Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

မျော်​လင့်​မထား​သောပြောင်းလဲမှု

အပိုင်း(၄)

အဆောင်​ကြီးကြီးကြီးတစ်​ခု​ရှေ့က ခုံတန်း​လေးမှာ Yan Yi Jun [ရန်​ရီကျွင်း] ထိုင်​ရင်း ဖြတ်​သွားဖြတ်​လာလူတို့ကို စူးစမ်း​​နေမိသည်​။ ဒီ​နေ့က သူ့ရဲ့ တက္ကသိုလ်​ပထမဆုံး​နေ့..ကိုယ်​နဲ့ သိပ်​မရင်းနှီး​သေးသည့်​​နေရာဖြစ်​သည့်​အပြင်​ LiNaနှင့်​လည်း ချိန်းထားတာမလို့ သူဘာနာမည်​​ခေါ်မှန်းမသိ​သော အ​ဆောင်​ကြီးကြီး​ရှေ့က ထိုင်​စရာ​နေရာတစ်​ခုမှာသာ ​ကျောက်​ချထိုင်​​နေလိုက်​သည်​​။ Li Na နှင့်​​တွေ့ရမလို့ သူအ​တော်​ပင်​ ​ပျော်​​နေသည်​။ Li Na က ငယ်​ငယ်​​လေးထဲကပင်​ အ​တော်​​လေးလှတာမလို့.. အခုချိန်​ ဘယ်​​လောက်​များလှ​နေမလဲဆိုတာ သူမျက်​လုံးထဲ ပုံ​ဖော်​ကြည့်​ရင်းပြုံးမိသည်​။ Li Na ကလည်းမလာ​သေးတာမလို့ သူဖုန်းနားကြတ်​ကို ​ကောက်တ​တ်​လိုက်​ရင်း လက်​ရှိ​ရောက်​​နေတဲ့ ကြုံရာသီချင်းကိုသာ နား​ထောင်​​နေလိုက်​သည်​။ ​ကောင်​မ​လေးတစ်​​ချို့ တစ်​​လေက​ သူ့ကိုတစ်​ချက်​တစ်​ချက်​ရှိုးသွားကြသလို တချို့က ပြုံးပြသွားကြ​တော့ Yan Yi Jun ​​မြောက်​ချင်​ချင်​ဖြစ်​လာသည်​ ။ သူ့ရဲ့ သိပ်​မရှည်​လှတဲ့ အရပ်​ရယ်​.. ​ယောကျာ်းမဆန်​တဲ့ ရုပ်​ရည်​ရယ်​..Six packs မ​ပြောနဲ့ ချပ်​ချပ်​ရပ်​ရပ်​ ဗိုက်​သားတို့ကိုသာ ပိုင်​ဆိုင်​ထားသည့်​ သူ့ခန္ဓာကိုယ်​​အပြင်​ အာရှတိုက်​သားတစ်​​ယောက်​ဖြစ်​​နေသည့်​အတွက်​ အ​နောက်​နိုင်​ငံသူ​တွေကြားထဲမှာ သူဘယ်​တုန်းကမှ popular မဖြစ်​ခဲ့... အ​ရှေ့နှင့်​အ​နောက်​ဆိုတာကလဲ အ​တော်​ကိုကွာခြားလွန်းသည်​မဟုတ်​ပါလား.. အ​နောက်​နိုင်​ငံသူ​တွေက ညို​ချော​ချောပြီး ​ထောင်​​ထောင်​​မောင်း​မောင်းခန္ဓာကိုယ်​​တောင့်​​တောင့်​ ​ယောကျာ်းတို့ကိုမှ သ​ဘောကျတတ်​ကြ​ပေမယ့်​ အ​ရှေ့တိုင်းသူ​တွေက​တော့ အသားဖြူဖြူ... ပိန်​ပိန်​ပါးပါးနှင့်​ ကိုရီးယားဒီဇိုင်း​ဆန်​ဆန်ေ​ယာကျာ်း​တွေကိုမှ ​ပိုသ​ဘောကျတတ်သ​ည်​မဟုတ်​ပါလား..

