Part-28 ( fascinated)
Unicode
"ငစစ် မင်းအခွက်ကမနေ့ကနဲ့မတူပါလား...
အခြေအနေကောင်းလို့လား မင်းရဲ့ someone နဲ့..."
"အေး...
ငါစနှိုက်စရာမလိုတော့ဘူး...
သူမှာချစ်သူမရှိဘူးတဲ့..."
"ကောင်းတာပေါ့... "
ဆရာမလာသေးသည့်အချိန်မို့ ကောင်းကင်တို့လေပေါနေချိန် သလင်းမြူကတော့ နားကြပ်ကိုသာတပ်ပြီး ပတ်ဝန်းကျင်နှင့်အဆက်အသွယ်ဖြတ်ထားသည်။
"အဲ့ someone ကဘယ်သူလဲ..."
"မေးမနေနဲ့တော့ ဟိုမှာ..."
အခန်းအနောက်ပေါက်ကနေ ဝင်လာသည့် ခက်သံစဉ်က သူတို့ရှိရာခုံတွေနားသို့လာနေသည်။
"အခန်းထဲအထိလာတယ်ဆိုတော့ တော်တော်အခြေအနေကောင်းတယ်ထင်တယ်..."
"ပါးစပ်ပိတ်ထား... "
ပြောင်စပ်စပ်စနေသည့် တေဇတို့အားလုံး မျက်မှောင်ကျုံ့ပြောသည့် ကောင်းကင်ကြောင့် မျက်နှာပိုးတွေသတ်ကုန်သည်။
ကောင်းကင်ရဲ့နားမှာ ခက်သံစဉ်ကရပ်လိုက်ပြီး
"နေရောင်... "
ကောင်းကင်မျက်မှောင်ပိုကျုံ့လာသလို တေဇတို့မှာလည်းပါးစပ်အဟောင်းသား...
ကောင်းကင်ဘေးက သလင်းမြူ ကတော့ဘာမှမကြားဘဲငြိမ်နေဆဲ...
"နေရောင်..."
အတန်းထဲကမိန်းကလေးတွေလည်း သူတို့ကိုစိတ်ဝင်တစားကြည့်နေကြသည်။
"ထက်...
ထက်..!"
"ဟင်..."
စိုင်းစံသူ့ကိုလာပုတ်မှ သလင်းမြူ နာကြပ်ကိုဖြုတ်လိုက်သည်။
"ဟိုမှာ..."
စိုင်းစံမေးငေါ့ပြရာကို သလင်းမြူလှည့်ကြည့်လိုက်သည်။
"ဪ...
ခက်သံစဉ်... "
"နေရောင့်ကို ထီးပြန်လာပေးတာ...
ကျေးဇူးနော်... "
"အင်း..."
သလင်းမြူ ခက်သံစဉ်ပေးသည့် ခေါက်ထီးလေးကိုယူလိုက်သည်။
"ဟိုလေ...
New year ညကျဘာလုပ်ဖို့ရှိလဲဟင်..."
မဝံ့မရဲမေးလာသည့် သူမမေးခွန်းကိုသူ့ဘေးမှကောင်းကင်ကထဖြေသည်။
"နေရောင်က
New yearကျ ငါနဲ့ရှိနေမယ်ပြောပြီသား...
သူမအားဘူး..."
"ငါဘယ်တုန်းကပြောခဲ့လို့လဲ.... "
ကောင်းကင်သူ့ဘေးက ကြောင်တောင်တောင်ဖြစ်နေသည့် နေရောင့်ပုခုံးကိုဆွဲဖက်လိုက်သည်။
"မင်းပြောခဲ့တယ်လေ...
ငါ့အိမ်မှာပဲ အတူစားသောက်ကြမယ်ဆိုပြီး....
မေ့သွားတာလား..."
ကောင်းကင် ဘာဖြစ်နေလဲ သလင်းမြူ သဘောပေါက်စွာ ပြုံးလိုက်သည်။
"ဟုတ်သားပဲ....
ငါမေ့နေတာ...
ကိုယ်တို့သူငယ်ချင်းတွေအကုန် ဒီကောင့်အိမ်မှာစုကြမှာ...
ခက်သံစဉ်လည်း သူငယ်ချင်းတွေခေါ်ပြီးလာခဲ့လေ..."
"မလာတော့ပါဘူး... "
"လာခဲ့ပါ..."
"နေရောင်ရောရှိမှာလား..."
"ရှိမှာပေါ့....
ဒီကောင့်အိမ်နဲ့ကိုယ့်အိမ်ကမျက်နှာချင်းဆိုင်ပဲ..."
"လိပ်စာက..."
"ခက်ရဲ့ဖုန်းပေး..."
သလင်းမြူ သူမရဲ့ဖုန်းကိုယူကာ သူ့ဖုန်းနံပါတ်ကိုခေါ်ဆိုလိုက်သည်။
"ကိုယ်လိပ်စာကို message ပို့လိုက်မယ်..."
"အင်း...
အဲ့တာဆိုသွားတော့မယ်..."
လက်ပြကာ သူမထွက်သွားတော့ သလင်းမြူ ဖုန်းကို ကောင်းကင်ဆီပေးလိုက်သည်။
"အဲ့မှာဖုန်းနံပါတ်...
တစ်ဝိုင်းနော်..."
သလင်းမြူ တေဇတို့နှင့် လက်ဝါးချင်းရိုက်ကာ ရယ်နေပေမယ့် ကောင်းကင်ရဲ့မျက်နှာကတော့ ပို၍မှိုင်းလာသည်။
"ငါ့အတွက် ခက်သံစဉ်ရဲ့ဖုန်းနံပါတ်ကိုယူလိုက်တာပေါ့..."
"အင်းလေ...
မင်းအတွက်မဟုတ်ရင်ငါကသူ့ဖုန်းနံပါတ်ယူပြီးဘာလုပ်ရမှာလဲ..."
"မလုပ်နဲ့..."
"ဟမ်..."
"ခက်သံစဉ် နဲ့ထပ်ပြီးမပတ်သက်နဲ့...."
"ဟျောင့် မင်းအခုသဝန်တိုနေတာလား..."
"အင်း...
သဝန်တိုတယ်....
မင်းနဲ့သူနဲ့ရင်းနှီးတာကိုငါမကြိုက်ဘူး..."
ဒီတစ်ခါတေဇတို့တိတ်နေသလောက် မျက်နှာပျက်သွားသူက သလင်းမြူ...
"မင်းငါ့ကိုမယုံတာလား...
သူငယ်ချင်းကြိုက်နေတဲ့ကောင်မလေးကိုဖြတ်ခုတ်မယ့်အထဲမှာငါမပါဘူး..."
"ငါအဲ့လိုဆိုလိုတာမဟုတ်ဘူး...
နေရောင်...."
"........"
သလင်းမြူ နားကြပ်ကိုသာပြန်တပ်ပြီး ကောင်းကင်ကိုအရေးမလုပ်တော့ဘဲ volume မြှင့်လိုက်သည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"နေရောင်...."
"......."
"နေရောင်....
ငါမှားသွားပါတယ်ကွာ....
ငါမင်းကိုမယုံလို့မဟုတ်ပါဘူး...."
"......."
