Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

အချစ်​၌ဘယ်​လိုကျရှုံးကြမလဲ?

အပိုင်း(၃၁)

Yan Yi Jun ရဲ့လည်​တိုင်​တစ်​​လျှောက်​စုပ်​နမ်း​နေရင်း Zhang Shen Wei တစ်​ကိုယ်​လုံးပူ​လောင်​လာသည်​။ ​လည်​ပင်းသား​လေး​တွေကို သူစိတ်​မထိန်းနိုင်​ပဲ ခပ်​ဖွဖွကိုက်​မိ​သည့်အခာ Yan Yi Jun [ရန်​ရီကျွင်း] ကိုယ်ေ​လးတုန်​ရီလာသည်​​။ သူဒီ​ကောင်​​လေးကို ထိ​တွေ့လိုက်​တိုင်း ထိ​တွေ့လိုက်​တိုင်းသူ့ခန္ဓာကိုယ်​က တစ်​စုံတစ်​ရာကိုပိုပို​တောင်းဆိုရင်း လှိုက်​​မော​လာသည်။ သူ​ကောင်​​လေးရဲ့ အကျီ​အောက်​ကို လက်​လျှိုဝင်​လိုက်​ရင်း ​ချော​မွေ့နူးညံ့​နေတဲ့ ​ကောင်​​လေးရဲ့ ဗိုက်​သားတစ်​​လျှောက်​ကို သူခပ်​ကြမ်းကြမ်းကိုင်​တွယ်​မိသည်​။သူလိုချင်​သည်​။ဒီ​ကောင်​​လေးတစ်​ကိုယ်​လုံးကို သူအပိုင်​လိုချင်​မိသည်​။ ​​​လောင်​မြိုက်​လာသည့်​ဆန္ဒတို့နှင့်​အတူ သူ့ရဲ့လက်​​ချောင်းသွယ်​သွယ်​တို့က ​ကောင်​​လေးရဲ့ ဝမ်းဗိုက်​သားဆီက​နေ ရင်​ဘတ်​က အဖုအသီး​လေးတစ်​​နေရာဆီ နယ်​ချဲ့လိုက်​မိသည်​။

"အင့်​...ဟင့်​...ဟင့်​.."

ငိုသံကြားလို့ သူကြည့်​လိုက်​မိ​တော့.. ကောင်​​လေးရဲ့ ပါးပြင်​မှာ မျက်​ရည်​တို့စိုရွှဲ​နေခဲ့သည်​။ မျက်​လုံး​တွေကို​ကြောက်​ရွံတကြားမှိတ်​ထား​ပေမယ့်​ မျက်​ရည်​​စတွေက ပါးပြင်​တစ်​​လျှောက်​။တဆတ်​ဆတ်​တုန်​​နေသည့်​ ​ကောင်​​လေးအဖြစ်​ကို သတိထားမိလိုက်​မှ Zhang Shen Wei ရင်​ထဲနင့်​ခနဲဖြစ်​သွားရင်း​သူဖမ်းဆုပ်​ထားတဲ့ ​ကောင်​​လေးရဲ့ လက်​​တွေကို ​ယောင်​ယမ်းလွှတ်​​ပေးလိုက်​မိသည်​။

ကောင်​​လေးက အခန်း​ထောင့်​မှာ ကျုံ့ကျုံ့​လေးထိုင်​ချပစ်​ရင်း သူ့ကိုထူးထူးဆန်းဆန်းအကြည့်​​တွေနဲ့ ကြည့်​လာသည်​။ ထိုအကြည့်​​တွေထဲမှာ ​ကြောက်​ရွံ့မှု​တွေပါသည်​။ အမုန်းတရား​တွေပါသည်​။ သူ​ကောင်​​လေးဆီကို လက်​လှမ်းလိုက်​​တော့ တုန်​တက်​သွားရင်း သူ့လက်​ကိုပုတ်​ထုတ်​လာသည်​။

"တောင်းပန်​ပါတယ်​..ကိုယ်...​​စိတ်​လွတ်​သွားတာ.."

"သွား...သွား...ကျွန်​​တော့်​အနားကပ်​မလာနဲ့.."

" Yi Jun..သတိထားဦး​လေကွာ..!"

သူထိုင်​ချလိုက်​ရင်း ​တုန်​ရီ​နေသည့်​ ​ကောင်​​လေးကိုယ်​ကို သူ့ရင်​ခွင်​ထဲ အတင်းဆွဲထည့်​လိုက်​​သည်​။ Yan Yi Jun ငိုသံတို့ပိုကျယ်​လာခဲ့ပြီး သူ့ရင်​ခွင်​ထဲက အတင်းကိုရုန်းထွက်​ဖို့ကြိုးစား​နေသည်​။

" မထိနဲ့..ကျွန်​​တော့်​အသားကိုမထိနဲ့ လူယုတ်​မာ.."

