Part-21 (bloody white roses)
Unicode
ဒီဇင်ဘာရဲ့ နံနက်ခင်းက စောင်ပုံထဲမှာကွေးနေဖို့အကောင်းဆုံးပေမယ့် 8 နာရီမှာစမည့်အတန်းချိန်ကြောင့် သူ့မှာဆက်ပြီးစည်းစိမ်မခံနိုင်တော့...
"အ.."
ပြောင်ချောနေသည့် ကြမ်းပြင်အေးစက်စက်ပေါ် ခြေဖဝါးရောက်သွားတော့ စူးကနဲနာသွားသောကြောင့် ခြေထောက်တွေကို ကြည့်လိုက်ရာ ထင်သည့်အတိုင်း ရောင်နေကြပြီ....
လမ်းလျှောက်တိုင်းနာပေမယ့် အတန်းနောက်ကျမည်ကို ပိုစိုးရိမ်နေရသည်။
ရေနွေးစိမ်လိုက်ရင် သက်သာနိုင်ပေမယ့် သူဂရုမစိုက်အား....
အိမ်တွင်းစီး အနွေးဖိနပ်လေးနှင့် ခြေလှမ်းတွေကို ခပ်ဖွဖွနင်းရင်းသူအောက်ထပ်ဆင်းလာခဲ့သည်။
သူ့အကြိုက် မုန့်ဟင်းခါးကို အန်တီမြက ပြင်ပေးပြီး ဝီရိယကောင်းသည့် ဘုန်းရှိန်ဝါထက်ကတော့ coffee တစ်ခွက်နှင့် သတင်းစာဖတ်နေသည်။
"အစ်ကိုလေး ခြေထောက်ကဘာဖြစ်လို့လဲ...
လမ်းလျှောက်တာ ထော့နဲ့နဲ့နဲ့...."
"ဘာမှမဖြစ်ပါဘူး.... "
ဘုန်းရှိန်ဝါထက် ဖတ်လက်စ သတင်းစာကိုစားပွဲပေါ်ချကာ ခုံမှထသွားလေသည်။
မုန့်ဟင်းခါးကိုသာ အမြန်ငုံ့နေစားနေတုန်း သူ့ရှေ့ကို ဘုန်းရှိန်ဝါထက်က ဒူးတစ်ဖက်ထောက်ထိုင်ကာ သူ့ခြေထောက်တွေကိုကိုင်လာသည်။
"ဘာလုပ်တာလဲ... "
"ငြိမ်ငြိမ်နေ... "
အနွေးဖိနပ်လေးကို ဖယ်လိုက်တော့ ဖောင်းကစ်နေသည့် သူ့ခြေဖမိုးနှင့် ခြေချောင်းလေးတွေကိုကြည့်ပြီး ဘုန်းရှိန်ဝါထက်က စုတ်သပ်သည်။
ဖိုက်ဘာ ဇလုံတစ်ခုထဲကို ရေနွေးနှင့် ရေစပ်ပြီး သူ့အနားပြန်ရောက်လာသည်။
"ကိုယ့်ကိုကိုယ် ဘယ်တော့မှဂရုမစိုက်ဘူး...
အမြဲစိတ်ပူရအောင်လုပ်တယ်...."
ပွစိ ပွစိပြောရင်း သူ့ခြေထောက်တွေကိုစိမ်စေကာ သေချာ နှိပ်နယ်ပေးနေသူကြောင့် အန်တီမြတို့ မိငယ်တို့အကြောင်သားငေးနေကြပြီး သလင်းမြူကတော့ တစ်စတစ်စ မျက်ရည်တို့ရစ်သိုင်းလာသည်။
ပေါက်ကနဲ ကျဆင်းသွားသည့် မျက်ရည်စက်ကြောင့် အသိပြန်ဝင်လာကာ သူ့လက်တွေကြားမှ ခြေထောက်အစုံကို ရုန်းလိုက်သည်။
"ငြိမ်ငြိမ်နေ မပြီးသေးဘူး...
ကိုယ်စောစောစီးစီး မငေါက်ချင်ဘူးနော် ငယ်..."
သလင်းမြူ ပြန်ငြိမ်ကျသွားပြီး ဝဲနေသည့် မျက်ရည်တွေကို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် ပြန်လည်သိမ်းဆည်းလိုက်သည်။
ခြေထောက်တွေကို ရေပြောင်ကို သုတ်ပေးနေသူ...
"နေရောင်ရေ!....
နေ....."
အိမ်ထဲပြေးဝင်လာသူက ထမင်းစားပွဲမှာ သူနဲ့ဘုန်းရှိန်ဝါထက်ကို မြင်တော့ မျက်မှောင်တွေကျုံ့သွားသည်။
"နေရောင့်ကို ခင်ဗျားဘာလုပ်နေတာလဲ..."
"မင်းနဲ့မဆိုင်ဘူး.... "
တစ်ယောက်တစ်ယောက် ဖောက်ထွက်မတတ်ကြည့်နေကြသူ နှစ်ယောက်ကြောင့် သလင်းမြူ ထိုနေရာမှအမြန်ထကာ စစ်ကောင်းကင်နိုင်လက်ကိုဆွဲပြီး ထွက်ခဲ့တော့သည်။
"အဲ့ဘိုးတော်မင်းကို ဘာလုပ်ပြန်တာလဲ...."
"ဘာမှမလုပ်ဘူး... "
ဖိနပ်ကြိုးကိုချည်ရင်း သူအရေးမပါသလို ပြန်ဖြေလိုက်သည်။
"မင်းကဘာလို့ ငါဆီလာတာလဲ..."
"ကျောင်းအတူတူ သွားမလို့လေ...
ပြီးတော့ မနေ့က ငါ့ဆိုင်ကယ်ဘာဖြစ်သွားတာလဲမသိဘူး...
ကားလည်းမမောင်းချင်လို့ မင်းကားနဲ့လိုက်မလို့.."
သလင်းမြူ ဘာမှထပ်မပြောတော့ဘဲ ကောင်းကင်နှင့်အတူ ကျောင်းကိုအမြန်ရောက်အောင်မောင်းခဲ့တော့သည်။
စိုင်းစံ ဘေးမှာသူထိုင်တော့ သူ့ဘေးကိုကောင်းကင်ကဝင်ထိုင်သည်။ ပထမနှစ်ချိန်ကတည်းက သူ့ဘေးကနှစ်ကောင်သားမှာ ဆရာမလစ်ရင်လစ်သလို သူ့ပုခုံးပေါ်လာမှီအိပ်ကြသည်။
11 နာရီကျော် မနက်ပိုင်းအတန်းလည်းပြီးရော သူ့ပုခုံးတွေနာနေပေပြီ။
သူတို့ခြောက်ယောက်လုံး canteen က Ruby မှာနေ့လည်စာသွားစားကြသည်။
စိုင်းစံတို့နေသည့် ကျောင်းကယောက်ျားလေးဆောင်မှ ထမင်းကျွေးပေမယ့် စိုင်းစံကအပြင်မှာသာစားသည်။
Ruby မှာကတော့ RC နှင့်မတူညီစွာ ယောက်ျားလေးတွေပေါသည်။
နေ့လည်စာစားပြီး major practical ရှိသည့်အတွက် စာကြည့်တိုက်ဘေးတွင်ရှိသည့်် Room - 83 သို့ပြေးကြရပြန်သည်။
တက္ကသိုလ်ရောက်သွားရင် ဆယ်တန်းလိုစာမကျက်ရ မပင်ပန်းရတော့ဘူးဆိုတာ လုံးဝဂျင်း....
Roll call ပြည့်အောင် မနက်အစောကြီး အတန်းချိန်အမှီခွေးပြေးဝက်ပြေးပြေးရတာကို အမုန်းဆုံး...
