တစ်စတစ်စနှောင်ဖွဲ့မိခြင်း
အပိုင်း(၃၅)
အသက်18 နှစ်ပြည့်ပြီးထဲက သူ့အနာဂတ်အတွက်Yan Yi Jun ပိုတွေးဖြစ်သည်။ 18နှစ်ပြည့်ဆိုတာ တရားဝင် အရွယ်ရောက်ပြီလို့ လူတွေသတ်မှတ်ကြသည့်အသက်အပိုင်းခြားမလို့ တစ်ခုခုလုပ်ချင်တာလိုလို ငွေပဲရှာချင်တော့တာလိုလိုအတွေးတို့က ခဏခဏခေါင်းထဲရောက်လာတတ်သည်။ သူ့အဖေကို နောက်ထပ်အားမကိုးဖို့ယတိပြတ်ဆုံးဖြတ်လိုက်ပြီဆိုလျှင် ရှေ့လျှောက်သူရပ်တည်သွားဖို့ ငွေစတင်လိုလာမည်။ လက်ထဲမှာ ရှိနေတဲ့ ငွေဆိုသည်မှာလဲ ကျောင်းနှစ်ဆုံးနှစ်အထိ အထောက်အကူဖြစ်ဖို့က လုံးဝပင်မဖြစ်နိုင်။
" အချိန်ပိုင်းအလုပ်တစ်ခုခုရှာဦးမှပါ.."
ငယ်ငယ်ထဲက ငွေရေးကြေးရေးဘာမှမပူပင်ပဲ နေလာရသည်မလို့ ရုန်းကန်လှုပ်ရှားမှုတွေရဲ့ အဓိပ္ပါယ်ကို သူနားမလည်။ ပထမဆုံး သူများအလုပ်ကို လုပ်ရမည်မလို့ ထိုအတွေးကသူ့ကို အနည်းငယ်တော့စိတ်လှုပ်ရှားစေသည်။ သူ့အလယ်တန်းကျောင်းတုန်းက သူငယ်ချင်းတော်တော်များများက အချိန်ပိုင်းလုပ်ရင်းကျောင်းတက်နေကြသူတွေ များသည်မလို့ သူတို့ဆီက အကြံနည်းနည်းအရင်ယူလိုက်ဖို့ သူစဉ်းစားလိုက်သည်။
" ဟူး..အခုတော့ ဗိုက်ဆာလာပြီ..တစ်ခုခုအရင်စားဦးမှပါ.."
Yan Yi Jun ရေခဲသေတ္တာကိုလှပ်လိုက်ရင်း အရင်နေ့က စူပါမားကတ်က ဝယ်လာသည့် kim chiတစ်ဘူးကိုထုတ်လိုက်သည်။ ပြီးတော့ မနက်ခင်းက စားလက်စ လက်ကျန်ဝက်ပေါင်ခြောက်တစ်ချို့ ။ ထမင်းခူးမလို့ ပေါင်းအိုးကို လှပ်လိုက်တော့ Yi jun အံ့သြ သွားသည်။ ဆန်နှင့်ရေက သူထည့်ခဲ့တုန်းကအတိုင်း ဆန်အစေ့လိုက်တို့၏ အပေါ်မှာ ရေအချို့က နေရာယူလို့။
" ဘာလဲကွာ..အိုးပျက်တာလား..စိတ်ကုန်ပါတယ်.."
ထမင်းအုံးအဖုံးကို စောင့်ပိတ်လိုက်ရင်းဟိုကြည့်သည်ကြည့်လုပ်မှ သူအဖြေတွေ့သွားသည်။ သူ ထမင်းအိုးတည်တုန်းက မီးမဖွင့်ခဲ့မိတာ...။
" အား.. ဘာလို့လဲ...အကျင့်ကိုမကောင်းဘူး...ဗိုက်ဆာနေပါတယ်ဆိုမှ နင်တို့ကပါ..!"