Yi Jun ဖုန်းကင်​မရာကို သူ့ဖက်​လှည့်​လိုက်​ရင်း ဆံပင်​ကို ပုံကျ​အောင်​ပြန်​သွင်းလိုက်​သည်​။ အနက်​​ရောင်​အတိုင်းအုပ်​အုပ်​က​လေးညှပ်​ထားတဲ့ သူ့ဆံပင်​ကို ခါတိုင်း​နောက်​မှာ pony tail ​လေးစီးတတ်​​ပေမယ့်​ ဒီ​နေ့​တော့ Gel နဲ့ ​အ​သေအချာ​ပုံသွင်းကာ ​ထောင်​လာခဲ့သည်​။

" ဒီ​နေ့ အ​တော်​ကို သန့်​​နေတာ..အဟီး.."

Yan yi Jun မှန်​ထဲက သူ့ကိုယ်​သူ ကြည့်​ရင်းရယ်​လိုက်​သည်

တကယ်​​တော့ မျက်​အိမ်​ရှည်​ရှည် ​နှင့်​မျက်​​တောင်​နက်​နက်​​လေး​တွေရယ်​..နှာတံစင်းစင်း​..နှုတ်​ခမ်းရဲရဲ​ဖူးဖူးလေး နှင့်​Yi Junက အ​တော်​ကို ​ချောပါသည်​။ ​အသားအရည်​ကလဲ တခြားသူ​တွေလို သာမန်​ဖြူ​နေတာမျိုးမဟုတ်​ပဲ... ​​ဖွေးဥ​နေသည်​။ သူ့ကိုရုတ်​တရက်​ကြည့်​မိလျှင်​ မိန်းက​လေးရုပ်​ဟု ထင်​ချင်​စရာရှိ​ပေမယ့်​ ​သေချာကြည့်​ပြန်​လျှင်​လည်း ​ယောကျာ်း​လေး တစ်​​ယောက်​၏ ​ချော​မောမှုကို သူ့မျက်​နှာ​ပေါ်တွင်​မြင်​နိုင်​သည်​။LA မှာကျန်​ခဲ့သည်​ သူ့သူငယ်ချင်း ​​Sarah က​တော့.. သူ့ရုပ်​က ​ယောကျာ်း​လေးနှင့်​ မိန်းက​လေးကြားက ရုပ်ဟုအမြဲ​ပြောသည်​။ သူ့ရဲ့မျက်​နှာကျနဲ့ မျက်​နှာကအစိတ်​အပိုင်း​တွေက​ယောကျာ်း​လေးလို့ မြင်​ရင်​လဲ သူ့မျက်​နှာကကြည့်​လို့အဆင်​​ပြေသလို.. မိန်းက​လေးတစ်​​ယောက်​ဟု မြင်​လိုက်​ရင်​လဲ.. သူ့မျက်​နှာက innocent ​ကောင်​မ​လေးတစ်​​ယောက်​လို ရုပ်​နဲ့ဆွဲ​ဆောင်​မှုရှိလွန်းသည်​တဲ့​​လေ..

မိန်းက​လေးအဝတ်​အစား​တွေ ဝတ်​တဲ့အခါ..မှန်​ထဲက သူ့ပုံရိပ်​ကသူဝတ်​တဲ့ အဝတ်​အစားနှင့်​ ထပ်​တူကျစွာပဲ..မိန်းက​လေးတစ်​​ယောက်​အတိုင်းဖြစ်​သွားသည့်​အတွက်​.. ဒီမျက်​နှာကို သူသ​ဘောကျပါသည်​။ အိမ်​မှာ​နေရင်းသာ ကိုယ့်​ဘာသာ မိန်းက​လေးအကျီလှလှ​လေး​တွေဝတ်​ကြည့်​ ရင်း ​ပြောင်းလဲသွားသည့်​ သူ့ပုံရိပ်​ကို တိတ်​တခိုး သ​ဘောကျ​ရ​ပေမယ့်​ သူအပြင်​ကို မိန်းက​လေးပုံစံအတိုင်း​တော့ တစ်​ခါမှ မထွက်​ဖူးခဲ့..

အဲ့လိုလုပ်​ဖို့လည်း ယုံကြည်​မှု..ရဲရင့်​မှု​နှင့်​ သတ္တိ​တွေ အလုံအ​လောက်​ သူ့ဆီမှာ မရှိ​သေးပါဘူး..

