ကြောင်ဆိုးလေးတစ်ကောင်
အပိုင်း(၃၄)
(အရင်အက်ပုဒိတ်နဲ့ နည်းနည်းဝေးသွားတာမလို့ အရင်အပိုင်းလေးကို နည်းနည်း ရှိုးလတ်ပါဦးနော် 😁)
ခါတိုင်း ငြိမ်သက်နေလေ့ရှိသည့် Yan Yi Jun အိမ်က ဒီနေ့လူသံသူသံများဖြင့် အသက်ဝင်နေသည်။ ရောင်စုံ ဘောလုံးလေးတွေ ကြိုးအလှလေးတွေနှင့် အလှဆင်ထားသည့် ဧည့်ခန်းက အိမ်တွင် ပျော်ရွှင်စရာအထိမ်းအမှတ်တစ်ခုခုရှိကြောင်းပြသနေသည်။ လေပြည့်သွားလို့ ဖောင်းလာသည့်ပူပေါင်းကို လေပိုက်ကနေ ဖြုတ်လိုက်ပြီး နှစ်ပတ်ရစ်၍ ချည်လိုက်သည်။
မွေးနေ့ဆိုသည်က နှစ်တိုင်းဖြတ်သန်းနေကြမလို့ အထူးအဆန်းတော့ မဟုတ်ပေမယ့် ဒီနှစ်မွေးနေ့ကတော့ သူ့အတွက်ထူးခြားနေသည်။အသက်ဆယ့်ရှစ်နှစ်ပြည့်ဆိုသည်က ဘဝမှာ ထူးခြားသည့် အပိုင်းအခြားလေးပင်မဟုတ်ပါလား။သူတရားဝင် လူကြီးဖြစ်ပြီဆိုပါတော့။ သူ့အဖေကလဲ မနက်အစောထဲက birthday wish လုပ်ပေးထားသည့်အတွက်သူအတော်လေးပင်ပျော်နေသည်။
" Yi Jun..ကိတ်မုန့်ကို ထုတ်လိုက်ရတော့မလား..?"
" အင်း..အင်း..ထုတ်လိုက်တော့..LiNa တို့လဲလာနေပြီပြောတယ်.."
Yan Yi Jin သူအလယ်တန်ကျောင်းတုန်းထဲက ပေါင်းလာသည့် သူ့သူငယ်ချင်းဖက်တီးလေးကို ပြောလိုက်သည်။ Li Hong Yi အပြင်ကျောင်းတုန်းက သူငယ်ချင်းသုံးယောက်ကိုပါ ခေါ်ထားသည်မလို့ မွေးနေ့အတွက်ပြင်တာဆင်တာတွေအတွက်ကူဖော်လောင်ဖက်ရနေသည်။ဒီနှစ်အတွက် မွေးနေ့အစီအစဉ်က ရိုးရှင်းသည်။ သူငယ်ချင်းတွေ စကားတွေပြောရင်းဟော့ပေါ့စားကြမည်။ ရယ်စရာတွေပြောမည်။ ပြီးရင် အချိန်ရရင်သူငယ်ချင်းတွေ အတူ ရုပ်ရှင်ကြည့်မည်။
" Happy Birthday Xiao Jun!!"
LiNa ၏ အသံစာစာကြောင့် သူအဝင်တံခါးဖက်လှည့်ကြည့်လိုက်တော့ LiNa က သူ့ကိုသွားဖြီးပြနေရင်း သူမလက်ထဲမှာကိုင်ထားတဲ့ လက်ဆောင်အိတ်ကို သူ့အားကိုင်မြှောက်ပြနေသည်။ Wang Zi Yu နှင့် Feng Ge သူတို့ကိုပါအတူ ဖိတ်ခဲ့သည်မလို့သူတို့အတူလာကြပုံရသည်။
" Wang Zi Yu ကောလား..ဟီးဟီး.."
Li Hong Yi က သူ့နားကပ်ရင်း ခပ်တိုးတိုးပြောလိုက်တော့ သူအမြင်ကတ်စွာ တံတောင်ဖြင့်တွတ်လိုက်သည်။လှည့်မကြည့်ဖြစ်ပေမယ့်အဲ့ကောင်မျက်နှာ ဘယ်လောက်ဖြီးဖြဲနေမယ်မှန်းမှန်းလို့ရနေသည်။
" Happy Birthday YiJun..18 နှစ်ပြည့်ကစလို့ နောက်နှစ်တွေ နောက်နှစ်တွေမှာ ပိုပိုပြီး ချောလာပါစေ..".