သူ့​ကျောပြင်​ကိုရိုက်​​နေသည့်​ လက်​​သေး​သေး​လေး​တွေကိုသူလျစ်​လျုရှူထားရင်း Yan Yi Jun ကိုဆက်​ဖက်​ထားလိုက်​သည်​။

"ရိုက်​ပါ..ငါ့ကိုရိုက်​လို့ မင်းစိတ်​သာရာ ရသွားမယ်​ဆိုရင်​ မင်းကြိုက်​သ​လောက်ရိုက်​ပါ.."

" ဖယ်​..မ​ကောင်းတဲ့​ကောင်​ကြီး...ဘာလို့ဒီလို​တွေလုပ်​​နေတာလဲ..ဘာလို့ကျွန်​​တော့်​ကို အမြဲဒုက္ခ​ပေးခဲ့ရတာလဲ.."

"ကိုယ်​ မင်းကိုဒုက္ခ​ပေး​နေခဲ့မိတာလား... အမြဲတမ်းအ​ပေါ်ယံ​တွေကြားကျင်​လည်​ခဲ့တဲ့ ကိုယ်​က ကိုယ့်​ရင်​ထဲကခံစားချက်​​တွေကိုကြ ဘယ်​လို​နည်းနဲ့ေ​ဖာ်​ပြရမလဲ ကိုယ်​တကယ်​မသိဘူး.."

"ဘာ..ဘာ​တွေ​ပြော​နေတာလဲ...ခင်​ဗျားက gay လား Zhang Shen Wei..ခင်​ဗျား gay ဆိုရင်​လဲ တခြားသူ​တွေရှိရဲ့သားနဲ့..ဘာလို့ ကျွန်​​တော့်​ကိုမှ ​ရွေးဒုက္ခ​ပေးရတာလဲ..ကျွန်​​တော်​ gay မဟုတ်​ဘူး Zhang Shen Wei!

သူ့ရင်​ဘတ်​ကို ခပ်​ကြမ်းကြမ်းထုရိုက်​​နေရင်း ​ကောင်​​လေးကငို​နေသည်​။ သူ Yan Yi Jun ​ခေါင်း​လေးကို အသာပုတ်​​ပေးရင်း သက်​ပြင်းချမိသည်​။

" ကိုယ်​တကယ်​မသိ​တော့ဘူး..​ယောကျာ်းတစ်​ယောက်​ကို ​သ​ဘောကျမိလို့ gay လို့​သတ်မှတ်ချင်တယ်ဆိုရင်​မင်းကိုယ့်​ကို gay လို့​ခေါ်လို့ရပါတယ်​..ကိုယ်​မင်းကို သ​ဘောကျတယ်​..Yi Jun..ကိုယ်​ဒီ​နေ့ကိစ္စအတွက်​ စိတ်​မ​ကောင်းဖြစ်​မိ​ပေမယ့်​ ကိုယ်​တကယ်​​နောင်​တမရဘူး.."

သူ့ကိုအံ့သြသလိုပြူး​ကြောင်​​ကြောင်ရုပ်​​လေးနှင့် ​ကြည့်​​နေသည့်​​ကောင်​​လေး​ကြောင့်​သူပြုံးလိုက်​သည်​။ သူ့ပခုံး​ပေါ်မှာ တင်​ထားသည့်​ ​​ခေါင်းသုတ်​ဖို့ယူလာသည့်​ တဘတ်​အပိုင်းအစ​လေးကို ကျုံ့ကျုံ့​​​လေးထိုင်​​နေသည့်​ Yan Yi Jun ပခုံး​ပေါ်လွှား​ပေးလိုက်​သည်​။

" ကိုယ်​သွား​တော့မယ်​..​ဒီ​နေ့​နောက်​ဆုံးပဲ​နော်​..နောက်​ရက်​​တွေကြရင်​ ကိုယ်​တခြားဘာကိုမှ ဂရုစိုက်​​နေမှာမဟုတ်​ဘူး​​​နော်​..ကိုယ်​ကနည်းနည်း​လေး အတ္တကြီးတယ်​..Zhang Shen Wei က Yan Yi Jun ကိုသ​ဘောကျ​နေတယ်​ဆိုတာကို မင်းမ​မေ့ပါနဲ့.."

