Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥
ပြောင်းလဲမရသည့်​ဖြစ်​တည်​မှုများ
အပိုင်း(၂၄)
" ဘတ်​စကတ်​​ဘောသမားဆိုတာ တစ်​ကိုယ်​​ကောင်းစိတ်​မထားရဘူး..teamwork ​ကောင်း​ကောင်းရှိရမယ်​.. လျှင်​မြန်​ရမယ်​.. မျက်​စိလဲလျှင်​ရမယ်​.. တိကျရမယ်​.. ပြီး​တော့သက်​လုံ​ကောင်းရမယ်​.."
Zhang Shen Wei ပါးစပ်​က ​ရေရွတ်​လိုက်​ရင်း လက်​ထဲက ​ဘောလုံးကို ခြင်းဆီ​မြှောက်​ပစ်​လိုက်​သည်​။ ​ဘောလုံးက ခြင်းထဲကို ကွက်တိ​ဝင်​သည်​မလို့ Yan Yi Jun [ရန်​ရီကျွင်း] နှာ​ခေါင်းရှုံ့လိုက်​သည်​။
" ​လူတိုင်းသိတဲ့အချက်​​တွေကိုများ ဆရာကြီးလာလုပ်​​နေ​သေးတယ်​.."
Yan yi Jun ပွစိပွစိ​ပြော​နေ​တော့ Zhang Shen Wei အကြည့်​က သူ့ဆီ​ရောက်​လာသည်​။
" ပွတ်​တွတ်​ ပွတ်​တွတ်​ပဲလုပ် မ​​နေနဲ့.. သူများဘယ်​လို အချိန်​အဆ ဘယ်​လို​ထောင့်​က ပစ်​သွားတယ် ဆိုတာလဲ ကြည့်​ဦး.."
" ဟုတ်​ပြီ..ဟုတ်​ပြီ..ဆရာကြီးတအားလုပ်​တာပဲ.."
Yan Yi Jun  ​ဘေးနားက ​ဘောလုံး​တွေထည့်​ထားတဲ့ ခြင်းထဲက ​ဘောလုံးတစ်​လုံးကို ယူလိုက်​ရင်း Zhang Shen Wei [ကျန်းရှန်​​ဝေး] ဆီ ပစ်​​ပေးလိုက်​သည်​။ သူ့ကို​ယ်​သူ ​ကျောင်းသားလား... ဟိုလူကြီးရဲ့ ကူလီလားပင်​ မသဲကွဲချင်​​တော့..​. အရင်​​နေ့​တွေထဲက ဟုတ်​တိပတ်​တိ ဘာမှမ​လေ့ကျင့်​ရဘဲ Zhang Shen Wei ခိုင်းသမျှလုပ်​​ပေး​နေရသည်​။ အခုလဲ သူ​ဘောလုံးပစ်​​လေ့ကျင့်​ချင်​သည်​ဆို၍ ​​ဘေးနားရပ်​​ပေး​နေရပြီး ​ဘောလုံးတစ်​လုံးပြီးတစ်​လုံး ပစ်​​ပေး​နေရသည်​။  ကြမ်းပြင်​​ပေါ်တွင်​ ​ဘောလုံး​​တွေ များလာရင် အကုန်​ပြန်​လိုက်​​ကောက်​ပြီး ခြင်းထဲပြန်​ထည့်​ရသည်​။ ​ပြီးရင်​ ​နောက်​တစ်​ခါ ပြန်​​ပေးရသည်​မလို့ ဒီလိုနှင့်​သံသရာ လည်​​နေသည်​။
" Yi jun..​မောရင်​နားလိုက်​ဦး​လေ.. ကိုယ်​လုပ်​​ပေးလိုက်​မယ်​.."
Xu Feng [ရွှီဖုန်း] က ​ရေသန့်​ဘူးတစ်​ဘူး Yi Junကိုကမ်း​ပေးရင်း ​ပြောလိုက်​သည်​။
" ​​ဟေ့​​ကောင်​မောချင်း​မော ငါက​မောရမှာ​လေ..သူက ​ဘောလုံး​လေးပင်​​ပေးရုံ​ကေို ဘာပင်​ပန်းမှာမို့လို့လဲ.."
" မင်းက ​လေ့ကျင့်​​နေကြ​လေကွာ.. ​​ဘောလုံး​ကောက်​​တဲ့သူလဲ ပင်​ပန်းတာပဲ..သူခဏနားပါ​စေ.. ငါအစားလုပ်​​ပေးမယ်​.."
