Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Part-10 (own)

Unicode

လပတ်စာမေးပွဲဖြေရန် စာမေးပွဲခန်းထဲကို ဝင်ခါနီး ဇေယျာနှင့် ကွမ်ခေး မှာခြေတွေလက်တွေပင်တုန်နေကြသည်။

မြန်မာစာနေ့ကနှစ်ကောင်လုံးဖြေနိုင်ကြပေမယ့် ဒီနေ့ဖြေမည့် English ကိုတော့ ကြောက်နေကြသည်။

Lecture ဆရာဆရာမတွေက ကြိုပြောထားသောကြောင့် တစ်ဘာသာကျရင် နှစ်ပင်လိမ်ကြိမ်လုံးနှင့် ငါးချက်အဆော်ခံရပေမည်။

အခြေခံအားနည်းသည့် ထိုနှစ်ကောင်ကို သလင်းမြူလည်းအတတ်နိုင်ဆုံးစာတွေရှင်းပြသည်။ Essay Letter ကလည်း unseen ဖြစ်သည့်အတွက် ပါနိုင်သည့် ခေါင်းစဉ်တွေထုတ်ကာ ဖတ်ခိုင်းထားပြီးသားပင်။

"ကြောက်မနေနဲ့ စိတ်ငြိမ်ငြိမ်ထား..."

နှစ်ကောင်လုံးက ပါးစပ်ပင်မဟနိုင်ပဲ ခေါင်းတွေပဲညိတ်ပြနေကြသည်။

"မေးခွန်းအခြေအနေမကောင်းရင် ငါတို့ကိုပြဦးနော်..."
"အေးပါ..."

"ဝင်လို့ရပြီ!!"

အခန်းစောင့်ဆရာမတွေအချက်ပေးသည်နှင့် အားလုံးစာမေးပွဲခန်းထဲဝင်ကာ ကိုယ့်ခုံနံပါတ်အတိုင်းဝင်ထိုင်လိုက်သည်။

မြန်မာစာဖြေသည့် နေ့ကတည်းက ယောက်ျားလေး မိန်းကလေးမခွဲဘဲ 7 တန်း 8 တန်းရောထားကာ ကံကောင်းစွာဖြင့် ခုံနံပါတ် ကပ်လျက် သူတို့သုံးယောက်ကြားမှာ စိုင်းစံနှင့် တခြား 7 တန်းမိန်းကလေးတစ်ဦးကျလေသည်။

စိုင်းစံ အကူအညီဖြင့် 7 တန်းကောင်မလေးကလည်း သူတို့သုံးကောင်စကားပြောလျှင်မသိသလိုနေပေးလေသည်။

"စကားမပြောနဲ့တော့...
မေးခွန်းစဝေတော့မယ်...
7 တန်းတွေမတ်တပ်ရပ်!!"

မေးခွန်းစာရွက်လက်ထဲရောက်တော့ သလင်းမြူအရင်ဆုံးဖတ်ကြည့်လိုက်ရာ ဟိုနှစ်ကောင်အတွက်ရင်မောသွားရသည်။

Essay နဲ့ letter ဖြေနိုင်လောက်ပေမယ့် fill in the blanks ကဟိုကောင်တွေမကျက်နိုင်သည့် စာလုံးတွေပါသည့်အပြင် verb form, words form, Grammar အစရှိသည်တို့မှာလည်း ရိုးရှင်းသည့်ပုံစံတစ်ခုမှမပါ။

Answer the questions ကလည်းလွှတ်ထားသည့် chapter မှအပုဒ်တွေချည်း။

ဟိုနှစ်ကောင်ကိုလှမ်းကြည့်တော့ ငိုမဲ့မဲ့တွေဖြစ်နေရာ သလင်းမြူစိတ်ညစ်စွာခေါင်းကိုသာ တဗြင်းဗြင်းကုတ်မိသည်။

တခြားသူတွေကတော့ သူစာမရ၍ စိတ်ညစ်သည်ထင်ပြီး ပြုံးနေကြသည်။

Essay letter အရင်ရေးထားရန်နှစ်ကောင်လုံးကိုအချက်ပြလိုက်ကာ သလင်းမြူအမြန် အဖြေလွှာပေါ်ဖြေရင်း မေးခွန်းစာရွက်ပေါ်မှာလည်းအဖြေတွေရေးသည်။

2 နာရီမေးခွန်းကို နာရီဝက်ကျော်နှင့် ပြီးသွားကာ မေးခွန်းစာရွက်မှာ ကွမ်ခေးခုံနံပါတ်တပ်ပြီး ဘေးကကောင်မလေးကိုလက်တို့လိုက်တော့ ထိုကောင်မဘေးကနားလည်စွာ အခန်းစောင့်ဆရာမတွေကိုတစ်ချက်အကဲခတ်ပြီး သလင်းမြူ၏မေးခွန်းစာရွက်နှင့် ကွမ်ခေးစာရွက်ကိုလဲလိုက်လေသည်။

သလင်းမြူတစ်ဖန် မေးခွန်းစာရွက်ပေါ်အဖြေတွေအမြန်ရေးပြီး ဇေယျာ့ခုံနံပါတ်တပ်ကာ စိုင်းစံကိုလက်တို့ရပြန်သည်။

နှစ်ကောင်လုံးလက်ထဲအဖြေတွေရောက်မှ အားရပါးရသက်ပြင်းချနိုင်တော့သည်။

သူတို့ကနောက်ဆုံးခုံတန်းမှာဖြစ်ပြီး ဆရာမတွေက အရှေ့နားမှာ စကားပြောနေသောကြောင့်သာထိုသို့လုပ်၍ရခြင်းပင်။ ဆရာမတွေယုံကြည်စွာသူတို့ကိုတစ်ချက်လှည့်မကြည့်ခြင်းမှာ ကိုယ်ရတဲ့စာကိုသေချာပေါက်သူများကိုပြမှာမဟုတ်သည့် သူတွေ၏အကျင့်ကိုသိသောကြောင့်ပင်။

