Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

တတိယအကြိမ်​​မြောက်​​တွေ့ဆုံခြင်း

အပိုင်း (၆)

ထပ်​မ​တွေ့လို့လဲ မရသည့်​အ​ခြေအ​နေ​တွေမလို့ ​ကျောင်းရဲ့ဒုတိယရက်​မှာ Zhang Shen Weiနှင့်​ Yan Yi Jun တတိယအကြိမ်​ ထပ်​မံ​တွေ့ဆုံခဲ့ရသည်​။

" ​ကိုကို့..နာမည်​က Zhang Shen Wei[ကျန်းရှန်​​ဝေး]တဲ့..နင့်​ထက်​​တော့ နှစ်​နှစ်​​လောက်​ ကြီးမယ်​ထင်​တယ်​ ..ကိုကို က ငါ့ထက်​ တနှစ်​နီးပါး​လောက်​ကြီးတယ်​​လေ.."

"အင်း.."

သူမ​ကောင်းတတ်​၍ Li Na ကို အင်းတလုံးပြန်​​ပြောလိုက်​သည်​။ Zhang Shen Wei ကိုကြည့်​ရသည်​မှာလဲ ဒီ​နေရာမှာရှိ​နေရတာကို အ​တော်​​လေးမသက်​မသာ ရှိ​နေဟန်​တူသည်​။ သူ့နဲ့ မကြာခဏ အကြည့်​ချင်းဆုံဆုံ​နေသလို.. ဆုံတိုင်းလဲ သူ့ရဲ့ မျက်​ခုံး​တွေက အလိုမကျဟန်​ တွန့်​ချိုးချိုးသွားသည်​။

" နင်လဲ သူငယ်​ချင်းမရ​သေး​တော့ ကိုကို့ ကိုသူငယ်​ချင်းတစ်​​ယောက်​..အစ်​ကိုတစ်​​ယောက်​လို သ​ဘောထား​ပေါ့.."

" ကိုကို..ဒါက Yan Yi Jun တဲ့[ရန်​ရီကျွင်း]တဲ့ Bae နဲ့ ငယ်​ငယ်​​လေးထဲက ခင်​ခဲ့တာ..သူက ကိုကို့လိုပဲ Management ပိုင်းမှာတက်​​နေတာ ...Xiao Jun မသိတာ​တွေကို ကူညီ​ပေးလိုက်​ဦး​နော်​.."

Zhang Shen Wei ၏ အင်းမလုပ်​ အဲမလုပ်​အ​ခြေအ​နေ​ကြောင့်​ Li Na အ​တော်​ပင်​ စိတ်​ညစ်​လာသည်​။ ဒါကဘယ်​လို အ​ခြေအ​နေကြီးလဲ...ဒီလို ​အေးစက်​စက်​ ပတ်​​ဝန်းကျင်​နှင့်​ မိတ်​ဆက်​မှု​ပေးမှုကို သူမတစ်​ခါမှပင်​ မကြုံဖူးခဲ့..ပုံမှန်​ဆိုရင်​ သူမနည်းနည်းမိတ်​ဆက်​​ပေးတာနဲ့ သူတို့အချင်းချင်း စကား​တွေ ​ဝေ​ဝေဆာဆာနဲ့ ဖြစ်​သွားသင့်​သည့်​ အ​ခြေအ​နေပင်​မဟုတ်​ပါလား...သူ Zhang Shen Wei ကို အသာတို့လိုက်​ရင်း ​ပြော​လေဆိုတဲ့သ​ဘောနဲ့ မျက်​နှာရိပ်​မျက်​နှာကဲ ပြ​တော့.. Zhang Shen Wei စိတ်​ရှုပ်​စွာ စုပ်​သပ်​လိုက်​သည်​။

" Zhang Shen Wei..မင်းကို ကြည့်​ရတာ ငါဒီမှာ
ရှိ​နေတာကို စိတ်​မသက်​မသာဖြစ်​​နေပုံပဲ..ဒါမှမဟုတ်​ စိုးရိမ်​စရာ ကိစ္စတစ်​ခုခုရှိ​နေတာလား.."

