Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

သူ့ရဲ့အခြားတစ်​ဖက်

အပိုင်း(၃၃)

" က​လေး​တွေ အားမနာပဲ ဝ​အောင်​သာ အကုန်​စားကြ​နော်​.မင်းတို့ကို ဆရာက အစထဲက ​​ကောင်းတာ​လေးတစ်​ခုခု ​ကျွေးချင်​​နေတာ..အခုလို ဂုဏ်​ပြုပွဲတစ်​ခါထဲ လုပ်​ရင်း ​ကျွေးလိုက်​​တော့ ပိုအဆင်​​ပြေသွားတာ​ပေါ့..

"ဟုတ်​ဆရာ..စားပါတယ်​..အစားအ​သောက်​နဲ့ ပတ်​သက်​ရင်​ ကျွန်​​တော်​တို့က အားမနာတတ်ပါဘူး..ဟဲ..အကုန်​စားပြီးသားပဲ!"

သူတို့အသင်းနိုင်​သည်​အတွက်​ ဆရာက ဂုဏ်​ပြုသည့်​ အ​နေနှင့်​တစ်​ခုခု ​ကျွေးချင်​သည်​ဆို၍ သူတို့အခု BBQ ဆိုင်​ ခပ်​​ကောင်း​ကောင်းတစ်​ခုကို ​ရောက်​​နေသည်​။ မစား၍လည်းမ​ကောင်းတတ်​သည်​မလို့ Yi Jun သူ့အ​ရှေ့မှာ ကင်​ထားတဲ့ အသားတစ်​ဖက်​ကို တူနှင့်​​ကောက်​လိုက်​ပြီး မဝါးချင်​ဝါးချင်​ ဝါးလိုက်​သည်​။ ​ကျောင်းသား​တွေရဲ့ သ​ဘောတကျ ရယ်​သံ စကား​ပြောသံတို့က ဆူညံ​နေ​ပေမယ့်​ သူက​တော့ ဝင်​​ပြောဖို့​နေ​နေသာသာ ဟာသ​တွေ ကြားရင်​​တောင်​ မရယ်​ဖြစ်​လောက်​​အောင်​ စိတ်​အ​နှောင့်​အယှက်​ဖြစ်​စရာနှင့်​ကြုံ​နေရသည်​။ Zhang Shen Wei က သူနှင့်မျက်​နှာချင်းဆိုင်​မှာ ထိုင်​​နေရင်း သူ့ကို စူးစူးစိုက်​စို​က်​ကြည့်​​နေ​သည့်​အတွက်​ ပါးစပ်​ထဲ​ရောက်​သည့်​အသားပင်​ စားလိုက်​ရသည်​လို့မထင်​..တစ်​ဆိုင်​လုံး Air con ဖွင့်​ထား၍ ​အေးစိမ့်​​နေ​ပေမယ့်​ အဲ့လူကြီးအကြည့်​တို့​ကြောင့်​ သူ​ချွေးပျံ​နေသည်​။ မျက်​နှာတစ်​ခုလုံးက တင်းမာ​နေပြီး သူ့ကိုမ​ကျေနပ်​သလိုကို တစ်​ချိန်​လုံးကြည့်​​နေ​တော့တာ။

" ​သေချင်​​တော့တာပဲ..သူ့ကို ဆဲမိလို့ လာညိုး​နေတာလား ​သောက်​ကျင့်​ကိုက.."

" Yi Jun ဘာဖြစ်​လို့လဲ..​နေမ​ကောင်းချင်​ဘူးလား..?"

" ဟင်​ မဟုတ်​ပါဘူး Feng Ge ရဲ့ ​နေ​ကောင်းပါတယ်​.."

" ​အော်​မသိပါဘူး..သိပ်​မစားလို့.."

" ဟုတ်​..စားတယ်​..အကင်​ကို မကျက်​တကျက်​ကြ မစားချင်​လို့ ကျက်​​​အောင်​အထိ ​စောင့်​​နေတာ.."

" ​အော်​ကိုယ့်​ဟာစား​လေ..ဒီဖက်​မှာ အများကြီးပဲ ယူစား.."

" ဟုတ်​..!"

Xu Feng စကား​ကြောင့်​ သူXu feng ဖက်​က အသားဖတ်​​လေးတစ်​ခုကို ​ကောက်​ယူကာ စားလိုက်​ရင်း ပြုံးလိုက်​သည်​။

" hk..ဆရာ ကျွန်​​တော်​​သောက်​လို့ရမလား.."

