Part-18 ( fear)
Unicode
ဟိုတစ်နေ့က ပြဿနာဖြစ်ပြီးကတည်းက သလင်းမြူ အခန်းထဲကနေအခန်းအပြင်တောင်မထွက်ချင်။
သူ့ကိုယ်ရေးကိုယ်တာပစ္စည်းတွေကို အန်တီမြတို့အားမမြင်စေချင်သည့်အပြင် သူနှင့်မျက်နှာချင်းဆိုင်အခန်းမှာနေသည့် ဘုန်းရှိန်ဝါထက်ဝင်လာမည်ကိုပါကြောက်သောကြောင့် အခန်းတံခါးကိုအမြဲ lock ချထားသည်။
သူ့အခန်းသန့်ရှင်းရေးကိုလည်း သူကိုယ်တိုင်သာလုပ်သည်။
ဘုန်းရှိန်ဝါထက် အိမ်မှာရှိနေလျှင် အန်တီမြက မနက်စာနေ့လည်စာညစာအားလုံးကို သူ့အခန်းဆီလာပို့ကာ သူစားချင်သည်ပြောသမျှကိုလည်း ဦးထွန်းကသွားဝယ်ပေးရှာသည်။
မိငယ်ရဲ့ကျောင်းအကြိုအပို့အတွက် အိမ်မှာရှိသည့် ဆိုင်ကယ်တစ်စီးနှင့် ဦးကျော်မင်းအားတာဝန်ပေးထားရသည်။
အလုပ်ကပြန်လာချိန်တိုင်း ဘုန်းရှိန်ဝါထက် ကသူ့အခန်းတံခါးကိုလာခေါက်မြဲ....
"ငယ်လေး....
ကိုကို ပြန်လာပြီ...."
"......"
"အခုဘာလုပ်နေတာလဲ.... "
"......"
"ညစာစားပြီးရင် ဆေးသောက်ဖို့မမေ့နဲ့ဦးနော်..."
"......"
"TV ကိုတစ်ညလုံးကြည့်မနေနဲ့ဦး စောစောအိပ်..."
"......"
"Good night... "
နေ့တိုင်းအခန်းအပြင်ကနေ သူ့တုန့်ပြန်စကားသံမရှိဘဲတစ်ယောက်တည်း ဘုန်းရှိန်ဝါထက်စကားတွေလာပြောတတ်သည်။
November လကုန်တော့မည်ဖြစ်၍ မကြာခင်သူ MU မှာတက်ရတော့မည်။
"ဟေး!!"
ဝရန်တာမှာ တစ်ယောက်တည်း ဟိုတွေးသည်တွေးနှင့်စိတ်လွင့်နေတုန်း ခေါ်သံကြောင့် ခြံထဲငုံ့ကြည့်လိုက်ရာ သူ့ကိုအောက်ဆင်းလာဖို့ အချက်ပြနေတဲ့ စစ်ကောင်းကင်နိုင်....
သလင်းမြူ မဆင်းချင်ကြောင်းခေါင်းယမ်းပြတော့ Angry bird ကောင်က မျက်မှောင်ကြီးကျုံ့လာသည်။
"မာလာရှမ်းကောသွားစားမလို့ခေါ်နေတာ!
မလိုက်ချင်လည်းနေ!!"
အစားအသောက်သံကြောင့် သလင်းမြူ ပျာသွားရသည်။
"လိုက်မယ်!!
ငါအခုချက်ချင်းဆင်းလာခဲ့မယ်....
ခဏစောင့်!"
"မြန်မြန်လုပ်...!"
သလင်းမြူ T shirt ပေါ် shirt အကွက်လက်ရှည်တစ်ထည်ထပ်ဝတ်လိုက်ပြီး ပိုက်ဆံအိတ်နှင့် ဖုန်းကို ဘောင်းဘီအိတ်ထဲထိုးထည့်ကာပြေးဆင်းခဲ့တော့သည်။
ဖိနပ်ကိုကသောကပါးစီးပြီး ခြံရှေ့မှာ အသင့်စောင့်နေသည့် စစ်ကောင်းကင်နိုင် ဆိုင်ကယ်ပေါ်သို့ အမြန်ခွလိုက်သည်။
"သွားမယ်...
မြန်မြန်မောင်း..."
လှေကားကနေပြေးဆင်းလာတာတောင် မောဖို့သတိမရဘဲ အစားအသောက်ကိုတွေးကာ အူမြူးနေသောကြောင့် စစ်ကောင်းကင်နိုင် ကျောနှင့် လက်ပြင်တွေကို သူတဖုန်းဖုန်းရိုက်မိသည်။
"ဟျောင့်!!
နာတယ်ဟ!"
"sorry....sorry...miyan....
Wuri ကောင်းကင်လေး Arphasor....."
"မင်းဘာတွေပြောနေတာလဲ... "
ဇာတ်လမ်းတွဲတွေအကြည့်များပြီး နားရည်ဝကာ မှတ်မိနေသည့်စကားတွေကို သူတောင်သတိမထားမိပဲ နှုတ်ကထွက်သွားသည်အထိကို သူပျော်နေသည်။
"မြန်မြန်သွားပါမယ်ဆို...!"
အခုချိန်ထိ ဆိုင်ကယ်ကမရွေ့သေးတာကြောင့် သူအော်မိပြန်သည်။
ခေါင်းတယမ်းယမ်းနှင့် စစ်ကောင်းကင်နိုင်က ထိုအခါမှ ဆိုင်ကယ်စက်နှိုးလေသည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
"မာလာရှမ်းကော နှစ်ယောက်စာရယ် အပ်မှိုကြွပ်ကြော်ရယ်.."
"ဂဏန်းမွှေးအိုးကကောင်းမယ့်ပုံပဲ...!"
"ဂဏန်းမွှေးအိုးရော..."
Menusကြည့်ပြီးခပ်ကျယ်ကျယ်သူပြောတော့ စစ်ကောင်းကင်နိုင်က အလိုက်သင့်မှာပေးလေသည်။
"အစ်ကို...
မာလာရှမ်းကောကို သုံးယောက်စာလုပ်ပေး..."
"နှစ်ယောက်တည်းစားမှာကိုဘာလို့ သုံးယောက်စာလည်း..."
"ငါနှစ်ယောက်စာစားမှာမို့လို့လေ.....
မင်းရှင်းမှာမလား..."
"အင်း..."
သလင်းမြူ အကျေနပ်လွန်ပြီး ရုပ်ကိုဖြီးနေသည်။
"မင်းခုနက ဘာလို့ငါ့ကိုကောင်းကင်လို့ခေါ်တာလဲ..."
"မင်းနာမည်အပြည့်အစုံကရှည်လို့လေ...
