Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-31 ( a devil inside me)

Unicode

"အဖြေပြန်ပေးပြီးပြီလား..."

တစ်ဖက်ကစူးနေရောင်ထက်ရဲ့မေးခွန်းကိုသူမဖြေနိုင်သေးဘဲ ဖုန်းကိုင်ထားတဲ့လက်တွေတင်းသွားရသည်။

"ငါမေးနေတယ်လေ... "
"မပေးရသေးဘူး...."
"ငါမင်းကိုအချိန်နည်းနည်းပဲဆွဲခိုင်းတာနော်..."
"........"
"စစ်ကိုအဖြေပြန်ပေးပြီးလက်ခံလိုက်တော့....
ပြီးတော့ မနေ့ကငါရတဲ့ဓာတ်ပုံတွေထဲမှာ မင်းနားကကောင်မလေးကဘယ်သူလဲ... "
"ဘယ်ကောင်မလေးလဲ...."
"မင်းကားနဲ့တင်ခေါ်သွားပြီး နေ့လည်စာအတူသွားစားတဲ့သူ..."
"သူက ခက်သံစဉ်...
Botany က...."
"စစ်ကိုသူ့အနားမှာတွေ့ဖူးသလိုပဲ...."
"ကောင်းကင်က ခက်ကိုကြိုက်ခဲ့ဖူးတယ်...
လိုက်ခဲ့ပေမယ့် မရခဲ့တာ...."
"Woah.... !
hak....
ပွဲကတော့ကစားလို့ကောင်းမယ့်ပုံပဲ....."
"မင်းဘာကိုဆိုလိုချင်တာလဲ..... "
"မင်းငါ့ကိုဘာမှပြန်မေးခွင့်မရှိဘူးနော် သလင်းမြူ.... "

သလင်းမြူ သက်ပြင်းသာချကာ စိတ်လျော့လိုက်သည်။

"မင်းဆီကို သူစိမ်းဖုန်းတွေလာလား..."
"မလာပါဘူး..."
"Ok...
အဲ့တာဆို ဒါပဲ....
ငါနောက်အပတ်ဖုန်းဆက်ရင် စစ်နဲ့မင်းအဆင်ပြေနေတာကိုပဲကြားချင်တယ်...."

အမိန့်ဆန်စွာပြောပြီး ချသွားသည့် phone number ကိုကြည့်ကာ သလင်းမြူ စိတ်လျော့ရန် မျက်စိမှိတ် အံကြိတ်ကာ ခဏငြိမ်နေလိုက်သည်။

ကောင်းကင်နဲ့တွဲခိုင်းတာက ရိုးရှင်းတဲ့အမိန့်တစ်ခုမဟုတ်မှန်း သူအစကတည်းကရိပ်မိသည်။

သေချာပေါက်အဆုံးမှာ ကောင်းကင်ထိခိုက်နာကျင်ရမည်ကိုသူသိနေသောကြောင့် ကောင်းကင်စိတ်ပြောင်းအောင်သူကြိုးစားကြည့်ခဲ့သည်။

ဒါပေမယ့်....

ကောင်းကင်က ဒီနွံထဲမှာလုံးဝ နစ်မြုပ်နေခဲ့ပြီ...

သူဆွဲထုတ်ဖို့ကြိုးစားလေ ပိုနစ်လေဖြစ်နေခဲ့တော့ သူလက်လျော့တော့မည်။

ငါကိုယ့်အတွက်ကိုယ်ပဲကြည့်တော့မယ်....

သူ့ဆန်စားရဲရမယ်ဆိုသလိုပဲ စူးနေရောင်ထက်ပိုက်ဆံကို ကျေကျေနပ်နပ်ယူထားမှတော့ စူးနေရောင်ထက်ကြိုးစွဲရာကိုလည်း ကျေကျေနပ်နပ်ကရမှာ သူ့တာဝန်လေ.....

တောင်းပန်ပါတယ် ကောင်းကင်.....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

The whole welcome အတွက် ခန်းမထဲမှာ major တိုင်းက first year တွေအကုန်စုဝေးကြရသည်။

ပွဲမစသေးတာကြောင့်ဆူညံနေသည့်အပြင် ဘေးမှမမောတမ်း ရောက်တတ်ရာရာ ပြောနေသည့် ကောင်းကင်ကြောင့်ပါရောပြီး နာတွေပူကာ စိတ်တွေရှုပ်လာပြီး ဒေါသထွက်လာမှာစိုးလို့ ထုံးစံအတိုင်း နားကြပ်တပ်ပြီးသာ ငြိမ်သက်နေလိုက်တော့သည်။

ပုခုံးကိုလှုပ်ကိုင်လိုက်သည့် တစ်စုံတစ်ယောက်ကြောင့် သူမျက်လုံးတွေဖွင့်လိုက်သည်။

သူ့ဘေးမှာထိုင်ပြီးသူ့ကိုနှုတ်ဆက်ဟန်ပြုံးပြနေသည့် ခက်သံစဉ်ကိုတွေ့တော့ နားကြပ်တွေဖြုတ်ကာ ပြန်ပြုံးပြလိုက်သည်။

ဘာစကားမှမပြောရသေးခင်မှာပဲ ပါချုပ်တွေဝင်လာသောကြောင့် အားလုံးငြိမ်ကျသွားသည်။

တေဇတို့ရဲ့ ခပ်တိုးတိုးစကားပြောသံတချို့ကိုကြားရပေမယ့် တိတ်ဆိတ်နေသည့် တစ်စုံတစ်ယောက်ကြောင့် သူ့ဘေးကိုလှည့်ကြည့်မိပါသည်။

သူ့ကိုမျက်ဝန်းညိုတွေနဲ့ကြည့်နေသည့် ကောင်းကင်က ဟန်ဆောင်အပြုံးတစ်ခုကိုပြကာ အရှေ့ကိုလှည့်သွားသည်။