" ​ရတယ်​မလိုပါဘူး.. ခဏနားမယ်​..!"
Zhang Shen Wei လက်​ထဲက ​ဘောလုံးကို ကြမ်းပြင်​​ပေါ်ပစ်​ချလိုက်​ရင်း ​ဘေးက ခုံတန်းတွင်​ ဝင်​ထိုက်​လိုက်​သည်​။ ​ရေဘူးတစ်​ဘူးကို တစ်​ဝက်​​ကျော်​တဲ့အထိ ​မော့ချလိုက်​ရင်း ​ဘေးက ​သောက်​ကဲပို​နေတဲ့ နှစ်​​ကောင်​ကို စိတ်​ကုန်​စွာကြည့်​လိုက်​သည်​။ Xu Feng က ပန်​ကာအ​သေး​လေးကို Yi Jun မျက်​နှာနား ကပ်​​ပေးထားပြီး နှစ်​​ယောက်​သားလဲ ရယ်​ရယ်​​မော​မော လုပ်​​နေကြသည်​။ Xu Feng တစ်​​ယောက်​ Yan Yi Jun ကိုဂရုစိုက်​လွန်း​နေသည်​။ သူက သူတို့အဖွဲ့ကလူ​တွေနဲ့ စာလျှင်​ Social ပိုင်းေ​ကာင်းတာမှန်​​ပေမယ့်​ အခုတစ်​​ခေါက်​က​တော့ သာမန်​ထက်​လွန်​လွန်း​နေသည်​။
" ဟို​ကောင်​ကလဲ ​အ​တော်​​ကျေနပ်​​နေပုံပဲ..!"
သွားညီညီ​လေး​တွေ ​ပေါ်​အောင်​ပြုံး​နေ​တဲ့ Yi Jun ကိုမြင်​​တော့ အ​တွေးတစ်​ချို့က Zhang Shen Wei ​ခေါင်းထဲသို့ဝင်​လာသည်​။ ဘာမှလိမ်းထားပုံမ​ပေါ်​ပေမယ့်​ အဲ့​ကောင်​​လေးမျက်​နှာက ​ဖွေးဥ​နေပြီး ပါးပြင်​နှင့်​ နှုတ်​ခမ်း​လေးများက ရဲ​နေသည်​။ မျက်​ခုံးပါးပါး​လေးနှင့်​ အဲ့​ကောင်​​လေးက အ​တော်​​တော့ ​ချောသည်​။ ဒါမှမဟုတ်​..လှလွန်းသည်​ဟူသည့်​ အသုံးအနှုန်းသုံးလျှင်​လိုက်​လျှင်​လဲ သူလွန်​မည်​မထင်​.. ။  ​​LiNa ​ပြောစကားအရဆိုလျှင်​ YiJun က တစ်​ခါမှရည်းစားထားဖူးပုံမရ.. မျက်​နှာကလဲ ​ယောကျာ်း​လေးတစ်​​ယောက်​အ​နေနှင့်​ လှလွန်း​နေသည့်​အပြင်​ မိန်းက​လေးလိုဝတ်​ရတာလည်း သ​ဘောကျပြန်​သည်​ဆို​တော့ ???
" သူက gay?? Transwoman?? Shemale??"
သူအဲ့အ​ခေါ်အ​ဝေါ်​တွေ ဘယ်​လိုကွဲပြားပြီးဘယ်​လိုခွဲခြားမှန်းမသိ​ပေမယ့်​ ကြားဖူးတဲ့ အ​ခေါ်အ​ဝေါ်များကို ​ရေရွတ်​မိသည်​။သူမထင်​ချင်​​ပေမယ့်​ သံသယတို့က သူ့ရင်​ထဲ မဖိတ်​မ​ခေါ်ဘဲ​ရောက်​လာသည်​။ အဲ့​ကောင်​​လေးက သူအဲ့လိုစိတ် မေ​ပာက်​ပါဘူးလို့ ​ပြော​ပေမယ့်​ လက်​ရှိအ​ခြေအရ​တော့ ယုံဖို့ခက်​သည်​က အမှန်​ပင်​ဖြစ်​သည်​။ သူသိသ​လောက်​​တော့ အမျိုးသမီးအဝတ်​​တွေ ကိုမြတ်​နိုးပြီး မိန်းက​လေးလို ပြုမူသူ​တွေအကုန်​လုံးက​တော့ လိင်​တူကို စိတ်​ဝင်​စားကြသူ​တွေချည်းပင်​။
" အဲ.. ဒါ​ပေမယ့်​ Yan Yi Jun [ရန်​ရီကျွင်း]
က ​နေပုံထိုင်​ပုံကမှ မနွဲ့တာ..
