Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-23 ( Is this my first? )

Unicode

"နေရောင်....
ထတော့...
ဟျောင့်... ထတော့လို့..."

သူ့ကိုပုတ်နှိုးနေသည်ကို မသိချင်ယောင်ဆောင်ပြီး ဆက်အိပ်နေပေမယ့် ဆက်တိုက်ကြီးမမောမပန်းခေါ်နေတာကြောင့် နားငြီးပြီးစိတ်ကတိုလာသည်။

"ထွက်သွား!
ကျောင်းပိတ်ရက်စိတ်ကြိုက်အိပ်ပါရစေ...
ထပ်မနှိုးနဲ့!  နားငြီးတယ်.... "

မျက်လုံးမဖွင့်ဘဲသူ့ကိုအော်နေသည့် စောင်ပုံထဲကပေါက်စကို ထုထောင်းချင်စိတ်ကတဖွားဖွား...

"မထချင်လဲနေ...!
Dimsum သွားဝယ်ထားလို့ မအေးခင်စားရအောင်နှိုးနေတာကို...."

သူ့စကားလဲဆုံးရော ချက်ချင်းထထိုင်လာသည်။

"Aigoo...
Wuri ကောင်းကင်လေးက အရမ်းအလိုက်သိတာပဲ...."

သူ့ပါးကိုဆွဲညှစ်ပြီး ရေချိုးခန်းထဲ ပြေးဝင်သွားသည့် နေရောင့်ကို ကြည့်ကာ သူ့မှာ ပြုံးနေတာရပ်မရ...

စောင်ခေါက်ပေးပြီး နေရောင့်အခန်းကို သေချာမျက်စိကစားကြည့်မိရာ စာကြည့်စားပွဲပေါ်မှ အနက်ရောင် စာအုပ်တစ်အုပ်.....

""Souless Beauties ""

အနက်ပေါ်မှာ သေချာပုံဖော်ထားသည့် အဖြူရောင်စာလုံးတွေနှင့် နှင်းဆီဖြူလေး....

စစ်ကောင်းကင်နိုင် စိတ်ဝင်စားသွားတာကြောင့် စာအုပ်ကိုယူကြည့်လိုက်သည်။

"Woah! "

သူအော်ရလောက်အောင်ကို အံ့ဩစရာကောင်းနေသည်။

အဖြူရောင်စာရွက်တွေထက်မှာ နေရာတကျရှိနေသည့် လိပ်ပြာရောင်စုံများ...

တစ်ကောင်ချင်းစီကို ပုံစံမပျက်အောင် tape အကြည်နှင့် သေချာအုပ်ထားကာ စာရွက်ဖြူတွေထက်မှာလှပနေသည်။

သူတစ်ရွက်ပြီး တစ်ရွက် စိတ်ဝင်တစားလှန်ကြည့်မိကာ အရောင်စုံ size စုံ လိပ်ပြာတွေက စာအုပ်တစ်အုပ်လုံးအပြည့်နီးပါးပင်ရှိနေသည်။

"နေရောင်...
ဒီလိပ်ပြာတွေကမင်းကိုယ်တိုင်လုပ်ထားတာလား..."

ရေချိုးခန်းထဲကထွက်လာတဲ့နေရောင့်ကို သူသိချင်လွန်းသဖြင့် စီးကြိုကာမေးမိသည်။

"အင်း..."
"မိုက်တယ်...
ဖမ်းပြီး ကပ်ထားတာပေါ့..."
"မဟုတ်ဘူး...
အသေလေးတွေကိုရှာထားတာ..."
"ဒီလောက်အများကြီး မင်းဘယ်တုန်းကတည်းစလုပ်တာလဲ...."
"မမှတ်မိတော့ဘူး...
ငါဗိုက်ဆာနေပြီ..."

သူစာအုပ်ကို အသာပြန်ချကာ နေရောင်နဲ့အတူအောက်ထပ်ဆင်းခဲ့တော့သည်။

အန်တီမြပန်းကန်ထဲထည့်ပေးထားသည့် Dimsum နှင့် coffee နံ့ကသူ့ဗိုက်ကိုပိုဆာစေသည်။

"ငါ နှပ် coffee ပါဝယ်လာတယ်..."
"ကျေးဇူးပါ ငါ့သူငယ်ချင်း..."

သူခုံမှာဝင်ထိုင်လိုက်ပြီး Dimsum လေးတစ်ခုစားကာ coffee လေးကိုတစ်ငုံသောက်လိုက်ပြီး သဘောတကျပြုံးမိသည်။

"ကောင်းလိုက်တာ...
မင်းလည်းစားလေ... ရော့..."

သလင်းမြူ တူလေးကိုင်ပြီး မစားသေးဘဲသူ့ကိုကြည့်နေသည့် ကောင်းကင်ကို ခွံ့ကျွေးလိုက်သည်။

"မင်္ဂလာ နံနက်ခင်းပါ ဆရာ...."

အန်တီမြနှင့် မိငယ်ရဲ့နှုတ်ဆက်သံကြောင့် ဘုန်းရှိန်ဝါထက်ရောက်နေပြီမှန်းသိပေမယ့် သူလှည့်ပင်မကြည့်မိ...

ကောင်းကင်ကလည်း မနေ့ညက ရန်ဖြစ်ထား၍ ဘုန်းရှိန်ဝါထက်ဝင်လာသည်နှင့် မျက်နှာက မကြည်တော့ပေ...

"ကောင်းကင်...အာ...."

အလိုက်သင့်ပါးစပ်ဟပေးသည့် ကောင်းကင်ကို သူထပ်ပြီးခွံ့ကျွေးလိုက်သည်။

"Coffe တွေသောက်နေတာလား ငယ်လေး...
မတည့်ဘူးလေ...
မသောက်နဲ့တော့..."

သလင်းမြူ ဂရုမစိုက်ဘဲ coffee ကိုသောက်လိုက်သည်။

"စစ်ကောင်းကင်နိုင် ငယ့်ကိုမင်း coffee တိုက်တာလား..."
"ဟုတ်တယ်လေ...
အဲ့တာ ခင်ဗျားနဲ့ဘာဆိုင်လို့လဲ.... "

တင်းမာလာသည့် အခြေအနေကြောင့် သလင်းမြူ ကောင်းကင် လက်ကို ကိုင်ကာ ဆက်မပြောဖို့တားမြစ်လိုက်သည်။

"ကိုရှိန်ဝါ...."

အနူသလိတ်ကပ်တဲ့အသံနဲ့ ရောက်လာသူက နန်းစံထိုက်ဆိုသော မိန်းမ....

"နန်း စောစောစီးစီးဘာကိစ္စရှိလို့လဲ..."
"ကိုရှိန်ဝါအတွက် မနက်စာလာပို့တာ...
နန်းကိုယ်တိုင်ချက်ထားတဲ့ ဆိတ်စွတ်ပြုတ်..."

ကောင်းကင်နဲ့သူ့ကို ဟန်ဆောင်ပြုံးပြကာ ထိုမိန်းမကယူလာသည့် ချိုင့်ကို စားပွဲပေါ်တင်ကာ ဖွင့်လိုက်လေသည်။

"အော့!!"
"နေရောင် ဘာဖြစ်လို့လဲ.... "

ညှီလွန်းသည့် အနံ့ကြောင့် သူထိန်းမရအောင်ပျို့တက်လာသည်။

"ငယ်အဆင်ပြေရဲ့လား..."
"အော့....!"
"သူများအစားအသောက်စားမယ့်ဟာကို
မိုက်ရိုင်းလိုက်တဲ့ဟာလေး..."
"ဒုန်း!!!"

စားပွဲခုံကို ကောင်းကင်ကဒေါသတကြီးထုလိုက်ကာ ထိုမိန်းမကို စူးစူးဝါးဝါး စိုက်ကြည့်နေလေသည်။

"ခင်ဗျားပါးစပ်ပိတ်ထား...
သတိပေးထားတာကိုမေ့သွားတာလား...
ဦးဘုန်းရှိန်ဝါထက် အဲ့မိန်းမပါးစပ်ကို ခင်ဗျားသေချာပိတ်ခိုင်းထား...
မဟုတ်ရင် အသံမထွက်နိုင်အောင် ဆွဲဖြဲမိလိမ့်မယ်...."

အံကြိတ်ရင်းပြောသည့် ကောင်းကင်ကြောင့် နန်းစံထိုက်တုန်သွားလေသည်။

"နေရောင် အပေါ်ပြန်သွားရအောင်.....
စောစောစီးစီး အညှီအဟောက်နံ့တွေနဲ့....
ကျက်သရေတုံးတယ်..."
"ရရဲ့လား ငယ်..."

နေရောင့်အနားကပ်လာသည့် ဘိုးတော်ကြောင့် နေရောင့်လက်ကိုဆွဲကာသူအပေါ်ကိုတက်ရန်ပြင်လိုက်သည်။

"အန်တီမြ ကျွန်တော်တို့စားလက်စတွေကိုအပေါ်လာပို့ပေး...
ကျွန်တော်ဝယ်လာတဲ့မုန့်တွေရောပဲ..."
"ဟုတ်ကဲ့ပါ အစ်ကိုလေး..."
"လာနေရောင်..."

ဘုန်းရှိန်ဝါထက် ရင်လေးစွာ သက်ပြင်းသာချရင်း စစ်ကောင်ကင်နောက်ပါသွားသည့် ငယ့်ကိုသာမျက်စိတဆုံးလိုက်ကြည့်မိသည်။

"ဟိုအဒေါ်ကြီး!
စွတ်ပြုတ်ထည့်ဖို့ ပန်းကန်ပြင်ပေး!!"
"အစ်မလေးမှာ လက်ပါတာဘဲ ကိုယ့်ဘာသာလုပ်ပေါ့..."
"အိမ်ဖော်ကများ ရာရာစစ!!"
"ကျွန်မတို့က အိမ်ဖော် အခိုင်းအစေဆိုရင်တောင် အစ်မလေးကကျွန်မတို့သခင်မှမဟုတ်တာ..."

အပြုံးလေးနှင့် ထွက်သွားသည့် အန်တီမြကို ကြိတ်မနိုင်ခဲမနိုင်ဖြစ်ကျန်နေသူက နန်းစံထိုက်...

နေနှင့်ဦးပေါ့ အဘွားကြီး ရော ဟိုအရိုင်းအစိုင်းတွေရော.....

ဘုန်းရှိန်ဝါထက် အသက်သာအောင့်ရင်း နန်းစံထိုက်ယူလာသည့် စွတ်ပြုတ်ကို သောက်ကာ ပြီးမှ အော်ဂလီဆန်စွာ အန်နေရတော့သည်။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

မနက်ခြောက်ခွဲ RC ရှေ့ကိုအရောက်ဆိုသောကြောင့် သူမှာစောစောစီးစီး ပြူးပြဲထရပြန်သည်။

ဘယ်အချိန်ကတည်းက ထပဲများနေမှန်းမသိသည့် ကောင်းကင်ကတော့ မှန်တင်ခုံရှေ့မှာ သီချင်းညည်းရင်း တက်ကြွနေသည်။

နံနက်ခင်းရဲ့အအေးဓာတ်ကြောင့် ကုတ်အရှည် အနက်ကို သူအပေါ်မှထပ်ကာ ဝတ်ဆင်လိုက်ပြီး ပြင်ဆင်ခြင်းကိုအဆုံးသတ်လိုက်သည်။

📲🎶 Phone rings.....

