နိဒါန်းများရဲ့ အစ
အပိုင်း(၁၆)
" ဘာလာလုပ်ပြန်တာလဲ.."
ကျောင်းပိတ်ရက်မလို့ အိမ်မှာ movie လေးဘာလေးတေကြည့်ပြီး အေးအေးလူလူ အချိန်ဖြုန်းမယ်လို့ စိတ်ကူးထားခါမှ.. LiNaတစ်ယောက် သူ့အိမ်ကိုပေါက်ချလာသည်။ အဲ့ဒီ့ထက် ပိုဆိုးတာက ကျန်းရှန်ဝေးကို ပါ ခေါ်လာသည်လေ.. အဲ့တစ်ယောက် က သူ့အိမ်ကို မသိမသာ ဝေ့ကြည့်ရင်း အကဲခတ်နေတာ သူမြင်နေရသည်။
"လမ်းကြုံလို့ ဝင်ခဲ့တာပါဟယ်.. နင့်ကိုခေါ်ပြီး တစ်ခုခုလဲ သွားစားရအောင်လို့.."
" ကြိုပြောလေဟာ.. ဖုန်းလေးဘာလေး ကြိုဆက်မှပေါ့.."
" Aa.. ရုတ်တရက်ဆိုတော့ ငါလဲ မဆက်ဖြစ်တော့ပဲ နင်အိမ်မှာ ရှိမှာပဲလေ ဆိုပြီး ဝင်ခဲ့လိုက်တာ.."
သူအခုမှ အသေအချာကြည့်မိသည်။ LiNaရော Zhang Shen Wei ရောက ဝတ်ထားတာ သန့်ပြန့်နေပြီး သူသာ ညဝတ်အကျီကပိုကရိုနဲ့... ဒီနေ့ အိမ်တွင်းအောင်းမယ် စိတ်ကူးထားတာမလို့ မနက်ထဲက ခေါင်းပင်သေချာမဖီး ဖြစ်ထားတာကြောင့် ဆံပင်တွေက ရှုပ်ပွနေသေးသည်။ ကျန်းရှန်ဝေးက သူ့ကို သေချာကြည့်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း ခေါင်းအသာယမ်းလိုက်သည်။
" ဘာလဲဟ.."
သူစူပုတ်သွားရင်း သူ့ခေါင်းက ပွနေတဲ့ ဆံပင်တွေကို လက်နှင့် တစ်ချက်နှစ်ချက်သပ်လိုက်သည်။
" ဝင်ပြီအေ.. နင်အထဲခေါ်တာ စောင့်နေရင် ခြေထောက်ညောင်းသေလိမ့်မယ်..လာ.. ကိုကို "
" ငါရေသွားချိုးလိုက်ဦးမယ်.. ပျင်းနေရင် Tv ကြည့်နေလိုက်.."
သရေကြိုးချောင်နေပုံရတဲ့ ညဝတ်ဘောင်းဘီကို အပေါ်ဆွဲမလိုက်ရင်း အခန်းထဲကို လှစ်ခနဲ ဝင်သွားတဲ့ ရန်ရီကျွင်းနောက်ကျောကိုကြည့်ရင်း Zhang Shen Wei ပြုံးလိုက်သည်။ ဆိုဖာပေါ်ထိုင်လိုက်ရင်း ဆိုဖာမှာ မှီထားတဲ့ အမွှေးပွပန်ဒါရုပ်လေးကို သူကောက်ကိုင်လိုက်သည်။
"အရုပ်လေးက ချစ်စရာလေး.."
" ဟိုနေ့ကလဲ ဒီနားမှာ ဝက်ဝံရုပ်လေးနှစ်ရုပ်တွေ့ခဲ့သေးတယ်.. Xiao Jun က အခုထိ အရုပ်ချစ်တုန်းထင်တယ် .."
LiNa စကားကြောင့် Zhang Shen Wei မျက်ခုံးပင့်တက်သွားသည်။ Yan Yi Jun ဆိုတဲ့ ကောင်လေးပုံစံက သူကြုံဖူးနေကြ သူတွေနဲ့တော့ ကွဲထွက်နေတာ အမှန်ပါပဲ..
" Xiao Jun ကလဲ ကြာလိုက်တာ.."
ပြောရင်းနဲ့ LiNaက ထ ထွက်သွားသည်။သူအတွက်ကတော့ ဖုန်းက ဂိမ်းကိုသာ အာရုံစိုက်မိနေတာမလို့ အချိန်က ကုန်လို့ ကုန်သွားမှန်းတောင်မသိလိုက်..