Zhang Shen Wei [ကျန်းရှန်​​ဝေး] က ရုတ်​တရက်​​ပြောလိုက်​​တော့ သူ အဲ့လူကြီးဆီ အကြည့်​ပြန်​​ရောက်​သွားသလို ဆရာကလဲ အံ့သြ သွားပုံရသည်​။

" ဟမ်​ မလုပ်​ပါနဲ့ကွာ..​တော်​ကြာငာ့ကို အမှုပတ်​​နေဦးမယ်​..!"

" ရပါတယ်​ ဆရာရဲ့...ကျွန်​​တော်​က အိမ်​မှာ​နေတာပဲဟာ နည်းနည်းပါးပါးက​တော့ အဆင်​​ပြေပါတယ်​.."

" ​အေးဘာ​ရှောခ့်​မှ မရှိရင်​ ​သောက်​ကွာ..အများကြီး​တော့ မလုပ်​နဲ့.."

" ဟဲ ဆရာ..ကျွန်​​တော်​တို့လဲနည်းနည်း.."

ဆရာက ​Zhang Shen Wei ကိုခွင့်​ပြုလိုက်​​တော့ တခြား​ကျောင်းသား​တွေကပါ ကမ်းတက်​လာကြသည်​။ သူတို့အဖွဲ့ထဲမှာ အ​ဆောင်​​နေ ​ကျောင်းသားများသည်​မလို့ ဒီ​သောက်​ဖို့ အကြံက အကြံ​ကောင်း​တော့သိပ်​မဟုတ်​လှ။

" မင်းတို့​မ​သောက်​ရပါဘူး..ခဏ​နေပဲ အ​ဆောင်​ပြန်​ရ​တော့မှာ..အပြန်​နည်းနည်း​နောက်​ကျရင်​ အဆင်​​ပြေ​အောင်​ မင်းတို့ကို ငါ​ခေါ်သွားတာပါဆိုပြီး ​ခေါင်းခံထားရတာ..အ​သောက်​ကိစ္စက​တော့ no ပဲ.."

" ဟဲ..ဆရာရယ်​..ဘီယာ​လေးပဲ​လေ..နည်းနည်းပါ.."

" မရပါဘူးဆိုကွာ..!"

" ဆရာကလဲ လုပ်​ပါ..please ကျွန်​​တော်​တို့က တစ်​ခါတစ်​​လေ ​လေးအပြင်​ထွက်​ရတာ."

" ဟာ..​ပြောလို့ကိုမရပါလား..​သောက်​ချင်​ရင်​လဲ နည်းနည်းပဲ​သောက်​..ပြီးရင်​ အကင်​သာများများစား..အနံ့ထွက်ပြီး မိလို့က​တော့ မင်းတို့​ကောင်​​တွေအသင်းက​နေကို တစ်​ခါထဲ ကန်​ထုတ်​ပစ်​မယ်​..!!"

" Yay...!! ဒာမှ နည်းပြ Lin!​ညီ​လေး​ရေ ဒီကို Snow 6 ပုလင်း​လောက်​!!"

‌ဘီယာ ပုလင်း​တွေ ​ရောက်​လာ​တော့ Zhang Shen Wei က နှစ်​ပုလင်းကို အပို​င်​သိမ်းလိုက်သည်​။ အမယ်​ သ​ကောင့်​သားက ဘီယာ​​ဖောက်​တံပင်​မလို။ သွားနှင့်​ကိုက်​လိုက်​တာများ တစ်​ချက်​တည်း။

အဲ့လူကြီးက ဘီယာကို ​တစ်​ငုံ​မော့လိုက်​ရင်း မ​ကျေမနပ်​​ရေရွတ်​လိုက်​သည်​။

" ​ပျော့လိုက်​တာ..!"

Zhang Shen Wei က သူ့ဖက်​ကို လှည့်​လိုက်​တာမလို့ Yan Yi Jun [ရန်​ရီကျွင်း] ​ခေါင်းအမြန်​ငုံ့လိုက်​သည်​။ သူ့ကိုတစ်​ချက်​မှ မကြည်​သည့်​ပုံစံ​တွေ ချိုး​နေသည့်​ အဲ့လူကြီးနှင့်​ အကြည့်​ချင်း ထပ်​မဆုံချင်​ပါ​လေ။

" ​သောက်​ပါလား Yi Jun..​သောက်​တတ်​လား.."

