မြစ်တို့၏မာယာ
အပိုင်း(၃၇)
" Zhang Shen Wei ရဲ့ ဂရုစိုက်မှုတွေ ကိုမင်းပဲအပိုင်ရထားတော့ အခုအချိန်မှာတော့ မင်းပျော်ရွှင်ကောင်းပျှော်ရွှင်နေမှာပေါ့..ဒါပေမယ့် သူက မင်းကိုတကယ်ချစ်တယ်လို့များစိတ်ကူးယဉ်ထားလေသလား.. 😂😂 သူလိုလူက မင်းကိုချစ်မယ်လို့လေ 😃😃
မင်းကသူလက်ရှိဆော့ကစားနေရုံမိန်းမသက်သက်ပဲကို မင်းဘာလို့ ဂုဏ်တွေအရမ်းဆာနေမှန်းငါတွေးကိုမတွေးတတ်ဘူး.. 😃
အထက်တန်းကျောင်းထဲက ယောကျာ်းတကာနဲ့ ပတ်ရှုပ်ခဲ့တဲ့မိန်းမ.. တွဲသမျှယောကျာ်းတွေဆီက ချူစားခဲ့တဲ့ မင်းလိုမိန်းမအတွက်တော့ Zhang Shen Wei လိုလူက လက်မလွှတ်နိုင်စရာ ယောကျာ်းတစ်ယောက်ဖြစ်နေမှာပေါ့နော်..😢
မင်းနောက်ဆုံးတွဲခဲ့တဲ့ ဆေးကျောင်းသားလေးဆီက မင်းပြိုင်ကားတစ်စီးချူစားလို့ဝတော့မှ ရက်ရက်စက်စက်ပစ်သွားခဲ့တယ်ဟုတ် 😃
်..အရင်နေ့က Locker ကိစ္စက အသေးအဖွဲလေးပဲရှိပါသေးတယ်...နောက်ထပ် မင်းရဲ့ အရှုပ်ထုတ်တွေကို ဖြေချပြလိုက်ဖို့ကတော့ တစ်စခြင်း တစ်စခြင်းပဲ ဆွဲထုတ်ပေးရမှာပေါ့.. 😃 အရမ်းလဲမလန့်ပါနဲ့ မင်းရဲ့အရှုပ်ထုတ်တွေလူတကာ သိသွားရုံလောက်ပါပဲ..😃 Good Luck! 😉 "
" တောက်..!"
LiNa ပြသည့် messageများ ကို ဖတ်ပြီးတော့ Yi Jun တောက်ခေါက်လိုက်မိသည်။ ဖုန်းနံပါတ်စိမ်းတစ်ခုကနေ
ပို့ချင်တွေပို့ပြီး တစ်ခါထဲ စက်ပိတ်သွားတာက သိပ်ကို သွေးကြောင်လွန်းသည်။
" ငါ့ဘဝတစ်လျှောက်လုံးမှာ တစ်ခါမှ ဒီလိုအစော်ကားမခံရဖူးဘူး..Xiao Jun..
ယောကျာ်းတစ်ယောက်ကို ချစ်လိုက်မိခဲ့အတွက် ပြန်ပေးဆပ်လိုက်ရတာက ငါရဲ့ သိက္ခာတွေလား..hk..
ရည်းစားများခဲ့တာကိုတော့ ငါဝန်ခံတယ်..ဆယ်ကျော်သက်ကတော့ ဆယ်ကျော်သက်အလျှောက်နေထိုင်မှာပဲလေ..အမှန်အတိုင်းပြောကြေးဆို တွဲခဲ့သမျှလဲ ငါ့အိမ်လောက် ပြည့်စုံခဲ့ကြသူတွေတစ်ယောက်မှကို မရှိခဲ့ဘူး..အဲ့ဒါကို ငါကပဲ ချူစားတဲ့ မိန်းမ..?? "
LiNa မျက်နှာက ဒေါသကြောင့် နီရဲနေသလို မျက်ဝန်းတွင်လဲ မျက်ရည်များပင်ဝဲနေသည်။
" နင်သူတို့တွေကြောင့် ဘာမှစိတ်ထိခိုက်မခံနဲ့ LiNa..။အဲ့ဒါကြောင့် ငါအစထဲက Zhang Shen Wei လို ငရှုပ်ငပွေနဲ့ ဆက်မပတ်သက်စေချင်လို့ အတန်တန်တားခဲ့တာ..အခုကိစ္စကလဲ သူ့ရဲ့ မရှင်းမရှင်းတွေကြောင့် ဖြစ်လာရတဲ့ ပြသနာဆိုတာ သေချာပောက်ပဲ..တစ်ခါက သူနဲ့ ပြသနာဖြစ်သေးတဲ့ မိန်းကလေးလားလို့တောင် ငါသံသယဝင်မိသေးတယ်..ဒင်းလဲ ဘယ်သူမှန်းသေချာပေါက်သိမှာပါ..သူကြောင့်ဖြစ်တဲ့ စောက်ရှုပ်ပဲ.."
