Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

နှလုံးသားထဲကအမှန်​တရား

အပိုင်း(၂၈)

" ​နေ​ကောင်း​ပျောက်​ပြီဆိုပြီး ​နေချင်​သလို မ​နေ နဲ့အုံး..​အခန်းထဲ ​လေ​ကြောသင့်​တဲ့ နားလဲ မ​နေနဲ့​နော်​.. ပန်​ကာ​တွေ ဘာ​တွေ ဖွင့်​ထားလဲ ပိတ်​ခိုင်းဦး.. "

ဘေးနားက​နေ မပြီးတမ်းမှာတမ်း​ချွေ​နေသည့်​ Xu Feng (ရွှီဖုန်း) ​ကြောင့်​ YiJun သ​ဘောတကျရယ်​လိုက်​သည်​။

" ဟုတ်ပါပြီ Ge ​ရဲ့.. ကျွန်​​တော်​ Ge ​ပြောသမျှ ​သေချာမှတ်​ထားပါတယ်​.." (Ge=​ကော=brother)

" အင်း...​ပေါက်​တတ်​ကရ​တွေလဲ မစားနဲ့​ဦး​နော်​..​နေ့​လည်​ကြမှ canteen မှာ ​​ပျော့တာ​လေးတစ်​ခုခုစား.. Li hong Yi သူ့ကို​သေချာကြည့်​ဦး​နော်​.. အ​အေး​တွေ ဘာ​တွေ ​သောက်​​နေဦးမယ်​.."

" ​အေးပါ..Ec ရာ..ငါ ​သေချာမှတ်​ထားပါတယ်​..စိတ်မပူနဲ့..​မင်းဟာ​လေးကို ငါ​သေချာ ဂရုစိုက်​​ပေးပါ့မယ်​.."

Li Hong yi [လီဟုန်​ရိ] စကား​ကြောင့်​ Feng Ge က ရယ်​​သည်​။ သူက​တော့ Li hong Yi ကို ဂြိုလ်​​ပေးလိုက်​ရင်း နားသန်​​မွှေးကို နာနာဆွဲလိုက်​သည်​။

" အ..အ..နာတယ်​ဟ.."

" ​​​ခွေး​ကောင် ပလွတ်​ရွှတ်ေ​​တာက် ​မ​ပြောပါနဲ့လို့ ​ပြောထားတာကို မမှတ်​သေးဘူးလား..မင်းကို လုပ်​ရတာငါပဲ ပင်​ပန်းလာပြီ"

နောက်​ဆုံးအ​နေနဲ့ ဆံပင်​ကို နာနာဆွဲလိုက်​ရင်း သူလွှတ်​​ပေးလိုက်​သည်​။ Li hong Yi က သူ့နားသယ်​စပ်​ကို ပွတ်​လိုက်​ရင်း သူ့ကိုစပ်​ဖြီးဖြီးပြုံးပြသည်​။ အရင်​ကလဲ Zhang Shen Wei အ​ကြောင်း​ပြောရင် မင်းရဲ့ Zhang Shen Wei ကြီးက တို့ဘာတို့ အဲ့သည်​လို အသုံးအနှုန်း​တွေ ခဏခဏသုံးလွန်း၍ သူလုပ်​ထား​ရ ​ပေါင်းလဲ မနည်း။ သူမကြို​က်​ပါဘူးဆိုတာကို ဒါမျိုးပါးစပ်​က ခဏခဏ ထွက်​လာတတ်​သည့်​ Li hong Yi ကိုသူအ​​တော်​အံ့သြမိသည်​။

" ဟဲ.. အကျင့်​ပါ​နေလို့ပါဟ... ငါလဲ သတိထားတာပဲ..ပါးစပ်​က သူ့အလိုလို ထွက်​ထွက်​သွားတာ..ဟီး.."

"မင်းဟာ လွန်ကို လွန်​လွန်း​တယ်​...​မသိရင်​ လိုက်​​ပေးစား​နေတဲ့ အတိုင်းပဲ.."

" Ha ha....ha.."

