Part-13 ( dream & family)
Unicode
တစ်နှစ်လုံးအားရအောင်မအိပ်ခဲ့ရတာကြောင့် သလင်းမြူ အိမ်ပြန်ရောက်တော့ အတိုးချအိပ်သည်။
ဘာကိုမှမစဉ်းစားဘဲ အိပ်စက်မိတော့ အိပ်မက်ထဲမှာတောင် သူချစ်ခဲ့ဖူးတဲ့ အမုန်းဆုံးလူသားက မိန်းကလေးတစ်ယောက်လက်ကိုတွဲထားပြီး သူ့ကိုလှောင်ရယ်နေခဲ့သည်။
မွန်းကြပ်စွာနိုးထလာကာ စာကြည့်စားပွဲအံဆွဲထဲတွင်ဝှက်ထားသည့် ဆေးလိပ်ဘူးနှင့် မီးခြစ်ကိုယူပြီး ပြတင်းပေါက်ဘောင်ပေါ်တက်ထိုင်လိုက်သည်။
ဆေးလိပ်ငွေ့တွေကို ရှိုက်ပြီးမှုတ်ထုတ်လိုက်ခြင်းက သူ့ကိုစိတ်သက်သာစေနိုင်သည်။
သူဆေးလိပ်သောက်တာကို မေမေတို့အားမသိစေချင်သောကြောင့် lollipop တစ်လုံးကိုဖောက်ကာ ငုံလိုက်သည်။
ဆေးလိပ်က သူ့ကျန်းမာရေးကိုပိုဆိုးရွားနိုင်စေမှန်း သူသိပေမယ့် သူမရပ်တန့်နိုင်ပါ။ ဆေးလိပ်ကသာ သူ့ရဲ့ တစ်ခုတည်းသောထွက်ပေါက်ဖြစ်နေတာကြောင့်ပင်။
သူ့အတွက် မွေးနေ့လက်ဆောင်အဖြစ် မေမေဝယ်ပေးထားသော guitar လေးကိုသာ တီးခတ်ရင်းတိတ်ဆိတ်ခြင်းကိုဖြိုခွင်းမိပြန်သည်။
တိတ်ဆိတ်ခြင်းက သူ့ကိုအေးချမ်းစေပေမယ့် တစ်ခါတစ်ရံမှာတော့ အထီးကျန်စေသည်။
သူ့ကိုဆိုင်ကယ်မစီးစေချင်ကြသောကြောင့် ကားမောင်းတော့ ကိုငယ်ကသင်ပေးသည်။
တစ်ခါတစ်ရံသူ guitar တီးရင် သူ့ညီမလေး ကသီချင်းဆိုတတ်ကာ ဘေးမှတူလေးနှင့်တူမလေးကလက်ခုပ်တီးကြသည်။
Social media တွေလည်းသူမသုံးသောကြောင့် ဇေယျာတို့နှင့် ဖုန်းအဆက်အသွယ်သာရသည်။
မကြာခင် အောင်စာရင်းထွက်တော့မည်ဖြစ်ရာ သွေးတို့ ဝေယံတို့ပါ ရင်တမမဖြစ်နေပေမယ့် သလင်းမြူကတော့ စိတ်မလှုပ်ရှားပေ။
သူဖြေခဲ့တာကိုသူသာသိသည်။ ဖြေနိုင်တယ်ပြောပြီး ကျရင် ကံမကောင်းလို့လို့ ပြောကြသည့် သူတွေကို သလင်းမြူ အထင်သေးသည်။ ဒါဟာ ကိုယ့်ကိုကိုယ်ရော မိဘကိုပါ လိမ်သည့် သူတွေရဲ့ဆင်ခြေတစ်ခုသာ။
သူအခန်းထဲမှာအေးအေးဆေးဆေး ဇာတ်ကားကြည့်နေပေမယ့် ဆိုင်ထဲမှ မေမေတို့ကတော့ ဒီညထွက်မည့် အောင်စာရင်းအတွက်စိတ်မအေးနိုင်ကြ။
9 နာရီလောက်မှာ မေမေ့ရဲ့ အော်ဟစ်သံကြောင့် သလင်းမြူ ဘာများဖြစ်တာလဲဆိုပြီး ဆိုင်ထဲပြေးသွားမိသည်။
မေမေတို့ မမကြီးတို့အားလုံး ခုန်ပေါက်နေကြကာ သူထွက်လာတာမြင်တော့ လာဖက်ကြသည်။
"All D ပါတယ်....!!
အခုပဲ သားကျောင်းကဆရာမကြီးဖုန်းဆက်တယ်...
သား all D ပါတယ်တဲ့..."
ပညာရေးမှူးရုံးကနေ တိုက်ရိုက်ကျောင်းကိုအကြောင်းကြားပေးသောကြောင့် အောင်စာရင်းမကပ်ခင်မှာဘဲ result တွေကိုသူတို့စောကာသိရသည်။
မေမေအရမ်းပျော်နေမှန်းသိသာသည်။ ခုန်ပေါက်နေကြရင်း မေမေပျော်လွန်းလို့ မျက်ရည်တောင်ကျလေသည်။
"တော်တယ်....
မေမေ့သားငယ်လေး အရမ်းတော်တယ်..."
မေမေတို့အော်သံကြောင့် အိမ်ချင်းနီးသည့် သွေးလည်းရောက်လာလေသည်။
"သလင်း ဘာဖြစ်ကြလို့လဲ..."
"ငါ all D ပါတယ်..."
"တကယ်!!!
Congratulation! "
ဇေယျာနှင့် ကွမ်ခေးကလည်း သူ့ဆီဖုန်းဆက်လာကြသည်။
သူတို့နှစ်ယောက်လုံးလည်းအောင်သည်ဆိုသောကြောင့် သလင်းမြူ စိတ်အေးရသည်။
သဘက်ခါအားလုံး အမှတ်စာရင်းထုတ်ရင်းကျောင်းမှာဆုံကြပေမည်။
သလင်းမြူ ထိုညက ကြယ်တွေကိုငေးကြည့်ရင်း တိုးတိုးလေးရေရွတ်မိသည်။
"ဖေဖေ သားတော်တယ်မလား...."
မနက်သူမနိုးခင်မှာပဲ သူ့အခန်းထဲဝင်လာကြသည့် သွေးနှင့် ဝေယံတို့လည်းပြုံးနေကြရာ အားလုံးအောင်မှန်းသိလိုက်ပြီး သူတကယ်ပျော်မိသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"စိုင်းစံ!"