ဘေးကနေတတွတ်တွတ်ပြောနေသည့် ကောင်းကင်ကိုမရှိသလိုပင် သလင်းမြူ laptop တစ်လုံးနှင့် power point တွေလုပ်ရင်းအလုပ်ရှုပ်နေသည်။
"နေရောင်...."
"........"
"........"
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသောကြောင့်သလင်းမြူ ဘေးကိုလှည့်ကြည့်လိုက်သည်။
သူ့ကိုကြည့်လျှက်မျက်ရည်တွေစီးကျနေသည့် ကောင်းကင်.....
သလင်းမြူ ဘာလုပ်ရမှန်းမသိအောင်ပြာသွားသည်။
"ဘာလို့ငိုနေရတာလဲ..."
"မင်းငါ့ကိုအဲ့လိုအရေးမလုပ်ဘဲမနေပါနဲ့ကွာ....
ငါအရမ်းဝမ်းနည်းလို့ပါ..."
သလင်းမြူ အမြန်ကောင်းကင်ရဲ့မျက်ရည်တွေသုတ်ပေးလိုက်တော့ လူကိုအတင်းဖက်လာသည်။
"မငိုနဲ့တော့...
မခေါ်လို့ငိုရအောင် မင်းကကလေးလား..."
"မသိဘူး...."
"လွှတ်ဦး...."
"တောင်းပန်ပါတယ်...
အရင်ကငါမင်းကိုပြောခဲ့မိတာတွေအတွက်..."
"ရပါတယ်...
ငါမှတ်တောင်မမှတ်မိတော့ဘူး..."
"မင်းအရင်လိုမဟုတ်တော့သလို...
ငါလည်းအရင်လိုမဟုတ်တော့ဘူး..."
သူ့မျက်ဝန်းတွေကိုသေသေချာချာကြည့်ကာ လေးနက်စွာ ကောင်းကင်ဆိုသည်။
"ငါနောက်ထပ်ဘယ်တော့မှ အရင်ကလို မင်းကိုရင့်ရင့်သီးသီးဆက်ဆံမှာမဟုတ်တော့ဘူး...
ငါအခုနားလည်နေပြီ...
မင်းကငါ့အတွက်အရမ်းအရေးပါတယ်..."
တစ်မျိုးကြီးဖြစ်နေသည့်ကောင်းကင်စကားကို သလင်းမြူထွေထွေထူးထူးစဉ်းစားမနေဘဲ ခေါင်းညိတ်ရင်းသာရယ်လိုက်သည်။
Jonny နဲ့ Anny ကိုသလင်းမြူနဲ့ကောင်းကင်အတူရေချိုးပေးရင်းခြံထဲမှာဆူညံနေကြသည်။
ရေပိုက်ကိုယ်စီနှင့် တစ်ယောက်ကိုတစ်ယောက်ပက်လိုက် ခွေးနှစ်ကောင်ကရေတွေခါထုတ်လိုက်နှင့် နှစ်ယောက်လုံးလည်းစိုရွှဲနေပေပြီ။
ခွေးနှစ်ကောင်ကိုဆပ်ပြာတိုက်ပေးပြီး ရုန်းနေတာကြောင့် သလင်းမြူနှစ်ကောင်လုံးကို သိမ်းကျုံးဖက်ထားရာ ကောင်းကင်က ရေနှင့်လောင်းလေသည်။
ခွေးနှစ်ကောင်နှင့်အော်ဟစ်ရယ်မောနေသည့် သူတို့နှစ်ယောက်ကို အန်တီမြတို့ကတော့ ကြည့်ကာရယ်ကြပေမယ့် တစ်စုံတစ်ယောက်ကတော့မရယ်နိုင်...
ရေပိုက်လုရင်း ဆွဲဖက်လိုက်သည့် ကောင်းကင်ရင်ခွင်ထဲကိုရောက်နေသော သလင်းမြူကိုကြည့်ရင်း ဘုန်းရှိန်ဝါထက် မေးရိုးတွေထောင်တက်လာအောင်ကို အံကြိတ်ထားလေသည်။
အန်တီမြယူပေးသည့် တဘတ်တွေနှင့် ရေသုတ်ကြပြီး ကောင်းကင်ကိုခုံမှာထိုင်စေကာ ရေမပြောင်သေးသည့် ခေါင်းကိုသလင်းမြူကသေချာသုတ်ပေးသည်။
ပြုံးရင်းငယ့်ကိုမော့ကြည့်နေသည့် စစ်ကောင်းကင်နိုင်ကို ဘုန်းရှိန်ဝါထက် ဆွဲထိုးပစ်ချင်စိတ်ကိုထိန်းကာ လက်သီးကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။
သလင်းမြူ အကျႌတွေချွတ်လဲနေတုန်း lock ချဖို့မေ့နေသည့် အခန်းတံခါးမှ တစ်စုံတစ်ယောက်ဝင်လာသည်။
ကြယ်သီးမတပ်ရသေးသည့် shirt အကျႌကိုအနောက်မှဆောင့်ဆွဲကာချွတ်ပစ်ခံလိုက်ရသောကြောင့် သလင်းမြူအလန့်တကြားလှည့်ကြည့်မိသည်။
"ခင်ဗျားဘာလို့ဝင်လာတာလဲ..."
"ငယ်..."
ဗလာဖြစ်နေသည့် သူ့အပေါ်ပိုင်းကိုကြည့်နေသော ဘုန်းရှိန်ဝါထက်ကြောင့် သလင်းမြူ ကြမ်းပြင်ပေါ်မှ shirt ကိုအမြန်ကောက်ကာ ဝတ်လိုက်သည်။
ကြယ်သီးတပ်နေတုန်းမှာပဲ သူ့နှုတ်ခမ်းကိုလာငုံ့နမ်းရန်ပြင်နေရာ သလင်းမြူ အနောက်ကိုဆုတ်လိုက်သည်။
နံရံနှင့်ကျောကပ်သွားချိန်မှာတော့ ကြယ်သီးလည်းအပြည့်တပ်ပြီးသွားပြီဖြစ်ရာ သလင်းမြူ အနားကပ်လာသည့် ဘုန်းရှိန်ဝါထက်ကို မလိုလားဟန်ကြည့်လေသည်။
"စစ်ကောင်းကင်နိုင်နဲ့ပူးကပ်မနေနဲ့ ငယ်လေး...
ကိုယ်မကြိုက်ဘူး...."
"ခင်ဗျားမကြိုက်တာနဲ့ကျွန်တော်ကမလုပ်ရတော့ဘူးလား..."
"ဘယ်လိုလေသံနဲ့ပြောနေတာလဲငယ်...
ကိုယ်မကြိုက်ရင် ငယ်မလုပ်ရဘူးလေ..."
"ရူးနေလား...
ခင်ဗျားကဘာမို့လို့လဲ...."
ပါးကိုလာထိသည့် ဘုန်းရှိန်ဝါထက်လက်ကို သလင်းမြူ ပုတ်ထုတ်လိုက်တော့ ချက်ချင်းဆိုသလို ခေါင်းကိုချုပ်ကာ နှုတ်ခမ်းကိုနမ်းလာလေသည်။
သလင်းမြူ ငြင်းဆန်ပေမယ့်အရာမထင်ဘဲ ပိုကြမ်းတမ်းလာရာ ဆက်မရုန်းတော့ဘဲ ပြန်နမ်းဟန်ပြုပြီး ဘုန်းရှိန်ဝါထက်နှုတ်ခမ်းတွေကိုကိုက်ချလိုက်သည်။
"အ...."