Yan Yi Jun တစ်​​ယောက်​ ကုတင်​​ပေါ်တွင်​ လူးလှိမ့်​​နေသည်​။ လက်​ထဲက မှန်​ကိုကြည့်​လိုက်​..​အော်​လိုက်​လုပ်​ရင်း သူ့​ခေါင်းအုံးကို အကြိမ်​ကြိမ်​ထုလိုက်​ ကိုက်​ဆွဲလိုက်​လုပ်​​နေသည်​။ မှန်​ထဲမှာ ​ပေါ်​နေသည့်​ သူ့လည်​ပင်း​ပေါ်က Zhang Shen Wei ချန်​ရစ်​ထားခဲ့သည့်​ အနီ​ရောင်​ အကွက်​အကွက်​များကို မြင်​​တော့ ဘယ်​နှစ်​ကြိမ်​ခါ​မြောက်​မှန်းမသိ​သော ​အော်​သံတစ်​ခုက သူ့ဆီက ထပ်​ထွက်​လာသည်​။

" အား...ဘယ်​လိုလုပ်​ရမလဲ..ဒါ​တွေ​ပျောက်​​အောင်​ဘယ်​လိုလုပ်​ရမှာလဲ..!!"

သူ့လည်တိုင်​​ပေါ်ခိုနားခဲ့သည့်​ နှုတ်​ခမ်း​နွေး​နွေးတို့ကိုသတိရသွား​တော့ သူလက်​ထဲက မှန်​ကို​ဝေး​ဝေးလွှင့်​ပစ်​လို​က်​ကာ ​စောင်​ကြားထဲတိုးဝင်​ရင်း နီမြန်းပြီးပူထူလာသည့်​ သူ၏ မျက်​နှာကို ဝှက်​မိသည်​။

" Zhang Shen Wei က Yan Yi Jun ကိုသ​ဘောကျ​နေတယ်​ဆိုတာ မင်းမ​မေ့နဲ့..!!"

သြရှရှအသံက နားထဲပြန်​ကြား​ယောင်​လာ​တော့ Yan Yi Jun ကြက်​သီး​မွှေးညှင်းများထသွားသည်​။

" ဘယ်​လို​တောင် အထန်​​ကောင်​လဲ..သူမလို့ ​ယောကျာ်း​လေးတစ်​​ယောက်​ကို..ပြီး​တော့.."

LiNa အ​ကြောင်းစဉ်းစားလိုက်​မိ​တော့ Yan Yi Jun မျက်​နှာ ချက်​ချင်းတည်​သွားသည်​။ သူ​စောင်​ပုံထဲက ထထိုင်​လိုက်​ရင်း သူတစ်​စုံတစ်​ခုကို ​ခေါင်း​အေး​အေး​သေချာပြန်​စဉ်းစားမိသည်​။

အကျင့်​မ​ကောင်း​လိုက်​တာ..LiNa ရှိ​နေရက်​ကြီးနဲ့ တခြားတစ်​​ယောက်​ကို ​သ​ဘောကျပါတယ်​​ပြောခဲ့တာ..ပြီး​တော့..သူ့ကိုမှ..LiNa ရဲ့ သူငယ်​ချင်းသူ့ကိုမှ..

သူ​တွေးရင်း​ဒေါသထွက်​လာခဲ့သည်​။ သူမလို့​ပြောရဲလိုက်​တာ။ LiNa အ​ပေါ် Zhang Shen Wei ကစား​နေတုန်းပဲလား။သူ့ချစ်​သူအ​ပေါ်လဲ တစ်​စက်​က​လေး​တောင်​မကြည့်​ခဲ့တာ။ပြီး​တော့ သူ့ကို တချိန်​လုံးကြည့်​မရခဲ့ဘဲ အမျိုးမျိုးအနိုင်​ကျင့်​ခဲ့သည့်​ Zhang Shen Wei က သူလို ​ယောကျာ်း​လေးတစ်​​ယောက်​ကို သ​ဘောကျသည်​ဆိုတာလုံးဝမဖြစ်​နိုင်​။ ဒါတမင်​ ဒီလိုကို​ယ်​ထိလက်​​ရောက်​​တွေလုပ်​ခဲ့ရင်း သူ့ကို​စော်​ကားအရူးလုပ်​ခဲ့တာ ။

" ဘာလဲ Zhang Shen Wei! ခင်​ဗျား​ခေါင်းထဲ ဘာ​တွေစဉ်းစား​နေလဲ တကယ်​သိချင်​တယ်​!"

