Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

အချစ်​တစ်​ခုလားမက်​​မောခြင်း​လား??

အပိုင်း(၂၇)

အိပ်​ရာ​ပေါ်မှာ ဖြူ​​ လျော့​လျော့​လေးလဲ​နေသည့်​ Yan Yi Jun [ရန်​ရီကျွင်း] ကိုကြည့်​ရင်း Zhang Shen Wei သက်​ပြင်းချမိသည်​။ ​ရေ​အေး​လေး​တွေ ထည့်​ထားတဲ့ ​ကော်​ဇလုံထဲက တဘတ်အပိုင်း​​လေးကို ​ရေ​စင်​​အောင်​ညစ်​ယူလိုက်​ရင်း Yan Yi Jun နဖူး​ပေါ်တင်​​ပေးလိုက်​သည်​။ ​အရင်​ထဲက မိန်းက​လေး​တွေလို ​မျက်​နှာ​သေး​သေး​နဲ့ ​ကောင်​​လေးက အခု​နေမ​ကောင်း​တော့ မျက်​နှာ​လေးက ပို၍ ​ချောင်​ကျ​နေသည်​။

" ထမင်း​ကောင်း​ကောင်းစားရဲ့လားကွာ..မနက်​စာ​ရော စားပြီးရဲ့လား..ခန္ဓာကိုယ်​က မကြံ့ခိုင်​မှ​တော့ ​နေမ​ကောင်းရင်​ ဘယ်​လိုလုပ်​ခံနိုင်​ရည်​ ရှိ​တော့မှာလဲ.."

Yan Yi Jun မကြားနိုင်​မှန်းသိ​ပေမယ့်​ သူ​​ကောင်​​လေးကို အပြစ်​တင်​လိုက်​မိသည်​။ အဲ့​ကောင်​​လေး တစ်​​ယောက်​ထဲ ​နေ​နေတာမှန်း သတိရသွား​တော့ ဘာမှ ဆက်​ပြီးမ​ပြောဖြစ်​​တော့။ ။အင်း​လေ...မိသားစုနဲ့ ​ဝေး​နေတဲ့ ဆယ်​​ကျော်​သက်​​ကောင်​​လေးတစ်​​ယောက်​က အစားအ​သောက်​ကို ဂရုတစိုက်​စားဖို့ဆိုတာက လွယ်​ကူတဲ့အရာမှ မဟုတ်​တာပဲ..

သူ​ကောင်​​လေးနဖူး​ပေါ်က တဘတ်​စ​လေးကို ခွာလိုက်​​တော့ အပူရှိန်ပြင်းလွန်းတာ​ကြောင့်​တပတ်​​လေးက ​ခြောက်​ပင်​​ခြောက်​နှင့်​​နေပြီ။ သူ​တဘတ်ေ​လးကို ရေထဲ ပြန်​နှစ်​လိုက်​ရင်း Yi Jun နဖူး​ပေါ်ပြန်​တင်​​ပေးလိုက်​သည်​။

" အကျင့်​မ​ကောင်းတဲ့ဟာ​လေး..အကြီးက လိုက်​ပို့​ပေးပါ့မယ်​ဆိတာကို အတင်းပြန်​​တော့ ဖျားပြီ​ပေါ့.... မ​နေ့ကမိုးမိပြီးပြန်​လာ​တော့ ​ဆေး​လေးဘာ​လေး​ရော ကြို​သောက်​ရဲ့လား.. မင်းက​လေ..​ပြောမယ့်​ဆိုမယ့်​သူမရှိ​တော့ လုပ်​ချင်​တာ​တွေချည်းလုပ်​​နေတာ​နေမှာ.."

