Part-25 ( help)
Unicode
"ညနေကျရင်...
အတန်းပြီးမယ့်အချိန်ကို message ပို့လိုက်
ကိုကိုမအားရင်တောင် ဦးထွန်းကိုလွှတ်လိုက်မယ်နော်...."
"ဟုတ်...."
"နေ့လည်စာကို မဟုတ်တာတွေမစားနဲ့နော်...."
"ဟုတ်ကဲ့..."
အလုပ်သွားရင်းသူ့ကို ကျောင်းကိုယ်တိုင်လိုက်ပို့သည့် ကိုကိုက တစ်ခုပြီးတစ်ခုမပြီးနိုင်မစီးနိုင်မှာနေသည်။
ပြောနေတဲ့ကိုကိုဘယ်လိုနေလဲတော့မသိ နားထောင်ရင်း ပြန်ဖြေခေါင်းငြိမ့်နေရသူမှာတော့ နားတွေပူပြီး အာပင်ခြောက်နေပြီ....
"ငယ်လေး..."
ဋ္ဌာနအရှေ့ရောက်သည်နှင့် သူ့ကားပေါ်ကအမြန်ဆင်းတော့ နောက်ပါးမှ ကိုကိုက သူ့ကိုခေါ်ပြန်သည်။
"မပြီးသေးဘူးလား ကိုကိုရာ..."
ခြေဆောင့်ကာသူစိတ်တိုမှုကြောင့် နှုတ်ခမ်းစူတော့ ကိုကိုကအနားရောက်လာကာ ရယ်သည်။
"စူပုပ်မနေနဲ့....
ပေးစရာတစ်ခုမေ့နေလို့...."
"ဘာပေးမလို့လဲ..."
သူ့ပါးပြင်ကို ကိုကိုကနှာတံနှစ်ကာ သွားနှင့် ခပ်ဖွဖွကိုက်လေသည်။
"ဒါလေး..."
"ဟာ...ကိုကိုနော်..."
သူ့နှုတ်ခမ်းပိုစူလာကာ ကိုကိုကိုက်လိုက်သည့် ပါးပြင်ကိုပွတ်သပ်နေမိသည်။
"နှုတ်ခမ်းလေးစူမထားနဲ့...
ကိုကိုကိုက်ပစ်မှာနော်..."
ပြောပြောဆိုဆိုအနားတိုးလာပြန်သည့် ကိုကို့ကြောင့် သူဋ္ဌာနဆီကိုပြေးရတော့သည်။
အနောက်ဆီမှ ကိုကို့ရယ်သံကိုတော့ သူကြားလိုက်ရသည်။
"ဘယ်လိုလူကြီးလဲမသိဘူး.....
လူကိုပေါင်မုန့်လို လာလာကိုက်နေတယ်......
....
အမ်မလေး..!"
သူပွစိပွစိရေရွတ်ရင်း အခန်းရှေ့ရောက်တော့ မျက်မှောင်ကျုံ့ကြီးနှင့် မျက်ကွင်းညိုနေသည့် angry bird ကြောင့်လန့်သွားရသည်။
"မင်းအတန်းထဲမဝင်ဘဲ ဘာလုပ်နေတာလဲ... "
ပြန်မဖြေဘဲ ကောင်းကင်ကသူ့ကိုအစိမ်းလိုက်ဝါးစားမလိုကြည့်နေဆဲမို့ ကြက်သီးတွေပင်ထလာသည်။
"ဘာလဲ....
ငါ့ကိုဘာလို့အဲ့လိုကြီးကြည့်နေတာလဲ..."
အကြည့်လွှဲကာ သက်ပြင်းသာချပြီး ကောင်းကင်အခန်းထဲဝင်သွားတော့ သူလဲအနောက်မှလိုက်ဝင်လာခဲ့သည်။
အတန်းတွေတစ်ချိန်ပြီး တစ်ချိန်ပြီးသွားပေမယ့် ဘေးမှကောင်းကင်ကသူ့ကိုစိုက်ကြည့်နေမြဲဖြစ်ရာ လှုပ်တောင်မလှုပ်ရဲဘဲ ကိုယ်တစ်ခြမ်းတောင်လေဖြတ်ချင်လာသလိုပင်....
နေ့လည်စာစားချိန်ရောက်သည်အထိ သူ့မှာကောင်းကင်ကိုမကြည့်ရဲ....
"ငစစ်....
မင်းမနေ့ညကမအိပ်ဘူးလား...
ပန်ဒါမျက်ကွင်းနဲ့ မျက်လုံးတွေလည်းနီနေတာပဲ..
စိတ္တဇလူသတ်သမားနဲ့တောင်တူတယ်..."
ခါတိုင်းဆိုဒီလိုနည်းနည်းလောက်စလိုက်နဲ့ သူတို့တွေကောင်းကင်ရဲ့အော်တာကိုခံရနေကျ..
ဒီနေ့တော့ စားပွဲကိုသာစိုက်ကြည့်ရင်း ဝိညာဉ်မကပ်သလိုရုပ်သေကြီးနှင့် ကောင်းကင်ကြောင့် သူတို့စိုးရိမ်လာမိသည်။
"မင်းဘာဖြစ်နေတာလဲ...."
"......"
"ငစစ်..."
ခေါ်တာတောင်မကြားနိုင်သူကြောင့် သူတို့အားလုံးဝိုင်းအော်လိုက်ကြသည်။
"စစ်ကောင်းကင်နိုင်!!!!!"
"ဟင်....."
Ruby တစ်ဆိုင်လုံးပြိုကျနိုင်သည့် အသံနဲ့အော်ကြတာကြောင့် အကုန်လှည့်ကြည့်လာကြပေမယ့် ဒင်းကတော့ အခုမှအိပ်ရာကနိုးလာသလို မလှုပ်မယှက် ဟင် တဲ့....
"မင်းစိတ်ရှုပ်စရာရှိနေတာလား...
ဒီလိုပုံစံမျိုးတစ်ခါမှမဖြစ်ဖူးပါဘူး...
မင်း အဖေနဲ့အမေ ပြဿနာဖြစ်လို့လား..."
"မဟုတ်ဘူး...."
"မဟုတ်မှ.....
ခက်သံစဉ်ကြောင့်လား....
ဟိုကအခုထိမင်းကိုအရေးမလုပ်ဘူးမလား..."
"မဟုတ်ဘူး...."
"ဒါဆို...
ဘာကိစ္စကြောင့်လဲ....
ဘယ်သူမင်းကိုစိတ်ရှုပ်စေတာလဲ...."
သလင်းမြူလည်းသိချင်နေတာကြောင့် စိတ်ဝင်တစားနားထောင်နေရာမှ တိတ်ဆိတ်သွားသောအခြေအနေကြောင့် စားလက်စနေ့လည်စာကိုခဏရပ်ကာ ကြည့်မိတော့ ကောင်းကင်ကသူ့ကိုမနက်တုန်းကလို မျက်မှောင်ကျုံ့ကြည့်နေပြီး ကျန် လေးကောင်ကပါ သူ့ကိုကြည့်နေရာ လည်ချောင်းထဲရောက်သွားသည့် ထမင်းတောင်သီးသွားရသည်။
အအေးကိုအမြန်သောက်လိုက်တော့ ကောင်းကင်က သက်ပြင်းချကာ အကြည့်လွှဲသွားပြန်ရာ သူနဲ့ကျန်လေးကောင်မှာကြောင်တောင်တောင်....