သွေးထွက်ကာ ဘုန်းရှိန်ဝာထက်နှုတ်ခမ်းတွေလွတ်ထွက်သွားတော့ ရင်ဘက်ကိုအားကုန်တွန်းပစ်လိုက်သည်။
စူးစူးရဲရဲစိုက်ကြည့်လာသည့် ဘုန်းရှိန်ဝါထက် မျက်ဝန်းတွေနောက် သလင်းမြူ လုပ်ရပ်မှားသွားပြီမှန်းနားလည်လိုက်ကာ အခန်းအပြင်ပြေးထွက်ပေမယ့် နောက်ကျသွားသည်။
ပုခုံးကနေဆောင့်ဆွဲခံလိုက်ရပြီး အိပ်ရာထက်ကိုပစ်လှဲကာ အပေါ်မှတက်ဖိသူ...
"ကိုယ့်ကိုဒီလိုတွေလာလုပ်တော့ အပြစ်ပေးရတော့မှာပေါ့..."
လက်နှစ်ဖက်ကိုခေါင်းရင်းပို့ကာ ချုပ်ကိုင်ပြီး နှုတ်ခမ်းတွေကိုလာကိုက်ရာ သလင်းမြူနာတော့ ပါးစပ်ဟမိသွားပြီး ခံတွင်းထဲကိုဝင်လာသည့် သူ့ရဲ့လျှာ...
မလိုချင်စွာသလင်းမြူ ခေါင်းကိုရမ်းပေမယ့် မေးရိုးကိုသူ့လက်ဖဝါးကြီးနဲ့ချုပ်ကိုင်လိုက်လေသည်။
အသက်ရှူကျပ်စွာ မျက်ရည်တွေစီးကျရင်း သူ့ရဲ့အော်ဟစ်သံတွေကလည်း လည်ချောင်းထဲတွင်သာပျောက်ဆုံးကုန်သည်။
ပိတ်ထားသည့် လိုက်ကာစတွေကြောင့် တစ်ဖက်မှ ကောင်းကင်လည်းသူ့ထံရောက်လာနိုင်မည်မဟုတ်...
ခံတွင်းဆီကနေတပ်ဆုတ်သွားသည့် အနမ်းတွေက ပါးပြင်နှင့်ပါးရိုးတလျှောက် ပြေးလွှားကာ လည်တိုင်ကို ဝပ်စင်းလေသည်။
ဆွဲဖြုတ်ခံလိုက်ရသည့် အကျႌကြယ်သီးအချို့က ကြမ်းပြင်ပေါ် ပြန့်ကြဲကုန်သည်။
ညှပ်ရိုးကိုကိုက်လိုက်ရာ သလင်းမြူ မောဟိုက်နေသည့်ကြားမှ အားတင်းကာစကားဆိုမိသည်။
"ဒီလိုတွေလုပ်နေမယ့်အစား ကျွန်တော့်ကိုအသေသတ်လိုက်ပါ..."
"........"
ငြိမ်သက်သွားသည့်လှုပ်ရှားမှုတွေနောက် ချုပ်ကိုင်ထားသည့်လက်တွေပြေလျော့ကာ ပါးပြင်ထက်ကမျက်ရည်စတွေကိုသုတ်ဖယ်ပေးပြန်သည်။
"လိမ္မာပါ ငယ်...
ကိုယ်လူယုတ်မာမဖြစ်ချင်ဘူး...."
အခန်းထဲမှပြန်ထွက်သွားသည့်ခြေသံနှင့် တံခါးပိတ်သံအဆုံးမှာတော့ သလင်းမြူ လက်ကိုကိုက်ကာ ငိုကြွေးမိသည်။
ကျွန်တော်ခင်ဗျားကိုကြောက်တယ် ဘုန်းရှိန်ဝါထက်.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
မီးပုံဖိုပြီး new year ညကိုဖြတ်သန်းဖို့ သောက်စရာ beer, wine, အချိုရည် မုန့်အစရှိသဖြင့် ဝယ်ရန် market ကိုသလင်းမြူနှင့်ကောင်းကင်ရောက်နေသည်။
တွန်းလှည်းကိုကောင်းကင်ကတွန်းပြီး သလင်းမြူက လိုအပ်သည်တို့ကို ရှာကာထည့်လေသည်။
ဆွယ်တာအနက်ရောင်အောက်မှ တစ်စွန်းတစ်စမြင်နေရသည့် ခပ်နီနီလည်တိုင်နှင့် မို့နေသည့် မျက်ဝန်းတွေကို ကောင်းကင်သတိထားမိပေမယ့် မမေးရက်စွာ မြိုသိပ်ထားသည်။
သူမေးလိုက်ရင် ပျက်ယွင်းသွားမည့်နေရောင့်မျက်နှာကို မမြင်လိုပါ။
အလုပ်ကလူတွေနဲ့ကိုယ်စီခရီးထွက်သွားသည့် ကောင်းကင်အဖေနဲ့အမေကလည်းအိမ်မှာရှိမနေသောကြောင့် သူတို့လူငယ်တွေအတွက်လွတ်လပ်ခွင့်ပေးထားသလိုပင်။
Delivery နှင့်လာပို့သည့် အစားအသောက်တွေရောက်ပြီး တေဇတို့စိုင်းစံတို့ပါရောက်လာကြသည်။
အလင်းရောင်ပျောက်သည်နှင့် မီးပုံဖိုရန်လုပ်ကြတော့ ခက်သံစဉ်နှင့် မိန်းကလေး လေးယောက်ရောက်လာသည်။
ကျန်မိန်းကလေးလေးယောက်က စိုင်းစံတို့နှင့် စကားပြောရယ်မောနေပေမယ့် ခက်သံစဉ်ကတော့ သလင်းမြူအနားမှာသာကပ်နေသည်။
"ဟိုဘက်ခြံက နေရောင့်ရဲ့အိမ်ပေါ့..."
"အင်း ဟုတ်တယ်...."
"အိမ်ချင်းကမျက်နှာချင်းဆိုင်ဆိုတော့
နေရောင်က စစ်ကောင်းကင်နိုင်နဲ့ငယ်ငယ်ကတည်းကခင်တာပေါ့"
"ဆိုပါတော့..."
"ခင်ရုံတင်ဘယ်ဟုတ်မလဲ နေရောင့်က ငါ့ကိုအရမ်းချစ်တာ..."
သူ့ပါးကိုဆွဲကာ စစ်ကောင်းကင်နိုင် ဝင်ဖောက်ပြန်ပြီ...
မိန်းကလေးတွေကို wine လောက်သာသောက်စေပြီး မီးပုံဘေးဝိုင်းဖွဲ့ကာ သူတို့ယောက်ျားလေးတွေကတော့ beer ရော wisky ပါချသည်။
"နေရောင့်မှာ ရည်းစားမရှိဘူးလား..."
"ရှိတယ်..."
ဝင်ပြောပြန်သည့် ကောင်းကင်....
"ဘယ်သူလဲ..."
"ငါလေ..."