Zhang Shen Wei အဲ့​ကောင်​​​လေးကို အမြင်​ကတ်​မိ၍ ပားကို ခပ်​နာနာ​လေးလိမ်​ဆွဲလိုက်​​သည်​။ Yan Yi Jun တစ်​ချက်​တွန့်​သွားရင်း နှုတ်​ခမ်းက အလိုလိုဆူလာ​တော့ သူရယ်​လိုက်​မိသည်​။ ​နိုးသွားပြီလို့ ထင်​လိုက်​မိ​ပေမယ့်​ ​ကောင်​​လေးက တစ်​ချက်​လှုပ်​ပြီး ပြန်​ငြိမ်​သွားသည်​။ Zhang Shen Wei တစ်​​ယောက်​ YiJun ဝတ်​ထားတဲ့ ​ချွေး​လေး​တွေနှင့်​ ကပ်​​နေသည့်​ အကျီကို ကြည့်​ရင်းအ​တွေးပွား​နေသည်​။ သူအဲ့​ကောင်​​လေးကို အဝတ်​​လေး ​ရေပတ်​တိုက်​​ပေးသင့်​မှန်း ခုနထဲက သတိရ​ပေမယ့်​ လုပ်​​ပေးဖို့လိုက်​ဖို့အတွက် ​တစ်​ခုခုကို စိုးရိမ်​​နေသလို ရှိ​နေသည်​။ ဘာ​ကြောင့်​လဲဆို​တာ ​သေချာမသိ​ပေမယ့်​ အဲ့​ကောင်ေ​လးအ​ပေါ် သူထူးထူးခြားခြားခံစား​နေရသည့်​ အ​ကြောင်းအရင်းနှင့်​ ပတ်​သက်​​နေတာ​တော့ ​သေချာသည်​။

" အား ဘာ​တွေစိုးရိမ်​​နေတာလဲ..သူလဲ ​ယောကျာ်း​..ငါလဲ​ယောကျာ်းပဲဟာ..!"

Zhang Shen Wei [ကျန်းရှန်​​ဝေး] ​လေပူ​တွေကို မှုတ်​ထုတ်​လိုက်​ရင်း Yan Yi Jun အကျီကြယ်​သီးဆီလက်​လှမ်းလိုက်​သည်​။ ဒီ​နေ့အရင်​လို ဝတ်​မထား၍ ​တော်​​သေးသည်​။ ​ချွေး​တော်​အ​တော်​စို​နေသည်​မလို့ ရှပ်​အကျီအပါးက ရင်​ဘတ်​မှာ ဟိုဟိုသည်​သည်​သွားကပ်​​နေသည်​​။ ဒီ​နေ့ ဒီ​ကောင်​​လေးသာ ဟိုလို ဝတ်​ထားခဲ့ရင်​ LiNa ​တန်းသတိထားမိသွားမှာ အ​သေအချာပင်​​​။ ကြယ်​သီးသုံး​လေးလုံး ဖြတ်​ပြီး​တော့ အတွင်းသား​ဖွေးဥဥ​လေး​တွေက အတိုင်းသား​ပေါ်လာသည်​။ သူ့အသားကို ​လေ​အေး​လေး ထိသွားလို့လားမသိ..Yan Yi Jun က တစ်​ချက်​လှုပ်​သွား​တော့ ရှပ်​အကျီအစ​လေးက တစ်​ဖက်​ကို ​စောင်းကျသွားသည်​။ အကာအကွယ်​မဲ့သွားတဲ့ ပန်း​သွေး​ရောင်​ ရဲ​နေတဲ့ ​ကောင်​​​လေး ရင်​ဘတ်​က အဖုအ​သေး​လေးဆီ မျက်​လုံးက တန်း​ရောက်​သွား​တော့ Zhang Shen Wei ​မျက်​နှာပူခနဲ ဖြစ်​သွားသည်​။ ရင်​ခုန်​သံ​တွေပါမြန်​လာ​တော့ သူ့​ခေါင်းသူ ထုလိုက်​သည်​​။ စိတ်​ထိန်းစမ်း။စိတ်​ထိန်းစမ်း။ ဘာ​တွေဖြစ်​​နေတာလဲ? သူကျန်​တဲ့ ကြယ်​သီး​တွေကိုပါ ဖြုတ်​​ပေးလိုက်​​တော့ အကာ အကွယ်မဲ့သွားတဲ့ ​ပွင့်​ချပ်​​လေးနှစ်​လွှာက
အတိုင်းသား​ပေါ်လာသည်​။

