Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-20 ( change )

Unicode

"ငါပြောလိုက်တာ လွန်များသွားလား...."

သလင်းမြူ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ရင်း စိတ်ညစ်လာပြန်သည်။

"မသိဘူး...
မသိတော့ဘူး!"

နံရံကိုနှစ်ချက်လောက်ခေါင်းနှင့်တိုက်ပြီး ကုတင်ပေါ်လှဲကာ လူးလှိမ့်နေမိသည်။

Guitar ကိုယူကာ ဝရန်တာမှာထွက်ထိုင်ရင်း စိတ်ထဲပေါ်လာသည့် Taylor သီချင်းကိုခပ်အေးအေးလေးစတင်တီးခတ်လိုက်သည်။

"🎶I remember tears streaming
down your face
When I said I'd never let you go
When all those shadows
almost killed your light
I remember you said,
don't leave me here alone
But all that's dead and
gone and passed tonight....🎶"

သူ့မျက်ဝန်းက မျက်ရည်စတွေက guitar ပေါ်ကျကာ စတင်စီးဆင်းကုန်သည်။

"🎶Just close your eyes
The sun is going down
You'll be alright
No one can hurt you now
Come morning light
You and I'll be safe and sou...~"

ဆက်ပြီး မဆိုနိုင်လောက်အောင်ကို အလုအယက်ကျဆင်းလာသည့် မျက်ရည်စက်တွေနှင့် ရင်ဘက်ထဲကလည်းဆို့နင့်စွာ...

အခန်းထဲပြန်ဝင်ရန် မတ်တပ်ထလိုက်တော့ နှင်းဆီဖြူတွေနားမှ တစ်စုံတစ်ယောက်က သူ့ကိုမော့ကြည့်နေခဲ့သည်။

မျက်ရည်တွေကို အလျှင်အမြန်သုတ်ဖယ်ကာ သူ့အခန်းထဲပဲ ပြေးဝင်ခဲ့တော့သည်။

"ငယ်လေး...."

သီချင်းသံစကြားကတည်းက သူဝရန်တာကိုကြည့်နေခဲ့တာ....

တုန်ခါသွားသည့် အသံလေးနောက် ရှိုက်သံရောကာ ငယ်လေး မတ်တပ်ရပ်လာတော့ စိုစွတ်နေသော မျက်ဝန်းနှင့် ပါးပြင်လေးတွေက ရဲနေသည်။

သူ့ရင်ထဲထိတ်ကနဲ ဖြစ်သွားချိန်မှာပဲ ငယ်လေးအခန်းထဲဝင်သွားခဲ့သည်။

နှင်းဆီဖြူတွေကို ခပ်တွေတွေကြည့်ရင်း အတိတ်က သူ့ရင်ခွင်ထဲမှာ ပျော်ရွှင်ခဲ့ဖူးသည့် ကောင်လေးရဲ့အပြုံးတွေကိုလွမ်းသည်။

ကိုကိုလို့ခေါ်သံလေးကိုလွမ်းသည်။

သူမထင်ထားခဲ့မိဘူး ငယ်လေး ဒီလောက်အထိ သူ့အပေါ်စိမ်းကားသွားလိမ့်မယ်လို့...

သူငွေနောက်လိုက်ခဲ့တယ်...
သူ့ထက်အသက်ထက်ဝက်ကျော်ကြီးတဲ့ မိန်းမတစ်ယောက်နဲ့လည်း လက်ထပ်ခဲ့တယ်..
သူဝန်ခံပါတယ် သူမှားခဲ့တယ်...
တောင်းပန်ပါတယ် တစ်ခုကလွဲရင် သူ့မှာပြောစရာ အကြောင်းပြချက်ရေရေရာရာမရှိပေ။

ငယ်လေး အိမ်ပြန်လာတဲ့နေ့ သူ့လုပ်ရပ်ကို သိသွားခဲ့တဲ့နေ့က သူဆိုင်ရှေ့မှာ ကားပေါ်ကနေကြည့်နေခဲ့တယ်...

ငယ်လေးမေ့လဲသွားတယ်ကြားတော့ သူကားပေါ်ကနေပြေးဆင်းပြီး သွားပွေ့ထားချင်ပေမယ့် ကိုခန့်ရောက်လာတာကိုမြင်လိုက်လို့ သူစိတ်ချလက်ချ ကားထဲကမထွက်ခဲ့တော့။

သိပ်မကြာလိုက် luggage လေးကိုဆွဲပြီး ခပ်မို့မို့ မျက်ဝန်းတွေနှင့် ငယ်လေးထွက်လာသည်။

ပြန်အလာ ပျော်ရွှင်နေသည့် မျက်ဝန်းတွေနှင့် ဆန့်ကျင်ဘက် ခပ်မှိုင်းမှိုင်းမျက်ဝန်းတွေနှင့် အငှါးကားပေါ်တက်သွားခဲ့သည်။

သူထိုကားနောက်ကနေပဲ မသိမသာ ငယ်လေးကျောင်းအထိ လိုက်လာခဲ့သည်။

ကျောင်းထဲမဝင်ခင်အပေါက်ဝမှာ သူပေးထားတဲ့အရုပ်ကလေးနဲ့ ချောကလက်တစ်ဘူးကို ကောင်မလေးတစ်ယောက်အား ငယ်လေးပေးလိုက်တာတွေ့တော့သူ့ကိုယ်သူသာထုရိုက်မိသည်။

အဲ့နေ့ကငယ်လေးကိုနောက်ဆုံးတွေ့ခဲ့ခြင်းပါ။

အလုပ်တွေထဲမှာစိတ်ကိုနှစ်ရင်း စူးနေရောင်ထက်မိခင်ဖြစ်သူ ဒေါ်ထိပ်ထား အလိုကျနေပေးကာ သူမေ့ထားခဲ့သည်။