Yi Jun အိပ်ခန်းထဲ မပြေးရုံတစ်မယ်သွားလိုက်ရင်း ခေါင်းအုံးပေါ်မျက်နှာ အပ်လိုက်သည်။ မျက်ရည်တစ်စက်က ပေါက်ခနဲကျပြီး ခေါင်းအုံးထဲစိမ့်ဝင်သွားသည်။ အခုရက်ပိုင်း အကြောင်းအရင်းရေရေအရာရာမရှိဘဲ လူကအလွယ်တကူ မျက်ရည်လွယ်နေသည်။တစ်ယောက်ထဲရှိပြီး တိတ်ဆိတ်နေတဲ့ အခန်းကျယ်ကြီးကို ကြည့်ပြီး ရင်ထဲအလိုမကျမှုတွေ ငိုချင်သလိုလိုတွေဖြစ်လာတာလဲအခါခါ..။
ဘေးနားခုံပေါ်မှာတင်ထားတဲ့ The Road concert goods တုန်းက သူဝယ်ထားတဲ့ Tao ge ပုံ pillow လေးကိုကျပ်နေအောင်ဖက်လိုက်သည်။ နံရံပေါ်က Cara Delevingne ကိုကြည့်ရင်း သူခပ်တိုးတိုးရေရွတ်မိသည်။
" Jie ရယ်..ကျွန်တော်အရမ်းပင်ပန်းတာပဲ..ဘာမှလဲ အဆင်မပြေဘူး..ဘာတွေဆက်လုပ်ရမယ်ကိုမသိဘူး..ဟိုကောင်ကလဲ ကျွန်တော့်အားနည်းချက်ကို နင်းပြီး အမျိုးမျိုးအနိုင်ကျင့်နေတယ်..သူဒုက္ခအပေးဆုံးပဲ..ကျွန်တော်လဲသာမန်ယောကျာ်းလေးတစ်ယောက်လိုနေချင်တာပေါ့ ဗျာ.."
Cara ကတော့ သူမရဲ့ အရှိအရှိတိုင်းကို ချပြဖို့ဘယ်တုန်းကမှမတုန့်ဆုတ်ခဲ့။ အရင်နေ့ကလဲ IG ပေါ်ကို သူမမျက်နှာပေါ်က အဖုအပိန့်ပုံတွေ တင်လိုတင်။ သူမက ကိုယ့်ကိုကိုယုံကြည်မှုတွေနဲ့ အမြဲတောက်ပနေခဲ့တာ။ သူကတော့...
" အား..မသိဘူးမသိဘူး..အဲ့ဒါ ဟိုကောင့်ကြောင့်ပဲ..အကျင့်ပုတ်ကြီး ဘာတွေအရူးထနေမှန်းကိုမသိဘူး.."
Zhang Shen Wei အကြောင်းစဉ်းစားမိတော့ သူဖက်ထားတဲ့ ခေါင်းအုံးကိုပင် မဆီမဆိုင်နှစ်ချက်လောက်ချလိုက်မိပြီး ပီးမှ Tao ge ကိုအားနာနေရသည်။ ခုံပေါ်ဖုန်းမြည်လာလို့ ကောက်ကိုင်ကြည့်လိုက်တော့ Zhang Shen Wei ဆိုသည့်နာမည်ကြီးက ပြူးပြဲလို့။
" ဘာလဲ.."
" ဟွန်း..ထူးပုံကလဲ.."
လာပါပြီစကားပင်စပြောမည်မကြံသေး။
" ဘာပြောမှာလဲပြော..ခင်ဗျားကို သိပ်ကျေနပ်တယ်များမထင်နဲ့.."
" ခင်ဗျားလေးက အမြဲစွာတေးလန်နေတာပဲ..မင်းကိုပြောစရာရှိတယ်..အောက်ကိုဆင်းလာခဲ့.."
" ဟင်..ဘာကို အောက်ကိုဆင်းလာရမှာလား..ဒီကပဲပြော.."
" ကျစ်..အောက်ကိုဆင်းလာဆို ဆင်းလာပေါ့..လူကြီးကပြောနေတာကို..မင်းတို့တိုက်ခန်းဘေးက ဘတ်စကတ်ကွင်းဆီကိုလာခဲ့..."
Zhang Shen Wei က ဆင်းလာဆို၍သာ Yan Yi jun စူပုတ်ပုတ်နှင့်ဆင်းလာသည်။ ဘတ်စကတ်ဘောကွင်းထဲက ခုံပေါ်မှာ ထိုင်နေသည့် အဲ့လူကြီးကိုမြင်တော့ သူမကျေနပ်သလိုအကြည့်နှင့်ကြည့်လိုက်သည်။ ဘေးနားတွင်လည်း ဘတ်စကတ်ဘော ဘောလုံးက ပါသေးသည်မလို့ ဘာတွေကြံစည်နေမှန်းပင်မသိ။
" သူများတိုက်ခန်းကိုဘာလာလုပ်တာလဲ..ခင်ဗျားကို ဘယ်သူက ခေါ်လို့လဲ.."