လက်နှစ်ဖက်ကိုပွတ်တိုက်နေပြီး မသိမသာလေပူတွေမှုတ်ထုတ်ကာ တည်ငြိမ်ချင်ယောင်ဆောင်နေသည့် ကောင်းကင်ရဲ့ပုံစံကြောင့် သူလည်းရင်မောစွာ သက်ပြင်းချမိပါသည်။

The whole welcome ဆိုလို့ အဆိုအကတွေနဲ့ပျော်စရာကောင်းခြင်းလုံးဝမရှိ ပါချုပ်တွေတစ်ယောက်ပြီးတစ်ယောက်သာ မိန့်ခွန်းတွေပြောခြင်းဖြစ်ရာ သလင်းမြူ မျက်လုံးတွေမှေးစင်းလာသည်။

အရှေ့ကို ယိုင်ယိုင်သွားသောကြောင့် ကိုယ့်ကိုယ်ကိုယ် မရရအောင် ထိန်းပေမယ့် လေထဲမှာ ခေါင်းက 360° လည်နေသည်။

စစ်ကောင်းကင် ဘေးမှငိုက်နေသည့် နေရောင့်ကို သာထိုင်ကြည့်နေမိရင်း တစ်ဖက်နေရောင့်ဘေးမှ ခက်သံစဉ်ဆီအကြည့်ရောက်သွားတော့ သူ့မျက်ခုံးထူထူတွေတွန့်သွားရသည်။

သူ့နေရောင်ကို ငေးနေလိုက်တာများ ကိုယ့်ကိုယ်ကို မိန်းကလေး အိနြေ္ဒရှိရမယ်ဆိုတာကိုတောင် သတိမရပုံ...

ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့လည်း မိန်းကလေးတော်တော်များများကထိုနည်းတူ..

ဖုန်းနဲ့ဓာတ်ပုံခိုးရိုက်နေသူတောင်ရှိသေး...

နေရောင့် ပုခုံးကို အသာလေးဖက်ကာ သူ့ဘက်ကိုယိမ်းစေလိုက်ပြီး သူ့ပုခုံးပေါ်ခေါင်းမှီပေးလိုက်သည်။

သူနဲ့အရပ်ကွာလွန်းသည့် နေရောင်က သူ့ပုခုံးပေါ်မဟုတ်ဘဲ ဘယ်ဘက်ရင်အုံပေါ်ခေါင်းမှီလာသည်။

လက်တွေကပါ သူ့ခါးကိုအရုပ်ဖက်သလို ခပ်တင်းတင်းဖက်လာသေးသည်။

သူ့အိပ်ရာထဲက ဝက်ဝံရုပ်နဲ့အိပ်နေသည်များထင်နေလားမသိ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်မောကျပြီး တစ်ချက်တစ်ချက် ပြုံးပြုံးသွားတာ အိမ်မက်ကောင်းမက်နေသည်ထင်....

စစ်ကောင်းကင်လည်း ရတဲ့အခွင့်အရေးကိုအသုံးချကာ နေရောင့်မျက်နှာလေးကိုအားရအောင်ကြည့်နေလိုက်သည်။

အပေါ်ကြယ်သီးဖြုတ်ထားသည့် အကျႌကြောင့် မြင်နေရသည့် ညှပ်ရိုးလေးထက်မှာ တစ်လက်မခန့်အကွာအဝေးရှိသည့် မှည့်သေးသေးလေးနှစ်ခု....

လည်တိုင်ဘယ်ဘက်အခြမ်းမှာလည်း အညိုရောင်မှည့်စက်လေးက ချစ်စရာကောင်းနေသည်။

နဖူးထက်မှဆံစလေးတွေကို သပ်တင်ပေးလိုက်ပြီး လေနှင့်မှုတ်လိုက်တော့ လှုပ်ရှားသွားသည့် မျက်တောင်ရှည်များ....

လက်တစ်ဖက်ကနေရောင့်ပုခုံးကိုထိန်းဖက်ထားပေမယ့် ကျန်လက်တစ်ဖက်နှင့် နေရောင့် မျက်နှာဆံနွယ် နားရွက်နှင့် လက်ကလေးတွေကိုကိုင်ကြည့်ရင်း သူပြုံးနေတာရပ်လို့မရ....

ခွဲစိတ်ပြုပြင်ထားတာနဲ့မတူအောင်ကို နေရောင့် မျက်နှာအစိတ်အပိုင်းလေးတွေက နူးညံ့ပြီး သဘာဝဆန်လွန်းသည်။

လက်ချောင်းလေးတွေကလည်း အကွေ့အကောက်ဖုထစ်ခြင်းမရှိဘဲ ဖြောင့်တန်းသွယ်လျကာ ငုံထားချင်မိအောင်ကို အူယားသည်။

သူဘေးမှပတ်ဝန်းကျင်ကို သတိပြန်ရပြီး ခက်သံစဉ်ကိုကြည့်မိတော့ သူ့ကို မေးခွန်းတွေပါသည့် အကြည့်တွေနဲ့ကြည့်နေသည်ကိုတွေ့ရသည်။

စစ်ကောင်းကင်သူ့ဘေးမှ စိုင်းစံတေဇတို့ကိုလှည့်ကြည့်လိုက်တော့လည်း အကုန်လုံးက ခက်သံစဉ်ရဲ့မျက်ဝန်းတွေနဲ့ထပ်တူကြစွာ...

