Part-22 (can be)
Unicode
ဖိနပ်ဝယ်ဖို့ ရည်ရွယ်ချက်နဲ့ အပြင်ထွက်လာကြပေမယ့် နေရောင် စားချင်သည် ပြောသမျှကို လိုက်ကျွေးရင်း ဖိနပ်ကိုတောင်မေ့တေ့တေ့...
"ဖိနပ်မဝယ်တော့ဘူးလား..."
"ဟုတ်သား!
ဖိနပ်...."
ဗိုက်ပြည့်သွားတဲ့နေရောင်သတိပေးတော့မှ သူဖိနပ်ကိုပြန်သတိရသည်။
Diamond ထဲမှာပဲ ဖိနပ်ဝယ်ပြီး နေရောင်လိုချင်သည့် အရုပ်ကြီးကိုပါ တစ်ခါတည်းဝယ်ခဲ့လိုက်သည်။
နေရောင့် လက်တစ်ဖက်ကပတ်တီးနှင့်မို့ သူပဲ ငါးပေကျော် ဝက်ဝံရုပ်ကြီးကို ပိုက်လာခဲ့ရသည်။
ခြောက်ပေကျော်သည့် သူ့အရပ်နှင့်တောင် အရုပ်ကိုပိုက်လိုက်တော့ အရှေ့ကိုသိပ်မမြင်ရ...
ရုတ်တရက်နေရောင်က သူ့လက်ကိုလာကိုင်လေသည်။
"အရှေ့သေချာမမြင်ဘဲ မှောက်ရက်လဲနေမယ်..."
"ငါ့ကိုစိတ်ပူတယ်ပေါ့..."
"မင်းလဲရင် ငါ့အရုပ်ကလေးပေသွားမှာစိုးလို့..."
မချိုမချဉ်မျက်နှာပေးနဲ့ ပြန်ဖြေပုံကိုက ဖြတ်ရိုက်ချင်စရာလေး....
လွန်ခဲ့တဲ့ နာရီပိုင်းလောက်တုန်းက ကလေးလိုအော်ငိုခဲ့တဲ့ သူမဟုတ်သလိုပဲ.....
"မင်းဖိနပ်အိတ်ပေး....
ငါကိုင်ပေးမယ်...."
ဒီလိုကျတော့လည်း ချစ်ဖို့ကောင်းသား....
plaza ထဲရှိသမျှလူတွေက အရုပ်ကြီးပိုက်ထားသည့် သူနှင့် သူ့လက်ကိုကိုင်ထားသည့် နေရောင့်ကိုကွက်ကြည့်ကွက်ကြည့်....
ကားနောက်ခန်းထဲ အရုပ်ကို သူအတင်းထိုးထည့်တော့ ထွက်လာသည့် အသံပြဲ....
"ညင်ညင်သာသာလုပ်ပါဟ!
ငါ့အရုပ်လေးပေသွားရင် မင်းနာမယ်!!"
"ငါဝယ်ပေးလာတာလေ!
ငါ့ကိုအော်စရာလား!!"
"အော်မှာပဲ!!"
Parking ကလူတွေလည်း တစ်လှည့်စီအော်နေသည့် သူတို့နှစ်ယောက်ကိုကြည့်နေကြပေပြီ..
"ထပ်အော်ကြည့်...
အရုပ်ကို သူများပေးပစ်မယ်...
ကြားလား!!"
"ဟင့်.......
အီး ဟီး!!!!"
ချက်ချင်းကြီး ကားဘေး ငုတ်တုတ် ထိုင်ချကာ နေရောင်က ကလေးလိုအော်ငိုတော့ သူ့မှာ ဘာလုပ်ရမယ်မှန်းမသိ.....
"နေရောင်.....
ငါမှားသွားပါတယ်ကွာ....
မငိုပါနဲ့နော်..."
ဒူးမထောက်ရုံတမယ် လက်ဖဝါးနှစ်ဖက်ကို ပူးကာတောင်းပန်ပေမယ့် နေရောင်က မထူးခြား...
ငိုမြဲငိုဆဲကြောင့် ဘေးကလူတွေက သူ့ကိုအပြစ်တင်သလို ဝိုင်းကြည့်နေကြပြီ...
"တိတ်တော့နော်...."
"မကောင်းတဲ့ကောင်....ဟင့်...
နည်းနည်းလောက်...အင့်.....အော်မိတာကို...အင့်......
ငါ့အရုပ်.....အင့်....အရုပ်လေးကို......
အီးဟီး.....!!!"
အရုပ်ပေးပစ်မယ်ပြောလို့ လူကြားထဲ အော်ငိုသတဲ့လား....
"တိတ်တော့....
မတိတ်ရင် တကယ်ပေးပစ်မှာနော်...."
ထိုအခါမှ ချက်ချင်းအငိုတိတ်ပြီး သူ့ကိုမျက်စောင်းထိုးကြည့်နေလေသည်။
"မကျေနပ်ဘူးလား... "
သူမေးတာလဲပြန်မဖြေတော့ဘဲ ဆူပုပ်ပုပ်နှင့် ကားထဲဝင်ထိုင်တော့သည်။
Tissue box ထဲကနေ tissue တွေတစ်ရွက်ပြီးတစ်ရွက်ဆွဲထုတ်ကာ တဗြီးဗြီးနှင့် နှုတ်ချေးညစ်နေပုံကိုများ သူ့ကို crush နေတဲ့ကောင်မလေးတွေမြင်စေချင်....
"ကြည့်မနေနဲ့ ငါချောမှန်းသိတယ်...."
"အော့..အော့... "
"အန်ချလိုက် အန်ချလိုက် ဒါမျိုးကသဘာဝပဲ...
ထိန်းမထားနဲ့...."
ကောင်းကင်မျက်နှာကြီး ချက်ချင်းရဲတက်လာတော့ သလင်းမြူ ကျေနပ်စွာအော်ရယ်သည်။
"သဘောကျနေတယ်ပေါ့.... "
"အင်း....ဟားဟား... ဟား..
ဘာ..ဘာလဲ..."
ရယ်ချင်နေတာတောင် ဘယ်ရောက်သွားမှန်းမသိ သူ့မျက်နှာရှေ့ နှစ်လက်မအကွာကိုရောက်လာသော ကောင်းကင်မျက်နှာ....
"ဆက်ရယ်လေ..."
ပြုံးပြုံးကြီး သူ့ကိုကြည့်နေတာကြောင့် ဘာကြောင့်မှန်းမသိ မျက်နှာတစ်ပြင်လုံးပူထူလာသည်။
စစ်ကောင်းကင်နိုင် သူရှေ့က မျက်နှာလေးနီရဲနေသူကြောင့် ပိုစချင်လာသည်။
"ထပ်တိုးမလာနဲ့နော်....ငါထိုးမှာ..."
လက်သီးနှင့်ရွယ်ထားပေမယ့် အပြုံးမပျက် ပိုတိုးလာသူကြောင့် သူကားမှန်နားမှာကပ်နေပေပြီ။
"တိုးမလာပါနဲ့ဆို......ငါ..ငါ
တကယ်ထိုးမှာနော်...."