" ဟီးဟီး xiexie ge"
" ရော့ YiJun လက်ဆောင်...ပြင်ဆင်ထားတာလေးတွေက ချစ်စရာလေး..ဘာတွေကူလုပ်ပေးရဦးမလဲ?"
" ရတယ်ရတယ် ဘာမှမလုပ်နဲ့ ဟိုနားပဲသွားထိုင်နေ..အဲ နေဦး ငါ့သူငယ်ချင်းတွေနဲ့လဲ မိတ်ဆက်ပေးမယ်.."
သူမိတ်ဆက်ပေးမလို့ လုပ်နေတုန်း အိမ်ထဲဝင်လာတဲ့ လူတစ်ယောက်ကို မြင်တော့ Yan Yi Jun အကြီးအကျယ်အံ့သြ သွားသည်။
" အမ် Zhang Shen Wei? ဘာလာလုပ်တာလဲ ခင်များကို ဖိတ်မိလို့လား..?"
အရင်နေ့က ကိစ္စတွေကို လုံးဝ အခဲမကျေသည်မလို့ LiNa ရှိနေပေမယ့် သူခပ်ရိုင်းရိုင်းပဲပြောလိုက်သည်။ Zhang Shen Wei ကတော့ မထီသလို ပြုံးပင်ပြုံးလိုက်သေးသည်။
" မွေးနေ့ရှင်ရဲ့ ကုသိုလ်ပိုအထမြောက်အောင်လဲ လာပေးရသေးတယ်..အူပုတ်ချက်ပဲ.."
Zhang Shen Wei ၏ မချိုမချဉ်ရုပ်ကိုကြည့်ရင်း သူဒေါသတွေပြန်ပြန်မျိုချနေရသည်။ စိတ်ရှိလက်ရှိ အော်ပစ်လိုက်ရ ရင်တော့လေ။ ။
" သူက ငါခေါ်ထားလို့ လာတာပါဟာ...ငါမှားတာပါ..ငါနင့်ကိုအရင်မေးခဲ့သင့်တယ်..အပြစ်ပြောချင်ရင် ငါ့ကိုပဲပြောပါ..ကိုကိုက ငါအတင်းခေါ်ခဲ့လို့သာ.."
" ထားပါတော့ ထားပါတော့.."
" ဒီလိုလုပ်စမ်းပါ Xiao Jun လေးက လိမ္မာပါတယ်..ကလေးစုတ်လေး 18 နှစ်တောင်ပြည့်ပြီပေါ့လေ.."
" LiNa ရယ် ငါနင့်ထက် တစ်နှစ်ပဲ ငယ်တာပါ.."
သူမကျေနပ်စွာ မျက်စောင်းထိုးတော့ LiNa က ရယ်နေသည်။
" ဟင်..ကိုကို လက်ထဲက gucci အိတ်လေးက ဘာလဲ..?"
LiNa ရဲ့ ရေ ရွတ်လိုက်သံကိုကြားတော့ သူ့အကြည့်က ဟိုလူကြီးဆီသို့ရောက်သွားသည်။ Shen Wei က အိတ်ကို မြှောက်ပြလိုက်ရင်း..
" လက်ဆောင်??"
သူ့ ဘာသာ ရေရွတ်လိုက်ရင်းတစ်ခုခုကို သဘောကျသွားသလို သူ့ဘာသာ ရယ်နေ ပြန်သည်။ သူကိုင်ထားသည့် အိတ်ကို သူ့ဆီကမ်းပေးလာတော့ Yan Yi Jun မျက်ခုံးလေးများပင့်တက်သွားသည်။
" ဘာလဲ??"
သူမေးတော့ Zhang Shen Wei က တစ်ချက်ပြုံးသွားသည်။
" waaa..လက်ဆောင်..လက်ဆောင်..ကိုကိုနော် Bae မေးတုန်းက ကို ဘာအစီအစဉ်မှ မရှိဘူးလိုလိုနဲ့.."
Yan Yi Jun သူ့ရှေ့က အိတ်ကို ဆွဲယူလိုက်ရင်း ..မပြောချင်ပြောချင်လေသံနှင့် ဝတ်ကျေတန်းကျေ ပြောလိုက်သည်။
" ကျေးဇူးပဲ..!"
