Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

ခြားနားမှု​များကြားမှထပ်​တူညီမှုတစ်​ခု

အပိုင်း(၁၇)

"​နှစ်​စဉ်​ကျင်းပသည့် ​ဌာနချင်းပြိုင်​ပွဲ ​ကျောင်း​ပေါင်းစုံ​ပြိုင်​ပွဲများအတွက်​ ကစားသမား အသစ်​များလိုအပ်​သည်​ဖြစ်​၍ စိတ်​ပါဝင်​စားသူများ Management Department Basketball Clubတွင်​ လာ​ရောက်​ စာရင်းသွင်းနိုင်​ပါသည်​"

ဌာန ​ရှေ့မှာကပ်​ထားတဲ့ notice board​ပေါ်က စာကို Yan Yi Jun အသံထွက်​ဖတ်​လိုက်​သည်​။

" စိတ်​ဝင်​စားလို့လား.."

Li Hong Yi က သူ့ကို ​မေးလာသည်​။

" အင်း .. ပါရင်​​ကောင်းမလားလို့..
အထက်​တန်း​ကျောင်းတုန်းက​တော့ ​ဆော့ဖူးတယ်​.."

" ငါတို့ major က ဘတ်​စကက်​ဘောမှာ​တော့ မဆိုးဘူး​ပြောရမယ်​.. မနှစ်​က ​တော့ major​ပေါင်းစုံပြိုင်​ပွဲမှာ ပထမရတယ်​​လေ.."

" ဟုတ်​လား..ငါ မနက်​ပိုင်းအတန်းချိန်​ပြီးရင်​ စာရင်းသွား​ပေးလိုက်​ဦးမယ်​.. မင်း​ရော စိတ်​မဝင်​စားဘူးလား.."

" ဟဲ..ငါက ​ဘောသမား​လေ.. မနှစ်​ထဲက Football Club မှာ​ဆော့​တာ ဆို​တော့ ထပ်​စာရင်း​သွင်းစရာ​တော့ မလို​တော့ဘူး.."

" မိုက်​တာ​ပေါ့.. ​ဘောလုံးကိုလဲ စိတ်​ဝင်​စား​ပေမယ့်​ ဘက်​စကတ်​​ဘောကို​တော့ ပိုသ​ဘောကျတယ်​.. အတန်းချိန်​ပြီးရင်​ လိုက်​ခဲ့ဦး​နော်​.."

အတန်း​ချိန်​ပြီး​တော့ သူLi Hong Yi နဲ့အတူ ​မေဂျာ​ဆောင်​ရဲ့ အ​နောက်​ဖက်​က အ​ဆောင်​ဆီကို ထွက်​လာခဲ့သည်​။

" ဒီအခန်းထင်​တယ်​.."

အခန်းထဲမှာ ​ကျောင်းသား သုံး​လေး​ယောက်​ရှိ​နေသည်​။

" စားရင်းသွင်းမလို့လား.."

သူတို့ထက်​ နှစ်​နှစ်​ သုံးနှစ်​​​လောက်​ ကြီးပုံရတဲ့ ​ထောင်​​ထောင်​​မောင်း​မောင်းနဲ့ ​ကျောင်းသားက သူ့ကို ​မေးလာသည်​။

" ​အော်​..ဟုတ်​တယ်​ ခင်​ဗျ.."

" နှစ်​​ယောက်​လုံးလား.."

" ကျွန်​​တော်တစ်​​ယောက်​ထဲပါပဲ.."

ထို​ကျောင်းသား က သူကိုသိပ်​အထင်​မကြီးသည့်​ပုံနှင့်​ကြည့်​လာသည်​။

" အရင်​ကေ​ရာ ​ဆော့ဖူးတဲ့ အ​တွေ့အကြုံရှိရဲ့လား.."

" အထက်​တန်းမှာ​တုန်းက​တော့ ​ကျောင်း​ပေါင်းစုံ ပွဲ​တွေမှာ ပါဘူးပါတယ်​.."

" ok အဲ့လိုဆိုရင်​​တော့ မဆိုးပါဘူး.
ဘယ်​နှစ်​ကလဲ ညီ.. ပြီး​တော့ နာမည်​တစ်​ချက်​.."

" Yan......"

သူ နာမည်​​ပြောမလို့ ပါးစပ်​ဟတုန်း ​နောက်​က အသံတစ်​သံထွက်​လာသည်​။

" ​Xing Ge ရာတွေ့ကရာလူကို လက်​ခံလို့ ဘယ်​ဖြစ်​ပါ့မလဲ.."