" ဟင်.. ဒါဘာတွေလဲ Xiao Jun...!"
LiNa ရဲ့ ခပ်ကျယ်ကျယ်အသံကို ကြားတော့ Zhang Shen Wei မျက်မှောင်ကြုံ့သွားရင်း အသံကြားရာဖက်ဆီထွက်လာခဲ့သည်။ တံခါးပွင့်နေတာမလို့ သူဝင်လိုက်သည့်အခါ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
" ရူးလိုက်တာ.."
သူအဲ့တစ်ခွန်းသာ ရေရွက်လိုက်နိုင်သည်။ အခန်းရဲ့ နေရာအလွတ်တိုင်းနီးပါးမှာ ရှိနေတဲ့ Cara Delevingne
ရဲ့ ပုံများ.. အသေးလေးကအစ.. အကြီးကြီးတွေပင်ပါသည်။ အချို့ပုံတွေကို အကျအန LEDဘောင်နဲ့ ပင် လုပ်ထားသေးသည်။ သူ့နေရာနှင့်သူ ပြင်ဆင်ထားပုံက အဆင်ပြေနေပေမယ့် Celebrity တစ်ယောက်ရဲ့ ပုံတွေမလို့်ကြည့်ရတာ တကယ်ကို မသက်မသာ ရှိလှသည်။ ဒီအခန်းက သူအရင် social network တေမှာ မြင်ဖူးတဲ့ Fangirl တွေရဲ့ အခန်းပုံစံမျိုး..သူကတော့ ဒီကောင်လေးကို အံ့သြပြီးရင်းသာ အံ့သြနေမိသည်။
My Cara 😍
YanYi jun ကတော့ ခေါင်းပေါ်တဘတ်အုပ်ထားတဲ့ ရေစက်လက်ဆံပင်နှင့် သူတို့နှစ်ယောက်ကို စူပုတ်ပြီး ကြည့်နေသည်။ အဝတ်အစားကတော့ သွားဖို့အတွက် လဲပြီးသည့်ပုံ..
" သူများအခန်းထဲကို ဘာလာလုပ်ကြတာလဲ..Li Na..နင်ယောကျာ်းလေး အခန်းထဲ စွတ်မဝင်ရဘူးဆိုတာ မသိဘူးလား.."
" ဒီ modelမ ပုံတေက ဘာတွေလဲဟာ.. ရှုပ်ယှက်ခက်နေတာပဲ....အရမ်းကြိုက်ရင်တောင် တော်ရုံလောက်ပဲ လုပ်စမ်းပါဟယ်.."
" ကျစ်.. နင်နားမလည်ပဲ ဘာမှလာပြောမနေနဲ့....
ငါလဲ ငါ့စိတ်နဲ့ငါ့ဘာသာ သဘောကျတာ.. သူများအခန်းထဲလဲ ဝင်လာကြသေးတယ်.
Yan Yi Jun ကိုတော့ သူအတော်အံ့သြမိသည်။ သူလဲ Yang Mi ကိုအတော်သဘောကျတာမလို့ Fanboy တွေဘာတွေဆိုတာကို လက်ခံနိုင်ပေမယ့် Yan Yi Jun ကတော့ အတော်ကို ချွန်ထွက်လွန်းနေသည်။အခန်းထဲမှာ ရှိနေတာက Cara Delevingne ပုံများတင်မဟုတ်..Huang Zi Taoပုံတစ်ပုံနှစ်ပုံပင် အဆစ်ပါလိုက်သေးသည်။
" နင်သူ့ကို တကယ်ချစ်တာလား.. ဒီလောက်ကြီးကတော့ အလွန်ကြီး..အဲ့ဒါကြောင့်လဲ ရည်းစားမထားတာလား.."
" ဘာတွေလာပြောနေတာလဲ.. ချစ်တာနဲ့ သဘောကျတာက အကွာရီးပဲ..idol တစ်ယောက်ကို crazy ဖြစ်တာနဲ့ ကြိုက်တာ ချစ်တယ်ဖြစ်ရောလား.."
Yan Yi Jun ပြောရင်းခေါင်းရမ်းလိုက်သည်။
" ဒါတွေပြောလဲ နင်နားလည်မှာ မဟုတ်ပါဘူး.."