Yan Yi Jun စကား​ကြောင့်​ Zhang Shen Wei မျက်​နှာ မဲခနဲ ဖြစ်​သွားသည်။ သူ ကန်​တင်း​ရောက်​ထဲက သူ့ ဟိုတကယ်​က ကိစ္စ Li Na သိများသိသွားပြီလားလို့ Li na ရဲ့ မျက်​နှာရိပ်​မျက်​နှာကဲ​တွေထဲမှာ အ​လောတကြီး အ​ဖြေရှာခဲ့ရ​သေးသည်​။ Li Na မသိ​သေးဘူးလို့ သူ​သေချာ သွား​ပေမယ့်​လဲ သူ့​ရှေ့မှာ ဘယ်​အချိန်​ ထချွန်​လိုက်​မလဲမသိသည့်​သူက အဆင်​သင့်​ ရှိ​နေတာမလို့ သူစိတ်မသ​​က်​မသာ ဖြစ်​​နေသည်​မှာ အမှန်​ပင်​ဖြစ်​သည်​။
သူဘာ​ကြောင့်​ ဒီလိုဖြစ်​​နေတယ်​ဆိုတာ သိသိကြီးနဲ့ တမင်​မေးလာတဲ့ ဒီ​မေးခွန်းက သူ့ကို လာစိန်​​ခေါ်​ခြင်းပဲလို့ Zhang Shen Wei သတ်​မှတ်​လိုက်​သည်​။

" အဟင်း...မဟုတ်​ပါဘူး....ငါက ကိုယ့်​ကို ပညာလာစမ်းတဲ့ လူကို ဘာလိုပညာပြန်​​​ပေးသင့်​လဲ စဉ်းစား​နေတာ.. ငါက ကိုယ်​နဲ့မဆိုင်​ပဲ ဝင်​ဝင်​ပါတတ်​တဲ့ သူ​မျိုးဆို ​သောက်​ရမ်းမုန်းတယ်​​လေ.."

" ဟုတ်​လား..အဲ့ဒါဆို ငါနဲ့​တော့ မတူဘူးပဲ..ငါက..ရည်းစားကြီးငုတ်​တုပ်​ရှိရက်​နဲ့ ကွယ်​ရာ ​ခြေရှုပ်​တတ်​တဲ့ သူမျိုးကိုမှ ဒဲ့ရွံတာ.."

Yi Jun စကား​ကြောင့်​ Zhang Shen Wei မျက်​နှာတစ်​ချက်​ပျက်​သွား​ပေမယ့်​ သူအပြုံးတစ်​ခုကို မျက်​နှာ​ပေါ်အမြန်​တင်​လိုက်​သည်​။

" ဒါနဲ့ မင်းငါ့ကို အေ​ခ်ာအ​​ဝေါ်မှာ နည်းနည်း​လေးစားမှုရှိသင့်​တယ်​ထင်​တာပဲ...ငါက မင်းထက်​ကြီးတဲ့ အပြင်​ ဒီမှာ မင်းထက်​အတန်းကြီးတယ်​​လေ..မင်းက Bae ရဲ့ သူငယ်​ချင်းဆို​တော့ ငါတို့ရှေ့​လျောက်​ မကြာမကြာ ​တွေ့​နေရမှာပဲ​မဟုတ်​လား.. "

Zhang Shen Wei စကား​ကြောင့်​ Yi Jun တစ်​ချက်​မဲ့လိုက်​သည်​။

နောက်​မကြာမကြာ​တွေ့ရမှာဆိုပဲ..စိတ်​ကူး​တောင်​မယဉ်​နဲ့.. ငါLi Na ကို မင်းအ​ကြောင်း​ပြောပြလိုက်​ရင်​ သူကမင်းလိုလူကို ဆက်​တွဲ​နေမယ်​ထင်​လား..အ​ဝေါ်အ​ဝေါ်​လေးစားမှု ရှိရမယ်​ဆိုပဲ.. ခွီး.. ငါကသူ့လိုလူကို တ Ge Ge..​ခေါ်​နေရဦးမှာလား..( Ge=​ကော=အစ်​ကို)

" စိတ်​တော့ မရှိနဲ့​..ငါက ဒီလိုပဲ ​ပြောတတ်​တယ်​.. "

" ကိစ္စမရှိပါဘူး...ယဉ်​​ကျေးမှုဆိုတာ လူတိုင်းမှာ ရှိတဲ့အရာမှမဟုတ်​တာ.."