ငါတို့ကသူငယ်ချင်းတွေပဲ
ကောင်းကင်လို့ခေါ်လို့မရဘူးလား.."
"ငါတို့ဘယ်တုန်းကသူငယ်ချင်းဖြစ်သွားတာလဲ...."
"ငါလည်းမသိဘူး...
မင်းကရောငါ့ကိုမုန့်စားဖို့ဘာလို့လာခေါ်တာလဲ..."
"ဟုတ်သားပဲ...
ငါဘာလို့ခေါ်မိပါလိမ့်...."
စစ်ကောင်းကင်နိုင် မျက်မှောင်ကြီးကျုံ့ပြီးစဉ်းစားနေပြန်သည်။
"ဒီလိုမျိုးအပြင်အတူထွက်ပြီး မုန့်စားတယ်ဆိုမှတော့ ငါတို့ကသူငယ်ချင်းတွေပေါ့..."
"အဲ့လိုလား....
သူငယ်ချင်းဆိုလဲ သူငယ်ချင်းပေါ့....."
ခေါင်းတညိတ်ညိတ်နှင့် စစ်ကောင်းကင်နိုင်မှာ စူးနေရောင်ထက်အိမ်ကိုသူစရောက်တဲ့နေ့တုန်းကလို မလိုလားတဲ့အရိပ်အယောင်တွေမရှိတော့ပေ။
"မင်းမှာသူငယ်ချင်းမရှိဘူးလား..."
"သူငယ်ချင်းမရှိရအောင် ငါ့ကိုမင်းများမှတ်နေလား..."
သလင်းမြူ ဟုတ်ပါပြီလို့ပြောရင်း နှာခေါင်းရှုံ့လိုက်သည်။
မှာထားတာတွေတစ်ခုပြီးတစ်ခုရောက်လာတော့ သလင်းမြူ စကားပြောဖို့တောင်ပါးစပ်မအားနိုင်တော့....
"ဖြည်းဖြည်းစားစမ်းပါ..."
"....."
သလင်းမြူ ပြန်တောင်မဖြေ....
အကုန်လုံးပြောင်သွားမှ အအေးလေးသောက်ရင်း ခုံကိုမှီလိုက်သည်။
"ဒီလိုသာနေ့တိုင်းစားလို့ကတော့ မင်းအရင်ကထက်ကို ပိုဝလာလိမ့်မယ်..."
"ငါဘယ်လောက်စားစား မဝဘူး..."
"ဘာ..
အရင်တုန်းက မင်းလောက်ဝတာမင်းပဲရှိတယ်.."
သလင်းမြူ အမှန်အတိုင်းပြောမိပြန်ရာ ကိုယ့်ပါးစပ်ကိုယ် ရိုက်လိုက်သည်။
"ငယ်ငယ်တုန်းကတော့ဝတာပေါ့...
ဝိတ်ချပြီးကတည်းက ငါဘယ်လောက်စားစားမဝတော့ဘူးလို့ပြောတာ...."
သူစကားကိုအမြန်ပြန်ဖာရသည်။
"ငါ toilet ခဏသွားလိုက်ဦးမယ်... "
သလင်းမြူ ခုံကနေထပြီး လှည့်လိုက်တော့ မထင်မှတ်ပဲ အစားအသောက်ဗန်းသယ်လာသည့် waiter ကိုတိုက်မိသွားရာ ထမင်းပန်းကန်တွေကျကွဲကုန်ပြီး waiter လည်း ခြေခေါက်လဲသွားလေသည်။
ထိုင်နေသည့် စစ်ကောင်းကင်နိုင်လည်း ခေါင်းထောင်ကာ သူကိုကြည့်လာသည်။
"တောင်းပန်ပါတယ်... "
ထတောင်မထနိုင်သည့် waiter အစ်ကိုကြီးက သူ့ကိုချက်ချင်းတောင်းပန်လေသည်။
"မဟုတ်တာ...
ကျွန်တော်ကဝင်တိုက်မိတာကို..."
"လုပ်လိုက်ရင်နမော်နမဲ့နဲ့!!"
မျက်နှာကျောတင်းတင်းဆိုင်ရှင်က လာပြီး waiter ကိုဆူငေါက်လေသည်။
"ဟိုမှာ customers တွေစောင့်နေရတာ!
ဒါတွေမင်းလစာထဲကနေဖြတ်မယ်!!"
မျက်နှာညိုးနေသည့် waiter ကိုကြည့်ကာ သလင်းမြူ မနေနိုင်တော့...
"ဒီမှာဗျ...
ဒီထမင်းပွဲတွေနဲ့ ကွဲသွားတဲ့ပန်းကန်တွေအတွက် ကျွန်တော်လျော်ပေးပါ့မယ်...
ဒီအစ်ကို့ လစာထဲကနေမဖြတ်ပါနဲ့..."
သလင်းမြူ မျက်နှာတွေရှုံ့မဲ့နေသည့် မိန်းမနှစ်ယောက်ရှိရာဝိုင်းသို့ သွားကာ တောင်းပန်စကားဆိုလိုက်သည်။
"အစ်မတို့...
ဗိုက်အရမ်းဆာနေမှာပေါ့...
ကျွန်တော်တောင်းပန်ပါတယ်...
ထပ်စောင့်ရဦးမှာ..."
"မဟုတ်တာ...
ရပါတယ်...မောင်လေးရဲ့
အစ်မတို့စောင့်နိုင်တယ်..."
သူသွားတောင်းပန်တော့ ထိုအမျိုးသမီးနှစ်ယောက်က ချက်ချင်းမျက်နှာအမူအရာတွေ ပြုံးချိုလာကြသည်။
"ကျေးဇူးတင်ပါတယ်...
တောင်းပန်တဲ့အနေနဲ့ အစ်မတို့မှာထားတဲ့ ဟာတွေကို ကျွန်တော်ရှင်းပေးပါရစေ..."
"မဟုတ်တာ
မောင်လေးကလည်း..."
"ဒီလောက်တော့ ပြန်လုပ်ပေးပါရစေ..."
"အဲ့လိုဆိုလည်း...
မောင်လေးသဘောပါ..."
သလင်းမြူ ဆိုင်ရှင်အနားပြန်သွားလိုက်သည်။
"အခုအားလုံးအဆင်ပြေပြီမလား..."
"ဟုတ်ကဲ့.."
ထော့နဲ့နဲ့ နဲ့ပန်းကန်အကွဲတွေကောက်နေသည့် waiter အစ်ကိုကြီး လက်ကို သလင်းမြူ ဆွဲလိုက်သည်။
"အစ်ကို ခုံပေါ်ခဏလောက်ထိုင်ပေးပါလား..."
"ဟုတ်..."