" Cara Delevingne က lesbianမဟုတ်ဘူးလား.. အဲ့ဒါကိုတောင် သဘောကျတယ်လား.."
Zhang Shen Wei စကားကြောင့် LiNa က အံ့သြစွာနဲ့ သူ့ကိုကြည့်လာသည်။
" ဘာ..ဘာရီးကိုကို.. Lesbian ဆိုတာ မိန်းမချင်းပြန်ကြိုက်တာကို ပြောတာမလား.. တကယ်ကြီးလား.. အဲ့တစ်ယောက်ကလေ..သူ့ပုံစံက ယောကျာ်းလျာ ပုံစံလဲ မပေါက်ပါဘူး.."
" အဲ့လို တေရှိတယ်လေ Bae ရဲ့ ယောကျာ်းလျာမဟုတ်ပဲ မိန်းမချင်းပြန်ကြိုက်တာတွေ.."
" အဲ့လိုဖြစ်တာ ဘာထူးခြားသွားလို့လဲ
. သူ့ဘာသာ lesbian မကလို့ ဘာပဲဖြစ်နေနေ ..ငါကြိုက်တာ သူ့ရဲ့ ပုံစံ..သူ့ရဲ့ talent .. သူ့ရဲ့ acting skill ကို.. တခြားဟာ စိတ်ကို မဝင်စားတာ.."
" ရူးနေလား Xiao jun ..နင့်ကိုတော့ နားကိုမလည်တော့ဘူး.. ဟိုက မိန်းမချင်းကြီးတောင် ပြန်သဘောကျတဲ့ သူပါဆို ဘာကို သဘောကျနေတာလဲ.. Waa.. တကယ် အံ့သြတယ်.. ငါလဲ အဲ့တစ်ယောက်ကို Fashion show ပွဲတွေမှာ ခဏခဏ မြင်ဖူးတာပဲ..ဒီလိုကြီးမှန်းမသိခဲ့ဘူး.. သူ့ရုပ်သူ့ရည်နဲ့ ယောကျာ်းတွေကို ခေါင်းခေါက်ယူလို့ ရနေရက်နဲ့ ဘာလို့ မိန်းမချင်းပြန်ကြိက်ုတာလဲ..စိတ်ပျင်စရာဟာ စိတ်ပျက်စရာ.. ဘုရားသခင်က ဒီလို မထော်မနန်းတွေ လုပ်ဖို့ ငါတို့ကို ဖန်ဆင်းခဲ့တာမှ မဟုတ်ပဲ..လူဖြစ်နေပြီးဟာ.. မုန်းလိုက်တာ.."
" ငါစိတ်တိုလာပြီနော် LiNa.. နင်Jie အကြောင်းဘာမှမသိပဲ လာပြောမနေနဲ့.. သူဘာသာ သူအဲ့လို ဖြစ်တာ ဘယ်သူ့ထိခိုက် ဘယ်သူ့ဒုက္ခပေးနေလို့လဲ..သူတို့လဲ သူ့စိတ်နဲ့ သူ့ခန္ဓာပဲ..နင်ဘာမှ ဝင်စွက်ဖက်စရာကို မလိုတာ..တော်ပြီ.. ဆက်ပြောနေရင်လဲ ရန်ဖြစ်တော့မယ်.. နင်ပြန်တော့.. ငါဒီနေ့ ဘယ်မှသွားချင်စိတ်မရှိတော့ဘူး.."
" ငါက ဖြစ်သင့်တာကို ပြောပြတာလေ.. ဒါလုံးဝမှ အဓိပ္ပါယ်မရှိတာ..နင့်ရဲ့ ကမ ကို ပြောလို့ ကိုယ့်သူငယ်ချင်းအရင်းကိုတောင် စိတ်ဆိုးတယ်ပေါ့..အေးပါ.. ငါလဲ အခြေအနေမှန်ကို သဘောပေါက်ရတာပေါ့.. ငါက နင့်အတွက်တော့ နင်ကိုတောင်မသိမယ့် အဲ့ကမလောက်တောင် တစက်မှ အရေးမပါတဲ့ သူပဲမလား.. သွားမယ် ကိုကို.."
