Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-12 ( without love)

Unicode

လက်ကောက်ဝတ်မှ ရင်းနှီးတဲ့နာကျင်မှုလေးကြောင့် ဆေးပိုက်တပ်ထားမှန်း သူသိလိုက်သည်။

ဆေးနံ့ခပ်သင်းသင်းရပေမယ့် ဆေးရုံမှာဖြစ်ဟန်မတူ။

လက်ဖဝါးကနွေးထွေးတဲ့အထိအတွေ့ကိုခံစားမိတော့ ပထမဆုံးအကြိမ်အဖြစ် တောင်းဆုပြုမိသည်။

ကျေးဇူးပြုပြီး ကိုကိုဖြစ်ပေးပါ....
ကျွန်တော်မြင်ခဲ့ကြားခဲ့ရတာအားလုံးအိမ်မက်ပဲဖြစ်ပေးပါ

မျက်ဝန်းတွေကိုအသာဖွင့်ကြည့်မိတော့ သူ့ကိုစိုးရိမ်တကြီးကြည့်နေတဲ့ကိုကို....

သူပျော်ရွှင်မှုကြောင့် ပြုံးရင်းမျက်ရည်တောင်ဝဲမိသည်။

"သသ..."

သူအမြင်မှားခြင်းပဲ..

ပထမဆုံးအကြိမ်ဆုတောင်းခြင်းကတောင်မပြည့်ဝခဲ့ပါ။

"အသက်ရှုရကြပ်လား...
ခေါင်းရောမူးနေလား ...."

သလင်းမြူ မျက်ဝန်းတွေသာပြန်ပိတ်လိုက်ပြီး စိတ်ကိုမနည်းငြိမ်အောင်ကြိုးစားလိုက်သည်။

ယခုသူ့အခန်းမှာပဲ ဆေးသွင်းနေခြင်းပင်။

သူ lock ချထားသည့်တံခါးမှာလည်း ကြိုးပဲ့နေသည်။ မေမေတို့အားလုံးလည်း သူ့အနားမှာ ငြိမ်သက်စွာထိုင်နေကြသည်။

သူရိုက်ခွဲထားသည့် guitar ကလည်း အပိုင်းအစလေးတစ်ခုတောင်ရှိမနေတော့။

"သသ ကိုယ်မေးနေတယ်လေ...
ခေါင်းအရမ်းမူးနေလို့လား..."
"......."
"ကိုယ်ဒီနေ့ပဲ ပြန်ရောက်တာ...
သသဆီကိုအရင်ဆုံးတန်းလာတာ...
ကြိုဆိုတဲ့ မြင်ကွင်းကတော့ မကောင်းဘူးပဲ..."

မျက်ဝန်းတွေကိုပြန်ဖွင့်ပြီး မျက်နှာမကောင်းသည့် ကိုခန့်ကို သလင်းမြူ အားတင်းပြီးပြုံးပြမိသည်။

"ပြန်လာတာ ကြိုဆိုပါတယ် ကိုခန့်..."
"အဆင်ပြေရဲ့လား..."
"ဘာကိုလဲ...."
"အားလုံး..."
"အဆင်ပြေပါတယ်....
ဆေးပိုက်ဖြုတ်လို့ရလား..."
"ဆေးကုန်ရင်ဖြုတ်လို့ရပြီ....
နည်းနည်းပဲကျန်တော့တာ..."
"ကျွန်တော်ခဏလောက်နားချင်တယ်..."
"အင်း...."

ကိုခန့်ရောမေမေတို့ပါ အခန်းထဲကထွက်သွားကြတော့ သလင်းမြူ မိမိအောက်မှ မွေ့ယာကို ဆေးပိုက်တပ်မထားသည့်လက်နှင့်ထုရိုက်မိသည်။

အံကိုတင်းတင်းကြိတ်မိထားပြန်တော့ စီးဆင်းလာသည့် မျက်ရည်စီးကြောင်းနှစ်ခု။

ငိုနေလို့လည်း ဘာမှပြောင်းလဲသွားမည်မဟုတ်...

သူ့ကျန်းမာရေးကိုသာ ပို၍ထိခိုက်စေလိမ့်မည်။

စိတ်ကိုလျော့ချလိုက်ပြီး သူအခုဘာလုပ်သင့်လဲစဉ်းစားသည်။

အဖြေကတော့ တစ်ခုပဲ မေ့ပစ်ရမည်။
မေ့ပစ်ဖို့ အတွက် သူပြောင်းလဲရမည်။
သူ့စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့လိုသည်။

ဘေးစားပွဲပေါ်မှ ဖုန်းလေးကိုယူကာ နံပါတ်တစ်ခုကိုခေါ်ဆိုလိုက်သည်။

"Hello"
"Hello မလဲ့....
ကျွန်တော် သလင်းမြူပါ...."
"ပြော မြူလေး..."
"ရေကူးသင်တန်းက ဘယ်တော့စမှာလဲ..."
"မနက်ဖြန်လေ....ဘာလို့လဲ..."
"ကျွန်တော့်နာမည်ကို စာရင်းသွင်းထားပေးပါ "
"နင်ကအိမ်ပြန်တာမဟုတ်ဘူးလား...
ဘာလို့သင်တန်းစာရင်းသွင်းခိုင်းတာလဲ..."
"ကျွန်တော်ဒီနေ့ပဲကျောင်းကိုပြန်လာခဲ့မှာမို့
စာရင်းပဲသွင်းပေးထားပါ..."
"ကြားသားမိုးကြိုး......
အိမ်ပဲပြန်ချင်နေတဲ့သူက ချက်ချင်းပြန်လာမယ်ပေါ့..."
"....."
"အင်းပါ...
အစ်မစာရင်းသွင်းထားပေးမယ်...
စားဖိုဆောင်ကိုလည်း မှာထားလိုက်မယ်...."
"ကျေးဇူးပါပဲ အစ်မ..."

သလင်းမြူ ဖုန်းချလိုက်ပြီး ကုန်သွားပြီဖြစ်သည့် ဆေးပုလင်းကြောင့် လက်မှပိုက်ကိုအသာဖြုတ်လိုက်သည်။

သူယူလာသည့်အတိုင်း ဖွင့်တောင်မဖွင့်ရသေးသည့် luggage ကိုဆွဲကာ သူထွက်လာတော့ ဆိုင်ထဲမှာထိုင်နေကြသည့် မေမေတို့က အံ့ဩနေကြသည်။

"သားငယ်လေး....luggage ကြီးဆွဲပြီးဘယ်သွားမလို့လဲ...."
"ကျွန်တော် ကျောင်းကိုပြန်တော့မယ် မေမေ..."
"ဒီနေ့မှပြန်လာတာလေ သားရယ်..."
"ကျွန်တော်ရေကူးသင်တန်းတက်ချင်လို့ပါ..."

သူ့စိတ်ကိုမေမေကနားလည်ဟန် ခွင့်ပြုလေသည်။

"ကိုယ်လိုက်ပို့မယ်.."

ကိုခန့်ကပြောပြောဆိုဆို ကားသော့ထယူလေသည်။

"ရတယ် ကျွန်တော်ကားငှါးသွားလိုက်တော့မယ်..."
"သားတစ်ယောက်တည်း ဘယ်ဖြစ်မှာလဲ..."
"မေမေ...
သားအရွယ်ရောက်နေပြီ..."