ဒါမှမဟုတ်​.. မနွဲ့​​အောင်​ တမင်​​နေတာလား??"
ဟို​ရောက်​သည်​​ရောက်​အ​တွေးများဖြင့်​ Zhang Shen Wei ​ခေါင်း​ခြောက်​လာသည်​။
" ကျစ်​..မသိ​တော့ဘူး..အဲ့​ကောင်​​လေးက ပုံမှန်​မဟုတ်​တာ​တော့ အမှန်​ပဲ.."
သူအဲ့လို​တွေးလိုက်​မိ​တော့ Yan Yi Jun နှင့်​ Xu Feng [ရွှီဖုန်း] အတူတွဲကပ်​ထိုင်​​နေသည်​က သူ့ကိုပို၍ မသက်​မသာဖြစ်​လာ​စေသည်​။
" Yan Yi Jun.. မင်းအ​မော​ပြေပြီမလား..လာခဲ့ ပြန်​​ဆော့မယ်​..!"
" Yan yi jun တစ်​​ယောက်​ထဲ ရှိတာမဟုတ်​ပါဘူးကွာ..တခြားက​လေး​တွေလဲ ခိုင်းလို့ရတာပဲ.. ငာကြည့်ေ​နတာ သူ​ကောင်း​ကောင်းကို မ​လေ့ကျင့်​ရ​သေးဘူး.."
" သူ​တောင်​ဘာမှမ​ပြောတာကို မင်းကဘာဖြစ်​​နေတာလဲ..အ​ကြောင်းမဲ့ခိုင်း​နေတာလဲ မဟုတ်​ဘူး.. လိုအပ်​လို့ ခိုင်း​နေတာ.."
" မင်းလုပ်​​နေတာမဟုတ်​​သေးလို့​ပြောရတာ​လေ..သူလဲ သူများ​တွေလို ​လေ့ကျင့်​ချင်​မှာ​ပေါ့ကွာ..  လိုအပ်လို့ လို့ ​ပြောရေ​အာင်လဲ တစ်ချိန်လုံး ​ဘောလုံး​ကောက်​​နေရတာက ဘာ​တွေထူးခြားပြီး တိုးတက်​လာမှာမလို့လဲ.."
Xu Feng စကား​ကြောင့်​ Zhang Shen Wei ​ဒေါသထွက်​လာသည်​​။ Xu Feng နှင့်​သူဆိုသည်​က  စကားများခဲသည်​။ ငယ်​ငယ်​ထဲက ခင်​ခဲ့သည့်​ သူငယ်​ချင်း​တွေ မဟုတ်​​ပေမယ့်​ ​တစ်​​ယောက်​နှင့်​တစ်​​ယောက်​ နားလည်​မှုရှိကြ၍ ​ပေါင်းသင်းလို့​ကောင်းသည်​။ ဒါ​ပေမယ့်​ အခုတစ်​​ခေါက်​​တော့ သူအ​တော်​​လေး အမြင်​ကတ်​မိသည်​။ Xu Feng ပုံစံက သိပ်​ကို hero လုပ်​ပြချင်​​နေသလိုမျိုး..
" ဘာလဲ..Xu Feng..ရန်​ဖြစ်​ချင်​​နေတာလား?"
" မဟုတ်​ဘူး​လေကွာ.. စိတ်​ဆိုးတာလား..ငါက Yi Jun ကိုသနားလို့ ​မင်းဖက်​က နည်းနည်းပါးပါး နားလည်​မှု​ပေးဖို့ ​ပြောတာပါ.."
" ဟား.. မင်း​ပြောပုံက မသိရင်​ငါကဘဲ သူ့ကိုမတရား အနိုင်​ကျင့်​​နေတဲ့ ပုံစံနဲ့.."
" ​တော်​​တော့... ဆက်​မ​ပြောကြနဲ့​တော့... ရတယ်​...​ဘောလုံးပစ်​ပေးရမှာမလား.. လုပ်​​ပေးမယ်​.."