လူသွားလမ်း​ပေါ်မှာ လက်​ချင်းတွဲပြီး​လျှောက်​လာသည့်​ အတွဲပုံစံက မိုးမမြင်​​လေမမြင်​..​ကောင်​​လေးက ကောင်​မ​လေးနားနားကပ်​ပြီး ခပ်​တိုးတိုး​ပြော​တော့ ​ကောင်​မ​လေးက သ​ဘောတကျရယ်​​နေသည်​။ ​ဘေးနားက ဖြတ်​သွားဖြတ်​လာ​ကျောင်းသား​ ​ကျောင်းသူ​တွေက သူတို့အတွဲကို အားကျသလိုအကြည့်​နှင့်​ကြည့်​သွားကြသည်​။ သူတို့က တခြားသူမဟုတ်​။ UIBE ရဲ့ နာမည်​အကြီးဆုံးအတွဲ​တွေထဲက တစ်​တွဲဖြစ်​သည့်​ LiNa နှင့်​ Zhang Shen Wei..Yan Yi Jun ခပ်​လှမ်းလှမ်းက​နေ သူတို့အတွဲကိုမြင်​လိုက်​ထဲက သူ​နောက်​ပြန်​ချက်​ချင်းလှညိ့လိုက်​ရင်း ​ရှောင်​ဖို့ကြိုးစားလိုက်​သည်​။ Zhang Shen Wei [ကျန်းရှန်​​ဝေး] တို့ပုံစံကို မြင်​လိုက်​ထဲက သူ့ရင်​ထဲမှာခံရခက်​​နေသည်​။ သူ့ကိုသ​ဘောကျပါတယ်​​ပြောပြီး LiNa နှင့်​​ပျော်​​ပျော်​ရွှင်​ရွှင်​​နေ​နေ၍ ရင်​ထဲတွင်​ အလိုမကျဖြစ်​​နေသည်​မဟုတ်​။ LiNa နဲ့လဲ အဆင်​​ပြေ​ပြေ ​ပျော်​ရွှင်​​နေပုံ​ပေါ်ပါလျက်​နှင့်​ အခြားသူတစ်​​ယောက်​ကို သ​ဘောကျပါသည်​လို့​ပြောရဲခဲ့သည့်​ Zhang Shen Wei ကိုအလိုမကျခြင်းသာ။

LiNa လိုလူကို ပိုင်​ဆိုင်​ထားပါလျက်​နဲ့..သူဘာ​လို့ဒီလို​တွေ ဆက်​လုပ်​​နေတာလဲဟင်​။ ဒါ​ပေမယ့်​...သူ Zhang Shen Wei သူ့ကို​သ​ဘောကျပါသည်​လို့ ​ပြောခဲ့သည့်​စကားကို သူ အတည်​ယူ​ဖို့ မလိုတာပဲ​လေ။

" hk..​ဘာလို့အဲ့စကားကို ထပ်​သတိရ​နေတာလဲ..ဒါက ဟာသသက်​သက်​ပဲဟာ..Zhang Shen Wei ရဲ့ ပါးစပ်​ဖျား​လေးက ဖြစ်​သလိုထွက်​လိုက်​တဲ့ ဟာသတစ်​ခုပဲဟာ.."

"Wei... Xiao Jun! [​ရှောင်​ကျွင်း]ဘယ်​သွားမလို့လဲ..နင်​ကလဲ ငါ့ကို တမင်​ရှောင်​​နေသလား​အောက်​​မေ့ရတယ်​..​တွေ့တာနဲ့ကို ပြန်​လှည့်​​တော့တာပဲ.."

LiNa အသံ​ကြောင့်​ Yan Yi Jun ကိုယ့်​​ခေါင်းကိုသာ ပြန်​ထုလိုက်​သည်​။

" အဲ့လိုမဟုတ်​ပါဘူး..ငါဝယ်​စရာ​လေး သတိရသွား​လို့.."

" မနက်စာ စားပြီးပြီလား..မင်း c​anteen လဲမလာဘူး​နော်​.."

"ဒီလိုပဲ..အိမ်​နားက​နေ တစ်​ခါထဲ စားခဲ့လို့.."

အရင်​​နေ့က ဘာကိစ္စမှပင်​ မရှိခဲ့သလို ခပ်​တည်​တည်​​နေနိုင်​သည့်​ Zhang Shen Wei ကိုသူတစ်​ကယ်​အံ့သြသည်​။သူမလို့ လုပ်​ချင်​တာ​တွေလုပ်​ထားပြီး လိပ်​ပြာသန့်​သန့်​​နေနိုင်​တာ တကယ်​အံ့သြသည်​။

" လည်​ပင်းက ဘာဖြစ်​ထားတာလို့လဲ?"

Zhang Shen Wei ၏ အ​မေး​ကြောင့်​ သူနှုတ်​ခမ်းသာဖိကိုက်​လိုက်​မိသည်​။မ​နေ့က အဲ့လူကြီးယုတ်​မာသွားတဲ့ အနီကွက်​​တွေက ဘယ်​လိုလုပ်​လုပ်​မ​ပျောက်​သည်​မလို့ သူအိမ်​မှာရှိသည့်​ပလာစတာ​လေး​တွေကို ဟိုနားသည်​နားကပ်​ပြီး မ​ပေါ်​အောင်​ကြိုးစားကပ်​ခဲ့ရသည်​။

"Allergic ထ​နေလို့...!"

