Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

ထင်​မှတ်​မထား​သောဖြစ်​ရပ်​တစ်​ခု

အပိုင်း(၃၆)

LiNa တစ်​​ယောက်​ သူ့ weibo က comment ​တွေဖတ်​လိုက်​ လည်​ပင်းက ဆွဲကြိုး​လေးကို စမ်းလိုက်​လုပ်​​နေရင်း သ​ဘောတကျပြုံး​နေသည်​။

" မိုးနတ်​မင်းကြီးကမတရားဘူး..ဘာလို့ပြီးပြည့်​စုံတဲ့ ​ကောင်​​လေး​တွေက ​ကောင်​မ​လေး​ချော​ချော​လေး​တွေအတွက်​ပဲ ဖြစ်​ရတာလဲ 😢😢 အဲ့လို​ကောင်​​လေးမျိုးကိုရမယ်​ဆိုရင်​ Gobi သဲကန္တာရကို ​ခြေဗလာနဲ့ဖြတ်​ရဖြတ်​ရ 😐😐 "

post ​အောက်​က ​ပေါက်​ကရ top comment ကိုအသံထွက်​ဖတ်​လို​က်​ပြီးသူရယ်​လိုက်​သည်​။ထိပ်​​ဆုံးက like အများဆုံးရထားသည့်​ comment ​တွေကလဲ သူတို့ဘယ်​​လောက်​လိုက်​ဖက်​​ကြောင်း ထာဝရလက်​တွဲသွားနိုင်​ကြ​စေ​ကြောင်း​တွေကို ပုံစံအမျိုးမျိုးနဲ့ ​ရေးထားတာ​တွေချည်းပင်​။ Zhang Shen Wei လိုလူကို ပိုင်​ဆိုင်​ထားလို့ အားကျမိ​ကြောင်း​တွေ မြင်​ရ​လေ..သူပို၍ ဂုဏ်​ယူမိ​လေ။ တစ်​​​လောကလုံးကို ဒီလူက သူ့အပိုင်​ပါလို့ကို လိုက်​ကြွားပစ်​ချင်​​တော့တာ။ ။

" အမ​​လေးNaNa ရယ်​...ပါးစပ်​က နားရွက်​တက်​ချိတ်​​တော့မယ်​..ဘာ​တွေများအဲ့​လောက်​သ​ဘောကျ​နေတာလဲ.."

"ဖတ်​ဦးမလား.. ​သိပ်​ကိုလိုက်​ဖတ်​ညီပြီး ချစ်​စရာ​ကောင်းလွန်းတဲ့ အတွဲ​လေးတစ်​တွဲအ​ကြောင်း​ရေးထားတာ​တွေဖတ်​​နေတာ.."

သူရယ်​ကျဲကျဲ​ပြော​တော့ Qiao Lian က သူ့ကိုမျက်​​စောင်းပြန်​ထိုးပြသည်​။

" အတွဲ​လေး​တွေနဲ့သူ​တွေက​တော့ ကြွားထားဦး​ပေါ့ကွာ.. FA မ​လေးက​တော့ အားကျရုံမှတစ်​ပါး.."

" ​FA ?? နင်အခုတွဲ​နေတဲ့တစ်​​ယောက်​နဲ့ ပြတ်​သွားပီလား..ငါ​တောင်​မသိလိုက်​ရပါလား.."

" ဘယ်​ကသာ..မ​နေ့ညကတင်​ အချစ်​တိုက်​ပွဲဆင်​နွှဲခဲ့​သေးတယ်​..ငါ​ပြောတဲ့ FA က Fallen Angel ​လေးကို​ပြောတာ...😝"

" အယ်​..နင်​တို့ကို​တော့ တကယ်​မနိုင်​ဘူး..မ​ပြောရဲတာ ရှိမှရှိရဲ့လား​ဟေ..မိန်းမ​တေ.."

ရယ်​သံ​တွေက သူတို့အနားတစ်​ဝိုက်​တွင်​ ပျံ့လွှင့်​သွားသည်​။

" နားကတ်​နဲ့..ဆွဲကြိုး​လေးက အပြင်​မှာပိုလှသားပဲ..နင်​တင်​ထားတုန်းက နည်းနည်းမှိန်​​နေတာ.."