သူ့လုပ်ရပ်ကို သူငယ်ချင်းကောင်းမပီသဘူးဟုပြောနိုင်ပေမယ့် သူ့သူငယ်ချင်းတွေစာမေးပွဲကျအရိုက်ခံရပြီး သူတစ်ပါးကအထင်သေးကြမည်ကို သူမကြည့်ရက်။

စာမကျက်လို့ကျတာပဲဟု ပြောလာလျှင်တော့ မှားသွားလိမ့်မည်။ သူ့သူငယ်ချင်းတွေကသူ့ထက်ပင် စာကိုပိုကြိုးစားကြသည်။ အခြေခံမကောင်းသည့်အပြင် တိုင်းရင်းသားတွေဖြစ်သောကြောင့် မြန်မာစာမှာလည်းအားနည်းကြသည်။

သူအဖြေတွေအားလုံးရေးပေးလိုက်တာတောင် အောင်မှတ်ရရုံသာကူးကြသည့် နှစ်ကောင်ပါ။

အပေါ်ယံတွေသာရှိသည့် ဒီနေရာမှာ စိုင်းစံ ဇေယျာနှင့် ကွမ်ခေးတို့သုံးယောက်ကသာ ပျော်ပျော်နေတတ်ပြီး သူအပေါ်စိတ်ရင်းနှင့်ဆက်ဆံကြသည်။

သလင်းမြူ ပျင်းပျင်းနှင့် အချိန်တွေပိုနေသောကြောင့် ဘေးမှ စိုင်းစံနှင့် တခြား 7 တန်းကောင်မလေးဖြေသမျှ လိုက်ကြည့်ရင်း မှားလျှင် လက်တို့ကာပြင်ခိုင်းနေမိသည်။

လပတ်စာမေးပွဲကြောင့် ထို နန်းနွယ်နီဆိုသည့် 7 တန်း ကောင်မလေးနှင့်တောင် သူတို့ရင်းနှီးသွားပေမယ့် ယောက်ျားလေး မိန်းကလေး ကန့်သက်ချက်ရှိတာကြောင့် အမှတ်မထင်တွေ့ရင်တောင် ပြုံးပြရုံမျှသာ။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

အမှတ်တွေထွက်လာပြီး အခန်းရှေ့မှာ လာကပ်တော့ အားလုံးစုရုံးစုရုံးသွားကြည့်ကြရာ သလင်းမြူကတော့ ဆရာမလာသေး၍မှောက်အိပ်နေရာမှမထ။

"Woah!!
ဟျောင့် သလင်းမြူ....မင်း အဆင့်တစ်ရတယ်ကွ......"

သူ့ကျောကိုတဖုန်းဖုန်းပုတ်ရင်းဝမ်းသာအားရဆိုသည့် ဇေယျာ့စကားကိုသူစိတ်မဝင်စားမိ။

"မင်းတို့နှစ်ကောင်ရော.."
"အောင်တယ် ငါတို့နှစ်ယောက်လုံး..."
"တော်သေးတာပေါ့...."

သလင်းမြူ ခုံပေါ်ပြန်မှောက်အိပ်လိုက်သည်။

ပိကျိပိကျိ တွတ်ထိုးနေကြသည့် စကားသံတွေနှင့် သူ့ကိုဝိုင်းကြည့်နေကြသည်ကို သူခံစားမိပေမယ့် ဂရုမစိုက်အား သူအတွေးထဲမှာ အချိန်ရသလောက်အိပ်ရဖို့ပင်။

အရင်ကထက်ကိုပိုပြီး သူ့ကိုလာကပ်ကြပေမယ့် သလင်းမြူပြန်အရောမဝင်။ မှန်တစ်ချပ်လိုသာ တုံ့ပြန်သည်။

ကိုငယ့်မင်္ဂလာပွဲအတွက် သူခွင့်နှစ်ရက်ရပြီး အိမ်ပြန်ရလေသည်။

ကိုငယ့်ဇနီးလောင်း၏မိသားစုအမျိုးတွေပါအိမ်ကိုရောက်နေကြပြီး ကိုငယ့်ခယ်မတွေက ကိုကို့နားကိုလာလာကပ်သဖြင့် သလင်းမြူ ကိုကို့အနားကနေတစ်လှမ်းမှမခွာပေ။

သွေး နှင့်ဝေယံတို့ကိုတောင် သလင်းမြူကောင်းကောင်းစကားမပြောနိုင် ကိုကို့နားရောက်ရောက်လာသည့် စပ်စလူးခါ ငံပြာရည်မတွေကိုသာ မျက်စောင်းအတောင့်လိုက်ပစ်သွင်းနေရသည်။

ကိုကိုက သတို့သားအရံအနေဖြင့် ဟိုငံပြာရည်မတွေထဲကတစ်ယောက်နှင့် မင်္ဂလာခန်းမထဲကိုတွဲဝင်ရမည်ကြားတော့ သလင်းမြူ ခြေဆောင့်ကာ အခန်းထဲပဲပြေးဝင်ခဲ့တော့သည်။

ကိုကို့အနားမှာ သူမဟုတ်သည့်တခြားတစ်ယောက်ရှိနေမည်ဆိုသည့် အတွေးနဲ့တင် သူရှိူက်ကြီးတငင်ငိုမိလေသည်။

"ငယ်လေး..."

