မမြင်သေးသည့်အန္တရာယ်
အပိုင်း(၁၈)
" ကျစ်.. ကိုယ့်mamaဆီက.."
သီးသန့်ringtoneသံကြောင့် သူLiNa မျက်နှာဆီက ခဏခွာလိုက်ရင်း ဖုန်းကိုထုတ်လိုက်သည်။ သူ့အမေက သူ့ကိုဖုန်းဆက်ခဲသလို ဆက်ခဲ့ရင်လဲ သူ့အတွက်ကောင်းကျိုးထက် မကောင်းကျိုးက ပိုများသည်မလို့ ကျန်းရှန်ဝေး မျက်နှာ ရှုံ့မဲ့နေသည်။
" Wei.. mama.."
" နင်လုပ်ထားတာ နင်သိတယ်နော် ကျန်းရှန်ဝေး.."
ထင်ထားသည့်အတို်င်း အခြေအနေက မကောင်းလှ..
" အာ..mamaကလဲ ..လာပြန်ပြီ.. ဘာမှတောင် မပြောရသေးဘူးစပြီ.. ကျွန်တော်ဒီတစ်ခေါက်တော့ ဘာမှလုပ်မထားဘူးနော်.. အဲ့ဒါတော့ ကျွန်တော့်ဖက်က သေချာတယ်.."
" ဘာကိုသေချာတာလဲ မိဘပိုက်ဆံကို အသားကုန်သုံးတဲ့နေရာမှာ သေချာတာလား.. နင်ယွမ်တစ်သိန်း ကိုတစ်ပတ်အတွင်း ဘယ်လိုတောင်သုံးလိုက်တာလဲ.. "
" အာ.. ma ကျွန်တော့် ကတ်ကိုစစ်ပြန်ပြီလား.. "
" စစ်ရမယ်လေ.. ငါသာမစစ်ရင် ငါ့ပိုက်ဆံတွေအကုန် နင်သုံးလို့ ကုန်ကုန်မှာပဲ.. နင်ဟာလေ ဘယ်လိုပြောပြောနားမဝင်ပါလား.. နင့်အမေက ငွေကိုတွင်းထဲက ထုတ်ထုတ်ပေးနေတာမဟုတ်ဘူး.. ပင်ပင်ပန်းပန်းနဲ့ ရှာနေရတာ.."
" ရုံးခန်းထဲမှာ အေးအေးဆေးဆေးလေး နေပြီးဟိုလူသည်လူနဲ့ တစ်ခါတစ်လေ တွေ့ရုံပါပဲ mamaရာပြောသလာက်လဲ မပင်ပန်းပါဘူး.."
" ဟဲ့ အဲ့လို ဖြစ်အောင် ငါပင်ပင်ပန်းပန်းကြိုးစား ခဲ့ရတာလေ.. . နင်ဒီလသုံးတာ အတော်များနေပြီနော် .. နင် အဲ့ ယွမ်တစ်သိန်းကိုလဲ ဘယ်မှာသုံးလိုက်တာလဲဆိုတာ သေချာရှင်းပြရင်ပြ မပြရင် နောက်ဘာကတ်မှ နောက်ထပ် ပေးမကိုင်ဘူး.."
" လုပ်ပြီဗျာ.. အဲ့လောက်လေးမှ မသုံးရရင်လဲ ကျွန်တော့်ကို အိမ်ထောင်စုစာရင်းထဲ ထည့်ကိုမနေနဲ့တော့.. မရှိလို့ မသုံးစွဲနိုင်တဲ့ မိသားစုမို့လို့ ဆိုလဲထား..
ကျွန်တော်တို့လောက် မချမ်းသာတဲ့သူတွေတောင် ကျွန်တော့်ထက်သုံးနိုင်သေးတယ်.. ဘယ်ကုမဏီပိုင်ရှင်သားမှ ကျွန်တော့်လို ချင့်ချိန်သုံးမနေရဘူး.."
" နင်ကလဲ အမှားလုပ်ထားသေးတယ် နင်က ငါ့ကိုပြန်အပြစ်ပြောချင်နေသေးတာလား..