"Hello စိုင်းစံ...."
"အစ်ကို မလာသေးဘူးလား..."
"လာတော့မှာ..."
"အစ်ကို့မှာ guitar ရှိတယ်မလား..."
"အင်း..ရှိတယ်..."
"Senior တွေကယူခဲ့တဲ့...
Guitar ကတစ်လုံးတည်းပဲပါလို့..."
"အင်းယူခဲ့လိုက်မယ်...
ဒါပဲမလား..."

သူဖုန်းချကာ ကုတင်ဘေးမှထောင်ထားသည့် guitar ကိုယူပြီး ဆင်းလာခဲ့တော့သည်။

သူတို့ကိုလိုက်ပို့ရန် ဦးထွန်းကကားအသင့်ပြင်ကာ စောင့်နေသည်။

ဖိနပ်ကိုစီးပြီး သူကြိုးချည်ရန်ပြင်တော့...

"ငါချည်ပေးမယ်...
မင်းလက်ကအခုထိနာနေသေးတယ်မလား..."
"ကျေးဇူး..."

RC ရှေ့မှာ Express နှစ်စီးရပ်ထားပြီး ကျောင်းသားကျောင်းသူတွေအကုန်လုံးလည်း ရောက်နေကြပြီ....

Botany တစ်စီး Zoology တစ်စီး...

"စူးနေရောင်ထက်က ကားမူးတတ်တယ်ဆိုတော့စိုင်းစံရှားနဲ့ အရှေ့ဘက်ကခုံမှာထိုင်နော်..."
"ဟုတ်...."

သလင်းမြူစ်ိုင်းစံနှင့် ကားပေါ်တက်တော့တောင် ကောင်းကင်တို့ကတော့ Botany ကသူကြိုက်နေသေည့်ကောင်မလေးကိုငမ်းနေသောကြောင့် တက်မလာသေး....

ကားထွက်မည်ဟုအော်မှသာ အပြေးအလွှားတက်လာကြသည်။

ကားထဲမှာဖွင့်ထားသည့် Jonas blue ၏ perfect stanger သီချင်းကိုခပ်တိုးတိုးလိုက်ဆိုရင်း ကုတ်မှခေါင်းစွပ်တပ်ကာ မျက်လုံးတွေမှိတ်ရင်း သူပြန်အိပ်ရန်တွေးမိသည်။

"🎶Who knows the secret tomorrow will hold?
we don't really need to know....
Cause you're here with me now, I don't want you to go...
You're here with me now,I don't want you to go....

Maybe we're perfect strangers....
Maybe it's not forever
Maybe the night will change us...
Maybe we'll  stay together....
Maybe we'll walk away...
Maybe we'll realized
We're only human....
Maybe we don't need no reason.....
Why.........................🎶"

"နေရောင် ရော့.... "

အနောက်ခုံမှ ကောင်းကင်က သူ့ကို sandwich လှမ်းပေးလေသည်။

"မင်းမနက်စာမစားရသေးဘူးလေ...
စားလိုက်..."

အနောက်ကနေ မတ်တပ်ကြီးရပ်ပြီး သူစားတာကိုကြည့်နေသည့်ကောင်းကင်က သူ့ကိုရေတိုက်လိုက် ပါးစပ်သုတ်ပေးလိုက်နှင့်အလုပ်ရှုပ်နေရာ တေဇကအမြင်ကတ်စွာ ထအော်လေသည်။

"စိုင်းစံရှားရေ....
အဲ့ကလေးထိန်းနဲ့ နေရာလဲပေးစမ်းပါဟ..."
"ဘာကလေးထိန်းလဲ...!"

သူတို့နှစ်ယောက်မျက်စောင်းက တေဇဆီအစုလိုက်အပုံလိုက်ကျသွားတော့ တစ်ကားလုံးရယ်ကြလေသည်။

စိုင်းစံက တေဇဘေးသွားထိုင်တော့ ကောင်းကင်ကသူ့ဘေးခုံကိုရောက်လာသည်။

"အိပ်ချင်နေတာမလား....
ငါ့ပုခုံးမှီအိပ်လေ....
ကားမှန်နဲ့ဆောင့်မိနေမယ်...."
"မင်းပုခုံးအောက်လျောပေး..."

သလင်းမြူ ကောင်းကင်ပုခုံးကိုမှီကာ ခုံပေါ်ခြေထောက်လေးပါတင်ပြီး အိပ်ပျော်သွားခဲ့သည်။

"နေရောင်.....
ရောက်ပြီ..."
"ဟင်....အင်း...."

မျက်လုံးတွေကိုပွတ်သပ်ရင်း သူအားရပါးရသန်းလိုက်သည်။

ကန်တော်ကြီးတောင်ရောက်ပြီပဲ....

"လက်မှတ်ဖြတ်ဝင်ပြီးတာနဲ့ အထဲရောက်ရင် သုံးနာရီကိုယ်ကြိုက်တဲ့နေရာတွေလျှောက်ကြည့်လို့ရတယ်...
အချိန်ပြည့်ရင်တော့ ထင်ရှူးတောနားကိုပြန်လာပြီးစုရမယ်နော်...!"
"ဟုတ်!!"
"ပြီးတော့အရေးအကြီးဆုံးတစ်ခုမှာမယ်
No alcohol ပါ!!"

"ဟာ!!!"

ယောက်ျားလေးတွေထံမှ ထွက်လာသောအသံ...

"အပျော်ခရီးထွက်လာတာဆိုတော့ ပြဿနာမဖြစ်စေချင်ဘူး...
ပြောတာကြားကြလား..."
"ဟုတ်..."

ကားပေါ်ကဆင်းလာကတည်းက ကောင်းကင်ကတော့ အငြိမ်ပင်မနေနိုင်....

"နေရောင်...
ဟိုမှာ ခက်သံစဉ်လေးကငါ့ကိုကြည့်နေပြန်ပြီ..."
"သံစဉ်လေးကအရမ်းလှတာပဲ..."

မမောနိုင်မပန်းနိုင် တစ်သံစဉ်ထဲသံစဉ်နေတဲ့ကောင်နားမှာနေရတာ နားကပူ စိတ်ကတိုနဲ့....

"အစ်ကို..."

အနားရောက်လာသည့် စိုင်းစံက လွယ်ထားသည့် ကျောပိုးအိတ်ကို အသာဖွင့်ပြတော့ အထဲမှာ သူသောက်နေကျ ဝိုင်ဖြူ....

"တော်တယ်..."

နှစ်ကောင်သား လက်သီးချင်းတိုက်လိုက်ကြသည်။

ပန်းပွဲတော်အတွက်စီစဉ်မှုများနှင့် ကန်တော်ကြီးမှာစည်ကားနေသည်။

သူက guitar အိတ်ကိုလွယ်ထားပြီး စိုင်းစံကတော့ မုန့်တွေစားစရာတွေအပြည့်ပါသည့် ကျောပိုးအိတ်ကိုလွယ်ထားလေသည်။

သူတို့အနောက်မှာ ကောင်မလေးအချို့ပါလာပြီး ထိုကောင်မလေးတွေနောက်မှာမျက်နှာပိုးမသေသည့် ကောင်းကင်တို့ လေးကောင်ပါ ပါလာသည်။

ရွံ့နွံတောတံတားပေါ်လျှောက်လာရင်း စိုင်းစံကသူ့ကိုလက်တို့ကာ မျက်ခုံးပင့်ပြတော့ နှစ်ယောက်သား တိုင်ပင်စရာတောင်မလိုပဲ အတူတူထအော်ကြသည်။

"Oowoo!! Oowoo!!"

သူတို့နှစ်ယောက်ရဲ့အသံတွေနောက် သစ်ပင်တွေထက်မှပုန်းအောင်းနေသည့် မျောက်များထွက်လာကာ သူတို့လိုဆက်တိုက်အော်ကြတော့သည်။

"Oowoo!!! Oowoo!!! Oowoo!! Wo!wo!wo!wo!"

တိတ်ဆိတ်နေသောရွံ့နွံတောမှာ ဆူညံသွားပြီး အနောက်မှကောင်မလေးတွေကသူတို့ကိုကြည့်ကာရယ်နေလေသည်။

ငှက်လှောင်အိမ်ထဲဝင်ပြီးတော့ သလင်းမြူ လမ်းလျှောက်ရမှာပျင်းလာသည်။

"စိုင်းစံ...."

သူလက်ဖြန့်လိုက်တော့ စိုင်းစံက ဝိုင်ဖြူပုလင်းကိုဖောက်ကာ သူ့လက်ထဲထည့်ပေးသည်။

လူရှင်းသည့် ကန်ဘေးတစ်နေရာမှာ ရေပြင်ကိုငေးရင်း ရေပြင်ရဲ့ရနံ့နဲ့ ဝိုင်သောက်ရတဲ့အရသာကဘာနဲ့မှမလဲနိုင်အောင်ပင်...

"အရင်တုန်းကအချိန်တွေကိုမလွမ်းဘူးလားအစ်ကို....
ပွဲတစ်ခုခုရှိလို့ ကန်တော်ကြီးလာရင် ကျွန်တော်တို့တွေ ဝိုင်တွေခိုးသောက်ခဲ့ကြတာလေ...
ကိုဇေယျာ မူးပြီးရစ်နေလို့ဆရာမတွေမမြင်အောင် ဒီနားမှာကျွန်တော်တို့အကြာကြီးထိုင်နေခဲ့ကြရတာကိုရောမှတ်မိသေးလား..."
"မှတ်မိတာပေါ့...
ငါ့ဘဝမှာ ပျော်စရာအကောင်းဆုံးမှတ်ဉာဏ်တွေထဲကတစ်ခုပဲဟာကို..."
"ကစားကွင်းဘက်မှာ တိုက်ကားစီးတုန်းက တိုက်ကားလုကြတာ အစ်ကိုနဲ့နွယ်နီအတူတစ်စီးစီးလိုက်ရတာလေ...
အဲ့တုန်းက နွယ့်နီမျက်နှာလေးကိုရဲနေတာပဲ..."
"အဲ့တာမင်းတို့ကောင်တွေဝိုင်းယုတ်မာတာလေ...."
"ဟားဟား! "

အရင်ကအမှတ်တရတွေပြန်ပြောရင်း သူတို့နှစ်ယောက်အားရပါးရရယ်မိကြသည်။

"ဒီမှာ...."

ခေါ်သံကြောင့် သူနှင့်စိုင်းစံလှည့်ကြည့်လိုက်ရာ ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိသည့် ခုနကသူတို့နောက်မှပါလာသည့် ကောင်မလေးတွေ....

"ဘာကိစ္စရှိလို့လဲ... "
"ဟို ကျွန်မကိုမှတ်မိလား...."
"ဘယ်သူလဲဗျ..."

ဦးထုပ်အနီလေးကိုဆောင်းထားသည့် ကောင်မလေးကိုသူမြင်ဖူးသလိုတော့ရှိသည်။

"RC နားမှာ ဖိနပ်ပြတ်နေတာလေ..."
"အာ....
မှတ်မိပြီ...."
"အဲ့တုန်းကဖိနပ်ဝယ်ပေးတာ ပိုက်ဆံပြန်ပေးချင်လို့ပါ..."
"ရပါတယ် ပြန်ပေးစရာမလိုဘူး..."
"မဟုတ်တာ..."