Practical တွေလည်း A+ ရဖို့အရေး သူတို့ပြောသမျှဟာတွေအကုန် ၏ သည်မရွေး အကုန်မှတ်ထားနိုင်မှ တော်ကာကြသည်။
လက်ရေးလေး သပ်ရပ်ပြီး ပုံလေးတွေပါလှမှ သဘောကျကြသည်။
သင်သွားတဲ့စာတွေ မကျက်ဘဲထားကြည့်ပါလား အပတ်စဉ် tuto ဖြေရင် ခွေးအကြီးလှည်းနင်းသလိုတွေဖြစ်ကုန်ရော...
ကူးချရအောင်လည်း အယောက် လေးဆယ်လောက် ဦးရေထဲမှာ ယောက်ျားလေးကခြောက်ယောက်တည်း...
ဘယ်လိုခိုးခိုး အရှေ့အနောက်လှည့်နေတဲ့ မျက်မှန်အောက်မှ ဆရာမမျက်ဝန်းတစ်စုံက ဆယ်တန်းအခန်းစောင့်တွေလောက်တော့ သနားသည်။
တက္ကသိုလ်ကျောင်းသားဘဝရောက်မှ ဆယ်တန်းကို ဆယ်နှစ်လောက်ပြန်တက်ချင်စိတ်တွေကတဖွားဖွား...
ဒီကြားထဲ ကိုယ့်ဋ္ဌာနပါချုပ်နှင့် သိပ်မတည့်သည့် Botany ပါချုပ်အချိန်ရောက်တိုင်းလည်း ဘုရားစာတွေရွတ်ရတာလည်းအခါခါ...
မထင်ရင်မထင်သလို အပြစ်ရှာပြီး roll call မပေးမှာကြောက်လို့ပါ....
ဒါတောင် ကျောင်းဖွင့်ခါစမို့...
နောက်ဆို ကိုယ်တိုင်ဓာတ်ခွဲခန်းဝင်ရမယ်...
အဖွဲ့လိုက် presentation တွေလုပ်ရမယ်...
Senior တွေရဲ့ seminar ဖတ်တာတွေကိုနားထောင်ရမယ်...
Field work တွေဆင်းဖို့ ခရီးထွက်ရမယ်...
ခရီးထွက်ရမယ်ဆိုလို့ စိတ်ကူးတွေယဉ်ပြီးပျော်မနေနဲ့...
လမ်းတွေ့သမျှအကောင်တွေအကုန် ဓာတ်ပုံရိုက်အရှေ့က ဆရာဆရာမပြောတာတွေလိုက်မှတ်ရင်း ဘာမှန်းတောင်သိမှာမဟုတ်ဘူး...
ဇာတ်ကားတွေထဲကလို ဟေးလားဟားလားနဲ့ ပျော်ပျော်ပါးပါးကြီး လျှောက်သွားနေလို့ကတော့ တကယ့်အချိန်တွေမှာမျက်နှာငယ်ရပေမည်။
ဒါဟာ ဆယ်တန်းတုန်းက ဆရာဆရာမတွေ မိဘတွေ ဂျင်းထည့်လိုက်သည့် ပျော်ရွှင်စရာ တက္ကသိုလ်ကျောင်းသားဘဝပါ...
သာမန် Day ကျောင်းသားဘဝက လွတ်လပ်ပေါ့ပါးပြီး တက္ကသိုလ်ကျောင်းသားဘဝအရသာကို အပြည့်အဝခံစားနိုင်ပေမယ့် သက်မှတ်ချက် စည်းကမ်းတွေများလွန်းသည့် ဒီလိုကျောင်းမျိုးမှာတော့ ဝင်ခွင့်အမှတ်အလိုက် စဉ်ထားသည့် roll နံပါတ်တွေကအစ စိတ်ဖိဆီးစေသည်။
ဆေးကျောင်းအမှတ်တွေနှင့် ဒီကျောင်းမှာ လာတက်သူတွေရှိပြီး အားလုံးက အနည်းဆုံး အမှတ်ပေါင်း 400 ကိုအသာလေးကျော်သူများသာ...
Distance ကျောင်းသားဘဝကတောင် ပိုပျော်ဖို့ကောင်းသေးတယ်...
Fuck...
သလင်းမြူ စိတ်ထဲမှကြိတ်ဆဲမိသည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
သူစူးနေရောင်ထက်လို နေထိုင်ခဲ့တာ တစ်လတောင်ကျော်လာပြီ...
အရင်လို ဘုန်းရှိန်ဝါထက်အပေါ်မှာ ခါးခါးသီးသီး မဆက်ဆံတော့....
အရင်ကကိစ္စတွေကို မေ့ပြစ်ပြီး အားလုံးကိုအသစ်ကပြန်စချင်သောကြောင့်ပင်။
"ငယ်လေးအတွက် ကိုယ်နှင်းဆီဖြူတွေကို စိုက်ခဲ့တာ....
ဒီနှင်းဆီဖြူတွေကို ငယ်လေးပိုင်တယ်..."
သူပြောသည့် စကားတစ်ခွန်းကြောင့် သလင်းမြူ ကြိတ်ပြီးပြုံးခဲ့ရသေးသည်။
ဋ္ဌာနနှစ်ခု ပါချုပ်တွေမတည့်သလောက် အရမ်းခင်ကြသည့် Zoology နှင့် Botany senior များက သူတို့လို junior လေးတွေအားလုံးရင်းနှီးမှုရှိစေရန် ခရီးတိုတစ်ခုသွားဖို့စီစဉ်ကြလေသည်။
မလိုက်မနေရအမိန့်ကြောင့် သလင်းမြူမှာလည်းငြင်းမရ...
အချင်းချင်းမဲနှိုက်ပြီး လက်ဆောင်လဲရမည်ဖြစ်သောကြောင့် လက်ဆောင်တစ်ခုစီလည်းစီစဉ်သွားရမည်။
သွားမည့်နေရာကို ရွေးကြတော့ ပြင်ဦးလွင်တဲ့...
တိုက်တိုက်ဆိုင်ဆိုင် မေမေတို့နဲ့မတွေ့ပါစေနဲ့ဘုရားဟုသာ ဆုတောင်းရုံမှအပ သူဘာမှမလုပ်နိုင်....
"နေရောင်...
ညနေကျရင် ဖိနပ်သွားဝယ်ရအောင်..."
"မင်းမှာ ဖိနပ်တွေအများကြီးရှိတာပဲကို.."
"ရှိတာက ရှိတာပေါ့...
ဒါပေမယ့် သဘက်ခါကျရင်
Botany ကငါ့နတ်သမီးလေးမျက်လုံးထဲမှာ ငါအချောဆုံးဖြစ်ချင်လို့..."
"နေမြင့်လေ အရူးရင့်လေပါလား...
ကျွတ်..ကျွတ်...
သနားစရာကောင်းလိုက်တာ.."
"မင်းကမှ ပိုသနားစရာကောင်းတာ...
ဒီလောက် ကောင်မလေးတွေအများကြီး မင်းကို crush နေတာကို တစ်ယောက်မှ မကြိုက်ဘူးလို့....
အလှအပကို မခံစားတတ်တဲ့ကောင်..."
"Fuck အလှအပ!!
ဆံပင်ကအစ မျက်နှာတစ်ခုလုံး Make up အထပ်ထပ်နဲ့ အတုတွေချည်းကအလှအပလား...
မင်းပဲ အဲ့လိုဟာတွေကြိုက်!"
"ငါကြိုက်တဲ့ နတ်သမီးလေးက လုံးဝ အင်မဟုတ်မဟုတ်ဘူး
Natural beauty!"
"တံတွေးစင်တယ်ဟ!!"
"အား!
မင်းလက်ပါပြန်ပြီ!"
