Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-26 ( expired)

Unicode

"ဖေဖေ..."

သူ့အရှေ့မှာရပ်နေတဲ့ဖေဖေက သူ့မှတ်ဉာဏ်ထဲကအတိုင်း နုပျိုနေဆဲ....

သူ့ကိုရပ်ကြည့်နေတဲ့ ဖေဖေ့ဆီသူပြေးသွားတယ်....

ဒါပေမယ့်သူဘယ်လောက်ပြေးပြေး မရောက်နိုင်ဘူး....

ဖေဖေသူ့ကိုကြည့်နေတဲ့မျက်ဝန်းတွေကမျက်ရည်တွေနဲ့....

"ငယ်! ကိုက့ိုဆီလာလေ!"

အသံလာရာကိုလှည့်ကြည့်မိတော့ သူ့ကိုလက်ကမ်းပြနေတဲ့ကိုကို....

သူအနောက်ကိုပြန်ကြည့်ချိန်မှာ ဖေဖေကမရှိတော့....
တစ်ဖက်ကိုပြန်လှည့်တော့လည်း ကိုကိုကပါမရှိတော့ချေ။

"ဖေဖေ....
ဖေဖေ!
ကိုကို!"

သူဘယ်လိုပဲခေါ်နေပါစေ ဘယ်သူ့ကိုမှမတွေ့ရ။

ဒီနေရာကြီးကအေးစက်ပြီးမှောင်နေတယ် တစ်ချက်တစ်ချက်ဘယ်ကမှန်းမသိတဲ့အော်သံတွေကလည်းကြားနေရတယ်....

"ကိုကို.....
သားကြောက်တယ်...."

သူတုန်လှုပ်စွာပဲ ငိုကြွေးမိတော့..

"နေရောင်..."

ဘယ်ကလာတဲ့အသံလည်းသူရှာဖွေသည်။

"နေရောင်...
ထပါတော့ကွာ...
ငါ့ဆီပြန်လာပါ......."

တိုးသဲ့သဲ့ရှိုက်သံကိုကြားရပြီး အေးစက်နေသောသူ့လက်ဖဝါးကနွေးထွေးလာသလိုပင်....

"ကောင်းကင်လား....."

သူလှုပ်နှိုးခံလိုက်ရသလို ဆတ်ကနဲလက်တွေ့ဘဝထဲကိုပြန်ဆွဲယူခံလိုက်ရသည်။

စူးလွန်းတဲ့အလင်းရောင်ကြောင့် မျက်ဝန်းတွေကိုပြန်မှိတ်ချလိုက်သည်။

"နေရောင်...
သတိရလာပြီလား....
ဘယ်နေရာကနာသေးလဲ..."

သူ့လက်ကိုဆုပ်ကိုင်လျှက်နံဘေးမှာရှိနေတာ စစ်ကောင်းကင်နိုင်....
နှာခေါင်းနှင့် ပါးစပ်ကိုအုပ်ထားပေးသည့် oxygen ကိုသူဖယ်ပစ်လိုက်သည်။

"မင်းငိုနေတာလား.... "
"ဟင်...
ငါငိုနေတာလား..."

အခုမှမျက်ရည်တွေကို ကောင်းကင်က ပြာပြာသလဲသုတ်လေသည်။

"ငါ့ကိုဆေးရုံပေါ်မင်းခေါ်လာတာလား.."
"ငါမဟုတ်ဘူးလေ...
ငါတေဇတို့နဲ့သောက်ပြီး အိမ်ပြန်ရောက်တုန်းဘဲရှိသေးတယ် မင်းဆီကဖုန်းဝင်လာတာ...
ဖုန်းခေါ်တဲ့သူကယောက်ျားလေးသံဆိုပေမယ့် မင်းအသံမဟုတ်ဘူး...
မင်းဒီဆေးရုံအရေးပေါ်ခန်းထဲရောက်နေတယ်လို့အဲ့လူကပြောလို့ ငါရောက်လာတာ..."
"အခုဘယ်နှနာရီလဲ...."
"ည 1 နာရီ...."
"ငါ့ဖုန်း..."
"ဒီမှာ..."

ကိုကို့ဆီမှ Missed call ပေါင်းများစွာကိုတွေ့ရသည်။

"အဲ့လူဖုန်းကို ငါမကိုင်ချင်လို့မကိုင်ထားဘူး..."

ခေါင်းငုံ့ကာဝန်ခံသည့်ကောင်းကင်က အပြစ်လုပ်မိထားသည့်ကလေးတစ်ယောက်လို...

"ကောင်းတယ်...
ငါလည်းမကိုင်ချင်ဘူး..."
"တကယ်လား..."
"အင်း...
မင်းမအိပ်ရသေးဘူးလား...
မျက်ကွင်းတွေကပိုမဲလာသလိုပဲ...."
"အိပ်မပျော်ဘူး...."
"ကုတင်ပေါ်တက်ခဲ့..."
"လူနာကုတင်ပေါ်တက်လို့မရဘူးလေ..."
"ဘယ်သူမှမြင်တာမဟုတ်ဘူး....
တက်ခဲ့စမ်းပါ..."

အပြင်ကိုချောင်းကြည့်ကာ ဟနေသည့် လိုက်ကာစကိုပိတ်ပြီး ကောင်းကင်ကကုတင်ပေါ်ရောက်လာသည်။

"ငါ့ဘေးမှာလှဲလိုက်..."

သူ့ဘေးမှာကောင်းကင်ကဘေးတစောင်းလေးဝင်လှဲလေသည်။

"မျက်လုံးမှိတ်ထား....
ဘာမှမစဉ်းစားနဲ့...."
"မရဘူး...
ငါမစဉ်းစားပေမယ့် မျက်စိပိတ်တာနဲ့ပေါ်လာကြတာ...
ငါ depression ဝင်နေတယ်ထင်တယ်..."
"ငါ့လက်ကိုကိုင်ပြီးအိပ်ကြည့်ပါလား...
မင်းပဲငါ့လက်ကိုင်ရတာသဘောကျတယ်ဆို.."
"အင်း ကြိုးစားကြည့်မယ်...."
"စိတ်ကိုလျော့ချလိုက်...."

