Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-17 (never dig our past)

Unicode

"ငယ်လေး...."

ဝေခွဲမရသည့် အကြည့်တွေနှင့် တစ်လှမ်းချင်းတိုးလာနေသူကြောင့် guitar ကိုအိတ်ထဲအမြန်ထည့်ကာ သူထလိုက်သည်။

စူးနေရောင်ထက် လား သလင်းမြူ လားမခွဲခြားနိုင်ပုံပင်။

"မင်း....ငယ်လေး...."

သူ့မျက်နှာကိုထိတွေ့ဖို့လှမ်းလာသည့် လက်ကို ရှောင်ဖယ်ကာ စစ်ကောင်းကင်နိုင်အနား သူသွားလိုက်သည်။

"ဘာလဲ....
ငါ့ကိုထပ်ဆဲမလို့လား..."

သူခိုးလူမိသလို ဖြစ်သွားသည့် မျက်နှာနှင့် သူ့ကိုမေးလာသည့် စစ်ကောင်းကင်နိုင်....

ဘာမှမပြောဘဲ သူစိုက်သာကြည့်နေသောကြောင့် စစ်ကောင်းကင်နိုင် မနေတတ်သလို ဂုတ်ကိုပွတ်နေလေသည်။

စစ်ကောင်းကင်နိုင်ကိုကြည့်နေပေမယ့် သူ့အာရုံက အနောက်မှ တစ်စုံတစ်ယောက်ဆီမှာပါ....

သလင်းမြူ ဘာတစ်ခွန်းမှ မပြောတော့ဘဲ အခန်းဆီသာ ခြေလှမ်းခဲ့တော့သည်။

အခန်းတံခါးပိတ်လိုက်သည်နှင့် guitar အိတ်ကိုအသာချကာ သူတံခါးကိုမှီရင်း အားမရှိတော့သလို ချိနဲ့နေသည့် ခြေထောက်တို့ကြောင့် ထိုင်ချလိုက်သည်။

ခုနက သူမျက်နှာမပျက်အောင် ထိန်းချုပ်ထားသမျှ အခုမှ ပွင့်အန်လာကာ ခြေတွေလက်တွေမှာ တုန်ယင်လာကြသည်။ ထိတ်လန့်မှုကြောင့် မျက်ဝန်းတွေစိုစွတ်လာပေမယ့် မျက်ရည်တော့မကျ။

ကျွန်တော်လိုအပ်နေချိန်မှာ သူပျောက်ကွယ်သွားခဲ့ပြီး..
အခုအားလုံးအဆင်ပြေနေချိန်ကျမှ သူဘာလို့ပြန်ပေါ်လာရတာလဲ...

မှန်တံခါးတွေအနားသွားကာ လိုက်ကာကိုအသာဟကြည့်လိုက်တော့ သူကနှင်းဆီဖြူခင်းကို ကိုယ်တိုင် ရေလောင်းနေသည်ကိုတွေ့ရသည်။

သူပြောင်းလဲသွားတယ်

အရင်လို လွတ်လွတ်လပ်လပ်ဖြစ်သလို ဝတ်တတ်ခဲ့သူက smart ကျကျ ဝတ်စားထားသည်။ သူ့အနားရောက်တိုင်း ခံစားရတဲ့ နွေးထွေးလုံခြုံမှုအစား အေးစက်ပြီး အရှိန်အဝါကြီးမှုကအုပ်စိုးနေသည်။

ဆံပင်အရှည်မခံဘဲ တိုကပ်ကပ်အမြဲထားတတ်သူက ဆံပင်တွေကို လှန်ကာ သေချာ ပုံသွင်းထားသည်။

နှင်းဆီဖြူတွေမြင်တိုင်း ကျွန်တော့်ကိုလွမ်းခဲ့လား....

"Hak..."

ကိုယ့်အတွေးကိုယ်ပြန်သရော်ကာ ဟိုဘက်အိမ်ကိုကြည့်မိတော့ ဝရန်တာကနေ လည်တဆန့်ဆန့်နှင့် သူ့အခန်းကို စစ်ကောင်းကင်နိုင် ကြည့်နေသည်။

သလင်းမြူ လည်း ဝရန်တာ ထွက်ရပ်လိုက်တော့ ကိုယ်တော်က လန့်သွားသလို မျက်လုံးကြီးပြူးကာ အထဲဝင်သွားသည်။

စစ်ကောင်းကင်နိုင် ရဲ့ အကျင့်စရိုက်ပုံစံက လူကောင်ကြီး ကြီးပြီး ကလေးစိတ်မပျောက်သေးပုံပင်။

အမူမဲ့အမှတ်မဲ့တော့ သူပြုံးလိုက်မိပါတယ်...

ညနေပိုင်းရောက်လာသောကြောင့် နေရောင်သိပ်မရှိတော့။

သလင်းမြူ အခန်းထဲပြန်မဝင်ဘဲ ဝရန်တာက ပက်လက်ခုံပေါ်ထိုင်ကာ ကောင်းကင်ကြီးကိုသာတွေတွေကြည့်နေမိသည်။

တိမ်လေးတွေဟိုတစ်စ ဒီတစ်စသာရှိသည့် ကောင်းကင်ကြီးက သူ့စိတ်ထဲမှာဘာမှမရှိတော့ဘဲဟင်းလင်းပြင်ကြီးထဲရောက်သွားသလိုခံစားရစေသည်။

ဘာကိုမှမစဉ်းစားချင်တော့သောကြောင့် သလင်းမြူ မျက်ဝန်းတွေကိုမှိတ်ချလိုက်ပြီး မှေးကနဲအိပ်ပျော်သွားခဲ့သည်။

သူ့မျက်နှာကို တစ်ယောက်ယောက်က ထိတွေ့နေသလိုခံစားရသောကြောင့် သလင်းမြူ မျက်ဝန်းတွေဆတ်ကနဲဖွင့်လိုက်သည်။

"ခင်ဗျား..."

သူ့မျက်နှာပေါ်မှ ဘုန်းရှိန်ဝါထက် ရဲ့လက်ကို သူအလန့်တကြားပုတ်ထုတ်လိုက်သည်။

"လွမ်းနေခဲ့တာ..."

ခပ်ဆွေးဆွေးမျက်ဝန်းတွေနှင့် သူ့စကားက သလင်းမြူကို shock ရသွားစေသည်။

သူ့ပါးပြင်တွေကိုပွတ်သပ်လာသည့် လက်တစ်စုံကိုဖယ်ပစ်ဖို့ပင်မေ့လျော့သွားခဲ့သည်။

"ကိုကို ငယ်လေးကို လွမ်းနေခဲ့တာ.... "

သလင်းမြူ အသိဝင်လာတဲ့ သူတစ်ယောက်လို ဘုန်းရှိန်ဝါထက် ရင်ဘက်ကို တွန်းထုတ်လိုက်သည်။

"ကျွန်တော့် အခန်းထဲကနေထွက်သွားပါ..."
"ဘယ်လိုလုပ် ဒီရောက်နေတာလဲ...
ကိုကို ငယ်လေးကို လိုက်ရှာနေခဲ့တာ...
အရင်ဆိုင်နေရာကနေ ဘာလို့ပြောင်းသွားခဲ့တာလဲဟင်...
ငယ်လေး ဘာသာစုံဂုဏ်ထူးပါတယ်လို့တော့ ကိုကိုကြားတယ်...
အရမ်းတော်တယ်...
အခုဘယ်ဆေးတက္ကသိုလ်မှာတက်နေတာလဲ..
ကိုကို ငယ်လေးနာမည်ကို ဆေးတက္ကသိုလ်တွေမှာလိုက်ရှာပေမယ့် မတွေ့လို့...
နာမည်ပြောင်းထားတာလား...."

သူပြောတာကို မကြားသလို ဘုန်းရှိန်ဝါထက်က မေးခွန်းတွေသာမေးရင်း သူ့လက်တွေကိုလာကိုင်ပြန်သည်။

သလင်းမြူ လက်တွေကိုရုန်းတော့ ပိုတင်းကျပ်စွာဆုပ်ကိုင်လာသည်။

"ငယ်လေး...
ကိုကို့ကိုစိတ်ဆိုးနေတာလား..."
"ခင်ဗျားဘာတွေလာပြောနေတာလဲ....
ဘယ်က ငယ်လေးလဲ...
ကျွန်တော့်လက်ကိုအခုချက်ချင်းလွှတ်ပေး...."
"ကိုကို့ကိုမညာပါနဲ့...
ငယ်လေးရဲ့အသံ ငယ်လေးရဲ့မျက်နှာ ငယ်လေးရဲ့မျက်ဝန်းတွေ မှဲ့လေးတွေကအစ ကိုကို အားလုံးမှတ်မိတယ်...."
"ကျွန်တော့် လက်ကို လွှတ်...
လွှတ်လို့ပြောနေတယ်!"