သူသိမ်းထားသည့် ငယ်လေးရဲ့ ဓာတ်ပုံကို ဒေါ်ထိပ်ထား တွေ့ပြီး သူ့သားစူးနေရောင်ထက်ကို ငယ်လေးနဲ့ တစ်ပုံစံထဲ တူအောင် plastic surgery လုပ်စေခဲ့သည်။

ဘယ်လိုပဲတူအောင်တုပပါစေ သူ့မျက်လုံးထဲမှာ ငယ်လေးနှင့်လုံးဝမတူသလို စူးနေရောင်ထက်အပေါ်မှလည်း မယားပါသားဆိုသည့်အတွေးသာရှိကာ သူဂရုမစိုက်ခဲ့ပေ။

ဒေါ်ထိပ်ထား accident ဖြစ်ပြီး ရုတ်တရက်ဆုံးပါးသွားခဲ့တော့ company နှင့် အတွင်းပစ္စည်းတစ်ဝက်ကို သူရခဲ့ရာ ငယ်လေးကိုပြန်ဆက်သွယ်ရန်ကြိုးစားခဲ့သည်။

ဒါပေမယ့်....
ငယ်လေးမရှိတော့ဘူး...
တစ်မိသားစုလုံး ဘယ်ပြောင်းသွားလဲဆိုတာကိုပါ မသိကြဘူး....
ငယ်လေး ဘာသာစုံဂုဏ်ထူးနှင့် အောင်တယ်လို့ သူစုံစမ်းရတော့ ငယ်လေးအိမ်မက်ဖြစ်သည့် ဆေးကျောင်းတွေမှာ သူရှာခဲ့ပေမယ့် အစအနတောင်မတွေ့.......

ငယ်လေးချစ်သည့် နှင်းဆီဖြူတွေကို သူကိုယ်တိုင်စိုက်ပျိုးပြုစုရင်း သူဆက်ရှာဖွေခဲ့သည်။

မထင်မှတ်ဘဲ သူအလုပ်ခရီးကပြန်လာတဲ့နေ့ ကားပေါ်ကဆင်းဆင်းချင်းမှာ ကြားရသည့် သီချင်း သံကိုရှာရင်း သူတွေ့ခဲ့သည်။

သူဇဝေဇဝါဖြစ်ခဲ့ပေမယ့် ဝရန်တာမှာ အိပ်ပျော်နေတဲ့ မျက်နှာနုနုကို သေချာထိတွေ့ကြည့်ရင်း သေချာသွားခဲ့သည်။

သူပျော်သွားခဲ့ပေမယ့် ငယ်လေးရဲ့ ပြောင်းလဲသွားမှုတွေကြောင့် ပျော်ရွှင်မှုကမတည်မြဲ....

ရပါတယ် ငယ်လေးသူ့ကိုခွင့်လွှတ်မယ့် အချိန်ထိ စောင့်မယ်လို့ တွေးထားမိပေမယ့် စစ်ကောင်းကင်နိုင်ကြောင့် ထိတ်လန့်ရပြန်သည်။

စစ်ကောင်းကင်နိုင်နဲ့ဆို ငယ်လေးကပြုံးတယ်ရယ်တယ်အော်ဟစ်တယ် ဟန်ဆောင်မှုကင်းလွန်းပြီး သန့်စင်လွန်းတယ်....

တစ်ချိန်က ငယ်လေးကိုပြုံးရယ်စေခဲ့တဲ့ သူ့ကို ငယ်လေး မေ့နေခဲ့ပြီလား...

သူနေရာကို တစ်စုံတစ်ယောက်ကလုယူတော့မှာလား.....

စိုးထိတ်မှုများစွာနှင့် အတွေးတို့ကြောင့် နှလုံးသားကလည်း တုန်လှုပ်စွာ....

စူးနေရောင်ထက်ကို သူလူဖြန့်ပြီးရှာဖွေခဲ့တော့ hotel တစ်ခုမှာပုန်းအောင်းနေသူကို တွေ့ရှိခဲ့သည်။

သူရောက်သွားတော့ စူးနေရောင်ထက်ကနည်းနည်းအံ့ဩဟန်ရှိပေမယ့် သူ့ကိုအရေးမလုပ်...

ငယ်လေးနဲ့ပတ်သက်ပြီးမေးမိတော့ ထုတ်ပြသည့် စာချုပ်တစ်ခု....

စူးနေရောင်ထက်ဘက်က လက်လျော့မည်မဟုတ်မှန်းသိလို့ ငယ်လေးကို ပြောခဲ့ပေမယ့် မလိုလားသည့်စကားလုံးတွေကိုသာ သူပြန်ကြားခဲ့ရသည်။

"ကိုကို တောင်းပန်ပါတယ် ငယ်လေး...."

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

11 နာရီ major ချိန်ပြီးသည်နှင့် စော်နှင့်ချိန်းထားသည်ဆိုကာ လစ်သွားသော စိုင်းစံကြောင့် သူ့မှာနေ့လည်စာကိုတစ်ယောက်တည်းစားရန်ဖြစ်လာခဲ့သည်။

စစ်ကောင်းကင်နိုင်တို့လေးကောင်လည်း ဘယ် major ကကောင်မလေးတွေလှလဲ ကြည့်ရန် စိုင်းစံထက်ပင်စောကာ ထွက်သွားကြသည်။

ဒုတိယနေ့မှာ ကျောင်းသူတွေပိုများလာပေမယ့် ကျောင်းသားကတော့တိုးမလာ....

စုစုပေါင်း ယောက်ျားလေး ဆယ့်ငါးယောက်ဝင်ခွင့်ရပေမယ့် major ပြောင်းကုန်ကြတာကြောင့် သူတို့ခြောက်ယောက်သာရှိသည်။

တစ်ယောက်တည်း Canteen ထိမသွားချင်သောကြောင့် ကားထားခဲ့ကာ RC ကိုသာသူဦးတည်လိုက်သည်။

RC အပေါ်ထပ်ကို တက်လိုက်သည်နှင့် ဆိုင်တိုင်းမှာ မိန်းကလေးတွေကိုသာ တွေ့ရပြီး ယောက်ျားလေးက ဟိုတစ်ယောက် သည်တစ်ယောက်....