အနားကို ကိုကိုရောက်လာမှန်းသိပေမယ့် လှည့်မကြည့်ဘဲ အံကြိတ်ကာ ငို်သည်။

သူ့ကိုခါးကနေကိုင်ပွေ့ပြီး ကိုကိုကသူ့ပေါင်ပေါ်မှာထိုင်စေကာ သူ့မျက်ရည်တွေကိုသုတ်ပေးသည်။

"မငိုပါနဲ့...
ကိုကိုမကြိုက်ဘူးနော်...."
"ဘာလို့မငြင်းလိုက်တာလဲ...."
"ကိုငယ်ကတောင်းဆိုလို့လေ ငယ်လေးရဲ့..."
"အဲ့ကောင်မလေးနဲ့ကိုကိုတွဲချင်နေတာမလား...
သူ့ကိုကြိုက်လို့ကိုကိုမငြင်းတာမလား..."
"မဟုတ်ပါဘူးကွာ... "
"ကိုကို့ ကိုမချစ်တော့ဘူး..."

သူ့စကားကြောင့်ပြောင်းလဲသွားတဲ့ကိုကို့မျက်ဝန်းတွေ ကမကြိုက်ကြောင်းပြနေသည်။

"ကိုကို့ကို မချစ်တော့ဘူး.."

ထပ်ပြောပြီး ကိုကို့ပေါင်ပေါ်ကနေထလိုက်တော့ ပြန်ဆွဲချခံလိုက်ရပြီး ပုခုံးတွေပါခပ်တင်းတင်းဆုပ်ကိုင်ခံလိုက်ရသည်။

"ပြန်ပြောစမ်း..."

အံကြိတ်ပြီး ပြောသည့် ကိုကို့မျက်ဝန်းတွေက သူ့ကိုကြောက်လန့်စေပြီး နာကျင်အောင် သူ့ပုခုံးတွေကိုဆုပ်ကိုင်ထားသည့် ကိုကို့လက်တွေကိုလည်း ဖယ်ရှားလို့မရ။

"မချစ်တော့ဘူး...
ကိုကို့ကို လုံးဝမချစ်တော့ဘူး..!"
"ငယ်လေး!!!!"

သလင်းမြူ ကိုယ်လေးတုန်တက်သွားကာ ထိတ်လန့်မှုကြောင့်တဆတ်ဆတ်တုန်ယင်လာပြီး မျက်ရည်တွေကလည်းအတားအဆီးမဲ့စွာ....

"ကိုကို သားကိုအော်တယ်.....
အဲ့မိန်းမအတွက်နဲ့ ကိုကိုသားကိုအော်တယ်."

ငယ်လေးကိုအော်မိပြီးမှ မင်းညီ အသိပြန်ဝင်လာတဲ့လူတစ်ယောက်လို ငယ်လေးကို ဖက်လိုက်သည်။

"ကိုကို တောင်းပန်ပါတယ်...."

သူ့ကို ငယ်လေးက ထုရိုက်လာပေမယ့် သူပို၍တင်းကျပ်နေအောင်ဖက်ထားပြီး တောင်းပန်ပါတယ်လို့သာအထပ်ထပ်ရေရွတ်မိသည်။ ငယ်လေးဆီက မချစ်တော့ဘူးဟူသည့် စကားလုံးတွေက သူ့ကိုအသိစိတ်လွတ်စေနိုင်သည်။

"မကြိုက်ဘူး....
ကိုကို့အနားမှာတခြားသူတွေရှိနေတာကို သားမကြိုက်ဘူး....
သူတို့တွေ ကိုကို့ ကိုကြည့်တာလည်းမကြိုက်ဘူး.....
သူ့တို့ကို ပြုံးပြနေတဲ့ ကိုကို့ကိုလည်းမကြိုက်ဘူး....."

ရင်ခွင်ထဲမှာတသိမ့်သိမ့်ငိုနေသည့် ကောင်လေး၏ စကားသံလေးကြောင့် မင်းညီရဲ့ရင်အစုံဟာ ဝုန်းဒိုင်းကြဲနေခဲ့ပြီ။

"ဘာလို့မကြိုက်တာလဲ..."

မျက်နှာလေးကိုမော့ယူပြီးမျှော်လင့်ချက်တကြီးမေးတော့ သ့ူမျက်နှာကိုတည့်တည့်မကြည့်ဘဲ ငယ်လေးကတခြားတစ်ဖက်ကိုသာ ကြည့်နေသည်။

"ငယ်လေး ကိုကို့ကိုကြည့်....
ဘာလို့မကြိုက်တာလဲလို့...."

သူ့မျက်ဝန်းတွေကိုကြည့်လာသည့် ငယ်လေးမျက်ဝန်းနက်တွေထဲမှာ ကြောက်ရွံ့ခြင်းတွေတွေ့ရပြီး မင်းညီအဖြေရှာကြည့်ရန်ကြိုးစားမိသည်။

တိတ်ဆိတ်သွားသည့် အခန်းထဲမှာ မြန်ဆန်တဲ့သူ့နှလုံးသားရဲ့အသံအပြင် နောက်ထပ် သူလို့မြန်ဆန်တဲ့နှလုံးခုန်သံသဲ့သဲ့ကို ကြားမိချိန်မှာတော့ မင်းညီအဖြေတွေ့သွားပေပြီ။

သူ့လက်ဖဝါးနှင့်အုပ်ကိုင်ထားသည့် ငယ်လေးရဲ့ပါးပြင်နှစ်ဖက်ကို ပျော်ရွှင်ခြင်းများနှင့် အထပ်ထပ်နမ်းရှိုက်မိပြီး နှုတ်ခမ်းလေးဆီနမ်းရန်ပြင်ပြီးမှ မျက်စိစုံမှိတ်ကာ လက်သီးလေးဆုပ်လိုက်သည့်ငယ်လေးကြောင့် သူ့အနမ်းတို့သည် နဖူးပြင်လေးထံသာရောက်သွားတော့သည်။

သူ့မေးဖျားကိုခေါင်းမော့ကာ ငယ်လေးက မွကနဲနမ်းလိုက်ပြီး သူ့ရင်ခွင်ထဲပိုတိုးဝင်ကာ ဖက်တွယ်လေသည်။

"ကိုကိုက သားအတွက်ပဲ...
သားတစ်ယောက်တည်းရဲ့ အပိုင်...."