သူအော်လိုက်တော့ ဘုန်းရှိန်ဝါထက် မျက်ဝန်းတွေ အရောင်မှိုင်းသွားသည်။

"ကိုကို့ ကိုမုန်းနေတာလား..."
"အင်း...
မုန်းတယ်...အရမ်းကိုမုန်းတယ်!!"

ပြေလျော့သွားတဲ့ လက်တွေကြောင့် သူရုန်းကာ ပြေးထွက်ခဲ့လိုက်သည်။

စားပွဲပေါ်မှ ပိုက်ဆံအိတ်နှင့် ဖုန်းကို ဆွဲယူပြီး လှေကားတွေမှ အမြန်ပြေးဆင်းရင်း ခြံအပြင်ကိုသာ ပြေးထွက်ခဲ့သည်။

ခြေဦးတည့်ရာကိုသာပြေးရင်း အသက်ရှူမရအောင်ကို မောပန်းလာမှ သူရပ်တန့်လိုက်သည်။

အမြင်တွေပင်ဝါးကာ မိုက်ကနဲဖြစ်သွားတော့ သူယိုင်သွားပြီး တစ်စုံတစ်ယောက်က သူ့ခန္ဓာကိုယ်ကို ထိန်းလိုက်လေသည်။

သူ့ပုခုံးပေါ်မှ လက်တွေကို ဖယ်လိုက်ပြီး အနားမှ ဓာတ်တိုင်ကို မှီလိုက်သည်။

"စူးနေရောင်ထက်...
မင်းရရဲ့လား..."

"စစ်ကောင်းကင်နိုင်?"
"မင်းနေမကောင်းဘူးလား..."
"မင်းငါ့နောက်လိုက်လာတာလား..."
"ငါက...?
ဘာကိစ္စမင်းနောက်လိုက်ရမှာလဲ...
ငါ့ဘာသာ မုန့်စားမလို့ အပြင်ထွက်လာတာ..."

သူတို့နှင့် မလှမ်းမကမ်းမှာ ရပ်ထားသည့် click အနီရောင်တစ်စီးကိုတွေ့ရသောကြောင့် သလင်းမြူ ယုံလိုက်သည်။

သလင်းမြူ နှလုံးခုန်ပုံမှန်ပြန်ဖြစ်အောင် ငြိမ်နေတော့ စစ်ကောင်းကင်နိုင်ကလည်း ရပ်ကြည့်နေလေသည်။

"ဘာဖြစ်လို့လဲ...."
"မင်းကိစ္စမဟုတ်ဘူး..."
"အခု ဘယ်သွားမလို့လဲ.... "

ဟုတ်သားပဲ.....
ငါဘယ်သွားရမှာလဲ....
စိတ်ညစ်နေရင် စားရမယ်...

"ငါမင်းနဲ့လိုက်ခဲ့လို့ရမလား..."
"ငါနဲ့....
မုန့်စားလိုက်မလို့လား..."
"အင်း..."
"မင်းအနောက်ကနေ ငါ့ခါးကိုမဖက်ရင်လိုက်ခဲ့..."
"မင်းဖက်ပါဆိုပြီး ဒူးထောက်တောင်းပန်ရင်တောင် မဖက်ဘူး...."

စစ်ကောင်းကင်နိုင် မျက်နှာက ရှုံ့မဲ့သွားသည်။

သလင်းမြူ ပြောတဲ့အတိုင်း စစ်ကောင်းကင်နိုင်ကို လုံးဝမထိပါ ဆိုင်ကယ်အနောက်တန်းကိုသာကိုင်လိုက်သည်။

စစ်ကောင်းကင်နိုင်က အကင်ဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ ဆိုင်ကယ်ရပ်ရာ သလင်းမြူလည်းဆင်းလိုက်သည်။

နှစ်ယောက်သား အကင်တွေရွေးပြီး စားပွဲဝိုင်းမှာ သွားထိုင်ကာ စောင့်နေလိုက်သည်။

စားပွဲထိုး အစ်မကြီး အချဉ်ပန်းကန်တွေလာချပေးတော့ သလင်းမြူ beer တစ်ပုလင်းမှာရာ ထိုအစ်မကြီးက သူ့ကိုပြူးပြူးကြီးကြည့်သွားလေသည်။

"ခွီးးးး..."

မျက်နှာချင်းဆိုင်ထိုင်နေသည့် စစ်ကောင်းကင်နိုင်က သူ့ကိုလက်ညိုးထိုးကာ ထရယ်လေသည်။

"ဘာလဲ..."
"မင်းကိုယ်မင်းပြန်ကြည့်ဦးလေ..
ဝတ်ထားတာက ကာတွန်းပုံတွေနဲ့ ရုပ်က ကလေးမသာရုပ် အရပ်ကလည်းလူစဉ်မမီ..."
"Fuck!"
"မင်း!...
ငါ့ကိုဆဲပြန်ပြီ..."
"ဆဲတော့ဘာဖြစ်လဲ..."
"......"
"ငါစိတ်ကြည်တာမဟုတ်ဘူး လာလာမစနဲ့ ထပ်ဆဲမိလိမ့်မယ်..."

စစ်ကောင်းကင်နိုင်က နှုတ်ခမ်းမဲ့ကာ ခေါင်းညိတ်ပြလေသည်။

"ဒါနဲ့ မင်း...
ဘယ်တုန်းက guitar တီးသင်ထားတာလဲ "
"ငါငယ်ငယ်......."

အမှန်အတိုင်းထွက်လာသည့် စကားလုံးတို့ကြောင့် နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။

"ဟမ်..."
"ခရီးထွက်တုန်းက သင်လာတာ....
ဘာလို့ မေးတာလဲ...."
"မင်းညနေတုန်းက guitar တီးပြီး သီချင်းဆိုနေတာ pro ကျနေတာပဲ..
တစ်လလောက်နဲ့ အဲ့လောက်မြန်မြန် တတ်တယ်ဆိုတော့ အံ့ဩလို့ပါ...
ပြီးတော့ မင်းလိုကောင်က guitar တီးတယ်ဆိုတော့...."
"ငါ့လိုကောင်က guitar တီးတော့ ဘာဖြစ်လဲ.."
"ငါတို့ငယ်ငယ်တုန်းက ကျောင်းမှာ သောကြာနေ့သန့်ရှင်းရေးလုပ်ရတိုင်း မင်းကမြက်တောင်နုတ်တာမဟုတ်ဘူးလေ...
လက်နာတယ်လေးဘာလေးနဲ့...
အဲ့လိုမျိုးနုယွပြီး ကြီးကျယ်တာကိုငါက သောက်မြင်ကတ်တာ...."

မကျေမနပ်ပြောနေသည့် စစ်ကောင်းကင်နိုင်စကား ကိုနားထောင်ရင်း သလင်းမြူ ရယ်မိလေသည်။

"မင်း ရယ်နေတာလား..."
"အင်းလေ... "
"ငါအခုမင်းကိုမင်းမကောင်းကြောင်းပြောနေတာလေ.."
"အဲ့တော့ ငါကရယ်လို့မရဘူးလား..."
"အေးပါ...ရတယ် ရယ်ရယ်...
တက်သေသွားဦးမယ်..."

ကလေးကလား ရန်မဖြစ်ချင်တာကြောင့် ဘာမှမပြောတော့

အကင်နှင့် beer ရောက်လာတော့ သလင်းမြူ ဖန်ခွက်ကိုစောင်းကာ အမြှုပ် မထအောင် beer ထည့်လိုက်သည်။

"မင်းရောသောက်ဦးမလား..."
"တော်ပြီ..."

စစ်ကောင်းကင်နိုင် တော်ပြီ ပြောပေမယ့် အကြည့်တွေက သူ့လက်ထဲက beer ခွက်ဆီမှာ...

"သေချာလား..."
"ခွက်တဝက်ပဲသောက်မယ်.."

သလင်းမြူ ပြုံးရင်းခေါင်းခါမိလေသည်။

အကင်ကနှစ်ပန်းကန်ခွဲထားပြီး ကိုယ့်ပန်းကန်နှင့်ကိုယ်သာ....

စစ်ကောင်းကင်နိုင် ပန်းကန်ထဲမှာ အပ်မှိုကင်တွေကအများအပြား....

"မင်း အပ်မှိုကြိုက်တာလား..."
"အင်း..."
"အပ်မှိုတွေအရမ်း မစားနဲ့ acid ဓာတ်အများကြီးပါတယ်...
မင်းအစာအိမ်အတွက်မကောင်းဘူး..."
"မင်းကဆရာဝန်မို့လို့လား..."

