Part-29 ( new person)
Unicode
မျက်လုံးတွေမဖွင့်သေးဘဲ အသိစိတ်ကပ်သည်နှင့် ခံစားလိုက်ရသည့် ရင်ခွင်ထဲမှလစ်ဟာမှုကြောင့် ဘေးကိုသူစမ်းကြည့်လိုက်သည်။
အေးစက်နေသည့် အိပ်ရာခင်းကိုသာစမ်းမိရာ သူ့မျက်ဝန်းတွေဖွင့်ပြီး ချက်ချင်းထထိုင်သည်။
"နေရောင်.... "
"........"
"နေရောင်...... "
စစ်ကောင်းကင်အိပ်ရာမှထပြီး ရေချိုးခန်းထဲသွားကြည့်တော့လည်း နေရောင်ကမရှိ....
မနေ့ညက သူတို့နှစ်ယောက်နမ်းခဲ့တယ်...
ဝရန်တာကနေ ကုတင်ပေါ်အထိ မရပ်မနားကိုနမ်းခဲ့ကြတာ...
နမ်းပြီးတော့ ဘာစကားမှမပြောဖြစ်ပဲ သူနေရောင့်ကိုဖက်အိပ်ခဲ့တယ်...
ဘေးအခန်းဆီသွားကြည့်မိတော့လည်း ကုလားသေကုလားမောအိပ်နေကြသည့် စိုင်းစံတို့ကိုသာတွေ့ရသည်။
နေရောင့်အခန်းရှိရာကိုလှမ်းကြည့်တော့ လိုက်ကာကပိတ်ထားဆဲ....
မနေ့ညကအနမ်းကိုပြန်တွေးရင်း သူ နှုတ်ခမ်းကိုပြုံးပြုံးကြီးပွတ်နေမိသည်။
စစ်ကောင်းကင်နိုင်မသိခဲ့သည်က တစ်ဖက်အခန်း လိုက်ကာနောက်မှ ကောင်လေးတစ်ယောက်ကသူ့ကိုလှမ်းကြည့်နေခဲ့တယ်ဆိုတာကို....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
သလင်းမြူ ဝေလီဝေလင်းအချိန်မှာ ရုတ်တရက်နိုးလာခဲ့ပြီး ကောင်းကင်နိုးလာရင် ဘာပြောရမှန်းမသိတာကြောင့် စောစောစီးစီး တိတ်တ်ိတ်လေး အိမ်ကိုပြန်ခဲ့သည်။
ဧည့်ခန်းထဲမှာ Gold Level ပုလင်းခွံနှင့် တခြားအရက်ပုလင်းခွံများကပြန့်ကျဲလျှက်...
Sofa ပေါ်မှာတော့ အပေါ်ကြယ်သီးတွေဖြုတ်ထားသည့် ရင်ဘက်ဟောင်းလောင်းနှင့် ဘုန်းရှိန်ဝါထက် အိပ်ပျော်နေသည်။
သူဂရုမစိုက်ဘဲကျော်သွားမယ်လုပ်ပေမယ့်.....
"ဟင်း......."
ခပ်တိုးတိုးညည်းသံကြောင့် စိုးရိမ်စိတ်ကဖြစ်ပေါ်လာကာ ဘုန်းရှိန်ဝါထက်အနားကိုသူရောက်သွားမိသည်။
နဖူးကိုစမ်းကြည့်တော့ အပူချိန်ကိုသူ့လက်မှတစ်ဆင့်ခံစားရသည်။
"ဆောင်းတွင်းကြီး ဒီလိုအိပ်မှတော့ဖျားတော့မှာပေါ့...
တကယ်ပဲ..."
ဆွဲထူပေမယ့် ဘုန်းရှိန်ဝါထက်ကိုယ်ကြီးကို သူမနိုင်တာကြောင့် ဦးထွန်းတို့ကိုသွားခေါ်ရသည်။
ရေခဲဝတ်အုပ်ပေးဖို့ အန်တီမြကိုမှာလိုက်ပြီး သလင်းမြူ အခန်းကိုသာပြန်လာခဲ့လိုက်သည်။
လိုက်ကာကို နည်းနည်းသာဟပြီး ကောင်းကင်ရဲ့အခန်းဆီကြည့်လိုက်တော့ ကောင်းကင်ကသူ့ကိုလိုက်ရှာနေပုံပင်...
နှုတ်ခမ်းကိုကိုင်ပြီး ပြုံးပြုံးကြီး သူ့အခန်းကိုကြည့်လာတော့ ကြက်သီးတွေကဖြန်းကနဲ....
"Knock!Knock!"
"အစ်ကိုလေး..."
သလင်းမြူ တံခါးသွားဖွင့်လိုက်သည်။
"ဆရာက အရမ်းအဖျားတက်နေတယ် အစ်ကိုလေး...."
"ရေခဲဝတ်အုပ်ပေးထားလား..."
"ဟုတ်ကဲ့
အုပ်ပေးထားပေမယ့် အဖျားကမကျဘူး...
နှုတ်ကလည်းငယ်လို့ခဏခဏခေါ်နေတယ်...."
သလင်းမြူ သက်ပြင်းသာချမိသည်။
"ကျွန်တော်ဆရာဝန်ကို ဖုန်းဆက်ပြီး လာခဲ့မယ်..."
"ဟုတ်ကဲ့..."
စောစောစီးစီး ကိုခန့်ကို လှမ်းဒုက္ခပေးရတော့သည်။
"အအေးပတ်တာ...