Chemistry Practical နှစ်ချိန်အတွက် ဓာတ်ခွဲခန်းကိုသူတို့အားလုံးသွားရသည်။
Titration လုပ်ရန်ဆရာနမူနာပြသည်ကိုကြည့်ပြီး အဖွဲ့တွေခွဲကာ သူတို့ကိုယ်တိုင်လုပ်ကြရသည်။
Acid ကိုတစ်စက်ချင်းလှည့်ကာချရင်း အရောင်ပြောင်းစေသည့်ပမာဏကိုရှာဖွေကာ practical စာအုပ်မှာမှတ်သားလိုက်သည်။
စာအုပ်ကိုအာရုံရောက်နေချိန် flask ကိုင်ထားသည့်လက်ကရွေ့သွားတော့ လက်ဖမိုးပေါ်ကို acid တို့ကျလာသည်။
"ဟာ..."
Acid ပျော့ဖြစ်တာကြောင့် သူအရေးမစိုက်ဘဲ titration ဆက်လုပ်သည်။
ရုတ်တရက်သူ့လက်ထဲက flask ကိုကောင်းကင်က လက်ပြောင်းယူကာ ဘေးကEC ကိုပေးလိုက်သည်။
"နင်ပဲဆက်လုပ်လိုက်..."
"အင်း..."
ကောင်းကင်ကသူ့ကိုဘေစင်ရှိရာဆွဲခေါ်သွားပြီး လက်ကိုသေချာဆေးပေးလေသည်။
"ဘာလို့ကိုယ့်ကိုကိုယ်ဂရုမစိုက်ရတာလဲ!
Acid အပြင်းသာဆိုမင်းလက်တွေလောင်ကုန်မှာမသိဘူးလား..!"
"မင်းကဘာကိစ္စငါ့ကိုလာအော်နေရပြန်တာလဲ...
ငါ့လက်ပေါ်ကျတာပဲ မင်းပေါ်လောင်းချနေလို့လား..."
"ငါ့ကိုအမြဲစိတ်ပူရအောင်မင်းလုပ်နေတာလေ!"
"ဘယ်သူကစိတ်ပူခိုင်းလို့လဲ!"
"တောက်!
မင်းကတကယ်ငါ့စေတနာနဲ့ကိုမတန်ဘူး..."
သူ့လက်ကိုရေပြောင်အောင်သုတ်ပေးပြီး မျက်မှောင်ကျုံ့ကြီးနဲ့ကြည့်သွားပြန်သည်။
အတန်းပြီးလို့ တစ်ယောက်ပြီးတစ်ယောက်ပြန်သွားကြတော့ main ဆောင်ရှေ့မှာ သလင်းမြူတစ်ယောက်တည်း လာကြိုမည့်သူကိုစောင့်နေရသည်။
ကိုကို့ဆီ Message ပို့ထားတာ နာရီဝက်ပင်ကျော်နေခဲ့ပြီ....
အလုပ်များနေတာထင်တယ်....
"မပြန်သေးဘူးလား..."
သူ့ရှေ့ရောက်လာသည့် ဒေါက်ဖိနပ်စီးခြေထောက်ဖြူလေးကြောင့် မော့ကြည့်မိတော့ ခက်သံစဉ်....
"လာမကြိုသေးလို့စောင့်နေတာ..."
"ေဩာ်...
ခက်လိုက်ပို့ပေးရမလား..."
"ရပါတယ်...
ခဏနေလာတော့မှာ..."
"ဒါဆို...
ခက်သွားတော့မယ်နော်...."
"အင်း....
ဆိုင်ကယ်ကိုဂရုစိုက်မောင်းနော်..."
သူသဘောရိုးပြောလိုက်ခြင်းသာ....
သူမနှစ်ချိုက်စွာပြုံးကာ ထွက်သွားခဲ့သည်။
တစ်နာရီခွဲကျော်ကြာသည်အထိ ကိုကိုရောက်မလာခဲ့....
"အခုချိန်ထိ လာမကြိုသေးဘူးလား..."
အပြင်ကပြန်လာသည့် စိုင်းစံက သူ့ကိုတွေ့တော့ အံ့ဩတကြီးမေးသည်။
"အင်း..."
"တက်...
ကျွန်တော်လိုက်ပို့မယ်..."
"ကျေးဇူး..."
လာကြိုမှာပါဆိုပြီး သူဆက်မစောင့်ချင်တော့...
"ကောင်းကင်နဲ့ဘယ်သွားတာလဲ..."
"Beer ဆိုင်...."
"တေဇတို့ရောလား..."
"အင်း....
သောက်တာကတော့ ကောင်းကင်တစ်ယောက်ပဲ....
အဲ့ကောင်အသည်းကွဲနေတဲ့ပုံပဲ....
သူ့ပြောတဲ့ဟာတွေထိုင်သာနားထောင်နေရတာ ဘာမှနားမလည်လို့ ပျင်းတာနဲ့ ပြန်လာလိုက်တာ...
တေဇတို့တော့ကျန်နေခဲ့တယ်..."
ခက်သံစဉ်ကငြင်းလိုက်လို့များလား....
ကောင်းကင်အကြောင်းတွေးနေရင်းနဲ့ အိမ်တောင်ရောက်မှန်းမသိ....
ခြံအပြင်မှာပဲဆင်းလိုက်ပြီး စိုင်းစံကိုနှုတ်ဆက်လိုက်သည်။
ကိုကို့ကားကိုမြင်လိုက်တော့ ကိုကိုအိမ်ပြန်ရောက်နေပြီမှန်းသိလိုက်ကာ စိတ်ဆိုးချင်ယောင်ဆောင်မည်ဟုသူဆုံးဖြတ်ပြီး အိမ်ထဲကိုအသံမပေးဘဲ ဝင်လာခဲ့သည်။
ဧည့်ခန်း sofa ပေါ်ကလူနှစ်ယောက်ရဲ့အနေအထားကြောင့် ဟန်ဆောင်ထားသည့် ဒေါသမျက်နှာက အမှန်တကယ်ဖြစ်သွားခဲ့သည်။
"ha....k"
မုန်းတီးခြင်းမည်သောအပြုံးလေးက သူ့နှုတ်ခမ်းလေးတွန့်ရုံသာ...
"ငယ်လေး...."
ပေါင်ပေါ်မှ နန်းစံထိုက်ကို တွန်းဖယ်ပြီး ပျက်ယွင်းနေသည့် ကိုကိုရဲ့မျက်နှာ.....
မချိုမချဉ်မျက်နှာပေးနဲ့ နန်းစံထိုက်ကတော့ ကိုကိုလက်မောင်းကိုကိုင်ဆွဲထားလေသည်။
"အလုပ်တွေတော်တော်များနေတာပဲ...
ကျွန်တော့်ကြောင့်အနှောက်အယှက်ဖြစ်သွားရင် sorry ပါ...
လုပ်စရာရှိတာဆက်လုပ်ကြလေ...."