သလင်းမြူ ခြေတစ်ဖက်ဒူးထောက်ကာ ထိုင်လိုက်ပြီး ထိုအစ်ကိုရဲ့နာနေသည့် ခြေထောက်ကိုကိုင်လိုက်သည်။
အားနာပြီး ထိုအစ်ကိုက ငြင်းဆန်သည်။
သလင်းမြူ ခြေဖဝါးကနေကိုင်ကာ လှည့်ကြည့်တော့ နာပြီးအော်လေသည်။
"ဒီနေရာကနာနေတာမလား..."
"ဟုတ်..."
"အဆစ်လွဲသွားတာပဲ...
ပြန်တည့်ပေးမယ်..
နည်းနည်းတော့နာမှာ..."
သလင်မြူ ဟိုလှည့်ဒီလှည့် လုပ်နေရာမှ ခြေချင်းဝတ်ကိုသေချာကိုင်ကာ ဆတ်ကနဲအဆစ်ကိုနေရာပြန်ချလိုက်သည်။
"အား..."
"ရပြီ....
အဲ့နေရာကို ဆေးလေးတော့လူးလိုက်ဦး..."
"ကျေးဇူးတင်ပါတယ်... "
ထိုအစ်ကိုက လမ်းလျှောက်ကြည့်ရင်း မနာတော့သည့် ခြေထောက်ကြောင့် သူ့ကိုကျေးဇူးအထပ်ထပ်တင်လေသည်။
ထိုအခါမှ သလင်းမြူ ရှူးပေါက်ချင်နေသည်ကို ပြန်သတိရကာ ထွက်ကျလုနီးပါးဖြစ်နေသောကြောင့် toilet ကိုတန်းနေအောင်ပြေးတော့သည်။
Bill ရှင်းတော့ စစ်ကောင်းကင်နိုင် ရှင်းရသည်ကနည်းနည်း သလင်းမြူ အိတ်ထဲကထွက်သွားသည်ကများများ...
"မင်းခုနက ဘာလို့ waiter ခြေထောက်ကိုကိုင်တာလဲ..."
"သူအဆစ်လွဲသွားလို့လေ.."
"အဆစ်လွဲမှန်းဘယ်လိုလုပ်သိတာလဲ..."
"ဒီတိုင်း သိတာ..."
"ဒီတိုင်း?"
"အင်း ဒီတိုင်း..."
စစ်ကောင်းကင်နိုင် အတော်ကြာအောင်တိတ်ဆိတ်သွားခဲ့သည်။
" ငါစိတ်ဝင်စားအောင် ဒီလိုတွေလုပ်နေတာမလား..."
သလင်းမြူ ဆိုင်ကယ်မောင်းနေသည့် စစ်ကောင်းကင်နိုင်ကို အနောက်ကနေလက်သီးနဲ့ ရွယ်မိသည်။
"မင်းမှာကုမရတဲ့ရောဂါဖြစ်နေပြီပဲ စစ်ကောင်းကင်နိုင်.."
"ရောဂါ!
ဘာရောဂါလဲ!"
"ဆေးမရှိတဲ့ ဖင်ယားရောဂါ...!"
သလင်းမြူ ပြောပြောဆိုဆို အနောက်ကနေ စစ်ကောင်းကင်နိုင်ကျောကိုထုပစ်လိုက်သည်။
"စူးနေရောင်ထက်!
မင်းလက်မပါနဲ့နော်!!
ငါဆိုင်ကယ်မောင်းနေလို့ ငြိမ်နေတာ..."
သလင်းမြူလည်း ထိုအခွင့်အရေးကိုအရယူကာ အားရအောင်ထုသည်။ အော်ဟစ်နေသည့် စစ်ကောင်းကင်နိုင်ကြောင့် တစ်လမ်းလုံး အားလုံးကသူတို့ကိုကြည့်သွားကြလေသည်။
အိမ်ရှေ့ဆိုင်ကယ်ရပ်သည်နှင့် သလင်းမြူ တန်းဆင်းပြေးတော့သည်။
"စူးနေရောင်ထက်!!
မင်ရပ်စမ်း!
ငါ့ကိုလုပ်တုန်းကလုပ်ပြီး...
ဟျောင့်!!"
သလင်းမြူ ရယ်မောကာ အိမ်အပေါ်ထပ်ကို တက်သွားတော့ သူ့အခန်းရှေ့မှာ ရပ်နေသည့် ဘုန်းရှိန်ဝါထက်ကိုတွေ့ရသည်။
သလင်းမြူ ဂရုမစိုက်ဘဲ အခန်းတံခါးဆီလက်လှမ်းတော့ သူ့လက်တွေဆွဲဆောင့်ခံလိုက်ရသည်။
နာကျင်သွားသည့် လက်ကိုတောင်အာရုံမစိုက်နိုင် သူ့ခန္ဓာကိုယ်က ဘုန်းရှိန်ဝါထက်ဖက်ထားသည့် လက်တွေကြားမှာ....
သူရုန်းကန်ရင်း အလန့်တကြားမော့ကြည့်မိတော့ သူ့ကို အံကြိတ်ပြီး ဘုန်းရှိန်ဝါထက်ကစိုက်ကြည့်နေသည်။
သူ့လက်မောင်းကနေဖက်ထားတာကြောင့် လက်တို့ကနည်းနည်းတော့ လှုပ်ရသည်။
"ဘာလုပ်တာလဲ!
လွှတ်!!"
စကားတစ်ခွန်းပြန်မဆိုဘဲ ဘုန်းရှိန်ဝါထက်က သူ့ကိုပိုတင်းကြပ်စွာဖက်လာသည်။
"ငါကမင်းအခန်းထဲထိ လိုက်မလာဘူးများထင်နေလား စူးနေရောင်ထက်!"
လှေကားကနေပြေးတက်လာနေသည့် စစ်ကောင်းကင်နိုင်ရဲ့ အသံကြောင့် သူပို၍ရုန်းပေမယ့် မရ....
ဘုန်းရှိန်ဝါထက်လက်တွေက အသက်ရှူရခက်အောင်ကို တင်းကြပ်လာသည်။
"စူးနေ...!!"
သူ့တို့ကို စစ်ကောင်ကင်နိုင်က ကြောင်တောင်တောင်ကြည့်ရင်း အနားလျှောက်လာလေသည်။
"ဘာဖြစ်နေကြတာလဲ..."
သလင်းမြူ ထပ်ပြီး ဘုန်းရှိန်ဝါထက်ရင်ဘက်ကို ထုရိုက်တော့ မျက်မှောင်ကျုံ့လာသည်။
"ဦးဘုန်းရှိန်ဝါထက် စူးကိုလွှတ်ပေးလိုက်ပါ..."
"မင်းနဲ့မဆိုင်ဘူး..
ဝင်မပါနဲ့...!"
"လွှတ်! ကျွန်တော့်ကိုလွှတ်!!
