Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-19 (more important)

Unicode

သလင်းမြူ နေ့တိုင်းလိုလို စစ်ကောင်းကင်နိုင်နှင့် မျက်နှာချင်းဆိုင်ကာ သတ်သည်။

ဘုန်းရှိန်ဝါထက်ကတော့ သူတို့နှစ်ယောက်ကိုအမြဲမကြည်သလို ကြည့်နေတတ်ရာ သလင်းမြူ ရွဲ့ပြီး စစ်ကောင်းကင်နိုင်နှင့်ပူးပူးကပ်ကပ်နေပြသည်။

စစ်ကောင်းကင်နိုင်ရဲ့ ဖခင်က တရားသူကြီးတစ်ဦးဖြစ်တာကြောင့် နေ့တိုင်းအိမ်တွင်ရှိမနေတတ်သလို မိခင်ဖြစ်သူကလည်း အလုပ်ကိစ္စတွေနှင့်သာ လုံးပန်းနေရာ အိမ်မှာ အမြဲလိုလို အိမ်ဖော်တွေနှင့် စစ်ကောင်းကင်နိုင်သာရှိသည်။

စစ်ကောင်းကင်နိုင်က မိဘတွေရဲ့ဂရုစိုက်မှု မေတ္တာငတ်တာကြောင့် သူငယ်ချင်းတွေအပေါ်မှာအရမ်းခင်တွယ်သည်။

သူ့သူငယ်ချင်းတွေကလည်း သင်တန်းတွေတက်ရင်းမအားတာကြောင့် အချိန်မပေးနိုင်ကြရာ အထီးကျန်ခြင်းကိုကြောက်သည့် စစ်ကောင်းကင်နိုင်က သလင်းမြူကို တစ်စတစ်စ တွယ်တာလာသည်။

သူတို့နှစ်ယောက်တည့်နေကြချိန် သူကို နေရောင်လို့ စစ်ကောင်းကင်နိုင်ကခေါ်ပြီး သူကတော့ ကောင်းကင်လို့ပြန်ခေါ်သည်။

ရန်ဖြစ်လို့ကတော့ အော်ဟစ်ပြီး နာမည်အပြည့်အစုံကိုခေါ်ကြသည်။

စူးနေရောင်ထက်ခိုင်းသည့် အတိုင်း သလင်းမြူ စူးနေရောင်ထက်နာမည်နှင့် social media မှာ account ဖွင့်ထားရသေးသည်။

အခု စစ်ကောင်းကင်နိုင်က သူ့အခန်းထဲမှာ သူဝယ်ထားသည့် ဇာတ်ကားတွေလာကြည့်နေလေသည်။

မင်းသားက မင်းသမီးကောင်းဖို့အတွက် လမ်းခွဲပြီးထွက်သွားတဲ့အခန်းကို စစ်ကောင်းကင်နိုင်က စိတ်ဝင်တစားကြည့်ပေမယ့် သလင်းမြူကတော့ဆဲမိသည်။

"သောက်ရေးမပါတာတွေ..."
"ဟမ်..."
"အကုန်သောက်ရေးမပါတာတွေချည်းပဲ....
သူကောင်းဖို့အတွက်အနစ်နာခံ လမ်းခွဲတယ်ဆိုတာ ငကြောက်တွေရဲ့လုပ်ရပ်....
တကယ်သတိ္တရှိတဲ့သူက ကိုယ့်ချစ်သူလက်ကိုလွှတ်မယ့်အစား ဘယ်လိုတွေပဲတိုက်ခိုက်ခံရပါစေ လက်တွဲမဖြုတ်ပဲ ချစ်သူလက်ကို အဆုံးထိ တင်းတင်းဆုပ်ကိုင်ထားကြမှာ..."
"မင်းကချစ်ဖူးလို့လား..."

သလင်းမြူ ပုခုံးသာတွန့်ပြပြီး TV အရှေ့မှထကာ ဝရန်တာထွက်ပြီး ဆေးလိပ်တစ်လိပ်ကိုငုံခဲလိုက်သည်။

အင်း....
ငါလည်းငကြောက်တစ်ယောက်ကိုချစ်ခဲ့ဖူးတယ်...

နှာခေါင်းထဲကကျင်ကနဲ နာကျင်မှုက သူဝမ်းနည်းပြီး ငိုချင်နေသည်ဟုပြောသည်။

ဆေးလိပ်ငွေ့တွေကိုမှုတ်ထုတ်ရင်း ဝမ်းနည်းမှုကို မြိုသိပ်လိုက်သည်။

အနားကိုရောက်လာသည့် ကောင်းကင်က ဖုန်းနှင့် သူ့ကို ဓာတ်ပုံရိုက်နေသောကြောင့် ကင်မရာပေါက်ကိုလက်နှင့်ကွယ်လိုက်သည်။

"လက်ဖယ်စမ်းပါ..."
"မရိုက်နဲ့...
ငါမကြိုက်ဘူး..."
"ငါလည်းမင်းမျက်နှာကို ရိုက်တာမဟုတ်ဘူး...
မင်းလက်တွေကိုရိုက်နေတာ...
ခုနကလို ဆေးလိပ်ကို လက်ကြား ညှက်ပြီး လက်ကိုတည့်တည့် ထား...."
"ကိုယ့်လက်ကိုယ်ရိုက်ပါလား..."
"ငါ့လက်က လက်ဆစ်တွေကြီးလို့ဟ....
မင်းလက်ကလေးတွေက ဖြောင့်ပြီးသွယ်သွယ်လေး...
မိန်းကလေးလက်နဲ့တူတယ်..."
"Yar!!!"
"အော်ပြန်ပြီ!!
ငါဘာလုပ်မိလို့လဲ!"
"မင်းငါ့လက်ကို မိန်းကလေးလက်နဲ့တူတယ်ပြောစရာလား!!"
"တူလို့တူတယ်ပြောတာပေါ့!!"
"အား!!
စူးနေရောင်ထက်!!"

စစ်ကောင်းကင်နိုင် လက်ကိုအားရပါးရကုန်းကိုက်ကာ သလင်းမြူ ပြေးပြီ...

"ပြေးထား...
မိလို့ကတော့ မင်းလက်ပြတ်အောင်ပြန်ကိုက်မှာ!!"

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

ကျောင်းစဖွင့်တဲ့နေ့....

ဒီဇင်ဘာရောက်ပြီမို့ အအေးဓာတ်လေးကပိုလာသည်။

သလင်းမြူ ခပ်စောစောကျောင်းရောက်ပြီး ကျောင်းသားရေးရာမှာ ကျောင်းသွားအပ်လိုက်သည်။

"ပထမဆုံးနေ့လည်း စာသင်တယ်နော်..."

စာရေးမကသတိပေးသလို ပြောလိုက်တော့ သူအတန်းထဲသွားရပေဦးမည်။

8 နာရီချိန်အတန်းကတော့ အချိန်ကျော်နေပြီဖြစ်သောကြောင့် သူမတက်ချင်ရာ ကျောင်းကိုကားနှင့် ပတ်ကြည့်မိသည်။

📲🎶 phone rings...

