Part-3 ( just a hope)
Zawgyi
"သလင္း!!"
ေသြးအသံကုန္ေအာ္ကာ ေခြက်သြားေသာ သလင္းျမဴကိုေျပးေပြ႔ေလသည္။
တစ္ခန္းလုံးလည္း တိတ္ဆိတ္သြားကာ ေၾကာင္ၾကည့္ေနျကသည္။
"သလင္း!!
ငါေခၚေနတာၾကားလား...!!
လာကူၾကပါဦး!!!"
ေသြး ငိုယိုၿပီးေျပာေတာ့မွ ေမာ္နီတာႏွင့္အတန္းသားေတြက သလင္းျမဴကို ဝိုင္းေပြ႔ကာ ေက်ာင္းေဆးခန္းကိုေခၚသြားေပးၾကေလသည္။
"ဒီေက်ာင္းသားကဘာျဖစ္တာလဲ"
"ေမ့လဲသြားတာပါ ဆရာ"
ေက်ာင္းေဆးခန္းမွဆရာဝန္စမ္းသပ္ေနတုန္း က်စ္က်စ္ပါေအာင္ဆုပ္ထားသည့္ သလင္း၏ လက္သီးဆုပ္ေလးကို ေသြးရေအာင္ေျဖေနေလသည္။
"သလင္းမွာ ေမြးရာပါႏွလုံးေရာဂါ ႐ွိပါတယ္ဆရာ...."
"ႏွလုံးေရာဂါ....."
ဆရာဝန္နွင့္ေမာ္နီတာတို႔အဖြဲ႔မွာ ေသြး၏ေျပာစကားေၾကာင့္အံ့ဩကုန္ၾကေလသည္။
သလင္းျမဴ၏အေျခအေန ျပန္တည္ၿငိမ္သြားမွ ေသြး သလင္းျမဴ၏ဖုန္းကိုယူကာ အိမ္ကိုလွမ္းအေၾကာင္းၾကားလိုက္ေလသည္။
ေမာ္နီတာတို႔အဖြဲ႔ကလည္း အတန္းထဲကိုမျပန္ေသးဘဲ ထိုင္ေစာင့္ေပးေနၾကသည္။
"ေမေသြးနီ...."
ေမာ္နီတာက ေသြးကိုလွမ္းေခၚၿပီး တစ္ခုခုေျပာခ်င္ေနပုံပင္။
"ဘာလဲ ေျပာေလ.... "
"သလင္းျမဴက ႏွလုံးေရာဂါျဖစ္တာၾကာျပီလား.."
"အင္း သူေမြးကတည္းကပဲ...."
"အဲ့တာဆို သူက ႏွလုံးေရာဂါ႐ွိလို႔ ငါတို႔ေဆာ့ဖို႔ေခၚတိုင္းျငင္းတာေပါ့"
"အင္း.....
သလင္းက နင္တို႔နဲ႔မေဆာ့ခ်င္တာမဟုတ္ဘူး...
မေဆာ့ႏိုင္တာ....."
"အဲ့လိုကိုး..... မသိပါဘူး....ငါတို႔ကဒီေကာင့္အိမ္က ခ်မ္းသာလို႔ ငါတို႔လိုေကာင္ေတနဲ႔မေဆာ့ခ်င္တာလို႔ထင္ေနတာ......"
"သလင္းက နင္တို႔ထင္သလို အဆင့္အတန္းခြဲျခားတတ္တဲ့သူမဟုတ္ဘူး...."
"ငါတို႔သူ႔အေပၚ အထင္မွားမိတာပဲ......"
မၾကာလိုက္ ေက်ာင္းေဆးခန္းေ႐ွ႕သို႔ ကားတစ္စီးေရာက္႐ွိလာၿပီး သလင္းျမဴ၏ အေမ အစ္မ ႏွင့္ အစ္ကိုမ်ားဆင္းလာၾကသည္။
"သားငယ္ေလး.........."
လူနာကုတင္ထက္မွ ျဖူေဖ်ာ့ေနသည့္ သလင္းျမဴ၏လက္ကေလးကို မိခင္ျဖစ္သူကဆုပ္ကိုင္ရင္း တုန္ယင္စြာေခၚလိုက္ေလသည္။
"ငယ္ေလး ကဘယ္လိုျဖစ္တာလဲ ေသြး......"
သလင္းျမဴ၏အစ္မ အေမးေၾကာင့္ ေသြးေျဖရခက္သြားသည္။
"သလင္းျမဴ အစြပ္စြဲခံရတာပါ...."
ေမာ္နီတာ ကဝင္ေျပာမွေသြး အနည္းငယ္အသက္႐ွဴေခ်ာင္ေတာ့သည္။
"ဘယ္လိုေတြ အစြပ္စြဲခံရလို္႔ ငယ္ေလးကဒီေလာက္ထိျဖစ္သြားရတာလဲ...."
"ေယာက္်ားခ်င္းရည္းစားစာေပးတယ္လို႔ စြပ္စြဲခံလိုက္ရလို႔ပါ......"
"ဘာ!!
ဘယ္ေကာင္က အဲ့လိုစြပ္စြဲတာလဲ....
ငါတို႔ညီကိုဘာမ်ားထင္ေနၾကတာလဲ.!....."
"ေတာက္!!!"
ကိုေလး ေဘးကခုံေတြကိုေဒါသတႀကီးကန္ပစ္လိုက္ေသာေၾကာင့္ ဆရာဝန္ေလးပင္လန္႔သြားေလသည္။
"စာထဲကလက္ေရးက သလင္းျမဴလက္ေရးနဲ႔တူေနလို႔ အားလုံးကလည္း သလင္းျမဴလို႔ထင္သြားၾကတာပါ......"