သူလှည့်​ကြည့်​လိုက်​​တော့ ရန်​ရီကျွင်းနှင့်​ ဟို​နေ့က သူနဲ့ဝင်​တိုက်​ခဲ့သည့်​ Xu Feng ဆိုတဲ့သူ..

" သူက အထက်​တန်းတုန်းက ​ဆော့ဖူးတယ်​ ​ပြောလို့​လေ.."

" ဒီမှာ Yan yi Jun.. ဘက်​စကတ်​​ဘောဆိုတာ လူတိုင်း​ဆော့နိုင်​တဲ့ အရာမဟုတ်​ဘူး..မင်းရဲ့ ​ပျော့တီး​ပျော့ဖတ်​ပုံစံမျိုးကို လက်​ခံလိုက်​ရင် နည်းပြ ပိုအလုပ် ရှုပ်​လာတာပဲ အဖတ်​တင်​မှာ​ပေါ့.. ပြီး​တော့ အား​တော့နာတယ်​..မင်းရဲ့ အရပ်​က.. မဖြစ်​နိုင်​ဘူး.."

" ဘ..ဘာ.."

စကားလုံးတိုင်းကိုက သူ့ရဲ့ ​သွေးခုန်​နှုန်း​တွေကို တဒိတ်​ဒိတ်​မြန်​လာ​အောင်​ ကျက်​သ​ရေတုံးနိုင်​စွမ်းအပြည့်​ရှိသည့်​သူ..

"Puff..ပုတိုင်းသာ မ​ဖြစ်နိုင်ဘူးဆိုရင်​​​Calvin Murphy MBA player​ ဖြစ်​လာနိုင်​စရာကို အ​ကြောင်းမရှိတာ..လူတစ်​တ​ယောက်​ကို အ​ပေါ်ယံ အမြင်​နဲ့တင်​ ဆုံးဖြတ်​တာ ဥာဏ်​မရှိတဲ့ သူ​တွေလုပ်​​နေကြဆိုတာ​ရော သိရဲ့လား.."

" haha မင်းက​လေ တကယ်​ကို ရ​ယ်​ရတာပဲ.. သူတို့က ပု​ပေမယ့်​ အရည်​အချင်းရှိတယ်​​လေ..တချို့​တွေလို ​ဘောလုံးမှန်​ရင်​​တောင်​ ချက်​ချင်းဘုန်းဘုန်းလဲမယ့်​ အချိုးအစားနဲ့မှ မဟုတ်​တာ.."

"Team ​ရဲ့ Captain ဖြစ်​ပြီး ကိုယ့်​club ကို စာရင်းလာ​ပေးတဲ့သူကို ဒီလိုပဲ ပုတ်​ခတ်​​နေကြလား..လာတဲ့သူကို အစထဲက လက်​မခံချင်​ရင်​လဲ ဘာလို့အစထဲက ​ကြေညာစာ ကပ်​​ထား​​သေးလဲ.."

LiHong Yi စကား​ကြောင့်​ Yan Yi Jun အံ့သြ သွားသည်​။

" ဘာ.. ဒီ​ကောင်​လား Captain လား.."

"ငါ့ဘာသာ ဘယ်​လို​ပြော​ပြော မင်းအလုပ်​မဟုတ်​ပါဘူး..ငါတို့ Club က သူ့လူနဲ့သူအ​ဆင်​​ပြေ​ပြီးသားမလို့ ဘယ်​လူသစ်​မှလဲ မလိုဘူး..အဲ့ကိစ္စကနည်းပြက သူ့ဘာသာ လူထပ်​ ​ခေါ်တာ မလို့ ငါတို့နဲ့ မဆိုင်​ဘူး..အဲ့​တော့ ငါတို့ကလဲ ပရမ်းပဒါ​တွေ ​ရောက်မ​လာဖို့ လုပ်​သင့်​တာ လုပ်​ရမှာပဲ.."

ရွှီဖုန်း ကျန်းရှန်​​ဝေး ပခုံးကို ​ပေါ်လက်​တင်​လိုက်​ရင်း..

