လှို့ဝှက်ချက်တို့၏အဆုံးသတ်??
အပိုင်း(၂၁)
နာရီပေါ်က တဖြည်းဖြည်းရွေ့နေတဲ့ နာရီလက်တံတွေကို ငေးကြည့်နေရင်း Zhang Shen Wei (ကျန်းရှန်ဝေး) တဖြည်းဖြည်း ငိုက်မျဉ်းစပြုလာသည်။ ဟိုကောင်လေးကို စောင့်နေပေမယ့် အခုထိကို ပေါ်မလာသေး..သူအိမ်ပေါ်တက်လာသည့် အချိန်မှာ LiNa နဲ့ Yan Yi Jun ကတော့ အဘွားတို့နဲ့ စကားပြောရင်း ကျန်နေခဲ့သည်။ သူများအိမ်က စကားဝိုင်းထဲလဲ မပါချင်သည်မလို့ သူစောစောစီးစီးထဲက အခန်းထဲကို ရောက်နေခဲ့သည်။
"ကျစ်.. ဘာလဲကွာ မလာသေးဘူးလား... မလာရင်လဲနေကွာ.. ငါ့ဘာသာ အိပ်ချင်သလို အိပ်မယ်.."
ကျန်းရှန်ဝေး သူ့ခေါင်းအုံးကို ခုတင်အလည်မှာ ချလိုက်ပြီး ဘေးက ခေါင်းအုံးအပိုကို ဘေးစွန်းနားကပ်ပစ်လိုက်သည်။ ကုတင်အလည်မှာ နေရာယူလိုက်ပြီး ခြေထောက်တွေကို တမြင်ကားကာ လှဲအိပ်လိုက်သည်။ သူ့ရဲ့ ထောင်ထောင်မောင်းမောင်းအရပ်နဲ့ ခန္ဓာကိုယ်ကြောင့် မွေ့ရာရဲ့ ဘေးနှစ်ဖက်စီက နေရာလွတ်က လူတစ်ကိုယ်အိပ်စရာ ပင်မကျန်ချင်တော့..
" မှတ်ထား.. ဘယ်လိုအိပ်မလဲကြည့်ကြသေးတာပေါ့"
သူအဲ့အတိုင်း အိပ်ပျော်သွားပြီး သိပ်မကြာခင်မှာပဲ သူပြန်နိုးလာခဲ့သည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဟိုကောင်လေးက သူ့ဘေးမှာ မရမက ဝင်အိပ်ကာ သူ့ခန္ဓာကိုယ်ကို ဘေးကို ဇွတ်တွန်းနေသည်။
" ဘာလုပ်တာလဲ သူများအိပ်နေတာကို နားမလည်ဘူးလား.."
သူလေသံမာမာပြောတော့ ဟိုကောင်လေးက သူ့ကို ဂြိုလ်ကြည့်ကြည့်လာသည်။
" မင်းအရင်တစ်ကိုယ်ကောင်းဆန်ထားတာပဲ.. ငါက မင်းအတွက်စဉ်းစားပေးနေရဦးမှာလား.. မင်းအဲ့လို အိပ်တော့ ငါက ဘယ်သွား အိပ်ရမှာလဲ..တိုး.. ဟိုဖက်တိုးဦး.."
ပြောရင်းနဲ့ ရန်ရီကျွင်းက သူ့ကိုယ်လုံးလေးနဲ့ သူ့ကိုအတင်းတွန်းနေသည်။ ခန္ဓာကိုယ်ချင်းကွာသည်မလို့ သူသိပ်ပင်ရွေ့မသွား.. ကျန်းရှန်ဝေး ရန်ရီကျွင်းမမြင်အောင် ခိုးပြုံးလိုက်ရင်း သူရန်ရီကျွင်းဘက်ကို ပြန်တိုးလိုက်တာကြောင့် ဟိုကောင်လေးပြုတ်ကျလုလုပင်ဖြစ်သွားသည်။
" အား... ဘယ်လိုဖြစ်နေတာလဲ.. ဘာလို့ အဲ့လောက်စောက်ကျင့်ပုတ်ရတာလဲ.."