Zhang Shen Wei အရင်​​နေ့က စိန်​နှင့်​ ​ရွှေဖြူ ​ရောထားသည့်​ ဆွဲကြိုးနှင့်​ နားဆွဲ​တစ်​ဆင်​စာကို သူတို့နှစ်​​ယောက်​ရဲ့ အထိမ်းအမှတ်​လက်​​ဆောင်​အဖြစ်​​ပေးခဲ့သည်​။

" မင်းက ကိုယ့်​ရင်​ထဲမှာအမြဲတမ်းအမှတ်​တရဖြစ်​​နေမယ့်​ မိန်းမတစ်​​ယောက်​ပါ..ကိုယ့်​​ဘေးမှာ အချိန်​တိုင်းရှိ​နေခဲ့​ပေးလို့​ကျေးဇူးပါကွာ..မင်းကို ကိုယ်​ဘယ်​​လောက်​သ​ဘောကျလဲ သိတယ်​မဟုတ်​လား Bae "

သူ့ပါးကို ဖွဖွ​လေးကိုင်​ခဲ့ပြီး Zhang Shen Wei သူ့ကို​ပြောခဲ့သည့်​စကား​တွေက အခုထိ သူ့ရဲ့နားထဲက မထွက်​။ နူးညံ့​ပေမယ့်​ နက်​ရှိုင်းတဲ့ အဓိပ္ပာယ်​​တွေပါ​နေသ​ယောင်​အကြည့်​​တွေက သူမစိတ်​ကို လှုပ်​ရှား​စေသည်​။ နူးနူးညံ့ညံ့စကားသံ​တွေ...အနမ်းချိုချို​တွေက ပြန်​​​​တွေးမိတိုင်း သူမကို ရင်​ခုန်​စိတ်​လှုပ်​ရှား​အောင်​ ဆွဲ​ဆောင်​နိုင်​စွမ်းရှိ​သည်​။ အချိန်​​တွေကြာလာ​လေ​လေ..သူ့ Zhang Shen Wei ကို သိပ်​ချစ်​မိ​နေပြီဆိုတာ ပိုပို​သေချာ​လေ​လေ..

" အခု​တော့ ကျွန်​မက ရှင့်​​ကြောင့်​ရူး​နေရတဲ့ အချစ်​ရူးမ​လေး​ပေါ့.."

********

သူ့​ရှေ့တွင်​​ခေါက်​ဆွဲကို အားရပါးရ စား​နေသည့်​​ကောင်​​လေးကိုကြည့်​ရင်း Xu Feng(ရွှီဖုန်း) အလိုလိုပြုံးမိသည်​။

" ဖြည်းဖြည်းစားပါကွာ..ဘယ်​သူမှ လုမစားပါဘူး.."

" ဖူး..ဒါက ဆက်​တိုက်​စားမှ သိပ်​မစပ်​တာ Ge ရဲ့..ရပ်​လိုက်​ရင်​ ပူထူလာ​ရော.."

Yi Jun က စားတာကို ရပ်​လိုက်​ရင်း သူ့ကို အမြန်​​ပြောသည်​။ လက်တစ်​ဖက်​က သူ့မျက်​နှာကိုသူ ခပ်​​နေရင်း ပျာ​လောင်​ခတ်​​နေသည့်​ ပုံစံ​လေးက ချစ်​စရာ။

" အရမ်းစပ်​တာကို ဘာလို့စားတာလဲကွာ..ကိုယ့်ဒုက္ခကိုယ်​ရှာပြီး..​ရော့.."

ဖန်​ခွက်​ထဲကို ပဲနို့ဘူးထဲက ပဲနို့တစ်​ချို့​လောင်းထည့်​လိုက်​ရင်း Yi Jun ကို​ပေးလိုက်​သည်​။ ပဲနို့တစ်​ငုံပြီး တစ်​ငုံ​သောက်​ပြီးတာ​တောင်​ သိပ်​စပ်​​နေ​သေးပုံ​ပေါ်​​ပေမယ့်​ ​ကောင်​​လေးက ပန်းကန်​ထဲက ​ခေါက်​ဆွဲကို လက်​​လျော့လိုက်​မည့်​ပုံမရ။

" Yi Jun..တစ်​လုတ်​​လောက်..​အာ..."