" အရပ်​ပုတာ အ​ကြောင်းပြချက်​မှမဟုတ်​တာ.. ဒီအရပ်​က ​ဆော့လို့ မဖြစ်​ဖူးလို့လဲ မဟုတ်​ပါဘူး.. ပုဂ္ဂိုလ်​​ရေး​တွေ ​ခဏ​မေ့ပြီး ကိုယ့်​ club ကို စာရင်းလာသွင်းတဲ့ လူသစ်​တစ်​​ယောက်​လို့ပဲ သ​ဘောထားရ​အောင်​ကွာ.. ပုံမှန်​ဆိုရင်​ မင်းဒီလိုအ​ခြေအ​နေနဲ့ ကြုံရင်​ လုပ်​​နေကြ အတိုင်းပဲ လုပ်​​​ကြတာ​ပေါ့."

" ok ​လေ..ရန်​ရီကျွင်း.. မင်းငါ့ကို နိုင်​ရင်​ မင်းကို အရည်​အချင်းရှိတယ်​ဆိုတာ လက်​ခံပြီးငါမင်းကို ဝင်​ခွင့်​​ပေးမယ်​..ဘယ်​လိုလဲ ​ငါနဲ့ ​ဆော့မလား.. ​ဆော့ရဲပာ့မလား.."

" ဒါ မတရားတာပဲ..Captain တစ်​​ယောက်​နဲ့ သာမန်​...."

" မဟုတ်​ဘူး.. ရတယ်​​.."

သူ Li Hong Yi ကို လက်​ကာ ပြလိုက်​ရင်း ကျန်းရှန်​​ဝေးကို စူးရဲစွာကြည့်​လိုက်​သည်​။

" ​ဆော့မယ်​..Club ထဲ သိပ်​ဝင်​ချင်​​နေလို့​တော့ မဟုတ်​ဘူး.. ​စောက်​လေကျယ်​​နေတဲ့ မင်းရဲ့ အရည်​အချင်းဘယ်​​လောက် ရှိလဲ ဆိုတာကို သိချင်​လို့ကို ​ဆော့မှာ.."

" hk.. မင်းက အရမ်းဆဲတယ်​​နော်​.. ရုပ်​က​လေးနဲ့မှမလိုက်​.."

" ငါဘာသာ ​နေချင်​သလို ​နေမယ်​.. မင်း​စောက်​လုပ်​တစ်​စက်​မှ မပါဘူး.."

" hk.. "

ကျန်းရှန်​​ဝေးက မနိုင်​ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ​ခေါင်းရမ်းလိုက်​သည်​။

"ဒီဖက်​လာခဲ့.."

သူတို့ ​ရောက်​​နေ​တဲ့ အခန်းက​နေ ဟိုဖက်​ကို ကူးလိုက်​​တော့ အ​တော်​​လေးကျယ်​တဲ့ indoor ဘတ်​စကတ်​​ဘောကွင်းတစ်​ကွင်းဆီ​ရောက်​သွားသည်​​။ ​ဘေးမှာ ထိုင်​ခုံရှည်​ သုံး​လေးခုံကို လဲ ​တွေ့ရသည်​။

" ဒါ တို့ ​​လေ့ကျင့်​​နေကြ ​နေရာပဲ.. Good luck ​ကောင်​​လေး.. "

ရွှီဖုန်းက ရန်​ရီကျွင်းဆီကို ​ဘတ်စ​ကတ်​​ဘော ​ဘောလုံးတစ်လုံး​ပစ်​​ပေးလိုက်​သည်​။ သူ​ဘောလုံးကို ​ကြမ်း​ပေါ် သုံး​လေးချက်​ပုတ်​လိုက်​သည်​။

" ဘယ်​လို ​ဆော့ချင်​လဲ.. Point နဲ့လား.. Goal နဲ့လား.."

" no no.. point ဆို မင်းအတွက်​ မမျှတ ပဲဖြစ်​မှာစိုးလို့ goal နဲ့ပဲ ​ဆော့ရ​အောင်​.."

ကျန်းရှန်​​ဝေး စကား​ကြောင့်​ ရန်​ရီကျွင်းတစ်​ချက်​မဲ့လိုက်​သည်​။

" Jiayou.. Jiayou.. !"

သူ့ကို ​အော်​ပြီးအား​ပေးလိုက်​တဲ့ လီဟုန်​ရိကို သူ​ခေါင်းငြိမ့်​ပြလိုက်​ရင်း မျက်​နှာချင်းဆိုင်​က ကျန်းရှန်​​ဝေးဆီ အာရုံစိုက်​လိုက်​သည်​​။ နှစ်​​ယောက်​သား မျက်​လုံးချင်းဆုံသွား​တော့ ကျန်းရှန်​​ဝေးတစ်​ချက်​ရယ်​လိုက်​သည်​။

" ကိုယ့်​ကိုကို ယုံကြည်​မှုသိပ်​ရှိ​နေတာလား လွယ်​မှာ​တော့ မဟုတ်​ဘူး​နော်​.."