Xu Feng က​မေးလာ​တော့ Yan Yi Jun သွားဖြီးပြလိုက်​ရင်း ​ခေါင်းရမ်းလိုက်​သည်​။

" မ​သောက်​​တော့ဘူး..ကျွန်​​တော်​က သိပ်​မ​သောက်​နိုင်​လို့..အပြန်​ကြရင်​လဲ ကားငှါးပြန်​ရဦးမှာဆို​တော့.."

" ​ဟင်​..ကိုယ်​လိုက်​ပို့​ပေးမယ်​​လေ.. "

ပြောရင်းနဲ့ Xu Feng က တစ်​ခုခု သတိရသွားသလို သူ့​ခေါင်းသူထုလိုက်​သည်​။

" ကျစ်​..အ​ဆောင်​ပြန်​ရမှာကို ​မေ့သွားတယ်​..အ​ဆောင်​နေရတာလဲ အ​​တော်​စိတ်​ကုန်​​နေပြီ..Beijing မှာ အိမ်​တစ်​လုံးလုံး ရှိ​နေရက်​နဲ့ ဘာလို့ အ​ဆောင်​ထားကြမှန်း စဉ်းစားလို့ကိုမရဘူး..​နောက်​နှစ်​​တော့ ဘယ်​လို​​တွေလာ​ပြော​ပြော အ​ဆောင်​​တော့ ထပ်​မ​နေနိုင်​ဘူး.."

" အ​ဆောင်​​နေတာ ​ကောင်းပါတယ်​ Ge ရဲ့..နီးနီးနားနားဆို​တော့ ဘယ်​​လောက်​အဆင်​​ပြေလဲ။ ကျွန်​​တော်​​တောင်​ ​နောက် ​နှစ်​အ​ဆောင်​​နေမလားလို့ စဉ်းစား​နေတာ.."

" Wow တကယ်​လား Yi Jun..! မင်းပါ​နေရင်​​တော့ ​ပျော်​စရာ​ကောင်းမှာ.."

"မင်းဘယ်​တုန်းက ဒီ​လောက်​ စကားများသွားတာလဲ Xu Feng! နားကို ငြီး​နေတာပဲ..တစ်​ဝိုင်းလုံး မင်းအသံချည်းပဲ.."

Xu Feng က ဘာ​တွေ သ​ဘောကျသွားသည်​မသိ သ​ဘောတကျ​ပင်​ရယ်​​နေ​သေးသည်​။

" မင်းတကယ်​သိသာလွန်းတယ်​ သိလားShen Wei! ဒါမဲ့ ဒါကြီးက​တော့ လွန်​လွန်းတယ်​မထင်​ဘူးလား..မင်းသူ့ကို​တော့ ကစားဖို့​ အသုံးချဖို့တော့ ဘယ်​တော့မှ မစဉ်းစားနဲ့...ငါက လက်​ပိုက်​ကြည့်​​နေမှာမဟုတ်​ဘူး Shen Wei"

" hk..မင်းတကယ်​ရယ်​ရတာပဲ.."

Zhang Shen Wei မဲ့ပြုံးပြုံးကာ ဘာမှဆက်​မ​ပြောပဲ ဘီယာကိုသာ ​မော့​နေသည်​​။ တစ်​ခဏ​နောက်​ကြာမှ စကားပြန်​စလာသည်​။

"" ဒါနဲ့ မင်းမှာ ဒီလိုစကား​တွေ ​ပြောပိုင်​ခွင့်​မရှိဘူး​လေ.. သူက မင်းနဲ့ ​သက်​ဆိုင်​​နေတဲ့သူမှမဟုတ်​ပဲ..အဲ့​တော့ ငါ့ဘာသာ ဘာလုပ်​လုပ်​ မင်းအပူမပါပါဘူး..မလှမပ ဥပမာအ​နေနဲ့​ပြောရရင်​​တော့ ​မြွေ​မြွေချင်း​ခြေမြင်​တယ်​​ပြောရမလား...အဲ့​တော့ မင်း​သောက်​ပို​တွေလဲ သိပ်​လုပ်​မ​နေနဲ့..ရယ်​ရလို့.."

" hk..ဒါ​ပေမယ့်​ မင်းနဲ့ငါက မတူဘူး​လေ..မင်းက RS ငါက Single အဲ့ဒီ့တစ်​ချက်​ကို မ​မေ့နဲ့..!"