သူပြောသည့်အတိုင်း လိုက်နာရင်း သက်ပြင်းချလိုက်သည့် ကောင်းကင်က တဖြည်းဖြည်း အသက်ရှူသံတွေကျယ်လာသည်။

"ကောင်းကောင်းအိပ်ပျော်သွားပြီပဲ....
Good night... "

ရုတ်တရက် လိုက်ကာကိုဖွင့်ကာ ဝင်လာသည့် တာဝန်ကျ ဆရာဝန်....

"လူနာကုတင်ပေါ်ဒီလိုတက်အိပ်လို့မရဘူးလေ..."

ကောင်းကင်ကိုနှိုးရန်ပြင်နေသည့် ဆရာဝန်ကို သလင်းမြူတားလိုက်သည်။

"ကျေးဇူးပြုပြီး မနှိုးပါနဲ့....
သူအိပ်ရေးပျက်ထားတာ....
နေမကောင်းဖြစ်မှာစိုးရိမ်လို့ပါ....
တောင်းဆိုပါတယ်.... "
"လူနာတောင်းဆိုတော့ ခွင့်ပြုပေးလိုက်ပါ့မယ်..."

သူ့နှလုံးခုန်နှုန်းကို ဆရာဝန်ကစစ်ဆေးသည်။

"ပုံမှန်ပြန်ဖြစ်သွားပြီပဲ...
အသက်ရှူရအဆင်ပြေရဲ့လား..."
"ဟုတ်ကဲ့...."
"ဆေးရုံကိုခေါ်လာပေးသွားတဲ့လူက တောင်းဆိုလို့ ပင်ပန်းပြီး shock ဖြစ်သွားတာလို့ပဲ လူနာစောင့်ကိုပြောထားတယ်...."
"ကျွန်တော့်ကို ဆေးရုံခေါ်လာပေးတာ ဘယ်သူလဲ..."
"အသက် 30 အရွယ်ယောက်ျားတစ်ယောက်ပဲ..
လူနာနဲ့ပတ်သက်တဲ့ ကိုယ်ရေးအချက်အလက်တွေဖြည့်ပေးပြီး..
မွေးရာပါရောဂါရှိကြောင်းလည်းပြောတယ်...
Operation room ထဲကနေရွေ့ပေးပြီး ဒီလူနာစောင့်ရောက်လာတော့ အဲ့လူကိုမတွေ့ရတော့ဘူး..."
"ဘယ်သူများပါလိမ့်....."

သလင်းမြူ ခပ်တွေတွေဖြစ်သွားသည်။

"စိတ်ရှုပ်စရာတွေရှိနေတဲ့ပုံပဲ...
ကိုယ့်ရောဂာအခြေအနေကိုယ်သိမှာပေါ့
အရမ်းစိတ်ထိခိုက်စေမယ့်ဟာတွေ ပင်ပန်းတာတွေမလုပ်ပါနဲ့...
မနက်ကျရင်တော့ ဆေးရုံကဆင်းလို့ရပါပြီ..."
"ကျေးဇူးတင်ပါတယ်... "

ဆရာဝန်ပြန်ထွက်သွားတော့ သလင်းမြူ ထိုင်နေရာမှ ပြန်လှဲအိပ်ရင်း ကောင်းကင်ကိုပါ စောင်ခြုံပေးလိုက်သည်။

🎶📲 phone rings.....

နိုင်ငံခြားမှ နံပါတ်တစ်ခုဖြစ်သည့်အတွက် ဘယ်သူလဲဆိုတာ သူသိလိုက်ပြီး အမြန်ကိုင်လိုက်သည်။

"Hello"
"သက်သာသွားပြီလား...
စစ်ရောမင်းဆီရောက်လာလား..."
"ငါ့ကိုဆေးရုံပို့ပေးခဲ့တာ မင်းလား..."
"ငါကအခု Korea မှာ....
မင်းကိုဆေးရုံပို့ပေးခဲ့တာ ငါလွှတ်ထားတဲ့လူ..."
"မင်းငါ့ကိုစောင့်ကြည့်ဖို့ stalker လွှတ်ထားတာလား..."
"အင်း..."
"ငါ့ကိုမယုံလို့လား..."
"မယုံတာမဟုတ်ပေမယ့်...
စိတ်မချလို့...
ငါ့ပထွေးနဲ့ မင်းရဲ့ပတ်သက်မှုကိုငါသိပြီးပြီ..."
"ဘာပတ်သက်မှုလဲ......."
"ငါ့ပထွေးနောက်ကြောင်းကိုလိုက်ရင်း မင်းရဲ့မွေးစားအစ်ကိုလို့သိရတယ်...
ဒါပေမယ့်....
ငါ့လူ ပို့ပေးတဲ့မင်းတို့နှစ်ယောက်ပုံတွေနဲ့ ဘိုးတော်ငါရှေ့ရောက်လာပြီးသောင်းကျန်းသွားတာကို ချိတ်ဆက်ကြည့်မိတော့....
မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ညီအစ်ကိုထက်ပိုတာပဲ...."
"........"
"ငါမင်းကိုစေတနာနဲ့သတိပေးလိုက်မယ်...
မင်းငါ့ပထွေးနဲ့မပတ်သက်နဲ့တော့...
ငါယောက်ျားပေါင်းများစွာကိုတွေ့ဖူးတယ်....
အဲ့အထဲမှာမှ ငါ့ပထွေးကရွံစရာအကောင်းဆုံးနဲ့ကြောက်စရာအကောင်းဆုံးပဲ...
သူလိုချင်တဲ့နေရာရောက်ဖို့ ငါ့အမေကိုအသုံးချခဲ့တဲ့သူ...
အဆုံးမှာ....
မင်းပဲထိခိုက်ရလိမ့်မယ်...."
"မပူပါနဲ့...
မင်းမပြောလည်း ငါသူနဲ့အဆုံးသတ်တော့မှာ..."
"တော်တယ်...
နောက်တစ်ခါထပ်ပြီး ဒီလိုတွေထပ်မလုပ်နဲ့...
မင်းတစ်ခုခုဖြစ်သွားရင် ငါပြဿနာတက်လိမ့်မယ်..."
"အင်း..."