အဖျားကျအောင် ဆေးတစ်လုံးထိုးပေးထားခဲ့မယ်...
အိပ်ရာကနိုးလာရင် အစာဝင်အောင်ကျွေးပြီး ဆေးတိုက်လိုက်..."
"ကျေးဇူးပါပဲ ကိုခန့်..."
"ရပါတယ်...
တစ်ခုခုဆို ကိုယ့်ကိုလှမ်းဖုန်းဆက်လိုက်..."
"ဟုတ်..."
သလင်းမြူ ကိုခန့်ကို ကားနားထိလိုက်ပို့ပေးပြီး ဘုန်းရှိန်ဝါထက်အခန်းကိုပြန်လာခဲ့သည်။
အောက်ကိုလျောနေသည့် စောင်ကိုပြန်ဆွဲခြုံပေးပြီး ခုံတစ်လုံးယူကာ ကုတင်ဘေးမှာသူထိုင်လိုက်သည်။
နဖူးပေါ်မှ ရေခဲဝတ်ကိုလဲပေးပြီး ဆံပင်တို့ကိုသပ်တင်ပေးမိသည်။
"အေးတယ်....."
နဖူးပေါ်က ရေခဲဝတ်ကိုဖယ်ချပြီး တုန်ယင်နေသူကြောင့် နောက်ထပ်စောင်တွေကို ယူပြီးထပ်ခြုံပေးလိုက်သည်။
"အေးတယ်......."
ဒါတောင်အေးနေသေးသည်ဆိုတော့ သလင်းမြူ ဘာလုပ်ရမယ်မှန်းမသိတော့....
လူရဲ့ကိုယ်ငွေ့......
ဘုန်းရှိန်ဝါထက်ဘေးမှာဝင်လှဲပြီးဖက်ထားလိုက်တော့မှ သူ့ရင်ခွင်ငယ်ထဲကို အတင်းတိုးဝင်လာပြီး ငြိမ်သွားသည်။
တိတ်ဆိတ်နေသည့် အခန်းထဲမှာ ဘုန်းရှိန်ဝာထက်၏ အသက်ရှူသံပြင်းပြင်းကိုသာကြားရပြီး သလင်းမြူ ကတော့ ကောင်းကင်ကိုမနေ့ညကကိစ္စနဲ့ ပတ်သက်ပြီးဘာပြောရမလဲ စဉ်းစားနေသည်။
ထိုအချိန် အခန်းတံခါးကိုဟကာကြည့်နေသည့် ကောင်းကင်က တံခါးကိုပြန်စေ့ပြီး ခေါင်းငုံ့ကာထွက်သွားခဲ့သည်။
စားပွဲပေါ်မှ missed call ပေါင်းများစွာနှင့် အသံပိတ်ထားသည့် ဘုန်းရှိန်ဝါထက်ဖုန်းကို သလင်းမြူ ကြည့်လိုက်သည်။
"Nan San Htike missed call (58)"
သူလည်းသိသင့်တာပေါ့ သူ့ချစ်သူနေမကောင်းဖြစ်နေတာပဲကို...
ထပ်ဝင်လာသည့် ဖုန်းကိုသလင်းမြူ ကိုင်လိုက်သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ငယ်...."
မျက်လုံးတွေပွင့်လာသည့်သူက သလင်းမြူကိုတွေ့တော့ အံ့ဩကာပျော်ရွှင်သွားဟန်....
ကုတင်ခေါင်းရင်းကို ခေါင်းအုံးတစ်လုံးထောင်ပေးလိုက်ပြီး မှီကာထိုင်စေလိုက်သည်။
"ရေသောက်လိုက်ဦး...."
သလင်းမြူ တိုက်သည့်ရေကိုအသာတကြည်သောက်ရင်း ကြည့်နေသူ...
"ကိုယ့်အနားမှာရှိနေခဲ့တာလား..."
သလင်းမြုရဲ့လက်ကိုဆုပ်ကိုင်ပြီးမေးလာသည်။
"ကိုဘုန်းနိုးနေပြီလား...."
ကြက်ပေါင်းပန်းကန်လေးနှင့်ဝင်လာသည့် နန်းစံထိုက်ကြောင့် ဘုန်းရှိန်ဝါထက် မျက်နှာပျက်ယွင်းသွားသည်။
ဘုန်းရှိန်ဝါထက် ကိုင်ထားသည့်လက်ကိုရုန်းဖယ်ကာ သလင်းမြူခုံမှထလိုက်သည်။
"ငယ် ဘယ်သွားမလို့လဲ.... "
လက်ကောက်ဝတ်ကိုဆွဲပြီး မသွားစေချင်သည့် ဘုန်းရှိန်ဝါထက် မျက်ဝန်းတွေ....
ထပ်ပြီး လက်ကိုရုန်းလိုက်ပြီး သူဘုန်းရှိန်ဝါထက်ကို ကျောခိုင်းကာ ထွက်လာခဲ့သည်။
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ချစ်သူသစ်ဖြစ်တဲ့သူမကို စစ်မှန်တဲ့အချစ်တွေပေးလိုက်ပါ ကိုကို....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
🎶📩 income message...
""ငါတို့စကားပြောရအောင် နေရောင်...""