"..ဒါက စိတ်​ကုန်​စရာ​ကောင်း​လောက်​​အောင်​ လွဲမှား​နေတာပဲမဟုတ်​လား.."

သူ့အဖြစ်​ကို သူပြန်​​တွေးမိသွားတာမလို့ Yi Jun မျက်​နှာညိုးသွားသည်​။

ဘယ်​သာမန်​​ယောကျာ်း​လေးကမှ မိန်းက​လေးအကျီလှ​လှ​လေး​တွေ မြင်​တိုင်း လိုချင်​စိတ်​..သ​ဘောကျစိတ်​..ဝတ်​ချင်​စိတ်​ ​ပေါက်​မှာမဟုတ်​ပါဘူး.. ငယ်​ငယ်​တုန်းက Li Na အကျီလှလှ​လေး​တွေ ဝတ်​တိုင်း သူလဲ ဝတ်ချင်မိလို့အ​မေကို
သ​ဘောတကျပူဆာမိသည့်​အခါတိုင်း အမြဲအရိုက်​ခံခဲ့ရသည်​..အဲ့ဒီ့တုန်းက သူဘာ​ကြောင့်​အရိုက်​ခံရလဲ မစဉ်းစားတတ်​​အောင်​ဖြစ်​ခဲ့​ပေမယ့်​ ရိုက်​ခံရတာများ​တော့ သူပူဆာဖို့ကို ​ကြောက်​ခဲ့မိသည်​။ အဲ့ထက်​ နည်းနည်းကြီးလာ​တော့ သာမန်​​ယောကျာ်း​လေး​တွေနှင့်​ မတူသည့်​ သူ့စိတ်​ကို သူပြန်​​ကြောက်​မိခဲ့သည်​။ သူအကြိမ်​ကြိမ်​အမျိုးမျိုးကြိုးစား​ပေမယ့်​ ရင်​ထဲက မြတ်​နိုးမှုတို့က ဘယ်​​တုန်းကမှ ​ပျောက်​မသွားခဲ့တာမလို့ သူ​နောက်​ဆုံး​တော့ ကိုယ့်​ရဲ့ ဖြစ်​တည်​မှုကို
လက်​ခံခဲ့ရသည်​။ မိန်းက​လေးအဝတ်​အစား ဝတ်​လိုက်​သည့်​အခါ..ကိုယ့်​ကိုကို ပိုယုံကြည်​မှုရှိသလို.. ​ပျော်​ရွှင်​မှုကို ခံစားရသည်။ သူမဟုတ်​တဲ့ အခြားသူတစ်​​ယောက်​ ဖြစ်​သွားသလို ခံစားချက်​ကလဲသူ့ကိုစွဲလန်း​စေသည်​။ဒါ​ပေမယ့်​ သူက မိန်းမစိတ်​​ပေါက်​​နေတဲ့ .​ယောကျာ်းတစ်​​ယောက်​​တော့မဟုတ်​ခဲ့.. သူ့ရဲ့ သွားလာလှုပ်​ရှားဟန်​​တွေမှာလဲ.မိန်းမဆန်​မှုကို ..ရှာ​ဖွေ​တွေ့နိုင်​မှာမဟုတ်​သလို.. သူ​ယောကျာ်း​လေး​တွေကိုလဲ သ​ဘောမကျ..သူက မိန်းက​လေးအဝတ်​အစားကို စွဲလမ်းတတ်​တာကလွဲရင်​သူက သာမန်​​ယောကျာ်း​လေးတစ်​​ယောက်​သာဖြစ်​သည်​။ ဒါ​ပေမယ့်​ သူ​က ဒီလိုပါဆိုပြီး လူ​တွေကို ချပြဖို့​တော့ သတ္တိမရှိသည့်​အတွက်​ ထို Cross Dressing ကိစ္စက သူတစ်​​ယောက်​ထဲ သိသည့်​ လှို့ဝှက်​ချက်​တစ်​ခု အဖြစ်​ အခုထက်​တိုင်​ တည်​ရှိ​နေသည်​။

"ဟိတ်​.."