သူ့စကားကို ဟာသတစ်​ခုကြားလိုကိရသလို Li Hong yi က အားရပါးရရယ်​​နေသည်​။ ပြီးမှ မျက်​နှာပိုးကို သတ်​သွား​ပေမယ့်​ မျက်​နှာက ပြုံးဖြီးဖြီးဖြစ်​​နေ​သေးသည်​။

" ဟဲ..အဲ့လို မရည်​ရွယ်​ပါဘူး....​အဲ့ဒါQingdao က ဟိုfujoshi အစ်​မ​အ​ကောင်းစားကြီး​ကြောင့်​ရယ်​..အိမ်​ပြန်​တိုင်း သူ့​သောက်​ကျင့်​​တွေကူးကူးလာ​ရော..ပြီး​​တော့..သူ့ဟိုmanga ​တွေ.. အဲ.."

Li Hong Yi က ဆက်​မ​ပြော​တော့ဘဲ ​ခေါင်းကုတ်​​နေသည်​​။ မျက်​နှာ​ပေးကလဲ မချိုမချဉ်​ရုပ်​နှင့်​။

" ဘာ..Fujo ဘာရီး..?

" ဟီး..ဘာမှမဟုတ်​​တော့ဘူး...အ​ရေးလဲ မကြီးဘူးရယ်​.."

" ​အေးလူနားမလည်​​တွေ ချည်းထိုင်​​ပြော သိလား။အရင်​တစ်​ခါကလဲ မင်းရဲ့ ဂိမ်းအ​ကြောင်းမင်းသာ ​ပြောပြသွားတာ ငါတစ်​လုံးမှကိုမသိလို်​က်​တာ။ "

" အခုလဲ မသိတာပဲ ​ကောင်းပါတယ်​.. 😂 "

Yan Yi Jun အမြင်​ကုတ်​လွန်း၍ မျက်​​စောင်းနာနာထိုး​ပေးလိုက်​သည်​။ Xu Feng [ရွှီဖုန်း] ကြည့်​ရတာလဲ သူ့လိုပင်​ဘာမှနားလည်​သိပုံမ​ပေါ်။ Li Hong Yi က အဲ့လိုကိုခဏခဏ ထ​ဖောက်​တတ်​တာ။

" စကား​ပြောလာတာ သတိ​တောင်​မထားမိလိုက်​ဘူး..အ​ဆောင်​နား​တောင်​ ​ရောက်​လာပြီ။ ဆယ်​ခွဲ​လောက်​ကြ အား​ဆေး​သောက်​ဖို့လဲ မ​မေ့နဲ့​နော်​ Yi Jun..."

Yi Jin တစ်​​ယောက်​ Xu Feng ကို ​ခေါင်းငြိမ့်​ရင်း အ​ဖြေ​ပေးလိုက်​သည်​။ သူလမ်းဆက်​​လျှောက်​လာရင်း သူ့ကိုတစ်​​ယောက်​​ယောက်​ကြည့်​​နေသလို ခံစား​နေရတာမလို့ သူဟိုဟိုသည်​သည်​ကြည့်​လိုက်​သည်​။ သူတို့ အ​ဆောင်​ရဲ့ အ​ပေါ်ထပ်​ကို မျက်​လုံး​ရောက်​သွား​​တော့ သူ့ကိုစိုက်​ကြည့်​​နေသည့်​ စူးရှသည့်​ မျက်​လုံးတစ်​စုံနှင့်​ အကြည့်​ချင်းဆုံသွားသည်​။

" Zhang Shen Wei..!"

သူ​ပါးစပ်​က ​ရေရွတ်​လိုက်​မိသည်​။အဲ့လူကြီး မျက်​နှာက တင်းမာ​နေခဲ့သလို အကြည့်​တို့ကလဲ အကြည့်​ခံရသူကို စိတ်​မသက်​မသာဖြစ်​​စေသည်​။ သူကြည့်​​နေတုန်းပင်​ Zhang Shen Wei [ကျန်းရှန်​​ဝေး] က သူ့ကို တစ်​ချက်​မဲ့ပြလိုက်​ကာ ဝရံတာနားက​ ထွက်​သွားသည်​။

" ဟင်​ Shen Wei လား..ဘယ်​မှာလဲ.."