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ကောင်းလိုက်တာ....
ဒီဆိုင်က မြီးရှည်ကို ငါအကြိုက်ဆုံးပဲ..."

အိပ်ရေးဝသွား၍ လန်းနေသည့် ကောင်းကင်က ဆေးရုံကအပြန် လမ်းဘေးမြီးရှည်ဆိုင်လေးတစ်ခုကိုဝင်ကာ သူ့ကို မနက်စာစားခိုင်းသည်။

အိမ်ရှေ့ကိုရောက်တော့ ခြံထဲဝင်တော့မည့် သူ့လက်ကိုကောင်းကင်က ဆွဲထားလေသည်။

"ငါလိုက်ခဲ့ရမလား...."
"မလိုက်ခဲ့နဲ့..
ငါနားချင်တယ်...."
"အင်းပါ...
လိုက်ကာကိုဖွင့်ထားနော်..."

သလင်းမြူ ပြန်မဖြေတော့ဘဲ လက်သာပြလိုက်သည်။

ိအိမ်တံခါးမကြီးကနေလှမ်းဝင်လိုက်ပြီး ဧည့်ခန်းဆီရောက်တော့....

"ခွမ်း!!"

သူ့ဘေးကနံရံကို လာမှန်သည့် ပန်းအိုး...

"ဘယ်တွေသွားနေတာလဲ!
ငါတစ်ညလုံးမင်းကိုဖုန်းတွေခေါ်နေတာကိုမကိုင်လို့ ငါကစိတ်ပူနေလိုက်ရတာ...
မင်းကတော့ ဟိုအကောင်နဲ့မခွဲနိုင်မခွာရက်တွေတောင်ဖြစ်လို့...
မင်းတို့ဘယ်အဆင့်ထိတောင် ရောက်ပြီးပြီလဲ!"
"......."
"ငါမေးနေတယ်လေ!
ဒီ video ကရောဘာလဲ!!"
"တွေ့သွားပြီပဲ...."
"ဘာ!"
"ဟုတ်တယ်...
ကျွန်တော်ကောင်းကင်နဲ့အတူရှိနေခဲ့တာ တစ်ညလုံး..."
"မင်းလုပ်ရက်တယ်!
ငါမင်းကိုဘယ်လောက်ချစ်လဲ သိရက်သားနဲ့ မင်းကွာ..."
"အဲ့စကားက ကျွန်တော်ပြောရမှာမဟုတ်ဘူးလား.....
မနေ့ညက ခင်ဗျား နန်းစံထိုက်နဲ့ bar မှာရှိနေတာမလား..."

ပျက်ယွင်းသွားသောကိုကို့မျက်နှာကြောင့် သူနာကျင်စွာပြုံးမိသည်။

"သည်းခံပေးပါလို့ကိုယ်ပြောထားတယ်လေ...
ကိုကိုနန်းနဲ့ ပတ်သက်ရင်တောင် ဒါတွေကငယ့်အတွက်ပဲ....
အရမ်းမကြာစေရဘူး... "
"ha....
ရယ်စရာပဲ..
ဒီတစ်ခါလည်း ကျွန်တော့်အတွက်လို့ခေါင်းစဉ်တပ်ပြန်ပြီလား....
တော်ပါတော့ ကျေးဇူးပြုပြီး..."
"ကိုကို့ ကိုမချစ်တော့ဘူးလား....
ငယ် တခြားတစ်ယောက်ဆီ စိတ်ရောက်သွားတာလား ဟင်..."
"အင်း....
ခင်ဗျားကိုမချစ်တော့ဘူး...
တခြားဘယ်သူ့ကိုမှလည်းမချစ်ချင်တော့ဘူး...
ကျွန်တော့်ကိုယ်ကျွန်တော်သနားတယ်...
ဒါကြောင့် ကျွန်တော့်ကိုယ်ကျွန်တော်ပဲချစ်တော့မယ်...."
"အဲ့လိုမဖြစ်ရဘူးလေ...
ကိုယ်ဒီအခြေအနေရောက်အောင်ဘယ်လောက်တောင်ပေးဆပ်ခဲ့ရလဲ..."
"ပေးဆပ်တယ်?
မိန်းမတွေကိုအသုံးချပြီးလား....
မိန်းမတွေက ခင်ဗျားလုပ်ချင်ရာလုပ်ရတဲ့အရုပ်တွေမဟုတ်သလို...
ခင်ဗျားအမြင့်ကိုတက်ဖို့ နင်းရမယ့် လှေကားထစ်တွေလည်းမဟုတ်ဘူး...
အလွယ်လမ်းကိုထပ်မလိုက်ပါနဲ့လား...
ဒါခင်ဗျားပိုင်တဲ့ခင်ဗျားဘဝပဲ..
ခင်ဗျားကြိုက်တဲ့လမ်းကိုရွေးနိုင်တယ်...
ကျွန်တော်လည်း ကျွန်တော့်ဘဝအတွက်ရွေးသင့်တဲ့လမ်းကိုရွေးပြီး လုပ်သင့်တာကိုလုပ်မယ်..."
"ကိုယ်အဲ့လိုဖြစ်ခွင့်မပေးနိုင်ဘူး....
ငယ်လေးဆိုတဲ့မင်းက အရင်ကတည်းက ငါ့ကိုချစ်ရမယ့်သူ..."

သလင်းမြူ ကိုတွန်းကာ အနောက်ကနံရံမှာကပ်စေပြီး နှုတ်ခမ်းတွေကိုနမ်းရန်ကြံစည်သူ...

