ချောင်ပိတ်မိသွားခြင်း
အပိုင်း(၂၃)
ဖုန်းက alram ၏တတီတီအသံကြောင့် Yan Yi Jun [ရန်ရီကျွင်း] ဆတ်ခနဲထလိုက်ပြီး ခြုံထားသည့် စောင်ပားလေးကို အားကုန်ကန်ပစ်လိုက်ရင်း စိတ်ရှုပ်စွာ တစ်ချက်အော်လိုက်သည်။ နှိုးစက်ပိတ်လိုက်ကာ လေးပင်နေသော ခြေလှမ်းများဖြင့် ရေချိုးခန်းထဲရောက်တော့ မှန်ပေါ်မှာ မြင်လိုက်ရသည့် သူ့မျက်နှာကိုသူ ကြည့်ပြီး ငိုချင်စိတ်ပင်ပောက်လာရသည်။ Changsha မှာရှိခဲ့သည့် တစ်လျှောက်လုံး Zhang Shen Wei ၏ ကောင်းမှုဖြင့် အိပ်ရေးပျက်ခဲ့သမျှတွေက သူ့မျက်ကွင်းကို သိသိသာသာ ညိုနေစေသည်။
" Arr မျက်နှာလေးကလဲ ဘယ်လိုတောင်ချောင်ချသွားတာလဲ..!"
ူ့သူ့ပုံပေါ်နေတဲ့ မှန်ကို အလိုမကျစွာ ရေနှင့်ပက်လိုက်ပြီး သွားတိုက်ရန် စင်ပေါ်က သွားတိုက်တံဆီ လက်လှမ်းလိုက်သည်။ အိပ်ချင်စိတ်က အခုထိပင် မပြေသေး.. မနေ့ညကမှ သူ Changsha က ပြန်ရောက်တာမလို့ ဒီနေ့ ကောင်းကောင်းအနားယူချင်သေးပေမယ့် ကျောင်းက ဒီနေ့ မသွားမရ။ ရေချိုးပြီးတော့ ဗီရိုထဲကဇာလေးတွေနှင့် အတွင်းခံ ရောင်စုံလေးတွေကို မြင်တော့ သူစိတ်နာစွာနှင့် မျက်နှာလွှဲလိုက်သည်။
" မဝတ်ဘူး မဝတ်ဘူး.. နင်တို့ကြောင့် ဟိုကောင်က ငါ့ကိုဟိုဟာလုပ် ဒါလုပ်နဲ့ အမိန့်ပေးနေတာ.."
သူဗီရိုကို စောင့်ပိတ်လိုက်ရင်း တစ်ဖက်က ယောကျာ်းလေးအဝတ်တွေချည်းသီးသန့်ထည့်ထားတဲ့ဗီရို ဆီက အဖြူရောင်ရိုးရိုးရှပ်အကျီတစ်ထည်နှင့် ဂျင်းဘောင်းဘီတစ်ထည်ကို ဆွဲထုတ်လိုက်သည်။
" ဘယ်လိုလဲ ? Changsha မှာပျော်ခဲ့ရဲ့လား..?"
ကျောင်းရောက်တော့ သူ့ခုံမှာ ထိုင်ထိုင်လိုက်ချင်း Li Hong Yi [လီဟုန်ရိ]က သူ့ကိုမေးလာသည်။
" ငရဲတောင် ဒီလောက်ဆိုးမယ် မထင်ဘူး..ရော့ .."
သူလက်ထဲက လက်ဆောင်ထည့်ထားသည့် အိတ်ကို Li Hong Yi ဆီကမ်းပေးလိုက်သည်။
" ဘာတွေလဲ.. ? "
" Changsha ပြန်လက်ဆောင်လေကွာ.. !"
" အော်အေးပါ... ကျေးဇူး.. ဒါနဲ့ မင်း မျက်နှာ အတော်ချောင်ကျသွားတယ်.. Li Na အဘွားအိမ်က ကောင်းကောင်းမချက်ကျွေးဘူးလား.."
" ပြသနာက LiNa အဘွားမဟုတ်ဘူး.. မင်းအဖေ..မင်းအဖေ.. Zhang Shen Wei [ကျန်းရှန်ဝေး]က သူများကို စိတ်အနှောင့်အယှက်ဖြစ်အောင် တော်တော်လုပ်နိုင်တာပဲ.. !"