""Sitt Kaung Kin Naing""

"Hello..."
"နေရောင် မင်းကျောင်းမရောက်သေးဘူးလား..."
"ရောက်နေပြီ..."
"ရောက်နေရင် အတန်းထဲလာခဲ့တော့ဟ....
မြန်မာချိန်ဆရာမလာမှာတဲ့..."
"အင်း..လာပြီ..."

Zoology Department ကိုရောက်တော့ ကားကို parking ထိုးကာ first year များရှိရာ အခန်းနံပါတ် 13 သို့သူဝင်လိုက်သည်။

ခုံတန်းသုံးတန်းရှိသည့် အခန်းထဲမှာ နှစ်တန်းလောက်က ကျောင်းသူအယောက်နှစ်ဆယ်ဟိုတစ်ယောက်သည်တစ်ယောက်ထိုင်နေကြပြီး ကျန်တစ်တန်းတွင်တော့ ကောင်းကင် အပါအဝင် ကျောင်းသားငါးယောက် ခေါင်းချင်းဆိုင်ကာ game ဆော့နေကြသည်။

ပထမဆုံးနေ့တော့ လူမစုံတာ သဘာဝပါပဲ....

"လာပြီလား..."

စစ်ကောင်းကင်နိုင်တို့ရှိရာ ခုံတန်းမှာ သူဝင်ထိုင်လိုက်သည်။

"ပါဦးမလား..."
"တော်ပြီ..."

သူအပါအဝင်ကျောင်းသား ခြောက်ယောက်ရှိရာ ကျန်လေးယောက်အနက်မှ သုံးယောက်က စစ်ကောင်းကင်နိုင်သူငယ်ချင်းတွေဖြစ်ပြီး စူးနေရောင်ထက် ကိုသိသည်ထင်...

သူကိုတစ်လှည့် စစ်ကောင်းကင်နိုင်ကိုတစ်လှည့်ကြည့်ကာ သုံးယောက်လုံးကြောင်တောင်တောင်နှင့်

ကျန်တစ်ယောက်ကတော့ အခုထိခေါင်းကိုမော့မလာသေး game ကိုသာအသေအလဲဆော့နေသည်။

မိန်းကလေးကျောင်းလို့ ပြောကြသည့် မန ္တလေးတက္ကသိုလ်က ယောက်ျားလေးတကယ်ကိုရှားသည်။

Game တစ်ပွဲပြီးသွားမှ ငါးကောင်လုံးခြေတွေလက်တွေဆန့်ကာ တည့်တည့်ထိုင်လာကြသည်။

"အစ်ကို..."

ခေါင်းမော့လာပြီး သူ့ကိုအံ့ဩတကြီး ခေါ်လိုက်သူ....

စိုင်းစံ.....

သလင်းမြူ ရုတ်တရက် တိုင်နှင့်ခေါင်းကိုပြေးဆောင့်ချင်သွားသည်။

"အစ်ကို...ဒီကျောင်းကိုဘာလာလုပ်တာလဲ..."
"မင်း စူးနေရောင်ထက်နဲ့သိတယ်လား..."
"ဘယ်သူက စူးနေရောင်ထက်လဲ..."
"သူက စူးနေရောင်ထက်လေ..."
"လာနောက်နေတာလား...
သူက သလ...."

စိုင်းစံပါးစပ်ကို သလင်းမြူ အမြန်လက်နှင့်ပိတ်လိုက်ကာ နားနားကပ်ပြီး နှစ်ယောက်ကြားသာရုံပြောလိုက်သည်။

"တစ်ခွန်းမှထပ်မဟဘဲ ငါ့နောက်လိုက်ခဲ့..."

စိုင်းစံခေါင်းညိတ်ပြတော့မှ လက်ကိုဖယ်ပေးကာ ထလိုက်သည်။

"နေရောင် ဘယ်သွားမလို့လဲ.... "
"ကားထဲမှာ ယူစရာရှိလို့..."

သူနောက်ကို စိုင်းစံက လိုက်လာလေသည်။

"စစ်ကောင်းကင်...
မင်းနဲ့စူးနေရောင်ထက်က ဘာတွေလဲ..."
"ဘာကို ..."
"စူးနေရောင်ထက်က မင်းကိုကြိုက်နေတာလေ...
မင်းသူ့ကိုဘယ်တုန်းက ဒီလိုကောင်းကောင်းဆက်ဆံဖူးလို့လဲ..."
"အဲ့ကောင်အရင်လို မဟုတ်တော့ဘူး...
ပြန်ကျားသွားပြီ..."
"ဘာ!!
မဖြစ်နိုင်တာ..."
"တကယ်ဟ...
အစကငါလည်း သူဟန်ဆောင်နေတယ်ထင်တာ....
တကယ်ကြီးကို ကျားသွားတာ...
မယုံရင် မင်တို့ဘာသာ စမ်းကြည့်ကွာ..."

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

ငါဒီတိုင်းဝန်ခံလိုက်လို့မဖြစ်ဘူး....

"အစ်ကို နာမည်ပြောင်းလိုက်တာလား..."
"ဒီမှာဗျ....
ကျွန်တော့်ကိုသိလို့လား..."
"Haha!
အစ်ကိုကတော့နောက်ပြီ....
အစ်ကိုက သလင်းမြူလေ..."
"ကျွန်တော်ကစူးနေရောင်ထက်ပါ...
ခင်ဗျားလူမှားနေပြီထင်တယ်..."
"ဗျာ..."

စိုင်းစံ ခပ်တွေတွေဖြစ်သွားပြီး သူ့ကိုသေချာကြည့်လာကာ ရုတ်တရက်သူ့အကျႌကို အပေါ်ဆွဲတင်လိုက်သည်။

"မင်းဘာလုပ်တာလဲ... "

စိုင်းစံက သူ့ချက်ညာဘက်အောက်နားမှ လက်နှစ်ဆစ်ခန့် ချုပ်ရိုးကို လက်ညှိုးထိုးကာ မျက်ခုံးပင့်ပြလေသည်။

"အခုရော ငြင်းဦးမလား...
ဒါအစ်ကို ကိုးတန်းနှစ်တုန်းက အူအတက်ဖြတ်ထားတဲ့ ချုပ်ရိုးလေ..."
"F***!
နည်းနည်းပါးပါး မသိချင်ယောင်တောင်မဆောင်ဘူး..."
"အခုပြောပြတော့...
ဘာလို့ဒီရောက်နေတာလဲ...
စူးနေရောင်ထက် ဆိုတာကရောဘာလဲ..."
"ကားထဲဝင်..."