လက်မဝက်တောင်မလိုတော့တဲ့အကွာအဝေးမှာ သလင်းမြူ နည်းနည်းလှုပ်လိုက်တော့ နှာခေါင်းထိပ်လေးတွေထိသွားလေသည်။
စစ်ကောင်ကင်နိုင် ရင်ဘက်ထဲ ဒိန်းကနဲဖြစ်သွားပြီး ချက်ချင်း driver seat မှာနေရာတကျပြန်ထိုင်လိုက်သည်။
သလင်းမြူကတော့ လက်သီးရွယ်လျက်သားလေး ငြိမ်နေသည်။
နှစ်ယောက်သားအပြန်တစ်လမ်းလုံးလည်း စကားမဆိုကြဘဲ တိတ်ဆိတ်နေသည်။
သလင်းမြူ ကားပြတင်းအပြင်ကိုသာ ကြည့်နေပြီး စစ်ကောင်းကင်နိုင်ကတော့ ကားမောင်းရင်းနှင့်ပင် မငြိမ်သော စိတ်နှလုံးကြောင့် စတီရာရင်ပေါ်မှ လက်ချောင်းလေးတွေလှုပ်လိုက် ဒူးလှုပ်လိုက်နှင့် အငြိမ်မနေနိုင်ပေ။
စစ်ကောင်းကင်နိုင် ကားကိုခြံထဲမောင်းဝင်လိုက်သည်။
ရုပ်တည်လေးနှင့် နေရောင်က ထိုင်နေဆဲ....
" ငါ့အိမ်မှာ လိုက်နေမလား..."
"ဟမ်...."
ခပ်ကြောင်ကြောင်လေးလှည့်ကြည့်လာသူ....
"ဟိုဘိုးတော်နဲ့ မင်းကိုငါစိတ်မချဘူး....
ငါ့အိမ်လိုက်ခဲ့...."
နေရောင်က သူ့ကိုပြုံးပြရင်း ခေါင်းရမ်းသည်။
"ဘာမှမဖြစ်ပါဘူး....
စိတ်မပူနဲ့.... "
ကားထဲမှ နေရောင်ထွက်သွားပြီး အနောက်ခန်းထဲမှ အရုပ်ကိုဆွဲထုတ်နေတာကြောင့် သူအမြန် အရုပ်ကို သွားယူပိုက်လိုက်သည်။
"မင်းလက်နာနေတယ်လေ....
ငါလိုက်ပို့ပေးမယ်...."
"အင်း...."
"ငါ့လက်ကိုင်ပေးဦးလေ....
အပေါ်ထပ်လှေကားတက်ရင် ချော်လဲရင်ဘယ်လိုလုပ်မလဲ...."
နေရောင်က ထိုအခါမှ သူလက်ကို လာကိုင်သည်။
အိမ်ထဲဝင်လိုက်ကတည်းက ဘုန်းရှိန်ဝါထက်ကိုမတွေ့ရ....
ကုတင်ပေါ်အရုပ်ကိုတင်ပေးလိုက်ပြီး သူ့ကိုကျောပေးကာ အပြင်ကိုတွေတွေလေးကြည့်နေသည့် နေရောင့်အနားသွားလိုက်သည်။
"ငါပြန်တော့မယ်..."
"အင်း..."
"တစ်ခုခုဆို ငါ့ကိုဖုန်းဆက်နော်....
ငါချက်ချင်းလာခဲ့မယ်..."
"အင်းပါ...."
"လိုက်ကာတွေလည်းချမထားနဲ့....
ငါလှမ်းကြည့်နေမှာ...."
ကောင်းကင် အခန်းထဲကထွက်သွားတော့ သလင်းမြူ ကုတင်ပေါ်တက်ကာ အရုပ်ကြီးကိုဖက်ထားရင်း ခဏအိပ်ပျော်ရန် ကြိုးစားလိုက်သည်။
"Knock knock! ! Knock! "
အခန်းတံခါးကိုဆက်တိုက်ခေါက်သံကြောင့် သလင်းမြူ အိပ်ပျော်ခါနီးမှ လန့်နိုးကာ ကုန်းရုန်းထလိုက်သည်။
"ဘာကျန်ခဲ့လို့လဲ ကောင်းကင်...."
အခန်းတံခါးကိုဖွင့်ပေးလိုက်တော့ ဝင်လာသူကသူထင်သည့် ကောင်းကင်မဟုတ်....
"ဘယ်တွေသွားနေတာလဲ....
ဘာလို့ ဖုန်းမကိုင်တာလဲ!
ကိုယ်ဘယ်လောက်စိတ်ပူနေခဲ့လဲ သိလား!!"
ပုခုံးနှစ်ဖက်ကို ချုပ်ကိုင်ပြီး ရမ်းပစ်သူကြောင့် သလင်းမြူ ငိုထားသည့် အရှိန်ကြောင့် ပင်ပန်းနေရာ ခေါင်းထဲမှာပို၍မူးနောက်လာသည်။
သူဖုန်းမကိုင်တာမဟုတ်ရပါ...
ဖုန်းမေ့နေခဲ့လို့ပါ....
ပုခုံးပေါ်ကလက်တွေကို ဖယ်ချဖို့ကြိုးစားပေမယ့် အရာမထင်...
"ကိုယ်မေးနေတယ်လေ!!!"
"လက်ဖယ်........"
ဘုန်းရှိန်ဝါထက် ဘာတွေပြောနေလဲ သူမသိတော့ နားထဲမှာ တီဆိုသော အသံကိုသာကြားရကာ မူးဝေပြီး ပျော့ခွေကျသွားခဲ့သည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
စစ်ကောင်းကင်နိုင် ကိုယ့်အခန်းကိုယ်ပြန်ရောက်တော့ နေရောင့်အငွေ့အသက်ရှိနေသေးသည့် သူ့လက်ကို ကြည့်ကာပြုံးနေမိရင်း ကိုယ့်နှာခေါင်းထိပ်ကိုအသာလေးထိကြည့်တော့ အကြောင်းမဲ့ ရယ်မိပြန်သည်။
လိုက်ကာတွေဖယ်လိုက်ပြီး မျက်နှာချင်းဆိုင်မှ နေရောင့်အခန်းကိုလှမ်းကြည့်ရာ အရုပ်ကြီးဖက်အိပ်နေသည့် ကောင်လေးကိုလှမ်းမြင်ရတော့ အူယားသလို စိတ်ထဲကလိကလိဖြစ်လာတာကြောင့် နှုတ်ခမ်းကိုဖိကိုက်ထားမိသည်။
8 သောင်းကျော်လောက်ပြုတ်သွားပေမယ့် တန်ပါတယ်လေ.....
နေရောင် အခန်းတံခါးထဖွင့်ချိန်မှာတော့ သူဆက်မပြုံးနိုင်တော့ပေ။
နေရောင့် ပုခုံးတွေကိုကိုင်ရမ်းလိုက်သည့် ဘိုးတော်ကြောင့် သူအံကြိတ်ကာနေရောင့်အိမ်ဘက်ကို အားကုန်ပြေးတော့သည်။
အခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ ဘုန်းရှိန်ဝါထက် ရင်ခွင်ထဲလဲကျသွားသည့် နေရောင့်ကို သူဆွဲယူလိုက်ကာ ဘုန်းရှိန်ဝါထက်ရင်ဘက်ကို ဆောင့်တွန်းပစ်လိုက်သည်။
"ခင်ဗျားကြီးနေရောင့်ကို ဘာလုပ်လိုက်ပြန်တာလဲ!!
နေရောင်.....
နေရောင်...!"
ပါးလေးတွေပုတ်ကြည့်ပေမယ့် တုန့်ပြန်မှုတစ်စုံတစ်ရာမရှိသော နေရောင်ကို ကုတင်ပေါ်တင်လိုက်သည်။
"Hello....
Doctor ခန့်သူရိန်လွင်လား..."
"#$%@#%"
"လိပ်စာပို့လိုက်မယ်...
ချက်ချင်းလာခဲ့ပေးပါ..."