ပြောရင်းနဲ့ ခေါင်းအုံးတစ်လုံးက ကျန်းရှန်ဝေး မျက်နှာဆီရောက်လာသည်။ ဟိုကောင်လေးက ရှုးရှုးရှဲရှဲ ပုံစံနဲ့ အတော်ပင်ဒေါသထွက်နေပုံရပေမယ့် သူ့မျက်စိထဲတော့ ကလေးမုန့်မရလို့ စိတ်ဆိုးနေတာနဲ့ ပင်ပိုတူနေသေးသည်။ သူဝတ်ထားတဲ့ အပေါ်အောက်ဆင်တူနဲ့ ညဝတ်အကျီက အဲ့ကောင်လေးကို သူငယ်နှပ်စားပုံစံနဲ့ ပို၍ပင်တူနေစေသည်။
" မင်းအသက်ဆယ့်ရှစ်နှစ်ဆိုတာ သေချာရဲ့လား.. အသက်လိမ်ထားတာ မဟုတ်ဘူးလား.."
" ဘာတွေလာမေးနေတာလဲ... ဟိုဖက်ကို တိုးပေးလို့ပြောနေတယ်လေ.."
အံကြိတ်သံနဲ့ အတူ အဲ့ကောင်လေးကခြေထောက်တွေနဲ့ပါ သူ့ကို ကန်တွန်းလာသည်။ သူအဲ့ကောင်လေး ခြေထောက်တစ်ဖက်ကို ဖျတ်ခနဲဆွဲလိုက်တော့ ကောင်လေးမျက်လုံးလေးတွေ အံ့သြမှုကြောင့် ဝိုင်းသွားသလို သူ့ခြေထောက်ကို သူ့လက်ဆီကလွတ်အောင် အတင်းပြန် ရုန်းနေသည်။
" ဘာလုပ်တာလဲ လွှတ်ကွာ.."
သူတစ်ချက်မဲ့ပြုံးပြုံးရင်း ခေါင်းရမ်းပြလိုက်သည်။
" လွှတ်စရာလား.. အကြီးကို ခြေထောက်နဲ့ ကန်တဲ့သူကို မှတ်လောက်သားလောက်အောင် ဆုံးမရမှာပဲ.."
သူ အဲ့ကောင်လေးခြေထောက်ကို ခပ်ကြမ်းကြမ်းဆွဲလိုက်ကာ သူအဲ့ကောင်လေးကို သူ့ခန္ဓာကိုယ်အောက်ဆွဲသွင်းလိုက်သည်။ ရန်ရီကျွင်း မျက်နှာလေးက ချက်ချင်းရဲတက်လာတာမြင်တော့ သူကျေနပ်သွားသည်။ အဲ့ကောင်လေးမျက်နှာပေါ်က တခဏအတွင်းပြောင်းပြောင်းသွားတဲ့ အမူအရာတွေကို ကြည့်ရတာကို သူအတော်ပင်သဘောကျသည်။
အင်း...ဘယ်လို ပြောရမလဲ.. သိပ်ကို ကျေနပ်စရာကောင်းတဲ့ Feeling မျိုး.. haha ရူးနေပြီထင်တယ်..
" ရူးနေပြီလား... ဖယ်ကွာ.. ခွေးကောင် ဖယ်လို့.."
" အ.. နာတယ်ဟ သူတောင်းစားလေးရဲ့.."