သူ့ရဲ့ထိုစကားတစ်ခွန်းကြောင့် အားလုံးတိတ်ဆိတ်သွားကြသည်။

"ခဏနေဦး မေမေပိုက်ဆံသွားယူလိုက်ဦးမယ်..."
"ကျွန်တော့်ဆီမှာရှိသေးတယ် မေမေ..."
"ရှိလည်း ပိုပိုလိုလိုယူသွား သားငယ်..."

သူ့ကျောပိုးအိတ်ထဲကို မေမေက ပိုက်ဆံအထပ်လိုက်ထည့်ပေးလိုက်ပြန်သည်။

သလင်းမြူ နားကြပ်တပ်ပြီး အပြင်ကိုသာငေးကြည့်ကာ ကျချင်နေသည့် မျက်ရည်တွေကို ထိန်းချုပ်နိုင်အောင်ကြိုးစားမိသည်။

သူငှါးလာသည့် ကားဆရာကတော့ အရှေ့ကိုသာသေချာအာရုံစိုက်မောင်းနေသောကြောင့် သူ့ကိုသတိထားမိဟန်မတူ။

အရင်ဆို ကောက်ကွေ့သည့်လမ်းတွေကြောင့် ကားမူးကာအန်တတ်သည့်သူက အခုတော့ ဘာမှမဖြစ်သလိုပင်။

ကားဆရာကို အားကစားပစ္စည်းဆိုင်ရှေ့မှာရပ်ခိုင်းပြီး လိုတာတွေဆင်းဝယ်ကာ mini mart တစ်ခုတွင်လည်း သူမုန့်အချို့ဝင်ဝယ်လိုက်သည်။

ကျောင်းရှေ့ရောက်တော့ ကားခရှင်းပေးကာ luggage ကိုဆွဲပြီး အဝင်ပေါက်ဆီလှမ်းလာခဲ့တော့ တံခါးရှေ့မှာ မိသားစုနှင့်စကားပြောနေသည့် နန်းနွယ်နီကိုတွေ့ရသည်။

ကြည့်ရတာသူမလည်း သင်တန်းတက်ရန် အိမ်မပြန်ပုံပင်။

ကျောင်းတံခါးဘေးမှ အမှိုက်ပုံးတွေဆီအကြည့်ရောက်သွားတော့ သလင်းမြူ လက်ထဲမှ luggage ကိုအသာချကာ ကျောပိုးအိတ်ထဲမှ ဝက်ဝံရုပ်ကိုဆွဲထုတ်လိုက်သည်။

"'ငယ်လေး နေ့တိုင်းဆေးသောက်ဖို့မမေ့နဲ့နော်
ညရောက်ရင်လည်းနွေးနွေးထွေးထွေးအိပ်
ဒါက ကိုကို့ကိုယ်ပွား...."'

ပြန်ကြားယောင်မိသည့် စကားသံကထင်ရှားစွာ.....

"အစ်ကို သလင်းမြူ...."
"ဟမ်..."

သလင်းမြူခေါ်သံကြောင့် လှည့်ကြည့်မိတော့ နန်းနွယ်နီ....

"အရုပ်ကလေးကို လွှင့်ပစ်မလို့လား..."

အမှိုက်ပုံးထံဦးတည်နေသည့် ဝက်ဝံရုပ်ကို သူမကလက်ညှိုးထိုးပြသည်။

"အင်း...."
"လွှင့်ပစ်မယ့်အစား ညီမကိုပေးပါလားဟင်...
အရုပ်ကလေးကချစ်စရာလေးမို့..."

သူမကိုကြည့်ရတာတကယ်လိုချင်နေပုံပေါက်တာကြောင့် သလင်းမြူပေးလိုက်သည်။

"အရုပ်ကဟောင်းနေပြီ..."
"ရပါတယ် ဟောင်းလည်း..."

သလင်းမြူ ကျောပိုးအိတ်ထဲမှချောကလက်ဘူးကိုထုတ်ကာ သူမဆီပေးတော့ ကြောင်ကြောင်လေးကြည့်နေသည်။

"ဘာလဲဟင်..."
"လက်ဆောင်...."
"ဘာလို့ပေးတာလဲ...."
"ဒီတိုင်း ကျေးဇူးတင်လို့...
အရင်ကကူညီပေးခဲ့တာလေ..."

သူမချောကလက်ဘူးကိုယူလိုက်တော့ သလင်းမြူလည်း ကျောင်းထဲကိုဝင်လာခဲ့လိုက်တော့သည်။

ကိုကို့အတွက် ဝယ်ထားသည့်ချောကလက်ကို သူမစားချင်သောကြောင့် သူမကိုပေးခဲ့ခြင်းသာ။

စိုင်းစံတို့ဇေယျာတို့ပါအိမ်ပြန်သွားကြသောကြောင့် ဆယ်တန်းတွေနှင့် တခြားအငယ်တန်းအချို့သာ ကျန်သည့် အဆောင်ကသူထင်ထားတာထက်ကိုတိတ်ဆိတ်နေသည်။

ဆယ်တန်းတွေကအတန်းတက်နေရပြီး တခြားသူတွေကလည်း အပြင်ထွက်သွားကြသည်။

တိတ်ဆိတ်ခြင်းက သူ့ကိုခံစားရသမျှ ဖွင့်အန်ချခိုင်းနေသလိုပင်။

ကုတင်ကိုမှီကာထိုင်ချလိုက်ပြီး သလင်းမြူ အသံထွက်ကာ ရှိုက်ကြီးတငင် ငိုမိတော့သည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ကျောင်းနှင့်သိပ်မဝေးလှသော အားကစား center မှာသူတို့ရေကူးသွားသင်ရသည်။

အကုန်လုံးကသူ့အုပ်စုနှင့်သူ စကားပြောနေကြရာ သလင်းမြူတစ်ယောက်တည်းသီးသန့်ထိုင်နေလိုက်သည်။

မိန်းကလေးတွေလည်း သူတို့သင်ရသည့် ရေကူးကန်နဲ့ကပ်လျှက်တွင်သင်ရသောကြောင့် ယောက်ျားလေးများအကြိုက်ပင်။

ဆရာသင်သလိုသေချာမကူးကြဘဲ နှာသာထနေကြသည်။

သလင်းမြူကတော့ ဆရာခဏနားခိုင်းလိုက်သည်နှင့် ကိုယ်ဖော့ကာ ရေပေါ်မှာပက်လက်အနေအထားဖြင့်မျက်လုံးတွေကိုမှိတ်ထားလိုက်သည်။

ကြားနေရသည့်အသံတွေလည်းတိုးသွားပြီး သူ့အတွက်အေးချမ်းသည်ဟုခံစားမိသည်။

တခြားသူတွေလိုအမောမခံနိုင်တဲ့သူ့ကို ဆရာက သေချာစိတ်ရှည်သွာသင်ပေးလေသည်။

တစ်လရေကူးသင်တန်းမှာ သူနန်းနွယ်နီကိုလည်းတွေ့ရပြီး အကြည့်ချင်းဆုံတိုင်းပြုံးပြလိုက်သည်။

ဆယ်တန်းတွေ final exam ပြီးလို့ပြန်သွားကြတော့ စိုင်းစံတို့လည်းပြန်လာကြသည်။

စိုင်းစံကကုတင်ထက်မှာ စာအုပ်အေးအေးဆေးဆေးဖတ်နေသည့် သူ့ကိုတွေ့ရာ အံ့ဩနေပုံပင်။

"အစ်ကို...
ဘယ်တုန်းကပြန်ရောက်တာလဲ...."
"လွန်ခဲ့တဲ့တစ်လက..."
"လာနောက်နေတယ် ဟားဟား...
အစ်ကိုလား အရင်လကတည်းကပြန်လာမှာ...
အဟားဟား ဟားဟား...."