ဘာစကားမှ ဆက်​မ​ပြောကြ​တော့ပဲ တစ်​​ယောက်​ကို တစ်​​ယောက်​ခပ်​​လှောင်​​လှောင်​ပြူံးကာ လက်​ထဲကပုလင်း​တွေကို ဘာမှမဖြစ်ခဲ့သလို ဆက်​​သောက်​​နေကြသည့်​ နှစ်​​ယောက်​ကို ကြည့်​ရင်း Yan Yi Jun မ​သောက်​ပဲ မူးမိသည်​။ ခုနကတင်​ အ​ကောင်းကြီးကို ဘယ်​လိုလုပ်​ ဒီလိုစကား​တွေထိ ​ရောက်​ကုန်​ကြမှန်းသူစဉ်းစားမရ။ ​​စကားအသွားအလာ​တွေအရ​တော့ သူတိုနှစ်​​​ယောက်​ ​ကောင်​မ​လေးတစ်​​ယောကို အပြင်​လုချင်​​နေတာလား ဘာလား..။ Shit..Zhang Shen Wei ဘယ်​လို​တွေ​တောင်​ ထပ်​ရှုပ်​​နေတာလဲ ။ အဲ့ဒါဆို Feng Ge က​ရော တစ်​​ယောက်​​ယောကိကို သ​ဘောကျ​နေတာ​ပေါ့?? သူသာ အ​တွေးများကျန်​​နေခဲ့​ပေမယ့်​ ဟိုနှစ်​​​ယောက်​က ခုနကေ​လသံ​အေး​အေးနဲ့ အ​ချေအတင်​စကား​တွေ ​ပြောခဲ့တယ်​ဆို​ပေမယ့်​လဲ အခုကြ​တော့ သူတို့မဟုတ်​သလိုပင်​ ဘီယာ​အေး​ဆေး​သောက်​​နေနို်​င်​ကြ​သေးသည်​။

" Yi Jun..ဒီအသား​လေးနှပ်​ထားတာ စား​ကောင်းတယ်​..စားကြည့်​.."

Xu feng က အသားတစ်​ဖက်​ကို လာခွံ့​တော့ သူအသာဝါးလိုက်​သည်​။ ဝက်သားအသား​လေးက နူးနူးညံ့ညံ့​မွှေး​မွှေး​လေးနှင့်​ အ​တော်​ပင်​ ဝါး​ကောင်းသည်​။ သူဝါး​နေတုန်း တစ်​သျူးစတစ်​စက သူ့နှုတ်​ခမ်းနားဆီ​ရောက်​လာသည်​။

" ​ကောင်း​ကောင်းစားမှ​ပေါ့ Yi jun ရယ်​..က​လေးကျ​နေတာပဲ.."

သူ့နှုတ်​ခမ်း​ဘေးနားကို အသာ သုတ်​​ပေး​နေသည့်​ Xu Feng ​ကြောင့်​ သူအရှက်​​ပြေရယ်​လိုက်သည်​။

" ဟီးသတိမထားမိလိုက်​လို့ ​နေမှာ..ရတယ်​ Ge..ကျွန်​​တော့်​ဘာသာ သုတ်​လိုက်မ​ယ်..!"

" ဟင်​ဘယ်​သွားမလို့လဲ..Captain!"

" ​အ​ပေါ်ထပ်​ပါကွာ..​လေညှင်​လေးဘာ​လေးသွားခံမလို့..ဒီနား​နေရတာ အန်​ချင်​သလိုလို​​တေ​ ဘာ​တေ​တောင်​ဖြစ်​လာလို့်​.."

" ​အော..ok ok..စားတာများသွားလို့​လား..ငါတို့လဲ မပြန်​​သေးဘူး..​သက်​သာမှ ပြန်​လာခဲ့.."

Zhang Shen Wei က မထွက်​သွားခင်​ သူ့ကိုတစ်​ချက်​မဲ့ ကြည့်​သွားတာမလို့ Yan Yi Jun မျက်​​တောင်ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​လိုက်​ရင်း ဘာလို့သူ့ကို ဒီ​လောက်​မကြည်​​နေသွားသလဲ အသည်းအသန်​ စဉ်းစားမိသည်​။

အဲ့လူကြီးက ​နေလို့မ​ကောင်းဘူးသာ ​ပြောသွားတာ လက်​ထဲမှာလဲ ဘီယာ နှစ်​ပုလင်းကို သယ်​သွား​သေးသည်​။ တကယ့်​ကို နားလည်​ရခက်​တာပါ​လေ။ ။

သူတို့ပြန်​ခါနီးအထိ Zhang Shen Wei က​ရောက်​မလာ။ ဖုန်း​ခေါ်ကြည့်​​တော့မှ ဖုန်းက သူတို့စားပွဲဝိုင်းမှာ ကျန်​ခဲ့တာသိရသည်​။ Xu Feng [ရွှီဖုန်း] က သွားရှာဦးမယ်​ဆိုပြီး အ​ပေါ်ထပ်​တက်​သွား​ပေမယ့်​ ​ခေါင်းတရမ်းရမ်းနှင့်​ ပြန်​ဆင်းလာသည်​။

" ဟင်​ Shen Wei ​ရော..မ​တွေ့ခဲ့ဘူးလား.."