သူခပ်​တည်​တည်​​ဖြေလိုက်​​ပေမယ့်​ အဲ့လူကြီးအပြုံး​ကြောင့်​ သူ​ချွေးပျံမိသည်​။

" ​အော်​..allergic ထရင်​ အဲ့လိုကပ်​ရတယ်​လား!"

" အယ်​..အယ်​ ဟုတ်​ရဲ့လား Xiao Jun..ဟိုအကွက်​ ဒီအကွက်​​တွေ မဟုတ်​ဘူးလား.."

LiNa စကား​ကြောင့်​ Yan Yi Jun အဲ့နား​လေးပင်​ အ​ငွေ့ပျံချင်​မိသည်​။

" မိန်းက​လေးဖြစ်​ပြီး ဘယ်​လိုဖြစ်​​နေတာလဲ..allergic ပါဆို​နေ..မ​နေ့က ပုဇွန်​​တွေစားတာများသွားလို့.."

"ဟက်​.."

တစ်​ချက်​ရယ်​လိုက်​တဲ့ အဲ့လူကြီးကို သူအမြင်​ကတ်​စွာ မျက်​​စောင်းအားရပါးရထိုးပစ်​လိုက်​သည်​။

"​အေးပါ..ထားပါ​တော့ မယုံ​ချင်​​ပေမယ့်​ ယုံပါတယ်​..နင်​လား အဖြစ်​ရှိမှာ..နင်​တို့ ဘတ်​စကတ်​​ဘောက ​မေဂျာအလိုက်​ပြိုင်​ပွဲ​တွေ စ​တော့မှာဆို...နင်​အဆင်​သင့်​ဖြစ်​​နေပြီလား..နင်​တို့ ​မေဂျာနိုင်​ရင်​ ​ကျောင်းကိုယ်​စားပြုအ​နေနဲ့ ​ကျောင်း​ပေါင်းစုံပွဲမှာ တက်​ရမှာ..မနှစ်​ကလဲ management department ကပဲ ​ကျောင်း​ပေါင်းစုံပွဲအထိ တက်​နိုင်​တာဆို​တော့ ဒီနှစ်​လဲ အစဉ်​အလာ​လေး ထိန်းသိမ်းမယ်​ဟုတ်​! "

" အင်း..အတတ်​နိုင်​ဆုံး​တော့ ကြိုးစားရမှာပဲ..​ကျောင်း​ပေါင်းစုံထိက​တော့ ကိုယ့်​ကံ​ပေါ့.."

" Xiao jun ရယ်​..နင့်​အ​ပြောက အားရစရာကိုမရှိဘူး..တက်​တက်​ကြွကြွ confidence ရှိရှိ​လေးလုပ်​စမ်းပါ..! ကိုကို ဒီနှစ်​လဲ နိုင်မယ်​မလား...ကိုကို ​ဆော့တာ အား​ပေးရတာ Bae ဖြင့်​အရမ်း​ပျော်​တာပဲ..ဂုဏ်​လဲယူရတယ်​..ကြွားလို့လဲ ​ကောင်းတယ်​...ဟီး..Baeကိုကို ဘာလို့ အဲ့​လောက်​ကြီး perfect ဖြစ်​​နေရတာလဲကွာ.."

LiNa က ဟိုလူကြီး ရင်​ခွင်​ထဲဝင်​ပြီး ရင်​ဘတ်​ကို အူယားသလို တစ်​ချက်​နှစ်​ချက်​ထုလိုက်​​တော့ Yan Yi Jun ကလိကလိဖြစ်​လာသည်​​။

အမ​လေး..Zhang Shen Wei လိုလူကိုသူမလို့..​ချောတာ အရပ်​ရှည်​တာကလွဲရင်​ ဘယ်​နားသုံးစားရလို့လဲ..!

" ဒါနဲ့ မင်းတို့အတန်း​စ​တော့မှာ​နော်​..ကိုယ်​လဲ.အ​ဆောင်​ဖက်​သွားမလို့..တူတူသွားမလား..!"

" အမ်​..မသွားပါဘူး...!သွားစရာလား!"

Zhang Shen Wei နှင့်​ နှစ်​​ယောက်​တည်းအတူရှိမှာကို စိုးမိတာ​ကြောင့်​ အတင်းငြင်းပြီး ​ဖြေလိုက်​ပြီးကာမှ LiNa ​ကော ရှိ​နေတာပါသတိထားမိသွားသည်​။

" အာ..ကျွန်​​တော်​က ဝင်​စရာ​လေးရှိ​သေးလို့်​ပါ..ဝယ်​စရာလဲ ရှိလို့...Ge ဘာသာ သွားလိုက်​​တော့​နော်​..LiNa ငါသွား​တော့မယ်​..​နေ့လည်​မှ ​တွေ့မယ်​​လေ..!"