ထွန့်ထွန့်လူးအောင် ရုန်းနေရင်း သူ့မျက်နှာကိုပါ ရိုက်ပုတ်နေတာမလို့ သူအဲ့ကောင်လေး လက်တွေကို ခပ်တင်းတင်းဆုပ်လိုက်သည်။ နှစ်ယောက်သားတွန်းထိုးနေရင်း ခန္ဓာကိုယ်နှစ်ခု ထပ်တူကျသွားတဲ့အခာ သူ့အောက်ပိုင်းဆီက အထိအတွေ့တစ်ခုကြောင့် ကျန်းရှန်ဝေး ချွေးပျံချင်သွားသလို ရန်ရီကျွင်းလဲ ချက်ချင်းငြိမ်သွားသည်။
" ဖယ်.."
နှစ်ယောက်လုံး ငြိမ်သက်သွားတဲ့ အခြေအနေမှ
ကျန်းရှန်ဝေးအသာတကြည်ပဲ ရန်ရီကျွင်းအပေါ်က ဖယ်ပေးလိုက်သည်။ ဟိုကောင်လေး မျက်နှာက စူပုတ်နေပေမယ့် မျက်နှာလေးက သိသိသာသာရဲနေသည်။
" ဘာလို့ အတွင်းခံ မဝတ်ထားတာလဲ.."
" ကျစ်...လေးမို့ ညအိပ်ချိန်ကြီးငါက ဝတ်ထားရမှာလား.. မင်းကရော.. မင်းကရော ဘာလို့မဝတ်ထားတာလဲ..သူများလာပြောမနေနဲ့.."
" ငါ့ဘောင်းဘီက ထူသေးတယ်လေ ရန်ရီကျွင်း.. မင်းရဲ့ ညဝတ်ဘောင်းဘီကသာ ပါးရှပ်နေတာ.."
ရန်ရီကျွင်းတစ်ခုခုပြန်ပြောဖို့ ပါးစက်ဟလိုက်ပေမယ့် ဘာစကားမှတော့ နောက်ထပ်ထွက်မလာခဲ့..သူတို့ကြားထဲက လေထုက ငြိမ်သက်သွားရင်း ခဏကြာတော့ ရန်ရီကျွင်းက သူ့ကို ဟိုဖက်ကို ဇွတ်တွန်းလိုက်ကာ ကျောပေးပြီး အိပ်သွားတော့သည်။ အဲ့ကောင်လေး ကျောပြင်ကို ကြည့်ရင်းကျန်းရှန်ဝေး နေရခက်သလို ဖြစ်လာတာမလို့ သူလဲ အဲ့ကောင်လေးကို ကျောပေးအိပ်လိုက်သည်။
" အင်းး.."
ရန်ရီကျွင်း မျက်လုံးတွေကို မဖွင့်ချင်ဖွင့်ချင်ဖွင့်လိုက်ရင်း ထထိုင်လိုက်ကာ အကျောဆန့်လိုက်သည်။ ဘေးဘီကို ဝေ့ကြည့်လိုက်တော့ ကျန်းရှန်ဝေးရှိမနေ၍ နည်းနည်းတော့ စိတ်သက်သာရာ ရသွားသလို.. ညက အကြောင်းစဉ်းစားမိလိုက်တော့ ဒေါသတို့က တလိပ်လိပ်တက်လာသည်။ အဲ့ အရူးကောင်က မအိပ်ခင်က အနှောင့်ယှက်ပေးတာအားမရလို့ အိပ်နေတုန်းလဲ တမင်နှောင့်ယှက်နေသလားထင်ရအောင်ကို မနေ့ညက ဒုက္ခအတော်ပေးလွန်းသည်။သူအိပ်နေတုန်းသူ့ကိုယ်ပေါ် လက်တစ်ဖက်ရောက်လာလိုက် ခြေထောက်တစ်ဖက်ရောက်ရာလိုက်မလို့ သူဆွဲဖယ်လိုက်ရ ကန်ထုတ်လိုက်ရနဲ့ ကောင်းကောင်းပင် အိပ်မပျော်ခဲ့..