သူစိမ်းမိန်းမတစ်ယောက်ရှေ့မှာ မျက်နှာမပျက်ဘဲ သူဆိုကာ ပုံမှန်ခြေလှမ်းများနှင့်ပင် အခန်းရှိရာကိုတက်လှမ်းခဲ့တော့သည်။
အခန်းတံခါးကိုအသာပိတ်ရင်း lock ချကာကုတင်ပေါ်မှ အရုပ်ကြီးရင်ခွင်ထဲသူပြေးဝင်မိသည်။
အရုပ်ကြီးရင်ခွင်ထဲမျက်နှာအပ်ကာသာ သူငြိမ်သက်နေခဲ့ပြီး အိပ်ရာခင်းကိုတော့ ခပ်တင်းတင်းဆုပ်ကိုင်ချေမွနေသည်။
အောက်ထပ်ဆီမှကားထွက်သွားသံကြားလိုက်ရပြီး မကြာခင်မှာပဲ သူ့အခန်းတံခါးခေါက်သံကိုကြားရတော့သည်။
"ငယ်...."
"......."
"တံခါးဖွင့်ပါဦး....."
"......."
သူလုံးဝထဖွင့်မပေးသည့် အခန်းတံခါးက ဂျလောက်ဆိုသော အသံနှင့် ပွင့်သွားခဲ့ရာ သူခေါင်းထောင်ကြည့်မိသည်။
လက်ထဲမှာ သော့တစ်ချောင်းကိုင်ပြီး ကိုကိုဝင်လာသည်။
သူ့အခန်းသော့အပိုကိုကို့ဆီမှာရှိနေခဲ့တာပဲ....
"ငယ်လေး...."
ကျောပေးလျက်သား သူအပြင်ကိုငေးကြည့်နေလိုက်တော့ ဆွဲအပွေ့ခံလိုက်ရတဲ့ သူ့ခန္ဓာကိုယ်...
"လွှတ်!"
အော်လည်းအော်လက်ကလည်း ကိုကို့ရင်ဘက်တွေကို တဘုန်းဘုန်းရိုက်လျက်....
"ကိုကိုရှင်းပြတာကိုအရင်နားထောင်ဦး...."
"နားမထောင်ချင်ဘူး...
လွှတ်!"
သူ့လက်နှစ်ဖက်လုံး အနောက်ကိုလိမ်ကာ ဆွဲချုပ်ခံလိုက်ရသည်။
"လွှတ်!!
ခင်ဗျား မကောင်းတဲ့လူ!
ကျွန်တော့်လက်နာနေပြီ...."
"ပြောတာနားထောင်ပေးရင်လွှတ်ပေးမယ်..."
"ဘာကိုနားထောင်ရမှာလဲ....!
ကျွန်တော်မြင်ခဲ့တာကို ကျွန်တော်သိတယ်...
အဲ့မိန်းမ ခင်ဗျားကို...အ...."
သူ့ပါးနှစ်ဖက်ကို လက်တစ်ဖက်တည်းနှင့် အတင်းညှစ်ပစ်သူ....
"ခင်ဗျား?
အခေါ်အဝေါ်တွေပြင်စမ်း ငယ်!"
နာကျင်နေသည့် ပါးရိုးတွေကို သူကပြန်လွှတ်ပေးသည်။
"တောက်!!!"
ချုပ်ထားတဲ့လက်တွေကိုပါလွှတ်ပေးပြီး ကိုကိုအခန်းထဲကနေထွက်သွားခဲ့သည်။
လှိုက်တက်လာသည့် ဝမ်းနည်းမှုတွေကြောင့် အသံမထွက်ပေမယ့် မျက်ရည်တွေက ပေါများစွာ.....
ကျွန်တော်သိတယ်...
အဲ့မိန်းမကိုကို့ကိုကြိုက်နေတာ....
ခုနကမြင်ကွင်းက ကိုကို့ဆန္ဒမပါဘူးဆိုပြီးလည်း ကိုယ့်ကိုကိုယ်ပြောတယ်...
ဒါပေမယ့် ကျွန်တော်နားမလည်နိုင်ဘူး...
ကိုကိုကဘာလို့ဒေါသထွက်သွားရတာလဲ...
ဘာကြောင့် ကျွန်တော့်ကိုနာအောင်လုပ်ရတာလဲ.....
အမှားလုပ်ထားမိတဲ့သူက ကျွန်တော်မဟုတ်ဘူးလေ....
ဘယ်လိုပဲနေနေ ကျွန်တော်မှားသွားပါတယ်ဆိုပြီး ကိုကို့ကိုတောင်းပန်ပါ့မယ်....
ကျွန်တော်ကိုကို့ ကိုယုံကြည်တာမို့...
ညစာစားချိန် ကိုကို့ကိုသူစောင့်နေခဲ့တယ်.....
ကိုကိုအပေါ်ထပ်ကဆင်းလာပေမယ့် သူ့ကိုတစ်ချက်မကြည့်ဘဲ အပြင်ထွက်သွားခဲ့သည်။
"အစ်ကိုလေး ဆရာက Dinner ချိန်းထားတာရှိတယ်တဲ့..."
မိငယ်ကိုနားလည်ကြောင်းခေါင်းညိတ်ပြကာ စားချင်စိတ်မရှိတော့သောညစာကြောင့် သူအပေါ်သာပြန်တက်ခဲ့တော့သည်။
တစ်ဖက်အိမ်ရဲ့အပေါ်ထပ်အခန်းလေးကတော့ မှောင်မိုက်နေသည်။
ဖွက်ထားခဲ့သည့် ဆေးလိပ်တွေကိုယူပြီးတစ်လိပ်ပြီးတစ်လိပ်ရှိုက်ဖွာကာ အတိတ်နေ့ရက်တွေကို ပြန်လည်မြင်ယောင်မိသည်။
ငါ့ရဲ့လုပ်ရပ်တွေမှန်ကန်ခဲ့ရဲ့လား.....
📲🎶 phone rings.....
""Doctor Khant""
သူမကိုင်ပဲထားလိုက်တော့ ထပ်ခေါ်သည်။
ဆေးလိပ်မီးသတ်ပြီး ဖုန်းကိုကောက်ယူလိုက်သည်။
"Hello"
"ကိုယ့်ဆီလာခဲ့ဦးလို့မှာထားခဲ့တာကို ဘာလို့မလာတာလဲ သသ...."
"အလုပ်ရှုပ်နေလို့..."
"ဘာအလုပ်လဲ....
လူလိမ်အလုပ်လား....
အခုချက်ချင်း ငါ့ဆီလာခဲ့..."
"ကျွန်တော်မအားဘူး...."
"ငါအန်တီ့ကို မင်းဘာတွေလုပ်နေလဲ ပြောလိုက်ရမလား ဟမ်!"
မင်းနဲ့ငါတစ်ခါမှမပြောခဲ့ဘူးသည့် ကိုခန့်က ဒေါသထွက်နေမှန်းသိသာသည်။
"လိပ်စာပို့လိုက်..."
ဖုန်းချလိုက်ပြီး ချက်ချင်းပဲ လာရမည့်နေရာလိပ်စာပို့လာသည်။
အဝတ်လည်းလဲချင်စိတ်မရှိတော့သောကြောင့် wallet နှင့်အောက်ထပ်မှ ကားသော့ကိုသာယူကာသူထွက်လာခဲ့သည်။
နာမည်ကြီးbarတစ်ခု....