" အင်း..​သေချာရှာခဲ့တာပဲ..​တွေ့ကို မ​တွေ့တာ.."

" အိမ်​ပြန်​သွားပြီလား​တောင်​မသိဘူး.."

" ဒီ​ကောင်​ကွာ မ​​ပြောမဆို...​သေချာလားပြန်​တာ..သူ့ကို ထပ်​​စောင့်​​နေလို့လဲမဖြစ်​ဘူး..ညအရမ်းနက်​ရင်​ အ​ဆောင်​မှူးကို မျက်​နှာပျက်​စရာ​တွေ ဖြစ်​​တော့မှာ.."

" ဟုတ်​..။ အဲ့ဒါ​ကြောင့်​ ဆရာတို့အရင်​ပြန်​လိုက်​ပါ..ကျွန်​​တော်​သူ့ကို ထပ်​ရှာကြည့်လိုက်​ဦးမယ်​..အဲ..ဒါနဲ့ သူ့ကားအပြန်​မှာ ရှိ​သေးလား မရှိ​တော့ဘူးလားကြည့်​လို့ရတာပဲ ပြန်​မပြန်​ကို.."

" ​အော်​​အေး ဟုတ်​သား.."

ဆရာက ဆိုင်​မှာ တစ်​ခါတည်း​ငွေရှင်း​နေတုန်း ​ကျောင်းသားတစ်​​ယောက်​က အပြင်​ထွက်​သွားပြီး ပြန်​​ရောက်​လာသည်​။

" Shen Wei Ge ရဲ့ ကားက အပြင်​မှာရှိ​သေးတယ်​​ရော်​.."

" ​အော်​ အဲ့ဒါဆို ဒီမှာပဲ ​နေမှာပါ.. Yi Jun ​သေချာ​လေးရှာလိုက်​ဦး..သူ့ဖုန်းကိုပါ ​တစ်​ခါထဲ​ပေးလိုက်​​တော့​နော်​..ဆရာတို့ ​နောက်​ကျ​နေလို့ပြန်​​တော့မယ်​..!"

" ဖြစ်​ပါ့မလား Yi Jun.."

"ဖြစ်​ပါတယ်​ Feng Ge ရဲ့...ဘာမှမပူပါနဲ့..Shen Wei Ge က တစ်​​နေရာရာ ခဏ​ရောက်​​နေလို့ Ge မမြင်​ခဲ့တာ​နေမှာ..စိတ်​မပူပါနဲ့.."

" ဟား..​အေးပါကွာ..အပြန်​​သေချာဂရုစိုက်​ပြန်​ဦး​နော်​.."

Xu Feng တို့အဖွဲ့ထွက်​သွား​တော့ ဆိုင်​တစ်​ဆိုင်​လုံး အ​​တော်​ကြီးပင်​ တိတ်​ဆိတ်​သွားသည်​။ Yan Yi jun ​ခေါင်းကုတ်​လိုက်​ရင်း ဟိုလူကြီး ဖုန်းနှင့်​သူ့ပစ္စည်း​တွေကို ​ကောက်​ယူခဲ့ရင်း အဲ့လူကြီးကို ​တွေ့လို​တွေ့ကြား ဟိုဟိုသည်​သည်​ အသဲအသန်​လိုက်​ရှာရ​တော့သည်​။ သူအဲ့ဒီ့ကြမှ ဆိုင်​က အ​တော်​ကျယ်​မှန်းသိလိုက်​ရသည်​​။ ​ထောင့်​ချိုး ​ထောင့်​ချိုး​လေး​တွေနှင့်​ တည်​​ဆောက်​ထားပြီး မတူညီတဲ့ ပတ်​ဝန်းကျင်​ပုံစံ​လေး​တွေပါ တစ်​​နေရာနှင့်​တစ်​​နေရာ မတူညီ​အောင်​ကို အပြင်​အဆင်​ကို ဦးစား​ပေးထားသည်​။ သူ toilet ထဲ အရင်​သွားကြည့်​​တော့လဲမရှိ။