.....
ခင်ဗျားကို ပိုမုန်းမိတော့မယ်......."
သူရဲ့တိုးလျတဲ့စကားသံလေးအဆုံး ဘုန်းရှိန်ဝါထက်လက်တို့ ပြေလျော့သွားခဲ့သည်။
"တောင်းပန်ပါတယ်... "
ဘုန်းရှိန်ဝါထက် အခန်းထဲဝင်သွားတော့ သလင်းမြူလည်း မိမိအခန်းထဲဝင်လိုက်ရာ စစ်ကောင်းကင်နိုင် ပါလိုက်ဝင်လာလေသည်။
"မင်းနဲ့ ဘိုးတော်ဘာဖြစ်ကြတာလဲ...."
"ဘာမှမဖြစ်ပါဘူး...
နည်းနည်းကတောက်ကဆလေးဖြစ်ရုံပါ..."
"ဟုတ်လို့လား..."
"အင်း..."
သလင်းမြူ ကုတင်ပေါ်ထိုင်ပြီး အပေါ်မှ ထပ်ဝတ်ထားသည့် Shirt လက်ရှည်ကိုချွတ်လိုက်ရာ နီရဲနေသည့်သူ့လက်မောင်းတွေကိုတွေ့ရသည်။
"မင်းလက်တွေနီရဲနေတာပဲ...
နာနေလား..."
"မနာပါဘူး... "
"ဘိုးတော်ကလည်း ကြမ်းလိုက်တာ...
ကတောက်ကဆဖြစ်တာနဲ့ မင်းကိုနာအောင်ချုပ်ရတယ်လို့...."
ဖက်သည်လို့မပြောဘဲ ချုပ်ထားသည်ဟုသာ စစ်ကောင်းကင်နိုင်ရိုးရှင်းစွာတွေး၍ သလင်းမြူ လက်တွေကိုကိုင်ကြည့်လေသည်။
"မင်းအသားကလည်း ဖြူစွတ်နေတာကို...
ဆေးလိမ်းရအောင် ဘာဆေးမှမရှိဘူးလား.."
"လက်နီတာကို ဆေးလိမ်းစရာလား!!"
"ဘာလို့ငါ့ကိုလာအော်နေတာလဲ!
မင်းကိုနာအောင်ငါလုပ်တာမှမဟုတ်တာ!"
"မသိဘူး!
အော်မှာပဲ...!"
"စူးနေရောင်ထက်!!
မင်းခုနကငါ့ကို လုပ်ထားတာ ငါမကျေသေးဘူးနော်!!"
ဒါပါပဲ ဘယ်လိုအကြောင်းအရာနဲ့ပဲ သူနဲ့နှစ်ယောက်ဆုံဆုံ အတူရှိတာနဲ့ အော်ဟစ်ပြီး သတ်ကြတာနဲ့ပဲအဆုံးသတ်တယ်....
အော်ဟစ်နေတဲ့သူတို့နှစ်ယောက်ရဲ့ အသံကျယ်ကျယ်တွေကို နားထောင်နေတဲ့ တစ်ဖက်အခန်းကလူရဲ့ နှလုံးသားကတော့ ကြောက်ရွံ့မှုတွေနဲ့ ပူလောင်နေသည်။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
(AN: အဟမ်း!! ကိုယ်ပြောစရာလေးနည်းနည်းရှိတယ်.......😁
ကိုယ့် reader တွေထဲမှာ ငယ့်ကို မင်းညီနဲ့ပဲ သဘောတူတဲ့သူတွေအများကြီးရှိပြီး အနည်းစုကတော့ စစ်နဲ့သဘောတူကြတယ်...
ဘယ်သူနဲ့ရမလဲ ဘယ်သူကပိုအဓိကလဲဆိုပြီး spoiler လာတွေမေးလည်း ကိုယ်မဖြေပါဘူး...😷
ခင်ဗျားလေးတို့သိတဲ့အတိုင်း ဒီ author ကချိုလိုက်ခါးလိုက်ပါ...✌
ကိုယ်ကဒီတိုင်းလက်တန်းချရေးတတ်တဲ့သူ။ နှစ်ယောက်မရှိအောင်လည်း ပျင်းတယ်😌
ဒါပေမယ့် ကိုယ်အစကတည်းက ဇာတ်လမ်းရဲ့အဓိကအသွားအလာကို စဉ်းစားထားပြီးသားဖြစ်တဲ့အတွက်....
ကိုယ့် reader တွေအကြိုက်လိုက်ပြီး ကိုယ့်စိတ်ကူးတွေကိုပြောင်းမှာမဟုတ်ပါဘူး...😔
ပြီးတော့ အထူးသဖြင့် အားလုံးသိတဲ့အတိုင်း...
ဒီဇာတ်လမ်းရဲ့ 50%ကလုံးဝ true story ပါ
သလင်းရဲ့ ငယ်ဘဝ ခံစားခဲ့ရတာတွေ
မင်းညီရဲ့အကြောင်း
စစ်ကောင်းကင်နိုင်ရဲ့ ဖြစ်တည်မှု
ဒါတွေအားလုံးက အစစ်အမှန်ရှိခဲ့ပါတယ်
ကိုယ့်ရဲ့ ဖန်တီးမှုနဲ့ပေါင်းစပ်ပြီး သူတို့ကို ပြန်အသက်သွင်းထားတာပါ။😳)
******************************
Zawgyi
ဟိုတစ္ေန႔က ျပႆနာျဖစ္ၿပီးကတည္းက သလင္းျမဴ အခန္းထဲကေနအခန္းအျပင္ေတာင္မထြက္ခ်င္။
သူ႔ကိုယ္ေရးကိုယ္တာပစၥည္းေတြကို အန္တီျမတို႔အားမျမင္ေစခ်င္သည့္အျပင္ သူႏွင့္မ်က္ႏွာခ်င္းဆိုင္အခန္းမွာေနသည့္ ဘုန္း႐ွိန္ဝါထက္ဝင္လာမည္ကိုပါေၾကာက္ေသာေၾကာင့္ အခန္းတံခါးကိုအျမဲ lock ခ်ထားသည္။
သူ႔အခန္းသန္႔႐ွင္းေရးကိုလည္း သူကိုယ္တိုင္သာလုပ္သည္။
ဘုန္း႐ွိန္ဝါထက္ အိမ္မွာ႐ွိေနလ်ွင္ အန္တီျမက မနက္စာေန႔လည္စာညစာအားလုံးကို သူ႔အခန္းဆီလာပို႔ကာ သူစားခ်င္သည္ေျပာသမ်ွကိုလည္း ဦးထြန္းကသြားဝယ္ေပး႐ွာသည္။
မိငယ္ရဲ႕ေက်ာင္းအႀကိဳအပို႔အတြက္ အိမ္မွာ႐ွိသည့္ ဆိုင္ကယ္တစ္စီးႏွင့္ ဦးေက်ာ္မင္းအားတာဝန္ေပးထားရသည္။
အလုပ္ကျပန္လာခ်ိန္တိုင္း ဘုန္း႐ွိန္ဝါထက္ ကသူ႔အခန္းတံခါးကိုလာေခါက္ျမဲ....
