တိုက်ဆိုင်မှုမမည်သောရေစက်တစ်ခု
အပိုင်း(၅)
" ကိုကို..Bae က အရမ်းကို သတိရနေတာသိလား.."
ခုံပေါ်က ထသွားလိုက်ရင်း ထိုZhang မျိုးရိုး ရင်ခွင်ထဲကို ပြေးဝင်သွားသည့် Li Na ကြောင့် Yan Yi Jun တစ်ကိုယ်လုံးက သွေးတို့ ငယ်ထိပ်စောင့်တက်သွားသလို ခံစားလိုက်ရသည်။
" ဘာတွေ ဘယ်လို ဖြစ်ကုန်ပြီလဲ.."
"Wooooo!!"
သောက်ကဲပိုလွန်းသည့် အတွဲကို ဘေးက ဝိုင်းက ကျောင်းသူကျောင်းသားတွေက ဘာတွေများသဘောကျနေကြသည်မသိ.. Wooo...ဆိုသောအသံတွေက ကန်တင်းတစ်ခုလို့ လျှံတက်လာသည်။ ကာယကံရှင်တွေ ဘယ်လိုနေလဲ မသိပေမယ့် Yan Yi Jun ကတော့ ချက်ချင်းမျက်နှာပူတက်လာသည်။
" ဟာ ရှက်စရာကောင်းလိုက်တာ..Li Na နင်ဘာတွေ လျှောက်လုပ်နေတာလဲ.."
သူ ဟိုသကောင့်သား ရင်ခွင်ထဲက Li Na ကို သွားဆွဲထုတ်ရမလို..ရည်းစားကြီးငုတ်တုပ်ရှိလျက်နဲ့ အပြင်မှာအပျာ်ကြံသည့် အတွက် ဟိုကောင့်ကိုပဲ သွားဆွဲထိုးရမလို စသည်ဖြင့်အတွေးများက ခေါင်းထဲ ပြည့်ကြပ်လာသည်။
" နေဦး..နေဦး.. အဲ့လိုကြီးသွားလုပ်လို့လဲ မရသေးဘူး..relax..relax.."
သူလေပူတွေကို ပုတ်ထုတ်ရင်း ခေါင်းကြည်အောင် ပြန်ကြိုးစားနေသည်။ သူတကယ်ကို သိပ်မယုံချင်သေး..Li na က အဲ့ကောင်နဲ့မှ တွဲနေတာတဲ့လား.. ဘယ်နားမှ အချိုးမပြေသည့်အပြင် သူ့အပေါ်တစ်စက်မှသစ္စာမရှိသည့် အဲ့အကောင်နှင့်မှ..
အား.......
တကယ်လို့ သူသာသွေးတိုးရောဂါရှိခဲ့လျှင် သွေးတက်ရလွန်းလို့ အခုချိန် ဆေးရုံလဲ ရောက်ချင်ရောက်သွားနိုင်သည်။
" မဖြစ်သေးဘူး..မဖြစ်သေးဘူး..အဲ့နေ့က ဖြစ်တဲ့အကြောင်း Li Na ကို ပြောကိုပြောပြရမယ်..ဒီလိုလူနဲ့ ဆက်တွဲလို့
လုံးဝ..လုံးဝကို မဖြစ်ဘူး.."
" ကိုကို.. လာ..Bae ရဲ့ ဘေးထိုင်..."
" ဘုန်း."
" အမေ့!!"
ခုနက တစ်ဖက်တည်းလွယ်ထားသည့် ကျောပိုးအိတ်ကို စားပွဲခုံပေါ် စောင့်ချလိုက်သည့် Zhang Shen Wei [ကျန်းရှန်ဝေး] ကြောင့် Yan Yi Jun ရင်ထဲလန့်ခနဲ ဖြစ်သည်နှင့်တပြိုင်နက် ပါးစပ်ကလဲ အသံလွှတ်ခနဲ ထွက်သွားသည်။
သူ့အသံကြောင့် ခုနက စူပုတ်နေတဲ့ Zhang Shen Wei မျက်နှာမှာ မချိုမချဉ် အပြုံးတစ်ခု ပေါ်လာရင်းနှင့်..