"လွှတ်!
ကျွန်တော့်ကိုလွှတ်!!
ဒီလိုမလုပ်ပါနဲ့...."

တွန်းထိုးရုန်းကန်နေသည့် ငယ့်ကိုဂရုမစိုက်ဘဲ လိုချင်တာကိုသာရအောင်ယူဖို့ စိတ်ထဲရှိနေသည်။

ခေါင်းကိုဘယ်ညာရမ်းရင်း ငြင်းဆန်သူကြောင့် ပါးနှစ်ဖက်ကိုဆွဲညှစ်လိုက်သည်။

မလှုပ်တော့ဘဲ မျက်ရည်စီးကြောင်းတွေနှင့် ငြိမ်သွားသည့် သလင်းမြူက အားလျော့သည့်အကြည့်တွေနဲ့သာ မျက်လုံးကိုတင်းတင်းမှိတ်လိုက်လေသည်။

သူပိုပြီးတိုးကပ်သွားတော့ နူးညံ့သည့် အထိအတွေ့လေး....

အမြဲတမ်းငြင်းဆန်ခဲ့တဲ့ ငယ့်နှုတ်ခမ်းလေးတွေက သူထင်တာထက်ကိုအိစက်နေ၍ အခါခါစုပ်ယူမိသည်။

ပါးပေါ်မှလက်တွေကိုဖယ်ပေးလိုက်ပြီး သူထပ်နမ်းရန်ပြင်လိုက်စဉ်....

"ကျွန်တော်နဲ့ ဒီပိုင်ဆိုင်မှုတွေ...
နှစ်ခုထဲက တစ်ခုကိုပဲရမယ်ဆို...
ဘာကိုရွေးမလဲ..."

မောပန်းစွာ ဆိုသည့် အမေးစကားလေးကို ဘုန်းရှိန်ဝါထက် ပြန်မဖြေနိုင်ဘဲ တွေဝေသွားခဲ့သည်။

"ကြည့်...
ခင်ဗျားမဖြေနိုင်ဘူး...."

အခန်းထဲကိုပြေးဝင်ရင်း သလင်းမြူရင်ဘက်ကိုထုကာငိုကြွေးမိသည်။

တုန်ယင်နေသည့် ခန္ဓာကိုယ်က ပြိုယိုင်လဲမလိုဖြစ်တော့ အနောက်မှ ထိန်းကာ ပွေ့ဖက်ခံလိုက်ရသည်။

"ကိုကို တောင်းပန်ပါတယ်....
မှားသွားပါတယ်....
ကိုကို့ကိုမချစ်ဘူးလို့တော့မပြောပါနဲ့....
တကယ်ကိုရူးလောက်အောင်နာကျင်ရလို့ပါ..."

ခါးပေါ်မှ လက်တွေကိုဖယ်ချပေမယ့် အရာမယွင်းရာ သလင်းမြူ ရှိုက်ကြီးတငင်ပဲငိုကြွေးတော့သည်။

"တော်ပါတော့....
ကျွန်တော့်ကို အလိမ်အညာတွေနဲ့ နှစ်ခါသတ်ပြီးပြီပဲ ကျေနပ်ပါတော့!
အခုတကယ် သေချင်လောက်အောင်ကို ပင်ပန်းနေပါပြီ..... "

ဘာမှပြန်မပြောဘဲ သူ့ကိုသာဖက်လျှက်သားနှင့် ဘုန်းရှိန်ဝါထက် ငြိမ်နေသည်။

သလင်းမြူ စိတ်ထဲထိတ်သွားပြီး...
လိုက်ကာတွေကိုကြည့်လိုက်တော့...
သူ့ဆုတောင်းမပြည့်ပြန်.....

တစ်ဖက်အိမ်ရဲ့ ဝရန်တာကနေ သူတို့ကို ကြည့်နေတဲ့ ကောင်းကင်ကိုထင်ရှားစွာမြင်နေရသည်။

သူလှမ်းကြည့်တာကိုမြင်သွားတော့ ကောင်းကင်ကအကြည့်လွှဲကာ အိမ်ထဲကိုဝင်သွားတော့သည်။

ဘုန်းရှိန်ဝါထက် လက်တွေကို သူမရရအောင်ကိုဆွဲဖြုတ်ပြီး ရင်ဘက်ကို ဆောင့်တွန်းပြစ်လိုက်သည်။

"ခင်ဗျား တကယ်ကိုကြောက်ဖို့ကောင်းတယ် ဘုန်းရှိန်ဝါထက်...
ခင်ဗျားက ကျွန်တော့်ရဲ့ ကိုကိုဖြစ်ခဲ့တဲ့ မင်းညီမဟုတ်တော့ဘူးပဲ...."

အတ္တကြီးလွန်းသူကို ချန်ထားခဲ့ပြီး သူထိုနေရာကနေထွက်ခွာလာမိပြန်သည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

အချစ်မှာလည်း
Expired Date ရှိတယ်

************************************

Zawgyi

"ေဖေဖ..."

သူ႔အေ႐ွ႕မွာရပ္ေနတဲ့ေဖေဖက သူ႔မွတ္ဉာဏ္ထဲကအတိုင္း ႏုပ်ိဳေနဆဲ....

သူ႔ကိုရပ္ၾကည့္ေနတဲ့ ေဖေဖ့ဆီသူေျပးသြားတယ္....

ဒါေပမယ့္သူဘယ္ေလာက္ေျပးေျပး မေရာက္ႏိုင္ဘူး....

ေဖေဖသူ႔ကိုၾကည့္ေနတဲ့မ်က္ဝန္းေတြကမ်က္ရည္ေတြနဲ႔....

"ငယ္! ကိုက႔ိုဆီလာေလ!"

အသံလာရာကိုလွည့္ၾကည့္မိေတာ့ သူ႔ကိုလက္ကမ္းျပေနတဲ့ကိုကို....