မှာစရာရှိတာမှာပြီး လွတ်လွတ်လပ်လပ် အပြင်စားပွဲမှာသာ သူထိုင်ကာ game ဆော့ရင်း စားပြီးတော့ ဋ္ဌာနဆီပြန်ရန် ဦးတည်ခဲ့သည်။

ကျောင်းပန်းခြံနားရောက်တော့ မိန်းကလေးတစ်ယောက်ကုန်းကုန်းကွကွ ဘာလုပ်နေသည်မသိ....

သူထိုမိန်းကလေးအနားကဖြတ်အလျှောက် မျက်လုံးဝှေ့ကြည့်မိရာ သူမက ခြေဖဝါးအောက်မှ ကြိုးပြတ်နေသည့် ဒေါက်ဖိနပ်လေးကို ရှုံ့မဲ့ကာ ကြည့်နေသည်။

"ဖိနပ်ပြတ်နေတာလား...."
"....."

သူ့ကို မကြည်သလို ကောင်မလေးက မော့ကြည့်လာရာ လာရောနေသည် ထင်ပုံပင်....

"Hey...
ငါ့ကို အဲ့လိုမကြည့်နဲ့...
ငါမင်းကိုမသိဘူး ဝင်ရောနေတာလဲမဟုတ်ဘူး..
အကူညီလိုရင် ကူညီပေးမလို့...."

ထိုအခါ မှအကြည့်တို့ပြောင်းသွားကာ အားနာသွားပုံပင်...

သူဖိနပ်ကို သေချာကြည့်လိုက်တော့ ကြိုးကပြန်တပ်ရမည့်ပုံမပေါ်....

သူတို့နှင့်မလှမ်းမကမ်းမှာ ပန်းခြံက ခုံတန်းလေးတွေရှိနေသည်။

"ဟိုမှာ ခဏလောက်ထိုင်စောင့်နေ...."
"ရှင်..."
"ဖိနပ်သွားဝယ်ပေးမလို့...
ထိုင်စောင့်နေလို့ပြောတာ..."
"ဟုတ်..."

ကောင်မလေးက ခုံတန်းလေးဆီကို သူမခြေထောက်ပေမှာစိုးလို့ ခြေတစ်ပေါင်ကျိုးလို ခုန်ဆွခုန်ဆွသွားလေသည်။

သလင်းမြူလည်း အတန်းချိန်က နီးနေပြီမို့ အမြန်ပြေးကာ RC အောက်ထပ်က ဆိုင်မှာ သူကြည့်လာသည့် ဖိနပ် size ရှိသည့် ကတ္တီပါအပါး အနက်လေးကိုသာ ဝယ်လိုက်သည်။

အရမ်းပြေးလာခဲ့လို့ မောနေတာကြောင့် အပြန်တော့ သူမပြေးနိုင်...

"ရော့...."
"ကျေးဇူးတင်.."

သူကောင်မလေးစကားကိုတောင်ဆုံးအောင်နားမထောင်နိုင်တော့ဘဲ ဆယ်မိနစ်တောင်မလိုတော့သည့် အချိန်ကြောင့် ထပ်ပြေးရတော့သည်။

အတန်းထဲရောက်မှ သူ့မှာ အမောဖြေနိုင်တော့သည်။

ဆရာဝင်လာပြီး နာရီဝက်လောက်ကြာမှ ကောင်းကင်တို့လေးကောင် အနောက်ပေါက်မှ ဝင်လာကြသည်။

"Roll call ခေါ်ပြီးပြီလား..."
"မခေါ်ရသေးဘူး..."
"တော်သေးတယ်..."

လေးကောင်သား ထိုအခါမှ သက်ပြင်းတွေချကာ သူ့ဘေးမှာ ထိုင်သည့် ကောင်းကင်က ရေဘူးနှင့်ကွယ်ကာ ဖုန်းထဲမှ သရဲကားထိုင်ကြည့်နေလေသည်။

ဗီရိုပေါ်မှာ သရဲမက ငုပ်တုပ်ကြီး ထိုင်နေသည့်အခန်းရောက်တော့ လက်ထဲကဖုန်းကို ခုံပေါ်အလန့်တကြားလွှတ်ချလိုက်သံကြောင့် ဆရာက စာသင်တာရပ်ကာ လှည့်ကြည့်လာသေးသည်။

ကျောင်းသားကျောင်းသူ လေးဆယ်လောက်သာရှိသည့် အခန်းထဲမှာ စစ်ကောင်းကင်နိုင် သရဲကားခိုးကြည့်ဖို့စိတ်ကူးတာကိုတော့ လေးစားမိသည်။

အမှတ်မရှိသေးသည့်ကောင်က ရေဘူးကိုမှီကာ ဖုန်းထောင်ပြီး သရဲကားကိုဆက်ကြည့်သည်။

သရဲမပေါ်မလာခင် မှောင်တဲ့အခန်းတွေရောက်သည်နှင့် သူ့အနား ကပ်လာကာ လက်ကို လာလာဆွဲကိုင်သောကြောင့် ရိုက်ချရတာလည်း အခါခါ...

Chemistry အတန်း နှစ်ချိန်ပြီးတော့ Botany Minor အတွက် စာအုပ်သွားဝယ်ရသည်။

Zoology နှင့် Botany ဋ္ဌာနနှစ်ခုက နှစ်ထပ် အဆောက်အဦးကို တစ်ဝက်စီခွဲထားရာ တစ်ဆောင်ထဲမှာရှိသည်။

Botany ဘက်ခြမ်း အပေါ်ထပ်ရုံးခန်းမှာ သူတို့ စာအုပ်သွားဝယ်ကြသည်။

"ဟျောင့်တွေ ဟိုမှာ...
Botany ကနတ်သမီးလေး ခက်သံစဉ်...."