" စရ​အောင်​ ready?"

သူတို့ နှစ်​​ယောက်​ကြားထဲမှာ ရွှီဖုန်းဝင်​ရပ်​လိုက်​ရင်း ဂဏန်း​ရေပြီး​တော့ ​ဘောလုံးကို ​လေ​ပေါ်​မြှောက်​တင်​လိုက်​သည်​​။ သူကြိုးစားခုန်​ပြီး ​ဘောလုံးကို ရဖို့ ကြိုးစားလိုက်​​ပေမယ့်​ လက်​တံရှည်​ကြီးက သူ့ထက်​အရင်​ ​ဘောလုံးကို ဖမ်းယူသွားရင်း ​မြေ​ပေါ်ကို ​သုံး​လေးချက်​ ပုတ်​လိုက်​သည်​။ သူ​ဘောလုံးကို လုဖို့ ကြိုးစား​ပေမယ့်​ ကျန်းရှန်​​ဝေးက သူ့ကို Body နဲ့ မသိမသာ တိုက်​လိုက်​ရင်း ​ဘောလုံးကို ကာလိုက်​တာ​ကြောင့်​ သူ့ကိုယ်​​လေး ယိုင်​သွားသည်​။

" haha..ငါ​ပြောပါတယ်​.. လွယ်​မှာမဟုတ်​ဘူးလို့.."

သူကြိုးစားပြီး လု​နေ​ပေမယ့်​ ​ခြေ​ထောက်​ကြားက​နေ ​ဘောလုံးကို ​ပုတ်​ပြီး ​ရွေ့​ရွေ့သွားတဲ့ အကွက်​​ကြောင့်​ အခုထိ သူ့လက်​နှင့်​ ​ဘောလုံးမထိ ရ​သေး.. ကျန်းရှန်​​ဝေး ကစားပုံ​တွေက အ​တော်​​လေး ​သေသပ်​တာကို​တော့ သူလက်​မခံချင်​ပဲ လက်​ခံလိုက်​ရသည်​။ ​ဘောလုံး ကို ​နောက်​တစ်​ချက်​ အပုတ်​.. ​ဘောလုံး ကျန်းရှန်​​ဝေး လက်​ထဲ မ​ရောက်​ခင်​မှာ သူ​ဦး​အောင်​ ဖြတ်​လုလိုက်​ရင်း သူ့ဖက်​ ဂိုးတိုင်​ဆီကို ​ဘောလုံးကို ပုတ်​ရင်း သယ်​သွားလိုက်​သည်​။ ကျန်းရှန်​​ဝေး သူ့ဆီက လာပြန်​လု ​ပေမယ့်​ သူကိုယ်နဲ့ ကာကာပြီး ​ဘောလုံးကို ကွယ်​နိုင်​​နေတာမလို့ သူပထမဆုံး တစ်​လုံးကို သူ့ဖက်​က ထည့်​လိုက်​နိုင်​သည်​။

" Yay! Yan Yi jun ကွ..!"

အော်​လိုက်​တဲ့ လီဟုနိရိ ကိုပင်​ သူမကြည့်​အား.. ကျန်းရှန်​​ဝေး လက်​ထဲ ပြန်​​ရောက်​သွားတဲ့ ​ဘောလုံးကို ပြန်​လုဖို့သာ ပြန်​ကြိုးစား​နေရသည်​။ 1 vs 1 ​ဆော့တာ​​ကြောင့်​ ပေးစရာလူလဲ မရှိသည်​ မလို ​ဘောလုံးသည်​ သူ့လက်​ထဲ ​ရောက်​လိုက်​ ကိုယ့်​လက်​ထဲ ​ရောက်​လိုက်​နှင့်​ သံသရာ လည်​​နေသည်​။

" Woo.. Jiayou Zhang Shen Wei!"