"ဘာလေးလဲ သိချင်မိ..😍"
" ဟင်..ဘာလဲဟာ.."
LiNa က သူ့ဘေးရောက်လာပြီး အိတ်ကို စပ်စပ်စုစု လာဆွဲတော့ သူအပေါ်ကိုမြှောက်လိုက်သည်။ LiNa က မကျေနပ်သလို နှုတ်ခမ်းစူလိုက်ရင်း..
" ဘာလေးလဲ သိချင်လို့ပါ..လုပ်ပါနင်ကလဲ ဖွင့်ကြည့်ရအောင်...နော်နော်လို့..ခုန ငါပေးတာလေးလဲကြည့်ဦး.."
LiNa စကားကြောင့် Yan Yi Jun ခေါင်းကုတ်လိုက်သည်။
" ကြည့်ကြည့်လေ..မင်းသဘောကျမှာတော့သေချာတယ်.."
Zhang Shen Wei က လှမ်းပြောလိုက်ရင်း တစ်မျိုးကြီးပြုံးနေသည်။ မကြိုက်..အဲ့သည်အပြုံးကြီးကို သူလုံးဝမကြိုက်။ LiNa ပေးတာကို အရင်ဖောက်လိုက်တော့ ဒီဇိုင်းခပ်ရှုပ်ရှုပ် ဂျာကင်တစ်ထည်။ ဒီလိုပုံစံမျိုးသိပ်မကြိုက်ပေမယ့် ဝတ်ရင်လဲဖြစ်သည်မလို့ ကိစ္စတော့ သိပ်မရှိ။ Zhang Shen Wei ရဲ့ အိတ်ကို ဟကြည့်လိုက်တော့ အထဲတွင် ဖိနပ်ဘူးလိုဟာ ရှိနေသည်။ မဖောက်ခင် အဲ့လူကြီးကို ဖျတ်ခနဲကြည့်လိုက်တော့ မဲ့ပြုံးလိုလိုကြီးပြုံးနေသေးသည်။ သူသိပ်မင်္သကာသည်မလို့ ဘူးကိုအိတ်ထဲမှာပင် လှပ်ကြည့်လိုက်သည်။
" Wtf..? "
သူအံ့အားသင့်စွာရေရွတ်လိုက်ရင်း မယုံကြည်နိုင်စွာပဲ Zhang Shen Wei ဆီကြည့်လိုက်တော့ သူက ရယ်ပင်ရယ်နေသည်။
" ဘယ်လိုလဲ သဘောကျရဲ့လား..?"
" wow ဘာမလို့ အရမ်းအံ့သြ သွားတာလဲ..ကြည့်ရအောင်..!"
Li Hong Yi ကတစ်မျိုး...
" ဟယ် ဘာလေးလဲ..ကိုကိုက ဘာပေးတာလဲ ပြပြ.."
Li Na ကတစ်ဖုံ...
"ဘာမှမဟုတ်ပါဘူး.."
Yan Yi Jun မျက်နှာမဲခနဲဖြစ်သွားရင်း အိတ်ကို ချက်ချင်းအုပ်လိုက်ဖို့ ကြိုးစားပေမယ့် လက်ထဲကအိတ်ကို LiNa က လျှင်မြန်စွာ ဆွဲယူသွားသည်။
" ဖိနပ်ဘူးလေးပဲ.. Xiao Jun size ဘယ်လိုသိပါလိမ့်..gucci ကလဲ ဖြစ်..ကိုကိုကလဲ ရွေးတတ်တော့ လှမှာတော့ သေချာ..."
ဘူးထဲက ဖိနပ်ကို မြင်လိုက်တော့ LiNa စကားသံချက်ခင်းရပ်သွားသည်။
" Bae အတွက် လက်ဆောင်အိတ်ခြင်းမှားသွားတာလား ကိုကို..ဒါက floral designကြီးနဲ့.."
LiNa က ဘူးထဲက Sneakers ကို ထုတ်လိုက်ပြီး မြှောက်ပြတော့ Zhang Shen Wei က ခေါင်းရမ်းလိုက်ရင်း
" မမှားပါဘူး..ကို ဝယ်လာတာအဲ့တာပဲ.."
"ဒါ..ဒာပေမယ့် ဒါကမိန်းမစီးကြီးလေ.."