"" မင်းကလေ အရမ်းစကားများတာပဲ..စကားကိုကောင်းကောင်းပြောမရဘူး...ရော့..."
Zhang Shen Wei ပစ်ပေးလိုက်သည့် ဘောလုံးကိုသူဖမ်းလိုက်ရင်း...
" ဘာလုပ်ရမှာလဲ.."
" Team Captain တစ်ယောက်အနေနဲ့ပြောရရင်..မင်းသေချာလေ့ကျင့်ဖို့လိုသေးတယ်..ကျောင်းပေါင်းစုံပွဲက သိပ်မလိုတော့ဘူးဆိုတော့ ပွဲကြမှ အမှားအယွင်းတွေလုပ်ရင်မဖြစ်ဘူးလေ.."
"ဘာ..ကျွန်တော်အဲ့လောက်ကြီး အခြေအနေမဆိုးပါဘူး..team ထဲမှာဆိုရင် အားထားရလို့ နည်းပြကတောင် ချီးကျူးထားတာ..ခင်ဗျားသူများကို သိပ်အထင်မသေးနဲ့.."
" အဲ့ဒါ နည်းပြLin ချီးကျူးတာ ကိုယ်ချီးကျူးတာမဟုတ်ဘူးလေ..ကိုယ်ကမင်းကိုအထင်သေးတယ်လို့ဘယ်သူပြောလဲ..ကိုယ်က မင်းကိုပိုတော်စေချင်တာ.."
Zhang Shen Wei က တစ်ချက်ပြုံးလိုက်ရင်း..
" အဲ့တော့ကား..မင်းနဲ့အတူကိုယ်ပုံမှန်လေ့ကျင့်ပေးမယ်...ညနေဒီလိုအချိန်တိုင်း ကိုယ်ဒီမှာစောင့်နေမယ်
Zhang Shen Wei က စကားအဆုံးမှာ သူ့ကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်တာမလို့ Yi jun မျက်နှာ ရှုံ့မဲ့သွားသည်။
" မလာချင်ပါဘူး..ကိုယ့်ဘာသာဆိုရင်တောင် လေ့ကျင့်ချင်ဦးမှာ ခင်ဗျားနဲ့ဆိုရင်တော့ No ပဲ..မ..လာ..ဘူး .. ဒါပဲ.."
" ဒါကိုယ် team captain တစ်ယောက်အနေနဲ့ပြောနေတာ Jun..မင်းဖက်က ပြိုင်ပွဲအတွက်အသင့်မဖြစ်ရင်တော့ ပြိုင်ပွဲအတွက်မင်းကျန်ခဲ့မှာပဲ..မင်းနေရာအချိန်မရွေးအစားဝင်နိုင်တဲ့ လူဟောင်းတွေ ကိုယ်တို့ team မှာ အများကြီးရှိတယ်ဆိုတာ မမေ့နဲ့.."
" ဆော့ရင်ပြီးတာပဲမလား..! "
သူစိတ်ပေါက်ပေါက်နှင့်အော်လိုက်သည်။တမင်ကြီးအကျင့်ပုတ်နေတာသိပေမယ့် မတတ်သာသည့်အခြေအနေမလို့ Yi Jun ထုံးစံအတိုင်းခေါင်းငြိမ့်လိုက်ရသည်။ အကျီလက်ကို တံတောင်ဆစ်နား တိုးတင်လိုက်ရင်း Yi Jun ဘောလုံးကိုစပုတ်လိုက်သည်။ စိတ်မကြည်သည့်အပြင် ဗိုက်ကလဲဆာနေသည်မလို့ ပစ်ချက်တွေက အလွဲလွဲအချော်ချော်။
" တော်တော့ ခဏနားမယ်.."
Zhang Shen Wei အသံကြားပေမယ့် သူဘောလုံးကို ဆက်ပုတ်နေရင်း ခြင်းတောင်းဆီခုန်ထည့်နေသည်။
" နားမယ်လို့ ပြောနေတယ်လေ Jun..မင်းဆော့ပုံတွေက ဟုတ်ကိုမဟုတ်ဘူး.."