"ငယ္ေလး....
ကိုကို ျပန္လာၿပီ...."
"......"
"အခုဘာလုပ္ေနတာလဲ.... "
"......"
"ညစာစားၿပီးရင္ ေဆးေသာက္ဖို႔မေမ့နဲ႔ဦးေနာ္..."
"......"
"TV ကိုတစ္ညလုံးၾကည့္မေနနဲ႔ဦး ေစာေစာအိပ္..."
"......"
"Good night... "
ေန႔တိုင္းအခန္းအျပင္ကေန သူ့တုန့္ျပန္စကားသံမ႐ွိဘဲတစ္ေယာက္တည္း ဘုန္း႐ွိန္ဝါထက္စကားေတြလာေျပာတတ္သည္။
November လကုန္ေတာ့မည္ျဖစ္၍ မၾကာခင္သူ MU မွာတက္ရေတာ့မည္။
"ေဟး!!"
ဝရန္တာမွာ တစ္ေယာက္တည္း ဟိုေတြးသည္ေတြးႏွင့္စိတ္လြင့္ေနတုန္း ေခၚသံေၾကာင့္ ျခံထဲငုံ႔ၾကည့္လိုက္ရာ သူ႔ကိုေအာက္ဆင္းလာဖို႔ အခ်က္ျပေနတဲ့ စစ္ေကာင္းကင္ႏိုင္....
သလင္းျမဴ မဆင္းခ်င္ေၾကာင္းေခါင္းယမ္းျပေတာ့ Angry bird ေကာင္က မ်က္ေမွာင္ႀကီးက်ဳံ႕လာသည္။
"မာလာ႐ွမ္းေကာသြားစားမလို႔ေခၚေနတာ!
မလိုက္ခ်င္လည္းေန!!"
အစားအေသာက္သံေၾကာင့္ သလင္းျမဴ ပ်ာသြားရသည္။
"လိုက္မယ္!!
ငါအခုခ်က္ခ်င္းဆင္းလာခဲ့မယ္....
ခဏေစာင့္!"
"ျမန္ျမန္လုပ္...!"
သလင္းျမဴ T shirt ေပၚ shirt အကြက္လက္႐ွည္တစ္ထည္ထပ္ဝတ္လိုက္ၿပီး ပိုက္ဆံအိတ္ႏွင့္ ဖုန္းကို ေဘာင္းဘီအိတ္ထဲထိုးထည့္ကာေျပးဆင္းခဲ့ေတာ့သည္။
ဖိနပ္ကိုကေသာကပါးစီးၿပီး ျခံေ႐ွ႕မွာ အသင့္ေစာင့္ေနသည့္ စစ္ေကာင္းကင္ႏိုင္ ဆိုင္ကယ္ေပၚသို႔ အျမန္ခြလိုက္သည္။
"သြားမယ္...
ျမန္ျမန္ေမာင္း..."
ေလွကားကေနေျပးဆင္းလာတာေတာင္ ေမာဖို႔သတိမရဘဲ အစားအေသာက္ကိုေတြးကာ အူျမဴးေနေသာေၾကာင့္ စစ္ေကာင္းကင္ႏိုင္ ေက်ာႏွင့္ လက္ျပင္ေတြကို သူတဖုန္းဖုန္း႐ိုက္မိသည္။
"ေဟ်ာင့္!!
နာတယ္ဟ!"
"အာ...sorry....sorry...miyan....
Wuri ေကာင္းကင္ေလး Arphasor....."
"မင္းဘာေတြေျပာေနတာလဲ... "
ဇာတ္လမ္းတြဲေတြအၾကည့္မ်ားၿပီး နားရည္ဝကာ မွတ္မိေနသည့္စကားေတြကို သူေတာင္သတိမထားမိပဲ ႏႈတ္ကထြက္သြားသည္အထိကို သူေပ်ာ္ေနသည္။
"ျမန္ျမန္သြားပါမယ္ဆို...!"
အခုခ်ိန္ထိ ဆိုင္ကယ္ကမေရြ႔ေသးတာေၾကာင့္ သူေအာ္မိျပန္သည္။
ေခါင္းတယမ္းယမ္းႏွင့္ စစ္ေကာင္းကင္ႏိုင္က ထိုအခါမွ ဆိုင္ကယ္စက္ႏိႈးေလသည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
"မာလာ႐ွမ္းေကာ ႏွစ္ေယာက္စာရယ္ အပ္မိႈႂကြပ္ေၾကာ္ရယ္.."
"ဂဏန္းေမႊးအိုးကေကာင္းမယ့္ပုံပဲ...!"
"ဂဏန္းေမႊးအိုးေရာ..."
Menusၾကည့္ၿပီးခပ္က်ယ္က်ယ္သူေျပာေတာ စစ္ေကာင္းကင္ႏိုင္က အလိုက္သင့္မွာေပးေလသည္။
"အစ္ကို...
မာလာ႐ွမ္းေကာကို သုံးေယာက္စာလုပ္ေပး..."
"ႏွစ္ေယာက္တည္းစားမွာကိုဘာလို႔ သုံးေယာက္စာလည္း..."
"ငါႏွစ္ေယာက္စာစားမွာမို႔လို႔ေလ.....
မင္း႐ွင္းမွာမလား..."
"အင္း..."
သလင္းျမဴ အေက်နပ္လြန္ၿပီး ႐ုပ္ကိုၿဖီးေနသည္။
"မင္းခုနက ဘာလို႔ငါ့ကိုေကာင္းကင္လို႔ေခၚတာလဲ..."
"မင္းနာမည္အျပည့္အစုံက႐ွည္လို႔ေလ...
ငါတို႔ကသူငယ္ခ်င္းေတြပဲ
ေကာင္းကင္လို႔ေခၚလို႔မရဘူးလား.."
"ငါတို႔ဘယ္တုန္းကသူငယ္ခ်င္းျဖစ္သြားတာလဲ...."
"ငါလည္းမသိဘူး...
မင္းကေရာငါ့ကိုမုန္႔စားဖို႔ဘာလို႔လာေခၚတာလဲ..."
"ဟုတ္သားပဲ...
ငါဘာလို႔ေခၚမိပါလိမ့္...."