သလင်းမြူ ပုခုံးပေါ်မှီလာသည့် ကောင်းကင်ခေါင်းမှဆံပင်တွေကို အားရပါးရဆွဲပစ်လိုက်သည်။
"အား...!
နေရောင် နာတယ်ဟ..."
"နာအောင်လုပ်တာ..."
"လုပ်ပါ...
မင်းလုပ်ရင်ငါခံရမှာပေါ့..."
"ဘာစကားကြီးလဲဟ..."
"ဘာစကားမို့လို့လဲ...
မင်းဆံပင်ဆွဲရင်လည်း ငါအဆွဲခံပါမယ်လို့ ပြောတာကို...
ကောင်လေးတစ်ယောက်ဘာမဟုတ်တာတွေတွေးနေလဲမသိဘူး..."
အမှတ်မရှိသွားစပြန်တော့ တဖုန်းဖုန်း အထုခံရပြန်သည်။
သူတို့နှစ်ယောက်နားမှာ ခက်သံစဉ်ကတော့ third wheel လိုပင်....
သလင်းမြူ ရဲ့ guitar ကိုစိုင်းစံကတီးပေးပြီး သီချင်းဆိုကြသည်။
မမောနိုင်မပန်းနိုင်တစ်ပုဒ်ပြီး တစ်ပုဒ်ဆိုနေကြသည့် ကြားမှာ သလင်းမြူကတော့ beer နှင့် wisky ကိုရောသောက်ကာ မီးပုံကိုသာငေးစိုက်ကြည့်ရင်းငြိမ်နေသည်။
"5!
4!
3!
2!
1!
Happy New Year!!!!!"
"Woo!"
တေဇတို့ဝယ်လာသည့် မီးရှူးပန်းဘူးကြီးတွေကို သေချာမီးညှိလိုက်တော့ ရောင်စုံ မီးပန်းတွေက ကောင်းကင်ထက်လှပစွာ...
တစ်စွန်းတစ်ကြားရသည့် သူတို့လို အဖွဲ့များ၏အသံတွေနှင့် မီးပန်းတွေက နေရာအနှံ့...
ခက်သံစဉ်တို့ပြန်သွားပြီး တေဇတို့ကတော့ ကောင်းကင်အိမ်မှာသာအိပ်ကြသည်။
အတင်းမပြန်ခိုင်းဘဲ သူနဲ့အိပ်ခိုင်းနေသည့်ကောင်းကင်ကြောင့် သလင်းမြူလည်းမပြန်။
တေဇတို့ကဘေးချင်းကပ် အခန်းမှာအိပ်သောကြောင့် သောက်ထားသည့်အရှိန်နှင့် ဒင်းကောင်တွေအကုန်လုံး ဟောက်သံတွေတောင်ကြားနေရသည်။
သလင်းမြူ လည်းကောင်းကင်ရဲ့နံဘေး အိပ်ရာပေါ်မှာ အတော်ကြာအောင် လှဲနေခဲ့ပေမယ့် အိပ်မပျော်နိုင်သောကြောင့် ဝရန်တာထွက်ကာ ဆေးလိပ်ကိုမီးညှိလိုက်သည်။
အငွေ့တွေကိုမှုတ်ထုတ်ရင်း တစ်ဖက်အိမ်သူ့အခန်းရှိရာကိုလှမ်းကြည့်တော့ တစ်အိမ်လုံးတိတ်ဆိတ်နေသည်။
နှစ်သစ်ကူးညဆိုတော့ ဘုန်းရှိန်ဝါထက်လည်း နန်းစံထိုက်နဲ့ရှိနေမှာပေါ့...
"ဆေးလိပ်မသောက်ပါနဲ့လား..."
ဘယ်အချိန်ကထလာပြီး အနားရောက်နေလဲမသိသည့် ကောင်းကင်ရဲ့အသံကြောင့် သူလန့်ကာ တုန်တောင်သွားသည်။
"ဆေးလိပ်ဖြတ်လိုက်တော့ နေရောင်... "
"ဖြတ်ရအောင် ငါကစွဲနေတာမှ မဟုတ်တာ....
တစ်ခါတစ်လေလောက်ပဲ သောက်တာကို..."
"အဲ့လိုတစ်ခါတစ်လေတောင်မသောက်နဲ့...
ဆေးလိပ်မဟုတ်ဘဲတခြားနည်းနဲ့ စိတ်ဖြေဖို့ကြိုးစားကြည့်ပါလား..."
"ဘာကိုစိတ်ဖြေရမှာလဲ..."
"မင်းစိတ်ရှုပ်နေတယ်မလား...
ငါသိတယ်..."
"အဲ့တော့...
ဆေးလိပ်လို စိတ်ဖြေဖို့ ရစ်မူးစရာကောင်းတာဘာရှိသေးလို့လဲ...
အရက်လား..."
"ဒါဆိုရင်ရော..."
ပြောပြောဆိုဆို သူ့နှုတ်ခမ်းတွေကိုရုတ်တရက် စုပ်ယူနမ်းရှိုက်သည့်ကောင်းကင်....
ဗလာဖြစ်သွားသော အတွေးတို့ကြောင့် သလင်းမြူ မတုံ့ပြန်ပေမယ့် ငြင်းဆန်ခြင်းလည်းမပြုပါ...
"ဘယ်လိုလဲ..."
အနမ်းကိုရပ်ကာ မေးသည့်ကောင်းကင်...
သလင်းမြူ ကောင်းကင်ရဲ့ဂုတ်ကိုဖက်တွယ်ကာ အနမ်းရှည်ကိုပြန်စတင်လိုက်သည်။
ဘယ်အချိန်မှာရပ်တန့်မယ်မှန်းမသိသည့် ရစ်မူးဖွယ်အနမ်းမြစ်မှာ သူတို့နှစ်ဦးကူးခတ်မိပါသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Zawgyi
"ငစစ္ မင္းအခြက္ကမေန႔ကနဲ႔မတူပါလား...
အေျခအေနေကာင္းလို႔လား မင္းရဲ႕ someone နဲ႔..."
"ေအး...
ငါစႏိႈက္စရာမလိုေတာ့ဘူး...
သူမွာခ်စ္သူမ႐ွိဘူးတဲ့..."
"ေကာင္းတာေပါ့... "
ဆရာမလာေသးသည့္အခ်ိန္မို႔ ေကာင္းကင္တို႔ေလေပါေနခ်ိန္ သလင္းျမဴကေတာ့ နားၾကပ္ကိုသာတပ္ၿပီး ပတ္ဝန္းက်င္ႏွင့္အဆက္အသြယ္ျဖတ္ထားသည္။
"အဲ့ someone ကဘယ္သူလဲ..."
"ေမးမေနနဲ႔ေတာ့ ဟိုမွာ..."
အခန္းအေနာက္ေပါက္ကေန ဝင္လာသည့္ ခက္သံစဥ္က သူတို႔႐ွိရာခုံေတြနားသို႔လာေနသည္။
"အခန္းထဲအထိလာတယ္ဆိုေတာ့ ေတာ္ေတာ္အေျခအေနေကာင္းတယ္ထင္တယ္..."