" ခုနကပဲ ဆော့မယ်လို့ပြောတာ ခင်ဗျားမဟုတ်ဘူးလား ရူးနေတာလား..နားတာမနားတာကတော့ ကျွန်တော့်သဘောပဲ..!"
Yan Yi Jun တစ်ချက်ထပ်ခုန်လိုက်ချိန်မှာ ခြေထောက်ခေါက်ပြီး ယိုင်ခနဲဖြစ်သွားသည်။ ဒါပေမယ့် သူ့နောက်က ထွေးပွေ့လိုက်သည့် လက်တစ်စုံကြောင့် သူဟန်ချက်ပြန်ညီသွားသွားသည်။
" ကျစ်..အဲ့ဒါကြောင့် နားမယ်လို့ပြောနေတာ.."
" ရတယ်..ဘာမှမဖြစ်ဘူး..လွှတ်တော့.."
" မင်းကြည့်ရတာ တဖြည်းဖြည်းပိုပိန်လာသလိုပဲ..ထမင်းပုံမှန်မစားဘူးလား.."
သူ့မျက်နှာနားကပ်လာတဲ့ ဟိုလူကြီးမျက်နှာကြောင့် Yi jun မျက်နှာရှိန်းခနဲဖြစ်သွားသည်။ သူ့ကျောပြင်နဲ့ ဟိုလူကြီးရင်ဘတ်ထိကပ်နေတာမလို့ ဘတ်စကတ်ဘောဆော့ထားသည့်အရှိန်ကြောင့် အခုန်မြန်နေသည့် ရင်ခုန်သံစည်းချက်တွေကိုပါ ခံစားလို့ရနေသည်။
" ဘာ..ဘာလုပ်တာလဲ ဖယ်ဗျာ..သိပ်ကပ်မလာနဲ့.."
သူ့ဝမ်းဗိုက်နားကို သိုင်းဖက်ထားသည့် သန်မာကြောင်းသိသာလှသည့် လက်တို့ကပိုပြီးတင်းကြပ်လာခဲ့သည်။
" မင်းငါ့ဆီက မလွတ်မြောက်နို်င်ပာဘူး Jun.."
နားနားခပ်ဖိဖိထိပ်လာသည့် လေငွေ့နွေးနွေးကြောင့် Yi jun ကြက်သီးများပင်ထသွားသည်။ Zhang Shen Wei ကလဲ လောလောလတ်လတ်ပင် ဘတ်စကတ်ဘောဆော့ထားသည်မလို့ လေသံထဲတွင် အသက် ရှူသံတစ်ချို့ ရောယှက်နေသည်။
" ဆုတောင်းလေ..Zhang Shen Wei.."
Yi jun အားကုန်သုံးရုန်းလိုက်တော့ ဟိုလူကြီးရင်ခွင်ထဲကတော့ ထွက်သွားပေမယ့် သူ့လက်တစ်ဖက်ကို ဟိုကပြန်ဆွဲလိုက်သည်။ အခုတော့ နှစ်ယောက်သားမျက်နှာချင်းဆိုင်အခြေအနေ..Zhang Shen Wei က သူ့ကိုငုံ့ကြည့်နေရင်း ယဲ့ယဲ့လေးပြုံးနေသည်။
" နှေးလွန်းတယ် .. "
Yi Jun စူပုတ်ရင်း Zhang Shen Wei ကို စိတ်ထဲက မေတ္တာပို့နေမိသည်။
သူများကိုများ နှေးလွန်းတယ်လေး ဘာလေးနဲ့.. အမြဲတမ်းလဲ အသားကယူသေး.. ကျက်သတုံးကြီး..ငါ့ကိုတောင် ဒီလိုဆိုရင် LiNa အပေါ်ကိုဆို...
Yi Jun ဆက်မတွေးဖြစ်တော့ သူ့စိတ်ထဲ အလိုမကျမှုတွေက ပိုပိုပြီးကြီးစိုးလာသည်။သူ့ရှေ့က လူကြီးကိုသာ ကုတ်ခြစ်ပစ်ချင်တော့သည်။ Zhang Shen Wei ကိုကြည့်လိုက်တော့ Yi Jun မျက်နှာပြန်ပူတက်လာသည်။ အဲ့လူကြီးက သူ့နှုတ်ခမ်းတွေကို စိုက်ကြည့်နေခဲ့တာ။
" နှာဘူးကြီး.."