ခဏကြာတော့ Zhang Shen Wei ရောက်လာသည်။ အဲ့လူကြီးကို မြင်တော့ ပိုပိုပြီး ဒောသထွက်မိသည်။
" ကိုကို..Bae အရမ်းပင်ပန်းနေပြီသိလား..
Bae တို့နှစ်ယောက်ဆက်ဆံရေးကြောင့် ဒီတစ်ဖက်က ကောင်မလေးက ဒီလိုတွေလုပ်နေတာဆိုရင် Bae တို့ဇာတ်လမ်းကို ဒီမှာပဲ အဆုံးသတ်သင့်ပြီလို့ကို Bae တွေးမိနေပြီ..
ကို့ကိုအရမ်းချစ်ပေမယ့် ဆိုးဆိုးရွားရွားတွေ ဆက်လုပ်လာရင် Bae ဘာလုပ်မိမယ်မှန်း တကယ်မသိဘူး.."
ချုံးပွဲချ ငိုနေသည့် LiNa ကို Zhang Shen Wei ရင်ခွင်ထဲဆွဲထည့်လိုက်ကာ နှစ်သိမ့်ပေးဖို့ကြိုစားလိုက်သည်။
" ကိုယ့်ကြောင့် ဒီလိုတွေဖြစ်ရတာမလို့ တကယ်ကို တောင်းပန်ပါတယ် ကွာ..ကိုယ်တကယ့်ကို တောင်းပန်တယ်..
သူပြောထားသလိုတွေ တစ်ခုမှ မဖြစ်စေရဘူးနော်.. Bae ကို ကိုယ်လုံးဝ ယုံပါတယ်..ကိုယ်တို့ relationship က နားလည်မှုတွေနဲ့ တည်ဆောက်ထားပီး တယောက်အကြောင်းတစ်ယောက်အကုန်သိကြတာပဲလေကွာ.."
" သူရေးထားတဲ့ဆေးကျောင်းကတစ်ယောက်ဆိုတာကလဲ သူအတင်းလက်ဆောင်ပေးခဲ့တဲ့ ကားကို သူနဲ့ပြတ်တဲ့နေ့ထဲက သူ့လက်ထဲကို ပြန်ထည့်ပေးခဲ့တာ..
Bae ဘယ်လိုစိတ်ရှိတယ်ကအစ ကိုကိုအသိဆုံးပါ
..အဲ့ဒါကို ဒီလောက်ကြီးအထိ သိက္ခာစော်ကားခံနေရတာတွေအထိကတော့..."
" ကိုယ်ဖြေရှင်းပေးမယ်နော်ဟုတ်ပြီလား..မငိုနဲ့တော့နော်..သူမင်းကို ထိခိုက်အောင် ဘာမှလုပ်လို့ မရအောင် ကိုယ်ကာကွယ်ပေးမှာပါ.."
Yi Jun သူ့ရှေ့တွင် ဖြစ်ပျက်နေသည့် မြင်ကွင်းကြောင့် အံကို တင်းတင်းကြိတ်လိုက်သည်။
" တော်သင့်ပြီလေ..LiNa ..နင်ဘယ်အချိန်ထိအရူးလိုလုပ်နေဦးမှာလဲ..!"