Yan Yi Jun ကိုယ်လေးတုန်တုန်ရီရီပင်ဖြစ်လာသည်။
ဒီလူကြီးသူ့ကို လူလည်ခေါင်မှာ အရှက်ခွဲမလို့လားလို့ တွေးလိုက်မိတော့ ဝမ်းနည်းစိတ်တို့နှင့်အတူ ဒေါသတို့က အလိုလို ဝင်ရောက်လာသည်။
"အင်း.. ဒါပေမယ့်..ပုံစံလေးကို အတော်သဘောကျတာနဲ့ ဆိုင်ကလဲ ယောကျာ်းလေးတွေပါစီးလို့ရတယ်ဆိုလို့ ဝယ်လာတာ.. လှတယ်ဟုတ်.."
သူ အဲ့လူကြီးကို မယုံနိုင်စွာကြည့်လိုက်တော့ အဲ့လူကြီးကကခပ်တည်တည်ပင်။ အား..လူကိုရူးအောင် တမင်လာလာကလိနေတာ..!!
" လှပေမယ့် ကိုကိုရယ်..တခြားဟာတွေလဲ ဝယ်လို့ရနေတာကို..Yi Jun စိတ်ဆိုးသွားပြီလားတောင်မသိဘူး..ဘာမှန်းကို မသိဘူး..အဲ့ဒါကြောင့်လဲ Xiao Jun နဲ့ မတည့်တာ.."
" အဲ့ဒါ ပြန်ယူသွား Zhang Shen Wei..! သိပ်လှနေရင် မင်းဘာသာစီး..!!"
Yan Yi junဖိနပ်ကို Zhang Shen Wei ဆီပစ်ပေးလိုက်ပြီး အဲ့နားကထွက်လာခဲ့သည်။ စိတ်တိုလိုက်တာ မွေးနေ့မှာတောင် အေးအေးချမ်းချမ်းမနေရသည့်ဘဝ။ ရင်ပူတာပျောက်မလားဆိုပြီး ရေခဲသေတ္တာထဲက ရေအေးအေးယူသောက်လိုက်ပေမယ့်လဲ ရင်ပူတာက မပျောက်။ မုန်းလိုက်တာ။ ။
သူတို့စားသောက်ပြီးတော့ စကားတွေဘာတွေပြောလိုက် မုန့်လေးဘာလေးတွေစားလိုက်လုက်နေတုန်း Zhang Shen Wei က အိမ်သာဖက် ခဏထွက်သွားတော့ သူအခွင့်အရေးကို လက်လွှတ်မခံဘဲ သူပါဝိုင်းကနေ မသိမသာထလာခဲ့သည်။ Feng Ge က ဘယ်လဲ သဘောမျိုးနှင့်မေးတော့ ပစ္စည်းတစ်ခုခု သွားယူသလိုလို နှင့် ထွက်လာခဲ့သည်။ Zhang Shen Wei အိမ်သာဝင်နေတုန်း သူအိမ်သာအပြင်မှာ ရပ်နေရင်း အဲ့လူကြီးကို မိုးမွှန်အောင်ပြောပစ် ဆိုပစ်မည့် စကားတွေကို ကြိုစီနေမိသည်။
" ဒင်းတမင်ကို ဒုက္ခပေးတာ တကယ်တွေ့မယ်..!"
" အမေ့...!!"
သူရေရွတ်နေတုန်း အိမ်သာတံခါးက ရုတ်တရက်ပွင့်လာတာမလို့ လန့်ပင်လန့်သွားသည်။
" ဟင်..Jun..ဘာလုပ်နေတာလဲ?"
" လာခဲ့..ခင်ဗျားနဲ့ ရှင်းစရာရှိတယ်..ပါးစပ်ပိတ်ပြီး လိုက်ခဲ့...!"
သူအဲ့လူကြီးလက်ကို အတင်းဆွဲလိုက်ပြီးအိမ်သာနှင့် မလှမ်းမကမ်းက အခန်းထဲကို ဝင်လိုက်ကာ တံခါးကိုlock ချလိုက်သည်။ Zhang Shen Wei က ဘာမှတော့ မမေးပေမယ့် သူ့ကို တစ်မျိုးကြီးကြည့်နေတာမလို့ Yi Jun ကြက်သီးတွေပင်ထလာသည်။
" မကြည့်နဲ့ စိတ်ကုန်လွန်းလို့ အဲ့လို အကြည့်မျိုးနဲ့ ကျွန်တော့်ကို မကြည့်နဲ့!"