"လက္ေရးဆိုတာ တုပေရးလို႔ရတာပဲ....
လက္ေရးတူတာနဲ႔မ်ား ငယ္ေလးျဖစ္ေရာလား....."
"အခု အဲ့စြပ္စြဲတဲ့ေကာင္ဘယ္မွာလဲ...."
"အတန္းထဲမွာ....သူ႔နာမည္က မင္းသစ္အာကာ....."
6 တန္းမ်ား႐ွိရာ အေဆာက္အဦးထံထြက္သြားေသာ သလင္းျမဴ၏ အစ္ကိုႏွစ္ေယာက္ေနာက္ကို ေသြး ႏွင့္ ေမာ္နီတာတို႔အဖြဲ႔ေျပးလိုက္သြားရေလသည္။
ေက်ာင္းေဆးခန္းမွဆရာဝန္ေလးလဲ ေက်ာင္းအုပ္ႀကီးထံအျမန္အေၾကာင္းသြားၾကားရသည္။
"မင္းသစ္အာကာ ဆိုတာ ဘယ္ေကာင္လဲ!!!"
႐ုတ္တရက္ႀကီးဝင္လာၿပီး ေဒါသတႀကီးေအာ္ေမးေသာ အရပ္႐ွည္႐ွည္ အစ္ကိုႀကီးႏွစ္ေယာက္ေၾကာင့္ တစ္ခန္းလုံးတုန္သြားေလသည္။
"ဘယ္သူက မင္းသစ္အာကာလဲလို႔ေမးေနတယ္ေလ!!!"
"က်...ကြၽန္ေတာ္ပါ......"
"အေ႐ွ႕ထြက္ခဲ့!......"
"ဟုတ္...ဟုတ္ကဲ့...... "
မင္းသစ္အာကာ လန္႔ေနေပမယ့္ သူ႔ကိုေခၚေနတာေၾကာင့္ အတန္းေ႐ွ႕ကိုထြက္လာရသည္။
အေနာက္မွ လိုက္လာေသာ ေသြးကေတာ့ ကိုလတ္နဲ႔ ကိုေလးေ႐ွ႕မွာ ရပ္ေနတဲ့ေၾကာင္ေတာင္ေတာင္မင္းသစ္အာကာ ကိုျမင္ရာ ႏႈတ္မွထိတ္လန္႔စြာေျပာလိုက္မိသည္။
"အဲ့ေကာင္ေတာ့ ေသၿပီပဲ...."
"ဟမ္..."
သူေျပာတဲ့စကားကိုနားမလည္သည့္ ေမာ္နီတာကို ေသြးေခါင္းသာယမ္းျပလိုက္သည္။
"မင္းလိုေကာင္ကမ်ား ငါ့ညီကို!!.... "
႐ုတ္တရက္ မင္းသစ္အာကာမ်က္ႏွာကို ကိုလတ္ထိုးခ်လိုက္ရာ အတန္းထဲမွအလန္႔တၾကားေအာ္သံမ်ားဆူညံသြားၿပီ မင္းသစ္အာကာ ေခြလဲက်သြားကာ ေမ့ေမ်ာသြားေတာ့သည္။
သတိေမ့ေနေသာမင္းသစ္အာကာကိုထပ္ထိုးရန္ လုပ္ေနသည့္ ကို္ေလးကိုေသြးေရာ ေမာ္နီတာတို႔အဖြဲ႔ပါဝိုင္းဆြဲရေတာ့သည္။
ေက်ာင္းအုပ္ဆရာမႀကီးေရာက္လာမွ ကိုေလးေရာ ကိုလတ္ပါစိတ္ေလ်ာ့သြားၾကသည္။
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
ေရာင္ကိုင္းေနေသာ မ်က္ႏွာတစ္ျခမ္းႏွင့္ ေက်ာင္းထဲဝင္လာေသာ မင္းသစ္အာကာ ကိုၾကည့္ကာ အားလုံးႀကိတ္ရယ္ေနၾကသည္။
"Hey!!! တစ္ခ်က္ထိုး!!"
အတန္းထဲဝင္ဝင္ခ်င္း ေမာ္နီတာက သူ႔ကို တစ္ခ်က္ထိုးဟုအက်ယ္ႀကီးေအာ္ေခၚလိုက္ရာ ေဒါသေထာင္းကနဲ ထြက္လာသည္။
"မင္းငါ့ကိုဘယ္လိုေခၚလိုက္တာလဲ!!"
"တစ္ခ်က္ထိုး!!"
ေမာ္နီတာထံသိုဦးတည္ဝဲလာေသာ မင္းသစ္အာကာ၏ လက္ကိုေသြးကၾကားမွပုတ္ထုတ္လိုက္သည္။
"တစ္ခ်က္ထိုးမို႔ တစ္ခ်က္ထိုးလို႔ေခၚတာကို မနာရဘူးေလ တစ္ခ်က္ထိုးရဲ႕...."
"ေဘာျပားမ!!! နင့္ကိစၥမဟုတ္ရင္ဝင္မပါစမ္းနဲ႔..."
"ေဩာ္ ငါ့ကိစၥမဟုတ္ဘူးလား......hee...."
ေသြးကေျပာင္စပ္စပ္ႏွင့္ မင္းသစ္အာကာအနားကိုတိုးသြားကာ ရယ္ေနရာမွ ႐ုတ္တရက္ အရယ္ရပ္သြားၿပီး စူးရဲစြာစိုက္ၾကည့္ေလသည္။
"ဘာလို႔ငါ့ကိစၥမဟုတ္ရမွာလဲ ေခြးသူေတာင္းစားရဲ႕!.........