ကန်တော်ကြီး၏ လူရှင်းသည့် ကန်ဘေးတစ်နေရာကို ကောင်းကင်ချိန်းသည့် အတိုင်း သလင်းမြူလာခဲ့သည်။
ကြိုရောက်နှင့်နေသည့် ကောင်းကင်က ကန်ရေပြင်ကိုကြည့်ကာ လက်ဖဝါးချင်းပွတ်ရင်း ဂနာမငြိမ်သလို ဟိုလျှောက်သည်လျှောက်...
"လာပြီလား... "
သူ့ကိုတွေ့တော့ ရယ်သည်။
"ဘာပြောစရာရှိလို့ ဒီအထိလာခိုင်းရတာလဲ..."
ဂုတ်ကိုပွတ်သပ်ရင်း ကောင်းကင်ကပိုဂနာမငြိမ်တော့...
"ဟိုလေ....နေရောင်...
မနေ့ညက...."
"မေ့လိုက်တော့.. "
"ဟမ်..."
ဖြတ်ပြောသည့် သူ့ကြောင့် ကောင်းကင်ဆွံ့အသွားသည်။
"ဘာပြောလိုက်တာလဲ.... "
"မေ့ပြစ်လိုက်တော့....
မနေ့ညကငါမူးပြီး မဟုတ်တာတွေလုပ်မိသွားတယ်....
မင်းလည်းမူးနေတာပဲမလား...
အဲ့တာကြောင့်.... အဲ့ကိစ္စကိုမေ့လိုက်ကြရအောင်...."
"ဘာလို့မေ့ပြစ်ရမှာလဲ..."
"ဒါကမတော်တဆမှားတာလေ...."
"မဟုတ်ဘူး....
မတော်တဆမဟုတ်သလို အမှားလည်းမဟုတ်ဘူး...."
"မင်းဘာကိုဆိုလိုချင်တာလဲ..."
"ငါမေ့လို့မရဘူး...
မေ့မှာလည်းမဟုတ်ဘူး...
ုပြီးတော့ ငါမမူးနေခဲ့ဘူး...
မင်းလည်း မူးမနေခဲ့ဘူးလေနေရောင်....
ငါတို့နမ်းခဲ့ကြတာ မတော်တဆမှမဟုတ်ခဲ့တာ...
ငါအရမ်းရင်တွေခုန်နေခဲ့တာ....
နေရောင်...
ငါ....မင်းကို........"
"ထားလိုက်တော့..... "
သလင်းမြူ ကောင်းကင်ဆက်ပြောမည့်စကားကို ရိပ်မိကာ အထိတ်တလန့် လမ်းကြောင်းလွှဲရန်ကြိုးပမ်းမိသည်။
"မနေ့ညက ကိစ္စကိုဒီအတိုင်းပဲထားလိုက်ကြရအောင်.....
ငါမအားဘူး ပြန်တော့မယ်...."
"ငါမင်းကို ချစ်တယ်...!."
သူ့ခြေလှမ်းတွေရပ်သွားရကာ ကောင်းကင်ကသူ့အရှေ့ကိုရောက်လာသည်။
"ချစ်တယ် နေရောင်....
ဘယ်အချိန်ကစချစ်မိလည်းငါမသိပေမယ့် ငါသိတာတစ်ခုက မင်းကိုအရမ်းချစ်တယ် ....
ယောက်ျားချင်းမဖြစ်သင့်ဘူးဆိုတာကိုငာသိတယ်....
မင်းအရင်ကလို ငါ့ကိုမကြိုက်တော့ဘူးဆိုတာကိုလည်း ငါသိတယ်....
ငါဖွင့်ပြောလိုက်လို့ မင်းမုန်းသွားမှာကိုလည်းကြောက်တယ်...
ဒါပေမယ့်....
မင်းကိုငါစိတ်မချတော့ဘူး....
အစကတော့ ငါအဆင်ပြေမယ်ထင်ခဲ့ပေမယ့်...
တဖြည်းဖြည်း မင်းအပေါ်လောဘတက်လာမိတယ်....
ငါမဟုတ်တဲ့တခြားသူတွေမင်းအနားရှိနေတာ မင်းကိုချဉ်းကပ်နေကြတာတွေမြင်တိုင်း ငါတိတ်တဆိတ်ပေါက်ကွဲနေခဲ့တာ....
ငါမင်းရဲ့ချစ်သူဖြစ်ချင်တယ် နေရောင်...
ငါ့ကိုအရင်လို ထပ်ပြီးပြန်ချစ်ပေးပါ....."
ကောင်းကင်ရှိသမျှ သတိ္တတွေအကုန်သုံးကာ ဖွင့်ဟလိုက်တော့ သလင်းမြူမှာ မထင်ထားဟန် ပြူးကြောင်ကြောင်လေး...
"ငါ့ကိုအဖြေပြန်ပေးပါနော် နေရောင်...."
What the Fuck!!!!!!!
သလင်းမြူ စိတ်ထဲမှာ အကျယ်ကြီးအော်ဆဲမိသည်။
ဒီ angry bird ကငါ့ကိုကြိုက်တယ်...
အဲ.....ငာမဟုတ်သေးပါဘူး.....
စူးနေရောင်ထက်ကို်.....
အံ့ဩဘ....
"နေရောင်.....
အဖြေပေးပါဆို......."
ငြင်းလို့မဖြစ်သေးဘူး...
စူးနေရောင်ထက်က ကောင်းကင်ကိုကြိုက်နေခဲ့တာ...
လက်ခံလို့ကလည်းမဖြစ်ဘူး...
အခုငါကစူးနေရောင်ထက်ဘဝမှာနေနေရတာ..