စစ်ကောင်းကင်နိုင်အတွက် ခွန်းတုံ့ပြန်သည့် သာမန်စကားလေးပေမယ့် သလင်းမြူ ကိုတော့အရှိုက်ထိစေသည်။

"ဟုတ်သားပဲ...
ငါကဆရာဝန်မှမဟုတ်တာ..."

ခွက်ထဲမှ beer ကိုတစ်ကျိုက်ထဲ မော့ကာ ပုလင်းထဲမှ လက်ကျန်ကိုပါ သောက်ပြီး နောက်ထပ်ထပ်မှာလိုက်သည်။

"အရမ်းသောက်မနေနဲ့...
ဆိုင်ကယ်ပေါ်ကပြုတ်ကျလို့ ငါအမှုပတ်နေမယ်..."
"beer လောက်နဲ့ငါမမူးဘူး..."

လေးပုလင်းလောက်သောက်ပြီးမှ သူစစ်ကောင်းကင်နိုင်နှင့်အတူပြန်လာခဲ့သည်။

လူဝင်ပေါက်သာဖွင့်ထားသည့် ခြံတံခါးမှ သူအထဲဝင်လိုက်တော့ သူ့ကိုစောင့်နေဟန်တူသည့် ခြံစောင့်ဦးလေးကြီးက ခြံတံခါးသော့ထခတ်လေသည်။

"ဘယ်တွေသွားနေတာလဲ... "

အိမ်ထဲကိုခြေလှမ်းလိုက်သည့် ကြားရသည့် မေးခွန်းသံ...

သလင်းမြူ မဖြေဘဲ ဆက်သွားကာလှေကားပေါ်ခြေထောက်ရောက်သွားချိန်မှာပဲ လက်ကိုဆောင့်ဆွဲခံလိုက်ရပြီး သူ့ခန္ဓာကိုယ်အနောက်သို့ ယိုင်လဲကျသွားရာ ဘုန်းရှိန်ဝါထက်ကထိန်းဖက်လိုက်သည်။

ကိုယ်ကိုချက်ချင်းပြန်မတ်လိုက်ပြီး သလင်းမြူ ဘုန်းရှိန်ဝါထက်ကို မုန်းတီးစွာကြည့်ရင်း အနောက်ကိုသုံးလှမ်းဆုတ်လိုက်သည်။

"ဦးဘုန်းရှိန်ဝါထက်...
အခု ခင်ဗျားဘာတွေတွေးနေလဲတော့ကျွန်တော်မသိဘူး...
ကျွန်တော်ခင်ဗျားကိုပြောချင်တာတစ်ခုပဲရှိတယ်...
ကျွန်တော်က ခင်ဗျားမိန်းမသား စူးနေရောင်ထက်....
ကျွန်တော့်အပေါ်ပထွေးတစ်ယောက်လိုပဲ ဆက်ဆံပေးပါ..."
"ငယ်လေးဘာကြောင့် ဒီကိုစူးနေရောင်ထက်အဖြစ်ရောက်နေလဲ ကိုကိုမသိဘူး...
ကိုကိုသိတာတစ်ခုက
မင်းကအခုဘယ်သူပဲဖြစ်ဖြစ်...
ကိုကို့ရဲ့ ငယ်လေးပဲ..."
"ခင်ဗျားရဲ့ငယ်လေးက....
သေသွားခဲ့ပြီ..."

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

သလင်းမြူ တစ်ညလုံးအိပ်မပျော်နိုင်ရာ Drama တစ်ကားကိုထိုင်ကြည့်နေလိုက်သည်။

ပျော်စရာဇာတ်ဝင်ခန်း ဝမ်းနည်းစရာဇာတ်ဝင်ခန်းတွေမှာတောင် သူ့ရဲ့မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိ...

စူးနေရောင်ထက်ဖုန်းဆက်လာပြီး အခြေအနေမေးတော့ သူအားလုံးအဆင်ပြေသည်ဟုပဲပြောလိုက်သည်။

စစ်ကောင်းကင်နိုင်ရဲ့အကြောင်းပြောပြမိတော့ စူးနေရောင်ထက် အံ့ဩနေလေသည်။

စစ်ကငါ့ကိုတစ်ခါမှ အဲ့လိုအရေးမလုပ်ဖူးဘူးဟုဆိုသည်။

ဘုန်းရှိန်ဝါထက်က သူ့ကိုစူးနေရောင်ထက်မဟုတ်မှန်းသိကြောင်းပြောလိုက်ပါက နောက်ဆက်တွဲပါလာမည့် အတိတ်ကို မဖွင့်ဟချင်၍ သူမပြော။

မနက်လင်းခါနီးမှ သူအိပ်ပျော်သွားရာ အခန်းတံခါးကိုတစ်ယောက်ယောက်လာခေါက်မှ နိုးလာခဲ့သည်။

"အစ်ကိုလေး....!"

အန်တီမြအသံပင်....

သူ lock ချထားသည့် တံခါးကို သွားဖွင့်လိုက်သည်။

"အစ်ကိုလေးကို ဆရာကနိုးခိုင်းလိုက်လို့ပါ...
ခဏနေနေ့လည်စာစားချိန်ရောက်တော့မှာမို့...."

သလင်းမြူ ထိုအခါမှနာရီကြည့်မိရာ 11 ပင်ထိုးနေပြီ....

ရေချိုးပြီး အိမ်အောက်ဆင်းလာတော့ ဘုန်းရှိန်ဝါထက်ရှိမနေ...

စိတ်သက်သာသွားသဖြင့် လေပူတစ်ချက်မှုတ်ထုတ်ကာ ခြံထဲဆင်းခဲ့လိုက်သည်။

ခြံထဲမှာတော့ စစ်ကောင်းကင်နိုင်က ခွေးနှစ်ကောင်နှင့်ဆူညံနေသည်။

Jonny နဲ့ Enny ကိုဝယ်လာသည့် အင်္ကျီတွေ ဝတ်ပေးရန်လုပ်တော့ နှစ်ကောင်လုံးကမရ။

ပတ်ပြေးနေကြပြီး မိတော့လည်း ရုန်းကန်ကြသည်။

"Jonny... "

သလင်းမြူ ခေါ်လိုက်တော့ အနားရောက်လာသည့် Jonny ကိုဖမ်းကာ ချုပ်ထားလိုက်သည်။

"ဘာလုပ်နေတာလဲ....
မြန်မြန်လာဝတ်ပေးလေ..."
"အင်း..."

Jonny ပြီးတော့ Ennyကို နှစ်ယောက်ညှပ်ဖမ်းရသည်။

ခွေးနှစ်ကောင်အင်္ကျီဝတ်ပေးတာကို သူတို့နှစ်ယောက်လုံး ချွေးတွေပင်ထွက်နေကြသည်။

"စူးနေရောင်ထက်...
ငါတို့ကိုဓာတ်ပုံရိုက်ပေး...."

သူ့လက်ထဲကို ဖုန်းထည့်ပေးပြီး ခွေးနှစ်ကောင်ကို စစ်ကောင်းကင်နိုင်ကဖက်ထားလေသည်။

သလင်းမြူ ဓာတ်ပုံရိုက်ရင်း မထိန်းနိုင်အော်ရယ်မိသည်။

"ဘာလို့ရယ်နေတာလဲ..."

ဖုန်းကိုစစ်ကောင်းကင်နိုင်လက်ထဲ ပြန်ထည့်ပေးလိုက်ပြီး သူအရယ်မရပ်နိုင်သေး။

"ကြည့်လိုက်...
မောင်နှမတွေကျနေတာလဲ....
သုံးကောင်လုံးတစ်ရုပ်ထဲ..."
"စူးနေရောင်ထက်!!
မင်းငါ့ကို ခွေးရုပ်လို့ပြောတာလား..."
"ငါပြောမိလို့လား....
တူတယ်လို့ပဲပြောတာကို..."
"မင်းနော်..!"

စစ်ကောင်းကင်နိုင် angry bird ရုပ်နှင့် ခုန်ဆွခုန်ဆွဖြစ်တာကို သူသဘောကျမိသည်။

"ငယ်လေး..."
"ကျစ်.!"

သလင်းမြူ စိတ်ရှုပ်စွာ ဆံပင်တွေကိုထိုးဖွလိုက်သည်။

" ထမင်းစားရအောင်လေ..."

သလင်းမြူခေါင်းသာညိတ်ပြလိုက်သည်။
အိမ်မှာ မရှိဘူးထင်ထားတာ ဘယ်ကထွက်လာမှန်းမသိ...

"စစ်ကောင်းကင်နိုင်...
ထမင်းစားသွားမလား..."
"အင်း စားမယ်...
အိမ်က အမေတို့ခရီးထွက်သွားတော့ ငါတစ်ယောက်ထဲမစားချင်ဘူးဖြစ်နေတာ..."

