သူငယ်ချင်းအဆောင်သို့အလည်တစ်ခေါက်
အပိုင်း (၇)
ကျောင်းတက်လာတာ တစ်ပတ်ကျော်လောက်ရှိတော့ Yan Yi Jun တစ်ယောက် Li hong Yi [လီဟုန်ရိ]နှင့်အတော်လေးပင် ရင်းနှီးလာသည်။ Li Na တို့အဖွဲ့က သူ့ရဲ့အေးအေးဆေးဆေးနေတတ်တဲ့ ပုံစံနှင့် အတော်လေးပင် မကိုက်တဲ့အပြင် Zhang Shen Wei ပါ ရှိနေသည့်အတွက် သူ Li Hong Yi နှင့်သာ ပို၍ အချိန်ကုန်ဖြစ်သည်။
" Yi Jun.. ငါ 02 စာအုပ်ကျန်ခဲ့လို့ အဆောင်သွားယူမလို့ လိုက်ခဲ့ပါလား.."
နောက်တစ်ချိန်မဝင်ချိန် အားနေသည့်အချိန်ဖြစ်သည့်အတွက် သူသီချင်းနားထောင်နေတုန်း Li Hong Yi က သူ့ကို လက်တို့၍ မေးလာသည်။
" အင်း..လိုက်ခဲ့မယ်လေ..ငါလဲ မင်းအဆောင်မရောက်ဖူးသေးတာနဲ့ အတော်ပဲ.."
" မင်းတစ်ယောက်ထဲ နေရတာ အဆင်ပြေရဲ့လား.. အဆောင်လာနေရင်နေပါလား.အခန်းလွတ်တွေ ကျန်သေးတယ်..."
" ရပါတယ်ကွာ..တစ်ယောက်ထဲဆိုတော့ နည်းနည်းတော့ ပျင်းပေမယ့် နေရတာ အဆင်ပြေပါတယ်..."
" Beijing မှာ အမျိုးတွေ မရှိဘူးလား.. "
" ဆိုပါတော့.. "
ကျောင်းနောက်ဖက် က ယောကျာ်းလေးအဆောင် ဖက်တွေဆီရောက်တော့ ဝရံဒါမှာလှန်းထားတဲ့ အဝတ်တွေရဲ့ အစီအရီ မြင်ကွင်းက သူ့မြင်ကွင်းထဲ တိုးဝင်လာသည်။
"အလဲ့.. အဝတ်တွေ လှန်းထားတာ ညီနေတာပဲ.."
" အေးမညီလို့လဲ မရဘူးလေ..ဒီက အဆောင်မှူးက အရမ်းဇီဇာကြောင်တာ..အဝတ်လှန်းရင်လဲ ဖြစ်သလို လှန်းလို့မရဘူး..ပြီးတော့ ခြောက်ရက်သားနဲ့ မရုတ်ပဲ ဝရံဒာမှာ ဒီအတိုင်းထားလို့လဲ မရဘူး..ဘယ်လို မှန်ကိုမသိတာ..အသေးအဖွဲတွေက အစ လာစည်းကမ်းထားနေတာ.."
" ကျောင်းအဆောင်တွေက အဲ့ဒါပဲ.. အဲ့လိုကြီးတော့ မနေချင်ပါဘူး.."
" ကိုယ်ပိုင်တိုက်ခန်းလေးနဲ့ သူကတော့ ပြောအားရှိတာပေါ့လေ.. ငါတို့ကတော့ မနေချင်လဲ ဖျစ်ညစ်နေရုံပဲ.."
မဲ့ရွဲ့ကာပြောနေသည့် Li hong Yi ကြောင့် Yan Yi Jun [ရန်ရီကျွင်း] ရယ်လိုက်သည်။
" မနှစ်ထဲက အဆောင်နေတာလား.."
" Omm..ဟုတ်တယ်..ငါက Qingdao ကလေ..."
" အော်.. Qingdao လား.."