အားရပါးရပြန်ပြောသည့် ကောင်းကင်ထံမှ လွင့်လာသည့် တံတွေးတွေကြောင့် သလင်းမြူ အော်ရင်း မြန်လွန်းသည့် လက်က ဒင်းခေါင်းကို ခေါက်ပြီးသား...
စစ်ကောင်းကင်နိုင်က သူဘယ်လောက်နာအောင် ထုထု ခေါက်ခေါက် ပြန်အော်ပေမယ့် သူ့ကို ဘယ်တော့မှ နာအောင်ပြန်မလုပ်တတ်...
"ခဏနေသွားမယ်နော်.."
"အင်း.."
သူအိမ်ထဲဝင်လာခဲ့တော့ ဧည့်ခန်းမှာ မိန်းမတစ်ယောက်နှင့် စကားပြောနေသည့် ဘုန်းရှိန်ဝါထက်ကို တွေ့ရသည်။
"ပြန်လာပြီလား..
နန်း ဒာကကိုယ်ပြောတဲ့ ကိုယ့်သားလေ...
ငယ်လေး...
သူမက နန်းစံထိုက်တဲ့ ကိုယ့်ရဲ့လုပ်ငန်းပါတနာ.."
သူမက ပြုံးပြနေပေမယ့် သူမမျက်ဝန်းအကြည့်တွေကိုမကြိုက်သောကြောင့် သလင်းမြူ ခေါင်းတစ်ချက်သာ ညိတ်ပြခဲ့လိုက်သည်။
ရေချိုးပြီး သူပြန်ဆင်းလာကာ ခြံထဲကိုကြည့်လိုက်တော့ နှင်းဆီခင်းနားမှာ ထိုမိန်းမ...
ကတ်ကြေးနဲ့ နှင်းဆီတွေကို ခူးနေသူကြောင့် သလင်းမြူ ထိုမိန်းမအနားကိုပြေးသွားလိုက်သည်။
"ခင်ဗျား ဘာလို့ ပန်းတွေကိုခူးနေရတာလဲ!!"
အပင်မှာလှနေတဲ့နှင်းဆီဖြူတွေကို ခူးနေသည့် သူမကို သလင်းမြူ ဒေါသတကြီးအော်လိုက်မိသည်။
ထိုမိန်းမက သူ့ကိုတစ်ချက်လှည့်ကြည့်လာပြီး ဂရုမစိုက်သလို ပန်းတွေကို ကတ်ကြေးနှင့် လိုက်ဖြတ်နေပြန်သည်။
မလှမ်းမကမ်းမှာ ခြံစောင့်ဦးလေးကြီးတို့ရှိပေမယ့် ဝင်မပြောရဲသောကြောင့် ငြိမ်နေကြသည်။
"ကျွန်တော်ပြောနေတာမကြားဘူးလား!
ရပ်လိုက်ပါ!!"
"ငါက ဘာလို့မင်းပြောတာကိုဂရုစိုက်ရမှာလဲ..."
ဆံပင်ရှည်တွေကိုကျစ်ထားပြီး မဲ့ပြုံးတစ်ပွင့်ကို ပန်ဆင်ထားသောသူမက ဝတ်စားထားသည့် ကျက်သရေရှိ အထက်တန်းကျသည့် ပုံစံနှင့် ဆန့်ကျင်စွာ မျက်ဝန်းတွေက သူ့ကို နှိမ့်ချစွာကြည့်နေသည်။
"ခင်ဗျားကဘယ်သူမို့လို့ ကျွန်တော့်ပန်းတွေကို ခူးနေရတာလဲ!"
ထပ်ပြီး ဂရုမစိုက်သည့် အထာဖမ်းကာ လုပ်မြဲဆက်လုပ်နေသူကြောင့် သူမလက်ထဲမှ ကတ်ကြေးကိုဆွဲလုလိုက်သည်။
" ပြန်ပေးစမ်း!!"
"မပေးဘူး..."
"ရတယ်လေ.."
သူမက နှင်းဆီပွင့်တွေနှင့် လက်နှင့်ဆွဲကာ အကုန်ကြွေကျစေသည်။
"ကျွန်တော့် ပန်းတွေကိုမထိနဲ့!!"
"မင်းရဲ့ပန်းတွေ?
ဒါကိုရှိန်ဝါ စိုက်ထားတာလေ...
ဘာကိစ္စ မင်းပိုင်ရမှာလဲ!!
မယားပါသားက မယားပါသားလိုနေ
အောက်တန်းစားလေး...."
သူမက ခူးပြီးသား နှင်းဆီတွေကို ယူကာထွက်သွားဖို့ပြင်စဉ် သလင်းမြူ ထိုပန်းတွေကိုလှမ်းဆွဲလိုက်သည်။
အရိုးနေရာကနေဆွဲမိသွားသောကြောင့် ဆူးချွန်တွေက လက်ဖဝါးအရေပြားကိုဖောက်ကာ သွေးတို့ထွက်လာသည်။
"လွှတ်!"
သူမက ပန်းတွေကိုဆောင့်ဆွဲတော့ ဆူးတွေကိုပိုစိုက်ဝင်လာစေသလိုပင်။
နာပေမယ့် သူလွှတ်မပေးမိ....
ဒီပန်းတွေကို သူပိုင်သည်လေ...
"ဘာဖြစ်နေကြတာလဲ.. "
အနောက်မှ ကြားရသည့် အမေးသံကြောင့် သူမက ချက်ချင်း လက်ညိုးထိပ်ကို ဆူးတစ်ချောင်းနှင့်ဖိချကာ ပန်းတွေကိုလွှတ်လိုက်သည်။
"အား!..."
"နန်း ဘာဖြစ်လို့လဲ..."
အပြေးအလွှား ရောက်လာသည့် ဘုန်းရှိန်ဝါထက်က သူမလက်ညှိုးထိပ်က သွေးစလေးကိုမြင်တော့ ပျာယာတွေခတ်နေသည်။
"ကိုရှိန်ဝါ့ သားကလေ နန်းပန်းလေးတွေခူးမိတာကို အတင်းပြန်လုလို့...
နန်းလက်နှင်းဆီဆူး နဲ့ထိသွားတာ...
နာလိုက်တာ....ဟင့်..."
"စူးနေရောင်ထက်!!!...
မင်းကိုယ့်ထက်အကြီးကို ဒီလိုရိုင်းရလား ဟမ်!
နန်းကို အခုပြန်တောင်းပန်လိုက်..."
သူ့ကိုမဲ့ပြုံးပြုံးပြပြီး ဘယ်လိုလဲဆိုသည့် ပုံစံမျိုးနှင့် မျက်ခုံးတစ်ဖက်ပင့်ပြသည့် သူမ....
သလင်းမြူ အံကိုသာ တင်းတင်းကြိတ်ရင်း လက်ထဲက နှင်းဆီတွေကို ပိုတင်းတင်း ဆုပ်ကိုင်လိုက်ရာသွေးစက်တွေပိုကျလာသည်။
ကျွန်တော်နာကျင်နေတာကိုမမြင်ဘဲ
အဲ့မိန်းမလက်ကိုပဲ စိုးရိမ်နေတဲ့ခင်ဗျားကြီးကို မုန်းလိုက်တာ ဘုန်းရှိန်ဝါထက်ရာ...
"ကျွန်တော်ကဘာလို့ တောင်းပန်ရမှာလဲ...
ဘာအမှားလုပ်မိလို့လဲ.....
ဒီပန်းတွေက ကျွန်တော့် အပိုင်ဆို...
ကျွန်တော်ပိုင်ဆိုင်တဲ့အရာကို သူတစ်ပါးက စိတ်ကြိုက် ဖျက်စီးနေတာကို ကြည့်နေရမှာလား!"
"စူးနေရောက်ထက်!! မင်း!"
"ဦးဘုန်းရှိန်ဝါထက်!!