Yan Yi Jun က သူတို့တွန်းတိုက်​၍ ထွက်​သွားပြီး ကြမ်းပြင်​​ပေါ်က ​ဘောလုံးကို ​ကောက် ​​ကိုင်​ကာ စူပုတ်​ပုတ်​နှင့်​ကြည့်​​နေသည်​။ တခြား​ကျောင်းသား​တွေနှင့်​ နည်းပြကလဲ ဘာဖြစ်​ကြတာလဲ ဆိုသည့်​ အကြည့်​ဖြင့်​ သူတို့ကို ကြည့်​​နေကြသည်​။
" ဘာလဲ ​ဆော့မှာဆို! မလာဘူးလား..?"
" အမ်..​ဘာ​တွေ ဖြစ်​​နေကြတာလဲ?? "
LiNa အသံကြား၍ ကြည့်​လိုက်​​တော့ ဘယ်​တုန်းက​ရောက်​လာမှန်းပင်​မသိလိုက်​သည့်​ LiNa နှင့်​ Wang Zi Yu..[ဝမ်​ဇီယွီ] Zhang Shen Wei စိတ်​ရှုပ်​စွာနှင့်​ စုပ်​သပ်​လိုက်​သည်​။ ကိုယ့်​ဘာသာ​တောင်​ စိတ်​ရှုပ်​​နေသည်​ဆိုခါမှ ဒီနှစ်​​ယောက်​က ဘာလာလုပ်​ပြန်​သည်​မသိ..
" ဘာဖြစ်​ကြတာလဲ မျက်​နှာကြီး​တွေကလဲ.. Ge Ge [​ကော​ကော] နင်​တို့ရန်​ဖြစ်​​နေကြတာလား..?"
LiNa က Xu Feng ကို​မေးလိုက်​သည်​။
" မဟုတ်​ပါဘူးဟာ.. နင်​တို့က ဘာလာလုပ်​ပြန်​တာလဲ.. နည်းပြက မိန်းက​လေး​တွေ လာတာမကြိုက်​မှန်းလဲ သိလျက်​သားနဲ့.. ပြီးရင်​ ငါတို့ပဲ ဆူခံရမှာ.."
" စား​စေချင်​လို့ မုန့်​လာ​ပေးတာ သိရဲ့လား..ခု
လိုကြီး​ပြော​တော့ စိတ်​​တောင်​မ​ကောင်းဘူး.."
" ​ဆောရီးပါဟာ..စိတ်​​တွေ အရမ်းရှုပ်​​နေလို့.."
LiNa က တစ်​ချက်​မဲ့လိုက်​ရင်း သူတို့သယ်​လာတဲ့ ခြင်း​တောင်းထဲက pizza ဘူး​တွေနှင့်​ ကြက်ေ​ကြာ်​ဘူးတွေကို ထုတ်​နေသည်​။ တခြား​ကျောင်းသား​တွေအတွက်​ပါ ပါသယ်​မလို့ ဗူးအချို့​ကို ​ဝေ​ပေးလိုက်​သည်​။ နည်းပြက သ​ဘောမကျပုံရ​ပေမယ့်​ သူတို့ရှိ​နေတုန်းမလို့ ဘာမှ​တော့ မ​ပြော။ ​မုန့်​​တွေကို အလယ်​မှာထားပြီး ဝိုင်းဖွဲ့စား​နေ​ပေမယ့်​ ဘာစကားမှမ​ပြောကြဘဲ မအီမလည်​မျက်​နှာဖြစ်​​နေကြသည့်​ Zhang Shen Wei တို့ပုံစံ​ကြောင့်​ LiNa နှင့်​ Wang Zi Yu တစ်​​ယောက်​မျက်​နှာ တစ်​​ယောက်​ကြည့်​မိသည်​။
" စကားများကြတာမလား.. ဘယ်​လိုဖြစ်​ကြမှန်းမသိ​ပေမယ့်​ အချင်းချင်း​တွေပဲဟာ.. သည်းခံကြမှ​ပေါ့.."
" စား​လေ.. YiJun.. Pizza ​ကောစားဦး.."
" အင်း.. ​ကျေးဇူး.."
" Pizza ​ကောင်းသားပဲ.. သွားဝယ်​လာတာလား..?"