ကောင်မလေးကသူ့လက်ထဲကို တစ်သောင်းတန်တစ်ရွက်လာပေးလေသည်။

သူပြန်ပေးတော့လည်းမရ...

"ကျေးဇူးကြွေးမတင်ချင်ဘူးထင်တယ်..."
"အဲ့လိုမဟုတ်ပါဘူး..."
"ဖိနပ်ကနှစ်ထောင်ပဲပေးရတာ...
ပြန်အမ်းမယ်ကျွန်တော့်နောက်ကလိုက်ခဲ့...."

သူတံတားပေါ်လျှောက်သွားတော့ စိုင်းစံနှင့် ထိုကောင်မလေးတို့ပါပါလာကြသည်။

"ဦးလေးပေါင်မုန့်နှစ်ထုပ်..."

တံတားပေါ်မှာငါးစာနှစ်ထုပ်ဝယ်ကာ သူကောင်မလေးကို ပိုက်ဆံရှစ်ထောင်ပြန်ပေးလိုက်သည်။

"ငါးစာကျွေးဦးမလား..."

သူပေါင်မုန့်တစ်ထုပ်ကိုပါဖောက်ပြီး ထိုကောင်မလေးကိုပေးလိုက်သည်။

ပေါင်မုန့်တွေတစ်ချပ်ပြီးတစ်ချပ်ဖဲ့ကာချကျွေးတော့ အလုအယက်ငါးတွေကလာစားကြသည်။

စိုင်းစံကသောက်လက်စ ပုလင်းကို သူ့ကိုပေးလာသည်။

"အစ်ကို...
ခက်သံစဉ်နဲ့သိတာဘာလို့ကျွန်တော့်ကိုမပြောတာလဲ..."
"ခက်သံစဉ်?
သူကခက်သံစဉ်လား....."

သလင်းမြူ ဝိုင်ကိုသာအရသာခံမော့သောက်ရင်း ဘေးမှသူ့မကိုလှည့်ကြည့်လိုက်တော့ သူ့ကိုကြည့်သည်နှင့်ဆုံသွားရာ သူခိုးလူမိသလို မျက်နှာလေးလွှဲသွားလေသည်။

"ခုနက အစ်မတွေက no alcohol လို့ပြောလိုက်တယ်မလား..."
"အင်းလေ..."

ထိုကောင်မလေးကစဉ်းစားသလိုနှုတ်ခမ်းလေးထော်လာသည်။

ကောင်မလေးက ကောင်းကင်ကြိုက်လည်းကြိုက်ချင်စရာပါ....

သူတိတ်တဆိတ်သာကောက်ချက်ချမိသည်။

"စည်းကမ်းဖောက်တာပေါ့..."
"စည်းကမ်းဆိုတာဖောက်ဖို့ပဲလေ...
မကြားဖူးဘူးလား..."
"မိသွားရင်ဘယ်လိုလုပ်မလဲ..."
"မသိဘူးလေ...
နောက်ဖြစ်မယ့်ကိစ္စကိုမစဉ်းစားဘူး..."

"နေရောင်!"

ရောက်လာပါပြီ...
သူ့ထက်ပြဲတဲ့အသံနဲ့ ကောင်ကင်တို့လေးကောင်.....

"သံစဉ်က ဒီရောက်နေတာပဲ..."

ကောင်ကင်စပ်ဖြီးဖြီးစကားသွားပြောပေမယ့် ဟိုကအရေးမလုပ်...

"မင်းသံစဉ်နဲ့သိတာလား..."
"မသိပါဘူး.."
"မသိဘဲနဲ့ ဘာလို့မင်းနဲ့ခုနကစကားပြောနေတာလဲ..."

ခပ်တိုးတိုးမေးနေသည့် ကောင်းကင်ကို ပုခုံးသာတွန့်ပြလိုက်သည်။

"မျှော်စင်သွားတက်ရအောင်...
ူသံစဉ်တို့လဲလိုက်ခဲ့လေ..."
"စူးနေရောင်ထက်ကရောသွားမှာလား..."

ကောင်းကင်မေးတာကို ထိုကောင်မလေးကသူ့ကိုပြန်မေးလာတော့ သူခေါင်းရမ်းရာ...

"နေရောင်လည်းသွားမှာပေါ့...
သွားကြမယ်..."

သူဘာမှတောင်ပြန်ပြောချိန်မရ ကောင်းကင်ကသူ့ကိုအတင်းဆွဲခေါ်လေသည်။

"ငါမတက်ဘူး..."

မျှော်စင်ကိုရောက်တော့ ဇွတ်ရောအတင်းရော ဆွဲခေါ်နေပြန်တဲ့ ကောင်ကင်လက်ထဲမှ သူရုန်းနေရသည်။

"မင်းကြိုက်တဲ့ကောင်မလေးနဲ့အဆင်ပြေချင်ကိုယ့်ဘာသာကြိုးစား...
ငါ့ကိုဓားစာခံလာမလုပ်နဲ့..."
"မင်းကလည်း...လာပါ..."
"ငါမတက်ဘူးလို့ပြောနေတယ်လေ...!!!"

သူအားကုန်အော်ကာ ဆောင့်ရုန်းတော့ အကုန်လုံးကဝိုင်းကြည့်နေကြပြီ....

"မင်းဘာဖြစ်နေတာလဲ...
ဘာတွေဒီလောက်တောင်ဒေါသထွက်နေရတာလဲ..."
"ငါဒေါသထွက်နေတာမဟုတ်ဘူး...
ကောင်းကောင်းပြောမရလို့အော်တာ..."

စိုင်းစံက သူ့အတွက်ဓာတ်လှေကားလက်မှတ်ဝယ်ပေးလေသည်။

"ထက်က ဓာတ်လှေကားနဲ့လိုက်လာလိမ့်မယ်..."
"ပြီးရောကွာ..."

ကောင်းကင်က စိတ်တိုသလို သူ့လက်ကိုလွှတ်ချပြီး လှေကားမှပြေးတက်သွားလေသည်။

ခက်သံစဉ်တို့ကလဲသူနဲ့အတူ ဓာတ်လှေကားနှင့်သာတက်သည်။

မျှော်စင်ပေါ်ရောက်တော့ နံရံပေါ်မှနေရာအနှံ့ရေးထားသည့် စာတွေထဲမှ သူတစ်စုံတစ်ခုကိုရှာဖွေမိသည်။

""MN+ TLM""

ထင်ရှားနေဆဲအမှတ်အသားလေးကမပျောက်ပျက်သေး...

""ငယ်လေးကို ကိုကိုအရမ်းလွမ်းတယ်""

ဘေးမှာရေးထားသည့် စာတန်းလေးတစ်ခု...

ကျဆင်းသွားသည့်မျက်ရည်စက်ကြားမှ သူပြုံးမိပါသည်။

ကိုကိုဒီကိုထပ်လာသွားခဲ့တယ်...
ကိုကိုက ငါ့ကိုလွမ်းနေခဲ့တယ်....

"နေရောင်...
ငါခုနကမှားသွားခဲ့တယ်
တောင်းပန်ပါတယ်.... "

အနားကိုရောက်လာသည့် ကောင်းကင်ကြောင့် မျက်ရည်တွေကိုအမြန်သုတ်ဖယ်ကာ ထိုစာတန်းလေးကို သူဖုန်းနှင့် ဓာတ်ပုံရိုက်ယူလိုက်သည်။

"နေရောင်....
ငါ့ကိုစိတ်ဆိုးနေတုန်းလား..."
"မဆိုးပါဘူး..."
"တော်သေးတာပေါ့..."

ကောင်းကင်ပြုံးနေတော့ သူနံရံပေါ်မှစာတန်းလေးကို အသာထိတွေ့ကြည့်ကာ ပြုံးမိပြန်သည်။

အချိန်နှစ်နာရီပြည့်တော့ senior တွေပြောသည့် အတိုင်းသူတို့ထင်းရူးတောဆီထွက်လာခဲ့ကြသည်။

နေ့လည်စာထမင်းဘူးတွေပေးတော့ ဗိုက်မဆာသေး၍ မစားကြသေးပေ။

လူစုံတော့ အဖွဲ့လေးဖွဲ့ခွဲကာ သူတို့ဆော့ကြရသည်။

အရင်ဆုံး တစ်ဖွဲ့စီမှ ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်စီထွက်ကာ မိန်းကလေးမျက်လုံးကို ပုဝါချည်၍ နှုတ်ခမ်းနီဆိုးခိုင်းသည်။

သလင်းမြူနှင့် သူတို့အတန်းရဲ့ မိန်းကလေးEC ထွက်သည်။

သလင်းမြူလက်ကို အနောက်ပို့ထားကာ မလှုပ်ရ....

မျက်လုံးစီးထားသည့် EC မလက်ထဲကနှုတ်ခမ်းနီသူ့နှုတ်ခမ်းပေါ်ရောက်တော့ သူခပ်တိုးတိုးပြောလိုက်သည်။

"လက်ကိုငြိမ်ငြိမ်နေ ငါ့ဘာသာဆိုးလိုက်မယ်..."

EC မကသဘောပေါက်စွာ နှုတ်ခမ်းနီကိုင်၍ ငြိမ်နေပေးတော့ သလင်းမြူ မသိမသာလေးခေါင်းကိုလှုပ်ကာ နှုတ်ခမ်းနီဆိုးသည်။

အားလုံးပြီးသွားလို့ အမှတ်ပေးချိန်ကျတော့ သူတို့အဖွဲ့အမှတ်ပြည့်ရလေသည်။

ကောင်းကင်ပေးသည့် tissue နှင့် နှုတ်ခမ်းကိုသုတ်ပေမယ့် နှုတ်ခမ်းနီတွေကမပြောင်နိုင်....

သူ့ကိုကြည့်ရယ်နေသည့် ကောင်းကင်ကိုလည်းခပ်ကြိတ်ကြိတ်ဆဲမိသည်။

ဘောလုံးသယ်တာ ခုံလုတာအစရှိသဖြင့် တစ်မျိုးပြီးတစ်မျိုးဆော့ကြရသည်။

"ဒါအဖွဲ့လိုက်ဆော့ရမယ့် နောက်ဆုံးပွဲနော် သေချာလုပ်ကြ"
"ဟုတ်ကဲ့!!"

စာရွက်ပါးလေးတစ်ရွက်ကို နှုတ်ခမ်းနှင့်သယ်ရခြင်း...

အရှေ့ဆုံးကနေ တစ်ယောက်ပြီးတစ်ယောက်ပြောင်းယူကာ သူအလှည့်ပင်ရောက်တော့မည်ဖြစ်၍ သလင်းမြူ နှုတ်ခမ်းတွေစိုစွတ်သွားအောင်လျှာနှင့်သပ်လိုက်သည်။

အသင့်အနေအထားနှင့်စောင့်နေချိန် သူ့အရှေ့မှကောင်းကင်က ခေါင်းစောင်းပြီးလှည့်လာရာ သလင်းမြူ မျက်နှာကိုအရှေ့တိုးကာ နှုတ်ခမ်းလေးအနည်းငယ်ထော်ထွက်လာသည်။

သူ့နှုတ်ခမ်းထက်စာရွက်လေးရောက်လာပေမယ့် စာရွက်ကကောင်းကင်နှုတ်ခမ်းကနေလည်းကွာမလာ...

သူရှိသမျှအားနှင့် လေစုပ်သွင်းကာ ဆွဲယူပေမယ့်မရပြန်....