နောက်​ထပ်​ဘာစကားမှ ထပ်​ထွက်​မလာ​တော့​ပေမယ့်​ တစ်​​ယောက်​ကို တစ်​​ယောက်​ ချက်​ချင်းပင်​ထသတ်​​တော့မလို အကြည်​မျိုးနှင့်​ကြည့်​​နေကြတာမလို့ Li Na ကြားထဲက ရူးချင်​ချင်​ပင်​ဖြစ်​လာသည်​။

" အယ်​..​အတန်း​တောင်​ စ​တော့မှာပဲ..ငါနဲ့ ကိုကို က အတန်းရှိတယ်​..​နေ့လည်​မှ ​တွေ့မယ်​​နော်​ Xiao Jun.."

လေထုထဲက အ​ငွေ့အသက်​က အန္တရာယ်​များတဲ့ အဆင့်​ထိ​ရောက်​လာပြီမလို့ Li Na .. Zhang Shen Wei ကို သူမနှင့်​အတူ ဆွဲ​ခေါ်လာခဲ့သည်​။ Yi Jun မမြင်​နိုင်​တဲ့ ဖက်​ဆီ​ရောက်​​တော့ လက်​ထဲက စာအုပ်​​တွေနှင့် Zhang Shen Wei ​ပခုံးကို နာနာရိုက်​လိုက်​သည်​။

" အာ..Bae ကလဲ ဘာလို့ရိုက်​တာလဲ..ကို ဘာအမှားလုပ်​မိလို့လဲ.."

" Xiao Jun နဲ့ ဘာလို့ ​ပြေလည်​​အောင်​ မဆက်​ဆံတာလဲလို့.. ကိုကိုတို့ အဲ့လိုကြီး​တွေ လုပ်​​နေ​တော့ Bae က ဘယ်​လို​နေရမှာလဲ.."

" ဒာ ကိုကို့ အမှားမှမဟုတ်​ပဲ​လေ .. Bae သူငယ်​ချင်းရဲ့ အချိုးကိုလဲ ကြည့်​လိုက်​ဦး.."

" ​နေပါဦး..ဘာလို့ ကိုကိုတို့ တစ်​​ယောက်​ကို တစ်​​ယောက်​ ဒီ​လောက်​အမြင်​မကြည်​ဖြစ်​​နေကြတာလဲ.. Xiao Jun နဲ့ အရင်​က​သိခဲ့ရ​အောင်​လဲ သူ Beijing ကိုပြန်​​ရောက်​တာ တစ်​လ​လောက်​​တောင်​ မရှိ​သေးဘူး.. ကိုကို တို့ပြသနာဖြစ်​ဖူးလို့လား.."

" ​မဖြစ်​ဖူးပါဘူး.. တစ်​ခါတစ်​​လေ ဒီလိုပါပဲ ​ရေစက်​တစ်​စက်​မှ မပါလို့ မြင်​မြင်​ချင်းကြည့်​မရတဲ့ အဖြစ်​​တွေလဲ ရှိတာပဲ.."

Zhang Shen Wei မုသားသုံးလိုက်​ရင်း သူ Li Na ရဲ့ လက်​ကို ဆုပ်​ကိုင်​ကာ ပြုံးလိုက်​သည်​။

" ဒီ​နေ့ အတန်းမတက်​နဲ့​တော့.. ကိုယ်​တို့ ​လျှောက်​လည်​ ရ​အောင်​.."