"ပါးစပ္ပိတ္ထား... "
ေျပာင္စပ္စပ္စေနသည့္ ေတဇတို႔အားလုံး မ်က္ေမွာင္က်ံဳ႕ေျပာသည့္ ေကာင္းကင္ေၾကာင့္ မ်က္ႏွာပိုးေတြသတ္ကုန္သည္။
ေကာင္းကင္ရဲ႕နားမွာ ခက္သံစဥ္ကရပ္လိုက္ၿပီး
"ေနေရာင္... "
ေကာင္းကင္မ်က္ေမွာင္ပိုက်ဳံ့လာသလို ေတဇတို႔မွာလည္းပါးစပ္အေဟာင္းသား...
ေကာင္းကင္ေဘးက သလင္းျမဴ ကေတာ့ဘာမွမၾကားဘဲၿငိမ္ေနဆဲ...
"ေနေရာင္..."
အတန္းထဲကမိန္းကေလးေတြလည္း သူတို႔ကိုစိတ္ဝင္တစားၾကည့္ေနၾကသည္။
"ထက္...
ထက္..!"
"ဟင္..."
စိုင္းစံသူ႔ကိုလာပုတ္မွ သလင္းျမဴ နာၾကပ္ကိုျဖဳတ္လိုက္သည္။
"ဟိုမွာ..."
စိုင္းစံေမးေငါ့ျပရာကို သလင္းျမဴလွည့္ၾကည့္လိုက္သည္။
"ဪ...
ခက္သံစဥ္... "
"ေနေရာင့္ကို ထီးျပန္လာေပးတာ...
ေက်းဇူးေနာ္... "
"အင္း..."
သလင္းျမဴ ခက္သံစဥ္ေပးသည့္ ေခါက္ထီးေလးကိုယူလိုက္သည္။
"ဟိုေလ...
New year ညက်ဘာလုပ္ဖို႔႐ွိလဲဟင္..."
မဝံ့မရဲေမးလာသည့္ သူမေမးခြန္းကိုသူ႔ေဘးမွေကာင္းကင္ကထေျဖသည္။
"ေနေရာင္က
New yearက် ငါနဲ႔႐ွိေနမယ္ေျပာၿပီသား...
သူမအားဘူး..."
"ငါဘယ္တုန္းကေျပာခဲ့လို႔လဲ.... "
ေကာင္းကင္သူ့ေဘးက ေၾကာင္ေတာင္ေတာင္ျဖစ္ေနသည့္ ေနေရာင့္ပုခုံးကိုဆြဲဖက္လိုက္သည္။
"မင္းေျပာခဲ့တယ္ေလ...
ငါ့အိမ္မွာပဲ အတူစားေသာက္ၾကမယ္ဆိုၿပီး....
ေမ့သြားတာလား..."
ေကာင္းကင္ ဘာျဖစ္ေနလဲ သလင္းျမဴ သေဘာေပါက္စြာ ျပဳံးလိုက္သည္။
"ဟုတ္သားပဲ....
ငါေမ့ေနတာ...
ကိုယ္တို႔သူငယ္ခ်င္းေတြအကုန္ ဒီေကာင့္အိမ္မွာစုၾကမွာ...
ခက္သံစဥ္လည္း သူငယ္ခ်င္းေတြေခၚၿပီးလာခဲ့ေလ..."
"မလာေတာ့ပါဘူး... "
"လာခဲ့ပါ..."
"ေနေရာင္ေရာ႐ွိမွာလား..."
"႐ွိမွာေပါ့....
ဒီေကာင့္အိမ္နဲ႔ကိုယ့္အိမ္ကမ်က္ႏွာခ်င္းဆိုင္ပဲ..."
"လိပ္စာက..."
"ခက္ရဲ႕ဖုန္းေပး..."
သလင္းျမဴ သူမရဲ႕ဖုန္းကိုယူကာ သူ႔ဖုန္းနံပါတ္ကိုေခၚဆိုလိုက္သည္။
"ကိုယ္လိပ္စာကို message ပို႔လိုက္မယ္..."
"အင္း...
အဲ့တာဆိုသြားေတာ့မယ္..."
လက္ျပကာ သူမထြက္သြားေတာ့ သလင္းျမဴ ဖုန္းကို ေကာင္းကင္ဆီေပးလိုက္သည္။
"အဲ့မွာဖုန္းနံပါတ္...
တစ္ဝိုင္းေနာ္..."
သလင္းျမဴ ေတဇတို႔ႏွင့္ လက္ဝါးခ်င္း႐ိုက္ကာ ရယ္ေနေပမယ့္ ေကာင္းကင္ရဲ႕မ်က္ႏွာကေတာ့ ပို၍မိႈင္းလာသည္။
"ငါ့အတြက္ ခက္သံစဥ္ရဲ႕ဖုန္းနံပါတ္ကိုယူလိုက္တာေပါ့..."
"အင္းေလ...
မင္းအတြက္မဟုတ္ရင္ငါကသူ႔ဖုန္းနံပါတ္ယူၿပီးဘာလုပ္ရမွာလဲ..."
"မလုပ္နဲ႔..."
"ဟမ္..."
"ခက္သံစဥ္ နဲ႔ထပ္ၿပီးမပတ္သက္နဲ႔...."
"ေဟ်ာင့္ မင္းအခုသဝန္တိုေနတာလား..."
"အင္း...
သဝန္တိုတယ္....
မင္းနဲ႔သူနဲ႔ရင္းႏွီးတာကိုငါမႀကိဳက္ဘူး..."
ဒီတစ္ခါေတဇတို႔တိတ္ေနသေလာက္ မ်က္ႏွာပ်က္သြားသူက သလင္းျမဴ...
"မင္းငါ့ကိုမယုံတာလား...
သူငယ္ခ်င္းႀကိဳက္ေနတဲ့ေကာင္မေလးကိုျဖတ္ခုတ္မယ့္အထဲမွာငါမပါဘူး..."
"ငါအဲ့လိုဆိုလိုတာမဟုတ္ဘူး...
ေနေရာင္...."
"........"
သလင္းျမဴ နားၾကပ္ကိုသာျပန္တပ္ၿပီး ေကာင္းကင္ကိုအေရးမလုပ္ေတာ့ဘဲ volume ျမႇင့္လိုက္သည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"ေနေရာင္...."
"......."
"ေနေရာင္....
ငါမွားသြားပါတယ္ကြာ....
ငါမင္းကိုမယုံလို႔မဟုတ္ပါဘူး...."
"......."
ေဘးကေနတတြတ္တြတ္ေျပာေနသည့္ ေကာင္းကင္ကိုမ႐ွိသလိုပင္ သလင္းျမဴ laptop တစ္လုံးႏွင့္ power point ေတြလုပ္ရင္းအလုပ္႐ႈပ္ေနသည္။
"ေနေရာင္...."
"........"
"........"
အခ်ိန္အေတာ္ျကာေအာင္ တိတ္ဆိတ္သြားေသာေၾကာင့္သလင္းျမဴ ေဘးကိုလွည့္ၾကည့္လိုက္သည္။
သူ႔ကိုၾကည့္လ်ွက္မ်က္ရည္ေတြစီးက်ေနသည့္ ေကာင္းကင္.....
သလင္းျမဴ ဘာလုပ္ရမွန္းမသိေအာင္ျပာသြားသည္။
"ဘာလို႔ငိုေနရတာလဲ..."