အထုပ်တွေချပြီးတော့ကိုစိုင်းစံက အားရပါးရရယ်ကာ ဇေယျာတို့ကိုသွားပြောပြီးတော့လည်းရယ်နေပြန်သည်။

သူဘယ်လိုပြောပြောသုံးကောင်လုံးက ရယ်နေကာ သူ့ရေကူးဘောင်းဘီတွေတွေ့မှ တကယ်ကြီးလားဖြစ်ကုန်ကြသည်။

ညနေစာစားရန် ထမင်းစားဆောင်ထဲရောက်တော့ တာဝန်ခံက နှစ်စဉ်လုပ်နေကျအတိုင်း သူတို့မစားသည့် ဟင်းစာရင်းကိုပြန်ကောက်လေသည်။

"သလင်းမြူက ငါးမစားဘူးမလား..."
"ပြန်ပြင်လိုက်ပါ...
ကျွန်တော်ငါးစားမယ်..."

တာဝန်ခံစာရင်းကောက်ပြီး ပြန်သွားတော့ သုံးကောင်လုံးသူ့ကိုအထူးအဆန်းလို ကြည့်ကြသည်။

"သလင်းမြူ...
မင်းဘာဖြစ်နေတာလဲ.."
"ငါက ဘာဖြစ်နေလို့လဲ...."
"မင်းထူးဆန်းနေတယ်...
အထူးအဆန်းတွေ လုပ်နေလို့..."

သလင်းမြူ ပုခုံးသာတွန့်ပြလိုက်သည်။

အရင်ကအချိုသိပ်မစားတတ်သည့် သူကအခုတော့ lollipop ကိုအမြဲငုံထားတတ်လာသည်။

ဇေယျာတို့ဆေးလိပ်ခိုးသောက်တိုင်း အရင်လိုမသောက်ဖို့မပြောတော့ဘဲ သူကိုယ်တိုင်ဆေးလိပ်ငွေ့နှင့် ရင်းနှီးအောင်ကြိုးစားသည်။
ဆေးလိပ်နံ့ရသည်နှင့် အသက်ရှူကြပ်တတ်သူက ဆေးလိပ်ငွေ့တွေကိုရှိုက်ဖွာတတ်လာခဲ့ပြီ။

မေမေတို့ကိုလည်း တစ်လမှတစ်ခါသာလာတွေ့စေခဲ့ပြီး သူသွေးအေးလာခဲ့သည်။

ကျောင်းကခရီးထွက်ရင်လည်း သူအရင်လိုမနေခဲ့တော့ဘဲ အကုန်လိုက်သည်။

ပြောင်းလဲသွားသည့် သူ့ကိုစိုင်းစံတို့ကတော့ အံ့ဩမဆုံးခဲ့ပေ။

နန်းနွယ်နီကသူ့ကိုကြိုက်နေတဲ့အကြောင်းစိုင်းစံကမကြာခဏ သူ့ကိုလာပြောတော့ သူ့လုပ်ရပ်မှားသွားမှန်းနားလည်လိုက်သည်။

မထင်မှတ်ဘဲပေးလိုက်မိသည့် ချောကလက်ဘူးနှင့် အရုပ်ဟောင်းတစ်ခုကြောင့် မိန်းကလေးတစ်ယောက်ဟာ သူ့အပေါ်တိမ်းညွှတ်နေခဲ့ပြီ။

သူ့ရဲ့တစ်ခုတည်းသောအိမ်မက်ကိုတော့ အပျက်စီးမခံခဲ့သည့် သူက နှစ်ဝက်ရောက်တော့ ဂုဏ်ထူးတန်းကိုထိပ်ဆုံးကဝင်ခဲ့သည်။

ဇေယျာနှင့်ကွမ်ခေးကတော့ B ခန်းမှာကျသည်။

ယောက်ျားလေး ဆယ်ယောက်နှင့်မိန်းကလေးဆယ်ယောက်သာရွေးထုတ်ထားသည့် သူတို့ရဲ့ဂုဏ်ထူးတန်းဟာ တစ်ကျောင်းလုံးရဲ့အားကျခြင်းခံရသလို အမုန်းကိုလည်းခံရသည်။

တချို့သောမိဘတွေက သူတို့သားသမီးကိုလည်း distinction class (DC)မှာထားပေးဖို့ကျောင်းကိုလာသောင်းကျန်းကြသည်။

DC ကလည်းတခြားအခန်းတွေလိုပေမယ့် တခြားအခန်းတွေထက် ဝန်များသည်။

တစ်ပတ်ကို ဘာသာစုံ tutorial နှစ်ခါဖြေရပြီး လပတ်တိုင်းမှာလည်း သက်မှတ်ထားသည့် အမှတ်မဝင်လျှင်အရိုက်ခံကြရသည်။

ဖြေရသည့်မေးခွန်းကလည်း တခြားအခန်းတွေနှင့်မတူ သူတို့အတွက်သီးသန့်ထုတ်ထားသည့်မေးခွန်းကိုဖြေရသည်။

အခက်ဆုံးမေးခွန်းတွေကိုသာလတိုင်းဖြေရပြီး အချိန်ပိုတွေလည်းနေ့တိုင်းတက်ရသည်။ တနင်္ဂနွေဆိုရင်တောင် သူတို့ကိုအချိန်ပိုခေါ်သည်။

ပင်ပန်းလွန်း၍ သလင်းမြူအချိန်တိုင်းကိုငိုက်သည်။

တစ်ခါတစ်ရံဆေးသောက်ဖို့မေ့ပြီးတောင်အိပ်ပျော်သွားတတ်သည်။

Final နားနီးသည့် နှစ်လလောက်အလိုရောက်တော့ ပင်ပန်းသည်ထက်ကိုပိုပင်ပန်းသည်။

DC တန်းဝင်သည့် သူတွေက B ခန်းမှ သူတွေကို စာပြန်သင်ရပြီး ဆရာဆရာမတွေကဘေးကသာစောင့်ကြည့်သည်။

B ခန်းက ကျလည်းကျနိုင်သလို အောင်လည်းအောင်နိုင်သည့်သူတွေကိုစုထားခြင်းပင်။

သလင်းမြူ ဇေယျာနှင့် ကွမ်ခေးကိုတာဝန်ယူကာ ညဘက်အတန်းပြီးသည့် အချိန်မှစ၍ 12 ကျော်သည်အထိ သူတို့နားမလည်တာတွေကိုရှင်းပြရသည်။

အိပ်ရေးပါပျက်သောကြောင့် မျက်ကွင်းတွေညိုကာ စာရွက်တွေထက်မှာလည်း မကြာခဏထွက်လာသည့် နှာခေါင်းသွေးစတို့ရှိနေခဲ့သည်။

ကိုးတန်းတွေစာမေးပွဲပြီးသွားပေမယ့် စိုင်းစံအိမ်မပြန်ပေ။

သင်တန်းတက်ရင်း final exam ဖြေရတော့မည့် သူတို့ကိုအားပေးသည်။

စာမေးပွဲဖြေရန် နှစ်ပတ်အလိုမှာပဲ သလင်းမြူ အိပ်ရေးပျက်များသောကြောင့် ခန္ဓာကိုယ်က မခံနိုင်တော့ဘဲ မူးလဲလေသည်။