နင္ျပႆနာ႐ွာခဲ့တာ ငါရဲ႕သလင္းေလ......"
"နင့္ရဲ႕သလင္း? hak....hahaha....!!!
ေဟ်ာင့္ေတြၾကားၾကလား သူ႔ရဲ႕သလင္းတဲ့!.....
ေ-ာက္ေျခာက္နဲ႔ ေဘာျပား လိုက္ဖက္ပါတယ္ေလ...
အားလုံးပဲ လက္ခုပ္ေလးတီးေပးလိုက္ၾကပါဦး!!!"
"Woo!!!"
တစ္ခန္းလုံး လက္ခုပ္တီးကာဆူညံလာေတာ့ ေမာ္နီတာက စားပြဲခုံတစ္ခုကို အားျပင္းစြာ ႐ိုက္ခ်လိုက္သည္။
"ဒုန္း!!!!!"
"တိတ္ၾကစမ္း!!!"
"နင္တို႔ဒီလိုေလွာင္ေျပာင္ေနၾကခ်ိန္မွာ
သလင္း ကေတာ့အရမ္းခံစားေနရတာကိုနင္တို႔မျမင္ၾကဘူးမလား!!!
နင္တို႔ပါးစပ္ေတြကေျပာတဲ့ ရြံစရာအေျခာက္ဆိုတဲ့သလင္းက ေမြးရာပါ ႏွလုံးေရာဂါေၾကာင့္ နာက်င္ေနရတဲ့သူပါ......
ေလွာင္ေျပာင္သံေတြၾကားကေန ႐ွင္သန္ဖို႔အားတင္းေနရသူ...
အခု သလင္း.... နင္တို႔ေၾကာင့္ ႐ွင္သန္ဖို႔ကိုေတာင္လက္ေလ်ာ့ခ်င္ေနၿပီ....
နင္တို႔ေၾကာင့္ သူအရမ္းတက္ခ်င္တဲ့ ေက်ာင္းကိုေတာင္ မလာႏိုင္ေတာ့ဘူး....
နင္တို႔အခုေပ်ာ္ၾကလား!!!
ေပ်ာ္ၾကရဲ႕လား!!!"
ေသြး၏စကားေၾကာင့္ အားလုံးပါးစပ္အေဟာင္းသားနဲ႔ ၿငိမ္သက္သြားၾကသည္။
"မင္းသစ္အာကာ မင္းဝန္ခံလိုက္စမ္းပါ!!
အဲ့စာက သလင္းျမဴေပးတာမဟုတ္မွန္းငါသိတယ္....."
ထိတ္လန္႔ျခင္းအရိပ္အေရာင္တခ်ိဳ႕ကို မင္းသစ္အာကာရဲ႕ မ်က္ႏွာမွာျမင္လိုက္ရေတာ့ သူတို႔အထင္မွန္မွန္း ေသြးႏွင့္ေမာ္နီတာေသခ်ာသြားသည္။
"သလင္းျမဴ ေပးတာမဟုတ္ရင္ ဘယ္သူလဲ!
အဲ့စာက သလင္းျမဴေရးတာမွန္းအသိသာႀကီး!!"
"မင္းေလ!"
"ဘာ!!!"
"အဲ့စာကိုေရးတာမင္းေလ!
ဟိုတစ္ေန႔က မင္း သလင္းျမဴဆီကေန ျမန္မာစာအုပ္ငွါးတာကို ငါျမင္တယ္!"
"စာအုပ္ငွါးတာနဲ႔...ဘာ...ဘာဆိုင္လို႔လဲ"
မင္းသစ္အာကာရဲ႕မ်က္ႏွာပိုၿပီးပ်က္ယြင္းလာေလေလ သူတို႔အထင္ပို၍မွန္ေလေလပင္။
"သလင္းျမဴရဲ႕လက္ေရးကို မင္းအတုခုိးၿပီး အဲ့ရည္းစားစာကိုေရးခဲ့တာေလ"
မင္းသစ္အာကာ ျငင္းဆန္ဖို႔ႀကိဳးစားေနေပမယ့္ စကားတစ္ခြန္းမွထြက္မလာေတာ့ပဲ ဆြံ႔အေနသည္။
"ေမာ္နီတာေျပာတာဟုတ္လား မင္းသစ္အာကာ!"
အေနာက္တန္းမွေကာင္ေတြ ထြက္လာၾကသည္။
"အဲ့..အဲ့တာက..."
"ဟုတ္လားလို႔
ေျပာေလ!!!"
"ငါတို႔နဲ႔လုပ္ထားတဲ့အေလာင္းအစားႏိုင္ခ်င္တာနဲ႔မင္းဒီလိုလုပ္ရလား!!"
အေနာက္တန္းမွေကာင္တစ္ေကာင္က မင္းသစ္အာကာရင္ဘက္ကိုတြန္းလိုက္သည္။
"ငါတို႔ကဆိုးတယ္....
ဒါေပမယ့္ မင္းလိုမယုတ္မာဘူး!
ဒီေန႔ကစၿပီး မင္းငါတို႔နဲ႔လာမေပါင္းနဲ႔!!!"
သူ႔ကိုလက္ညိဳးထိုးကာေျပာၾကသည့္ ေကာင္ေတြကိုၾကည့္ကာ မင္းသစ္အာကာ တိတ္ဆိတ္ေနခဲ့သည္။
"မင္းေယာက္်ားမဟုတ္ဘူးလား!
ဝန္ခံေလ!!!"
"ေအး!! ဟုတ္တယ္!! အဲ့စာကိုငါကိုယ္တိုင္ေရးတာ!!!