သူအပြင်မှာမပြောချင်တာကြောင့် စိုင်းစံကိုကားထဲဝင်ခိုင်းကာ ကားမှန်တွေကို ပိတ်ပြီး lock ချလိုက်သည်။

"ငါအလုပ်တစ်ခုလက်ခံထားတာ..."
"ဘာအလုပ်လဲ....
အစ်ကိုက ဆေးကျောင်းမှာရှိနေရမှာလေ..."
"..........
ငါဆေးကျောင်းမတက်ဘူး..."
"ဘာလို့လဲ!!
အစ်ကို ကျွန်တော့်ကိုစနေပြန်ပြီလား..."
"တကယ်ပြောတာ...
ငါမတက်ဘူး....
ငါအဝေးသင်ပဲတက်ပြီး အလုပ်လုပ်နေတာ..."
"အစ်ကို့ ကျန်းမာရေးကြောင့်လား...
အစ်ကို့အမှတ်တွေက လုံးဝကောင်းနေတာကို..."
"ကျန်းမာရေးကြောင့်လည်း ပါပေမယ့် တခြားကိစ္စရှိသေးတယ်....
ငါအခု စူးနေရောင်ထက်နဲ့စာချုပ်ချုပ်ထားတယ်..
သူ့နေရာမှာ သူအဖြစ်နဲ့နေပေးရမှာ..."
"ရူးနေလား...
အစ်ကိုကလိမ်ညာရတာမုန်းတယ်လေ...
ဒါကို တခြားသူတစ်ယောက်အဖြစ်ဟန်ဆောင်ရတယ်လို့....
ဘာလို့ အဲ့စူးနေရောင်ထက်က အစ်က့ိုကို ဒီလိုခိုင်းရတာလဲ...."
"သူ နိုင်ငံခြားမှာ ဆေးသွားကုတာကို ဒီကလူတွေမသိစေချင်လို့တဲ့....
ဒါပေမယ့်....
တခြားအကြောင်းရှိဦးမယ်လို့ ငါထင်တယ်...
စိုင်းစံ....
ငါ့ကိုကူညီပါ.....နော်...."
"အစ်ကိုကတော့ တကယ်ပဲ....."

စိုင်းစံ သူ့ခေါင်းကိုတဗြင်းဗြင်း ကုတ်နေလေသည်။

"မင်းလည်းသိတာပဲ...
ငါကဒီလို သရုပ်ပြဟန်ဆောင်ရတာတွေမှာ မတော်ဘူး....
စူးနေရောင်ထက်မှာ မိသားစုဝင်တွေမရှိတော့တဲ့အပြင် သူ့အကြောင်းကိုသေချာသိတဲ့ သူငယ်ချင်းပါမရှိလို့ ငါအဆင်ပြေနေတာ...."
"အစ်ကို့ အမေရော အစ်ကိုဒီလိုလုပ်နေတာသိလား..."
"မသိဘူး...
သိလို့ကတော့ ငါ့ကိုချက်ချင်းပြန်ခေါ်ကြလိမ့်မယ်....
ငါတကယ်ငွေလိုနေလို့ လုပ်မိတာပါကွာ...."
"ပြီးရောဗျာ...."
"အဲ့တာဆို မင်းငါ့ကို လူရှေ့သူရှေ့ဆို အစ်ကိုလို့မခေါ်နဲ့နော်....
မင်းကငါ့ထက်တစ်နှစ်ငယ်ပေမယ့် စူးနေရောင်ထက် နဲ့ဆို အသက်တူတူပဲ..."
"ဘယ်လိုခေါ်ရမှာလဲ..."
"စူး...
နေရောင်...
ထက်...
ကြိုက်သလိုခေါ်..."
"ထက်...."
"ပြီးတော့ တခြားသူတွေမေးရင် ပြီးခဲ့တဲ့ နှစ်လလောက်တုန်းက ငါတို့ကလောမှာဆုံပြီး ရင်းနှီးခဲ့ကြတာလို့ပြောနော်..."
"ဟုတ်...
အစ်ကိုကျွန်တော့်ကို ဘာပြန်ကျွေးမှာလဲ...."

တစ်ခါက သူ့အခန်းဖော်လို့ပင်မပြောရ အစားအသောက်ဆိုငမ်းငမ်းတတ်..

"မင်းစားချင်တာလိုက်ကျွေးမယ်ကွာ..."

နှစ်ယောက်သား ဆရာမရောက်လာမည်စိုးသောကြောင့် အတန်းထဲပြန်ဝင်ခဲ့ကြသည်။

မြန်မာစာဆရာမရောက်လာတော့ အရင်ဆုံး သူတို့စာအုပ်ဝယ်ကြရသည်။

ကျောက်စာတစ်ပုဒ်ရှင်းပြသွားပြီး ကိုယ့်ဘာသာရေးခိုင်းကာ ကြာသပတေးနေ့တင်ရမည်ဟုပြောသွားသည်။

နောက်ထပ် major ဆရာမတစ်ယောက်ရောက်လာပြီး ဋ္ဌာနမှာ စာအုပ်လာဝယ်ခိုင်းလေသည်။

Major စာအုပ်ဝယ်ပြီး အတန်းမရှိတော့သောကြောင့် ပြန်ကုန်ကြလေသည်။

"အစ်ကို ကျွန်တော် spicy noodle စားချင်တယ်...."
"အေးပါ....
အခုသွားစားမှာလား..."
"အင်း..."
"နေရောင်!
ပြန်မယ်လေ ..."

ကောင်းကင်က သူ့ကို မျက်မှောင်ကြီးကျုံ့ကာခေါ်လေသည်။

"မင်းပြန်နှင့်လိုက်တော့...
ငါစိုင်းစံနဲ့သွားစရာရှိလို့..."
"ဘယ်သွားမလို့လဲ..."
"ခေါက်ဆွဲသွားစားမလို့..."
"ငါလည်းလိုက်ခဲ့မယ်..."
"ဘာလို့လိုက်မှာလဲ...
မင်းသူငယ်ချင်းတွေနဲ့သွားစရာမရှိဘူးလား..."
"မရှိဘူး..."

ပြောမရသည့် အဆုံး ကောင်းကင်ကိုပါလိုက်ခိုင်းရသည်။

ကောင်းကင်ရော စိုင်းစံပါ ဆိုင်ကယ်နှင့်ဖြစ်ပြီး ဆိုင်ကယ်မစီးတတ်သည့် သူသာ ကားနှင့်ပင်။

ဆိုင်ထဲရောက်တော့ သူ့ဘေးကို စိုင်းစံက ဝင်ထိုင်ရာ ကောင်းကင်က သူ့မျက်နှာချင်းဆိုင်မှာထိုင်လေသည်။

"စိုင်းစံ ဘာစားမှာလဲ ငါက ပုဇွန်ခေါက်ဆွဲ...level 3
Coca cola တစ်ဘူး..."
"ကျွန်တော်က ပင်လယ်စာခေါက်ဆွဲ....level 2
Takoyaky cake နဲ့ cola..."

Menus ကြည့်ပြီး မှာနေသည့် သူ့ရှေ့ကနှစ်ယောက်ကိုကြည့်ကာ စစ်ကောင်းကင်သိပ်မကျေနပ်....

ငါ့ကိုကျမမေးဘူးပေါ့....
ရတယ် စူးနေရောင်ထက်....

"အမယ်စုံ level 2 နဲ့ cola တစ်ဘူး...."