ထမင်းစားဆောင်ကထွက်လာသည့် စိုင်းစံက သူ့အော်ခေါ်သံကြောင့် ဝမ်းသာအားရပြေးလာကာ သူ့ကိုအရုပ်ကလေးလို ပွေ့ချီကာ ဝှေ့ယမ်းလေသည်။
"ဟျောင့်!!
ခေါင်းမူးတယ်....ငါ့ကိုအောက်ပြန်ချပေး!"
ဆံပင်တွေကိုဆောင့်ဆွဲကာ သူအော်မှ ဒင်းကောင်က စပ်ဖြီးဖြီးနှင့် ချပေးလေသည်။
"အစ်ကိုကလည်း...
ပျော်လို့ဟာကို ဆံပင်တွေကိုဆွဲလိုက်တာများ နာတာ..."
"Sorry... sorry... "
အရင်သူ့အိပ်ရာမှာ စိုင်းစံထက်ငယ်သည့် ကောင်လေးတစ်ယောက်ရောက်နေပေပြီ။
သလင်းမြူ ဝယ်လာသည့် မုန့်တွေကို စိုင်းစံထံပေးလိုက်သည်။
သူဆရာမကြီးတို့နှင့် စကားပြောနေတုန်းမှာပဲ တခြားသူတွေနှင့် ဇေယျာတို့ပါရောက်လာသည်။
ဘာသာစုံ အမှတ်ကောင်းပြီး ဆေးကျောင်းလျှောက်ရင် သူသေချာပေါက်ဝင်ခွင့်ရပေမည်။
ဆရာမကြီးတောင်းဆိုလို့ သူဆယ်တန်းတွေထံသွားကာ အားပေးစကားပြောဖြစ်သည်။
သူ့လိုအမြဲတမ်းငိုက်မနေကြဖို့လည်းသေချာမှာတော့ ကလေးတွေရော ဆရာဆရာမတွေပါရယ်ကြလေသည်။
အားလုံးထဲမှာ သူမျက်မှန်းတန်းမိတာဆိုလို့ စိုင်းစံနှင့် နွယ်နီနှစ်ယောက်သာ။
အရင်တုန်းကသူ့ကိုပြိုင်ဆိုင်ခဲ့သည့် သူများကလည်း အခုတော့ သာမန် သူငယ်ချင်းတွေလိုမျိုးသူ့ကိုဆက်ဆံကြသည်။
သူတို့တွေ restaurant တစ်ခုမှာ စုပြီးအောင်ပွဲခံသည့် အနေနှင့် အသောက်အစားလေးပါပါကြသည်။
အရင်က ယောက်ျားလေး မိန်းကလေးကြား စည်းကမ်းတွေကြပ်တာကြောင့် အကြည့်ချင်းသာဆုံခဲ့ရသည့် သူတွေကလည်း ချစ်သူတွေဖြစ်ကုန်ကြလေသည်။
"ဆရာဝန်လောင်းလေး သလင်းမြူကိုဂုဏ်ပြုဖို့ ခွက်တွေ မြှောက်လိုက်ကြရအောင်...!!!"
ဇေယျာရဲ့ဆော်ဩသံနှင့်အတူ ခွက်တွေအားလုံးလေပေါ်ရောက်လာခဲ့သည်။
"Congratulation သလင်းမြူ!!!"
"ကျေးဇူးပါပဲ
ငါ့သူငယ်ချင်းတွေအားလုံးလည်း..
Congratulation! "
သူပျော်ရွှင်နေခဲ့မိတယ်....
သူ့အိမ်မက်တွေအကောင်အထည်ဖော်နိုင်တော့မည်ဆိုပြီး....
ဒါပေမယ့်....
သူဟာ ကံဆိုးခြင်းရှေ့ပြေးအဖြစ်မွေးဖွားလာသူဆိုတာကို သူမေ့ထားခဲ့မိတာပဲ....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ကားကိုကိုယ်တိုင်မောင်းကာ ရက်ချိန်းအတိုင်း ဆေးသွားစစ်တော့ ကိုခန့်ကသာတာဝန်ယူစစ်ဆေးသည်။
"တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ ဖြည့်ပြီးပြီလား..."
"ဟင့်အင်း..."
"ဆေးပဲတက်မှာလား..."
"အင်း...ဟုတ်တယ်လေ....
ကျွန်တော့်အိမ်မက်ပဲဟာကို..."
သက်ပြင်းချလိုက်သော ကိုခန့်ကြောင့် သူ့အဖြေက ကိုခန့်ကို ရင်မောစေပုံပင်။
"စိတ်မပြောင်းတော့ဘူးလား..."
"ဘာလို့ပြောင်းရမှာပဲ...."
"သသ.....
မင်းမကြာခင် 16 ပြည့်တော့မှာနော်..."
"အဲ့တော့.....
ကိုခန့် ကျွန်တော့်ကိုသွယ်ဝိုက်မနေနဲ့...
တည့်ပြော..."
"မင်းအချိန်ပြည့်တော့မယ်လေ...."
"ဘာကိုပြောချင်တာလဲ..."
သူမျက်နှာလွှဲမိတော့ သူ့လက်ဖဝါးကို ကိုခန့်ကလာဆုပ်ကိုင်သည်။
"ဒီတစ်နှစ်အတွင်း မင်းနှလုံးက လုပ်ဆောင်မှုတွေအရမ်းကျဆင်းလာနေပြီ
ကိုယ်မပြောလည်း မင်းကိုယ်မင်းပိုသိမှာပါ...
မင်းမှာစိတ်ဖိစီးမှုတွေလည်းများလာပြီ...
ဆေးတက္ကသိုလ်ကစာအရမ်းလုပ်ရတယ်...
ဆယ်တန်းထက်ကိုမင်းပိုပင်ပန်းမှာ....
မင်းလုံးဝအဆင်မပြေနိုင်ဘူးသသ..."
"ကျွန်တော်အဆင်ပြေတယ်....
ပင်ပန်းလည်းရတယ်..."
"ခေါင်းမမာစမ်းနဲ့ သသ!!
မင်းဒီတိုင်းဆက်သွားရင် ဘွဲ့တောင်ရမှာမဟုတ်ဘဲ တကယ် 18 နှစ်မှာသေသွားလိမ့်မယ်"
"ကိုခန့်ကဘာလဲ!..