စားပွဲပေါ်မှ ငယ်လေးဖုန်းကိုယူကာ lock မချထားသောကြောင့် contact ထဲမှာရှိနေသည့် ကိုခန့် ဆိုသော No. ကိုဘုန်းရှိန်ဝါထက်ခေါ်လိုက်ကာ အမြန်လာပေးဖို့တောင်းဆိုလိုက်သည်။
အန်တီမြတို့ အားလုံးလည်း အခန်းထဲဝင်လာကြသည်။
"နေရောင့်ကို မထိဖို့ ခင်ဗျားကို ကျွန်တော်သတိမပေးထားဘူးလား!ဟမ်!!"
သူ့အကျႌကော်လန်ကိုလာဆွဲသည့် စစ်ကောင်းကင်နိုင်ပါးစောင်ကို ဘုန်းရှိန်ဝါထက် ထိုးချလိုက်သည်။
စစ်ကောင်းကင်နိုင် လဲကျသွားရာမှ ပြန်ထကာ ပါးစောင်အတွင်းမှ ထွက်လာသည့် သွေးအချို့ကို သုတ်ဖယ်ကာ ဘုန်းရှိန်ဝါထက်ကို ပြန်ထိုးသည်။
ဟန်ချက်ပျက်သွားသည့် ဘုန်းရှိန်ဝါထက်ပြန်လှည့်လာချိန်မှာ တစ်ယောက်အကျႌကော်လန်ကိုတစ်ယောက်ဆွဲကာ သတ်ပစ်ချင်သည့် မျက်ဝန်းအကြည့်တွေစုံသွားကြသည်။
"မင်းကဘာမို့လို့ ငါနဲ့ငယ့်ကြားဝင်ဝင်ပါနေတာလဲ...."
"ငယ်?
ခင်ဗျားကိစ္စတွေစိတ်မဝင်စားဘူး...
နေရောင့်ကိုသာ မနှောက်ယှက်နဲ့..."
"မင်းဘာမှမသိပါဘူး...
သူကငါ့ရဲ့ငယ်....
မင်းရဲ့နေရောင်မဟုတ်ဘူး...."
"ခင်ဗျား ဘာကိုပြောချင်တာလဲ "
"ငါနဲ့ငယ့်ကြားမှာ မင်းမသိတာတွေအများကြီးရှိတယ် စစ်ကောင်းကင်နိုင်....
ငါ့ငယ်လေးနားမှာမင်းကပ်နေတာကို ငါမမြင်ချင်ဘူး..."
"ခင်ဗျားရဲ့ငယ်လေး?...
ဘိုးတော် ဟာသတွေပြောမနေနဲ့....
ပထွေးပထွေးလိုနေ...
စည်းကျော်လာရင် ခင်ဗျားကိုဒီတိုင်းမထားဘူး..."
"ဆရာနဲ့အစ်ကိုလေးတော်ကြပါတော့....."
အတင်းဝင်ဆွဲသည့်ဦးထွန်းတို့ကြောင့်သာ နှစ်ယောက်လူချင်းကွဲသွားသည်။
အိမ်အောက်မှ ကားသံကြောင့် အန်တီမြ အမြန်သွားကြိုပြီး အခန်းထဲကိုဒရောသောပါး ပြေးဝင်လာသည့် ခန့်သူရိန်လွင်....
"သသ......"
ဘုန်းရှိန်ဝါထက်ကိုမြင်တော့ မျက်မှောင်တွေကျုံ့သွားကာ အန်တီမြ လက်ထဲမှ သူ့ဆေးအိတ်ကို ယူကာ သလင်းမြူ ကိုစမ်းသပ်တော့သည်။
"Doctor နေရောင် ဘာဖြစ်တာလဲ... "
ခန့်သူရိန်လွင် ပျာပျာသလဲမေးလာသည့် ထိုတစ်ယောက်ကိုလည်း ဘာမှပြန်မဖြေမိ....
မင်းညီကဘာလို့ဒီရောက်နေတာလဲ....
ဟိုတစ်ယောက်ကလည်း သသကိုဘာလို့ နေရောင်လို့ ခေါ်ရတာလဲ.....
သသကရော အလုပ်လုပ်တယ်ဆိုတာ ဒီမှာလား....
မေးခွန်းပေါင်းများစွာကို ခေတ္တမေ့ထားကာ သသကိုသာ အာရုံစိုက်ထားလိုက်သည်။
မတည်ငြိမ်သော နှလုံးခုန်နှုန်းနှင့် အသက်ပြင်းပြင်းရှူနေသည့် သသက ပင်ပန်းနေပုံပင်...
အနည်းငယ်မို့နေသည့် မျက်ခွံတို့ကြောင့် ငိုထားမှန်းလည်းသိလိုက်သည်။
ညာလက်မှပတ်တီးဖြူဖြူကရော ဘာဖြစ်ထားတာလဲ....
ခန့်သူရိန်လွင် လိုအပ်သည်များလုပ်ပေးပြီး မင်းညီကိုကြည့်ကာသက်ပြင်းချလိုက်သည်။
"ပင်ပန်းသွားလို့ ဖြစ်တာ....
နားလိုက်ရင် အဆင်ပြေသွားလိမ့်မယ်.... "
ဘေးမှ ကောင်လေးကလည်း ထိုအခါမှ သက်ပြင်းချကာ သသ ဘေးသွားထိုင်လေသည်။
"စကားပြောရအောင်..."
မင်းညီ ကသူ့ကိုစာဖတ်ခန်းတစ်ခုဆီခေါ်သွားလေသည်။
"သသ ကဘာလို့ မင်းနဲ့အတူရှိနေတာလဲ....
ပြီးတော့ဟိုကောင်လေးခေါ်တဲ့ နေရောင်ဆိုတာကရော....
ကလေးလက်ကလည်း ဘာဖြစ်ထားတာလဲ... "
ခန့်သူရိန်လွင်ကို သူ ငယ်လေးကိစ္စတွေအားလုံးပြောပြလိုက်သည်။
"သသ သတိရလာရင် ပြောလိုက်...
ငါ့ကိုလာတွေ့ပါလို့..."
ခန့်သူရိန်လွင် ရင်မောစွာ သက်ပြင်း အထပ်ထပ်ချပြီး ပြန်သွားလေသည်။
ငယ်လေး လက်ကိုကိုင်ကာ ထိုင်နေဆဲ စစ်ကောင်းကင်နိုင်ကတော့ ဆွဲထုတ်တောင်ပြန်မည့်ပုံမပေါ်....
သူလည်း ငယ်လေးတစ်ဖက်မှာ ဝင်ထိုင်လိုက်ရာ သူ့ကိုစစ်ကောင်းကင်နိုင်ကြည့်နေမှန်းသိပေမယ့် ဂရုမစိုက်မိ....
ပတ်တီးဖြူဖြူနှင့် လက်ဖမိုးနုနုကို သူငုံ့ကာနမ်းလိုက်သည်။
နန်းစံထိုက်နဲ့ အဖြစ်အပျက်ကို ဦးထွန်းတို့က အစအဆုံးမြင်လိုက်ကြားလိုက်ရသောကြောင့် သူ့ကိုပြန်ပြောသည်။
သူမှားပြန်ပြီမှန်းသိလိုက်ပေမယ့် နန်းစံထိုက်ကိုလည်း ဘာမှမပြောဘဲ ပြန်လွှတ်လိုက်သည်။
ကိုကို တောင်းပန်ပါတယ် ငယ်.....
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
မျက်လုံးမဖွင့်ခင်ကတည်းက သူ့လက်ဖဝါးနှစ်ဖက်လုံးနွေးထွေးနေသည်ကို ခံစားမိသည်။
"နေရောင်....
အဆင်ပြေလား....
ခေါင်းမူးနေသေးလား...."