"မင္းငါ့ကိုအဲ့လိုအေရးမလုပ္ဘဲမေနပါနဲ႔ကြာ....
ငါအရမ္းဝမ္းနည္းလို႔ပါ..."
သလင္းျမဴ အျမန္ေကာင္းကင္ရဲ႕မ်က္ရည္ေတြသုတ္ေပးလိုက္ေတာ့ လူကိုအတင္းဖက္လာသည္။
"မငိုနဲ႔ေတာ့...
မေခၚလို႔ငိုရေအာင္ မင္းကကေလးလား..."
"မသိဘူး...."
"လႊတ္ဦး...."
"ေတာင္းပန္ပါတယ္...
အရင္ကငါမင္းကိုေျပာခဲ့မိတာေတြအတြက္..."
"ရပါတယ္...
ငါမွတ္ေတာင္မမွတ္မိေတာ့ဘူး..."
"မင္းအရင္လိုမဟုတ္ေတာ့သလို...
ငါလည္းအရင္လိုမဟုတ္ေတာ့ဘူး..."
သူ႔မ်က္ဝန္းေတြကိုေသေသခ်ာခ်ာၾကည့္ကာ ေလးနက္စြာ ေကာင္းကင္ဆိုသည္။
"ငါေနာက္ထပ္ဘယ္ေတာ့မွ အရင္ကလို မင္းကိုရင့္ရင့္သီးသီးဆက္ဆံမွာမဟုတ္ေတာ့ဘူး...
ငါအခုနားလည္ေနၿပီ...
မင္းကငါ့အတြက္အရမ္းအေရးပါတယ္..."
တစ္မ်ိဳးႀကီးျဖစ္ေနသည့္ေကာင္းကင္စကားကို သလင္းျမဴေထြေထြထူးထူးစဥ္းစားမေနဘဲ ေခါင္းညိတ္ရင္းသာရယ္လိုက္သည္။
Jonny နဲ႔ Anny ကိုသလင္းျမဴနဲ႔ေကာင္းကင္အတူေရခ်ိဳးေပးရင္းျခံထဲမွာဆူညံေနၾကသည္။
ေရပိုက္ကိုယ္စီႏွင့္ တစ္ေယာက္ကိုတစ္ေယာက္ပက္လိုက္ ေခြးႏွစ္ေကာင္ကေရေတြခါထုတ္လိုက္ႏွင့္ ႏွစ္ေယာက္လုံးလည္းစိုရႊဲေနေပၿပီ။
ေခြးႏွစ္ေကာင္ကိုဆပ္ျပာတိုက္ေပးၿပီး ႐ုန္းေနတာေၾကာင့္ သလင္းျမဴႏွစ္ေကာင္လုံးကို သိမ္းက်ံဳးဖက္ထားရာ ေကာင္းကင္က ေရႏွင့္ေလာင္းေလသည္။
ေခြးႏွစ္ေကာင္ႏွင့္ေအာ္ဟစ္ရယ္ေမာေနသည့္ သူတို႔ႏွစ္ေယာက္ကို အန္တီျမတို႔ကေတာ့ ၾကည့္ကာရယ္ၾကေပမယ့္ တစ္စုံတစ္ေယာက္ကေတာ့မရယ္ႏိုင္...
ေရပိုက္လုရင္း ဆြဲဖက္လိုက္သည့္ ေကာင္းကင္ရင္ခြင္ထဲကိုေရာက္ေနေသာ သလင္းျမဴကိုၾကည့္ရင္း ဘုန္း႐ွိန္ဝါထက္ ေမး႐ိုးေတြေထာင္တက္လာေအာင္ကို အံႀကိတ္ထားေလသည္။
အန္တီျမယူေပးသည့္ တဘတ္ေတြႏွင့္ ေရသုတ္ၾကၿပီး ေကာင္းကင္ကိုခုံမွာထိုင္ေစကာ ေရမေျပာင္ေသးသည့္ ေခါင္းကိုသလင္းျမဴကေသခ်ာသုတ္ေပးသည္။
ျပဳံးရင္းငယ့္ကိုေမာ့ၾကည့္ေနသည့္ စစ္ေကာင္းကင္နိုင္ကို ဘုန္း႐ွိန္ဝါထက္ ဆြဲထိုးပစ္ခ်င္စိတ္ကိုထိန္းကာ လက္သီးကိုသာ က်စ္က်စ္ပါေအာင္ဆုပ္ထားသည္။
သလင္းျမဴ အက်ႌေတြခြၽတ္လဲေနတုန္း lock ခ်ဖို႔ေမ့ေနသည့္ အခန္းတံခါးမွ တစ္စုံတစ္ေယာက္ဝင္လာသည္။
ၾကယ္သီးမတပ္ရေသးသည့္ shirt အက်ႌကိုအေနာက္မွေဆာင့္ဆြဲကာခြၽတ္ပစ္ခံလိုက္ရေသာေၾကာင့္ သလင္းျမဴအလန္႔တၾကားလွည့္ၾကည့္မိသည္။
"ခင္ဗ်ားဘာလို႔ဝင္လာတာလဲ..."
"ငယ္..."
ဗလာျဖစ္ေနသည့္ သူ႔အေပၚပိုင္းကိုၾကည့္ေနေသာ ဘုန္း႐ွိန္ဝါထက္ေၾကာင့္ သလင္းျမဴ ၾကမ္းျပင္ေပၚမွ shirt ကိုအျမန္ေကာက္ကာ ဝတ္လိုက္သည္။
ၾကယ္သီးတပ္ေနတုန္းမွာပဲ သူ႔ႏႈတ္ခမ္းကိုလာငုံ႔နမ္းရန္ျပင္ေနရာ သလင္းျမဴ အေနာက္ကိုဆုတ္လိုက္သည္။
နံရံႏွင့္ေက်ာကပ္သြားခ်ိန္မွာေတာ့ ၾကယ္သီးလည္းအျပည့္တပ္ၿပီးသြားၿပီျဖစ္ရာ သလင္းျမဴ အနားကပ္လာသည့္ ဘုန္း႐ွိန္ဝါထက္ကို မလိုလားဟန္ၾကည့္ေလသည္။
"စစ္ေကာင္းကင္ႏိုင္နဲ႔ပူးကပ္မေနနဲ႔ ငယ္ေလး...
ကိုယ္မႀကိဳက္ဘူး...."
"ခင္ဗ်ားမႀကိဳက္တာနဲ႔ကြၽန္ေတာ္ကမလုပ္ရေတာ့ဘူးလား..."
"ဘယ္လိုေလသံနဲ႔ေျပာေနတာလဲငယ္...
ကိုယ္မႀကိဳက္ရင္ ငယ္မလုပ္ရဘူးေလ..."
"႐ူးေနလား...
ခင္ဗ်ားကဘာမို႔လို႔လဲ...."
ပါးကိုလာထိသည့္ ဘုန္း႐ွိန္ဝါထက္လက္ကို သလင္းျမဴ ပုတ္ထုတ္လိုက္ေတာ့ ခ်က္ခ်င္းဆိုသလို ေခါင္းကိုခ်ဳပ္ကာ ႏႈတ္ခမ္းကိုနမ္းလာေလသည္။
သလင္းျမဴ ျငင္းဆန္ေပမယ့္အရာမထင္ဘဲ ပိုၾကမ္းတမ္းလာရာ ဆက္မ႐ုန္းေတာ့ဘဲ ျပန္နမ္းဟန္ျပဳၿပီး ဘုန္း႐ွိန္ဝါထက္ႏႈတ္ခမ္းေတြကိုကိုက္ခ်လိုက္သည္။
"အ...."