Zhang Shen Wei အကြည့်​လွှဲဖို့ကြိုးစား​ပေမယ့်​ သူ့အကြည့်​တို့က ထို​နေရာ​လေးကိုသာ ခဏခဏ​ရောက်​​နေသည်​​။ ​​​အသားအ​တော်​ဖြူသည့်​ ​ယောကျာ်း​လေး​တွေရဲ့ ခန္ဓာကိုယ်​​တွေကို သူခ​ဏခဏမြင်​​နေကြ​ပေမယ့်​ ဒီ​ကောင်​​လေးလို​တော့ တစ်​ခါမှ မမြင်​ဖူးခဲ့။ ရင်​ဘတ်​က အသီး​လေး​တွေ ပန်း​ရောင်​သမ်း​နေရုံမက စူစူ​ဖောင်း​ဖောင်း​လေး​တွေပင်​ဖြစ်​​နေသည်​??​ရေဇလုံထဲက တဘတ်​အပိုင်းအစ​လေး​တွေကို ​ကောက်​ကိုင်​လိုက်​သည့်​ သူ့လက်​တို့က သိသိသာသာပင်​ တုန်​​နေသည်​။ 

" အင့်​..ဟင့်​.."

အဝတ်​စ၏အ​အေးဓာ​တ်​​ကြောင့်​ Yan Yi Jun ဆီက ညည်းသံထွက်​လာ​တော့ Zhang Shen Wei အာ​တွေပါ ​ခြောက်​လာသည်​။ သူ​ခေါင်းရမ်​လိုက်​ရင်း လက်​ထဲက အဝတ်​အပိုင်းအစ​လေးဆီကို အာရုံစိုက်​လိုက်​ရင်း ​​ကောင်​​လေးရဲ့ ရင်​ဘတ်​တစ်​​လျှောက်​ ခပ်​ဖွဖွ​လေး သုတ်​​ပေးလိုက်​သည်​။ ဘာအ​မွှေးအမျှင်​မှ မရှိတဲ့ ရင်​ဘတ်​နှင့်​ ဗိုက်​သားတို့က ​ယောကျာ်ပီသတဲ့ ခန့်​ငြားမှုမျိုးမရှိ​ပေမယ့်​ ​တမျိုး​လေးဆွဲ​ဆောင်​မှုပြင်း​နေပြန်​သည်​။ သူ့လက်​တို့က Yan Yi Jun အသားနှင့်​ မသိမသာထိသွားသည့်​အချိန်​တိုင်း သူ့ခန္ဓာကိုယ်​က ထူးဆန်းလာသည်​။ လက်​ထဲက တပတ်​စ​လေး​ကို ​ရေပြန်​ညစ်ပြီး ပြန်​သုတ်​​ပေးလိုက်​သည့်​အခိုက်​အတန့်​မှာ သူ့လက်​ဖျား​လေးနှင့်​ ​ကောင်​​လေး​၏ ရင်​ဘတ်​က ပွင့်​ချပ်​လွှာ​လေးနှင့်​ ထိမိသွားသည့်​အခါ သူသည်းမခံနိုင်​​တော့ဘဲ အဲ့သည်​နားက​နေ ထရပ်​လိုက်​သည်​။

" အား..ရူး​နေပြီ..မင်း ​တော့တကယ်​ရူးပြီ..."