ဒီအချိန်မှာ မင်းညီ အော်ဟစ်ပြီးကြွားချင်သည်။ ငယ်လေးဟာ သူ့ရဲ့ချစ်သူပါလို့။

ချစ်တယ်လို့နှုတ်ကနေဖွင့်ပြောမှ ချစ်တာမဟုတ်ပါဘူး။

အပြုအမူ မျက်ဝန်းတွေကနေတစ်ဆင့် နှလုံးသားရဲ့အသံကိုနားထောင်ကြည့်ရုံနဲ့ တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ချစ်မှန်းသိနိုင်တယ်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ငယ်လေးပြောထားသည့် အတိုင်း မင်းညီ သတို့သားအရံအနေနှင့် ခန်းမထဲဝင်ရာတွင် ဘေးမှသတို့သမီးအရံကို တစ်ချက်မကြည့် ခွာနိုင်သမျှ ခပ်ခွာခွာနေပြီး ရုပ်ကိုလုံးဝတည်ထားရသည်။

အနောက်မှ ခွန်းလေးလက်ကိုဆွဲထားသည့် ငယ်လေးကိုလည်းလှမ်းလှမ်းကြည့်နေရသည့် မင်းညီမှာ တစ်ယောက်တည်းနှင့်ပတ်ချာတွေရိုက်နေသည်။

သတို့သားသတို့သမီးသူ့နေရာသူရောက်သွားမှ မင်းညီ သတို့သမီးအရံကိုပစ်ထားခဲ့ကာ ငယ်လေးအနားရောက်လာလေသည်။

မနက်စာပင်မစားရသေးသည့် ငယ်လေးကိုမုန့်တွေခွံ့ကျွေးတော့ ခွန်းလေးက သူ့ကိုပါခွံ့ကျွေးရန်တောင်းဆိုလာရာ ငယ်လေးကလက်မခံပေ။

စူပုပ်ပုပ်နှင့် ငယ်လေးက ခွန်းလေးကိုမေမေ့အနားသွားပို့ပြီး သူဆီပြန်လာကာမုန့်ဆက်စားလေသည်။

ငယ်လေးဟာ သူနဲ့ပတ်သက်လာရင်ခွန်းလေးကိုတောင် တွန့်တိုသူပါ။

"ဓာတ်ပုံအတူရိုက်ရအောင်..."

ကိုကို့ လက်ကိုလာဆွဲသည့် သတို့သမီးအရံ၏ မိတ်ကပ်တွေအထပ်ထပ်နှင့် မျက်နှာကို စုတ်ပြတ်သွားအောင် ကုတ်ဖဲ့ချင်သောကြောင့် လက်တွေကတယားယား။

"သွားလိုက်ပါ သားရယ်..."

မေမေကပါ ဝင်ပြောလို့ ပါသွားသည့် ကိုကိုက ဓာတ်ပုံရိုက်နေရင်းတောင်တစ်ချက်မပြုံး သူ့ကိုသာကြည့်နေလေသည်။

အနားပြန်ရောက်လာသည့် ကိုကို့ လက်တွေကို tissue နှင့်သလင်းမြူ အထပ်ထပ်သုတ်ပစ်သည်။

ဟိုမိန်းမအငွေ့အသက်တွေစွဲနေမှာကိုမလိုချင်ပါ။

"ကိုကို့ ကိုစိတ်ဆိုးပြန်ပြီလား..."
"မဆိုးပါဘူး..."

ခပ်ဆောင့်ဆောင့် သူ့ဖြေသံကြောင့် ကိုကိုသဘောတကျရယ်လေသည်။

"ချစ်ဖို့ကောင်းတယ်... "

ပါးပြင်ကို ဖြတ်ကနဲ နမ်းလိုက်သည့် ကိုကို့ကြောင့် သူ့မျက်နှာလေးပူလာပေပြီ။

အရင်လိုမဟုတ် သူနမ်းတိုင်းပါးလေးတွေရဲလာတတ်သည့် ကောင်လေးကို အသဲယားစွာ လက်ကလေးတွေကိုထပ်ပြီးနမ်းမိပြန်သည်။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Zawgyi

လပတ္စာေမးပြဲေျဖရန္ စာေမးပြဲခန္းထဲကို ဝင္ခါနီး ေဇယ်ာႏွင့္ ကြမ္ေခး မွာေျခေတြလက္ေတြပင္တုန္ေနၾကသည္။

ျမန္မာစာေန႔ကႏွစ္ေကာင္လုံးေျဖႏိုင္ၾကေပမယ့္ ဒီေန့ေျဖမည့္ English ကိုေတာ့ ေၾကာက္ေနၾကသည္။

Lecture ဆရာဆရာမေတြက ႀကိဳေျပာထားေသာေၾကာင့္ တစ္ဘာသာက်ရင္ ႏွစ္ပင္လိမ္ႀကိမ္လုံးႏွင့္ ငါးခ်က္အေဆာ္ခံရေပမည္။

အေျခခံအားနည္းသည့္ ထိုႏွစ္ေကာင္ကို သလင္းျမဴလည္းအတတ္ႏိုင္ဆုံးစာေတြ႐ွင္းျပသည္။ Essay Letter ကလည္း unseen ျဖစ္သည့္အတြက္ ပါႏိုင္သည့္ ေခါင္းစဥ္ေတြထုတ္ကာ ဖတ္ခိုင္းထားၿပီးသားပင္။

"ေၾကာက္မေနနဲ႔ စိတ္ၿငိမ္ၿငိမ္ထား..."