အရှေ့က ဆရာဆရာမတွေ ပါချုပ်တွေပြောသမျှကို ဘယ်သူမှစိတ်မဝင်စားကြပေမယ့် သူနဲ့နေရောင့်ကိုတော့ အထူးအဆန်းလိုကို စိတ်ဝင်တစားကြည့်နေကြသည်။

စစ်ကောင်းကင်နိုင် တကယ်ကိုကျေနပ်သွားမိသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ဘာလို့ ငါ့ကိုကြည့်သွားကြတာလဲ.... "

ပွဲပြီးမှနိုးသည့် သလင်းမြူမှာ အားလုံးက သူ့ကိုကြည့်ကြည့်သွားကြသောကြောင့် ကြောင်တောင်တောင်ဖြစ်နေမိသည်။

"မင်းခုနက ပုံပျက်ပန်းပျက်ကို ငိုက်နေတာအားလုံးမြင်တယ်လေ....
သွားရည်တွေတောင်ကျပြီး ပါးစပ်ကြီးကိုဟလို့..."

ကောင်းကင်ရဲ့စကားကြောင့် သလင်းမြူ့ကိုယ်မျက်နှာကိုယ်သာ လက်နှင့် အုပ်ထားလိုက်သည်။

"ရှက်လိုက်တာ..."

မျက်နှာကြီးအုပ်ပြီးသုတ်သုတ်သုတ်သုတ် ပြေးသွားသည့် နေရောင့်ကိုကြည့်ရင်း စစ်ကောင်းကင် ရယ်နေပြန်သည်။

ချစ်စရာကောင်းတယ် .....

Canteen မှာ သလင်းမြူ အစားကိုအားရပါးရစားနေသလောက် ကောင်းကင်က ကောင်းကောင်းမစားဘဲငေးကြည့်နေပြီး ကျန်လေးကောင်ကတော့ ဇွန်းတွေတူတွေကိုင်ပြီး သူတို့နှစ်ယောက်ကိုကြောင်ကြည့်နေကြသည်။

"နှုတ်ခမ်းဘေးတွေပေကုန်ပြီ.....
ကလေးလေးကျနေတာပဲ..."

အစားမပျက်တဲ့သူ့ကိုကောင်းကင်က tissue နှင့်သေချာသုတ်ပေးလေသည်။

"မင်းတို့နှစ်ကောင်ဘာဖြစ်နေကြတာလဲ!"

တိတ်နေရာမှာ အားရပါးရစလာသည့် တေဇအသံ....

"ငါသိချင်လွန်းလို့ ထိန်းလို့ကိုမရတော့ဘူး..."
"မင်းတို့နှစ်ကောင်အရမ်းကို ထူးဆန်းနေတယ်..."

သလင်းမြူ ဟိုလေးကောင် ဘာကိုမေးမှန်းပင် နားမလည်...

"ဘာကထူးဆန်းတာလဲ..."
"ဒီလိုတွေလုပ်နေတာလေ...."
"ခါတိုင်းလည်းဒီတိုင်းပဲလေ....
မထူးဆန်းပါဘူး..."
"ငါအာရုံတွေရနေတယ်...
မင်းတို့နှစ်ကောင်ကြိုက်နေတာ....."
"ရူးနေလို့ ကြိုက်ရမှာလား လဒရဲ့!!"

သလင်းမြူ tissue ဘူးနဲ့တေဇကိုထုချလိုက်သည်။

"စတာကို မင်းကတကယ်ထုရလား...."
"ယီး စတာ...
Fuck စတာ...
နောက်တစ်ခါပြောရဲပြောကြည့် မသေမချင်း အမွှေးနှုတ်သတ်ပစ်မယ်..."
"အောင်မယ်လေးဗျာ!"

ကြက်သီးထသလို တွန့်လိမ်နေသည့် တေဇကိုကြည့်ရင်း ရယ်ကြကာ သူတို့ကြားမှာ ပုံမှန်ဟုပဲ မှတ်ယူလိုက်ကြလေသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

MU troller page မှာရော Mail box မှာပါ သူ့ကို mention ခေါ်ထားတာတွေကမနည်းမနော....

ဘာမို့လို့ဒီလောက်ပွက်လောရိုက်နေရလဲဆိုပြီး သူကြည့်မိတော့ ကောင်းကင်ကိုဖက်အိမ်နေတဲ့သူနဲ့ သူ့ကိုပြုံးပြုံးကြီးကြည့်နေတဲ့ကောင်းကင်ပုံတွေရော သူတစ်ယောက်တည်းပုံတွေရော...

Zoology က အတွဲလေးရေ ပျင်းစရာကောင်းတဲ့ welcome မှာကိုယ်လက်ကိုက်ခဲ့ရပါတယ်....

သူတို့နှစ်ယောက်ကိုသိရင်ပြောပေးပါ မြန်မြန် official confirm ပါတော့လို့...

Welcome မှာတွေ့ခဲ့တဲ့ သူ့ကိုအရမ်းကြွေနေပါတယ်နော် law first year မှတစ်စုံတစ်ယောက်....

ဒါကြောင့် နေ့လည်က တေဇသူတို့ကို စခြင်းမှန်းအခုမှနားလည်သွားသည်။

Share ပေါင်းများစွာထဲမှာ ကောင်းကင်အပါအဝင် ဟိုလေးကောင်ပါပါသည်။

အောင်မြင်နေသော ဖေ့သားကြီးနှစ်ကောင်....

FA လေးတွေဘေးထားပြီး ro နေသောသောက်ကောင်များ....

အဆဲလိုချင်လို့ share ပါတယ်ဆိုပြီး သူ့ကို tag သည့် စိုင်းစံ...

အမွှေးနှုတ်ရေလုံပြုတ်ခံရတော့မည် ဆိုသည့် တေဇ...

ကောင်းကင်ကတော့ 😊😊 ထိုသို့သောပြုံးနေသည့် emoji လေးနှစ်ခုနှင့်သာ....