တေဇစကားကြောင့် ကောင်းကင်မှာလည်း ပျာယာတွေခတ်ကာ ဆံပင်တွေသနေသည်။

"ငါ့ကိုကြည့်သွားတယ်ကွ..."

သူ့ဘေးမှ ကောင်းကင်မှာ အခွက်ကိုဖြီး၍ မနောခွေ့နေပေမယ့် သူကတော့ တစ်ချက်တောင် ထိုနတ်သမီးလေးဆိုသူကို မကြည့်လိုက်မိပါ။

သလင်းမြူ စာအုပ်ကို စိုင်းစံအတွက်ပါ ဝယ်လိုက်သည်။

"ဘာလို့နှစ်စုံဝယ်တာလဲ..."
"စိုင်းစံ အတွက်လေ..."
"နေရောင်!...
မင်းကလေ မနေ့တစ်နေ့မှခင်တဲ့ စိုင်းစံရှားကိုကျစေတနာတွေအရမ်းပိုတာပဲ
စာအုပ်ဝယ်ပေးရတာနဲ့ မုန့်လိုက်ကျွေးရတာနဲ့...
ငါ့ကိုကျ နည်းနည်းမှမသဒ္ဓါဘူး...
တော်တော်အပြောင်းအလဲမြန်တဲ့ကောင်..
ငါကျောင်းမလာရင်ရော အဲ့လိုဝယ်ပေးမှာလား.."

သလင်းမြူ စဉ်းစားနေသလို ခဏငြိမ်သွားသည်။

"ပိုက်ဆံပြန်ပေးရင် ဝယ်ပေးမယ်လေ.."
"စူးနေရောင်ထက်!!
မင်းနော်!.."
"ဘာလဲ!
မင်းကမင်း စိုင်းစံက စိုင်းစံလေ...!"
"ငါမင်းကိုမခေါ်ဘဲနေလိုက်မှာနော်!"
"နေပေါ့!!
သူငယ်နာမစင်တဲ့ကလေးပေါက်စလိုလာလုပ်မနေနဲ့!!"

သလင်းမြူ လျှာထုတ်ပြောင်ကာ အောက်ထပ်ပြေးဆင်းတော့သည်။

"စူးနေရောင်ထက်!!
မင်းဘယ်ပြေးတာလဲ!"

ပြေးလိုက်သွားသော စစ်ကောင်းကင်နိုင်ကိုကြည့်ကာ ကျန်ခဲ့သည့် တေဇတို့ သုံးယောက်ကတော့ ခေါင်းတရမ်းရမ်း..

"အချေနဲ့မျှော့ကနေ ကြောင်နဲ့ကြွက်ဘဝပြောင်းသွားတော့ တော်တော် နားငြီးတဲ့နှစ်ကောင်.."
"ငစစ်ပြောတာမှန်တယ် စူးနေရောက်ထက်တကယ်ကျားသွားပြီထင်တယ်..."
"ဟုတ်တယ်...
အဲ့ကောင် plastic surgery များထပ်လုပ်ထားတာလားမသိဘူး အနီးကပ်ကြည့်လေပိုချောလာလေပဲ
အကျင့်စရိုက်လေးလည်းကောင်းလာတယ်
အရင်လို နွဲ့နွဲ့နှောင်းနှောင်းမဟုတ်တော့ဘူး..."
"ထောက်ခံတယ်..."

သုံးကောင်သား ခေါင်းညိတ်လိုက် ခေါင်းယမ်းလိုက်နှင့် သတ်နေကြသည့် နှစ်ကောင်ကို ထိန်းရန် အောက်ထပ်ကိုအမြန်ဆင်းရတော့သည်။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

(AN: ကိုယ့်ကလေးတွေထဲကတစ်ယောက်က မင်းညီ POV မရေးလို့ မင်းညီကို main မဟုတ်ဘူးလားမေးနေလို့ ရေးပေးလိုက်ပြီ 😊
နောက်ထပ် အစစ်မတွေထပ်လာမည်😁
See you on Sunday 💞💞💞👋)

Ps: အစစ်မတွေပေါ်လာလို့လည်းအရမ်းမစိုးရိမ်ကြနဲ့ ကိုယ့်အကြောင်းသိတယ်မလား...
မကောင်းတဲ့ဟာမတွေဝင်နှောက်လွန်းတဲ့ဟာတွေဆို နည်းအမျိုးမျိုးနဲ့အစဖျောက်ပစ်မှာ 😂😂

***********************************

Zawgyi

"ငါေျပာလိုက္တာ လြန္မ်ားသြားလား...."

သလင္းျမဴ ကိုယ့္ကိုကိုယ္ျပန္သုံးသပ္ရင္း စိတ္ညစ္လာျပန္သည္။

"မသိဘူး...
မသိေတာ့ဘူး!"

နံရံကိုႏွစ္ခ်က္ေလာက္ေခါင္းႏွင့္တိုက္ၿပီး ကုတင္ေပၚလွဲကာ လူးလွိမ့္ေနမိသည္။

Guitar ကိုယူကာ ဝရန္တာမွာထြက္ထိုင္ရင္း စိတ္ထဲေပၚလာသည့္ Taylor သီခ်င္းကိုခပ္ေအးေအးေလးစတင္တီးခတ္လိုက္သည္။

"🎶I remember tears streaming
down your face
When I said I'd never let you go
When all those shadows
almost killed your light
I remember you said,
don't leave me here alone
But all that's dead and
gone and passed tonight....🎶"

သူ႔မ်က္ဝန္းက မ်က္ရည္စေတြက guitar ေပၚက်ကာ စတင္စီးဆင္းကုန္သည္။

"🎶Just close your eyes
The sun is going down
You'll be alright
No one can hurt you now
Come morning light
You and I'll be safe and sou...~"

ဆက္ၿပီး မဆိုႏိုင္ေလာက္ေအာင္ကို အလုအယက္က်ဆင္းလာသည့္ မ်က္ရည္စက္ေတြႏွင့္ ရင္ဘက္ထဲကလည္းဆို႔နင့္စြာ...