ႏွစ္ေကာင္လုံးက ပါးစပ္ပင္မဟႏိုင္ပဲ ေခါင္းေတြပဲညိတ္ျပေနၾကသည္။

"ေမးခြန္းအေျခအေနမေကာင္းရင္ ငါတို႔ကိုျပဦးေနာ္..."
"ေအးပါ..."

"ဝင္လို႔ရၿပီ!!"

အခန္းေစာင့္ဆရာမေတြအခ်က္ေပးသည္ႏွင့္ အားလုံးစာေမးပြဲခန္းထဲဝင္ကာ ကိုယ့္ခုံနံပါတ္အတိုင္းဝင္ထိုင္လိုက္သည္။

ျမန္မာစာေျဖသည့္ ေန႔ကတည္းက ေယာက္်ားေလး မိန္းကေလးမခြဲဘဲ 7 တန္း 8 တန္းေရာထားကာ ကံေကာင္းစြာျဖင့္ ခုံနံပါတ္ ကပ္လ်က္ သူတို႔သုံးေယာက္ၾကားမွာ စိုင္းစံႏွင့္ တျခား 7 တန္းမိန္းကေလးတစ္ဦးက်ေလသည္။

စိုင္းစံ အကူအညီျဖင့္ 7 တန္းေကာင္မေလးကလည္း သူတို့သုံးေကာင္စကားေျပာလ်ွင္မသိသလိုေနေပးေလသည္။

"စကားမေျပာနဲ႔ေတာ့...
ေမးခြန္းစေဝေတာ့မယ္...
7 တန္းေတြမတ္တပ္ရပ္!!"

ေမးခြန္းစာရြက္လက္ထဲေရာက္ေတာ့ သလင္းျမဴအရင္ဆုံးဖတ္ၾကည့္လိုက္ရာ ဟိုႏွစ္ေကာင္အတြက္ရင္ေမာသြားရသည္။

Essay နဲ႔ letter ေျဖႏိုင္ေလာက္ေပမယ့္ fill in the blanks ကဟိုေကာင္ေတြမက်က္နိုင္သည့္ စာလုံးေတြပါသည့္အျပင္ verb form, words form, Grammar အစ႐ွိသည္တို႔မွာလည္း ႐ိုး႐ွင္းသည့္ပုံစံတစ္ခုမွမပါ။

Answer the questions ကလည္းလႊတ္ထားသည့္ chapter မွအပုဒ္ေတြခ်ည္း။

ဟိုႏွစ္ေကာင္ကိုလွမ္းၾကည့္ေတာ့ ငိုမဲ့မဲ့ေတြျဖစ္ေနရာ သလင္းျမဴစိတ္ညစ္စြာေခါင္းကိုသာ တျဗင္းျဗင္းကုတ္မိသည္။

တျခားသူေတြကေတာ့ သူစာမရ၍ စိတ္ညစ္သည္ထင္ၿပီး ျပဳံးေနၾကသည္။

Essay letter အရင္ေရးထားရန္ႏွစ္ေကာင္လုံးကိုအခ်က္ျပလိုက္ကာ သလင္းျမဴအျမန္ အေျဖလႊာေပၚေျဖရင္း ေမးခြန္းစာရြက္ေပၚမွာလည္းအေျဖေတြေရးသည္။

2 နာရီေမးခြန္းကို နာရီဝက္ေက်ာ္ႏွင့္ ၿပီးသြားကာ ေမးခြန္းစာရြက္မွာ ကြမ္ေခးခုံနံပါတ္တပ္ၿပီး ေဘးကေကာင္မေလးကိုလက္တို႔လိုက္ေတာ့ ထိုေကာင္မေဘးကနားလည္စြာ အခန္းေစာင့္ဆရာမေတြကိုတစ္ခ်က္အကဲခတ္ၿပီး သလင္းျမဴ၏ေမးခြန္းစာရြက္ႏွင့္ ကြမ္ေခးစာရြက္ကိုလဲလိုက္ေလသည္။

သလင္းျမဴတစ္ဖန္ ေမးခြန္းစာရြက္ေပၚအေျဖေတြအျမန္ေရးၿပီး ေဇယ်ာ့ခုံနံပါတ္တပ္ကာ စိုင္းစံကိုလက္တို႔ရျပန္သည္။

ႏွစ္ေကာင္လုံးလက္ထဲအေျဖေတြေရာက္မွ အားရပါးရသက္ျပင္းခ်ႏိုင္ေတာ့သည္။

သူတို႔ကေနာက္ဆုံးခုံတန္းမွာျဖစ္ၿပီး ဆရာမေတြက အေ႐ွ႕နားမွာ စကားေျပာေနေသာေၾကာင့္သာထိုသို႔လုပ္၍ရျခင္းပင္။ ဆရာမေတြယုံၾကည္စြာသူတို႔ကိုတစ္ခ်က္လွည့္မၾကည့္ျခင္းမွာ ကိုယ္ရတဲ့စာကိုေသခ်ာေပါက္သူမ်ားကိုျပမွာမဟုတ္သည့္ သူေတြ၏အက်င့္ကိုသိေသာေၾကာင့္ပင္။

သူ႔လုပ္ရပ္ကို သူငယ္ခ်င္းေကာင္းမပီသဘူးဟုေျပာႏိုင္ေပမယ့္ သူ႔သူငယ္ခ်င္းေတြစာေမးပြဲက်အ႐ိုက္ခံရၿပီး သူတစ္ပါးကအထင္ေသးၾကမည္ကို သူမၾကည့္ရက္။