ငြင်းမယ်ထင်ပြီး မေးလိုက်ပေမယ့် ဒင်းကောင်က တက်ကြွစွာလိုက်လာလေသည်။

စူးနေရောင်ထက် သူ့ကိုပြောဖူးသည့် စစ်ကောင်းကင်နိုင်က ဒီလိုမဟုတ်...

ဘုန်းရှိန်ဝါထက်နဲ့ ခပ်ဝေးဝေးခုံမှာ သူဝင်ထိုင်လိုက်ပြီး စစ်ကောင်းကင်နိုင်က သူ့ဘေးမှာထိုင်လေသည်။

"အန်တီမြ..
ဒီကောင်ရောစားမှာ..."

ထမင်းပန်းကန်တွေပြင်ပြီး သူ့ရှေ့လာချချိန်မှာပဲ တစ်ဖက်က သူ့ဘေးခုံကို ဘုန်းရှိန်ဝါထက် ရွေ့လာသည်။

ဒီနေ့ရဲ့အဓိက ဟင်းက ငါး....

သလင်းမြူ ဟင်းတစ်တုံးကို  ပန်းကန်ထဲခပ်ထည့်လိုက်တော့ သူ့ပန်းကန်ကို ဘုန်းရှိန်ဝါထက်က ဆွဲယူလိုက်သည်။

"ဘာလုပ်တာလဲ.. "

ဇွန်းခရင်းနှင့် ငါးကို ဘုန်းရှိန်ဝါထက်အရိုးနွှင်လေသည်။

သလင်းမြူ ပန်းကန်ကိုပြန်ဆွဲယူလိုက်သည်။

"အရိုးမနွှင်ရသေးဘူးလေ..."
"ကျွန်တော်ကလေးမဟုတ်ဘူး....
ငါးရိုးတော့ နွှင်တတ်တယ်..."
"ဒါပေမယ့် ကိုယ်လုပ်ပေးချင်တယ်လေ..."

ဘုန်းရှိန်ဝါထက် ပန်းကန်ကိုဆွဲတော့ သလင်းမြူလည်းပြန်ဆွဲသည်။

"ခွမ်း..!"

သူဆွဲကိုယ်ဆွဲနှင့် ပန်းကန်မှာ ကြမ်းပြင်ပေါ်ကျကွဲသွားလေသည်။

"F**k! "

စူးနေရောင်ထက် ထိုထမင်းဝိုင်းမှ ဒေါသတကြီးထသွားတော့ စစ်ကောင်းကင်နိုင်မှာဆက်စားရမလား ဇွန်းပဲချလိုက်ရမလား မသိ။

စူးနေရောင်ထက်နောက်ကို ဘုန်းရှိန်ဝါထက်ကလိုက်သွားပြီး အန်တီမြကတော့ ပန်းကန်အကွဲစတွေကိုသိမ်းလေသည်။

"အန်တီမြ..
စူးနေရောင်ထက် နဲ့ ဦးဘုန်းရှိန်ဝါထက်ဘာဖြစ်ထားတာလဲဟင်..."
"အန်တီလည်းမသိပါဘူးကွယ်...
မနေ့က ဆရာပြန်ရောက်ကတည်းက နှစ်ယောက်လုံးထူးဆန်းနေကြတာ...
အရင်ကစကားတောင်မပြောကြဘဲနဲ့ အခုစကားများကြတယ်ထင်တယ်.."

သလင်းမြူ ဆေးလိပ်တစ်လိပ်ကို နှုတ်ခမ်းကြားညှပ်ကာ မီးညှိလိုက်ချိန်မှာပဲ ဖြတ်ကနဲဆွဲယူခံလိုက်ရသည်။

"ငယ်လေး ဆေးလိပ်ပါသောက်တတ်နေတာလား..!"
"S**t!!"
"ငယ်လေး ငယ်လေး! ငယ်လေး!!
ကျွန်တော့်ကို အဲ့လိုမခေါ်စမ်းပါနဲ့...
ရွံဖို့ကောင်းလွန်းလို့ပါ... "
"ငယ်လေး အရမ်းရိုင်းလာတယ်..."
"အဲ့တော့ ခင်ဗျားသောက်ပူပါလား...
ခင်ဗျားနဲ့ဘာဆိုင်လို့လဲ...
ကိုယ့်ဘဝနဲ့ကိုယ်နေစမ်းပါ ဦးဘုန်းရှိန်ဝါထက် ရာ..."
"ကိုယ်ဘာလို့ စူးနေရောင်ထက် အမေနဲ့လက်ထပ်ခဲ့လဲသိလား..."
"သိဖို့လိုလို့လား..."
"လိုတာပေါ့...
ငယ်လေးအတွက်ကိုယ်လုပ်ခဲ့တာ.."
"ကျွန်တော့်အတွက်...
ဟုတ်လား..."

သူခြောက်ကပ်စွာအော်ရယ်မိသည်။

"ကိုယ့်ဘာသာ ငွေမက်ရင်မက်တယ်ပေါ့...."
"ဟုတ်တယ် ကိုယ်ငွေမက်တယ်...
ဒီငွေတွေကသာ ကိုယ်တို့နှစ်ယောက်အတူနေနိုင်အောင်လုပ်ပေးနိုင်မှာ...
ဒီငွေတွေကသာ ငယ်လေးရောဂါကို ကုသပေးနိုင်မှာ...
ဒီငွေတွေရှိမှ ကိုယ်ငယ်လေးကို ချမ်းချမ်းသာသာထားနိုင်မှာလေ..."
"မဟုတ်ဘူး...
ကျွန်တော်ဘယ်တုန်းကမှ ချမ်းချမ်းသာသာမနေချင်ခဲ့ဘူး....
ပျော်ပျော်ရွှင်ရွှင်လေးပဲနေချင်ခဲ့တာ...
ဘယ်တုန်းကမှလည်း ရောဂါပျောက်ဖို့မမျှော်လင့်ဖူးဘူး...
သက်သာဖို့ပဲလိုချင်ခဲ့တာ...
ကျွန်တော်တို့နှစ်ယောက်အတူနေနိုင်ဖို့အတွက် ငွေတွေလည်းမလိုအပ်ခဲ့ဘူး...
ကျွန်တော့်လက်ကိုဆုပ်ကိုင်ပြီး အနားကထွက်မသွားဖို့ပဲ လိုတာ..."
"အခု ကိုယ်တို့အရင်လိုပြန်နေလို့ရပြီလေ..."
"အရင်လို?
ကျွန်တော်အရွယ်ရောက်နေပြီ...
အရင်လို ခင်ဗျားပြောသမျှယုံတဲ့ ကောင်ငယ်လေးမဟုတ်တော့ဘူး...
အတိတ်ကိုလည်း အတိတ်မှာထားခဲ့ပြီးပြီ...
ပြန်ပြီး တူးဆွမှာမဟုတ်ဘူး..."

ကျောမခိုင်းခင်မှာပဲ သူ့မျက်ဝန်းထဲကကျလာတဲ့ မျက်ရည်တစ်စက်ကို သလင်းမြူမြင်လိုက်ရသေးသည်။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

Zawgyi

"ငယ္ေလး...."

ေဝခြဲမရသည့္ အၾကည့္ေတြႏွင့္ တစ္လွမ္းခ်င္းတိုးလာေနသူေၾကာင့္ guitar ကိုအိတ္ထဲအျမန္ထည့္ကာ သူထလိုက္သည္။

စူးေနေရာင္ထက္ လား သလင္းျမဴ လားမခြဲျခားႏိုင္ပုံပင္။

"မင္း....ငယ္ေလး...."

သူ႔မ်က္ႏွာကိုထိေတြ႔ဖို႔လွမ္းလာသည့္ လက္ကို ေ႐ွာင္ဖယ္ကာ စစ္ေကာင္းကင္ႏိုင္အနား သူသြားလိုက္သည္။

"ဘာလဲ....
ငါ့ကိုထပ္ဆဲမလို႔လား..."

သူခိုးလူမိသလို ျဖစ္သြားသည့္ မ်က္ႏွာႏွင့္ သူ႔ကိုေမးလာသည့္ စစ္ေကာင္းကင္ႏိုင္....

ဘာမွမေျပာဘဲ သူစိုက္သာၾကည့္ေနေသာေၾကာင့္ စစ္ေကာင္းကင္ႏိုင္ မေနတတ္သလို ဂုတ္ကိုပြတ္ေနေလသည္။

စစ္ေကာင္းကင္ႏိုင္ကိုၾကည့္ေနေပမယ့္ သူ႔အာ႐ုံက အေနာက္မွ တစ္စုံတစ္ေယာက္ဆီမွာပါ....