ဂိမ်း​ဆော့​နေသည့်​ Li Hong Yi ကို Yi Jun က မခွံ့ချင်​ခွံ့ချင်​နှင့်​ ​ပါးစပ်​ထဲ ထည့်​လိုက်​​တော့ Li Hong Yi မျက်​နှာရှုံ့မဲ့သွားသည်​။

" စပ်​လိုက်​တာ..Double Spicy ကြီးလား.."

" omm ရိုးရိုးဆိုရင်​ တစ်​ထုတ်​ကုန်​​အောင်​မစားနိုင်​ဘူး အီလို့.."

" ငါဖို့ တစ်​ထုတ်​လုပ်​​ပေးဦး.."

" ​ခွေး​ကောင်​ ခုနက ​မေး​နေတုန်းကကြ မကြားသလိုကြားသလိုနဲ့.."

" battle ဝင်ေ​​နတာကိုးကွ..ဟီးလုပ်​ပါ..JunJun ​လေးကလဲ.."

"မသိဘူး..ငါစားပြီးမှ လုပ်​​ပေးမှာ.."

မ​ကျေနပ်​လို့ ခပ်​စူစူဖြစ်​​နေသည့်​ နှုတ်​ခမ်း​လေး​တွေက အစပ်​စားထားသည့်​ အရှိန်​ကြောင့်​ နီ​ထွေး​နေသည်​။ Yi Jun နှုတ်​ခမ်း​တွေ ကိုကြည်​ရင်း Xu Feng ​ရေငတ်​လာသလို ဖြစ်​လာသည်​။ ဒီ​ကောင်​​လေးအ​ပေါ် သူ့ခံစားချက်​​တွေကို အခုထိ အ​ဖြေရှာမရ။ ရင်​ခုန်​သည်​မဟုတ်​​ပေမယ့်​ Yi Jun နှင့်​အတူရှိ​နေတိုင်း​တော့ သူ့နှလုံးသားက ​နွေး​ထွေး​နေတတ်​သည်​။ ဒီ​ကောင်​​လေးကို သူ့မျက်​စိထဲမှာ က​လေး​ပေါက်​စနသာသာ ပဲမြင်​​နေပြီး သူက ကာကွယ်​​ပေးချင်​သူကြီးကို ဖြစ်​​နေ​တော့တာ။

" ရူးပ.."

သူ့လက်​​တွေက သူမသိလိုက်​ခင်​ Yi Jun နှုတ်​ခမ်း​လေးဆီ​ရောက်​သွား​တော့ သူ့ကိုယ်​သူအံ့သြ သွားသည်​။

" ဟင်​.."

မျက်​လုံး​လေးဝိုင်းသွားတဲ့ ​ကောင်​​လေးကို မြင်​​တော့ သူ​ချွေးပြန်​ချင်​သွား​ပေမယ့်​ အပြုံးတစ်​ခုကို နှုတ်​ခမ်း​တွေ​​ပေါ်​ကောက်​တင်​လိုက်​ရင်း..

" စားတာကလဲ က​လေးကြ​နေပဲ.. ​ပေပွ​နေတာ...အာ​ပေတူး​လေး.."

" ဟီး..စပ်​တာနဲ့ကို သတိမထားမိတာ..xie xie Ge.."

YIJun ပုံစံက လုပ်​ယူ​နေတာမဟုတ်​ဘဲ အမှန်​တကယ်​ကို သူ​ပြောတာယုံမှန်းသူသိ​နေသည်​။ဘယ်​​လောက်​​တောင်​ တုံးတဲ့ ငတုံး​လေးလဲ..။ ဒီလို​ကောင်​​လေးကို Zhang Shen Wei ​ဆော့ကစားချင်​သလို ​ဆော့ကစားမှာကို သူဘယ်​လိုလုပ်​ ကြည့်​​နေနိုင်​မှာလဲ​လေ။

" Ge ​ရောစားမလား..ကျွန်​​တော်​လုပ်​​ပေးမယ်​​လေ.."