Yan Yi Jun အသံတိုးဝင်သွားသည်။ သူငယ်ဘဝကို ပင်လယ်ပြာကြီးနဲ့ ပထမဆုံးရင်းနှီးစေခဲ့သည့်မြို့. အဆုံးမရှိသော ပင်လယ်ပြာကြီးကို ချစ်တတ်မြတ်နိုးတတ်လာအောင် သင်ပေးခဲ့သော မြို့ .. ပြီးတော့ သူနောက်တစ်ကြိမ်ထပ်မတွေ့ပါရပါစေနဲ့ လို့တောင် ဆုတောင်းမိခဲ့တဲ့ သူမုန်းမိသော မိန်းမတစ်ယောက်ရဲ့ မွေးဖွားရာမြို့...သူအခု Beijing မှာပဲလား..ဒါမှမဟုတ် Qingdao ကို ပြန်သွားပြီလား..သူ..သူမအကြောင်းမတွေးချင်ပေမယ့် တစ်ခာတစ်လေတော့ သူမအကြောင်းတွေက မဖိတ်ခေါ်ရပဲ ခေါင်းထဲရောက်ရောက်လာတတ်သည်။
" သားနဲ့ ယောကျာ်းကိုတောင် တစ်ချက်မငဲ့ပဲ ခင်ဗျားအတ္တကြီးခဲ့တာပဲ..ခင်ဗျားသေချာပေါက်ပျော်နေမှာပေါ့နော်.."
သူတွေးလိုက်ရင်းနာကျင်စွာပြုံးလိုက်သည်။ မမှတ်မိချင်တော့တဲ့ အတိတ်တွေကို ဦးနှောက်ထဲက ထာဝရပျေက်ကွယ်သွားအောင် ဖျက်ပစ်လို့ရ ရင်သိပ်ကောင်းမှာပဲ..
" mama တို့က အဲ့မှာ ပင်လယ်စာ ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်လေ.. Qingdao ရောက်ဖူးလား Yi Jun.. ကမ်းခြေတွေနဲ့ ပင်လယ်ကြီးနဲ့ အရမ်းသာယာတာ.. နောက်တစ်ခေါက်ကျောင်းပိတ်ရင် လိုက်လည်ပါ့လား.. ငါအနှံ့လိုက်ပို့ပေးမယ်.."
သူ Li Hong Yi [လီဟုန်ရိ] စကားကို အပြုံးတစ်ခုနှင့်သာ တုန့်ပြန်လိုက်သည်။
" မနှစ်က အခန်းဖော်က ညဆို တော်တော်နဲ့ မအိပ်ဘူး.. ဘာတွေ လုပ်ရမှန်းကို မသိဘူး..နှစ်ထပ်ကုတင်ဆိုတော့ သူလှုပ်လိုက်တိုင်း ငါကအမြဲသိနေတာ..အဲ့ဒါကြောင့်များ အူအတက်ပေါက်သလားမသိပါဘူး.. haha.."
" ငင့် ဘာမှလဲ မဆိုင်ဘူး..."
" haha.."
အခန်တံခါးကို သောဖွင့်လိုက်တော့ ကျဉ်းပေမယ့် နေချင်စဖွယ်ရှိသည့် အခန်းလေးက မြင်ကွင်းထဲဝင်လာသည်။ နှစ်ထပ်ကုတင်တစ်လုံးက အခန်းထောင့်မှာရှိနေပြီး.. စာကြည့်စားပွဲနှစ်ခု..ဗီရိုတစ်လုံးရယ် စင်တစ်စင်ရယ်ကသူနေ့ရာနှင့်သူ အဆင်ပြေနေသည်။
" အခန်းက ထင်ထားတာထက် ကျယ်တာပဲ..ဗီရိုက တစ်လုံးထဲကို ဘယ်လို ခွဲထည့်တာလဲ.."
" သူသုံးကန့် ငါသုံးကန့်လေ..ကျန်တဲ့ မဆံ့တဲ့အဝတ်တော့..ဟို ကော်ပုံးထဲမှာပဲ ထည့်တယ်..ကဲ.. Yi Jun ထိုင်ဦးနော်.. အောက်က ငါ့အိပ်ရာပဲ.. "
သူ ကုတင်ပေါ်ထိုင်လိုက်ရင်း မနက်က သေချာခေါက်ခဲ့ပုံမရတဲ့ Li Hong Yi ရဲ့ စောင်ကို သေချာပြန်ခေါက်ပေးနေလိုက်သည်။
" အခု..အခန်းဖော်ကရော အဆင်ပြေရဲ့လား.."
" omm...မဆိုးပါဘူး..ပုံစံကြည့်ရတာတော့ စာဂျပိုးပုံစံပဲ.. ညနက်တွေထိ စာကျက်ရင်တော့ ငါတော့ သေပြီဆရာပဲ..စိတ်တိုင်းကျ အခန်းဖော်ရဖို့ဆိုတာကလဲ ထီပေါက်ဖို့ထက် ခက်မယ်ထင်တယ်..မင်းနဲ့ ဆိုရင်တော့ ငါအဆင်ပြေမှာ..လာနေပါလား Yi Jun.. ငါ သေချာဂရုစိုက်မယ်လေ.."