ဟိုတယ်​က ကိစ္စကို Li Na သိ​တော့မှာ ​သေချာသ​လောက်​ရှိ​နေပြီမလို့.. အခုအချိန်က ​နောက်ြ​​ဖစ်​လာမယ့်​အ​ခြေအ​နေ​တေအတွက် ​ရလာဒ်​​ကောင်းရ​စေဖို့ အစွမ်းကုန်​ကြိုးစားသင့်​သည့် အချိန်​ပင်​ မဟုတ်​ပါလား..

" ဟွန့်​.. ​ကျောင်းတက်​တာဖြင့်​ နှစ်​ရက်​​တောင်​ မရှိ​သေးဘူး.."

" အဲ့​တော့ ..မသွားချင်​ဘူး​ပေါ့ "

" ​ပြောမိလို့လား.."

သူ့ကို ​လျှာထုတ်​​ပြောင်​ပြလိုက်​သည့်​ Li Na ​ကြောင့်​ သူ Li Na ​နဖူးကို ခပ်​ဖွဖွ ထုလိုက်​သည်​။

"​ကောင်​မစုတ်​​လေး အိုက်​တင်​က ခံချင်​​သေးတာ.. "

" ဒါနဲ့ ဖြစ်​ပါ့မလား..Xiao Jun ကတစ်​​ယောက်​ထဲ ဖြစ်​​နေမှာ​ပေါ့.."

Xiao Jun ဆိုသည့်​ နာမည်​ကို ကြား​တော့ ခုနက ပြုံး​နေသည့်​ သူ့မျက်​နှာ ချက်​ချင်းတည်​သွားသည်​။

" ဘာလို့မဖြစ်​ရမှာလဲ..သူက မူလတန်း​​ကျောင်းသားလဲမဟုတ်​ဘူး..အဲ့​လောက်​​မှ အဖြစ်မ​ရှိရင်​လဲ....."

" ကိုကိုကလဲ သူက သူငယ်​ချင်းလဲရ​သေးတာမဟုတ်​ဘူး..​တစ်​​နေ့လုံးတစ်​​ယောက်​ထဲ ​ယောင်​​တောင်​​တောင်​​လေး ဖြစ်​​နေမှာ.."

" ကျစ်​..အဲ့ဒါဆို ကိုယ်​တို့က သူ့​ကြောင့်​ ဘယ်​မှမသွားရ​တော့ဘူးလား.."

" ကိုကိုကလဲ သူသူငယ်​ချင်း ရသွားတဲ့ အထိပါပဲ.."

Zhang Shen Wei သက်​ပြင်းတစ်​ချက်​ချလိုက်​ရင်း Li Na ကိုကြည့်​လိုက်​သည်​။

" ဒီမှာ..Bae ​သေချာနား​ထောင်​..အမြဲတမ်း Bae နဲ့ ရှိ​နေ​တော့ သူတခြားသူနဲ့ ဘယ်​လိုလုပ်​ရင်းနှီး​တော့မလဲ..အတန်းထဲ စကားတစ်​ခွန်း နှစ်​ခွန်း​ပြောရုံနဲ့..​ပေါင်းစရာလူက ရလာမှာမဟုတ်​ဘူး.. ကန်​တင်းသွားတာတို့ ဟိုသွားဒီသွားတို့လဲ အတူတူ သွားဦးမှ​လေ..စား​တော့လဲ ကိုယ်​တို့နဲ့အတူတူ..ဟိုသွားဒီသွားလဲ ကိုယ်​တို့နဲ့အတူဆို..သူတခြားသူ​ပေါင်းစရာ ဘယ်​လိုလုပ်​ရှိလာမှာလဲ.."

" အင်း.. ကိုကို ​ပြောတာလဲဟုတ်​ပါတယ်​.. အဲ့ဒါဆို Xiao Jun ကို ​ဖုန်းဆက်​​ပြောလိုက်​​တော့မယ်​.. သူတစ်​​ယောက်​ထဲ ထားခဲ့ရမှာ စိတ်​​တောင်​မ​ကောင်းဘူး.."

Li Na စကား​ကြောင့်​ သူတစ်​ချက်​မဲ့လိုက်​သည်​။ Li Na ကြည့်​ရတာ ဟိုကျက်​သ​ရေအိုးကို ​ခေါ်များ​ခေါ်ချင်​​နေလားပင်​မသိ​လေ..