သူဒေါသမထွက်ဘဲ ပေါက်တတ်ကရ comment တွေဖတ်ပြီး အားရပါးရရယ်မိပါသည်။

တချို့သော သူ့ကိုရိုင်းစိုင်းစွာပုတ်ခတ်ကြသည့် ment တွေကိုတော့ မမြင်ချင်ယောင်သာဆောင်လိုက်သည်။

"ငယ်....
ငယ်လေး...!"

တံခါးကိုလာခေါက်နေသည့် ဘုန်းရှိန်ဝါထက် အသံကြောင့် data off ပြီး ဖုန်းကိုချကာ သွားဖွင့်လိုက်သည်။

"ကိုယ်နဲ့ခဏလောက်စကားပြောရအောင်...."
"ပြောလေ..."
"ကိုယ့်ကိုအခုထိ စိတ်ဆိုးနေတုန်းလား..."
"စိတ်ဆိုးတယ်?
ကျွန်တော်ကလား...?"

ခေါင်းညိတ်ပြသည့် ဘုန်းရှိန်ဝါထက်ကြောင့် သူရယ်လိုက်သည်။

"ဘာလို့ရယ်တာလဲ...."
"ရယ်ချင်စရာကောင်းလို့လေ...
ကျွန်တော် ဦးဘုန်းရှိန်ဝါထက်ကို စိတ်မဆိုးပါဘူး.... "

သူ့ရဲ့ယဉ်ကျေးစွာဆိုသည့် စကားက အရှိုက်ထိသွားပုံပင်....

"ကိုယ့်ကို ကိုကိုလို့ပဲခေါ်ပါငယ်..."

သလင်းမြူ မခေါ်ချင်ဟုငြင်းဆန်မယ်လုပ်ပြီးမှ လှေကားဆီက တစ်စုံတစ်ယောက်ကိုမြင်လိုက်တော့ ချက်ချင်းပြုံးလိုက်သည်။

"ကိုကို့ သဘောအတိုင်းခေါ်ပါ့မယ်..."
"လိမ္မာတယ်..."

သူ့ဆံပင်တွေကို ဖွသည့်ဘုန်းရှိန်ဝါထက်....

"ကျွန်တော့်ကို ချစ်လား ကိုကို..."
"ချစ်တာပေါ့ ငယ်ရယ်...."
"နန်းစံထိုက် ထက်ပိုချစ်လား..."
"နှိုင်းစရာတောင်မလိုဘူး.....
အာလုံးထဲမှာကိုယ်ငယ့်ကိုအချစ်ဆုံးပဲ..."

ရင်ခွင်ထဲဆွဲဖက်သည့် ဘုန်းရှိန်ဝါထက်လက်တွေကြားမှာ သူမငြင်းဆန်...

မျက်ရည်စက်လက်နှင့် အသံတိတ်ငိုနေသည့် သူမက လှေကားမှပြန်ဆင်းသွားတော့ သလင်းမြူ ပြုံးရာမှ ပြန်တည်တံ့သွားပြီး ဘုန်းရှိန်ဝါထက် ရင်ဘက်ကိုတွန်းလိုက်သည်။

"အသက်ရှူကြပ်လို့လား...
Sorry ကိုကို အားများသွားတယ်..."
"နန်းစံထိုက်နဲ့ကျွန်တော့်ဆို ဘယ်သူ့ကိုရွေးမလဲ..."
"ငယ်ကလည်းကွာ...
နန်းနဲ့ကအချိန်တန်ရင် ပြတ်မှာပဲကို..."
"အချိန်တန်ရင်ဆိုတာထက် လိုချင်တာရရင်လို့ ပြောသင့်တယ်...."

သလင်းမြူ အခန်းထဲပြန်ဝင်ခဲ့ပြီး ခြံထဲမှ ထွက်ခွာသွားသည့် နန်းစံထိုက်ရဲ့ကားလေးကိုမျက်စိတဆုံး ကြည့်နေမိပါသည်။

ငါနာကျင်ခဲ့ရသလိုမျိုး နင်လည်းခံစားကြည့်စမ်းပါ....

ဘယ်အချိန်ကတည်းက သူ့ခန္ဓာကိုယ်ထဲရောက်နေခဲ့မှန်းမသိရသည့် နတ်ဆိုးက သူမသိလိုက်ချိန်တွေမှာ ရုန်းကြွလာခဲ့ပြီ....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ငါလည်းလူပါ
ချစ်တတ်တယ် မုန်းတတ်တယ်
နာကြည်းတတ်တယ်
ပြီးတော့
ယုတ်မာတတ်တယ်

သလင်းမြူ

************************************

Zawgyi

"အေျဖျပန္ေပးၿပီးၿပီလား..."

တစ္ဖက္ကစူးေနေရာင္ထက္ရဲ႕ေမးခြန္းကိုသူမေျဖႏိုင္ေသးဘဲ ဖုန္းကိုင္ထားတဲ့လက္ေတြတင္းသြားရသည္။

"ငါေမးေနတယ္ေလ... "
"မေပးရေသးဘူး...."
"ငါမင္းကိုအခ်ိန္နည္းနည္းပဲဆြဲခိုင္းတာေနာ္..."
"........"
"စစ္ကိုအေျဖျပန္ေပးၿပီးလက္ခံလိုက္ေတာ့....
ၿပီးေတာ့ မေန႔ကငါရတဲ့ဓာတ္ပုံေတြထဲမွာ မင္းနားကေကာင္မေလးကဘယ္သူလဲ... "
"ဘယ္ေကာင္မေလးလဲ...."
"မင္းကားနဲ႔တင္ေခၚသြားၿပီး ေန႔လည္စာအတူသြားစားတဲ့သူ..."
"သူက ခက္သံစဥ္...
Botany က...."
"စစ္ကိုသူ႔အနားမွာေတြ႔ဖူးသလိုပဲ...."
"ေကာင္းကင္က ခက္ကိုႀကိဳက္ခဲ့ဖူးတယ္...
လိုက္ခဲ့ေပမယ့္ မရခဲ့တာ...."
"Woah.... !
hak....
ပြဲကေတာ့ကစားလို႔ေကာင္းမယ့္ပုံပဲ....."
"မင္းဘာကိုဆိုလိုခ်င္တာလဲ..... "
"မင္းငါ့ကိုဘာမွျပန္ေမးခြင့္မ႐ွိဘူးေနာ္ သလင္းျမဴ.... "