Yan Yi Jun နှာခေါင်းတစ်ချက်ရှုံလိုက်တာ..
" ဆုတောင်း.. ငါနဲ့ အဆင်ပြေမယ်လို့ သေချာနေတယ်ပေါ့လေ.. ငါ့မှာ မင်းမသိတာတွေ အများမှ အများကြီး.. ပီးမှ မနေနိုင်တော့ပါဘူးဆိုပီး ငါ့ကို အခန်းထဲက ကန်ထုတ်ရင် ငါဘယ်လိုလုပ်မလဲ.."
" ရတယ်...မင်းဆို ဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေတယ်.. စာဂျပိုးရယ် ဆော်နဲ့ ညနက်တဲ့ အထိ ဖုန်းပြောမယ့်သူ မဟုတ်ရင်ပြီးတာပဲ.. အဲ့နှစ်မျိုးဆိုရင်တော့ ငါကိုယ်တိုင် အိမ်ပြန်လိုက်ပို့မယ်.. haha.."
" အရူးကောင်."
" ထမင်းစားမလား..Yi Jun.. မနက်က ထမင်းနည်းနည်းနဲ့ အိမ်က ပို့ထားတဲ့ အခြောက်ကြော်တွေရယ်.. သခွားသီးချဉ်ရယ် ရှိတယ်..."
" သခွားသီးချဉ်လား.."
သခွားသီးချဉ်ဆိုတာ့ သူနည်းနည်းစိတ်ဝင်စားသွားသည်။ သူက သခွားသီးတို့ ခါကြက်ဥတို့ဆိုလျှင် ဒီအတိုင်းစားရတာကိုပင် အတော်သဘောကျသည်။
" mama က နှစ်ဗူးတောင် ပို့ထားတာ.. ရော့..မြည့်ကြည့်.. mama က ဟင်းချက်အရမ်းကောင်းတာ..တစ်ခါထဲ သဘောကျသွားစေရမယ်.."
ဘူးထဲက ငရုတ်သီးအနှစ်တွေရယ်..ကြက်သွန်မြိတ်လေးတွေရယ်နဲ့ ရဲရဲလေးနဲ့ လှနေတဲ့ အခွားအရှည်သီး အသေးတစ်ခုကို ယူလိုက်ရင်း Yi Jun တစ်ကိုက် ကိုက်လိုက်သည်။ သခွားသီးက ဝါးလိုက်တိုင်း တကျွတ်ကျွတ်နှင့် နေသေးသည့်အပြင်..အနှစ်က အစပ်အဟပ် တည့်သည့်အတွက် အတော်စားကောင်းလှသည်။
" ommm...အတော်စားကောင်းတာပဲ.. တည်ထားတာ..မကြာသေးဘူးထင်တယ်.."
သူတကျွတ်ကျွတ်ဝနေရင်း ပါးစပ်က အရသာက ဘယ်လိုဘယ်ညာ ဖြစ်ကြောင်း သူစားဖူးတဲ့ အရင် သခွားချဉ်တွေက ဘယ်လိုဖြစ်ကြောင်း အစားဒီဍာ ချဲ့နေတဲ့ Yi Jun ကို ကြည့်ရင်း Li Hong Yi ပြုံးမိသည်။
" အခုပုံစံလေးက မိန်းကလေးနဲ့ အတော်တူတယ်သိလား.."
Li Hong Yi စကားကြောင့် YiJun ဝါးနေတာ ရပ်သွားရင်း သူမျက်စောင်းထိုးလိုက်သည်။
" အဲ့တော့..."
" ဟင်.. မိန်းကလေးနဲ့ တူတယ်လို့ပြောတာကို စိတ်မဆိုးဘူးလား.."
" ပြောခံရပါများလို့ အရေထူသွားတာနေမှာပေါ့..LA က ငါ့သူငယ်ချင်းဆို ငါ့ကိုကြည့်ရင်း ဒါပဲ အမြဲထိုင်ပြောနေတာ..ကြာလာတော မထူးဆန်းတော့ဘူး.."
" တကယ်တူတာ.. Wáng zi yú (ဝမ်ဇီယွီ) ထက်ကို ပိုချစ်စရာကောင်းတယ်.."