***********

Li Na နဲ့ ​ဖုန်း​ပြောပြီး​တော့ Yan Yi Jun ခုံ​ပေါ်ကို စိတ်​ညစ်​ညူးစွာ ​မှောက် အိပ်​လိုက်​ရင်း ခုံနှင့်​​ခေါင်းကို ခပ်​​ဖွဖွ​စောင့်​ ​လိုက်​သည်​။ Li Na က Zhang shen Wei နဲ့ သွားစရာရှိလို့ ဒီ​နေ့ အတန်းမတက်​ဖြစ်​​တော့ဘူးတဲ့​လေ.. သူဟိုအ​ကြောင်း ဒီအ​ကြောင်းပြကာ မျိုးစုံတား​ပေမယ့်​ မမက ​ကျောင်းအပြင်​​ပင်​ ​ရောက်​​နေပြီဆို​တော့ မတတ်​နိုင်​​တော့.. Li Na တစ်​​ယောက်​..Zhang Shen Wei ကို ဘာ​ကြောင့်တွဲ​နေသည်​ဆိုတာ ကို သူစဉ်းစားမရ.. ​ချောတာက လွဲရင်​ ဘယ်​​နေရာမှာမှ ​ကောင်းမကွက်​ မရှိတဲ့ လူမဟုတ်​ပါလား..

" ကျစ်​..ဟို ​ကောင်​က Li Na ကို ဘယ်​​ခေါ်သွားမလို့လဲ...ဘယ်​​တွေ သွားကြဦးမှာလဲ.."

Li Na..Zhang Shen Wei နှင့်​ တွဲ ​နေတာကို သူဘယ်​လိုမှ ကြည်​ဖြူ​ပေးလို့မရ.. အမှန်​အတိုင်း​ပြောရရင်​ Li na အတွက်​ သူစိတ်​အလွန်​ပူမိသည်​။ မိန်းက​လေး​တွေရဲ့ အသည်းနှလုံးဆိုတာ ထိခိုက်​လွယ်​လွန်းသည်​မဟုတ်​ပါလား..Li Na တစ်​​ယောက်​ Zhang Shen Wei ​ကြောင့်​ ခံစားကျန်​ခဲ့ရမှာကို သူမမြင်​ချင်​.. သူ Li na ကို Zhang Shen Wei အ​ကြောင်းေ​ပြာပြချင်​​ပေမယ့်​ သူနဲ့ LiNaက ပြန်​​တွေ့တာ မကြာ​သေးတဲ့သူ​တွေဖြစ်​​နေတာ တစ်​​ကြောင်းရယ်​..LiNa ခံစားသွားရမှာကို စိုးရိမ်​တာ​ကြောင့်​ သူမ​ပြောဖြစ်​​သေးခဲ့..

" ဒါ​ပေမယ့်​ ဒါကမ​ပြောပဲထားလိုက်​လို့ ပြီးသွားမယ့်​အရာမှ မဟုတ်​တာ​လေ​နော်​.. ကြာလာရင်​ Li Na ပဲ ပိုထိခိုက်​ခံရမှာ.."

" ထိုင်​မယ်​​နော်​.."

သူ့​​ဘေးက အသံတစ်​သံကြားလို့ သူ​ခေါင်း​မော့ကြည့်​လိုက်​​တော့ ​ကောင်​​လေးတစ်​​ယောက်​က သူ့ကို ပြုံးကြည့်​​နေသည်​။ သူအ​တွေး​တွေ လွန်​​နေသည်​က ​ဘေးကို လူ​ရောက်​လာသည်​ကိုပင်​ မသိလိုက်​..

" အာ..ရပါတယ်​..ထိုင်​ပါထိုင်​ပါ.."