LiNa လက်ကို ဆွဲဆုပ်လိုက်ရင်း Zhang Shen Wei ရင်ခွင်ထဲက ဆွဲထုတ်လိုက်သည်။ ထိုအခိုက်အတန့်မှာ Zhang Shen Wei သူ့ကိုကြည့်လိုက်သည့် အကြည့်တွေက သူတို့နှစ်ယောက်စတွေ့တုန်းက အချိန်တွေကို ပြန်အမှတ်ရသွားစေသည်အထိ ထိုအချိန်ကလို အေးစက်စက်အကြည့်တစ်ချို့ ။
"ရုတ်တရက်သူစိမ်းဆန်သွားသလို "ဆိုသည့် စကားစုအချို့ကို ထိုအခြေအနေကို တင်စားဖို့ရွေးချယ်လိုက်မိတော့ သူ့ကိုယ်သူ လှောင်ရယ်ချင်သွားသည်။သူတို့က ဘယ်တုန်းကမှ နီးစပ်ခဲ့တဲ့သူတွေမှမဟုတ်ခဲ့တာနော်။ သူနဲ့ Zhang Shen Wei ဆိုတာ ပြေလည်နိုင်ဖို့ဘယ်တော့မှ ဖြစ်မလာနိုင်မှာမဟုတ်တဲ့ အမြဲတမ်းအတွက် သူစိမ်းတွေ ။ ။
" ကျစ်.. sorry Jun ကိုယ်အခုစိတ်တွေအရှုပ်းရှုပ်နေတယ်..မင်းကိုယ်တို့ကို ခဏလောက်လွှတ်ထားပေးပါကွာ..နော်.."
" ဘာ.."
Yi Jun ပြောစကားစကားများ ချက်ချင်းပျောက်ဆုံးသွားသလိုခံစားလိုက်ရသည်။
" ကျွန်တော်က အခုလိုအချိန်မှာ LiNa ဒုက္ခရောက်တာကို အေးအေးဆေးဆေး ထိုင်ကြည့်ပေးနေရမှာလားဟမ်..ဒါတွေအားလုံးရဲ့ ဇာတ်လမ်းက ခင်ဗျားကြောင့် စခဲ့တာပဲလေ..တောင်းပန်ပါတယ်ဆိုတဲ့ ခင်ဗျားရဲ့ စကားတစ်ခွန်းလေးက LiNaက မတရားကြားထဲက ခံနေရတာတွေကို ဖြေရှင်းနိုင်မှာမို့လို့လား..!"
" ကိုယ်ဖြေရှင်းပေးပါ့မယ်လို့ ပြောနေတယ်လေJun!!"
Zhang Shen Wei လေသံ မာမာက သူ့နားထဲရိုက်ခတ်လာတော့ Yi Jun ပိုလို့ မခံချင်ဖြစ်လာသည်။
" hk..ဘယ်လိုနည်းနဲ့လဲ..ပြောလေ..ဘယ်အချိန်မှ ဖြေရှင်းမှာလဲ LiNa သူများတကာလက်ညိုးထိုးတာ ခံရတဲ့ အချိန်မှလား??"
Yi Jun နှုတ်ခမ်းကို မဲ့လိုက်ရင်း Zhang Shen Wei မျက်လုံးတွေကို စူးစိုက်ကြည့်ရင်းခပ်လှောင်လှောင်ပြောလိုက်သည်။
" အား..!!!"
LiNa အာခေါင်ခြစ်အော်လိုက်ကာ သူတို့နှစ်ယောက်ကို မျက်ရည်တွေ ပြည့်နေသည့်မျက်လုံးမျိုးနှင့်ကြည့်လာသည်။
" ဘာတွေဖြစ်ချင်နေကြတာလဲဟမ်..ငါ့ကို အခုချက်ချင်းရူးသွားစေချင်တာလား?? ကိစ္စတစ်ခုကြောင့် ရူးလောက်အောင် စိတ်ရှုပ်နေရတဲ့ အချိန်မှာ ဒီလိုတွေလုပ်ပြမှရမှာလား..ဒီတစ်ခါတော့ နင်တို့ကို တကယ်ကို စိတ်ကုန်သွားပြီ.."
သူ့လက်ကို ဆုပ်ကိုင်ထားသည့် Yi Jun လက်ကို ဖယ်ချလိုက်ရင်း LiNa အဲ့ဒီ့နေရာနားက ကျောခိုင်းထွက်လိုက်သည်။
" ဟာ...LiNa.မဟုတ်ဘူးလေဟာ..."
Yi Jun တစ်ယောက် LiNa လက်ကို ထက်ဖမ်းဆုပ်ဖို့ကြိုးစားလိုက်တော့ သူမက သူ့လက်ကို ပုတ်ထုတ်လိုက်ရင်း..