ေသြးထြက္ကာ ဘုန္း႐ွိန္ဝာထက္ႏႈတ္ခမ္းေတြလြတ္ထြက္သြားေတာ့ ရင္ဘက္ကိုအားကုန္တြန္းပစ္လိုက္သည္။
စူးစူးရဲရဲစိုက္ၾကည့္လာသည့္ ဘုန္း႐ွိန္ဝါထက္ မ်က္ဝန္းေတြေနာက္ သလင္းျမဴ လုပ္ရပ္မွားသြားၿပီမွန္းနားလည္လိုက္ကာ အခန္းအျပင္ေျပးထြက္ေပမယ့္ ေနာက္က်သြားသည္။
ပုခုံးကေနေဆာင့္ဆြဲခံလိုက္ရၿပီး အိပ္ရာထက္ကိုပစ္လွဲကာ အေပၚမွတက္ဖိသူ...
"ကိုယ့္ကိုဒီလိုေတြလာလုပ္ေတာ့ အျပစ္ေပးရေတာ့မွာေပါ့..."
လက္ႏွစ္ဖက္ကိုေခါင္းရင္းပို႔ကာ ခ်ဳပ္ကိုင္ၿပီး ႏႈတ္ခမ္းေတြကိုလာကိုက္ရာ သလင္းျမဴနာေတာ့ ပါးစပ္ဟမိသြားျပီး ခံတြင္းထဲကိုဝင္လာသည့္ သူ႔ရဲ႕လ်ွာ...
မလိုခ်င္စြာသလင္းျမဴ ေခါင္းကိုရမ္းေပမယ့္ ေမး႐ိုးကိုသူ႔လက္ဖဝါးႀကီးနဲ႔ခ်ဳပ္ကိုင္လိုက္ေလသည္။
အသက္႐ွဴက်ပ္စြာ မ်က္ရည္ေတြစီးက်ရင္း သူ႔ရဲ႕ေအာ္ဟစ္သံေတြကလည္း လည္ေခ်ာင္းထဲတြင္သာေပ်ာက္ဆုံးကုန္သည္။
ပိတ္ထားသည့္ လိုက္ကာစေတြေၾကာင့္ တစ္ဖက္မွ ေကာင္းကင္လည္းသူ႔ထံေရာက္လာႏိုင္မည္မဟုတ္...
ခံတြင္းဆီကေနတပ္ဆုတ္သြားသည့္ အနမ္းေတြက ပါးျပင္ႏွင့္ပါး႐ိုးတေလ်ွာက္ ေျပးလႊားကာ လည္တိုင္ကို ဝပ္စင္းေလသည္။
ဆြဲျဖဳတ္ခံလိုက္ရသည့္ အက်ႌၾကယ္သီးအခ်ိဳ႕က ၾကမ္းျပင္ေပၚ ျပန္႔ၾကဲကုန္သည္။
ညႇပ္႐ိုးကိုကိုက္လိုက္ရာ သလင္းျမဴ ေမာဟိုက္ေနသည့္ၾကားမွ အားတင္းကာစကားဆိုမိသည္။
"ဒီလိုေတြလုပ္ေနမယ့္အစား ကြၽန္ေတာ့္ကိုအေသသတ္လိုက္ပါ..."
"........"
ၿငိမ္သက္သြားသည့္လႈပ္႐ွားမႈေတြေနာက္ ခ်ဳပ္ကိုင္ထားသည့္လက္ေတြေျပေလ်ာ့ကာ ပါးျပင္ထက္ကမ်က္ရည္စေတြကိုသုတ္ဖယ္ေပးျပန္သည္။
"လိမၼာပါ ငယ္...
ကိုယ္လူယုတ္မာမျဖစ္ခ်င္ဘူး...."
အခန္းထဲမွျပန္ထြက္သြားသည့္ေျခသံႏွင့္ တံခါးပိတ္သံအဆုံးမွာေတာ့ သလင္းျမဴ လက္ကိုကိုက္ကာ ငိုေႂကြးမိသည္။
ကြၽန္ေတာ္ခင္ဗ်ားကိုေၾကာက္တယ္ ဘုန္း႐ွိန္ဝါထက္.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
မီးပုံဖိုျပီး new year ညကိုျဖတ္သန္းဖို႔ ေသာက္စရာ beer, wine, အခ်ိဳရည္ မုန္႔အစ႐ွိသျဖင့္ ဝယ္ရန္ market ကိုသလင္းျမဴႏွင့္ေကာင္းကင္ေရာက္ေနသည္။
တြန္းလွည္းကိုေကာင္းကင္ကတြန္းၿပီး သလင္းျမဴက လိုအပ္သည္တို႔ကို ႐ွာကာထည့္ေလသည္။
ဆြယ္တာအနက္ေရာင္ေအာက္မွ တစ္စြန္းတစ္စျမင္ေနရသည့္ ခပ္နီနီလည္တိုင္ႏွင့္ မို႔ေနသည့္ မ်က္ဝန္းေတြကို ေကာင္းကင္သတိထားမိေပမယ့္ မေမးရက္စြာ ၿမိဳသိပ္ထားသည္။
သူေမးလိုက္ရင္ ပ်က္ယြင္းသြားမည့္ေနေရာင့္မ်က္ႏွာကို မျမင္လိုပါ။
အလုပ္ကလူေတြနဲ႔ကိုယ္စီခရီးထြက္သြားသည့္ ေကာင္းကင္အေဖနဲ႔အေမကလည္းအိမ္မွာ႐ွိမေနေသာေၾကာင့္ သူတို႔လူငယ္ေတြအတြက္လြတ္လပ္ခြင့္ေပးထားသလိုပင္။
Delivery ႏွင့္လာပို႔သည့္ အစားအေသာက္ေတြေရာက္ၿပီး ေတဇတို႔စိုင္းစံတို႔ပါေရာက္လာၾကသည္။
အလင္းေရာင္ေပ်ာက္သည္ႏွင့္ မီးပုံဖိုရန္လုပ္ၾကေတာ့ ခက္သံစဥ္ႏွင့္ မိန္းကေလး ေလးေယာက္ေရာက္လာသည္။
က်န္မိန္းကေလးေလးေယာက္က စိုင္းစံတို႔ႏွင့္ စကားေျပာရယ္ေမာေနေပမယ့္ ခက္သံစဥ္ကေတာ့ သလင္းျမဴအနားမွာသာကပ္ေနသည္။
"ဟိုဘက္ျခံက ေနေရာင့္ရဲ႕အိမ္ေပါ့..."
"အင္း ဟုတ္တယ္...."
"အိမ္ခ်င္းကမ်က္ႏွာခ်င္းဆိုင္ဆိုေတာ့
ေနေရာင္က စစ္ေကာင္းကင္ႏိုင္နဲ႔ငယ္ငယ္ကတည္းကခင္တာေပါ့"
"ဆိုပါေတာ့..."