" haha..သူနဲ့ ဖြစ်လာတာလား.. ငါက မင်းနဲ့သူ အတော်အဆင်ပြေခဲ့တယ်လို့တောင် ထင်နေတာ.. ဘာလို့လဲ..ရန်ဖြစ်ကြတာလား.."
" ရန်ဖြစ်တာကမှ ခံသာဦးမယ်.. အဲ့ကောင်က အတော်အမြင်ကတ်ဖို့ကောင်းတာ..တော်ပြီ..တော်ပြီ..သူ့အကြောင်းပြောမနေချင်ဘူး.. ကျက်သရေတုံးတယ်.. Tuto က ဘာဖြေမှာလဲ.."
" အင်းပြမယ်.. 09 စာအုပ်လှန်လိုက်.."
Tuto ဖြေပြီး ဆရာစာသင်နေတုန်း LiNa ဆီက ဖုန်းဝင်လာသည်။ ဖုန်းကို Silent မလုပ်ထားမိတာလို့ ဘေးနားက ကျောင်းသားတွေ အကြည့်ကပါသူ့ဆီရောက်လာတော့ ဆရာ့ကို အားတို့နားနာ သွားဖြီးပြလိုက်ရင်း ဖုန်းကို အမြန်ချလိုက်ရသည်။
" Wei.. ဘာလို့ မကိုင်တာလဲ.. စာသင်နေတာလား..ဒီနေ့ အိမ်မှာကောင်းကောင်းလေးနားချင်လို့ ..ငါဒီနေ့ ကျောင်းမလာတော့ဘူးလို့ ပြောမလို့.. ဟီး..နေ့လည် မျှော်နေမှာဆိုးလို့.."
LiNa message ဖတ်ပြီး သူတစ်ချက်မဲ့လိုက်သည်။ သူဆရာ့အလစ်မှာဖုန်းကို တတောက်တောက်နှင့် စာပြန်ရိုက်လိုက်သည်။
" ပူမနေနဲ့.. နင့်ဘယ်သူ့မှ မမျှော်ဘူး.."
LiNa တို့များသာယာချက်ပဲ.. ငါ့မှာတော့ ကျောင်းမလာချင်တာတောင်လာရတယ်..
" LiNa က ကျောင်းမလာဘူးတဲ့လား.."
သူ့ခပ်တိုးတိုးစကားသံကို Li Hong Yi ကြားသွားပုံရသည်။
" အေးတဲ့..ဒီအချိန်ပြီးရင် Basketball club ဖက်လိုက်ခဲ့ဦး.. နည်းပြ Lin ကိုပါလာတဲ့ လက်ဆောင်သွားပေးချင်လို့.."
" အင်း.."
" ဆရာ စာသင်နေချိန် စကားပြောတာ မကြိုက်ဘူးလို့ ဘယ်နှစ်ခါပြောရမလဲ.. အရေးတကြီးပြောစရာတွေ ရှိနေရင် အခုချက်ချင်းအပြင်ထွက်သွားလို့ရတယ်.. လာတက်မနေကြနဲ့.."
ဘယ်သူဘယ်ဝါ နာမည်မတပ်ပေမယ့် ဆရာ့အကြည့်ကသူတို့နှစ်ယောက်ဆီရောက်လာတာမလို့် နှစ်ယောက်လုံး ဇာတ်ပုသွားကြသည်။
" Zhang Shen Wei တို့ အခန်းရှေ့က ဖြတ်လာတုန်း မရည်ရွယ်ဘဲ သူ့အကြည့်တွေက ဟိုလူထိုင်နေကြ နေရာဆီသို့ရောက်သွားသည်။ အဲ့လူကြီးက စာသင်တာကို နားထောင်နေပုံရပေမယ့် ရုတ်တရက် သူတို့ရှိရာဖက်ကိုလှည့်ကြည့်လာတာကြောင့်..သူနှင့် Zhang Shen Wei အကြည့်ချင်းဆုံသွားသည်။
" ကျစ်.."
သူအကြည့်အမြန်လွှဲလိုက်ရင်းအဲ့အခန်းရှေ့က ခပ်သွက်သွက်လျှောက်လာခဲ့သည်။
" မင်းရဲ့ Zhang Shen Wei ကြီးအတန်းတွေ ဘာတွေ တက်လို့.. ထူးဆန်းနေတာ..!"