" hk..ကိုယ်အကြည့်တွေက ဘယ်လိုတောင်ဖြစ်နေလို့လဲ..ကိုယ်မင်းရဲ့ ပုံစံလေးကို အူယားနေတာပဲသိတယ်.."
" တော်တော့ဗျာ..ဒီကို ခေါ်လာတာ ဒါတွေနားထောင်ဖို့မဟုတ်ဘူး..ခုနက ဘာသဘောလဲ..ဘာတွေကြံစည်နေလို့ ကျွန်တော့်ကို အများရှေ့မှာ အဲ့ဒါပေးရတာလဲ..ခင်..ခင်ဗျားကြီးတကယ်ပဲ LiNa တို့သိအောင်လုပ်နေတာလား..?"
" ဟင် ကိုယ်က မင်းနဲ့ဆို အရမ်းလိုက်မှာမလို့ ဝယ်လာခဲ့တာ..မင်းလဲ သဘောမကျဘူးလို့တော့မပြောပါနဲ့.."
" ခင်..ခင်ဗျား ဗျာ.."
သူပြောစရာ စကားပင်ဆွံ့အသွားသည်။ သူ အဲ့လို sneakers လေးတွေကို အရမ်းသဘောကျတာလဲ အဟုတ်သား ။ ။
" ကိုယ်အရင်ကလဲ ပြောဖူးပါတယ်..မင်းစကားနားထောင်သရွေ့ ကိုယ်လဲ ဘာမှမလုပ်ပါဘူးလို့.. စိတ်မပူပာနဲ့..သူတို့မသိစေရပါဘူး.."
" နောက်အဲ့လိုတွေ မလုပ်ပါနဲ့ တကယ်တောင်းပန်တာပါ..စိတ်ရှုပ်လွန်းလို့ သေမှာပဲ.."
" okay လေ...လိုက်လျောပေးရမှာပေါ့..ကိုယ်ကတိပေးပါတယ်.."
အဲ့လူကြီးစကားယုံရမရ မသေချာပေမယ့် သူအတော်တော့ စိတ်အေးသွားသည်။
"တကယ်နော်..ပြောပြီးသားစကားကို ဖောက်ဖျက်ရင် တကယ်တွေ့မယ်..😒ဒါပဲ
ကျွန်တော်သွားတော့မယ်...ကျွန်တော်ထွက်ပြီး နည်းနည်းကြာမှ ထွက်ခဲ့.."
" ခဏ.."
သူ့လက်ကို ဖမ်းဆွဲလိုက်သည့် Shen Wei ကြောင့် သူမျက်မှောင်ကျုံ့သွားရင်း အလိုမကျသံနှင့်မေးလိုက်သည်။
" ထပ်ပြီး ဘာလဲ.."
" Happy Birthday ကလေးလေး.."
Zhang Shen Wei ကသူ့ သွားညီညီလေးတွေ ပေါ်အောင်ပင် ပြုံးပြနေသည်။ သူ့အပြုံးက ယောကျာ်းတစ်ယောက်၏ ခံညားမှုနှင့်အတူ တောက်ပနေသယောင်ယောင်။
ဟွန်း..ဘယ်လောက်ချောချော အကျင့်မကောင်းမှတော့ အလကားပဲ..
သူပေါက်တတ်ကရ အတွေးတို့ကို အမြန်မောင်းထုတ်လိုက်သည်။Zhang Shen Wei က သူ့နားတစ်ဖက်ကို ဖျတ်ခနဲ ၊ကိုင်တော့ YiJun တစ်ချက်တွန့်ရင်းသွားရင်း တွန်းလိုက်သည်။
" ဘာမှမလုပ်ပါဘူး..နားပေါက်ကြည့်တာပါ.."
အဲ့လူကြီးက အိတ်ကတ်ထဲက ဘူးလေးတစ်ဘူးကို ထုတ်လိုက်ပြီး သူ့ရှေ့တွင်ဝေ့ရမ်းပြလိုက်ရင်းနဲ့
"ပျော်ရွှင်စရာ မွှေးနေ့လေးဖြစ်ပါစေ.."