LiN က ဆူဆောင့်ပြီး ဧည့်ခန်းထဲက သူ့အိတ်ကိုယူကာ ခပ်သွက်သွက်ထွက်သွားသည်။ Zhang Shen Wei နောက်လှည့်ကြည့်လိုက်တော့ ရန်ရီကျွင်းကလဲ သုန်မှုန်နေသည်။ သူLiNa နောက်လိုက်လာခဲ့ရင်း ခုနကအဖြစ်ကို ပြန်စဉ်းစားမိတော့ သဘောကျစွာရယ်လိုက်သည်။ ခုနက အဖြစ်အပျက်က မိန်းကလေးအချင်းချင်း ရန်ဖြစ်လို့ စိတ်ဆိုးသွားကြသည့် ပုံစံမျိုးမဟုတ်ပါလား..
haha ဟိုကောင်လေးက တကယ်ကို ရယ်ရတာ..
" ကိုကိုက ဘာရယ်တာလဲ ..Bae ဒေါသထွက်နေတာနော်.."
" အဟင်း.. ဘာရယ်မဟုတ်ပါဘူး..Bae ကလဲ စိတ်လျော့မှပေါ့.."
" Bae ပြောတာဘာအမှားပါလို့လဲ.Xiao Jun လုပ်သမျှက ဟုတ်ကိုမဟုတ်တာ.."
" ကိုယ်ပြောသားပဲ..အဲ့ကောင်လေးက အချိုးကို မပြေပါဘူးဆိုနေ.. လုပ်သမျှက ကန့်လန့်ချည်းပဲ.."
" အား..တွေးရင်းဒေါသထွက်တယ်.. . သူ့ဟိုကမကို စိတ်ပျက်စရာကောင်းတယ်လို့ ပြောမိတာလေးကို သူက ဘာတွေ ဒေါသထွက်သွားရတာလဲ..ဟိုမရောက် ဒီမရောက်တေလောက် ရွံစရာကောင်းတာမရှိဘူး."
" ခန္ဓာကိုယ်ထဲက ဟော်မုန်းဓာတ်ကြောင့်ပါ Baeရယ်.. ကိုက တော့ သိပ်ဂရုမစိုက်ပါဘူး.. သူတို့က လူနည်းစုပဲဟာ..
မိန်းမတွေအကုန်လုံးသာ မိန်းမချင်းပြန်မကြိုက်ကုန်ကြရင် ပြီးတာပဲ..ကြိုက်ကုန်ကြရင်..ကိုယ်တို့တော့
ဒုက္ခပဲလေ မဟုတ်ဘူးလား..haha.."
" အရူးကြီး.. အကောင်းမှတ်လို့ နားထောင်နေတာကို..Bae ကတော့ နားလည်ပေးလို့် မရပါဘူး.. အဓိပ္ပါယ်မှ မရှိတဲ့ဟာကို.."
" အင်းပါ..အခုတော့ ဗိုက်ဆာတယ်.. တခုခုသွားစားရအောင်.. အစထဲက ကိုယ့်ဘာသာ သွားလိုက်ပြီးနေတာကို.."
" Bae က သူတစ်ယောက်ထဲ အိမ်မှာ ခေါက်ဆွဲချည်းပြုတ်စားနေတာ သနားလို့ဟာကို.. အဲ့ Xiao Jun ကလေ စေတနာနဲ့ကို မတန်ဘူး.."
Zhang shen Wei သဘောတကျပြုံးလိုက်သည်။
LiNaနဲ့ Yan Yi Jun ဘယ်တော့ ပြန်အဆင်ပြေသွားမလဲဆိုတာတော့ မသိပေမယ့် လတ်တလောတော့ အနှောင့်အယှက်ကင်းသွားသည်မှာ သေချာသည်။
*****
" Wow.. နင်ဒီနေ့ အရမ်းကိုလှနေပါလား.. GeGeနင့်ကို ကြွေခဲ့တာလဲမပြောနဲ့.. ငါတောင်ကြွေချင်နေပြီ.."
မီးရောင်တွေအောက်မှာ LiNa ရဲ့ အနက်ရောင်ဝတ်စုံရှည်က တလက်လက်တောက်ပနေသည်။လူနည်းနည်းပါးပါးရှိနေပေမယ့် Out door ပါတီမလို့ လူများများကြား နေရရင် မွန်းကြပ်တတ်သည့် အကျင့်ရှိသည့်သူမအတွက် အဆင်ပြေနေသည်။
" ငါဘယ်လောက်လှလှ မွေးနေ့ရှင်ကိုတော့ ဘယ်မှီပါ့မလဲ.. နင်အရမ်းကို လှနေတာ.. ဝတ်စုံလေးကလဲ အရမ်းကို လှတယ်ကွာ.."