ငါနင့်ကို နင်လိုချင်တာလိုအပ်တာမှန်သမျှ မဖြည့်ဆည်းပေးခဲ့တာ ရှိလို့လား..
အခုက သုံးတာမဟုတ်ဘဲ ဖြုန်းတာဖြစ်နေလို့ ပြောရတာ..
နင်ကိုယ်တိုင်ရှာရမှ ပိုက်ဆံတစ်ပြားရဖို့ မလွယ်ကူပါလားဆိုတာ နင်သိလိမ့်မယ်..
ငါပြန်လာရင် အဲ့တစ်သိန်းကို ဘယ်မှာသုံးလိုက်တယ်ဆိုတာ သေချာရှင်းပြ ရင်ပြ.. မပြရင် ရှိသမျှကတ်လဲ သိမ်းမယ်လို့သာ သဘောပေါက်ထားလိုက်တော့.."
" အာ.. ma..Wei.. ma.. ma.."
ကျသွားတဲ့ ဖုန်းကြောင့် ကျန်းရှန်ဝေး မျက်နှာ ရှုံ့မဲ့သွားသည်။ သူအတော်လဲ စိတိရှုပ်နေသည်။ သူ့ဘေးမှာ ထိုင်နေတဲ့ LiNa ကတော့ သူ့ကို စိတ်ပူသလို ကြည့်နေသည်။
" အဆင်ပြေရဲ့လား.. ကိုနဲ့ အန်တီဖုန်းပြောရင် အမြဲတမ်းဒီလိုချည်းပဲ.."
"ကိုယ့်အမေအကြောင်းက သိတဲ့အတိုင်းပဲ.. အခုလဲ သူ့ယွမ်တစ်သိန်းသုံးလိုက်လို့ ဆိုပြီးလာရစ်နေတယ်.."
" အန်တီ စည်းကမ်းကြီးတာကတော့ လွန်ပါတယ် ကိုကိုရယ်.. "
" ကျစ် ဘာလဲကွာ.. "
နောက်တစ်ခေါက်မြည်လာတဲ့ ဖုန်းသံကြောင့် မူရင်းဒေါသထွက်နေတဲ့ စိတ်ကလေး ပိုအခြေအနေ ဆိုးသွားရသည်။
" Wei.."
စိတ်ရှုပ်မှုတွေ စိတ်မကြည်မှုတွေကြောင့် သူ့ထူးလိုက်သံက သိသိသာသာပင် မာနေသည်။
" ကျန်းရှန်ဝေးလား..ငါပါ.. နည်းပြLin.. "
" အာ.. ဆရာလား.. ဖုန်းလဲထားသေးတာလား..ပြောပါ ဆရာ.."
" မင်း အခုအားလား.. အချိန်ရရင် ဆရာတို့ဆီ လာခဲ့ဦး..အသစ်တိုးလာတဲ့ ကလေးတွေနဲ့ အကုန်လုံးကို မိတ်ဆက်ပေးပြီး သိသင့်တာလေးတွေ ပြောရအောင်လို့.."
" ဇယားကတော့ ရှုပ်ပီ.. Bae ကိုယ် ကိုယ်ဘတ်စကတ်ဘော အသင်းဖက်သွားရဦးမယ်.."
" အင်း အဲ့ဒါဆိုလဲ တူတူ သွားကြမယ်လေ.. Bae လဲအတန်းရှိသေးလို့.. "
သူရောက်သွားချိန်တွင် အခန်းထဲတွင် ရှိမနေကြပဲ လူတွေအကုန် ဘေးက လေ့ကျင့်ကွင်းဆီရောက်နေကြသည်။
" အော် အေးရောက်ပြီလား.."
သူ.. သူ့ရဲ့နည်းပြကိုမပြုံးချင် ပြုံးချင်ပြုံးပြလိုက်ပြီးခေါင်းငြိမ့်ပြလိုက်သည်။ ဘတ်စကတ်ဘော ဝတ်စုံပြည့်တွေနှင့် ဆော့နေသည့် ကျောင်းသားတွေဖက်ကြည့်လိုက်သည့်အခါ သူ့မျက်လုံးထဲ တန်းဝင်လာတဲ့ ရန်ရီကျွင်းပုံစံကြောင့် အတော်ပင် အံ့သြ သွားမိသည်။
" ဘယ်လိုတောင်လား.."