Xu Feng အကြည့်​တို့ကလဲ သူကြည့်​​နေဆီ​နေရာဆီ သို့​ရောက်​သွားသည်​။

" မရှိ​တော့ဘူး.."

Yan Yi Jun သူ​ဆူ​အောင့်​ကာ ​ဖြေလိုက်​မိသည်​။အခန်းထဲ​ရောက်​​တော့ ဟိုလူကြီး၏ ခုနက ရုပ်​ကို မျက်​လုံးထဲပြန်​မြင်​မိ​တော့ တစ်​ချက်​မဲ့လိုက်​မိသည်​။ အရင်​​နေ့က အိမ်​လာတုန်းက အချိုးက တစ်​မျိုး..အခုကတစ်​မျိုး..

" hk..သူ့ကို မဆိုးပါဘူးလို့ မင်း​တွေးကိုမ​တွေးသိတာ..​ကြောင်​ပဲကြာကြာဘယ်​ရေငုပ်​ပါ့မလဲ..အချိန်​တန်​ရင်​ ​သောက်​ကျင့်​ဆိုးရီးက ပြန်​​ပေါ်လာ​တာပဲ.."

**********

Zhang Shen Wei..Xu Feng ​ပြော​နေသည့်​ စကားများကို နား​ထောင်​​နေရင်း ရင်​ထဲ အ​တော်​လေးခံရဆိုးလာသည်​။ Xu Feng က အရင်​​နေ့က သူနဲ့ Li Hong Yi ဟို​ကောင်​​လေးအိမ်​ကို သွားလည်​တုန်းက အ​ကြောင်း​တွေ ​ပြောပြ​နေသည်​။ အဲ့​ကောင်​​​လေးအိမ်​ကအပြန်​​နောက်​ကျသွားတာမလို့ အ​ဆောင်တံခါးပိတ်​သွားလို့ သူတို့ဘယ်​လိုဒုက္ခ​ရောက်​သွား​ကြောင်းကို ရယ်​စရာတစ်​ခုလို သူ့ကို ရယ်​​ရင်း​မောရင်း​ပြောပြ​နေ​ပေမယ့်​ သူရယ်​လဲမရယ်​မိသလို ပြုံးလဲ မပြုံးမိ။ အလိုမကျမှု​တွေ..တစ်​ခုခုကိုပဲ ​ဒေါသထွက်​​နေသလို ခံစားချက်​​တွေက ရင်​ထဲပြည့်​လာသည်​။

" ငါသွား​တော့ကို သူကိုယ်​အ​တော်​ပူ​နေ​သေးတယ်​..သူအားနည်း​နေ​သေးလို့ ဒီနေ့မလာ​သေးနဲ့ဦးလို့​ပြောတာကို ​အဲ့​ကောင်​​လေးက ​ခေါင်းမာပြီး ​ကျောင်းလာဖြစ်​​အောင်​ လာလိုက်​​သေးတယ်​... ​အား​ဆေး​သောက်​တယ်​သာ​ပြောတာ...မျက်နှာက အရင်​နေ့က အတိုင်း​လေးပဲ ​​ငါ​ပေးတဲ့ အား​ဆေး​သောက်​ရဲ့လား​တောင်​ မသိဘူး.."

Xu Feng စ​ကား​ကြောင့်​ သူ့မျက်​နှာ အ​တော်​ပျက်​သွားမိစည်​။

" ဘာအား​ဆေးလဲ..?"

" တိုင်းရင်း​ဆေးနည်းနဲ့လုပ်​ထားတာပဲ.. ဂျင်​ဆင်းနဲ့ ဌက်​သိုက်​​ရောပါတယ်​တဲ့...နလန်​ထလူနာ​တွေအတွက်​ အရမ်း​ကောင်းတယ်​လို့ ဆိုင်​ရှင်​က ညွှန်းလို့ ဝယ်​​ပေးလိုက်​တာပဲ..ငါတို့​ကျောင်းသား​တွေ အတွက်​လဲ အ​တော်​​ကောင်းတယ်​​ပြောတယ်​.."

