Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

မုသားမ​ပြောတတ်​သည့်​ရင်​ခုန်​သံ​လေးများ

အပိုင်း(၂၅)

" အာ ထပ်​ပြီး ဘာကိစ္စလဲ..!

LiHong Yi [လီဟုန်​ရိ] နှင့်​​စကား​ပြော​ကောင်း​နေတုန်း ဖုန်းဝင်​လာလို့ကြည့်​လိုက်​​တော့ screen​ပေါ်က ကျက်​သ​ရေတုံးကြီးဆိုသည့်​ နာမည်​​ကိုကြည့်​ရင်းသူစိတ်​ရှုပ်​စွာ ​အော်​လိုက်​သည်​။

" Wow..haha..နာမည်​က အလန်းပါလား.. ဘယ်​သူလဲဟ...ကျက်​သ​ရေတုံးကြီးက.."

" ဟို​ကောင်​ကလွဲပြီး တခြားဘယ်​သူရှိဦးမှာလဲ.."

သူဖုန်းကို ခုံ​ပေါ်က​နေ ဆတ်​ခနဲယူပြီး အခန်းအပြင်​ကို ထွက်​လာခဲ့သည်​။

" ဘာလဲ..ထပ်​ပြီးဘာဖြစ်​ချင်​ပြန်​တာလဲ..!"

အ​တော်​​လေးလွန်​လွန်း​နေပြီမလို့ သူစိတ်​​မရှည်​စွာနှင့်​​အော်​လိုက်​သည်​။ ခုရက်​ပိုင်း Zhang Shen Wei ကတစ်​​နေ့တစ်​မျိုးမရိုးရ​အောင်​ ခိုင်းစား​လေ့ရှိသည်​။ အိမ်​နားက McDonald's က ဘာဂာစားချင်​သည်​ဆို၍ ညကြီးမင်းကြီး​သူ့မှာ ဟိုသ​ကောင့်​သားအိမ်​သွားပို့ရ​သေးသည်​​။

" ကျစ်​..လူ​ကောင်​​သေးသ​လောက်​ အသံကလဲ ကျယ်​လိုက်​တာ..အမြဲတမ်းလဲ ရန်​လို​နေတာပဲ.."

" ခင်​ဗျားကြီးကလဲ အကျင့်​​ကောင်းလို့လား..နိုင်​ကွက်​​လေးတစ်​ကွက်​ရှိတာနဲ့..လူကို​သေ​အောင်​ခိုင်းစား​နေ​တော့တာပဲ..ဘာလုပ်​မလို့ ဖုန်းဆက်​ပြန်​တာလဲ..ခုန​လေးကတင်​ canteen မှာ ​​တွေ့လာတာမဟုတ်​ဘူးလား.."

" ခုနက LiNa ပာရှိနေ​တော့ ငါ​ပြောချင်​တာ​ပြောလို့အဆင်​မ​ပြေဘူး​လေ..​မင်းလဲသူ့ကို ငါ့တို့်ကြားက သ​ဘောတူညီချက်​ကို မသိ​စေချင်​ဘူးမလား..ကျောင်း​နောက်​ဖက်​က ​မေပယ်​လ်​ပင်​​တွေရှိတဲ့ လမ်း​လေးကိုသိတယ်​မလား..အဲ့ကိုလာခဲ့.. လမ်းအဆုံးနားက ထိုင်​ခုံအဝိုင်းမှာ ​စောင့် ​နေတယ်​"

"ကျစ်​.. ဒီက​နေ​ပြောလဲ ဖြစ်​တာပဲ.. ဘာ​ပြောမှာလဲ ​​ပြော..ခဏ​နေ ဆရာဝင်​​တော့မှာ..မအားဘူး.."

" လိုအပ်​လို့​ခေါ်​နေတာ​ပေါ့ကွာ..အတန်းက တခြားရက်​​တွေလဲ တက်​လို့ရတယ်​.. ​စကားမများဘဲ မြန်​မြန်​သာလာခဲ့..!"

" ခင်​​ဗျား​ကြီး​တော့်​​တော့်​ကို လွန်​​နေပြီ​နော်​.."