VIP ခန်းတွေ ရှိပေမယ့် အပြင်ဝိုင်းတစ်ခုမှာ ဝိုင်သောက်ရင်း ငေးငိုင်နေသည့် ကိုခန့်ထံသူသွားကာ မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်သည်။
အလိုက်သင့် သူ့အတွက် ဝိုင်ခွက်တစ်ခွက်ယူလာပေးသည့် စားပွဲထိုးလေးက ဝိုင်ထည့်ပေးရန်ပြင်တော့ ကိုခန့်ကတားလေသည်။
ခေါင်းညိတ်ကာစားပွဲထိုးလေးပြန်ထွက်သွားတော့ သလင်းမြူ ဝိုင်ကိုခွက်အပြည့်လောင်းထည့်ကာ တစ်ခါတည်းကုန်အောင်မော့သောက်ပြစ်လိုက်သည်။
"သသ!
မင်းဘယ်အချိန်ထိ ဒီလိုတွေလုပ်နေဦးမှာလဲ..."
ဝိုင်ပုလင်းဆီထပ်လက်လှမ်းနေသည့် သူ့လက်ကို ရိုက်ဖယ်ကာ ကိုခန့်ကသူ့အနားရောက်လာသည်။
"မင်း ဆေးလိပ်သောက်ထားပြန်ပြီလား..."
ဆရာဝန်နှာခေါင်းပီသစွာ သူ့အကျႌမှအနည်းငယ်စွဲနေသည့် အနံ့ကိုတန်းသိသည်။
"ခွဲစိတ်ဖို့ငွေလိုလို့ ဒါမျိုးလုပ်နေတာလား..."
"......."
"သလင်းမြူ! "
"ခွမ်း!!"
ဘေးနံရံကိုထိမှန်ကာ အစိတ်စိတ်အမွှာမွှာကွဲသွားခဲ့သည့် ဝိုင်ခွက်....
ပစ်ပေါက်လိုက်သူက သလင်းမြူ...
"မင်းဘယ်အချိန်က ဒီလောက်အထိ မိုက်ရိုင်းတတ်သွားတာလဲ ဟမ်!!"
ရှိသမျှ ဧည့်သည်ဝန်ထမ်းတွေ သူတို့ကိုကြည့်နေပေမယ့် vip room ထဲကထွက်သွားသူနှစ်ဦးကတော့ ဘာမှကြားမည့်ပုံမပေါ်....
ရစ်သီလာသည့် မျက်ရည်တွေကိုခေါင်းမော့ကာ ပြန်လည်ထိန်းချုပ်လိုက်သည်။
မငိုနဲ့...
အခုမျက်ရည်ကျဖို့စောသေးတယ်....
"ငါမင်းကိုမေးနေတာကိုတောင် ဂရုမစိုက်ဘူးပေါ့..!
ငါတကယ် အန်တီ့ကိုပြောမှဖြစ်တော့မယ်..."
"ပြောလိုက်...
စိတ်ကြိုက်သာလုပ်ကြ....
ခင်ဗျားတို့အားလုံးကြိုက်သလိုလုပ်ကြ!
ကျွန်တော်လည်း နေချင်သလိုနေမယ်!!"
"သသ!"
"ကျွန်တော်ဘာကြောင့်လုပ်လဲဆိုတာကို သိအောင်မကြိုးစားဘဲ
ဘာလို့ခင်ဗျားတို့အားလုံးကျွန်တော့်ကို ဒေါသထွက်အပြစ်တင်နေကြရတာလဲ!!
ဒါကျွန်တော့်ဘဝပါ....
အသက်မရှည်ဘူးဆိုရင်တောင် ဒါကျွန်တော်ပိုင်တဲ့ကျွန်တော့်ဘဝပဲ....
လာဝင်မစွက်ဖက်နဲ့ မနှောက်ယှက်နဲ့!"
ပြောစရာစကားတို့ပျောက်ရှကာ သူ့ကိုမယုံကြည်နိုင်ခြင်းများနှင့် ကြည့်နေသည့် ကိုခန့်ကိုကျောခိုင်းလျှက် ခြေလှမ်းကျဲများနှင့် သူပြေးထွက်ခဲ့မိသည်။
"လူလိမ်....
ခင်ဗျားကျွန်တော့်ကို ထပ်လိမ်တယ်...."
အရာအားလုံးကိုမေ့ပြစ်ချင်သည်။
ပြေးနေသည့် ခြေလှမ်းတွေရဲ့ဦးတည်ရာကိုသူကိုယ်တိုင်မသိ.....
တဖြည်းဖြည်းနှေးလာသည့် အရှိန်နှင့် ဒီဇင်ဘာ၏ အေးစက်သည့် လမ်းဘေးတစ်နေရာမှာ သူအသက်ရှူလို့တောင်မရတော့ဘဲ လဲကျသွားခဲ့သည်။
လေးလံလာသည့် မျက်ခွံတွေမပိတ်ခင် ကောင်းကင်ကကြယ်တွေကြားမှ မေမေ့ရဲ့မျက်ဝန်းတွေ....
ပင်ပန်းနေပေမယ့်....
သူထွက်သွားလို့မဖြစ်သေးဘူး....
လရောင်မရှိသည့်ညမှာ ကြယ်ရောင်မှုန်ပြပြနဲ့ လမ်းဘေးတစ်နေရာက ငြိမ်သက်နေတဲ့အဖြူရောင်ကောင်လေးကို တစ်စုံတစ်ယောက်ကယ်တင်ပေးပါ.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
သင့်ကိုအကြိမ်ကြိမ်လိမ်နေတဲ့သူကို
အပြစ်မတင်ပါနဲ့...
အမှတ်မရှိဘဲ ယုံနေတဲ့ သင့်ကိုယ်သင််သာ
အပြစ်တင်လိုက်ပါ
************************************
Zawgyi
"ညေနက်ရင္...
အတန္းၿပီးမယ့္အခ်ိန္ကို message ပို႔လိုက္
ကိုကိုမအားရင္ေတာင္ ဦးထြန္းကိုလႊတ္လိုက္မယ္ေနာ္...."
"ဟုတ္...."
"ေန႔လည္စာကို မဟုတ္တာေတြမစားနဲ႔ေနာ္...."
"ဟုတ္ကဲ့..."
အလုပ္သြားရင္းသူ႔ကို ေက်ာင္းကိုယ္တိုင္လိုက္ပို႔သည့္ ကိုကိုက တစ္ခုၿပီးတစ္ခုမၿပီးႏိုင္မစီးႏိုင္မွာေနသည္။
ေျပာေနတဲ့ကိုကိုဘယ္လိုေနလဲေတာ့မသိ နားေထာင္ရင္း ျပန္ေျဖေခါင္းၿငိမ့္ေနရသူမွာေတာ့ နားေတြပူၿပီး အာပင္ေျခာက္ေနၿပီ....
"ငယ္ေလး..."
႒ာနအေ႐ွ႕ေရာက္သည္ႏွင့္ သူ့ကားေပၚကအျမန္ဆင္းေတာ့ ေနာက္ပါးမွ ကိုကိုက သူ႔ကိုေခၚျပန္သည္။
"မၿပီးေသးဘူးလား ကိုကိုရာ..."