"ခင္႐ုံတင္ဘယ္ဟုတ္မလဲ ေနေရာင့္က ငါ့ကိုအရမ္းခ်စ္တာ..."
သူ့ပါးကိုဆြဲကာ စစ္ေကာင္းကင္ႏိုင္ ဝင္ေဖာက္ျပန္ၿပီ...
မိန္းကေလးေတြကို wine ေလာက္သာေသာက္ေစၿပီး မီးပုံေဘးဝိုင္းဖြဲ႔ကာ သူတို႔ေယာက္်ားေလးေတြကေတာ့ beer ေရာ wisky ပါခ်သည္။
"ေနေရာင့္မွာ ရည္းစားမ႐ွိဘူးလား..."
"႐ွိတယ္..."
ဝင္ေျပာျပန္သည့္ ေကာင္းကင္....
"ဘယ္သူလဲ..."
"ငါေလ..."
သလင္းျမဴ ပုခုံးေပၚမွီလာသည့္ ေကာင္းကင္ေခါင္းမွဆံပင္ေတြကို အားရပါးရဆြဲပစ္လိုက္သည္။
"အား...!
ေနေရာင္ နာတယ္ဟ..."
"နာေအာင္လုပ္တာ..."
"လုပ္ပါ...
မင္းလုပ္ရင္ငါခံရမွာေပါ့..."
"ဘာစကားႀကီးလဲဟ..."
"ဘာစကားမို႔လို႔လဲ...
မင္းဆံပင္ဆြဲရင္လည္း ငါအဆြဲခံပါမယ္လို႔ ေျပာတာကို...
ေကာင္ေလးတစ္ေယာက္ဘာမဟုတ္တာေတြေတြးေနလဲမသိဘူး..."
အမွတ္မ႐ွိသြားစျပန္ေတာ့ တဖုန္းဖုန္း အထုခံရျပန္သည္။
သူတို႔ႏွစ္ေယာက္နားမွာ ခက္သံစဥ္ကေတာ့ third wheel လိုပင္....
သလင္းျမဴ ရဲ႕ guitar ကိုစိုင္းစံကတီးေပးၿပီး သီခ်င္းဆိုျကသည္။
မေမာႏိုင္မပန္းႏိုင္တစ္ပုဒ္ၿပီး တစ္ပုဒ္ဆိုေနၾကသည့္ ၾကားမွာ သလင္းျမဴကေတာ့ beer ႏွင့္ wisky ကိုေရာေသာက္ကာ မီးပုံကိုသာေငးစိုက္ၾကည့္ရင္းၿငိမ္ေနသည္။
"5!
4!
3!
2!
1!
Happy New Year!!!!!"
"Woo!"
ေတဇတို႔ဝယ္လာသည့္ မီး႐ွဴးပန္းဘူးႀကီးေတြကို ေသခ်ာမီးညိွလိုက္ေတာ့ ေရာင္စုံ မီးပန္းေတြက ေကာင္းကင္ထက္လွပစြာ...
တစ္စြန္းတစ္ၾကားရသည့္ သူတို႔လို အဖြဲ႔မ်ား၏အသံေတြႏွင့္ မီးပန္းေတြက ေနရာအႏွံ႔...
ခက္သံစဥ္တို႔ျပန္သြားၿပီး ေတဇတို႔ကေတာ့ ေကာင္းကင္အိမ္မွာသာအိပ္ၾကသည္။
အတင္းမျပန္ခိုင္းဘဲ သူနဲ႔အိပ္ခိုင္းေနသည့္ေကာင္းကင္ေၾကာင့္ သလင္းျမဴလည္းမျပန္။
ေတဇတို႔ကေဘးခ်င္းကပ္ အခန္းမွာအိပ္ေသာေၾကာင့္ ေသာက္ထားသည့္အ႐ွိန္ႏွင့္ ဒင္းေကာင္ေတြအကုန္လုံး ေဟာက္သံေတြေတာင္ၾကားေနရသည္။
သလင္းျမဴ လည္းေကာင္းကင္ရဲ႕နံေဘး အိပ္ရာေပၚမွာ အေတာ္ၾကာေအာင္ လွဲေနခဲ့ေပမယ့္ အိပ္မေပ်ာ္ႏိုင္ေသာေၾကာင့္ ဝရန္တာထြက္ကာ ေဆးလိပ္ကိုမီးညိွလိုက္သည္။
အေငြ႔ေတြကိုမႈတ္ထုတ္ရင္း တစ္ဖက္အိမ္သူ့အခန္းရွိရာကိုလွမ္းၾကည့္ေတာ့ တစ္အိမ္လုံးတိတ္ဆိတ္ေနသည္။
ႏွစ္သစ္ကူးညဆိုေတာ့ ဘုန္း႐ွိန္ဝါထက္လည္း နန္းစံထိုက္နဲ႔႐ွိေနမွာေပါ့...
"ေဆးလိပ္မေသာက္ပါနဲ႔လား..."
ဘယ္အခ်ိန္ကထလာၿပီး အနားေရာက္ေနလဲမသိသည့္ ေကာင္းကင္ရဲ႕အသံေၾကာင့္ သူလန္႔ကာ တုန္ေတာင္သြားသည္။
"ေဆးလိပ္ျဖတ္လိုက္ေတာ့ ေနေရာင္... "
"ျဖတ္ရေအာင္ ငါကစြဲေနတာမွ မဟုတ္တာ....
တစ္ခါတစ္ေလေလာက္ပဲ ေသာက္တာကို..."
"အဲ့လိုတစ္ခါတစ္ေလေတာင္မေသာက္နဲ႔...
ေဆးလိပ္မဟုတ္ဘဲတျခားနည္းနဲ႔ စိတ္ေျဖဖို႔ႀကိဳးစားၾကည့္ပါလား..."
"ဘာကိုစိတ္ေျဖရမွာလဲ..."
"မင္းစိတ္႐ႈပ္ေနတယ္မလား...
ငါသိတယ္..."
"အဲ့ေတာ့...
ေဆးလိပ္လို စိတ္ေျဖဖို႔ ရစ္မူးစရာေကာင္းတာဘာ႐ွိေသးလို႔လဲ...
အရက္လား..."
"ဒါဆိုရင္ေရာ..."
ေျပာေျပာဆိုဆို သူ႔ႏႈတ္ခမ္းေတြကို႐ုတ္တရက္ စုပ္ယူနမ္း႐ိွဳက္သည့္ေကာင္းကင္....
ဗလာျဖစ္သြားေသာ အေတြးတို႔ေၾကာင့္ သလင္းျမဴ မတုံ႔ျပန္ေပမယ့္ ျငင္းဆန္ျခင္းလည္းမျပဳပါ...
"ဘယ္လိုလဲ..."
အနမ္းကိုရပ္ကာ ေမးသည့္ေကာင္းကင္...
သလင္းျမဴ ေကာင္းကင္ရဲ႕ဂုတ္ကိုဖက္တြယ္ကာ အနမ္း႐ွည္ကိုျပန္စတင္လိုက္သည္။
ဘယ္အခ်ိန္မွာရပ္တန္႔မယ္မွန္းမသိသည့္ ရစ္မူးဖြယ္အနမ္းျမစ္မွာ သူတို႔ႏွစ္ဦးကူးခတ္မိပါသည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Bạn đang đọc truyện trên: Truyen247.Pro