Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-30 ( a try to be a villain)

Unicode

"Morning နေရောင်...
ညကကောင်းကောင်းအိပ်ပျော်ရဲ့လား..."

ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိတဲ့ကောင်းကင်က မနက်စာဝိုင်းမှာ သူ့ကိုစီးကြိုနေသည်။

"ဘုန်းရှိန်ဝါထက် မနိုးသေးဘူးလား..."

သူအန်တီမြကိုမေးလိုက်တော့ ကောင်းကင်မျက်နှှာညှိုးသွားသည်။

"မနိုးသေးပါဘူး အစ်ကိုလေး..."
"အဖျားတက်သေးလား..."
"အဖျားကကျသွားပါပြီ..."
"တော်သေးတာပေါ့.... "

မနက်စာကသူ့အကြိုက်မုန့်ဟင်းခါး...

အန်တီမြထည့်ပေးတာကိုသာ သူစားနေရင်း ကောင်းကင်ကို လျစ်လျူရှုထားမိသည်။

"ဒီနေ့စာကြည့်တိုက်မှာ ငါတို့ group B presentation အစမ်းလုပ်ရမှာမမေ့နဲ့ဦးနော် နေရောင်...."
"အင်း..."
"ငါသွားတော့မယ်.... "

ထွက်ခွာသွားသည့် ကျောပြင်ကိုကြည့်ရင်း သလင်းမြူ သက်ပြင်းချမိပါသည်။

"အစ်ကိုလေး စစ်ကောင်းကင်က ဒီနေ့အစောကြီး မုန့်ဟင်းခါးတွေဝယ်လာပြီး အစ်ကိုလေးနိုးတဲ့အထိ ထိုင်စောင့်နေတာ..."
"သူစားသွားလား...."
"မစားသွားဘူး...
အစ်ကိုလေးနိုးလာမှအတူတူစားမယ်ဆိုပြီး..."

သလင်းမြူ ခံတွင်းထဲမှမုန့်ဟင်းခါးပင် အရသာမရှိတော့....

အမြဲမုန့်ဟင်းခါးဆို အနည်းဆုံး နှစ်ပွဲစားတတ်သူက တစ်ပွဲတောင် မကုန်ဘဲ ထသွားသောကြောင့် အန်တီမြတို့က အံ့ဩသလို...

"တောင်းပန်ပါတယ်..... ကောင်းကင်....."

အရုပ်ကြီးရင်ခွင်ထဲတိုးဝင်ဖက်ရင်း သူခပ်တိုးတိုးဆိုမိပါသည်။

Power Point တွေနှင့် print ထုတ်ထားသည့် စာရွက်တွေကိုသေချာစစ်ဆေးကာ သူအောက်ထပ်ကိုဆင်းခဲ့တော့သည်။

"နန်း!...
နှင်းဆီတွေကိုမထိပါနဲ့လို့ ကိုယ်ဘယ်နှခါပြောရမလဲ...."
"ကိုဘုန်းစိုက်ထားတာတွေကို နန်းကဘာလို့ထိလို့မရရမှာလဲ...."
"ကိုယ်စိုက်ထားတာ ငယ့်အတွက်....
နန်းအတွက်မဟုတ်ဘူးလေ...."

လှေကားကဆင်းကတည်းကကြားရသည့် ခပ်မာမာအသံတွေ....

ဧည့်ခန်းစားပွဲပေါ်မှ ဖြတ်ယူထားသည့် နှင်းဆီဖြူတွေကို မြင်လိုက်ရတော့ ထိုမိန်းမသူ့ကို တမင် တိုက်ခိုက်နေမှန်းသိလိုက်သည်။

ငါမြတ်နိုးတဲ့ပန်းတွေကို ဖျက်စီးရဲတယ်ပေါ့....

"ငယ် ....
ကိုကို တောင်းပန်တယ်နော်.....
နောက်ထပ် မလုပ်ဖို့ ကိုယ်သူ့ကိုပြောထားပါ့မယ်...."
"ကိုဘုန်း!!
ဘာကိစ္စသူ့ကိုတောင်းပန်နေရတာလဲ...."

ပုံမှန်ဆိုလျှင် သူ့ဘက်ကနှုတ်ဆိတ်ကာ ထွက်သွားမြဲ...
ဒါပေမယ့်....
သူယုတ်မာကြည့်ချင်တယ် တစ်ခါလောက်ပဲဖြစ်ဖြစ်.....

"တောင်းပန်စရာမလိုပါဘူး ကိုကိုရဲ့....
အဲ့နှင်းဆီတစ်ခင်းလုံးကို မမနန်းစံကိုပေးလိုက်ပါ.....
ယောက်ျားလေးနဲ့ ပန်းကသိပ်မလိုက်ဖက်ဘူးလားလို့....
ကျွန်တော့ကို်ယောက်ျားဖြစ်ပြီး ယောက်ျားလိုမနေဘူး အဆင့်အတန်းကိုမရှိဘူးလို့ မမကထပ်ပြောနေမှာစိုးတယ်..."
"စူးနေရောင်ထက်! နင်!"

မကျေနပ်သလို ပွဲထကြမ်းတော့မည့်ဟန်သူ့ကိုအော်သည့် နန်းစံထိုက်နှင့် မီးတောက်မတတ်မျက်လုံးတွေနှင့် နန်းစံထိုက်ကိုကြည့်နေသည့် ဘုန်းရှိန်ဝါထက်

မီးလောင်ရာလေပင့်ထပ်မလုပ်ချင်ပေမယ့် ဓာတ်ဆီလောင်းချင်စိတ်ကလေးကပေါ်လာသည်။

"အာ...
ကိုကို....
ကျွန်တော့်နဲ့ခပ်ကင်းကင်းလေးနေပေးနော်....
လင်လုဖက်လိုလည်းအပြောမခံချင်တော့လို့...."