ကိုခန့်က ဘာမို့လို့ ကျွန်တော်သေမယ်ရှင်မယ်လာပြောနေတာလဲ!!"
"သသ ကိုယ်က..."
"ဒါကျွန်တော့်ဘဝ....
ကျွန်တော်သေသေရှင်ရှင်...
ကျွန်တော်ပဲရွေးချယ်မယ်..."
သလင်းမြူ ထိုအခန်းထဲမှ ထွက်လာခဲ့ပြီး ကားပေါ်ရောက်သည်နှင့် ကားစတီရာရင် ကိုတဘုန်းဘုန်းထုမိသည်။
ကိုခန့်ကိုဒေါသထွက်လို့မဟုတ်....
ကိုယ့်ကိုကိုယ်ဒေါသထွက်ခြင်းသာ။
အိမ်မက်ကိုလက်တစ်ကမ်းမှာမြင်နေရတာတောင် ဘာကြောင့်သူ့ကိုဖမ်းဆုပ်ခွင့်မပေးနိုင်ရတာလဲ.....
ငါလက်မလျော့နိုင်ဘူး....
ငါ့အိမ်မက်ကိုလက်လွှတ်လိုက်ပြီး ငါလူသေတစ်ယောက်လိုမရှင်သန်ချင်ဘူး...
မောဟိုက်နေတဲ့ဘယ်ဘက်ရင်အုံမှ ကျိန်စာသင့်နှလုံးသားကို သူထပ်မံလှစ်လျူရှုလိုက်သည်။
နောက်ဆုံးထွက်သက်အထိ သူအဓိပ္ပါယ်ရှိစွာရင်သန်ပါရစေ။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
အိမ်မှာ ရှေ့နေတွေရောက်နေပြီး မေမေကငိုနေသည်ကို သူပြန်လာလာချင်းတွေ့ရသည်။
"မကြီး...
ဘာတွေဖြစ်နေတာလဲ..."
"ကိုငယ်ကွာရှင်းတော့မှာတဲ့..."
ကိုငယ်နှင့် ဇနီးဖြစ်သူက မျက်နှာချင်းဆိုင်ထိုင်နေကြပြီး ကိုငယ့် မျက်ဝန်းတွေကခံစားချက်မဲ့နေသည်။
"သားငယ်လေး...
သားတူလေးနဲ့ တူမလေးကိုအပြင်ခေါ်သွားလိုက်..."
သလင်းမြူ နားလည်စွာပဲ မမကြီး ရင်ခွင်ထဲမှ တူမလေးကိုပွေ့ချီလိုက်ကာ အဖေအမေရဲ့မျက်နှာကို ကြောင်ကြောင်လေးငေးကြည့်နေသည့် တူလေးရဲ့ လက်ကိုဆွဲကာ သလင်းမြူ ပြန်ထွက်လာခဲ့သည်။
အိမ်ထောင်တစ်ခုပြိုကွဲရင် သနားစရာအကောင်းဆုံးက ကလေးတွေသာ...
သလင်းမြူ ပန်းခြံထဲတွင်ဆော့ကစားနေသည့် တူလေးကိုကြည့်ရင်း နာကျင်မိသည်။
အတော်ကြာမှ ပြန်လာလို့ရပြီဆိုပြီး မကြီးဖုန်းဆက်တော့ သူတို့အိမ်ကိုပြန်ခဲ့သည်။
နီရဲနေသည့် မျက်ဝန်းတွေနှင့် မေမေက မြေးဦးဖြစ်သူတူလေးကိုဖက်ကာ ငိုနေပြန်သည်။
ငယ်ရွယ်သေးလွန်းသည့် တူလေးကတော့ ဘာကိုမှနားမလည်နိုင်စွာ အဖွားဖြစ်သူငိုလို့ လိုက်ငိုလေသည်။
"ဘယ်လိုတွေဖြစ်တာလဲ မကြီး..."
"ယောင်းမက ဖောက်ပြန်နေတယ် ငယ်လေး..."
"ဘယ်သူနဲ့လဲ...."
"ကျော်စွာနဲ့...."
သလင်းမြူတကယ်ကိုအံ့ဩသွားရသည်။ ကိုကျော်စွာဆိုတာ အရင်ကတည်းအိမ်ကိုဝင်ထွက်နေသည့် ကိုငယ့်ရဲ့သူငယ်ချင်း။
"ဘယ်ကတည်းကလဲ..."
"မကြီးတို့သတိထားမိတာတော်တော်ကြာပြီ....
အခု ယောင်းမမှာ ကျော်စွာ့ ကိုယ်ဝန်တောင်ရှိနေပြီ...."
"တူလေးကိုရော ဘယ်လိုလုပ်မှာလဲ...."
"ကလေးရဲ့အုပ်ထိန်းခွင့်ကို မေမေ့ကိုပေးဖို့တောင်းဆိုလိုက်တာ....
ဟိုဘက်ကလည်း သူတို့မှားတာဆိုတော့ သဘောတူတယ်
စာရွက်စာတမ်းနဲ့ တစ်ခါတည်းလွှဲပေးသွားတာ..."
သလင်းမြူရဲ့ ပူလောင်နေတဲ့ရင်ဟာ အပြစ်ကင်းသည့် တူလေးရဲ့မျက်နှာကြောင့် ပေါက်ကွဲထွက်မလိုတောင်ခံစားမိသည်။
"ကိုငယ်ရော..."
"သူ့အခန်းထဲဝင်သွားတယ်...."
သလင်းမြူ ကိုငယ့်အခန်းတံခါးကိုသွားခေါက်ပေမယ့် ကိုငယ်ကဖွင့်မပေး။
"ကိုငယ်....
အဆင်ပြေလား...."
"......."
အဖြေစကားသံထွက်မလာပေမယ့် နားထောင်နေမှန်းသိတာကြောင့် သလင်းမြူ အခန်းတံခါးကိုမှီထိုင်ကာ သူတို့ငယ်ငယ်ကအဖြစ်အပျက်တွေကိုပြောပြမိသည်။
အခန်းထဲမှ ရယ်သံတိုးတိုးကိုကြားတော့မှ ကိုငယ်အဆင်ပြေသွားပြီမှန်း သူသဘောပေါက်သည်။
ဆေးစစ်တဲ့အခြေအနေကို မေမေမေးတော့ သူပုံမှန်ပါပဲဟုလိမ်မိသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေဖြည့်ဖို့ မေမေ့အခန်းထဲမှ အိမ်ထောင်စုဇယားသွားရှာစဉ် မထင်မှတ်ဘဲ မီးခံသေတ္တာဘေးမှ file တစ်ခုကိုဖွင့်ကြည့်မိသည်။
"ဒါတွေက...."