အစထဲက စုတ်ဖွာနေတဲ့ ဆံပင်လေးတွေကို ရန်ရီကျွင်းစိတ်ရှုပ်စွာ ထပ်ဆွဲဖွလိုက်သည်။
"..သူနဲ့တော့ အသက်တိုတော့မှာပဲ.. အား..၈ နာရီတောင်ထိုးနေပြီ..အဲ့ ကျန်းရှန်ဝေးက သောက်ကျင့်ကိုမကောင်းတာ.."
***********
" ကို စောင့်ရတာ ကြာသွားလား..Bae တို့ဝယ်စရာတွေများနေလို့.."
LiNa က သူ့နားကပ်ကာ တိုးတိုးမေးတော့ သူပြုံးကာ ခေါင်းရမ်းပြလိုက်သည်။
" ပေးပေး.. ဒော်လေး.. ကျွန်တော်သယ်ခဲ့မယ်.."
ကျန်းရှန်ဝေး LiNa အဒေါ်လက်ထဲက ခြင်းတောင်းကို သွားကူဆွဲပေးလိုက်သည်။ မင်္ဂလာနှစ်ပတ်လည်အတွက်ပြင်ဆက်စရာ.. ဝယ်စရာခြမ်းစရာတွေအတွက် သူ ကားမောင်းကာ LiNa တို့ကို စူပါမားကတ်တစ်ခုဆီ လိုက်ပို့ပေးရသည်လေ..
" အော် ကျေးဇူးပါကွယ်.. ဒော်လေးလဲ တစ်ယောက်ထဲ မနိုင်တာနဲ့ အတော်ပဲ.."
" ကျေးဇူးတင်ဖို့ မလိုပါဘူး ဒေါ်လေးရယ်..အလေးအပင်မဖို့ဆိုတာ ယောကျာ်လေးတွေအလုပ်ပဲဟာ.."
LiNaကတော့ သူ့ကိုတတ်လဲ တတ်နိုင်ပဆိုတဲ့ ပုံစံမျိုးနဲ့ နှာခေါင်းရှုံ့ပြလိုက်သည်။
" haha .."
အိမ်ပြန်ရောက်တော့ သူဝတ်ထားတဲ့ ဂျင်းဘောင်ဘီရှည်ကို အတိုနဲ့ ပြန်လဲလိုက်သည်။ဒီနေ့ ရာသီဥတုက အိုက်စပ်စပ်မလို့ နေလို့ သိပ်မကောင်း..ဒီက ရာသီဥတုက Beijing ထက်ကို ပိုပူချင်နေသေးသည်။
" ဒီနှစ်မိုးတွင်းက ခါတိုင်းကထက်နောက်ကျချက်ပဲ.. အဲ.. ဒါနဲ့ ဟိုကောင်လေး ဘယ်သွားနေလဲ မသိဘူး.. ရောက်ထဲက မတွေ့သေးဘူး.."
သူအပေါ့သွားမလို့ ရေချိုးခန်းတံကားကို ဖွင့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်လုံးပြူးသွားသည်။ အဝတ်လဲ နေတဲ့ ရန်ရီကျွင်း..အင်း.. အဝတ်လဲနေတာက မထူးခြား...ထူးခြားနေတာက သူဝတ်ထားတဲ့ အရာ..?? သူအပေါ်အောက်ဝတ်ထားတာက ဇာပါးလေးတွေနဲ့ အနက်ရောင်အမျိုးသမီးအတွင်းခံ??
ဒါမျိုးပေါ့နော် 😸 but အပေါ်ပိုင်းက bra က ဒီပုံထဲကထက် အောက်ကို နည်းနည်းရှည်တယ်လို့ မြင်ပေးပါ ရင်ပုံကလဲ ဒီလောက်မကြီးပဲ သူ့ရဲ့ ရင်နဲ့ အကိုက်လောက်လေးပေါ့ 😸 Lol 😝
ကျန်းရှန်ဝေး မျက်နှာ ချက်ချင်းပူတက်လာသလို ခေါင်းထဲလဲ ပေါက်ကရ အတွေးတွေက ပြေးလွှားနေသည်။
" What the Fuck!!!"