ဘူးထဲတွင် ပလက်တီနမ်..ရွှေ..စိန်အသေးလေးတွေနဲ့ စီခြယ်ထားသည့် နားကွင်းလေးတစ်ကွင်းရှိနေသည်။
" ဒါလေးကမှ မင်းအတွက်ကိုယ်တကယ် ရည်ရွယ်ထားတဲ့ birthday present လေး..ကိုယ့်Pa မဆုံးခင် ဝယ်ပေးခဲ့တဲ့ သူ့ရဲ့ နောက်ဆုံးအမှတ်တရလေး..ကိုယ်ကတစ်ကွင်းထဲ ဝတ်နေကြဆိုတော့ ဒီကောင်လေးက အဖော်မဲ့နေခဲ့ကြာပြီ..မင်းသူ့ရဲ့ အဖော်လေးဖြစ်ပေးနိုင်မလား.."
Yi Jun အကြည့်တို့က အဲ့လူကြီး ဘယ်ဖက်နားကို ရောက်သွားတော့ တကယ်ပင်ထပ်တူညီသည့် နားကွင်းတစ်ကွင်းရှိနေသည်။
" မဖြစ်ပေးနိုင်ပါဘူး.. ကိုယ့်ဘာသာ နှစ်ကွင်းဝတ်ပါလား.."
Yan Yi Jun စကားကြောင့် Zhang Shen Wei အားရပါးရ ရယ်လိုက်သည်။ ဒီကောင်လေးကလေ သူ့ကိုစိတ်မထိန်းနိုင်အောက်ကို လာလာလုပ်နေတော့တာ။ Shen Wei အဲ့ကောင်လေး ဆံပင်တွေကို ဆွဲဖွလိုက်ရင်းနဲ့..
" မဖြစ်ပေးရင် ဒီကနေ ထွက်ခွင့်မပြုဘူးဆိုရင်ရော.."
" ပေးပေး..ယူရင်ပြီးတာပဲမလား.."
" အင်း..ဒါပေမယ့် အခုကိုယ်ကိုယ်တိုင် ပန်ပေးမယ်.."
" ဟင်မပန်ပာဘူး..ရူးနေတာလား..အကုန်မြင်ကုန်မှာပေါ့.."
" ရှူး..တယောက်ယောက်လာနေတယ်.."
ခြေသံတစ်ဖျတ်ဖျတ်သံကြောင့် Yi Jun ရင်တွေတဒိတ်ဒိတ်ပင် ခုန်လာသည်။ Zhang Shen Wei ကတော့ ဘာလိုမှပင်မနေသလို..
" Xiao Jun?? ကိုကို??"
"Shit! LiNa.."
သူ ထူပူပြီး ကျိန်ဆဲလိုက်မိတော့ Shen Wei က ရှူးဆိုသည့် ပုံစံလုပ်ပြရင်း သူ့နားကို တိုးကပ်လာတာမလို့ Yi Jun နောက်ကို ဆုတ်မိသည်။
" ဘာ..ဘာလုပ်ပြန်တာလဲ.."
" နားကပ်ပန်ပေးမလို့ကို.."
Zhang Shen Wei က နှုတ်ခမ်းတစ်ချက်ဆူလိုက်သည်
မလို့စိတ်ရှုပ်နေသည့်ကြားကYi Jun ပြုံးချင်ချင်ပင်ဖြစ်သည်။ သူမပန်ချင်သည်မလို့ ရုန်းကြည့်ပေမယ့် အပြင်က LiNa ရဲ့ အသံထပ်ထွက်လာတော့ သူချက်ချင်းငြိမ်ကျသွားသည်။
" Xiao Jun?? အထဲက နင်လား.."
အသံထပ်ထွက်မှာစိုး၍ မလှုပ်ရဲတာကို အခွင့်ကောင်းယူပြီး ဒင်းက သူ့နားကို နားကပ်လာပန်နေသည်။ အခွင့်အရေးသမားကြီး!!
" လှတယ်..!"
ခပ်တိုးတိုး စကားသံနှင့်အတူ သူ့ပါးရွှတ်ခနဲ အနမ်းခံလိုက်သည်။
"???? 😧😧"
"😝😝😝"
LiNa ခြေသံပျောက်သွားတော့ သူအဲ့လူကြီးကို အနားက တွန်းထုတ်လိုက်သည်။နားကို စမ်းကြည့်လိုက်တော့ နားကတ်လေးက ပိုင်ရှင်ရပြီ ပိုင်ရှင်ရပြီလို့ အော်နေသယောင်ယောင်။
" ဟွန်း.."