စားပွဲထိုးထွက်သွားတော့ စိုင်းစံက သူမရှိတော့အဆောင်မှာဖြစ်သည့် ကျောင်းသားတွေရဲ့ဟာသတွေကိုနားနားကပ်ကာ ကောင်းကင်မကြားအောင်ပြောပြလေသည်။

"စိုးငြိမ်းကိုသိတယ်မလား..."
"အင်း.."
"အဲ့ကောင်လေ နှစ်လည်လောက်ရောက်တော့ အတန်းထဲမှာ အသစ်ရောက်တဲ့ကျောင်းသားနဲ့ရန်ဖြစ်တာ နှစ်ယောက်သား ထိုးကြကြိတ်ကြနဲ့...
ပုဆိုးတွေကွင်းလုံးကျွတ်တာတောင်မသိဘူး..."
"တကယ်!"
"အင်း...
မိန်းကလေးတွေဆို မျက်လုံးတွေမှိတ်ကုန်ကြတာ ဆရာမတွေလည်းရှက်ပြီး ဝင်မဆွဲရဲဘူး...
ကျွန်တော်တို့ကလည်း ခပ်တည်တည်နဲ့ဝင်မဆွဲဘဲ ထိုင်ရယ်နေလိုက်တာ သူတို့ဟာသူတို့ ပုဆိုးတွေမပါမှန်းလဲသိတော့ ရှက်ပြီး ထွက်ပြေးကြတာ အရမ်းရယ်ရတယ်..."

စိုင်းစံပြောပြတာနဲ့တင်ကို သလင်းမြူ တခွီးခွီးရယ်နေပေပြီ။

စစ်ကောင်းကင် တိုးတိုးတိုးတိုးနဲ့ ဘာတွေပြောပြီး သဘောကျနေလည်း မသိသည့် နေရောင်နှင့် ဟိုတစ်ယောက်ကို ပိုကြည့်မရတော့....

"မင်းတို့က အရင်ကတည်းကသိကြတာလား..."

သူစကားစလိုက်မှ နှစ်ယောက်သား လူချင်းခွာသွားသည်။

"အင်းဟုတ်တယ်...
ငါခရီးထွက်တုန်းက စိုင်းစံနဲ့ ကလောမှာတွေ့ပြီး ခင်ခဲ့တာ...."
"ဪ...."

ခေါက်ဆွဲတွေရောက်လာတော့လည်း သူ့ရှေ့မှနှစ်ယောက်က တစ်ယောက်ပန်းကန်ထဲမှ တစ်ယောက်နှိုက်ကာ ရယ်နေကြပြန်သည်။

ဒီအခြေအနေကြီးကဘာလဲ....
သူ့ကိုယ်သူအပယ်ခံတစ်ယောက်လိုခံစားရပြီး နေရောင်ကသူ့ကိုဂရုမစိုက်သောကြောင့် ဒေါသထွက်ရသည်။

ခါတိုင်းနေရောင်နဲ့အပြင်ထွက်စားရင် အော်ဟစ် ဆူညံပြီး ပျော်ဖို့ကောင်းခဲ့တာ....

ပိုက်ဆံရှင်းတော့လည်း နေရောင်က ဟိုတစ်ယောက်အတွက်ပါ ရှင်းပေးသဖြင့် မျက်မှောင်တွေကကျုံ့သွားပြန်သည်။ သူအတွက်နေရောင်က တစ်ခါမှ ပိုက်ဆံမထုတ်ခဲ့....

ခင်တာ နှစ်လလောက်သာရှိသေးသူက သူ့ထက် နေရောင့်အတွက်အရေးပါလား....

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

"ကျောင်းကအဆင်ပြေလား..."

အိမ်ထဲဝင်လိုက်သည်နှင့် ဧည့်ခန်းမှာစီးကြိုကာ မေးသူ...

ထုံးစံအတိုင်း ပြန်မဖြေဘဲ လှေကားဆီဦးတည်တော့...

"စူးနေရောင်ထက်နဲ့တွေ့ပြီးပြီ....
စာချုပ်ချုပ်ထားတယ်ဆို..."

သူအနောက်ကိုပြန်လှည့်ကာ ဘုန်းရှိန်ဝါထက်ကို ကြည့်လိုက်သည်။

"စာချုပ်ကိုဖျက်လိုက်...
ကိုယ်လျော်ကြေးပေးပေးမယ်...."
"မဖျက်နိုင်ဘူး...
ခင်ဗျားပိုင်းလုံး လုပ်ပြီး ရထားတဲ့ ပိုင်ဆိုင်မှုတွေကျွန်တော့်ကိုလာမပေးနဲ့....
မသတီဘူး...."
"ငယ်လေး!!"
"ကျွန်တော်ငွေလိုလွန်းလို့ လူလိမ်လုပ်ရင်သာလုပ်မယ်....
ခင်ဗျားရဲ့ ငွေကိုတော့ ဘယ်တော့မှမယူဘူး...
ကျွန်တော့်ကိုကျေးဇူးပြုပြီး လွှတ်ထားပေးပါ...
သေသေရှင်ရှင် ဂရုမစိုက်နဲ့...
စူးနေရောင်ထက်အပေါ် ခင်ဗျားဆက်ဆံသလိုမျိုး...."

သူတစ်ဖက်ကိုအလှည့် ကျောပြင်ဟာ ရင်ခွင်တစ်ခုထဲရောက်ရှိသွားပြီး ခါးတွေလည်းသိမ်းအဖက်ခံလိုက်ရသည်။

"ကိုယ်ဘယ်လိုလုပ်မှ....
အရင်ကကိုယ့်ကိုအရမ်းချစ်တဲ့ ငယ်လေးကိုပြန်ရမှာလဲ...."
"ကျွန်တော်အဆင်ပြေနေခဲ့ပြီ...
ခင်ဗျားမရှိဘဲနဲ့...
ဒါကြောင့် ကျွန်တော့်ဘဝထဲကို ထပ်ဝင်မလာပါနဲ့....
အတိတ်မှာရခဲ့တဲ့ နာကျင်မှုတွေကလုံလောက်ပြီထင်တယ်....."
"ကိုကို တောင်းပန်ပါတယ်..."
"ဘဝမှာ နောင်တအရဆုံးကဘာလဲဆိုရင်....
ခင်ဗျားကို ချစ်ခဲ့မိတဲ့ အတိတ်ပဲ...."

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

Zawgyi

သလင္းျမဴ ေန႔တိုင္းလိုလို စစ္ေကာင္းကင္ႏိုင္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ကာ သတ္သည္။

ဘုန္း႐ွိန္ဝါထက္ကေတာ့ သူတို႔ႏွစ္ေယာက္ကိုအျမဲမၾကည္သလို ၾကည့္ေနတတ္ရာ သလင္းျမဴ ရြဲ႔ၿပီး စစ္ေကာင္းကင္ႏိုင္ႏွင့္ပူးပူးကပ္ကပ္ေနျပသည္။

စစ္ေကာင္းကင္ႏိုင္ရဲ႕ ဖခင္က တရားသူႀကီးတစ္ဦးျဖစ္တာေၾကာင့္ ေန႔တိုင္းအိမ္တြင္႐ွိမေနတတ္သလို မိခင္ျဖစ္သူကလည္း အလုပ္ကိစၥေတြႏွင့္သာ လုံးပန္းေနရာ အိမ္မွာ အျမဲလိုလို အိမ္ေဖာ္ေတြႏွင့္ စစ္ေကာင္းကင္ႏိုင္သာ႐ွိသည္။

စစ္ေကာင္းကင္ႏိုင္က မိဘေတြရဲ႕ဂ႐ုစိုက္မႈ ေမတၱာငတ္တာေၾကာင့္ သူငယ္ခ်င္းေတြအေပၚမွာအရမ္းခင္တြယ္သည္။