အဲ့ေတာ့မင္းတို႔ကဘာလုပ္ခ်င္လဲ!!!"
ေသြး ထိန္းခ်ဳပ္ထားသမ်ွကိုလႊတ္ကာ မင္းသစ္အာကာ၏ အေကာင္းအတိုင္း႐ွိေနသည့္ မ်က္ႏွာတစ္ျခမ္းကို အားကုန္ထိုးခ်လိုက္သည္။
"ေဘာျပားမ!!!"
ေသြးကိုျပန္လုပ္ရန္ရြယ္ေနသည့္ မင္းသစ္အာကာကို အေနာက္တန္းမွအဖြဲ႔က ဝိုင္းခ်ဳပ္ထားၾကေလသည္။
"ေမေသြးနီ ငါတို႔ခ်ဳပ္ထားတယ္....
ဒီေကာင့္ကို ထပ္ထိုး!"
"လႊတ္!
ငါ့ကိုလႊတ္!!"
မင္းသစ္အာကာ ေၾကာက္လန္႔တၾကားေအာ္ဟစ္႐ုန္းေတာ့ ေသြးရယ္ေလသည္။
"လႊတ္ေအာ္မေနနဲ႔ တစ္ခ်က္ထိုး!
နင့္ကိုဝိုင္းမုဒိန္းက်င့္ေနတယ္ ထင္သြားဦးမယ္"
"ေ-ာက္ေဘာျပားမ!!!"
"မပါတဲ့ ေဘာကိုျပားတယ္ေျပာလို႔ ငါနာမယ္မ်ားထင္ေနလား....
ေဘာျပားမကလို႔ ေဘာလုံးေနေန ေဘာေခ်ာင္းေနေန နင္ႀကိဳက္သလိုေခၚ...
ေ-ာက္စာရင္းထဲကိုမ႐ွိဘူး.....
ေဟ်ာင့္ေတြ လႊတ္ေပးလိုက္စမ္းပါကြာ"
ဝိုင္းခ်ဳပ္ထားရာမွလႊတ္ေပးလိုက္ေတာ့ မင္းသစ္အာကာက အားလုံးကိုတ႐ွဴး႐ွဴးတ႐ွား႐ွားႏွင့္ၾကည့္ေနသည္။
"တစ္ခ်က္ထိုး!
မင္းကိုေက်ာင္းအုပ္ႀကီးက သူ႔႐ုံးခန္းကိုလာခဲ့ဦးတဲ့"
ေမာ္နီတာေျပာေတာ့ မင္းသစ္အာကာ အတန္းထဲမွထြက္ရန္ေျခလွမ္းလိုက္စဥ္ ေသြးက်ယ္ေလာင္စြာေအာ္ေျပာေလသည္။
"Hey တစ္ခ်က္ထိုး!!!"
မ်က္ေထာင့္နီႀကီးႏွင့္လွည့္ၾကည့္သည့္ မင္းသစ္အာကာကို ၾကည့္ကာရယ္ၾကေလသည္။
"ငါေျပာဖို႔ေမ့ေနတာ.....
မေန႔က နင့္အခြက္ကိုထိုးသြားတဲ့ သလင္းရဲ႕ အစ္ကိုႏွစ္ေယာက္က နင့္ကိုအခ်ိန္မေရြးေနရာမေရြး ဝင္သတ္လိမ့္မယ္....
အဲ့ေတာ့.....သတိထား......"
ျပဳံးျပဳံးေလးေျပာသည့္ ေသြးစကားေတြက မင္းသစ္အာကာအတြက္ေတာ့ေျခာက္ျခားစရာပင္။
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
"သားငယ္ေလး.....
နည္းနည္းေလာက္ေတာ့ စားပါကြယ္....."
သလင္းျမဴ အခန္းအျပင္ကို ေက်ာက္႐ုပ္တစ္႐ုပ္လို ၿငိမ္သက္စြာေငးေမာေနဆဲပင္။
"သားငယ္ေလး......."
ၾကက္ေပါင္းပန္းကန္ေလးႏွင့္ အနားမွမိခင္ျဖစ္သူ၏စကားသံေတြကိုသူမၾကား။
"လိပ္ျပာေလး........"
"သားငယ္!"
႐ုတ္တရက္အခန္းျပင္ကို ေျပးထြက္သြားေသာ သလင္းျမဴေနာက္ကို အလန္႔တၾကားေျပးလိုက္ၾကေလသည္။
ဆိုင္ေ႐ွ႕ ေျမျပင္ေပၚမွာ က်ေနသည့္ လိပ္ျပာေသေလးကို သလင္းျမဴ ယုယစြာေကာက္ယူလိုက္သည္။
"ေသသြားၿပီ......
လိပ္ျပာေလး ေသေနၿပီ
သူ႐ွင္သန္ခ်ိန္ပ်ံသန္းေနတုန္းကေတာ့..
လိုခ်င္လို႔ လိုက္ဖမ္းၾကၿပီး....
ေသသြားေတာ့က် ဘယ္သူမွမလိုခ်င္ၾကေတာ့ဘူး.........
သနားပါတယ္....."
"သားငယ္ေလး....ေနပူတယ္ေလ...
အိမ္ထဲျပန္သြားရေအာင္ေနာ္....."
သလင္းျမဴ လိပ္ျပာအေသေလးကိုပါယူလာခဲ့လိုက္သည္။
"အသက္မဲ့ေနတဲ့ မင္းရဲ႕ခႏၶာကို ငါတန္ဖိုးထားၿပီး သိမ္းထားမယ္....."