သူအေနာက္ကိုျပန္ၾကည့္ခ်ိန္မွာ ေဖေဖကမ႐ွိေတာ့....
တစ္ဖက္ကိုျပန္လွည့္ေတာ့လည္း ကိုကိုကပါမ႐ွိေတာ့ေခ်။

"ေဖေဖ....
ေဖေဖ!
ကိုကို!"

သူဘယ္လိုပဲေခၚေနပါေစ ဘယ္သူ့ကိုမွမေတြ႔ရ။

ဒီေနရာႀကီးကေအးစက္ၿပီးေမွာင္ေနတယ္ တစ္ခ်က္တစ္ခ်က္ဘယ္ကမွန္းမသိတဲ့ေအာ္သံေတြကလည္းၾကားေနရတယ္....

"ကိုကို.....
သားေၾကာက္တယ္...."

သူတုန္လႈပ္စြာပဲ ငိုေႂကြးမိေတာ့..

"ေနေရာင္..."

ဘယ္ကလာတဲ့အသံလည္းသူ႐ွာေဖြသည္။

"ေနေရာင္...
ထပါေတာ့ကြာ...
ငါ့ဆီျပန္လာပါ......."

တိုးသဲ့သဲ့ရိွဳက္သံကိုၾကားရၿပီး ေအးစက္ေနေသာသူ႔လက္ဖဝါးကေႏြးေထြးလာသလိုပင္....

"ေကာင္းကင္လား....."

သူလႈပ္ႏိႈးခံလိုက္ရသလို ဆတ္ကနဲလက္ေတြ႔ဘဝထဲကိုျပန္ဆြဲယူခံလိုက္ရသည္။

စူးလြန္းတဲ့အလင္းေရာင္ေၾကာင့္ မ်က္ဝန္းေတြကိုျပန္မွိတ္ခ်လိုက္သည္။

"ေနေရာင္...
သတိရလာၿပီလား....
ဘယ္ေနရာကနာေသးလဲ..."

သူ႔လက္ကိုဆုပ္ကိုင္လ်ွက္နံေဘးမွာ႐ွိေနတာ စစ္ေကာင္းကင္ႏိုင္....
ႏွာေခါင္းႏွင့္ ပါးစပ္ကိုအုပ္ထားေပးသည့္ oxygen ကိုသူဖယ္ပစ္လိုက္သည္။

"မင္းငိုေနတာလား.... "
"ဟင္...
ငါငိုေနတာလား..."

အခုမွမ်က္ရည္ေတြကို ေကာင္းကင္က ျပာျပာသလဲသုတ္ေလသည္။

"ငါ့ကိုေဆး႐ုံေပၚမင္းေခၚလာတာလား.."
"ငါမဟုတ္ဘူးေလ...
ငါေတဇတို႔နဲ႔ေသာက္ၿပီး အိမ္ျပန္ေရာက္တုန္းဘဲ႐ွိေသးတယ္ မင္းဆီကဖုန္းဝင္လာတာ...
ဖုန္းေခၚတဲ့သူကေယာက္်ားေလးသံဆိုေပမယ့္ မင္းအသံမဟုတ္ဘူး...
မင္းဒီေဆး႐ုံအေရးေပၚခန္းထဲေရာက္ေနတယ္လို႔အဲ့လူကေျပာလို႔ ငါေရာက္လာတာ..."
"အခုဘယ္ႏွနာရီလဲ...."
"ည 1 နာရီ...."
"ငါ့ဖုန္း..."
"ဒီမွာ..."

ကိုကို့ဆီမွ Missed call ေပါင္းမ်ားစြာကိုေတြ႔ရသည္။

"အဲ့လူဖုန္းကို ငါမကိုင္ခ်င္လို႔မကိုင္ထားဘူး..."

ေခါင္းငုံ႔ကာဝန္ခံသည့္ေကာင္းကင္က အျပစ္လုပ္မိထားသည့္ကေလးတစ္ေယာက္လို...

"ေကာင္းတယ္...
ငါလည္းမကိုင္ခ်င္ဘူး..."
"တကယ္လား..."
"အင္း...
မင္းမအိပ္ရေသးဘူးလား...
မ်က္ကြင္းေတြကပိုမဲလာသလိုပဲ...."
"အိပ္မေပ်ာ္ဘူး...."
"ကုတင္ေပၚတက္ခဲ့..."
"လူနာကုတင္ေပၚတက္လို႔မရဘူးေလ..."
"ဘယ္သူမွျမင္တာမဟုတ္ဘူး....
တက္ခဲ့စမ္းပါ..."

အျပင္ကိုေခ်ာင္းၾကည့္ကာ ဟေနသည့္ လိုက္ကာစကိုပိတ္ၿပီး ေကာင္းကင္ကကုတင္ေပၚေရာက္လာသည္။

"ငါ့ေဘးမွာလွဲလိုက္..."

သူ႔ေဘးမွာေကာင္းကင္ကေဘးတေစာင္းေလးဝင္လွဲေလသည္။

"မ်က္လုံးမွိတ္ထား....
ဘာမွမစဥ္းစားနဲ႔...."
"မရဘူး...
ငါမစဥ္းစားေပမယ့္ မ်က္စိပိတ္တာနဲ႔ေပၚလာၾကတာ...
ငါ depression ဝင္ေနတယ္ထင္တယ္..."
"ငါ့လက္ကိုကိုင္ၿပီးအိပ္ၾကည့္ပါလား...
မင္းပဲငါ့လက္ကိုင္ရတာသေဘာက်တယ္ဆို.."
"အင္း ႀကိဳးစားၾကည့္မယ္...."
"စိတ္ကိုေလ်ာ့ခ်လိုက္...."

သူေျပာသည့္အတိုင္း လိုက္နာရင္း သက္ျပင္းခ်လိုက္သည့္ ေကာင္းကင္က တျဖည္းျဖည္း အသက္႐ွဴသံေတြက်ယ္လာသည္။

"ေကာင္းေကာင္းအိပ္ေပ်ာ္သြားၿပီပဲ....
Good night... "

႐ုတ္တရက္ လိုက္ကာကိုဖြင့္ကာ ဝင္လာသည့္ တာဝန္က် ဆရာဝန္....