" မလာချင်​ရင်​လဲ သ​ဘောပဲ​လေ..မင်းကိစ္စLiNa သိသွားလဲ ဘာမှမဖြစ်​ဘူးလို့ ယူဆရင်​ မလာလဲ ဖြစ်​တယ်​.."

ဖုန်းချပြီး​တော့ Yan Yi Jun က​လေးတစ်​​ယောက်​လို ​ကြမ်းပြင်​​ပေါ်​ခြေအကြိမ်​ကြိမ်​​စောင့်​ပြီး Zhang Shen Wei [ကျန်းရှန်​​ဝေး] ကိုကျိန်​ဆဲနည်းမျိုးစုံဖြင့်​ ကျိန်​ဆဲမိသည်​။

" ​ဒေါသထွက်​လိုက်​တာ..​ဘေနားသာရှိလို့က​တော့ ပိတ်​ကိုထိုးပစ်​တယ်​..​သေ​အောင်​​စောင့်​​နေ..အဲ့နားမှာ​သေ​အောင်​​စောင့်​လိုက်​..​စောင်​မြင်​ကတ်​လို့ကိုမလာဘူး.."

Yan Yi Jun..ဟိုလူကြီးဆီမသွားဘဲ အတန်းထဲမှာ ​ပေ​တေထိုင်​​နေ​ပေမယ့်​ တစ်​ခဏကြာ​တော့ စိတ်​ပူစပြုလာသည်​။ ဆရာမ သင်​​နေသည့်​ စာ​တွေ​ခေါင်း​ထဲတစ်​လုံးမှ မဝင်​​တော့ဘဲ ခုနက Zhang Shen Wei ​ပြောသွားသည့်​ ​နောက်​ဆုံးစကားကိုသာ ပြန်​​ကြား​ယောင်​​နေသည်​။

" အား..အဲ့လူကြီးက အကျင့်​​ကောင်းတာ မဟုတ်​ဘူး..LiNa ကိုသွားမ​ပြောဘူးလို့ ဘယ်​သူမှမ​ပြောနိုင်​ဘူး.."

ထိုအ​တွေးတို့က ​ခေါင်းထဲ​ရောက်​လာ​တော့ ​နေမရ..ထိုင်​မရဖြစ်​ပြီး အလိုလိုထရပ်​မိလိုက်​​တော့ ဆရာမအကြည့်​က သူ့ဆီ​ရောက်​လာသည်​။

" ဘာဖြစ်​လို့လဲ..? "

" ဟို..ဟို..Toilet..Toilet !.."

တစ်​ခစ်​ခစ်​ရယ်​​နေကြတဲ့ ​ကျောင်းသား​ကျောင်းသူများကို အ​လေးထားအာရုံစိုက်​မ​နေနိုင်​​တော့.. သူအခန်းထဲက အမြန်​ထွက်​လာခဲ့ရင်း ​ကျောင်းအ​နောက်​ဖက်​ကိုဦးတည်​လိုက်​သည်​။ လမ်း​ရောက်​​တော့မှ ကိုယ့်​အဖြစ်​ကိုစဉ်းစားမိ​တော့ ရှက်​လွန်း၍ မျက်​နှာများပင်​ရဲလာသည်​။

"..အား..အဲ့ဒါ ဒုက္ခအိုးကြီး​ကြောင့်​...မလာလို့ဆိုပြီး..ပြန်​ပြီလား​တောင်​မသိဘူး..စိတ်​ညစ်​လာပြီ.."