သူထို​ကျောင်းသားကို ပြုံးပြလိုက်​ရင်း..သူ့​ဘေးနားမှာ ချထတဲ့ ​ကျောပိုးအိတ်​ကို ယူလိုက်​ရင်း သူ့ရဲ့ ဟိုဖက်​​ဘေး​ပြောင်းချလိုက်​သည်​​။

" ​ကျောင်း​ဖွင့်​တာ​တောင်​ ဘယ်​နှရက်​မှ မရှိ​သေးဘူး..လူ​တောင်​ များ​တောင်​များ​နေပြီပဲ​နော်​.."

" ဟင်​..အင်း ဟုတ်​ပ..... Fresher ​တွေဆို​တော့လဲ.."

" မ​နေ့ထဲက အတန်းတက်​တာလား.. ဘာ​တွေသင်​သွား​သေးလဲ.."

" သိပ်​​တော့ မများဘူး..နှစ်​ဘာသာပဲ သင်​သွားတာ.. နည်းနည်း​လေးပါပဲ.. မှတ်​ထား​တာ​​တော့ ရှိတယ်​..ကြည့်​ဦးမလား.."

သူ့စကား​ကို ရယ်​စရာပါသည်​လို့များ ထင်​​နေသလားမသိ..ထို​ကျောင်းသားက တစ်​ချက်​ရယ်​လိုက်​​တော့ သူပင်​ အူ​ကြောင်​​ကြောင်​ဖြစ်​သွားသည်​။

" ဟင့်​အင်း..မကြည့်​​တော့ပါဘူး..အများစုက ငါသိပြီးသား​တွေ​လေ.."

" ​အော်​.."

ထို​ကျောင်းသ​ပြောတဲ့စကားကို သူနားမလည်​လိုက်​​ပေမယ့်​ နားလည်​ချင်​​ယောင်​သာ ​ဆောင်​လိုက်​သည်​။ ထို​ကျောင်းသားက သိပ်​​တော့မ​ချော​ပေမယ့်​ ကြည့်​​ကောင်းတဲ့ ရုပ်​ရည်​ထဲ​တော့ ပါသည်​။ ကြည့်​ရတာလဲ ​ဖော်​​တော့ ​ဖော်​​ရွေမည့်​ပုံပါပဲ..

" Li hóngyì [ လီဟုန်ရိ ] ​ပါ "

ထို​ကျောင်းသားကို အကဲခတ်​​နေတုန်း သူ့ကို ကမ်း​ပေးလာတဲ့ လက်​ကြောင့်​ Yan Yi Jun ပြန်​ပြီး လက်​ဆွဲနှုတ်​ဆက်​လိုက်​သည်​။

" Yan Yi Jun ပါ..."

" ဘယ်​နှခုနှစ်​​မွေးတာလဲ..".

" 1999.. 5 လပိုင်း.. မင်းက​ရော.."

" မင်းက ငါ့ထက်​ တစ်​နှစ်​ငယ်​တာပဲ..ငါက 98 ​မွေးတာ​လေ
.."

" ​အော်​.. 19 ​ပေါ့.."

" omm.... ဒါနဲ့ မင်း Zhang Shen Wei တို့နဲ့ သိတာလား.. မ​နေ့က​ရော ဒီ​နေ့​ရော မင်းကို သူတို့နဲ့ ​တွေ့​နေလို့.."

" ဟင်​..ငါက သူ နဲ့ မသိပါဘူး.. Li Na ကမှ ငါ့သူငယ်​ချင်းပါ.."

" ​အော်​.ဟုတ်​လား..ဘယ်​တုန်းက သိတာလဲ.. စိတ်​စုတယ် ​လို့​တော့ မထင်​နဲ့​နော်​.. Li Na တို့ကို လူသစ်တစ်​​ယောက်​နဲ့ တွဲ​မြင်​​နေရလို့ အကုန်​လုံးကလဲ အရမ်းအံ့သြ​နေကြတာ..သူတို့က ​တော်​ရုံလူကို အဖတ်​​​တောင်​မလုပ်​ပဲ သူတို့အုပ်​စုနဲ့ သူတို့​နေကြတဲ့ သူ​တွေမလို့​လေ.."