စူးနေရောင်ထက် သဘောထားကိုအရင်မေးရမယ်...
"ငါစဉ်းစားဦးမယ်...."
"ဘယ်လောက်ကြာမှာလဲ..."
"မသိသေးဘူး..... "
သလင်းမြူ ကားဆီသာ အမြန်ပြေးသွားပြီး မောင်းထွက်ခဲ့တော့သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"စူးနေရောင်ထက်.... "
သူအိမ်ပြန်ရောက်တော့ သူ့နာမည်ကိုစီးကြိုခေါ်သည့် နန်းစံထိုက်...
"ပြော..."
"နင်ကိုဘုန်းနဲ့ကင်းကင်းရှင်းရှင်းနေ....
ယောက်ျားလေးဖြစ်ပြီး ယောက်ျားလိုကိုမနေဘူး...."
"ခင်ဗျား ဘာပြောတာလဲ
ကျွန်တော်က ယောက်ျားလိုနေနေတာမဟုတ်ဘူးလား...
ကင်းကင်းရှင်းရှင်းနေဖို့က
ကပ်တွယ်နေတာကျွန်တော်မဟုတ်လို့ ခင်ဗျားလူကိုသာပြောလိုက်.... "
အနောက်မှတောက်ခေါက်သံကိုကြားပေမယ့် သူပြုံးမိပါသည်။
🎶📲 Phone ring.....
"Hello"
"Hello... "
"ငါအခုဘဲမင်းဆီကို ဖုန်းဆက်မယ်လုပ်နေတာ..."
"ဘာပြဿနာရှိလို့လဲ...."
"ဟိုလေ..."
"စစ်နဲ့ပတ်သက်နေလား..."
"အင်း အဲ့တာက....
စစ်ကောင်းကင်ကင်နိုင်ကလေ...."
"လက်ခံလိုက်...."
"ဟမ် ဘာကိုလဲ..."
"စစ်ကောင်းကင်နိုင် ကို....
သူမင်းကိုကြိုက်နေပြီမလား...."
"သူငါ့ကိုမကြိုက်ပါဘူး သူကြိုက်တာမင်းစူးနေရောင်ထက်လေ..."
"ဘာပဲဖြစ်ဖြစ်...
သူမင်းကို ဖွင့်ပြောလား..."
"အင်း....ဒီနေ့ပဲ...."
"အချိန်နည်းနည်းလောက်ဆွဲပြီးရင် လက်ခံလိုက်တော့...."
"ဘာလို့လဲ..."
"စာချုပ်ပါစည်းကမ်းတွေကိုမေ့သွားပြီလား...
ငါ့ကိုမေးခွန်းပြန်မထုတ်ဘဲ ငါခိုင်းတာကို မင်းလုပ်ရမယ်လေ...
မင်းကငါခိုင်းရင်လုပ်ရမှာ...ငြင်းဆန်ခွင့်မရှိဘူး....
ငါမင်းကိုစောင့်ကြည့်နေတာမို့ စည်းကမ်းဖောက်ဖို့ လုံးဝစိတ်မကူးနဲ့..."
ချသွားသောဖုန်းကို ကုတင်ပေါ်သာပစ်တင်လိုက်ပြီး သလင်းမြူ နံရံနှင့်ခေါင်းကိုတဒိန်းဒိန်းဆောင့်မိတော့သည်။
"သေစမ်း...
ငါအခုဘယ်လိုလုပ်ရမလဲ....."
စိတ်ရှုပ်စွာခေါင်းကို နာအောင်ကုတ်မိပြန်သည်။
ကုတင်ပေါ်က ဝက်ဝံရုပ်ကြီးကိုကြည့်ပြီး သူစိတ်တိုလာသည်။
"မင်းကငါ့ကိုဘာကြည့်တာလဲ...."
ဝက်ဝံရုပ်ကြီး ရင်ဘက်ကို လက်သီးနဲ့ ထိုးရင်း သူ့ရှုပ်ထွေးနေသည့် စိတ်ကိုဖြေလျှော့မိသည်။
ဆေးလိပ်သောက်ရန် တစ်လိပ်ထုတ်ပြီး မီညှိကာစဖွာတော့ မြင်လွှာထဲပေါ်လာသည့် အနမ်း...
"ဟား......!"
ဆေးလိပ်ကိုမီးသတ်ကာ သူ့ခေါင်းသူထုလိုက်သည်။
"ထွက်သွားစမ်း...
မဟုတ်တဲ့ မှတ်ဉာဏ်တွေ....."
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Zawgyi
မ်က္လုံးေတြမဖြင့္ေသးဘဲ အသိစိတ္ကပ္သည္ႏွင့္ ခံစားလိုက္ရသည့္ ရင္ခြင္ထဲမွလစ္ဟာမႈေၾကာင့္ ေဘးကိုသူစမ္းၾကည့္လိုက္သည္။
ေအးစက္ေနသည့္ အိပ္ရာခင္းကိုသာစမ္းမိရာ သူ႔မ်က္ဝန္းေတြဖြင့္ၿပီး ခ်က္ခ်င္းထထိုင္သည္။
"ေနေရာင္.... "
"........"
"ေနေရာင္...... "
စစ္ေကာင္းကင္အိပ္ရာမွထၿပီး ေရခ်ိဳးခန္းထဲသြားၾကည့္ေတာ့လည္း ေနေရာင္ကမ႐ွိ....
မေန႔ညက သူတို႔ႏွစ္ေယာက္နမ္းခဲ့တယ္...