သူ့ကိုကြည့်​​နေတာ နည်​နည်းကြာသွားလို့ထင်​သည်​။ ​ကောင်​​လေးက စားလက်​စ​လေးနှင့်​ ​ခေါင်း​မော့ကြည့်​လာသည်​။ Xu Feng ​ပြုံးကာ ​ခေါင်းရမ်းပြလိုက်​သည်​။

" စားပါဗျာ..ခင်​ဗျား​လေးသာ အဝစားပါ..အရမ်း​စပ်​​နေဦးမယ်​..ပဲနို့​ရော​ သောက်​ဦး.."

သူကြည့်​တာကို ဒီ​ကောင်​​လေး အဓိပ္ပါယ်​​လျှောက်​​ကောက်​သွား​လေသလား..ငတုံး​လေး​​လေ.. တကယ့်​ကို ငတုံး​လေး..

********

Yi Jun ​ကျောင်း​ရောက်​လို့ သူထို်​​င်​​နေကြ ခုံဝိုင်း​လေးမှာထိုင်​​နေရင်း Li Hong Yi ကို​စောင့်​​နေတုန်း သူ့ဆီကို Wang Zi Yu [ဝမ်​ဇီယွီ] ဆီက ဖုန်းဝင်​လာသည်​။ အဲ့​ကောင်​မ​လေးနဲ့ သူနဲ့အ​တော်​ရင်းနှီး​နေပြီဆို​ပေမယ့်​ ဖုန်း​တော့​ပြောခဲကြသည်​။ မှတ်​မှတ်​ရရ သူတို့ ဖုန်း​ပြောဖြစ်​တာဆိုလို့ နှစ်​ခါလားပင်​ ရှိဦးမည်​။

" Wei.."

" Yi Jun လား..တို့မင်းကို​ပြောစရာရှိလို့..အခု​ကျောင်း​ရောက်​ပြီလား.."

" အင်း..​ရောက်​ပြီ​ရော်​..ဘာလို့လဲ.."

"အဲ့ဒါဆိုရင်​..Zi Yu တို့အ​ဆောင်​ဖက်​ကို လာခဲ့ဦး..မင်းသိတယ်​မလား ​Locker ​တွေဖက်​​လေ..Zi Yu လဲအခုဘာလုပ်​ရမှန်းကို မသိလို့ မင်းဆီဖုန်းဆက်​လိုက်​တာ..Shen Wei Ge က အခုမှလာတုန်းဆိုလို့..စိတ်​​တွေလဲ ညစ်​ပါတယ်​.."

အ​တော်​​လေးကို စိတ်​ရှုပ်​​နေပုံရတဲ့ Zi Yu အသံ​ကြောင့်​ သူစိတ်​ပူသွားသည်​။

" ဘာဖြစ်​လို့လဲ..LiNa နဲ့ တခြားသူ​တွေ​ရော မရှိဘူးလား.."

"မဟုတ်​ဘူး.. တို့ဖြစ်​တာမဟုတ်​ဘူး..LiNa ကိစ္စ။ ရောက်​မှသာကြည့်​​တော့..အာ..Feng Ge ​ရောက်​လာပြီ ဒါပဲ​နော်​.."

Yi Jun ​ကျောပိုးအိတ်​ကို ​ကောက်​လွယ်​လိုက်​ရင်း သူ LiNa တို့အ​ဆောင်​ရှိရာဆီကို ​အ​ပြေးက​​လေးသွားလိုက်​သည်​။ LiNa တစ်​ခုခုများဖြစ်​တာလားဆိုသည့်​ စိတ်​​ကြောင့်​ သူ့တစ်​ကိုယ်​လုံးပင်​ ပူထူ​နေသည်​။

သူ Locker ​တွေဖက်​​ရောက်​​တော့ လူစုစု စုစု ဖြစ်​​နေတာ​တွေ့လိုက်​ရ၍ ရင်​ထဲ ထိတ်​သွားသည်​။ သူ​ခြေလှမ်းကျဲ​တွေနဲ့ အဲ့နား​ရောက်​သွား​တော့ Zi Yu က သူ့ကိုအရင်​မြင်​သည်​။

" ​ရောက်​ပြီလား.."

" ဘာဖြစ်​တာလဲ LiNa ​ရော.."