သလင်းမြူ ပြုံးပြုံးသာလှည့်ထွက်ခဲ့ပြီး ဦးထွန်းတံခားဖွင့်ပေးထားသည့် ကားထဲဝင်ထိုင်ကာ သီချင်းအကျယ်ကြီးဖွင့်နားထောင်ရင်း ကျေနပ်မိသည်။

Villain ဖြစ်ရတာလဲ မဆိုးဘူးပဲ....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ဦးလေး ကားခဏရပ်လိုက်..."

လမ်းဘေးကပ်ကာ ကားကိုရပ်လိုက်တော့ မလှမ်းမကမ်းမှ ဆိုင်ကယ်ဘေးနားတွင်ကုန်းကုန်းကွကွလုပ်နေသည့် ခက်သံစဉ်နားသလင်းမြူ သွားလိုက်သည်။

"ဆိုင်ကယ်ဘာဖြစ်လို့လဲ...."

မော့ကြည့်လာသည့် သူမက သူ့ကိုတွေ့တော့ အားကိုးစရာတွေ့သလိုပြုံးလေသည်။

"မသိဘူး....
ထိုးရပ်သွားတာ..."
"ဆီပြတ်သွားတာများလား..."
"ဆီကအခုလေးတင်ထည့်လာတာ..."
"ဆီမသန့်လို့ထင်တယ်..."
"ဟုတ်လား....
နောက်ကျတော့မှာပဲ..."

လက်ကနာရီကိုကြည့်ကာ ညည်းသည့်သူမ...

"အတန်းရှိလို့လား..."
"အင်း....
ပါချုပ်အချိန်...."

Botany ပါချုပ်အကြောင်းကိုသူလည်း သိသောကြောင့် သူမကိုသနားမိသွားသည်။

တစ်မိနစ်လောက်နောက်ကျတာ ကျောင်းသားကဒ်မပါတာကအစ မူလတန်းကလေးတွေလို လက်သည်းရှည်တာကိုပါလိုက်ကြည့်ကာ roll call မပေးတတ်သည့် နာမည်ကြီးပါချုပ်ကြီးလေ....

"ငါ့ကားနဲ့လိုက်ခဲ့လိုက်လေ နောက်ကျနေရင် ပြဿနာတက်လိမ့်မယ်.... "
"ဆိုင်ကယ်ကို ဘယ်လိုလုပ်ရမလဲ..."
"ဦးထွန်း...."
"ဗျာ အစ်ကိုလေး...."
"ကျွန်တော့်သူငယ်ချင်းရဲ့ဆိုင်ကယ်ကို workshop ပို့ပေးပါ...
ကားကိုကျွန်တော်ပဲမောင်းသွားလိုက်မယ်..."
"ဟုတ်ကဲ့.... "

သလင်းမြူ driver seat မှာဝင်ထိုင်လိုက်ပြီး ခက်သံစဉ်ကတော့ သူ့ဘေး lover seat မှာထိုင်သည်။

"နေရောင်ကရော အတန်းရှိလို့လား... "
"မဟုတ်ဘူး...
Presentation အတွက် rehersal လုပ်ဖို့ ချိန်းထားလို့..."
"ေဩာ်...."
"နောက်အပတ်ကျရင် လှယဉ်ကျေးမယ်ပြိုင်ပွဲရှိတာသိတယ်မလား..."
"အင်း စိုင်းစံတို့ပြောတာကြားတယ်..."
"လာကြည့်မှာလား...
ပာချုပ်ခိုင်းလို့ ခက် ဝင်ပြိုင်ထားတယ်.... "
"ဟုတ်လား...
လာကြည့်ရမှာပေါ့...."
"တကယ်နော်..."
"အင်း..."

Botany နဲ့ Zoology ရဲ့ဋ္ဌာနရှေ့မှာပဲ သလင်းမြူကားကို parking ထိုးလိုက်သည်။

"အတန်းပြီးရင် ကားနားပဲလာခဲ့လိုက်နော်...
ငါပြန်လိုက်ပို့ပေးမယ်..."
"အင်း..."

သူ့ကိုလက်ပြရင်း သူမက ဋ္ဌာနထဲကိုပြေးဝင်သွားသည်။

သလင်းမြူလည်း ကပ်လျက်မှာရှိသည့် စာကြည့်တိုက်ဆီဦးတည်ခဲ့သည်။

"နေရောင်လာပြီ...."

ကောင်းကင်အပါအဝင် အားလုံးရောက်နေကြပြီ...

လူရှင်းသည့် အပေါ်ထပ်မှာသာ တစ်ဖွဲ့လုံးကိုစုထားသည်။

"ငါလမ်းမှာကိစ္စလေးရှိနေလို့ နောက်ကျသွားတယ် sorry..."
"ရပါတယ်..."
"စလိုက်ကြရအောင်..."

သလင်းမြူ ယူလာသည့် စာရွက်တွေကို ခွဲထားသည့် တာဝန်ကျအပိုင်းတွေအလိုက်တစ်ယောက်ချင်းစီကိုပေးလိုက်သည်။

Laptop ကိုဖွင့်ရင်း ခေါင်းဆောင်ဖြစ်သည့်သူက အရင်ဆုံးမိတ်ဆက်ကာ ရှင်းလင်းသည်။

တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ ပြောရင်း လိုအပ်သည်များကိုပြန်ပြင်ကြရင်း နှစ်နာရီကျော်ကြာသွားသည်။

"ပြန်တော့မယ် bye bye..."
"အင်း..."