သူ နှုတ်ခမ်းကို ဖိကိုက်လိုက်တော့ Zhang Shen Wei အကြည့်တို့က သူ့မျက်ဝန်းဆီပြန်ရောက်လာပြီး သူ့ကို အနေရခက်အောင်လုပ်နိုင်သည့်အကြည့်မျိုးနှင့်ကြည့်နေပြန်သည်။
" " ငါမင်းကိုအရမ်းချစ်တယ် Jun.."
" အမ်?"
ခပ်တိုးတိုးပြောလိုက်သည်ဆိုပေမယ့် Yi Jun သေချာတော့ကြားလိုက်သည်။ အံ့သြလွန်းသွားတာမလို့ တုန့်ပြန်ဖို့စကားရှာမရသည့်အခိုက်အတန့်မှာ ဟိုလူကြီးက သူ့နှုတ်ခမ်းတွေကိုသိမ်းပိုက်သွားပြန်သည်။ သူ့အနမ်းတွေက အရင်အခါတွေကလို ကြမ်းတမ်းမနေ။ အသက်ရှုသံပြင်းပြင်းတွေကြားမှာ နှုတ်ခမ်းပေါ်က နူးညံ့တဲ့အထိအတွေ့တွေက နေရာယူနေသည်။Zhang Shen Wei လျှာနွေးနွေးက သူ့နှုတ်ခမ်းထဲအလည်ရောက်လာတော့ Yi Jun ဟိုလူကြီးကျောကို နာနာပုတ်ပစ်သည်။ ဘာတုန့်ပြန်မှုမှ မရတော့ သူပဲလက်လျော့လိုက်ကတော့သည်။ အနမ်းတွေကို တုန့်ပြန်ဖို့စိတ်ကူးတော့ မရှိပေမယ့် အဲ့လူကြီးနှုတ်ခမ်းတွေနဲ့ ထိတွေ့ရတဲ့အခါ အရင်ကလို စက်ဆုပ်သလိုလို ခံစားချက်မရှိတော့တာကို သူသတိထားလိုက်မိသည်။
" ဂြီ...~~ ဂြီ.."
သူ့ဗိုက်ထဲက အသံအကျယ်ကြီးထွက်လာသည်မလို့ Yi Jun မျက်နှာပူထူသွားသည်။ Zhang Shen Wei မကြားပါစေနဲ့လို့ ဆုတောင်းလိုက်ပေမယ့် ဆုတောင်းပြည့်ခဲ့ပုံမရ။ အနမ်းတွေခဏရပ်သွားပြီး နောက်ဆုံးသူ့နှုတ်ခမ်းလေးကို ရွှတ်ခနဲခွာသွားပြီး သူ့ဆီကနေ ခွာသွားသည်။
" ဘာမှမစားရသေးဘူးလား.."
Yi jun ရှက်လွန်းလို့ မော့ပင်မကြည့်မိ။ သူ့ကိုဇွတ်ကြီးနမ်းသွားတဲ့သူကို မကြည့်ရဲတာအပြင် သူ့ဗိုက်က အသံအကျယ်ကြီး ထွက်သွားသည့်ကိစ္စကြောင့် ပူထူနေသည်။
" ပြန်..ပြန်တော့ နက်ဖြန်မှတွေ့မယ်.."
သူထွက်လာမလို့လုပ်ပေမယ့် ဟိုလူကြီးက သူ့လက်ကိုဆွဲထားသည်။
" တစ်ခုခုစားကြရအောင်..ညနေစာ စားထားတာ စောတော့ ကိုယ်လဲဗိုက်ဆာနေပြီ..ကိုယ်ဝယ်ကျွေးမယ်.."