Zhang Shen Wei ထံက အသံထွက်​လာ​တော့ အ​ခြေအ​နေ ​ကောင်းလာပြီမလို့ ..LiNa ပြုံးလိုက်​သည်​။
" မဟုတ်​ဘူး..ကိုရဲ့.. Delivery နဲ့ ​ကျောင်း​ရှေ့က ​စောင့်​ယူလာတာ.. ​ကြက်​​ကြော်​​ရောပဲ​လေ.."
Xu Feng ဖက်​က ခုနက ကိစ္စကိုဘာမှမဟုတ်​သလို စကား​တွေပင်​​ပြော​နေသည်​မလို့ ငြိမ်​သက်​​နေသည့်​ စကားဝိုင်းက ပြန်​လည်​အသက်​ဝင်​လာခဲ့သည်​။ Zhang Shen Wei က သိပ်​​တော့ ​ကျေနပ်သည်​မဟုတ်​​ပေမယ့်​ Xu Feng ဖက်​က ​ပြေ​ပြေလည်​လည်​ပြန်​ဖြစ်​​နေ၍ ခုနက ကိစ္စကို ခဏ​မေ့ထားလိုက်​သည်​။
"  LiNa မြန်​မြန်​စား..ပြီးရင်​ ပြန်​ရ​အောင်​.. GeGe တို့နည်းပြက ဒီဖက်​ကို ကွက်​ကြည့်​ကွက်​ကြည့်​နဲ့.."
Wang Zi Yu စကား​ကြောင့်​ YiJun.. ​နောက်​ကိုလှည့်​ကြည့်​လိုက်​​တော့.. နည်းပြ Linနှင့်​မျက်​လုံးခြင်းဆုံသွားသည်​။
" အာ..အဲ့နည်းပြအ​ကြောင်း​ပြော​နေပါတယ်​ဆို နင်​က ဘာလို့သွားလှည့်​ကြည့်​တာလဲ..သူ့အ​ကြောင်း​ပြောတာ သိသွာမှာ​ပေါ့ဟဲ့..နင်​နဲ့​တော့ ခက်​တာပဲ Xiao Jun ရယ်​..ဒါ​လေး​တောင်​ မသိဘူးလား.."
"သိသားပဲ.. အမှတ်​တမဲ့ မလို့ပါ.."
LiNa စကား​ကြောင့်​ XuFeng တို့ဝိုင်းရယ်​ကြ​တော့ YiJun မျက်​နှာရဲ ခနဲဖြစ်​သွားသည်​။ Zhang Shen Wei က​တော့ စိတ်​မဝင်​စားသည့်​ အထာနှင့်​ သူ့ကြက်​ကြော်​ကိုသာ ငုံ့စား​နေသည်​။
" အဲ့ဆရာအ​ကြောင်း နင်​လဲကြားဖူးတယ်​မလား..သူက ဟိုဟာ​လေ..မိန်းက​လေး​တွေ လာတာ ဘယ်​ကြိုက်​ပါ့မလဲ.."
LiNa ​ပြောမည့်​အ​ကြောင်းအရာကို Zhang Shen Wei သိသည်​။ ​ကောလဟာလ လားတကယ်​လား​တော့ မသိ​ပေမယ့်​ နည်းပြ Lin က လိင်​တူချစ်​သူတစ်​​ယောက်​ဆိုတာ ​ကျောင်းသား​တော်​​တော် များများ​ကြား ပျံ့​နေသည်​။ LiNa ကလဲ ဆရာ့နား သိပ်​မ​ကပ်​ဖို့ သူ့ကို ခဏခဏ ​ပြော​လေ့ရှိသည်​။
" ​သေချာလို့လားဟယ်​..မဟုတ်​ရင်​ ဆရာ့ကို အားနာစရာကြီး.."
" ဟင်​?ဆရာက ဘာဖြစ်​လို့လဲ..?"
" ​​အော်​​အေး..ဟုတ်သား..နင်​က​ကျောင်းသားသစ်​ဆို​တော့ ဒီအ​ကြောင်းကြားဖူးမှာမဟုတ်​ဘူး.. ဒီ​ကျောင်းမှာ​တော့ နည်းပြ Lin က gay ဆိုတာ ​တော်​​တော်​များများက သိကြတယ်​.."