သလင္းျမဴ သက္ျပင္းသာခ်ကာ စိတ္ေလ်ာ့လိုက္သည္။

"မင္းဆီကို သူစိမ္းဖုန္းေတြလာလား..."
"မလာပါဘူး..."
"Ok...
အဲ့တာဆို ဒါပဲ....
ငါေနာက္အပတ္ဖုန္းဆက္ရင္ စစ္နဲ႔မင္းအဆင္ေျပေနတာကိုပဲၾကားခ်င္တယ္...."

အမိန္႔ဆန္စြာေျပာၿပီး ခ်သြားသည့္ phone number ကိုၾကည့္ကာ သလင္းျမဴ စိတ္ေလ်ာ့ရန္ မ်က္စိမွိတ္ အံႀကိတ္ကာ ခဏၿငိမ္ေနလိုက္သည္။

ေကာင္းကင္နဲ႔တြဲခိုင္းတာက ႐ိုး႐ွင္းတဲ့အမိန္႔တစ္ခုမဟုတ္မွန္း သူအစကတည္းကရိပ္မိသည္။

ေသခ်ာေပါက္အဆုံးမွာ ေကာင္းကင္ထိခိုက္နာက်င္ရမည္ကိုသူသိေနေသာေၾကာင့္ ေကာင္းကင္စိတ္ေျပာင္းေအာင္သူႀကိဳးစားၾကည့္ခဲ့သည္။

ဒါေပမယ့္....

ေကာင္းကင္က ဒီႏြံထဲမွာလုံးဝ နစ္ျမဳပ္ေနခဲ့ၿပီ...

သူဆြဲထုတ္ဖို႔ႀကိဳးစားေလ ပိုနစ္ေလျဖစ္ေနခဲ့ေတာ့ သူလက္ေလ်ာ့ေတာ့မည္။

ငါကိုယ့္အတြက္ကိုယ္ပဲၾကည့္ေတာ့မယ္....

သူ့ဆန္စားရဲရမယ္ဆိုသလိုပဲ စူးေနေရာင္ထက္ပိုက္ဆံကို ေက်ေက်နပ္နပ္ယူထားမွေတာ့ စူးေနေရာင္ထက္ႀကိဳးစြဲရာကိုလည္း ေက်ေက်နပ္နပ္ကရမွာ သူ႔တာဝန္ေလ.....

ေတာင္းပန္ပါတယ္ ေကာင္းကင္.....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

The whole welcome အတြက္ ခန္းမထဲမွာ major တိုင္းက first year ေတြအကုန္စုေဝးၾကရသည္။

ပြဲမစေသးတာေျကာင့္ဆူညံေနသည့္အျပင္ ေဘးမွမေမာတမ္း ေရာက္တတ္ရာရာ ေျပာေနသည့္ ေကာင္းကင္ေၾကာင့္ပါေရာၿပီး နာေတြပူကာ စိတ္ေတြ႐ႈပ္လာၿပီး ေဒါသထြက္လာမွာစိုးလို႔ ထုံးစံအတိုင္း နားၾကပ္တပ္ၿပီးသာ ၿငိမ္သက္ေနလိုက္ေတာ့သည္။

ပုခုံးကိုလႈပ္ကိုင္လိုက္သည့္ တစ္စုံတစ္ေယာက္ေၾကာင့္ သူမ်က္လုံးေတြဖြင့္လိုက္သည္။

သူ့ေဘးမွာထိုင္ျပီးသူ႔ကိုႏႈတ္ဆက္ဟန္ျပဳံးျပေနသည့္ ခက္သံစဥ္ကိုေတြ႔ေတာ့ နားၾကပ္ေတြျဖဳတ္ကာ ျပန္ျပံဳးျပလိုက္သည္။

ဘာစကားမွမေျပာရေသးခင္မွာပဲ ပါခ်ဳပ္ေတြဝင္လာေသာေၾကာင့္ အားလုံးၿငိမ္က်သြားသည္။

ေတဇတို႔ရဲ႕ ခပ္တိုးတိုးစကားေျပာသံတခ်ိဳ႕ကိုၾကားရေပမယ့္ တိတ္ဆိတ္ေနသည့္ တစ္စုံတစ္ေယာက္ေၾကာင့္ သူ႔ေဘးကိုလွည့္ၾကည့္မိပါသည္။

သူ႔ကိုမ်က္ဝန္းညိဳေတြနဲ႔ၾကည့္ေနသည့္ ေကာင္းကင္က ဟန္ေဆာင္အျပဳံးတစ္ခုကိုျပကာ အေ႐ွ႕ကိုလွည့္သြားသည္။

လက္ႏွစ္ဖက္ကိုပြတ္တိုက္ေနၿပီး မသိမသာေလပူေတြမႈတ္ထုတ္ကာ တည္ၿငိမ္ခ်င္ေယာင္ေဆာင္ေနသည့္ ေကာင္းကင္ရဲ႕ပုံစံေၾကာင့္ သူလည္းရင္ေမာစြာ သက္ျပင္းခ်မိပါသည္။