ဝရန္တာကေန ကုတင္ေပၚအထိ မရပ္မနားကိုနမ္းခဲ့ၾကတာ...
နမ္းၿပီးေတာ့ ဘာစကားမွမေျပာျဖစ္ပဲ သူေနေရာင့္ကိုဖက္အိပ္ခဲ့တယ္...
ေဘးအခန္းဆီသြားၾကည့္မိေတာ့လည္း ကုလားေသကုလားေမာအိပ္ေနၾကသည့္ စိုင္းစံတို႔ကိုသာေတြ႔ရသည္။
ေနေရာင့္အခန္း႐ွိရာကိုလွမ္းၾကည့္ေတာ့ လိုက္ကာကပိတ္ထားဆဲ....
မေန႔ညကအနမ္းကိုျပန္ေတြးရင္း သူ ႏႈတ္ခမ္းကိုျပဳံးျပဳံးႀကီးပြတ္ေနမိသည္။
စစ္ေကာင္းကင္ႏိုင္မသိခဲ့သည္က တစ္ဖက္အခန္း လိုက္ကာေနာက္မွ ေကာင္ေလးတစ္ေယာက္ကသူ့ကိုလွမ္းၾကည့္ေနခဲ့တယ္ဆိုတာကို....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
သလင္းျမဴ ေဝလီေဝလင္းအခ်ိန္မွာ ႐ုတ္တရက္ႏိုးလာခဲ့ၿပီး ေကာင္းကင္ႏိုးလာရင္ ဘာေျပာရမွန္းမသိတာေၾကာင့္ ေစာေစာစီးစီး တိတ္တ္ိတ္ေလး အိမ္ကိုျပန္ခဲ့သည္။
ဧည့္ခန္းထဲမွာ Gold Level ပုလင္းခြံႏွင့္ တျခားအရက္ပုလင္းခြံမ်ားကျပန္႔က်ဲလ်ွက္...
Sofa ေပၚမွာေတာ့ အေပၚၾကယ္သီးေတြျဖဳတ္ထားသည့္ ရင္ဘက္ေဟာင္းေလာင္းႏွင့္ ဘုန္း႐ွိန္ဝါထက္ အိပ္ေပ်ာ္ေနသည္။
သူဂ႐ုမစိုက္ဘဲေက်ာ္သြားမယ္လုပ္ေပမယ့္.....
"ဟင္း......."
ခပ္တိုးတိုးညည္းသံေၾကာင့္ စိုးရိမ္စိတ္ကျဖစ္ေပၚလာကာ ဘုန္း႐ွိန္ဝါထက္အနားကိုသူေရာက္သြားမိသည္။
နဖူးကိုစမ္းၾကည့္ေတာ့ အပူခ်ိန္ကိုသူ႔လက္မွတစ္ဆင့္ခံစားရသည္။
"ေဆာင္းတြင္းႀကီး ဒီလိုအိပ္မွေတာ့ဖ်ားေတာ့မွာေပါ့...
တကယ္ပဲ..."
ဆြဲထူေပမယ့္ ဘုန္း႐ွိန္ဝါထက္ကိုယ္ႀကီးကို သူမႏိုင္တာေၾကာင့္ ဦးထြန္းတို႔ကိုသြားေခၚရသည္။
ေရခဲဝတ္အုပ္ေပးဖို႔ အန္တီျမကိုမွာလိုက္ၿပီး သလင္းျမဴ အခန္းကိုသာျပန္လာခဲ့လိုက္သည္။
လိုက္ကာကို နည္းနည္းသာဟၿပီး ေကာင္းကင္ရဲ႕အခန္းဆီၾကည့္လိုက္ေတာ့ ေကာင္းကင္ကသူ႔ကိုလိုက္႐ွာေနပုံပင္...
ႏႈတ္ခမ္းကိုကိုင္ၿပီး ျပုံးျပုံးျကီး သူ႔အခန္းကိုၾကည့္လာေတာ့ ၾကက္သီးေတြကျဖန္းကနဲ....
"Knock!Knock!"
"အစ္ကိုေလး..."
သလင္းျမဴ တံခါးသြားဖြင့္လိုက္သည္။
"ဆရာက အရမ္းအဖ်ားတက္ေနတယ္ အစ္ကိုေလး...."
"ေရခဲဝတ္အုပ္ေပးထားလား..."
"ဟုတ္ကဲ့
အုပ္ေပးထားေပမယ့္ အဖ်ားကမက်ဘူး...
နွုတ္ကလည္းငယ္လို႔ခဏခဏေခၚေနတယ္...."
သလင္းျမဴ သက္ျပင္းသာခ်မိသည္။
"ကြၽန္ေတာ္ဆရာဝန္ကို ဖုန္းဆက္ၿပီး လာခဲ့မယ္..."
"ဟုတ္ကဲ့..."
ေစာေစာစီးစီး ကိုခန္႔ကို လွမ္းဒုကၡေပးရေတာ့သည္။
"အေအးပတ္တာ...
အဖ်ားက်ေအာင္ ေဆးတစ္လုံးထိုးေပးထားခဲ့မယ္...
အိပ္ရာကႏိုးလာရင္ အစာဝင္ေအာင္ေကြၽးၿပီး ေဆးတိုက္လိုက္..."
"ေက်းဇူးပါပဲ ကိုခန္႔..."
"ရပါတယ္...
တစ္ခုခုဆို ကိုယ့္ကိုလွမ္းဖုန္းဆက္လိုက္..."