သူ​မော​နေသည့်​ကြားက အသက်​မရှုတမ်း​မေးရင်း ​ဘေးဘီ​ဝေ့ကြည့်​လိုက်​​တော့ LiNa ရပ်​​နေတာကို သူ​တွေ့လိုက်​ရသည်​။

" ဟင်​ Xiao Jun ဘယ်​လိုလုပ်​​ရောက်​လာတာလဲ.."

" ဘာဖြစ်​သွား​သေးလဲ ..ဘာဖြစ်​တာလဲ..စိတ်​ပူလိုက်​ရတာဟာ.."

" ငါ သူ့ဆီဖုန်းဆက်​လိုက်​တာ..."

" နင်​ကလဲဟာ..ဘာမှမဟုတ်​တာကို ဆက်​လိုက်​​သေးတယ်​.. ဘာမှမဖြစ်​ပါဘူး Xiao Jun ရဲ့..ဒီအတိုင်း လက်​အငြိမ်​မ​​နေနိုင်​ကြတဲ့သူ​တွေ လုပ်​သွားတာ​နေမှာပါ.."

LiNa ​မေး​ငေါ့ပြတဲ့ဖက်​ကြည့်​လိုက်​​တော့..သူမ Locker ​က ​ပွင့်​​နေသည်​။ အထဲက စာအုပ်​​တွေလဲ စုတ်​ပြဲ​နေသလို ​ရေ​လောင်းခံထားရ၍ ​အိကျ​နေသည်​။ အဝဝတ်​​တစ်​ချို့ကလဲ ကတ်​​ကြေးနဲ့ အစုတ်​အဖြဲခံထားရပုံ​ပေါ်သည်​။ အဆိုးဆုံးက Locker မှာ မွစာတတ်​​အောင်​ ​ရေးထားသည့်​ ​"အမျိုးယုတ်​မ"တို့ " ချက်ချင်း​သေပါ​စေ" တို့ ကျိန်​ဆဲသည့်​စာ​တွေ။

"Wtf..ဒါနင့်​ Locker လား..ဘယ်​သူက လုပ်ရဲတာလဲဟာ..မဟုတ်​​သေးပါဘူး.."

Feng Ge က​တော့ စာရွက်​​တွေကို အမှိုက်​အိတ်​ထဲ ထည့်​​နေရင်း သူ့ကို ​မော့ကြည့်​လာသည်​။

" ကို​ယ်​လဲ ​မြင်​မြင်​ချင်းတုန်းက အရမ်းအံ့သြ သွားတာ..ဒီလုပ်​ရက်​ကြီးက က​လေးဆန်​ပြီး စိတ်​ကုန်ဖို့ကောင်းလွန်းတယ်​"

" ရပါတယ်​..ဘာမှမဖြစ်​ပါဘူး..ကွယ်​ရာမှာပဲ ကိန်​ရဲတဲ့ အမျိုးယုတ်​​လေး​တွေ​နေမှာ..hk.."

ဘာမှမဖြစ်​ဘူးသာ​ပြော​နေ​ပေမယ့်​ LiNa က လက်​ပိုက်​ထားရင်း..လက်​တစ်​ဖက်​က လက်​သည်းကို ခပ်​ဖွဖွ​လေးကိုက်​​နေသည်​။LiNa ကစိတ်​လှုပ်​ရှားရင်​ လက်​သည်းကိုက်​တတ်​သည့်​အကျင့်​က အခုထက်​ထိ ​ပြောင်းလဲ​သေးပုံမရ။

" နင်​ဒါ..ဘယ်​သူလုပ်​တာလို့ထင်​လဲ..ဒါကြီးက လုပ်​တဲ့သူကို​ဖော်​ပြီးသူ့အပြစ်​သူ သိ​အောင်​ကို လုပ်​​ပေးရမှာ.."

" ငါမသိဘူးဟာ..အရင်​ကလဲ တစ်​ခါမှ ဒါမျိုးမဖြစ်​ခဲ့ဖူးဘူး..ငါ့ကို ​သေ​စေချင်​တဲ့အထိ​တောင်​ မုန်းတဲ့သူရှိ​နေတာလား.."