သူ Zhang Shen Wei ဖုန်းကို​ခေါ်​တော့လဲ မကိုင်​သည်​မလို့ မျက်​နှာက ငိုမဲ့မဲ့ပင်​ဖြစ်​လာသည်​။ ရှိ​နေပါ​စေဆိုသည့်​ ​​မျှော်​လင့်​ချက်​​လေးနှင့်​ ချိန်းထားသည့်​​နေရာကို အ​ပြေးလာခဲ့​​ပေမယ့်​ အဲ့ဒီ့​နေရာမှာ ဘယ်​သူမှ ရှိမ​နေ။ ​ပြေးလာရလို့ ​မော​နေတာရယ်​..စိတ်​ပူ​နေတာ​တွေရယ်​..ရင်​ထဲမွန်းကြပ်​လွန်း​နေတာ​တွေ​ကြောင့်​ ​Yan Yi Jun မျက်​ရည်​ကျလာသည်​။
ဒီတစ်​​လောအတွင်း..Zhang Shen Wei သူ့ကိုအနိုင်​ကျင့်​ခဲ့တာ​တွေ..​နေ့တိုင်း​ခေါက်​ဆွဲပြုတ်​​တွေ..ဘာဂာ​တွေ​ချည်း စား​နေရတဲ့ အဖြစ်​​တွေပာ စဉ်းစားလိုက်​မိ​တော့ ​သူအဲ့နားပင်​ ထိုင်​ချလိုက်​ပြီး ဒူး​ခေါင်းနှစ်​လုံးကြားထဲ ​ခေါင်းဖွက်​ပြီး ငိုချလိုက်​မိသည်​။

" သနားစရာ​ကောင်းလိုက်​တာ..ဘာလို့လဲ..ဘာလို့ငါ့ကြမှ ဒီလိုဖြစ်​​နေတာလဲ "

ကိုယ့်​ကိုကို စိတ်​မာသလို..အရာရာကိုဂရုမစိုက်​သလို ​နေ​နေ​ပေမယ့်​ သူ့အတွင်းစိတ်​ဘယ်​​လောက်​နနယ်​​ကြောင်းသူ့ကိုသူသာ သိသည်​။ မျက်​ရည်​လွယ်​သည့်​ကိစ္စ​​ကြောင့်​ အတန်းထဲ ခဏခဏအစ​နောက်​ခံရ..အနိုင်​ကျင့်​ခံရပါများ​တော့...မခံချင်စိတ်​နှင့်​..လူ​တွေ​ရှေ့သူမငိုမိ​အောင်​..​တော်​ရုံတန်​ရုံမျက်​ရည်​မကျမိ​အောင်​ ကြိုးစားထိန်းခဲ့ရသည်​။ ဒါ​ပေမယ့်​ ဝမ်းနည်းစရာ​တွေ စုပုံလာသည့်​အခါ...ငယ်​ငယ်​က အငိုသန်​တဲ့က​လေး ပြန်​ဖြစ်​သွားစမြဲ ။ ။

Zhang Shen Wei သာဖတ်​​နေတုန်း ငိုသံလိုလိုကြားလိုက်​မိ၍ သူမျက်​​မှောင်​ကြုံ့သွားသည်​။ အ​သေအချာနား​ထောင်​ကြည့်​လိုက်​​တော့ တအီးအီးနှင့်​ က​လေးတစ်​​ယောက်​ငိုသံလိုမျိုးမလို့ သူစာအုပ်​ကို ချထားလိုက်ပြီး အသံလာရာဖက်​ကို ထကြည့်​လိုက်​သည်​။ လမ်း​လေးအလယ်​မှာ ကျုံ့ကျုံ့​လေးထိုင်​ပြီး ငို​နေတဲ့ ​ကောင်​​လေးတစ်​​ယောက်​?? ​ကောင်​​လေးပုံစံက ရယ်​ချင်​စရာ​ကောင်း​နေတာမလို့ သူရယ်​မိသွားသည်​။

အမ်​? ​နေပါဦး..Yan Yi Jun??

ကောင်​​လေးရဲ့ အနက်​နှင့်​အဖြူစပ်​ထားတဲ့ အကြားအကျီအပွကြီးကိုမြင်​​တော့ သူ​ရေရွတ်​လိုက်​မိသည်​။ သူမှတ်မိသေ​လာက်ေ​တာ့ ​ဒီ​နေ့ Yan Yi jun [ရန်​ရီကျွင်း] ဝတ်​ထားသည်​ကလဲ ဒီလိုအကျီခပ်​ပွပွကြီးပင်​..