သလင္းျမဴ လိပ္ျပာအေသေလးကို စာရြက္အျဖဴေျဗာင္ေပၚတင္ကာ တိပ္ႏွင့္ အုပ္လိုက္သည္။
ေတာင္ပံေတြျဖန႔္ကာ ၿငိမ္သက္ေနဟန္လိပ္ျပာေလးကို သလင္းျမဴ တစ္ခ်က္နမ္းလိုက္သည္။
"ငါေမ်ွာ္လင့္မိတယ္
ငါေသသြားတဲ့ တစ္ေန႔.....
ငါ့ကိုလည္း တန္ဖိုးထား နမ္း႐ိႈက္မယ့္သူ႐ွိပါေစလို႔....."
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
ေမ်ွာ္လင့္မိ႐ုံပါ
ေတာင္းဆုေတာ႔မျပဳပါဘူး
မျဖစ္လာခဲ့ရင္
ကိုယ္ပဲနာက်င္ရမွာ......။
သလင္းျမဴ
(AN: ေတာင္းဆိုၾကလို႔ Up လိုက္ၿပီ 😁
လိုတာေလးေတြ႐ွိရင္ သည္းခံေပးၾကပါ
မေကာင္းရင္လည္း စိတ္ခ်မ္းသာေအာင္ ေကာင္းတယ္ေတာ့ေျပာၾက 😂😂)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(Unnicode)
"သလင်း!!"
သွေးအသံကုန်အော်ကာ ခွေကျသွားသော သလင်းမြူကိုပြေးပွေ့လေသည်။
တစ်ခန်းလုံးလည်း တိတ်ဆိတ်သွားကာ ကြောင်ကြည့်နေကြသည်။
"သလင်း!!
ငါခေါ်နေတာကြားလား...!!
လာကူကြပါဦး!!!"
သွေး ငိုယိုပြီးပြောတော့မှ မော်နီတာနှင့်အတန်းသားတွေက သလင်းမြူကို ဝိုင်းပွေ့ကာ ကျောင်းဆေးခန်းကိုခေါ်သွားပေးကြလေသည်။
"ဒီကျောင်းသားကဘာဖြစ်တာလဲ"
"မေ့လဲသွားတာပါ ဆရာ"
ကျောင်းဆေးခန်းမှဆရာဝန်စမ်းသပ်နေတုန်း ကျစ်ကျစ်ပါအောင်ဆုပ်ထားသည့် သလင်း၏ လက်သီးဆုပ်လေးကို သွေးရအောင်ဖြေနေလေသည်။
"သလင်းမှာ မွေးရာပါနှလုံးရောဂါ ရှိပါတယ်ဆရာ...."
"နှလုံးရောဂါ....."
ဆရာဝန်နှင့်မော်နီတာတို့အဖွဲ့မှာ သွေး၏ပြောစကားကြောင့်အံ့ဩကုန်ကြလေသည်။
သလင်းမြူ၏အခြေအနေ ပြန်တည်ငြိမ်သွားမှ သွေး သလင်းမြူ၏ဖုန်းကိုယူကာ အိမ်ကိုလှမ်းအကြောင်းကြားလိုက်လေသည်။
မော်နီတာတို့အဖွဲ့ကလည်း အတန်းထဲကိုမပြန်သေးဘဲ ထိုင်စောင့်ပေးနေကြသည်။
"မေသွေးနီ...."
မော်နီတာက သွေးကိုလှမ်းခေါ်ပြီး တစ်ခုခုပြောချင်နေပုံပင်။
"ဘာလဲ ပြောလေ.... "
"သလင်းမြူက နှလုံးရောဂါဖြစ်တာကြာပြီလား.."
"အင်း သူမွေးကတည်းကပဲ...."
"အဲ့တာဆို သူက နှလုံးရောဂါရှိလို့ ငါတို့ဆော့ဖို့ခေါ်တိုင်းငြင်းတာပေါ့"
"အင်း.....
သလင်းက နင်တို့နဲ့မဆော့ချင်တာမဟုတ်ဘူး...
မဆော့နိုင်တာ....."
"အဲ့လိုကိုး..... မသိပါဘူး....ငါတို့ကဒီကောင့်အိမ်က ချမ်းသာလို့ ငါတို့လိုကောင်တေနဲ့မဆော့ချင်တာလို့ထင်နေတာ......"
"သလင်းက နင်တို့ထင်သလို အဆင့်အတန်းခွဲခြားတတ်တဲ့သူမဟုတ်ဘူး...."
"ငါတို့သူ့အပေါ် အထင်မှားမိတာပဲ......"
မကြာလိုက် ကျောင်းဆေးခန်းရှေ့သို့ ကားတစ်စီးရောက်ရှိလာပြီး သလင်းမြူ၏ အမေ အစ်မ နှင့် အစ်ကိုများဆင်းလာကြသည်။
"သားငယ်လေး.........."
လူနာကုတင်ထက်မှ ဖြူဖျော့နေသည့် သလင်းမြူ၏လက်ကလေးကို မိခင်ဖြစ်သူကဆုပ်ကိုင်ရင်း တုန်ယင်စွာခေါ်လိုက်လေသည်။
"ငယ်လေး ကဘယ်လိုဖြစ်တာလဲ သွေး......"
သလင်းမြူ၏အစ်မ အမေးကြောင့် သွေးဖြေရခက်သွားသည်။
"သလင်းမြူ အစွပ်စွဲခံရတာပါ...."
မော်နီတာ ကဝင်ပြောမှသွေး အနည်းငယ်အသက်ရှူချောင်တော့သည်။
"ဘယ်လိုတွေ အစွပ်စွဲခံရလို့် ငယ်လေးကဒီလောက်ထိဖြစ်သွားရတာလဲ...."