ဘေးအသင်းကလူတွေရော senior တွေပါ သူတို့နှစ်ယောက်ကိုဝိုင်းကြည့်နေကြသည့်အပြင် တခြားခရီးသွားအလည်လာသူများကလည်း ကြည့်လာကြသည်။

သူတို့နှစ်ယောက်နှုတ်ခမ်းကြားမှာ စာရွက်လေးတစ်ရွက်သာရှိသောကြောင့် အဝေးကကြည့်လျှင် နမ်းနေသည်ထင်ကြပေမည်....

သလင်းမြူ နှုတ်ခမ်းကိုပြန်ခွာလိုက်ပြီး ကောင်းကင်ကိုအချက်ပြကာ သူထိသည်နှင့် စာရွက်ကိုမှုတ်ဖို့ပြောလိုက်သည်။

"1 2 3"

တိုင်ပင်ကျသည်နှင့် သလင်းမြူ နှုတ်ခမ်းတွေကောင်းကင်ထံပြေးသွားသည်။

"Oh my god!!"

ဆူညံသွားသောပတ်ဝန်းကျင်နှင့် သူ့နှုတ်ခမ်းနှင့်ထိတွေ့နေသည်က ပါးလွှာသည့် စာရွက်လေးမဟုတ်ခဲ့...

စာရွက်ငယ်လေးက မြေပြင်ပေါ်ရောက်နေပြီ...

ပြူးကြောင်ကြောင်ငြိမ်နေဆဲကောင်းကင်ကို နာအောင်ထုပစ်ကာ သူနှုတ်ခမ်းတွေကိုခွာပစ်ပြီး လက်နှင့် ကြမ်းကြမ်းသုတ်ပစ်မိသည်။

"Shit...."
"မတော်တဆဖြစ်တာပဲ....
စိတ်ထဲမထားနဲ့..."

ဝင်ပြောသည့် senior အမကြောင့်သာ ဆူညံနေတာငြိမ်သွားကြသည်။

သူ့ကိုကြည့်နေသည့်ကောင်းကင်က သူပြန်ကြည့်တော့ ခေါင်းငုံ့သွားလေသည်။

အံ့ဩပ...
အခုအဲ့ကောင်ကရှက်နေတာလား....

အားလုံးဝိုင်းထိုင်ကာ တစ်ယောက်ပြီးတစ်ယောက်ထပြီး ကိုယ့်ကိုကိုယ်မိတ်ဆက်ခိုင်းပြန်သည်။

ယူလာသည့် လက်ဆောင်တွေလဲရန် အရင်ဆုံး မဲနှိုက်ကြရသည်။

သူရသည်က Pooh အရုပ်အသေးလေး...

သူကတော့ Dreamcatcher ခရမ်းရောင်လေးပေးခဲ့သည်။

ယူလာသည့် guitar နှင့်သီချင်းတွေအတူဆိုကြသည်။

ထပ်ပြီး senior နှစ်ယောက်ကမဲနှိုက်ကာ မဲကျသည့်သူနှစ်ယောက်က ထပ်မဲနှိုက်ပြီး ကျသည့်အတိုင်းလုပ်ရသည်။

စိုင်းစံနှင့်အတန်းထဲကကောင်မလေးကတော့ သူကြီးသားပြဇာတ်ကျရာ စိုင်းစံကရေခပ်ဆင်းသည့်မိန်းကလေးပုံစံရေဘူးကြီးကိုရေအိုးလုပ်ရွက်ပြီး ထိုကောင်မလေးကတော့သူကြီးသားပုံစံသရုပ်ဆောင်ပြကြသည်။

တစ်တွဲပြီးတစ်တွဲတစ်မျိုးပြီးတစ်မျိုး ဗရုတ်သုတ်ခတွေလုပ်ကြရရာ အရမ်းလည်းရယ်ရသည်။

သလင်းမြူမှာတော့ ကိုယ့်အလှည့်မကျသေးသောကြောင့် အူမြူးကာ ရယ်ရတာဗိုက်တွေပင်အောင့်သည်။

"ကဲ စူးနေရောင်ထက် နဲ့....."

သလင်းမြူ မျက်နှာပိုးသတ်သွားပေပြီ...

"ခက်သံစဉ်..!!"

လက်ခုပ်တွေဝိုင်းတီးနေကြချိန် တစ်ဖက်မိန်းကလေးတော့မသိ သလင်းမြူမှာ ဘုရားတနေရသည်။

ခက်သံစဉ် မဲနှိုက်လိုက်တော့....

"တစ်မိနစ်ကြာအောင်........"

မဲနံပါတ်ကိုဖတ်ပေးနေသည့် အစ်မက ဆက်မပြောဘဲ ရယ်နေသောကြောင့် ပိုလန့်လာရသည်။

"နှုတ်ခမ်းကိုနမ်းပါ.!..."
"What the fuck!
အာ...sorry... "

သတိလက်လွတ်ပါးစပ်ကဆဲမိသွားတော့ သူအမြန်ပြန်တောင်းပန်လိုက်သည်။

Senior တွေပြောနေသည့် ကံထူးမည့်အနာဂတ် couple မဲကိုသူကျလိမ့်မည်မှန်းထင်မှမထားခဲ့တာ....

ခေါင်းငုံ့ကာ မျက်နှာလေးရဲနေသည့် ခက်သံစဉ်ကြောင့် သူ့မှာဘာလုပ်ရမယ်မှန်းမသိ....

"ခက်သံစဉ်နေရာမှာကျွန်တော်အစားဝင်မယ်!!"

ထအော်သူက စစ်ကောင်းကင်....

"ရတယ်လေ...
ညီမလေး ခက်သံစဉ်သဘောတူလား..."
"ရှင်..."

Senior ရဲ့အမေးကို ခက်သံစဉ် ပြန်ပင်မဖြေရသေး ကောင်းကင်က ထွက်လာပေပြီ...

Fuck...
ငါရဲ့ first kiss ကိုဒင်းကောင်နဲ့ကုန်ဆုံးရမှာလား...

သလင်းမြူ စိတ်ရှုပ်စွာ မျက်နှာကိုပွတ်နေမိသည်။

"မြန်မြန်နမ်းကြပါ!"
"ယောက်ျားချင်းပဲ ဘာမှမဖြစ်ပါဘူး!"
"မြန်မြန်နမ်းလိုက်ပါ!"

ကျောက်ရုပ်လိုတောင့်တောင့်ကြီးရပ်နေသည့် ကောင်းကင်ကတော့စနမ်းမည့်ပုံမပေါ်....

ဒါကကစားနေတာ တကယ်မဟုတ်ဘူး...
တကယ်မဟုတ်ဘူး....

သလင်းမြူ စိတ်ကိုလျော့ချကာ ကောင်းကင်ပုခုံးကိုကိုင်၍ နည်းနည်းတောင်ငုံ့မပေးသော ရုပ်သေကြီးနှင့်ကောင်ကြောင့် ခြေဖျားထောက်ရတော့သည်။

"Woo!!
Woah!!"

ဆူညံသွားသည့် လက်ခုပ်သံတွေကြား မျက်စိကိုစုံမှိတ်ကာ ခြေဖျားထောက်ထားတဲ့ကောင်လေးရဲ့နှုတ်ခမ်းတွေက အသက်တောင်ရှူဖို့မေ့နေတဲ့ မလှုပ်မယှက်ရပ်နေသည့် ကောင်လေးရဲ့နှုတ်ခမ်းတွေပေါ်မှာ...

နာရီကြည့်နေပေးသည့် အစ်မရဲ့ "Time up " လို့အော်သံကြားသည်နှင့် သူချက်ချင်း နှုတ်ခမ်းတွေကိုပြန်ခွာကာ စိုင်းစံကမ်းပေးသည့် ရေဘူးကိုမော့သောက်လိုက်သည်။

"စူးနေရောင် ရော့..."

ခက်သံစဉ်ကမ်းပေးသည့် wet tissue လေးကိုမျက်နှာပူပူနှင့်ယူကာ နှုတ်ခမ်းတွေပူထူလာသည်အထိ သူအထပ်ထပ်သုတ်နေမိသည်။

"ယောက်ျားလေးနဲ့နမ်းရတာ ဘယ်လိုနေလဲ..."

မတည်ငြိမ်သောစိတ်ကြောင့် ထွက်နေသည့် ဒေါသတို့ကို ပြောင်စပ်စပ်လာစသည့် စိုင်းစံအပေါ်ပုံချကာ သူလိုက်ရိုက်တော့သည်။

"ဟျောင့်...
ငစစ်!
သေသွားတာလား!!
ဟျောင့် သတိကပ်ဦး!"

တေဇတို့ အတင်းဝိုင်းအော်မှ သေရာမှပြန်ရှင်လာသလို အသက်ကို အငမ်းမရရှူရင်း စစ်ကောင်းကင်နိုင် သူ့ပါးသူအထပ်ထပ်ရိုက်နေလေသည်။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

Jonas blue ရဲ့ perfect stranger လေးက ဒီ ep အတွက်အသင့်တော်ဆုံး background music ပဲ 😁

***********************************

Zawgyi

"ေနေရာင္....
ထေတာ့...
ေဟ်ာင့္... ထေတာ့လို႔..."

သူ႔ကိုပုတ္ႏိႈးေနသည္ကို မသိခ်င္ေယာင္ေဆာင္ၿပီး ဆက္အိပ္ေနေပမယ့္ ဆက္တိုက္ႀကီးမေမာမပန္းေခၚေနတာေၾကာင့္ နားၿငီးၿပီးစိတ္ကတိုလာသည္။

"ထြက္သြား!
ေက်ာင္းပိတ္ရက္စိတ္ျကိုက္အိပ္ပါရေစ...
ထပ္မႏိႈးနဲ႔!  နားျငီးတယ္.... "

မ်က္လုံးမဖြင့္ဘဲသူ့ကိုေအာ္ေနသည့္ ေစာင္ပုံထဲကေပါက္စကို ထုေထာင္းခ်င္စိတ္ကတဖြားဖြား...

"မထခ်င္လဲေန...!
Dimsum သြားဝယ္ထားလို႔ မေအးခင္စားရေအာင္ႏိႈးေနတာကို...."

သူ႔စကားလဲဆုံးေရာ ခ်က္ခ်င္းထထိုင္လာသည္။

"Aigoo...
Wuri ေကာင္းကင္ေလးက အရမ္းအလိုက္သိတာပဲ...."

သူ႔ပါးကိုဆြဲညႇစ္ၿပီး ေရခ်ိဳးခန္းထဲ ေျပးဝင္သြားသည့္ ေနေရာင့္ကို ၾကည့္ကာ သူ႔မွာ ျပဳံးေနတာရပ္မရ...

ေစာင္ေခါက္ေပးၿပီး ေနေရာင့္အခန္းကို ေသခ်ာမ်က္စိကစားၾကည့္မိရာ စာၾကည့္စားပြဲေပၚမွ အနက္ေရာင္ စာအုပ္တစ္အုပ္.....

""Souless Beauties ""

အနက္ေပၚမွာ ေသခ်ာပုံေဖာ္ထားသည့္ အျဖဴေရာင္စာလုံးေတြႏွင့္ ႏွင္းဆီျဖဴေလး....