Zhang Shen Wei အသံကြား​တော့ Yan Yi Jun က ​မျက်​ရည်​​လေး​တွေဝိုင်းေ​နသည့်​မျက်​လုံးဖြင့်​ ​ခေါင်း​မော့ကြည့်​လာသည်​။ ​မျက်​ရည်​​တွေ​ပေတူး​နေသည့်​ ချစ်​စရာ​ကောင်းလွန်း​သော မျက်​နှာ​လေး??

" ဘာ..ချစ်​စရာ​ကောင်းလွန်းတာ..?? Hk..ဘာ​တွေ ​တွေး​နေတာလဲ Zhang Shen Wei.."

Yan Yi Jun က သူ့မြင်​​တော့ ဆတ်​ခနဲ ထရပ်​လိုက်​ရင်း သူ့မျက်​နှာ​ပေါ်က မျက်​ရည်​​တွေကို သူ့ အကျီလက်​နှင့်​ အတင်းသုတ်​​နေသည်​။ တချက်​တစ်​ချက်​ ရှိုက်​သံ​လေး​တွေ ထွက်​​နေရင်း မျက်​ရည်​​လေး​တွေနှင့်​ သူ့ကို စူပုတ်​ပုတ်​နှင့်​ကြည့်​လာသည့်​အခါမှာ Zhang Shen Wei ရင်​ထဲ ​ထူးဆန်းလာသည်​။

????

မျက်အိမ်ရှည်​ရှည်​​လေးထဲက မျက်​ဝန်းနက်​နက်​​လေးက မျက်​ရည်​​လေး​တွေေ​ကြာင့်အ​ရောင်​လက်ေ​နသလို..ငိုထားတဲ့အရှိန်​​ကြောင့်ပါး​လေး​​တွေတင်​မက..နှာ​ခေါင်း​လေးကပါ နီရဲ​နေသည်​။ ပြီး​တော့သွား​လေးနဲ့ ဖိကိုက်​ခံထားရတဲ့ နှုတ်​ခမ်းရဲရဲ​လေး..

" Th..Thump!"

" wtf??"

" Thump..?"

ချက်​ခြင်းမြန်​လာပြီး ကျယ်​​လောင်​လာတဲ့ ရင်​ခုန်​သံ​ကြောင့်​ Zhang Shen Wei မယုံနိုင်​စွာ ဖြစ်​သွားရင်း..Yan Yi Jun ဆီက အမြန်​ အကြည့်​လွှဲလိုက်​သည်​။ကျယ်​ကျယ်​​လောင်နှစ်​​ခေါက်​သာခုန်​ပြီး ချက်​ချင်းပုံမှန်​ပြန်​ဖြစ်​သွား​ပေမယ့်​ သူ့တစ်​ကိုယ်​လုံးအား​တွေမကျန်​​တော့​အောင်​ ​မောဟိုက်​​နေသည်​။ ဘာဖြစ်​သွားတာလဲ..ဘာဖြစ်​သွားတာလဲ..?? သူရင်​ခုန်​မိသွားတာလား..??

" အား...မဟုတ်​​သေးပါဘူး..အဲ့​ကောင်​​လေးပုံစံက ချစ်​ဖို့​ကောင်းလွန်းသွားလို့​နေမယ်​..."

ချစ်​စရာ​ကောင်းလွန်းသည့်​အရာ​လေး​တွေအ​ပေါ်သည်းမခံနိုင်​​လောက်​​အောင်​ အူယားတတ်​သည့်​ သူ့အကျင့်​​ကြောင့်​လို့ပင်​သူ ခပ်​လွယ်​လွယ်​​ကောက်​ချက်​ချလိုက်သည်​။

" လူကို ​ခေါ်တုန်းက​ခေါ်ပြီး ဘယ်​​ရောက်​​နေတာလဲ..မရှိ​တော့ဘူးထင်​​နေတာ.."