ခင်ဗျားကြီး နေရောင့်ကို မအော်နဲ့!"
ဘယ်အချိန်က ရောက်နေမှန်းမသိသည့် ကောင်းကင်က သူ့အနားကိုရောက်လာကာ နှင်းဆီပန်းတွေကိုင်ထားသည့် သူ့လက်ကို ဆွဲယူလေသည်။
"ဘာလို့အနာခံပြီးဆွဲထားရတာလဲ....
အခုလွှတ်လိုက်တော့နော်...."
သူ့ကိုချော့သလိုပြောပြီး ကောင်းကင်က သူ့လက်ဖဝါးတွေကို ဖြန့်စေကာ သွေးစွန်းနေသည့် ပန်းတွေကို ပစ်ချလိုက်သည်။
"ငယ်လေး လက်က.."
အခုမှ စိုးရိမ်ပြီး သူ့လက်တွေကို ထိဖို့လှမ်းလာသည့် ဘုန်းရှိန်ဝါထက်လက်တွေကို ကောင်းကင်က ပုတ်ထုတ်လိုက်သည်။
"ခင်ဗျားကြီး နေရောင့်ကို ထိစရာမလိုဘူး...
အော်စရာလည်းမလိုဘူး....
အဖြစ်အပျက်ကို အစအဆုံးမသိဘဲ တစ်ဖက်ကန်းလုပ်မနေနဲ့....
အဲ့မိန်းမနေရောင့်ကို ဘယ်လိုစော်ကားလိုက်လဲ ခင်ဗျားသိလား!!
ဒါနောက်ဆုံးပဲဖြစ်ပါစေ...
နောက်တစ်ခါ နေရောင့်ကို ထိခိုက်အောင်လုပ်လို့ကတော့ အကြီးတွေဘာတွေလည်းဂရုမစိုက်ဘူး...
အကုန်ရိုက်သတ်မှာ....
မိန်းကလေးဖြစ်နေရင်တောင်...."
ဟိုမိန်းမကို ကောင်းကင်က တည့်တည့်ကြည့်ကာ ပြောပြီး သူ့လက်ဖဝါးကို ခပ်ဖွဖွ ကိုင်ကာ ထိုနေရာနှင့်ဝေးရာကို ခေါ်သွားခဲ့သည်။
"အား!...
ဆရာရယ် ဖြည်းဖြည်းလုပ်ပါ.."
ဆရာဝန် ဆေးထည့်ပေးနေသည့် သူကဘာသံမှမထွက်....
ဘေးမှကြည့်နေသည့် ကောင်းကင်ကသာ အော်ကာ ခါယမ်းနေသည်။
"မင်းအရူးလား!
ဒီပန်းလေးတွေအတွက်နဲ့!
နောက်ဆို ပြန်လုမနေနဲ့...
ပေးလိုက်
မင်းလိုချင်ရင် ငါနှင်းဆီခြံတစ်ခုလုံးဝယ်ပေးမယ်..."
"....."
"ငါပြောတာကြားလား....
ငါကလည်း အစကတည်းက ဝင်ပါလိုက်ရမှာကို ရပ်ကြည့်နေမိတာ...."
စစ်ကောင်းကင်နိုင် သူ့ကိုယ်သူ မကျေနပ်စွာ ကိုယ့်ခေါင်းကို ခပ်နာနာ ထုမိလေသည်။
"....."
ခါတိုင်းလို သူ့ကို ပြန်မအော်ဘဲ ငြိမ်နေသူကြောင့် စစ်ကောင်းကင်နိုင် တစ်မျိုးဖြစ်သွားသည်။
"နေရောင်..."
မော့ကြည့်လာသည့် မျက်ဝန်းတွေက မျက်ရည်တွေစိုနေသောကြောင့် စစ်ကောင်းကင်နိုင် ထိတ်လန့်သွားရသည်။
"ငိုနေတာလား..."
".......အဟင့်...အီးဟီး...."
"ဟာ ဟျောင့်.....
မငိုနဲ့လေ..."
"ဘာလို့ ငါ့ကိုပဲလာအော်နေကြတာလဲ...
ငါဘာမှားလို့လဲ....
အီး...ဟီး...."
"ငါတောင်းပန်ပါတယ်....
ထပ်မအော်တော့ဘူး နော်....
တိတ်ပါကွာ....
ငါတကယ် တကယ် တောင်းပန်ပါတယ်...."
သူ့ရှေ့မှာ ပုံစံအမျိုးမျိုးနှင့်တောင်းပန်နေသည့် စစ်ကောင်းကင်နိုင်....
ဒါပေမယ့် သူအငိုမတိတ်သေး....
"မင်းစားချင်တဲ့ဟာ လိုက်ကျွေးမယ်လေကွာ...
ပြီးတော့ ဟိုတစ်နေ့က မင်း online မှာတွေ့တဲ့အရုပ်အကြီးကြီး ဖက်အိပ်ချင်တယ်ဆိုတဲ့ဟာရော ငါဝယ်ပေးမယ်လေ....
တိတ်တော့နော် နေရောင်....."
"အင့်....တကယ်လား....."
"တကယ် ..... ကတိပေးတယ်..... "
လက်သန်းချင်းချိတ်ကာ ကတိပေးပြီး အငိုတိတ်သွားပေမယ့် တအင့်အင့် ရှိုက်နေသေးသည့် ကောင်လေးရဲ့ ပါးပေါ်မှ မျက်ရည်တွေကို စစ်ကောင်းကင်နိုင် သုတ်ဖယ်ပေးလိုက်သည်။
သူဘယ်တုန်းကများ စူးနေရောင်ထက်ကို ကလေးတစ်ယောက်လိုချော့တတ်သွားတာလည်းမသိပေမယ့် အခု သူမျက်လုံးထဲမှာ ငိုပြီး မျက်နှာလေးရဲနေသည့် စူးနေရောင်ထက်က ချစ်စဖွယ် ကလေးလေးလိုပင်....
သူတို့မသိခဲ့ဘူး.....
ထာဝရဆိုတာတွေကလည်း...
ပြောင်းလဲတတ်တာကို......
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
(AN: အသေဝုန်းချင်မယ့် အစစ်မက အခုမှလာတာ 😂😂)
************************************
Zawgyi
ဒီဇင္ဘာရဲ႕ နံနက္ခင္းက ေစာင္ပုံထဲမွာေကြးေနဖို႔အေကာင္းဆုံးေပမယ့္ 8 နာရီမွာစမည့္အတန္းခ်ိန္ေၾကာင့္ သူ႔မွာဆက္ၿပီးစည္းစိမ္မခံႏိုင္ေတာ့...
"အ.."
ေျပာင္ေခ်ာေနသည့္ ၾကမ္းျပင္ေအးစက္စက္ေပၚ ေျခဖဝါးေရာက္သြားေတာ့ စူးကနဲနာသြားေသာေၾကာင့္ ေျခေထာက္ေတြကို ၾကည့္လိုက္ရာ ထင္သည့္အတိုင္း ေရာင္ေနၾကၿပီ....
လမ္းေလ်ွာက္တိုင္းနာေပမယ့္ အတန္းေနာက္က်မည္ကို ပိုစိုးရိမ္ေနရသည္။
ေရေႏြးစိမ္လိုက္ရင္ သက္သာႏိုင္ေပမယ့္ သူဂ႐ုမစိုက္အား....
အိမ္တြင္းစီး အေႏြးဖိနပ္ေလးႏွင့္ ေျခလွမ္းေတြကို ခပ္ဖြဖြနင္းရင္းသူေအာက္ထပ္ဆင္းလာခဲ့သည္။
သူ႔အႀကိဳက္ မုန္႔ဟင္းခါးကို အန္တီျမက ျပင္ေပးၿပီး ဝီရိယေကာင္းသည့္ ဘုန္း႐ွိန္ဝါထက္ကေတာ့ coffee တစ္ခြက္ႏွင့္ သတင္းစာဖတ္ေနသည္။
"အစ္ကိုေလး ေျခေထာက္ကဘာျဖစ္လို႔လဲ...
