လူသစ်တစ်ယောက်နှင့်ဆုံဆည်းခြင်း
အပိုင်း(၁၅)
" ဒီသုံးခုံလား..အစ်ကို.."
" ဟုတ်တယ် ညီလေး.. ဒီအလယ်ကသုံးခုံ.."
ဘယ်နေရာပါလို့သိသိချင်း ရန်ရီကျွင်း အလယ်ကခုံကို နေရာယူပြီး အတင်းဝင်ထိုင်လိုက်သည်။
" ဘာလုပ်တာလဲ.. မင်းအဲ့ဒီ့လို ထိုင်တော့ ငါနဲ့ Baeက ဘယ်သွားထိုင်ရမှာလဲ.."
" ဘေးက ဟာတွေက ခုံတွေမဟုတ်လို့ ဘာတွေလဲ.."
ရုပ်ရှင်တောင်ဘာမှစမည်မကြံသေး.. ရန်ရီကျွင်းက ရုပ်ရှင်ရုံက ပေးတဲ့ စောင်ကိုတစ်ကိုယ်လုံးလုံအောင် အကြအနခြုံပြီး အသေအချာအထုတ်လိုက်လေးထိုင်နေသည်။
" ထားပါ ကိုကိုရယ်.. Bae ဟိုဖက်သွားမယ်.. ကိုကိုဒီဖက်ပဲ ..ထိုင်လိုက်တော့"
ကျန်းရှန်ဝေးမျက်နှာရှုံမဲ့သွားရင်း ရန်ရီကျွင်းဘေးက ခုံမှာ မထိုင်ချင့်ထိုင်ချင်ထိုင်လိုက်ရသည်။သူ့ကြောင့်
ခါတိုင်းလို အတွဲခုံမထိုင်ရပဲ.. ရိုးရိုးခုံထိုင်ရပါတယ်ဆိုနေမှ.. အခု..ကောင်စုတ်လေးက သူတို့နှစ်ယောက်ကြား လာထိုင်နေပြန်သည်။
" မျက်နှာပြောင်တာလဲ တော်ရုံပဲကောင်းတယ်.."
သူခပ်တိုးတိုးပဲ ပြောလိုက်ပေမယ့် ရန်ရီကျွင်းကြားလောက်အောင် တမြင်ပြောလိုက်တာမလို့ ဟိုကောင်လေးကြားသွားကြောင်း သူသေချာသိသည်။ ဒါပေမယ့် ရန်ရီကျွင်းက သူ့ဖက်ကို တစ်ချက်သာ ကြည့်လိုက်ပေမယ့် ဘာစကားမှ ထွက်မလာတာ မလို့ ထူးပင်ထူးဆန်းနေသေးသည်။ ခါတိုင်းဆို.. သူဒါမျိုးပြောလိုက်ရင် သူ့ကိုကတ်ကတ်လန်အောင် ပြန်ပြောနေမြဲမလား..
ရုပ်ရှင်စပြပါပြီဆိုထဲက Yan yi junသူ့ရှေ့က စောင်ကိုမဖယ်တော့.. အရမ်းကြောက်ပေမယ့် စိတ်ကလဲဝင်စားသေးသည်မလို့ စောင်ကိုနည်းနည်းလေးဖယ်လိုက် ကြောက်စရာအခန်းနားရောက်ပြီဟု ထင်လျှင် ပြန်ဖုံးလိုက်နှင့် အလုပ်ရှုပ်နေသည်။
" စောင်ကြီးဖယ်စမ်းပါဟာ.. ဇာတ်လမ်းက အစဆိုတော့ သိပ်ကြောက်စရာမကောင်းသေးဘူး.."
" သရဲ ရုတ်တရတ်ပေါ်လာရင် ဘယ်လိုလုပ်မလဲ.."
" နင်ကလဲ.. မျက်ခွံဆိုတာ အလကားထားတာမဟုတ်ဘူး..သရဲပေါ်လာတော့မယ်ထင်ရင် မျက်လုံးတန်းမှိတ်လိုက်ပေါ့ဟ.. စောင်ထက်တောင် လုံသေး.."
" အော်အေးအေး.. ပညာရှိစကားကြီးပဲ..မှတ်တောင်
င်ထားရဦးမယ်.."