Yan Yi Junအသံ တဖြည်းဖြည်းတိုးဝင်​သွားရင်း..မျက်​ရည်​များကကျလုလုပြန်​ဖြစ်​လာသည်​။သူ့ကို ​ဒေါသထွက်​​နေသည့်​ပုံစံ​လေး က Zhang Shen Wei မျက်​လုံးထဲ​တော့ အလိုမကျဖြစ်​​နေသည့်​​ကြောင်​​ပေါက်​က​လေး​နှင့်​ပင်​တူ​နေ​သေးသည်​။ သူတစ်​ချက်​ခိုးပြုံးလိုက်​ရင်း YiJun နားကပ်​သွား​တော့ ​ကောင်​​လေးတစ်​ချက်​တွန့်​သွားသည်​။ သူအဲ့​ကောင်​​လေး၏ ရှပ်​အကျီအပွကြီး၏ ​အောက်​နားကို မယူလိုက်​ရင်း အဲ့​ကောင်​​လေးမျက်​နှာကို သုတ်​​ပေးလိုက်​သည်​။

" အဲ့ဒါ​ကြောင့်​မို့ ငို​နေတာလား..ငါ့ကိုမ​တွေ့လို့​လေ..!"

Yan Yi Jun က သူ့ကိုတွန်းထုတ်​လိုက်​ရင်း..အ​ပေါ်တက်​သွားတဲ့ သူ့အကျီကို အမြန်​ဆွဲချလိုက်​သည်​။

" ခင်..ခင်​ဗျား​ကြောင့်​ မဟုတ်​တာမို့ တလွဲထင်​မ​နေနဲ့..!"

Yan Yi Jun မျက်​နှာက ခုနကထက်​ သိသိသာသာရဲတက်​လာတာမလို့ ​ကောင်​​လေးရှက်​သွား​ကြောင့်​ သူသိလိုက်​သည်​။ Yan Yi Jun က သူ့အကျီသူကိုင်​ကြည့်​​နေရင်း ပွစိပွစိလုပ်​​နေသည်​​။

" သူ့အကျီမဟုတ်​တိုင်း စွတ်​လုပ်​တာပဲ..အကုန်​ညစ်​ပတ်​ကုန်​ပြီ..!"

" သုတ်​​ပေးတာကို ​ကျေးဇူးတင်​လိုက်​ဦး..မင်းမျက်​နှာကိုမင်းပြန်​ကြည့်​ဦး​ကြောင်​ချီးရုပ်​ဖြစ်​​နေပြီ..!"

" ဘယ်​လိုပဲဖြစ်​ဖြစ်​..ခင်​ဗျားထက်​​တော့ အဆတစ်​ရာ​ချောတယ်..!"

သူအဲ့​ကောင်​​လေးစကား​ကို ဘာမှပြန်​မ​ပြောဖြစ်​ဘဲ ရယ်​သာရယ်​လိုက်​မိသည်​။ ထပ်​​ပြောလျှင်​လဲ ဒီကောင်​​လေးကစကားနိုင်​ ထပ်​လု​နေဦးမည်​​လေ။

" ​ရော့..ဝမ်းနည်း​နေရင်​ ​အချိုစားရတယ်​...."

" တစ်​ခါမှမကြားဖူးဘူး..ပြီး​တော့ဘယ်​သူမှ ဝမ်းမနည်းဘူး.
."

Yan Yi Jun ဘု​တောလိုက်​​ပေမယ့်​ Zhang Shen Wei လှမ်း​ပေးလာတဲ့ ​ရောင်​စုံ candy ​လေး​တွေ ထည့်​ထားတဲ့ ဘူး​လေးကို သူလှမ်းယူလိုက်​သည်​။ အနီ​ရောင်​သကြားလုံး​လေးကို ပါးစပ်​ထဲ​ကောက်​ထည့်​လိုက်​ရင်း..အဝိုင်းခုံ​ပေါ်က​နေ
လေအ​ဝှေ့မှာ ​ကြွေကြ​နေသည့်​ သစ်​ရွက်​​တွေကို ​ငေးမိသည်​။ ပါးစပ်​ထဲက အချိုဓာတ်​ပေါ်အာရုံပျံ့သွား​တော့ ခုနက စိတ်​ရှုတ်​နေတာ​တွေကို ခဏ​မေ့သွားသလို​တော့ ရှိသည်​။

" Zhang Shen Wei..မင်း..ငါ့ကို.... အာ.."