" Xiexie.. ငါလဲ ဒါလေးကို အရမ်းသဘောကျနေတာ.. designer Alessandro Michele ရဲ့ သီးသန့်လက်ရာတဲ့လေ.. PaPa က မွေးနေ့လက်ဆောင် ဆိုပြီး ပေးတုန်းက ပျော်လွန်းလို့ မျက်ရည်ပါဝဲတယ်.."
" omg အဲ့ဒါ Gucci ရဲ့ creative designer မလား .. Wow.. နင့် PaPaကိုတော့ လုံးဝလိုက်မမီတော့ဘူး.."
သူယူလာတဲ့ Qiao Lian အတွက် မွေးနေ့လက်ဆောင်ထည့်ထားတဲ့ ကတ်ထူအိတ်လှလှ ကလေးကို ကမ်းပေးလိုက်သည်။
"Happy Birthday ပါ မွေးနေ့ရှင်ရေ.. ဒီ့ထက်ပိုလှလာပြီး ယူ့ကိုကိုနဲ့လဲ မြန်မြန်မင်္ဂလာဆောင်ပြီး ကလေးတွေအများကြီးမွေးနိုင်ပါစေ.."
" ဟဟ.. နင်ကတော့လေ.. လက်ဆောင်ကို အခုကြည့်လို့ရလား.."
" ဟင်.. ရတာပေါ့...ဖွင့်ဖွင့်..နင့်အတွက်ပဲဟာ.."
Qiao Lianအိတ်ထဲက အနီရောင်ဘူးလေးကို ထုတ်လိုက်ရင်း ဖွင့်ကြည့်လိုက်တော့ ဘေးပတ်ပတ်လည်မှာ စိန်လေးတွေ မြုပ်ထားတဲ့ Cartierက ပလက်တီနမ် Bracelet တစ်ကွင်း.
"ကြိုက်ရဲ့လား..နင်ဒါမျိုးတွေ စုရတာ ဝါသနာပါမှန်းသိလို့ ဝယ်ခဲ့လိုက်တာ.. နင့်ဆီမှာ ငါမမြင်ဖူးတဲ့ ဒီဇိုင်းကိုတော့ ရွေးဝယ်ခဲ့တာပဲ.. အဆင်ပြေရဲ့လား.."
" အင်း.. အရမ်းလှတယ်..လက်ကောက်လေးက.. Xie Xie ပါ မမရေ...အရမ်းကြိုက်တယ်..Wang Zi Yu တို့လဲ ရောက်နေပြီသိလား..ရေကူးကန်ရဲ့ ညာဖက်ဘေးနားမှာ.. ခဏနော်..ငါပြီးရင်လာခဲ့မယ်.."
" အေးပါ အေးပါ.. ငါတို့်က ရတယ်.. နင်သာ ဧည့်သည်တွေကို အရင်ဧည့်ခံလိုက်.."
LiNa ကော့တေးတစ်ခွက်ကိုယူပြီး သူတို့အဖွဲ့ရှိရာကို လျှောက်သွားလိုက်သည်။ ယောကျာ်းကြီးငယ်မရွေးတို့ရဲ့ မျက်လုံးတွေက သူမဆီရောက်လာတော့ သူကျေနပ်စွာပြုံးလိုက်သည်။
" Wow.. နင်ကတော့ အမြဲတမ်းကိုလှနေတော့တာပဲ.."
" Zhang shen Wei ရော မလာသေးဘူးလား.."
" အေးဟယ်.. ဒီနေ့ သူ့mamaနဲ့ သွားစရာရှိနေလို့ နည်းနည်းနောက်ကျမယ်ပြောတယ်..နင်တို့သွက်လက်လှချည်လား.. ဘယ်အချိန်ထဲက ရောက်နေတာလဲ.."
" ငါတို့ကတော့ ရောက်တာမကြာသေးပါဘူး..Wang Zi Yu ကတော့ မနေ့ညက ဒီမှာအိပ်တာလေ.."