"လူနာကုတင္ေပၚဒီလိုတက္အိပ္လို႔မရဘူးေလ..."

ေကာင္းကင္ကိုႏိႈးရန္ျပင္ေနသည့္ ဆရာဝန္ကို သလင္းျမဴတားလိုက္သည္။

"ေက်းဇူးျပဳၿပီး မႏိႈးပါနဲ႔....
သူအိပ္ေရးပ်က္ထားတာ....
ေနမေကာင္းျဖစ္မွာစိုးရိမ္လို႔ပါ....
ေတာင္းဆိုပါတယ္.... "
"လူနာေတာင္းဆိုေတာ့ ခြင့္ျပဳေပးလိုက္ပါ့မယ္..."

သူ႔ႏွလုံးခုန္ႏႈန္းကို ဆရာဝန္ကစစ္ေဆးသည္။

"ပုံမွန္ျပန္ျဖစ္သြားၿပီပဲ...
အသက္႐ွဴရအဆင္ေျပရဲ႕လား..."
"ဟုတ္ကဲ့...."
"ေဆး႐ုံကိုေခၚလာေပးသြားတဲ့လူက ေတာင္းဆိုလို႔ ပင္ပန္းၿပီး shock ျဖစ္သြားတာလို႔ပဲ လူနာေစာင့္ကိုေျပာထားတယ္...."
"ကြၽန္ေတာ့္ကို ေဆး႐ုံေခၚလာေပးတာ ဘယ္သူလဲ..."
"အသက္ 30 အရြယ္ေယာက္်ားတစ္ေယာက္ပဲ..
လူနာနဲ႔ပတ္သက္တဲ့ ကိုယ္ေရးအခ်က္အလက္ေတြျဖည့္ေပးၿပီး..
ေမြးရာပါေရာဂါ႐ွိေၾကာင္းလည္းေျပာတယ္...
Operation room ထဲကေနေရြ႔ေပးၿပီး ဒီလူနာေစာင့္ေရာက္လာေတာ့ အဲ့လူကိုမေတြ႔ရေတာ့ဘူး..."
"ဘယ္သူမ်ားပါလိမ့္....."

သလင္းျမဴ ခပ္ေတြေတြျဖစ္သြားသည္။

"စိတ္႐ႈပ္စရာေတြ႐ွိေနတဲ့ပုံပဲ...
ကိုယ့္ေရာဂာအေျခအေနကိုယ္သိမွာေပါ့
အရမ္းစိတ္ထိခိုက္ေစမယ့္ဟာေတြ ပင္ပန္းတာေတြမလုပ္ပါနဲ႔...
မနက္က်ရင္ေတာ့ ေဆး႐ုံကဆင္းလို႔ရပါၿပီ..."
"ေက်းဇူးတင္ပါတယ္... "

ဆရာဝန္ျပန္ထြက္သြားေတာ့ သလင္းျမဴ ထိုင္ေနရာမွ ျပန္လွဲအိပ္ရင္း ေကာင္းကင္ကိုပါ ေစာင္ျခဳံေပးလိုက္သည္။

🎶📲 phone rings.....

ႏိုင္ငံျခားမွ နံပါတ္တစ္ခုျဖစ္သည့္အတြက္ ဘယ္သူလဲဆိုတာ သူသိလိုက္ၿပီး အျမန္ကိုင္လိုက္သည္။

"Hello"
"သက္သာသြားၿပီလား...
စစ္ေရာမင္းဆီေရာက္လာလား..."
"ငါ့ကိုေဆး႐ုံပို႔ေပးခဲ့တာ မင္းလား..."
"ငါကအခု Korea မွာ....
မင္းကိုေဆး႐ုံပို႔ေပးခဲ့တာ ငါလႊတ္ထားတဲ့လူ..."
"မင္းငါ့ကိုေစာင့္ၾကည့္ဖို႔ stalker လႊတ္ထားတာလား..."
"အင္း..."
"ငါ့ကိုမယုံလို႔လား..."
"မယုံတာမဟုတ္ေပမယ့္...
စိတ္မခ်လို႔...
ငါ့ပေထြးနဲ႔ မင္းရဲ႕ပတ္သက္မႈကိုငါသိၿပီးၿပီ..."
"ဘာပတ္သက္မႈလဲ......."
"ငါ့ပေထြးေနာက္ေၾကာင္းကိုလိုက္ရင္း မင္းရဲ႕ေမြးစားအစ္ကိုလို႔သိရတယ္...
ဒါေပမယ့္....
ငါ့လူ ပို႔ေပးတဲ့မင္းတို႔ႏွစ္ေယာက္ပုံေတြနဲ႔ ဘိုးေတာ္ငါေ႐ွ႕ေရာက္လာၿပီးေသာင္းက်န္းသြားတာကို ခ်ိတ္ဆက္ျကည့္မိေတာ့....
မင္းတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးက ညီအစ္ကိုထက္ပိုတာပဲ...."
"........"
"ငါမင္းကိုေစတနာနဲ႔သတိေပးလိုက္မယ္...
မင္းငါ့ပေထြးနဲ႔မပတ္သက္နဲ႔ေတာ့...
ငါေယာက္်ားေပါင္းမ်ားစြာကိုေတြ႔ဖူးတယ္....
အဲ့အထဲမွာမွ ငါ့ပေထြးကရြံစရာအေကာင္းဆုံးနဲ႔ေၾကာက္စရာအေကာင္းဆုံးပဲ...
သူလိုခ်င္တဲ့ေနရာေရာက္ဖို႔ ငါ့အေမကိုအသုံးခ်ခဲ့တဲ့သူ...
အဆုံးမွာ....
မင္းပဲထိခိုက္ရလိမ့္မယ္...."
"မပူပါနဲ႔...
မင္းမေျပာလည္း ငါသူနဲ့အဆုံးသတ္ေတာ့မွာ..."
"ေတာ္တယ္...
ေနာက္တစ္ခါထပ္ၿပီး ဒီလိုေတြထပ္မလုပ္နဲ႔...
မင္းတစ္ခုခုျဖစ္သြားရင္ ငါျပႆနာတက္လိမ့္မယ္..."
"အင္း..."

