Part-2 ( fate=demon)
(Zawgyi)
မုန္႔စားေက်ာင္းဆင္းခ်ိန္ ေဘာလုံးကြင္းထဲမွာ ဖုန္တလုံးလုံးႏွင့္ ေဘာလုံးကန္ရင္းေျပးလႊားေနၾကသူတို့ကို သလင္းျမဴ ခပ္လွမ္းလွမ္း သစ္ပင္အရိပ္ေအာက္မွထိုင္ၾကည့္ေနေလသည္။
သူ႔အသက္ 11 ႏွစ္ ေျခာက္တန္းေတာင္တက္ေနရၿပီျဖစ္သည္။
အကုန္ျမန္လြန္းေသာ အခ်ိန္ေတြကို ေခတၱမ်ွေမ့ထားခ်င္ေပမယ့္ စကၠန္႔တိုင္း အခ်က္ေပးေနသည့္ ႏွလုံးခုန္သံက တျခားသူေတြမၾကားႏိုင္ေပမယ့္ သူ႔အတြက္ေတာ့ က်ယ္ေလာင္လြန္းလွသည္။
ေလးတန္းႏွစ္မွာအိမ္ေရြ႕ေျပာင္းခဲ့တာေၾကာင့္ ေက်ာင္းပါေျပာင္းခဲ့ရသည္။
သူ႔ေရာဂါအေၾကာင္းကို ေက်ာင္းအုပ္ႀကီးႏွင့္အတန္းပိုင္ေတြကိုသာအသိေပးထားျပီး ေက်ာင္းသားေက်ာင္းသူမ်ားမသိေအာင္သူဖုံးကြယ္ထားသည္။
အေရးအေၾကာင္းဆိုလ်ွင္ အျမန္ဆက္သြယ္လို႔ရေအာင္ ေမေမကသူ႔ကို keypad ဖုန္းေလးေပးထားသည္။
အျမဲအဆင့္တစ္ရၿပီး ဘယ္သူနဲ႔မွမေဆာ့ဘဲ နားၾကပ္တပ္ကာေနတတ္သည့္သူ႔ကို ဘဝင္ျမင့္တယ္ မာနႀကီးတယ္ အဆင့္အတန္းခြဲတယ္ အစ႐ွိသျဖင့္ အမ်ိဳးမ်ိဳးေျပာၾကကာ အေပါင္းအသင္းမလုပ္ခ်င္ၾကေပ။
ဒါေပမယ့္.... သူ႔မွာသူငယ္ခ်င္းတစ္ေယာက္႐ွိတယ္။ သူ႔အေၾကာင္းကိုသိတဲ့ အိမ္နီးခ်င္းေကာင္မေလး.......ေမေသြးနီ.....။
ေသြးကသူနဲ႔အခန္းလည္းတူၿပီး သူ႔ရဲ႕ တစ္ဦးတည္းေသာသူငယ္ခ်င္းျဖစ္သလို သူကလည္း ေသြးရဲ႕တစ္ဦးတည္းေသာသူငယ္ခ်င္းျဖစ္သည္။
"သလင္း!!!"
သူ႐ွိရာ သစ္ပင္ရိပ္ဆီကို မုန္႔ထုပ္ေတြဆြဲၿပီး ေသြးေျပးလာေနသည္။
ေသြးကတျခားမိန္းကေလးေတြႏွင့္မတူ။ ရြယ္တူမိန္းကေလးေတြ ေက်ာင္းဝတ္စုံအျဖဴအစိမ္းကို ဂါဝန္ေလးေတြစကပ္ေလးေတြဝတ္ၾကေပမယ့္ ေသြးကေတာ့ T shirt အျဖဴႏွင့္ ေယာက္်ားေလးဝတ္ ေဘာင္းဘီကြာတား အစိမ္းေတြကိုသာဝတ္ဆင္တတ္သည္။
အေရးႀကီးေန႔မို႔ ထမီႏွင့္ရင္ဖုန္း ဝတ္ရလ်ွင္ေတာင္ ေသြးက ထမီမနိုင္ေသာေျကာင့္ႀကိဳးႏွင့္ခ်ည္ဝတ္ရေလသည္။
ေဆးအ႐ွိန္ေတြေၾကာင့္ သလင္းျမဴမွာ ကိုယ္ခႏၶာထြားက်ိဳင္းမႈအားနည္းကာ တျခားရြယ္တူေယာက္်ားေလးမ်ားထက္လူေကာင္ေသးသည္။
"သလင္း ေရာ့......"
သူမွာသည့္ milk shake ဘူးေလးႏွင့္ မုန္႔ထုပ္ေတြကိုေပးကာ ေျမႀကီးေပၚကိုေသြးက ေျခပစ္လက္ပစ္ထိုင္ခ်လိုက္ေလသည္။
"ေသြး.....ေျမႀကီးေပၚမထိုင္နဲ႔ေလ....."
"ခဏ....ငါေမာလို႔.......
ဒီေန႔မွ မုန္႔ေဈးတန္းကလည္း လူပို႐ႈပ္ေနတယ္..
Milk shake ဆိုင္ေ႐ွ႕ေရာက္ဖို႔ကိုေတာ္ေတာ္တိုးယူရတယ္..."
သလင္းျမဴ တစ္႐ွဴးတစ္ရြက္ထုတ္ၿပီး ေသြး နဖူးမွေခြၽးေတြကိုသုတ္ေပးလိုက္သည္။
လူမ်ားလြန္းသည့္ မုန္ေဈးတန္းကို သလင္းျမဴ မတိုးႏိုင္သလို ေခြၽးနံ႔ေတြကိုလည္းမခံႏိုင္ေသာေၾကာင့္ အျမဲေသြးကသာ သူစားခ်င္တာေတြကိုရေအာင္ ဝယ္ေပးေလသည္။
"ေဟ်ာင့္ေတြ ဟိုမွာ ေဘာျပားနဲ႔အေျခာက္ကေလးသာယာေနျကတယ္....!!!"
