Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Explanation To My Readers

Unicode

ခင်ဗျားလေးတို့ အဆုံးသတ်ကို သဘောကျကြမှာမဟုတ်မှန်းသိပေမယ့် အစကတည်းက Plot ကိုကိုယ်ဒီပုံစံအတိုင်းချထားခဲ့တာမို့ ကျေးဇူးပြုပြီး လက်ခံပေးကြပါ။

Glossary Of Alive ကသလင်းမြူဆိုတဲ့ဇာတ်ကောင်ကိုပဲအဓိကအခြေခံထားတာ

ကိုယ်အမှန်အတိုင်းဝန်ခံရရင် ဒီ OC ကို diary အဟောင်းလေးတစ်အုပ်ကြောင့်စရေးဖြစ်တာပါ။

Diary ရဲ့ပိုင်ရှင်က ကိုယ့်အစ်ကိုအကြီးဆုံးပါ....

ကိုယ့်အစ်ကိုဆုံးသွားတုန်းက ကိုယ်အရမ်းငယ်သေးတယ် ပြီးတော့ ကိုကြီးခေါင်းအုံးအောက်က စာအုပ်လေးကလှတော့ ကလေးသဘာဝ ကိုယ်သိမ်းထားခဲ့မိတာ....

စာဖတ်တတ်လာတော့ ဖတ်ကြည့်ပေမယ့် စာမျက်နှာ 23 မျက်နှာလောက်ပဲရေးထားတာတွေကိုကိုယ်နားမလည်ခဲ့ဘူး.....

နောက်ပိုင်းတွေကျကိုယ့်အစ်ကိုတွေနဲ့အစ်မကို ကိုကြီးအကြောင်းတွေမေးကြည့်တယ်

ကိုကြီးကဥပဒေကျောင်းသားတစ်ယောက်ပါ။ ဘွဲ့ရခါနီးတော့ ကိုယ့်မေမေတို့က ကိုကြီးသူငယ်ချင်းအစ်မတစ်ယောက်နဲ့နေရာချထားပေးဖို့စီစဥ်နေတုန်းမှာ ကိုကြီးဆေးရုံတက်ရတယ်.....

ဆေးပညာသိပ်မထွန်းကားသေးတဲ့အချိန် ကိုကြီးဖြစ်တဲ့ရောဂါက သွေးကင်ဆာတဲ့။
အဲ့ခေတ်တုန်းကပြောကြတဲ့ ကိုရီးယားကားထဲကရောဂါပေါ့။

ညအိပ်နေရင်းတောင်ကိုကြီးကနှာခေါင်းသွေးလျှံတတ်တာကို သိပ်အလေးမထားခဲ့မိကြတော့ သိတဲ့အချိန်ကတော်တော်နောက်ကျနေပြီ။

မန္တလေးတော်ဝင်ဆေးရုံကြီးမှာ ကိုကြီးဆုံးသွားခဲ့တော့ အသုဘကို ကိုကြီးအချစ်ဆုံးသူငယ်ချင်းဆိုတဲ့လူလာတယ်။

ကိုယ်အခုနောက်ပိုင်းမှနားလည်သွားခဲ့တာ ကိုကြီးရဲ့ diary ကို။

ကိုကြီးရဲ့ diary ထဲမှာရေးထားသမျှရဲ့ရည်ရွယ်သူက ကိုကြီးစေ့စပ်ထားတဲ့သူ မဟုတ်ခဲ့ဘူး။

ကိုကြီးသူငယ်ချင်းနဲ့ကိုယ့်မေမေတို့အရင်တုန်းကအဆက်အသွယ်ရှိခဲ့ကြပေမယ့်နောက်ပိုင်းတွေ့တောင်မတွေ့ဖြစ်ဘူး။

လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကမှ အဲ့ကိုကြီးလည်းဆုံးသွားပြီလို့ကြားတာ။