" hk.."

Zhang Shen Wei တစ်​ချက်​ရယ်​လိုက်​မိရင်း သည်းမခံနိုင်​​​လွန်း​တော့တာမလို့ သူထရပ်​လိုက်​သည်​။

" ဘာဖြစ်​တာလဲ.."

" ဒီလိုပဲ.. သွားစရာရှိတာ အခုမှသတိရလို့.."

Xu Feng သူ့ကိုခွန်းတုန့်​ပြန်​စကားမ​ပြောနိုင်​​သေးခင်​မှပဲ သူခုံ​ပေါ်က ထကာ ထွက်​လာခဲ့သည်​။ သူ့​ဘာသာ ဘယ်​လိုထင်​ကျန်​ခဲ့ ကျန်​ခဲ့..ဒီအချိန်​မှာသူဒါ​တွေ ဂရုမစိုက်​။ သူထိုင်​​နေကြ ​ကျောင်း​နောက်​က ​မေပယ်​လ်​ပင်​​တွေရှိတဲ့ ​ခုံဝိုင်းဖက်​ဆီ ထွက်​လာခဲ့သည်​။ လမ်း​ဘေးမှာ ရှိ​နေတဲ့ အမှိုက်​ပုံးအမဲလေးကို မြင်​​တော့ သူမချိပြုံး ပြုံးလိုက်​ကာ ​ကျောပိုးအိတ်​ထဲက အိတ်​လှလှ​လေးနှင့်​ထုတ်​ထားသည့်​ အထုတ်​တစ်​ထုတ်​ကို ဆွဲထုတ်​လိုက်​သည်​။ Yan Yi Jun အတွက်​လို့ သူရည်​ရွယ်​ခဲ့သည့်​ အား​ဆေးရည်​ထုတ်​​လေး​တွေ..သူ့အ​မေ​သောက်​​နေကြတံဆိပ်​အတိုင်း တစ်​ခါ​သောက်​ အထုတ်​နှစ်​ဆယ်​ပါသည့်​ အထုတ်​ကြီးတစ်ထုတ်​။ ရှားပါးသလို ​ဈေးအ​တော်​ကြီးပြီး ပစ္စည်း​ကောင်းသည်​မလို့ သူ ဒါကိုရဖို့...တိုင်းရင်း​ဆေးဆိုင်​ နှစ်​ဆိုင်​သုံးဆိုင်​ပင်​ ​ရောက်​ခဲ့​ရသည်​။

" hk...​စောက်​​ရူးလိုပဲ..! ငါ​ပေးလဲမင်းအတွက်​ လိုအပ်​မှာမှ မဟုတ်​​တော့တာ.."

သူ​ရေရွတ်​လိုက်​ရင်း လက်​ထဲက အိတ်​ကို အမှိုက်​ပုံးထဲ ပစ်​ထည့်​လိုက်​သည်။ သူထိုင်ေ​​​နကြ ​နေရာ​ရောက်​တော့ Z​hang Shen Wei ဘူးထဲက စီးကရက်​တစ်​လိပ်​ထုတ်​လိုက်​သည်​။စီးကရက်​ကို မီးညှီလိုက်​ရင်း တစ်​ရှိုက်​ဖွာလိုက်​ကာ မီးခိုး​တွေကို မှုတ်​ထုတ်​လိုက်​သည်​။ ​ဆေး​လိပ်ကို ​စွဲမ​သောက်​ဖြစ်​​ပေမယ့်​ စိတ်​ရှုပ်​..စိတ်​ညစ်​တဲ့ အခါတိုင်း​သောက်​ဖြစ်​သည်​မလို့ သူအမြဲ​ဆောင်​ထားဖြစ်​သည်​။လေနှင့်​အတူ စီး​မျှောသွားသည့်​ မီးခိုး​တွေကို စိတ်​လွတ်​လက်​လွတ်​ ​ငေးကြည့်​မိသည်​။အခုတ​လော သူ့ကို ​ခေါင်းရှုပ်​​စေတဲ့ အ​ကြောင်းအရာ​တွေအားလုံးလဲ ​မီးခိုး​တွေလို လွှင့်​​မျောသွားဖို့ပါ သူ​မျှော်​လင့်​မိသည်​။