ေဘာလုံးကြင္းထဲမွေကာင္ေတြက သူတို႔ၾကားေအာင္တမင္ေအာ္ေျပာကာ ရယ္ေနၾကသည္။
"ဒီေခြးသူေတာင္းစားေတြကေတာ့! "
လက္သီးဆုပ္ကာ မတ္တပ္ထရပ္သည့္ ေသြးလက္ကို သလင္းျမဴဆြဲလိုက္ၿပီး သူ႔ေဘးမွာထိုင္ခိုင္းလိုက္သည္။
ဒီလိုေလွာင္ေျပာင္သံေတြကို ၾကားေနက်မို႔ သူအေရးမစိုက္ေပမယ့္ ေဒာသထြက္လြယ္သည့္ေသြးကေတာ့ ရန္ျဖစ္ၿပီး ႐ုံးခန္းမၾကာခဏေရာက္တတ္သည္။
နားၾကပ္ကိုဖုန္းမွာတပ္ဆင္လိုက္ၿပီး တစ္ဖက္ကို ေသြးကိုေပးကာ ေနာက္တစ္ဖက္ကိုေတာ့ သူ႔နားမွာတပ္လိုက္သည္။
သီခ်င္းသံက သူတို႔ႏွစ္ေယာက္ကိုေလွာင္ရယ္ေနသည့္ အသံေတြကိုမၾကားႏိုင္ေအာင္တားဆီးလိုက္ၿပီး ႏွစ္ေယာက္သားတိတ္ဆိတ္စြာပင္မုန္႔စားလိုက္ၾကသည္။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
"မဂၤလာပါ ဆရာမ!!!!!
ေက်းဇူးတင္ပါတယ္ ဆရာမ!!!"
သိပၸံဆရာမထြက္သြားေတာ့ သလင္းျမဴ ပုံမွန္ လုပ္ေနက်အတိုင္း black board ဖ်က္ရန္ အေ႐ွ႕သို႔ထြက္လိုက္သည္။
Black board ကိုသာေသခ်ာေျပာင္ေအာင္ duster ႏွင့္ဖ်က္ေနစဥ္ အေနာက္တန္းမွ ေယာက္်ားေလးမ်ားက ဆူညံေနသည္။
"သလင္း! "
Black board ဖ်က္ၿပီး ျပန္အလွည့္ သူ႔နာမည္ကိုေသြးကက်ယ္ေလာင္စြာေခၚလိုက္ၿပီး ေျပးလာသည့္တစ္စုံတစ္ေယာက္နွင့္ သူအ႐ွိန္ျပင္းစြာတိုက္မိကာ ခါးမွဆြဲဖက္ျခင္းခံလိုက္ရသည္။
ေျပးလာသည့္အ႐ွိန္ကျပင္းတာေၾကာင့္ သူအေနာက္မွ black board ႏွင့္ေဆာင့္မိေလသည္။
"Woooo!!!"
အေနာက္တန္းမွေကာင္ေတြႏွင့္မိန္းကေလးတခ်ိဳ႕ကပါ ေအာ္ဟစ္ကာ လက္ခုပ္တီးၾကေလသည္။
သူ႔ကိုလာတိုက္သည့္ သူကေတာ့ အခုခ်ိန္ထိလႊတ္မေပးဘဲဖက္ထားကာ တဖက္ကိုမ်က္ႏွာလႊဲထားေသာေၾကာင့္ ဘယ္သူလဲဆိုတာကိုမျမင္ရ။
"သလင္း....နင္အဆင္ေျပရဲ႕လား......"
ေသြးက ဖက္ထားသည့္သူကိုအတင္းဆြဲဖယ္ကာ သူ႔ကိုစိုးရိမ္တႀကီးေမးေနေသာေၾကာင့္ ေခါင္းၿငိမ့္ျပလိုက္သည္။
ထိုအခါမွ လာတိုက္တာဘယ္သူလဲဆိုတာ သလင္းျမဴ သိလိုက္ရသည္။
ေအာင္ႏိုင္သူတစ္ေယာက္လိုအျပဳံးမ်ိဳးကို ပန္ဆင္ကာ အေနာက္တန္းကေကာင္ေတြႏွင့္လက္ဝါးခ်င္း႐ိုက္ေနသည့္ မိန္းကေလးမ်ားၾကားနာမည္ႀကီး မင္းသစ္အာကာ....
"မင္းသစ္အာကာ!!!
နင္ေသခ်င္လို႔လား! "
"ေသြး!...........
မလုပ္....... မလုပ္နဲ႔........"
ထိတ္လန့္ေနသည့္သူ႔အသံေၾကာင့္ မင္းသစ္အာကာထံရြယ္ေနေသာ ေသြးလက္မ်ားရပ္တန္႔သြားေလသည္။
"ေနာက္တစ္ခါဆို... နင့္အခြက္.... စုတ္ဖို႔ျပင္ထား....."
ေသြး၏စကားကို မင္းသစ္အာကာက ဂ႐ုမစိုက္သလိုျပဳံးေနျပန္သည္။
"အိမ္ျပန္မယ္ သလင္း....."
"ေနာက္ထပ္ႏွစ္ခ်ိန္က်န္ေသးတယ္ေလ ေသြး...
ငါအဆင္ေျပပါတယ္......"
"..........."
"ငါတကယ္အဆင္ေျပပါတယ္ ေသြးရာ.....
ေက်ာင္းပ်က္သြားရင္ တျခားသူဆီကျပန္ကူးေနရဦးမယ္......"
"ၿပီးေရာဟာ....."
ေသြးကေနရာမွာျပန္ထိုင္လိုက္ၿပီး ဆူညံေနေသးသည့္ မင္းသစ္အာကာတို႔အဖြဲ႔ကို႐ိုက္သတ္ခ်င္ေနသည္။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
"မင္းသစ္အာကာ....
ဟိုအေျခာက္ေလး မင္းကိုေႂကြသြားေအာင္လုပ္ႏိုင္ရင္ mp4 တစ္လုံးဝယ္ေပးမယ္....
ဘယ္လိုလဲ...."
"စိန္လိုက္ေလ....."
ဖုန္းေတြမေပါေသးသည့္ထိုအခ်ိန္က mp 4 ကိုင္ႏိုင္လ်ွင္ပင္ ေက်ာင္းသားမ်ား၏အားက်ျခင္းကိုခံရသည္။
"ဒီေကာင္ေတြကေတာ့ ျပႆနာ႐ွာၾကဦးမယ္ထင္တယ္....."
ေက်ာင္းေရကန္မွာမင္းသစ္အာကာတို႔အဖြဲ႔ေျပာသမ်ွကိုအကုန္ၾကားေနရသည့္ အတန္းေမာ္နီတာ ေဝယံ ႏွင့္ သူငယ္ခ်င္းမ်ားကေတာ့စိတ္ပ်က္စြာေရရြတ္မိသည္။
"သလင္းျမဴ......"