သူ႔သူငယ္ခ်င္းေတြကလည္း သင္တန္းေတြတက္ရင္းမအားတာေၾကာင့္ အခ်ိန္မေပးႏိုင္ၾကရာ အထီးက်န္ျခင္းကိုေၾကာက္သည့္ စစ္ေကာင္းကင္ႏိုင္က သလင္းျမဴကို တစ္စတစ္စ တြယ္တာလာသည္။

သူတို႔ႏွစ္ေယာက္တည့္ေနၾကခ်ိန္ သူကို ေနေရာင္လို႔ စစ္ေကာင္းကင္ႏိုင္ကေခၚၿပီး သူကေတာ့ ေကာင္းကင္လို႔ျပန္ေခၚသည္။

ရန္ျဖစ္လို႔ကေတာ့ ေအာ္ဟစ္ၿပီး နာမည္အျပည့္အစုံကိုေခၚၾကသည္။

စူးေနေရာင္ထက္ခိုင္းသည့္ အတိုင္း သလင္းျမဴ စူးေနေရာင္ထက္နာမည္ႏွင့္ social media မွာ account ဖြင့္ထားရေသးသည္။

အခု စစ္ေကာင္းကင္ႏိုင္က သူ႔အခန္းထဲမွာ သူဝယ္ထားသည့္ ဇာတ္ကားေတြလာၾကည့္ေနေလသည္။

မင္းသားက မင္းသမီးေကာင္းဖို႔အတြက္ လမ္းခြဲၿပီးထြက္သြားတဲ့အခန္းကို စစ္ေကာင္းကင္ႏိုင္က စိတ္ဝင္တစားၾကည့္ေပမယ့္ သလင္းျမဴကေတာ့ဆဲမိသည္။

"ေသာက္ေရးမပါတာေတြ..."
"ဟမ္..."
"အကုန္ေသာက္ေရးမပါတာေတြခ်ည္းပဲ....
သူေကာင္းဖို႔အတြက္အနစ္နာခံ လမ္းခြဲတယ္ဆိုတာ ငေၾကာက္ေတြရဲ႕လုပ္ရပ္....
တကယ္သတိၱ႐ွိတဲ့သူက ကိုယ့္ခ်စ္သူလက္ကိုလႊတ္မယ့္အစား ဘယ္လိုေတြပဲတိုက္ခိုက္ခံရပါေစ လက္တြဲမျဖဳတ္ပဲ ခ်စ္သူလက္ကို အဆုံးထိ တင္းတင္းဆုပ္ကိုင္ထားၾကမွာ..."
"မင္းကခ်စ္ဖူးလို႔လား..."

သလင္းျမဴ ပုခုံးသာတြန္႔ျပၿပီး TV အေ႐ွ႕မွထကာ ဝရန္တာထြက္ၿပီး ေဆးလိပ္တစ္လိပ္ကိုငုံခဲလိုက္သည္။

အင္း....
ငါလည္းငေၾကာက္တစ္ေယာက္ကိုခ်စ္ခဲ့ဖူးတယ္...

ႏွာေခါင္းထဲကက်င္ကနဲ နာက်င္မႈက သူဝမ္းနည္းၿပီး ငိုခ်င္ေနသည္ဟုေျပာသည္။

ေဆးလိပ္ေငြ႔ေတြကိုမႈတ္ထုတ္ရင္း ဝမ္းနည္းမႈကို ၿမိဳသိပ္လိုက္သည္။

အနားကိုေရာက္လာသည့္ ေကာင္းကင္က ဖုန္းႏွင့္ သူ႔ကို ဓာတ္ပုံ႐ိုက္ေနေသာေၾကာင့္ ကင္မရာေပါက္ကိုလက္ႏွင့္ကြယ္လိုက္သည္။

"လက္ဖယ္စမ္းပါ..."
"မ႐ိုက္နဲ႔...
ငါမႀကိဳက္ဘူး..."
"ငါလည္းမင္းမ်က္ႏွာကို ႐ိုက္တာမဟုတ္ဘူး...
မင္းလက္ေတြကို႐ိုက္ေနတာ...
ခုနကလို ေဆးလိပ္ကို လက္ၾကား ညႇက္ၿပီး လက္ကိုတည့္တည့္ ထား...."
"ကိုယ့္လက္ကိုယ္႐ိုက္ပါလား..."
"ငါ့လက္က လက္ဆစ္ေတြႀကီးလို႔ဟ....
မင္းလက္ကေလးေတြက ေျဖာင့္ၿပီးသြယ္သြယ္ေလး...
မိန္းကေလးလက္နဲ႔တူတယ္..."
"Yar!!!"
"ေအာ္ျပန္ၿပီ!!
ငါဘာလုပ္မိလို႔လဲ!"
"မင္းငါ့လက္ကို မိန္းကေလးလက္နဲ႔တူတယ္ေျပာစရာလား!!"
"တူလို႔တူတယ္ေျပာတာေပါ့!!"
"အား!!
စူးေနေရာင္ထက္!!"

စစ္ေကာင္းကင္ႏိုင္ လက္ကိုအားရပါးရကုန္းကိုက္ကာ သလင္းျမဴ ေျပးၿပီ...

"ေျပးထား...
မိလို႔ကေတာ့ မင္းလက္ျပတ္ေအာင္ျပန္ကိုက္မွာ!!"

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

ေက်ာင္းစဖြင့္တဲ့ေန႔....

ဒီဇင္ဘာေရာက္ၿပီမို႔ အေအးဓာတ္ေလးကပိုလာသည္။

သလင္းျမဴ ခပ္ေစာေစာေက်ာင္းေရာက္ၿပီး ေက်ာင္းသားေရးရာမွာ ေက်ာင္းသြားအပ္လိုက္သည္။

"ပထမဆုံးေန႔လည္း စာသင္တယ္ေနာ္..."

စာေရးမကသတိေပးသလို ေျပာလိုက္ေတာ့ သူအတန္းထဲသြားရေပဦးမည္။

8 နာရီခ်ိန္အတန္းကေတာ့ အခ်ိန္ေက်ာ္ေနၿပီျဖစ္ေသာေၾကာင့္ သူမတက္ခ်င္ရာ ေက်ာင္းကိုကားႏွင့္ ပတ္ၾကည့္မိသည္။

📲🎶 phone rings...

""Sitt Kaung Kin Naing""

"Hello..."
"ေနေရာင္ မင္းေက်ာင္းမေရာက္ေသးဘူးလား..."
"ေရာက္ေနၿပီ..."
"ေရာက္ေနရင္ အတန္းထဲလာခဲ့ေတာ့ဟ....
ျမန္မာခ်ိန္ဆရာမလာမွာတဲ့..."
"အင္း..လာၿပီ..."