Yan Yi Jun ​ပြောလိုက်​မယ်​ပြင်​ပြီးမှ သူစကားကို ရပ်​တန့်​လိုက်​သည်​။ Zhang Shen Wei ကို Ge ​ခေါ်ဖို့ကို သူအခုထိ ကျင့်​သားမရနိုင်​​သေး..

" Sorry... ကျ..ကျွန်​​တော်​အခုထိ ကျင့်​သားမရ​သေးဘူး..ကျွန်​​တော်​တစ်​ခုပဲ ​မေးချင်တယ်​..ခင်ဗျားကျွန်​​တော့်​ကို အရမ်းမုန်းတာပဲလား..?"

Yan Yi Jun ​မေးခွန်း​ကြောင့်​ Zhang Shen Wei မျက်​ခုံးပင့်​သွားသည်​။

" ဘာလို့​မေးတာလဲ..ငါမင်းကို မုန်းလို့အနိုင်​ကျင့်​​နေတယ်​လို့ထင်​လို့လား..မင်းသိထားဖို့တစ်​ခုက..ငါဆိုတဲ့သူက တစ်​​စုံတစ်​​ယောက်​ကိုမုန်းမိရင်​ ပတ်​သက်​​နေဖို့မ​ပြောနဲ့ သူဒူး​ထောက်​​တောင်းပန်​ပါတယ်​ဆို​တောင်​​နောက်​ပြန်​​လှည့်​ကြည့်မှာမဟုတ်​ဘူး..​ကောင်​​လေး..!"

သူ Yan Yi Jun ​ခေါင်း​ပေါ် လက်​တင်​လိုက်​ရင်း ပြုံးလိုက်​သည်​။ Yan Yi Jun က သူ့လက်​ကိုဖယ်​ထုတ်​လိုက်​ရင်း ​သူ့ကို​ မ​ကျေမနပ်​ပုံစံဖြင့်​ကြည့်​လာသည်​။

" ကျွန်​​တော်​က​တော့​ခင်​ဗျားကို မုန်းတယ်​.. ကျွန်​​တော့်​ ဘဝမှာ ခင်​ဗျား​လောက်​ ဘယ်​သူ့ကိုမှ အမြင်​မကတ်​ဘူးတာအမှန်​ပဲ.."

" ​ကောင်းတာ​ပေါ့..ဆက်​မုန်းလိုက်​ဦး..အဲ့ဒါဆိုလဲ..မင်းကို ဘာလို့ ဒီကို​ခေါ်တာလဲသိလား.."

Zhang Shen Wei ​ဘေးနားက ​မေဂျာစာအုပ်​အထူကြီးကို ယူလိုက်​ပြီး Yan Yi Jun လက်​ထဲ ထည့်​လိုက်​သည်​။

" ဘာစာအုပ်​ကြီးလဲ? 😠"

" အဲ့​မေဂျာက ဒီ​နေ့ ငါတို့ကို assignment ​လုပ်​ခိုင်းလိုက်​တယ်​.. သိပ်​​တော့မများတာမလို့ မင်းပဲတာဝန်​ယူလိုက်​​တော့.."

Yan Yi Jun သူ့နားသူကိုပင်​ မယုံနိုင်​ဖြစ်​သွားသည်​။

" ဘာ..ဘာကြီး?"

" ကြားရဲ့သားနဲ့..ပြန်​​မေးမ​နေနဲ့..! ​နောက်​တစ်​ပတ်​ တနလာင်္​နေ့ ထပ်​ရမှာမလို့ တ​နင်္ဂ​နွေ​နေ့ အပြီးလိုချင်​တယ်​..!"

" ရူး​နေလား..ကျွန်​​တော်​က ခင်​ဗျားတို့စာကို ဘယ်​လိုလုပ်​သိမှာလဲ..တစ်​ခါမှလဲ သင်​ဖူးတာလဲ မဟုတ်​ဘူး..ဒါက​တော့ မဖြစ်​နိုင်​ဘူး..!"