သလင္းျမဴ ဘာတစ္ခြန္းမွ မေျပာေတာ့ဘဲ အခန္းဆီသာ ေျခလွမ္းခဲ့ေတာ့သည္။

အခန္းတံခါးပိတ္လိုက္သည္ႏွင့္ guitar အိတ္ကိုအသာခ်ကာ သူတံခါးကိုမွီရင္း အားမ႐ွိေတာ့သလို ခ်ိနဲ႔ေနသည့္ ေျခေထာက္တို႔ေၾကာင့္ ထိုင္ခ်လိုက္သည္။

ခုနက သူမ်က္ႏွာမပ်က္ေအာင္ ထိန္းခ်ဳပ္ထားသမ်ွ အခုမွ ပြင့္အန္လာကာ ေျခေတြလက္ေတြမွာ တုန္ယင္လာၾကသည္။ ထိတ္လန္႔မႈေၾကာင့္ မ်က္ဝန္းေတြစိုစြတ္လာေပမယ့္ မ်က္ရည္ေတာ့မက်။

ကြၽန္ေတာ္လိုအပ္ေနခ်ိန္မွာ သူေပ်ာက္ကြယ္သြားခဲ့ၿပီး..
အခုအားလုံးအဆင္ေျပေနခ်ိန္က်မွ သူဘာလို႔ျပန္ေပၚလာရတာလဲ...

မွန္တံခါးေတြအနားသြားကာ လိုက္ကာကိုအသာဟၾကည့္လိုက္ေတာ့ သူကႏွင္းဆီျဖဴခင္းကို ကိုယ္တိုင္ ေရေလာင္းေနသည္ကိုေတြ႔ရသည္။

သူေျပာင္းလဲသြားတယ္

အရင္လို လြတ္လြတ္လပ္လပ္ျဖစ္သလို ဝတ္တတ္ခဲ့သူက smart က်က် ဝတ္စားထားသည္။ သူ႔အနားေရာက္တိုင္း ခံစားရတဲ့ ေႏြးေထြးလုံျခဳံမႈအစား ေအးစက္ၿပီး အ႐ွိန္အဝါႀကီးမႈကအုပ္စုိးေနသည္။

ဆံပင္အ႐ွည္မခံဘဲ တိုကပ္ကပ္အျမဲထားတတ္သူက ဆံပင္ေတြကို လွန္ကာ ေသခ်ာ ပုံသြင္းထားသည္။

ႏွင္းဆီျဖဴေတြျမင္တိုင္း ကြၽန္ေတာ့္ကိုလြမ္းခဲ့လား....

"Hak..."

ကိုယ့္အေတြးကိုယ္ျပန္သေရာ္ကာ ဟိုဘက္အိမ္ကိုၾကည့္မိေတာ့ ဝရန္တာကေန လည္တဆန္႔ဆန္႔ႏွင့္ သူ႔အခန္းကို စစ္ေကာင္းကင္ႏိုင္ ၾကည့္ေနသည္။

သလင္းျမဴ လည္း ဝရန္တာ ထြက္ရပ္လိုက္ေတာ့ ကိုယ္ေတာ္က လန္႔သြားသလို မ်က္လုံးႀကီးျပဴးကာ အထဲဝင္သြားသည္။

စစ္ေကာင္းကင္ႏိုင္ ရဲ႕ အက်င့္စ႐ိုက္ပုံစံက လူေကာင္ျကီး ႀကီးၿပီး ကေလးစိတ္မေပ်ာက္ေသးပုံပင္။

အမူမဲ့အမွတ္မဲ့ေတာ့ သူျပဳံးလိုက္မိပါတယ္...

ညေနပိုင္းေရာက္လာေသာေၾကာင့္ ေနေရာင္သိပ္မ႐ွိေတာ့။

သလင္းျမဴ အခန္းထဲျပန္မဝင္ဘဲ ဝရန္တာက ပက္လက္ခုံေပၚထိုင္ကာ ေကာင္းကင္ႀကီးကိုသာေတြေတြၾကည့္ေနမိသည္။

တိမ္ေလးေတြဟိုတစ္စ ဒီတစ္စသာ႐ွိသည့္ ေကာင္းကင္ႀကီးက သူ႔စိတ္ထဲမွာဘာမွမ႐ွိေတာ့ဘဲဟင္းလင္းျပင္ႀကီးထဲေရာက္သြားသလိုခံစားရေစသည္။

ဘာကိုမွမစဥ္းစားခ်င္ေတာ့ေသာေၾကာင့္ သလင္းျမဴ မ်က္ဝန္းေတြကိုမိွတ္ခ်လိုက္ၿပီး ေမွးကနဲအိပ္ေပ်ာ္သြားခဲ့သည္။

သူ႔မ်က္ႏွာကို တစ္ေယာက္ေယာက္က ထိေတြ႔ေနသလိုခံစားရေသာေၾကာင့္ သလင္းျမဴ မ်က္ဝန္းေတြဆတ္ကနဲဖြင့္လိုက္သည္။

"ခင္ဗ်ား..."

သူ႔မ်က္ႏွာေပၚမွ ဘုန္း႐ွိန္ဝါထက္ ရဲ႕လက္ကို သူအလန္႔တၾကားပုတ္ထုတ္လိုက္သည္။

"လြမ္းေနခဲ့တာ..."

ခပ္ေဆြးေဆြးမ်က္ဝန္းေတြႏွင့္ သူ႔စကားက သလင္းျမဴကို shock ရသြားေစသည္။

သူ႔ပါးျပင္ေတြကိုပြတ္သပ္လာသည့္ လက္တစ္စုံကိုဖယ္ပစ္ဖို႔ပင္ေမ့ေလ်ာ့သြားခဲ့သည္။

"ကိုကို ငယ္ေလးကို လြမ္းေနခဲ့တာ.... "

သလင္းျမဴ အသိဝင္လာတဲ့ သူတစ္ေယာက္လို ဘုန္း႐ွိန္ဝါထက္ ရင္ဘက္ကို တြန္းထုတ္လိုက္သည္။

"ကြၽန္ေတာ့္ အခန္းထဲကေနထြက္သြားပါ..."
"ဘယ္လိုလုပ္ ဒီေရာက္ေနတာလဲ...
ကိုကို ငယ္ေလးကို လိုက္႐ွာေနခဲ့တာ...
အရင္ဆိုင္ေနရာကေန ဘာလို႔ေျပာင္းသြားခဲ့တာလဲဟင္...
ငယ္ေလး ဘာသာစုံဂုဏ္ထူးပါတယ္လို႔ေတာ့ ကိုကိုၾကားတယ္...
အရမ္းေတာ္တယ္...
အခုဘယ္ေဆးတကၠသိုလ္မွာတက္ေနတာလဲ..
ကိုကို ငယ္ေလးနာမည္ကို ေဆးတကၠသိုလ္ေတြမွာလိုက္႐ွာေပမယ့္ မေတြ႔လို႔...
နာမည္ေျပာင္းထားတာလား...."

သူေျပာတာကို မၾကားသလို ဘုန္း႐ွိန္ဝါထက္က ေမးခြန္းေတြသာေမးရင္း သူ႔လက္ေတြကိုလာကိုင္ျပန္သည္။

သလင္းျမဴ လက္ေတြကို႐ုန္းေတာ့ ပိုတင္းက်ပ္စြာဆုပ္ကိုင္လာသည္။

"ငယ္ေလး...
ကိုကို႔ကိုစိတ္ဆိုးေနတာလား..."
"ခင္ဗ်ားဘာေတြလာေျပာေနတာလဲ....
ဘယ္က ငယ္ေလးလဲ...
ကြၽန္ေတာ့္လက္ကိုအခုခ်က္ခ်င္းလႊတ္ေပး...."
"ကိုကို႔ကိုမညာပါနဲ႔...
ငယ္ေလးရဲ႕အသံ ငယ္ေလးရဲ႕မ်က္ႏွာ ငယ္ေလးရဲ႕မ်က္ဝန္းေတြ မွဲ႔ေလးေတြကအစ ကိုကို အားလုံးမွတ္မိတယ္...."
"ကြၽန္ေတာ့္ လက္ကို လႊတ္...
လႊတ္လို႔ေျပာေနတယ္!"

သူေအာ္လိုက္ေတာ့ ဘုန္း႐ွိန္ဝါထက္ မ်က္ဝန္းေတြ အေရာင္မိႈင္းသြားသည္။

"ကိုကို႔ ကိုမုန္းေနတာလား..."
"အင္း...
မုန္းတယ္...အရမ္းကိုမုန္းတယ္!!"