ဘေးနားမှာ ရှိတဲ့ team က တချို့​ကျောင်းသား​တွေက ကျန်းရှန်​​ဝေးကို အပီအား​ပေး​နေတာ မြင်​​တော့ လီဟုန်​ရိလဲ အကျမခံ ရန်​ရီကျွင်း နာမည်​ကို ​အော်​​ပေး​နေသည်​။ လက်​ရှိက အမှတ်​တွေက ​ကျန်းရှန်​​ဝေးက 9မှတ်​ ​ဟို​ကောင်​​လေးက 7မှတ်​မလို့ ကျန်းရှန်​​ဝေးက သာ​နေသည့်​အ​ခြေအ​နေ..

" မင်းသူငယ်​ချင်းက ဘယ်​ဆိုးလို့လဲ.. ကျန်းရှန်​​ဝေးနဲ့​တောင်​ ဒီလိုယှဉ်​​ဆော့ဖို့ဆိုတာ ​တော်​ရုံကစားတတ်​ရုံနဲ့​တော့ မရဘူး..ငါတို့ထဲမှာ သူကအ​တော်​ဆုံး​လေ.."

" အင်း.. Yi Jun က အရမ်းကိုကြိုးစားပါတယ်​.. ဒါ​ပေမယ့်​ EC ရယ်​.. ကျန်းရှန်​​ဝေးကို နိုင်​ဖို့က အစထဲက မလွယ်​တဲ့ အရာကြီးဟာ.. လက်​ရည်​ကိုကြည့်​လိုက်​..ကျန်းရှန်​​ဝေးက ​ပေါ့​ပေါ့ပါးပါးပဲ ကစား​နေ​ပေမယ့်​ Yi Jun က အားထည့်​ပြီး​ဆော့​နေရတာ..ပွဲချိန်​ထပ်​ကြာလာရင်​ သူအ​မောမခံနိုင်​​လောက်​​တော့ဘူး.."

" အင်း..​လေ့ကျင့်​ရင်​ အများကြီး ​ပို​ကောင်းလာမှာပါ..ဒါနဲ့ Li Hong Yi..မင်းသူနဲ့ သိတာကြာပြီလား.."

" ဒီ​ရောက်​မှ သိတာဆို​တော့ သိပ်​​တော့မကြာ​သေးပါဘူး.."

" ဟုတ်​လား..သူ့ကို တခြားသူ​တွေနဲ့ သိပ်​မ​တွေ့ရဘူး​နော်​.. မင်းနဲ့ပဲ ခဏခဏ ​တွေ့​နေရလို့.."

" အင်း.."

" မင်းသူကြိုက်​တတ်​တာ​လေး​တွေကို နည်းနည်းပါးပါ​တော့ သိမှာ​ပေါ့.."

" အင်..သိတာ​တော့ သိပါတယ်​.. ဘာလို့​မေးတာလဲ.."

" ဒီလိုပါပဲ.. LiNa ရဲ့ သူငယ်​ချင်းဆို​တော့ ခဏခဏ​လဲ ​တွေ့ဖြစ်​​နေတာမလို့ သိထားရင်​ ပို​ကောင်းတာ​ပေါ့.. သူ့ကိုတစ်​ခုခုလဲ ဝယ်​​ကျွေးချင်​လို့.."

" ​ကော်​ဖီ​အေး​တော့ အရမ်း​သောက်​တာပဲ Nestle Latte ​လေ.. ​ဖက်​ထုတ်​​ကြော်​တို့ ​ခေါက်​ဆွဲပြုတ်​တို့ ဘာတို့လဲ အ​တော်​စားတယ်​.. သိပ်​​တော့မသိဘူး..​ကျောင်းမှာ သူစား​နေကြ​တွေကို ​ပြောတာ.."

" ကျန်းရှန်​​ဝေး.. Jiayou.. ကျန်းရှန်​​ဝေး Jiayou.."

သာမန်​ပွဲမျိုးကိုပင်​ ကျန်းရှန်​​ဝေးလို့ ​အော်​တာ တစ်​​ယောက်​ Jiayou က တစ်​​ယောက်​ သံပြိုင်​​အော်​​နေတဲ့ သူ့Team က ​ကောင်​​တွေ​ကြောင့်​ ကျန်းရှန်​​ဝေး ရယ်​လိုက်​မိသည်​။

" မင်းတို့ကလဲ အသာလုပ်​ကြပါကွာ.. ဒီမှာ ရှုံး​နေတဲ့ သူကို အားနာစရာကြီး.."