" အော် လန့်သွားသလား.. ဆောရီးပဲ.."
" မင်း...!"
Yan Yi Jun အတွင်းနှုတ်ခမ်းသားတို့ကို တစ်ချက်ဖိကပ်လိုက်ရင်း.သူခုံပေါ်က ဝုန်းခနဲ ထလိုက်သည်...ရှင်းရမည်..
ူဒီလူနှင့် ဇာတ်လမ်း အပြတ်ရှင်းမှကို ရတော့မည်...
" ကိုကို..ကလဲ..ဘာလို့ Xiao Jun ကို လန့်အော်လုပ်လိုက်ရတာလဲ..Xiao Jun က သူ့ကိုရုတ်တရက်ခြောက်လိုက်တာတို့..သူ့ဘေးနားအသံကျယ်ကျယ်တို့ ဗြုန်းစားကြီးထွက်လာတာတို့ဆို အရမ်လန့်တတ်တာ .. သူက အရမ်းအသဲငယ်တယ် ကိုကိုရဲ့... ငယ်ငယ်တုန်းကဆို Xiao Feng [ရှောင်ဖုန်း] က သရဲမျက်နှာဖုန်းဝတ်ပီးသူ့ကိုခြောက်လိုက်တုန်းက အလန့်လွန်ပြီး မေ့လဲသွားလို့ မနည်းနှာနှပ်ယူလိုက်ရသေးတယ် ကိုကိုရဲ့.. နောက်ဒါမျိုးမလုပ်ရဘူးနော်.."
မခြောက်ရဘူးလို့ပြောချင်နေတာလား..သူ့ငယ်ကျိုးငယ်နာတွေထိုင်ဖော်နေတာလား မသဲကွဲတဲ့ သူ့သူငယ်ချင်းကို ကြည့်ရင်း Yan Yi Jun ပါးစပ်အဟောင်းသားဖြစ်သွားသည်။ Zhang Shen Wei က သူ့ကို လှောင်ပြုံးနဲ့လာကြည့်တော့ ခုနက ထွက်နေတဲ့ ဒေါသတွေက Li Na ဆီသို့ စတင်ကူးပြောင်းသွားသည်။
" Xiao Jun နင်ဘာလို့မတ်တပ်ကြီးရပ်နေတာလဲ.. ဘာစားမလို့လား.."
Li Na စကားကြောင့် Yan Yi Jun ရဲ့ သည်းခံနိုင်စွမ်းတို့ အလိုလို limit ပြည့်သွားသည်။
" စား..စားနင့်ဘာသာနင်ကြိုက်သလောက်စား.. ဝက်ဖြစ်အောင်လဲ စားချင်စား..ငါတော့သွားပြီ.."
Yan Yi Jun စောင့်ကြီးအောင့်ကြီးနဲ့ သူ့ကျောပိုးအိတ်ကို ဆွဲရင်းထွက်လာသည်။ သူပုံစံက ကလေးဆန်နေမှာတွေ ဘာတေ သူမစဉ်းစားနိုင်တော့..အဲ့နားထပ်ထိုင်နေရင် ဒေါသထွက်ရလွန်းလို့ လူကအငွေ့ပျံသွားနိုင်သည်။
" ဘာလဲ..စိတ်ဆိုးသွားတာလား.. ဟီးဟီး..ငါကဒီအတိုင်းပြောလိုက်တာပါဟ... ငယ်ငယ်က နင့်ပုံစံလေး မျက်လုံးထဲပြန်ပေါ်လာတော့ စကားတွေက အလိုလိုထွက်သွားတာကြီး.."
ကန်တင်းမှာ မကျန်ခဲ့ပဲ သူ့ဘေးနားကပ်ပါလာသည့် Li Na ကြောင့် Yan Yi Jun ခြေလှမ်းတွေကို တုန့်ခနဲ ရပ်လိုက်ရင်း Li Na ကို ဘုကြည့်ကြည့်လိုက်သည်။
" ဘာလိုက်လုပ်ပြန်တာလဲ.."