LiNa က ​နောက်​ဆုံးစကားကို ခပ်​တိုးတိုး​ပြောလိုက်​​တော့ Yan Yi Jun အ​တော်​အံ့သြ သွားပုံရသည်​။ Zhang Shen Wei က​ သူ့အ​ကြောင်းနှင့်​သူမလို့ Yan Yi Jun ၏ မျက်​နှာအမူအရာကို အ​သေအချာအကဲခတ်​​နေသည်​။ တကယ်​လို့ အဲ့​ကောင်​​လေးကလဲ gay ဆိုလျှင်​  gay အ​ကြောင်း​ပြော​နေကြသည့်​ အချိန်​မှာ မျက်​နှာမထားတတ်​ ​အောင်​ဖြစ်​နိုင်​သည်​မလို့ Zhang Shen Wei..Yi jun ကို စိတ်​ဝင်​တစားကြည့်​ဖြစ်​သည်​။ ​ကောင်​​လေးက မျက်​လုံး​လေးဝိုင်းသွားသလို နှင့်​ မယုံနိုင်​သလို ဖြစ်​​နေသည်​။
ဟုတ်​ပြီ..ဆက်​​ပြော..LiNa..ဆက်​​ပြော..
Zhang Shen Wei စိတ်​ထဲက ​ပြောမိသည်​။ LiNa က ဒါမျိုးကိစ္စ​တွေနှင့်​ ပတ်​သက်​လျှင်​ အစွန်း​ရောက်​လွန်းသူမလို့ သူမ ဆက်​​ပြောမည့်​ စကား​တွေက မ​ကောင်းသည့်​ဖက်​ကို ဦးတည်​​နေမည်​မှန်း ကြိုသိ​နေသည်​။
" ​သေချာလို့လား.. ဆရာ့ ကြည့်​ရတာ​တော့ ပုံမှန်​ပါဘဲ.."
" ဟဲ့..ဘယ်အ​ခြောက်​က အ​ခြောက်​ပါလို့ နဖူးမှာ စာကပ်​ထားပါ့မလဲဟဲ့.. သိသာတဲ့သူရှိသလို မသိသာတဲ့သူ​တွေလဲ အပုံကြီး..သူနဲ့ သူ့ဘဲကြီးကို အပြင်​မှာ အတူ​တွေ့ဖူးတဲ့သူ​တွေ ဒီ​ကျောင်းမှာအများကြီးပဲ.. အရင်​နှစ်​တုန်းက ​ကျောင်းဆင်းချိန်​ဆို ဟိုက ကားအ​ကောင်းစားနဲ့ လာလာကြိုတာ.. ​နောက်​ကြ ​ကျောင်းအုပ်​က နင်​တို့နည်းပြကို အ​နေအထိုင်​ဆင်​ခြင်​ဖို့ သတိ​ပေးလို့ဆိုလား.. ထပ်​မလာ​တော့ဘူး..အဲ့တစ်​​ယောက်​က အသက်​​လေးဆယ်​​တော့ ​ကျော်​ပြီထင်​တယ်​..."
Yan Yi jun မျက်​နှာ ရှုံ့မဲ့သွားသည်​။
" ဆရာ့ အစ်​ကိုလဲ ဖြစ်​နိုင်​တာပဲေ​လ ​သေချာမသိဘဲ..မ​ပြောကြပါနဲ့ဟာ.. ဆရာသိသွားရင်​ စိတ်​​ကောင်းမှာမဟုတ်​ဘူး.."
"အယ်​.. မဟုတ်​ဘဲနဲ့​တော့..ဘယ်​လိုမှ ​ကျော်​စရာအ​ကြောင်းမရှိဘူး..Xiao Jun.. သူ့အ​ကြောင်းတခြားကြားထားတာ​တွေလဲ အများကြီးပဲ ​ပြောမ​ကောင်းလို့..နင်​တို့ကို သတိထားဖို့​ပြော​နေတာ.. အထူးသဖြင့်​ နင်​ Xiao Jun..အားနာသလိုလို ဘာလိုလိုလုပ်​မ​နေနဲ့.. သူတို့လိုလူ​တွေက လွယ်​တာမဟုတ်​ဘူး.. ​​စိတ်​ပျက်​ဖို့​ကောင်းတယ်​.."
" ​ဆရာက သ​ဘော​ကောင်းပါတယ်​.. သူကနင်​​ပြောသလိုဆိုရင်​​တောင်​ သူ့ဘဝနဲ့သူပဲ​လေ..သူများထိခိုက်​​အောင်​လုပ်​​နေတာမှ မဟုတ်​တာ.. သနားပါတယ်​.."