ေျခေဆာင့္ကာသူစိတ္တိုမႈေၾကာင့္ ႏႈတ္ခမ္းစူေတာ့ ကိုကိုကအနားေရာက္လာကာ ရယ္သည္။
"စူပုပ္မေနနဲ႔....
ေပးစရာတစ္ခုေမ့ေနလို႔...."
"ဘာေပးမလို႔လဲ..."
သူ႔ပါးျပင္ကို ကိုကိုကႏွာတံႏွစ္ကာ သြားႏွင့္ ခပ္ဖြဖြကိုက္ေလသည္။
"ဒါေလး..."
"ဟာ...ကိုကိုေနာ္..."
သူ့ႏႈတ္ခမ္းပိုစူလာကာ ကိုကိုကိုက္လိုက္သည့္ ပါးျပင္ကိုပြတ္သပ္ေနမိသည္။
"ႏႈတ္ခမ္းေလးစူမထားနဲ႔...
ကိုကိုကိုက္ပစ္မွာေနာ္..."
ေျပာေျပာဆိုဆိုအနားတိုးလာျပန္သည့္ ကိုကို႔ေၾကာင့္ သူ႒ာနဆီကိုေျပးရေတာ့သည္။
အေနာက္ဆီမွ ကိုကို႔ရယ္သံကိုေတာ့ သူၾကားလိုက္ရသည္။
"ဘယ္လိုလူႀကီးလဲမသိဘူး.....
လူကိုေပါင္မုန္႔လို လာလာကိုက္ေနတယ္......
....
အမ္မေလး..!"
သူပြစိပြစိေရရြတ္ရင္း အခန္းေ႐ွ႕ေရာက္ေတာ့ မ်က္ေမွာင္က်ံဳ႕ႀကီးႏွင့္ မ်က္ကြင္းညိဳေနသည့္ angry bird ေၾကာင့္လန္႔သြားရသည္။
"မင္းအတန္းထဲမဝင္ဘဲ ဘာလုပ္ေနတာလဲ... "
ျပန္မေျဖဘဲ ေကာင္းကင္ကသူ႔ကိုအစိမ္းလိုက္ဝါးစားမလိုၾကည့္ေနဆဲမို႔ ၾကက္သီးေတြပင္ထလာသည္။
"ဘာလဲ....
ငါ့ကိုဘာလို႔အဲ့လိုႀကီးၾကည့္ေနတာလဲ..."
အၾကည့္လႊဲကာ သက္ျပင္းသာခ်ၿပီး ေကာင္းကင္အခန္းထဲဝင္သြားေတာ့ သူလဲအေနာက္မွလိုက္ဝင္လာခဲ့သည္။
အတန္းေတြတစ္ခ်ိန္ၿပီး တစ္ခ်ိန္ၿပီးသြားေပမယ့္ ေဘးမွေကာင္းကင္ကသူ႔ကိုစိုက္ၾကည့္ေနျမဲျဖစ္ရာ လႈပ္ေတာင္မလႈပ္ရဲဘဲ ကိုယ္တစ္ျခမ္းေတာင္ေလျဖတ္ခ်င္လာသလိုပင္....
ေန႔လည္စာစားခ်ိန္ေရာက္သည္အထိ သူ႔မွာေကာင္းကင္ကိုမၾကည့္ရဲ....
"ငစစ္....
မင္းမေန႔ညကမအိပ္ဘူးလား...
ပန္ဒါမ်က္ကြင္းနဲ႔ မ်က္လုံးေတြလည္းနီေနတာပဲ..
စိတၱဇလူသတ္သမားနဲ႔ေတာင္တူတယ္..."
ခါတိုင္းဆိုဒီလိုနည္းနည္းေလာက္စလိုက္နဲ႔ သူတို႔ေတြေကာင္းကင္ရဲ႕ေအာ္တာကိုခံရေနက်..
ဒီေန႔ေတာ့ စားပြဲကိုသာစိုက္ၾကည့္ရင္း ဝိညာဥ္မကပ္သလို႐ုပ္ေသႀကီးႏွင့္ ေကာင္းကင္ေၾကာင့္ သူတို႔စိုးရိမ္လာမိသည္။
"မင္းဘာျဖစ္ေနတာလဲ...."
"......"
"ငစစ္..."
ေခၚတာေတာင္မၾကားႏိုင္သူေၾကာင့္ သူတို႔အားလုံးဝိုင္းေအာ္လိုက္ၾကသည္။
"စစ္ေကာင္းကင္ႏိုင္!!!!!"
"ဟင္....."
Ruby တစ္ဆိုင္လုံးၿပိဳက်ႏိုင္သည့္ အသံနဲ႔ေအာ္ၾကတာေၾကာင့္ အကုန္လွည့္ၾကည့္လာၾကေပမယ့္ ဒင္းကေတာ့ အခုမွအိပ္ရာကႏိုးလာသလို မလႈပ္မယွက္ ဟင္ တဲ့....
"မင္းစိတ္႐ႈပ္စရာ႐ွိေနတာလား...
ဒီလိုပုံစံမ်ိဳးတစ္ခါမွမျဖစ္ဖူးပါဘူး...
မင္း အေဖနဲ႔အေမ ျပႆနာျဖစ္လို႔လား..."
"မဟုတ္ဘူး...."
"မဟုတ္မွ.....
ခက္သံစဥ္ေၾကာင့္လား....
ဟိုကအခုထိမင္းကိုအေရးမလုပ္ဘူးမလား..."
"မဟုတ္ဘူး...."
"ဒါဆို...
ဘာကိစၥေၾကာင့္လဲ....
ဘယ္သူမင္းကိုစိတ္႐ႈပ္ေစတာလဲ...."
သလင္းျမဴလည္းသိခ်င္ေနတာေၾကာင့္ စိတ္ဝင္တစားနားေထာင္ေနရာမွ တိတ္ဆိတ္သြားေသာအေျခအေနေၾကာင့္ စားလက္စေန႔လည္စာကိုခဏရပ္ကာ ၾကည့္မိေတာ့ ေကာင္းကင္ကသူ႔ကိုမနက္တုန္းကလို မ်က္ေမွာင္က်ံဳ႕ၾကည့္ေနၿပီး က်န္ ေလးေကာင္ကပါ သူ႔ကိုၾကည့္ေနရာ လည္ေခ်ာင္းထဲေရာက္သြားသည့္ ထမင္းေတာင္သီးသြားရသည္။
အေအးကိုအျမန္ေသာက္လိုက္ေတာ့ ေကာင္းကင္က သက္ျပင္းခ်ကာ အၾကည့္လႊဲသြားျပန္ရာ သူနဲ႔က်န္ေလးေကာင္မွာေၾကာင္ေတာင္ေတာင္....
Chemistry Practical ႏွစ္ခ်ိန္အတြက္ ဓာတ္ခြဲခန္းကိုသူတို႔အားလုံးသြားရသည္။
Titration လုပ္ရန္ဆရာနမူနာျပသည္ကိုၾကည့္ၿပီး အဖြဲ႔ေတြခြဲကာ သူတို႔ကိုယ္တိုင္လုပ္ၾကရသည္။
Acid ကိုတစ္စက္ခ်င္းလွည့္ကာခ်ရင္း အေရာင္ေျပာင္းေစသည့္ပမာဏကို႐ွာေဖြကာ practical စာအုပ္မွာမွတ္သားလိုက္သည္။
စာအုပ္ကိုအာ႐ုံေရာက္ေနခ်ိန္ flask ကိုင္ထားသည့္လက္ကေရြ႔သြားေတာ့ လက္ဖမိုးေပၚကို acid တို႔က်လာသည္။
"ဟာ..."