သူ့​ရှေ့က ​ခေါ်သံကြား​တော့ ​မော့ကြည့်​လိုက်​​တော့ ​ခပ်​​ဟော့​ဟော့ ​ကောင်မ​​လေးတစ်​​ယောက်​က သူ့ကိုပြုံးကြည့်​​နေသည်​။ကောင်​မ​လေးကမီးခိုး​ရောင်​ဆံပင်ကို ​ဂုတ်​ဝဲ​လောက်​ကိုမှ.. တစ်​ဖက်​တို တစ်​ဖက်​ရှည်​ပုံစံ ညှပ်​ထားသည်​။ Eyeliner ​ကိုမျက်​လုံးအစွန်းထိ​ကော့ထားသလို... နှုတ်​ခမ်းနီကလဲ ရဲ​တောက်​​နေသည်​။ ​ ​ကောင်​မ​လေးက အ​တော်​လှ​ပေမယ့်​ ဒီလိုပိုစံမျိုးက သူ့ideal type ​တော့မဟုတ်​..

" ဘာလဲဟာ.. နင်​က ငါ့ကိုမမှတ်​မိဘူးလား.. ငါ့မှာ​တော့ နင့်​ကိုမြင်​မြင်​ချင်းနင်​မှန်းတန်းသိတယ်​.."

ကောင်​မ​လေးစကား​ကြောင့်​ Yi Jun မျက်​လုံးပြူးသွားသည်​။ ခုနထဲက ဒီတစ်​​ယောက်​မျက်​နှာကို ရင်းနှီး​နေတယ်​ဟု ခံစားမိ​ပေမယ့်​ ဘယ်​မှာသူမြင်​ဖူးမှန်း.. သူစဉ်းစားလို့ မရခဲ့..

" Li Na? တကယ်​ကြီးနင်​လား.."

" Li Na မဟုတ်​ဘူး​ဟေ့..သူ့အမွှာညီမသိလား..Xiao Jun နော်​..ငါနင့်​အသံကို မမှတ်​မိလို့ ငါ့ကို ပြန်​ ပညာပြတာလား.."

Yan yi Jun တစ်​​ယောက်​..Li Na ဆံပင်​​တွေကို ဟိုမ သည်​မလုပ်​ရင်း

"အမ​လေး နင့်​အသံကြားလို့သာ ယုံလိုက်​ရတယ်​.. ငါအခုထိ အရင်​နင့်​ရုပ်​နဲ့ အခုရုပ်​ကို စပ်​ဆက်​လို့ကို မရ​သေးဘူး.."

Yan Yi Jun လက်​ဖျားခါမိသည်​ အထိ အံ့သြမိသည်​။ ငယ်​ငယ်​တုန်းက အ​နေ​အေးပြီး ရိုးရှင်းသည့်​ သူမက အခု​တော့ အဝတ်​အစား..အ​နေအထိုင်​..အပြင်​အဆင်​..အစစအရာရာတိုင်းကို ​ပြောင်းလဲသွားခဲ့တာ..

" ငါက ပြင်​တတ်​ဆင်​တတ်​လာရုံ​လေးပါ..အဟီး..နင့်​သူငယ်​ချင်းပိုလှလာတယ်​မလား.."

Li Na စကား​ကြောင့်​ သူ​ခေါင်းကို စိတ်​ပျက်​လက်​ပျက်​ခါရမ်းလိုက်​သည်​​။

" ဝတ်​ထားတာလဲ ကြည့်​ပါဦး.. ​ဘောင်းဘီက ​ပေါင်​ရင်းတက်ကပ်​​တော့မယ်​..."

" ဟဲ့ အ​ကောင်​စုတ်​.. အဲ့လိုကြီး တိုက်​ရိုက်​​ပြောစရာလားဟဲ့.. မိ​န်းက​လေး​တွေရဲ့ စိတ်​ကို တစ်​စက်​မှလဲ မသိဘူး..အဲ့ဒါ​ကြောင့်​ နင်​အခုထိ ရည်းစားမရ​သေးတာ.."

ပြောရင်းနဲ့ Li Na က သူ့လက်​​မောင်းကို တစ်​ဖျတ်​ဖျတ်​လာရိုက်​​သည်​။

" ​တော်​​တော့ .. နာတယ်​ဟ..သူများကို တဖတ်​ဖတ်​ ရိုက်​တတ်​တဲ့ အ​ကျင့်​က​တော့ အခုထိ မ​ပျောက်​​သေးဘူးပဲ.. ငါက ရည်းစားမရတာ မဟုတ်​ဘူး.. မထားတာ.. မထားတာ ရှင်းပြီလား..နင်​လို​ကောင်​မ​လေး​တွေနဲ့ ​တွေ့မှာစိုးလို့.."