"ယောက်ျားချင်းရည်းစားစာပေးတယ်လို့ စွပ်စွဲခံလိုက်ရလို့ပါ......"
"ဘာ!!
ဘယ်ကောင်က အဲ့လိုစွပ်စွဲတာလဲ....
ငါတို့ညီကိုဘာများထင်နေကြတာလဲ.!....."
"တောက်!!!"
ကိုလေး ဘေးကခုံတွေကိုဒေါသတကြီးကန်ပစ်လိုက်သောကြောင့် ဆရာဝန်လေးပင်လန့်သွားလေသည်။
"စာထဲကလက်ရေးက သလင်းမြူလက်ရေးနဲ့တူနေလို့ အားလုံးကလည်း သလင်းမြူလို့ထင်သွားကြတာပါ......"
"လက်ရေးဆိုတာ တုပရေးလို့ရတာပဲ....
လက်ရေးတူတာနဲ့များ ငယ်လေးဖြစ်ရောလား....."
"အခု အဲ့စွပ်စွဲတဲ့ကောင်ဘယ်မှာလဲ...."
"အတန်းထဲမှာ....သူ့နာမည်က မင်းသစ်အာကာ....."
6 တန်းများရှိရာ အဆောက်အဦးထံထွက်သွားသော သလင်းမြူ၏ အစ်ကိုနှစ်ယောက်နောက်ကို သွေး နှင့် မော်နီတာတို့အဖွဲ့ပြေးလိုက်သွားရလေသည်။
ကျောင်းဆေးခန်းမှဆရာဝန်လေးလဲ ကျောင်းအုပ်ကြီးထံအမြန်အကြောင်းသွားကြားရသည်။
"မင်းသစ်အာကာ ဆိုတာ ဘယ်ကောင်လဲ!!!"
ရုတ်တရက်ကြီးဝင်လာပြီး ဒေါသတကြီးအော်မေးသော အရပ်ရှည်ရှည် အစ်ကိုကြီးနှစ်ယောက်ကြောင့် တစ်ခန်းလုံးတုန်သွားလေသည်။
"ဘယ်သူက မင်းသစ်အာကာလဲလို့မေးနေတယ်လေ!!!"
"ကျ...ကျွန်တော်ပါ......"
"အရှေ့ထွက်ခဲ့!......"
"ဟုတ်...ဟုတ်ကဲ့...... "
မင်းသစ်အာကာ လန့်နေပေမယ့် သူ့ကိုခေါ်နေတာကြောင့် အတန်းရှေ့ကိုထွက်လာရသည်။
အနောက်မှ လိုက်လာသော သွေးကတော့ ကိုလတ်နဲ့ ကိုလေးရှေ့မှာ ရပ်နေတဲ့ကြောင်တောင်တောင်မင်းသစ်အာကာ ကိုမြင်ရာ နှုတ်မှထိတ်လန့်စွာပြောလိုက်မိသည်။
"အဲ့ကောင်တော့ သေပြီပဲ...."
"ဟမ်..."
သူပြောတဲ့စကားကိုနားမလည်သည့် မော်နီတာကို သွေးခေါင်းသာယမ်းပြလိုက်သည်။
"မင်းလိုကောင်ကများ ငါ့ညီကို!!.... "
ရုတ်တရက် မင်းသစ်အာကာမျက်နှာကို ကိုလတ်ထိုးချလိုက်ရာ အတန်းထဲမှအလန့်တကြားအော်သံများဆူညံသွားပြီ မင်းသစ်အာကာ ခွေလဲကျသွားကာ မေ့မျောသွားတော့သည်။
သတိမေ့နေသောမင်းသစ်အာကာကိုထပ်ထိုးရန် လုပ်နေသည့် ကို်လေးကိုသွေးရော မော်နီတာတို့အဖွဲ့ပါဝိုင်းဆွဲရတော့သည်။
ကျောင်းအုပ်ဆရာမကြီးရောက်လာမှ ကိုလေးရော ကိုလတ်ပါစိတ်လျော့သွားကြသည်။
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
ရောင်ကိုင်းနေသော မျက်နှာတစ်ခြမ်းနှင့် ကျောင်းထဲဝင်လာသော မင်းသစ်အာကာ ကိုကြည့်ကာ အားလုံးကြိတ်ရယ်နေကြသည်။
"Hey!!! တစ်ချက်ထိုး!!"
အတန်းထဲဝင်ဝင်ချင်း မော်နီတာက သူ့ကို တစ်ချက်ထိုးဟုအကျယ်ကြီးအော်ခေါ်လိုက်ရာ ဒေါသထောင်းကနဲ ထွက်လာသည်။
"မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ!!"
"တစ်ချက်ထိုး!!"
မော်နီတာထံသိုဦးတည်ဝဲလာသော မင်းသစ်အာကာ၏ လက်ကိုသွေးကကြားမှပုတ်ထုတ်လိုက်သည်။
"တစ်ချက်ထိုးမို့ တစ်ချက်ထိုးလို့ခေါ်တာကို မနာရဘူးလေ တစ်ချက်ထိုးရဲ့...."
"ဘောပြားမ!!! နင့်ကိစ္စမဟုတ်ရင်ဝင်မပါစမ်းနဲ့..."
"ဪ ငါ့ကိစ္စမဟုတ်ဘူးလား......hee...."
သွေးကပြောင်စပ်စပ်နှင့် မင်းသစ်အာကာအနားကိုတိုးသွားကာ ရယ်နေရာမှ ရုတ်တရက် အရယ်ရပ်သွားပြီး စူးရဲစွာစိုက်ကြည့်လေသည်။
"ဘာလို့ငါ့ကိစ္စမဟုတ်ရမှာလဲ ခွေးသူတောင်းစားရဲ့!.........