စစ္ေကာင္းကင္ႏိုင္ မ်က္ေမွာင္ႀကီးက်ံဳ႕ၿပီးစဥ္းစားေနျပန္သည္။
"ဒီလိုမ်ိဳးအျပင္အတူထြက္ၿပီး မုန္႔စားတယ္ဆိုမွေတာ့ ငါတို႔ကသူငယ္ခ်င္းေတြေပါ့..."
"အဲ့လိုလား....
သူငယ္ခ်င္းဆိုလဲ သူငယ္ခ်င္းေပါ့....."
ေခါင္းတညိတ္ညိတ္ႏွင့္ စစ္ေကာင္းကင္ႏိုင္မွာ စူးေနေရာင္ထက္အိမ္ကိုသူစေရာက္တဲ့ေန့တုန္းကလို မလိုလားတဲ့အရိပ္အေယာင္ေတြမ႐ွိေတာ့ေပ။
"မင္းမွာသူငယ္ခ်င္းမ႐ွိဘူးလား..."
"သူငယ္ခ်င္းမ႐ွိရေအာင္ ငါ့ကိုမင္းမ်ားမွတ္ေနလား..."
သလင္းျမဴ ဟုတ္ပါၿပီလို႔ေျပာရင္း ႏွာေခါင္း႐ွံု႕လိုက္သည္။
မွာထားတာေတြတစ္ခုၿပီးတစ္ခုေရာက္လာေတာ့ သလင္းျမဴ စကားေျပာဖို႔ေတာင္ပါးစပ္မအားႏိုင္ေတာ့....
"ျဖည္းျဖည္းစားစမ္းပါ..."
"....."
သလင္းျမဴ ျပန္ေတာင္မေျဖ....
အကုန္လုံးေျပာင္သြားမွ အေအးေလးေသာက္ရင္း ခုံကိုမွီလိုက္သည္။
"ဒီလိုသာေန့တိုင္းစားလို႔ကေတာ့ မင္းအရင္ကထက္ကို ပိုဝလာလိမ့္မယ္..."
"ငါဘယ္ေလာက္စားစား မဝဘူး..."
"ဘာ..
အရင္တုန္းက မင္းေလာက္ဝတာမင္းပဲ႐ွိတယ္.."
သလင္းျမဴ အမွန္အတိုင္းေျပာမိျပန္ရာ ကိုယ့္ပါးစပ္ကိုယ္ ႐ိုက္လိုက္သည္။
"ငယ္ငယ္တုန္းကေတာ့ဝတာေပါ့...
ဝိတ္ခ်ၿပီးကတည္းက ငါဘယ္ေလာက္စားစားမဝေတာ့ဘူးလို႔ေျပာတာ...."
သူစကားကိုအျမန္ျပန္ဖာရသည္။
"ငါ toilet ခဏသြားလိုက္ဦးမယ္... "
သလင္းျမဴ ခုံကေနထၿပီး လွည့္လိုက္ေတာ့ မထင္မွတ္ပဲ အစားအေသာက္ဗန္းသယ္လာသည့္ waiter ကိုတိုက္မိသြားရာ ထမင္းပန္းကန္ေတြက်ကြဲကုန္ၿပီး waiter လည္း ေျခေခါက္လဲသြားေလသည္။
ထိုင္ေနသည့္ စစ္ေကာင္းကင္ႏိုင္လည္း ေခါင္းေထာင္ကာ သူကိုၾကည့္လာသည္။
"ေတာင္းပန္ပါတယ္... "
ထေတာင္မထႏိုင္သည့္ waiter အစ္ကိုႀကီးက သူ႔ကိုခ်က္ခ်င္းေတာင္းပန္ေလသည္။
"မဟုတ္တာ...
ကြၽန္ေတာ္ကဝင္တိုက္မိတာကို..."
"လုပ္လိုက္ရင္နေမာ္နမဲ့နဲ႔!!"
မ်က္ႏွာေက်ာတင္းတင္းဆိုင္႐ွင္က လာၿပီး waiter ကိုဆူေငါက္ေလသည္။
"ဟိုမွာ customers ေတြေစာင့္ေနရတာ!
ဒါေတြမင္းလစာထဲကေနျဖတ္မယ္!!"
မ်က္ႏွာညိဳးေနသည့္ waiter ကိုၾကည့္ကာ သလင္းျမဴ မေနႏိုင္ေတာ့...
"ဒီမွာဗ်...
ဒီထမင္းပြဲေတြနဲ႔ ကြဲသြားတဲ့ပန္းကန္ေတြအတြက္ ကြၽန္ေတာ္ေလ်ာ္ေပးပါ့မယ္...
ဒီအစ္ကို႔ လစာထဲကေနမျဖတ္ပါနဲ႔..."
သလင္းျမဴ မ်က္ႏွာေတြ႐ႈံ႕မဲ့ေနသည့္ မိန္းမႏွစ္ေယာက္႐ွိရာဝိုင္းသို႔ သြားကာ ေတာင္းပန္စကားဆိုလိုက္သည္။
"အစ္မတို႔...
ဗိုက္အရမ္းဆာေနမွာေပါ့...
ကြၽန္ေတာ္ေတာင္းပန္ပါတယ္...
ထပ္ေစာင့္ရဦးမွာ..."
"မဟုတ္တာ...
ရပါတယ္...ေမာင္ေလးရဲ႕
အစ္မတို႔ေစာင့္ႏိုင္တယ္..."
သူသြားေတာင္းပန္ေတာ့ ထိုအမ်ိဳးသမီးႏွစ္ေယာက္က ခ်က္ခ်င္းမ်က္ႏွာအမူအရာေတြ ျပဳံးခ်ိဳလာၾကသည္။
"ေက်းဇူးတင္ပါတယ္...
ေတာင္းပန္တဲ့အေနနဲ႔ အစ္မတို႔မွာထားတဲ့ ဟာေတြကို ကြၽန္ေတာ္႐ွင္းေပးပါရေစ..."
"မဟုတ္တာ
ေမာင္ေလးကလည္း..."
"ဒီေလာက္ေတာ့ ျပန္လုပ္ေပးပါရေစ..."
"အဲ့လိုဆိုလည္း...
ေမာင္ေလးသေဘာပါ..."
သလင္းျမဴ ဆိုင္႐ွင္အနားျပန္သြားလိုက္သည္။
"အခုအားလုံးအဆင္ေျပၿပီမလား..."
"ဟုတ္ကဲ့.."
ေထာ့နဲ႔နဲ႔ နဲ႔ပန္းကန္အကြဲေတြေကာက္ေနသည့္ waiter အစ္ကိုႀကီး လက္ကို သလင္းျမဴ ဆြဲလိုက္သည္။
"အစ္ကို ခုံေပၚခဏေလာက္ထိုင္ေပးပါလား..."
"ဟုတ္..."