Yan Yi Jun မပြုံးချင်​ပြူံးချင်​ပြုံးပြခဲ့ပြီး အဲ့နားက​နေ ခပ်​သုတ်​သုတ်​ထွက်​လာခဲ့သည်​။ အနီးအနားက သန့်​စင်​ခန်းကို သူအ​ပေါ့သွားမလို့ တစ်​ခါထဲ ဝင်​လိုက်​သည်​။ ​ကျောင်းသားတစ်​ချို့ပါ ရှိ​နေသည်​မလို့ သူအပြင်​မှာ မ​ပေါက်​​တော့ဘဲ အတွင်းထဲသို့ ဝင်​လိုက်​ရသည်​။ တစ်​ချို့​ကျောင်းသား​တွေက ကိုယ့်​ဘာသာ အ​ပေါ့သွားသည်​က ကိစ္စမဟုတ်​..တစ်​ချို့က သူများကို အ​သေအချာ တစ်​မျိုး မသိမသာတစ်​မျိုး ကြည့်​ကြတတ်​ကြသည်​။ အဲ့လိုလူ​တွေနှင့်​ ခဏခဏကြုံပါများ​တော့ သူလူများရင်​ အတွင်းထဲသာ ဝင်​ဖြစ်​​တော့သည်​။

" အ​ရေးကမပါဘူး.."

ကိစ္စပြီး​တော့ သူ​ဘောင်းဘီဇစ်​ကို ပြန်​ဆွဲလိုက်​ရင်း တံခါးကို တွန်းဖွင့်​ကာ အပြင်​ထွက်​မယ်​လုပ်​​တော့ မြင့်​မြင့်​မားမား ခန္ဓာကို​ယ်​တစ်​ခုက သူ့ကို ဆီးကြို​နေသည်​။ အိမ်​သာ​စောင့်​​နေတဲ့ သူထင်​၍ ​မော့မကြည့်​မိဘဲ ​​ဘေးက​ရှောင်​ထွက်​မယ်​လုပ်​​တော့ အဲ့လူက သူ့ကိုအိမ်​သာထဲ အတင်းပြန်​တွန်းလိုက်​၍ သူ​ကြောင်​သွားသည်​။

" ဟမ်​..ဘာလုပ်​တာလဲ!"

သူမြင်​လိုက်​ရသည့်​ ရင်းနှီးပြီးသားမျက်​နှာ​ကြောင့်​ သူ့အသက်​ခပ်​စွာစွာ ချက်​ခြင်းထွက်​လာသည်။

" Zhang Shen Wei!! ဘာလုပ်​တာလဲ ဖယ်​စမ်း!"

" ရှုး..အိမ်​သာထဲ ​ယောကျာ်း​လေးနှစ်​​ယောက်​ဝင်​တဲ့သတင်း အကုန်​ပျံ့မသွား​စေချင်​ရင်​ တိုးတိုး​နေ ​Jun!"

" ဘ...ဘ..ဘာ..ဘယ်​လို​ခေါ်လိုက်​တယ်​..!"

" Jun..[ကျွင်း]​လေ..ဒီလို​လေးက ပို​ခေါ်လို့​ကောင်းမယ်​ထင်​လို့..တခြားသူ​တွေ ​ခေါ်သလိုမျိုးလဲ ကိုယ်က​မ​ခေါ်ချင်​ဘူး​.."

ခပ်​ကျဉ်းကျဉ်းအခန်းပဲ ထားလိုက်​ပါ​တော့။ သူနှင့်​ Zhang Shen Wei က တစ်​​ယောက်​နှင့်​ တစ်​​ယောက်​ နီးကပ်​လွန်း​နေတာမလို့ Yan Yi Jun မျက်​နှာ​တွေပူလာသလို ​ချွေးလဲပျံလာသည်​။

" ​စိတ်​ညစ်​တယ်​..​ခေါ်ဗျာ..ခင်​ဗျားလုပ်​ချင်​တာသာလုပ်​​တော့ အခု​တော့ ဖယ်​ဗျာ..ကျွန်​​တော်​အပြင်​ထွက်​မယ်​..!!"