စစ္ေကာင္းကင္ႏိုင္ စိတ္ဝင္စားသြားတာေၾကာင့္ စာအုပ္ကိုယူၾကည့္လိုက္သည္။

"Woah! "

သူေအာ္ရေလာက္ေအာင္ကို အံ့ဩစရာေကာင္းေနသည္။

အျဖဴေရာင္စာရြက္ေတြထက္မွာ ေနရာတက်႐ွိေနသည့္ လိပ္ျပာေရာင္စုံမ်ား...

တစ္ေကာင္ခ်င္းစီကို ပုံစံမပ်က္ေအာင္ tape အၾကည္ႏွင့္ ေသခ်ာအုပ္ထားကာ စာရြက္ျဖဴေတြထက္မွာလွပေနသည္။

သူတစ္ရြက္ၿပီး တစ္ရြက္ စိတ္ဝင္တစားလွန္ၾကည့္မိကာ အေရာင္စုံ size စုံ လိပ္ျပာေတြက စာအုပ္တစ္အုပ္လုံးအျပည့္နီးပါးပင္႐ွိေနသည္။

"ေနေရာင္...
ဒီလိပ္ျပာေတြကမင္းကိုယ္တိုင္လုပ္ထားတာလား..."

ေရခ်ိဳးခန္းထဲကထြက္လာတဲ့ေနေရာင့္ကို သူသိခ်င္လြန္းသျဖင့္ စီးႀကိဳကာေမးမိသည္။

"အင္း..."
"မိုက္တယ္...
ဖမ္းၿပီး ကပ္ထားတာေပါ့..."
"မဟုတ္ဘူး...
အေသေလးေတြကို႐ွာထားတာ..."
"ဒီေလာက္အမ်ားႀကီး မင္းဘယ္တုန္းကတည္းစလုပ္တာလဲ...."
"မမွတ္မိေတာ့ဘူး...
ငါဗိုက္ဆာေနၿပီ..."

သူစာအုပ္ကို အသာျပန္ခ်ကာ ေနေရာင္နဲ႔အတူေအာက္ထပ္ဆင္းခဲ့ေတာ့သည္။

အန္တီျမပန္းကန္ထဲထည့္ေပးထားသည့္ Dimsum ႏွင့္ coffee နံ႔ကသူ႔ဗိုက္ကိုပိုဆာေစသည္။

"ငါ ႏွပ္ coffee ပါဝယ္လာတယ္..."
"ေက်းဇူးပါ ငါ့သူငယ္ခ်င္း..."

သူခုံမွာဝင္ထိုင္လိုက္ၿပီး Dimsum ေလးတစ္ခုစားကာ coffee ေလးကိုတစ္ငုံေသာက္လိုက္ၿပီး သေဘာတက်ျပဳံးမိသည္။

"ေကာင္းလိုက္တာ...
မင္းလည္းစားေလ... ေရာ့..."

သလင္းျမဴ တူေလးကိုင္ၿပီး မစားေသးဘဲသူ႔ကိုၾကည့္ေနသည့္ ေကာင္းကင္ကို ခြံ့ေကြၽးလိုက္သည္။

"မဂၤလာ နံနက္ခင္းပါ ဆရာ...."

အန္တီျမႏွင့္ မိငယ္ရဲ႕ႏႈတ္ဆက္သံေၾကာင့္ ဘုန္း႐ွိန္ဝါထက္ေရာက္ေနၿပီမွန္းသိေပမယ့္ သူလွည့္ပင္မၾကည့္မိ...

ေကာင္းကင္ကလည္း မေန႔ညက ရန္ျဖစ္ထား၍ ဘုန္း႐ွိန္ဝါထက္ဝင္လာသည္ႏွင့္ မ်က္ႏွာက မၾကည္ေတာ့ေပ...

"ေကာင္းကင္...အာ...."

အလိုက္သင့္ပါးစပ္ဟေပးသည့္ ေကာင္းကင္ကို သူထပ္ၿပီးခြံ႔ေကြၽးလိုက္သည္။

"Coffe ေတြေသာက္ေနတာလား ငယ္ေလး...
မတည့္ဘူးေလ...
မေသာက္နဲ႔ေတာ့..."

သလင္းျမဴ ဂ႐ုမစိုက္ဘဲ coffee ကိုေသာက္လိုက္သည္။

"စစ္ေကာင္းကင္ႏိုင္ ငယ့္ကိုမင္း coffee တိုက္တာလား..."
"ဟုတ္တယ္ေလ...
အဲ့တာ ခင္ဗ်ားနဲ႔ဘာဆိုင္လို႔လဲ..."

တင္းမာလာသည့္ အေျခအေနေၾကာင့္ သလင္းျမဴ ေကာင္းကင္ လက္ကို ကိုင္ကာ ဆက္မေျပာဖို႔တားျမစ္လိုက္သည္။

"ကို႐ွိန္ဝါ...."

အႏူသလိတ္ကပ္တဲ့အသံနဲ႔ ေရာက္လာသူက နန္းစံထိုက္ဆိုေသာ မိန္းမ....

"နန္း ေစာေစာစီးစီးဘာကိစၥ႐ွိလို႔လဲ..."
"ကို႐ွိန္ဝါအတြက္ မနက္စာလာပို႔တာ...
နန္းကိုယ္တိုင္ခ်က္ထားတဲ့ ဆိတ္စြတ္ျပဳတ္..."

ေကာင္းကင္နဲ႔သူ႔ကို ဟန္ေဆာင္ျပဳံးျပကာ ထိုမိန္းမကယူလာသည့္ ခ်ိဳင့္ကို စားပြဲေပၚတင္ကာ ဖြင့္လိုက္ေလသည္။

"ေအာ့!!"
"ေနေရာင္ ဘာျဖစ္လို႔လဲ.... "

ညီွလြန္းသည့္ အနံ႔ေၾကာင့္ သူထိန္းမရေအာင္ပ်ို့တက္လာသည္။

"ငယ္အဆင္ေျပရဲ႕လား..."
"ေအာ့....!"
"သူမ်ားအစားအေသာက္စားမယ့္ဟာကို
မိုက္႐ိုင္းလိုက္တဲ့ဟာေလး..."
"ဒုန္း!!!"

စားပြဲခုံကို ေကာင္းကင္ကေဒါသတႀကီးထုလိုက္ကာ ထိုမိန္းမကို စူးစူးဝါးဝါး စိုက္ၾကည့္ေနေလသည္။

"ခင္ဗ်ားပါးစပ္ပိတ္ထား...
သတိေပးထားတာကိုေမ့သြားတာလား...
ဦးဘုန္း႐ွိန္ဝါထက္ အဲ့မိန္းမပါးစပ္ကို ခင္ဗ်ားေသခ်ာပိတ္ခိုင္းထား...
မဟုတ္ရင္ အသံမထြက္ႏိုင္ေအာင္ ဆြဲျဖဲမိလိမ့္မယ္...."

အံႀကိတ္ရင္းေျပာသည့္ ေကာင္းကင္ေၾကာင့္ နန္းစံထိုက္တုန္သြားေလသည္။

"ေနေရာင္ အေပၚျပန္သြားရေအာင္.....
ေစာေစာစီးစီး အညႇီအေဟာက္နံ႔ေတြနဲ႔....
က်က္သေရတုံးတယ္..."
"ရရဲ႕လား ငယ္..."

ေနေရာင့္အနားကပ္လာသည့္ ဘိုးေတာ္ေၾကာင့္ ေနေရာင့္လက္ကိုဆြဲကာသူအေပၚကိုတက္ရန္ျပင္လိုက္သည္။

"အန္တီျမ ကြၽန္ေတာ္တို႔စားလက္စေတြကိုအေပၚလာပို႔ေပး...
ကြၽန္ေတာ္ဝယ္လာတဲ့မုန္႔ေတြေရာပဲ..."
"ဟုတ္ကဲ့ပါ အစ္ကိုေလး..."
"လာေနေရာင္..."

ဘုန္း႐ွိန္ဝါထက္ ရင္ေလးစြာ သက္ျပင္းသာခ်ရင္း စစ္ေကာင္ကင္ေနာက္ပါသြားသည့္ ငယ့္ကိုသာမ်က္စိတဆုံးလိုက္ၾကည့္မိသည္။

"ဟိုအေဒၚႀကီး!
စြတ္ျပဳတ္ထည့္ဖို႔ ပန္းကန္ျပင္ေပး!!"
"အစ္မေလးမွာ လက္ပါတာဘဲ ကိုယ့္ဘာသာလုပ္ေပါ့..."
"အိမ္ေဖာ္ကမ်ား ရာရာစစ!!"
"ကြၽန္မတို႔က အိမ္ေဖာ္ အခိုင္းအေစဆိုရင္ေတာင္ အစ္မေလးကကြၽန္မတို႔သခင္မွမဟုတ္တာ..."

အျပဳံးေလးႏွင့္ ထြက္သြားသည့္ အန္တီျမကို ႀကိတ္မႏိုင္ခဲမႏိုင္ျဖစ္က်န္ေနသူက နန္းစံထိုက္...

ေနႏွင့္ဦးေပါ့ အဘြားႀကီး ေရာ ဟိုအ႐ိုင္းအစိုင္းေတြေရာ.....

ဘုန္း႐ွိန္ဝါထက္ အသက္သာေအာင့္ရင္း နန္းစံထိုက္ယူလာသည့္ စြတ္ျပဳတ္ကို ေသာက္ကာ ၿပီးမွ ေအာ္ဂလီဆန္စြာ အန္ေနရေတာ့သည္။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

မနက္ေျခာက္ခြဲ RC ေ႐ွ႕ကိုအေရာက္ဆိုေသာေၾကာင့္ သူမွာေစာေစာစီးစီး ျပဴးျပဲထရျပန္သည္။

ဘယ္အခ်ိန္ကတည္းက ထပဲမ်ားေနမွန္းမသိသည့္ ေကာင္းကင္ကေတာ့ မွန္တင္ခုံေ႐ွ႕မွာ သီခ်င္းညည္းရင္း တက္ႂကြေနသည္။

နံနက္ခင္းရဲ႕အေအးဓာတ္ေၾကာင့္ ကုတ္အ႐ွည္ အနက္ကို သူအေပၚမွထပ္ကာ ဝတ္ဆင္လိုက္ၿပီး ျပင္ဆင္ျခင္းကိုအဆုံးသတ္လိုက္သည္။

📲🎶 Phone rings.....

"Hello စိုင္းစံ...."
"အစ္ကို မလာေသးဘူးလား..."
"လာေတာ့မွာ..."
"အစ္ကို႔မွာ guitar ႐ွိတယ္မလား..."
"အင္း..႐ွိတယ္..."
"Senior ေတြကယူခဲ့တဲ့...
Guitar ကတစ္လုံးတည္းပဲပါလို႔..."
"အင္းယူခဲ့လိုက္မယ္...
ဒါပဲမလား..."

သူဖုန္းခ်ကာ ကုတင္ေဘးမွေထာင္ထားသည့္ guitar ကိုယူၿပီး ဆင္းလာခဲ့ေတာ့သည္။

သူတို႔ကိုလိုက္ပို႔ရန္ ဦးထြန္းကကားအသင့္ျပင္ကာ ေစာင့္ေနသည္။

ဖိနပ္ကိုစီးၿပီး သူႀကိဳးခ်ည္ရန္ျပင္ေတာ့...

"ငါခ်ည္ေပးမယ္...
မင္းလက္ကအခုထိနာေနေသးတယ္မလား..."
"ေက်းဇူး..."