သလင္းျမဴ ေျခတစ္ဖက္ဒူးေထာက္ကာ ထိုင္လိုက္ၿပီး ထိုအစ္ကိုရဲ႕နာေနသည့္ ေျခေထာက္ကိုကိုင္လိုက္သည္။
အားနာၿပီး ထိုအစ္ကိုက ျငင္းဆန္သည္။
သလင္းျမဴ ေျခဖဝါးကေနကိုင္ကာ လွည့္ၾကည့္ေတာ့ နာၿပီးေအာ္ေလသည္။
"ဒီေနရာကနာေနတာမလား..."
"ဟုတ္..."
"အဆစ္လြဲသြားတာပဲ...
ျပန္တည့္ေပးမယ္..
နည္းနည္းေတာ့နာမွာ..."
သလင္ျမဴ ဟိုလွည့္ဒီလွည့္ လုပ္ေနရာမွ ေျခခ်င္းဝတ္ကိုေသခ်ာကိုင္ကာ ဆတ္ကနဲအဆစ္ကိုေနရာျပန္ခ်လိုက္သည္။
"အား..."
"ရၿပီ....
အဲ့ေနရာကို ေဆးေလးေတာ့လူးလိုက္ဦး..."
"ေက်းဇူးတင္ပါတယ္... "
ထိုအစ္ကိုက လမ္းေလ်ွာက္ၾကည့္ရင္း မနာေတာ့သည့္ ေျခေထာက္ေၾကာင့္ သူ႔ကိုေက်းဇူးအထပ္ထပ္တင္ေလသည္။
ထိုအခါမွ သလင္းျမဴ ႐ွဴးေပါက္ခ်င္ေနသည္ကို ျပန္သတိရကာ ထြက္က်လုနီးပါးျဖစ္ေနေသာေၾကာင့္ toilet ကိုတန္းေနေအာင္ေျပးေတာ့သည္။
Bill ႐ွင္းေတာ့ စစ္ေကာင္းကင္နိုင္ ႐ွင္းရသည္ကနည္းနည္း သလင္းျမဴ အိတ္ထဲကထြက္သြားသည္ကမ်ားမ်ား...
"မင္းခုနက ဘာလို႔ waiter ေျခေထာက္ကိုကိုင္တာလဲ..."
"သူအဆစ္လြဲသြားလို႔ေလ.."
"အဆစ္လြဲမွန္းဘယ္လိုလုပ္သိတာလဲ..."
"ဒီတိုင္း သိတာ..."
"ဒီတိုင္း?"
"အင္း ဒီတိုင္း..."
စစ္ေကာင္းကင္နိုင္ အေတာ္ၾကာေအာင္တိတ္ဆိတ္သြားခဲ့သည္။
" ငါစိတ္ဝင္စားေအာင္ ဒီလိုေတြလုပ္ေနတာမလား..."
သလင္းျမဴ ဆိုင္ကယ္ေမာင္းေနသည့္ စစ္ေကာင္းကင္ႏိုင္ကို အေနာက္ကေနလက္သီးနဲ႔ ရြယ္မိသည္။
"မင္းမွာကုမရတဲ့ေရာဂါျဖစ္ေနၿပီပဲ စစ္ေကာင္းကင္ႏိုင္.."
"ေရာဂါ!
ဘာေရာဂါလဲ!"
"ေဆးမ႐ွိတဲ့ ဖင္ယားေရာဂါ...!"
သလင္းျမဴ ေျပာေျပာဆိုဆို အေနာက္ကေန စစ္ေကာင္းကင္ႏိုင္ေက်ာကိုထုပစ္လိုက္သည္။
"စူးေနေရာင္ထက္!
မင္းလက္မပါနဲ႔ေနာ္!!
ငါဆိုင္ကယ္ေမာင္းေနလို႔ ၿငိမ္ေနတာ..."
သလင္းျမဴလည္း ထိုအခြင့္အေရးကိုအရယူကာ အားရေအာင္ထုသည္။ ေအာ္ဟစ္ေနသည့္ စစ္ေကာင္းကင္ႏိုင္ေၾကာင့္ တစ္လမ္းလုံး အားလုံးကသူတို႔ကိုၾကည့္သြားၾကေလသည္။
အိမ္ေ႐ွ႕ဆိုင္ကယ္ရပ္သည္ႏွင့္ သလင္းျမဴ တန္းဆင္းေျပးေတာ့သည္။
"စူးေနေရာင္ထက္!!
မင္ရပ္စမ္း!
ငါ့ကိုလုပ္တုန္းကလုပ္ၿပီး...
ေဟ်ာင့္!!"
သလင္းျမဴ ရယ္ေမာကာ အိမ္အေပၚထပ္ကို တက္သြားေတာ့ သူ႔အခန္းေ႐ွ႕မွာ ရပ္ေနသည့္ ဘုန္း႐ွိန္ဝါထက္ကိုေတြ႔ရသည္။
သလင္းျမဴ ဂ႐ုမစိုက္ဘဲ အခန္းတံခါးဆီလက္လွမ္းေတာ့ သူ႔လက္ေတြဆြဲေဆာင့္ခံလိုက္ရသည္။
နာက်င္သြားသည့္ လက္ကိုေတာင္အာ႐ုံမစိုက္ႏိုင္ သူ႔ခႏၶာကိုယ္က ဘုန္း႐ွိန္ဝါထက္ဖက္ထားသည့္ လက္ေတြၾကားမွာ....
သူ႐ုန္းကန္ရင္း အလန္႔တၾကားေမာ့ၾကည့္မိေတာ့ သူ႔ကို အံႀကိတ္ၿပီး ဘုန္း႐ွိန္ဝါထက္ကစိုက္ၾကည့္ေနသည္။
သူ့လက္ေမာင္းကေနဖက္ထားတာေၾကာင့္ လက္တို႔ကနည္းနည္းေတာ့ လႈပ္ရသည္။
"ဘာလုပ္တာလဲ!
လႊတ္!!"
စကားတစ္ခြန္းျပန္မဆိုဘဲ ဘုန္း႐ွိန္ဝါထက္က သူ႔ကိုပိုတင္းၾကပ္စြာဖက္လာသည္။
"ငါကမင္းအခန္းထဲထိ လိုက္မလာဘူးမ်ားထင္ေနလား စူးေနေရာင္ထက္!"
ေလွကားကေနေျပးတက္လာေနသည့္ စစ္ေကာင္းကင္ႏိုင္ရဲ႕ အသံေၾကာင့္ သူပို၍႐ုန္းေပမယ့္ မရ....
ဘုန္း႐ွိန္ဝါထက္လက္ေတြက အသက္႐ွဴရခက္ေအာင္ကို တင္းၾကပ္လာသည္။
"စူးေန...!!"