" ဒါတော့ နည်နည်းများသွားပြီ.. နေပါဦး..အဲ့ဒါက ဘယ်သူလဲ.."
"ငါ့ Crush..haha.."
သခွားချဉ်ဘူးကြီးသယ်လာတဲ့ သူ့ကို လူတွေက ကွက်ကြည့်ကွက်ကြည့် လုပ်ရင်း ရယ်သွားကြတော့ Yan Yi Jun [ရန်ရီကျွင်း] ရှက်စပြုလာသည်။
" မင်းကလဲ ဘာလို့အများကြီး ထည့်ပေးလိုက်တာလဲ..အခုတော့ ဟိုထဲ ထည့်ဖွက်မရ..ဒီထဲ ထည့်ဖွက်မရနဲ့.."
" ထည့်ပေး တုန်းကကြတော့ ပြုံးပြုံး ..ပြုံးပြုံးနဲ့ ဘာမှမပြောပဲနဲ့များ.."
Li Hong Yi စကားကြောင့် Yan Yi Jun မျက်နှာရဲ ခနဲဖြစ်သွားသည်။ ဟုတ်သည်။ ထည့်ပေးနေတုန်းက စားမယ်ဆိုတဲ့ အတွေးပဲ ရှိပြီး ဒီဘူးကို သူဘယ်လိုသယ်မယ်ဆိုတဲ့ အတွေးက တစ်စက်ကလေးပင် ခေါင်းထဲ ရောက်မလာခဲ့..
"ပေးပေး ဒီကိုပေး....ငါပဲ သယ်ခဲ့မယ်..မျက်နှာကလဲ ခရမ်းချဉ်သီးဖြစ်နေပြီ.."
" ရတယ်..ငါ့ဘာသာ သယ်မယ်.."
" ဘာလဲ စိတ်ဆိုးတာလား.."
Yan Yi Jun လက်ထဲက ဗူးကို အတင်းပိုက်ထားရင်း မျက်နှာကို တင်းထားလိုက်သည်။ သူခပ်တည်တည် လျှောက်နေရင်း..ရှေ့မှာလာနေတဲ့ Li Na ရဲ့ သူငယ်ချင်းမသုံးယောက်ကို မြင်တော့ သူ ချွေးပင်ပျံချင်လာသည်။ အရင်နေ့တွေက Li Na မိတ်ဆက်ပေးထား၍ သူတို့နှင့်သူ မျက်မှန်းတန်းမိနေသည်။ ကောင်မလေးတွေက Li Na လိုပင် ခေတ်ဆန်ဆန်..ခပ်ဟော့ဝေါ့ ပုံစံများပင်ဖြစ်သလို ဝတ်စားထားကြပုံတွေကလဲ ကျောင်းလာတာထက် .. Fashion show တစ်ခုကို သွားကြသည့်ပုံစံ တွေအလားပင်ဖြစ်နေသည်။ Fashion week တွေကို အမြဲလိုလို စိတ်ဝင်တစားကြည့်မိသည့်အတွက် ကောင်မလေးတွေ ကိုင်ထားတာ ဘာအိတ်..ဝတ်ထားတာ ဘယ် brand အမျိုးအစား..ဈေးဘယ်လောက်က အစ..သူ အသေချာသိနေသည်။
" သူတို့အမြဲတမ်း ဒီလိုဝတ်ကြတာလား... ပိုက်ဆံဖြုန်းလိုက်ကြတာ.."
သူနှာခေါင်းရှုံလိုက်ရင်း ဘေးက Li Hong Yi ကို ကြည့်လိုက်တော့ Li Hong Yiက အသေအချာကို ငမ်းကောင်းနေသည်။ ကောင်မလေးတစ်ယောက် အကြည့်က သူ့ဆီရောက်လာပေမယ့် ချက်ချင်းအကြည့်ပြန်လွှဲကာ မသိချင်ယောင်ဆောင်သွားသည်မလို့ Yan Yi Jun အောင့်သက်သက်ဖြစ်သွားသည်။ ကောင်မလေးတွေက သူနဲ့ မိတ်ဆက်ပေးသည့် နေ့ထဲက သိပ်ပြီးဟက်ဟက်ပက်ပက် မရှိလှ.. နောက်တစ်ယောက်ကတော့ သူ့ဆီကို ကြည့်ပင်မကြည့်..
" အော်.. Yi Junပါလား.. ဘယ်ကပြန်လာတာလဲ.."