တစ်ကျောင်းလုံးကိုပွက်လောရိုက်ပြီး သူတို့ကိုအိပ်ချိန်တိုးပေးရတော့သည်။

တခြားသူတွေနေ့မအိပ် ညမအိပ် ပိုကြိုးစားလာကြချိန်မှာ သလင်းမြူကတော့ ဦးနှောက်ကိုလုံးဝအနားပေးကာ အချိန်ရတိုင်းအိပ်သည်။

"အစ်ကို.....သိလား..."
"ဘာမှမပြောရသေးဘဲ ဘာသိရမှာလဲ.... "
"နွယ်နီလေ.....အစ်ကိုမူးလဲတုန်းက တစ်ညလုံးငိုနေခဲ့တာတဲ့..."
"မင်းဘယ်သူကပြောတာလဲ..."
"တခြားသူတွေပြောတာကြားတာ...
မပြောလည်းသိသာတယ်...
သူ့မျက်လုံးတွေမှ မို့အစ်နေတာပဲ....
အစ်ကို့ ကိုသူကတကယ် ကြိုက်ရှာတာ..."
"အဲ့တော့ ငါက.
ကပြရမှာလား...."
"အစ်ကိုတကယ်ကိုရက်စက်တာပဲ....
နွယ်နီ့ကိုဘာလို့မကြိုက်တာလဲ...
ချစ်စရာလေးကို..."
"နွယ်နီက ငါ့ထက်သာတဲ့သူမျိုးနဲ့ထိုက်တန်တာ..
နွယ်နီမှမဟုတ်ဘူး......
ဘယ်သူမဆို ငါ့လိုလူမျိုးကို မကြိုက်သင့်မချစ်သင့်ဘူး...."
"အစ်ကိုကဘာဖြစ်နေလို့လဲ...
တကယ်လို့ အစ်ကိုချစ်တဲ့မိန်းကလေးနဲ့တွေ့ရင်ရော..."

သူတိုးသဲ့သဲ့ရယ်မိတော့ စိုင်းစံက မျက်မှောင်ကျုံ့သည်။

"ငါတကယ်တဲ့ချစ်တဲ့မိန်းကလေးဆိုရင်တောင် သူမကိုဘယ်တော့မှလက်မထပ်ဘူး..."
"ဘာလို့လဲ..."
"သူမဘဝခက်ခဲလိမ့်မယ်....
ငါ့သွေးသားကိုမွေးဖွားပေးခဲ့ရင်
ငါတို့ရဲ့ကလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့နာကျင်ရလိမ့်မယ်...
ငါ့ရဲ့ဇနီး သူမလည်းပဲ ငါ့မေမေလို အခက်အခဲတွေနဲ့တွေ့ကြုံရလိမ့်မယ်..."

စိုင်းစံဆက်မပြောတော့ဘဲ သက်ပြင်းသာချကာငြိမ်သွားတော့သည်။

စာမေးပွဲဖြေရတော့မည့် နေ့ရောက်တော့ မေမေတို့ကအစောကြီး ကားနှင့်သူဖြေရမည့် ကျောင်းထိလိုက်လာကြသည်။

သူတို့တွေကတော့ ကျောင်းကစီစဉ်ပေးသည့်ကားနှင့်သွားရသည်။

အဆောင်ကမထွက်ခွာခင် ဆရာဆရာမတွေက အောင်သပြေ အညွန့်လေးတွေကို သူတို့ရင်ဘက်အိပ်ထောင်ထဲထည့်ပေးလိုက်ပြီး မိန်းကလေးတွေကိုတော့ ခေါင်းမှာပန်ပေးလိုက်သည်။

မေမေက သူစာမေးပွဲခန်းဝင်ခါနီးကို ဘုရားစာတွေရွတ်ကာဆုတောင်းနေပြီး ကိုခန့်ကတော့ enervon C တွေတိုက်လေသည်။

စာဖြေတော့ enervon C အစွမ်းပြကာ သလင်းမြူ ငိုက်သောကြောင့် နောက်နေ့တွေမတိုက်ဖို့ ကိုခန့်ကိုပြောရသည်။

အဖြေတွေမတိုက်ခိုင်းဘဲ ကျောင်းကားပေါ်ရောက်သည်နှင့် မေးခွန်းစာရွက်တွေကိုဆရာမကသိမ်းလေသည်။

ကျောင်းပြန်ရောက်တော့ စိုင်းစံတို့လို မပြန်သည့် ကျောင်းသားကျောင်းသူတွေကဆရာမတွေကူညီရင်း သူတို့ကို အသီးဖျော်ရည်ခွက်လေးတွေနှင့်ကြိုဆိုကြသည်။

သလင်းမြူကိုအအေးခွက်လေးလာပေးသူကတော့ စိုင်းစံမဟုတ်ဘဲ နေ့တိုင်းနွယ်နီသာ။

ရှက်ပြုံးလေးနှင့် နွယ်နီက သူ့မျက်လုံးထဲမှာတော့ ညီမလေးတစ်ယောက်ထက်မပိုပေ။

ခြောက်ဘာသာလုံးဖြေပြီးသည့်နေ့မှာတော့ ဆရာဆရာမတွေက ခန့်မှန်းကိုမေးရာ သလင်းမြူ ယုံကြည်ချက်ရှိစွာပင် လက်ခြောက်ချောင်းလုံးထောင်ပြခဲ့လေသည်။

သူအဆင်ပြေနေခဲ့ပါပြီ...
သူ့ဘဝထဲကထွက်သွားတဲ့ တစ်စုံတစ်ယောက်ကိုတမ်းတလွမ်းဆွတ်မနေတော့ဘဲ ရည်စူးတဲ့ပန်းတိုင်ကို ရောက်အောင်လျှောက်လှမ်းသွားတော့မှာ.........အချစ်မပါဘဲတစ်ယောက်တည်းနဲ့။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Zawgyi

လက္ေကာက္ဝတ္မွ ရင္းႏွီးတဲ့နာက်င္မႈေလးေၾကာင့္ ေဆးပိုက္တပ္ထားမွန္း သူသိလိုက္သည္။

ေဆးနံ႔ခပ္သင္းသင္းရေပမယ့္ ေဆး႐ုံမွာျဖစ္ဟန္မတူ။

လက္ဖဝါးကေႏြးေထြးတဲ့အထိအေတြ႔ကိုခံစားမိေတာ့ ပထမဆုံးအႀကိမ္အျဖစ္ ေတာင္းဆုျပဳမိသည္။

ေက်းဇူးျပဳၿပီး ကိုကိုျဖစ္ေပးပါ....
ကြၽန္ေတာ္ျမင္ခဲ့ၾကားခဲ့ရတာအားလုံးအိမ္မက္ပဲျဖစ္ေပးပါ

မ်က္ဝန္းေတြကိုအသာဖြင့္ၾကည့္မိေတာ့ သူ႔ကိုစိုးရိမ္တႀကီးၾကည့္ေနတဲ့ကိုကို....

သူေပ်ာ္ရႊင္မႈေၾကာင့္ ျပဳံးရင္းမ်က္ရည္ေတာင္ဝဲမိသည္။

"သသ..."

သူအျမင္မွားျခင္းပဲ....

ပထမဆုံးအႀကိမ္ဆုေတာင္းျခင္းကေတာင္မျပည့္ဝခဲ့ပါ။

"အသက္႐ႈရၾကပ္လား...
ေခါင္းေရာမူးေနလား ...."