" ငါ့ကို မတားနဲ့ Xiao Jun..အခု ဘာစကားမှလဲ ထပ်မကြားချင်ဘူး..ငါ့နောက်ကိုလဲ နင်တို့တစ်ယောက်မှ မလိုက်ခဲ့နဲ့.."
LiNa ထွက်သွားတော့ Yi jun သူ့ဒေါသတွေကို ထွက်ပေါက်ပေးလိုက်ပြီး ရှေ့က Zhang Shen Wei မျက်နှာကို အားကုန်ထိုးလိုက်သည်။ အဲ့လူကြီး ရှောင်လိမ့်မယ် ဒါမှမဟုတ် သူ့ကို ဟန့်တားလိုက်မယ်လို့ သူထင်လိုက်ပေမယ့် သူ့လက်က အတားအဆီးမဲ့စွာပဲ Shen Wei မျက်နှာပေါ်ကို နေရာယူသွားသည်။ ပါးစောင်ထဲက ငန်ကျိကျိအရသာနှင့်အတူ မျက်နှာတစ်ခုလုံး ပူထူသွားပေမယ့် Zhang Shen Wei ပြုံးလိုက်သည်။ ပါးစပ်ထဲမှာ နေရာယူလာတဲ့ သွေးစတစ်ချို့ကို သူထွေးလိုက်တော့ အမည်မတပ်နိုင်ပေမယ့် ကောင်းတဲ့ခံစားချက်ကိုတော့ယူဆောင်လာပေးတဲ့ Yi Jun မျက်ဝန်းက အကြည့်တစ်ချို့ကိုသူဖတ်လိုက်ရသည်။
" မင်းမကျေနပ်သေးရင် ကိုယ့်ကိုကြိုက်သလောက် ထပ်ထိုးလို့ရတယ် Jun... ကိုယ်မရှောင်ပါဘူး.."
" ခင်ဗျားတကယ်လဲ တတ်နိုင်တယ်နော်..ဒီလိုလုပ်လို့ ခင်ဗျားကို ကျွန်တော်သနားလာမယ်မထင်နဲ့.."
ဘာကိုမှဂရုမစိုက်သလိုလေသံနဲ့ ပြောလိုက်ပေမယ့် Yi Jun ရဲ့ လေသံတို့က ခုနကလို မာထန်နေသည့် အသံမဟုတ်တော့တာကို Shen Wei သတိထားမိလိုက်သည်။
" ဖြေရှင်းပေးမယ်ဆိုရင် LiNa အပေါ်ဒီလိုတွေ လုပ်နေတာ ဘယ်သူလဲဆိုတာ ခင်ဗျားပြောလေ..ဟိုတခါ ဒီကျောင်းမှာ ခင်ဗျားနဲ့ ပြသနာဖြစ်တဲ့ မိန်းကလေးလို့တော့ ကျွန်တော်သံသယဝင်မိပေမယ့် ခင်ဗျားရှုပ်ခဲ့ဖူးတဲ့ မိန်းမတွေဘယ်နှစ်ယောက်ရှိနေလဲမှ မသိနိုင်တာနော် hk.."
" Su Su တော့မဟုတ်နိုင်ဘူး Jun..
cctv က ပုံစံ မမြင်ခင်က သူလို့ထင်ခဲ့ပေမယ့် Locker ကိုလုပ်သွားတဲ့ တစ်ယောက်က ခပ်ဝဝနဲ့မလို့ သူတော့မဖြစ်နိုင်ဘူး..မင်းလဲ Su Su ကို မြင်ဖူးတာပဲလေ.."
Shen Wei cctv ကို ကြည့်ခွင့်ရတော့ Locker ကိစ္စကိုလုပ်သွားသည့်သူက ခပ်ဝဝ မိန်းကလေးတစ်ယောက် ဒါပေမယ့် သူမက မျက်နှာကို mask အုပ်ထားသည်မလို့ ဘယ်သူလဲသူမခန့်မှန်းနိုင်။သူနဲ့ ပတ်သတ်ဖူးသည့်သူတွေထဲမှာ အဲ့လိုပုံစံမျိုးမရှိသည်မလို့ သူ့ကို ဇဝေဇဝါဖြစ်စေသည်။
" အဲ့ဒါကအကြောင်းပြချက်ကောင်းတစ်ခုမဟုတ်ဘူးလေ..ဒီတစ်ကြားထဲ သူဝလာတာလဲဖြစ်နိုင်တာပဲ.."