Yi Jun မငြင်းမိသလို ခေါင်းလဲမငြိမ့်မိ။ အဲ့လူကြီး ဆွဲခေါ်သည့်နောက်ကိုသာ ပါသွားတော့သည်။
အဲ့နေ့ညကနေ Yi Jun စားခဲ့ရသည့် လမ်းဘေးဆိုင်လေးက ထမင်းပူပူလေးနှင့် အိမ်ထမင်း အိမ်ဟင်းလေးတွေက သူ့မှတ်ဥာဏ်ထဲက လွယ်လွယ်ကူကူထွက်မသွားမှာတော့ သေချာလှသည်။
*************
ဒီနေ့ ကျောင်းတက်ရသည်မှာ ထူးဆန်းသလိုလိုရှိနေသည်။ ကျောင်းသူတစ်ချို့က ဟိုနေရာတစ်စု သည်နေရာတစ်စု ရှိနေပြီး တစ်ခါတစ်ခါ ဖုန်းကိုကြည့်ရင်း Fan girl အထာတွေနဲ့အော်နေကြသည်။ အားကျတယ်ဘာညာ..တို့ဘာတို့ရယ်..ချောလိုက်တာဘာညာတို့.. အဲ့လိုပြောတာတွေက ထူးခြားလားဆိုတော့ မထူးခြား.. ထူးခြားသည်က သူတို့ဆီက နောက်ဆက်တွဲ Zhang Shen Wei blah blah.. LiNa blah blah တွေကိုကြားနေရတာဖြစ်သည်။ ယောကျာ်းလေးတစ်ချို့ဆီကပါ ကြားနေရတာမလို့ သူမနေသာတော့။ ဒါ LiNa တို့ Zhang Shen Wei တို့နှင့်သေချာပေါက်ဆက်စပ်နေသည်မဟုတ်ပါလား။
" Good Morning Yi Jun..ကောင်းကောင်းအိပ်ခဲ့ပုံပဲ..မျက်လုံးလေးတွေကို မို့လို့.."
" အင်း..Morning.."
Yi Jun သူ့နောက်က ခုံဆီက Zhang Shen Wei ဆိုသည့်နာမည်ကြားလိုက်တာမလို့ သူမသိမသာနားစွင့်လိုက်သည်။
" ဘယ်နားကြည့်ကြည့် ဒီအကြောင်းပြောနေတာချည်းပဲ..Zhang Shen Wei တို့ကတော့ နာမည်ကြီးပြီးရင်း ကြီးပဲ.."
Li hong Yiကပါပြောလာသည်မလို့ Yi Jun မနေနိုင်တော့
" ဘာဖြစ်လို့လဲ..ခုနထဲက သိချင်နေတာ.."
"လာခဲ့..ပြမယ်.."
Li Hong Yi က ဖုန်းကိုထုတ်လိုက်ပြီး..Weibo ထဲဝင်လိုက်သည်။ ပြီးတော့ search မှာ Handsome ShenWei Ge ဆိုတာကို ရိုက်လိုက်တော့ ဟိုလူကြီးပုံနဲ့ acc ပေါ်လာတော့ Yi Jun မျက်ခုံးပင့်သွားသည်။ username ကတော့ တကယ့်ချဉ်စရာ..profile pic ကတော့ အမြင်ကတ်စရာကောင်းလောက်အောင်ပင် မိုက်လွန်းနေတာကို သူဝန်မခံချင်ဘဲ ဝန်ခံရလိမ့်မည်။ 😢
(Weibo ကတော့တရုတ်ဖွဘုတ်ပေါ့ 😂.. အဲ့ဒါကို အစိုးရကထိန်းချုပ်ထားတာ..ဟိုမှာသည်မှာ ရာဇဝတ်မှုဖြစ်ရင် လဲတန်းသိနိုင်..မလိုလားတဲ့သတင်းဆိုလဲ တခါထဲတန်းပိတ်လို့ရ..မိုက်ချက် : 3 )
" သူ့ weibo က ဘာဖြစ်လို့လဲ.."
"မနေ့က LiNa နဲ့ Zhang Shen Wei ရဲ့ ရက် 500 ပြည့်လေ.. နှစ်ယောက်သား RS goal တွေ တင်ထားတာ..လုံးဝ အဖိုင်းစားတွေ..အဲ့ဒါ ဟိုလူက share..ဒီ လူက share.. တချို့ နာမည်ကြီး acc တွေကပါ ပြန်တင်ကြတော့ နာမည်အတော်ကြီးပြီး weibo မှာ trending တောင်ဖြစ်သွားတာ.. မင်းက weibo မသုံးတော့ မသိလိုက်တာနေမှာ.."