အဲ့ကောင်လေး အသားက ဖွေးဥနေပြီး သူတို့ရဲ့ အနီရောင် ဘတ်စကတ်ဘော jersey ကြောင့် အသားရောင်က ပိုဖြူနေသလိုပင်ထင်ရသည်။ မြင်နေကြ ဖြူပုံမျိုးနဲ့လဲ မတူပဲ အဲ့ကောင်လေးဖြူပုံက ထူးခြားနေသည်။ ဖြူဖတ်နေတာမျိုးလဲ မဟုတ်ပြန်..လက်မြှောက်လိုက်တဲ့ အချိန်မှာ ပေါ်သွားတဲ့ ရန်ရီကျွင်းရဲ့ ချိုင်းသားဖွေးဖွေးလေးကို မြင်တော့ သူခေါင်းယမ်းလိုက်သည်။
" hk.. ချိုင်းမွှေးမထားတာလား.. ယောကျာ်းဖြစ်ပြီး.."
ရန်ရီကျွင်းက ပုပေမယ့် အတော်လေးသွက်သည်။ အထူးသဖြင့် ဘောလုံးအပေး အတော်ကောင်းသည်။ တခြား မျက်နှာစိမ်းကောင်လေးနှစ်ယောက်ကိုလဲ ဆော့နေတဲ့ အထဲတွင်သူတွေ့လိုက်ရသည်။ဆော့နေတဲ့ အထဲလဲ ရွှီဖုန်းလဲ ပါသည်မလို့ သူအဲ့နားက ခုံပေါ်ထိုင်ရင်း ပွဲကို ထိုင်အကဲခတ်ဖြစ်သည်။ တခြားအသစ်နှစ်ယောက်ကလဲ သိပ်တော့ အခြေအနေ မဆိုးလှ..
" ဟို ဆံပင်စီးထားတဲ့ ကောင်လေးအတော်သွက်တယ်နော်.. သူကစားပုံနဲ့ point guardနေရာဆို အတော်အဆင်ပြေမယ်.."
" သိပ်အတော်ကြီးမဟုတ်ပေမယ့်
လက်ခံလို့တော့ ရပါတယ်.."
နည်းပြ Lin က တစ်ချက်ပြုံးလိုက်သည်။
" မင်းပုံစံကတော့လေ ငါနဲ့စစတွေ့ထဲကအတိုင်း နည်းနည်းလေးမှကို မပြောင်းလဲဘူး.. လူသစ်လေးတွေကို မင်းက ပိုဂရုစိုက်ပေးပါ..သင်စရာရှိတာတွေ လိုတာရှိတာလေးတွေလဲ သင်ပေးပေါ့..ဒီမှာ ငါမရှိတဲ့အချိန်တွေ မင်းပဲ သူတို့ကို train ရမှာ.."
သူတစ်ချက်ပြုံးလိုက်ရင်း ခေါင်းငြိမ့်လိုက်သည်။
" သူ့ခြေထောက်တွေ အတော်လှတာပဲ.. ငါ့ဆော်ခြေထောက်တောင် သူ့လောက်မလှဘူး.."
" အေးကွာ အသားကလဲ ဖွေးဥနေတာပဲ.. ပခုံးသားတွေက ကိုက်ချင်စရာတောင်ကောင်းတယ်.. ယောကျာ်းလေးဖြစ်နေတာ နမျောစရာ.. haha မိန်းကလေးသာ ဖြစ်ရင်တော့.."
ကြားလိုက်ရတဲ့အသံတွေကြောင့် သူဘေးကို ဝေ့ကြည့်လိုက်တော့ သူ့အသင်းက ကျောင်းသားနှစ်ယောက်က ရန်ရီကျွင်းကို ကြည့်ရင်း အချင်းချင်း တိုးတိုး တိုးတိုးလုပ်ရင်းရယ်နေသည်။
" ယောကျာ်းလေးလဲ ချလို့တော့ ရတာပဲလေ... ခွီးခွီး.."