The whole welcome ဆိုလို႔ အဆိုအကေတြနဲ႔ေပ်ာ္စရာေကာင္းျခင္းလုံးဝမ႐ွိ ပါခ်ဳပ္ေတြတစ္ေယာက္ၿပီးတစ္ေယာက္သာ မိန္႔ခြန္းေတြေျပာျခင္းျဖစ္ရာ သလင္းျမဴ မ်က္လုံးေတြေမွးစင္းလာသည္။

အေ႐ွ႕ကို ယိုင္ယိုင္သြားေသာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ မရရေအာင္ ထိန္းေပမယ့္ ေလထဲမွာ ေခါင္းက 360° လည္ေနသည္။

စစ္ေကာင္းကင္ ေဘးမွငိုက္ေနသည့္ ေနေရာင့္ကို သာထိုင္ၾကည့္ေနမိရင္း တစ္ဖက္ေနေရာင့္ေဘးမွ ခက္သံစဥ္ဆီအၾကည့္ေရာက္သြားေတာ့ သူ႔မ်က္ခုံးထူထူေတြတြန္႔သြားရသည္။

သူ႔ေနေရာင္ကို ေငးေနလိုက္တာမ်ား ကိုယ့္ကိုယ္ကို မိန္းကေလး အိေႃႏၵ႐ွိရမယ္ဆိုတာကိုေတာင္ သတိမရပုံ...

ေဘးပတ္ပတ္လည္ကိုၾကည့္လိုက္ေတာ့လည္း မိန္းကေလးေတာ္ေတာ္မ်ားမ်ားကထိုနည္းတူ..

ဖုန္းနဲ႔ဓာတ္ပုံခိုး႐ိုက္ေနသူေတာင္႐ွိေသး...

ေနေရာင့္ ပုခုံးကို အသာေလးဖက္ကာ သူ႔ဘက္ကိုယိမ္းေစလိုက္ၿပီး သူ႔ပုခုံးေပၚေခါင္းမွီေပးလိုက္သည္။

သူနဲ႔အရပ္ကြာလြန္းသည့္ ေနေရာင္က သူ့ပုခုံးေပၚမဟုတ္ဘဲ ဘယ္ဘက္ရင္အုံေပၚေခါင္းမွီလာသည္။

လက္ေတြကပါ သူ႔ခါးကိုအ႐ုပ္ဖက္သလို ခပ္တင္းတင္းဖက္လာေသးသည္။

သူ႔အိပ္ရာထဲက ဝက္ဝံ႐ုပ္နဲ႔အိပ္ေနသည္မ်ားထင္ေနလားမသိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကိုအိပ္ေမာက်ၿပီး တစ္ခ်က္တစ္ခ်က္ ျပဳံးျပဳံးသြားတာ အိမ္မက္ေကာင္းမက္ေနသည္ထင္....

စစ္ေကာင္းကင္လည္း ရတဲ့အခြင့္အေရးကိုအသုံးခ်ကာ ေနေရာင့္မ်က္ႏွာေလးကိုအားရေအာင္ၾကည့္ေနလိုက္သည္။

အေပၚၾကယ္သီးျဖဳတ္ထားသည့္ အက်ႌေၾကာင့္ ျမင္ေနရသည့္ ညႇပ္႐ိုးေလးထက္မွာ တစ္လက္မခန္႔အကြာအေဝး႐ွိသည့္ မွည့္ေသးေသးေလးႏွစ္ခု....

လည္တိုင္ဘယ္ဘက္အျခမ္းမွာလည္း အညိဳေရာင္မွည့္စက္ေလးက ခ်စ္စရာေကာင္းေနသည္။

နဖူးထက္မွဆံစေလးေတြကို သပ္တင္ေပးလိုက္ၿပီး ေလႏွင့္မႈတ္လိုက္ေတာ့ လႈပ္႐ွားသြားသည့္ မ်က္ေတာင္႐ွည္မ်ား....

လက္တစ္ဖက္ကေနေရာင့္ပုခုံးကိုထိန္းဖက္ထားေပမယ့္ က်န္လက္တစ္ဖက္ႏွင့္ ေနေရာင့္ မ်က္ႏွာဆံႏြယ္ နားရြက္ႏွင့္ လက္ကေလးေတြကိုကိုင္ၾကည့္ရင္း သူျပဳံးေနတာရပ္လို႔မရ....

ခြဲစိတ္ျပဳျပင္ထားတာနဲ႔မတူေအာင္ကို ေနေရာင့္ မ်က္ႏွာအစိတ္အပိုင္းေလးေတြက ႏူးညံ့ၿပီး သဘာဝဆန္လြန္းသည္။

လက္ေခ်ာင္းေလးေတြကလည္း အေကြ႔အေကာက္ဖုထစ္ျခင္းမ႐ွိဘဲ ေျဖာင့္တန္းသြယ္လ်ကာ ငုံထားခ်င္မိေအာင္ကို အူယားသည္။

သူေဘးမွပတ္ဝန္းက်င္ကို သတိျပန္ရၿပီး ခက္သံစဥ္ကိုၾကည့္မိေတာ့ သူ႔ကို ေမးခြန္းေတြပါသည့္ အၾကည့္ေတြနဲ႔ၾကည့္ေနသည္ကိုေတြ႔ရသည္။

စစ္ေကာင္းကင္သူ႔ေဘးမွ စိုင္းစံေတဇတို႔ကိုလွည့္ၾကည့္လိုက္ေတာ့လည္း အကုန္လုံးက ခက္သံစဥ္ရဲ႕မ်က္ဝန္းေတြနဲ႔ထပ္တူၾကစြာ...