Zhang Shen Wei ပြတဲ့ ပုံတွေကိုတော့ Yi Jun ရင်ထဲ ခံရခက်စွာနဲ့ တနုံ့နုံ့..။LiNa ကိုင်ထားတဲ့ အနီရောင်နှင်းဆီပန်းစည်းကြီးတွေ..နှစ်ယောက်သားရယ်မောပျော်ရွှင်နေကြသည့်ပုံတွေရယ်..ကျောပိုးထားပြီး...တောင်တက်နေသည့်ပုံတွေရော..ပုံတွေတကယ်ပင်မနည်းမနော။
ူဆက်မကြည့်ဖြစ်တော့ပဲ မျက်နှာလွှဲလိုက်သည်။ ဒေါသထွက်သည်။ ခံရခက်လှသည်။မလာပါနဲ့ ဘယ်လောက်ပြောပြော ညနေဆိုရင် ဘတ်စကတ်ဘောလာလာဆော့တတ်တာ တစ်ပတ်ကျော်ပင်ရှိနေပြီ။ သူဘယ်လောက်ပြောပြော အပြုံးတွေနဲ့ပဲ သူ့ကို အမြဲတုန့်ပြန်တော့တဲ့ Zhang Shen Wei..အဲ့လူကြီးပြောပြောနေတဲ့ ချစ်တယ်ဆိုတဲ့ စကားက စိတ်ရင်းလားလို့ပင်သူပေါက်တတ်ကရတွေးမိခဲ့သေးသည်။
" Zhang Shen Wei..Zhang Shen Wei..ခင်ဗျားကြီးနဲ့ တကယ်တွေ့မယ်.."
" LiNa တင်တာရော ကြည့်ဦးမလား..လူတွေကတော့ RS goal ထိုင်အော်နေကြတာ.."
" တော်စမ်းပါအရည်မရ အဖတ်မရတွေ..အားအားယားယားတွေ.. အဲ့ဒါကြောင့် Weibo ကိုမသုံးတာ..အရေးကမပါဘူး."
သူပြောလိုက်တော့ Li Hong Yi တန်းပါးစပ်ပိတ်သွားသည်။ ဟိုလူကြီးကြောင့် ဒီနေ့တစ်နေ့လုံး စိတ်ကြည်စရာအကြောင်းမရှိတော့မည်မှာ သေချာပေါက်ပင်။
🌟အပိုင်း (36) ဆက်ရန်🌟
🌟ဟိုတျောက် author ဒိတ်သယ်နော် 😝. နောက်တပိုင်းကို နက်ဖြန် ဒိတ်ဖို့တော့ ကြိုးစားပါ့မယ်..နက်ဖြန် မဒိတ်ဖြစ်ရင်တော့ နောက်တပတ် monday မှ ရေးနိုင်တော့မယ် 😢 စာရေးချင်တဲ့ mood လေးကို on ထားပါတော့မယ်လို့ 😂 ဒီတစ်ခါ ထပ်ကြာရင် ခေါင်းသာလာခေါက်ကြပါတော့ 😂fic လေး မထင်မှတ်ပဲ 110k ကျော်ခဲ့ပါပြီ..ဒီနေရာမှာ ပြောစရာလေးတစ်ခုရှိပါတယ်..ဒီ fic က author ကိုယ်တိုင်ရေးတဲ့ fic ပါ..own creation ပာနော်..မကြာခဏဆိုသလို translation reading list ထဲ ထည့်ခံနေရလို့ပါ.. အပျော်တမ်းရေးတဲ့ စာအုပ်လေးမို့ လိုအပ်ချက်တွေ အားနည်းချက်တွေကို သည်းခံပေးကြပါလို့.. Destined လေးကြောင့် Follower 1300 ကျော်လဲ ရခဲ့ပါတယ်..စာဆက်ရေးဖို့ ခွန်အားတွေ ဖြစ်ပေးခဲ့တဲ့ reader တစ်ဦးတစ်ယောက်ချင်းဆီကို ကျေးဇူးအများကြီးတင်ပါတယ်လို့...ရှေ့လျှောက်ကြိုးစားရေးသွားပါ့မယ်.. Love You All ❤ 🌟
🍑 Dream-catcherr 🍑
🌟24.1.2018🌟
Bạn đang đọc truyện trên: Truyen247.Pro