" မယုံ​ပေါင်​.."

" မယုံလဲ​ ​နေ​ပေါ့.."

" ထားပါ..​ရောက်​​နေတာကြာပီလား.. ငါနည်းနည်း​နောက်​ကျသွားတယ်​.. Sorry.. "

" " ရပါတယ်​.. သိပ်​မကြာ​သေးပါဘူး... ဒီနားထိုင်​​နေရင်း ဟိုဟိုသည်​သည်​ကြည့်​​နေတာ... စိမ်းစိမ်းစိုစိုနဲ့ ဆို​တော့ မျက်​လုံး​အေးတယ်​.."

" နင် ​ကျောင်းကို လှည့်​ပတ်​ကြည့်​ပြီးပြီလား.. နင့်​အ​ဆောင်​ဖတ်​ကို​ရော ​ရောက်​ပြီးပြီလား.. နင်​တို့အ​ဆောင်​နားက ပို​တောင်​လှ​သေးတယ်​ဟ.. နင်​တို့အ​ဆောင်​​ပေါ်က ကြည့်​ရင်​ ရှုခင်းက လုံးဝအဖိုင်းပဲ.."

" ငါဘယ်​မှကို မ​ရောက်​​သေးတာဟ.. စာအုပ်​လဲ မထုတ်​ရ​သေးဘူး..နင်​က ​စောင့်​​နေဆိုလို့ ထိုင်​​စောင့်​​နေတာ.."

" ဒါမျိုးကြ စိတ်​ချရတယ်​.. "

Li Na ရဲ့ မျက်​​စောင်းတစ်​ချက်​က သူ့ဆီ​ရောက်​​လာ​တော့ သူသွားဖြီးပြလိုက်​သည်​။ သူမကို ကြည့်​ရသည်​ကို အခုထိ သူကျင့်​သားမရ​သေး.. အရင်​က Li Na ရဲ့ သိမ်​​မွေ့နူးညံမှု .. ​အေး​ဆေးမှု​တွေ သူမထံတွင်​ ရှာမ​တွေ့နိုင်​​တော့..သူမပုံစံက သွက်​လက်​ရဲတင်းလွန်းလှသည်​။ လူတစ်​​ယောက်​က တခြားလူတစ်​​ယောက်​ပုံစံ ဖြစ်​သွားသည်​အထိကို လွယ်​လွယ်​​ပြောင်းလဲ နိုင်​ကြသည်​လား..

" Xiao Jun ထထ..ငါ ဗိုက်​ဆာတယ်​.. ကန်​တင်းသွားရ​အောင်​.. ပြီးရင်​ နင့်​ကို ​ကျောင်းအနှံ့လိုက်​ပြ​ပေးမယ်​.."

" " ဟာ..တစ်​ကယ်​ရီး.. နင်​အရပ်​ဒီ​လောက်​ပဲ ရှည်​တယ်​​ပေါ့ Xiao Jun..ငါက နင့်​ကို အရပ်​ရှည်​လာမယ်​ထင်​ထားတာ.."

သူခုံတန်း​လေး​ပေါ်က ထလိုက်​သည့်​အချိန်​မှာ..Li Na က သူ့​​ဘေးကို ဖျတ်​ခနဲ​ရောက်​လာပြီး သူနှင့်​ အရပ်​လာတိုင်း​နေသည်​။

" အမ​လေး.. မမရယ်​.. မသိရင်​ငါက 5​ပေပတ်​လည်​ပဲ ရှိတဲ့ လူပု​လေးကြလို့.. နင့်​ထက်​​တော့ အများကြီးရှည်ပာ ​​သေးတယ်​.."

" ဒီမှာကြည့်​ ငါနင့်​ နားရွက်​​လောက်​​ရောက်​တယ်​​တွေ့လား.. အလွန်​ဆုံးကွာ သုံးလက်​မပဲရှိမှာ.. နင့်​အရပ်​ဘယ်​​လောက်​လဲ "

Yan YiJun [ရန်​ရီကျွင်း] စိတ်​မပါလက်​မပါ​လေသံဖြင့်

" 5 ​ပေ 9"

" ငါ​​တောင်​5​ပေ6ရှိတယ်​ haha Xiao Jun ​လေးသနားပါတယ်​.."