သလင်းမြူလေးရဲ့ငယ်ဘဝကတော့ ကိုယ့်ငယ်ဘဝကိုအခြေခံထားတယ်။

ကိုယ်ကမေမေ့ဘက်ကမျိုးရိုးလိုက်တဲ့မွေးရာပါနှလုံးရောဂါရှိတယ် ။ ကိုယ့်အသက် 7 နှစ်မှာသိပြီး ကုခဲ့တယ်။

ဆရာဝန်တွေကကိုယ့်ကိုကျောင်းတောင်မတက်စေချင်ခဲ့ပေမယ့် ကိုယ်ကကျောင်းအရမ်းတက်ချင်တာကြောင့်ခွင့်ပြုကြတယ်။

ရောဂါရှိလို့အမောမခံနိုင်ပေမယ့် ကိုယ်ကတော့မြူလေးလိုမဟုတ်ဘူး သောက်ရမ်းကမြင်းကြောထတာ 😁

မုန့်စားကျောင်းဆင်းတာနဲ့ မုန်းဈေးတန်းကိုဆိုတန်းနေအောင်ပြေးတာ

ပြီးမှမောပြီးမလှုပ်နိုင်ဘဲငြိမ်နေတာမျိုး

မြူ့ကိုဆေးထိုးတဲ့အချိန် သူနာပြုတွေကချုပ်ကြတာက ကိုယ်ခံစားခဲ့ဖူးတာကိုရေးတာပါ။

အဲ့ဆေးတကယ်ကိုနာတယ်.....

လက်ထဲကိုထိုးတိုင်း အကြောတွေအကုန်အောင့်တက်ပြီး ကိုယ်ကတော့ရုန်းတယ်အော်တယ်

ကိုယ့်အသက် 14 နှစ်မှာသောက်ဆေးတွေစဖြတ်ခဲ့ပါတယ်။ အူအတက်ဖြတ်တာ အစာအိမ်ရောဂါဖြစ်ခဲ့တာ အဲ့တာတွေကကိုယ်ပါ....

ကိုယ်အခုဆိုတကယ့်ကျန်းမာတဲ့သူလိုဖြစ်နေပြီ....

စစ်ကောင်းကင်နိုင်ဆိုတဲ့ဇာတ်ကောင်က ကိုကြီးရဲ့သူငယ်ချင်းကို ကိုယ့်စိတ်ကူးနဲ့ပြန်ပုံဖော်ကြည့်ထားတာ....

မင်းညီဆိုတဲ့ ဇာတ်ကောင်ကိုဘာကြောင့်သူ့အတွက်လက်တွဲဖော်မဖန်တီးပေးတာလဲဆိုတော့ ကိုယ်ယုတ်မာတာပါ....

မင်းညီဆိုတဲ့ဇာတ်ကောင်ကတစ်ချိန်ကကိုယ့်ကိုကို ကိုယ့်အချစ်ဦးရဲ့အငွေ့အသက်တွေနဲ့ဖန်တီးထားခဲ့တာမို့ အဆုံးသတ်မှာတခြားတစ်ယောက်နဲ့ပျော်ရွှင်သွားတာမျိုးကိုယ်မရေးနိုင်ဘူး

ကိုယ့်ကိုကိုကလည်းတစ်ချိန်ကကိုယ့်ကိုငယ်လို့ခေါ်တယ် ဘာအကြောင်းပြချက်မှမရှိဘဲထွက်သွားတဲ့သူက ပြန်ပေါ်လာတော့ တခြားမိန်းမလက်ကိုတွဲထားခဲ့တာမို့ ကိုယ်နာကြည်းတယ်

ကိုယ်ဖန်တီးတဲ့ ဇာတ်လမ်းထဲမှာတော့ကိုယ်ယုတ်မာခွင့်ရှိတယ်မလား

ကိုကြီးကအမြဲကိုယ့်ကိုသီချင်းဆိုပြီးချော့သိပ်တတ်တယ်တဲ့

ကိုကြီးသီချင်းဆိုတိုင်း ကိုယ်ကသံစဥ်လိုက်ပြီးအခွက်ပြောင်တတ်တာကို ကိုကြီးက ငါ့ညီမလေးကကြီးရင်အဆိုတော်ဖြစ်မှာလို့ပြောခဲ့တာကို မေမေကပြန်ပြောလို့ ခွန်းခက်ဆစ်လေးကိုကိုယ်ဖန်တီးထားတာပါ။