ဇာတ်လမ်းက တဖြည်းဖြည်းပိုပိုဖမ်းစားလာနေပေမယ့် ကျန်းရှန်ဝေးကတော့ ဇာတ်လမ်းကို စိတ်မဝင်စားနိုင်... ဘေးနားက ခေါင်းချင်းပူးပြီး ကြောက်စရာအခန်းဆို အသားကုန်အော် စောင်ကို အသည်းအသန်လုခြုံနေကြတဲ့ LiNaနဲ့ Yan Yi Jun ဆီကိုသာ သူ့အာရုံက ရောက်ရောက်သွားသည်။ ခါတိုင်းသရဲကားကြည့်ပြီဆို ကောင်မလေးတွေက သူ့ရင်ခွင်ထဲ တိုးတိုးဝင်လာရင်း သူတို့လန့်သည့်အခါတိုင်း သူကသူ့နည်းသူ့ဟန်နှင့်သူ နှစ်သိမ့်ပေးခဲ့မြဲ..ဘယ်..အခုတော့.. LiNaကို ဖက်ရဖို့နေနေသာသာ.. ဟိုသူတောင်းစားလေးက LiNaနားကပ်ရင်း ကဲချက်..ကဲချက်ဆိုတာ..
" Wei..မင်းတို့နည်းနည်းပါးပါးလဲ ရှက်ကြဦး ..တရုံလုံးမင်းတို့နှစ်ယောက်အသံချည်းပဲ.."
" ကိုကိုကလဲ ကြောက်တာကိုးလို့.. သူများတွေလဲ အော်နေကြတာပဲကို.. သရဲကားပဲ အော်မှာပဲ.."
ွနည်းနည်းလောက်ကြာတော့ ရန်ရီကျွင်းလှုပ်စိလှုပ်စိဖြစ်လာရင်း စောင်ပုံထဲက ထွက်လာသည်။
" ဘာလုပ်မလို့လဲ Xiao Jun.."
" Toilet သွားမလို့.."
" တစ်ယောက်ထဲ ရရဲ့လား.. ကိုကို့ကို ခေါ်သွားလေ.."
LiNa စကားကြောင့် Zhang Shen Wei မျက်ခုံးပင့်တက်သွားသည်။
" ရတယ်..ရှေ့က အစ်ကိုကြီးတွေလဲ သွားမှာထင်တယ်..သူတို့နဲ့လိုက်သွားလိုက်မယ်.."
ရန်ရီကျွင်း ပြန်လာတော့ သူ့နေရာကို Zhang Shen Wei က ထိုင်နေပြီး သူ့စောင်က ဟိုဖက်ကခုံမှာ ရောက်နေတာ တွေ့လိုက်ရသည်။ Zhang Shen Wei ကLiNa ပခုံးကိုဖက်ထားရင်း နှစ်ယောက်ချင်းခေါင်းချင်းဆိုင်ပြီး ဘာပြောနေကြသည်မသိ.. ရယ်သံတချို့ပင် သူတို့ဆီက ထွက်လာသည်။ သူများနေရာကို ယူထားတာ သူပင်မဟုတ်သလိုလို..
" မင်းငါ့နေရာမှာ ဘာလုပ်နေတာလဲ.."
" အာ.. Xiao Jun ရောက်ပြီလား.. ငါလဲ သူ့ကို ပြောနေတာပဲ..."
" လက်မှတ်ထဲက အတိုင်းဆို ဒီခုံက ငါ့နေရာပါ.. မင်းသာအစထဲက သူများနေရာကို ယူသွားတာလေ.."
" မသိဘူး..အဲ့ဒါ ငါ့နေရာပဲ..ဖယ်.."
သူကျန်းဝေးလက်ကို ဆွဲပြီး ဖယ်ခိုင်းနေတုန်း နောက်က ခုံတွေဆီက အသံတွေ ထွက်လာသည်။
" အရှေ့ကနေပြီး ဘာဖြစ်နေတာလဲ.. နောက်ကလူတွေ ဘာမှမမြင်ရတော့ဘူး.."
" ခဏလောက်လေး..မတ်တပ်ရပ်မိတာကို အဲ့လောက်ကြီး အဖြစ်ကဲမနေနဲ့.."