"" ​အော်​..အဲ့လိုလား.. Li Na နဲ့ငါက ငယ်​သူငယ်​ချင်း​တွေ​လေ..ငယ်​ငယ်​ထဲက အိမ်​ချင်းကပ်​ရပ်​​နေလာကြတာ..ဒါ​ပေမယ့်​ ဒီ​ကျောင်းကြမှ ပြန်​​တွေ့ဖြစ်​ကြတာပါ.. ဒါနဲ့ မင်းက fresher မဟုတ်​ဘူးလား.. ဘာလို့ ဒီ​လောက်​​တောင်​ သိ​နေတာလဲ.."

" တကယ်​က ငါတစ်​နှစ်​ကျထားလို့​လေ ဟီး..မနှစ်​က စာ​မေးပွဲ​နီးမှ အူအတက်​​ပေါက်​လို့ ​​ကျောင်းနားလိုက်​တာ.."

" ​အော..န​မျောစရာကြီး.. အခုသက်​သာသွားပြီလား.."

" အင်း..မဆိုးဘူးလို့ပဲ ​ပြောရမှာ​ပေါ့.."

" ဒါနဲ့ Zhang Shen Wei တို့အ​ကြောင်းအ​တော်​သိလား..ငါက LiNa နဲ့​တောင်​ ပြန်​​တွေ့တာ မကြာ​သေး​တော့ သူ့တို့အ​ကြောင်း သိပ်​မသိလို့.."

" အင်း..သိတာ​ပေါ့..သူတို့က ​ကျောင်းမှာ နာမည်​ကြီး​တွေပဲ​လေ.. Li Na တို့က အစက သူ့အဖွဲ့နဲ့သူပဲ.. Zhang Shen Wei နဲ့တွဲပြီး​နောက်​ပိုင်း သူတို့အဖွဲ့နှစ်​ဖွဲ့ ​ပေါင်းပြီး ပိုနာမည်​ကြီးသွားတာ.. ဘယ်​လို ​ပြောရမလဲ.. အဖိုးတန်​​ပေ့ ​ဈေးကြီး​ပေ့ ဆိုတာ​တွေ အပြိုင်​အဆိုင်​ဝတ်​ကြပြီး ပိုက်​ဆံကို ​ရေလို သုံးနိုင်​​တဲ့ အဖွဲ့​ပေါ့.. မိဘ​တွေကလဲ အရမ်းချမ်းသာကြတာကိုး.. ပိုက်​ဆံရှိတဲ့ သူ​တွေချင်းကိုပဲ ​ရွေး​ပေါင်းကြတာ​လေ.. ပြီး​တော့....သူတို့က...."

သူတို့ နှစ်​​ယောက်​ ​ခေါင်းချင်းဆိုင်​ပြီး ​ပြော​နေတုန်း ဆရာဝင်​လာတာ​ကြောင့်​ Yan Yi Jun မျက်​နှာ စူပုတ်​သွားသည်​။
အချိန်​​ကောင်းပဲ ဆရာ.. တကယ့်​ ကိုအချိန်​​ကောင်းပဲ..

✨ ဆက်​ရန်​ ✨

✨ ဒါနဲ့ Book name ကို Who You are က​နေ Destined လို့​ပြောင်းလိုက်​ပါပြီ​နော်​ 😘 အရင်​နာမည်​ အဓိပ္ပါယ်​ကို အ​တော်​သ​ဘောကျ​ပေမယ့်​ ရိုး​တာရယ်​..ပီး​တော့ who are you ကို မှား​ရေးထားတာ​တေ ဘာ​တေ ထင်​​တဲ့သူ​တေ ရှိလာမစိုးလို့ ပါ😁 ပြီး​တော့ chapter 1 ..2 ​တွေအစား... ​ခေါင်းစဉ်​​လေး​တွေ နဲ့ပဲ ​ရေးပါ​တော့မယ်​.. အဲ့လို​လေး​တွေက ပိုကြည့်​​ကောင်းသလားလို့ပါ 😘 ကြားရက်​​တေထဲ update နိုင်​​အောင်​ ကြိုးစားပါ့မယ်​ Thanks for reading 💖 ✨

🌟25.6.2017🌟

Bạn đang đọc truyện trên: Truyen247.Pro