သူ့အသံကြောင့် ရန်ရီကျွင်းအတော်လန့်သွားပုံရသလို ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်ကို လက်နဲ့ ဖုံးကာ အမြန်ထိုင်ချလိုက်ရင်း ကုန်းအော်တော့သည်။
" ဘာလုပ်တာလဲ တံခါး အမြန်ပိတ်..!! မကြည့်နဲ့..!!"
" မင်း.. မင်းက မိန်း..မိန်းကလေးလား...?"
အထစ်ထစ်အငေါ့ငေါ့စကားလုံးတွေက ကျန်းရှန်ဝေး နှုတ်ဖျားကနေ တစ်လုံးချင်းထွက်ကျလာသည်။ ဒါပေမယ့် ရန်ရီကျွင်းဆီကနေ အဖြေမရခင်မှာပဲ သူ့အကြည့်တွေက ကျုံ့ကျုံ့လေးထိုင်နေလို့ သိသိသာသာမြင်နေရတဲ့ ကောင်လေးရဲ့ ခပ်ဖောင်းဖောင်းအစိတ်အပိုင်းဆီရောက်သွားတော့ သူဇဝေဇဝါ ဖြစ်သွားသည်။ မဟုတ်သေးပါဘူး.. အရင်ညတုန်းကလဲ သူဒီကောင်လေးနဲ့ လုံးလုံးထွေးထွေးဖြစ်နေတုန်းက .. အဟမ်း.. သူ့ခန္ဓာကိုယ်အောက်ပိုင်းနဲ့ အဲ့ကောင်လေး ခန္ဓာကိုယ်အောက်ပိုင်းထိဖူးထားသေးတာပဲ..ရန်ရီကျွင်းကတော့ မျက်နှာ နီစုတ်နေရင်း သူ့ကို ထွက်သွားချည်းသာအော်နေသည်။ လက်တွေကတော့ သူ့ရင်ဘတ်နားဆီက အတွင်းခံဆီကို အတင်းကွယ်နေဆဲ.. ရန်ရီကျွင်းဝတ်ထားတာက သူတွေ့ဖူးနေကြ အမျိုးသမီးဝတ် bra လိုလဲ မဟုတ်..? သူမျက်နှာပူပူနဲ့ သေချာကြည့်လိုက်ရင်း ကောင်လေးရဲ့ အပေါ်ပိုင်းက ဘာမို့မောက်နေတဲ့ အစိတ်အပိုင်းမှာ ရှိမနေဘူးဆိုတာ သူသေချာအတည်ပြုလိုက်သည်။
????????????
" မင်းကမိန်းကလေးလဲ မဟုတ်ပါဘူး..ဘာလို့ အဲ့ဒါကြီး ဝတ်ထားတာလဲ... မဟုတ်မှလွဲရော......"
သူဆက်ပြောမယ့် စကားတန့်သွားရင်း ရန်ရီကျွင်းကိုကြည့်လိုက်သည်။ ဟိုကောင်လေးကတော့ မျက်ရည်များပင်ဝဲနေရင်း..
" မဟုတ်ဘူး.. အဲ့လိုမဟုတ်ဘူး..ထွက်သွားပါဆိုနေ.."
ပြောရင်းပင် မျက်ရည်တွေကျလာတဲ့ ကောင်လေးကြောင့် သူတံခါးအမြန်ပိတ်ပေးလိုက်ရင်း ကုတင်ဆီကို ယောင်နနနဲ့ လျောက်လာခဲ့သည်။ ဘာဖြစ်သွားလဲဆိုတာကို သူသေချာ သဘောမပေါက်သေး..ဟိုကောင်လေးက ဘာလို့ အဲ့လို ဝတ်ထားတာလဲ..ယောကျာ်လေးတစ်ယောက် ဝတ်ထားတာဆိုပေမယ့် ကိုးလို့ကန့်လန့်ဖြစ်မနေပဲ အဲ့ကောင်လေးရဲ့ ဖြူဖြူသွယ်သွယ် ခန္ဓာကိုယ်နဲ့ လိုက်ဖက်နေတာတော့ အမှန်..