အကုန်ပြန်သွားကြတော့ သလင်းမြူလည်း laptop ကိုပြန်သိမ်းလိုက်သည်။

"နေရောင်...
ငါတို့တစ်ခုခုသွားစားရအောင်..."
"ငါမအားဘူး.... "

သလင်းမြူ စာကြည့်တိုက်ကနေသာမြန်မြန် ထွက်လာခဲ့တော့သည်။

ကားနားမှာ ခက်သံစဉ်က သူ့ကိုငုတ်တုပ်လေးထိုင်စောင့်နေရှာသည်။

"အကြာကြီးစောင့်နေလိုက်ရတာလား..."
"မကြာသေးပါဘူး..."
"ဗိုက်ဆာလား...
နေ့လည်စာသွားစားမလား..."
"အင်း..."

မငြင်းပဲတန်းဖြေပုံကိုက သူ့လို food lover မှန်းသိသာသည်။

"နေရောင်...!"

ကားတံခါးဖွင့်ရန်လှမ်းသော သူ့လက်ကိုဆွဲလိုက်သည့် ကောင်းကင်...

"ခက်သံစဉ်နဲ့ဘယ်သွားမလို့လဲ..."
"ဘယ်သွားသွားပေါ့...
ငါကမင်းမေးသမျှ အကုန်ပြန်ဖြေရမှာလား..."

လက်ကို ဆွဲဖယ်ရင်းသူပြောတော့ ညှိုးငယ်သွားပြန်သည့် ကောင်းကင်မျက်နှာ...

သလင်းမြူ အံကိုသာတင်းတင်းကြိတ်ရင်း မျက်နှာလွှဲမိသည်။

"ခက် တက်လေ..."

သူတို့နှစ်ယောက်ကို ကြောင်ကြောင်လေးကြည့်နေသည့် ခက်သံစဉ်က ခေါင်းလေးညိတ်ကာ ကားထဲဝင်ထိုင်လေသည်။

ကားကိုမောင်းထွက်လိုက်ပြီး နောက်ကြည့်မှန်မှမြင်နေရသည့် ကောင်းကင်ကိုကြည့်ကာ စတီယာရင်ကို တင်းနေအောင်ဆုပ်ကိုင်လိုက်သည်။

"ဘာလို့ အဲ့လိုပြောလိုက်တာလဲ....
နေရောင်နဲ့စစ်ကောင်းကင်နိုင်က အရမ်းရင်းနှီးတာမဟုတ်ဘူးလား..."

သိချင်သည်ကို ထိန်းချုပ်မနေဘဲ ခက်သံစဉ်ကသူ့ကိုပွင့်လင်းစွာမေးသည်။

"သူကောင်းဖို့အတွက်ပါ...."

သူ့ရဲ့အဖြေကို ခက်သံစဉ်က နားလည်ပုံမပေါ်ပေမယ့် ထပ်မမေးတော့...

ငါတောင်းပန်ပါတယ် ကောင်းကင်...

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

သလင်းမြူ အိမ်ကိုပြန်ရောက်တော့ ဘုန်းရှိန်ဝါထက်ရော ဟိုမိန်းမရဲ့အရိပ်အရောင်ကိုပါ မတွေ့ရ....

အခန်းထဲဝင်ပြီး ကုတင်ပေါ်ပစ်လှဲကာ အမောဖြေရန် မျက်လုံးတွေမှိတ်ထားလိုက်သည်။

နှုတ်ခမ်းထက်ရောက်လာသည့် အထိအတွေ့တစ်ခုကြောင့် မဖွင့်ချင်ဖွင့်ချင်ကြည့်မိတော့ မျက်လုံးတွေပြူးသွားရသည်။

သူ့နှုတ်ခမ်းကို အပေါ်မှ အုပ်မိုးကာ နမ်းနေသည့် ကောင်းကင်ရဲ့ ရင်ဘက်ကို ဆောင့်တွန်းပစ်ရင်း သူထထိုင်ကာ နှုတ်ခမ်းတွေကို လက်နှင့်ကြမ်းကြမ်းသုတ်မိသည်။

"မင်းဘာလုပ်တာလဲ...
ငါ့အခန်းထဲဘယ်တုန်းကရောက်နေတာလဲ..."
"ကြာပြီ...
ငါမင်းကို ဝရန်တာမှာ ထိုင်စောင့်နေခဲ့တာ..."
"ထွက်သွား...!"
"နေရောင်..."

သူ့အနားကိုပြန်တိုးလာနေသည့် ကောင်းကင်ကြောင့် သလင်းမြူ အနောက်ကို auto ဆုတ်မိပြီးသား....

"ထွက်သွားလို့ ငါပြောနေတယ်နော်!!"
"စိတ်ဆိုးသွားတာလား..."
"ထွက်သွား!!!"

သူ့အရှေ့ရောက်တော့ ဒူးထောက်လိုက်သည့် ကောင်းကင်...

"မင်းဘာလုပ်တာလဲ.... "
"တောင်းပန်ပါတယ်....
ငါကိုအဲ့လိုမျိုး မဆက်ဆံပါနဲ့...."
"ထ...."
"ငါအမှားလုပ်မိထားရင် ငါ့ကိုထိုးနှက်လိုက်ပါ...
ဒီလိုမျိုးတော့ မလုပ်ပါနဲ့....
ငါ့ကိုမင်းကပစ်ပယ်လိုက်ပြီလို့ တွေးလိုက်မိတိုင်း....
ငါဒီနေရာကနေအရမ်းနာလို့ပါ...."

မျက်ရည်စက်တွေနဲ့ သူ့ကိုမော့ကြည့်ကာ တောင်းဆိုနေသည့် ကောင်းကင်ကို ဒီနွံထဲကနေသူဘယ်လို ကယ်တင်ရမလဲ....