သူ့ကို ပြောလိုက်တဲ့ နောက်ကကောင်မလေးကြားအောင် သူပြန်ပြောလိုက်ရင်း သူအောင့်သက်သက်နှင့်ပင် ကျန်းရှန်ဝေးထိုင်သွားတဲ့ ခုံမှာထိုင်လိုက်ရသည်။ အဲ့ကောင်မလေး ဆီကနောက်ထပ် ပွစိပွစိ စကားတွေ ထပ်ထွက်လာပေမယ့်လဲ သူပြန်မပြောလိုက်တော့..ဇာတ်ကားကြောင့် စိတ်ရှုပ်နေပါတယ်ဆို သူတို့ကတစ်မျိုး..
ဇာတ်ကားကြည့်နေရင်း တဖက်က ကောင်လေးဆီ မျက်လုံးရောက်သွားတော့ Zhang shen Wei အံ့သြသွားသည်။ စောင်ကို မျက်နှာတစ်ခုလုံးနီးပါး ကွယ်အောင်အုပ်ထားရင်း ဇာတ်ကားဆီက အသံကျယ်ကျယ်လာတဲ့ တစ်ချက်တစ်ချက်မှာ ရန်ရီကျွင်းခန္ဓာကိုယ်လေး တုန်တုန်သွားသည်။
" တကယ်ကြီး ကြောက်နေတာလားဟ.."
အစက အပိုတွေလုပ်နေတယ်လို့ ထင်မိပေမယ့် အခုတော့ တကယ်ကြီး ကြောက်နေမှန်းသူလိုက်ခံလိုက်ရသည်။ မတတ်နိုင်..
.လျှာရှည်ပြီး ငာတို့နောက် လိုက်ခဲ့တာကိုး..နည်းတောင် နည်းသေး..
သရဲကား ကြည့်ပြီး အိမ်ပြန်ရောက်တော့ တိတ်ဆိတ်နေတဲ့ အခန်းကျယ်ကြီးကို ဝေ့ကြည့်ရင်း ရန်ရီကျွင်းကြက်သီးများပင်ထလာသည်။
" ဘယ်လိုလုပ်ရမှာလဲ.. ဒီည ဘယ်လို အိပ်ရတော့မှာလဲ.."
သူစူပုတ်ကာ ရေရွတ်လိုက်ရင်း သူ့အခန်းထဲကို လျှောက်သွားနေတုန်း ရုံထဲမှာကြည့်တုန်းက သရဲမရုပ်ကြီး မျက်လုံးထဲ ပြန်မြင်ယောင်လာတာမလို့ သူခြေလှမ်းတွေကို နောက်ပြန်လှည့်ရင်း ဘုရားစင် ရှိရာကို ပြေးတော့သည်။ သူဆိုတဲ့သူက ခါတိုင်းညတွေတောင် အိပ်ခါနီးဆိုလျှင် သူ့အခန်းသာမက တစ်အိမ်လုံး မီးလင်းထိန်နေပြီဆိုမှ အိပ်ပျော်တတ်တာ..
ဘုရားစင်ပေါ်က ကျောက်စိမ်းပတီးကို လည်ပင်းမှာစွပ်လိုက်ရင်း သူLi Hong Yi ဆီကို ဖုန်းအမြန်ခေါ်လိုက်သည်။
" Wei... "
" အေး ငါပါကွာ..မင်းဒီည ငါ့အိမ်လာအိပ်လို့ရလား.."
သူ့အသံများပင် မသိမသာတုန်နေသည်။
" ဘာလို့လဲ.. အဆောင်က ထွက်လို့မရဘူးဟ.. ည 8:30ဆို အဆောင်က အဆောင်တံခါးပိတ်တာ.."
" တစ်ညပဲလေကွာ.. တစ်ည လေး အဆောင်မှူးကိုပြောပြီး လာလို့မရဘူးလား.."
" မရဘူး ဟေ့ကောင်ရေ.. ရရင် ငါအရင်ထဲက လုပ်ပြီးပြီပေါ့ Yan Yi Jun..ရာ.. "
လီဟုန်ရိဆီပြီးတော့သူ့ငယ်သူငယ်ချင်းဖုန်းနံပါတ်တွေ တစ်ခုပြီးတစ်ခု ခေါ်ရတော့သည်။ နောက်ဆုံး သုံးယောက်မြောက်မှ လာခဲ့မယ်လေဆိုပြီး အဆင်ပြေသွားလို့ တော်သေးသည်။ ဘယ်လောက် ရှက်ဖို့ကောင်းလိုက်တဲ့ ကိစ္စကြီးလဲ.. သရဲကားကြည့်ပြီး တစ်ယောက်ထဲ မအိပ်ရဲလို့ သူများတစ်ကာ ဖုန်းလိုက်ဆက်ရတယ်လို့..