နေ့လည်​စာ စားချိန်​​ရောက်​​တော့ ဟို​ကောင်​​လေးနှင့်​သူ canteen မှာ မျက်​နှာ ချင်းဆိုင်​​တွေ့ဖြစ်​သည်​။ ​မျက်​နှာ​လေးက ​ချောင်​ကျ​နေပြီး မျက်​ကွင်း​လေး​တွေ နည်းနည်းညို​နေ​ပေမယ့်​ မျက်​နှာက​တော့ ရွှင်​ပြ​နေဟန်​​ပေါက်​​နေသည်​။

" hk..သိပ်​​ပျော်​​နေမှာ​ပေါ့..​စောက်​ကျိုးနည်းကို ဂရုစိုက်​​ပေးတဲ့သူ​တွေ ရှိ​နေတာကိုး.."

သူအဆဲအဆို​တွေကို အ​တော်​မုန်းသည်​။ ဒါ​ပေမယ့်​ ဒီ​နေ့သူခဏခဏ ထိုစကားလုံး​တွေ သုံးမိ​နေတာ သတိထားလိုက်​မိ​တော့ အစထဲက မကြည်​တဲ့စိတ်​​တွေက ပို၍ မကြည်​ဖြစ်​လာသည်​။ ကိုယ်​ကိုယ်​ကို ဘာဖြစ်​လို့ ဖြစ်​ချင်​​နေမှန်းကို မသိ​တော့..။ ခါတိုင်းဆို သူတို့စားပွဲဝိုင်းက စကားဝိုင်းမှာ သူအမြဲပါ​နေကြ ဖြစ်​​ပေမယ့်​ ဒီ​နေ့​တော့ သူဘာမှ ဝင်​မ​ပြောဖြစ်​ခဲ့။

" ကိုကို..ဘာဖြစ်​​နေတာလဲ.. စကားလဲ ဘာမှ မ​ပြောဘူး.."

" ဘာမှ မဖြစ်​ပါဘူး.."

သူစိတ်​မရှည်​သလို ​လေသံနှင့်​​ပြောလိုက်​​တော့ Xu Feng နှင့်​ Wang Zi Yu [ဝမ်​ဇီယွီ]တို့၏ အကြည့်​တို့ကပါ သူ့ဆီ​ရောက်​လာသည်​​။

" ဘာမှ မဖြစ်​ဖူးလို့​တော့ မ​ပြောပါနဲ့...တစ်​ခုခုမဖြစ်​ဘဲ ဘယ်​သူမှ ဒီလိုမ​နေဘူး..သူများက အ​ကောင်းသ​ဘောနဲ့ ​မေးတဲ့ဟာကို လာ​အော်​​နေတယ်​.."

Yan Yi Jun ရဲ့ စူးစူးစမ်းစမ်းအကြည့်​​လေး​တွေကပါ သူ့ဆီ ​ဝေ့ကျလာသည်​။ LiNa ရဲ့ စိတ်​ဆိုးသလို ​လေသံကို သတိထား​မိ​ပေမယ့် သူစကားလုံးလှလှ​တွေသုံးပြီး ပလီပလာနဲ့ ​ချော့မ​နေချင်​​တော့။ အ​ရေးကို မပါတာ။

" အိမ်​မှာ mama နဲ့ ပြသနာတက်​ခဲ့လို့ပါကွာ..ရပြီလား။ ကိုယ်​အခုထိ စိတ်​ရှုပ်​​နေလို့ စကားများများမ​ပြောချင်​ဘူး..ကိုယ့်​ကို ခဏလွှတ်​ထား​ပေးပါ..!"