" ဟင့်အင်း..အမှန်အတိုင်းပြောရရင်ကွာ သူကိုယ့်ဘေးနားမှာ မယောင်မလည်လုပ်နေတာကို တစ်ခါတစ်လေ တွေ့တယ်.
.ကိုယ့်နားလဲ မကပ်ဘဲ ခပ်ဝေးဝေးကနေ ရှိနေတတ်သလိုမျိုး..ခဏတွေ့ပြီး ပြန်ပြန်ပျောက်သွားတာ ဖမ်းလို့လဲမရသလိုသဘောမို့ ကိုယ်လဲလျစ်လျူရှုထားလိုက်တော့တာ..
သူ့ကိုနောက်ဆုံးတွေ့တာက သိပ်မကြာသေးတာမလို့ ဒီကြားထဲတော့ အဲ့လိုအချိုးအစားတော့ရှိလာစရာအကြောင်းတော့မရှိဘူး.."
" ဘာ..ဒါ ..ဒါက stalker သဘောမျိုးပဲလေ..ခင်ဗျားတစ်လျှောက်လုံးအေးအေးဆေးဆေးနေနိုင်တာ လုံးဝ အံ့သြမဆုံးဘူး.."
Yi Jun မယုံနိုင်စွာ ရေရွတ်လိုက်သည်။ သူ Su Su ဆိုတဲ့ ကောင်မလေးကို စစချင်းတွေ့ဖူးထဲက အဲ့ကောင်မလေးပုံစံက သာမန်ထက် နည်းနည်းလေးထူးခြားနေပုံကိုတော့ သူသတိထားမိခဲ့သည်။ ကိုယ့်ကို မကျေနပ်ကြောင်းတွေ ကြိမ်းဝါးထားတဲ့ မိန်းကလေးတစ်ယောက်ကို ဘာမှမဖြစ်သလိုပေါ့ပေါ့လေးသဘောထားသည့် Zhang Shen Wei ကိုတော့ သူတကယ်လက်လန်မိသည်ပင်။
အခုရက်ပိုင်း ကိစ္စအားလုံး အရာရာအားလုံးက ထူးခြားနေသည်ချည်းမလို့ မနက်ဖြန် တစ်ခု ထပ်ထပ်ရောက်မှာကို Yi Jun စိတ်ပူနေမိသည်။ ပထမနေ့က LiNa ရဲ့ Locker..ဒုတိယနေ့က LiNa ဖုန်းထဲရောက်လာသည့် message များ..ဒီနေ့ကရော?? ဒီနေ့တွင်တော့ LiNa ကို မကောင်းကြံနေသည့် မိန်းကလေးကို ကျောင်းစောင့်က ဖမ်းမိထားသည်ဟူသော သတင်းကြောင့် သူကျောင်းကို အမြန်ပြေးရပြန်သည်။ ကျောင်းအုပ်ကြီး ရုံးခန်းကိုရောက်တော့ သူ့ထက်ကြိုရောက်နေသည့် Feng Ge တို့ရယ်..ဟိုလူကြီးရယ်..LiNa ရယ် ။ ပြီးတော့ ငိုထားပုံရသည့် ခပ်ဝဝဖက်တီးမလေးတစ်ယောက်ရယ်။
" ဘာလို့ဝန်မခံသေးတာလဲသမီး..cctv ထဲက တစ်ယောက်က သမီးပဲမဟုတ်ဘူးမလား..ဆရာတို့ ကျောင်းမှာ ဒီလို တွေဖြစ်ပျက်နေတာ ဘယ်လိုမှ နားလည်ပေးလို့မရဘူးသမီးနော်.. Locker ကို ဖျက်ဆီးတဲ့ ကိစ္စက သမီးမဟုတ်ဘူးဆိုရင်တောင်..ဒီနေ့မနက်ခင်းအစောကြီး ကျောင်းထဲမှာ ဒီပုံတွေနဲ့ စာတွေ လိုက်ကပ်နေတာကရော ဘာသဘောတွေလဲ..ဘာလို့ကျောင်းသူအချင်းချင်းကို ဒုက္ခပေးရတာလဲ.."