သူစိတ်ပေါက်ပေါက်နှင့် အော်လိုက်သည်။ Li Na ကိုကြည့်ရတာ သူ့မျက်လုံးထဲတော့ သွက်လက်လွန်းတာထက် ပြာကလက်စိန်နေတာနှင့်ပင် ပို၍ တူနေသည်။
" တကယ်ကြီးစိတ်ဆိုးသွားတာလား..ငါက ပျော်နေပျက်စေ သဘောနဲ့ ပြောလိုက်တာပါ.. နင်မကြိုက်ရင် နောက်မပြောတော့ဘူးလေဟာ.."
Li Na ရဲ့ ပြောင်းလဲသွားသည့် လေသံနှင့်အတူ ပျက်ယွင်းသွားတဲ့ မျက်နှာကို မြင်တော့ Yi Jun ရင်ထဲ မကောင်းဖြစ်သွားရသည်။
" ထားပါတော့.. ထားပါတော့..ငါပဲ မှားတာပါ.."
" ကောင်စုတ်လေးကလဲ စိတ်ချည်းပဲ..နောက်ကို ကျွန်မသတိထားပါ့မယ် ဟုတ်ပြီလား..လာပါဟာ..ဟိုပြန်သွားရအောင်..ကိုကို တစ်ယောက်ထဲကျန်ခဲ့တာ..ပြီးတော့
နင့်ကိုငါ ကိုကိုနဲ့တောင် မိတ်မဆက်ပေးရသေးဘူး.."
LiNa ဆီက တ ကိုကို..အသံတိုင်းက သူ့နားထဲကို ကန့်လန့်လိုက်ကြီး စီးဆင်းသွားသည်ချည်း..
" ငါသူနဲ့ မခင်ချင်တာမလို့.. နင်ငါ့ကို ထပ်မိတ်မဆက်ပေးလဲ ဖြစ်တယ် ဟုတ်ပြီလား..ငါ့ကို ကျောင်းကို လိုက်ပြမယ်လို့ ပြောထားတယ်မလား.. အခုလိုက်ပြပေတော့.."
" ဟင်..နင်ကလဲ..ဘာလို့လဲ.. နင်က Zhang Shen Wei ကို သဘောမကျဘူးလား..ကိုကိုက ဒီလောက် ချစ်ဖို့ကောင်းတာကို.. "
..အော်.. Zhang Shen Wei..ဟုတ်သားပဲ.. ချစ်သူများနေ့မှာ မွေးတဲ့ သကောင့်သား နာမည်ကZhang Shen Wei..
သူ အဲ့လူနာမည်ကို Zhang တစ်လုံးပဲ မှတ်မိပေမယ့် မွေးနေ့ကတော့ မှတ်ရလွယ်တာမလို့ အသေအချာကို မှတ်မိနေသည်။
" ဒီလိုပါပဲ.. သဘောမကျလောက်တဲ့ အကြောင်းအရာက သေချာပေါက်ကို ရှိနေလို့ပေါ့.."
အဲ့နေ့က သူမြင်ခဲ့တဲ့ ကြုံခဲ့တဲ့ အကြောင်းအရာတွေက ခေါင်းထဲတန်းစီပေါ်လာတာမလို့ Yan Yi Jun မျက်နှာ ချက်ချင်းမှုန်ကုတ်စူပုတ် သွားရင်း...
" Zhang Shen Wei.. Zhang Shen Wei.. မင်းနဲ့ Li Na ဒီလ သေချာပေါက် ကွဲကို ကွဲစေရမယ်.. မင်းလိုလူ လက်ထဲ Li Na ကို လုံးဝ မထည့်နိုင်ဘူး..မင်းလုပ်ထားသမျှလဲ ဘူးပေါ်သလို ပေါ်ပြီသာ မှတ်လိုက်တော့.."