သလင္းျမဴ မ်က္ဝန္းေတြသာျပန္ပိတ္လိုက္ၿပီး စိတ္ကိုမနည္းၿငိမ္ေအာင္ႀကိဳးစားလိုက္သည္။

ယခုသူ႔အခန္းမွာပဲ ေဆးသြင္းေနျခင္းပင္။

သူ lock ခ်ထားသည့္တံခါးမွာလည္း ႀကိဳးပဲ့ေနသည္။ ေမေမတို႔အားလုံးလည္း သူ႔အနားမွာ ၿငိမ္သက္စြာထိုင္ေနၾကသည္။

သူ႐ိုက္ခြဲထားသည့္ guitar ကလည္း အပိုင္းအစေလးတစ္ခုေတာင္႐ွိမေနေတာ့။

"သသ ကိုယ္ေမးေနတယ္ေလ...
ေခါင္းအရမ္းမူးေနလို႔လား..."
"......."
"ကိုယ္ဒီေန႔ပဲ ျပန္ေရာက္တာ...
သသဆီကိုအရင္ဆုံးတန္းလာတာ...
ႀကိဳဆိုတဲ့ ျမင္ကြင္းကေတာ့ မေကာင္းဘူးပဲ..."

မ်က္ဝန္းေတြကိုျပန္ဖြင့္ၿပီး မ်က္ႏွာမေကာင္းသည့္ ကိုခန္႔ကို သလင္းျမဴ အားတင္းၿပီးျပဳံးျပမိသည္။

"ျပန္လာတာ ႀကိဳဆိုပါတယ္ ကိုခန္႔..."
"အဆင္ေျပရဲ႕လား..."
"ဘာကိုလဲ...."
"အားလုံး..."
"အဆင္ေျပပါတယ္....
ေဆးပိုက္ျဖဳတ္လို႔ရလား..."
"ေဆးကုန္ရင္ျဖဳတ္လို႔ရၿပီ....
နည္းနည္းပဲက်န္ေတာ့တာ..."
"ကြၽန္ေတာ္ခဏေလာက္နားခ်င္တယ္..."
"အင္း...."

ကိုခန္႔ေရာေမေမတို႔ပါ အခန္းထဲကထြက္သြားၾကေတာ့ သလင္းျမဴ မိမိေအာက္မွ ေမြ႔ယာကို ေဆးပိုက္တပ္မထားသည့္လက္ႏွင့္ထု႐ိုက္မိသည္။

အံကိုတင္းတင္းႀကိတ္မိထားျပန္ေတာ့ စီးဆင္းလာသည့္ မ်က္ရည္စီးေၾကာင္းႏွစ္ခု။

ငိုေနလို႔လည္း ဘာမွေျပာင္းလဲသြားမည္မဟုတ္...

သူ႔က်န္းမာေရးကိုသာ ပို၍ထိခိုက္ေစလိမ့္မည္။

စိတ္ကိုေလ်ာ့ခ်လိုက္ၿပီး သူအခုဘာလုပ္သင့္လဲစဥ္းစားသည္။

အေျဖကေတာ့ တစ္ခုပဲ ေမ့ပစ္ရမည္။
ေမ့ပစ္ဖို႔ အတြက္ သူေျပာင္းလဲရမည္။
သူ႔စိတ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္ဖို႔လိုသည္။

ေဘးစားပြဲေပၚမွ ဖုန္းေလးကိုယူကာ နံပါတ္တစ္ခုကိုေခၚဆိုလိုက္သည္။

"Hello"
"Hello မလဲ့....
ကြၽန္ေတာ္ သလင္းျမဴပါ...."
"ေျပာ ျမဴေလး..."
"ေရကူးသင္တန္းက ဘယ္ေတာ့စမွာလဲ..."
"မနက္ျဖန္ေလ....ဘာလို႔လဲ..."
"ကြၽန္ေတာ့္နာမည္ကို စာရင္းသြင္းထားေပးပါ "
"နင္ကအိမ္ျပန္တာမဟုတ္ဘူးလား...
ဘာလို႔သင္တန္းစာရင္းသြင္းခိုင္းတာလဲ..."
"ကြၽန္ေတာ္ဒီေန႔ပဲေက်ာင္းကိုျပန္လာခဲ့မွာမို႔
စာရင္းပဲသြင္းေပးထားပါ..."
"ၾကားသားမိုးႀကိဳး......
အိမ္ပဲျပန္ခ်င္ေနတဲ့သူက ခ်က္ခ်င္းျပန္လာမယ္ေပါ့..."
"....."
"အင္းပါ...
အစ္မစာရင္းသြင္းထားေပးမယ္...
စားဖိုေဆာင္ကိုလည္း မွာထားလိုက္မယ္...."
"ေက်းဇူးပါပဲ အစ္မ..."

သလင္းျမဴ ဖုန္းခ်လိုက္ၿပီး ကုန္သြားၿပီျဖစ္သည့္ ေဆးပုလင္းေၾကာင့္ လက္မွပိုက္ကိုအသာျဖဳတ္လိုက္သည္။

သူယူလာသည့္အတိုင္း ဖြင့္ေတာင္မဖြင့္ရေသးသည့္ luggage ကိုဆြဲကာ သူထြက္လာေတာ့ ဆိုင္ထဲမွာထိုင္ေနၾကသည့္ ေမေမတို႔က အံ့ဩေနၾကသည္။

"သားငယ္ေလး....luggage ႀကီးဆြဲၿပီးဘယ္သြားမလို႔လဲ...."
"ကြၽန္ေတာ္ ေက်ာင္းကိုျပန္ေတာ့မယ္ ေမေမ..."
"ဒီေန႔မွျပန္လာတာေလ သားရယ္..."
"ကြၽန္ေတာ္ေရကူးသင္တန္းတက္ခ်င္လို႔ပါ..."

သူ႔စိတ္ကိုေမေမကနားလည္ဟန္ ခြင့္ျပဳေလသည္။

"ကိုယ္လိုက္ပို႔မယ္.."

ကိုခန့္ကေျပာေျပာဆိုဆို ကားေသာ့ထယူေလသည္။

"ရတယ္ က်ြန္ေတာ္ကားငွါးသြားလိုက္ေတာ့မယ္..."
"သားတစ္ေယာက္တည္း ဘယ္ျဖစ္မွာလဲ..."
"ေမေမ...
သားအရြယ္ေရာက္ေနၿပီ..."

သူ႔ရဲ႕ထိုစကားတစ္ခြန္းေၾကာင့္ အားလုံးတိတ္ဆိတ္သြားၾကသည္။

"ခဏေနဦး ေမေမပိုက္ဆံသြားယူလိုက္ဦးမယ္..."
"က်ြန္ေတာ့္ဆီမွာ႐ွိေသးတယ္ ေမေမ..."
"႐ွိလည္း ပိုပိုလိုလိုယူသြား သားငယ္..."