လမ္းေလ်ွာက္တာ ေထာ့နဲ႔နဲ႔နဲ႔...."
"ဘာမွမျဖစ္ပါဘူး.... "
ဘုန္း႐ွိန္ဝါထက္ ဖတ္လက္စ သတင္းစာကိုစားပြဲေပၚခ်ကာ ခုံမွထသြားေလသည္။
မုန္႔ဟင္းခါးကိုသာ အျမန္ငုံ႔ေနစားေနတုန္း သူ႔ေ႐ွ႕ကို ဘုန္း႐ွိန္ဝါထက္က ဒူးတစ္ဖက္ေထာက္ထိုင္ကာ သူ႔ေျခေထာက္ေတြကိုကိုင္လာသည္။
"ဘာလုပ္တာလဲ... "
"ၿငိမ္ၿငိမ္ေန... "
အေႏြးဖိနပ္ေလးကို ဖယ္လိုက္ေတာ့ ေဖာင္းကစ္ေနသည့္ သူ႔ေျခဖမိုးႏွင့္ ေျခေခ်ာင္းေလးေတြကိုၾကည့္ၿပီး ဘုန္း႐ွိန္ဝါထက္က စုတ္သပ္သည္။
ဖိုက္ဘာ ဇလုံတစ္ခုထဲကို ေရေႏြးႏွင့္ ေရစပ္ၿပီး သူ႔အနားျပန္ေရာက္လာသည္။
"ကိုယ့္ကိုကိုယ္ ဘယ္ေတာ့မွဂ႐ုမစိုက္ဘူး...
အျမဲစိတ္ပူရေအာင္လုပ္တယ္...."
ပြစိ ပြစိေျပာရင္း သူ႔ေျခေထာက္ေတြကိုစိမ္ေစကာ ေသခ်ာ ႏွိပ္နယ္ေပးေနသူေၾကာင့္ အန္တီျမတို႔ မိငယ္တို႔အေၾကာင္သားေငးေနၾကၿပီး သလင္းျမဴကေတာ့ တစ္စတစ္စ မ်က္ရည္တို႔ရစ္သိုင္းလာသည္။
ေပါက္ကနဲ က်ဆင္းသြားသည့္ မ်က္ရည္စက္ေၾကာင့္ အသိျပန္ဝင္လာကာ သူ႔လက္ေတြၾကားမွ ေျခေထာက္အစုံကို ႐ုန္းလိုက္သည္။
"ၿငိမ္ၿငိမ္ေန မၿပီးေသးဘူး...
ကိုယ္ေစာေစာစီးစီး မေငါက္ခ်င္ဘူးေနာ္ ငယ္..."
သလင္းျမဴ ျပန္ၿငိမ္က်သြားၿပီး ဝဲေနသည့္ မ်က္ရည္ေတြကို မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္ႏွင့္ ျပန္လည္သိမ္းဆည္းလိုက္သည္။
ေျခေထာက္ေတြကို ေရေျပာင္ကို သုပ္ေပးေနသူ...
"ေနေရာင္ေရ!....
ေန....."
အိမ္ထဲေျပးဝင္လာသူက ထမင္းစားပြဲမွာ သူနဲ႔ဘုန္း႐ွိန္ဝါထက္ကို ျမင္ေတာ့ မ်က္ေမွာင္ေတြက်ံဳ႕သြားသည္။
"ေနေရာင့္ကို ခင္ဗ်ားဘာလုပ္ေနတာလဲ..."
"မင္းနဲ႔မဆိုင္ဘူး.... "
တစ္ေယာက္တစ္ေယာက္ ေဖာက္ထြက္မတတ္ၾကည့္ေနၾကသူ ႏွစ္ေယာက္ေၾကာင့္ သလင္းျမဴ ထိုေနရာမွအျမန္ထကာ စစ္ေကာင္းကင္ႏိုင္လက္ကိုဆြဲၿပီး ထြက္ခဲ့ေတာ့သည္။
"အဲ့ဘိုးေတာ္မင္းကို ဘာလုပ္ျပန္တာလဲ...."
"ဘာမွမလုပ္ဘူး... "
ဖိနပ္ႀကိဳးကိုခ်ည္ရင္း သူအေရးမပါသလို ျပန္ေျဖလိုက္သည္။
"မင္းကဘာလို႔ ငါဆီလာတာလဲ..."
"ေက်ာင္းအတူတူ သြားမလို႔ေလ...
ၿပီးေတာ့ မေန႔က ငါ့ဆိုင္ကယ္ဘာျဖစ္သြားတာလဲမသိဘူး...
ကားလည္းမေမာင္းခ်င္လို႔ မင္းကားနဲ႔လိုက္မလို႔.."
သလင္းျမဴ ဘာမွထပ္မေျပာေတာ့ဘဲ ေကာင္းကင္ႏွင့္အတူ ေက်ာင္းကိုအျမန္ေရာက္ေအာင္ေမာင္းခဲ့ေတာ့သည္။
စိုင္းစံ ေဘးမွာသူထိုင္ေတာ့ သူ႔ေဘးကိုေကာင္းကင္ကဝင္ထိုင္သည္။ ပထမႏွစ္ခ်ိန္ကတည္းက သူ႔ေဘးကႏွစ္ေကာင္သားမွာ ဆရာမလစ္ရင္လစ္သလို သူ႔ပုခုံးေပၚလာမွီအိပ္ၾကသည္။
11 နာရီေက်ာ္ မနက္ပိုင္းအတန္းလည္းၿပီးေရာ သူ႔ပုခုံးေတြနာေနေပၿပီ။
သူတို႔ေျခာက္ေယာက္လုံး canteen က Ruby မွာေန႔လည္စာသြားစားၾကသည္။
စိုင္းစံတို႔ေနသည့္ ေက်ာင္းကေယာက္်ားေလးေဆာင္မွ ထမင္းေကြၽးေပမယ့္ စိုင္းစံကအျပင္မွာသာစားသည္။
Ruby မွာကေတာ့ RC ႏွင့္မတူညီစြာ ေယာက္်ားေလးေတြေပါသည္။
ေန႔လည္စာစားၿပီး major practical ႐ွိသည့္အတြက္ စာၾကည့္တိုက္ေဘးတြင္႐ွိသည့္္ Room - 83 သို႔ေျပးၾကရျပန္သည္။
တကၠသိုလ္ေရာက္သြားရင္ ဆယ္တန္းလိုစာမက်က္ရ မပင္ပန္းရေတာ့ဘူးဆိုတာ လုံးဝဂ်င္း....
Roll call ျပည့္ေအာင္ မနက္အေစာႀကီး အတန္းခ်ိန္အမွီေခြးေျပးဝက္ေျပးေျပးရတာကို အမုန္းဆုံး...
Practical ေတြလည္း A+ ရဖို႔အေရး သူတို႔ေျပာသမ်ွဟာေတြအကုန္ ၏ သည္မေရြး အကုန္မွတ္ထားႏိုင္မွ ေတာ္ကာၾကသည္။
လက္ေရးေလး သပ္ရပ္ျပီး ပုံေလးေတြပါလွမွ သေဘာက်ၾကသည္။
သင္သြားတဲ့စာေတြ မက်က္ဘဲထားၾကည့္ပါလား အပတ္စဥ္ tuto ေျဖရင္ ေခြးအႀကီးလွည္းနင္းသလိုေတြျဖစ္ကုန္ေရာ...