"​ နင့်​လိုမိန်းက​လေးမျိုးကို ဘယ်​သူက အဲ့လိုသ​ဘောထားမှာလဲဟာ..​လျှောက်​မ​တွေးနဲ့..ဒါက စိတ်​အ​နှောင့်​အယှက်​ဖြစ်​​အောင်​ ​ခြောက်​လုံးပဲ​နေမှာပါ..စိတ်​ထဲမထားနဲ့​..သွား​တော့..ဒါ​တွေအကုန်​ ငါတို့ရှင်းထားလိုက်​မယ်​..လုပ်​တဲ့သူကိုလဲ ​သေချာ​ပေါက်​​ဖော်​​ပြီး နင့်​ကိုပြန်​​တောင်းပန်​ခို​င်းမယ်​.."

ဘေးနားက ​ကျောင်းသူ​ကျောင်းသား​တွေက စုရုံးရုံးနှင့်​ တ​ယောက်​တ​ပေါက်​​ပြော​နေကြသလို ဓာတ်​ပုံရိုက်​သူကလဲ ရိုက်​​နေကြသည်​​။

" Shit..!!"

ထွက်​သွားသည့်​ LiNa ​နောက်​​ကျောကို ကြည့်​ရင်း Yi Jun သက်​ပြင်းချလိုက်​သည်​။ Locker မှာ ​ရေးထားသည့်​ ကျိန်​ဆဲစာ​တွေက တကယ်​ပင်​မနည်းမ​နော။ ဘယ်​သူက ဒီလို ​အောက်​တန်းကျတဲ့ လုပ်​ရက်​မျိုးကို လုပ်​ရဲတာလဲ ။

" Feng Ge ဖယ်​​တော့..ကျွန်​​တော်​ပဲ လုပ်​လိုက်​​တော့မယ်​.."

" ရပါတယ်​..ကိုယ်​က လုပ်​လက်​စနဲ့..​."

" ဘယ်​လို ထင်​လဲ Ge ရာ..LiNa စိတ်​အ​တော်​ရှုပ်​သွားတယ်​ထင်​တယ်​..Text book ​တွေအကုန်​ပါတယ်​ထင်​တယ်​..စာအုပ်​​တွေကလဲ Note စာအုပ်​​တွေ​ရောပဲ.."

" ကိုယ်​ထင်​တာ​တော့..ဒီလို ​အော​က်​တန်းကျကျတိုက်​ခိုက်​တာ​ ​ယောကျာ်း​လေးတစ်​​ယောက်​​တော့ မဖြစ်​နိုင်​ဘူးထင်​တာပဲ.."

" cctv ​တွေ ပြန်​ကြည့်​ရင်​​တော့ ရတယ်​ထင်​တယ်​​နော်​.."

" အင်း..ဒါ​​တွေရှင်းပြီးရင်​ ​ဆရာမ​တွေဆီကို အရင်​သွားအ​ကြောင်းကြားရ​အောင်​.."

တစ်​​စုံတစ်​​ယောက်​က​တော့ LiNa အ​ပေါ်ညိုး​နေသည်​မှာ ​သေချာ​နေပြီမလို့ LiNa ကို သူအ​​တော်​စိတ်​ပူမိသည်​။ လက်​​တွေ့အထိ လုပ်​ရဲပြီးသူများကို ဒုက္ခ​ပေးရဲသည့်​သူဆိုတာက ​တွေးကြည့်​ရုံနဲ့တင်​ အ​တော်​ကို စိတ်​ပူစရာ​ကောင်းသည်​​မဟုတ်​ပါလား။

🌟 အပိုင်း(၃၇)ဆက်​ရန်​ 🌟

ဒီတစ်​ခါကတိတည်သယ်​​နော်​ 😝 ချစ်​စရာမ​ကောင်းတဲ့ author ကို ​ခေါင်း​လေးပုတ်​ပြီး ချစ်​စရာ​ကောင်းတယ်
ပြော​ပေးကြပါ 😝😝 ​နောက်​တပိုင်းလဲ မကြာပါဘူး 😘

🍑Dream-catcherr🍑

🍑29.1.2018🍑













Bạn đang đọc truyện trên: Truyen247.Pro