Milk shake ဘူးလာေပးေသာ မင္းသစ္အာကာေၾကာင့္ သူအပါအဝင္ ေသြးႏွင့္တစ္ခန္းလုံး ေၾကာင္သြားၾကသည္။
"ေရာ့....ယူေလ......
မင္းဖို႔..........."
လက္ထဲကိုအတင္းထိုးထည့္ေပးၿပီး မင္းသစ္အာကာထြက္သြားေတာ့ မိန္းကေလးမ်ား၏တီးတိုးေျပာသံမ်ားဆူညံလာသည္။
"မေသာက္နဲ႔သလင္း......."
ေသြးက milk shake ဘူးကိုယူၿပီး ခ်က္ခ်င္းအမိႈက္ပုံးထဲသြားထည့္ေလသည္။
ေနာက္ေန႔ေတြမွာလည္း မင္းသစ္အာကာ သူ႔ကိုမုန္႔ေတြလာေကြၽးရင္ေတာင္ သူမထိခဲ့။ ေသြးကအကုန္လႊင့္ပစ္တတ္သည္။
မင္းသစ္အာကာပုံစံကမူမမွန္ေသာေၾကာင့္ အၾကံတစ္ခုခု႐ွိမွန္းသူသတိထားမိသည္။
"မင္းသစ္အာကာ!!!
မင္းသစ္အာကာေရ!!!!"
မင္းသစ္အာကာတို႔အဖြဲ႔အနားကျဖတ္သြားတိုင္း သူ႔ကိုၾကည့္ၿပီး မင္းသစ္အာကာနာမည္ကိုက်ယ္ေလာင္စြာေအာ္ေခၚတတ္ၾကသည္။
မိန္းကေလးေတာ္ေတာ္မ်ားမ်ားကလည္း သူ႔ကိုျမင္ရင္ မ်က္ေစာင္းေတြထိုးၾကေသးသည္။
"သလင္းျမဴ...."
သူ႔အေနာက္တြင္ထိုင္သည့္ ေမာ္နီတာက ေခၚေသာေၾကာင့္ သူအေနာက္သို႔လွည့္လိုက္သည္။
"မင္းသစ္အာကာ..ကို.......သတိထား......."
အတန္းကိစၥမွလြဲ၍သူ႔ကိုစကားမေျပာတတ္သည့္ ေမာ္နီတာက ထူးထူးဆန္းဆန္း စိုးရိမ္တႀကီး စကားဆိုလာေလသည္။
ဘာေၾကာင့္သတိထားခိုင္းမွန္းမသိေပမယ့္ သူေခါင္းသာၿငိမ့္ျပလိုက္သည္။
"သလင္းျမဴ....ငါ့ကိုျမန္မာစာအုပ္ငွါးပါလား....
ဟိုေန႔ကလိုက္ေရးတာမမွီလိုက္လို႔......"
"ဘာလို႔သလင္းဆီကလာငွါးေနတာလဲ တျခားသူေတြဆီကငွါးလိုက္ပါလား...."
စာအုပ္လာငွါးသည့္ မင္းသစ္အာကာကို ေသြးက မၾကည္ေသာေၾကာင့္ဝင္ေျပာေလသည္။
"တျခားသူေတြက သလင္းျမဴေလာက္လက္ေရးမလွလို႔ေပါ့.....
သလင္းျမဴက နင့္လင္မို႔လို႔ ေနရာတကာဝင္ပါေနတာလား...."
"ေအးဟုတ္တယ္!
ငါ့လင္!!"
"ေသြး.....ေတာ္ေတာ့...."
သလင္းျမဴ အျမန္ ေသြးကိုဝင္တားရေတာ့သည္။
"ေရာ့....ျမန္မာစာအုပ္......"
"ေက်းဇူး...."
မင္းသစ္အာကာ ျမန္မာစာအုပ္ရသြားေတာ့ ေသြးကိုျပဳံးျပသြားေလသည္။
"သလင္း!
ဘာလို႔ငွါးလိုက္တာလဲ......"
"စာအုပ္ေလးငွါးတာပဲ
ဘာမွမျဖစ္ပါဘူးဟာ နင္ကလည္း....."
သူ ႐ိုး႐ွင္းစြာေတြးခဲ့ေပမယ့္ မင္းသစ္အာကာကေတာ့ သူထင္သလိုမ႐ိုး႐ွင္းခဲ့။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
အဲ့ေန႔က သူမ်ားေတြေျပာၾကသည့္ ခ်စ္သူမ်ားေန႔.....
သူ႔အတြက္ေတာ့ သာမန္ ၾကာသပေတးေန႔ ေလး။
အိမ္စာေတြလုပ္ဖို႔ေမ့လာသည့္ ေသြးကို အတန္းအျပင္ကအုတ္ခုံေလးမွာ စာကူကူးေပးေနတုန္း......
"သလင္းျမဴ!
အတန္းထဲကိုလာခဲ့ဦး......"
မ်က္ႏွာထားတင္းတင္းႏွင့္ မင္းသစ္အာကာသူငယ္ခ်င္းကသူ႔ကိုလာေခၚေလသည္။
"ဘာကိစၥ႐ွိလို႔လဲ....."
"ေရာက္ရင္ သိလိမ့္မယ္....."
သူအတန္းထဲကိုလိုက္သြားေတာ့ ေသြးလည္းလိုက္လာေလသည္။
ဆူညံပြက္ေလာ႐ိုက္ေနသည့္ အတန္းတစ္ခုလုံးက သူေျခတစ္လွမ္းဝင္လိုက္သည္ႏွင့္ တိတ္ဆိတ္သြားသည္။
အတန္းအေ႐ွ႕ black board ကိုမွီၿပီး မင္းသစ္အာကာ ရပ္ေနသည္။
"မင္းငါ့ကိုဘာသေဘာနဲ႔ ဒါေတြေပးတာလဲ သလင္းျမဴ.....!"
ခုံေပၚတင္ထားသည့္ ေဈးေပါေပါေခ်ာကလက္ဗူးႏွင့္ အ႐ုပ္ကိုလက္ညိဳးထိုးကာ သူ႔ကိုမင္းသစ္အာကာ ေမးလာေတာ့ ဘာကိုေျပာမွန္းသူနားမလည္ေပ။
"ငါေမးေနတယ္ေလ!!!
နည္းနည္းေလာက္အေရာဝင္လိုက္လို႔....
င႔ါကိုႀကိဳက္သြားမယ္မထင္ထားခဲ့ဘူး.....