ငါမင်းကိုမနာကျင်စေချင်ဘူး ကောင်းကင်....
ယောက်ျားတစ်ယောက်ကိုချစ်မိတဲ့အခါ ဘယ်လောက်နာကျင်ရလဲဆိုတာကို ငါကောင်းကောင်းသိလို့ မင်းကိုပါငါ့လိုမဖြစ်စေချင်ဘူး...

သလင်းမြူ ကောင်းကင်ရဲ့မျက်ရည်တွေကို သုတ်ဖယ်ပေးလိုက်သည်။

"အခုထ....
မထရင် ငါမင်းကို ဘယ်တော့မှစကားမပြောတော့ဘူး..."

ချက်ချင်း ဒူးထောက်ရာက ထကာသူ့ဘေးမှာ ဆွေ့ကနဲဝင်ထိုင်လေသည်။

"ငါ့ကိုအခုစိတ်မဆိုးတော့ဘူးမလား..."
"ဘယ်သူပြောလဲ..... "
"....."

ခေါင်းငုံ့ရင်း တိတ်ဆိတ်နေသည့် ကောင်းကင်ရဲ့ဆံပင်တွေကိုသူအားရပါးရ ဖွပြစ်လိုက်တော့ သူ့ကိုကြည့်လာသည်။

"အခုပိုချောသွားပြီ...
Haha!...."

ကောင်းကင်ဆံပင်တွေကို ဖွာလန်ကျဲအောင်လုပ်ပြီး သဘောတကျရယ်နေသည့် သလင်းမြူကို ကောင်းကင်တမေ့တမော စိုက်ကြည့်နေသည်။

"မင်းအရမ်းလှတယ် နေရောင်....
မင်းရယ်လိုက်တိုင်း အရာအားလုံးထက်ကိုလှတယ်....."
"Vall လှတယ်....
ငါ့များမိန်းကလေးမှတ်နေလား...
Fuck ပဲ!"

သူဆဲတော့မှ ကောင်းကင်ထရယ်သည်။

ထိုင်နေပါလျှက်နဲ့ မရပ်မနားပြေးသလို မငြိမ်သက်တော့သည့် နှလုံးသား....

အသက်ရှူမဝတော့သလိုခံစားရပြီး သလင်းမြူ ရင်ဘက်ကိုဖိထားမိသည်။

ငါဘာဖြစ်တာလဲ
နှလုံးအခြေအနေဆိုးလာတာလား...
ဒါမှမဟုတ်.........

"ဘာဖြစ်လို့လဲ.... "

ရင်ဘက်ကိုထုနေတဲ့သူ့ကို ကောင်းကင်ကစိုးရိမ်သလိုမေးလာတော့ သူခေါင်းသာရမ်းလိုက်သည်။

"ငါမင်းကိုနမ်းချင်တယ် နေရောင်...."

သလင်းမြူ နှုတ်ခမ်းကိုအမြန်လက်နှင့် ကာထားလိုက်မိ်သည်။

"နမ်းလို့မရဘူးလား..."
"မရဘူး!"
"တစ်ခါလောက်ပဲလေ..."

လက်ညိုးတစ်ချောင်းထောင်ကာ ကလေးမုန့်တောင်းသလို ခါရမ်းပြနေသည်။

"မရပါဘူးဆို!
ပြန်တော့!!"
"အင်းပါ...."

သလင်းမြူ အခန်းတံခါး lock ချရန် ကောင်းကင်နောက်မှလိုက်လာခဲ့လိုက်သည်။

"ငါပြန်တော့မယ်နော်...."
"အင်း....
Yarrrrrrr!"

တံခါးကိုဆွဲပိတ်လိုက်ချိန် သူ့နှုတ်ခမ်းကိုဖြတ်ကနဲနမ်းပြီး ထွက်ပြေးသွားသည့် ကောင်းကင်...

သလင်းမြူ လှမ်းရိုက်တာတောင် မမှီလိုက်....

သူ့ခြေတံရှည်တွေအားကိုးနဲ့ အသားကုန်ပြေးသွားခဲ့သည်။

🎶📩income message....

""လိုက်ကာဖွင့်လိုက်""

သလင်းမြူ လိုက်ကာဖွင့်လိုက်တော့ ဒင်းကောင်က heart sign ကိုပုံစံအမျိုးမျိုးနှင့်လုပ်ပြနေသည်။

လက်ခလယ်ကိုထောင်ပြလိုက်ပြီး လိုက်ကာတွေပြန်ဆွဲပိတ်ကာ သူပြုံးမိပါသည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Zawgyi

"Morning ေနေရာင္...
ညကေကာင္းေကာင္းအိပ္ေပ်ာ္ရဲ႕လား..."

ဘယ္အခ်ိန္ကတည္းကေရာက္ေနမွန္းမသိတဲ့ေကာင္းကင္က မနက္စာဝိုင္းမွာ သူ႔ကိုစီးႀကိဳေနသည္။

"ဘုန္း႐ွိန္ဝါထက္ မႏိုးေသးဘူးလား..."

သူအန္တီျမကိုေမးလိုက္ေတာ့ ေကာင္းကင္မ်က္ႏွွာညိွဳးသြားသည္။

"မႏိုးေသးပါဘူး အစ္ကိုေလး..."
"အဖ်ားတက္ေသးလား..."
"အဖ်ားကက်သြားပါၿပီ..."
"ေတာ္ေသးတာေပါ့.... "

မနက္စာကသူ႔အႀကိဳက္မုန္႔ဟင္းခါး...