ငွေချေးစာချုပ် အပေါင်စာချုပ်တွေက ထို file ထဲမှာရှိနေသည်။
သလင်းမြူ ဖတ်ကြည့်ရင်း လက်တွေပင်တုန်ယင်လာမိသည်။
သူတို့မောင်နှမတွေကို ချမ်းချမ်းသာသာထားသည့် မေမေ့မှာ အကြွေးပေါင်းများစွာရှိနေမှန်း သူအခုမှသိသည်။
ထို file ကိုမေမေ့ဆီယူသွားတော့ မေမေ့မျက်နှာက ပျက်ယွင်းသွားသည်။
"မေမေ...
ဒါတွေကဘာတွေလဲ.... "
"ငယ်လေး...
အဲ့ file ကိုအခန်းထဲပြန်ထားလိုက်...."
ဝင်ပြောသည့် မမကြီးကလည်း မျက်နှာမကောင်း...
"မကြီးလည်း သိနေတာလား....
ကျွန်တော်နားလည်အောင် ရှင်းပြပါဦး....
ဒါတွေကဘယ်လိုဖြစ်ရတာလဲ...."
"နင့်ကျန်းမာရေးနဲ့ပညာရေးအတွက် ကုန်ကျထားတာတွေ..."
"အကြီးမ!!"
မကြီးရဲ့စကားကြောင့် ဒေါသတကြီးအော်လိုက်သည့်မေမေ...
"တော်တော့!"
"သူသိသင့်တယ်မေမေ...
ဒါတွေက သူ့ကြောင့်..."
"တော်တော့ လို့ငါပြောနေတယ်!!"
ဘာစကားမှထပ်မဆိုဘဲ မကြီးငြိမ်သက်သွားပေမယ့် ဟန်မဆောင်နိုင်အောင် တုန်လှုပ်နေသူက သလင်းမြူ...
ကိုငယ် ကိုလတ်တို့ကလည်း သိထားကြပြီးပုံပင်....
"ဒီအကြွေးတွေက....
ကျွန်တော့်ကိုဆေးကုဖို့ ကျွန်တော်ကျောင်းကောင်းမှာတက်ခဲ့တဲ့အတွက် ယူထားတဲ့ဟာတွေပေါ့..."
"သားငယ်လေး..."
အရောင်ဖျော့နေတဲ့ မေမေ့မျက်ဝန်းတွေကိုမြင်ရချိန်မှာတော့ သူသိလိုက်သည်။
"ကျွန်တော့်လိုလူကမွေးဖွားမလာခဲ့သင့်ဘူး..."
သလင်းမြူ ဆိုင်ထဲမှပြေးထွက်သွားတော့ အနောက်မှမေမေ့ရဲ့ငိုသံကိုတစ်စွန်းတစ်စကြားမိသည်။
"ဟား!!!!!!!!!!"
မြစ်ကမ်းပါးအစွန်းမှာ သူမောဟိုက်စွာ ဒူးထောက်ထိုင်ချလိုက်ပြီး အော်ဟစ်ငိုကြွေးမိသည်။
သူ့မိသားစုထဲမှာ ဒုက္ခတွေကြုံနေရပြီး အားလုံးပင်ပန်းခက်ခဲနေကြရတာကို သူကတော့မသိဘဲ အေးအေးဆေးဆေး ပျော်နေခဲ့တာ....
သူ့အိမ်မက်ကိုပဲအာရုံစိုက်ထားခဲ့ပြီး သူ့နောက်မှမိသားစုကိုမေ့လျော့နေခဲ့တာ...
ငါတကယ်အသုံးမကျဘူး....
ငါမမွေးဖွားခဲ့သင့်ဘူး....
ကိုယ့်ကိုကိုယ်ထုရိုက်ရင်း သူရယ်မောမိပြန်သည်။
အခုသူ့ဘဝတကယ်ကိုပြီးဆုံးသွားပြီဟု ခံစားရသည်။
နက်ရှိုင်းသည့် ရေပြင်ကျယ်ကသူ့ကိုဖိတ်ခေါ်နေသယောင်....
'"ဒီမိသားစုလေးကိုမပြိုကွဲအောင် သာကာကွယ်ပေးပါ....
ဖေဖေဂုဏ်ယူရတဲ့ သူတစ်ယောက်ဖြစ်အောင်သားလုပ်နိုင်တယ်မလား...."'