မင္းကတျခားသူေတြေျပာသလို တကယ့္ကို ေ-ာက္ ေျခာက္ပဲ......"
အေျခအေနေတြကိုနားလည္ႏိုင္ေအာင္သူဦးေႏွာက္ကိုအလုပ္ေပးေနစဥ္မွာပဲ မင္းသစ္အာကာက သူ႔ကိုစကားလုံးမ်ားစြာႏွင့္ ေစာ္ကားေနေခ်ၿပီ။
"သလင္းက နင့္ကိုဘာလို႔ႀကိဳက္ရမွာလဲ.....
မျဖစ္ႏိုင္တာေတြ....
ဒါမ်ိဳးေတြလဲ နင့္ကိုသလင္းကေပးမွာမဟုတ္ဘူး!!"
"မယုံရင္ ဒီစာကိုဖတ္ၾကည့္လိုက္....."
မင္းသစ္အာကာေပးသည့္ စာရြက္ေလးကို ေသြးယူလိုက္သည္။
"သလင္း.......ဒါ......ဒါက........
နင့္လက္ေရးမလား..........."
ေသြးလက္ထဲမွစာရြက္ကို သူအျမန္ယူၾကည့္လိုက္သည္။
""သို႔ ခ်စ္ေသာအာကာ
လူကိုယ္တိုင္ေတြ႔ၿပီး ဝန္ခံဖို႔အထိ သတၱိမ႐ွိလို႔ပါ
ငါမင္းကိုႀကိဳက္တယ္....
မင္း black board ေ႐ွ႕မွာ ငါ့ကိုမေတာ္တဆ ဖက္မိကတည္းက ငါမင္းကိုရင္ခုန္သြားခဲ့တာ..
မထင္မွတ္ဘဲမင္းကငါ့ကိုဂ႐ုစိုက္လာေတာ့ ငါ့ခံစားခ်က္ေတြပိုခိုင္မာလာၿပီ.....
ငါ့ကိုအေျဖျပန္ေပးပါေနာ္........
သလင္းျမဴ""
သူ႔လက္ေရးႏွင့္တစ္ထပ္တည္းက်ေနသည့္ ထိုစာကိုေတြေတြႀကီးၾကည့္ေနရင္း ၿငိမ္သက္ေနမိသည္။
သူသုံးေနက် ေဘာပင္မွင္စိုအမ်ိဳးအစားကိုပဲ သုံးၿပီးေရးထားျခင္းျဖစ္သည္။
"သူမို႔လို႔ ေယာက္်ားခ်င္းရည္းစားစာေပးရဲတယ္ဟယ္...."
"အ႐ွက္ကိုမ႐ွိဘူး...."
တီးတိုးမဟုတ္ဘဲ သူၾကားေအာင္ကိုတမင္အက်ယ္ႀကီးေျပာေနၾကသည့္ စကားသံေတြကလည္းဆူညံစြာ။
"မင္းလိုအေျခာက္မ်ိဳးကို သားေတာ္ထားရတဲ မင္းမိဘေတြကိုငါေတာ္ေတာ္သနားမိတယ္....
မင္းအေဖက ေယာက္်ားတစ္ေယာက္လို ဘယ္လိုေနရမလဲဆိုတာမသင္ေပးဘူးလား....
ဒီလိုမ်ိဳးေယာက္်ားခ်င္းႀကိဳက္ဖို႔ပဲသင္ေပးထားတာလား......"
ေဒါသထြက္သလိုေျပာလာသည့္ မင္းသစ္အာကာမွာ စကားလုံးေတြနွင့္မကိုက္ညီစြာ မ်က္ဝန္းမွာ ေလွာင္ျပဳံးေတြ႐ွိေနသည္။
"ငါ့အေဖကို မေစာ္ကားနဲ႔!!
ငါ့မိဘေတြအေၾကာင္းေျပာရေအာင္ မင္းကဘာသိလိုလဲ!
ငါ့အေၾကာင္းကိုမင္းတို႔ေတြဘယ္ေလာက္မ်ားသိေနၾကလို႔လဲ!!!"
စကားက်ယ္က်ယ္ေတာင္မေျပာဖူးတဲ့သူက နီရဲေသာမ်က္ဝန္းေတြႏွင့္ေအာ္ဟစ္မိရာ အားလုံးတိတ္ဆိတ္သြားေလသည္။
"ငါမဟုတ္ဘူး........
ဒါေတြေပးတာေရာ ဒီစာကိုေရးတာေရာ....
ငါလုံးဝမဟုတ္ဘူး....."
"သက္ေသ႐ွိေနတာကိုဖင္ပိတ္ျငင္းမေနနဲ႔...."
"သလင္း......"
ေသြးသူ႔ကိုၾကည့္ေနတယ္ သူေျပာတာကိုမယုံၾကည္သလိုမ်က္ဝန္းေတြႏွင့္။
"ေသြး......
နင္ကပါ.....နင္ကပါ ငါ့ကိုမယုံဘူးလား......
ငါ.....တကယ္......မဟုတ္ပါဘူးဟာ........"
"အင္း......ငါယုံတယ္.....
သလင္း....စိတ္ေလ်ာ့ေနာ္........"
တဆတ္ဆတ္တုန္ယင္ေနသည့္သူ႔လက္ေတြကိုဆုပ္ကိုင္လာရင္းေသြးေျပာေပမယ့္ ေသြးမ်က္ဝန္းေတြကအခုထိ ယုံၾကည္မႈမ႐ွိေသးေပ။
ေသြးအပါအဝင္အခုသူ႔ကိုၾကည့္ေနၾကသည့္ မ်က္ဝန္းေတြအားလုံးက တူညီေနၾကသည္။
ရြံ႐ွာျခင္းေတြ မလိုလားမႈေတြ ေလွာင္ရိပ္ေတြနွင့္ ယုံၾကည္မႈကင္းမဲ့ေသာအၾကည့္ေတြ။
ဘယ္ဘက္ရင္အုံမွ တျဖည္းျဖည္းတင္းက်ပ္လာၿပီး အသက္႐ွဴရခက္ခဲလာကာ သူ႔ေျခသည္းလက္သည္းေတြလည္း ျပာႏွမ္းလာသည္။ တဒိန္းဒိန္းႏွင့္ ပို၍ျမန္ဆန္လာေသာ ႏွလုံးခုန္ႏႈန္းေၾကာင့္ အသက္႐ွဴမဝကာ ႏွလုံးသား႐ွိရာတည့္တည့္ ကို ထု႐ိုက္ဖိထားရင္း ေက်းဇူးျပဳၿပီး ၿငိမ္သက္ေပးပါဟု အထပ္ထပ္ေတာင္းဆုိေနခဲ့မိသည္။
"သလင္း.....