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

"ေကာင္းလိုက္တာ....
ဒီဆိုင္က ၿမီး႐ွည္ကို ငါအႀကိဳက္ဆုံးပဲ..."

အိပ္ေရးဝသြား၍ လန္းေနသည့္ ေကာင္းကင္က ေဆး႐ုံကအျပန္ လမ္းေဘးၿမီး႐ွည္ဆိုင္ေလးတစ္ခုကိုဝင္ကာ သူ့ကို မနက္စာစားခိုင္းသည္။

အိမ္ေ႐ွ႕ကိုေရာက္ေတာ့ ျခံထဲဝင္ေတာ့မည့္ သူ႔လက္ကိုေကာင္းကင္က ဆြဲထားေလသည္။

"ငါလိုက္ခဲ့ရမလား...."
"မလိုက္ခဲ့နဲ႔..
ငါနားခ်င္တယ္...."
"အင္းပါ...
လိုက္ကာကိုဖြင့္ထားေနာ္..."

သလင္းျမဴ ျပန္မေျဖေတာ့ဘဲ လက္သာျပလိုက္သည္။

ိအိမ္တံခါးမႀကီးကေနလွမ္းဝင္လိုက္ၿပီး ဧည့္ခန္းဆီေရာက္ေတာ့....

"ခြမ္း!!"

သူ႔ေဘးကနံရံကို လာမွန္သည့္ ပန္းအိုး...

"ဘယ္ေတြသြားေနတာလဲ!
ငါတစ္ညလုံးမင္းကိုဖုန္းေတြေခၚေနတာကိုမကိုင္လို႔ ငါကစိတ္ပူေနလိုက္ရတာ...
မင္းကေတာ့ ဟိုအေကာင္နဲ႔မခြဲႏိုင္မခြာရက္ေတြေတာင္ျဖစ္လို႔...
မင္းတို႔ဘယ္အဆင့္ထိေတာင္ ေရာက္ၿပီးၿပီလဲ!"
"......."
"ငါေမးေနတယ္ေလ!
ဒီ video ကေရာဘာလဲ!!"
"ေတြ႔သြားၿပီပဲ...."
"ဘာ!"
"ဟုတ္တယ္...
ကြၽန္ေတာ္ေကာင္းကင္နဲ႔အတူ႐ွိေနခဲ့တာ တစ္ညလုံး..."
"မင္းလုပ္ရက္တယ္!
ငါမင္းကိုဘယ္ေလာက္ခ်စ္လဲ သိရက္သားနဲ႔ မင္းကြာ..."
"အဲ့စကားက ကြၽန္ေတာ္ေျပာရမွာမဟုတ္ဘူးလား.....
မေန႔ညက ခင္ဗ်ား နန္းစံထိုက္နဲ႔ bar မွာ႐ွိေနတာမလား..."

ပ်က္ယြင္းသြားေသာကိုကို႔မ်က္ႏွာေၾကာင့္ သူနာက်င္စြာျပဳံးမိသည္။

"သည္းခံေပးပါလို့ကိုယ္ေျပာထားတယ္ေလ...
ကိုကိုနန္းနဲ႔ ပတ္သက္ရင္ေတာင္ ဒါေတြကငယ့္အတြက္ပဲ....
အရမ္းမၾကာေစရဘူး... "
"ha....
ရယ္စရာပဲ..
ဒီတစ္ခါလည္း ကြၽန္ေတာ့္အတြက္လို႔ေခါင္းစဥ္တပ္ျပန္ၿပီလား....
ေတာ္ပါေတာ့ ေက်းဇူးျပဳၿပီး..."
"ကိုကို႔ ကိုမခ်စ္ေတာ့ဘူးလား....
ငယ္ တျခားတစ္ေယာက္ဆီ စိတ္ေရာက္သြားတာလား ဟင္..."
"အင္း....
ခင္ဗ်ားကိုမခ်စ္ေတာ႔ဘူး...
တျခားဘယ္သူ႔ကိုမွလည္းမခ်စ္ခ်င္ေတာ့ဘူး...
ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္သနားတယ္...
ဒါေၾကာင့္ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ပဲခ်စ္ေတာ့မယ္...."
"အဲ့လိုမျဖစ္ရဘူးေလ...
ကိုယ္ဒီအေျခအေနေရာက္ေအာင္ဘယ္ေလာက္ေတာင္ေပးဆပ္ခဲ့ရလဲ..."
"ေပးဆပ္တယ္?
မိန္းမေတြကိုအသုံးခ်ၿပီးလား....
မိန္းမေတြက ခင္ဗ်ားလုပ္ခ်င္ရာလုပ္ရတဲ့အ႐ုပ္ေတြမဟုတ္သလို...
ခင္ဗ်ားအျမင့္ကိုတက္ဖို႔ နင္းရမယ့္ ေလွကားထစ္ေတြလည္းမဟုတ္ဘူး...
အလြယ္လမ္းကိုထပ္မလိုက္ပါနဲ႔လား...
ဒါခင္ဗ်ားပိုင္တဲ့ခင္ဗ်ားဘဝပဲ..
ခင္ဗ်ားႀကိဳက္တဲ့လမ္းကိုေရြးႏိုင္တယ္...
ကြၽန္ေတာ္လည္း ကြၽန္ေတာ့္ဘဝအတြက္ေရြးသင့္တဲ့လမ္းကိုေရြးၿပီး လုပ္သင့္တာကိုလုပ္မယ္..."
"ကိုယ္အဲ့လိုျဖစ္ခြင့္မေပးႏိုင္ဘူး....
ငယ္ေလးဆိုတဲ့မင္းက အရင္ကတည္းက ငါ့ကိုခ်စ္ရမယ့္သူ..."