ကြားယောင်လာတဲ့ အမှာစကားတစ်ခွန်းကြောင့် ကမ်းပါးအစွန်းဆီတိုးကပ်သွားသော ခြေလှမ်းတွေရပ်တန့်သွားရသည်။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Zawgyi
တစ္ႏွစ္လုံးအားရေအာင္မအိပ္ခဲ့ရတာေၾကာင့္ သလင္းျမဴ အိမ္ျပန္ေရာက္ေတာ့ အတိုးခ်အိပ္သည္။
ဘာကိုမွမစဥ္းစားဘဲ အိပ္စက္မိေတာ့ အိပ္မက္ထဲမွာေတာင္ သူခ်စ္ခဲ့ဖူးတဲ့ အမုန္းဆုံးလူသားက မိန္းကေလးတစ္ေယာက္လက္ကိုတြဲထားၿပီး သူ႔ကိုေလွာင္ရယ္ေနခဲ့သည္။
မြန္းၾကပ္စြာႏိုးထလာကာ စာၾကည့္စားပြဲအံဆြဲထဲတြင္ဝွက္ထားသည့္ ေဆးလိပ္ဘူးႏွင့္ မီးျခစ္ကိုယူၿပီး ျပတင္းေပါက္ေဘာင္ေပၚတက္ထိုင္လိုက္သည္။
ေဆးလိပ္ေငြ႔ေတြကို ရိွဳက္ၿပီးမႈတ္ထုတ္လိုက္ျခင္းက သူ႔ကိုစိတ္သက္သာေစႏိုင္သည္။
သူေဆးလိပ္ေသာက္တာကို ေမေမတို႔အားမသိေစခ်င္ေသာေၾကာင့္ lollipop တစ္လုံးကိုေဖာက္ကာ ငုံလိုက္သည္။
ေဆးလိပ္က သူ႔က်န္းမာေရးကိုပိုဆိုးရြားႏိုင္ေစမွန္း သူသိေပမယ့္ သူမရပ္တန္႔ႏိုင္ပါ။ ေဆးလိပ္ကသာ သူ႔ရဲ႕ တစ္ခုတည္းေသာထြက္ေပါက္ျဖစ္ေနတာေၾကာင့္ပင္။
သူ႔အတြက္ ေမြးေန႔လက္ေဆာင္အျဖစ္ ေမေမဝယ္ေပးထားေသာ guitar ေလးကိုသာ တီးခတ္ရင္းတိတ္ဆိတ္ျခင္းကိုၿဖိဳခြင္းမိျပန္သည္။
တိတ္ဆိတ္ျခင္းက သူ႔ကိုေအးခ်မ္းေစေပမယ့္ တစ္ခါတစ္ရံမွာေတာ့ အထီးက်န္ေစသည္။
သူ႔ကိုဆိုင္ကယ္မစီးေစခ်င္ၾကေသာေၾကာင့္ ကားေမာင္းေတာ့ ကိုငယ္ကသင္ေပးသည္။
တစ္ခါတစ္ရံသူ guitar တီးရင္ သူ႔ညီမေလး ကသီခ်င္းဆိုတတ္ကာ ေဘးမွတူေလးႏွင့္တူမေလးကလက္ခုပ္တီးၾကသည္။
Social media ေတြလည္းသူမသုံးေသာေၾကာင့္ ေဇယ်ာတို႔ႏွင့္ ဖုန္းအဆက္အသြယ္သာရသည္။
မၾကာခင္ ေအာင္စာရင္းထြက္ေတာ့မည္ျဖစ္ရာ ေသြးတို႔ ေဝယံတို႔ပါ ရင္တမမျဖစ္ေနေပမယ့္ သလင္းျမဴကေတာ့ စိတ္မလႈပ္႐ွားေပ။
သူေျဖခဲ့တာကိုသူသာသိသည္။ ေျဖႏိုင္တယ္ေျပာၿပီး က်ရင္ ကံမေကာင္းလို႔လို႔ ေျပာၾကသည့္ သူေတြကို သလင္းျမဴ အထင္ေသးသည္။ ဒါဟာ ကိုယ့္ကိုကိုယ္ေရာ မိဘကိုပါ လိမ္သည့္ သူေတြရဲ႕ဆင္ေျခတစ္ခုသာ။
သူအခန္းထဲမွာေအးေအးေဆးေဆး ဇာတ္ကားၾကည့္ေနေပမယ့္ ဆိုင္ထဲမွ ေမေမတို႔ကေတာ့ ဒီညထြက္မည့္ ေအာင္စာရင္းအတြက္စိတ္မေအးႏိုင္ၾက။
9 နာရီေလာက္မွာ ေမေမ့ရဲ႕ ေအာ္ဟစ္သံေၾကာင့္ သလင္းျမဴ ဘာမ်ားျဖစ္တာလဲဆိုၿပီး ဆိုင္ထဲေျပးသြားမိသည္။
ေမေမတို႔ မမႀကီးတို႔အားလုံး ခုန္ေပါက္ေနၾကကာ သူထြက္လာတာျမင္ေတာ့ လာဖက္ၾကသည္။
"All D ပါတယ္....!!
အခုပဲ သားေက်ာင္းကဆရာမႀကီးဖုန္းဆက္တယ္...
သား all D ပါတယ္တဲ့..."
ပညာေရးမႉး႐ုံးကေန တိုက္႐ိုက္ေက်ာင္းကိုအေၾကာင္းၾကားေပးေသာေၾကာင့္ ေအာင္စာရင္းမကပ္ခင္မွာဘဲ result ေတြကိုသူတို႔ေစာကာသိရသည္။
ေမေမအရမ္းေပ်ာ္ေနမွန္းသိသာသည္။ ခုန္ေပါက္ေနၾကရင္း ေမေမေပ်ာ္လြန္းလို႔ မ်က္ရည္ေတာင္က်ေလသည္။
"ေတာ္တယ္....
ေမေမ့သားငယ္ေလး အရမ္းေတာ္တယ္..."
ေမေမတို႔ေအာ္သံေၾကာင့္ အိမ္ခ်င္းနီးသည့္ ေသြးလည္းေရာက္လာေလသည္။
"သလင္း ဘာျဖစ္ၾကလို႔လဲ..."
"ငါ all D ပါတယ္..."
"တကယ္!!!
Congratulation! "
ေဇယ်ာႏွင့္ ကြမ္ေခးကလည္း သူ့ဆီဖုန္းဆက္လာၾကသည္။
သူတို႔ႏွစ္ေယာက္လုံးလည္းေအာင္သည္ဆိုေသာေၾကာင့္ သလင္းျမဴ စိတ္ေအးရသည္။
သဘက္ခါအားလုံး အမွတ္စာရင္းထုတ္ရင္းေက်ာင္းမွာဆုံၾကေပမည္။
သလင္းျမဴ ထိုညက ၾကယ္ေတြကိုေငးၾကည့္ရင္း တိုးတိုးေလးေရရြတ္မိသည္။
"ေဖေဖ သားေတာ္တယ္မလား...."
မနက္သူမႏိုးခင္မွာပဲ သူ႔အခန္းထဲဝင္လာၾကသည့္ ေသြးႏွင့္ ေဝယံတို႔လည္းျပဳံးေနၾကရာ အားလုံးေအာင္မွန္းသိလိုက္ၿပီး သူတကယ္ေပ်ာ္မိသည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
"စိုင္းစံ!"
ထမင္းစားေဆာင္ကထြက္လာသည့္ စိုင္းစံက သူ႔ေအာ္ေခၚသံေၾကာင့္ ဝမ္းသာအားရေျပးလာကာ သူ႔ကိုအ႐ုပ္ကေလးလို ေပြ႔ခ်ီကာ ေဝွ့ယမ္းေလသည္။
"ေဟ်ာင့္!!
ေခါင္းမူးတယ္....ငါ့ကိုေအာက္ျပန္ခ်ေပး!"