ငါေျပာေနတယ္....စိတ္ေလ်ာ့ေလ.......
သလင္း! "
"ငါမဟုတ္ဘူး!!!
တကယ္မဟုတ္ပါဘူး............
ငါဒါေတြကိုမလုပ္ခဲ့...................."
စကားမဆုံးလိုက္ အရာအားလုံးေဝဝါးလာကာ အတန္းေ႐ွ႕မွာတင္ပဲ သူလဲက်သြားခဲ့ေတာ့သည္။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
ကံၾကမၼာနာမည္ခံ မေကာင္းဆိုးဝါးေရ
က်န္ရွိေနတဲ့ ဝဋ္ေႂကြးေတြကို
ေက်ေက်နပ္နပ္ႀကီးဆပ္ပါ့မယ္
ဒါေပမယ့္
ကြၽန္ေတာ္မလုပ္ခဲ့တဲ့အမွားအတြက္
ျပစ္ဒဏ္ေတြမေပးပါနဲ႕
ခံျပင္းလြန္းလို႔
ဒီဘဝႀကီးကေန စြန႔္ခြာသြားမိလိမ့္မယ္.....။
သလင္းျမဴ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(Unicode)
မုန့်စားကျောင်းဆင်းချိန် ဘောလုံးကွင်းထဲမှာ ဖုန်တလုံးလုံးနှင့် ဘောလုံးကန်ရင်းပြေးလွှားနေကြသူတို့ကို သလင်းမြူ ခပ်လှမ်းလှမ်း သစ်ပင်အရိပ်အောက်မှထိုင်ကြည့်နေလေသည်။
သူ့အသက် 11 နှစ် ခြောက်တန်းတောင်တက်နေရပြီဖြစ်သည်။
အကုန်မြန်လွန်းသော အချိန်တွေကို ခေတ္တမျှမေ့ထားချင်ပေမယ့် စက္ကန့်တိုင်း အချက်ပေးနေသည့် နှလုံးခုန်သံက တခြားသူတွေမကြားနိုင်ပေမယ့် သူ့အတွက်တော့ ကျယ်လောင်လွန်းလှသည်။
လေးတန်းနှစ်မှာအိမ်ရွေ့ပြောင်းခဲ့တာကြောင့် ကျောင်းပါပြောင်းခဲ့ရသည်။
သူ့ရောဂါအကြောင်းကို ကျောင်းအုပ်ကြီးနှင့်အတန်းပိုင်တွေကိုသာအသိပေးထားပြီး ကျောင်းသားကျောင်းသူများမသိအောင်သူဖုံးကွယ်ထားသည်။
အရေးအကြောင်းဆိုလျှင် အမြန်ဆက်သွယ်လို့ရအောင် မေမေကသူ့ကို keypad ဖုန်းလေးပေးထားသည်။
အမြဲအဆင့်တစ်ရပြီး ဘယ်သူနဲ့မှမဆော့ဘဲ နားကြပ်တပ်ကာနေတတ်သည့်သူ့ကို ဘဝင်မြင့်တယ် မာနကြီးတယ် အဆင့်အတန်းခွဲတယ် အစရှိသဖြင့် အမျိုးမျိုးပြောကြကာ အပေါင်းအသင်းမလုပ်ချင်ကြပေ။
ဒါပေမယ့်.... သူ့မှာသူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့အကြောင်းကိုသိတဲ့ အိမ်နီးချင်းကောင်မလေး.......မေသွေးနီ.....။
သွေးကသူနဲ့အခန်းလည်းတူပြီး သူ့ရဲ့ တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သလို သူကလည်း သွေးရဲ့တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သည်။
"သလင်း!!!"
သူရှိရာ သစ်ပင်ရိပ်ဆီကို မုန့်ထုပ်တွေဆွဲပြီး သွေးပြေးလာနေသည်။
သွေးကတခြားမိန်းကလေးတွေနှင့်မတူ။ ရွယ်တူမိန်းကလေးတွေ ကျောင်းဝတ်စုံအဖြူအစိမ်းကို ဂါဝန်လေးတွေစကပ်လေးတွေဝတ်ကြပေမယ့် သွေးကတော့ T shirt အဖြူနှင့် ယောက်ျားလေးဝတ် ဘောင်းဘီကွာတား အစိမ်းတွေကိုသာဝတ်ဆင်တတ်သည်။
အရေးကြီးနေ့မို့ ထမီနှင့်ရင်ဖုန်း ဝတ်ရလျှင်တောင် သွေးက ထမီမနိုင်သောကြောင့်ကြိုးနှင့်ချည်ဝတ်ရလေသည်။
ဆေးအရှိန်တွေကြောင့် သလင်းမြူမှာ ကိုယ်ခန္ဓာထွားကျိုင်းမှုအားနည်းကာ တခြားရွယ်တူယောက်ျားလေးများထက်လူကောင်သေးသည်။
"သလင်း ရော့......"
သူမှာသည့် milk shake ဘူးလေးနှင့် မုန့်ထုပ်တွေကိုပေးကာ မြေကြီးပေါ်ကိုသွေးက ခြေပစ်လက်ပစ်ထိုင်ချလိုက်လေသည်။
"သွေး.....မြေကြီးပေါ်မထိုင်နဲ့လေ....."
"ခဏ....ငါမောလို့.......
ဒီနေ့မှ မုန့်ဈေးတန်းကလည်း လူပိုရှုပ်နေတယ်..
Milk shake ဆိုင်ရှေ့ရောက်ဖို့ကိုတော်တော်တိုးယူရတယ်..."
သလင်းမြူ တစ်ရှူးတစ်ရွက်ထုတ်ပြီး သွေး နဖူးမှချွေးတွေကိုသုတ်ပေးလိုက်သည်။
လူများလွန်းသည့် မုန်ဈေးတန်းကို သလင်းမြူ မတိုးနိုင်သလို ချွေးနံ့တွေကိုလည်းမခံနိုင်သောကြောင့် အမြဲသွေးကသာ သူစားချင်တာတွေကိုရအောင် ဝယ်ပေးလေသည်။
"ဟျောင့်တွေ ဟိုမှာ ဘောပြားနဲ့အခြောက်ကလေးသာယာနေကြတယ်....!!!"