သလင္းျမဴ ကိုတြန္းကာ အေနာက္ကနံရံမွာကပ္ေစၿပီး ႏႈတ္ခမ္းေတြကိုနမ္းရန္ၾကံစည္သူ...

"လႊတ္!
ကြၽန္ေတာ့္ကိုလႊတ္!!
ဒီလိုမလုပ္ပါနဲ႔...."

တြန္းထိုး႐ုန္းကန္ေနသည့္ ငယ့္ကိုဂ႐ုမစိုက္ဘဲ လိုခ်င္တာကိုသာရေအာင္ယူဖို႔ စိတ္ထဲ႐ွိေနသည္။

ေခါင္းကိုဘယ္ညာရမ္းရင္း ျငင္းဆန္သူေၾကာင့္ ပါးႏွစ္ဖက္ကိုဆြဲညႇစ္လိုက္သည္။

မလႈပ္ေတာ့ဘဲ မ်က္ရည္စီးေၾကာင္းေတြႏွင့္ ၿငိမ္သြားသည့္ သလင္းျမဴက အားေလ်ာ့သည့္အၾကည့္ေတြနဲ႔သာ မ်က္လုံးကိုတင္းတင္းမွိတ္လိုက္ေလသည္။

သူပိုၿပီးတိုးကပ္သြားေတာ့ ႏူးညံ့သည့္ အထိအေတြ႔ေလး....

အျမဲတမ္းျငင္းဆန္ခဲ့တဲ့ ငယ့္ႏႈတ္ခမ္းေလးေတြက သူထင္တာထက္ကိုအိစက္ေန၍ အခါခါစုပ္ယူမိသည္။

ပါးေပၚမွလက္ေတြကိုဖယ္ေပးလိုက္ၿပီး သူထပ္နမ္းရန္ျပင္လိုက္စဥ္....

"ကြၽန္ေတာ္နဲ႔ ဒီပိုင္ဆိုင္မႈေတြ...
ႏွစ္ခုထဲက တစ္ခုကိုပဲရမယ္ဆို...
ဘာကိုေရြးမလဲ..."

ေမာပန္းစြာ ဆိုသည့္ အေမးစကားေလးကို ဘုန္း႐ွိန္ဝါထက္ ျပန္မေျဖႏိုင္ဘဲ ေတြေဝသြားခဲ့သည္။

"ၾကည့္...
ခင္ဗ်ားမေျဖႏိုင္ဘူး...."

အခန္းထဲကိုေျပးဝင္ရင္း သလင္းျမူရင္ဘက္ကိုထုကာငိုေႂကြးမိသည္။

တုန္ယင္ေနသည့္ ခႏၶာကိုယ္က ၿပိဳယိုင္လဲမလိုျဖစ္ေတာ့ အေနာက္မွ ထိန္းကာ ေပြ႔ဖက္ခံလိုက္ရသည္။

"ကိုကို ေတာင္းပန္ပါတယ္....
မွားသြားပါတယ္....
ကိုကို႔ကိုမခ်စ္ဘူးလို႔ေတာ့မေျပာပါနဲ႔....
တကယ္ကို႐ူးေလာက္ေအာင္နာက်င္ရလို႔ပါ..."

ခါးေပၚမွ လက္ေတြကိုဖယ္ခ်ေပမယ့္ အရာမယြင္းရာ သလင္းျမဴ ႐ွိဳက္ႀကီးတငင္ပဲငိုေႂကြးေတာ့သည္။

"ေတာ္ပါေတာ့....
ကြၽန္ေတာ့္ကို အလိမ္အညာေတြနဲ႔ ႏွစ္ခါသတ္ၿပီးၿပီပဲ ေက်နပ္ပါေတာ့!
အခုတကယ္ ေသခ်င္ေလာက္ေအာင္ကို ပင္ပန္းေနပါၿပီ..... "

ဘာမွျပန္မေျပာဘဲ သူ႔ကိုသာဖက္လ်ွက္သားႏွင့္ ဘုန္း႐ွိန္ဝါထက္ ၿငိမ္ေနသည္။

သလင္းျမဴ စိတ္ထဲထိတ္သြားၿပီး...
လိုက္ကာေတြကိုၾကည့္လိုက္ေတာ့...
သူ႔ဆုေတာင္းမျပည့္ျပန္.....

တစ္ဖက္အိမ္ရဲ႕ ဝရန္တာကေန သူတို႔ကို ၾကည့္ေနတဲ့ ေကာင္းကင္ကိုထင္႐ွားစြာျမင္ေနရသည္။

သူလွမ္းၾကည့္တာကိုျမင္သြားေတာ့ ေကာင္းကင္ကအၾကည့္လႊဲကာ အိမ္ထဲကိုဝင္သြားေတာ့သည္။

ဘုန္း႐ွိန္ဝါထက္ လက္ေတြကို သူမရရေအာင္ကိုဆြဲျဖဳတ္ၿပီး ရင္ဘက္ကို ေဆာင့္တြန္းျပစ္လိုက္သည္။

"ခင္ဗ်ား တကယ္ကိုေၾကာက္ဖို႔ေကာင္းတယ္ ဘုန္း႐ွိန္ဝါထက္...
ခင္ဗ်ားက ကြၽန္ေတာ့္ရဲ႕ ကိုကိုျဖစ္ခဲ့တဲ့ မင္းညီမဟုတ္ေတာ့ဘူးပဲ...."

အတၱႀကီးလြန္းသူကို ခ်န္ထားခဲ့ၿပီး သူထိုေနရာကေနထြက္ခြာလာမိျပန္သည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

အခ်စ္မွာလည္း
Expired Date ႐ွိတယ္

Bạn đang đọc truyện trên: Truyen247.Pro