အန္တီျမထည့္ေပးတာကိုသာ သူစားေနရင္း ေကာင္းကင္ကို လ်စ္လ်ဴရႈထားမိသည္။

"ဒီေန႔စာၾကည့္တိုက္မွာ ငါတို႔ group B presentation အစမ္းလုပ္ရမွာမေမ့နဲ႔ဦးေနာ္ ေနေရာင္...."
"အင္း..."
"ငါသြားေတာ့မယ္.... "

ထြက္ခြာသြားသည့္ ေက်ာျပင္ကိုၾကည့္ရင္း သလင္းျမဴ သက္ျပင္းခ်မိပါသည္။

"အစ္ကိုေလး စစ္ေကာင္းကင္က ဒီေန႔အေစာႀကီး မုန္႔ဟင္းခါးေတြဝယ္လာၿပီး အစ္ကိုေလးႏိုးတဲ့အထိ ထိုင္ေစာင့္ေနတာ..."
"သူစားသြားလား...."
"မစားသြားဘူး...
အစ္ကိုေလးႏိုးလာမွအတူတူစားမယ္ဆိုၿပီး..."

သလင္းျမဴ ခံတြင္းထဲမွမုန္႔ဟင္းခါးပင္ အရသာမ႐ွိေတာ့....

အျမဲမုန္႔ဟင္းခါးဆို အနည္းဆုံး ႏွစ္ပြဲစားတတ္သူက တစ္ပြဲေတာင္ မကုန္ဘဲ ထသြားေသာေၾကာင့္ အန္တီျမတို႔က အံ့ဩသလို...

"ေတာင္းပန္ပါတယ္..... ေကာင္းကင္....."

အ႐ုပ္ႀကီးရင္ခြင္ထဲတိုးဝင္ဖက္ရင္း သူခပ္တိုးတိုးဆိုမိပါသည္။

Power Point ေတြႏွင့္ print ထုတ္ထားသည့္ စာရြက္ေတြကိုေသခ်ာစစ္ေဆးကာ သူေအာက္ထပ္ကိုဆင္းခဲ့ေတာ့သည္။

"နန္း!...
ႏွင္းဆီေတြကိုမထိပါနဲ႔လို႔ ကိုယ္ဘယ္ႏွခါေျပာရမလဲ...."
"ကိုဘုန္းစိုက္ထားတာေတြကို နန္းကဘာလို႔ထိလို႔မရရမွာလဲ...."
"ကိုယ္စိုက္ထားတာ ငယ့္အတြက္....
နန္းအတြက္မဟုတ္ဘူးေလ...."

ေလွကားကဆင္းကတည္းကၾကားရသည့္ ခပ္မာမာအသံေတြ....

ဧည့္ခန္းစားပြဲေပၚမွ ျဖတ္ယူထားသည့္ ႏွင္းဆီျဖဴေတြကို ျမင္လိုက္ရေတာ့ ထိုမိန္းမသူ႔ကို တမင္ တိုက္ခိုက္ေနမွန္းသိလိုက္သည္။

ငါျမတ္ႏိုးတဲ့ပန္းေတြကို ဖ်က္စီးရဲတယ္ေပါ့....

"ငယ္ ....
ကိုကို ေတာင္းပန္တယ္ေနာ္.....
ေနာက္ထပ္ မလုပ္ဖို႔ ကိုယ္သူ႔ကိုေျပာထားပါ့မယ္...."
"ကိုဘုန္း!!
ဘာကိစၥသူ႔ကိုေတာင္းပန္ေနရတာလဲ...."

ပုံမွန္ဆိုလ်ွင္ သူ႔ဘက္ကႏႈတ္ဆိတ္ကာ ထြက္သြားျမဲ...
ဒါေပမယ့္....
သူယုတ္မာၾကည့္ခ်င္တယ္ တစ္ခါေလာက္ပဲျဖစ္ျဖစ္.....

"ေတာင္းပန္စရာမလိုပါဘူး ကိုကိုရဲ႕....
အဲ့ႏွင္းဆီတစ္ခင္းလုံးကို မမနန္းစံကိုေပးလိုက္ပါ.....
ေယာက္်ားေလးနဲ႔ ပန္းကသိပ္မလိုက္ဖက္ဘူးလားလို႔....
ကြၽန္ေတာ့ကို္ေယာက္်ားျဖစ္ၿပီး ေယာက္်ားလိုမေနဘူး အဆင့္အတန္းကိုမရွိဘူးလို႔ မမကထပ္ေျပာေနမွာစိုးတယ္..."
"စူးေနေရာင္ထက္! နင္!"

မေက်နပ္သလို ပြဲထၾကမ္းေတာ့မည့္ဟန္သူ႔ကိုေအာ္သည့္ နန္းစံထိုက္ႏွင့္ မီးေတာက္မတတ္မ်က္လုံးေတြႏွင့္ နန္းစံထိုက္ကိုၾကည့္ေနသည့္ ဘုန္း႐ွိန္ဝါထက္

မီးေလာင္ရာေလပင့္ထပ္မလုပ္ခ်င္ေပမယ့္ ဓာတ္ဆီေလာင္းခ်င္စိတ္ကေလးကေပၚလာသည္။

"အာ...
ကိုကို....
ကြၽန္ေတာ့္နဲ႔ခပ္ကင္းကင္းေလးေနေပးေနာ္....
လင္လုဖက္လိုလည္းအေျပာမခံခ်င္ေတာ႔လို႔...."

သလင္းျမဴ ျပဳံးျပဳံးသာလွည့္ထြက္ခဲ့ၿပီး ဦးထြန္းတံခားဖြင့္ေပးထားသည့္ ကားထဲဝင္ထိုင္ကာ သီခ်င္းအက်ယ္ႀကီးဖြင့္နားေထာင္ရင္း ေက်နပ္မိသည္။

Villain ျဖစ္ရတာလဲ မဆိုးဘူးပဲ....