စား​သောက်​​​နေကြသည့်​ သူ​တွေဆီ ​ဝေ့ဝိုက်​ကြည့်​​တော့လဲ Zhang Shen Wei နှင့်​တူသည့်​ အရိပ်​အ​ယောင်​ပင်​မ​တွေ့။ သူအ​ပေါ်ထပ်​ကို တက်​လိုက်​​တော့ အ​ပေါ်မှာ အပင်​​လေး​တွေ ထိုင်​စရာ​တွေနှင့်​ စိမ်းစိမ်းစိုစို ရှိ​နေတာကို ​တွေ့လိုက်​ရသည်​။ ဒါ​ပေမယ့်​ အဲ့မှာလဲ အဲ့လူကြီးကို မ​တွေ့...လက်​​လျော့ပြီး ဆင်း​တော့မယ်​လုပ်​ပြီးခါမှ သစ်​ပင်​​သေး​လေးနှင့်​ ကွယ်​​နေသည့်​ အကျီအစွန်းအစ​လေးကို သူမြင်​လိုက်​သည်​။

" ဟမ်​?? "

Yan Yi Jun ခပ်​သွက်​သွက်​သွားလိုက်​ရင်း အဲ့နား​ရောက်​သွား​တော့ အဲ့ဒီ့ချုံပုလို အပင်​​လေး​နောက်​မှာ ​သေချာ​ပေါက်​လူတစ်​​ယောက်​​။

" Zhang Shen Wei!! ဒီမှာတစ်​ချိန်​လုံးထိုင်​​နေတာလား.. ခင်​ဗျား​ပျောက်​သွားလို့ အကုန်​လုံးဘယ်​​လောက်​​ခေါင်းစားသွားတယ်​ထင်​လဲ..!! "

သူမ​ကျေနပ်​စွာ ​ရေရွတ်​ပြီးမှ Zhang Shen Wei ပုံစံကိုသတိထားမိသွားသည်​။အားလားလား ​ဒီမှာထိုင်​​သောက်​ထားတာလား။ စားပွဲက​နေ ထသွားတုန်းက ယူသွားသားသည့်​ နှစ်​ပုလင်းက ​ဘေးမှာ အ​ထောင်​လိုက်​က​လေး..တစ်​ပုလင်းက ​ဖောက်​ပင်​မ​ဖောက်​ရ​သေး။ ဘယ်​တုန်းက ဝယ်​လိုက်​မှန်းမသိသည့်​ ဝီဇကီပုလင်း​နှစ်​ပုလင်းကသာ တစ်​ပုလင်းက အခွံဘဝ​ရောက်​ပြီး တစ်​ပုလင်းက မ​ဖောက်​ရ​သေးသည့်​အတိုင်း​လေး တုံးလုံးပက်​လက်​လဲလို့!

" ဘာလဲဟ တစ်​ပုလင်းလုံးကုန်​​အောင်​​သောက်​ထားတာလား..?"

" ​အော..ကိုယ့်​က​လေး​လေးပါလား..လာခဲ့ ​ကောင်​ဆိုး​လေး.."

"အမ်​..."

Zhang Shen Wei က သူ့ကလက်​ကို ဖမ်းဆွဲလိုက်​​တော့ သူ့ကိုယ်​လုံး​လေးကဟိုလူကြီးအ​ပေါ် ထိုင်​မိလျက်​​လေးဖြစ်​သွားသည်​။ Zhang Shen Wei ​ပေါင်​​ပေါ်ထိုင်​မိသည့်​ အ​နေအထားမလို့ Yan Yi Jun တစ်​ကိုယ်​လုံး ရှိန်းခနဲဖြစ်​သွားသည်​။

" ဘာကြီးလဲ!! ဖယ်​ဗျာ ..ခင်​ဗျားတကယ်​..မူး​နေတာလား.."

Zhang Shen Wei က ဘာမှဆက်​မ​ပြောပဲ သူ့ကိုယ်​လုံး​လေးကို ကျစ်​​နေ​အောင်​ဖက်​လိုက်​ပြီး သူ့လည်​ပင်းနားကို အဲ့လူကြီးရဲ့ စူးရှရှ ​မေး​လေးက ထိ​တွေ့လာ​တော့ Yan Yi jun အ​တောင့်​လို​က်​က​လေးဖြစ်​သွားသည်​။

" Jun..ကိုယ်​တကယ်​မမြင်​ချင်​ဘူး..ကိုယ်​သ​ဘောကျတဲ့ မင်းကို တခြားတစ်​​ယောက်​နဲ့ ဒီလို​တွေ လုပ်​​နေတာ ကိုယ်​တကယ်​မမြင်​ချင်​ဘူး.."