သူစိတ်​ပျက်​စွာ ငြီးတွားလိုက်​သည်​။ ​ရေဆာသလိုလို..ဘာလိုလို..တစ်​ကိုယ်​လုံးလဲ ​မောဟိုက်​​နေသည်​။ ခန္ဓာကိုယ်​​အောက်​ပို​င်းက ဆန္ဒပြချင်​​နေ​ပေမယ့်​ သူတမင်​လျစ်​လျူရှုထားလိုက်​သည်​​။

" လူပျို​ပေါက်​အရွယ်​..ပထမဆုံး porn စကြည့်​ဖူးတုန်းက​​တောင်​ ဒီလိုမဖြစ်​ဖူးဘူး..ဟူး.. မင်းကဘယ်​လို​တောင်​လား.."

သူ​အဲ့​ကောင်​​လေးကို လှည့်​အပြစ်​တင်​လိုက်​သည်​။တပ်​မက်​မှု??? ​အရင်​က သူဘယ်​​ယောကျာ်း​လေးကိုမှ စိတ်​မဝင်​စားခဲ့ဖူးသည်​မလို့ သူ့ကိုယ်​သူ straight လို့သာထင်​ခဲ့​ပေမယ့်​ အခု​တော့ ​ယောကျာ်း​တစ်​​ယောက်​ ခန္ဓာကိုယ်​က သူ့ကိုဆွဲ​ဆောင်​​နိုင်​​နေရုံမက တစ်​ခါမှမဖြစ်​ဖူးသည့်​ တပ်​မက်​မှုမျိုးနှင့်​ သူ့ကိုပူ​လောင်​​စေပြန်​သည်​။

" ​ကောင်း​ရော Zhang Shen Wei..မိန်းက​လေး​တွေနဲ့တင်​ အလုပ်​ ရှုပ်​လှပါပြီဆို​နေ..အခု​ယောကျာ်း​လေး​တွေကိုပါ...? အင်း.. ​သောက်​ခန္ဓာကိုယ်​ကလဲ ဘယ်​လို​တောင်​ ထန်​​နေတာလဲ!"

သူမ​ကျေနပ်​စွာ ​ရေရွတ်​လိုက်​ရင်း အဲ့​ကောင်ေ​လးကို အဝတ်​လဲ​ပေးမလို့ ​ကောင်​​လေး၏ ဗီရိုကို ဆွဲဖွင့်​လိုက်​သည်​။ ဆင်​စွယ်​​ရောင်​ ဗီရိုက ဘယ်​လိုဆွဲဖွင့်​ဖွင့်​ ပွင့်​မလာ။

" ကျစ်​..အ​ရေးထဲဆို.."

သူအဲ့​ဘေးက ဗီရိုကို ဖွင့်​လိုက်​​တော့ လွယ်​လွယ်​ကူကူပင်​ပွင့်​လာသည်​​။ Yan Yi Jun ဗီရိုက အဝတ်​​တွေ ရှုပ်​ရှုပ်​ခပ်​မ​နေဘဲ သူ့အကန့်​နဲ့သူပင်​ အဝတ်​​တွေက စီရီ​နေသည်​မလို့ Zhang Shen Wei မျက်​နှာတစ်​ချက်​မဲ့လိုက်​သည်​။သူနဲ့များအ​တော်​ကို ကွာတာ။ ​ကောင်​​လေးဗီရိုထဲက ခပ်​ပွပွ ရှပ်​အကျီ​တွေပင်​ မနည်းမ​နော။ သူထိုထဲက တစ်​ထည်​ကို ဆွဲယူလိုက်​ရင်း ​ဘောင်းဘီခပ်​ပွပွအတို တစ်​ထည်​ကိုပါ ဆွဲယူလိုက်​သည်​​။ ​ဖွေးဥဥအသား​လေး​တွေ လျစ်​ဟာပြ​နေတဲ့ ခန္ဓာကိုယ်​​လေးကို မြင်​​တော့ သူ့စိတ်​ထဲ မရိုးမရွဖြစ်​လာပြန်​တော့ သူ့နှုတ်​ခမ်းကို နာနာကိုက်​လိုက်​ရင်း အာရုံ​ပြောင်းဖို့ ကြိုးစားလိုက်​သည်​။