နင်ပြဿနာရှာခဲ့တာ ငါရဲ့သလင်းလေ......"
"နင့်ရဲ့သလင်း? hak....hahaha....!!!
ဟျောင့်တွေကြားကြလား သူ့ရဲ့သလင်းတဲ့!.....
ေ-ာက်ခြောက်နဲ့ ဘောပြား လိုက်ဖက်ပါတယ်လေ...
အားလုံးပဲ လက်ခုပ်လေးတီးပေးလိုက်ကြပါဦး!!!"
"Woo!!!"
တစ်ခန်းလုံး လက်ခုပ်တီးကာဆူညံလာတော့ မော်နီတာက စားပွဲခုံတစ်ခုကို အားပြင်းစွာ ရိုက်ချလိုက်သည်။
"ဒုန်း!!!!!"
"တိတ်ကြစမ်း!!!"
"နင်တို့ဒီလိုလှောင်ပြောင်နေကြချိန်မှာ
သလင်း ကတော့အရမ်းခံစားနေရတာကိုနင်တို့မမြင်ကြဘူးမလား!!!
နင်တို့ပါးစပ်တွေကပြောတဲ့ ရွံစရာအခြောက်ဆိုတဲ့သလင်းက မွေးရာပါ နှလုံးရောဂါကြောင့် နာကျင်နေရတဲ့သူပါ......
လှောင်ပြောင်သံတွေကြားကနေ ရှင်သန်ဖို့အားတင်းနေရသူ...
အခု သလင်း.... နင်တို့ကြောင့် ရှင်သန်ဖို့ကိုတောင်လက်လျော့ချင်နေပြီ....
နင်တို့ကြောင့် သူအရမ်းတက်ချင်တဲ့ ကျောင်းကိုတောင် မလာနိုင်တော့ဘူး....
နင်တို့အခုပျော်ကြလား!!!
ပျော်ကြရဲ့လား!!!"
သွေး၏စကားကြောင့် အားလုံးပါးစပ်အဟောင်းသားနဲ့ ငြိမ်သက်သွားကြသည်။
"မင်းသစ်အာကာ မင်းဝန်ခံလိုက်စမ်းပါ!!
အဲ့စာက သလင်းမြူပေးတာမဟုတ်မှန်းငါသိတယ်....."
ထိတ်လန့်ခြင်းအရိပ်အရောင်တချို့ကို မင်းသစ်အာကာရဲ့ မျက်နှာမှာမြင်လိုက်ရတော့ သူတို့အထင်မှန်မှန်း သွေးနှင့်မော်နီတာသေချာသွားသည်။
"သလင်းမြူ ပေးတာမဟုတ်ရင် ဘယ်သူလဲ!
အဲ့စာက သလင်းမြူရေးတာမှန်းအသိသာကြီး!!"
"မင်းလေ!"
"ဘာ!!!"
"အဲ့စာကိုရေးတာမင်းလေ!
ဟိုတစ်နေ့က မင်း သလင်းမြူဆီကနေ မြန်မာစာအုပ်ငှါးတာကို ငါမြင်တယ်!"
"စာအုပ်ငှါးတာနဲ့...ဘာ...ဘာဆိုင်လို့လဲ"
မင်းသစ်အာကာရဲ့မျက်နှာပိုပြီးပျက်ယွင်းလာလေလေ သူတို့အထင်ပို၍မှန်လေလေပင်။
"သလင်းမြူရဲ့လက်ရေးကို မင်းအတုခိုးပြီး အဲ့ရည်းစားစာကိုရေးခဲ့တာလေ"
မင်းသစ်အာကာ ငြင်းဆန်ဖို့ကြိုးစားနေပေမယ့် စကားတစ်ခွန်းမှထွက်မလာတော့ပဲ ဆွံ့အနေသည်။
"မော်နီတာပြောတာဟုတ်လား မင်းသစ်အာကာ!"
အနောက်တန်းမှကောင်တွေ ထွက်လာကြသည်။
"အဲ့..အဲ့တာက..."
"ဟုတ်လားလို့
ပြောလေ!!!"
"ငါတို့နဲ့လုပ်ထားတဲ့အလောင်းအစားနိုင်ချင်တာနဲ့မင်းဒီလိုလုပ်ရလား!!"
အနောက်တန်းမှကောင်တစ်ကောင်က မင်းသစ်အာကာရင်ဘက်ကိုတွန်းလိုက်သည်။
"ငါတို့ကဆိုးတယ်....
ဒါပေမယ့် မင်းလိုမယုတ်မာဘူး!
ဒီနေ့ကစပြီး မင်းငါတို့နဲ့လာမပေါင်းနဲ့!!!"
သူ့ကိုလက်ညိုးထိုးကာပြောကြသည့် ကောင်တွေကိုကြည့်ကာ မင်းသစ်အာကာ တိတ်ဆိတ်နေခဲ့သည်။
"မင်းယောက်ျားမဟုတ်ဘူးလား!
ဝန်ခံလေ!!!"
"အေး!! ဟုတ်တယ်!! အဲ့စာကိုငါကိုယ်တိုင်ရေးတာ!!!
အဲ့တော့မင်းတို့ကဘာလုပ်ချင်လဲ!!!"
သွေး ထိန်းချုပ်ထားသမျှကိုလွှတ်ကာ မင်းသစ်အာကာ၏ အကောင်းအတိုင်းရှိနေသည့် မျက်နှာတစ်ခြမ်းကို အားကုန်ထိုးချလိုက်သည်။
"ဘောပြားမ!!!"