အခန္းထဲျပန္ဝင္ရန္ မတ္တပ္ထလိုက္ေတာ့ ႏွင္းဆီျဖဴေတြနားမွ တစ္စုံတစ္ေယာက္က သူ႔ကိုေမာ့ၾကည့္ေနခဲ့သည္။

မ်က္ရည္ေတြကို အလ်ွင္အျမန္သုတ္ဖယ္ကာ သူ့အခန္းထဲပဲ ေျပးဝင္ခဲ့ေတာ့သည္။

"ငယ္ေလး...."

သီခ်င္းသံစၾကားကတည္းက သူဝရန္တာကိုၾကည့္ေနခဲ့တာ....

တုန္ခါသြားသည့္ အသံေလးေနာက္ ႐ိႈက္သံေရာကာ ငယ္ေလး မတ္တပ္ရပ္လာေတာ့ စိုစြတ္ေနေသာ မ်က္ဝန္းႏွင့္ ပါးျပင္ေလးေတြက ရဲေနသည္။

သူ႔ရင္ထဲထိတ္ကနဲ ျဖစ္သြားခ်ိန္မွာပဲ ငယ္ေလးအခန္းထဲဝင္သြားခဲ့သည္။

ႏွင္းဆီျဖဴေတြကို ခပ္ေတြေတြၾကည့္ရင္း အတိတ္က သူ႔ရင္ခြင္ထဲမွာ ေပ်ာ္ရႊင္ခဲ့ဖူးသည့္ ေကာင္ေလးရဲ့အျပဳံးေတြကိုလြမ္းသည္။

ကိုကိုလို႔ေခၚသံေလးကိုလြမ္းသည္။

သူမထင္ထားခဲ့မိဘူး ငယ္ေလး ဒီေလာက္အထိ သူ႔အေပၚစိမ္းကားသြားလိမ့္မယ္လို႔...

သူေငြေနာက္လိုက္ခဲ့တယ္...
သူ႔ထက္အသက္ထက္ဝက္ေက်ာ္ႀကီးတဲ့ မိန္းမတစ္ေယာက္နဲ႔လည္း လက္ထပ္ခဲ့တယ္..
သူဝန္ခံပါတယ္ သူမွားခဲ့တယ္...
ေတာင္းပန္ပါတယ္ တစ္ခုကလြဲရင္ သူ႔မွာေျပာစရာ အေၾကာင္းျပခ်က္ေရေရရာရာမ႐ွိေပ။

ငယ္ေလး အိမ္ျပန္လာတဲ့ေန႔ သူ႔လုပ္ရပ္ကို သိသြားခဲ့တဲ့ေန႔က သူဆိုင္ေ႐ွ႕မွာ ကားေပၚကေနၾကည့္ေနခဲ့တယ္...

ငယ္ေလးေမ့လဲသြားတယ္ၾကားေတာ့ သူကားေပၚကေနေျပးဆင္းၿပီး သြားေပြ႔ထားခ်င္ေပမယ့္ ကိုခန္႔ေရာက္လာတာကိုျမင္လိုက္လို႔ သူစိတ္ခ်လက္ခ် ကားထဲကမထြက္ခဲ့ေတာ့။

သိပ္မၾကာလိုက္ luggage ေလးကိုဆြဲၿပီး ခပ္မို႔မို႔ မ်က္ဝန္းေတြႏွင့္ ငယ္ေလးထြက္လာသည္။

ျပန္အလာ ေပ်ာ္ရႊင္ေနသည့္ မ်က္ဝန္းေတြႏွင့္ ဆန္႔က်င္ဘက္ ခပ္မိႈင္းမိႈင္းမ်က္ဝန္းေတြႏွင့္ အငွါးကားေပၚတက္သြားခဲ့သည္။

သူထိုကားေနာက္ကေနပဲ မသိမသာ ငယ္ေလးေက်ာင္းအထိ လိုက္လာခဲ့သည္။

ေက်ာင္းထဲမဝင္ခင္အေပါက္ဝမွာ သူေပးထားတဲ့အ႐ုပ္ကေလးနဲ႔ ေခ်ာကလက္တစ္ဘူးကို ေကာင္မေလးတစ္ေယာက္အား ငယ္ေလးေပးလိုက္တာေတြ႔ေတာ့သူ႔ကိုယ္သူသာထု႐ိုက္မိသည္။

အဲ့ေန႔ကငယ္ေလးကိုေနာက္ဆုံးေတြ႔ခဲ့ျခင္းပါ။

အလုပ္ေတြထဲမွာစိတ္ကိုႏွစ္ရင္း စူးေနေရာင္ထက္မိခင္ျဖစ္သူ ေဒၚထိပ္ထား အလိုက်ေနေပးကာ သူေမ့ထားခဲ့သည္။

သူသိမ္းထားသည့္ ငယ္ေလးရဲ႕ ဓာတ္ပုံကို ေဒၚထိပ္ထား ေတြ႔ၿပီး သူ႔သားစူးေနေရာင္ထက္ကို ငယ္ေလးနဲ႔ တစ္ပုံစံထဲ တူေအာင္ plastic surgery လုပ္ေစခဲ့သည္။

ဘယ္လိုပဲတူေအာင္တုပပါေစ သူ႔မ်က္လုံးထဲမွာ ငယ္ေလးႏွင့္လုံးဝမတူသလို စူးေနေရာင္ထက္အေပၚမွလည္း မယားပါသားဆိုသည့္အေတြးသာ႐ွိကာ သူဂ႐ုမစိုက္ခဲ့ေပ။