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ဦးေလး ကားခဏရပ္လိုက္..."

လမ္းေဘးကပ္ကာ ကားကိုရပ္လိုက္ေတာ့ မလွမ္းမကမ္းမွ ဆိုင္ကယ္ေဘးနားတြင္ကုန္းကုန္းကြကြလုပ္ေနသည့္ ခက္သံစဥ္နားသလင္းျမဴ သြားလိုက္သည္။

"ဆိုင္ကယ္ဘာျဖစ္လို႔လဲ...."

ေမာ့ၾကည့္လာသည့္ သူမက သူ႔ကိုေတြ႔ေတာ့ အားကိုးစရာေတြ႔သလိုျပဳံးေလသည္။

"မသိဘူး....
ထိုးရပ္သြားတာ..."
"ဆီျပတ္သြားတာမ်ားလား..."
"ဆီကအခုေလးတင္ထည့္လာတာ..."
"ဆီမသန္႔လို႔ထင္တယ္..."
"ဟုတ္လား....
ေနာက္က်ေတာ့မွာပဲ..."

လက္ကနာရီကိုၾကည့္ကာ ညည္းသည့္သူမ...

"အတန္း႐ွိလို႔လား..."
"အင္း....
ပါခ်ဳပ္အခ်ိန္...."

Botany ပါခ်ဳပ္အေၾကာင္းကိုသူလည္း သိေသာေၾကာင့္ သူမကိုသနားမိသြားသည္။

တစ္မိနစ္ေလာက္ေနာက္က်တာ ေက်ာင္းသားကဒ္မပါတာကအစ မူလတန္းကေလးေတြလို လက္သည္း႐ွည္တာကိုပါလိုက္ၾကည့္ကာ roll call မေပးတတ္သည့္ နာမည္ႀကီးပါခ်ဳပ္ႀကီးေလ....

"ငါ့ကားနဲ႔လိုက္ခဲ့လိုက္ေလ ေနာက္က်ေနရင္ ျပႆနာတက္လိမ့္မယ္.... "
"ဆိုင္ကယ္ကို ဘယ္လိုလုပ္ရမလဲ..."
"ဦးထြန္း...."
"ဗ်ာ အစ္ကိုေလး...."
"ကြၽန္ေတာ့္သူငယ္ခ်င္းရဲ႕ဆိုင္ကယ္ကို workshop ပို႔ေပးပါ...
ကားကိုကြၽန္ေတာ္ပဲေမာင္းသြားလိုက္မယ္..."
"ဟုတ္ကဲ့.... "

သလင္းျမဴ driver seat မွာဝင္ထိုင္လိုက္ၿပီး ခက္သံစဥ္ကေတာ့ သူ႔ေဘး lover seat မွာထိုင္သည္။

"ေနေရာင္ကေရာ အတန္း႐ွိလို႔လား... "
"မဟုတ္ဘူး...
Presentation အတြက္ rehersal လုပ္ဖို႔ ခ်ိန္းထားလို႔..."
"ေဩာ္...."
"ေနာက္အပတ္က်ရင္ လွယဥ္ေက်းမယ္ၿပိဳင္ပြဲ႐ွိတာသိတယ္မလား..."
"အင္း စိုင္းစံတို႔ေျပာတာၾကားတယ္..."
"လာၾကည့္မွာလား...
ပာခ်ုပ္ခိုင္းလို့ ခက္ ဝင္ၿပိဳင္ထားတယ္.... "
"ဟုတ္လား...
လာၾကည့္ရမွာေပါ့...."
"တကယ္ေနာ္..."
"အင္း..."

Botany နဲ႔ Zoology ရဲ႕႒ာနေ႐ွ႕မွာပဲ သလင္းျမဴကားကို parking ထိုးလိုက္သည္။

"အတန္းၿပီးရင္ ကားနားပဲလာခဲ့လိုက္ေနာ္...
ငါျပန္လိုက္ပို႔ေပးမယ္..."
"အင္း..."

သူ႔ကိုလက္ျပရင္း သူမက ႒ာနထဲကိုေျပးဝင္သြားသည္။

သလင္းျမဴလည္း ကပ္လ်က္မွာ႐ွိသည့္ စာၾကည့္တိုက္ဆီဦးတည္ခဲ့သည္။

"ေနေရာင္လာၿပီ...."

ေကာင္းကင္အပါအဝင္ အားလုံးေရာက္ေနၾကၿပီ...

လူ႐ွင္းသည့္ အေပၚထပ္မွာသာ တစ္ဖြဲ႔လုံးကိုစုထားသည္။

"ငါလမ္းမွာကိစၥေလး႐ွိေနလို႔ ေနာက္က်သြားတယ္ sorry..."
"ရပါတယ္..."
"စလိုက္ၾကရေအာင္..."

သလင္းျမဴ ယူလာသည့္ စာရြက္ေတြကို ခြဲထားသည့္ တာဝန္က်အပိုင္းေတြအလိုက္တစ္ေယာက္ခ်င္းစီကိုေပးလိုက္သည္။

Laptop ကိုဖြင့္ရင္း ေခါင္းေဆာင္ျဖစ္သည့္သူက အရင္ဆုံးမိတ္ဆက္ကာ ႐ွင္းလင္းသည္။

တစ္ေယာက္ၿပီးတစ္ေယာက္ အလွည့္က် ေျပာရင္း လိုအပ္သည္မ်ားကိုျပန္ျပင္ၾကရင္း ႏွစ္နာရီေက်ာ္ၾကာသြားသည္။

"ျပန္ေတာ့မယ္ bye bye..."
"အင္း..."