" အယ်​ဂရုစိုက်​ဖို့​ပြော​နေတာ​လေ.. အဲ့လိုလူ​တွေနဲ့
မပတ်​သက်​မိ​လေ..​ကောင်း​လေပဲ.. တစ်ခုခုဖြစ်​ရင်​ ကိုယ်​ပါနာမည်​ပျက်​တယ်​..! ကြားလား..  ကိုကို​တို့​ရောပဲ.."
Yan Yi Jun ငြိမ်​ကျသွားပြီး သူ့ပုံစံက စိတ်​မ​ကောင်းဖြစ်​​နေပုံရသည်​။ ဆရာ့ကို သနားလို့လား.. ?? ဒါမှမဟုတ်​ LiNa စကား​တွေ​ကြောင့်​ စိတ်​မ​ကောင်းတာလား..သူလဲအဲ့လိုပဲ မလို့လား? အ​တွေးမျိုးစုံက Zhang Shen Wei ​ခေါင်းထဲ ဝင်​လာသည်​။ သူက​ရော.. Yan Yi Jun ဘာလဲ ဆိုတာကို သိရဖို့ ဘာလို့ ဒီ​လောက်​အာရုံစိုက်​​နေရတာလဲ.. သူက ပုံမှန်​ဆိုရင်​ သူများအ​ကြောင်း စိတ်​ဝင်​စားတဲ့ သူမှမဟုတ်​တာ..။ ။
" ကိုယ်​လဲ first year ထဲက ဆရာနဲ့ train လာတာပဲ.. မူမမှန်​တာ​တွေ ဘာ​တွေမရှိပါဘူး..ဆရာ​ကောင်းလဲ ပီသပါတယ်​.. သူ့ဘာသာ ဘာပဲဖြစ်​ဖြစ်​ ကိုယ်​တို့အ​ပေါ်​ကောင်းတယ်​​လေ..​နောက်​ ​လျှောက်​မ​ပြောနဲ့​တော့​နော် ​Bae.."
ခါတိုင်းဆိုရင်​ သူ LiNa ​ပြောသမျှ ​ပြီးပြီး​ရော ​ခေါင်းငြိမ့်​လိုက်​​ပေမယ့်​ အခုတစ်​​ခေါက်​ စိတ်​လဲရှုပ်​​နေတာမလို့ ဆရာ့ဖက်​က ​ပြောဖြစ်​လိုက်​သည်​။ အမှန်​အတိုင်း​ပြောရလျှင်​ သူလဲ ဆရာ့ကိုသနားသည်​။ အင်း သူလဲ Yan Yi Jun လို ဆရာ့ ဖက်​က ​ပြောလိုက်​မိပြီ။ ဆရာ့ကို သနားလို့ ဆရာ့ဖက်​က ​ပြော​ပေးတိုင်း Gay လို့ ​ပြောလို့ရတာမှ မဟုတ်​တာပဲ။ Yan Yi Jun က ဘာလဲ ဆိုတာကို သူထပ်​ပြီးလဲ မ​တွေးချင်​​တော့သလို..အဲ့​ကောင်​​လေးဘာဆိုတာလဲ သိဖို့မကြိုးစားချင်​​တော့..။ သူ့အရင်​ ခံယူချက်​အတိုင်း သည်​သာအ​ကောင်းဆုံးလို့လဲ ​တွေးလိုက်​မိသည်​။ အဲ့​ကောင်​​လေး ဘာဖြစ်​​နေ​နေ..သူဝင်ပြောင်းလဲ ​ပေးလို့ မရသလို..​Yan Yi Jun က Yan Yi Jun ပင်​မဟုတ်​ပါလား။ ။
"ဘယ်​သူဘယ်​လိုဖြစ်​​နေ​နေ..ကိုယ့်..ဖြစ်​တည်​မှုကိုယ်​စီနဲ့ပဲဟာ..ငါနဲ့လဲ သက်​ဆိုင်​​နေတာမှ မဟုတ်​တာ.. .hk..အဲ့ဒါကို ဘာလို့အဲ့​ကောင်​​လေးအ​ကြောင်း စိတ်​ဝင်​စားသွားပါလိမ့်​.. ? ဘာ​လို့လဲ Yan Yi Jun?"
🌟အပိုင်း (၂၅ )ဆက်​ရန်​🌟
💖💖💤💤💤💤😴
🌟16.10.2017🌟
🍑Dream-catcherr🍑
Bạn đang đọc truyện trên: Truyen247.Pro