Yan Yi jun တစ်ယောက် အသံတိတ်ကြုံးဝါးရင်း သူလုပ်ရမည့် လုပ်ငန်းစဉ်တွေကို ခေါင်းထဲ အစဉ်လိုက် အကွက်ချနေတော့သည်။
*************
Zhang Shen Wei ၏ အခုချက်ချင်း လူသတ်တော့မလို မျက်နှာပေးနှင့်အတူ သူ့နားက အန္တရယ်အငွေ့အသက်တွေ က အရပ်လေးမျက်နှာကို ပျံ့နှံ့နေတာကြောင့် လျှောက်လမ်းပေါ်လျှောက်နေသည့် ကျောင်းသားကျောင်းသူတွေက ဘေးကို အလိုလို ရှဲကုန်သည်။
သူ Fresher ဘဝထဲက သူငယ်ချင်းနေတဲ့ အတူ စုမြဲဖြစ်တဲ့ အခန်းထဲကို ဝင်သွားတော့ သူ့ဘော်ဒါတွေက သူ့ကို အထူးအဆန်းကြည့်လာကြသည်။
" မုန်တိုင်းအခြေအနေကတော့ အနီရောင်အဆင့်ပဲ.. ဘာဖြစ်လာတာလဲ.. မင်းmama နဲ့ ကွိုင်လာတာလား.."
" mama နဲ့ ကွိုင်တယ်ဆိုရင် တော်သေးပါတယ်ကွာ.. အခုဟာက .....တောက်!"
သူ တွေးရင်း ယောကျာ်းလိုလိုမိန်းမလိုလို မချိုမချဉ်ရုပ်နှင့်ကောင်လေး၏ မျက်နှာကို မြင်ယောင်လာတာကြောင့် ဒေါသက ပြန်ထွက်လာသည်။
" Wow.. ငါတို့ရဲ့ Shào yé ( သခင်လေး ) ကို ဒီလောက်ဒောသထွက်အောင် ဘယ်သူကများ လုပ်လိုက်နိုင်တာလဲ.."
သူတို့အဖွဲ့ထဲမှာ Zhang Shen Wei ပြီးရင် အချောဆုံးဖြစ်သည့် Xú fēng / ရွှီဖုန်း က သူ့ကို ပြုံးစစနှင့် မေးလာသည်။
" ငါဟိုတလောက ဟိုတယ်မှာ ဖြစ်ခဲ့တယ်အကြောင်း မှတ်မိသေးတယ်မလား.."
" ဒာပေါ့ Legend ကြီးပထမဆုံးဂျင်းမိလာတဲ့ အကြောင်းပဲ ဘာလို့ မေ့ရမှာလဲ.. "
" ခွေးကောင်တွေ ငါ့ရင်ထဲ ပန်းတွေ ပွင့်နေတာ မဟုတ်ဘူးနော်.."
သူအံကြိတ်သံနှင့်ပြောတော့ အကုန်လုံးက ဝိုင်းရယ်ကြသည်။ Zhang Shen Wei ဆိုတာ..အထက်တန်းကျောင်းသားဘဝထဲက ရည်းစားထည်လဲတွဲခဲ့သူ.. သူ့ထက် ငယ်တဲ့ကောင်မလေးတွေကို တွဲဖူးသလို Jie Jie များကိုလဲ သူတွဲခဲ့ဖူးသည်။ မိန်းကလေးတွေနှင့် ပတ်သက်ရင် သူဘယ်တုန်းကမှ အသဲကွဲခဲ့ရသည်.. ဒူးထောက်ခဲ့ရသည်.. အောက်ကျို့ခဲ့ရသည် ၍ မရှိခဲ့..အမြဲတမ်း ခေါင်းမော့မော့ ရင်ကော့ကော့နှင့် ဂုဏ်ယူစွာနှင့် နေခဲ့သည်ချည်း.. ဒါပေမယ့် ဟိုတယ်က ကိစ္စက အတော်လေးရုပ်ပေါက်သွားတာမလို့ ထိုကိစ္စကို သူငယ်ချင်းတွေက မကြာမဏ အစဖော်ရင်းသူ့ကို စနောက်ကြလေ့ရှိသည်။ အဲ့ဒီ့နေ့က သူBarမှာတွေ့ခဲ့သည့် ကောင်မလေးက အထက်တန်းလွှာထဲကပုံပေါက်သလို အတော့်ကို ချောသည့်အပြင် သိပ်လဲရက်ရောလွန်းတာမလို့ သူတို့နှစ်ယောက် ဟိုတယ်ကို ရောက်သွားကြသည်ဆိုပါတော့.. ထိုကိစ္စကလဲ .. သူတို့နှစ်ယောက်အတူ အိပ်ပြီးလို့ သူအိပ်နေတုန်း ပစ္စည်းတွေ သမသွားသည်ဆိုလျှင် သူဒီလောက်တော့ ခံပြင်းဖြစ်မယ်မထင်.. အခုဟာက ဇာတ်လမ်းစဖို့ ဟန်ပြင်နေတုန်း သူရေချိုးနေဆဲ အချိန်မှာ ပစ္စည်းတွေ အလစ်ယူပြေးခံရသည့်အဖြစ်မလို့ ပြန်တွေးလိုက်တိုင်း Zhang Shen wei ရင်ထဲ တနုံ့နုံ့ဖြစ်နေသည်။
" အဲ့နေ့က ငါပြောဖူးတဲ့ သောက်ချိုးမပြေတဲ့ သောက်ပုကောင်အကြောင်းကိုလဲ မှတ်မိသေးတယ်မလား.."