RC ေ႐ွ႕မွာ Express ႏွစ္စီးရပ္ထားၿပီး ေက်ာင္းသားေက်ာင္းသူေတြအကုန္လုံးလည္း ေရာက္ေနၾကၿပီ....

Botany တစ္စီး Zoology တစ္စီး...

"စူးေနေရာင္ထက္က ကားမူးတတ္တယ္ဆိုေတာ႔စိုင္းစံ႐ွားနဲ႔ အေ႐ွ႕ဘက္ကခုံမွာထိုင္ေနာ္..."
"ဟုတ္...."

သလင္းျမူစ္ိုင္းစံႏွင့္ ကားေပၚတက္ေတာ့ေတာင္ ေကာင္းကင္တို႔ကေတာ့ Botany ကသူႀကိဳက္ေနေသည့္ေကာင္မေလးကိုငမ္းေနေသာေၾကာင့္ တက္မလာေသး....

ကားထြက္မည္ဟုေအာ္မွသာ အေျပးအလႊားတက္လာၾကသည္။

ကားထဲမွာဖြင့္ထားသည့္ Jonas blue ၏ perfect stanger သီခ်င္းကိုခပ္တိုးတိုးလိုက္ဆိုရင္း ကုတ္မွေခါင္းစြပ္တပ္ကာ မ်က္လုံးေတြမွိတ္ရင္း သူျပန္အိပ္ရန္ေတြးမိသည္။

"🎶Who knows the secret tomorrow will hold?
we don't really need to know....
Cause you're here with me now, I don't want you to go...
You're here with me now,I don't want you to go....

Maybe we're perfect strangers....
Maybe it's not forever
Maybe the night will change us...
Maybe we'll  stay together....
Maybe we'll walk away...
Maybe we'll realized
We're only human....
Maybe we don't need no reason.....
Why.........................🎶"

"ေနေရာင္ ေရာ့.... "

အေနာက္ခုံမွ ေကာင္းကင္က သူ႔ကို sandwich လွမ္းေပးေလသည္။

"မင္းမနက္စာမစားရေသးဘူးေလ...
စားလိုက္..."

အေနာက္ကေန မတ္တပ္ႀကီးရပ္ၿပီး သူစားတာကိုၾကည့္ေနသည့္ေကာင္းကင္က သူ႔ကိုေရတိုက္လုိက္ ပါးစပ္သုတ္ေပးလိုက္ႏွင့္အလုပ္႐ႈပ္ေနရာ ေတဇကအျမင္ကတ္စြာ ထေအာ္ေလသည္။

"စိုင္းစံ႐ွားေရ....
အဲ့ကေလးထိန္းနဲ႔ ေနရာလဲေပးစမ္းပါဟ..."
"ဘာကေလးထိန္းလဲ...!"

သူတို႔ႏွစ္ေယာက္မ်က္ေစာင္းက ေတဇဆီအစုလိုက္အပုံလိုက္က်သြားေတာ့ တစ္ကားလုံးရယ္ၾကေလသည္။

စိုင္းစံက ေတဇေဘးသြားထိုင္ေတာ့ ေကာင္းကင္ကသူ႔ေဘးခုံကိုေရာက္လာသည္။

"အိပ္ခ်င္ေနတာမလား....
ငါ့ပုခုံးမွီအိပ္ေလ....
ကားမွန္နဲ႔ေဆာင့္မိေနမယ္...."
"မင္းပုခုံးေအာက္ေလ်ာေပး..."

သလင္းျမဴ ေကာင္းကင္ပုခုံးကိုမွီကာ ခုံေပၚေျခေထာက္ေလးပါတင္ၿပီး အိပ္ေပ်ာ္သြားခဲ့သည္။

"ေနေရာင္.....
ေရာက္ၿပီ..."
"ဟင္....အင္း...."

မ်က္လုံးေတြကိုပြတ္သပ္ရင္း သူအားရပါးရသန္းလိုက္သည္။

ကန္ေတာ္ႀကီးေတာင္ေရာက္ၿပီပဲ....

"လက္မွတ္ျဖတ္ဝင္ၿပီးတာနဲ႔ အထဲေရာက္ရင္ သုံးနာရီကိုယ္ႀကိဳက္တဲ့ေနရာေတြေလ်ွာက္ၾကည့္လို႔ရတယ္...
အခ်ိန္ျပည့္ရင္ေတာ့ ထင္႐ွဴးေတာနားကိုျပန္လာၿပီးစုရမယ္ေနာ္...!"
"ဟုတ္!!"
"ၿပီးေတာ့အေရးအႀကီးဆုံးတစ္ခုမွာမယ္
No alcohol ပါ!!"

"ဟာ!!!"

ေယာက္်ားေလးေတြထံမွ ထြက္လာေသာအသံ...

"အေပ်ာ္ခရီးထြက္လာတာဆိုေတာ့ ျပႆနာမျဖစ္ေစခ်င္ဘူး...
ေျပာတာၾကားၾကလား..."
"ဟုတ္..."

ကားေပၚကဆင္းလာကတည္းက ေကာင္းကင္ကေတာ့ အၿငိမ္ပင္မေနႏိုင္....

"ေနေရာင္...
ဟိုမွာ ခက္သံစဥ္ေလးကငါ့ကိုၾကည့္ေနျပန္ၿပီ..."
"သံစဥ္ေလးကအရမ္းလွတာပဲ..."

မေမာႏိုင္မပန္းႏိုင္ တစ္သံစဥ္ထဲသံစဥ္ေနတဲ့ေကာင္နားမွာေနရတာ နားကပူ စိတ္ကတိုနဲ႔....

"အစ္ကို..."

အနားေရာက္လာသည့္ စိုင္းစံက လြယ္ထားသည့္ ေက်ာပိုးအိတ္ကို အသာဖြင့္ျပေတာ့ အထဲမွာ သူေသာက္ေနက် ဝိုင္ျဖဴ....

"ေတာ္တယ္..."

ႏွစ္ေကာင္သား လက္သီးခ်င္းတိုက္လိုက္ျကသည္။

ပန္းပြဲေတာ္အတြက္စီစဥ္မႈမ်ားႏွင့္ ကန္ေတာ္ႀကီးမွာစည္ကားေနသည္။

သူက guitar အိတ္ကိုလြယ္ထားၿပီး စိုင္းစံကေတာ့ မုန္႔ေတြစားစရာေတြအျပည့္ပါသည့္ ေက်ာပိုးအိတ္ကိုလြယ္ထားေလသည္။

သူတို႔အေနာက္မွာ ေကာင္မေလးအခ်ိဳ႕ပါလာၿပီး ထိုေကာင္မေလးေတြေနာက္မွာမ်က္ႏွာပိုးမေသသည့္ ေကာင္းကင္တို႔ ေလးေကာင္ပါ ပါလာသည္။

ရြံ႔ႏြံေတာတံတားေပၚေလ်ွာက္လာရင္း စိုင္းစံကသူ႔ကိုလက္တို႔ကာ မ်က္ခုံးပင့္ျပေတာ့ ႏွစ္ေယာက္သား တိုင္ပင္စရာေတာင္မလိုပဲ အတူတူထေအာ္ၾကသည္။

"Oowoo!! Oowoo!!"

သူတို႔ႏွစ္ေယာက္ရဲ႕အသံေတြေနာက္ သစ္ပင္ေတြထက္မွပုန္းေအာင္းေနသည့္ ေမ်ာက္မ်ားထြက္လာကာ သူတို႔လိုဆက္တိုက္ေအာ္ၾကေတာ့သည္။

"Oowoo!!! Oowoo!!! Oowoo!! Wo!wo!wo!wo!"

တိတ္ဆိတ္ေနေသာရြံ႔ႏြံေတာမွာ ဆူညံသြားၿပီး အေနာက္မွေကာင္မေလးေတြကသူတို႔ကိုၾကည့္ကာရယ္ေနေလသည္။

ငွက္ေလွာင္အိမ္ထဲဝင္ၿပီးေတာ့ သလင္းျမဴ လမ္းေလ်ွာက္ရမွာပ်င္းလာသည္။

"စိုင္းစံ...."

သူလက္ျဖန္႔လိုက္ေတာ့ စိုင္းစံက ဝိုင္ျဖဴပုလင္းကိုေဖာက္ကာ သူ႔လက္ထဲထည့္ေပးသည္။

လူ႐ွင္းသည့္ ကန္ေဘးတစ္ေနရာမွာ ေရျပင္ကိုေငးရင္း ေရျပင္ရဲ႕ရနံ႔နဲ႔ ဝိုင္ေသာက္ရတဲ့အရသာကဘာနဲ႔မွမလဲႏိုင္ေအာင္ပင္...

"အရင္တုန္းကအခ်ိန္ေတြကိုမလြမ္းဘူးလားအစ္ကို....
ပြဲတစ္ခုခု႐ွိလို႔ ကန္ေတာ္ႀကီးလာရင္ ကြၽန္ေတာ္တို႔ေတြ ဝိုင္ေတြခိုးေသာက္ခဲ့ၾကတာေလ...
ကိုေဇယ်ာ မူးၿပီးရစ္ေနလို႔ဆရာမေတြမျမင္ေအာင္ ဒီနားမွာကြၽန္ေတာ္တို႔အၾကာႀကီးထိုင္ေနခဲ့ၾကရတာကိုေရာမွတ္မိေသးလား..."
"မွတ္မိတာေပါ့...
ငါ့ဘဝမွာ ေပ်ာ္စရာအေကာင္းဆုံးမွတ္ဉာဏ္ေတြထဲကတစ္ခုပဲဟာကို..."
"ကစားကြင္းဘက္မွာ တိုက္ကားစီးတုန္းက တိုက္ကားလုၾကတာ အစ္ကိုနဲ႔ႏြယ္နီအတူတစ္စီးစီးလိုက္ရတာေလ...
အဲ့တုန္းက ႏြယ့္နီမ်က္ႏွာေလးကိုရဲေနတာပဲ..."
"အဲ့တာမင္းတို့ေကာင္ေတြဝိုင္းယုတ္မာတာေလ...."
"ဟားဟား! "

အရင္ကအမွတ္တရေတြျပန္ေျပာရင္း သူတို႔ႏွစ္ေယာက္အားရပါးရရယ္မိၾကသည္။

"ဒီမွာ...."

ေခၚသံေၾကာင့္ သူႏွင့္စိုင္းစံလွည့္ၾကည့္လိုက္ရာ ဘယ္အခ်ိန္ကတည္းကေရာက္ေနမွန္းမသိသည့္ ခုနကသူတို႔ေနာက္မွပါလာသည့္ ေကာင္မေလးေတြ....

"ဘာကိစၥ႐ွိလို႔လဲ... "
"ဟို ကြၽန္မကိုမွတ္မိလား...."
"ဘယ္သူလဲဗ်..."

ဦးထုပ္အနီေလးကိုေဆာင္းထားသည့္ ေကာင္မေလးကိုသူျမင္ဖူးသလိုေတာ့႐ွိသည္။

"RC နားမွာ ဖိနပ္ျပတ္ေနတာေလ..."
"အာ....
မွတ္မိၿပီ...."
"အဲ့တုန္းကဖိနပ္ဝယ္ေပးတာ ပိုက္ဆံျပန္ေပးခ်င္လို႔ပါ..."
"ရပါတယ္ ျပန္ေပးစရာမလိုဘူး..."
"မဟုတ္တာ..."