Zoology Department ကိုေရာက္ေတာ့ ကားကို parking ထိုးကာ first year မ်ား႐ွိရာ အခန္းနံပါတ္ 13 သို႔သူဝင္လိုက္သည္။

ခုံတန္းသုံးတန္း႐ွိသည့္ အခန္းထဲမွာ ႏွစ္တန္းေလာက္က ေက်ာင္းသူအေယာက္ႏွစ္ဆယ္ဟိုတစ္ေယာက္သည္တစ္ေယာက္ထိုင္ေနၾကၿပီး က်န္တစ္တန္းတြင္ေတာ့ ေကာင္းကင္ အပါအဝင္ ေက်ာင္းသားငါးေယာက္ ေခါင္းခ်င္းဆိုင္ကာ game ေဆာ့ေနၾကသည္။

ပထမဆုံးေန့ေတာ့ လူမစုံတာ သဘာဝပါပဲ....

"လာၿပီလား..."

စစ္ေကာင္းကင္ႏိုင္တို႔႐ွိရာ ခုံတန္းမွာ သူဝင္ထိုင္လိုက္သည္။

"ပါဦးမလား..."
"ေတာ္ၿပီ..."

သူအပါအဝင္ေက်ာင္းသား ေျခာက္ေယာက္႐ွိရာ က်န္ေလးေယာက္အနက္မွ သုံးေယာက္က စစ္ေကာင္းကင္နိုင္သူငယ္ခ်င္းေတြျဖစ္ျပီး စူးေနေရာင္ထက္ ကုိသိသည္ထင္...

သူကိုတစ္လွည့္ စစ္ေကာင္းကင္ႏိုင္ကိုတစ္လွည့္ၾကည့္ကာ သုံးေယာက္လုံးေၾကာင္ေတာင္ေတာင္ႏွင့္

က်န္တစ္ေယာက္ကေတာ့ အခုထိေခါင္းကိုေမာ့မလာေသး game ကိုသာအေသအလဲေဆာ့ေနသည္။

မိန္းကေလးေက်ာင္းလို႔ ေျပာၾကသည့္ မႏ ၱေလးတကၠသိုလ္က ေယာက္်ားေလးတကယ္ကို႐ွားသည္။

Game တစ္ပြဲၿပီးသြားမွ ငါးေကာင္လုံးေျခေတြလက္ေတြဆန္႔ကာ တည့္တည့္ထိုင္လာၾကသည္။

"အစ္ကို..."

ေခါင္းေမာ့လာၿပီး သူ႔ကိုအံ့ဩတႀကီး ေခၚလိုက္သူ....

စိုင္းစံ.....

သလင္းျမဴ ႐ုတ္တရက္ တိုင္ႏွင့္ေခါင္းကိုေျပးေဆာင့္ခ်င္သြားသည္။

"အစ္ကို...ဒီေက်ာင္းကိုဘာလာလုပ္တာလဲ..."
"မင္း စူးေနေရာင္ထက္နဲ႔သိတယ္လား..."
"ဘယ္သူက စူးေနေရာင္ထက္လဲ..."
"သူက စူးေနေရာင္ထက္ေလ..."
"လာေနာက္ေနတာလား...
သူက သလ...."

စိုင္းစံပါးစပ္ကို သလင္းျမဴ အျမန္လက္ႏွင့္ပိတ္လိုက္ကာ နားနားကပ္ၿပီး ႏွစ္ေယာက္ၾကားသာ႐ုံေျပာလိုက္သည္။

"တစ္ခြန္းမွထပ္မဟဘဲ ငါ့ေနာက္လိုက္ခဲ့..."

စိုင္းစံေခါင္းညိတ္ျပေတာ့မွ လက္ကိုဖယ္ေပးကာ ထလိုက္သည္။

"ေနေရာင္ ဘယ္သြားမလို႔လဲ.... "
"ကားထဲမွာ ယူစရာ႐ွိလို႔..."

သူေနာက္ကို စိုင္းစံက လိုက္လာေလသည္။

"စစ္ေကာင္းကင္...
မင္းနဲ႔စူးေနေရာင္ထက္က ဘာေတြလဲ..."
"ဘာကို ..."
"စူးေနေရာင္ထက္က မင္းကိုႀကိဳက္ေနတာေလ...
မင္းသူ႔ကိုဘယ္တုန္းက ဒီလိုေကာင္းေကာင္းဆက္ဆံဖူးလို႔လဲ..."
"အဲ့ေကာင္အရင္လို မဟုတ္ေတာ့ဘူး...
ျပန္က်ားသြားၿပီ..."
"ဘာ!!
မျဖစ္ႏိုင္တာ..."
"တကယ္ဟ...
အစကငါလည္း သူဟန္ေဆာင္ေနတယ္ထင္တာ....
တကယ္ႀကီးကို က်ားသြားတာ...
မယုံရင္ မင္တို႔ဘာသာ စမ္းၾကည့္ကြာ..."

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

ငါဒီတိုင္းဝန္ခံလိုက္လို႔မျဖစ္ဘူး....

"အစ္ကို နာမည္ေျပာင္းလိုက္တာလား..."
"ဒီမွာဗ်....
ကြၽန္ေတာ့္ကိုသိလို႔လား..."
"Haha!
အစ္ကိုကေတာ့ေနာက္ၿပီ....
အစ္ကိုက သလင္းျမဴေလ..."
"ကြၽန္ေတာ္ကစူးေနေရာင္ထက္ပါ...
ခင္ဗ်ားလူမွားေနၿပီထင္တယ္..."
"ဗ်ာ..."

စိုင္းစံ ခပ္ေတြေတြျဖစ္သြားၿပီး သူ႔ကိုေသခ်ာၾကည့္လာကာ ႐ုတ္တရက္သူ႔အက်ႌကို အေပၚဆြဲတင္လိုက္သည္။

"မင္းဘာလုပ္တာလဲ... "

စိုင္းစံက သူ႔ခ်က္ညာဘက္ေအာက္နားမွ လက္ႏွစ္ဆစ္ခန္႔ ခ်ဳပ္႐ိုးကို လက္ညိွဳးထိုးကာ မ်က္ခုံးပင့္ျပေလသည္။

"အခုေရာ ျငင္းဦးမလား...
ဒါအစ္ကို ကိုးတန္းႏွစ္တုန္းက အူအတက္ျဖတ္ထားတဲ့ ခ်ဳပ္႐ိုးေလ..."
"F***!
နည္းနည္းပါးပါး မသိခ်င္ေယာင္ေတာင္မေဆာင္ဘူး..."
"အခုေျပာျပေတာ့...
ဘာလို႔ဒီေရာက္ေနတာလဲ...
စူးေနေရာင္ထက္ ဆိုတာကေရာဘာလဲ..."
"ကားထဲဝင္..."