သူ့မျက်လုံးထဲ သရဲမ ရုပ်နှင့် လက်မှတ်ထောင်ပြရင်းသူ့ကို လှောင်ပြုံးပြုံးပြနေတဲ့Zhang Shen Weiရဲ့ ရုပ်ကြီးတစ်လှည့်ဆီ ပြန်မြင်ယောင်နေသည်။
" အား..ကျက်သတုံးကြီး.. ကျက်သရေက အတစ်လိုက်ကိုတုံးတယ်.."
*********
" ဒီဂိမ်းချည်းဆော့နေတာ မပျင်းဘူးလား.."
" မပျင်းပါဘူး.. game လောက်စိတ်ဝင်စားဖို့ကောင်းတာ gameပဲရှိတယ်.."
နေ့လည် အတန်းချိန်က လိုသေးတာမလို့ သူလီဟုန်ရိအဆောင်ကို လိုက်ခဲ့ပေမယ့် ဟိုသကောင့်သားက သူ့ဖုန်းနဲ့သူသာ အလုပ်ရှုပ်နေသည်။ သူက ကုတင်ရဲ့ အပေါ်ပိုင်းမှာထိုင်နေပြီး လီဟုန်ရိက ကုတင်ရဲ့ အောက်ပိုင်းမှာ ထိုင်နေသည်။ ပါးစပ်ကလဲ တခါတစ်လေ ဆဲသံဆိုသံများထွက်လာလိုက် ဟိုလိုလုပ်ရလား ဒီလိုလုပ်ရသလား စသဖြင့် အသံမျိုးစုံထွက်နေသည်။
" မင်းကြည့်ရတာလဲ အကုသိုလ်များလိုက်တာ.. အလကားနေရင် အကုသိုလ်ယူနေတယ်.."
" အခုတခေါက် ငါနဲ့တူတူ rank ကျတာတွေအချိုးကို မပြေတာ ပာကွာ..ဘယ်လိုလုပ်ပြီး Legend ရောက်လာကြလဲ မသိဘူး.."
" Legend က ဘာရီးလဲ.."
" တကယ်ကြီးမသိဘူးလား.. မင်း game မဆော့ဘူးလား.."
" Legend အဓိပ္ပါယ်ကိုတော့ သိတာပေါ့.. ဘယ်လိုခွဲလဲ မေးတာ.."
" ငါအခုဆော့နေတဲ့ ML မှာဆို အပိုင်းတွေရှိတယ်လေ.. အနိမ့်ဆုံးက Warrior.. Elite..Master.. Grand Master.. ပြီးမှ Legend.. အဲ့အပေါ်က Glorious Legend.. သူကတော့ အဂျွတ်ဆုံးပေါ့.. မင့်သူငယ်ချင်းက GL ကြီးလေ.. Star 106လုံးနဲ့.."
" LOL.. ဘာတွေ မှန်းလဲ မသိဘူး.. ထားပါတော့.."
" L.O.L လား? အဲ့ဒါငါအရင်ကဆော့တဲ့ဟာ.. MLက effect ပိုလန်းလို့ MLပြောင်းဆော့နေတာ.. အဲ့မှာလဲ ငါက ဆရာကြီးပဲ...game Pro..လေ..Pro.."
သူ့ကိုဂုဏ်ဆာပြနေတဲ့ လီဟုန်ရိကို သူအမြင်ကတ်စွာနဲ့ မျက်စောင်းထိုးလိုက်သည်။
" မင်းလဲ ဒီစိတ်နဲ့ သေဦးမယ် မင်းအဖေက LOL လို့ ပြောတာ.. ဘာတွေ လာ L.O.L နေတာလဲ.."
" ဟားဟား...စတာပါကွာ.. မင်းကလေ တကယ်ကိုစလို့ကောင်းတယ်..League Of Legends(L.O.L) လဲ မဆော့ဖူးဘူးလား... တရုတ်တွေအကုန်ဒါပဲ ဆော့ကြတာကို.."