ေဒၚထိပ္ထား accident ျဖစ္ၿပီး ႐ုတ္တရက္ဆုံးပါးသြားခဲ့ေတာ့ company ႏွင့္ အတြင္းပစၥည္းတစ္ဝက္ကို သူရခဲ့ရာ ငယ္ေလးကိုျပန္ဆက္သြယ္ရန္ႀကိဳးစားခဲ့သည္။

ဒါေပမယ့္....
ငယ္ေလးမ႐ွိေတာ့ဘူး...
တစ္မိသားစုလုံး ဘယ္ေျပာင္းသြားလဲဆိုတာကိုပါ မသိၾကဘူး....
ငယ္ေလး ဘာသာစုံဂုဏ္ထူးႏွင့္ ေအာင္တယ္လို႔ သူစုံစမ္းရေတာ့ ငယ္ေလးအိမ္မက္ျဖစ္သည့္ ေဆးေက်ာင္းေတြမွာ သူ႐ွာခဲ့ေပမယ့္ အစအနေတာင္မေတြ႔.......

ငယ္ေလးခ်စ္သည့္ ႏွင္းဆီျဖဴေတြကို သူကိုယ္တိုင္စိုက္ပ်ိဳးျပဳစုရင္း သူဆက္႐ွာေဖြခဲ့သည္။

မထင္မွတ္ဘဲ သူအလုပ္ခရီးကျပန္လာတဲ့ေန႔ ကားေပၚကဆင္းဆင္းခ်င္းမွာ ၾကားရသည့္ သီခ်င္း သံကို႐ွာရင္း သူေတြ႔ခဲ့သည္။

သူဇေဝဇဝါျဖစ္ခဲ့ေပမယ့္ ဝရန္တာမွာ အိပ္ေပ်ာ္ေနတဲ့ မ်က္ႏွာႏုႏုကို ေသခ်ာထိေတြ႔ၾကည့္ရင္း ေသခ်ာသြားခဲ့သည္။

သူေပ်ာ္သြားခဲ့ေပမယ့္ ငယ္ေလးရဲ႕ ေျပာင္းလဲသြားမႈေတြေၾကာင့္ ေပ်ာ္ရႊင္မႈကမတည္ျမဲ....

ရပါတယ္ ငယ္ေလးသူ႔ကိုခြင့္လႊတ္မယ့္ အခ်ိန္ထိ ေစာင့္မယ္လို႔ ေတြးထားမိေပမယ့္ စစ္ေကာင္းကင္ႏိုင္ေၾကာင့္ ထိတ္လန္႔ရျပန္သည္။

စစ္ေကာင္းကင္ႏိုင္နဲ႔ဆို ငယ္ေလးကျပဳံးတယ္ရယ္တယ္ေအာ္ဟစ္တယ္ ဟန္ေဆာင္မႈကင္းလြန္းၿပီး သန္႔စင္လြန္းတယ္....

တစ္ခ်ိန္က ငယ္ေလးကိုျပဳံးရယ္ေစခဲ့တဲ့ သူ႔ကို ငယ္ေလး ေမ့ေနခဲ့ၿပီလား...

သူေနရာကို တစ္စုံတစ္ေယာက္ကလုယူေတာ့မွာလား.....

စိုးထိတ္မႈမ်ားစြာႏွင့္ အေတြးတို႔ေၾကာင့္ ႏွလုံးသားကလည္း တုန္လႈပ္စြာ....

စူးေနေရာင္ထက္ကို သူလူျဖန္႔ၿပီး႐ွာေဖြခဲ့ေတာ့ hotel တစ္ခုမွာပုန္းေအာင္းေနသူကို ေတြ႔႐ွိခဲ့သည္။

သူေရာက္သြားေတာ့ စူးေနေရာင္ထက္ကနည္းနည္းအံ့ဩဟန္႐ွိေပမယ့္ သူ႔ကိုအေရးမလုပ္...

ငယ္ေလးနဲ႔ပတ္သက္ၿပီးေမးမိေတာ့ ထုတ္ျပသည့္ စာခ်ဳပ္တစ္ခု....

စူးေနေရာင္ထက္ဘက္က လက္ေလ်ာ့မည္မဟုတ္မွန္းသိလို႔ ငယ္ေလးကို ေျပာခဲ့ေပမယ့္ မလိုလားသည့္စကားလုံးေတြကိုသာ သူျပန္ၾကားခဲ့ရသည္။

"ကိုကို ေတာင္းပန္ပါတယ္ ငယ္ေလး...."

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

11 နာရီ major ခ်ိန္ၿပီးသည္ႏွင့္ ေစာ္ႏွင့္ခ်ိန္းထားသည္ဆိုကာ လစ္သြားေသာ စိုင္းစံေၾကာင့္ သူ႔မွာေန႔လည္စာကိုတစ္ေယာက္တည္းစားရန္ျဖစ္လာခဲ့သည္။

စစ္ေကာင္းကင္ႏိုင္တို႔ေလးေကာင္လည္း ဘယ္ major ကေကာင္မေလးေတြလွလဲ ၾကည့္ရန္ စိုင္းစံထက္ပင္ေစာကာ ထြက္သြားၾကသည္။

ဒုတိယေန႔မွာ ေက်ာင္းသူေတြပိုမ်ားလာေပမယ့္ ေက်ာင္းသားကေတာ့တိုးမလာ....