Yi jun စားပွဲပေါ်ကို ကြည့်လိုက်တော့ LiNa နဲ့ သူ့အရင်ရည်းစားတွေလို့ယူဆရသည့် ကောင်လေးတွေနဲ့ ရိုက်ထားသည့်ပုံများ။ပုံတွေက ရိုးရိုးသားသားအတွဲအနေဖြင့်ရိုက်ထားသည့်ပုံများဆိုပေမယ့် ဒီပုံတွေ ဘယ်ကဘယ်လို ရလာမှန်းသူမတွေးတတ်။ ပြီးတော့ မတော်မတရား LiNa အားစွပ်စွဲ စွပ်စွဲစွဲရေးထားသည့် စာများ။
" သမီးကို သူများက အကူအညီတောင်းလို့လုပ်ရတာပါ..မကောင်းတဲ့ ဒုက္ခပေးချင်စိတ်နဲ့ မဟုတ်ပါဘူး..တကယ်ပါ..ဂိမ်းတစ်ခုခု အတွက်ထင်လို့ အကူအညီပေးခဲ့တာပါ.."
" လုံးဝ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ယုံပေးရအောင် ငါတို့ကဘာတွေလဲ? မင်းပြောသလို ဂိမ်းတစ်ခုခုကစားသလိုထင်လို့ဆိုရင်မနက်ခင်း 4 နာရီ အချိန်ခိုးကြောင်ခိုးဝှက်လုပ်နေစရာ ဘာအကြောင်းရှိလဲ ငါ့ကိုပြောပြ။ cctv ထဲက တစ်ယောက်က မင်းဆံပင်ပုံစံနဲ့ အဲ့ခန္ဓာကိုယ်အတိုင်းပဲ ဘယ်သူတွေကို လာလိမ်ချင်နေတာလဲ.."
Wang Zi Yu က သည်းမခံနိုင်တော့သည့်ပုံစံဖြင့် ထိုခပ်ဝဝကောင်မလေးကို အော်တော့သည်။
" ဆရာပြောမယ်နော်..ဒါက သမီးကို ဝန်ခံဖို့ဆရာတို့က အခွင့်အရေးပေးနေတာ..ခဏနေ သမီးမိဘတွေလဲရောက်လာတော့မယ်.. ဆရာတို့ သမီးမိဘတွေကို အသိပေးပြီး ကျောင်းကနေ နားပေးလိုက်ရမလား..သမီးအခု ဝန်ခံချင်လား.."
" အာ..ဆ..ဆရာကလဲ..ဒီကိစ္စက မိဘတွေနဲ့ ဘာမှမဆိုင်တာဆရာရယ်..အမေတို့ကိုတော့ ဘာမှမပြောပါနဲ့နော်..
မထူးတော့ပါဘူး သမီးပြောပါ့မယ်..သမီးက အထက်တန်းကျောင်းမှာတုန်းက နာမည်ဆိုးနဲ့တော့ နာမည်ကြီးခဲ့တယ်ဆရာ.."
" ဘယ်လိုမျိုးလဲ.."
" ဟို..အငယ်တန်းတွေဆီက မုန့်ဖိုးတွေ ခြိမ်းခြောက်ယူမိတာတို့ ဘာတို့ပါ..ငယ်သေးတဲ့အရွယ်တုန်းက မသိလို့မှားခဲ့တဲ့အမှားတွေကို အရမ်းလဲနောင်တရပာတယ်..အဲ့ဒာကြောင့်အခု ကျောင်းတက်နေတဲ့တစ်လျှောက်လုံး ကိုယ့်ဘာသာ အေးအေးချမ်းချမ်းပဲနေခဲ့တာပါ။ ဒါပေမယ့် ဟိုတစ်လောက ကောင်မလေးတစ်ယောက်က အခုကိစ္စတွေလုပ်ဖို့အကူအညီတောင်းလာတယ်။သူခိုင်းတာတွေလုပ်ပေးရင် I phone X တစ်လုံးပေးမယ်ဆိုလို့
လောဘတက်မိပြီးခေါင်းငြိမ့်ခဲ့မိတာပါ ။ တကယ်တောင်းပန်ပါတယ်.. Locker ကိစ္စတုန်းက LiNa အတွက်လဲ ထိခိုက်မှု မကြီးနိုင်တာမလို့ ရမယ့်တန်ဖိုးကို လောဘတက်ပြီး ခေါင်းငြိမ့်ခဲ့မိတာပါ..ဒီနေ့ပုံတွေကိစ္စလဲ မလုပ်ချင်ပေမယ့် သူ့ဆီက ဖုန်းကို ယူမိလက်စနဲ့မလို့ ဆက်လုပ်ပေးခဲ့ရတာပါ..တကယ်ကို မရည်ရွယ်ပါဘူးရှင်..မပြည့်စုံတဲ့ကြားက မိဘတွေက ကြိုးစားပြီးတက္ကသိုလ်ထားပေးကြတာမလို့ ကျေးဇူးပြုပြီး သူတို့ကိုတော့ မပြောကြပါနဲ့နော်..LiNa ကိုလဲ တို့စိတ်ရင်းထဲက တောင်းပန်ပါတယ်..တစ်ကြိမ်တစ်ခါလေး အခွင့်အရေးပေးပေးကြပါ.."