သူ႔တို႔ကို စစ္ေကာင္ကင္ႏိုင္က ေၾကာင္ေတာင္ေတာင္ၾကည့္ရင္း အနားေလ်ွာက္လာေလသည္။
"ဘာျဖစ္ေနၾကတာလဲ..."
သလင္းျမဴ ထပ္ၿပီး ဘုန္း႐ွိန္ဝါထက္ရင္ဘက္ကို ထု႐ိုက္ေတာ့ မ်က္ေမွာင္က်ံဳ႕လာသည္။
"ဦးဘုန္း႐ွိန္ဝါထက္ စူးကိုလႊတ္ေပးလိုက္ပါ..."
"မင္းနဲ႔မဆိုင္ဘူး..
ဝင္မပါနဲ႔...!"
"လႊတ္! ကြၽန္ေတာ့္ကိုလႊတ္!!
.....
ခင္ဗ်ားကို ပိုမုန္းမိေတာ့မယ္......."
သူရဲ႕တိုးလ်တဲ့စကားသံေလးအဆုံး ဘုန္း႐ွိန္ဝါထက္လက္တို႔ ေျပေလ်ာ့သြားခဲ့သည္။
"ေတာင္းပန္ပါတယ္... "
ဘုန္း႐ွိန္ဝါထက္ အခန္းထဲဝင္သြားေတာ့ သလင္းျမဴလည္း မိမိအခန္းထဲဝင္လိုက္ရာ စစ္ေကာင္းကင္ႏိုင္ ပါလိုက္ဝင္လာေလသည္။
"မင္းနဲ႔ ဘိုးေတာ္ဘာျဖစ္ၾကတာလဲ...."
"ဘာမွမျဖစ္ပါဘူး...
နည္းနည္းကေတာက္ကဆေလးျဖစ္႐ုံပါ..."
"ဟုတ္လို႔လား..."
"အင္း..."
သလင္းျမဴ ကုတင္ေပၚထိုင္ၿပီး အေပၚမွ ထပ္ဝတ္ထားသည့္ Shirt လက္႐ွည္ကိုခြၽတ္လိုက္ရာ နီရဲေနသည့္သူ႔လက္ေမာင္းေတြကိုေတြ႔ရသည္။
"မင္းလက္ေတြနီရဲေနတာပဲ...
နာေနလား..."
"မနာပါဘူး... "
"ဘိုးေတာ္ကလည္း ၾကမ္းလိုက္တာ...
ကေတာက္ကဆျဖစ္တာနဲ႔ မင္းကိုနာေအာင္ခ်ဳပ္ရတယ္လို႔...."
ဖက္သည္လို႔မေျပာဘဲ ခ်ဳပ္ထားသည္ဟုသာ စစ္ေကာင္းကင္ႏိုင္႐ိုး႐ွင္းစြာေတြး၍ သလင္းျမဴ လက္ေတြကိုကိုင္ၾကည့္ေလသည္။
"မင္းအသားကလည္း ျဖဴစြတ္ေနတာကို...
ေဆးလိမ္းရေအာင္ ဘာေဆးမွမ႐ွိဘူးလား.."
"လက္နီတာကို ေဆးလိမ္းစရာလား!!"
"ဘာလို႔ငါ့ကိုလာေအာ္ေနတာလဲ!
မင္းကိုနာေအာင္ငါလုပ္တာမွမဟုတ္တာ!"
"မသိဘူး!
ေအာ္မွာပဲ...!"
"စူးေနေရာင္ထက္!!
မင္းခုနကငါ့ကို လုပ္ထားတာ ငါမေက်ေသးဘူးေနာ္!!"
ဒါပါပဲ ဘယ္လိုအေၾကာင္းအရာနဲ႔ပဲ သူနဲ႔ႏွစ္ေယာက္ဆုံဆုံ အတူ႐ွိတာနဲ႔ ေအာ္ဟစ္ၿပီး သတ္ၾကတာနဲ႔ပဲအဆုံးသတ္တယ္....
ေအာ္ဟစ္ေနတဲ့သူတို႔ႏွစ္ေယာက္ရဲ႕ အသံက်ယ္က်ယ္ေတြကို နားေထာင္ေနတဲ့ တစ္ဖက္အခန္းကလူရဲ႕ ႏွလုံးသားကေတာ့ ေၾကာက္ရြံ႕မႈေတြနဲ႔ ပူေလာင္ေနသည္။
◾◽◾◽◾◽◾◽◾◽◾◽◾◽◾
(AN: အဟမ္း!! ကိုယ္ေျပာစရာေလးနည္းနည္း႐ွိတယ္.......😁
ကိုယ့္ reader ေတြထဲမွာ ငယ့္ကို မင္းညီနဲ႔ပဲ သေဘာတူတဲ့သူေတြအမ်ားႀကီး႐ွိၿပီး အနည္းစုကေတာ့ စစ္နဲ႔သေဘာတူၾကတယ္...
ဘယ္သူနဲ႔ရမလဲ ဘယ္သူကပိုအဓိကလဲဆိုၿပီး spoiler လာေတြေမးလည္း ကိုယ္မေျဖပါဘူး...😷
ခင္ဗ်ားေလးတို႔သိတဲ့အတိုင္း ဒီ author ကခ်ိဳလိုက္ခါးလိုက္ပါ...✌
ကိုယ္ကဒီတိုင္းလက္တန္းခ်ေရးတတ္တဲ့သူ။ ႏွစ္ေယာက္မ႐ွိေအာင္လည္း ပ်င္းတယ္😌
ဒါေပမယ့္ ကိုယ္အစကတည္းက ဇာတ္လမ္းရဲ႕အဓိကအသြားအလာကို စဥ္းစားထားၿပီးသားျဖစ္တဲ့အတြက္....
ကိုယ့္ reader ေတြအႀကိဳက္လိုက္ၿပီး ကိုယ့္စိတ္ကူးေတြကိုေျပာင္းမွာမဟုတ္ပါဘူး...😔
ၿပီးေတာ့ အထူးသျဖင့္ အားလုံးသိတဲ့အတိုင္း...
ဒီဇာတ္လမ္းရဲ႕ 50%ကလုံးဝ true story ပါ
သလင္းရဲ႕ ငယ္ဘဝ ခံစားခဲ့ရတာေတြ
မင္းညီရဲ႕အေၾကာင္း
စစ္ေကာင္းကင္ႏိုင္ရဲ႕ ျဖစ္တည္မႈ
ဒါေတြအားလုံးက အစစ္အမွန္႐ွိခဲ့ပါတယ္
ကိုယ့္ရဲ႕ ဖန္တီးမႈနဲ႔ေပါင္းစပ္ၿပီး သူတို႔ကို ျပန္အသက္သြင္းထားတာပါ။😳)
Bạn đang đọc truyện trên: Truyen247.Pro