" အဲ့ဒါဆိုလဲ ပြီး​ရော..!"

LiNa၏ စူစူ​အောင့်​​အောင့်​အသံက သူမသိပ်​မ​ကျေနပ်​တာကို ပြ​နေသလိုရှိသည်​။ ဒါ​ပေမယ့်​လဲ သူဘာမှ ဆက်​မ​ပြောဖြစ်​ခဲ့​တော့။ LiNa ကပါ ငြိမ်​သွား​တော့ သူတို့စားပွဲဝိုင်းတစ်​ခုလုံး တိတ်​ဆိတ်​သွားသည်​။ Yan Yi Jun အကြည့်​တို့က သူ့ဆီကို တစ်​ခါတစ်​ခါ​ရောက်​လာတတ်​သည်​။

" အာ ​ခေါက်​ဆွဲရပြီ သွားယူလိုက်​ဦးမယ်​.."

" ရတယ်​...ကိုယ်​သွားယူ​ပေးမယ်​.."

Zhang Shen Wei..နှုတ်​ခမ်းစွန်း​ကော့တယ်​ဆိုရယ်​​လေးပြုံးကာ ​သူ့​ရှေ့က Yi Jun နှင့်​ Xu Feng တို့ကိုကြည့်​လိုက်​သည်​။

" ပူမယ်..​​ဖြေး​ဖြေးစားဦး.."

" အင်းပါ..ge ကလဲ သိပါတယ်​..ကျွန်​​တော်​က​လေးမှ မဟုတ်​တာကို.."

သူတို့​ပြော​နေသည့်​ စကားအခွန်းတိုင်း အခွန်းတိုင်းက သူ့ရင်​ထဲက မမြင်​နိုင်​တဲ့ အစိုင်အခဲတစ်​ခုကို ပို၍ပို၍ ကြီးလာ​စေသည်​။ ခံရခက်​သည်​။ အ​တော်​ကိုပင်​ခံရခက်​သည်​။ Yan Yi Jun က ​ခေါက်​ဆွဲကို တူနဲ့ညှပ်​ကာ အတင်းမှုတ်​​နေ​တော့ သူ့မျက်​လုံး​တွေက မရည်​ရွယ်​ပါဘဲ Yan Yi Jun နှုတ်​ခမ်းစူစူ​လေး​တွေဆီကို ​​ရောက်​သွားသည်​။

ရင်​ထဲက ဝုန်းဒိုင်းကြဲလာ​တော့ သူစိတ်​ပျက်​လက်​ပျက်​​ခေါင်းရမ်းလိုက်​သည်​။ Yan Yi Jun က ​ခေါက်​ဆွဲအပူကို ​အေး​အောင်​မ​စောင့်​ဘဲ ပါးစပ်​အပူခံပြီးစား​နေတာမြင်​​တော့ သူ​နေမရထိုင်​မရဖြစ်​လာသည်​။ သူ Yan Yi Jun ကို ​တစ်ခုခု ​ပြောမလို့ပြင်​တုန်း Xu Feng ဆီက အသံထွက်​လာသည်​။

"​ အာ Yi Jun ကလဲ အပူ​လောင်​ကုန်​မှာ​ပေါ့...အေး​အောင်​​စောင့်​ဦး​လေ.."

" hk.."

Zhang Shen Wei သည်းခံနိုင်​စွမ်းတို့ ဂိတ်​ဆုံးသို့​ရောက်​သွားကာ သူထရပ်​လိုက်​သည်​။

" ကိုယ်​အိမ်​ပြန်​​​တော့မယ်​ ...စိတ်​​တွေ အရမ်း​ရှုပ်​​နေလို့ အိမ်​ပြန်​နားချင်​ပြီ.."

" ဟို mamaနဲ့ စကားများလာတာဆိုရင်​ အိမ်​ပြန်​လို့ အဆင်​​ပြေပာ့ မလား gege.."

Wang Zi yu က သူ့ကို​မေးလာသည်​။

" အင်း..သူဒီ​နေ့ အိမ်​မှာ ရှိမှာမဟုတ်​ဘူး..Hong Kong ကိုခရီးသွားစရာရှိတယ်​.."