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျနေပြီး လက်အုပ်တွေဘာတွေချီနေခဲ့သည့် သူမက လွန်ခဲ့တဲ့ မိနစ်ပိုင်းကပင် ဘာမှမသိသည့်သူတစ်ယောက်လို ဟန်ဆောင်နိုင်ခဲ့သည့်သူတစ်ယောက်။လုပ်ချင်တာတွေ လုပ်ထားပြီးမှ သနားအောင်မျက်ရည်ခံထိုးတောင်းပန်တတ်သူတွေကို သနားသင့်ရဲ့လားဆိုတာ သူမသိပေမယ့် အခုလောလောဆောပင် မျက်စိရှေ့တွင် ငိုနေသည့်ထဲကိုသာ စိတ်ကရောက်နေ၍ သူလဲရင်ထဲမကောင်း။
" မင်းကို ဘယ်သူကခိုင်းတာလဲ..ငါ့ကို ဒီလောက်ဒုက္ခပေးနေတဲ့ မိန်းမက ဘယ်သူလဲ"
" သူ့နာမည်ကို တို့မသိဘူး..မေးဖူးပေမယ့် မပြောတဲ့သူမလို့ ထပ်မမေးဖြစ်တော့တာပါ..
သူလဲ ဒီကျောင်းကလို့ ထင်ရပေမယ့် နှစ်ခါလောက်ပဲ တွေ့ဖူးတာပါ..လူမြင်ရင်တော့ မှတ်မိပါတယ်.."
" ဒီတစ်ယောက်??"
Zhang Shen Wei ဖုန်းထဲက ပုံတစ်ပုံကို ပြလိုက်တော့ အဲ့ကောင်မလေးက ခေါင်းငြိမ့်သည်။
Shen Weiနဲ့ ပြသနာဖြစ်ခဲ့ပြီး သူပါတွေ့ဖူးခဲ့သည့် အဲ့လူကြီး၏ တစ်ချိန်ကကောင်မလေးဆိုသည့်တစ်ယောက်..
" Su Su.."
🌟 အပိုင်း(၃၈) ဆက်ရန် 🌟
Lovey dovey လေးတွေနည်းသွားလို့ မပျင်းသွားကြပါနဲ့လို့..ဒီနှစ်ပိုင်းက စွန်းရိုဖို့အတွက် အစပြုလိုက်ရတဲ့ ခြေလှမ်းပါလို့ 😁😁 နောက်အပိုင်းတေကစပီး တကယ့်ဇာတ်လမ်းကစပီ ငိငိ 😝 Su Su အပိုင်းနဲ့က အတော်လေးဝေးသွားတာမလို့ သူနဲ့ပတ်သက်ပြီးဖြစ်သွားတဲ့အပိုင်းကို
အပိုင်း(၈) မှာဖတ်လို့ရပါတယ်နော်
ဒိတ်မယ်ပြောပေမယ့် မဒိတ်ဖြစ်ခဲ့ပု..author အတွက်ထင်မှတ်မထားတဲ့ ဖြစ်ရပ်တစ်ခုအနေနဲ့လဲ အလုပ်အတွက်ဖြေထားတဲ့ ရေးဖြေစာမေးပွဲအောင်သွားတယ် 😁😁 vivaအတွက်ပြင်ဆင်ရမှာတွေများလို့ပါ 💗 နောက်တပတ် သောကြာနေ့မှ ပြန်တွေ့နိုင်တော့မှာမလို့ အားနာရပါတယ်..ဒါပေမယ့်လဲ မတတ်သာလို့်ပါနော့..နောက်တပတ်ပြန်တွေ့ကြရအောင်ပါ 💖💖
🍑2.2.2018🍑
🍑Dream-catcherr🍑
Bạn đang đọc truyện trên: Truyen247.Pro