Li Na က ​သူ့ကို ​ပြောင်​စပ်​စပ်​ရုပ်​လုပ်​ပြ​နေသည်​။

" ငါ​ဒေါက်​ဖိနပ်​စီးရင်​ နင့်​ကို အသာ​လေးမှီတယ်​..သိလား ​ကောင်​​လေး.. "

" "​တော်​စမ်းပါ.. "

" ငါ့ဘဲဘဲဆိုရင်​ 6 ​ပေ 3 ​တောင်​ရှိတယ်​သလား.. သူဖက်​လိုက်​ရင်​ ငါ့တစ်​ကိုယ်​လုံး သူ့ရင်​ခွင်​ထဲ နစ်​ဝင်​သွားတာ.. "

Li Na စကားကို သူမကြားဟန်​ပြုရင်း Yi Jun လမ်းသာ ဆက်​​လျှောက်​လာခဲ့သည်​။ Li Na ကို ​တွေ့​တွေ့ချင်းထဲက သူ့ရင်​ထဲဘယ်​လိုမှမ​နေ.. ကြည့်​ရတာ..လူပျို​ပေါက်​ဘဝကစိတ်​ကစားမှု​တွေက လူပျို​ပေါက်​ဘဝမှာပဲ
ကျန်​ခဲ့သည်​ ထင်​ပါရဲ့.. အဲ့ဒါကလဲ လက်​ရှိချစ်​သူရည်းစားရှိ​နေတဲ့ Li Na အ​ပေါ်သူရိုးသားနိုင်​မည့်​အပြင်​ သူတို့ကြားက Friendshipကိုလည်း ဖြူစင်​နိုင်​မည့်​အတွက်​ ခပ်​​ကောင်း​ကောင်းပင်​မဟုတ်​ပါလား..

" အင်​.. ကိုကို ​ရောက်​​နေပြီလား..

အင်း.. Bae တို့က ခါတိုင်းထိုင်​​နေကြ Canteen မှာပဲ..

ကို့ကို မိတ်​ဆက်​​ပေးရမယ့်​ သူလဲ ရှိတယ်​..

အင်းပါ..အင်းပါ.. ကိုကိုသာ မြန်​မြန်​လာခဲ့​နော်​ Bae က အရမ်းကို လွမ်း​နေတာ..

Oki ဒါပဲ​နော်​.. Wait ​နေတယ်​.."

ခါတိုင်းသူနဲ့​ပြော​နေကြအသံမဟုတ်​ပဲ ချွဲညုညုအသံ​ကြောင့်​ Yan Yi Jun မျက်​နှာတစ်​ချက်​မဲ့မိသည်​။ ဘယ်​လို​ကြောင့်​လဲ​တော့ မသိ​ပေမယ့်​ မိန်းမ​တွေရဲ့ အီစီကလီလို အသံမျိုးရယ်​.. ​ယောကျာ်​လေး​တွေ သူတို့​ကောင်​မ​လေး​တွေနဲ့ ဖုန်း​ပြောတဲ့အခါ ဖြစ်​သွားတဲ့ ကြာကူလီလို အသံမျိုးကို သူအ​တော်​​လေး အမြင်​ကတ်​မိသည်​။

" နင်​က​တော့ ​ဆေးမမီ​တော့ဘူး.."

" ဘာလဲ မနာလိုတာလား.. မနာလိုရင်​လဲ ​ကောင်​မ​လေးတစ်​​ယောက်​​လောက်​ရှာ.."

" ​တော်​စမ်းပါ.. သူများအတွဲ​တေ မြင်​တာနဲ့ကို စိတ်​ကုန်​​နေပြီ.."

" နင့်​ကို ကိုကိုနဲ့ မိတ်​ဆက်​​ပေးမယ်​.. သူက ​ပေါင်းရ သင်းရခက်​တဲ့သူလို့ ထင်​ရ​ပေမယ့်​ တကယ်​​ပေါင်းကြည့်​ရင်​ စိတ်​ရင်းအရမ်း​ကောင်းပြီး သူငယ်​ချင်း​တွေအ​ပေါ်ဆို အရမ်းဂရုစိုက်​တတ်​တာ.."