ကူးခ်ရေအာင္လည္း အေယာက္ ေလးဆယ္ေလာက္ ဦးေရထဲမွာ ေယာက္်ားေလးကေျခာက္ေယာက္တည္း...
ဘယ္လိုခိုးခိုး အေ႐ွ႕အေနာက္လွည့္ေနတဲ့ မ်က္မွန္ေအာက္မွ ဆရာမမ်က္ဝန္းတစ္စုံက ဆယ္တန္းအခန္းေစာင့္ေတြေလာက္ေတာ့ သနားသည္။
တကၠသိုလ္ေက်ာင္းသားဘဝေရာက္မွ ဆယ္တန္းကို ဆယ္ႏွစ္ေလာက္ျပန္တက္ခ်င္စိတ္ေတြကတဖြားဖြား...
ဒီၾကားထဲ ကိုယ့္႒ာနပါခ်ဳပ္ႏွင့္ သိပ္မတည့္သည့္ Botany ပါခ်ဳပ္အခ်ိန္ေရာက္တိုင္းလည္း ဘုရားစာေတြရြတ္ရတာလည္းအခါခါ...
မထင္ရင္မထင္သလို အျပစ္႐ွာၿပီး roll call မေပးမွာေၾကာက္လို႔ပါ....
ဒါေတာင္ ေက်ာင္းဖြင့္ခါစမို႔...
ေနာက္ဆို ကိုယ္တိုင္ဓာတ္ခြဲခန္းဝင္ရမယ္...
အဖြဲ႔လိုက္ presentation ေတြလုပ္ရမယ္...
Senior ေတြရဲ႕ seminar ဖတ္တာေတြကိုနားေထာင္ရမယ္...
Field work ေတြဆင္းဖို႔ ခရီးထြက္ရမယ္...
ခရီးထြက္ရမယ္ဆိုလို႔ စိတ္ကူးေတြယဥ္ၿပီးေပ်ာ္မေနနဲ႔...
လမ္းေတြ႔သမ်ွအေကာင္ေတြအကုန္ ဓာတ္ပုံ႐ိုက္အေ႐ွ႕က ဆရာဆရာမေျပာတာေတြလိုက္မွတ္ရင္း ဘာမွန္းေတာင္သိမွာမဟုတ္ဘူး...
ဇာတ္ကားေတြထဲကလို ေဟးလားဟားလားနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးႀကီး ေလ်ွာက္သြားေနလို႔ကေတာ့ တကယ့္အခ်ိန္ေတြမွာမ်က္ႏွာငယ္ရေပမည္။
ဒါဟာ ဆယ္တန္းတုန္းက ဆရာဆရာမေတြ မိဘေတြ ဂ်င္းထည့္လိုက္သည့္ ေပ်ာ္ရႊင္စရာ တကၠသိုလ္ေက်ာင္းသားဘဝပါ...
သာမန္ Day ေက်ာင္းသားဘဝက လြတ္လပ္ေပါ့ပါးၿပီး တကၠသိုလ္ေက်ာင္းသားဘဝအရသာကို အျပည့္အဝခံစားႏိုင္ေပမယ့္ သက္မွတ္ခ်က္ စည္းကမ္းေတြမ်ားလြန္းသည့္ ဒီလိုေက်ာင္းမ်ိဳးမွာေတာ့ ဝင္ခြင့္အမွတ္အလိုက္ စဥ္ထားသည့္ roll နံပါတ္ေတြကအစ စိတ္ဖိဆီးေစသည္။
ေဆးေက်ာင္းအမွတ္ေတြႏွင့္ ဒီေက်ာင္းမွာ လာတက္သူေတြ႐ွိၿပီး အားလုံးက အနည္းဆုံး အမွတ္ေပါင္း 400 ကိုအသာေလးေက်ာ္သူမ်ားသာ...
Distance ေက်ာင္းသားဘဝကေတာင္ ပိုေပ်ာ္ဖို႔ေကာင္းေသးတယ္...
Fuck...
သလင္းျမဴ စိတ္ထဲမွႀကိတ္ဆဲမိသည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
သူစူးေနေရာင္ထက္လို ေနထိုင္ခဲ့တာ တစ္လေတာင္ေက်ာ္လာၿပီ...
အရင္လို ဘုန္း႐ွိန္ဝါထက္အေပၚမွာ ခါးခါးသီးသီး မဆက္ဆံေတာ့....
အရင္ကကိစၥေတြကို ေမ့ျပစ္ၿပီး အားလုံးကိုအသစ္ကျပန္စခ်င္ေသာေၾကာင့္ပင္။
"ငယ္ေလးအတြက္ ကိုယ္ႏွင္းဆီျဖဴေတြကို စိုက္ခဲ့တာ....
ဒီႏွင္းဆီျဖဴေတြကို ငယ္ေလးပိုင္တယ္..."
သူေျပာသည့္ စကားတစ္ခြန္းေၾကာင့္ သလင္းျမဴ ႀကိတ္ၿပီးျပဳံးခဲ့ရေသးသည္။
႒ာနႏွစ္ခု ပါခ်ဳပ္ေတြမတည့္သေလာက္ အရမ္းခင္ၾကသည့္ Zoology ႏွင့္ Botany senior မ်ားက သူတို႔လို junior ေလးေတြအားလုံးရင္းႏွီးမႈ႐ွိေစရန္ ခရီးတိုတစ္ခုသြားဖို႔စီစဥ္ၾကေလသည္။
မလိုက္မေနရအမိန္႔ေၾကာင့္ သလင္းျမဴမွာလည္းျငင္းမရ...
အခ်င္းခ်င္းမဲႏိႈက္ၿပီး လက္ေဆာင္လဲရမည္ျဖစ္ေသာေၾကာင့္ လက္ေဆာင္တစ္ခုစီလည္းစီစဥ္သြားရမည္။
သြားမည့္ေနရာကို ေရြးၾကေတာ့ ျပင္ဦးလြင္တဲ့...
တိုက္တိုက္ဆိုင္ဆိုင္ ေမေမတို႔နဲ႔မေတြ႔ပါေစနဲ႔ဘုရားဟုသာ ဆုေတာင္း႐ုံမွအပ သူဘာမွမလုပ္ႏိုင္....
"ေနေရာင္...
ညေနက်ရင္ ဖိနပ္သြားဝယ္ရေအာင္..."
"မင္းမွာ ဖိနပ္ေတြအမ်ားျကီး႐ွိတာပဲကို.."
"႐ွိတာက ႐ွိတာေပါ့...
ဒါေပမယ့္ သဘက္ခါက်ရင္
Botany ကငါ့နတ္သမီးေလးမ်က္လုံးထဲမွာ ငါအေခ်ာဆုံးျဖစ္ခ်င္လို႔..."
"ေနျမင့္ေလ အ႐ူးရင့္ေလပါလား...
ကြၽတ္..ကြၽတ္...
သနားစရာေကာင္းလိုက္တာ.."
"မင္းကမွ ပိုသနားစရာေကာင္းတာ...
ဒီေလာက္ ေကာင္မေလးေတြအမ်ားႀကီး မင္းကို crush ေနတာကို တစ္ေယာက္မွ မႀကိဳက္ဘူးလို႔....
အလွအပကို မခံစားတတ္တဲ့ေကာင္..."
"Fuck အလွအပ!!
ဆံပင္ကအစ မ်က္ႏွာတစ္ခုလုံး Make up အထပ္ထပ္နဲ႔ အတုေတြခ်ည္းကအလွအပလား...
မင္းပဲ အဲ့လိုဟာေတြႀကိဳက္!"
"ငါႀကိဳက္တဲ့ နတ္သမီးေလးက လုံးဝ အင္မဟုတ္မဟုတ္ဘူး
Natural beauty!"
"တံေတြးစင္တယ္ဟ!!"
"အား!
မင္းလက္ပါျပန္ၿပီ!"