စုစုေပါင္း ေယာက္်ားေလး ဆယ့္ငါးေယာက္ဝင္ခြင့္ရေပမယ့္ major ေျပာင္းကုန္ၾကတာေၾကာင့္ သူတို႔ေျခာက္ေယာက္သာ႐ွိသည္။

တစ္ေယာက္တည္း Canteen ထိမသြားခ်င္ေသာေၾကာင့္ ကားထားခဲ့ကာ RC ကိုသာသူဦးတည္လိုက္သည္။

RC အေပၚထပ္ကို တက္လိုက္သည္ႏွင့္ ဆိုင္တိုင္းမွာ မိန္းကေလးေတြကိုသာ ေတြ႔ရၿပီး ေယာက္်ားေလးက ဟိုတစ္ေယာက္ သည္တစ္ေယာက္....

မွာစရာ႐ွိတာမွာၿပီး လြတ္လြတ္လပ္လပ္ အျပင္စားပြဲမွာသာ သူထိုင္ကာ game ေဆာ့ရင္း စားၿပီးေတာ့ ႒ာနဆီျပန္ရန္ ဦးတည္ခဲ့သည္။

ေက်ာင္းပန္းျခံနားေရာက္ေတာ့ မိန္းကေလးတစ္ေယာက္ကုန္းကုန္းကြကြ ဘာလုပ္ေနသည္မသိ....

သူထိုမိန္းကေလးအနားကျဖတ္အေလ်ွာက္ မ်က္လုံးေဝွ့ၾကည့္မိရာ သူမက ေျခဖဝါးေအာက္မွ ႀကိဳးျပတ္ေနသည့္ ေဒါက္ဖိနပ္ေလးကို ႐ႈံ႕မဲ့ကာ ၾကည့္ေနသည္။

"ဖိနပ္ျပတ္ေနတာလား...."
"....."

သူ႔ကို မၾကည္သလို ေကာင္မေလးက ေမာ့ၾကည့္လာရာ လာေရာေနသည္ ထင္ပုံပင္....

"Hey...
ငါ့ကို အဲ့လိုမၾကည့္နဲ႔...
ငါမင္းကိုမသိဘူး ဝင္ေရာေနတာလဲမဟုတ္ဘူး..
အကူညီလိုရင္ ကူညီေပးမလို႔...."

ထိုအခါ မွအၾကည့္တို႔ေျပာင္းသြားကာ အားနာသြားပုံပင္...

သူဖိနပ္ကို ေသခ်ာၾကည့္လိုက္ေတာ့ ႀကိဳးကျပန္တပ္ရမည့္ပုံမေပၚ....

သူတို႔ႏွင့္မလွမ္းမကမ္းမွာ ပန္းျခံက ခုံတန္းေလးေတြ႐ွိေနသည္။

"ဟိုမွာ ခဏေလာက္ထိုင္ေစာင့္ေန...."
"႐ွင္..."
"ဖိနပ္သြားဝယ္ေပးမလို႔...
ထိုင္ေစာင့္ေနလို႔ေျပာတာ..."
"ဟုတ္..."

ေကာင္မေလးက ခုံတန္းေလးဆီကို သူမေျခေထာက္ေပမွာစိုးလို႔ ေျခတစ္ေပါင္က်ိဳးလို ခုန္ဆြခုန္ဆြသြားေလသည္။

သလင္းျမဴလည္း အတန္းခ်ိန္က နီးေနၿပီမို႔ အျမန္ေျပးကာ RC ေအာက္ထပ္က ဆိုင္မွာ သူၾကည့္လာသည့္ ဖိနပ္ size ႐ွိသည့္ ကတၱီပါအပါး အနက္ေလးကိုသာ ဝယ္လိုက္သည္။

အရမ္းေျပးလာခဲ့လို႔ ေမာေနတာေၾကာင့္ အျပန္ေတာ့ သူမေျပးႏိုင္...

"ေရာ့...."
"ေက်းဇူးတင္.."

သူေကာင္မေလးစကားကိုေတာင္ဆုံးေအာင္နားမေထာင္ႏိုင္ေတာ့ဘဲ ဆယ္မိနစ္ေတာင္မလိုေတာ့သည့္ အခ်ိန္ေၾကာင့္ ထပ္ေျပးရေတာ့သည္။

အတန္းထဲေရာက္မွ သူ႔မွာ အေမာေျဖႏိုင္ေတာ့သည္။

ဆရာဝင္လာၿပီး နာရီဝက္ေလာက္ၾကာမွ ေကာင္းကင္တို႔ေလးေကာင္ အေနာက္ေပါက္မွ ဝင္လာၾကသည္။

"Roll call ေခၚၿပီးၿပီလား..."
"မေခၚရေသးဘူး..."
"ေတာ္ေသးတယ္..."

ေလးေကာင္သား ထိုအခါမွ သက္ျပင္းေတြခ်ကာ သူ႔ေဘးမွာ ထိုင္သည့္ ေကာင္းကင္က ေရဘူးႏွင့္ကြယ္ကာ ဖုန္းထဲမွ သရဲကားထိုင္ၾကည့္ေနေလသည္။

ဗီ႐ိုေပၚမွာ သရဲမက ငုပ္တုပ္ႀကီး ထိုင္ေနသည့္အခန္းေရာက္ေတာ့ လက္ထဲကဖုန္းကို ခုံေပၚအလန္႔တၾကားလႊတ္ခ်လိုက္သံေၾကာင့္ ဆရာက စာသင္တာရပ္ကာ လွည့္ၾကည့္လာေသးသည္။

ေက်ာင္းသားေက်ာင္းသူ ေလးဆယ္ေလာက္သာ႐ွိသည့္ အခန္းထဲမွာ စစ္ေကာင္းကင္ႏိုင္ သရဲကားခိုးၾကည့္ဖို႔စိတ္ကူးတာကိုေတာ့ ေလးစားမိသည္။

အမွတ္မ႐ွိေသးသည့္ေကာင္က ေရဘူးကိုမွီကာ ဖုန္းေထာင္ၿပီး သရဲကားကိုဆက္ၾကည့္သည္။

သရဲမေပၚမလာခင္ ေမွာင္တဲ့အခန္းေတြေရာက္သည္ႏွင့္ သူ႔အနား ကပ္လာကာ လက္ကို လာလာဆြဲကိုင္ေသာေၾကာင့္ ႐ိုက္ခ်ရတာလည္း အခါခါ...