" အေး..အဲ့ဒါ ဘာဖြစ်လို့လဲ..အမှန်အတိုင်းပြောရ ရင်..အဲ့ကိစ္စက မင်းနည်းနည်းလွန်တယ်.."
" ဘာလဲ..မင်းက မင်းယောက်ဖ ဖက်ကနာပေးနေတာလား Xu Feng... မင်း တွေ့ပါ တွေ့ချင်ရင် Freshmen အခန်းတွေ ဖက်သွားရှာလို့ရတယ်.."
" Wow.. haha ဘယ်လိုတွေတောင် ဖြစ်ကုန်ပြီလဲ..အဲ့ကောင်လေးက ဒီမှာတက်နေတာလား.."
" အဲ့ဒါထက်..သူလျှောက်ပြောကုန်ရင် ဘယ်နှယ့်လုပ်မလဲ.. အဲ့နေ့က သူလဲအကုန်မြင်ခဲ့တာဆိုတော့.. သတင်းတွေပျံ့သွားရင် မင်းရဲ့ Legend ဂုဏ်သတင်းတော့ ကျောင်းသူကျောင်းသားတွေ ပါးစပ်ဖျားမှာ ပလုံပြီသာ မှတ်လိုက်တော့.."
တခြားကောင်တွေ ရဲ့ တစ်ယောက်တစ်ပေါက်အသံကြောင့် Zhang Shen Wei ခေါင်းထဲ ပိုလို့ပိုလို့သာ ရှုပ်လာသည်။
ကျစ်..အဲ့ဂျပုကောင်နှင့် စတွေ့ထဲက တစ်ခုခုတော့ တစ်ခုခုပဲလို့ စိတ်ထဲ အလိုလိုတော့ ခံစားမိခဲ့သား.. ဒါပေမယ့် ဒီလောက်ကျက်သရေတုံးတဲ့ ရေစက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူထင်ခဲ့မှာတဲ့လဲ..
" အဲ့ဒါထက်ဆိုးတာက.. Li Na ခဏခဏ ပြောတတ်တဲ့ သူ့ငယ်သူငယ်ချင်း Xiao Jun ဆိုတဲ့ အကောင်က အဲ့အကောင်ဖြစ်နေတာပဲ..တောက်.. တစက်လေးမှကို အချိုးမပြေတာပာကွာ..ခုနကလဲ.. အဲ့အကောင်က ထ ထွက်သွားတော့ Li Na က ငါ့ကန်တင်းထားပြီး တစ်ခါထဲကို လိုက်သွားတော့တာ.."
"ဟာ.. ပြသနာက အကြီးကြီး တက်ပြီဟေ့.. ."
" အေးအကြီးကြီးမှ တကယ့်အကြီးကြီး..Li Na မိတ်ဆက်ပေးမယ့် သူ့သူငယ်ချင်းဆိုတာ အဲ့အကောင်ဖြစ်လိမ့်မယ်လို့ အိမ်မက်ထဲတောင် မမက်ဖူးဘူး.."
" နာမည်က ဘာတဲ့လဲ.. ဘယ် Major ကလဲ.."
" မသိပါဘူးကွာ..ငါသိလဲမသိချင်ဘူး.."