ဘောလုံးကွင်းထဲမှကောင်တွေက သူတို့ကြားအောင်တမင်အော်ပြောကာ ရယ်နေကြသည်။
"ဒီခွေးသူတောင်းစားတွေကတော့! "
လက်သီးဆုပ်ကာ မတ်တပ်ထရပ်သည့် သွေးလက်ကို သလင်းမြူဆွဲလိုက်ပြီး သူ့ဘေးမှာထိုင်ခိုင်းလိုက်သည်။
ဒီလိုလှောင်ပြောင်သံတွေကို ကြားနေကျမို့ သူအရေးမစိုက်ပေမယ့် ဒောသထွက်လွယ်သည့်သွေးကတော့ ရန်ဖြစ်ပြီး ရုံးခန်းမကြာခဏရောက်တတ်သည်။
နားကြပ်ကိုဖုန်းမှာတပ်ဆင်လိုက်ပြီး တစ်ဖက်ကို သွေးကိုပေးကာ နောက်တစ်ဖက်ကိုတော့ သူ့နားမှာတပ်လိုက်သည်။
သီချင်းသံက သူတို့နှစ်ယောက်ကိုလှောင်ရယ်နေသည့် အသံတွေကိုမကြားနိုင်အောင်တားဆီးလိုက်ပြီး နှစ်ယောက်သားတိတ်ဆိတ်စွာပင်မုန့်စားလိုက်ကြသည်။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
"မင်္ဂလာပါ ဆရာမ!!!!!
ကျေးဇူးတင်ပါတယ် ဆရာမ!!!"
သိပ္ပံဆရာမထွက်သွားတော့ သလင်းမြူ ပုံမှန် လုပ်နေကျအတိုင်း black board ဖျက်ရန် အရှေ့သို့ထွက်လိုက်သည်။
Black board ကိုသာသေချာပြောင်အောင် duster နှင့်ဖျက်နေစဉ် အနောက်တန်းမှ ယောက်ျားလေးများက ဆူညံနေသည်။
"သလင်း! "
Black board ဖျက်ပြီး ပြန်အလှည့် သူ့နာမည်ကိုသွေးကကျယ်လောင်စွာခေါ်လိုက်ပြီး ပြေးလာသည့်တစ်စုံတစ်ယောက်နှင့် သူအရှိန်ပြင်းစွာတိုက်မိကာ ခါးမှဆွဲဖက်ခြင်းခံလိုက်ရသည်။
ပြေးလာသည့်အရှိန်ကပြင်းတာကြောင့် သူအနောက်မှ black board နှင့်ဆောင့်မိလေသည်။
"Woooo!!!"
အနောက်တန်းမှကောင်တွေနှင့်မိန်းကလေးတချို့ကပါ အော်ဟစ်ကာ လက်ခုပ်တီးကြလေသည်။
သူ့ကိုလာတိုက်သည့် သူကတော့ အခုချိန်ထိလွှတ်မပေးဘဲဖက်ထားကာ တဖက်ကိုမျက်နှာလွှဲထားသောကြောင့် ဘယ်သူလဲဆိုတာကိုမမြင်ရ။
"သလင်း....နင်အဆင်ပြေရဲ့လား......"
သွေးက ဖက်ထားသည့်သူကိုအတင်းဆွဲဖယ်ကာ သူ့ကိုစိုးရိမ်တကြီးမေးနေသောကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။
ထိုအခါမှ လာတိုက်တာဘယ်သူလဲဆိုတာ သလင်းမြူ သိလိုက်ရသည်။
အောင်နိုင်သူတစ်ယောက်လိုအပြုံးမျိုးကို ပန်ဆင်ကာ အနောက်တန်းကကောင်တွေနှင့်လက်ဝါးချင်းရိုက်နေသည့် မိန်းကလေးများကြားနာမည်ကြီး မင်းသစ်အာကာ....
"မင်းသစ်အာကာ!!!
နင်သေချင်လို့လား! "
"သွေး!...........
မလုပ်....... မလုပ်နဲ့........"
ထိတ်လန့်နေသည့်သူ့အသံကြောင့် မင်းသစ်အာကာထံရွယ်နေသော သွေးလက်များရပ်တန့်သွားလေသည်။
"နောက်တစ်ခါဆို... နင့်အခွက်.... စုတ်ဖို့ပြင်ထား....."
သွေး၏စကားကို မင်းသစ်အာကာက ဂရုမစိုက်သလိုပြုံးနေပြန်သည်။
"အိမ်ပြန်မယ် သလင်း....."
"နောက်ထပ်နှစ်ချိန်ကျန်သေးတယ်လေ သွေး...
ငါအဆင်ပြေပါတယ်......"
"..........."
"ငါတကယ်အဆင်ပြေပါတယ် သွေးရာ.....
ကျောင်းပျက်သွားရင် တခြားသူဆီကပြန်ကူးနေရဦးမယ်......"
"ပြီးရောဟာ....."
သွေးကနေရာမှာပြန်ထိုင်လိုက်ပြီး ဆူညံနေသေးသည့် မင်းသစ်အာကာတို့အဖွဲ့ကိုရိုက်သတ်ချင်နေသည်။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
"မင်းသစ်အာကာ....
ဟိုအခြောက်လေး မင်းကိုကြွေသွားအောင်လုပ်နိုင်ရင် mp4 တစ်လုံးဝယ်ပေးမယ်....
ဘယ်လိုလဲ...."
"စိန်လိုက်လေ....."
ဖုန်းတွေမပေါသေးသည့်ထိုအချိန်က mp 4 ကိုင်နိုင်လျှင်ပင် ကျောင်းသားများ၏အားကျခြင်းကိုခံရသည်။
"ဒီကောင်တွေကတော့ ပြဿနာရှာကြဦးမယ်ထင်တယ်....."
ကျောင်းရေကန်မှာမင်းသစ်အာကာတို့အဖွဲ့ပြောသမျှကိုအကုန်ကြားနေရသည့် အတန်းမော်နီတာ ဝေယံ နှင့် သူငယ်ချင်းများကတော့စိတ်ပျက်စွာရေရွတ်မိသည်။
"သလင်းမြူ......"
Milk shake ဘူးလာပေးသော မင်းသစ်အာကာကြောင့် သူအပါအဝင် သွေးနှင့်တစ်ခန်းလုံး ကြောင်သွားကြသည်။
"ရော့....ယူလေ......
မင်းဖို့..........."