ကိုယ့်ကိုကြီးကမိသားစုထဲမှာသားအကြီးဆုံးမို့ စောင့်ထိန်းရမှာအရမ်းများခဲ့တယ်ထင်တယ်။

ကိုယ်က သလင်းမြူကို အလိုလိုက်ခံရတဲ့အငယ်လေးအဖြစ်နဲ့ဖန်တီးပြီး သူ့ချစ်သူကိုအကုန်လုံးကလက်ခံပေးတယ်လို့ဖန်တီးထားပေမယ့် ကိုကြီးကတော့အဲ့လိုမဖြစ်နိုင်မှန်းသိလို့ တခြားလမ်းကိုရွေးခဲ့ပုံပဲ

ဇာတ်လမ်းနဲ့ပတ်သက်တာ ဇာတ်ကောင်နဲ့ပတ်သက်တာတွေထဲကသိချင်တာရှိရင်မေးလို့ရပါတယ်နော်။

Glossary Of Alive လေးကိုဖတ်ပေးကြတဲ့ချစ်ပေးကြတဲ့ ခင်ဗျားလေးတို့ကို ဒီကတကယ်ကျေးဇူးတင်ပါတယ်နော်💓💓💓

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Zawgyi

ခင္ဗ်ားေလးတို႔ အဆုံးသတ္ကို သေဘာက်ၾကမွာမဟုတ္မွန္းသိေပမယ့္ အစကတည္းက Plot ကိုကိုယ္ဒီပုံစံအတိုင္းခ်ထားခဲ့တာမို႔ ေက်းဇူးျပဳၿပီး လက္ခံေပးၾကပါ။

Glossary Of Alive ကသလင္းျမဴဆိုတဲ့ဇာတ္ေကာင္ကိုပဲအဓိကအေျခခံထားတာ

ကိုယ္အမွန္အတိုင္းဝန္ခံရရင္ ဒီ OC ကို diary အေဟာင္းေလးတစ္အုပ္ေၾကာင့္စေရးျဖစ္တာပါ။

Diary ရဲ႕ပိုင္ရွင္က ကိုယ့္အစ္ကိုအႀကီးဆုံးပါ....

ကိုယ့္အစ္ကိုဆုံးသြားတုန္းက ကိုယ္အရမ္းငယ္ေသးတယ္ ၿပီးေတာ့ ကိုႀကီးေခါင္းအုံးေအာက္က စာအုပ္ေလးကလွေတာ့ ကေလးသဘာဝ ကိုယ္သိမ္းထားခဲ့မိတာ....

စာဖတ္တတ္လာေတာ့ ဖတ္ၾကည့္ေပမယ့္ စာမ်က္ႏွာ 23 မ်က္ႏွာေလာက္ပဲေရးထားတာေတြကိုကိုယ္နားမလည္ခဲ့ဘူး.....

ေနာက္ပိုင္းေတြက်ကိဳယ့္အစ္ကိုေတြနဲ႕အစ္မကို ကိုႀကီးအေၾကာင္းေတြေမးၾကည့္တယ္

ကိုႀကီးကဥပေဒေက်ာင္းသားတစ္ေယာက္ပါ။ ဘြဲ႕ရခါနီးေတာ့ ကိုယ့္ေမေမတို႔က ကိုႀကီးသူငယ္ခ်င္းအစ္မတစ္ေယာက္နဲ႕ေနရာခ်ထားေပးဖို႔စီစဥ္ေနတုန္းမွာ ကိုႀကီးေဆး႐ုံတက္ရတယ္.....