သွေးကိုပြန်လုပ်ရန်ရွယ်နေသည့် မင်းသစ်အာကာကို အနောက်တန်းမှအဖွဲ့က ဝိုင်းချုပ်ထားကြလေသည်။
"မေသွေးနီ ငါတို့ချုပ်ထားတယ်....
ဒီကောင့်ကို ထပ်ထိုး!"
"လွှတ်!
ငါ့ကိုလွှတ်!!"
မင်းသစ်အာကာ ကြောက်လန့်တကြားအော်ဟစ်ရုန်းတော့ သွေးရယ်လေသည်။
"လွှတ်အော်မနေနဲ့ တစ်ချက်ထိုး!
နင့်ကိုဝိုင်းမုဒိန်းကျင့်နေတယ် ထင်သွားဦးမယ်"
"ဘောပြားမ!!!"
"မပါတဲ့ ဘောကိုပြားတယ်ပြောလို့ ငါနာမယ်များထင်နေလား....
ဘောပြားမကလို့ ဘောလုံးနေနေ ဘောချောင်းနေနေ နင်ကြိုက်သလိုခေါ်...
ေ-ာက်စာရင်းထဲကိုမရှိဘူး.....
ဟျောင့်တွေ လွှတ်ပေးလိုက်စမ်းပါကွာ"
ဝိုင်းချုပ်ထားရာမှလွှတ်ပေးလိုက်တော့ မင်းသစ်အာကာက အားလုံးကိုတရှူးရှူးတရှားရှားနှင့်ကြည့်နေသည်။
"တစ်ချက်ထိုး!
မင်းကိုကျောင်းအုပ်ကြီးက သူ့ရုံးခန်းကိုလာခဲ့ဦးတဲ့"
မော်နီတာပြောတော့ မင်းသစ်အာကာ အတန်းထဲမှထွက်ရန်ခြေလှမ်းလိုက်စဉ် သွေးကျယ်လောင်စွာအော်ပြောလေသည်။
"Hey တစ်ချက်ထိုး!!!"
မျက်ထောင့်နီကြီးနှင့်လှည့်ကြည့်သည့် မင်းသစ်အာကာကို ကြည့်ကာရယ်ကြလေသည်။
"ငါပြောဖို့မေ့နေတာ.....
မနေ့က နင့်အခွက်ကိုထိုးသွားတဲ့ သလင်းရဲ့ အစ်ကိုနှစ်ယောက်က နင့်ကိုအချိန်မရွေးနေရာမရွေး ဝင်သတ်လိမ့်မယ်....
အဲ့တော့.....သတိထား......"
ပြုံးပြုံးလေးပြောသည့် သွေးစကားတွေက မင်းသစ်အာကာအတွက်တော့ခြောက်ခြားစရာပင်။
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
"သားငယ်လေး.....
နည်းနည်းလောက်တော့ စားပါကွယ်....."
သလင်းမြူ အခန်းအပြင်ကို ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်စွာငေးမောနေဆဲပင်။
"သားငယ်လေး......."
ကြက်ပေါင်းပန်းကန်လေးနှင့် အနားမှမိခင်ဖြစ်သူ၏စကားသံတွေကိုသူမကြား။
"လိပ်ပြာလေး........"
"သားငယ်!"
ရုတ်တရက်အခန်းပြင်ကို ပြေးထွက်သွားသော သလင်းမြူနောက်ကို အလန့်တကြားပြေးလိုက်ကြလေသည်။
ဆိုင်ရှေ့ မြေပြင်ပေါ်မှာ ကျနေသည့် လိပ်ပြာသေလေးကို သလင်းမြူ ယုယစွာကောက်ယူလိုက်သည်။
"သေသွားပြီ......
လိပ်ပြာလေး သေနေပြီ
သူရှင်သန်ချိန်ပျံသန်းနေတုန်းကတော့..
လိုချင်လို့ လိုက်ဖမ်းကြပြီး....
သေသွားတော့ကျ ဘယ်သူမှမလိုချင်ကြတော့ဘူး.........
သနားပါတယ်....."
"သားငယ်လေး....နေပူတယ်လေ...
အိမ်ထဲပြန်သွားရအောင်နော်....."
သလင်းမြူ လိပ်ပြာအသေလေးကိုပါယူလာခဲ့လိုက်သည်။
"အသက်မဲ့နေတဲ့ မင်းရဲ့ခန္ဓာကို ငါတန်ဖိုးထားပြီး သိမ်းထားမယ်....."
သလင်းမြူ လိပ်ပြာအသေလေးကို စာရွက်အဖြူဗြောင်ပေါ်တင်ကာ တိပ်နှင့် အုပ်လိုက်သည်။
တောင်ပံတွေဖြန့်ကာ ငြိမ်သက်နေဟန်လိပ်ပြာလေးကို သလင်းမြူ တစ်ချက်နမ်းလိုက်သည်။
"ငါမျှော်လင့်မိတယ်
ငါသေသွားတဲ့ တစ်နေ့.....
ငါ့ကိုလည်း တန်ဖိုးထား နမ်းရှိုက်မယ့်သူရှိပါစေလို့....."
⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪
မျှော်လင့်မိရုံပါ
တောင်းဆုတော့မပြုပါဘူး
မဖြစ်လာခဲ့ရင်
ကိုယ်ပဲနာကျင်ရမှာ......။
သလင်းမြူ
(AN: တောင်းဆိုကြလို့ Up လိုက်ပြီ 😁
လိုတာလေးတွေရှိရင် သည်းခံပေးကြပါ
မကောင်းရင်လည်း စိတ်ချမ်းသာအောင် ကောင်းတယ်တော့ပြောကြ 😂😂)
Bạn đang đọc truyện trên: Truyen247.Pro