" သူချွန်လို့ Li Na သိသွားရင် ဘာလုပ်ကြမလဲ.. မင်းတို့ဇာတ်လမ်းတစ်ခါထဲ ပျက်သွားနိုင်တယ်နော်.."
" Jackson ကလဲ..မင်းလဲ Li Na အကြောင်းမသိတာ ကြလို့..Zhang shen Wei ကောင်မလေးတတွနဲ့ ရောရော ထွေးထွေးနေတာတောင် ဘယ်တုန်းက သဝန်တိုလို့လဲ.."
" အခုကိစ္စက တူမှမတူတာကွ.. ဘယ်မိန်းကလေးက ကိုယ့်ချစ်အပေါ် ဒီလောက် သဘောထားကြီးနိုင်မှာလဲ.."
တစ်ယောက်တစ်ပေါက်စကားများကြောင့် Zhang Shen Wei အတော်လေး ခေါင်းနှောက်လာသည်။
" တော်ပြီကွာ..ခေါင်းရှုပ်မခံတော့ဘူး..ပျက်တော့လဲနောက်တစ်ယောက်ပဲပေါ့ကွာ"
".သေချာလို့လား..Zhang Shen wei .. မင်း..LiNa နဲ့တွဲလာတာ ၈လ လောက်တောင်ရှိပြီနော်..မင်းအရင်က ဘယ်မိန်ကလေးကို ဒီလောက်ကြာကြာ တွဲခဲ့ဖူးလို့လဲ.."
Xu Feng စကားကြောင့် Zhang Shen Wei ခေါင်းက ဆံပင်တွေကို စိတ်ရှုပ်စွာဆွဲဖွလိုက်သည်။ ဟုတ်တော့လဲ ဟုတ်သည်.. Li Na နှင့်စတွဲထဲက သူအရင်ကလောက်မရှုပ်တော့..သူမက သူ့အပေါ်နားလည်မှုရှိသလို..သူတို့နှစ်ယောက်ကလဲ စရိုက်ချင်းဆင်သည့်အတွက်..တွဲခဲ့သည့်တစ်လျှောက်လုံး ပျော်ရွှင်စရာနေ့ရက်တွေသာ များခဲ့သည်။ ချစ်သူရည်းစားသဘာဝ တစ်ခါတစ်လေ စိတ်ဆိုး..စိတ်ကောက်ကြပေမယ့်လဲ..သူတို့နှစ်ယောက် ပြန်အဆင်ပြေခဲ့သည်ချည်း..သူ့အတွက်တော့ .. Li Na က သူအရင်တွဲဖူးခဲ့သည့် ကောင်မလေးများနှင့်မတူပဲ သူ့စိတ်ကို အနားလည်ပေးနိုင်ဆုံးသော မိန်းမတစ်ယောက်ဖြစ်သည့်အပြင် သူ့ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်သည့် မိန်းမတစ်ယောက်မလို့..ရင်တော့မခုန်မိပေမယ့် သူသံယောဇဉ်တွယ်နေတာ ဖြစ်နိုင်သည်။
ဒာပေမယ့် တည်မြဲစပြုနေတဲ့ relationship တစ်ခု ကအချွန်ကောင် တစ်ကောင်ကြောင့် ပျက်ဆီးခံရတော့မှာလား..
"Shit! ဒါကဘယ်လို တောင် ကျက်သရေတုံးတဲ့ တိုက်ဆိုင်မှုမျိုး ပါလိမ့်နော်!"
✨ဆက်ရန် 😘✨
✨ဒီ fic လေးကို vote ပေးကြတဲ့ reader တစ်ယောက်ချင်းကို ကျေးဇူးအများကြီး တင်ပါတယ်လို့ 😘 ဖတ်တဲ့သူနည်းတဲ့ book လေးကို vote ပေးကြလို့ ကျေးဇူးပါ.. 😘 စနေ..တနင်္ဂနွေကြရင် တပိုင်း or နှစ်ပိုင်း ထပ်ဒိတ်ပေးပာ့မယ်.. ချလစ်ယူ All ✨
🌟22.6.2017🌟
Bạn đang đọc truyện trên: Truyen247.Pro