တစ်ဖက်မှ ကောင်းကင်က စိုးရိမ်တကြီး မေးနေပေမယ့် တခြားတစ်ဖက်မှ ဘုန်းရှိန်ဝါထက်ကတော့ ငြိမ်နေသည်။
ဘုန်းရှိန်ဝါထက် လက်ထဲမှ သူ့လက်ကို ရုန်းထွက်လိုက်ကာ ထထိုင်လိုက်သည်။
"ငါအိပ်ပျော်နေတာကြာပြီလား...."
အပြင်ဘက်မှ အမှောင်ထုကို မြင်ရသောကြောင့် ကောင်းကင်ကို သူမေးလိုက်သည်။
"မကြာသေးပါဘူး နှစ်နာရီလောက်ပဲရှိသေးတာ..."
ကောင်းကင်သူ့လက်ကို မလွှတ်ပေးသလို သူကလည်းမရုန်းသေး....
ဘုန်းရှိန်ဝါထက် ဆက်မကြည့် ချင်တော့တာကြောင့် ထလိုက်သည်။
"ကိုခန့်က....
သူ့ကိုလာတွေ့ဖို့မှာသွားတယ်...."
"ကျစ်!
ကိုခန့်ကို ခင်ဗျားခေါ်လိုက်တာလား..."
"အင်း..."
ဘုန်းရှိန်ဝါထက် အခန်းထဲက ထွက်သွားတော့ သလင်းမြူ မှီထားသည့် ကုတင်ခေါင်းရင်းနှင့် ခေါင်းကို တဒိန်းဒိန်းတိုက်တော့သည်။
"ဘာလုပ်တာလဲ....
နေမကောင်းသေးပဲနဲ့..."
သူ့ခေါင်းနောက်ကို ကောင်းကင်က အတင်းလက်ထိုးခံလေသည်။
"ငါတော့ ရူးချင်တာပဲ...."
ကိုခန့်သိသွားပြီမှန်း သူနားလည်လိုက်တော့ မကြည်သည့် စိတ်ကပိုရှုပ်ကာ ခေါင်းတွေဖိကုတ်မိပြန်သည်။
"ဘာလို့ရူးချင်တာလဲ...
စိတ်ရှုပ်စရာ ရှိလို့လား..."
"မရှိဘူး.....
မင်းပြန်တော့လေ....
ငါအိပ်တော့မယ်......"
"ငါလည်း မင်းနဲ့အိပ်မှာ...
မပြန်ဘူး...."
"ကိုယ့်အိမ် ကိုယ်ပြန်အိပ်ပါ ကောင်းကင်ရာ...."
"ငါမင်းကို စိတ်မချဘူး...
ဘိုးတော်မင်းကို ထပ်နှိပ်စက်ရင်ဘယ်လိုလုပ်မလဲ...
မင်းငါ့အိမ်လိုက်ခဲ့..."
"မလိုက်ချင်ပါဘူးဆို....
ငါကကလေးလား.!"
"ကလေးမဟုတ်လို့ပေါ့!!
မင်းမလိုက်ချင် ငါမပြန်ဘူး!
ဒီမှာပဲအိပ်မယ်...."
ပြောပြောဆိုဆို ကောင်းကင်က သူ့ဘေးအတင်းဝင်လှဲတော့သည်။
"မင်းခြေထောက်က ဘာဖြစ်တာလဲ..."
"ငါ့ခြေထောက်?
အား..."
စစ်ကောင်းကင်နိုင် အခုမှ သူ့ခြေထောက်ကို ကြည့်မိလေသည်။
နေရောင့် ကိုစိတ်ပူပြီး ပြေးလာလိုက်တာ ဖိနပ်စီးဖို့မေ့ပြီး ဘယ်လိုထိခိုက်မိလဲ မသိ....
ခြေမမှာ သွေးတွေခြောက်နေသည်။
"သွား.. ခြေထောက်သွားဆေးလိုက်..."
"အင်း..."
ကောင်းကင် ရေချိုးခန်းထဲ ဝင်သွားတော့ သလင်းမြူ အံဆွဲ အောက်ဆုံးထပ်မှ နေ့စဉ်သောက်ရမည့်ဆေးကို ယူကာ အမြန်သောက်လိုက်သည်။
ကောင်းကင်ပါးတစ်ဖက်ရောင်ပြီး နှုတ်ခမ်းထောင့်မှ သွေးစလေးကိုလည်းတွေ့ရကာ ဘုန်းရှိန်ဝါထက်လည်း ထိုနည်းတူဖြစ်ရာ နှစ်ယောက်သား ရန်ဖြစ်ထားမှန်း သူရိပ်မိသည်။
ကောင်းကင်ပြန်ထွက်လာတော့ ခြေမကို ဆေးလိမ်းပေးကာ ပလာစတာကပ်စေသည်။
အရုပ်ကြီးကို သူနှင့် ကောင်းကင်ကြား ချပြီး အားရပါးရ ခွဖက်ထားသည့် သူ့ကို ကောင်းကင်က ပြုံးကြည့်နေပြန်သည်။
"ဘာတွေပြုံးနေတာလဲ...."
"မထင်ထားခဲ့မိဘူး..."
"ဘာကိုလဲ...."
"မင်းနဲ့ငါ ဒီလိုအတူတူအိပ်လိမ့်မယ်လို့....
ပြီးတော့ မင်းကိုငါဒီလို စိတ်ပူမိမယ်လို့လည်း မထင်ထားခဲ့ဘူး...."
"တစ်ခါတစ်လေ မထင်ထားတာတွေလည်း ဖြစ်နိုင်တာပဲလေ...
အိပ်တော့......"
"အင်း...."
အရုပ်ကိုဖက်ထားသည့် သူ့လက်တွေကို ကောင်းကင်လာကိုင်တော့ သူရုန်းသည်။
"မရုန်းနဲ့...
မင်းလက်ကိုကိုင်ထားရတာ ကြိုက်လို့...."
သလင်းမြူ ဆက်မရုန်းတော့ဘဲ မျက်လုံးကြီးမှိတ်ပြီး ပြုံးနေဆဲ စစ်ကောင်းကင်နိုင်ကို ကြည့်ကာ သူလည်းပြုံးမိပါသည်။
ကျေးဇူးပါ ကောင်းကင်....
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
Next episode spoiler: 😘 First kiss 😁
************************************
Zawgyi
ဖိနပ္ဝယ္ဖို႔ ရည္ရြယ္ခ်က္နဲ႔ အျပင္ထြက္လာၾကေပမယ့္ ေနေရာင္ စားခ်င္သည္ ေျပာသမ်ွကို လိုက္ေကြၽးရင္း ဖိနပ္ကိုေတာင္ေမ့ေတ့ေတ့...
"ဖိနပ္မဝယ္ေတာ့ဘူးလား..."
"ဟုတ္သား!
ဖိနပ္...."
ဗိုက္ျပည့္သြားတဲ့ေနေရာင္သတိေပးေတာ့မွ သူဖိနပ္ကိုျပန္သတိရသည္။
Diamond ထဲမွာပဲ ဖိနပ္ဝယ္ၿပီး ေနေရာင္လိုခ်င္သည့္ အ႐ုပ္ႀကီးကိုပါ တစ္ခါတည္းဝယ္ခဲ့လိုက္သည္။
ေနေရာင့္ လက္တစ္ဖက္ကပတ္တီးႏွင့္မို႔ သူပဲ ငါးေပေက်ာ္ ဝက္ဝံ႐ုပ္ႀကီးကို ပိုက္လာခဲ့ရသည္။
ေျခာက္ေပေက်ာ္သည့္ သူ႔အရပ္ႏွင့္ေတာင္ အ႐ုပ္ကိုပိုက္လိုက္ေတာ့ အေ႐ွ႕ကိုသိပ္မျမင္ရ...
႐ုတ္တရက္ေနေရာင္က သူ႔လက္ကိုလာကိုင္ေလသည္။
"အေ႐ွ႕ေသခ်ာမျမင္ဘဲ ေမွာက္ရက္လဲေနမယ္..."