အကုန္ျပန္သြားၾကေတာ့ သလင္းျမဴလည္း laptop ကိုျပန္သိမ္းလိုက္သည္။

"ေနေရာင္...
ငါတို႔တစ္ခုခုသြားစားရေအာင္..."
"ငါမအားဘူး.... "

သလင္းျမဴ စာၾကည့္တိုက္ကေနသာျမန္ျမန္ ထြက္လာခဲ့ေတာ့သည္။

ကားနားမွာ ခက္သံစဥ္က သူ႔ကိုငုတ္တုပ္ေလးထိုင္ေစာင့္ေန႐ွာသည္။

"အၾကာႀကီးေစာင့္ေနလိုက္ရတာလား..."
"မၾကာေသးပါဘူး..."
"ဗိုက္ဆာလား...
ေန႔လည္စာသြားစားမလား..."
"အင္း..."

မျငင္းပဲတန္းေျဖပုံကိုက သူ႔လို food lover မွန္းသိသာသည္။

"ေနေရာင္...!"

ကားတံခါးဖြင့္ရန္လွမ္းေသာ သူ႔လက္ကိုဆြဲလိုက္သည့္ ေကာင္းကင္...

"ခက္သံစဥ္နဲ႔ဘယ္သြားမလို႔လဲ..."
"ဘယ္သြားသြားေပါ့...
ငါကမင္းေမးသမ်ွ အကုန္ျပန္ေျဖရမွာလား..."

လက္ကို ဆြဲဖယ္ရင္းသူေျပာေတာ့ ညိွဳးငယ္သြားျပန္သည့္ ေကာင္းကင္မ်က္ႏွာ...

သလင္းျမဴ အံကိုသာတင္းတင္းႀကိတ္ရင္း မ်က္ႏွာလႊဲမိသည္။

"ခက္ တက္ေလ..."

သူတို႔ႏွစ္ေယာက္ကို ေၾကာင္ေၾကာင္ေလးၾကည့္ေနသည့္ ခက္သံစဥ္က ေခါင္းေလးညိတ္ကာ ကားထဲဝင္ထိုင္ေလသည္။

ကားကိုေမာင္းထြက္လိုက္ၿပီး ေနာက္ၾကည့္မွန္မွျမင္ေနရသည့္ ေကာင္းကင္ကိုၾကည့္ကာ စတီယာရင္ကို တင္းေနေအာင္ဆုပ္ကိုင္လိုက္သည္။

"ဘာလို႔ အဲ့လိုေျပာလိုက္တာလဲ....
ေနေရာင္နဲ႔စစ္ေကာင္းကင္ႏိုင္က အရမ္းရင္းႏွီးတာမဟုတ္ဘူးလား..."

သိခ်င္သည္ကို ထိန္းခ်ဳပ္မေနဘဲ ခက္သံစဥ္ကသူ႔ကိုပြင့္လင္းစြာေမးသည္။

"သူေကာင္းဖို႔အတြက္ပါ...."

သူ႔ရဲ႕အေျဖကို ခက္သံစဥ္က နားလည္ပုံမေပၚေပမယ့္ ထပ္မေမးေတာ့...

ငါေတာင္းပန္ပါတယ္ ေကာင္းကင္...

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

သလင္းျမဴ အိမ္ကိုျပန္ေရာက္ေတာ့ ဘုန္း႐ွိန္ဝါထက္ေရာ ဟိုမိန္းမရဲ႕အရိပ္အေရာင္ကိုပါ မေတြ႔ရ....

အခန္းထဲဝင္ၿပီး ကုတင္ေပၚပစ္လွဲကာ အေမာေျဖရန္ မ်က္လုံးေတြမွိတ္ထားလိုက္သည္။

ႏႈတ္ခမ္းထက္ေရာက္လာသည့္ အထိအေတြ႔တစ္ခုေၾကာင့္ မဖြင့္ခ်င္ဖြင့္ခ်င္ၾကည့္မိေတာ့ မ်က္လုံးေတြျပဴးသြားရသည္။

သူ႔ႏႈတ္ခမ္းကို အေပၚမွ အုပ္မိုးကာ နမ္းေနသည့္ ေကာင္းကင္ရဲ႕ ရင္ဘက္ကို ေဆာင့္တြန္းပစ္ရင္း သူထထိုင္ကာ ႏႈတ္ခမ္းေတြကို လက္ႏွင့္ၾကမ္းၾကမ္းသုတ္မိသည္။

"မင္းဘာလုပ္တာလဲ...
ငါ့အခန္းထဲဘယ္တုန္းကေရာက္ေနတာလဲ..."
"ၾကာၿပီ...
ငါမင္းကို ဝရန္တာမွာ ထိုင္ေစာင့္ေနခဲ့တာ..."
"ထြက္သြား...!"
"ေနေရာင္..."

သူ႔အနားကိုျပန္တိုးလာေနသည့္ ေကာင္းကင္ေၾကာင့္ သလင္းျမဴ အေနာက္ကို auto ဆုတ္မိၿပီးသား....

"ထြက္သြားလို႔ ငါေျပာေနတယ္ေနာ္!!"
"စိတ္ဆိုးသြားတာလား..."
"ထြက္သြား!!!"

သူ႔အေ႐ွ႕ေရာက္ေတာ့ ဒူးေထာက္လိုက္သည့္ ေကာင္းကင္...