တခွီးခွီး ရယ်သံတွေကြားမှာ ကြားလိုက်ရတဲ့စကားကြောင့် သူဒေါသထောင်းခနဲ ထွက်သွားပြီး အဲ့နှစ်ယောက်နားရောက်သွားသည်။
" ယောကျာ်းတစ်ယောက် ခန္ဓာကိုယ်ကို ပါးစပ်အရသာ ခံပြောနေကြတာ မရှက်ကြဘူးလား.. မင်းတို့နှစ်ကောင်က အခြောက်တွေလား.. "
" ဘာ.. အဓိပ္ပါယ် မရှိတာ.. ကျွန်တော်တို့က အချင်းချင်းစနေတာကြတာပါ.."
ကျောင်းသားတစ်ယောက်က လေသံခပ်တိုးတိုးနဲ့ မျက်နှာအပျက်ပျက်အယွင်းယွင်နဲ့ ပြောလာသည်။
" ဒါစနောက်စရာလဲ မဟုတ်ဘူး.. နောက်တစ်ခါ ဒါမျိုးကြားရင် ငါထပ်သည်းခံနေမယ်မထင်နဲ့.. နည်းပြကို ပြောပြီး မင်းတို့နှစ်ယောက် ကို ထုတ်ပစ်လို့ ရတယ်.."
သူ့စကားကြောင့် ထိုကျောင်းသားနှစ်ယောက်ငြိမ်သွားသည်။ ကျေနပ်ကြပုံမပေါ်ပေမယ့် ပြန်မပြောရဲကြဘူးဆိုတာတော့ သူသေချာသိနေသည်။ Team Captain ဖြစ်တာအပြင် သူ့ လက်ရဲဇက်ရဲ အကြောင်းသိကြသဖြင့် အသင်းထဲမှာတော့ အကုန်လုံးနည်းပါးက သူ့ကိုရှိန်ကြသည်။
" တောင်းပန်ပါတယ်.. ကျွန်တော်တို့က စနောက်နေကြမလို့ပါ..နောက်ဆင်ခြင်ပါ့မယ်.."
" ကျစ်.."
သူကွင်းနားကို ကပ်လာရင်း ရွှီဖုန်းမြင်အောင် လက်ပြလိုက်သည်။
" အော.. Shen Wei.. ဘယ်တုန်းက ရောက်နေတာလဲ.."
" မပြီးသေးဘူးလား..သူတို့ကို ဘောလုံးကို ဘယ်လိုထိန်းမလဲဆိုတာ အရင်သင်ပေးဖို့လိုသေးတယ်..ကြည့်ရတာ လုံးဝကို မရမ်းပဒါပဲ.."
" နည်းပြက Skill တွေသိရအောင် အစမ်းဆော့ဆိုလို့ပါ..
ဟေ့.. နားမယ်ဟေ့..."
ရွှီဖုန်းက လက်ခုပ်တီးပြီး အချက်ပေးလိုက်သည်။
" အော် ဘယ်သူလဲလို့ စဆရက ကြီးပဲ.."
ချွေးတွေရွှဲနေပြီး အသက်ရှုသံတောင်မမှန်သေးဘဲ
မောနေတာတောင် သူ့နားလာပြီး ရန်စကားပြောနိုင်သေးတဲ့ ရန်ရီကျွင်းကို သူအတော်လက်လန်မိသည်။
" အပိုတွေပြောမနေနဲ့.. မင်းသာ ဘောလုံးပိုက်ထဲ ဝင်အောင် သွင်းတတ်အောင် အရင်ကျင့်လိုက်ဦး..သူများထက်ပုရင် သူများထက် ပိုတော်မှ ဖြစ်မယ်လေ မဟုတ်ဘူးလား.."
" ဘာ.. ငါ့အရပ်အဲ့လောက်လဲ မပုပါဘူး.. "
" ဟက်.. မပုဘူးလား...ဒါက.."