"ငါ့ကိုစိတ္ပူတယ္ေပါ့..."
"မင္းလဲရင္ ငါ့အ႐ုပ္ကေလးေပသြားမွာစိုးလို႔..."
မခ်ိဳမခ်ဥ္မ်က္ႏွာေပးနဲ႔ ျပန္ေျဖပုံကိုက ျဖတ္႐ိုက္ခ်င္စရာေလး....
လြန္ခဲ့တဲ့ နာရီပိုင္းေလာက္တုန္းက ကေလးလိုေအာ္ငိုခဲ့တဲ့ သူမဟုတ္သလိုပဲ.....
"မင္းဖိနပ္အိတ္ေပး....
ငါကိုင္ေပးမယ္...."
ဒီလိုက်ေတာ့လည္း ခ်စ္ဖို႔ေကာင္းသား....
plaza ထဲ႐ွိသမ်ွလူေတြက အ႐ုပ္ႀကီးပိုက္ထားသည့္ သူႏွင့္ သူ႔လက္ကိုကိုင္ထားသည့္ ေနေရာင့္ကိုကြက္ၾကည့္ကြက္ၾကည့္....
ကားေနာက္ခန္းထဲ အ႐ုပ္ကို သူအတင္းထိုးထည့္ေတာ့ ထြက္လာသည့္ အသံျပဲ....
"ညင္ညင္သာသာလုပ္ပါဟ!
ငါ့အ႐ုပ္ေလးေပသြားရင္ မင္းနာမယ္!!"
"ငါဝယ္ေပးလာတာေလ!
ငါ့ကိုေအာ္စရာလား!!"
"ေအာ္မွာပဲ!!"
Parking ကလူေတြလည္း တစ္လွည့္စီေအာ္ေနသည့္ သူတို႔ႏွစ္ေယာက္ကိုၾကည့္ေနၾကေပၿပီ..
"ထပ္ေအာ္ၾကည့္...
အ႐ုပ္ကို သူမ်ားေပးပစ္မယ္...
ၾကားလား!!"
"ဟင့္.......
အီး ဟီး!!!!"
ခ်က္ခ်င္းႀကီး ကားေဘး ငုတ္တုတ္ ထိုင္ခ်ကာ ေနေရာင္က ကေလးလိုေအာ္ငိုေတာ့ သူ႔မွာ ဘာလုပ္ရမယ္မွန္းမသိ.....
"ေနေရာင္.....
ငါမွားသြားပါတယ္ကြာ....
မငိုပါနဲ႔ေနာ္..."
ဒူးမေထာက္႐ုံတမယ္ လက္ဖဝါးႏွစ္ဖက္ကို ပူးကာေတာင္းပန္ေပမယ့္ ေနေရာင္က မထူးျခား...
ငိုျမဲငိုဆဲေၾကာင့္ ေဘးကလူေတြက သူ႔ကိုအျပစ္တင္သလို ဝိုင္းၾကည့္ေနၾကၿပီ...
"တိတ္ေတာ့ေနာ္...."
"မေကာင္းတဲ့ေကာင္....ဟင့္...
နည္းနည္းေလာက္...အင့္.....ေအာ္မိတာကို...အင့္......
ငါ့အ႐ုပ္.....အင့္....အ႐ုပ္ေလးကို......
အီးဟီး.....!!!"
အ႐ုပ္ေပးပစ္မယ္ေျပာလို႔ လူၾကားထဲ ေအာ္ငိုသတဲ့လား....
"တိတ္ေတာ့....
မတိတ္ရင္ တကယ္ေပးပစ္မွာေနာ္...."
ထိုအခါမွ ခ်က္ခ်င္းအငိုတိတ္ၿပီး သူ႔ကိုမ်က္ေစာင္းထိုးၾကည့္ေနေလသည္။
"မေက်နပ္ဘူးလား... "
သူေမးတာလဲျပန္မေျဖေတာ့ဘဲ ဆူပုပ္ပုပ္ႏွင့္ ကားထဲဝင္ထိုင္ေတာ့သည္။
Tissue box ထဲကေန tissue ေတြတစ္ရြက္ၿပီးတစ္ရြက္ဆြဲထုတ္ကာ တၿဗီးၿဗီးႏွင့္ ႏႈတ္ေခ်းညစ္ေနပုံကိုမ်ား သူ႔ကို crush ေနတဲ့ေကာင္မေလးေတြျမင္ေစခ်င္....
"ၾကည့္မေနနဲ႔ ငါေခ်ာမွန္းသိတယ္...."
"ေအာ့..ေအာ့... "
"အန္ခ်လိုက္ အန္ခ်လိုက္ ဒါမ်ိဳးကသဘာဝပဲ...
ထိန္းမထားနဲ႔...."
ေကာင္းကင္မ်က္ႏွာႀကီး ခ်က္ခ်င္းရဲတက္လာေတာ့ သလင္းျမဴ ေက်နပ္စြာေအာ္ရယ္သည္။
"သေဘာက်ေနတယ္ေပါ့.... "
"အင္း....ဟားဟား... ဟား..
ဘာ..ဘာလဲ..."
ရယ္ခ်င္ေနတာေတာင္ ဘယ္ေရာက္သြားမွန္းမသိ သူ႔မ်က္ႏွာေ႐ွ႕ နွစ္လက္မအကြာကိုေရာက္လာေသာ ေကာင္းကင္မ်က္ႏွာ....
"ဆက္ရယ္ေလ..."
ျပဳံးျပဳံးႀကီး သူ႔ကိုၾကည့္ေနတာေၾကာင့္ ဘာေၾကာင့္မွန္းမသိ မ်က္ႏွာတစ္ျပင္လုံးပူထူလာသည္။
စစ္ေကာင္းကင္ႏိုင္ သူေ႐ွ႕က မ်က္ႏွာေလးနီရဲေနသူေၾကာင့္ ပိုစခ်င္လာသည္။
"ထပ္တိုးမလာနဲ႔ေနာ္....ငါထိုးမွာ..."
လက္သီးႏွင့္ရြယ္ထားေပမယ့္ အျပဳံးမပ်က္ ပိုတိုးလာသူေၾကာင့္ သူကားမွန္နားမွာကပ္ေနေပၿပီ။
"တိုးမလာပါနဲ႔ဆို......ငါ..ငါ
တကယ္ထိုးမွာေနာ္...."
လက္မဝက္ေတာင္မလိုေတာ့တဲ့အကြာအေဝးမွာ သလင္းျမဴ နည္းနည္းလႈပ္လိုက္ေတာ့ ႏွာေခါင္းထိပ္ေလးေတြထိသြားေလသည္။
စစ္ေကာင္ကင္ႏိုင္ ရင္ဘက္ထဲ ဒိန္းကနဲျဖစ္သြားၿပီး ခ်က္ခ်င္း driver seat မွာေနရာတက်ျပန္ထိုင္လိုက္သည္။
သလင္းျမဴကေတာ့ လက္သီးရြယ္လ်က္သားေလး ၿငိမ္ေနသည္။
ႏွစ္ေယာက္သားအျပန္တစ္လမ္းလုံးလည္း စကားမဆိုၾကဘဲ တိတ္ဆိတ္ေနသည္။
သလင္းျမဴ ကားျပတင္းအျပင္ကိုသာ ၾကည့္ေနၿပီး စစ္ေကာင္းကင္ႏိုင္ကေတာ့ ကားေမာင္းရင္းႏွင့္ပင္ မၿငိမ္ေသာ စိတ္ႏွလုံးေၾကာင့္ စတီရာရင္ေပၚမွ လက္ေခ်ာင္းေလးေတြလႈပ္လိုက္ ဒူးလႈပ္လိုက္ႏွင့္ အၿငိမ္မေနႏိုင္ေပ။
စစ္ေကာင္းကင္ႏိုင္ ကားကိုျခံထဲေမာင္းဝင္လိုက္သည္။
႐ုပ္တည္ေလးႏွင့္ ေနေရာင္က ထိုင္ေနဆဲ....