" Aaa.. Tao Ge ကလဲ.. အရင်တုန်းက LOLမှာ No.1 တွေတောင်ချိတ်ဖူးတယ်ဆိုပဲ.. အရင်တုန်းကတော့ ငါလဲ လိုက်ဆော့ဖူးတယ်.. သေပဲသေနေလို့ ပြန်uninstall လိုက်တယ်..game နဲ့ငါက အကျိုးမပေးပါဘူး.."
" ဟုတ်လား မိုက်လှချည်လား..Idolဖြစ်ပြီး.. ဘယ်မှာချိတ်တာလဲ.. မင်းဆော့ချင်ရင် ငါသေချာသင်ပေးမယ်လေ.. ဘာမှမသိပဲ ရမ်းဆော့ရင်တော့ Noob မှာပဲ.."
"apk.... မသိပါဘူးဆိုနေ.. တော်ပြီ..တော်ပြီ ဂိမ်းအကြောင်းမပြောနဲ့တော့..ဘာတွေမှန်းလဲမသိဘူး... ငါအိမ်သာသွားဦးမယ်.. ဘယ်ဖက်မှာလဲ..အိမ်သာက.."
လီဟုန်ရိပြောတဲ့ ဖက်ကို ထွက်လာခဲ့ရင်း ဝရံတာ ကျယ်ကြီးကိုတွေ့တော့ သူအဲ့နားသွားလိုက်ရင်း အညောင်းပြေ အညာပြေ အကြောဆန့်လိုက်သည်။ လေတဖြူးဖြူးလေး ရနေသလို ဒီနားက ကျောင်းဆောင်တွေကို လဲလှမ်းမြင်ရသဖြင့် နေရာလေးက မဆိုးလှ..
" အင့်.."
အိမ်သာ က အထွက် လူတစ်ဦးနှင့် တိုက်မိပြီး အရှိန်ပျက်ပြီး လဲ လုလုဖြစ်သွားသည်။
" အာ.. ဆောရီး.."
ကျောကို လာထိန်းလာတဲ့ လက်တစ်ဖက်ရဲ့ အထိအတွေ့နှင့် အတူ သူက ထိုလူရင်ဘတ်နားထိကပ်သွားသည်။
" ဘာဖြစ်သွားသေးလဲ.. ရေတွေနဲ့ ချော်နေတာ သတိထား မှပေါ့.."
သူကိုလဲ ဝင်တိုက်သေး.. သူ့အပြသ်လိုလို လာပြောတဲ့ ထိုသူကြောင့် Yan yi jun မကျေနပ်စွာနဲ့ မော့ကြည့်လိုက်ရင်း ထိုသူ့ဘေးက ခွာလိုက်သည်။
" မင်းသာ ဝင်မတိုက်ခဲ့ရင် ငါမလဲပါဘူး.."
သူ့ကို မြင်တော့ ထိုသူက အံ့သြသွားသလို ဖြစ်နေရင်း ခဏကြာတော့ သဘောတကျရယ်နေသည်။
" မင်းက.. ဟိုကောင်လေးပဲ.. haha.. ကြားဖူးတာတော့ ကြာနေပြီ.. အခုမှပဲ သေချာတွေ့ရတော့တယ်.."
" .....?"
" ကိုယ်မင်းကို ဝင်တိုက်မိသလို ဖြစ်သွားလို့ ဆောရီးပါနော်.. ဘာဖြစ်သွားသေးလဲ.."
" ရပါတယ်.. ဘာမှတော့မဖြစ်ပါဘူး.."
ရန်ရီကျွင်းစိတ်ထဲ ထိုသူ့ကို မြင်ဖူးသလိုလိုတော့ ရှိသည်။ ဘယ်မှာ မြင်ဖူးမှန်း စဉ်းစားလို့တော့ မရ.. ထိုသူ့ကို သူက မော့ပြီး ကြည့်နေရတာမလို့ စိတ်ထဲတော့ အတော်သဘောမကျ.. အရပ်ရှည်တဲ့ သူတွေကို မုန်းလိုက်တာ... သူလဲ အရပ်လေးတော့ ရှည်ချင်ပေမယ့်ဘယ်လောက်ဆေးတွေ သောက်သောက် အရပ်က ဒီ့ထက်ရှည်မလာတဲ့အဖြစ်..