Acid ေပ်ာ့ျဖစ္တာေၾကာင့္ သူအေရးမစိုက္ဘဲ titration ဆက္လုပ္သည္။
႐ုတ္တရက္သူ႔လက္ထဲက flask ကိုေကာင္းကင္က လက္ေျပာင္းယူကာ ေဘးကEC ကိုေပးလိုက္သည္။
"နင္ပဲဆက္လုပ္လိုက္..."
"အင္း..."
ေကာင္းကင္ကသူ႔ကိုေဘစင္႐ွိရာဆြဲေခၚသြားၿပီး လက္ကိုေသခ်ာေဆးေပးေလသည္။
"ဘာလို႔ကိုယ့္ကိုကိုယ္ဂ႐ုမစိုက္ရတာလဲ!
Acid အျပင္းသာဆိုမင္းလက္ေတြေလာင္ကုန္မွာမသိဘူးလား..!"
"မင္းကဘာကိစၥငါ့ကိုလာေအာ္ေနရျပန္တာလဲ...
ငါ့လက္ေပၚက်တာပဲ မင္းေပၚေလာင္းခ်ေနလို႔လား..."
"ငါ့ကိုအျမဲစိတ္ပူရေအာင္မင္းလုပ္ေနတာေလ!"
"ဘယ္သူကစိတ္ပူခိုင္းလို႔လဲ!"
"ေတာက္!
မင္းကတကယ္ငါ့ေစတနာနဲ႔ကိုမတန္ဘူး..."
သူ႔လက္ကိုေရေျပာင္ေအာင္သုတ္ေပးၿပီး မ်က္ေမွာင္က်ံဳ႕ႀကီးနဲ႔ၾကည့္သြားျပန္သည္။
အတန္းၿပီးလို႔ တစ္ေယာက္ၿပီးတစ္ေယာက္ျပန္သြားၾကေတာ့ main ေဆာင္ေ႐ွ႕မွာ သလင္းျမဴတစ္ေယာက္တည္း လာႀကိဳမည့္သူကိုေစာင့္ေနရသည္။
ကိုကို့ဆီ Message ပို႔ထားတာ နာရီဝက္ပင္ေက်ာ္ေနခဲ့ၿပီ....
အလုပ္မ်ားေနတာထင္တယ္....
"မျပန္ေသးဘူးလား..."
သူ႔ေ႐ွ႕ေရာက္လာသည့္ ေဒါက္ဖိနပ္စီးေျခေထာက္ျဖဴေလးေၾကာင့္ ေမာ့ၾကည့္မိေတာ့ ခက္သံစဥ္....
"လာမႀကိဳေသးလို႔ေစာင့္ေနတာ..."
"ေဩာ္...
ခက္လိုက္ပို႔ေပးရမလား..."
"ရပါတယ္...
ခဏေနလာေတာ့မွာ..."
"ဒါဆို...
ခက္သြားေတာ့မယ္ေနာ္...."
"အင္း....
ဆိုင္ကယ္ကိုဂ႐ုစိုက္ေမာင္းေနာ္..."
သူသေဘာ႐ိုးေျပာလိုက္ျခင္းသာ....
သူမႏွစ္ခ်ိဳက္စြာျပဳံးကာ ထြက္သြားခဲ့သည္။
တစ္နာရီခြဲေက်ာ္ၾကာသည္အထိ ကိုကိုေရာက္မလာခဲ့....
"အခုခ်ိန္ထိ လာမႀကိဳေသးဘူးလား..."
အျပင္ကျပန္လာသည့္ စိုင္းစံက သူ႔ကိုေတြ႔ေတာ့ အံ့ဩတႀကီးေမးသည္။
"အင္း..."
"တက္...
ကြၽန္ေတာ္လိုက္ပို႔မယ္..."
"ေက်းဇူး..."
လာႀကိဳမွာပါဆိုၿပီး သူဆက္မေစာင့္ခ်င္ေတာ့...
"ေကာင္းကင္နဲ့ဘယ္သြားတာလဲ..."
"Beer ဆိုင္...."
"ေတဇတို႔ေရာလား..."
"အင္း....
ေသာက္တာကေတာ့ ေကာင္းကင္တစ္ေယာက္ပဲ....
အဲ့ေကာင္အသည္းကြဲေနတဲ့ပုံပဲ....
သူ႔ေျပာတဲ့ဟာေတြထိုင္သာနားေထာင္ေနရတာ ဘာမွနားမလည္လို႔ ပ်င္းတာနဲ႔ ျပန္လာလိုက္တာ...
ေတဇတို႔ေတာ့က်န္ေနခဲ့တယ္..."
ခက္သံစဥ္ကျငင္းလိုက္လို႔မ်ားလား....
ေကာင္းကင္အေၾကာင္းေတြးေနရင္းနဲ႔ အိမ္ေတာင္ေရာက္မွန္းမသိ....
ျခံအျပင္မွာပဲဆင္းလိုက္ၿပီး စိုင္းစံကိုႏႈတ္ဆက္လိုက္သည္။
ကိုကို႔ကားကိုျမင္လိုက္ေတာ့ ကိုကိုအိမ္ျပန္ေရာက္ေနၿပီမွန္းသိလိုက္ကာ စိတ္ဆိုးခ်င္ေယာင္ေဆာင္မည္ဟုသူဆုံးျဖတ္ၿပီး အိမ္ထဲကိုအသံမေပးဘဲ ဝင္လာခဲ့သည္။
ဧည့္ခန္း sofa ေပၚကလူႏွစ္ေယာက္ရဲ႕အေနအထားေၾကာင့္ ဟန္ေဆာင္ထားသည့္ ေဒါသမ်က္ႏွာက အမွန္တကယ္ျဖစ္သြားခဲ့သည္။
"ha....k"
မုန္းတီးျခင္းမည္ေသာအျပဳံးေလးက သူ့ႏႈတ္ခမ္းေလးတြန္႔႐ုံသာ...
"ငယ္ေလး...."
ေပါင္ေပၚမွ နန္းစံထိုက္ကို တြန္းဖယ္ၿပီး ပ်က္ယြင္းေနသည့္ ကိုကိုရဲ႕မ်က္ႏွာ.....
မခ်ိဳမခ်ဥ္မ်က္ႏွာေပးနဲ႔ နန္းစံထိုက္ကေတာ့ ကိုကိုလက္ေမာင္းကိုကိုင္ဆြဲထားေလသည္။
"အလုပ္ေတြေတာ္ေတာ္မ်ားေနတာပဲ...
ကြၽန္ေတာ့္ေၾကာင့္အေႏွာက္အယွက္ျဖစ္သြားရင္ sorry ပါ...
လုပ္စရာ႐ွိတာဆက္လုပ္ၾကေလ...."