" ငါ့အိမ္မွာ လိုက္ေနမလား..."
"ဟမ္...."
ခပ္ေၾကာင္ေၾကာင္ေလးလွည့္ၾကည့္လာသူ....
"ဟိုဘိုးေတာ္နဲ႔ မင္းကိုငါစိတ္မခ်ဘူး....
ငါ့အိမ္လိုက္ခဲ့...."
ေနေရာင္က သူ႔ကိုျပဳံးျပရင္း ေခါင္းရမ္းသည္။
"ဘာမွမျဖစ္ပါဘူး....
စိတ္မပူနဲ႔.... "
ကားထဲမွ ေနေရာင္ထြက္သြားၿပီး အေနာက္ခန္းထဲမွ အ႐ုပ္ကိုဆြဲထုတ္ေနတာေၾကာင့္ သူအျမန္ အ႐ုပ္ကို သြားယူပိုက္လိုက္သည္။
"မင္းလက္နာေနတယ္ေလ....
ငါလိုက္ပို႔ေပးမယ္...."
"အင္း...."
"ငါ့လက္ကိုင္ေပးဦးေလ....
အေပၚထပ္ေလွကားတက္ရင္ ေခ်ာ္လဲရင္ဘယ္လိုလုပ္မလဲ...."
ေနေရာင္က ထိုအခာမွ သူလက္ကို လာကိုင္သည္။
အိမ္ထဲဝင္လိုက္ကတည္းက ဘုန္း႐ွိန္ဝါထက္ကိုမေတြ႔ရ....
ကုတင္ေပၚအ႐ုပ္ကိုတင္ေပးလိုက္ၿပီး သူ႔ကိုေက်ာေပးကာ အျပင္ကိုေတြေတြေလးၾကည့္ေနသည့္ ေနေရာင့္အနားသြားလိုက္သည္။
"ငါျပန္ေတာ့မယ္..."
"အင္း..."
"တစ္ခုခုဆို ငါ့ကိုဖုန္းဆက္ေနာ္....
ငါခ်က္ခ်င္းလာခဲ့မယ္..."
"အင္းပါ...."
"လိုက္ကာေတြလည္းခ်မထားနဲ႔....
ငါလွမ္းၾကည့္ေနမွာ...."
ေကာင္းကင္ အခန္းထဲကထြက္သြားေတာ့ သလင္းျမဴ ကုတင္ေပၚတက္ကာ အ႐ုပ္ႀကီးကိုဖက္ထားရင္း ခဏအိပ္ေပ်ာ္ရန္ ႀကိဳးစားလိုက္သည္။
"Knock knock! ! Knock! "
အခန္းတံခါးကိုဆက္တိုက္ေခါက္သံေၾကာင့္ သလင္းျမဴ အိပ္ေပ်ာ္ခါနီးမွ လန္႔ႏိုးကာ ကုန္း႐ုန္းထလိုက္သည္။
"ဘာက်န္ခဲ့လို႔လဲ ေကာင္းကင္...."
အခန္းတံခါးကိုဖြင့္ေပးလိုက္ေတာ့ ဝင္လာသူကသူထင္သည့္ ေကာင္းကင္မဟုတ္....
"ဘယ္ေတြသြားေနတာလဲ....
ဘာလို႔ ဖုန္းမကိုင္တာလဲ!
ကိုယ္ဘယ္ေလာက္စိတ္ပူေနခဲ့လဲ သိလား!!"
ပုခုံးႏွစ္ဖက္ကို ခ်ဳပ္ကိုင္ၿပီး ရမ္းပစ္သူေၾကာင့္ သလင္းျမဴ ငိုထားသည့္ အ႐ွိန္ေၾကာင့္ ပင္ပန္းေနရာ ေခါင္းထဲမွာပို၍မူးေနာက္လာသည္။
သူဖုန္းမကိုင္တာမဟုတ္ရပါ...
ဖုန္းေမ့ေနခဲ့လို႔ပါ....
ပုခုံးေပၚကလက္ေတြကို ဖယ္ခ်ဖို႔ႀကိဳးစားေပမယ့္ အရာမထင္...
"ကိုယ္ေမးေနတယ္ေလ!!!"
"လက္ဖယ္........"
ဘုန္း႐ွိန္ဝါထက္ ဘာေတြေျပာေနလဲ သူမသိေတာ့ နားထဲမွာ တီဆိုေသာ အသံကိုသာၾကားရကာ မူးေဝၿပီး ေပ်ာ့ေခြက်သြားခဲ့သည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
စစ္ေကာင္းကင္ႏိုင္ ကိုယ့္အခန္းကိုယ္ျပန္ေရာက္ေတာ့ ေနေရာင့္အေငြ႔အသက္႐ွိေနေသးသည့္ သူ႔လက္ကို ၾကည့္ကာျပဳံးေနမိရင္း ကိုယ့္ႏွာေခါင္းထိပ္ကိုအသာေလးထိၾကည့္ေတာ့ အေၾကာင္းမဲ့ ရယ္မိျပန္သည္။
လိုက္ကာေတြဖယ္လိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္မွ ေနေရာင့္အခန္းကိုလွမ္းၾကည့္ရာ အ႐ုပ္ႀကီးဖက္အိပ္ေနသည့္ ေကာင္ေလးကိုလွမ္းျမင္ရေတာ့ အူယားသလို စိတ္ထဲကလိကလိျဖစ္လာတာေၾကာင့္ ႏႈတ္ခမ္းကိုဖိကိုက္ထားမိသည္။
8 ေသာင္းေက်ာ္ေလာက္ျပဳတ္သြားေပမယ့္ တန္ပါတယ္ေလ.....
ေနေရာင္ အခန္းတံခါးထဖြင့္ခ်ိန္မွာေတာ့ သူဆက္မျပဳံးႏိုင္ေတာ့ေပ။
ေနေရာင့္ ပုခုံးေတြကိုကိုင္ရမ္းလိုက္သည့္ ဘိုးေတာ္ေၾကာင့္ သူအံျကိတ္ကာေနေရာင့္အိမ္ဘက္ကို အားကုန္ေျပးေတာ့သည္။
အခန္းတံခါးကိုဆြဲဖြင့္လိုက္ေတာ့ ဘုန္း႐ွိန္ဝါထက္ ရင္ခြင္ထဲလဲက်သြားသည့္ ေနေရာင့္ကို သူဆြဲယူလိုက္ကာ ဘုန္း႐ွိန္ဝါထက္ရင္ဘက္ကို ေဆာင့္တြန္းပစ္လိုက္သည္။
"ခင္ဗ်ားႀကီးေနေရာင့္ကို ဘာလုပ္လိုက္ျပန္တာလဲ!!
ေနေရာင္.....
ေနေရာင္...!"
ပါးေလးေတြပုတ္ၾကည့္ေပမယ့္ တုန္႔ျပန္မႈတစ္စုံတစ္ရာမ႐ွိေသာ ေနေရာင္ကို ကုတင္ေပၚတင္လိုက္သည္။
"Hello....
Doctor ခန္႔သူရိန္လြင္လား..."
"#$%@#%"
"လိပ္စာပို႔လိုက္မယ္...
ခ်က္ခ်င္းလာခဲ့ေပးပါ..."