" Xu Feng လို့ ခေါ်ပါတယ်... မင်းနာမည်က Yan Yi Jun မလား..?"
" ဟင်.. ဘယ်လို လုပ်သိနေတာတုန်း.."
" ကိုယ်က LiNa ရဲ့ သူငယ်ချင်းပါ.. အတိအကျပြောရရင် Zhang Shen Wei ရဲ့ သူငယ်ချင်းပေါ့..ကိုယ်ကတော့ မင်းကို ခဏခဏမြင်ဖူးတယ်.. မင်းသတိမထားမိလို့နေမယ်.."
ကျန်းရှန်ဝေးနာမည်ကြားတော့ ရန်ရီကျွင်းမျက်နှာရှုံ့မဲ့သွားသည်။
အဲ့ဒါကြောင့် ဒီလူ့ကို မြင်ဖူးပါတယ်ထင်နေတာ..
" ဒီမှာ ဘာလုပ်နေတာလဲ.. ကိုယ်သိသလောက်..မင်းက အဆောင်မနေပါဘူး..."
" ဟင်.. အင်း.. ဟုတ်တယ်.. သူငယ်ချင်းဆီလာလည်တာမလို့.."
ကျန်းရှန်ဝေး သူငယ်ချင်းမလို့ စကားဆက်မပြောချင်တော့ပေမယ့် ဒီ ရွှီဖုန်းဆိုတဲ့သူကတော့ ကျန်းရှန်ဝေးနဲ့ များတခြားစီဆိုတာတော့ သူသတိထားမိလိုက်သည်။ ဟိုချဉ်ဖက်က တစ်ချိန်လုံး မဲ့ရွှဲ့နေသလောက် ဒီတယောက်ကတော
စကားတွေ ရွှန်းရွှန်းဝေအောင်ပြောနေရင်းပြုံးပြုံးရွှင်ရွှင်နဲ့ ကြီးကျယ်သည့်ပုံလဲမပေါ်..
" နောက်တွေ့ရင်လဲ ခေါ်ပေါ့.. ကိုယ်လဲ ခေါ်လို့ရတယ်မလား.. "
" ဟင်.. အင်း..ရပါတယ်.."
" ကိုယ်လဲ မင်းတို့ majorကပဲ.. ကျန်းရှန်ဝေးနဲ့ အတန်းတူတယ်.. သိချင်တာတွေ လိုအပ်တာတွေ ရှိရင် လာခဲ့နော်.."
သူခေါင်းငြိမ့်ပြလိုက်ရင်း Xu Feng ကို ပြံးပြလိုက်သည်။ နှုတ်ဆက်ပြီး ထွက်လာခဲ့ပေမယ့် သူ့ကိုကြည့်နေတယ်လို့ ခံစားရလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့ Xu Feng က သူ့ကို သွားဖြီးပြရင်း လက်ပြနေသည်။
" မျက်နှာပဲ ရူးတာလား.. တကယ်ပဲ ဖော်ရွှေတာလား..? ငါ့အလုပ်လဲ မဟုတ်ပါဘူးလေ.. သူတို့နဲ့ ပတ်သက်စရာမှအကြောင်းမရှိပဲ.."
ကျန်းရှန်ဝေးနဲ့ ပတ်သက်နေသည်မလို့ သူကတော့ စိတ်ပါလက်ပါ မရှိလှ.. အဲ့လူကြီးတောင် လုံးဝရှောင်မရလို့ သည်းခံနေရသည့် အဖြစ်ပင် မဟုတ်ပါလား..
အပိုင်း(၁၆)ဆက်ရန်
ဒီတပိုင်းလဲ ရှည်ကျိရေးပေးထားတယ်နော်..😘😘.. ညနေမှ ရေးဖြစ်တာမလို့ ဒီည မပီးလောက်ဘူး ထင်ပေမယ့် p ဝါးတယ်.. hehe.. ဒီည သိပ်မဝေ့လိုက်လို့နေမယ်.. 😂.. reader တစ်ယောက်ချင်းဆီကို ကျေးဇူးများကျိ တင်ပါတယ်လို့ 💖💖 Wo ai nimen mwah mwah..
🌟14.8.2017🌟
🍑Dream-catcherr🍑
Bạn đang đọc truyện trên: Truyen247.Pro