ကောင်​​လေးကို အကျီလဲ​ပေးဖို့ ကိုယ်​​လေးကို အသာမလိုက်​​တော့ အလိုက်​တသင့်​​လေးပါလာသည်​​။ သူ့ကိုယ်​​ပေါ်ကို ခ​ဏမှီထားပြီး အဝတ်​​လဲ​ပေးဖို့လုပ်​​တော့ ​ကောင်​​လေးဆီက ရနံ့သင်းသင်း​လေးတစ်​ခုက သူ့နှာ​ခေါင်းထဲ ဝင်​လာသည်​။ ​​ရေ​မွှေးနံ့လိုလဲ မပြင်းဘဲ ​ကောင်​​​လေးနားကပ်​​တော့မှ အနံ့​လေးက ရတယ်​ဆိုရုံ​လေးရသည်​။ အဝတ်​မပါတဲ့ ခန္ဓာကိုယ်​တစ်​ခုရဲ့ အထိအ​တွေ့က သူ့ကို အ​သေပင်​ သတ်​​နေသလို။ Zhang Shen Wei အကျီအမြန်​ဝတ်​​ပေးလိုက်​ပြီး ​ကောင်​​လေးကို အိပ်​ရာ​ပေါ်ပြန်​ချလိုက်​သည်​​။ သူ့တာဝန်​ပြီးပြီဆိုပြီး ရင်​ထဲက အလုံးကြီးကျသွားလို့ ဝမ်းသာမယ်​ကြံတုန်း ​ဘောင်းဘီပါ လဲ​ပေးရမှာ သတိရသွားသည်​​။

" ချီးလိုပဲ..!"

Zhang Shen Wei တစ်​ချက်​ကျိန်​ဆဲလိုက်​ရင်း မျက်​နှာလွှဲလိုက်ကာ ​ကောင်​​လေးရဲ့ ​ဝတ်​ထားသည့်​ ​ဘောင်းဘီဆီကို လက်​လှမ်းလိုက်​သည်​။

" ဘာ..ဘာလုပ်​တာလဲ!"

ဘောင်းဘီစကို နည်းနည်းဆွဲချပြီးရုံရှိ​သေး..အလန့်​တကြား​အော်​သံကြားလိုက်ရသလို သူ့လက်​အပုတ်​ထုတ်​ခံလိုက်​ရသည်​။ Yan Yi Jun မျက်​နှာက နီမြန်းနေပြီး သူ့​ဘောင်းဘီသူအတင်းဆွဲထားတာမြင်​​တော့ စိတ်​ရှုပ်​​နေသည့်​တိုင်​ သူနည်းနည်းရယ်​ချင်​သွားသည်​​။

" ​​မောင်​မင်းကြီးသား​လေး ​နောက်​​ဆုံးတာ့နိုးလာပြီ​ပေါ့..ငါဘယ်​​လောက်​ ဒုက္ခ​ရောက်​သွားတယ်​မှတ်​လဲ.."

Zhang Shen Wei စကား​ကြောင့်​ ​ကောင်​လေးရုပ်​​လေးဇ​ဝေဇဝါဖြစ်​သွားသည်​။ ပြီးမှ ထစ်​ထစ်​​ငေါ့​ငေါ့ထွက်​နှင့်​ စကားသံပြန်​ထွက်​လာသည်​​။

" ခ..ခင်​ဗျားခုနက ဘာလုပ်​မလို့လဲ..!"

သူ့ကိုမသင်္ကာသည့်​မျက်​လုံးနှင့်​ပင်​ကြည့်​​နေ​သေးသည်​။

"အဝတ်​လဲ​ပေးမလို့​လေ..ဘာလဲ တခြားတခုခု လုပ်မယ်​​ထင်​လို့လား.."