Chemistry အတန္း ႏွစ္ခ်ိန္ၿပီးေတာ့ Botany Minor အတြက္ စာအုပ္သြားဝယ္ရသည္။

Zoology ႏွင့္ Botany ႒ာနႏွစ္ခုက ႏွစ္ထပ္ အေဆာက္အဦးကို တစ္ဝက္စီခြဲထားရာ တစ္ေဆာင္ထဲမွာ႐ွိသည္။

Botany ဘက္ျခမ္း အေပၚထပ္႐ုံးခန္းမွာ သူတို႔ စာအုပ္သြားဝယ္ၾကသည္။

"ေဟ်ာင့္ေတြ ဟိုမွာ...
Botany ကနတ္သမီးေလး ခက္သံစဥ္...."

ေတဇစကားေၾကာင့္ ေကာင္းကင္မွာလည္း ပ်ာယာေတြခတ္ကာ ဆံပင္ေတြသေနသည္။

"ငါ့ကိုၾကည့္သြားတယ္ကြ..."

သူ႔ေဘးမွ ေကာင္းကင္မွာ အခြက္ကိုၿဖီး၍ မေနာေခြ႔ေနေပမယ့္ သူကေတာ့ တစ္ခ်က္ေတာင္ ထိုနတ္သမီးေလးဆိုသူကို မၾကည့္လိုက္မိပါ။

သလင္းျမဴ စာအုပ္ကို စိုင္းစံအတြက္ပါ ဝယ္လိုက္သည္။

"ဘာလို႔ႏွစ္စုံဝယ္တာလဲ..."
"စိုင္းစံ အတြက္ေလ..."
"ေနေရာင္!...
မင္းကေလ မေန႔တစ္ေန႔မွခင္တဲ့ စိုင္းစံရွားကိုက်ေစတနာေတြအရမ္းပိုတာပဲ
စာအုပ္ဝယ္ေပးရတာနဲ႔ မုန္႔လိုက္ေကြၽးရတာနဲ႔...
ငါ့ကိုက် နည္းနည္းမွမသဒၶါဘူး...
ေတာ္ေတာ္အေျပာင္းအလဲျမန္တဲ့ေကာင္..
ငါေက်ာင္းမလာရင္ေရာ အဲ့လိုဝယ္ေပးမွာလား.."

သလင္းျမဴ စဥ္းစားေနသလို ခဏၿငိမ္သြားသည္။

"ပိုက္ဆံျပန္ေပးရင္ ဝယ္ေပးမယ္ေလ.."
"စူးေနေရာင္ထက္!!
မင္းေနာ္!.."
"ဘာလဲ!
မင္းကမင္း စိုင္းစံက စိုင္းစံေလ...!"
"ငါမင္းကိုမေခၚဘဲေနလိုက္မွာေနာ္!"
"ေနေပါ့!!
သူငယ္နာမစင္တဲ့ကေလးေပါက္စလိုလာလုပ္မေနနဲ႔!!"

သလင္းျမဴ လ်ွာထုတ္ေျပာင္ကာ ေအာက္ထပ္ေျပးဆင္းေတာ့သည္။

"စူးေနေရာင္ထက္!!
မင္းဘယ္ေျပးတာလဲ!"

ေျပးလိုက္သြားေသာ စစ္ေကာင္းကင္ႏိုင္ကိုၾကည့္ကာ က်န္ခဲ့သည့္ ေတဇတို့ သုံးေယာက္ကေတာ့ ေခါင္းတရမ္းရမ္း..

"အေခ်နဲ႔ေမ်ွာ့ကေန ေၾကာင္နဲ႔ႂကြက္ဘဝေျပာင္းသြားေတာ့ ေတာ္ေတာ္ နားၿငီးတဲ့ႏွစ္ေကာင္.."
"ငစစ္ေျပာတာမွန္တယ္ စူးေနေရာက္ထက္တကယ္က်ားသြားၿပီထင္တယ္..."
"ဟုတ္တယ္...
အဲ့ေကာင္ plastic surgery မ်ားထပ္လုပ္ထားတာလားမသိဘူး အနီးကပ္ၾကည့္ေလပိုေခ်ာလာေလပဲ
အက်င့္စ႐ိုက္ေလးလည္းေကာင္းလာတယ္
အရင္လို ႏြဲ႔ႏြဲ႔ေႏွာင္းေႏွာင္းမဟုတ္ေတာ့ဘူး..."
"ေထာက္ခံတယ္..."

သုံးေကာင္သား ေခါင္းညိတ္လိုက္ ေခါင္းယမ္းလိုက္ႏွင့္ သတ္ေနၾကသည့္ ႏွစ္ေကာင္ကို ထိန္းရန္ ေအာက္ထပ္ကိုအျမန္ဆင္းရေတာ့သည္။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

(AN: ကိုယ့္ကေလးေတြထဲကတစ္ေယာက္က မင္းညီ POV မေရးလို႔ မင္းညီကို main မဟုတ္ဘူးလားေမးေနလို႔ ေရးေပးလိုက္ၿပီ 😊
ေနာက္ထပ္ အစစ္မေတြထပ္လာမည္😁
See you on Sunday 💞💞💞👋)

Ps: အစစ္မေတြေပၚလာလို႔လည္းအရမ္းမစိုးရိမ္ၾကနဲ႔ ကိုယ့္အေၾကာင္းသိတယ္မလား...
မေကာင္းတဲ့ဟာမေတြဝင္ေႏွာက္လြန္းတဲ့ဟာေတြဆို နည္းအမ်ိဳးမ်ိဳးနဲ႔အစေဖ်ာက္ပစ္မွာ 😂😂

Bạn đang đọc truyện trên: Truyen247.Pro