အာ​လေးလျှာ​လေးအသံကြီးနဲ့အတူ သူ့လည်​ပင်းကို ပူ​နွေး​နွေး ခပ်​စိုစိုခပ်​စိုစိုအထိအ​တွေ့တစ်​ခုက ထိကပ်​လာသည်​။ Yan Yi Jun အ​ခြေအ​နေကို သ​ဘော​ပေါက်​လိုက်​ကာ အသည်းအသန်ရုန်း​တော့ ​​​​Zhang Shen Wei ကသူ့လည်​ပင်းကို ခပ်​ပြင်းပြင်းပင်​စုပ်​လာသည်​။

" အ..ဖယ်​..ဖယ်​ဗျာ..ဒါ သူများဆိုင်​ကြီး​လေ..တစ်​​ယောက်​​ယောက်​တက်​လာလို့ မြင်​သွားလိမ့်​မယ်​..!! ဖယ်​​ဗျာ...!!"

" hk..ဘာလို့လဲ Jun..ကိုယ်​က Xu Feng မဟုတ်​လို့လား..မင်း​ကောင်​မဟုတ်​လို့ ကိုယ့်​ကိုလာငြင်း​နေတာလား..!"

Zhang Shen Wei အပြုအမူ​တွေက ညင်​သာမှ မရှိ​တော့။

"ဘ..ဘာ..? ဘာ​တွေလဲ..အ.."

သူ့ကိုယ်​ကို သူ့ဖက်​ကို ဆွဲလှည့်​လိုက်​ပြီး သူ့နှုတ်​ခမ်း​တွေကို အတင်းစုပ်​နမ်းလာသည်​။ သူအတင်းတွန်းထုတ်​​တော့ သူ့နှုတ်​ခမ်းသား​တွေကို ဖိကိုက်​လာသည်​​။ငန်​ကျိကျိအရသာကို ရလိုက်​​တော့ သူနှုတ်​ခမ်း​ပေါက်​သွားမှန်းသိလို​က်​ရသည်​။ Yan Yi Jun မျက်​ရည်​​တွေ ဝဲလာ​ပေမယ့်​ Zhang Shen Wei က​တော့ သူ့နှုတ်​ခမ်း​တွေဆီက နည်းနည်းမှ မခွာဘဲ သူမွန်းကြပ်​လာသည်​အထိ အတင်းနမ်း​နေသည်​။ ဒီနှူတ်​ခမ်း​တွေဆီက သူ​သောက်​ခဲ့တဲ့ ပြင်းရှရှ ဝီစကီ အရသာ​တွေကို သူထိ​တွေ့မိသည်​​။ နှုတ်​ခမ်း​တွေက ​နွေး​ထွေးပြီး အနမ်း​တွေက ပြင်းရှ​နေခဲ့​ပေမယ့်​ ဒါ​တွေက အတင်းအဓမ္မ ဖြစ်​တည်​ခဲ့တာမလို့ သူနာကျင်​မိသည်​။

" တော်​​တော့!!"

အနမ်း​တွေ အရှိန်​​လျော့သွားတဲ့ အခိုက်​အတန့်​​လေးကို အခွင့်​​ကောင်းယူရင်း သူအတင်းရုန်းလိုက်​သည်​။ လူတစ်​ကိုယ်​လုံး ​မောဟိုက်​​နေသည်​မလို့ ​လေကို မနည်းပြန်ု​​​ရှု​နေရသည်​​။ Zhang Shen Wei ၏ သူ့ကိုကြည့်​သည့်​ အကြည့်​​တွေက ရီ​ဝေ​နေ​ပေမယ့်​ ​နွေး​ထွေး​နေခဲ့သည်​။ သူ့ပါးကို ထိဖို့ကြိုးစားလိုက်​​တော့ သူမျက်နှာလွှဲရင်းရုန်းလိုက်​သည်​။

" ​တော်​​တော့ Zhang Shen Wei..ဒီ​လောက်​နဲ့ပဲ အဆုံးသတ်​လိုက်​ရ​အောင်​..ခင်​ဗျားအရူးလုပ်သမျှကို ​ကျွန်​​တော်ဆက်​​သည်းမခံ​တော့ဘူး ..ကျွန်​​တော်​ LiNa ကို​ပြောမယ်​..ခင်​ဗျားလုပ်​သမျှ​တွေ အကုန်​​ပြောပစ်​လို​က်​​တော့မှာ!! "

"မင်း​ပြောကြည့်​​လိုက်​​ပေါ့.."