သူအျပင္မွာမေျပာခ်င္တာေၾကာင့္ စိုင္းစံကိုကားထဲဝင္ခိုင္းကာ ကားမွန္ေတြကို ပိတ္ၿပီး lock ခ်လိုက္သည္။

"ငါအလုပ္တစ္ခုလက္ခံထားတာ..."
"ဘာအလုပ္လဲ....
အစ္ကိုက ေဆးေက်ာင္းမွာ႐ွိေနရမွာေလ..."
"..........
ငါေဆးေက်ာင္းမတက္ဘူး..."
"ဘာလို႔လဲ!!
အစ္ကို ကြၽန္ေတာ့္ကိုစေနျပန္ၿပီလား..."
"တကယ္ေျပာတာ...
ငါမတက္ဘူး....
ငါအေဝးသင္ပဲတက္ၿပီး အလုပ္လုပ္ေနတာ..."
"အစ္ကို႔ က်န္းမာေရးေၾကာင့္လား...
အစ္ကို႔အမွတ္ေတြက လုံးဝေကာင္းေနတာကို..."
"က်န္းမာေရးေၾကာင့္လည္း ပါေပမယ့္ တျခားကိစၥ႐ွိေသးတယ္....
ငါအခု စူးေနေရာင္ထက္နဲ႔စာခ်ဳပ္ခ်ဳပ္ထားတယ္..
သူ႔ေနရာမွာ သူအျဖစ္နဲ႔ေနေပးရမွာ..."
"႐ူးေနလား...
အစ္ကိုကလိမ္ညာရတာမုန္းတယ္ေလ...
ဒါကို တျခားသူတစ္ေယာက္အျဖစ္ဟန္ေဆာင္ရတယ္လို႔....
ဘာလို႔ အဲ့စူးေနေရာင္ထက္က အစ္က႔ိုကို ဒီလိုခိုင္းရတာလဲ...."
"သူ ႏိုင္ငံျခားမွာ ေဆးသြားကုတာကို ဒီကလူေတြမသိေစခ်င္လို႔တဲ့....
ဒါေပမယ့္....
တျခားအေၾကာင္း႐ွိဦးမယ္လို႔ ငါထင္တယ္...
စိုင္းစံ....
ငါ့ကိုကူညီပါ.....ေနာ္...."
"အစ္ကိုကေတာ့ တကယ္ပဲ....."

စိုင္းစံ သူ႔ေခါင္းကိုတျဗင္းျဗင္း ကုတ္ေနေလသည္။

"မင္းလည္းသိတာပဲ...
ငါကဒီလို သ႐ုပ္ျပဟန္ေဆာင္ရတာေတြမွာ မေတာ္ဘူး....
စူးေနေရာင္ထက္မွာ မိသားစုဝင္ေတြမ႐ွိေတာ့တဲ့အျပင္ သူ႔အေၾကာင္းကိုေသခ်ာသိတဲ့ သူငယ္ခ်င္းပါမ႐ွိလို႔ ငါအဆင္ေျပေနတာ...."
"အစ္ကို႔ အေမေရာ အစ္ကိုဒီလိုလုပ္ေနတာသိလား..."
"မသိဘူး...
သိလို႔ကေတာ့ ငါ့ကိုခ်က္ခ်င္းျပန္ေခၚၾကလိမ့္မယ္....
ငါတကယ္ေငြလိုေနလို႔ လုပ္မိတာပါကြာ...."
"ၿပီးေရာဗ်ာ...."
"အဲ့တာဆို မင္းငါ့ကို လူေ႐ွ႕သူေ႐ွ႕ဆို အစ္ကိုလို႔မေခၚနဲ႔ေနာ္....
မင္းကငါ့ထက္တစ္ႏွစ္ငယ္ေပမယ့္ စူးေနေရာင္ထက္ နဲ႔ဆို အသက္တူတူပဲ..."
"ဘယ္လိုေခၚရမွာလဲ..."
"စူး...
ေနေရာင္...
ထက္...
ႀကိဳက္သလိုေခၚ..."
"ထက္...."
"ၿပီးေတာ့ တျခားသူေတြေမးရင္ ၿပီးခဲ့တဲ့ ႏွစ္လေလာက္တုန္းက ငါတို႔ကေလာမွာဆုံၿပီး ရင္းႏွီးခဲ့ၾကတာလို႔ေျပာေနာ္..."
"ဟုတ္...
အစ္ကိုကြၽန္ေတာ့္ကို ဘာျပန္ေကြၽးမွာလဲ...."

တစ္ခါက သူ႔အခန္းေဖာ္လို႔ပင္မေျပာရ အစားအေသာက္ဆိုငမ္းငမ္းတတ္..

"မင္းစားခ်င္တာလိုက္ေကြၽးမယ္ကြာ..."

ႏွစ္ေယာက္သား ဆရာမေရာက္လာမည္စိုးေသာေၾကာင့္ အတန္းထဲျပန္ဝင္ခဲ့ၾကသည္။

ျမန္မာစာဆရာမေရာက္လာေတာ့ အရင္ဆုံး သူတို႔စာအုပ္ဝယ္ၾကရသည္။

ေက်ာက္စာတစ္ပုဒ္႐ွင္းျပသြားၿပီး ကိုယ့္ဘာသာေရးခိုင္းကာ ၾကာသပေတးေန႔တင္ရမည္ဟုေျပာသြားသည္။

ေနာက္ထပ္ major ဆရာမတစ္ေယာက္ေရာက္လာၿပီး ႒ာနမွာ စာအုပ္လာဝယ္ခိုင္းေလသည္။

Major စာအုပ္ဝယ္ၿပီး အတန္းမ႐ွိေတာ့ေသာေၾကာင့္ ျပန္ကုန္ၾကေလသည္။

"အစ္ကို ကြၽန္ေတာ္ spicy noodle စားခ်င္တယ္...."
"ေအးပါ....
အခုသြားစားမွာလား..."
"အင္း..."
"ေနေရာင္!
ျပန္မယ္ေလ ..."

ေကာင္းကင္က သူ႔ကို မ်က္ေမွာင္ႀကီးက်ံဳ႕ကာေခၚေလသည္။

"မင္းျပန္ႏွင့္လိုက္ေတာ့...
ငါစိုင္းစံနဲ႔သြားစရာ႐ွိလို႔..."
"ဘယ္သြားမလို႔လဲ..."
"ေခါက္ဆြဲသြားစားမလို႔..."
"ငါလည္းလိုက္ခဲ့မယ္..."
"ဘာလို႔လိုက္မွာလဲ...
မင္းသူငယ္ခ်င္းေတြနဲ႔သြားစရာမ႐ွိဘူးလား..."
"မ႐ွိဘူး..."

ေျပာမရသည့္ အဆုံး ေကာင္းကင္ကိုပါလိုက္ခိုင္းရသည္။

ေကာင္းကင္ေရာ စိုင္းစံပါ ဆိုင္ကယ္ႏွင့္ျဖစ္ၿပီး ဆိုင္ကယ္မစီးတတ္သည့္ သူသာ ကားႏွင့္ပင္။

ဆိုင္ထဲေရာက္ေတာ့ သူ႔ေဘးကို စိုင္းစံက ဝင္ထိုင္ရာ ေကာင္းကင္က သူ႔မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေလသည္။

"စိုင္းစံ ဘာစားမွာလဲ ငါက ပုဇြန္ေခါက္ဆြဲ...level 3
Coca cola တစ္ဘူး..."
"ကြၽန္ေတာ္က ပင္လယ္စာေခါက္ဆြဲ....level 2
Takoyaky cake နဲ႔ cola..."

Menus ၾကည့္ၿပီး မွာေနသည့္ သူ႔ေ႐ွ႕ကႏွစ္ေယာက္ကိုၾကည့္ကာ စစ္ေကာင္းကင္သိပ္မေက်နပ္....

ငါ့ကိုက်မေမးဘူးေပါ့....
ရတယ္ စူးေနေရာင္ထက္....