ဆံပင္ေတြကိုေဆာင့္ဆြဲကာ သူေအာ္မွ ဒင္းေကာင္က စပ္ၿဖီးၿဖီးႏွင့္ ခ်ေပးေလသည္။
"အစ္ကိုကလည္း...
ေပ်ာ္လို႔ဟာကို ဆံပင္ေတြကိုဆြဲလိုက္တာမ်ား နာတာ..."
"Sorry... sorry... "
အရင္သူ႔အိပ္ရာမွာ စိုင္းစံထက္ငယ္သည့္ ေကာင္ေလးတစ္ေယာက္ေရာက္ေနေပၿပီ။
သလင္းျမဴ ဝယ္လာသည့္ မုန္႔ေတြကို စိုင္းစံထံေပးလိုက္သည္။
သူဆရာမႀကီးတို့ႏွင့္ စကားေျပာေနတုန္းမွာပဲ တျခားသူေတြႏွင့္ ေဇယ်ာတို႔ပါေရာက္လာသည္။
ဘာသာစုံ အမွတ္ေကာင္းၿပီး ေဆးေက်ာင္းေလ်ွာက္ရင္ သူေသခ်ာေပါက္ဝင္ခြင့္ရေပမည္။
ဆရာမႀကီးေတာင္းဆိုလို႔ သူဆယ္တန္းေတြထံသြားကာ အားေပးစကားေျပာျဖစ္သည္။
သူ႔လိုအျမဲတမ္းငိုက္မေနၾကဖို႔လည္းေသခ်ာမွာေတာ့ ကေလးေတြေရာ ဆရာဆရာမေတြပါရယ္ၾကေလသည္။
အားလုံးထဲမွာ သူမ်က္မွန္းတန္းမိတာဆိုလို႔ စိုင္းစံႏွင့္ ႏြယ္နီႏွစ္ေယာက္သာ။
အရင္တုန္းကသူ႔ကိုၿပိဳင္ဆိုင္ခဲ့သည့္ သူမ်ားကလည္း အခုေတာ့ သာမန္ သူငယ္ခ်င္းေတြလိုမ်ိဳးသူ႔ကိုဆက္ဆံၾကသည္။
သူတို႔ေတြ restaurant တစ္ခုမွာ စုၿပီးေအာင္ပြဲခံသည့္ အေနႏွင့္ အေသာက္အစားေလးပါပါၾကသည္။
အရင္က ေယာက္်ားေလး မိန္းကေလးၾကား စည္းကမ္းေတြၾကပ္တာေၾကာင့္ အၾကည့္ခ်င္းသာဆုံခဲ့ရသည့္ သူေတြကလည္း ခ်စ္သူေတြျဖစ္ကုန္ၾကေလသည္။
"ဆရာဝန္ေလာင္းေလး သလင္းျမဴကိုဂုဏ္ျပဳဖို႔ ခြက္ေတြ ေျမႇာက္လိုက္ၾကရေအာင္...!!!"
ေဇယ်ာရဲ႕ေဆာ္ဩသံႏွင့္အတူ ခြက္ေတြအားလုံးေလေပၚေရာက္လာခဲ့သည္။
"Congratulation သလင္းျမဴ!!!"
"ေက်းဇူးပါပဲ
ငါ့သူငယ္ခ်င္းေတြအားလုံးလည္း..
Congratulation! "
သူေပ်ာ္ရႊင္ေနခဲ့မိတယ္....
သူ႔အိမ္မက္ေတြအေကာင္အထည္ေဖာ္ႏိုင္ေတာ့မည္ဆိုၿပီး....
ဒါေပမယ့္....
သူဟာ ကံဆိုးျခင္းေ႐ွ႕ေျပးအျဖစ္ေမြးဖြားလာသူဆိုတာကို သူေမ့ထားခဲ့မိတာပဲ....
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
ကားကိုကိုယ္တိုင္ေမာင္းကာ ရက္ခ်ိန္းအတိုင္း ေဆးသြားစစ္ေတာ့ ကိုခန္႔ကသာတာဝန္ယူစစ္ေဆးသည္။
"တကၠသိုလ္ဝင္ခြင့္ေလ်ွာက္လႊာ ျဖည့္ၿပီးၿပီလား..."
"ဟင့္အင္း..."
"ေဆးပဲတက္မွာလား..."
"အင္း...ဟုတ္တယ္ေလ....
ကြၽန္ေတာ့္အိမ္မက္ပဲဟာကို..."
သက္ျပင္းခ်လိုက္ေသာ ကိုခန္႔ေၾကာင့္ သူ႔အေျဖက ကိုခန့္ကို ရင္ေမာေစပုံပင္။
"စိတ္မေျပာင္းေတာ့ဘူးလား..."
"ဘာလို႔ေျပာင္းရမွာပဲ...."
"သသ.....
မင္းမၾကာခင္ 16 ျပည့္ေတာ့မွာေနာ္..."
"အဲ့ေတာ့.....
ကိုခန္႔ ကြၽန္ေတာ့္ကိုသြယ္ဝိုက္မေနနဲ႔...
တည့္ေျပာ..."
"မင္းအခ်ိန္ျပည့္ေတာ့မယ္ေလ...."
"ဘာကိုေျပာခ်င္တာလဲ..."
သူမ်က္ႏွာလႊဲမိေတာ့ သူ႔လက္ဖဝါးကို ကိုခန္႔ကလာဆုပ္ကိုင္သည္။
"ဒီတစ္ႏွစ္အတြင္း မင္းႏွလုံးက လုပ္ေဆာင္မႈေတြအရမ္းက်ဆင္းလာေနၿပီ
ကိုယ္မေျပာလည္း မင္းကိုယ္မင္းပိုသိမွာပါ...
မင္းမွာစိတ္ဖိစီးမႈေတြလည္းမ်ားလာၿပီ...
ေဆးတကၠသိုလ္ကစာအရမ္းလုပ္ရတယ္...
ဆယ္တန္းထက္ကိုမင္းပိုပင္ပန္းမွာ....
မင္းလုံးဝအဆင္မေျပႏိုင္ဘူးသသ..."
"ကြၽန္ေတာ္အဆင္ေျပတယ္....
ပင္ပန္းလည္းရတယ္..."
"ေခါင္းမမာစမ္းနဲ႔ သသ!!
မင္းဒီတိုင္းဆက္သြားရင္ ဘြဲ႔ေတာင္ရမွာမဟုတ္ဘဲ တကယ္ 18 ႏွစ္မွာေသသြားလိမ့္မယ္"
"ကိုခန့္ကဘာလဲ!..