"ဟုတ္..."
သလင္းျမဴ ကိုခန္႔ကို ကားနားထိလိုက္ပို႔ေပးၿပီး ဘုန္း႐ွိန္ဝါထက္အခန္းကိုျပန္လာခဲ့သည္။
ေအာက္ကိုေလ်ာေနသည့္ ေစာင္ကိုျပန္ဆြဲျခဳံေပးၿပီး ခုံတစ္လုံးယူကာ ကုတင္ေဘးမွာသူထိုင္လိုက္သည္။
နဖူးေပၚမွ ေရခဲဝတ္ကိုလဲေပးၿပီး ဆံပင္တို႔ကိုသပ္တင္ေပးမိသည္။
"ေအးတယ္....."
နဖူးေပၚက ေရခဲဝတ္ကိုဖယ္ခ်ၿပီး တုန္ယင္ေနသူေၾကာင့္ ေနာက္ထပ္ေစာင္ေတြကို ယူၿပီးထပ္ျခဳံေပးလိုက္သည္။
"ေအးတယ္......."
ဒါေတာင္ေအးေနေသးသည္ဆိုေတာ့ သလင္းျမဴ ဘာလုပ္ရမယ္မွန္းမသိေတာ့....
လူရဲ႕ကိုယ္ေငြ႔......
ဘုန္း႐ွိန္ဝါထက္ေဘးမွာဝင္လွဲၿပီးဖက္ထားလိုက္ေတာ့မွ သူ႔ရင္ခြင္ငယ္ထဲကို အတင္းတိုးဝင္လာၿပီး ၿငိမ္သြားသည္။
တိတ္ဆိတ္ေနသည့္ အခန္းထဲမွာ ဘုန္းရွိန္ဝာထက္၏ အသက္႐ွဴသံျပင္းျပင္းကိုသာၾကားရၿပီး သလင္းျမဴ ကေတာ့ ေကာင္းကင္ကိုမေန႔ညကကိစၥနဲ႔ ပတ္သက္ၿပီးဘာေျပာရမလဲ စဥ္းစားေနသည္။
ထိုအခ်ိန္ အခန္းတံခါးကိုဟကာၾကည့္ေနသည့္ ေကာင္းကင္က တံခါးကိုျပန္ေစ့ၿပီး ေခါင္းငုံ႔ကာထြက္သြားခဲ့သည္။
စားပြဲေပၚမွ missed call ေပါင္းမ်ားစြာႏွင့္ အသံပိတ္ထားသည့္ ဘုန္း႐ွိန္ဝါထက္ဖုန္းကို သလင္းျမဴ ၾကည့္လိုက္သည္။
"Nan San Htike missed call (58)"
သူလည္းသိသင့္တာေပါ့ သူ႔ခ်စ္သူေနမေကာင္းျဖစ္ေနတာပဲကို...
ထပ္ဝင္လာသည့္ ဖုန္းကိုသလင္းျမဴ ကိုင္လိုက္သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ငယ္...."
မ်က္လုံးေတြပြင့္လာသည့္သူက သလင္းျမဴကိုေတြ႔ေတာ့ အံ့ဩကာေပ်ာ္ရႊင္သြားဟန္....
ကုတင္ေခါင္းရင္းကို ေခါင္းအုံးတစ္လုံးေထာင္ေပးလိုက္ၿပီး မွီကာထိုင္ေစလိုက္သည္။
"ေရေသာက္လိုက္ဦး...."
သလင္းျမဴ တိုက္သည့္ေရကိုအသာတၾကည္ေသာက္ရင္း ၾကည့္ေနသူ...
"ကိုယ့္အနားမွာ႐ွိေနခဲ့တာလား..."
သလင္းျမဳရဲ႕လက္ကိုဆုပ္ကိုင္ၿပီးေမးလာသည္။
"ကိုဘုန္းႏိုးေနၿပီလား...."
ၾကက္ေပါင္းပန္းကန္ေလးႏွင့္ဝင္လာသည့္ နန္းစံထိုက္ေၾကာင့္ ဘုန္း႐ွိန္ဝါထက္ မ်က္ႏွာပ်က္ယြင္းသြားသည္။
ဘုန္း႐ွိန္ဝါထက္ ကိုင္ထားသည့္လက္ကို႐ုန္းဖယ္ကာ သလင္းျမဴခုံမွထလိုက္သည္။
"ငယ္ ဘယ္သြားမလို႔လဲ.... "
လက္ေကာက္ဝတ္ကိုဆြဲၿပီး မသြားေစခ်င္သည့္ ဘုန္း႐ွိန္ဝါထက္ မ်က္ဝန္းေတြ....
ထပ္ၿပီး လက္ကို႐ုန္းလိုက္ၿပီး သူဘုန္း႐ွိန္ဝါထက္ကို ေက်ာခိုင္းကာ ထြက္လာခဲ့သည္။
ႏွစ္သစ္မွာ စိတ္သစ္လူသစ္နဲ႔ ခ်စ္သူသစ္ျဖစ္တဲ့သူမကို စစ္မွန္တဲ့အခ်စ္ေတြေပးလိုက္ပါ ကိုကို....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
🎶📩 income message...
""ငါတို႔စကားေျပာရေအာင္ ေနေရာင္...""