"အမယ္စုံ level 2 နဲ႔ cola တစ္ဘူး...."

စားပြဲထိုးထြက္သြားေတာ့ စိုင္းစံက သူမ႐ွိေတာ့အေဆာင္မွာျဖစ္သည့္ ေက်ာင္းသားေတြရဲ႕ဟာသေတြကိုနားနားကပ္ကာ ေကာင္းကင္မၾကားေအာင္ေျပာျပေလသည္။

"စိုးၿငိမ္းကိုသိတယ္မလား..."
"အင္း.."
"အဲ့ေကာင္ေလ ႏွစ္လည္ေလာက္ေရာက္ေတာ့ အတန္းထဲမွာ အသစ္ေရာက္တဲ့ေက်ာင္းသားနဲ႔ရန္ျဖစ္တာ ႏွစ္ေယာက္သား ထိုးၾကႀကိတ္ၾကနဲ႔...
ပုဆိုးေတြကြင္းလုံးကြၽတ္တာေတာင္မသိဘူး..."
"တကယ္!"
"အင္း...
မိန္းကေလးေတြဆို မ်က္လုံးေတြမွိတ္ကုန္ၾကတာ ဆရာမေတြလည္း႐ွက္ၿပီး ဝင္မဆြဲရဲဘူး...
ကြၽန္ေတာ္တို႔ကလည္း ခပ္တည္တည္နဲ႔ဝင္မဆြဲဘဲ ထိုင္ရယ္ေနလိုက္တာ သူတို႔ဟာသူတို႔ ပုဆုိးေတြမပါမွန္းလဲသိေတာ့ ႐ွက္ၿပီး ထြက္ေျပးၾကတာ အရမ္းရယ္ရတယ္..."

စိုင္းစံေျပာျပတာနဲ႔တင္ကို သလင္းျမဴ တခြီးခြီးရယ္ေနေပၿပီ။

စစ္ေကာင္းကင္ တိုးတိုးတိုးတိုးနဲ႔ ဘာေတြေျပာၿပီး သေဘာက်ေနလည္း မသိသည့္ ေနေရာင္ႏွင့္ ဟိုတစ္ေယာက္ကို ပိုၾကည့္မရေတာ့....

"မင္းတို႔က အရင္ကတည္းကသိၾကတာလား..."

သူစကားစလိုက္မွ ႏွစ္ေယာက္သား လူခ်င္းခြာသြားသည္။

"အင္းဟုတ္တယ္...
ငါခရီးထြက္တုန္းက စိုင္းစံနဲ႔ ကေလာမွာေတြ႔ၿပီး ခင္ခဲ့တာ...."
"ေဩာ္...."

ေခါက္ဆြဲေတြေရာက္လာေတာ့လည္း သူ့ေရွ့မွနွစ္ေယာက္က တစ္ေယာက္ပန္းကန္ထဲမွ တစ္ေယာက္ႏိႈက္ကာ ရယ္ေနၾကျပန္သည္။

ဒီအေျခအေနႀကီးကဘာလဲ....
သူ႔ကိုယ္သူအပယ္ခံတစ္ေယာက္လိုခံစားရၿပီး ေနေရာင္ကသူ႔ကိုဂ႐ုမစိုက္ေသာေၾကာင့္ ေဒါသထြက္ရသည္။

ခါတိုင္းေနေရာင္နဲ႔အျပင္ထြက္စားရင္ ေအာ္ဟစ္ ဆူညံၿပီး ေပ်ာ္ဖို႔ေကာင္းခဲ့တာ....

ပိုက္ဆံ႐ွင္းေတာ့လည္း ေနေရာင္က ဟိုတစ္ေယာက္အတြက္ပါ ႐ွင္းေပးသျဖင့္ မ်က္ေမွာင္ေတြကက်ံဳ႕သြားျပန္သည္။ သူအတြက္ေနေရာင္က တစ္ခါမွ ပိုက္ဆံမထုတ္ခဲ့....

ခင္တာ ႏွစ္လေလာက္သာ႐ွိေသးသူက သူ႔ထက္ ေနေရာင့္အတြက္အေရးပါလား....

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

"ေက်ာင္းကအဆင္ေျပလား..."

အိမ္ထဲဝင္လိုက္သည္ႏွင့္ ဧည့္ခန္းမွာစီးႀကိဳကာ ေမးသူ...

ထုံးစံအတိုင္း ျပန္မေျဖဘဲ ေလွကားဆီဦးတည္ေတာ့...

"စူးေနေရာင္ထက္နဲ႔ေတြ႔ၿပီးၿပီ....
စာခ်ဳပ္ခ်ဳပ္ထားတယ္ဆို..."

သူအေနာက္ကိုျပန္လွည့္ကာ ဘုန္း႐ွိန္ဝါထက္ကို ၾကည့္လိုက္သည္။

"စာခ်ဳပ္ကိုဖ်က္လိုက္...
ကိုယ္ေလ်ာ္ေၾကးေပးေပးမယ္...."
"မဖ်က္ႏိုင္ဘူး...
ခင္ဗ်ားပိုင္းလုံး လုပ္ၿပီး ရထားတဲ့ ပိုင္ဆိုင္မႈေတြကြၽန္ေတာ့္ကိုလာမေပးနဲ႔....
မသတီဘူး...."
"ငယ္ေလး!!"
"ကြၽန္ေတာ္ေငြလိုလြန္းလို့ လူလိမ္လုပ္ရင္သာလုပ္မယ္....
ခင္ဗ်ားရဲ႕ ေငြကိုေတာ့ ဘယ္ေတာ့မွမယူဘူး...
ကြၽန္ေတာ့္ကိုေက်းဇူးျပဳၿပီး လႊတ္ထားေပးပါ...
ေသေသ႐ွင္႐ွင္ ဂ႐ုမစိုက္နဲ႔...
စူးေနေရာင္ထက္အေပၚ ခင္ဗ်ားဆက္ဆံသလိုမ်ိဳး...."

သူတစ္ဖက္ကိုအလွည့္ ေက်ာျပင္ဟာ ရင္ခြင္တစ္ခုထဲေရာက္႐ွိသြားၿပီး ခါးေတြလည္းသိမ္းအဖက္ခံလိုက္ရသည္။

"ကိုယ္ဘယ္လိုလုပ္မွ....
အရင္ကကိုယ့္ကိုအရမ္းခ်စ္တဲ့ ငယ္ေလးကိုျပန္ရမွာလဲ...."
"ကြၽန္ေတာ္အဆင္ေျပေနခဲ့ၿပီ...
ခင္ဗ်ားမ႐ွိဘဲနဲ႔...
ဒါေၾကာင့္ ကြၽန္ေတာ့္ဘဝထဲကို ထပ္ဝင္မလာပါနဲ႔....
အတိတ္မွာရခဲ့တဲ့ နာက်င္မႈေတြကလုံေလာက္ၿပီထင္တယ္....."
"ကိုကို ေတာင္းပန္ပါတယ္..."
"ဘဝမွာ ေနာင္တအရဆုံးကဘာလဲဆိုရင္....
ခင္ဗ်ားကို ခ်စ္ခဲ့မိတဲ့ အတိတ္ပဲ...."

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

Bạn đang đọc truyện trên: Truyen247.Pro