စာမက်က္လို႔က်တာပဲဟု ေျပာလာလ်ွင္ေတာ့ မွားသြားလိမ့္မည္။ သူ႔သူငယ္ခ်င္းေတြကသူ႔ထက္ပင္ စာကိုပိုႀကိဳးစားၾကသည္။ အေျခခံမေကာင္းသည့္အျပင္ တိုင္းရင္းသားေတြျဖစ္ေသာေၾကာင့္ ျမန္မာစာမွာလည္းအားနည္းၾကသည္။

သူအေျဖေတြအားလုံးေရးေပးလိုက္တာေတာင္ ေအာင္မွတ္ရ႐ုံသာကူးၾကသည့္ ႏွစ္ေကာင္ပါ။

အေပၚယံေတြသာ႐ွိသည့္ ဒီေနရာမွာ စိုင္းစံ ေဇယ်ာႏွင့္ ကြမ္ေခးတို႔သုံးေယာက္ကသာ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး သူအေပၚစိတ္ရင္းႏွင့္ဆက္ဆံၾကသည္။

သလင္းျမဴ ပ်င္းပ်င္းႏွင့္ အခ်ိန္ေတြပိုေနေသာေၾကာင့္ ေဘးမွ စိုင္းစံႏွင့္ တျခား 7 တန္းေကာင္မေလးေျဖသမ်ွ လိုက္ၾကည့္ရင္း မွားလ်ွင္ လက္တို႔ကာျပင္ခိုင္းေနမိသည္။

လပတ္စာေမးပြဲေၾကာင့္ ထို နန္းႏြယ္နီဆိုသည့္ 7 တန္း ေကာင္မေလးနွင့္ေတာင္ သူတို႔ရင္းႏွီးသြားေပမယ့္ ေယာက္်ားေလး မိန္းကေလး ကန္႔သက္ခ်က္႐ွိတာေၾကာင့္ အမွတ္မထင္ေတြ႔ရင္ေတာင္ ျပဳံးျပ႐ုံမ်ွသာ။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

အမွတ္ေတြထြက္လာၿပီး အခန္းေ႐ွ႕မွာ လာကပ္ေတာ့ အားလုံးစု႐ုံးစု႐ုံးသြားၾကည့္ၾကရာ သလင္းျမဴကေတာ့ ဆရာမလာေသး၍ေမွာက္အိပ္ေနရာမွမထ။

"Woah!!
ေဟ်ာင့္ သလင္းျမဴ....မင္း အဆင့္တစ္ရတယ္ကြ......"

သူ႔ေက်ာကိုတဖုန္းဖုန္းပုတ္ရင္းဝမ္းသာအားရဆိုသည့္ ေဇယ်ာ့စကားကိုသူစိတ္မဝင္စားမိ။

"မင္းတို႔ႏွစ္ေကာင္ေရာ.."
"ေအာင္တယ္ ငါတို႔ႏွစ္ေယာက္လုံး..."
"ေတာ္ေသးတာေပါ့...."

သလင္းျမဴ ခုံေပၚျပန္ေမွာက္အိပ္လိုက္သည္။

ပိက်ိပိက်ိ တြတ္ထိုးေနၾကသည့္ စကားသံေတြႏွင့္ သူ႔ကိုဝိုင္းၾကည့္ေနၾကသည္ကို သူခံစားမိေပမယ့္ ဂ႐ုမစိုက္အား သူအေတြးထဲမွာ အခ်ိန္ရသေလာက္အိပ္ရဖို႔ပင္။

အရင္ကထက္ကိုပိုၿပီး သူ့ကိုလာကပ္ၾကေပမယ့္ သလင္းျမဴျပန္အေရာမဝင္။ မွန္တစ္ခ်ပ္လိုသာ တုံ႔ျပန္သည္။

ကိုငယ့္မဂၤလာပြဲအတြက္ သူခြင့္ႏွစ္ရက္ရၿပီး အိမ္ျပန္ရေလသည္။

ကိုငယ့္ဇနီးေလာင္း၏မိသားစုအမ်ိဳးေတြပါအိမ္ကိုေရာက္ေနၾကၿပီး ကိုငယ့္ခယ္မေတြက ကိုကို႔နားကိုလာလာကပ္သျဖင့္ သလင္းျမဴ ကိုကို႔အနားကေနတစ္လွမ္းမွမခြာေပ။

ေသြး ႏွင့္ေဝယံတို႔ကိုေတာင္ သလင္းျမဴေကာင္းေကာင္းစကားမေျပာႏိုင္ ကိုကို႔နားေရာက္ေရာက္လာသည့္ စပ္စလူးခါ ငံျပာရည္မေတြကိုသာ မ်က္ေစာင္းအေတာင့္လိုက္ပစ္သြင္းေနရသည္။

ကိုကိုက သတို႔သားအရံအေနျဖင့္ ဟိုငံျပာရည္မေတြထဲကတစ္ေယာက္ႏွင့္ မဂၤလာခန္းမထဲကိုတြဲဝင္ရမည္ၾကားေတာ့ သလင္းျမဴ ေျခေဆာင့္ကာ အခန္းထဲပဲေျပးဝင္ခဲ့ေတာ့သည္။

ကိုကို႔အနားမွာ သူမဟုတ္သည့္တျခားတစ္ေယာက္႐ွိေနမည္ဆိုသည့္ အေတြးနဲ႔တင္ သူ႐ွိဴက္ျကီးတငင္ငိုမိေလသည္။

"ငယ္ေလး..."