သူစိမ္းမိန္းမတစ္ေယာက္ေ႐ွ႕မွာ မ်က္ႏွာမပ်က္ဘဲ သူဆိုကာ ပုံမွန္ေျခလွမ္းမ်ားႏွင့္ပင္ အခန္း႐ွိရာကိုတက္လွမ္းခဲ့ေတာ့သည္။
အခန္းတံခါးကိုအသာပိတ္ရင္း lock ခ်ကာကုတင္ေပၚမွ အ႐ုပ္ႀကီးရင္ခြင္ထဲသူေျပးဝင္မိသည္။
အ႐ုပ္ႀကီးရင္ခြင္ထဲမ်က္ႏွာအပ္ကာသာ သူၿငိမ္သက္ေနခဲ့ၿပီး အိပ္ရာခင္းကိုေတာ့ ခပ္တင္းတင္းဆုပ္ကိုင္ေခ်မြေနသည္။
ေအာက္ထပ္ဆီမွကားထြက္သြားသံၾကားလိုက္ရၿပီး မၾကာခင္မွာပဲ သူ႔အခန္းတံခါးေခါက္သံကိုၾကားရေတာ့သည္။
"ငယ္...."
"......."
"တံခါးဖြင့္ပါဦး....."
"......."
သူလုံးဝထဖြင့္မေပးသည့္ အခန္းတံခါးက ဂ်ေလာက္ဆိုေသာ အသံႏွင့္ ပြင့္သြားခဲ့ရာ သူေခါင္းေထာင္ၾကည့္မိသည္။
လက္ထဲမွာ ေသာ့တစ္ေခ်ာင္းကိုင္ၿပီး ကိုကိုဝင္လာသည္။
သူ႔အခန္းေသာ့အပိုကိုကို႔ဆီမွာ႐ွိေနခဲ့တာပဲ....
"ငယ္ေလး...."
ေက်ာေပးလ်က္သား သူအျပင္ကိုေငးၾကည့္ေနလိုက္ေတာ့ ဆြဲအေပြ႔ခံလိုက္ရတဲ့ သူ႔ခႏၶာကိုယ္...
"လႊတ္!"
ေအာ္လည္းေအာ္လက္ကလည္း ကိုကို႔ရင္ဘက္ေတြကို တဘုန္းဘုန္း႐ိုက္လ်က္....
"ကိုကို႐ွင္းျပတာကိုအရင္နားေထာင္ဦး...."
"နားမေထာင္ခ်င္ဘူး...
လႊတ္!"
သူ႔လက္ႏွစ္ဖက္လုံး အေနာက္ကိုလိမ္ကာ ဆြဲခ်ဳပ္ခံလိုက္ရသည္။
"လႊတ္!!
ခင္ဗ်ား မေကာင္းတဲ့လူ!
ကြၽန္ေတာ့္လက္နာေနၿပီ...."
"ေျပာတာနားေထာင္ေပးရင္လႊတ္ေပးမယ္..."
"ဘာကိုနားေထာင္ရမွာလဲ....!
ကြၽန္ေတာ္ျမင္ခဲ့တာကို ကြၽန္ေတာ္သိတယ္...
အဲ့မိန္းမ ခင္ဗ်ားကို...အ...."
သူ့ပါးႏွစ္ဖက္ကို လက္တစ္ဖက္တည္းႏွင့္ အတင္းညႇစ္ပစ္သူ....
"ခင္ဗ်ား?
အေခၚအေဝၚေတြျပင္စမ္း ငယ္!"
နာက်င္ေနသည့္ ပါး႐ိုးေတြကို သူကျပန္လႊတ္ေပးသည္။
"ေတာက္!!!"
ခ်ဳပ္ထားတဲ့လက္ေတြကိုပါလႊတ္ေပးၿပီး ကိုကိုအခန္းထဲကေနထြက္သြားခဲ့သည္။
လိႈက္တက္လာသည့္ ဝမ္းနည္းမႈေတြေၾကာင့္ အသံမထြက္ေပမယ့္ မ်က္ရည္ေတြက ေပါမ်ားစြာ.....
ကြၽန္ေတာ္သိတယ္...
အဲ့မိန္းမကိုကို႔ကိုႀကိဳက္ေနတာ....
ခုနကျမင္ကြင္းက ကိုကို႔ဆႏၵမပါဘူးဆိုၿပီးလည္း ကိုယ့္ကိုကိုယ္ေျပာတယ္...
ဒါေပမယ့္ ကြၽန္ေတာ္နားမလည္ႏိုင္ဘူး...
ကိုကိုကဘာလို႔ေဒါသထြက္သြားရတာလဲ...
ဘာေၾကာင့္ ကြၽန္ေတာ့္ကိုနာေအာင္လုပ္ရတာလဲ.....
အမွားလုပ္ထားမိတဲ့သူက ကြၽန္ေတာ္မဟုတ္ဘူးေလ....
ဘယ္လိုပဲေနေန ကြၽန္ေတာ္မွားသြားပါတယ္ဆိုၿပီး ကိုကို႔ကိုေတာင္းပန္ပါ့မယ္....
ကြၽန္ေတာ္ကိုကို႔ ကိုယုံၾကည္တာမို႔...
ညစာစားခ်ိန္ ကိုကို႔ကိုသူေစာင့္ေနခဲ့တယ္.....
ကိုကိုအေပၚထပ္ကဆင္းလာေပမယ့္ သူ႔ကိုတစ္ခ်က္မၾကည့္ဘဲ အျပင္ထြက္သြားခဲ့သည္။
"အစ္ကိုေလး ဆရာက Dinner ခ်ိန္းထားတာ႐ွိတယ္တဲ့..."
မိငယ္ကိုနားလည္ေၾကာင္းေခါင္းညိတ္ျပကာ စားခ်င္စိတ္မ႐ွိေတာ့ေသာညစာေၾကာင့္ သူအေပၚသာျပန္တက္ခဲ့ေတာ့သည္။
တစ္ဖက္အိမ္ရဲ႕အေပၚထပ္အခန္းေလးကေတာ့ ေမွာင္မိုက္ေနသည္။
ဖြက္ထားခဲ့သည့္ ေဆးလိပ္ေတြကိုယူျပီးတစ္လိပ္ၿပီးတစ္လိပ္႐ွိဳက္ဖြာကာ အတိတ္ေန႔ရက္ေတြကို ျပန္လည္ျမင္ေယာင္မိသည္။
ငါ့ရဲ႕လုပ္ရပ္ေတြမွန္ကန္ခဲ့ရဲ႕လား.....
📲🎶 phone rings.....
""Doctor Khant""
သူမကိုင္ပဲထားလိုက္ေတာ့ ထပ္ေခၚသည္။
ေဆးလိပ္မီးသတ္ၿပီး ဖုန္းကိုေကာက္ယူလိုက္သည္။
"Hello"
"ကိုယ့္ဆီလာခဲ့ဦးလို႔မွာထားခဲ့တာကို ဘာလို႔မလာတာလဲ သသ...."
"အလုပ္႐ႈပ္ေနလို႔..."
"ဘာအလုပ္လဲ....
လူလိမ္အလုပ္လား....
အခုခ်က္ခ်င္း ငါ့ဆီလာခဲ့..."
"ကြၽန္ေတာ္မအားဘူး...."
"ငါအန္တီ့ကို မင္းဘာေတြလုပ္ေနလဲ ေျပာလိုက္ရမလား ဟမ္!"