လက်ထဲကိုအတင်းထိုးထည့်ပေးပြီး မင်းသစ်အာကာထွက်သွားတော့ မိန်းကလေးများ၏တီးတိုးပြောသံများဆူညံလာသည်။
"မသောက်နဲ့သလင်း......."
သွေးက milk shake ဘူးကိုယူပြီး ချက်ချင်းအမှိုက်ပုံးထဲသွားထည့်လေသည်။
နောက်နေ့တွေမှာလည်း မင်းသစ်အာကာ သူ့ကိုမုန့်တွေလာကျွေးရင်တောင် သူမထိခဲ့။ သွေးကအကုန်လွှင့်ပစ်တတ်သည်။
မင်းသစ်အာကာပုံစံကမူမမှန်သောကြောင့် အကြံတစ်ခုခုရှိမှန်းသူသတိထားမိသည်။
"မင်းသစ်အာကာ!!!
မင်းသစ်အာကာရေ!!!!"
မင်းသစ်အာကာတို့အဖွဲ့အနားကဖြတ်သွားတိုင်း သူ့ကိုကြည့်ပြီး မင်းသစ်အာကာနာမည်ကိုကျယ်လောင်စွာအော်ခေါ်တတ်ကြသည်။
မိန်းကလေးတော်တော်များများကလည်း သူ့ကိုမြင်ရင် မျက်စောင်းတွေထိုးကြသေးသည်။
"သလင်းမြူ...."
သူ့အနောက်တွင်ထိုင်သည့် မော်နီတာက ခေါ်သောကြောင့် သူအနောက်သို့လှည့်လိုက်သည်။
"မင်းသစ်အာကာ..ကို.......သတိထား......."
အတန်းကိစ္စမှလွဲ၍သူ့ကိုစကားမပြောတတ်သည့် မော်နီတာက ထူးထူးဆန်းဆန်း စိုးရိမ်တကြီး စကားဆိုလာလေသည်။
ဘာကြောင့်သတိထားခိုင်းမှန်းမသိပေမယ့် သူခေါင်းသာငြိမ့်ပြလိုက်သည်။
"သလင်းမြူ....ငါ့ကိုမြန်မာစာအုပ်ငှါးပါလား....
ဟိုနေ့ကလိုက်ရေးတာမမှီလိုက်လို့......"
"ဘာလို့သလင်းဆီကလာငှါးနေတာလဲ တခြားသူတွေဆီကငှါးလိုက်ပါလား...."
စာအုပ်လာငှါးသည့် မင်းသစ်အာကာကို သွေးက မကြည်သောကြောင့်ဝင်ပြောလေသည်။
"တခြားသူတွေက သလင်းမြူလောက်လက်ရေးမလှလို့ပေါ့.....
သလင်းမြူက နင့်လင်မို့လို့ နေရာတကာဝင်ပါနေတာလား...."
"အေးဟုတ်တယ်!
ငါ့လင်!!"
"သွေး.....တော်တော့...."
သလင်းမြူ အမြန် သွေးကိုဝင်တားရတော့သည်။
"ရော့....မြန်မာစာအုပ်......"
"ကျေးဇူး...."
မင်းသစ်အာကာ မြန်မာစာအုပ်ရသွားတော့ သွေးကိုပြုံးပြသွားလေသည်။
"သလင်း!
ဘာလို့ငှါးလိုက်တာလဲ......"
"စာအုပ်လေးငှါးတာပဲ
ဘာမှမဖြစ်ပါဘူးဟာ နင်ကလည်း....."
သူ ရိုးရှင်းစွာတွေးခဲ့ပေမယ့် မင်းသစ်အာကာကတော့ သူထင်သလိုမရိုးရှင်းခဲ့။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
အဲ့နေ့က သူများတွေပြောကြသည့် ချစ်သူများနေ့.....
သူ့အတွက်တော့ သာမန် ကြာသပတေးနေ့ လေး။
အိမ်စာတွေလုပ်ဖို့မေ့လာသည့် သွေးကို အတန်းအပြင်ကအုတ်ခုံလေးမှာ စာကူကူးပေးနေတုန်း......
"သလင်းမြူ!
အတန်းထဲကိုလာခဲ့ဦး......"
မျက်နှာထားတင်းတင်းနှင့် မင်းသစ်အာကာသူငယ်ချင်းကသူ့ကိုလာခေါ်လေသည်။
"ဘာကိစ္စရှိလို့လဲ....."
"ရောက်ရင် သိလိမ့်မယ်....."
သူအတန်းထဲကိုလိုက်သွားတော့ သွေးလည်းလိုက်လာလေသည်။
ဆူညံပွက်လောရိုက်နေသည့် အတန်းတစ်ခုလုံးက သူခြေတစ်လှမ်းဝင်လိုက်သည်နှင့် တိတ်ဆိတ်သွားသည်။
အတန်းအရှေ့ black board ကိုမှီပြီး မင်းသစ်အာကာ ရပ်နေသည်။
"မင်းငါ့ကိုဘာသဘောနဲ့ ဒါတွေပေးတာလဲ သလင်းမြူ.....!"
ခုံပေါ်တင်ထားသည့် ဈေးပေါပေါချောကလက်ဗူးနှင့် အရုပ်ကိုလက်ညိုးထိုးကာ သူ့ကိုမင်းသစ်အာကာ မေးလာတော့ ဘာကိုပြောမှန်းသူနားမလည်ပေ။
"ငါမေးနေတယ်လေ!!!
နည်းနည်းလောက်အရောဝင်လိုက်လို့....
င့ါကိုကြိုက်သွားမယ်မထင်ထားခဲ့ဘူး.....
မင်းကတခြားသူတွေပြောသလို တကယ့်ကို ေ-ာက် ခြောက်ပဲ......"
အခြေအနေတွေကိုနားလည်နိုင်အောင်သူဦးနှောက်ကိုအလုပ်ပေးနေစဉ်မှာပဲ မင်းသစ်အာကာက သူ့ကိုစကားလုံးများစွာနှင့် စော်ကားနေချေပြီ။
"သလင်းက နင့်ကိုဘာလို့ကြိုက်ရမှာလဲ.....
မဖြစ်နိုင်တာတွေ....
ဒါမျိုးတွေလဲ နင့်ကိုသလင်းကပေးမှာမဟုတ်ဘူး!!"
"မယုံရင် ဒီစာကိုဖတ်ကြည့်လိုက်....."