သူတို့ရောက်တတ်ရာရာတွေပြောရင်း ရယ်ရယ်မောမောနှင့် အဖွဲ့ကျနေကြသည်။ ခဏကြာတော့ Qiao Lian ပါ အနားရောက်လာရင်း သူတို့အတူတူ နည်းနည်းပါးပါးသောက်ဖြစ်ကြသည်။
" GeGe က ငါ့ကိုဖုန်းဆက်သေးတယ်ဟ..သွားစရာရှိလို့နောက်ကျတာကို တော်တော်ကို အားနာနေပုံပဲ.. "
" ဟုတ်တယ်.. ခုနကလဲ ငါ့ကို ဖုန်းတစ်ခါဆက်သေးတယ်..ကိုကိုက နင့်ကို ထပ်ပြောခိုင်းနေသေးတာ.."
" ရပါတယ်ဟယ်.. ငါတို့ကြားထဲ ဒါမျိုးတွေမှ မလိုတာ.. ဒါနဲ့လေ.. ငါနင့်ကို ပြောစရာရှိတယ်.. GeGe မျက်နှာမကောင်းတာကြာပြီ..ဟိုနေ့ကလဲ Xu Feng တို့ကို
နင့်ဟိုအကောင်လေး ဘယ်လောက်စိတ်ကုန်စရာကောင်းတယ် ဆိုတာတွေ ထိုင်ပြောနေတာ ကြားခဲ့သေးတယ်... GeGe အကျင့်ကိုသိတယ်မလား.. သူက စိတ်ရှုပ်စရာတွေကို သည်းခံနိုင်တဲ့သူမဟုတ်ဘူး.. နင်သာ ဒီလိုကြပ်ကြပ်ဆက်လုပ်နေရင် နင်နောင်တရသွားမယ်နော်..ငါပြောချင်တာကို သဘောပေါက်တယ်မလား.."
" အေးအေး.. Qiao Lian ပြောတာကို ငါလဲ လက်ခံတယ်.. နင် နည်းနည်းပါးပါးစဉ်းစားစမ်းပါ LiNaရယ်.. နင့်ဟိုအကောင်နဲ့ Zhang shen Wei နဲ့ နင်ဘယ်သူ့ကို နင်လက်လွှတ်မှာလဲ သေချာစဉ်းစားပေါ့.."
" အာ.. Xiao Jun နဲ့ ငါက သူငယ်ချင်းတွေဆိုတော့ သူငယ်ချင်းဆက်ဆံရေးတော့ ရှိတာပေါ့ဟာ.. ဒီကိစ္စကို အဲ့လောက်ကြီး တွေးစရာမလိုပါဘူး.."
" အာ.. နင်ပေါ့ပေါ့လေးပဲတွေးထားတာလား.. ကိုယ့်ချစ်သူကို သဝန်မတိုတဲ့ ယောကျာ်းလေး ဘယ်မှာ ရှိလို့လဲ.. ရှိရင်ပဲ ခေါ်ပြစမ်းပါဦးဟယ်.. GeGe လဲ ယောကျာ်းတစ်ယောက်ပဲ.. ကိုယ့်ချစ်သူကို သူစိမ်းယောကျာ်တစ်ယောက်နဲ့ တွဲတွေ့တွေ့နေတာ ဘယ်သူက သဘောကျမှာလဲ.. ပြီးတော့ တခြားသူလဲမဟုတ်.. ကျက်သရေတုံး ကောင်လေးနဲ့.. နင်သူနဲ့ မပေါင်းပါတော့နဲ့ဟာ..ငယ်တုန်းက သူငယ်ချင်းဆိုပေမယ့်လဲ သူ့အကန့်နဲ့သူပေါ့.. ငါတို့အဖွဲ့က ဘယ်လိုအဖွဲ့လဲဆိုတာ နင်လဲ သိရက်နဲ့.."
" Qiao Lian ရယ်..သူ့ကို အရမ်းအထင်မသေးပါနဲ့.. Xiao Jun က အနေအထိုင် က သိပ်မပေါ်ပေမယ့် သူတို့်အိမ်က ငါ့တို့အိမ်ထက်ကို ချမ်းသာတယ် သိလား.. အရင်က အခု လောက်မဟုတ်ပေမယ့် LAမှာ လုပ်ငန်းအသစ် ပြန်တည်ထောင်ခဲ့ထဲက လုံးဝ တဟုန်ထိုး တက်လာတာလို့ PaPa ဟိုနေ့က ပြောနေတာ ကြားခဲ့တာ.. LA ရဲ့ ခရီးသွားကုမဏီ Top 3 ထဲမှာ ကို ပါတယ်တဲ့.. "
" ဟုတ်ရဲ့လားဟယ်.. နင်တို့ထက်ကို ချမ်းသာတယ်ဆိုတော့.. အဲ့ပုံစံကလေ..?"