မင္းနဲ႔ငါတစ္ခါမွမေျပာခဲ့ဘူးသည့္ ကိုခန္႔က ေဒါသထြက္ေနမွန္းသိသာသည္။
"လိပ္စာပို႔လိုက္..."
ဖုန္းခ်လိုက္ၿပီး ခ်က္ခ်င္းပဲ လာရမည့္ေနရာလိပ္စာပို႔လာသည္။
အဝတ္လည္းလဲခ်င္စိတ္မ႐ွိေတာ့ေသာေၾကာင့္ wallet ႏွင့္ေအာက္ထပ္မွ ကားေသာ့ကိုသာယူကာသူထြက္လာခဲ့သည္။
နာမည္ႀကီးbarတစ္ခု....
VIP ခန္းေတြ ႐ွိေပမယ့္ အျပင္ဝိုင္းတစ္ခုမွာ ဝိုင္ေသာက္ရင္း ေငးငိုင္ေနသည့္ ကိုခန္႔ထံသူသြားကာ မ်က္ႏွာခ်င္းဆိုင္ခုံမွာဝင္ထိုင္လိုက္သည္။
အလိုက္သင့္ သူ့အတြက္ ဝိုင္ခြက္တစ္ခြက္ယူလာေပးသည့္ စားပြဲထိုးေလးက ဝိုင္ထည့္ေပးရန္ျပင္ေတာ့ ကိုခန္႔ကတားေလသည္။
ေခါင္းညိတ္ကာစားပြဲထိုးေလးျပန္ထြက္သြားေတာ့ သလင္းျမဴ ဝိုင္ကိုခြက္အျပည့္ေလာင္းထည့္ကာ တစ္ခါတည္းကုန္ေအာင္ေမာ့ေသာက္ျပစ္လိုက္သည္။
"သသ!
မင္းဘယ္အခ်ိန္ထိ ဒီလိုေတြလုပ္ေနဦးမွာလဲ..."
ဝိုင္ပုလင္းဆီထပ္လက္လွမ္းေနသည့္ သူ႔လက္ကို ႐ိုက္ဖယ္ကာ ကိုခန္႔ကသူ႔အနားေရာက္လာသည္။
"မင္း ေဆးလိပ္ေသာက္ထားျပန္ၿပီလား..."
ဆရာဝန္ႏွာေခါင္းပီသစြာ သူ႔အက်ႌမွအနည္းငယ္စြဲေနသည့္ အနံ႔ကိုတန္းသိသည္။
"ခြဲစိတ္ဖို႔ေငြလိုလို႔ ဒါမ်ိဳးလုပ္ေနတာလား..."
"......."
"သလင္းျမဴ! "
"ခြမ္း!!"
ေဘးနံရံကိုထိမွန္ကာ အစိတ္စိတ္အမႊာမႊာကြဲသြားခဲ့သည့္ ဝိုင္ခြက္....
ပစ္ေပါက္လိုက္သူက သလင္းျမဴ...
"မင္းဘယ္အခ်ိန္က ဒီေလာက္အထိ မိုက္႐ိုင္းတတ္သြားတာလဲ ဟမ္!!"
႐ွိသမ်ွ ဧည့္သည္ဝန္ထမ္းေတြ သူတို႔ကိုၾကည့္ေနေပမယ့္ vip room ထဲကထြက္သြားသူႏွစ္ဦးကေတာ့ ဘာမွၾကားမည့္ပုံမေပၚ....
ရစ္သီလာသည့္ မ်က္ရည္ေတြကိုေခါင္းေမာ့ကာ ျပန္လည္ထိန္းခ်ဳပ္လိုက္သည္။
မငိုနဲ႔...
အခုမ်က္ရည္က်ဖို႔ေစာေသးတယ္....
"ငါမင္းကိုေမးေနတာကိုေတာင္ ဂ႐ုမစိုက္ဘူးေပါ့..!
ငါတကယ္ အန္တီ့ကိုေျပာမွျဖစ္ေတာ့မယ္..."
"ေျပာလိုက္...
စိတ္ႀကိဳက္သာလုပ္ၾက....
ခင္ဗ်ားတို႔အားလုံးႀကိဳက္သလိုလုပ္ၾက!
ကြၽန္ေတာ္လည္း ေနခ်င္သလိုေနမယ္!!"
"သသ!"
"ကြၽန္ေတာ္ဘာေၾကာင့္လုပ္လဲဆိုတာကို သိေအာင္မႀကိဳးစားဘဲ
ဘာလို႔ခင္ဗ်ားတို႔အားလုံးကြၽန္ေတာ့္ကို ေဒါသထြက္အျပစ္တင္ေနၾကရတာလဲ!!
ဒါကြၽန္ေတာ့္ဘဝပါ....
အသက္မ႐ွည္ဘူးဆိုရင္ေတာင္ ဒါကြၽန္ေတာ္ပိုင္တဲ့ကြၽန္ေတာ့္ဘဝပဲ....
လာဝင္မစြက္ဖက္နဲ႔ မေႏွာက္ယွက္နဲ႔!"
ေျပာစရာစကားတို႔ေပ်ာက္႐ွကာ သူ႔ကိုမယုံၾကည္ႏိုင္ျခင္းမ်ားႏွင့္ ၾကည့္ေနသည့္ ကိုခန္႔ကိုေက်ာခိုင္းလ်ွက္ ေျခလွမ္းက်ဲမ်ားႏွင့္ သူေျပးထြက္ခဲ့မိသည္။
"လူလိမ္....
ခင္ဗ်ားကြၽန္ေတာ့္ကို ထပ္လိမ္တယ္...."
အရာအားလုံးကိုေမ့ျပစ္ခ်င္သည္။
ေျပးေနသည့္ ေျခလွမ္းေတြရဲ႕ဦးတည္ရာကိုသူကိုယ္တိုင္မသိ.....
တျဖည္းျဖည္းေႏွးလာသည့္ အ႐ွိန္ႏွင့္ ဒီဇင္ဘာ၏ ေအးစက္သည့္ လမ္းေဘးတစ္ေနရာမွာ သူအသက္႐ွဴလို႔ေတာင္မရေတာ့ဘဲ လဲက်သြားခဲ့သည္။
ေလးလံလာသည့္ မ်က္ခြံေတြမပိတ္ခင္ ေကာင္းကင္ကၾကယ္ေတြၾကားမွ ေမေမ့ရဲ႕မ်က္ဝန္းေတြ....
ပင္ပန္းေနေပမယ့္....
သူထြက္သြားလို႔မျဖစ္ေသးဘူး....
လေရာင္မ႐ွိသည့္ညမွာ ၾကယ္ေရာင္မွုန္ျပျပနဲ႔ လမ္းေဘးတစ္ေနရာက ျငိမ္သက္ေနတဲ့အျဖဴေရာင္ေကာင္ေလးကို တစ္စုံတစ္ေယာက္ကယ္တင္ေပးပါ.....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
သင့္ကိုအႀကိမ္ႀကိမ္လိမ္ေနတဲ့သူကို
အျပစ္မတင္ပာနဲ႔...
အမွတ္မ႐ွိဘဲ ယုံေနတဲ့ သင့္ကိုယ္သင္္သာ
အျပစ္တင္လိုက္ပါ
Bạn đang đọc truyện trên: Truyen247.Pro