အလယ်က ကောင်မလေးက သူ့ကို ပြုံးရင်းမေးလာတာကြောင့် သူပြန်ပြုံးပြလိုက်သည်။ အဲ့တစ်ယောက်က သူ့နာမည်ပါ မှတ်မိနေ၍ သူနည်းနည်းပင်အံ့သြ သွားသည်။
" သူငယ်ချင်း အဆောင်က ပြန်လာတာ..."
" အော်ဟုတ်လား.. Li na ဆီလဲသွားလိုက်ဦး.သူက
မင်းကို မျှော်နေတာ..သူ့ဆီသွားလိုက်ဦးနော်.."
သူခေါင်းငြိမ့်ပြလိုက်တော့ ကောင်မလေးက ပြန်ပြုံးပြသည်။ သူနာမည်တော့ မမှတ်မိပေမယ့် အဲ့ကောင်မလေးက Li Na ရဲ့ တခြားသူငယ်ချင်းနှစ်ယောက်ထက် ဖော်ဖော်ရွေရွေရှိသေးသည်ဟု သူစတွေ့သည့်နေ့ထဲက ထင်မိသည်။ ဘေးက နှစ်ယောက်က အခုကြမှ..မကောင်းတတ်လို့ထင်.. သူ့ကို ဘာမှတော့ မပြောကြပေမယ့် ပြုံးပြလာကြသည်။
" လက်ထဲက ဘာတွေလဲ..အများကြီးပဲ.."
Yan Yi Jun ခေါင်းကုတ်လိုက်ကာ သွားဖြီးပြလိုက်သည်။
" .. သ..သခွားချဉ်..ဟီး.."
" သွားရအောင် Zi Yu.. သွားမယ်.."
ဘေးက ကောင်မလေးတစ်ယောက်က အနားကပ်ရင်း တိုးတိုး တိုးတိုးပြောလိုက်ပေမယ့် သူသေချာကြားလိုက်သည်။ သူမကြည့်ရသည်မှာလဲ ဒီနေရာမှာ တစ်စက်မှ ရှိမနေချင်ပဲ အနေခက်နေသည့်ပုံ..
" သွားစရာရှိတာ သွားကြပါ.. ကျွန်တော်တို့လဲ သွားခွင့်ပြုပါဦး.."
" အဲ့ဘေးက နှစ်ယောက်က အချေ ခင်ကြီးကျယ်တွေလေ..မင်းကို ပြုံးပြတာတောင် ကံကောင်း.."
သူ့စိတ်ကို သိနေသည့်အလား..ဘေးက စကားသံထွက်လာသည့် Li Hong Yi ကြောင့် သူ ဘာလို့လဲ ဆိုသည့် အကြည့်ဖြင့်ပြန်ကြည့်လိုက်သည်။
" သာမန်လူတွေများ..သူတို့ကို သွားကြိုက်မိရင်လေ..ပြန်အဖတ်လုပ်ဖို့နေနေသာသာချေပြ..မိုးပြ ချက်ဆိုတာ.. အဲ့နှစ်ယောက်က တစ်ဝမ်းကွဲညီမတွေ.. သူတို့က...သာမန်လူတွေဆို အဖတ်လုပ်စကားမပြောဘူး..ခုနက ငါတို့နဲ့ အတူ ရှိနေရတာ သူတို့အတွက်တော့ ရှက်စရာဖြစ်ချင်ဖြစ်နေမှာပေါ့.."
Li Hong Yi စကားကြောင့် ခုနက ကောင်မလေးတွေကို သူအတော်ပင်ချဉ်သွားမိသည်။
" အဲ့ဒါကြောင့် စတွေ့တဲ့ နေ့ထဲက ငါ့ကို စကားပြောချင်သလို..မပြောချင်သလိုနဲ့..ဒါနဲ့ ငါတို့ပုံစံက အတော်ကို စုတ်ပြတ်နေလို့လား.."
" မပြောတတ်.. သခွားချဉ်ဗူးက လွဲရင် ကျန်တာတော့ အကုန်ဆင်ပြေပါတယ်.. haha.."