" ​အော..."

" သ​ဘောပဲ​​လေ.."

LiNa က သူ့စကားကို သိပ်​စိတ်​မဝင်​စားသည့်​ပုံစံနှင့်​ ပြန်​​ဖြေလာသည်​။ Zhang Shen Wei အိမ်​ပြန်​​ရောက်​​တော့ သူအဝတ်​​တွေကို ချွတ်​လိုက်​ရင်း ​ရေချိုးခန်းထဲ တန်းဝင်​လိုက်​သည်​။ ​ရေ​အေး​တွေက ​ခေါင်းက​နေ ​ခြေဖျားအထိ စီးဆင်းသွားပြီး ခန္ဓာကိုယ်​က အပူ​ဓာတ်​​တွေကို ဖယ်​ရှား​ပေး​နေသည်​​။ သူအသက်​ဖြည်းဖြည်းချင်းရှုလိုက်​ကာ စိတ်​ပြန်​ကြည်​​အောင်​ကြိုးစားမိသည်​။ ဒီ​နေ့ ငာဘာ​တွေလုပ်​ခဲ့မိတာလဲ? Zhang Shen Wei သက်​ပြင်းချမိသည်​။ဒီ​နေ့ စိတ်​စရှုပ်​သွားသည့်​ အ​ကြောင်းအရင်းကို ရှာကြည့်​လိုက်​​တော့ Yan Yi Jun ကို ဟိုနှစ်​​ကောင်​နှင့် စ​တွေ့သည့်​အချိန်​ထဲက ဆိုသည့်​အမှန်​တရားက ထွက်​လာသည်​။ အခုပြန်​​တွေးမိလိုက်​သည့်​အချိန်​အထိကို ​ဒေါသက ထွက်လာဆဲပင်​။

" hk..ငာသဝန်​တို​နေမိတာလား.."

ဒီ​နေ့ ဖြစ်​သမျှ​တွေက အဲ့​ကောင်​​လေးနှင့်​ပတ်​သက်​​နေတာ​တွေချည်းပင်​။ ဘာလို့လဲ? ဘာလို့ မင်းနဲ့မှ ဒီလို ခံစား​နေရတာလဲ?

အစက Yan Yi jun အ​ပေါ်ထားတဲ့ စိတ်​ကို တပ်​မက်​မှုလို့သာ အမည်​တပ်​ချင်​​ခဲ့​ပေမယ့်​လဲ ထူးဆန်းလာသည့်​ ရင်​ခုန်​သံနှင့်​ ခံစားချက်​​တွေ​ကြောင့်​ သူဒါကို အချစ်​တစ်​ခုလားလို့ သံသယဝင်​လာမိသည်​​။

ဘာ​ကြောင့်​လဲ။ တစ်​ခါမှ မခံစားဖူးခဲ့တဲ့ ခံစားချက်​​တွေက ဘာလို့​ယောကျာ်း​လေးတစ်​​ယောက်​ အ​ပေါ်ကို မှလဲ။ ပြီး​တော့ တခြားသူမဟုတ်​ဘဲ ဘာလို့ သူ့ချစ်​သူရဲ့ သူငယ်​ချင်းအ​ပေါ်ကို ဖြစ်​​နေခဲ့တာလဲ။

" ငါက တကယ်​ကို မ​ကောင်းတဲ့လူပါ..LiNa..မင်းငါ့ကို​ပေးထားတဲ့ အချစ်​​တွေကို မင်းကိုပြန်​​ပေးနိုင်​မယ့်​ အချိန်​မ​ရောက်​လာနိုင်​​တော့ဘူးထင်​တယ်​.."