အနားကို ကိုကိုေရာက္လာမွန္းသိေပမယ့္ လွည့္မၾကည့္ဘဲ အံႀကိတ္ကာ ငို္သည္။

သူ႔ကိုခါးကေနကိုင္ေပြ႔ၿပီး ကိုကိုကသူ႔ေပါင္ေပၚမွာထိုင္ေစကာ သူ႔မ်က္ရည္ေတြကိုသုတ္ေပးသည္။

"မငိုပါနဲ႔...
ကိုကိုမႀကိဳက္ဘူးေနာ္...."
"ဘာလို႔မျငင္းလိုက္တာလဲ...."
"ကိုငယ္ကေတာင္းဆိုလို႔ေလ ငယ္ေလးရဲ႕..."
"အဲ့ေကာင္မေလးနဲ႔ကိုကိုတြဲခ်င္ေနတာမလား...
သူ႔ကိုႀကိဳက္လို႔ကိုကိုမျငင္းတာမလား..."
"မဟုတ္ပါဘူးကြာ... "
"ကိုကို႔ ကိုမခ်စ္ေတာ့ဘူး..."

သူ႔စကားေၾကာင့္ေျပာင္းလဲသြားတဲ့ကိုကို႔မ်က္ဝန္းေတြ ကမႀကိဳက္ေၾကာင္းျပေနသည္။

"ကိုကို႔ကို မခ်စ္ေတာ့ဘူး.."

ထပ္ေျပာၿပီး ကိုကို႔ေပါင္ေပၚကေနထလိုက္ေတာ့ ျပန္ဆြဲခ်ခံလိုက္ရၿပီး ပုခုံးေတြပါခပ္တင္းတင္းဆုပ္ကိုင္ခံလိုက္ရသည္။

"ျပန္ေျပာစမ္း..."

အံႀကိတ္ၿပီး ေျပာသည့္ ကိုကို႔မ်က္ဝန္းေတြက သူ႔ကိုေၾကာက္လန္႔ေစၿပီး နာက်င္ေအာင္ သူ႔ပုခုံးေတြကိုဆုပ္ကိုင္ထားသည့္ ကိုကို႔လက္ေတြကိုလည္း ဖယ္႐ွားလို႔မရ။

"မခ်စ္ေတာ့ဘူး...
ကိုကို႔ကို လုံးဝမခ်စ္ေတာ့ဘူး..!"
"ငယ္ေလး!!!!"

သလင္းျမဴ ကိုယ္ေလးတုန္တက္သြားကာ ထိတ္လန္႔မႈေၾကာင့္တဆတ္ဆတ္တုန္ယင္လာၿပီး မ်က္ရည္ေတြကလည္းအတားအဆီးမဲ့စြာ....

"ကိုကို သားကိုေအာ္တယ္.....
အဲ့မိန္းမအတြက္နဲ႔ ကိုကိုသားကိုေအာ္တယ္."

ငယ္ေလးကိုေအာ္မိၿပီးမွ မင္းညီ အသိျပန္ဝင္လာတဲ့လူတစ္ေယာက္လို ငယ္ေလးကို ဖက္လိုက္သည္။

"ကိုကို ေတာင္းပန္ပါတယ္...."

သူ႔ကို ငယ္ေလးက ထု႐ိုက္လာေပမယ့္ သူပို၍တင္းက်ပ္ေနေအာင္ဖက္ထားၿပီး ေတာင္းပန္ပါတယ္လို႔သာအထပ္ထပ္ေရရြတ္မိသည္။ ငယ္ေလးဆီက မခ်စ္ေတာ့ဘူးဟူသည့္ စကားလုံးေတြက သူ႔ကိုအသိစိတ္လြတ္ေစႏိုင္သည္။

"မႀကိဳက္ဘူး....
ကိုကို႔အနားမွာတျခားသူေတြ႐ွိေနတာကို သားမႀကိဳက္ဘူး....
သူတို႔ေတြ ကိုကို႔ ကိုၾကည့္တာလည္းမႀကိဳက္ဘူး.....
သူ႔တို႔ကို ျပဳံးျပေနတဲ့ ကိုကို႔ကိုလည္းမႀကိဳက္ဘူး....."

ရင္ခြင္ထဲမွာတသိမ့္သိမ့္ငိုေနသည့္ ေကာင္ေလး၏ စကားသံေလးေၾကာင့္ မင္းညီရဲ႕ရင္အစုံဟာ ဝုန္းဒိုင္းၾကဲေနခဲ့ၿပီ။

"ဘာလို႔မႀကိဳက္တာလဲ..."

မ်က္ႏွာေလးကိုေမာ့ယူၿပီးေမွ်ာ္လင့္ခ်က္တျကီးေမးေတာ့ သ႔ူမ်က္ႏွာကိုတည့္တည့္မၾကည့္ဘဲ ငယ္ေလးကတျခားတစ္ဖက္ကိုသာ ၾကည့္ေနသည္။

"ငယ္ေလး ကိုကို႔ကိုၾကည့္....
ဘာလို႔မႀကိဳက္တာလဲလို႔...."

သူ႔မ်က္ဝန္းေတြကိုၾကည့္လာသည့္ ငယ္ေလးမ်က္ဝန္းနက္ေတြထဲမွာ ေၾကာက္ရြံ႕ျခင္းေတြေတြ႔ရၿပီး မင္းညီအေျဖ႐ွာၾကည့္ရန္ႀကိဳးစားမိသည္။

တိတ္ဆိတ္သြားသည့္ အခန္းထဲမွာ ျမန္ဆန္တဲ့သူ႔ႏွလုံးသားရဲ႕အသံအျပင္ ေနာက္ထပ္ သူလို႔ျမန္ဆန္တဲ့ႏွလုံးခုန္သံသဲ့သဲ့ကို ၾကားမိခ်ိန္မွာေတာ့ မင္းညီအေျဖေတြ႔သြားေပၿပီ။