Li Hong Yi စကားကြောင့် သူ့မှာ လက်ထဲက ဗူးကို ချက်ချင်းပင် လွှင့်ပစ်ရမလို ကျောပိုးအိတ်ထဲ ထိုးထည့်ရမလိုပင် ဖြစ်သွားသည်။ အဝတ်အစားအတွက်ကို Yan Yi Jun ငယ်ငယ်ထဲက ပိုက်ဆံများများမသုံးခဲ့.. နာမည်ကြီး Brand တွေရဲ့ ဒီဇိုင်းတွေကို အရမ်းသဘောကျပေမယ့် ဝတ်ဖို့အတွက်ကတော့ မတန်လွန်းဟု သတ်မှတ်မိသည့်အတွက် သူ့ဆီတွင် Dollar 100 အထက် အကျီ ဘောင်းဘီဆိုတာ အတော်ပင်ရှားသည်။သာမန်လူတွေကသာ..အဝတ်အစားက လှရင် မိုက်လျှင် perfect ဖြစ်သည်ဟု သတ်မှတ်ကြပေမယ့် ကြီးကျယ်သူ လူတန်းစားတွေအတွက်တော့ အဲ့ဒီ့ Brand ဆိုသည့်အရာက အတော်ကြီးကို စကားလုပ်ပြောကြပြီး..ဘယ်သူ ဘာအမျိုးအစားဝတ်တယ်.. ဘယ်အိတ်ကိုင်တယ်.. ဘာဖိနပ်စီးတယ်.. စသဖြင့် အဝတ်အစားတန်ဖိုးနှင့် လူတစ်ယောက်အခြေအနေကို အကဲဖြတ်တတ်ကြတာ သူသိသည်.. ပိုက်ဆံ တတ်နိုင်ပေမယ့် ဈေးကြီးပေးဝယ်ရတာလဲ အကျီပဲ.. ဈေးနည်းလဲ အကျီပဲ လို့..သူကတော့ သတ်မှတ်မိသည့်အတွက် .. ဈေးသင့်တင့်ပြီး Fashion ကျသည့် အဝတ်အစားများပင် ဝတ်လေ့ရှိသည်။ အဲ့ဒါကို .. အဝတ်အစားကြည့်ပြီး အဖတ်မလုပ်ချင်ကြလျှင်တော့လဲ သူလဲ မတတ်နိုင်..
" Wang Zi Yu [ဝမ်ဇီယွီ] က ပြုံးလိုက်ရင် အရမ်းချစ်ဖို့ကောင်းတာပဲ.. ဒါပထမဆုံး သူပြုံးတာ အနီးကပ်မြင်ဖူးတာပဲ..."
"ဟင် Wang Zi Yuဆိုတာ... မင်းပြောတဲ့ မင်း crush မလား.. ဘယ်မှာလဲ.."
" ခုနက မင်းနဲ့ စကားပြောနေတဲ့ တစ်ယောက်လေ.. မသိဘူးလား.. ငါက မင်းသိတယ်ထင်နေတာ.."
" ဟင်.. အဲ့ဒါသူလား.. ငါက နာမည်မှ မမှတ်မိတာကို..မဆိုးပါဘူး..သူက သဘောကောင်းပုံ ရပါတယ်.."
" omm လို့..သူက စိတ်ရင်းကောင်းတယ်..အဲ့ခင်ကြီးကျယ်တွေနဲ့ ပေါင်းနေလို့သာ.. ငါ့ crush နဲ့ငာကတော့ ဒီတသက် တောင် နီးဖို့ ဖြစ်နိုင်မယ် မထင်.."
" ငင့်.. တကယ်ကြီး ကြိုက်နေတာလား.. မင်းကြိုးစားကြည့်ပြီးပြီလား.."
" ဟင့်အင်း..hehe..ဒီအတိုင်းပဲ crush တာပါ.. ဒီအတိုင်းသဘောကျရုံလေး..သူတို့လို လူတွေနဲ့ မပတ်သက်ချင်ဘူး.."
သူ..Li Na ကိုလဲ သာမန်မိန်ကလေးအတိုင်းပဲ ဖြစ်စေချင်တယ်.. ပိုက်ဆံရှိတယ်ဆိုပြီးတော့ ထင်တိုင်းကြဲနေတဲ့ လူမျိုးထဲ သူမကို မပါစေချင်..
" အရင်ပုံစံလေး ပြန်မြင်ရရင် သိပ်ကောင်းမှာပဲ.."
✨ ဆက်ရန် ✨
🌟 မျက်စိမကောင်းပဲ စာရေးနေတာမလို့ Vitamin star လေးတေ များများကျွေးကြပါလို့စ် 🌟🌟😘 🌟
🌟30.6.2017🌟
Bạn đang đọc truyện trên: Truyen247.Pro