နားကပ်မပေါ်တော့အောင် ဆံပင်ခပ်ရှည်ရှည်တွေကို
နားဖုံးအောင် ဖွလိုက်ပြီး Shen Wei ကို ခြိမ်းခြောက်ကြည့်ကြည့်လိုက်သည်။
" သွားတော့မယ်..ချက်ချင်းထွက်မလာနဲ့နော်.ခဏကြာမှ ထွက်လာ.."
Zhang Shen Wei ခေါင်းငြိမ့်လိုက်တာတောင် အဲ့ကောင်လေးက မျက်စောင်းထိုးပြသွားသေးသည်။ အခန်းတံခါးမှာ ခေါင်းလေးပြူတစ်ပြူတစ်လုပ်ရင်း အပြင်မှာ လူမရှိတာသေချာတော့မှ အခန်းထဲက ထွက်သွားသည်။ Zhang Shen Wei နှုတ်ခမ်းပါးထက်မှာတော့ အပြုံးလေးတွေ နေရာယူကျန်ရစ်ခဲ့သည်။
" ဒီနေ့ကတော့ ကောင်ဆိုးလေးတစ်ယောက်ရဲ့မွေးနေ့...ကျွန်တော့်ကို အူယားအောင်ခဏခဏလုပ်တဲ့ ကြောင်ဆိုးလေးရဲ့ မွေးနေ့ပေါ့..Happy Birthday Jun !"
🌟အပိုင်း (၃၅)ဆက်ရန် 🌟
ပထမဆုံးအနေနဲ့ ပစ်ထားခဲ့မိလို့ အနူးအညွတ်တောင်းပန်ပါတယ်။ အသက်20 မှာ တစ်ဘဝလုံးစာအတွက်လုံလောက်တဲ့ အကြီးမားဆုံးသင်ခန်းစာကို စိတ်ရင်းတွေနဲ့ သင်ယူခဲ့မိလို့ပါ ။ Happy New Year ပါ..ပျော်ရွှင်သော နှစ်သစ်ကလေးဖြစ်ကြပါစေလို့..။ အခုက new year အထိမ်းအမှတ် လက်ဆောင်လာပေးတာပါ။ Yan Yi Jun Birthday က 5 လပိုင်းမှာပါနော် 😁 အပြင်ကနဲ့ မတူနေပါဘူးလို့..အက်ပုဒိတ်တွေ ဆက်တိုက်လုပ်ပေးချင်ပေမယ့် နောက်လဆန်းစာမေးပွဲလေးရှိနေလို့ပါ။ နောက်တပတ်ကြရင် ပြန်တွေ့ကြရအောင်ပါ 😊 fic လေးကို မြန်မြန်ပီးအောင် ရေးပေးပါတော့မယ်လို့ ကတိပေးပါတယ်။ reply မပြန်ဖြစ်ခဲ့တဲ့ မန့်တွေ..စာတွေအတွက် တောင်းပန်ပါတယ်။ အမှတ်တရလေးရှိပေးလို့ အားလုံးကို ကျေးဇူးပါနော် ။ mail box မှာ စာလေးနှစ်စောင်ပို့ပေးတဲ့ သူနှစ်ယောက်ကိုလဲ xie xie ပါလို့ ..ပထမဆုံးပို့ခံရတဲ့ စာလေးနှစ်စောင်မလို့ မြင်မြင်ချင်းက အရမ်းကို ဝမ်းသာခဲ့တာပါ 😘 နောက်တပတ်မှာ အက်ပုဒိတ်လေးတွေနဲ့အတူပြန်လာပါမယ်လို့ ကတိပေးပါတယ်..💕
ဒီနှစ်သစ်နဲ့ နောက်နှစ်သစ်တွေမှာ ကိုယ့်အတ္တအတွက်ပေါင်းသမျှ တစ်ဖွဲ့လုံးကို အောက်ဆုံးအထိ ချနင်းသွားတတ်တဲ့ သူငယ်ချင်းအမည်ခံ လူယုတ်မာမျိုးနဲ့ဝေးကွာကြပါစေ 👈😂😌
🍑31.12.2017🍑
🍑Dream-catcherr🍑
Bạn đang đọc truyện trên: Truyen247.Pro