" လခွမ်း.. အဲ့ဒါ တွေးရမယ့် အချိန်မှမဟုတ်တာ.. ဘာလိုတောင်လဲ သူကအခြောက်လား..??"
သူကုတင်ပေါ်မှာထိုင်နေရင်း ဖြစ်သမျှကို ခေါင်းပူစွာတွေးမိသည်။ တော်တော်လေးကြာတော့ ရန်ရီကျွင်းအဝတ်အစားအပြည့်အစုံနဲ့ ရေချိုးခန်းထဲက ထွက်လာသည်။ နှာခေါင်းလေးများနဲ့ မျက်လုံးလေးတွေက အတော်ပင် နီနေတာမလို့ ငိုထားသည်ဆိုတာ သိသာလှသည်။ သူ့ကိုမြင်တော့ ကောင်လေးက ချက်ချင်းအကြည့်လွှဲသွားသည်။
" ဘယ်သွားမလို့လဲ.. မင်းငါ့ကို ရှင်းပြစရာဘာမှမရှိဘူးလား.. ငါဒီလိုတွေ မြင်ပြီးမှလေ.."
သူ့စကားကြောင့် ရန်ရီကျွင်း ခြေလှမ်းတွေ ရပ်သွားသည်။
" ရပါတယ်..မင်းမပြောချင်ရင်.. ငါပဲ မေးမယ်..မင်းက ဟိုလိုမျိုးလား.. Umm..ငါဒီလို တိုက်ရိုက်ကြီးတော့ မမေးချင်ပေမယ့် မင်းက Gay လား ရန်ရီကျွင်း.."
" မဟုတ်ဘူး.. ငါအဲ့လို မဟုတ်ဘူး..ကျန်းရှန်ဝေး.."
ရန်ရီကျွင်းအသံတွေက တုန်နေသလို သူဒေါသထွက်နေပုံလဲရသည်။ သူသက်ပြင်းချလိုက်သည်။
" မင်းငါ့ကိုပွင့်လင်းသင့်ပြီလို့ မထင်ဘူးလား... "
" ငါမဟုတ်ဘူးလို့ပြောပြီးပြီလေ! "
ရန်ရီကျွင်းအသံတို့က မာနေသည်။ အဲ့ကောင်လေး၏ ပုံစံကြောင့် ကျန်းရှန်ဝေးလဲ စိတ်တိုစပြုလာသည်။
" hk.. မျက်စိနဲ့မြင်ထားရတဲ့သူကို မင်းဘာတွေထပ်လိမ်ချင်နေသေးတာလဲ..အမှန်တရားကို အမှန်အတိုင်းပြောရမှာ ဘာတွေ ခဲယင်းနေတာလဲ..!"
" တောက်!"
ရန်ရီကျွင်း သူ့နားရောက်လာကာ သူ့ကိုတစ်ချက်ထိုးလိုက်တာကြောင့် သူ့နှုတ်ခမ်းဖျားနားဆီက စပ်ဖျဉ်းဖျဉ်းဖြစ်သွားသလို မေးရိုးတစ်လျှောက်ပူတက်လာသည်။သူမယုံနိုင်စွာနဲ့ သူ့မျက်နှာသူ ကိုင်လိုက်သည်။
" မင်းဘာနားလည်လို့လဲ..သူများဘဝကို မင်းဝင်စွက်ဖက်ရအောင် မင်းကဘာတွေများသိနေလို့လဲ.. ငါမခြောက်ဘူး..ကျန်းရှန်ဝေး.. ငါ မိန်းကလေးအဝတ်အစားကို သဘောကျမိရုံလေးပါ...အဲ့ဒါ အပြစ်ဖြစ်သွားလား.. မိန်းကလေးအဝတ်အစားတွေကို စွဲလန်းမိတာ အပြစ်လားလို့.."