သူရန်ရီကျွင်းနား ကပ်လိုက်ရင်း သူအဲ့ကောင်လေးကို ငုံ့ကြည့်လိုက်သည်။ ရန်ရီကျွင်းကလဲ သူ့ကို မော့ကြည့်နေတာမလို့ နှစ်ယောက်သားမျက်လုံးချင်းဆုံသွားတဲ့ အချိန် အဲ့ကောင်လေးရဲ့ မျက်လုံးတွေရဲ့ ထူးခြားချက်ကို သူသတိထားလိုက်မိသည်။ မျက်တောင်နက်နက်လေးတွေ ဝန်းရံထားတဲ့ မျက်အိမ်ရှည်ရှည်နဲ့ မျက်ဝန်းတစ်စုံက ပကတိ ဖြူစင်အပြစ်ကင်းတဲ့ ပုံစံမျိုးပေါက်နေ ပေမယ့် တစ်ချိန်ထဲမှာပဲ ညို့ယူဖမ်းစားနိုင်စွမ်းရှိနေပြန်သည်။ ညာဖက်မျက်လုံးဘေးနားမှာ ရှိနေတဲ့ မှဲ့သေးသေးကို သူပထမဆုံးအကြိမ်မြင်လိုက်ရသည်။
" Puff ဘာကြည့်နေတာလဲ အရူးကောင်.."
ရန်ရီကျွင်းက သူ့ကိုတွန်းထုတ်လိုက်ကာ စူပုတ်ပုတ်နှင့် ခုံတန်းပေါ်သွားထိုင်နေသည်။. သူကတော့ လူသစ်ကောင်လေးတွေကို ပြောစရာရှိတာ သိသင့်တာတွေ ပြောပြနေရင်း ရန်ရီကျွင်းဖက်ကြည့်လိုက်တော့ အဲ့ကောင်လေးက သူ့ကိုမျက်မှောင်ကြုံ့၍ ကြည့်နေပြန်သည်။
" ကျစ်.. ဘယ်လိုဟာလေးမှန်းကိုမသိတာ.. ဘယ်လိုကိုင်တွယ်ရမလဲ ကိုမသိတော့ဘူး.."
********
" နင် လဲ ဘတ်စကတ်ဘော အသင်းမှာဆို.. ဘာလို့ငါ့မပြော ကြတာလဲ.. ငါ့မှာဖြင့် ရွှီဖုန်းပြောမှ သိရတာ.."
LiNa က နှုတ်ခမ်းတစ်တောင်လောက်ထော်ပြီး သူ့ကိုမပြောသည့်ကိစ္စကအတွက် သူ့အခန်းထဲထိ လာရစ်နေသည်။
" နင်ကရော ဒီရက်ပိုင်းငါ့ဆီလာလို့လား.. သူနဲ့ဖြင့်သေချာတောင်မတွေ့ရပဲနဲ့.."
" ဟဲ့.. ငါတစ်ယောက်ပဲ ခြေထောက်ပါတာလား.. နင်လဲတစ်ခါတစ်လေလေး ငါ့ဆီလာခဲ့ပါလား.. "
သူတို့စကားပြောနေတုန်း ရွှီဖုန်းရောက်လာသဖြင့် LiNa ရော ရန်ရီကျွင်းရော အံ့သြ သွားသည်။
" အယ်.. နင်က ဒီကိုဘာလာလုပ်တာလဲ.."
" အမ်.. Team နဲ့ ပတ်သက်ပြီး သူ့ကိုပြောစရာနည်းနည်းရှိလို့.."
" အော.. ဟုတ်.. ဘာကိစ္စရှိလို့လဲ.."
" နေ့စဉ် လေ့ကျင့်ချိန်တွေက နေ့တိုင်း 1 ခွဲ 2နာရီလောက်ဆို အမြဲစတာမလို့ အတန်းအားတဲ့အချိန်တွေ လာခဲ့ပါတဲ့.. နည်းပြက ကိုယ့်ကို ပြောခိုင်းလိုက်လို့.. မနက်ပိုင်း မင်းအားတဲ့ အချိန်တွေလဲ လာကျင့်လို့ရတယ်နော်.. အဲ့မှာတော့ လူက အမြဲတမ်းတစ်ယောက်မဟုတ် တစ်ယောက်တော့ ရှိတယ်.."