ေကာင္မေလးကသူ႔လက္ထဲကို တစ္ေသာင္းတန္တစ္ရြက္လာေပးေလသည္။

သူျပန္ေပးေတာ့လည္းမရ...

"ေက်းဇူးေႂကြးမတင္ခ်င္ဘူးထင္တယ္..."
"အဲ့လိုမဟုတ္ပါဘူး..."
"ဖိနပ္ကႏွစ္ေထာင္ပဲေပးရတာ...
ျပန္အမ္းမယ္ကြၽန္ေတာ့္ေနာက္ကလိုက္ခဲ့...."

သူတံတားေပၚေလ်ွာက္သြားေတာ့ စိုင္းစံႏွင့္ ထိုေကာင္မေလးတို႔ပါပါလာၾကသည္။

"ဦးေလးေပါင္မုန္႔ႏွစ္ထုပ္..."

တံတားေပၚမွာငါးစာႏွစ္ထုပ္ဝယ္ကာ သူေကာင္မေလးကို ပိုက္ဆံ႐ွစ္ေထာင္ျပန္ေပးလိုက္သည္။

"ငါးစာေကြၽးဦးမလား..."

သူေပါင္မုန္႔တစ္ထုပ္ကိုပါေဖာက္ၿပီး ထိုေကာင္မေလးကိုေပးလိုက္သည္။

ေပါင္မုန္႔ေတြတစ္ခ်ပ္ၿပီးတစ္ခ်ပ္ဖဲ့ကာခ်ေကြၽးေတာ့ အလုအယက္ငါးေတြကလာစားၾကသည္။

စိုင္းစံကေသာက္လက္စ ပုလင္းကို သူ႔ကိုေပးလာသည္။

"အစ္ကို...
ခက္သံစဥ္နဲ႔သိတာဘာလို႔ကြၽန္ေတာ့္ကိုမေျပာတာလဲ..."
"ခက္သံစဥ္?
သူကခက္သံစဥ္လား....."

သလင္းျမဴ ဝိုင္ကိုသာအရသာခံေမာ့ေသာက္ရင္း ေဘးမွသူ႔မကိုလွည့္ၾကည့္လိုက္ေတာ့ သူ႔ကိုၾကည့္သည္ႏွင့္ဆုံသြားရာ သူခိုးလူမိသလို မ်က္ႏွာေလးလႊဲသြားေလသည္။

"ခုနက အစ္မေတြက no alcohol လို႔ေျပာလိုက္တယ္မလား..."
"အင္းေလ..."

ထိုေကာင္မေလးကစဥ္းစားသလိုႏႈတ္ခမ္းေလးေထာ္လာသည္။

ေကာင္မေလးက ေကာင္းကင္ႀကိဳက္လည္းႀကိဳက္ခ်င္စရာပါ....

သူတိတ္တဆိတ္သာေကာက္ခ်က္ခ်မိသည္။

"စည္းကမ္းေဖာက္တာေပါ့..."
"စည္းကမ္းဆိုတာေဖာက္ဖို႔ပဲေလ...
မၾကားဖူးဘူးလား..."
"မိသြားရင္ဘယ္လိုလုပ္မလဲ..."
"မသိဘူးေလ...
ေနာက္ျဖစ္မယ့္ကိစၥကိုမစဥ္းစားဘူး..."

"ေနေရာင္!"

ေရာက္လာပါၿပီ...
သူ႔ထက္ျပဲတဲ့အသံနဲ႔ ေကာင္ကင္တို႔ေလးေကာင္.....

"သံစဥ္က ဒီေရာက္ေနတာပဲ..."

ေကာင္ကင္စပ္ၿဖီးၿဖီးစကားသြားေျပာေပမယ့္ ဟိုကအေရးမလုပ္...

"မင္းသံစဥ္နဲ႔သိတာလား..."
"မသိပါဘူး.."
"မသိဘဲနဲ႔ ဘာလို႔မင္းနဲ႔ခုနကစကားေျပာေနတာလဲ..."

ခပ္တိုးတိုးေမးေနသည့္ ေကာင္းကင္ကို ပုခုံးသာတြန္႔ျပလိုက္သည္။

"ေမ်ွာ္စင္သြားတက္ရေအာင္...
ူသံစဥ္တို႔လဲလိုက္ခဲ့ေလ..."
"စူးေနေရာင္ထက္ကေရာသြားမွာလား..."

ေကာင္းကင္ေမးတာကို ထိုေကာင္မေလးကသူ႔ကိုျပန္ေမးလာေတာ့ သူေခါင္းရမ္းရာ...

"ေနေရာင္လည္းသြားမွာေပါ့...
သြားၾကမယ္..."

သူဘာမွေတာင္ျပန္ေျပာခ်ိန္မရ ေကာင္းကင္ကသူ႔ကိုအတင္းဆြဲေခၚေလသည္။

"ငါမတက္ဘူး..."

ေမ်ွာ္စင္ကိုေရာက္ေတာ့ ဇြတ္ေရာအတင္းေရာ ဆြဲေခၚေနျပန္တဲ့ ေကာင္ကင္လက္ထဲမွ သူ႐ုန္းေနရသည္။

"မင္းႀကိဳက္တဲ့ေကာင္မေလးနဲ႔အဆင္ေျပခ်င္ကိုယ့္ဘာသာႀကိဳးစား...
ငါ့ကိုဓားစာခံလာမလုပ္နဲ႔..."
"မင္းကလည္း...လာပါ..."
"ငါမတက္ဘူးလို႔ေျပာေနတယ္ေလ...!!!"

သူအားကုန္ေအာ္ကာ ေဆာင့္႐ုန္းေတာ့ အကုန္လုံးကဝိုင္းၾကည့္ေနၾကၿပီ....

"မင္းဘာျဖစ္ေနတာလဲ...
ဘာေတြဒီေလာက္ေတာင္ေဒါသထြက္ေနရတာလဲ..."
"ငါေဒါသထြက္ေနတာမဟုတ္ဘူး...
ေကာင္းေကာင္းေျပာမရလို႔ေအာ္တာ..."

စိုင္းစံက သူ႔အတြက္ဓာတ္ေလွကားလက္မွတ္ဝယ္ေပးေလသည္။

"ထက္က ဓာတ္ေလွကားနဲ႔လိုက္လာလိမ့္မယ္..."
"ၿပီးေရာကြာ..."

ေကာင္းကင္က စိတ္တိုသလို သူ႔လက္ကိုလႊတ္ခ်ၿပီး ေလွကားမွေျပးတက္သြားေလသည္။

ခက္သံစဥ္တို႔ကလဲသူနဲ႔အတူ ဓာတ္ေလွကားႏွင့္သာတက္သည္။

ေမ်ွာ္စင္ေပၚေရာက္ေတာ့ နံရံေပၚမွေနရာအႏွံ႔ေရးထားသည့္ စာေတြထဲမွ သူတစ္စုံတစ္ခုကို႐ွာေဖြမိသည္။

""MN+ TLM""

ထင္႐ွားေနဆဲအမွတ္အသားေလးကမေပ်ာက္ပ်က္ေသး...

""ငယ္ေလးကို ကိုကိုအရမ္းလြမ္းတယ္""

ေဘးမွာေရးထားသည့္ စာတန္းေလးတစ္ခု...

က်ဆင္းသြားသည့္မ်က္ရည္စက္ၾကားမွ သူျပဳံးမိပါသည္။

ကိုကိုဒီကိုထပ္လာသြားခဲ့တယ္...
ကိုကိုက ငါ့ကိုလြမ္းေနခဲ့တယ္....

"ေနေရာင္...
ငါခုနကမွားသြားခဲ့တယ္
ေတာင္းပန္ပါတယ္.... "

အနားကိုေရာက္လာသည့္ ေကာင္းကင္ေၾကာင့္ မ်က္ရည္ေတြကိုအျမန္သုတ္ဖယ္ကာ ထိုစာတန္းေလးကို သူဖုန္းႏွင့္ ဓာတ္ပုံ႐ိုက္ယူလိုက္သည္။

"ေနေရာင္....
ငါ့ကိုစိတ္ဆိုးေနတုန္းလား..."
"မဆိုးပါဘူး..."
"ေတာ္ေသးတာေပါ့..."

ေကာင္းကင္ျပဳံးေနေတာ့ သူနံရံေပၚမွစာတန္းေလးကို အသာထိေတြ႔ၾကည့္ကာ ျပဳံးမိျပန္သည္။

အခ်ိန္ႏွစ္နာရီျပည့္ေတာ့ senior ေတြေျပာသည့္ အတိုင္းသူတို႔ထင္း႐ူးေတာဆီထြက္လာခဲ့ၾကသည္။

ေန႔လည္စာထမင္းဘူးေတြေပးေတာ့ ဗိုက္မဆာေသး၍ မစားၾကေသးေပ။

လူစုံေတာ့ အဖြဲ႔ေလးဖြဲ႔ခြဲကာ သူတို႔ေဆာ့ၾကရသည္။

အရင္ဆုံး တစ္ဖြဲ႔စီမွ ေယာက္်ားေလးတစ္ေယာက္ႏွင့္ မိန္းကေလးတစ္ေယာက္စီထြက္ကာ မိန္းကေလးမ်က္လုံးကို ပုဝါခ်ည္၍ ႏႈတ္ခမ္းနီဆိုးခိုင္းသည္။

သလင္းျမဴႏွင့္ သူတို႔အတန္းရဲ႕ မိန္းကေလးEC ထြက္သည္။

သလင္းျမဴလက္ကို အေနာက္ပို႔ထားကာ မလႈပ္ရ....

မ်က္လုံးစီးထားသည့္ EC မလက္ထဲကႏႈတ္ခမ္းနီသူ႔ႏႈတ္ခမ္းေပၚေရာက္ေတာ့ သူခပ္တိုးတိုးေျပာလိုက္သည္။

"လက္ကိုၿငိမ္ၿငိမ္ေန ငါ့ဘာသာဆိုးလိုက္မယ္..."

EC မကသေဘာေပါက္စြာ ႏႈတ္ခမ္းနီကိုင္၍ ၿငိမ္ေနေပးေတာ့ သလင္းျမဴ မသိမသာေလးေခါင္းကိုလႈပ္ကာ ႏႈတ္ခမ္းနီဆိုးသည္။

အားလုံးၿပီးသြားလို႔ အမွတ္ေပးခ်ိန္က်ေတာ့ သူတို႔အဖြဲ႔အမွတ္ျပည့္ရေလသည္။

ေကာင္းကင္ေပးသည့္ tissue ႏွင့္ ႏႈတ္ခမ္းကိုသုတ္ေပမယ့္ ႏႈတ္ခမ္းနီေတြကမေျပာင္ႏိုင္....

သူ႔ကိုၾကည့္ရယ္ေနသည့္ ေကာင္းကင္ကိုလည္းခပ္ႀကိတ္ႀကိတ္ဆဲမိသည္။

ေဘာလုံးသယ္တာ ခုံလုတာအစ႐ွိသျဖင့္ တစ္မ်ိဳးၿပီးတစ္မ်ိဳးေဆာ့ၾကရသည္။

"ဒါအဖြဲ႔လိုက္ေဆာ့ရမယ့္ ေနာက္ဆုံးပြဲေနာ္ ေသခ်ာလုပ္ၾက"
"ဟုတ္ကဲ့!!"