စားပြဲေပၚမွ ငယ္ေလးဖုန္းကိုယူကာ lock မခ်ထားေသာေၾကာင့္ contact ထဲမွာ႐ွိေနသည့္ ကိုခန္႔ ဆိုေသာ No. ကိုဘုန္း႐ွိန္ဝါထက္ေခၚလိုက္ကာ အျမန္လာေပးဖို႔ေတာင္းဆိုလိုက္သည္။
အန္တီျမတို႔ အားလုံးလည္း အခန္းထဲဝင္လာၾကသည္။
"ေနေရာင့္ကို မထိဖို႔ ခင္ဗ်ားကို ကြၽန္ေတာ္သတိမေပးထားဘူးလား!ဟမ္!!"
သူ႔အက်ႌေကာ္လန္ကိုလာဆြဲသည့္ စစ္ေကာင္းကင္ႏိုင္ပါးေစာင္ကို ဘုန္း႐ွိန္ဝါထက္ ထိုးခ်လိုက္သည္။
စစ္ေကာင္းကင္ႏိုင္ လဲက်သြားရာမွ ျပန္ထကာ ပါးေစာင္အတြင္းမွ ထြက္လာသည့္ ေသြးအခ်ိဳ႕ကို သုတ္ဖယ္ကာ ဘုန္း႐ွိန္ဝါထက္ကို ျပန္ထိုးသည္။
ဟန္ခ်က္ပ်က္သြားသည့္ ဘုန္း႐ွိန္ဝါထက္ျပန္လွည့္လာခ်ိန္မွာ တစ္ေယာက္အက်ႌေကာ္လန္ကိုတစ္ေယာက္ဆြဲကာ သတ္ပစ္ခ်င္သည့္ မ်က္ဝန္းအၾကည့္ေတြစုံသြားၾကသည္။
"မင္းကဘာမို႔လို႔ ငါနဲ႔ငယ့္ၾကားဝင္ဝင္ပါေနတာလဲ...."
"ငယ္?
ခင္ဗ်ားကိစၥေတြစိတ္မဝင္စားဘူး...
ေနေရာင့္ကိုသာ မေႏွာက္ယွက္နဲ႔..."
"မင္းဘာမွမသိပါဘူး...
သူကငါ့ရဲ႕ငယ္....
မင္းရဲ႕ေနေရာင္မဟုတ္ဘူး...."
"ခင္ဗ်ား ဘာကိုေျပာခ်င္တာလဲ "
"ငါနဲ႔ငယ့္ၾကားမွာ မင္းမသိတာေတြအမ်ားႀကီး႐ွိတယ္ စစ္ေကာင္းကင္ႏိုင္....
ငါ့ငယ္ေလးနားမွာမင္းကပ္ေနတာကို ငါမျမင္ခ်င္ဘူး..."
"ခင္ဗ်ားရဲ႕ငယ္ေလး?...
ဘိုးေတာ္ ဟာသေတြေျပာမေနနဲ႔....
ပေထြးပေထြးလိုေန...
စည္းေက်ာ္လာရင္ ခင္ဗ်ားကိုဒီတိုင္းမထားဘူး..."
"ဆရာနဲ့အစ္ကိုေလးေတာ္ၾကပါေတာ့....."
အတင္းဝင္ဆြဲသည့္ဦးထြန္းတို႔ေၾကာင့္သာ ႏွစ္ေယာက္လူခ်င္းကြဲသြားသည္။
အိမ္ေအာက္မွ ကားသံေၾကာင့္ အန္တီျမ အျမန္သြားႀကိဳၿပီး အခန္းထဲကိုဒေရာေသာပါး ေျပးဝင္လာသည့္ ခန္႔သူရိန္လြင္....
"သသ......"
ဘုန္း႐ွိန္ဝါထက္ကိုျမင္ေတာ့ မ်က္ေမွာင္ေတြက်ဳံ့သြားကာ အန္တီျမ လက္ထဲမွ သူ႔ေဆးအိတ္ကို ယူကာ သလင္းျမဴ ကိုစမ္းသပ္ေတာ့သည္။
"Doctor ေနေရာင္ ဘာျဖစ္တာလဲ... "
ခန္႔သူရိန္လြင္ ပ်ာပ်ာသလဲေမးလာသည့္ ထိုတစ္ေယာက္ကိုလည္း ဘာမွျပန္မေျဖမိ....
မင္းညီကဘာလို႔ဒီေရာက္ေနတာလဲ....
ဟိုတစ္ေယာက္ကလည္း သသကိုဘာလို႔ ေနေရာင္လို႔ ေခၚရတာလဲ.....
သသကေရာ အလုပ္လုပ္တယ္ဆိုတာ ဒီမွာလား....
ေမးခြန္းေပါင္းမ်ားစြာကို ေခတၱေမ့ထားကာ သသကိုသာ အာ႐ုံစိုက္ထားလိုက္သည္။
မတည္ၿငိမ္ေသာ ႏွလုံးခုန္ႏႈန္းႏွင့္ အသက္ျပင္းျပင္း႐ွဴေနသည့္ သသက ပင္ပန္းေနပုံပင္...
အနည္းငယ္မို႔ေနသည့္ မ်က္ခြံတို႔ေၾကာင့္ ငိုထားမွန္းလည္းသိလိုက္သည္။
ညာလက္မွပတ္တီးျဖဴျဖဴကေရာ ဘာျဖစ္ထားတာလဲ....
ခန္႔သူရိန္လြင္ လိုအပ္သည္မ်ားလုပ္ေပးၿပီး မင္းညီကိုၾကည့္ကာသက္ျပင္းခ်လိုက္သည္။
"ပင္ပန္းသြားလို႔ ျဖစ္တာ....
နားလိုက္ရင္ အဆင္ေျပသြားလိမ့္မယ္.... "
ေဘးမွ ေကာင္ေလးကလည္း ထိုအခါမွ သက္ျပင္းခ်ကာ သသ ေဘးသြားထိုင္ေလသည္။
"စကားေျပာရေအာင္..."
မင္းညီ ကသူ႔ကိုစာဖတ္ခန္းတစ္ခုဆီေခၚသြားေလသည္။
"သသ ကဘာလို႔ မင္းနဲ႔အတူ႐ွိေနတာလဲ....
ၿပီးေတာ့ဟိုေကာင္ေလးေခၚတဲ့ ေနေရာင္ဆိုတာကေရာ....
ကေလးလက္ကလည္း ဘာျဖစ္ထားတာလဲ... "
ခန္႔သူရိန္လြင္ကို သူ ငယ္ေလးကိစၥေတြအားလုံးေျပာျပလိုက္သည္။
"သသ သတိရလာရင္ ေျပာလိုက္...
ငါ့ကိုလာေတြ႔ပါလို႔..."
ခန္႔သူရိန္လြင္ ရင္ေမာစြာ သက္ျပင္း အထပ္ထပ္ခ်ၿပီး ျပန္သြားေလသည္။
ငယ္ေလး လက္ကိုကိုင္ကာ ထိုင္ေနဆဲ စစ္ေကာင္းကင္ႏိုင္ကေတာ့ ဆြဲထုတ္ေတာင္ျပန္မည့္ပုံမေပၚ....
သူလည္း ငယ္ေလးတစ္ဖက္မွာ ဝင္ထိုင္လိုက္ရာ သူ႔ကိုစစ္ေကာင္းကင္ႏိုင္ၾကည့္ေနမွန္းသိေပမယ့္ ဂ႐ုမစိုက္မိ....