ေဆးပညာသိပ္မထြန္းကားေသးတဲ့အခ်ိန္ ကိုႀကီးျဖစ္တဲ့ေရာဂါက ေသြးကင္ဆာတဲ့။
အဲ့ေခတ္တုန္းကေျပာၾကတဲ့ ကိုရီးယားကားထဲကေရာဂါေပါ့။

ညအိပ္ေနရင္းေတာင္ကိုႀကီးကႏွာေခါင္းေသြးလွ်ံတတ္တာကို သိပ္အေလးမထားခဲ့မိၾကေတာ့ သိတဲ့အခ်ိန္ကေတာ္ေတာ္ေနာက္က်ေနၿပီ။

မႏၱေလးေတာ္ဝင္ေဆး႐ုံႀကီးမွာ ကိုႀကီးဆုံးသြားခဲ့ေတာ့ အသုဘကို ကိုႀကီးအခ်စ္ဆုံးသူငယ္ခ်င္းဆိုတဲ့လူလာတယ္။

ကိုယ္အခုေနာက္ပိုင္းမွနားလည္သြားခဲ့တာ ကိုႀကီးရဲ႕ diary ကို။

ကိုႀကီးရဲ႕ diary ထဲမွာေရးထားသမွ်ရဲ႕ရည္႐ြယ္သူက ကိုႀကီးေစ့စပ္ထားတဲ့သူ မဟုတ္ခဲ့ဘူး။

ကိုႀကီးသူငယ္ခ်င္းနဲ႕ကိုယ့္ေမေမတို႔အရင္တုန္းကအဆက္အသြယ္ရွိခဲ့ၾကေပမယ့္ေနာက္ပိုင္းေတြ႕ေတာင္မေတြ႕ျဖစ္ဘူး။

လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္ေလာက္ကမွ အဲ့ကိုႀကီးလည္းဆုံးသြားၿပီလို႔ၾကားတာ။

သလင္းျမဴေလးရဲ႕ငယ္ဘဝကေတာ့ ကိုယ့္ငယ္ဘဝကိုအေျခခံထားတယ္။

ကိုယ္ကေမေမ့ဘက္ကမ်ိဳးရိုးလိုက္တဲ့ေမြးရာပါႏွလုံးေရာဂါရွိတယ္ ။ ကိုယ့္အသက္ 7 ႏွစ္မွာသိၿပီး ကုခဲ့တယ္။

ဆရာဝန္ေတြကကိုယ့္ကိုေက်ာင္းေတာင္မတက္ေစခ်င္ခဲ့ေပမယ့္ ကိုယ္ကေက်ာင္းအရမ္းတက္ခ်င္တာေၾကာင့္ခြင့္ျပဳၾကတယ္။

ေရာဂါရွိလို႔အေမာမခံနိုင္ေပမယ့္ ကိုယ္ကေတာ့ျမဴေလးလိုမဟုတ္ဘူး ေသာက္ရမ္းကျမင္းေၾကာထတာ 😁

မုန့္စားေက်ာင္းဆင္းတာနဲ႕ မုန္းေဈးတန္းကိုဆိုတန္းေနေအာင္ေျပးတာ

ၿပီးမွေမာၿပီးမလႈပ္နိုင္ဘဲၿငိမ္ေနတာမ်ိဳး

ျမဴ႕ကိုေဆးထိုးတဲ့အခ်ိန္ သူနာျပဳေတြကခ်ဳပ္ၾကတာက ကိုယ္ခံစားခဲ့ဖူးတာကိုေရးတာပါ။

အဲ့ေဆးတကယ္ကိုနာတယ္.....

လက္ထဲကိုထိုးတိုင္း အေၾကာေတြအကုန္ေအာင့္တက္ၿပီး ကိုယ္ကေတာ့႐ုန္းတယ္ေအာ္တယ္

ကိုယ့္အသက္ 14 ႏွစ္မွာေသာက္ေဆးေတြစျဖတ္ခဲ့ပါတယ္။ အူအတက္ျဖတ္တာ အစာအိမ္ေရာဂါျဖစ္ခဲ့တာ အဲ့တာေတြကကိုယ္ပါ....

ကိုယ္အခုဆိုတကယ့္က်န္းမာတဲ့သူလိုျဖစ္ေနၿပီ....