ကိုခန္႔က ဘာမို႔လို႔ ကြၽန္ေတာ္ေသမယ္႐ွင္မယ္လာေျပာေနတာလဲ!!"
"သသ ကိုယ္က..."
"ဒါကြၽန္ေတာ့္ဘဝ....
ကြၽန္ေတာ္ေသေသ႐ွင္႐ွင္...
ကြၽန္ေတာ္ပဲေရြးခ်ယ္မယ္..."
သလင္းျမဴ ထိုအခန္းထဲမွ ထြက္လာခဲ့ၿပီး ကားေပၚေရာက္သည္ႏွင့္ ကားစတီရာရင္ ကိုတဘုန္းဘုန္းထုမိသည္။
ကိုခန္႔ကိုေဒါသထြက္လို႔မဟုတ္....
ကိုယ့္ကိုကိုယ္ေဒါသထြက္ျခင္းသာ။
အိမ္မက္ကိုလက္တစ္ကမ္းမွာျမင္ေနရတာေတာင္ ဘာေၾကာင့္သူ႔ကိုဖမ္းဆုပ္ခြင့္မေပးႏိုင္ရတာလဲ.....
ငါလက္မေလ်ာ့ႏိုင္ဘူး....
ငါ့အိမ္မက္ကိုလက္လႊတ္လိုက္ၿပီး ငါလူေသတစ္ေယာက္လိုမ႐ွင္သႏ္ခ်င္ဘူး...
ေမာဟိုက္ေနတဲ့ဘယ္ဘက္ရင္အုံမွ က်ိန္စာသင့္ႏွလုံးသားကို သူထပ္မံလွစ္လ်ဴ႐ႈလိုက္သည္။
ေနာက္ဆုံးထြက္သက္အထိ သူအဓိပၸါယ္႐ွိစြာရင္သန္ပါရေစ။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
အိမ္မွာ ေ႐ွ႕ေနေတြေရာက္ေနၿပီး ေမေမကငိုေနသည္ကို သူျပန္လာလာခ်င္းေတြ႔ရသည္။
"မႀကီး...
ဘာေတြျဖစ္ေနတာလဲ..."
"ကိုငယ္ကြာ႐ွင္းေတာ့မွာတဲ့..."
ကိုငယ္ႏွင့္ ဇနီးျဖစ္သူက မ်က္ႏွာခ်င္းဆိုင္ထိုင္ေနၾကၿပီး ကိုငယ့္ မ်က္ဝန္းေတြကခံစားခ်က္မဲ့ေနသည္။
"သားငယ္ေလး...
သားတူေလးနဲ႔ တူမေလးကိုအျပင္ေခၚသြားလိုက္..."
သလင္းျမဴ နားလည္စြာပဲ မမႀကီး ရင္ခြင္ထဲမွ တူမေလးကိုေပြ႔ခ်ီလိုက္ကာ အေဖအေမရဲ႕မ်က္ႏွာကို ေၾကာင္ေၾကာင္ေလးေငးၾကည့္ေနသည့္ တူေလးရဲ႕ လက္ကိုဆြဲကာ သလင္းျမဴ ျပန္ထြက္လာခဲ့သည္။
အိမ္ေထာင္တစ္ခုၿပိဳကြဲရင္ သနားစရာအေကာင္းဆုံးက ကေလးေတြသာ...
သလင္းျမဴ ပန္းျခံထဲတြင္ေဆာ့ကစားေနသည့္ တူေလးကိုၾကည့္ရင္း နာက်င္မိသည္။
အေတာ္ၾကာမွ ျပန္လာလို႔ရၿပီဆိုၿပီး မႀကီးဖုန္းဆက္ေတာ့ သူတို႔အိမ္ကိုျပန္ခဲ့သည္။
နီရဲေနသည့္ မ်က္ဝန္းေတြႏွင့္ ေမေမက ေျမးဦးျဖစ္သူတူေလးကိုဖက္ကာ ငိုေနျပန္သည္။
ငယ္ရြယ္ေသးလြန္းသည့္ တူေလးကေတာ့ ဘာကိုမွနားမလည္ႏိုင္စြာ အဖြားျဖစ္သူငိုလို႔ လိုက္ငိုေလသည္။
"ဘယ္လိုေတြျဖစ္တာလဲ မႀကီး..."
"ေယာင္းမက ေဖာက္ျပန္ေနတယ္ ငယ္ေလး..."
"ဘယ္သူနဲ႔လဲ...."
"ေက်ာ္စြာနဲ႔...."
သလင္းျမဴတကယ္ကိုအံ့ဩသြားရသည္။ ကိုေက်ာ္စြာဆိုတာ အရင္ကတည္းအိမ္ကိုဝင္ထြက္ေနသည့္ ကိုငယ့္ရဲ႕သူငယ္ခ်င္း။
"ဘယ္ကတည္းကလဲ..."
"မႀကီးတို႔သတိထားမိတာေတာ္ေတာ္ၾကာၿပီ....
အခု ေယာင္းမမွာ ေက်ာ္စြာ့ ကိုယ္ဝန္ေတာင္႐ွိေနၿပီ...."
"တူေလးကိုေရာ ဘယ္လိုလုပ္မွာလဲ...."
"ကေလးရဲ႕အုပ္ထိန္းခြင့္ကို ေမေမ့ကိုေပးဖို႔ေတာင္းဆိုလိုက္တာ....
ဟိုဘက္ကလည္း သူတို႔မွားတာဆိုေတာ့ သေဘာတူတယ္
စာရြက္စာတမ္းနဲ႔ တစ္ခါတည္းလႊဲေပးသြားတာ..."
သလင္းျမဴရဲ႕ ပူေလာင္ေနတဲ့ရင္ဟာ အျပစ္ကင္းသည့္ တူေလးရဲ႕မ်က္ႏွာေၾကာင့္ ေပါက္ကြဲထြက္မလိုေတာင္ခံစားမိသည္။
"ကိုငယ္ေရာ..."
"သူ႔အခန္းထဲဝင္သြားတယ္...."
သလင္းျမဴ ကိုငယ့္အခန္းတံခါးကိုသြားေခါက္ေပမယ့္ ကိုငယ္ကဖြင့္မေပး။
"ကိုငယ္....
အဆင္ေျပလား...."
"......."