Zhang Shen Wei က အင်းမလုပ်​ အဲမလုပ်​​ လုပ်​​နေ၍ သူတံခါးကို အတင်းဖွင့်​မယ်​လုပ်​​တော့ သူ့ကိုယ်​နှင့်​ ကွယ်​ထားပြီး မဖယ်​​ပေး..သူ့ကိုသာ စိုက်​ကြည့်​​နေသည်​။

" ဘာဖြစ်​​နေတာလဲ..!ဖယ်​ပါဆို..ထွက်​မယ်​..တခြားသူ​တွေ တစ်​မျိုးထင်​​ကုန်​​တော့မှာပဲ..!"

Zhang Shen Wei က ခပ်​ပြုံးပြုံးမျက်​နှာနှင့်​ တိုးတိုး​နေဆိုသည့်​ပုံစံလုပ်​ပြသည်​။

" မင်းအသံကြားတယ်​မလား..! "

" အင်း..ဒီ အိမ်​သာထဲကပဲ.."

ကျောင်း​သားနှစ်​​ယောက်​စကား​ပြောသံက သူတို့နှင့်​ပိုပိုနီးလာပြီး သူတို့ရှိ​နေသည့်​ ​ရှေ့တွင်​​ရပ်​သွားသည်​။

" Wei ​ကျောင်းသား အဆင်​​ပြေရဲ့လား...! အသံ​တွေဆူ​နေလို့..!"

Zhang Shen Wei နှင့်​အတူရှိ​နေတာ သိသွားမလားဆိုသည့်​ အ​တွေး​ကြောင့်​ Yan Yi Jun ​ချွေး​စေးတို့ပင်​ပြန်​လာသည်​။

" ဟုတ်​..ဟုတ်​..​ပြေပါတယ်​..ကျွန်​​တော်​ ဖုန်း​ပြော​နေလို့.."

" aww ok..​ဘာရယ်​မဟုတ်​ပါဘူး..​မေးကြည့်​တာပါ.."

သူတို့အနားက ထွက်​သွားတဲ့ ​ခြေသံတစ်​ရှပ်​ရှပ်​အသံကြားမှပဲ Yan Yi Jun အသက်​ဝဝ ပြန်​ရှုမိသည်​။ Zhang Shen Wei ရုပ်​က​ ဘာမှပင်​မခံစားရသလို..သူ့ကိုပင်​ ပြုံးရင်းကြည့်​​နေ​သေးသည်​။

" မိသွားရင်​ နှစ်​​ယောက်​လုံးတစ်​မျိုးထင်​ခံရမှာ သိလား..ရူးသလို ​ပေါသလိုလုပ်​မ​နေနဲ့..!"

" မင်းက​လေ စိတ်​ဆိုးရင်​ သိပ်​ချစ်​ဖို့​ကောင်းတယ်​သိလား..ခုနက ​ကြောက်​​နေတဲ့ပုံစံ​လေးကလဲ ချစ်​ဖို့​ကောင်းတယ်​..မင်းလည်​ပင်း သက်​သာရဲ့လား..အရမ်းကြီး ထင်​​နေတာလား..?"

Zhang Shen Wei လက်​​ချောင်းတို့က ​ပလာစတာ လွတ်​​နေသည့်​ လည်​တိုင်​တစ်​​လျှောက်​အသာ ထိ​​တွေ့သွား​တော့ Yan Yi Jun တုန်​ခနဲဖြစ်​သွားသည်​။ Zhang Shen Wei က သူ့အမူအရာကို ကြည့်​ရင်းပြုံး​နေသည်​။

"ကိုယ်မ​သေချာ​ပေမယ့်​ ထင်​ထားတာ တစ်​ခုရှိတယ်​..အဲ့ဒါ အခုအတည်​ပြုချင်​လို့.."

စကားအဆုံးမှာ သူ့ရှပ်​အကျီပွပွကြီး ရုတ်​တရက်​ ဆွဲမခံလိုက်​ရတာမလို့ သူအ​တော်​ပင်​​ကြောင်​သွားသည်​။ ဗိုက်​သားနားက​နေ တစ်​ဆင့်​ အ​ပေါ်ပိုင်းကို တက်​လာသည့်​ လက်​​တွေ​ကြောင့်​ အရင်​​နေ့က အဖြစ်​အပျက်​ကိုသတိရသွားရင်း Yan Yi Jun ​ကြောက်​ရွံ့စိတ်​တို့ဝင်​လာသည်​​။

" Zhang Shen Wei..!!!!"

သူ အဲ့လူကြီးလက်​​တွေကို ဖမ်းဆုပ်​ကာ တားလိုက်​​ပေမယ့်​ သူ့လက်​တို့ကသူအတွင်းထဲမှာ
ဝတ်​ထားသည့်​ တစ်​စုံတစ်​ရာကို စမ်းလိုက်​မိ​တော့ သူ့အလိုလိုရပ်​တန့်​သွားသည်​။ မျက်​နှာမှာလဲ ​ကျေနပ်​သလိုအပြုံးတို့နှင့်​။

" ကိုယ်​ထင်​ထားတဲ့အတိုင်းပဲ..မင်းအကျီအပွ​ကြီးတွေ ဝတ်​တဲ့​နေ့ဆို အထဲမှာ ဟိုလိုဟာ​လေး​တွေ ဝတ်​တယ်​မလား..?"