" အော.. ဟုတ်..."
" အမယ်..ယဉ်ကျေးနေတာ.."
" နင်အသာ နေစမ်းပါ.."
သူ LiNa ကို မျက်စောင်းထိုးလိုက်သည်။ ရွှီဖုန်းအကြောင်းတွေလီဟုန်ရိဆီက အတော်များများကြားထား ပြီးထဲက သူရွှီဖုန်းကို အကြီးတစ်ယောက်လိုတော့ ဆက်ဆံဖြစ်သည်။
လက်တွေ့မှာလဲ သူကဖော်ရွေတတ်ပြီးအသင်းသားတွေအပေါ်မှာလဲ ဂရုတစိုက်ရှိလှသည်။
" အော် မေ့တော့မလို့.. ဒီမှာ.."
ခုံပေါ်ရောက်လာတဲ့ အအေးဘူးကြောင့် ရန်ရီကျွင်းမျက်လုံးလေးများဝိုင်းသွားသည်။ သူသောက်နေကြ ကော်ဖီအေး ဗူးလေးမဟုတ်ပါလား.
" အအေးဝယ်ရင်းမင်းဖို့ သတိရလို့ ဝယ်ခဲ့လိုက်တာ.. ဒါသောက်ပြီး အားတင်းထားဦး.. ဒီတစ်ခေါက် Trainingက နည်းနည်းတော့ ပင်ပန်းလိမ့်မယ်.."
" ဟုတ်.. ကျေးဇူးပါ.."
" အယ် ငါ့ဖို့ရော.. ငါလဲရှိနေတာကို ငါ့ကြမပေးဘူး.."
" ရှားစောင်းလက်ပတ်ဖျော်ရည်ပဲ ရှိတော့တယ်..သောက်မလား.."
" ဟင်း. ငါမကြိုက်တာ ရွေးဝယ်လာသလား အောက်မေ့ရတယ်.."
" haha.. ဖြစ်တတ်ပါတယ်..သွားတော့မယ်.. သူငယ်ချင်းတွေနဲ့ ချိန်းထားသေးလို့.."
သူ ကော်ဖီဗူးကို ဖောက်လိုက်ရင်းကော်ဖီခါးခါးကို အရသာခံသောက်လိုက်သည်။ သူLiNa ကို တစ်ချက်ပြုံးပြလိုက်ရင်း ကော်ဖီဗူးကို သူမနားကပ်လိုက်သည်။
" သောက်ဦးမလား.."
" တော်ပါ.. ဘတ်စကတ်ဘောက အခြေအနေဘယ်လိုလဲ..အဆင်ပြေရဲ့လား.. ကိုကိုနဲ့ရော တူတူ train နေပြီလား.."
ရန်ရီကျွင်းမျက်နှာရှုံ့မဲ့သွားရင်း တစ်နေ့လည်လုံး ဘောလုံးပစ်ကျင့်ရ ဘောလုံးပုတ်ကျင့်ရတာတွေ ပြန်မြင်ယောင်လာသည်။ကျန်းရှန်ဝေးက Team Captain ဆိုတဲ့ ပါဝါပြပြပြီး သူတို့ကို ဆူလိုက်ဟောက်လိုက် ခဏခဏ လုပ်ပြတတ်သည်။ သူကသာ မခံနိုင်လို့ ပြန်ပြန်ပြောပေမယ့် တခြားကျောင်းသားတွေက သူပြောတိုင်းငြိမ်ငြိမ်ခံနေကြတတ်ကြသည်။အဲ့ဒါကို သူကလုံးဝမကျေနပ်..
ကျန်းရှန်ဝေးကို ဘာတွေကြောက်နေကြမှန်းနားကိုမလည်ဘူး..Puff ဘယ်နားမှကို ကြောက်စရာမလိုတာ..
အပိုင်း(၁၉)ဆက်ရန်
🌟28.8.2017🌟
🍑Dream-Catcherr🍑
Bạn đang đọc truyện trên: Truyen247.Pro