သူ အ​ရှေ့က​ကောင်​​လေးကို ညစ်​ကျယ်​ကျယ်​ပြုံးပြလိုက်​သည်​။ ရန်​ရီကျွင်းဆီက ကြား​နေရတဲ့ အသက်ရှုသံပြင်းပြင်း​တွေ​ကြောင့်​ ​ကောင်​လေး​တော်​​တော်​​မော​နေပြီဆိုတာ သူသိလိုက်​သည်​။ အမြဲ​ဆော့​နေကြသူ​တွေမှလဲ အ​မောဆိုတာ ခံနိုင်​သည်​မလား.. ​နဖူးမှာ ​​ချွေးနဲ့ကပ်​​နေတဲ့ ​ဆံပင်​ပုံစံ​က ရယ်​စရာ ပင်​​ကောင်း​နေ​သေးသည်​။ သူ့လက်​ထဲက ​ဘောလုံးကို ရန်​ရီကျွင်းလုသွားပြီး တစ်​လုံးထပ်​သွင်းပြီး ချိန်​မှာ ရွှီဖုန်းဆီက ဝီစီသံ ထွက်​လာသည်​။

" အချိန်​ပြည့်​ပြီ.."

ပြေးတာ ရပ်​လိုက်​တဲ့ အချိန်​မှာ ​ခြေ​ထောက်​ဆီက နုန်းခနဲ ဖြစ်​သွားတာ​ကြောင့်​ ရန်ရီကျွင်း ​​​ခြေ​ထောက်​ယိုင်​ခနဲ ဖြစ်​သွား​သည့်​အချိန်​ ​ဘေးက ကျန်းရှန်​​ဝေးက သူ့ကို ဖမ်းဆွဲလိုက်​သည်​​။ချွေးစို​နေတဲ့ ရှပ်​အကျီင်္ဆီကို ပါးအပ်​မိသွား​တော့ သူကျန်းရှန်​​ဝေးကို အမြန်​တွန်းထုတ်​လိုက်​သည်​။

" ဘယ်​လိုလဲ ..မင်းရှုံးပြီ​နော်​.."

အောင်​နိုင်​သူအပြုံးကြီးနဲ့ ကျန်းရှန်​​ဝေး ကသူ့ကို ပြုံးကြည့်​​နေသည်​။ သူက 14 မှတ်​..ကျန်း​​ရှန်​​ဝေးက 18 မှတ်​မလို့ ​လေးမှတ်​ပင်​ ကွာ​နေသည်​။

" အမှန်​အတိုင်း​ပြောရရင်​ မင်းက မဆိုးပါဘူး လက်​ခံ​ပေးလို့​တော့ရတယ်​... တစ်​ခု​တော့ ရှိတယ်​ မင်းဒီမှာရှိရင်ငါနဲ့တူတူ ​လေ့ကျင့်​ရမယ့်​ ပွဲ​တွေ ​ရှေ့​လျောက်​အများကြီး ရှိလာမှာပဲ..အဲ့​တော့.. မင်းငါ့ကို ရှုံးမှာ​ကြောက်​ရင်​​တော့ အစထဲက မဝင်​ဖို့ဆုံးဖြတ်​တာက ပိုအဆင်​​ပြေလိမ့်​မယ်​.."

" hk.. မင်းတစ်​ပွဲ​နိုင်​ဖူးတာနဲ့ ​နောက်​ပွဲ​တွေလဲ မင်းပဲ နိုင်​မယ်​ထင်​​နေတာလား..ဟာသပဲ..သူ့ပဲ​ကြောက်​ရဦးမယ်​.."

ကျန်းရှန်​​ဝေး ​ဘာမှထပ် မေ​ပြာပဲရေတစ်​ဘူးယူကာ လှည့်​ထွက်​လာရင်း သူတစ်​ချက်​ပြုံးလိုက်​သည်​။

" ဘယ်​လိုလဲ ​ကောင်​​လေး.. မင်းဝင်​လို့ ရသွားပြီ စာရင်းသွင်းမှာလား.."

" နာမည် Yan yi Jun.. First year management section A....​တွေ့ကြ​သေးတာ​ပေါ့ ကျန်းရှန်​​ဝေးရယ်​ 😏 ​"

အပိုင်း(၁၈) ဆက်​ရန်

မ​နေ့က ဒိတ်​မယ်​ဆိုပီး မဒိတ်​လိုက်​ရပု 😢 ​စောင့်​​နေခဲ့တဲ့သူ​တွေရှိရင်​ ​တောင်းပန်​ပါတယ်​လို့ 😢

🌟23.8.2017🌟

🍑Dream-Catcherr🍑

Bạn đang đọc truyện trên: Truyen247.Pro