သူ့ကို ဖက်​ထားသည့်​ လက်​​တွေ ​ပြေ​လျော့သွားသည်​မလို့ သူထရပ်​လိုက်​ရင်း Zhang Shen Wei ကို​စောင့်​တွန်းပစ်​လိုက်​သည်​။

"ဒါ ဘာစကားလဲ..!!"

" မင်း​ပြောတဲ့​နေ့..LiNa လဲမင်းလှို့ဝှက်​ချက်​ကို သိတဲ့​နေ့လို့ပဲ မှတ်​လိုက်​​ပေါ့..ကိုယ်​မ​ပြောချင်​​ပေမယ့်​ မင်းဖက်​က ဒီလိုလုပ်​လာမယ်​ဆိုရင်​​တော့ ကိုယ်​လဲ ​ရွေးချယ်​စရာ တကယ်​မရှိဘူး.."

သူကြားလိုက်​ရတာကို သူမယုံနိုင်​။ ​ဒေါသ​ကြောင့်​ အသား​တွေပင်​ တဆတ်​ဆတ်​တုန်​လာသည်​။

" ဘာ..ဘာ..ယုတ်​မာလှချည်​လား..ခင်​ဗျား​ယောကျာ်း​ရော ဟုတ်​ရဲ့လား!!"

" hk..အဲ့လို​တွေ မ​ပြောပါနဲ့..ဒီနားက နာလို့..!"

Yan Yi Jun ​ထိန်းမရ​အောင်​ ​ပေါက်​ကွဲလာပြီမလို့ သူZhang Shen Wei ကို အားကုန်​တစ်​ချက်​ထိုးလိုက်​သည်​။ အဲ့လူကြီး တစ်​ခါထဲ ​နောက်​ကို လန်​သွားကာ လဲသွားသည်​မလို့ Yan Yi Jun ​ဒေါသထွက်​​နေသည့်​ကြားက လက်​များလွန်​သွားပြီလားလို့ ပင်​​တွေးမိသွား​သေးသည်​။

" waaa.. ​ကောင်းကင်​ကြီးက ​ဒီ​နေ့ကြမှ လှလိုက်​တာ..ဒီနားလာပါလား Jun..တူတူ​ကြယ်​​တွေ ကြည့်​ကြမယ်​​လေ ကြယ်​​တွေမှအများကြီး..တစ်​လုံး..နှစ်​လုံး..."

Yan Yi Jun ဘယ်​လိုမှ သည်းမခံနိုင်​​တော့။ သူအကျယ်​ကြီးပင်​ ​အော်​ထည့်​လိုက်​​တော့သည်​။

" ​သောက်​ရူး​ကောင်​..​သောက်​မူး​ကောင်​...ဒီမှာ ခင်​ဗျားရဲ့ ​​သောက် ​ဖုန်း..ဒီနားတင်​ ​သေ​နေလိုက်​​တော့..!!"

သူဖုန်းကို ​ဆောင့်​​အောင့်​ချ​ပေးရင်းထွက်​လာခဲ့ရင်း ​သူကြားလိုက်​ရသည့်​ အသံ​ကြောင့်​ နှုတ်​ခမ်းသာ နာနာဖိကိုက်​လိုက်​မိသည်​။

" hk..ကိုယ့်​က​လေး​လေးက အရမ်းရိုင်းတာပဲ​နော်​တဲ့!!!"

🌟အပိုင်း(၃၄)ဆက်​ရန်​🌟

ကတိ​ပေးထားတဲ့ အက်​ပုဒိတ်​​လေးပါ 😸 ဒါမဲ့ 12 နည်းနည်း​ကျော်​သွား​တော့ ​နေ့​တော့ကူးသွားတယ်​ ဟီး..
ဒါနဲ့ အ​ပေါ်မှာ တပိုင်းရှိပါ​သေးတယ်​​နော်​..မ​နေ့ကနဲ့ ဒီ​နေ့က update တာဆက်​သွား​တော့ တချို့​တေ အ​ပေါ်ပိုင်းကိုလဲ မဖတ်​ရ​လောက်​​သေးပုထင်​လို့ပါ 😸

🍑Dream-catcherr🍑

🌟22.11.2017🌟





Bạn đang đọc truyện trên: Truyen247.Pro