ကန္ေတာ္ႀကီး၏ လူ႐ွင္းသည့္ ကန္ေဘးတစ္ေနရာကို ေကာင္းကင္ခ်ိန္းသည့္ အတိုင္း သလင္းျမဴလာခဲ့သည္။
ႀကိဳေရာက္ႏွင့္ေနသည့္ ေကာင္းကင္က ကန္ေရျပင္ကိုၾကည့္ကာ လက္ဖဝါးခ်င္းပြတ္ရင္း ဂနာမၿငိမ္သလို ဟိုေလ်ွာက္သည္ေလ်ွာက္...
"လာၿပီလား... "
သူ႔ကိုေတြ႔ေတာ့ ရယ္သည္။
"ဘာေျပာစရာ႐ွိလို႔ ဒီအထိလာခိုင္းရတာလဲ..."
ဂုတ္ကိုပြတ္သပ္ရင္း ေကာင္းကင္ကပိုဂနာမၿငိမ္ေတာ့...
"ဟိုေလ....ေနေရာင္...
မေန႔ညက...."
"ေမ့လိုက္ေတာ့.. "
"ဟမ္..."
ျဖတ္ေျပာသည့္ သူ႔ေၾကာင့္ ေကာင္းကင္ဆြံ႔အသြားသည္။
"ဘာေျပာလိုက္တာလဲ.... "
"ေမ့ျပစ္လိုက္ေတာ့....
မေန႔ညကငါမူးၿပီး မဟုတ္တာေတြလုပ္မိသြားတယ္....
မင္းလည္းမူးေနတာပဲမလား...
အဲ့တာေၾကာင့္.... အဲ့ကိစၥကိုေမ့လိုက္ၾကရေအာင္...."
"ဘာလို႔ေမ့ျပစ္ရမွာလဲ..."
"ဒါကမေတာ္တဆမွားတာေလ...."
"မဟုတ္ဘူး....
မေတာ္တဆမဟုတ္သလို အမွားလည္းမဟုတ္ဘူး...."
"မင္းဘာကိုဆိုလိုခ်င္တာလဲ..."
"ငါေမ့လို႔မရဘူး...
ေမ့မွာလည္းမဟုတ္ဘူး...
ုၿပီးေတာ့ ငါမမူးေနခဲ့ဘူး...
မင္းလည္း မူးမေနခဲ့ဘူးေလေနေရာင္....
ငါတို႔နမ္းခဲ့ၾကတာ မေတာ္တဆမွမဟုတ္ခဲ့တာ...
ငါအရမ္းရင္ေတြခုန္ေနခဲ့တာ....
ေနေရာင္...
ငါ....မင္းကို........"
"ထားလိုက္ေတာ့..... "
သလင္းျမဴ ေကာင္းကင္ဆက္ေျပာမည့္စကားကို ရိပ္မိကာ အထိတ္တလန္႔ လမ္းေၾကာင္းလႊဲရန္ႀကိဳးပမ္းမိသည္။
"မေန႔ညက ကိစၥကိုဒီအတိုင္းပဲထားလိုက္ၾကရေအာင္.....
ငါမအားဘူး ျပန္ေတာ့မယ္...."
"ငါမင္းကို ခ်စ္တယ္...!."
သူ႔ေျခလွမ္းေတြရပ္သြားရကာ ေကာင္းကင္ကသူ႔အေ႐ွ႕ကိုေရာက္လာသည္။
"ခ်စ္တယ္ ေနေရာင္....
ဘယ္အခ်ိန္ကစခ်စ္မိလည္းငါမသိေပမယ့္ ငါသိတာတစ္ခုက မင္းကိုအရမ္းခ်စ္တယ္ ....
ေယာက္်ားခ်င္းမျဖစ္သင့္ဘူးဆိုတာကိုငာသိတယ္....
မင္းအရင္ကလို ငါ့ကိုမႀကိဳက္ေတာ့ဘူးဆိုတာကိုလည္း ငါသိတယ္....
ငါဖြင့္ေျပာလိုက္လို႔ မင္းမုန္းသြားမွာကိုလည္းေၾကာက္တယ္...
ဒါေပမယ့္....
မင္းကိုငါစိတ္မခ်ေတာ့ဘူး....
အစကေတာ့ ငါအဆင္ေျပမယ္ထင္ခဲ့ေပမယ့္...
တျဖည္းျဖည္း မင္းအေပၚေလာဘတက္လာမိတယ္....
ငါမဟုတ္တဲ့တျခားသူေတြမင္းအနား႐ွိေနတာ မင္းကိုခ်ဥ္းကပ္ေနၾကတာေတြျမင္တိုင္း ငါတိတ္တဆိတ္ေပါက္ကြဲေနခဲ့တာ....
ငါမင္းရဲ႕ခ်စ္သူျဖစ္ခ်င္တယ္ ေနေရာင္...
ငါ့ကိုအရင္လို ထပ္ၿပီးျပန္ခ်စ္ေပးပါ....."
ေကာင္းကင္႐ွိသမ်ွ သတိၱေတြအကုန္သုံးကာ ဖြင့္ဟလိုက္ေတာ့ သလင္းျမဴမွာ မထင္ထားဟန္ ျပဴးေၾကာင္ေၾကာင္ေလး...
"ငါ့ကိုအေျဖျပန္ေပးပါေနာ္ ေနေရာင္...."
What the Fuck!!!!!!!
သလင္းျမဴ စိတ္ထဲမွာ အက်ယ္ႀကီးေအာ္ဆဲမိသည္။
ဒီ angry bird ကငါ့ကိုႀကိဳက္တယ္...
အဲ.....ငာမဟုတ္ေသးပါဘူး.....