အားရပါးရျပန္ေျပာသည့္ ေကာင္းကင္ထံမွ လြင့္လာသည့္ တံေတြးေတြေၾကာင့္ သလင္းျမဴ ေအာ္ရင္း ျမန္လြန္းသည့္ လက္က ဒင္းေခါင္းကို ေခါက္ၿပီးသား...
စစ္ေကာင္းကင္ႏိုင္က သူဘယ္ေလာက္နာေအာင္ ထုထု ေခါက္ေခါက္ ျပန္ေအာ္ေပမယ့္ သူ႔ကို ဘယ္ေတာ့မွ နာေအာင္ျပန္မလုပ္တတ္...
"ခဏေနသြားမယ္ေနာ္.."
"အင္း.."
သူအိမ္ထဲဝင္လာခဲ့ေတာ့ ဧည့္ခန္းမွာ မိန္းမတစ္ေယာက္ႏွင့္ စကားေျပာေနသည့္ ဘုန္း႐ွိန္ဝါထက္ကို ေတြ႔ရသည္။
"ျပန္လာၿပီလား..
နန္း ဒာကကိုယ္ေျပာတဲ့ ကိုယ့္သားေလ...
ငယ္ေလး...
သူမက နန္းစံထိုက္တဲ့ ကိုယ့္ရဲ႕လုပ္ငန္းပါတနာ.."
သူမက ျပဳံးျပေနေပမယ့္ သူမမ်က္ဝန္းအၾကည့္ေတြကိုမႀကိဳက္ေသာေၾကာင့္ သလင္းျမဴ ေခါင္းတစ္ခ်က္သာ ညိတ္ျပခဲ့လိုက္သည္။
ေရခ်ိဳးၿပီး သူျပန္ဆင္းလာကာ ျခံထဲကိုၾကည့္လိုက္ေတာ့ ႏွင္းဆီခင္းနားမွာ ထိုမိန္းမ...
ကတ္ေၾကးနဲ႔ ႏွင္းဆီေတြကို ခူးေနသူေၾကာင့္ သလင္းျမဴ ထိုမိန္းမအနားကိုေျပးသြားလိုက္သည္။
"ခင္ဗ်ား ဘာလို႔ ပန္းေတြကိုခူးေနရတာလဲ!!"
အပင္မွာလွေနတဲ့ႏွင္းဆီျဖဴေတြကို ခူးေနသည့္ သူမကို သလင္းျမဴ ေဒါသတႀကီးေအာ္လိုက္မိသည္။
ထိုမိန္းမက သူ႔ကိုတစ္ခ်က္လွည့္ၾကည့္လာၿပီး ဂ႐ုမစိုက္သလို ပန္းေတြကို ကတ္ေၾကးႏွင့္ လိုက္ျဖတ္ေနျပန္သည္။
မလွမ္းမကမ္းမွာ ျခံေစာင့္ဦးေလးႀကီးတို႔႐ွိေပမယ့္ ဝင္မေျပာရဲေသာေၾကာင့္ ၿငိမ္ေနၾကသည္။
"ကြၽန္ေတာ္ေျပာေနတာမၾကားဘူးလား!
ရပ္လိုက္ပါ!!"
"ငါက ဘာလို႔မင္းေျပာတာကိုဂ႐ုစိုက္ရမွာလဲ..."
ဆံပင္႐ွည္ေတြကိုက်စ္ထားၿပီး မဲ့ျပဳံးတစ္ပြင့္ကို ပန္ဆင္ထားေသာသူမက ဝတ္စားထားသည့္ က်က္သေရ႐ွိ အထက္တန္းက်သည့္ ပုံစံႏွင့္ ဆန္႔က်င္စြာ မ်က္ဝန္းေတြက သူ့ကို ႏွိမ့္ခ်စြာျကည့္ေနသည္။
"ခင္ဗ်ားကဘယ္သူမို႔လို႔ ကြၽန္ေတာ့္ပန္းေတြကို ခူးေနရတာလဲ!"
ထပ္ၿပီး ဂ႐ုမစိုက္သည့္ အထာဖမ္းကာ လုပ္ျမဲဆက္လုပ္ေနသူေၾကာင့္ သူမလက္ထဲမွ ကတ္ေၾကးကိုဆြဲလုလိုက္သည္။
" ျပန္ေပးစမ္း!!"
"မေပးဘူး..."
"ရတယ္ေလ.."
သူမက ႏွင္းဆီပြင့္ေတြႏွင့္ လက္ႏွင့္ဆြဲကာ အကုန္ေႂကြက်ေစသည္။
"ကြၽန္ေတာ့္ ပန္းေတြကိုမထိနဲ႔!!"
"မင္းရဲ႕ပန္းေတြ?
ဒါကို႐ွိန္ဝါ စိုက္ထားတာေလ...
ဘာကိစၥ မင္းပိုင္ရမွာလဲ!!
မယားပါသားက မယားပါသားလိုေန
ေအာက္တန္းစားေလး...."
သူမက ခူးၿပီးသား ႏွင္းဆီေတြကို ယူကာထြက္သြားဖို႔ျပင္စဥ္ သလင္းျမဴ ထိုပန္းေတြကိုလွမ္းဆြဲလိုက္သည္။
အ႐ိုးေနရာကေနဆြဲမိသြားေသာေၾကာင့္ ဆူးခြၽန္ေတြက လက္ဖဝါးအေရျပားကိုေဖာက္ကာ ေသြးတို႔ထြက္လာသည္။
"လႊတ္!"
သူမက ပန္းေတြကိုေဆာင့္ဆြဲေတာ့ ဆူးေတြကိုပိုစိုက္ဝင္လာေစသလိုပင္။
နာေပမယ့္ သူလႊတ္မေပးမိ....
ဒီပန္းေတြကို သူပိုင္သည္ေလ...
"ဘာျဖစ္ေနၾကတာလဲ.. "
အေနာက္မွ ၾကားရသည့္ အေမးသံေၾကာင့္ သူမက ခ်က္ခ်င္း လက္ညိဳးထိပ္ကို ဆူးတစ္ေခ်ာင္းႏွင့္ဖိခ်ကာ ပန္းေတြကိုလႊတ္လိုက္သည္။
"အား!..."
"နန္း ဘာျဖစ္လို႔လဲ..."
အေျပးအလႊား ေရာက္လာသည့္ ဘုန္း႐ွိန္ဝါထက္က သူမလက္ညႇဳိးထိပ္က ေသြးစေလးကိုျမင္ေတာ့ ပ်ာယာေတြခတ္ေနသည္။
"ကို႐ွိန္ဝါ့ သားကေလ နန္းပန္းေလးေတြခူးမိတာကို အတင္းျပန္လုလို႔...
နန္းလက္ႏွင္းဆီဆူး နဲ႔ထိသြားတာ...
နာလိုက္တာ....ဟင့္..."
"စူးေနေရာင္ထက္!!!...
မင္းကိုယ့္ထက္အႀကီးကို ဒီလို႐ိုင္းရလား ဟမ္!
နန္းကို အခုျပန္ေတာင္းပန္လိုက္..."
သူ႔ကိုမဲ့ျပဳံးျပဳံးျပၿပီး ဘယ္လိုလဲဆိုသည့္ ပုံစံမ်ိဳးႏွင့္ မ်က္ခုံးတစ္ဖက္ပင့္ျပသည့္ သူမ....
သလင္းျမဴ အံကိုသာ တင္းတင္းႀကိတ္ရင္း လက္ထဲက ႏွင္းဆီေတြကို ပိုတင္းတင္း ဆုပ္ကိုင္လိုက္ရာေသြးစက္ေတြပိုက်လာသည္။
ကြၽန္ေတာ္နာက်င္ေနတာကိုမျမင္ဘဲ
အဲ့မိန္းမလက္ကိုပဲ စိုးရိမ္ေနတဲ့ခင္ဗ်ားျကီးကို မုန္းလိုက္တာ ဘုန္း႐ွိန္ဝါထက္ရာ...
