ေတြျပန္ေပးလိုက္သည္။
ေကာင္းကင္ပုဇြန္ႏွစ္ေကာင္လုံးကိုေသခ်ာအခြံႏႊာလိုက္သည္။
"ေနေရာင္...ပါးစပ္ဟ..."
ေၾကာင္ေတာင္ေတာင္ ပါးစပ္ေလးဟေပးသည့္ ေနေရာင့္ကို အခြံခြၽတ္ထားသည့္ ပုဇြန္ႏွစ္ေကာင္လုံးသူခြံ႔ေကြၽးလိုက္ေတာ့ စားၿပီးေနေရာင္ကေက်နပ္စြာျပဳံးေနသည္။
"မျပဳံးနဲ႔.."
နားနားကပ္ကာတိုးတိုးေျပာသည့္ ေကာင္းကင္ေၾကာင့္ လူကတြန္႔သြားသည္။
"ငါဘာသာငါျပဳံးခ်င္ျပဳံးမွာေပါ့..."
သူဘုဂလန္႔ျပန္ေျပာေပမယ့္ ေကာင္းကင္ကျပဳံးေနသည္။
ဒီအျပဳံး...
သူအိမ္မက္ထဲမွာျမင္ခဲ့တဲ့အျပဳံးမ်ိဳး....
"မင္းလည္းမျပဳံးနဲ႔ေကာင္းကင္..."
သူေၾကာက္လို႔ပါ....
အိမ္မက္ထဲကလို သူေကာင္းကင္ကို ထိခိုက္မိမွာကိုေၾကာက္တယ္...
ေကာင္းကင္ရဲ႕မ်က္ရည္ေတြကိုျမင္ရမွာေၾကာက္တယ္....
ၿပီးေတာ့...
မၿငိမ္သက္ျပန္သည့္ ႏွလုံးခုန္သံေတြကိုေၾကာက္တယ္
ငာမင္းကိုခ်စ္မိသြားမွာကိုေၾကာက္တယ္ ေကာင္းကင္....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Bạn đang đọc truyện trên: Truyen247.Pro