ပြောရင်းနဲ့ ကျလာတဲ့ မျက်ရည်တွေကိုမြင်တော့..သူ့
့ကိုယ်သူအပြစ်သားလိုလိုပင် ကျန်းရှန်ဝေး ခံစားလိုက်ရသည်။ သူက ဒီကောင်လေးကို ငိုအောင်လုပ်မိတဲ့အပြစ်သားကြီးပေါ့လေ : 3
" hk.. ငါဘာလို့်မင်းကို ဒါတွေ ရှင်းပြနေမိပါလိမ့်..ရှင်းပြလဲ မင်းလိုလူတွေ နားမလည်ပါဘူး.. မဟုတ်ဘူး.. နားမလည်ပေးနိုင်ကြဘူးမဟုတ်လား.."
ကျန်းရှန်ဝေး .ခေါင်းပင်နှောက်လာသည်။ Gay မဟုတ်ဘူး..မိန်းကလေးအဝတ်အစားဝတ်လဲ ဝတ်တယ်?? သဘောလဲကျတယ်..?? သူရန်ရီကျွင်းပြောတာကို မယုံသည်မဟုတ်..ယုံသည်။ ဒါပေမယ့် အဲ့ကောင်လေးက ဒီလိုဆိုတာ နည်းနည်းတော့ ယုံရခက်နေသည်။ အဲ့ကောင်လေးကို့ ကြည့်မရပေမယ့် သူ့ကြောင့် အခုလို ငိုနေတော့လဲ သနားမိပြန်သည်။
ဟူး.. လူ့လောကကလဲ တယ် ရှုပ်ထွေးသကိုး.. 😰
✨အပိုင်း (22) ဆက်ရန်✨
🌟 အက်ပုဒိတ်လေးနဲ့အတူပြန်လာပါပြီ 😸 နောက်ရက်တေလဲ တရက်ခြားတစ်ခါ ဒိတ်နိုင်အောင် ကြိုးစားပါ့မယ်.. ပြီးတော့ ပြောချင်တာလေးတစ်ခုရှိပါတယ်.. တစ်ချို့က တွေးချင်တွေးကြလိမ့်မယ်.. author က အရမ်းရစ်တယ်တို့ ဇာတ်လမ်းကမရောက်နိုင်ဘူးတို့ပေါ့😸 တကယ်က အပိုင်း 21 သာရောက်သွားပေမယ့် ရေးဖို့ရည်ရွယ်ထားတဲ့ ဇာတ်လမ်းရဲ့ 3 ပုံ 1 ပုံတောင် မရောက်တတ်သေးပါဘူးလို့..ဒီ BL Novel က အပိုင်းနည်းနည်းများပါတယ် လို့ 😸 တကယ်လို့ author သာ လက်မြန်ခဲ့ရင် ဒီ 21ပိုင်းဆိုတာ ခဏလေးနဲ့ ရေးပြီးခဲ့ရမှာပါ .. but မမြန်တော့ 3 လ လောက်ကြာခဲ့တယ်ပေါ့နော် 😢 ရှေ့လျောက် တစ်ရက်ခြားတပိုင်းနဲ့ ကြိုးစားရေးသွားပါ့မယ်.. reader nim တို့လဲ စိတ်ပျက်မသွားကြပါနဲ့ လို့ 😸 ကြိုးစားရေးပါ့မယ်လို့ Love u all 💗 🌟
🌟 ကြယ်လေးတေဖိပြီးအားဆေးလေးတေလဲများများကျွေးကြပါလို့ 🌟
🌟30.9.2017🌟
🍑 Dream-catcherr 🍑
Bạn đang đọc truyện trên: Truyen247.Pro