သူ႔ေက်ာပိုးအိတ္ထဲကို ေမေမက ပိုက္ဆံအထပ္လိုက္ထည့္ေပးလိုက္ျပန္သည္။

သလင္းျမဴ နားၾကပ္တပ္ၿပီး အျပင္ကိုသာေငးၾကည့္ကာ က်ခ်င္ေနသည့္ မ်က္ရည္ေတြကို ထိန္းခ်ဳပ္ႏိုင္ေအာင္ႀကိဳးစားမိသည္။

သူငွါးလာသည့္ ကားဆရာကေတာ့ အေ႐ွ႕ကိုသာေသခ်ာအာ႐ုံစိုက္ေမာင္းေနေသာေၾကာင့္ သူ႔ကိုသတိထားမိဟန္မတူ။

အရင္ဆို ေကာက္ေကြ႔သည့္လမ္းေတြေၾကာင့္ ကားမူးကာအန္တတ္သည့္သူက အခုေတာ့ ဘာမွမျဖစ္သလိုပင္။

ကားဆရာကို အားကစားပစၥည္းဆိုင္ေ႐ွ႕မွာရပ္ခိုင္းၿပီး လိုတာေတြဆင္းဝယ္ကာ mini mart တစ္ခုတြင္လည္း သူမုန္႔အခ်ိဳ႕ဝင္ဝယ္လိုက္သည္။

ေက်ာင္းေ႐ွ႕ေရာက္ေတာ့ ကားခ႐ွင္းေပးကာ luggage ကိုဆြဲၿပီး အဝင္ေပါက္ဆီလွမ္းလာခဲ့ေတာ့ တံခါးေ႐ွ႕မွာ မိသားစုႏွင့္စကားေျပာေနသည့္ နန္းႏြယ္နီကိုေတြ႔ရသည္။

ၾကည့္ရတာသူမလည္း သင္တန္းတက္ရန္ အိမ္မျပန္ပုံပင္။

ေက်ာင္းတံခါးေဘးမွ အမိႈက္ပုံးေတြဆီအၾကည့္ေရာက္သြားေတာ့ သလင္းျမဴ လက္ထဲမွ luggage ကိုအသာခ်ကာ ေက်ာပိုးအိတ္ထဲမွ ဝက္ဝံ႐ုပ္ကိုဆြဲထုတ္လိုက္သည္။

"'ငယ္ေလး ေန႔တိုင္းေဆးေသာက္ဖို႔မေမ့နဲ႔ေနာ္
ညေရာက္ရင္လည္းေႏြးေႏြးေထြးေထြးအိပ္
ဒါက ကိုကို႔ကိုယ္ပြား...."'

ျပန္ၾကားေယာင္မိသည့္ စကားသံကထင္႐ွားစြာ.....

"အစ္ကို သလင္းျမဴ...."
"ဟမ္..."

သလင္းျမဴေခၚသံေၾကာင့္ လွည့္ၾကည့္မိေတာ့ နန္းႏြယ္နီ....

"အ႐ုပ္ကေလးကို လႊင့္ပစ္မလို႔လား..."

အမိႈက္ပုံးထံဦးတည္ေနသည့္ ဝက္ဝံ႐ုပ္ကို သူမကလက္ညိွဳးထိုးျပသည္။

"အင္း...."
"လႊင့္ပစ္မယ့္အစား ညီမကိုေပးပါလားဟင္...
အ႐ုပ္ကေလးကခ်စ္စရာေလးမို႔..."

သူမကိုၾကည့္ရတာတကယ္လိုခ်င္ေနပုံေပါက္တာေၾကာင့္ သလင္းျမဴေပးလိုက္သည္။

"အ႐ုပ္ကေဟာင္းေနၿပီ..."
"ရပါတယ္ ေဟာင္းလည္း..."

သလင္းျမဴ ေက်ာပိုးအိတ္ထဲမွေခ်ာကလက္ဘူးကိုထုတ္ကာ သူမဆီေပးေတာ့ ေၾကာင္ေၾကာင္ေလးၾကည့္ေနသည္။

"ဘာလဲဟင္..."
"လက္ေဆာင္...."
"ဘာလို႔ေပးတာလဲ...."
"ဒီတိုင္း ေက်းဇူးတင္လို႔...
အရင္ကကူညီေပးခဲ့တာေလ..."

သူမေခ်ာကလက္ဘူးကိုယူလိုက္ေတာ့ သလင္းျမဴလည္း ေက်ာင္းထဲကိုဝင္လာခဲ့လိုက္ေတာ့သည္။

ကိုကို႔အတြက္ ဝယ္ထားသည့္ေခ်ာကလက္ကို သူမစားခ်င္ေသာေၾကာင့္ သူမကိုေပးခဲ့ျခင္းသာ။

စိုင္းစံတို႔ေဇယ်ာတို႔ပါအိမ္ျပန္သြားၾကေသာေၾကာင့္ ဆယ္တန္းေတြႏွင့္ တျခားအငယ္တန္းအခ်ိဳ႕သာ က်န္သည့္ အေဆာင္ကသူထင္ထားတာထက္ကိုတိတ္ဆိတ္ေနသည္။

ဆယ္တန္းေတြကအတန္းတက္ေနရၿပီး တျခားသူေတြကလည္း အျပင္ထြက္သြားၾကသည္။

တိတ္ဆိတ္ျခင္းက သူ႔ကိုခံစားရသမ်ွ ဖြင့္အန္ခ်ခိုင္းေနသလိုပင္။

ကုတင္ကိုမွီကာထိုင္ခ်လိုက္ၿပီး သလင္းျမဴ အသံထြက္ကာ ရိွဳက္ႀကီးတငင္ ငိုမိေတာ့သည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ေက်ာင္းႏွင့္သိပ္မေဝးလွေသာ အားကစား center မွာသူတို႔ေရကူးသြားသင္ရသည္။

အကုန္လုံးကသူ႔အုပ္စုႏွင့္သူ စကားေျပာေနၾကရာ သလင္းျမဴတစ္ေယာက္တည္းသီးသန္႔ထိုင္ေနလိုက္သည္။

မိန္းကေလးေတြလည္း သူတို႔သင္ရသည့္ ေရကူးကန္နဲ႔ကပ္လ်ွက္တြင္သင္ရေသာေၾကာင့္ ေယာက္်ားေလးမ်ားအႀကိဳက္ပင္။

ဆရာသင္သလိုေသခ်ာမကူးၾကဘဲ ႏွာသာထေနၾကသည္။

သလင္းျမဴကေတာ့ ဆရာခဏနားခိုင္းလိုက္သည္ႏွင့္ ကိုယ္ေဖာ့ကာ ေရေပၚမွာပက္လက္အေနအထားျဖင့္မ်က္လုံးေတြကိုမွိတ္ထားလိုက္သည္။

ၾကားေနရသည့္အသံေတြလည္းတိုးသြားၿပီး သူ႔အတြက္ေအးခ်မ္းသည္ဟုခံစားမိသည္။

တျခားသူေတြလိုအေမာမခံႏိုင္တဲ့သူ႔ကို ဆရာက ေသခ်ာစိတ္႐ွည္သြာသင္ေပးေလသည္။

တစ္လေရကူးသင္တန္းမွာ သူနန္းႏြယ္နီကိုလည္းေတြ႔ရၿပီး အၾကည့္ခ်င္းဆုံတိုင္းျပဳံးျပလိုက္သည္။

ဆယ္တန္းေတြ final exam ၿပီးလို႔ျပန္သြားၾကေတာ့ စိုင္းစံတို႔လည္းျပန္လာၾကသည္။

စိုင္းစံကကုတင္ထက္မွာ စာအုပ္ေအးေအးေဆးေဆးဖတ္ေနသည့္ သူ႔ကိုေတြ႔ရာ အံ့ဩေနပုံပင္။

"အစ္ကို...
ဘယ္တုန္းကျပန္ေရာက္တာလဲ...."
"လြန္ခဲ့တဲ့တစ္လက..."
"လာေနာက္ေနတယ္ ဟားဟား...
အစ္ကိုလား အရင္လကတည္းကျပန္လာမွာ...
အဟားဟား ဟားဟား...."