ေျပေလ်ာ့သြားတဲ့ လက္ေတြေၾကာင့္ သူ႐ုန္းကာ ေျပးထြက္ခဲ့လိုက္သည္။

စားပြဲေပၚမွ ပိုက္ဆံအိတ္ႏွင့္ ဖုန္းကို ဆြဲယူၿပီး ေလွကားေတြမွ အျမန္ေျပးဆင္းရင္း ျခံအျပင္ကိုသာ ေျပးထြက္ခဲ့သည္။

ေျခဦးတည့္ရာကိုသာေျပးရင္း အသက္႐ွဴမရေအာင္ကို ေမာပန္းလာမွ သူရပ္တန္႔လိုက္သည္။

အျမင္ေတြပင္ဝါးကာ မိုက္ကနဲျဖစ္သြားေတာ့ သူယိုင္သြားၿပီး တစ္စုံတစ္ေယာက္က သူ႔ခႏၶာကိုယ္ကို ထိန္းလိုက္ေလသည္။

သူ႔ပုခုံးေပၚမွ လက္ေတြကို ဖယ္လိုက္ၿပီး အနားမွ ဓာတ္တိုင္ကို မွီလိုက္သည္။

"စူးေနေရာင္ထက္...
မင္းရရဲ႕လား..."

"စစ္ေကာင္းကင္ႏိုင္?"
"မင္းေနမေကာင္းဘူးလား..."
"မင္းငါ့ေနာက္လိုက္လာတာလား..."
"ငါက...?
ဘာကိစၥမင္းေနာက္လိုက္ရမွာလဲ...
ငါ့ဘာသာ မုန္႔စားမလို႔ အျပင္ထြက္လာတာ..."

သူတို႔ႏွင့္ မလွမ္းမကမ္းမွာ ရပ္ထားသည့္ click အနီေရာင္တစ္စီးကိုေတြ႔ရေသာေၾကာင့္ သလင္းျမဴ ယုံလိုက္သည္။

သလင္းျမဴ ႏွလုံးခုန္ပုံမွန္ျပန္ျဖစ္ေအာင္ ၿငိမ္ေနေတာ့ စစ္ေကာင္းကင္ႏိုင္ကလည္း ရပ္ၾကည့္ေနေလသည္။

"ဘာျဖစ္လို႔လဲ...."
"မင္းကိစၥမဟုတ္ဘူး..."
"အခု ဘယ္သြားမလို႔လဲ.... "

ဟုတ္သားပဲ.....
ငါဘယ္သြားရမွာလဲ....
စိတ္ညစ္ေနရင္ စားရမယ္...

"ငါမင္းနဲ႔လိုက္ခဲ့လို႔ရမလား..."
"ငါနဲ႔....
မုန္႔စားလိုက္မလို႔လား..."
"အင္း..."
"မင္းအေနာက္ကေန ငါ့ခါးကိုမဖက္ရင္လိုက္ခဲ့..."
"မင္းဖက္ပါဆိုၿပီး ဒူးေထာက္ေတာင္းပန္ရင္ေတာင္ မဖက္ဘူး...."

စစ္ေကာင္းကင္ႏိုင္ မ်က္ႏွာက ႐ႈံ႕မဲ့သြားသည္။

သလင္းျမဴ ေျပာတဲ့အတိုင္း စစ္ေကာင္းကင္ႏိုင္ကို လုံးဝမထိပါ ဆိုင္ကယ္အေနာက္တန္းကိုသာကိုင္လိုက္သည္။

စစ္ေကာင္းကင္ႏိုင္က အကင္ဆိုင္တစ္ဆိုင္ေ႐ွ႕ေရာက္ေတာ့ ဆိုင္ကယ္ရပ္ရာ သလင္းျမဴလည္းဆင္းလိုက္သည္။

ႏွစ္ေယာက္သား အကင္ေတြေရြးၿပီး စားပြဲဝိုင္းမွာ သြားထိုင္ကာ ေစာင့္ေနလိုက္သည္။

စားပြဲထိုး အစ္မႀကီး အခ်ဥ္ပန္းကန္ေတြလာခ်ေပးေတာ့ သလင္းျမဴ beer တစ္ပုလင္းမွာရာ ထုိအစ္မႀကီးက သူ႔ကိုျပဴးျပဴးႀကီးၾကည့္သြားေလသည္။

"ခြီးးးး..."

မ်က္ႏွာခ်င္းဆိုင္ထိုင္ေနသည့္ စစ္ေကာင္းကင္ႏိုင္က သူ႔ကိုလက္ညိဳးထိုးကာ ထရယ္ေလသည္။

"ဘာလဲ..."
"မင္းကိုယ္မင္းျပန္ၾကည့္ဦးေလ..
ဝတ္ထားတာက ကာတြန္းပုံေတြနဲ႔ ႐ုပ္က ကေလးမသာ႐ုပ္ အရပ္ကလည္းလူစဥ္မမီ..."
"Fuck!"
"မင္း!...
ငါ့ကိုဆဲျပန္ၿပီ..."
"ဆဲေတာ့ဘာျဖစ္လဲ..."
"......"
"ငါစိတ္ၾကည္တာမဟုတ္ဘူး လာလာမစနဲ႔ ထပ္ဆဲမိလိမ့္မယ္..."

စစ္ေကာင္းကင္ႏိုင္က ႏႈတ္ခမ္းမဲ့ကာ ေခါင္းညိတ္ျပေလသည္။

"ဒါနဲ႔ မင္း...
ဘယ္တုန္းက guitar တီးသင္ထားတာလဲ "
"ငါငယ္ငယ္......."

အမွန္အတိုင္းထြက္လာသည့္ စကားလုံးတို႔ေၾကာင့္ ႏႈတ္ခမ္းကိုဖိကိုက္လိုက္သည္။

"ဟမ္..."
"ခရီးထြက္တုန္းက သင္လာတာ....
ဘာလို႔ ေမးတာလဲ...."
"မင္းညေနတုန္းက guitar တီးၿပီး သီခ်င္းဆိုေနတာ pro က်ေနတာပဲ..
တစ္လေလာက္နဲ႔ အဲ့ေလာက္ျမန္ျမန္ တတ္တယ္ဆိုေတာ့ အံ့ဩလို႔ပါ...
ၿပီးေတာ့ မင္းလိုေကာင္က guitar တီးတယ္ဆိုေတာ့...."
"ငါ့လိုေကာင္က guitar တီးေတာ့ ဘာျဖစ္လဲ.."
"ငါတို႔ငယ္ငယ္တုန္းက ေက်ာင္းမွာ ေသာၾကာေန႔သန္႔႐ွင္းေရးလုပ္ရတိုင္း မင္းကျမက္ေတာင္ႏုတ္တာမဟုတ္ဘူးေလ...
လက္နာတယ္ေလးဘာေလးနဲ႔...
အဲ့လိုမ်ိဳးႏုယြၿပီး ႀကီးက်ယ္တာကိုငါက ေသာက္ျမင္ကတ္တာ...."

မေက်မနပ္ေျပာေနသည့္ စစ္ေကာင္းကင္ႏိုင္စကား ကိုနားေထာင္ရင္း သလင္းျမဴ ရယ္မိေလသည္။

"မင္း ရယ္ေနတာလား..."
"အင္းေလ... "
"ငါအခုမင္းကိုမင္းမေကာင္းေၾကာင္းေျပာေနတာေလ.."
"အဲ့ေတာ့ ငါကရယ္လို႔မရဘူးလား..."
"ေအးပါ...ရတယ္ ရယ္ရယ္...
တက္ေသသြားဦးမယ္..."

ကေလးကလား ရန္မျဖစ္ခ်င္တာေၾကာင့္ ဘာမွမေျပာေတာ့

အကင္ႏွင့္ beer ေရာက္လာေတာ့ သလင္းျမူ ဖန္ခြက္ကိုေစာင္းကာ အျမႇဳပ္ မထေအာင္ beer ထည့္လိုက္သည္။

"မင္းေရာေသာက္ဦးမလား..."
"ေတာ္ၿပီ..."

စစ္ေကာင္းကင္ႏိုင္ ေတာ္ၿပီ ေျပာေပမယ့္ အၾကည့္ေတြက သူ႔လက္ထဲက beer ခြက္ဆီမွာ...

"ေသခ်ာလား..."
"ခြက္တဝက္ပဲေသာက္မယ္.."

သလင္းျမဴ ျပဳံးရင္းေခါင္းခါမိေလသည္။

အကင္ကႏွစ္ပန္းကန္ခြဲထားၿပီး ကိုယ့္ပန္းကန္နွင့္ကိုယ္သာ....

စစ္ေကာင္းကင္ႏိုင္ ပန္းကန္ထဲမွာ အပ္မိႈကင္ေတြကအမ်ားအျပား....

"မင္း အပ္မိႈႀကိဳက္တာလား..."
"အင္း..."
"အပ္မိႈေတြအရမ္း မစားနဲ႔ acid ဓာတ္အမ်ားႀကီးပါတယ္...
မင္းအစာအိမ္အတြက္မေကာင္းဘူး..."
"မင္းကဆရာဝန္မို႔လို႔လား..."