စာရြက္ပါးေလးတစ္ရြက္ကို ႏႈတ္ခမ္းႏွင့္သယ္ရျခင္း...

အေ႐ွ႕ဆုံးကေန တစ္ေယာက္ၿပီးတစ္ေယာက္ေျပာင္းယူကာ သူအလွည့္ပင္ေရာက္ေတာ့မည္ျဖစ္၍ သလင္းျမဴ ႏႈတ္ခမ္းေတြစိုစြတ္သြားေအာင္လ်ွာႏွင့္သပ္လိုက္သည္။

အသင့္အေနအထားႏွင့္ေစာင့္ေနခ်ိန္ သူ႔အေ႐ွ႕မွေကာင္းကင္က ေခါင္းေစာင္းၿပီးလွည့္လာရာ သလင္းျမဴ မ်က္ႏွာကိုအေ႐ွ႕တိုးကာ ႏႈတ္ခမ္းေလးအနည္းငယ္ေထာ္ထြက္လာသည္။

သူ႔ႏႈတ္ခမ္းထက္စာရြက္ေလးေရာက္လာေပမယ့္ စာရြက္ကေကာင္းကင္ႏႈတ္ခမ္းကေနလည္းကြာမလာ...

သူ႐ွိသမ်ွအားႏွင့္ ေလစုပ္သြင္းကာ ဆြဲယူေပမယ့္မရျပန္....

ေဘးအသင္းကလူေတြေရာ senior ေတြပါ သူတို႔ႏွစ္ေယာက္ကိုဝိုင္းၾကည့္ေနၾကသည့္အျပင္ တျခားခရီးသြားအလည္လာသူမ်ားကလည္း ၾကည့္လာၾကသည္။

သူတို႔ႏွစ္ေယာက္ႏႈတ္ခမ္းၾကားမွာ စာရြက္ေလးတစ္ရြက္သာ႐ွိေသာေၾကာင့္ အေဝးကၾကည့္လ်ွင္ နမ္းေနသည္ထင္ၾကေပမည္....

သလင္းျမဴ ႏႈတ္ခမ္းကိုျပန္ခြာလိုက္ၿပီး ေကာင္းကင္ကိုအခ်က္ျပကာ သူထိသည္ႏွင့္ စာရြက္ကိုမႈတ္ဖို႔ေျပာလိုက္သည္။

"1 2 3"

တိုင္ပင္က်သည္ႏွင့္ သလင္းျမဴ ႏႈတ္ခမ္းေတြေကာင္းကင္ထံေျပးသြားသည္။

"Oh my god!!"

ဆူညံသြားေသာပတ္ဝန္းက်င္ႏွင့္ သူ႔ႏႈတ္ခမ္းႏွင့္ထိေတြ႔ေနသည္က ပါးလႊာသည့္ စာရြက္ေလးမဟုတ္ခဲ့...

စာရြက္ငယ္ေလးက ေျမျပင္ေပၚေရာက္ေနၿပီ...

ျပဴးေၾကာင္ေၾကာင္ၿငိမ္ေနဆဲေကာင္းကင္ကို နာေအာင္ထုပစ္ကာ သူႏႈတ္ခမ္းေတြကိုခြာပစ္ၿပီး လက္ႏွင့္ ၾကမ္းၾကမ္းသုတ္ပစ္မိသည္။

"Shit...."
"မေတာ္တဆျဖစ္တာပဲ....
စိတ္ထဲမထားနဲ႔..."

ဝင္ေျပာသည့္ senior အမေၾကာင့္သာ ဆူညံေနတာၿငိမ္သြားၾကသည္။

သူ႔ကိုၾကည့္ေနသည့္ေကာင္းကင္က သူျပန္ျကည့္ေတာ့ ေခါင္းငုံ႔သြားေလသည္။

အံ့ဩပ...
အခုအဲ့ေကာင္က႐ွက္ေနတာလား....

အားလုံးဝိုင္းထိုင္ကာ တစ္ေယာက္ၿပီးတစ္ေယာက္ထၿပီး ကိုယ့္ကိုကိုယ္မိတ္ဆက္ခိုင္းျပန္သည္။

ယူလာသည့္ လက္ေဆာင္ေတြလဲရန္ အရင္ဆုံး မဲႏိႈက္ၾကရသည္။

သူရသည္က Pooh အ႐ုပ္အေသးေလး...

သူကေတာ့ Dreamcatcher ခရမ္းေရာင္ေလးေပးခဲ့သည္။

ယူလာသည့္ guitar ႏွင့္သီခ်င္းေတြအတူဆိုၾကသည္။

ထပ္ၿပီး senior ႏွစ္ေယာက္ကမဲႏိႈက္ကာ မဲက်သည့္သူႏွစ္ေယာက္က ထပ္မဲႏိႈက္ၿပီး က်သည့္အတိုင္းလုပ္ရသည္။

စိုင္းစံႏွင့္အတန္းထဲကေကာင္မေလးကေတာ့ သူႀကီးသားျပဇာတ္က်ရာ စိုင္းစံကေရခပ္ဆင္းသည့္မိန္းကေလးပုံစံေရဘူးႀကီးကိုေရအိုးလုပ္ရြက္ၿပီး ထိုေကာင္မေလးကေတာ့သူႀကီးသားပုံစံသ႐ုပ္ေဆာင္ျပၾကသည္။

တစ္တြဲၿပီးတစ္တြဲတစ္မ်ိဳးၿပီးတစ္မ်ိဳး ဗ႐ုတ္သုတ္ခေတြလုပ္ၾကရရာ အရမ္းလည္းရယ္ရသည္။

သလင္းျမဴမွာေတာ့ ကိုယ့္အလွည့္မက်ေသးေသာေၾကာင့္ အူျမဴးကာ ရယ္ရတာဗိုက္ေတြပင္ေအာင့္သည္။

"ကဲ စူးေနေရာင္ထက္ နဲ႔....."

သလင္းျမဴ မ်က္ႏွာပိုးသတ္သြားေပၿပီ...

"ခက္သံစဥ္..!!"

လက္ခုပ္ေတြဝိုင္းတီးေနၾကခ်ိန္ တစ္ဖက္မိန္းကေလးေတာ့မသိ သလင္းျမဴမွာ ဘုရားတေနရသည္။

ခက္သံစဥ္ မဲႏိႈက္လိုက္ေတာ့....

"တစ္မိနစ္ၾကာေအာင္........"

မဲနံပါတ္ကိုဖတ္ေပးေနသည့္ အစ္မက ဆက္မေျပာဘဲ ရယ္ေနေသာေၾကာင့္ ပိုလန္႔လာရသည္။

"ႏႈတ္ခမ္းကိုနမ္းပါ.!..."
"What the fuck!
အာ...sorry... "

သတိလက္လြတ္ပါးစပ္ကဆဲမိသြားေတာ့ သူအျမန္ျပန္ေတာင္းပန္လိုက္သည္။

Senior ေတြေျပာေနသည့္ ကံထူးမည့္အနာဂတ္ couple မဲကိုသူက်လိမ့္မည္မွန္းထင္မွမထားခဲ့တာ....

ေခါင္းငုံ႔ကာ မ်က္ႏွာေလးရဲေနသည့္ ခက္သံစဥ္ေၾကာင့္ သူ႔မွာဘာလုပ္ရမယ္မွန္းမသိ....

"ခက္သံစဥ္ေနရာမွာကြၽန္ေတာ္အစားဝင္မယ္!!"

ထေအာ္သူက စစ္ေကာင္းကင္....

"ရတယ္ေလ...
ညီမေလး ခက္သံစဥ္သေဘာတူလား..."
"႐ွင္..."

Senior ရဲ႕အေမးကို ခက္သံစဥ္ ျပန္ပင္မေျဖရေသး ေကာင္းကင္က ထြက္လာေပၿပီ...

Fuck...
ငါရဲ႕ first kiss ကိုဒင္းေကာင္နဲ႔ကုန္ဆုံးရမွာလား...

သလင္းျမဴ စိတ္႐ႈပ္စြာ မ်က္ႏွာကိုပြတ္ေနမိသည္။

"ျမန္ျမန္နမ္းၾကပါ!"
"ေယာက္်ားခ်င္းပဲ ဘာမွမျဖစ္ပါဘူး!"
"ျမန္ျမန္နမ္းလိုက္ပါ!"

ေက်ာက္႐ုပ္လိုေတာင့္ေတာင့္ႀကီးရပ္ေနသည့္ ေကာင္းကင္ကေတာ့စနမ္းမည့္ပုံမေပၚ....

ဒါကကစားေနတာ တကယ္မဟုတ္ဘူး...
တကယ္မဟုတ္ဘူး....

သလင္းျမဴ စိတ္ကိုေလ်ာ့ခ်ကာ ေကာင္းကင္ပုခုံးကိုကိုင္၍ နည္းနည္းေတာင္ငုံ႔မေပးေသာ ႐ုပ္ေသႀကီးႏွင့္ေကာင္ေၾကာင့္ ေျခဖ်ားေထာက္ရေတာ့သည္။

"Woo!!
Woah!!"

ဆူညံသြားသည့္ လက္ခုပ္သံေတြၾကား မ်က္စိကိုစုံမွိတ္ကာ ေျခဖ်ားေထာက္ထားတဲ့ေကာင္ေလးရဲ႕ႏႈတ္ခမ္းေတြက အသက္ေတာင္႐ွဴဖို႔ေမ့ေနတဲ့ မလႈပ္မယွက္ရပ္ေနသည့္ ေကာင္ေလးရဲ႕ႏႈတ္ခမ္းေတြေပၚမွာ...

နာရီၾကည့္ေနေပးသည့္ အစ္မရဲ႕ "Time up " လို႔ေအာ္သံၾကားသည္ႏွင့္ သူခ်က္ခ်င္း ႏႈတ္ခမ္းေတြကိုျပန္ခြာကာ စိုင္းစံကမ္းေပးသည့္ ေရဘူးကိုေမာ့ေသာက္လိုက္သည္။

"စူးေနေရာင္ ေရာ့..."

ခက္သံစဥ္ကမ္းေပးသည့္ wet tissue ေလးကိုမ်က္ႏွာပူပူႏွင့္ယူကာ ႏႈတ္ခမ္းေတြပူထူလာသည္အထိ သူအထပ္ထပ္သုတ္ေနမိသည္။

"ေယာက္်ားေလးနဲ႔နမ္းရတာ ဘယ္လိုေနလဲ..."

မတည္ၿငိမ္ေသာစိတ္ေၾကာင့္ ထြက္ေနသည့္ ေဒါသတို႔ကို ေျပာင္စပ္စပ္လာစသည့္ စိုင္းစံအေပၚပုံခ်ကာ သူလိုက္႐ိုက္ေတာ့သည္။

"ေဟ်ာင့္...
ငစစ္!
ေသသြားတာလား!!
ေဟ်ာင့္ သတိကပ္ဦး!"

ေတဇတို႔ အတင္းဝိုင္းေအာ္မွ ေသရာမွျပန္႐ွင္လာသလို အသက္ကို အငမ္းမရ႐ွဴရင္း စစ္ေကာင္းကင္ႏိုင္ သူ႔ပါးသူအထပ္ထပ္႐ိုက္ေနေလသည္။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

Jonas blue ရဲ႕ perfect stranger ေလးက ဒီ ep အတြက္အသင့္ေတာ္ဆုံး background music ပဲ 😁


Bạn đang đọc truyện trên: Truyen247.Pro