Qiao Lian ရဲ့ ပုံစံက အတော် အံ့သြ သွားပုံပေါက်ပေမယ့် သူမ ပုံစံက နည်းနည်းလေးမှ အလျော့ပေးမည့်ပုံမပေါ်..
" ဟုတ်ပါတယ်ဟာ.. Xiao Jun က အနေအထိုင် ရိုးရှင်းလို့ပါ.. ".
" Hmm..ရှိတာကို မသုံးရက် မဖြုန်းရက် ကတ်စီးတွေကလဲ ဝဋ်တစ်မျိုးပဲ..ထားပါ သူ့ဘာသာ ချမ်းသာသာ မချမ်းသာသာ.. ခုနက စကားကို ပြန်ဆက်ရရင် GeGe က အဲ့ Yan yi jun ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ဖြစ်နေတာတော့ အမှန်ပဲ.. "
" အေးပါဟယ်..ငါက သူတို့နှစ်ယောက် အဆင်များပြေလာ မလားလို့ပါ. ... ရှေ့လျောက်ဂရုစိုက်ပါ့မယ် "
" GeGe လာပြီ.."
" Wow ကျန်းရှန်ဝေး အရမ်းချောနေပါလား.."
လူတကာကြားထဲမှာ ထင်းနေတဲ့ ခန့်ညားမှုမျိုးကို ပိုင်ဆိုင်ထားတဲ့ သူ့ချစ်သူကို LiNa ပြုံးပြလိုက်သည်။ ဟုတ်သည်။ ဒီလူ့ကို ဆုံးရှုံးဖို့ဆိုတာကို သူမဘယ်လောက်တောင် ကြောက်မိခဲ့သလဲ.. ကျန်းရှန်ဝေးက သူ့ကို လမ်းမခွဲဖို့ သူမကို တောင်းပန်ခဲ့တဲ့ အခိုက်အတန့်မှာ ကိုယ့်ကိုကို စိတ်ကြီးဝင်ခဲ့ပြီး ဒီလူကို ပိုင်သွားပြီလို့ တွေးခဲ့မိတာ ဖြစ်လိမ့်မည်။ ဒါပေမယ့် လက်တွေ့မှာတော့ သူက ချစ်သူဆီက မရရှိသေးတဲ့ အချစ်ကို မျော်လင့်နေရ သေးတဲ့ မိန်းမတစ်ယောက်သာ.. နောက်အဓိပ္ပါယ်တစ်ခု အနေနဲ့ အချိန်မရွေး ချစ်ရသူကို လက်လွှတ်လိုက်ရ နိုင်သည့် သူတစ်ယောက်..
ကျွန်မ ရှင့်ကို ပိုင်ဖို့ မပြောနဲ့.. ရှင့်အချစ်ကိုတောင် ကျွန်မ မပိုင်နိုင်သေးဘူးပဲ.. အဲ့ဒါကိုတောင် ကျွန်မ ရှင့်အတွက် ထည့်မစဉ်းစားခဲ့မိဘူး.. ရူးခဲ့လိုက်တာ..
" အရမ်းကို လှနေတော့တာပဲ ကိုယ့်နတ်သမီးလေးက.."
သူမ ကျေနပ်စွာ ပြုံးလိုက်ရင်း ကျန်းရှန်ဝေးရင်ခွင်ထဲ ဝင်လိုက်သည်။
" ဟင်?"
" တောင်းပန်ပါတယ်.. Bae ကိုကို့ အတွက် မကြည့်ခဲ့မိဘူး.. အရာရာ တိုင်းအတွက် တောင်းပန်ပါတယ်နော်.."
အပိုင်း(၁၇)ဆက်ရန်
သည်းခံကြပါ.. ဒီအပိုင်းကို 😣 အခုအပိုင်းရေးရမှာ
ပျင်းလို့ ဟိုရက်နည်းနည်းရေးလိုက် ဒီရက်နည်းနည်းရေးလိုက်မလို့ ကြာဝါးတာ .. နက်ဖြန် တပိုင်း ထပ်ဒိတ်ပေးမယ် 🙆👬👬 .. နောက်အပိုင်းတေက တဖြည်းဖြည်း လန်းလာpr p 😁💃💃
🌟21.8.17🌟
🍑Dream-catcherr🍑
Bạn đang đọc truyện trên: Truyen247.Pro