စစ္ေကာင္းကင္နိုင္အတြက္ ခြန္းတံု႔ျပန္သည့္ သာမန္စကားေလးေပမယ့္ သလင္းျမဴ ကိုေတာ့အရိွဳက္ထိေစသည္။

"ဟုတ္သားပဲ...
ငါကဆရာဝန္မွမဟုတ္တာ..."

ခြက္ထဲမွ beer ကိုတစ္က်ိဳက္ထဲ ေမာ့ကာ ပုလင္းထဲမွ လက္က်န္ကိုပါ ေသာက္ၿပီး ေနာက္ထပ္ထပ္မွာလိုက္သည္။

"အရမ္းေသာက္မေနနဲ႔...
ဆိုင္ကယ္ေပၚကျပဳတ္က်လို႔ ငါအမႈပတ္ေနမယ္..."
"beer ေလာက္နဲ႔ငါမမူးဘူး..."

ေလးပုလင္းေလာက္ေသာက္ၿပီးမွ သူစစ္ေကာင္းကင္ႏိုင္ႏွင့္အတူျပန္လာခဲ့သည္။

လူဝင္ေပါက္သာဖြင့္ထားသည့္ ျခံတံခါးမွ သူအထဲဝင္လိုက္ေတာ့ သူ႔ကိုေစာင့္ေနဟန္တူသည့္ ျခံေစာင့္ဦးေလးႀကီးက ျခံတံခါးေသာ့ထခတ္ေလသည္။

"ဘယ္ေတြသြားေနတာလဲ... "

အိမ္ထဲကိုေျခလွမ္းလိုက္သည့္ ၾကားရသည့္ ေမးခြန္းသံ...

သလင္းျမဴ မေျဖဘဲ ဆက္သြားကာေလွကားေပၚေျခေထာက္ေရာက္သြားခ်ိန္မွာပဲ လက္ကိုေဆာင့္ဆြဲခံလိုက္ရၿပီး သူ႔ခႏၶာကိုယ္အေနာက္သို႔ ယိုင္လဲက်သြားရာ ဘုန္း႐ွိန္ဝါထက္ကထိန္းဖက္လိုက္သည္။

ကိုယ္ကိုခ်က္ခ်င္းျပန္မတ္လိုက္ၿပီး သလင္းျမဴ ဘုန္း႐ွိန္ဝါထက္ကို မုန္းတီးစြာၾကည့္ရင္း အေနာက္ကိုသုံးလွမ္းဆုတ္လိုက္သည္။

"ဦးဘုန္း႐ွိန္ဝါထက္...
အခု ခင္ဗ်ားဘာေတြေတြးေနလဲေတာ့ကြၽန္ေတာ္မသိဘူး...
ကြၽန္ေတာ္ခင္ဗ်ားကိုေျပာခ်င္တာတစ္ခုပဲ႐ွိတယ္...
ကြၽန္ေတာ္က ခင္ဗ်ားမိန္းမသား စူးေနေရာင္ထက္....
ကြၽန္ေတာ့္အေပၚပေထြးတစ္ေယာက္လိုပဲ ဆက္ဆံေပးပါ..."
"ငယ္ေလးဘာေၾကာင့္ ဒီကိုစူးေနေရာင္ထက္အျဖစ္ေရာက္ေနလဲ ကိုကိုမသိဘူး...
ကိုကိုသိတာတစ္ခုက
မင္းကအခုဘယ္သူပဲျဖစ္ျဖစ္...
ကိုကို႔ရဲ႕ ငယ္ေလးပဲ..."
"ခင္ဗ်ားရဲ႕ငယ္ေလးက....
ေသသြားခဲ့ၿပီ..."

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

သလင္းျမဴ တစ္ညလုံးအိပ္မေပ်ာ္ႏိုင္ရာ Drama တစ္ကားကိုထိုင္ၾကည့္ေနလိုက္သည္။

ေပ်ာ္စရာဇာတ္ဝင္ခန္း ဝမ္းနည္းစရာဇာတ္ဝင္ခန္းေတြမွာေတာင္ သူ႔ရဲ႕မ်က္ႏွာအမူအရာ ေျပာင္းလဲသြားျခင္းမ႐ွိ...

စူးေနေရာင္ထက္ဖုန္းဆက္လာၿပီး အေျခအေနေမးေတာ့ သူအားလုံးအဆင္ေျပသည္ဟုပဲေျပာလိုက္သည္။

စစ္ေကာင္းကင္ႏိုင္ရဲ႕အေၾကာင္းေျပာျပမိေတာ့ စူးေနေရာင္ထက္ အံ့ဩေနေလသည္။

စစ္ကငါ့ကိုတစ္ခါမွ အဲ့လိုအေရးမလုပ္ဖူးဘူးဟုဆိုသည္။

ဘုန္း႐ွိန္ဝါထက္က သူ႔ကိုစူးေနေရာင္ထက္မဟုတ္မွန္းသိေၾကာင္းေျပာလိုက္ပါက ေနာက္ဆက္တြဲပါလာမည့္ အတိတ္ကို မဖြင့္ဟခ်င္၍ သူမေျပာ။

မနက္လင္းခါနီးမွ သူအိပ္ေပ်ာ္သြားရာ အခန္းတံခါးကိုတစ္ေယာက္ေယာက္လာေခါက္မွ ႏိုးလာခဲ့သည္။

"အစ္ကိုေလး....!"

အန္တီျမအသံပင္....

သူ lock ခ်ထားသည့္ တံခါးကို သြားဖြင့္လိုက္သည္။

"အစ္ကိုေလးကို ဆရာကႏိုးခိုင္းလိုက္လို႔ပါ...
ခဏေနေန႔လည္စာစားခ်ိန္ေရာက္ေတာ့မွာမို႔...."

သလင္းျမဴ ထိုအခါမွနာရီၾကည့္မိရာ 11 ပင္ထိုးေနၿပီ....

ေရခ်ိဳးၿပီး အိမ္ေအာက္ဆင္းလာေတာ့ ဘုန္း႐ွိန္ဝါထက္႐ွိမေန...

စိတ္သက္သာသြားသျဖင့္ ေလပူတစ္ခ်က္မႈတ္ထုတ္ကာ ျခံထဲဆင္းခဲ့လိုက္သည္။

ျခံထဲမွာေတာ့ စစ္ေကာင္းကင္ႏိုင္က ေခြးႏွစ္ေကာင္ႏွင့္ဆူညံေနသည္။

Jonny နဲ႔ Enny ကိုဝယ္လာသည့္ အက်ႌေတြ ဝတ္ေပးရန္လုပ္ေတာ့ ႏွစ္ေကာင္လုံးကမရ။

ပတ္ေျပးေနၾကၿပီး မိေတာ့လည္း ႐ုန္းကန္ၾကသည္။

"Jonny... "

သလင္းျမဴ ေခၚလိုက္ေတာ့ အနားေရာက္လာသည့္ Jonny ကိုဖမ္းကာ ခ်ဳပ္ထားလိုက္သည္။

"ဘာလုပ္ေနတာလဲ....
ျမန္ျမန္လာဝတ္ေပးေလ..."
"အင္း..."

Jonny ၿပီးေတာ့ Enny႔ကို ႏွစ္ေယာက္ညႇပ္ဖမ္းရသည္။

ေခြးႏွစ္ေကာင္အက်ႌဝတ္ေပးတာကို သူတို႔ႏွစ္ေယာက္လုံး ေခြၽးေတြပင္ထြက္ေနၾကသည္။

"စူးေနေရာင္ထက္...
ငါတို႔ကိုဓာတ္ပုံ႐ိုက္ေပး...."

သူ႔လက္ထဲကို ဖုန္းထည့္ေပးၿပီး ေခြးႏွစ္ေကာင္ကို စစ္ေကာင္းကင္ႏိုင္ကဖက္ထားေလသည္။

သလင္းျမဴ ဓာတ္ပုံ႐ိုက္ရင္း မထိန္းႏိုင္ေအာ္ရယ္မိသည္။

"ဘာလို႔ရယ္ေနတာလဲ..."

ဖုန္းကိုစစ္ေကာင္းကင္ႏိုင္လက္ထဲ ျပန္ထည့္ေပးလိုက္ၿပီး သူအရယ္မရပ္ႏိုင္ေသး။

"ၾကည့္လိုက္...
ေမာင္ႏွမေတြက်ေနတာလဲ....
သုံးေကာင္လုံးတစ္႐ုပ္ထဲ..."
"စူးေနေရာင္ထက္!!
မင္းငါ့ကို ေခြး႐ုပ္လို႔ေျပာတာလား..."
"ငါေျပာမိလို႔လား....
တူတယ္လို႔ပဲေျပာတာကို..."
"မင္းေနာ္..!"