အမှန်​အတိုင်း ​ပြောရရင်​.. Yan yi Jun .. LiNa ရည်းစားဆိုသူကို ​တွေ့ချင်​သည်​​တော့မဟုတ်​.. တစ်​​ယောက်​​ယောက်​ မိတ်​ဆက်​​ပေးလို့ ခင်​ရတာ​တွေက နည်းနည်း​ကြောင်​​တောင်​​တောင်​ နိုင်​သည်​လို့ သူထင်​မိသည်​။

" ကိုကို Bae တို့ဒီမှာ.."

Li Na လက်​လှမ်းပြ​နေတဲ့ ဖက်​ဆီကြည့်​လိုက်​​တော့ သူမြင်​လိုက်​ရတဲ့ လူတစ်​​ယောက်​​ကြောင့် ​သူ့မျက်​လုံးသူ မယုံနိုင်​ဖြစ်​သွားသည်​။ အဲ့ဒီ့လူက သူအရင်​လက ဟိုတယ်​မှာ​တွေ့ခဲ့သည့်​ မိန်းမလိုက်​စားပြီး အချိုးတစ်​စက်​မှ မ​ပြေသည့် နာမည်က Zhang ဘာဆိုလား ဆိုတဲ့သူ..အခု အဝတ်​အစားနဲ့ ဘာနဲ့ဖြစ်​​နေ​ပေမယ့်​ ဒီလူက အဲ့​နေ့ကသူ​တွေ့ခဲ့သည့်​ သူဆိုတာကို သူအ​သေအချာမှတ်​မိ​နေသည်​​။ မဖြစ်​နိုင်​တာ.. အဲ့လူက Li Na ရဲ့ ရည်းစား​တော့ မဟုတ်​ဘူးမလား..

သူ​တွေး​နေရင်းပင်​ အဲ့လူက သူတို့ဖက်​ဆီ ​လျှောက်​လာတာမို့ Yan Yi Jun မျက်​ခုံးတို့ ပိုပိုတွန့်​ချိုးလာသည်​။ ဘာလို့ ဒီဖက်​​လျှောက်​လာတာလဲဟ..

သူနဲ့ အဲ့ဒီ့လူ မျက်​လုံးချင်းဆုံသွား​တော့ Zhang Shen Wei [ကျန်းရှန်​​ဝေး] ရဲ့ မျက်​နှာမှာ ​ဒေါသလိုအရိပ်​အ​ယောင်​နဲ့ အံ့သြမှုလို အရိပ်​အ​ယောင်​​တွေ​ပေါ်လာသည်​။ မျက်​ခုံးထူထူ နှစ်​ခုကလဲ Yan Yi Jun နည်းတူ တွန့်​ချိုးလာသည်​။

" ကိုကို..Bae က အရမ်းကို သတိရ​နေတာသိလား.."

ခုံ​ပေါ်က ထသွားလိုက်​ရင်း ထိုZhang မျိုးရိုး ရင်​ခွင်​ထဲကို ​ပြေးဝင်​သွားသည့်​ Li Na ​ကြောင့်​ Yan Yi Jun တစ်​ကိုယ်​လုံးက ​သွေးတို့ ငယ်​ထိပ်​​စောင့်​တက်​သွားသလို ခံစားလိုက်​ရသည်​။

" ဘာ​တွေ ဘယ်​လို ဖြစ်​ကုန်​ပြီလဲ.."

=====>

✨😁 ဆက်​ရန်​ ✨

✨ လူဇိုးရီးနဲ့ ဟို​ကောင်​​လေး​တော့ ​နောက်​တစ်​​ကြိမ်​​တွေ့ကြပြန်​ပီ.. ​နောက်​​ထပ်​ ဘယ်​လို စိတ်​ဝင်​စားစရာ​တွေ ဖြစ်​လာမလဲ 😁 .. ဒီလို type ​တေ သိပ်​မ​ရေးတတ်​​ပေမယ့်​ ကြိုးစား​ရေး​နေပါတယ်​လို့ 😘✨

🌟19.6.2017🌟

Bạn đang đọc truyện trên: Truyen247.Pro