စူးေနေရာင္ထက္ကို္.....
အံ့ဩဘ....
"ေနေရာင္.....
အေျဖေပးပါဆို......."
ျငင္းလို႔မျဖစ္ေသးဘူး...
စူးေနေရာင္ထက္က ေကာင္းကင္ကိုႀကိဳက္ေနခဲ့တာ...
လက္ခံလို႔ကလည္းမျဖစ္ဘူး...
အခုငါကစူးေနေရာင္ထက္ဘဝမွာေနေနရတာ..
စူးေနေရာင္ထက္ သေဘာထားကိုအရင္ေမးရမယ္...
"ငါစဥ္းစားဦးမယ္...."
"ဘယ္ေလာက္ၾကာမွာလဲ..."
"မသိေသးဘူး..... "
သလင္းျမဴ ကားဆီသာ အျမန္ေျပးသြားၿပီး ေမာင္းထြက္ခဲ့ေတာ့သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"စူးေနေရာင္ထက္.... "
သူအိမ္ျပန္ေရာက္ေတာ့ သူ႔နာမည္ကိုစီးႀကိဳေခၚသည့္ နန္းစံထိုက္...
"ေျပာ..."
"နင္ကိုဘုန္းနဲ႔ကင္းကင္း႐ွင္း႐ွင္းေန....
ေယာက္်ားေလးျဖစ္ၿပီး ေယာက္်ားလိုကိုမေနဘူး...."
"ခင္ဗ်ား ဘာေျပာတာလဲ
ကြၽန္ေတာ္က ေယာက္်ားလိုေနေနတာမဟုတ္ဘူးလား...
ကင္းကင္း႐ွင္း႐ွင္းေနဖို႔က
ကပ္တြယ္ေနတာကြၽန္ေတာ္မဟုတ္လို႔ ခင္ဗ်ားလူကိုသာေျပာလိုက္.... "
အေနာက္မွေတာက္ေခါက္သံကိုၾကားေပမယ့္ သူျပဳံးမိပါသည္။
🎶📲 Phone ring.....
"Hello"
"Hello... "
"ငါအခုဘဲမင္းဆီကို ဖုန္းဆက္မယ္လုပ္ေနတာ..."
"ဘာျပႆနာ႐ွိလို႔လဲ...."
"ဟိုေလ..."
"စစ္နဲ႔ပတ္သက္ေနလား..."
"အင္း အဲ့တာက....
စစ္ေကာင္းကင္ကင္ႏိုင္ကေလ...."
"လက္ခံလိုက္...."
"ဟမ္ ဘာကိုလဲ..."
"စစ္ေကာင္းကင္ႏိုင္ ကို....
သူမင္းကိုႀကိဳက္ေနၿပီမလား...."
"သူငါ့ကိုမႀကိဳက္ပါဘူး သူႀကိဳက္တာမင္းစူးေနေရာင္ထက္ေလ..."
"ဘာပဲျဖစ္ျဖစ္...
သူမင္းကို ဖြင့္ေျပာလား..."
"အင္း....ဒီေန႔ပဲ...."
"အခ်ိန္နည္းနည္းေလာက္ဆြဲျပီးရင္ လက္ခံလိုက္ေတာ့...."
"ဘာလို႔လဲ..."
"စာခ်ဳပ္ပါစည္းကမ္းေတြကိုေမ့သြားၿပီလား...
ငါ့ကိုေမးခြန္းျပန္မထုတ္ဘဲ ငါခိုင္းတာကို မင္းလုပ္ရမယ္ေလ...
မင္းကငါခိုင္းရင္လုပ္ရမွာ...ျငင္းဆန္ခြင့္မ႐ွိဘူး....
ငါမင္းကိုေစာင့္ၾကည့္ေနတာမို႔ စည္းကမ္းေဖာက္ဖို႔ လုံးဝစိတ္မကူးနဲ႔..."
ခ်သြားေသာဖုန္းကို ကုတင္ေပၚသာပစ္တင္လိုက္ၿပီး သလင္းျမဴ နံရံႏွင့္ေခါင္းကိုတဒိန္းဒိန္းေဆာင့္မိေတာ့သည္။
"ေသစမ္း...
ငါအခုဘယ္လိုလုပ္ရမလဲ....."
စိတ္႐ႈပ္စြာေခါင္းကို နာေအာင္ကုတ္မိျပန္သည္။
ကုတင္ေပၚက ဝက္ဝံ႐ုပ္ႀကီးကိုၾကည့္ၿပီး သူစိတ္တိုလာသည္။
"မင္းကငါ့ကိုဘာၾကည့္တာလဲ...."
ဝက္ဝံ႐ုပ္ႀကီး ရင္ဘက္ကို လက္သီးနဲ႔ ထိုးရင္း သူ႔႐ႈပ္ေထြးေနသည့္ စိတ္ကိုေျဖေလ်ွာ့မိသည္။
ေဆးလိပ္ေသာက္ရန္ တစ္လိပ္ထုတ္ၿပီး မီညိွကာစဖြာေတာ့ ျမင္လႊာထဲေပၚလာသည့္ အနမ္း...
"ဟား......!"
ေဆးလိပ္ကိုမီးသတ္ကာ သူ႔ေခါင္းသူထုလိုက္သည္။
"ထြက္သြားစမ္း...
မဟုတ္တဲ့ မွတ္ဉာဏ္ေတြ....."
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Bạn đang đọc truyện trên: Truyen247.Pro