အေ႐ွ႕က ဆရာဆရာမေတြ ပါခ်ဳပ္ေတြေျပာသမ်ွကို ဘယ္သူမွစိတ္မဝင္စားၾကေပမယ့္ သူနဲ႔ေနေရာင့္ကိုေတာ့ အထူးအဆန္းလိုကို စိတ္ဝင္တစားၾကည့္ေနၾကသည္။

စစ္ေကာင္းကင္ႏိုင္ တကယ္ကိုေက်နပ္သြားမိသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ဘာလို႔ ငါ့ကိုၾကည့္သြားၾကတာလဲ.... "

ပြဲၿပီးမွႏိုးသည့္ သလင္းျမဴမွာ အားလုံးက သူ႔ကိုၾကည့္ၾကည့္သြားၾကေသာေၾကာင့္ ေၾကာင္ေတာင္ေတာင္ျဖစ္ေနမိသည္။

"မင္းခုနက ပုံပ်က္ပန္းပ်က္ကို ငိုက္ေနတာအားလုံးျမင္တယ္ေလ....
သြားရည္ေတြေတာင္က်ၿပီး ပါးစပ္ႀကီးကိုဟလို႔..."

ေကာင္းကင္ရဲ႕စကားေၾကာင့္ သလင္းျမဴ႕ကိုယ္မ်က္ႏွာကိုယ္သာ လက္ႏွင့္ အုပ္ထားလိုက္သည္။

"႐ွက္လိုက္တာ..."

မ်က္ႏွာႀကီးအုပ္ၿပီးသုတ္သုတ္သုတ္သုတ္ ေျပးသြားသည့္ ေနေရာင့္ကိုၾကည့္ရင္း စစ္ေကာင္းကင္ ရယ္ေနျပန္သည္။

ခ်စ္စရာေကာင္းတယ္ .....

Canteen မွာ သလင္းျမဴ အစားကိုအားရပါးရစားေနသေလာက္ ေကာင္းကင္က ေကာင္းေကာင္းမစားဘဲေငးၾကည့္ေနၿပီး က်န္ေလးေကာင္ကေတာ့ ဇြန္းေတြတူေတြကိုင္ၿပီး သူတို႔ႏွစ္ေယာက္ကိုေၾကာင္ၾကည့္ေနၾကသည္။

"ႏႈတ္ခမ္းေဘးေတြေပကုန္ၿပီ.....
ကေလးေလးက်ေနတာပဲ..."

အစားမပ်က္တဲ့သူ႔ကိုေကာင္းကင္က tissue ႏွင့္ေသခ်ာသုတ္ေပးေလသည္။

"မင္းတို႔ႏွစ္ေကာင္ဘာျဖစ္ေနၾကတာလဲ!"

တိတ္ေနရာမွာ အားရပါးရစလာသည့္ ေတဇအသံ....

"ငါသိခ်င္လြန္းလို႔ ထိန္းလို႔ကိုမရေတာ့ဘူး..."
"မင္းတို႔ႏွစ္ေကာင္အရမ္းကို ထူးဆန္းေနတယ္..."

သလင္းျမဴ ဟိုေလးေကာင္ ဘာကိုေမးမွန္းပင္ နားမလည္...

"ဘာကထူးဆန္းတာလဲ..."
"ဒီလိုေတြလုပ္ေနတာေလ...."
"ခါတိုင္းလည္းဒီတိုင္းပဲေလ....
မထူးဆန္းပါဘူး..."
"ငါအာ႐ုံေတြရေနတယ္...
မင္းတို႔ႏွစ္ေကာင္ႀကိဳက္ေနတာ....."
"႐ူးေနလို႔ ႀကိဳက္ရမွာလား လဒရဲ႕!!"

သလင္းျမဴ tissue ဘူးနဲ႔ေတဇကိုထုခ်လိုက္သည္။

"စတာကို မင္းကတကယ္ထုရလား...."
"ယီး စတာ...
Fuck စတာ...
ေနာက္တစ္ခါေျပာရဲေျပာၾကည့္ မေသမခ်င္း အေမႊးႏႈတ္သတ္ပစ္မယ္..."
"ေအာင္မယ္ေလးဗ်ာ!"

ၾကက္သီးထသလို တြန္႔လိမ္ေနသည့္ ေတဇကိုၾကည့္ရင္း ရယ္ၾကကာ သူတို႔ၾကားမွာ ပုံမွန္ဟုပဲ မွတ္ယူလိုက္ၾကေလသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

MU troller page မွာေရာ Mail box မွာပါ သူ႔ကို mention ေခၚထားတာေတြကမနည္းမေနာ....

ဘာမို႔လို႔ဒီေလာက္ပြက္ေလာ႐ိုက္ေနရလဲဆိုၿပီး သူၾကည့္မိေတာ့ ေကာင္းကင္ကိုဖက္အိမ္ေနတဲ့သူနဲ႔ သူ႔ကိုျပဳံးျပဳံးႀကီးၾကည့္ေနတဲ့ေကာင္းကင္ပုံေတြေရာ သူတစ္ေယာက္တည္းပုံေတြေရာ...

Zoology က အတြဲေလးေရ ပ်င္းစရာေကာင္းတဲ့ welcome မွာကိုယ္လက္ကိုက္ခဲ့ရပါတယ္....

သူတို႔ႏွစ္ေယာက္ကိုသိရင္ေျပာေပးပါ ျမန္ျမန္ official confirm ပါေတာ့လို႔...

Welcome မွာေတြ႔ခဲ့တဲ့ သူ႔ကိုအရမ္းေႂကြေနပါတယ္ေနာ္ law first year မွတစ္စုံတစ္ေယာက္....

ဒါေၾကာင့္ ေန႔လည္က ေတဇသူတို႔ကို စျခင္းမွန္းအခုမွနားလည္သြားသည္။

Share ေပါင္းမ်ားစြာထဲမွာ ေကာင္းကင္အပါအဝင္ ဟိုေလးေကာင္ပါပါသည္။

ေအာင္ျမင္ေနေသာ ေဖ့သားႀကီးႏွစ္ေကာင္....