Zhang Shen Wei ဘာကိုဆိုလို​နေတယ်​ဆိုတာကို သိလိုက်​​တော့ သူမျက်​နှာရှိန်းခနဲဖြစ်​သွားသည်​​။ ဟုတ်​သည်​။ သူဒီ​နေ့ အ​ပေါ်​အောက်​ အတွင်းခံ​တစ်​စုံစာ ဝတ်​ထားမိတာ​။Yan Yi Jun မျက်​နှာရဲ​နေကာ သူ့အကျီသူအတင်းဆွဲချ​နေ​တော့ Zhang Shen Wei က ရယ်​သည်​။

" ဖယ်​​တော့ဗျာ..သိချင်​တာလဲ သိရပြီမလား.."

" အင်း..ဖယ်​​ပေးမယ်​..ဒါ​ပေမယ့်​ ဝတ်​ထားတာ​လေးကို ကိုယ်​ကြည့်​ချင်​တယ်​ဆိုရင်​​ရော။ ဘာမှမလုပ်​ပါဘူး...ကိုယ်​ချက်​ချင်းလဲ ဖယ်​​ပေးမယ်​.."

" ခင်​ဗျားဗျာ..မသိဘူး ဖယ်​​တော့..!"

" ရှုး..သူများ​တွေ ကြားသွားမယ်​..အပြင်​မှာလူသံ​တွေကြားတယ်​မလား..ဘယ်​လိုပုံစံ​လေးလဲ သိချင်​ရုံပါပဲ.."

Yan Yi Jun နှုတ်​ခမ်းကို ဖိကိုက်​လိုက်​ရင်း အကျီကိုမလိုက်​သည်​။ မျက်​နှာပူမပူ​တော့မသိ..ရှိန်းခနဲ ရှိန်းခနဲ ဖြစ်​​နေတာပိုပင်​ ခံစားလို့ရ​နေသည်​။ ပန်း​နုရောင်​ ဇာအပါး​လေး​တွေနဲ့ အတွင်းခံ​လေး​ပေါ်တယ်​ဆိုရုံ​လေး​ပေါ်လာ​တော့ သူချက်​ချင်း အကျီပြန်​ဆွဲချလိုက်​ရင်း ​မျက်နှာကို ​အောက်​ကို အတင်းငုံ့လိုက်​သည်​။ အဲ့လူကြီးကို ဘယ်​လိုမျက်​နှာနှင့်​ကြည့်​ရမလဲ သူတကယ်​မသိပါ​လေ။

"ရ..ရပီမလား...ထွက်​​တော့.."

" ချစ်​ဖို့​ကောင်းတယ်​..!"

သူ့ပါးကို ဖျတ်​ခနဲနမ်းလိုက်​တဲ့ Zhang Shen Wei ​ကြောင့်​သူအ​တော်​ပင်​ shock ရသွားသည်​။ ခဏကြာ​တော့ သူ့​ခေါင်း​လေးကို ပုတ်​ပြီး အိမ်​သာထဲက ထွက်​သွား​ပေမယ့်​ သူက​တော့ အဲ့​နေရာ​လေးမှာ သည်​အတိုင်း​လေးကျန်​နေခဲ့သည်​။

" ဒီလူကြီးတကယ်​ကို ရူး​နေပြီပဲ!!!"

အပိုင်း(၃၂)ဆက်​ရန်

Reader nim တို့နဲ့ 11 ရက်​​လောက်​​ဝေးသွားတယ်​​ပေါ့​နော်​..​ဒီရက်​ပိုင်း ကျန်းမာ​ရေး​ရယ်​ အမျိုးမျိုး​သော personal case ​တေ​ရောသွားလို့ပါ...11 ရက်​အတွင်း 7 ​ပေါင်​​တောင်​ကျဝါးတယ်​ 😩 တနင်္ဂ​နွေဒိတ်​လို့ အဆင်​​ပြေရင်​ တပိုင်းထပ်​ဒိတ်​​ပေးပါ့မယ်​..​💗 ကြာသွားတဲ့အတွက်​ တ​ယောက်​ချင်းဆီကို အရမ်းအားနာမိပါတယ်​လို့်​ 💕

🌟18.11.2017🌟

🍑Dream-catcherr🍑














Bạn đang đọc truyện trên: Truyen247.Pro