အေျဖစကားသံထြက္မလာေပမယ့္ နားေထာင္ေနမႇန္းသိတာေျကာင့္ သလင္းျမဴ အခန္းတံခါးကိုမွီထိုင္ကာ သူတို႔ငယ္ငယ္ကအျဖစ္အပ်က္ေတြကိုေျပာျပမိသည္။
အခန္းထဲမွ ရယ္သံတိုးတိုးကိုၾကားေတာ့မွ ကိုငယ္အဆင္ေျပသြားၿပီမွန္း သူသေဘာေပါက္သည္။
ေဆးစစ္တဲ့အေျခအေနကို ေမေမေမးေတာ့ သူပုံမွန္ပါပဲဟုလိမ္မိသည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
တကၠသိုလ္ဝင္ခြင့္ေလ်ွာက္လြွာေတြျဖည့္ဖို့ ေမေမ့အခန္းထဲမွ အိမ္ေထာင္စုဇယားသြား႐ွာစဥ္ မထင္မွတ္ဘဲ မီးခံေသတၱာေဘးမွ file တစ္ခုကိုဖြင့္ၾကည့္မိသည္။
"ဒါေတြက...."
ေငြေခ်းစာခ်ဳပ္ အေပါင္စာခ်ဳပ္ေတြက ထို file ထဲမွာ႐ွိေနသည္။
သလင္းျမဴ ဖတ္ၾကည့္ရင္း လက္ေတြပင္တုန္ယင္လာမိသည္။
သူတို႔ေမာင္ႏွမေတြကို ခ်မ္းခ်မ္းသာသာထားသည့္ ေမေမ့မွာ အေႂကြးေပါင္းမ်ားစြာ႐ွိေနမွန္း သူအခုမွသိသည္။
ထို file ကိုေမေမ့ဆီယူသြားေတာ့ ေမေမ့မ်က္ႏွာက ပ်က္ယြင္းသြားသည္။
"ေမေမ...
ဒါေတြကဘာေတြလဲ.... "
"ငယ္ေလး...
အဲ့ file ကိုအခန္းထဲျပန္ထားလိုက္...."
ဝင္ေျပာသည့္ မမႀကီးကလည္း မ်က္ႏွာမေကာင္း...
"မႀကီးလည္း သိေနတာလား....
ကြၽန္ေတာ္နားလည္ေအာင္ ႐ွင္းျပပါဦး....
ဒါေတြကဘယ္လိုျဖစ္ရတာလဲ...."
"နင့္က်န္းမာေရးနဲ႔ပညာေရးအတြက္ ကုန္က်ထားတာေတြ..."
"အႀကီးမ!!"
မႀကီးရဲ႕စကားေၾကာင့္ ေဒါသတႀကီးေအာ္လိုက္သည့္ေမေမ...
"ေတာ္ေတာ့!"
"သူသိသင့္တယ္ေမေမ...
ဒါေတြက သူ႔ေၾကာင့္..."
"ေတာ္ေတာ့ လို႔ငါေျပာေနတယ္!!"
ဘာစကားမွထပ္မဆိုဘဲ မႀကီးၿငိမ္သက္သြားေပမယ့္ ဟန္မေဆာင္ႏိုင္ေအာင္ တုန္လႈပ္ေနသူက သလင္းျမဴ...
ကိုငယ္ ကိုလတ္တို႔ကလည္း သိထားၾကၿပီးပုံပင္....
"ဒီအေႂကြးေတြက....
ကြၽန္ေတာ့္ကိုေဆးကုဖို႔ ကြၽန္ေတာ္ေက်ာင္းေကာင္းမွာတက္ခဲ့တဲ့အတြက္ ယူထားတဲ့ဟာေတြေပါ့..."
"သားငယ္ေလး..."
အေရာင္ေဖ်ာ့ေနတဲ့ ေမေမ့မ်က္ဝန္းေတြကိုျမင္ရခ်ိန္မွာေတာ့ သူသိလိုက္သည္။
"ကြၽန္ေတာ္႔လိုလူကေမြးဖြားမလာခဲ့သင့္ဘူး..."
သလင္းျမဴ ဆိုင္ထဲမွေျပးထြက္သြားေတာ့ အေနာက္မွေမေမ့ရဲ႕ငိုသံကိုတစ္စြန္းတစ္စၾကားမိသည္။
"ဟား!!!!!!!!!!"
ျမစ္ကမ္းပါးအစြန္းမွာ သူေမာဟိုက္စြာ ဒူးေထာက္ထိုင္ခ်လိုက္ၿပီး ေအာ္ဟစ္ငိုေႂကြးမိသည္။
သူ႔မိသားစုထဲမွာ ဒုကၡေတြၾကဳံေနရၿပီး အားလံုးပင္ပန္းခက္ခဲေနၾကရတာကို သူကေတာ့မသိဘဲ ေအးေအးေဆးေဆး ေပ်ာ္ေနခဲ့တာ....
သူ႔အိမ္မက္ကိုပဲအာ႐ုံစိုက္ထားခဲ့ၿပီး သူ႔ေနာက္မွမိသားစုကိုေမ့ေလ်ာ့ေနခဲ့တာ...
ငါတကယ္အသုံးမက်ဘူး....
ငါမေမြးဖြားခဲ့သင့္ဘူး....
ကိုယ့္ကိုကိုယ္ထု႐ိုက္ရင္း သူရယ္ေမာမိျပန္သည္။
အခုသူ႔ဘဝတကယ္ကိုၿပီးဆုံးသြားၿပီဟု ခံစားရသည္။
နက္ရွိုင္းသည့္ ေရျပင္က်ယ္ကသူ႔ကိုဖိတ္ေခၚေနသေယာင္....
'"ဒီမိသားစုေလးကိုမၿပိဳကြဲေအာင္ သာကာကြယ္ေပးပါ....
ေဖေဖဂုဏ္ယူရတဲ့ သူတစ္ေယာက္ျဖစ္ေအာင္သားလုပ္ႏိုင္တယ္မလား...."'
ၾကားေယာင္လာတဲ့ အမွာစကားတစ္ခြန္းေၾကာင့္ ကမ္းပါးအစြန္းဆီတိုးကပ္သြားေသာ ေျခလွမ္းေတြရပ္တန္႔သြားရသည္။
◽◾◽◾◽◾◽◾◽◾◽◾◽◾◽
Bạn đang đọc truyện trên: Truyen247.Pro