FA ေလးေတြေဘးထားၿပီး ro ေနေသာေသာက္ေကာင္မ်ား....

အဆဲလိုခ်င္လို႔ share ပါတယ္ဆိုၿပီး သူ႔ကို tag သည့္ စိုင္းစံ...

အေမႊးႏႈတ္ေရလုံျပဳတ္ခံရေတာ့မည္ ဆိုသည့္ ေတဇ...

ေကာင္းကင္ကေတာ့ 😊😊 ထိုသို႔ေသာျပဳံးေနသည့္ emoji ေလးႏွစ္ခုႏွင့္သာ....

သူေဒါသမထြက္ဘဲ ေပါက္တတ္ကရ comment ေတြဖတ္ၿပီး အားရပါးရရယ္မိပါသည္။

တခ်ိဳ႕ေသာ သူ႔ကို႐ိုင္းစိုင္းစြာပုတ္ခတ္ၾကသည့္ ment ေတြကိုေတာ့ မျမင္ခ်င္ေယာင္သာေဆာင္လိုက္သည္။

"ငယ္....
ငယ္ေလး...!"

တံခါးကိုလာေခါက္ေနသည့္ ဘုန္း႐ွိန္ဝါထက္ အသံေၾကာင့္ data off ၿပီး ဖုန္းကိုခ်ကာ သြားဖြင့္လိုက္သည္။

"ကိုယ္နဲ႔ခဏေလာက္စကားေျပာရေအာင္...."
"ေျပာေလ..."
"ကိုယ့္ကိုအခုထိ စိတ္ဆိုးေနတုန္းလား..."
"စိတ္ဆိုးတယ္?
ကြၽန္ေတာ္ကလား...?"

ေခါင္းညိတ္ျပသည့္ ဘုန္း႐ွိန္ဝါထက္ေၾကာင့္ သူရယ္လိုက္သည္။

"ဘာလို႔ရယ္တာလဲ...."
"ရယ္ခ်င္စရာေကာင္းလို႔ေလ...
ကြၽန္ေတာ္ ဦးဘုန္း႐ွိန္ဝါထက္ကို စိတ္မဆိုးပါဘူး.... "

သူ႔ရဲ႕ယဥ္ေက်းစြာဆိုသည့္ စကားက အ႐ွိဳက္ထိသြားပုံပင္....

"ကိုယ့္ကို ကိုကိုလို႔ပဲေခၚပါငယ္..."

သလင္းျမဴ မေခၚခ်င္ဟုျငင္းဆန္မယ္လုပ္ၿပီးမွ ေလွကားဆီက တစ္စုံတစ္ေယာက္ကိုျမင္လိုက္ေတာ့ ခ်က္ခ်င္းျပဳံးလိုက္သည္။

"ကိုကို႔ သေဘာအတိုင္းေခၚပါ့မယ္..."
"လိမၼာတယ္..."

သူ႔ဆံပင္ေတြကို ဖြသည့္ဘုန္း႐ွိန္ဝါထက္....

"ကြၽန္ေတာ့္ကို ခ်စ္လား ကိုကို..."
"ခ်စ္တာေပါ့ ငယ္ရယ္...."
"နန္းစံထိုက္ ထက္ပိုခ်စ္လား..."
"ႏိႈင္းစရာေတာင္မလိုဘူး.....
အာလုံးထဲမွာကိုယ္ငယ့္ကိုအခ်စ္ဆုံးပဲ..."

ရင္ခြင္ထဲဆြဲဖက္သည့္ ဘုန္း႐ွိန္ဝါထက္လက္ေတြၾကားမွာ သူမျငင္းဆန္...

မ်က္ရည္စက္လက္ႏွင့္ အသံတိတ္ငိုေနသည့္ သူမက ေလွကားမွျပန္ဆင္းသြားေတာ့ သလင္းျမဴ ျပဳံးရာမွ ျပန္တည္တံ့သြားၿပီး ဘုန္း႐ွိန္ဝါထက္ ရင္ဘက္ကိုတြန္းလိုက္သည္။

"အသက္႐ွဴၾကပ္လို႔လား...
Sorry ကိုကို အားမ်ားသြားတယ္..."
"နန္းစံထိုက္နဲ႔ကြၽန္ေတာ့္ဆို ဘယ္သူ႔ကိုေရြးမလဲ..."
"ငယ္ကလည္းကြာ...
နန္းနဲ႔ကအခ်ိန္တန္ရင္ ျပတ္မွာပဲကို..."
"အခ်ိန္တန္ရင္ဆိုတာထက္ လိုခ်င္တာရရင္လို႔ ေျပာသင့္တယ္...."

သလင္းျမဴ အခန္းထဲျပန္ဝင္ခဲ့ၿပီး ျခံထဲမွ ထြက္ခြာသြားသည့္ နန္းစံထိုက္ရဲ႕ကားေလးကိုမ်က္စိတဆုံး ၾကည့္ေနမိပါသည္။

ငါနာက်င္ခဲ့ရသလိုမ်ိဳး နင္လည္းခံစားၾကည့္စမ္းပါ....

ဘယ္အခ်ိန္ကတည္းက သူ႔ခႏၶာကိုယ္ထဲေရာက္ေနခဲ့မွန္းမသိရသည့္ နတ္ဆိုးက သူမသိလိုက္ခ်ိန္ေတြမွာ ႐ုန္းႂကြလာခဲ့ၿပီ....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ငါလည္းလူပါ
ခ်စ္တတ္တယ္ မုန္းတတ္တယ္
နာၾကည္းတတ္တယ္
ၿပီးေတာ့
ယုတ္မာတတ္တယ္

သလင္းျမဴ

Bạn đang đọc truyện trên: Truyen247.Pro