အထုပ္ေတြခ်ၿပီးေတာ့ကိုစိုင္းစံက အားရပါးရရယ္ကာ ေဇယ်ာတို႔ကိုသြားေျပာၿပီးေတာ့လည္းရယ္ေနျပန္သည္။

သူဘယ္လိုေျပာေျပာသုံးေကာင္လုံးက ရယ္ေနကာ သူ႔ေရကူးေဘာင္းဘီေတြေတြ႔မွ တကယ္ႀကီးလားျဖစ္ကုန္ၾကသည္။

ညေနစာစားရန္ ထမင္းစားေဆာင္ထဲေရာက္ေတာ့ တာဝန္ခံက ႏွစ္စဥ္လုပ္ေနက်အတိုင္း သူတို႔မစားသည့္ ဟင္းစာရင္းကိုျပန္ေကာက္ေလသည္။

"သလင္းျမဴက ငါးမစားဘူးမလား..."
"ျပန္ျပင္လိုက္ပါ...
ကြၽန္ေတာ္ငါးစားမယ္..."

တာဝန္ခံစာရင္းေကာက္ၿပီး ျပန္သြားေတာ့ သုံးေကာင္လုံးသူ႔ကိုအထူးအဆန္းလို ၾကည့္ၾကသည္။

"သလင္းျမဴ...
မင္းဘာျဖစ္ေနတာလဲ.."
"ငါက ဘာျဖစ္ေနလို႔လဲ...."
"မင္းထူးဆန္းေနတယ္...
အထူးအဆန္းေတြ လုပ္ေနလို႔..."

သလင္းျမဴ ပုခုံးသာတြန္႔ျပလိုက္သည္။

အရင္ကအခ်ိဳသိပ္မစားတတ္သည့္ သူကအခုေတာ့ lollipop ကိုအျမဲငုံထားတတ္လာသည္။

ေဇယ်ာတို႔ေဆးလိပ္ခိုးေသာက္တိုင္း အရင္လိုမေသာက္ဖို႔မေျပာေတာ့ဘဲ သူကိုယ္တိုင္ေဆးလိပ္ေငြ႔ႏွင့္ ရင္းႏွီးေအာင္ႀကိဳးစားသည္။
ေဆးလိပ္နံ႔ရသည္ႏွင့္ အသက္႐ွဴၾကပ္တတ္သူက ေဆးလိပ္ေငြ႔ေတြကိုရိွဳက္ဖြာတတ္လာခဲ့ၿပီ။

ေမေမတို႔ကိုလည္း တစ္လမွတစ္ခါသာလာေတြ႔ေစခဲ့ၿပီး သူေသြးေအးလာခဲ့သည္။

ေက်ာင္းကခရီးထြက္ရင္လည္း သူအရင္လိုမေနခဲ့ေတာ့ဘဲ အကုန္လိုက္သည္။

ေျပာင္းလဲသြားသည့္ သူ႔ကိုစိုင္းစံတို႔ကေတာ့ အံ့ဩမဆုံးခဲ့ေပ။

နန္းႏြယ္နီကသူ႔ကိုႀကိဳက္ေနတဲ့အေၾကာင္းစိုင္းစံကမၾကာခဏ သူ႔ကိုလာေျပာေတာ့ သူ႔လုပ္ရပ္မွားသြားမွန္းနားလည္လိုက္သည္။

မထင္မွတ္ဘဲေပးလိုက္မိသည့္ ေခ်ာကလက္ဘူးႏွင့္ အ႐ုပ္ေဟာင္းတစ္ခုေၾကာင့္ မိန္းကေလးတစ္ေယာက္ဟာ သူ႔အေပၚတိမ္းၫႊတ္ေနခဲ့ၿပီ။

သူ႔ရဲ႕တစ္ခုတည္းေသာအိမ္မက္ကိုေတာ့ အပ်က္စီးမခံခဲ့သည့္ သူက ႏွစ္ဝက္ေရာက္ေတာ့ ဂုဏ္ထူးတန္းကိုထိပ္ဆုံးကဝင္ခဲ့သည္။

ေဇယ်ာႏွင့္ကြမ္ေခးကေတာ့ B ခန္းမွာက်သည္။

ေယာက္်ားေလး ဆယ္ေယာက္ႏွင့္မိန္းကေလးဆယ္ေယာက္သာေရြးထုတ္ထားသည့္ သူတို႔ရဲ႕ဂုဏ္ထူးတန္းဟာ တစ္ေက်ာင္းလုံးရဲ႕အားက်ျခင္းခံရသလို အမုန္းကိုလည္းခံရသည္။

တခ်ိဳ႕ေသာမိဘေတြက သူတို႔သားသမီးကိုလည္း distinction class (DC)မွာထားေပးဖို႔ေက်ာင္းကိုလာေသာင္းက်န္းၾကသည္။

DC ကလည္းတျခားအခန္းေတြလိုေပမယ့္ တျခားအခန္းေတြထက္ ဝန္မ်ားသည္။

တစ္ပတ္ကို ဘာသာစုံ tutorial ႏွစ္ခါေျဖရၿပီး လပတ္တိုင္းမွာလည္း သက္မွတ္ထားသည့္ အမွတ္မဝင္လ်ွင္အ႐ိုက္ခံၾကရသည္။

ေျဖရသည့္ေမးခြန္းကလည္း တျခားအခန္းေတြႏွင့္မတူ သူတို႔အတြက္သီးသန္႔ထုတ္ထားသည့္ေမးခြန္းကိုေျဖရသည္။

အခက္ဆုံးေမးခြန္းေတြကိုသာလတိုင္းေျဖရၿပီး အခ်ိန္ပိုေတြလည္းေန႔တိုင္းတက္ရသည္။ တနဂၤေႏြဆိုရင္ေတာင္ သူတို႔ကိုအခ်ိန္ပိုေခၚသည္။

ပင္ပန္းလြန္း၍ သလင္းျမဴအခ်ိန္တိုင္းကိုငိုက္သည္။

တစ္ခါတစ္ရံေဆးေသာက္ဖို႔ေမ့ၿပီးေတာင္အိပ္ေပ်ာ္သြားတတ္သည္။

Final နားနီးသည့္ နွစ္လေလာက္အလိုေရာက္ေတာ့ ပင္ပန္းသည္ထက္ကိုပိုပင္ပန္းသည္။

DC တန္းဝင္သည့္ သူေတြက B ခန္းမွ သူေတြကို စာျပန္သင္ရၿပီး ဆရာဆရာမေတြကေဘးကသာေစာင့္ၾကည့္သည္။

B ခန္းက က်လည္းက်ႏိုင္သလို ေအာင္လည္းေအာင္ႏိုင္သည့္သူေတြကိုစုထားျခင္းပင္။

သလင္းျမဴ ေဇယ်ာႏွင့္ ကြမ္ေခးကိုတာဝန္ယူကာ ညဘက္အတန္းၿပီးသည့္ အခ်ိန္မွစ၍ 12 ေက်ာ္သည္အထိ သူတို႔နားမလည္တာေတြကို႐ွင္းျပရသည္။