သူ႔လက္ဖဝါးႏွင့္အုပ္ကိုင္ထားသည့္ ငယ္ေလးရဲ႕ပါးျပင္ႏွစ္ဖက္ကို ေပ်ာ္ရႊင္ျခင္းမ်ားႏွင့္ အထပ္ထပ္နမ္း႐ိႈက္မိၿပီး ႏႈတ္ခမ္းေလးဆီနမ္းရန္ျပင္ၿပီးမွ မ်က္စိစုံမွိတ္ကာ လက္သီးေလးဆုပ္လိုက္သည့္ငယ္ေလးေၾကာင့္ သူ႔အနမ္းတို႔သည္ နဖူးျပင္ေလးထံသာေရာက္သြားေတာ့သည္။

သူ႔ေမးဖ်ားကိုေခါင္းေမာ့ကာ ငယ္ေလးက မြကနဲနမ္းလိုက္ၿပီး သူ႔ရင္ခြင္ထဲပိုတိုးဝင္ကာ ဖက္တြယ္ေလသည္။

"ကိုကိုက သားအတြက္ပဲ...
သားတစ္ေယာက္တည္းရဲ႕ အပိုင္...."

ဒီအခ်ိန္မွာ မင္းညီ ေအာ္ဟစ္ၿပီးႂကြားခ်င္သည္။ ငယ္ေလးဟာ သူ႔ရဲ႕ခ်စ္သူပါလို႔။

ခ်စ္တယ္လို႔ႏႈတ္ကေနဖြင့္ေျပာမွ ခ်စ္တာမဟုတ္ပါဘူး။

အျပဳအမူ မ်က္ဝန္းေတြကေနတစ္ဆင့္ ႏွလုံးသားရဲ႕အသံကိုနားေထာင္ၾကည့္႐ုံနဲ႔ တစ္ေယာက္ကိုတစ္ေယာက္ဘယ္ေလာက္ခ်စ္မွန္းသိႏိုင္တယ္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

ငယ္ေလးေျပာထားသည့္ အတိုင္း မင္းညီ သတို႔သားအရံအေနႏွင့္ ခန္းမထဲဝင္ရာတြင္ ေဘးမွသတို႔သမီးအရံကို တစ္ခ်က္မၾကည့္ ခြာႏိုင္သမ်ွ ခပ္ခြာခြာေနၿပီး ႐ုပ္ကိုလုံးဝတည္ထားရသည္။

အေနာက္မွ ခြန္းေလးလက္ကိုဆြဲထားသည့္ ငယ္ေလးကိုလည္းလွမ္းလွမ္းၾကည့္ေနရသည့္ မင္းညီမွာ တစ္ေယာက္တည္းႏွင့္ပတ္ခ်ာေတြ႐ိုက္ေနသည္။

သတို႔သားသတို႔သမီးသူ႔ေနရာသူေရာက္သြားမွ မင္းညီ သတို႔သမီးအရံကိုပစ္ထားခဲ့ကာ ငယ္ေလးအနားေရာက္လာေလသည္။

မနက္စာပင္မစားရေသးသည့္ ငယ္ေလးကိုမုန္႔ေတြခြံ႕ေကြ်းေတာ့ ခြန္းေလးက သူ႔ကိုပါခြံ႔ေကြၽးရန္ေတာင္းဆိုလာရာ ငယ္ေလးကလက္မခံေပ။

စူပုပ္ပုပ္ႏွင့္ ငယ္ေလးက ခြန္းေလးကိုေမေမ့အနားသြားပို႔ၿပီး သူဆီျပန္လာကာမုန္႔ဆက္စားေလသည္။

ငယ္ေလးဟာ သူနဲ႔ပတ္သက္လာရင္ခြန္းေလးကိုေတာင္ တြန္႔တိုသူပါ။

"ဓာတ္ပုံအတူ႐ိုက္ရေအာင္..."

ကိုကို႔ လက္ကိုလာဆြဲသည့္ သတို႔သမီးအရံ၏ မိတ္ကပ္ေတြအထပ္ထပ္ႏွင့္ မ်က္ႏွာကို စုတ္ျပတ္သြားေအာင္ ကုတ္ဖဲ့ခ်င္ေသာေၾကာင့္ လက္ေတြကတယားယား။

"သြားလိုက္ပါ သားရယ္..."

ေမေမကပါ ဝင္ေျပာလို႔ ပါသြားသည့္ ကိုကိုက ဓာတ္ပုံ႐ိုက္ေနရင္းေတာင္တစ္ခ်က္မျပဳံး သူ႔ကိုသာၾကည့္ေနေလသည္။

အနားျပန္ေရာက္လာသည့္ ကိုကို႔ လက္ေတြကို tissue ႏွင့္သလင္းျမဴ အထပ္ထပ္သုတ္ပစ္သည္။

ဟိုမိန္းမအေငြ႔အသက္ေတြစြဲေနမွာကိုမလိုခ်င္ပါ။

"ကိုကို႔ ကိုစိတ္ဆိုးျပန္ၿပီလား..."
"မဆိုးပါဘူး..."

ခပ္ေဆာင့္ေဆာင့္ သူ႔ေျဖသံေၾကာင့္ ကိုကိုသေဘာတက်ရယ္ေလသည္။

"ခ်စ္ဖို႔ေကာင္းတယ္... "

ပါးျပင္ကို ျဖတ္ကနဲ နမ္းလိုက္သည့္ ကိုကို႔ေၾကာင့္ သူ႔မ်က္ႏွာေလးပူလာေပၿပီ။

အရင္လိုမဟုတ္ သူနမ္းတိုင္းပါးေလးေတြရဲလာတတ္သည့္ ေကာင္ေလးကို အသဲယားစြာ လက္ကေလးေတြကိုထပ္ၿပီးနမ္းမိျပန္သည္။

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Bạn đang đọc truyện trên: Truyen247.Pro