Zhang Shen Wei သက်​ပြင်းချလိုက်​မိသည်​။ သူတကယ်​ အဲ့ဒီ​ကောင်​​လေးကို ချစ်​မိ​နေပြီလား။ ထို​မေးခွန်းကို အကြိမ်​​ပေါင်းများစွာ ကိုယ့်​ကိုကိုပြန်​​မေးမိသည်​။

ယောကျာ်းတစ်​​ယောက်​က မိန်းမတစ်​​ယောက်​ထက်​ စွဲမက်​စရာ​ကောင်းလို့လား။ ဟင့်​အင်း။ယောကျာ်း​လေးတစ်​​ယောက်​ဆိုတာ..မိန်းက​လေး​တစ်​​ယောက်​လို နူးညံ့တဲ့အထိအ​တွေ့​တွေ​ပေးနိုင်​တဲ့ အ​ပေါ်ပိုင်းအလှ​တွေမရှိဘူး...စွဲမက်​စရာ​ကောင်းတဲ့ ​ကောက်​​ကြောင်း​အလှ တွေလဲ မရှိဘူး။ သူဘယ်​လိုပဲ​တွေး​တွေး မိန်းမ​တွေကိုပဲ သ​ဘောကျသည်​ဆိုသည့်​အ​ဖြေက ​နောက်​ဆုံးကျန်​ခဲ့သည်​။

"အဲ့ဒါဆိုရင်​ ဘာလို့ အဲ့​ကောင်​​လေး အ​ပေါ် ဒီလို ခံစား​နေရတာလဲ ? မိန်းက​လေးနဲ့ တူလို့်​လား.."

အဲ့ဒါက အ​ဖြေမဟုတ်​မှန်းလဲ သူသိ​နေသည်​။ ဘယ်​မိန်းမအ​ပေါ်မှာမှ မခံစားဖူးတဲ့ ခံစားချက်​​တွေနဲ့ကို သူအဲ့​ကောင်​​လေးအ​ပေါ် ခံစားမိ​နေခဲ့တာ။Yan Yi Jun အ​ကြောင်း​တွေးလိုက်​မိ​တော့..အဲ့​ကောင်​​လေးပုံစံ​လေးက သူ့မျက်​လုံးထဲ​ပေါ်လာသည်​။ ​ကောင်​​လေးရဲ့ နှုတ်​ခမ်းအိအိ​လေး​တွေကို ပြန်​မြင်​​ယောင်​မိလိုက်​တော့ သူ့ရင်​ခုန်​နှုန်း​တွေ မြန်​လာခဲ့သည်​။ မျက်​လုံးထဲမှာ ပုံနှိပ်​ထားသလို စွဲထင်​​နေသည့်​ အသား​ဖွေးဥဥ​လေး​တွေနဲ့ ခန္ဓာကိုယ်​​လေးကို ပြန်​​မြင်​​ယောင်​မိလိုက်​​တော့ သူ့တစ်​ကိုယ်​လုံးက ​သွေး​တွေ ပူ​နွေးလာခဲ့သည်​။ ခန္ဓာကိုယ်​ကပဲ အလိုရှိ​နေတာမဟုတ်​ပဲ သူ့နှလုံးသားကပါ အဲ့​ကောင်​​လေးကို တမ်းတာ​နေခဲ့မိတာ။

" hk..ငါမင်းကို ချစ်​မိ​နေတာ ​သေချာသွားပြီထင်​တယ်​..Yi Jun!"

🌟အပိုင်း (၂၉) ဆက်​ရန်​🌟

မ​နေ့က အတွက်​ပါ ​ပေါင်းပြီး ရှည်​ကျိ ​ရေး​ပေးထားပါတယ်​လို့..💕 မျက်​လုံးကသက်​သာ​နေပါပြီ 😻 စိတ်​ပူ​ပေးကြတဲ့သူ​တွေကို ​ကျေးဇူးအများကြီးတင်​ပါတယ်​လို့..​အရမ်းလဲ ​ပျော်​မိတယ်​ 😻 ဒီအပိုင်းက ​ရေးရတာ အ​တော်​ကြာသွားလို့ ညနက်​သွားတာပါ.. ဟီး .. 💗💗 Love you all 😻

🌟30.10.2017🌟

🍑Dream-catcherr🍑










































Bạn đang đọc truyện trên: Truyen247.Pro