"ကြၽန္ေတာ္ကဘာလို႔ ေတာင္းပန္ရမွာလဲ...
ဘာအမွားလုပ္မိလို႔လဲ.....
ဒီပန္းေတြက ကြၽန္ေတာ့္ အပိုင္ဆို...
ကြၽန္ေတာ္ပိုင္ဆိုင္တဲ့အရာကို သူတစ္ပါးက စိတ္ႀကိဳက္ ဖ်က္စီးေနတာကို ၾကည့္ေနရမွာလား!"
"စူးေနေရာက္ထက္!! မင္း!"
"ဦးဘုန္း႐ွိန္ဝါထက္!!
ခင္ဗ်ားႀကီး ေနေရာင့္ကို မေအာ္နဲ႔!"
ဘယ္အခ်ိန္က ေရာက္ေနမွန္းမသိသည့္ ေကာင္းကင္က သူ႔အနားကိုေရာက္လာကာ ႏွင္းဆီပန္းေတြကိုင္ထားသည့္ သူ႔လက္ကို ဆြဲယူေလသည္။
"ဘာလို႔အနာခံၿပီးဆြဲထားရတာလဲ....
အခုလႊတ္လိုက္ေတာ့ေနာ္...."
သူ႔ကိုေခ်ာ့သလိုေျပာၿပီး ေကာင္းကင္က သူ႔လက္ဖဝါးေတြကို ျဖန္႔ေစကာ ေသြးစြန္းေနသည့္ ပန္းေတြကို ပစ္ခ်လိုက္သည္။
"ငယ္ေလး လက္က.."
အခုမွ စိုးရိမ္ၿပီး သူ႔လက္ေတြကို ထိဖို႔လွမ္းလာသည့္ ဘုန္း႐ွိန္ဝါထက္လက္ေတြကို ေကာင္းကင္က ပုတ္ထုတ္လိုက္သည္။
"ခင္ဗ်ားႀကီး ေနေရာင့္ကို ထိစရာမလိုဘူး...
ေအာ္စရာလည္းမလိုဘူး....
အျဖစ္အပ်က္ကို အစအဆုံးမသိဘဲ တစ္ဖက္ကန္းလုပ္မေနနဲ႔....
အဲ့မိန္းမေနေရာင့္ကို ဘယ္လိုေစာ္ကားလိုက္လဲ ခင္ဗ်ားသိလား!!
ဒါေနာက္ဆုံးပဲျဖစ္ပါေစ...
ေနာက္တစ္ခါ ေနေရာင့္ကို ထိခိုက္ေအာင္လုပ္လို႔ကေတာ့ အႀကီးေတြဘာေတြလည္းဂ႐ုမစိုက္ဘူး...
အကုန္ရိုက္သတ္မွာ....
မိန္းကေလးျဖစ္ေနရင္ေတာင္...."
ဟိုမိန္းမကို ေကာင္းကင္က တည့္တည့္ၾကည့္ကာ ေျပာၿပီး သူ႔လက္ဖဝါးကို ခပ္ဖြဖြ ကိုင္ကာ ထိုေနရာႏွင့္ေဝးရာကို ေခၚသြားခဲ့သည္။
"အား!...
ဆရာရယ္ ျဖည္းျဖည္းလုပ္ပါ.."
ဆရာဝန္ ေဆးထည့္ေပးေနသည့္ သူကဘာသံမွမထြက္....
ေဘးမွၾကည့္ေနသည့္ ေကာင္းကင္ကသာ ေအာ္ကာ ခါယမ္းေနသည္။
"မင္းအ႐ူးလား!
ဒီပန္းေလးေတြအတြက္နဲ႔!
ေနာက္ဆို ျပန္လုမေနနဲ႔...
ေပးလိုက္
မင္းလိုခ်င္ရင္ ငါႏွင္းဆီျခံတစ္ခုလုံးဝယ္ေပးမယ္..."
"....."
"ငါေျပာတာၾကားလား....
ငါကလည္း အစကတည္းက ဝင္ပါလိုက္ရမွာကို ရပ္ၾကည့္ေနမိတာ...."
စစ္ေကာင္းကင္ႏိုင္ သူ႔ကိုယ္သူ မေက်နပ္စြာ ကိုယ့္ေခါင္းကို ခပ္နာနာ ထုမိေလသည္။
"....."
ခါတိုင္းလို သူ႔ကို ျပန္မေအာ္ဘဲ ၿငိမ္ေနသူေၾကာင့္ စစ္ေကာင္းကင္ႏိုင္ တစ္မ်ိဳးျဖစ္သြားသည္။
"ေနေရာင္..."
ေမာ့ၾကည့္လာသည့္ မ်က္ဝန္းေတြက မ်က္ရည္ေတြစိုေနေသာေၾကာင့္ စစ္ေကာင္းကင္ႏိုင္ ထိတ္လန္႔သြားရသည္။
"ငိုေနတာလား..."
".......အဟင့္...အီးဟီး...."
"ဟာ ေဟ်ာင့္.....
မငိုနဲ႔ေလ..."
"ဘာလို႔ ငါ့ကိုပဲလာေအာ္ေနၾကတာလဲ...
ငါဘာမွားလို႔လဲ....
အီး...ဟီး...."
"ငါေတာင္းပန္ပါတယ္....
ထပ္မေအာ္ေတာ့ဘူး ေနာ္....
တိတ္ပါကြာ....
ငါတကယ္ တကယ္ ေတာင္းပန္ပါတယ္...."
သူ႔ေ႐ွ႕မွာ ပုံစံအမ်ိဳးမ်ိဳးႏွင့္ေတာင္းပန္ေနသည့္ စစ္ေကာင္းကင္ႏိုင္....
ဒါေပမယ့္ သူအငိုမတိတ္ေသး....
"မင္းစားခ်င္တဲ့ဟာ လိုက္ေကြၽးမယ္ေလကြာ...
ၿပီးေတာ့ ဟိုတစ္ေန႔က မင္း online မွာေတြ႔တဲ့အ႐ုပ္အႀကီးႀကီး ဖက္အိပ္ခ်င္တယ္ဆိုတဲ့ဟာေရာ ငါဝယ္ေပးမယ္ေလ....
တိတ္ေတာ့ေနာ္ ေနေရာင္....."
"အင့္....တကယ္လား....."
"တကယ္ ..... ကတိေပးတယ္..... "
လက္သန္းခ်င္းခ်ိတ္ကာ ကတိေပးၿပီး အငိုတိတ္သြားေပမယ့္ တအင့္အင့္ ႐ိႈက္ေနေသးသည့္ ေကာင္ေလးရဲ႕ ပါးေပၚမွ မ်က္ရည္ေတြကို စစ္ေကာင္းကင္ႏိုင္ သုတ္ဖယ္ေပးလိုက္သည္။
သူဘယ္တုန္းကမ်ား စူးေနေရာင္ထက္ကို ကေလးတစ္ေယာက္လိုေခ်ာ့တတ္သြားတာလည္းမသိေပမယ့္ အခု သူမ်က္လုံးထဲမွာ ငိုၿပီး မ်က္ႏွာေလးရဲေနသည့္ စူးေနေရာင္ထက္က ခ်စ္စဖြယ္ ကေလးေလးလိုပင္....
သူတို႔မသိခဲ့ဘူး.....
ထာဝရဆိုတာေတြကလည္း...
ေျပာင္းလဲတတ္တာကို......
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
(AN: အေသဝုန္းခ်င္မယ့္ အစစ္မက အခုမွလာတာ 😂😂)
Bạn đang đọc truyện trên: Truyen247.Pro