မင်းသစ်အာကာပေးသည့် စာရွက်လေးကို သွေးယူလိုက်သည်။
"သလင်း.......ဒါ......ဒါက........
နင့်လက်ရေးမလား..........."
သွေးလက်ထဲမှစာရွက်ကို သူအမြန်ယူကြည့်လိုက်သည်။
""သို့ ချစ်သောအာကာ
လူကိုယ်တိုင်တွေ့ပြီး ဝန်ခံဖို့အထိ သတ္တိမရှိလို့ပါ
ငါမင်းကိုကြိုက်တယ်....
မင်း black board ရှေ့မှာ ငါ့ကိုမတော်တဆ ဖက်မိကတည်းက ငါမင်းကိုရင်ခုန်သွားခဲ့တာ..
မထင်မှတ်ဘဲမင်းကငါ့ကိုဂရုစိုက်လာတော့ ငါ့ခံစားချက်တွေပိုခိုင်မာလာပြီ.....
ငါ့ကိုအဖြေပြန်ပေးပါနော်........
သလင်းမြူ""
သူ့လက်ရေးနှင့်တစ်ထပ်တည်းကျနေသည့် ထိုစာကိုတွေတွေကြီးကြည့်နေရင်း ငြိမ်သက်နေမိသည်။
သူသုံးနေကျ ဘောပင်မှင်စိုအမျိုးအစားကိုပဲ သုံးပြီးရေးထားခြင်းဖြစ်သည်။
"သူမို့လို့ ယောက်ျားချင်းရည်းစားစာပေးရဲတယ်ဟယ်...."
"အရှက်ကိုမရှိဘူး...."
တီးတိုးမဟုတ်ဘဲ သူကြားအောင်ကိုတမင်အကျယ်ကြီးပြောနေကြသည့် စကားသံတွေကလည်းဆူညံစွာ။
"မင်းလိုအခြောက်မျိုးကို သားတော်ထားရတဲ မင်းမိဘတွေကိုငါတော်တော်သနားမိတယ်....
မင်းအဖေက ယောက်ျားတစ်ယောက်လို ဘယ်လိုနေရမလဲဆိုတာမသင်ပေးဘူးလား....
ဒီလိုမျိုးယောက်ျားချင်းကြိုက်ဖို့ပဲသင်ပေးထားတာလား......"
ဒေါသထွက်သလိုပြောလာသည့် မင်းသစ်အာကာမှာ စကားလုံးတွေနှင့်မကိုက်ညီစွာ မျက်ဝန်းမှာ လှောင်ပြုံးတွေရှိနေသည်။
"ငါ့အဖေကို မစော်ကားနဲ့!!
ငါ့မိဘတွေအကြောင်းပြောရအောင် မင်းကဘာသိလိုလဲ!
ငါ့အကြောင်းကိုမင်းတို့တွေဘယ်လောက်များသိနေကြလို့လဲ!!!"
စကားကျယ်ကျယ်တောင်မပြောဖူးတဲ့သူက နီရဲသောမျက်ဝန်းတွေနှင့်အော်ဟစ်မိရာ အားလုံးတိတ်ဆိတ်သွားလေသည်။
"ငါမဟုတ်ဘူး........
ဒါတွေပေးတာရော ဒီစာကိုရေးတာရော....
ငါလုံးဝမဟုတ်ဘူး....."
"သက်သေရှိနေတာကိုဖင်ပိတ်ငြင်းမနေနဲ့...."
"သလင်း......"
သွေးသူ့ကိုကြည့်နေတယ် သူပြောတာကိုမယုံကြည်သလိုမျက်ဝန်းတွေနှင့်။
"သွေး......
နင်ကပါ.....နင်ကပါ ငါ့ကိုမယုံဘူးလား......
ငါ.....တကယ်......မဟုတ်ပါဘူးဟာ........"
"အင်း......ငါယုံတယ်.....
သလင်း....စိတ်လျော့နော်........"
တဆတ်ဆတ်တုန်ယင်နေသည့်သူ့လက်တွေကိုဆုပ်ကိုင်လာရင်းသွေးပြောပေမယ့် သွေးမျက်ဝန်းတွေကအခုထိ ယုံကြည်မှုမရှိသေးပေ။
သွေးအပါအဝင်အခုသူ့ကိုကြည့်နေကြသည့် မျက်ဝန်းတွေအားလုံးက တူညီနေကြသည်။
ရွံရှာခြင်းတွေ မလိုလားမှုတွေ လှောင်ရိပ်တွေနှင့် ယုံကြည်မှုကင်းမဲ့သောအကြည့်တွေ။
ဘယ်ဘက်ရင်အုံမှ တဖြည်းဖြည်းတင်းကျပ်လာပြီး အသက်ရှူရခက်ခဲလာကာ သူ့ခြေသည်းလက်သည်းတွေလည်း ပြာနှမ်းလာသည်။ တဒိန်းဒိန်းနှင့် ပို၍မြန်ဆန်လာသော နှလုံးခုန်နှုန်းကြောင့် အသက်ရှူမဝကာ နှလုံးသားရှိရာတည့်တည့် ကို ထုရိုက်ဖိထားရင်း ကျေးဇူးပြုပြီး ငြိမ်သက်ပေးပါဟု အထပ်ထပ်တောင်းဆိုနေခဲ့မိသည်။
"သလင်း.....
ငါပြောနေတယ်....စိတ်လျော့လေ.......
သလင်း! "
"ငါမဟုတ်ဘူး!!!
တကယ်မဟုတ်ပါဘူး............
ငါဒါတွေကိုမလုပ်ခဲ့...................."
စကားမဆုံးလိုက် အရာအားလုံးဝေဝါးလာကာ အတန်းရှေ့မှာတင်ပဲ သူလဲကျသွားခဲ့တော့သည်။
⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫⚪⚫
ကံကြမ္မာနာမည်ခံ မကောင်းဆိုးဝါးရေ
ကျန်ရှိနေတဲ့ ဝဋ်ကြွေးတွေကို
ကျေကျေနပ်နပ်ကြီးဆပ်ပါ့မယ်
ဒါပေမယ့်
ကျွန်တော်မလုပ်ခဲ့တဲ့အမှားအတွက်
ပြစ်ဒဏ်တွေမပေးပါနဲ့
ခံပြင်းလွန်းလို့
ဒီဘဝကြီးကနေ စွန့်ခွာသွားမိလိမ့်မယ်.....။
သလင်းမြူ
Bạn đang đọc truyện trên: Truyen247.Pro