စစ္ေကာင္းကင္ႏိုင္ angry bird ႐ုပ္ႏွင့္ ခုန္ဆြခုန္ဆြျဖစ္တာကို သူသေဘာက်မိသည္။

"ငယ္ေလး..."
"က်စ္.!"

သလင္းျမဴ စိတ္႐ႈပ္စြာ ဆံပင္ေတြကိုထိုးဖြလိုက္သည္။

" ထမင္းစားရေအာင္ေလ..."

သလင္းျမဴေခါင္းသာညိတ္ျပလိုက္သည္။
အိမ္မွာ မ႐ွိဘူးထင္ထားတာ ဘယ္ကထြက္လာမွန္းမသိ...

"စစ္ေကာင္းကင္ႏိုင္...
ထမင္းစားသြားမလား..."
"အင္း စားမယ္...
အိမ္က အေမတို႔ခရီးထြက္သြားေတာ့ ငါတစ္ေယာက္ထဲမစားခ်င္ဘူးျဖစ္ေနတာ..."

ျငင္းမယ္ထင္ၿပီး ေမးလိုက္ေပမယ့္ ဒင္းေကာင္က တက္ႂကြစြာလိုက္လာေလသည္။

စူးေနေရာင္ထက္ သူ႔ကိုေျပာဖူးသည့္ စစ္ေကာင္းကင္ႏိုင္က ဒီလိုမဟုတ္...

ဘုန္း႐ွိန္ဝါထက္နဲ႔ ခပ္ေဝးေဝးခုံမွာ သူဝင္ထိုင္လိုက္ၿပီး စစ္ေကာင္းကင္ႏိုင္က သူ႔ေဘးမွာထိုင္ေလသည္။

"အန္တီျမ..
ဒီေကာင္ေရာစားမွာ..."

ထမင္းပန္းကန္ေတြျပင္ၿပီး သူ႔ေ႐ွ႕လာခ်ခ်ိန္မွာပဲ တစ္ဖက္က သူ႔ေဘးခုံကို ဘုန္း႐ွိန္ဝါထက္ ေရြ႔လာသည္။

ဒီေန႔ရဲ႕အဓိက ဟင္းက ငါး....

သလင္းျမဴ ဟင္းတစ္တုံးကို  ပန္းကန္ထဲခပ္ထည့္လိုက္ေတာ့ သူ႔ပန္းကန္ကို ဘုန္း႐ွိန္ဝါထက္က ဆြဲယူလိုက္သည္။

"ဘာလုပ္တာလဲ.. "

ဇြန္းခရင္းႏွင့္ ငါးကို ဘုန္း႐ွိန္ဝါထက္အ႐ိုးႏႊင္ေလသည္။

သလင္းျမဴ ပန္းကန္ကိုျပန္ဆြဲယူလိုက္သည္။

"အ႐ိုးမႏႊင္ရေသးဘူးေလ..."
"ကြၽန္ေတာ္ကေလးမဟုတ္ဘူး....
ငါး႐ိုးေတာ့ ႏႊင္တတ္တယ္..."
"ဒါေပမယ့္ ကိုယ္လုပ္ေပးခ်င္တယ္ေလ..."

ဘုန္း႐ွိန္ဝါထက္ ပန္းကန္ကိုဆြဲေတာ့ သလင္းျမဴလည္းျပန္ဆြဲသည္။

"ခြမ္း..!"

သူဆြဲကိုယ္ဆြဲႏွင့္ ပန္းကန္မွာ ၾကမ္းျပင္ေပၚက်ကြဲသြားေလသည္။

"F**k! "

စူးေနေရာင္ထက္ ထိုထမင္းဝိုင္းမွ ေဒါသတႀကီးထသြားေတာ့ စစ္ေကာင္းကင္ႏိုင္မွာဆက္စားရမလား ဇြန္းပဲခ်လိုက္ရမလား မသိ။

စူးေနေရာင္ထက္ေနာက္ကို ဘုန္း႐ွိန္ဝါထက္ကလိုက္သြားၿပီး အန္တီျမကေတာ့ ပန္းကန္အကြဲစေတြကိုသိမ္းေလသည္။

"အန္တီျမ..
စူးေနေရာင္ထက္ နဲ႔ ဦးဘုန္း႐ွိန္ဝါထက္ဘာျဖစ္ထားတာလဲဟင္..."
"အန္တီလည္းမသိပါဘူးကြယ္...
မေန႔က ဆရာျပန္ေရာက္ကတည္းက ႏွစ္ေယာက္လုံးထူးဆန္းေနၾကတာ...
အရင္ကစကားေတာင္မေျပာၾကဘဲနဲ႔ အခုစကားမ်ားၾကတယ္ထင္တယ္.."

သလင္းျမဴ ေဆးလိပ္တစ္လိပ္ကို ႏႈတ္ခမ္းၾကားညႇပ္ကာ မီးညိွလိုက္ခ်ိန္မွာပဲ ျဖတ္ကနဲဆြဲယူခံလိုက္ရသည္။

"ငယ္ေလး ေဆးလိပ္ပါေသာက္တတ္ေနတာလား..!"
"S**t!!"
"ငယ္ေလး ငယ္ေလး! ငယ္ေလး!!
ကြၽန္ေတာ့္ကို အဲ့လိုမေခၚစမ္းပါနဲ႔...
ရြံဖို႔ေကာင္းလြန္းလို႔ပါ... "
"ငယ္ေလး အရမ္း႐ိုင္းလာတယ္..."
"အဲ့ေတာ့ ခင္ဗ်ားေသာက္ပူပါလား...
ခင္ဗ်ားနဲ႔ဘာဆိုင္လို႔လဲ...
ကိုယ့္ဘဝနဲ႔ကိုယ္ေနစမ္းပါ ဦးဘုန္း႐ွိန္ဝါထက္ ရာ..."
"ကိုယ္ဘာလို႔ စူးေနေရာင္ထက္ အေမနဲ႔လက္ထပ္ခဲ့လဲသိလား..."
"သိဖို႔လိုလို႔လား..."
"လိုတာေပါ့...
ငယ္ေလးအတြက္ကိုယ္လုပ္ခဲ့တာ.."
"ကြၽန္ေတာ့္အတြက္...
ဟုတ္လား..."

သူေျခာက္ကပ္စြာေအာ္ရယ္မိသည္။

"ကိုယ့္ဘာသာ ေငြမက္ရင္မက္တယ္ေပါ့...."
"ဟုတ္တယ္ ကိုယ္ေငြမက္တယ္...
ဒီေငြေတြကသာ ကိုယ္တို႔ႏွစ္ေယာက္အတူေနႏိုင္ေအာင္လုပ္ေပးႏိုင္မွာ...
ဒီေငြေတြကသာ ငယ္ေလးေရာဂါကို ကုသေပးႏိုင္မွာ...
ဒီေငြေတြ႐ွိမွ ကိုယ္ငယ္ေလးကို ခ်မ္းခ်မ္းသာသာထားႏိုင္မွာေလ..."
"မဟုတ္ဘူး...
ကြၽန္ေတာ္ဘယ္တုန္းကမွ ခ်မ္းခ်မ္းသာသာမေနခ်င္ခဲ့ဘူး....
ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေလးပဲေနခ်င္ခဲ့တာ...
ဘယ္တုန္းကမွလည္း ေရာဂါေပ်ာက္ဖို႔မေမ်ွာ္လင့္ဖူးဘူး...
သက္သာဖို႔ပဲလိုခ်င္ခဲ့တာ...
ကြၽန္ေတာ္တို႔ႏွစ္ေယာက္အတူေနႏိုင္ဖို႔အတြက္ ေငြေတြလည္းမလိုအပ္ခဲ့ဘူး...
ကြၽန္ေတာ့္လက္ကိုဆုပ္ကိုင္ၿပီး အနားကထြက္မသြားဖို႔ပဲ လိုတာ..."
"အခု ကိုယ္တို႔အရင္လိုျပန္ေနလို႔ရၿပီေလ..."
"အရင္လို?
ကြၽန္ေတာ္အရြယ္ေရာက္ေနၿပီ...
အရင္လို ခင္ဗ်ားေျပာသမ်ွယုံတဲ့ ေကာင္ငယ္ေလးမဟုတ္ေတာ့ဘူး...
အတိတ္ကိုလည္း အတိတ္မွာထားခဲ့ၿပီးၿပီ...
ျပန္ၿပီး တူးဆြမွာမဟုတ္ဘူး..."

ေက်ာမခိုင္းခင္မွာပဲ သူ႔မ်က္ဝန္းထဲကက်လာတဲ့ မ်က္ရည္တစ္စက္ကို သလင္းျမူျမင္လိုက္ရေသးသည္။

◾◽◾◽◾◽◾◽◾◽◾◽◾◽◾

Bạn đang đọc truyện trên: Truyen247.Pro