Zhng Shen Weiခပ်​​လှောင်​​လှောင်​ ပြုံးလိုက်​ကာ ​ဘေး​က ​ဘောင်းဘီကို ​မေး​မော့ပြလိုက်​​တော့ Yan Yi Jun မျက်​နှာ​လေးခုနကထက်​ ရဲသွားသည်​။

"ရူး​နေလား.. မလိုဘူး..ကိုယ့်​ဘာသာ လဲမယ်​..အမ်​?.."

Yan Yi Jun သူဝတ်​ထားတဲ့ အကျီကို သတိထားမိသွားပုံ​ပေါ်သည်​။

" အကျီလဲ ​ပေးထားတာလား.နှိုးလိုက်​တာ​တော့မဟုတ်​ဘူး..ကိုယ့်​ဘာသာ လဲမှာ​ပေါ့.."

အသံက အားမရှိ​ပေမယ့်​ ပွစိပွစိ​တော့ လုပ်​နိုင်​​သေးသည့်​ ​ကောင်​​လေးကိုကြည့်​ရင်း Zhang Shen Wei ​ခေါင်းရမ်းမိသည်​။

" ​ဘောင်းဘီလဲမလို့.."

" ဟင်​??"

အသံက တိုးလွန်းတာမလို့ မကြားလိုက်​တာ​ကြောင့်​ Zhang Shen Wei ပြန်​​မေးလိုက်​သည်​။

" ​ဘောင်းဘီလဲ မလို့ပါဆို.."

ထိုအခါမှ Zhang Shen Wei သ​ဘော​ပေါက်​​တော့သည်​​။ ​ကောင်​​လေးက သူ့ကိုရှက်​​နေတာကိုး။ အဲ့ဒီ့အ​တွေးနှင့်​အတူ သူသ​ဘောတကျပြုံးမိလိုက်​သည်​။သူအခန်းထဲက ထွက်​လာ​တော့LiNa က မီးဖို​ချောင်​ထဲတွင်​ အလုပ်​ရှုပ်​​နေသည်​။ သူမ နားတွင်​လဲ ပစ္စည်း​တွေ မွစာကျဲ​နေသည်​။

" အမ်​..Bae ဘာ​တွေလုပ်​​နေတာလဲ.."

" Xiao Jun အတွက်​ ဆန်​ပြုတ်​​လေးပြုတ်​​ပေးမလားလို့ပါ..သူ​ဆေး​သောက်​ပြီးရင်​စားရ​အောင်​လို့ ..."

" Bae မီးဖို​ချောင်​ဝင်​ဖူးလို့လား..."

" ဟီး..မဝင်​​တော့ မဝင်​ဖူးဘူး..ဒါ​ပေမယ့်​ အခု ဆန်​ပြုတ်​ပြုတ်​နည်းရှာလိုက်​​တော့ အရမ်းလွယ်​လို့ လုပ်​ကြည့်​​နေတာ.."

LiNa ပြတဲ့ဆီကို ကြည့်​လိုက်​​တော့ အိုးထဲကို ​ရေအပြည့်​နှင့်​ ဆန်​ကိုအ​စေ့လိုက်​အတိုင်းထည့်​ထားတာ မြင်​​တော့ Zhang Shen Wei အားရပါးရ ရယ်​လိုက်​သည်​။

" ကိုကို​နော်​..ဘာရယ်​တာလဲ..သူများက လုပ်​တတ်​သလို လုပ်​တဲ့ဟာကို.."

" ဖယ်​ပါ bae ရယ်​..ဆန်​က အ​စေ့လိုက်​ကြီးထည့်​လို့ အဆင်​မ​ပြေဘူး..အရင်​​ကြေသွား​အောင်​လုပ်​ရ​သေးတယ်​.."

" ဟီး သိမှမသိတာပဲ..ကိုကို ကလုပ်​တတ်​ရင်​ ကိုကိုပဲ လုပ်​​လိုက်​​တော့ Bae က ကူ​ပေးမယ်​​လေ.."