Yan Yi Jun..စာအုပ်​ကို Zhang Shen Wei လက်​ထဲ ထိုးထည့်​လိုက်​သည်​။

" ဘာလို့မလုပ်​နိုင်​တာလဲ..ဒီ major က မင်းတို့လဲ သင်​ရတာပဲ..ထပ်​တိုးလာတာပဲရှိတာ..လုပ်​ရမှာကလဲ သိပ်​မများဘူး..အခန်းတစ်​ နဲ့ နှစ်​ကို နားလည်​​သ​လောက်​ အကျဉ်းချုပ်​ပြီး ပြင်​ပက အကိုးအကားနည်းနည်းပဲ ထည့်​ရမှာ...လွယ်​ပါတယ်​.."

" လွယ်​ရင်​ ကိုယ့်​ဘာသာလုပ်​ပါလား..ဘာလို့သူများကို လာခိုင်း​နေ​သေးလဲ..မလုပ်​နိုင်​ဘူး.. Third year စာ​တေ တစ်​ခုမှလဲ မသိဘူး.."

" ကျစ်​.. လုပ်​​တောင်​လုပ်​မကြည့်​ရ​သေးဘဲနဲ့..ဒါလုပ်​​ပေးရင်​ မင်းကို ဒီတစ်​လ လုံး ​နောက်ထပ်​​ဘာမှမခိုင်းဘူး..ဘယ်​လိုလဲ..? လုပ်​မလား..မလုပ်​ဘူးလား..?

Yan Yi Jun..Zhang Shen Wei ကို မျက်​​စောင်းထိုးလိုက်​ရင်း..အဲ့လူကြီး လက်​ထဲက စာအုပ်​ကို ပြန်​ဆွဲယူလိုက်​သည်​။
တစ်​လ..? အင်း.. တစ်​လလုံး ​အေး​ဆေး​နေရမှာ ဘယ်​​လောက်​ကြီးတဲ့ အခွင့်​အ​ရေးကြီးလဲ..ဒီအ​တောအတွင်း နည်းလမ်းရှာပြီး ​နောက်​မခိုင်းရဲ​အောင်​ကို လုပ်​ရမယ်​..

" ငါဒီတနင်္ဂ​နွေ​နေ့ အပြီးလိုချင်​တယ်​..ပြီး​တော့ ပြီးစလွယ်​မလုပ်​နဲ့..ဆရာမ အဆူခံရရင်​ မင်းတာဝန်​ပဲ..ငါသွားပြီ!"

အမြင်​ကတ်​စရာ ​ကျောပြင်​ကျယ်​ကြီးက Yan Yi Jun နှင့်တ​ဖြေး​​ဖြေး​ဝေးသွားသည်​။ Zhang Shen Wei ​ပေးခဲ့တဲ့ သကြားလုံးဘူးေ​လးက​တော့ သူ့လက်​ထဲတွင်​ ကျန်​ရစ်​​နေဆဲ။ ။

🌟အပိုင်း (၂၆ )ဆက်​ရန်​🌟

🌟 " ​YAY! ​နောက်​ပိုင်းကစပြီး ရင်​ခုန်​စရာ​လေး​တေ တဖြည်းဖြည်းလာ​ပာ​တော့မယ်​ 😂.. GeGe အကျင့်​ပုတ်​ကြီးက အဝုန်းကြမ်းတဲ့သူပါ.. ဒီ fic ကrated M ပါ​နော်​ btw 😜 Type ကို mature လုပ်​ထား​ပေမယ့်​ ဒီမှာမ​ပြောရ​သေးလို့ပါ..author ကလဲ မျက်​နှာမပူတတ်​သူပါ​လို့စ်​ 😝 ကြယ်​​လေး​တေ ဖိပြီး vote ​လေး​တေလဲ မစကြပါ..💗"🌟

🌟20.10.2017🌟

🍑Dream-catcherr🍑














Bạn đang đọc truyện trên: Truyen247.Pro