"မင္းဘာလုပ္တာလဲ.... "
"ေတာင္းပန္ပါတယ္....
ငါကိုအဲ့လိုမ်ိဳး မဆက္ဆံပါနဲ႔...."
"ထ...."
"ငါအမွားလုပ္မိထားရင္ ငါ့ကိုထိုးႏွက္လိုက္ပါ...
ဒီလိုမ်ိဳးေတာ့ မလုပ္ပါနဲ႔....
ငါ့ကိုမင္းကပစ္ပယ္လိုက္ၿပီလို႔ ေတြးလိုက္မိတိုင္း....
ငါဒီေနရာကေနအရမ္းနာလို႔ပါ...."

မ်က္ရည္စက္ေတြနဲ႔ သူ႔ကိုေမာ့ၾကည့္ကာ ေတာင္းဆိုေနသည့္ ေကာင္းကင္ကို ဒီႏြံထဲကေနသူဘယ္လို ကယ္တင္ရမလဲ....

ငါမင္းကိုမနာက်င္ေစခ်င္ဘူး ေကာင္းကင္....
ေယာက္်ားတစ္ေယာက္ကိုခ်စ္မိတဲ့အခါ ဘယ္ေလာက္နာက်င္ရလဲဆိုတာကို ငါေကာင္းေကာင္းသိလို႔ မင္းကိုပါငါ့လိုမျဖစ္ေစခ်င္ဘူး...

သလင္းျမဴ ေကာင္းကင္ရဲ႕မ်က္ရည္ေတြကို သုတ္ဖယ္ေပးလိုက္သည္။

"အခုထ....
မထရင္ ငါမင္းကို ဘယ္ေတာ့မွစကားမေျပာေတာ့ဘူး..."

ခ်က္ခ်င္း ဒူးေထာက္ရာက ထကာသူ႔ေဘးမွာ ေဆြ႔ကနဲဝင္ထိုင္ေလသည္။

"ငါ့ကိုအခုစိတ္မဆိုးေတာ့ဘူးမလား..."
"ဘယ္သူေျပာလဲ..... "
"....."

ေခါင္းငုံ႔ရင္း တိတ္ဆိတ္ေနသည့္ ေကာင္းကင္ရဲ႕ဆံပင္ေတြကိုသူအားရပါးရ ဖြျပစ္လိုက္ေတာ့ သူ႔ကိုၾကည့္လာသည္။

"အခုပိုေခ်ာသြားၿပီ...
Haha!...."

ေကာင္းကင္ဆံပင္ေတြကို ဖြာလန္က်ဲေအာင္လုပ္ၿပီး သေဘာတက်ရယ္ေနသည့္ သလင္းျမဴကို ေကာင္းကင္တေမ့တေမာ စိုက္ၾကည့္ေနသည္။

"မင္းအရမ္းလွတယ္ ေနေရာင္....
မင္းရယ္လိုက္တိုင္း အရာအားလုံးထက္ကိုလွတယ္....."
"Vall လွတယ္....
ငါ့မ်ားမိန္းကေလးမွတ္ေနလား...
Fuck ပဲ!"

သူဆဲေတာ့မွ ေကာင္းကင္ထရယ္သည္။

ထိုင္ေနပါလ်ွက္နဲ႔ မရပ္မနားေျပးသလို မၿငိမ္သက္ေတာ့သည့္ ႏွလုံးသား....

အသက္႐ွဴမဝေတာ့သလိုခံစားရၿပီး သလင္းျမဴ ရင္ဘက္ကိုဖိထားမိသည္။

ငါဘာျဖစ္တာလဲ
ႏွလုံးအေျခအေနဆိုးလာတာလား...
ဒါမွမဟုတ္.........

"ဘာျဖစ္လို႔လဲ.... "

ရင္ဘက္ကိုထုေနတဲ့သူ႔ကို ေကာင္းကင္ကစိုးရိမ္သလိုေမးလာေတာ့ သူေခါင္းသာရမ္းလိုက္သည္။

"ငါမင္းကိုနမ္းခ်င္တယ္ ေနေရာင္...."

သလင္းျမဴ ႏႈတ္ခမ္းကိုအျမန္လက္ႏွင့္ ကာထားလိုက္မိ္သည္။

"နမ္းလို႔မရဘူးလား..."
"မရဘူး!"
"တစ္ခါေလာက္ပဲေလ..."

လက္ညိဳးတစ္ေခ်ာင္းေထာင္ကာ ကေလးမုန္႔ေတာင္းသလို ခါရမ္းျပေနသည္။

"မရပါဘူးဆို!
ျပန္ေတာ့!!"
"အင္းပါ...."

သလင္းျမဴ အခန္းတံခါး lock ခ်ရန္ ေကာင္းကင္ေနာက္မွလိုက္လာခဲ့လိုက္သည္။

"ငါျပန္ေတာ့မယ္ေနာ္...."
"အင္း....
Yarrrrrrr!"

တံခါးကိုဆြဲပိတ္လိုက္ခ်ိန္ သူ႔ႏႈတ္ခမ္းကိုျဖတ္ကနဲနမ္းၿပီး ထြက္ေျပးသြားသည့္ ေကာင္းကင္...

သလင္းျမဴ လွမ္း႐ိုက္တာေတာင္ မမွီလိုက္....

သူ႔ေျခတံ႐ွည္ေတြအားကိုးနဲ႔ အသားကုန္ေျပးသြားခဲ့သည္။

🎶📩income message....

""လိုက္ကာဖြင့္လိုက္""

သလင္းျမဴ လိုက္ကာဖြင့္လိုက္ေတာ့ ဒင္းေကာင္က heart sign ကိုပုံစံအမ်ိဳးမ်ိဳးႏွင့္လုပ္ျပေနသည္။

လက္ခလယ္ကိုေထာင္ျပလိုက္ၿပီး လိုက္ကာေတြျပန္ဆြဲပိတ္ကာ သူျပဳံးမိပါသည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Bạn đang đọc truyện trên: Truyen247.Pro