Zhang Shen Wei ဟို​ကောင်​​လေးအတွက်​ တစ်​ခါတည်း များများ​လေးပြုတ်​ပေးလိုက်​သည်​။ ​ရေခဲ​သေတ္တာထဲက ဘူးတစ်​ချို့​လောက်​နှင့်​ အသီးတစ်​လုံး နှစ်​လုံးနှင့်​ ​စင်​​လေး​ပေါ်က ​ခြောက်​ဆွဲ​ခြောက်​ထုတ်​အမျိုးမျိုးက Yan Yi Jun ရဲ့စား​သောက်​မှု ပုံစံကိုပြောပြ​နေသလို ရှိသည်​။

" ​ခေါက်​ဆွဲ​ခြောက်​​တွေပဲ အမြဲစား​နေတာလား..ဒီ​ကောင်​​လေးနဲ့​တော့ ခက်​​တော့တာပဲ..!"

Zhang Shen Wei အဲ့ဒီ့​နေက ည​နေမှ Yi Jun အိမ်​ကပြန်​ဖြစ်​ခဲ့သည်​။ LiNa နှင့်​အတူ စူပါမားကတ်​အတူသွားပြီး အဲ့​ကောင်​​လေး ​ရေခဲ​သေတ္တာကိုပါ လိုတာ​လေး​တွေပာ ဖြည့်​​ပေးခဲ့သည်​။ အဲ့​ကောင်​​လေးအိမ်​ကထွက်​လာ​ပေမယ့် ​နေမ​ကောင်းတဲ့ ​ကောင်​​လေးအတွက်​ နောက်​ဆံမတင်းမှု​လေး​တွေ စိတ်​ပူမှု​လေး​တွေကသူ့နှင့်​အတူပါလာခဲ့သည်​။ နားလည်​ရ ခက်​​နေ​သေးတဲ့ ခံစားချက်​က​လေး​တွေ ​ရော​ပဲပေါ့။ ။

🌟အပိုင်း (၂၈) ဆက်​ရန်​🌟

အရင်​အပိုင်းကို အမှား​သေချာမစစ်​လိုက်​ရလို့ အမှားပရပွ ဖြစ်​သွားလို့ ​တောင်းပန်​ပါတယ်​..အရင်​အပိုင်းတုန်းက Yan YiJun မျက်​​မှောင်​ကြုံ့လိုက်​​တော့ Zhang Shen Wei က မျက်​ခုံး​လေးနှစ်​ခုကြားထဲကို လက်​ညိုး​လေးတို့လိုက်​ပြီး "မျက်​​မှောင်​မကြုံ့နဲ့ ​ခေါင်းကိုက်​လိမ့်​မယ်​လို့ " ​ပြောတာ ဖြစ်​ရမှာကို "နှုတ်​ခမ်းနှစ်​ခုကြား လက်​ညိုး​လေးထည့်​လိုက်သလို "မျိုး " မျက်​ခုံးနဲ့ နှုတ်​ခမ်း" မှား​ရေးမိခဲ့ပါတယ်​ 😭 ခုနကမှ သိတယ်​​ပေါ့​နော်​..တခြားအမှား​တေလဲ အများကြီး ဆို​ပေမယ့်​ အဲ့ဒါ ဆိုး​ဆုံးပဲ 😢 အခုလဲ မျက်​စိလျှမ်းလို့ အမှား​တေပါခဲ့ရင်​ ​တောင်းပန်​ပါတယ်​..မြင်​တဲ့သူ​တွေလဲ ​ထောက်​ပြ​ပေးကြပါလို့ 💗 ​ဒီအပိုင်း တိုသွားလို့ ​နောက်​တပိုင်းကို သန်​ဘတ်​ခါ ဒိတ်​​ပေးပါ့မယ်​.. Fic ​လေးကို ဖတ်​​ပေးကြတဲ့သူ​တေ တစ်​​ယောက်​ချင်းကို ​ကျေးဇူးအများကြီးတင်​ပါတယ်​ 😻💗

🌟26.10.2017🌟

🍑Dream-catcherr🍑








Bạn đang đọc truyện trên: Truyen247.Pro