စစ္ေကာင္းကင္နိုင္ဆိုတဲ့ဇာတ္ေကာင္က ကိုႀကီးရဲ႕သူငယ္ခ်င္းကို ကိုယ့္စိတ္ကူးနဲ႕ျပန္ပုံေဖာ္ၾကည့္ထားတာ....

မင္းညီဆိုတဲ့ ဇာတ္ေကာင္ကိုဘာေၾကာင့္သူ႕အတြက္လက္တြဲေဖာ္မဖန္တီးေပးတာလဲဆိုေတာ့ ကိုယ္ယုတ္မာတာပါ....

မင္းညီဆိုတဲ့ဇာတ္ေကာင္ကတစ္ခ်ိန္ကကိုယ့္ကိုကို ကိုယ့္အခ်စ္ဦးရဲ႕အေငြ႕အသက္ေတြနဲ႕ဖန္တီးထားခဲ့တာမို႔ အဆုံးသတ္မွာတျခားတစ္ေယာက္နဲ႕ေပ်ာ္႐ႊင္သြားတာမ်ိဳးကိုယ္မေရးနိုင္ဘူး

ကိုယ့္ကိုကိုကလည္းတစ္ခ်ိန္ကကိုယ့္ကိုငယ္လို႔ေခၚတယ္ ဘာအေၾကာင္းျပခ်က္မွမရွိဘဲထြက္သြားတဲ့သူက ျပန္ေပၚလာေတာ့ တျခားမိန္းမလက္ကိုတြဲထားခဲ့တာမို႔ ကိုယ္နာၾကည္းတယ္

ကိုယ္ဖန္တီးတဲ့ ဇာတ္လမ္းထဲမွာေတာ့ကိုယ္ယုတ္မာခြင့္ရွိတယ္မလား

ကိုႀကီးကအၿမဲကိုယ့္ကိုသီခ်င္းဆိုၿပီးေခ်ာ့သိပ္တတ္တယ္တဲ့

ကိုႀကီးသီခ်င္းဆိုတိုင္း ကိုယ္ကသံစဥ္လိုက္ၿပီးအခြက္ေျပာင္တတ္တာကို ကိုႀကီးက ငါ့ညီမေလးကႀကီးရင္အဆိုေတာ္ျဖစ္မွာလို႔ေျပာခဲ့တာကို ေမေမကျပန္ေျပာလို႔ ခြန္းခက္ဆစ္ေလးကိုကိုယ္ဖန္တီးထားတာပါ။

ကိုယ့္ကိုႀကီးကမိသားစုထဲမွာသားအႀကီးဆုံးမို႔ ေစာင့္ထိန္းရမွာအရမ္းမ်ားခဲ့တယ္ထင္တယ္။

ကိုယ္က သလင္းျမဴကို အလိုလိုက္ခံရတဲ့အငယ္ေလးအျဖစ္နဲ႕ဖန္တီးၿပီး သူ႕ခ်စ္သူကိုအကုန္လုံးကလက္ခံေပးတယ္လို႔ဖန္တီးထားေပမယ့္ ကိုႀကီးကေတာ့အဲ့လိုမျဖစ္နိုင္မွန္းသိလို႔ တျခားလမ္းကိုေ႐ြးခဲ့ပုံပဲ

ဇာတ္လမ္းနဲ႕ပတ္သက္တာ ဇာတ္ေကာင္နဲ႕ပတ္သက္တာေတြထဲကသိခ်င္တာရွိရင္ေမးလို႔ရပါတယ္ေနာ္။

Glossary Of Alive ေလးကိုဖတ္ေပးၾကတဲ့ခ်စ္ေပးၾကတဲ့ ခင္ဗ်ားေလးတို႔ကို ဒီကတကယ္ေက်းဇူးတင္ပါတယ္ေနာ္💓💓💓

◽◾◽◾◽◾◽◾◽◾◽◾◽◾◽

Bạn đang đọc truyện trên: Truyen247.Pro