အိပ္ေရးပါပ်က္ေသာေၾကာင့္ မ်က္ကြင္းေတြညိဳကာ စာရြက္ေတြထက္မွာလည္း မၾကာခဏထြက္လာသည့္ ႏွာေခါင္းေသြးစတို႔႐ွိေနခဲ့သည္။

ကိုးတန္းေတြစာေမးပြဲၿပီးသြားေပမယ့္ စိုင္းစံအိမ္မျပန္ေပ။

သင္တန္းတက္ရင္း final exam ေျဖရေတာ့မည့္ သူတို႔ကိုအားေပးသည္။

စာေမးပြဲေျဖရန္ ႏွစ္ပတ္အလိုမွာပဲ သလင္းျမဴ အိပ္ေရးပ်က္မ်ားေသာေၾကာင့္ ခႏၶာကိုယ္က မခံႏိုင္ေတာ့ဘဲ မူးလဲေလသည္။

တစ္ေက်ာင္းလုံးကိုပြက္ေလာ႐ိုက္ၿပီး သူတို႔ကိုအိပ္ခ်ိန္တိုးေပးရေတာ့သည္။

တျခားသူေတြေန႔မအိပ္ ညမအိပ္ ပိုႀကိဳးစားလာၾကခ်ိန္မွာ သလင္းျမဴကေတာ့ ဦးေႏွာက္ကိုလုံးဝအနားေပးကာ အခ်ိန္ရတိုင္းအိပ္သည္။

"အစ္ကို.....သိလား..."
"ဘာမွမေျပာရေသးဘဲ ဘာသိရမွာလဲ.... "
"ႏြယ္နီေလ.....အစ္ကိုမူးလဲတုန္းက တစ္ညလုံးငိုေနခဲ့တာတဲ့..."
"မင္းဘယ္သူကေျပာတာလဲ..."
"တျခားသူေတြေျပာတာၾကားတာ...
မေျပာလည္းသိသာတယ္...
သူ႔မ်က္လုံးေတြမွ မို႔အစ္ေနတာပဲ....
အစ္ကို႔ ကိုသူကတကယ္ ႀကိဳက္႐ွာတာ..."
"အဲ့ေတာ့ ငါက.
ကျပရမွာလား...."
"အစ္ကိုတကယ္ကိုရက္စက္တာပဲ....
ႏြယ္န့ီကိုဘာလို႔မႀကိဳက္တာလဲ...
ခ်စ္စရာေလးကို..."
"ႏြယ္နီက ငါ့ထက္သာတဲ့သူမ်ိဳးနဲ႔ထိုက္တန္တာ..
ႏြယ္နီမွမဟုတ္ဘူး......
ဘယ္သူမဆို ငါ့လိုလူမ်ိဳးကို မႀကိဳက္သင့္မခ်စ္သင့္ဘူး...."
"အစ္ကိုကဘာျဖစ္ေနလို႔လဲ...
တကယ္လို႔ အစ္ကိုခ်စ္တဲ့မိန္းကေလးနဲ႔ေတြ႔ရင္ေရာ..."

သူတိုးသဲ့သဲ့ရယ္မိေတာ့ စိုင္းစံက မ်က္ေမွာင္က်ဳံ့သည္။

"ငါတကယ္တဲ့ခ်စ္တဲ့မိန္းကေလးဆိုရင္ေတာင္ သူမကိုဘယ္ေတာ့မွလက္မထပ္ဘူး..."
"ဘာလို႔လဲ..."
"သူမဘဝခက္ခဲလိမ့္မယ္....
ငါ့ေသြးသားကိုေမြးဖြားေပးခဲ့ရင္
ငါတို႔ရဲ႕ကေလးဟာ ငယ္ငယ္ရြယ္ရြယ္နဲ႔နာက်င္ရလိ္မ့္မယ္...
ငါ့ရဲ႕ဇနီး သူမလည္းပဲ ငါ့ေမေမလို အခက္အခဲေတြနဲ႔ေတြ႔ၾကဳံရလိမ့္မယ္..."

စိုင္းစံဆက္မေျပာေတာ့ဘဲ သက္ျပင္းသာခ်ကာၿငိမ္သြားေတာ့သည္။

စာေမးပြဲေျဖရေတာ့မည့္ ေန႔ေရာက္ေတာ့ ေမေမတို႔ကအေစာႀကီး ကားႏွင့္သူေျဖရမည့္ ေက်ာင္းထိလိုက္လာၾကသည္။

သူတို႔ေတြကေတာ့ ေက်ာင္းကစီစဥ္ေပးသည့္ကားႏွင့္သြားရသည္။

အေဆာင္ကမထြက္ခြာခင္ ဆရာဆရာမေတြက ေအာင္သေျပ အၫြန္႔ေလးေတြကို သူတို႔ရင္ဘက္အိပ္ေထာင္ထဲထည့္ေပးလိုက္ၿပီး မိန္းကေလးေတြကိုေတာ့ ေခါင္းမွာပန္ေပးလိုက္သည္။

ေမေမက သူစာေမးပြဲခန္းဝင္ခါနီးကို ဘုရားစာေတြရြတ္ကာဆုေတာင္းေနၿပီး ကိုခန္႔ကေတာ့ enervon C ေတြတိုက္ေလသည္။

စာေျဖေတာ့ enervon C အစြမ္းျပကာ သလင္းျမဴ ငိုက္ေသာေၾကာင့္ ေနာက္ေန႔ေတြမတိုက္ဖို႔ ကိုခန္႔ကိုေျပာရသည္။

အေျဖေတြမတိုက္ခိုင္းဘဲ ေက်ာင္းကားေပၚေရာက္သည္ႏွင့္ ေမးခြန္းစာရြက္ေတြကိုဆရာမကသိမ္းေလသည္။

ေက်ာင္းျပန္ေရာက္ေတာ့ စိုင္းစံတို႔လို မျပန္သည့္ ေက်ာင္းသားေက်ာင္းသူေတြကဆရာမေတြကူညီရင္း သူတို႔ကို အသီးေဖ်ာ္ရည္ခြက္ေလးေတြႏွင့္ႀကိဳဆိုၾကသည္။

သလင္းျမဴကိုအေအးခြက္ေလးလာေပးသူကေတာ့ စိုင္းစံမဟုတ္ဘဲ ေန႔တိုင္းႏြယ္နီသာ။

႐ွက္ျပဳံးေလးႏွင့္ ႏြယ္နီက သူ႔မ်က္လုံးထဲမွာေတာ့ ညီမေလးတစ္ေယာက္ထက္မပိုေပ။

ေျခာက္ဘာသာလုံးေျဖၿပီးသည့္ေန႔မွာေတာ့ ဆရာဆရာမေတြက ခန္႔မွန္းကိုေမးရာ သလင္းျမဴ ယုံၾကည္ခ်က္႐ွိစြာပင္ လက္ေျခာက္ေခ်ာင္းလုံးေထာင္ျပခဲ့ေလသည္။

သူအဆင္ေျပေနခဲ့ပါၿပီ...
သူ႔ဘဝထဲကထြက္သြားတဲ့ တစ္စုံတစ္ေယာက္ကိုတမ္းတလြမ္းဆြတ္မေနေတာ့ဘဲ ရည္စူးတဲ့ပန္းတိုင္ကို ေရာက္ေအာင္ေလ်ွာက္လွမ္းသြားေတာ့မွာ.........အခ်စ္မပာဘဲတစ္ေယာက္တည္းနဲ့။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Bạn đang đọc truyện trên: Truyen247.Pro