ပတ္တီးျဖဴျဖဴႏွင့္ လက္ဖမိုးႏုႏုုကို သူငုံ႔ကာနမ္းလိုက္သည္။
နန္းစံထိုက္နဲ႔ အျဖစ္အပ်က္ကို ဦးထြန္းတို႔က အစအဆုံးျမင္လိုက္ၾကားလိုက္ရေသာေၾကာင့္ သူ႔ကိုျပန္ေျပာသည္။
သူမွားျပန္ၿပီမွန္းသိလိုက္ေပမယ့္ နန္းစံထိုက္ကိုလည္း ဘာမွမေျပာဘဲ ျပန္လႊတ္လိုက္သည္။
ကိုကို ေတာင္းပန္ပါတယ္ ငယ္.....
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
မ်က္လုံးမဖြင့္ခင္ကတည္းက သူ့လက္ဖဝါးႏွစ္ဖက္လုံးေႏြးေထြးေနသည္ကို ခံစားမိသည္။
"ေနေရာင္....
အဆင္ေျပလား....
ေခါင္းမူးေနေသးလား...."
တစ္ဖက္မွ ေကာင္းကင္က စိုးရိမ္တႀကီး ေမးေနေပမယ့္ တျခားတစ္ဖက္မွ ဘုန္း႐ွိန္ဝါထက္ကေတာ့ ၿငိမ္ေနသည္။
ဘုန္း႐ွိန္ဝါထက္ လက္ထဲမွ သူ႔လက္ကို ႐ုန္းထြက္လိုက္ကာ ထထိုင္လိုက္သည္။
"ငါအိပ္ေပ်ာ္ေနတာၾကာၿပီလား...."
အျပင္ဘက္မွ အေမွာင္ထုကို ျမင္ရေသာေၾကာင့္ ေကာင္းကင္ကို သူေမးလိုက္သည္။
"မၾကာေသးပါဘူး ႏွစ္နာရီေလာက္ပဲ႐ွိေသးတာ..."
ေကာင္းကင္သူ႔လက္ကို မလႊတ္ေပးသလို သူကလည္းမ႐ုန္းေသး....
ဘုန္း႐ွိန္ဝါထက္ ဆက္မၾကည့္ ခ်င္ေတာ့တာေၾကာင့္ ထလိုက္သည္။
"ကိုခန္႔က....
သူ႔ကိုလာေတြ႔ဖို႔မွာသြားတယ္...."
"က်စ္!
ကိုခန္႔ကို ခင္ဗ်ားေခၚလိုက္တာလား..."
"အင္း..."
ဘုန္း႐ွိန္ဝါထက္ အခန္းထဲက ထြက္သြားေတာ့ သလင္းျမဴ မွီထားသည့္ ကုတင္ေခါင္းရင္းႏွင့္ ေခါင္းကို တဒိန္းဒိန္းတိုက္ေတာ့သည္။
"ဘာလုပ္တာလဲ....
ေနမေကာင္းေသးပဲနဲ႔..."
သူ႔ေခါင္းေနာက္ကို ေကာင္းကင္က အတင္းလက္ထိုးခံေလသည္။
"ငါေတာ့ ႐ူးခ်င္တာပဲ...."
ကိုခန္႔သိသြားၿပီမွန္း သူနားလည္လိုက္ေတာ့ မၾကည္သည့္ စိတ္ကပို႐ႈပ္ကာ ေခါင္းေတြဖိကုတ္မိျပန္သည္။
"ဘာလို႔႐ူးခ်င္တာလဲ...
စိတ္႐ႈပ္စရာ ႐ွိလို႔လား..."
"မ႐ွိဘူး.....
မင္းျပန္ေတာ့ေလ....
ငါအိပ္ေတာ့မယ္......"
"ငါလည္း မင္းနဲ႔အိပ္မွာ...
မျပန္ဘူး...."
"ကိုယ့္အိမ္ ကိုယ္ျပန္အိပ္ပါ ေကာင္းကင္ရာ...."
"ငါမင္းကို စိတ္မခ်ဘူး...
ဘိုးေတာ္မင္းကို ထပ္ႏွိပ္စက္ရင္ဘယ္လိုလုပ္မလဲ...
မင္းငါ့အိမ္လိုက္ခဲ့..."
"မလိုက္ခ်င္ပါဘူးဆို....
ငါကကေလးလား.!"
"ကေလးမဟုတ္လို႔ေပါ့!!
မင္းမလိုက္ခ်င္ ငါမျပန္ဘူး!
ဒီမွာပဲအိပ္မယ္...."
ေျပာေျပာဆိုဆို ေကာင္းကင္က သူ႔ေဘးအတင္းဝင္လွဲေတာ့သည္။
"မင္းေျခေထာက္က ဘာျဖစ္တာလဲ..."
"ငါ့ေျခေထာက္?
အား..."
စစ္ေကာင္းကင္ႏိုင္ အခုမွ သူ႔ေျခေထာက္ကို ၾကည့္မိေလသည္။
ေနေရာင့္ ကိုစိတ္ပူၿပီး ေျပးလာလိုက္တာ ဖိနပ္စီးဖို႔ေမ့ၿပီး ဘယ္လိုထိခိုက္မိလဲ မသိ....
ေျခမမွာ ေသြးေတြေျခာက္ေနသည္။
"သြား.. ေျခေထာက္သြားေဆးလိုက္..."
"အင္း..."
ေကာင္းကင္ ေရခ်ိဳးခန္းထဲ ဝင္သြားေတာ့ သလင္းျမဴ အံဆြဲ ေအာက္ဆုံးထပ္မွ ေန႔စဥ္ေသာက္ရမည့္ေဆးကို ယူကာ အျမန္ေသာက္လိုက္သည္။
ေကာင္းကင္ပါးတစ္ဖက္ေရာင္ၿပီး ႏႈတ္ခမ္းေထာင့္မွ ေသြးစေလးကိုလည္းေတြ႔ရကာ ဘုန္း႐ွိန္ဝါထက္လည္း ထိုနည္းတူျဖစ္ရာ ႏွစ္ေယာက္သား ရန္ျဖစ္ထားမွန္း သူရိပ္မိသည္။
ေကာင္းကင္ျပန္ထြက္လာေတာ့ ေျခမကို ေဆးလိမ္းေပးကာ ပလာစတာကပ္ေစသည္။
အ႐ုပ္ႀကီးကို သူႏွင့္ ေကာင္းကင္ၾကား ခ်ၿပီး အားရပါးရ ခြဖက္ထားသည့္ သူ႔ကို ေကာင္းကင္က ျပဳံးၾကည့္ေနျပန္သည္။
"ဘာေတြျပဳံးေနတာလဲ...."
"မထင္ထားခဲ့မိဘူး..."
"ဘာကိုလဲ...."
"မင္းနဲ႔ငါ ဒီလိုအတူတူအိပ္လိမ့္မယ္လို႔....
ျပီးေတာ့ မင္းကိုငါဒီလို စိတ္ပူမိမယ္လို႔လည္း မထင္ထားခဲ့ဘူး...."
"တစ္ခါတစ္ေလ မထင္ထားတာေတြလည္း ျဖစ္ႏိုင္တာပဲေလ...
အိပ္ေတာ့......"
"အင္း...."
အ႐ုပ္ကိုဖက္ထားသည့္ သူ႔လက္ေတြကို ေကာင္းကင္လာကိုင္ေတာ့ သူ႐ုန္းသည္။
"မ႐ုန္းနဲ႔...
မင္းလက္ကိုကိုင္ထားရတာ ႀကိဳက္လို႔...."
သလင္းျမဴ ဆက္မ႐ုန္းေတာ့ဘဲ မ်က္လုံးႀကီးမွိတ္ၿပီး ျပဳံးေနဆဲ စစ္ေကာင္းကင္ႏိုင္ကို ၾကည့္ကာ သူလည္းျပဳံးမိပါသည္။
ေက်းဇူးပါ ေကာင္းကင္....
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
Next episode spoiler: 😘 First kiss 😁
Bạn đang đọc truyện trên: Truyen247.Pro