" အမ်?"
Li Hong Yi စကားကြောင့် သူ့မျက်ခုံးများပင့်တက်သွားရင်း ခြေလှမ်းများတုန့်သွားသည်
" ဘာ ငါ့ရဲ့ Zhang Shen Wei လဲ.. ခွေးကောင် သေချင်နေပြီလား..!"
သူ Li Hong Yi [လီဟုန်ရိ] ကို တဖျတ်ဖျတ်ရိုက်တော့ ဟိုက တဟားဟားရယ်ရင်း ကွေ့ပတ်ရှောင်နေသည်။
" စတာပါဟ.. စတာ.. မင်းကလဲ စိတ်ချည်းပဲ.."
Li Hong Yi က နှုတ်ခမ်းစူပြီး သူ့လက်မောင်းကိုပွတ်နေသည်။
" ခံပေါ့..အမှန် ဒီထက်ကို နာအောင်ရိုက်ရမှာ.."
" Wei! Yi Jun..!"
နောက်က ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ သူ့ကို ပြုံးကာလက်ပြနေသည့် Xu feng [ရွှီဖုန်း].. ပြီးတော့ အဲ့ဒီနောက်က Zhang Shen Wei ..အဲ့တစ်ယောက် ဘယ်လိုစိတ်ကူးနှင့် အကျီအထူ ဝတ်လာ သည် မသိ..အနက်ရောင် hoodie နဲ့ သူ့ကိုကြည့်ရင်း သူပင်အိုက်စက်စက်ဖြစ်လာသည်။ ဘေးက ဖြတ်သွားဖြတ်လာ ကောင်မလေးတွေက Zhang shen Wei ကို မသိမသာ ငေးနေကြတာ မြင်တော့ သူ့မျက်နှာ တစ်ချက်မဲ့လိုက်သည်။ မိန်းကလေးတွေ စိတ်ထဲကလဲ နားလည်ရအတော်ခက်သည်။ ပွေတတ်ရှုပ်တတ်တဲ့ သူတွေနားမှာကြ ဝိုင်းဝိုင်းလည်နေပြီး သူ့လိုအေးအေးဆေးဆေးနေတဲ့ သူတွေကြတော့လဲ ရှိတယ်လို့ကို မထင်ကြပြန်။ ရှက်ရှက်နဲ့ ဝန်ခံရ လျှင်သူ့ဘဝတစ်လျှောက်လုံး ဘယ်ကောင်မလေးဆီကမှ နှင်းဆီတစ်ပွင့်.. ချောကလက်တစ်တောင့်ပင်မရဖူး.. အလယ်တန်းကျောင်းတုန်းက တချို့မိန်းကလေးတွေလောက်ပင် အရပ် မထွက်ခဲ့သည့် အကြောင်းအရင်းကြောင့်သူ့ကိုကောင်မလေးများက သဘောမကျခဲ့... LA ရောက်ပြန်တော့လဲ.. နိုင်ငံခြားသူများ၏ စိတ်ကူးထဲက စံချိန်စံညွှန်းက သူ့နှင့် မဖြစ်နိုင်စွာဘဲ ဝေးကွာလွန်းနေပြန်သည်။
..အသက် 18 နှစ်ကို ပထမဆုံးအနမ်းတောင် အဆုံးရှုံးမခံရသေးတဲ့ ယောကျာ်းလေး? သောက်ကျိုးနည်းကို ငါအဖြစ်ရှိနေတာပဲ..😒.. အကျင့် မကောင်းတဲ့သူကြတော့လဲ ဘေးနားကို ဝိုင်းဝိုင်းလည်လို့ လောကကြီးက မတရားတာ..
Yi Jun တွေးနေတုန်းသူ့ခေါင်းပေါ် ဘုတ်ခနဲ ကျလာတဲ့ လက်တစ်ဖက်ကြောင့် သူတစ်ချက်တွန့်သွားသည်။ Zhang Shen Wei က သူ့ခေါင်းကို အားကြီးနဲ့ ဆက်တိုက်ပုတ်နေတာကြောင့် သူ လက်ကို ဆွဲဖယ်ပစ်လိုက်ကာ စူပုတ်ပုတ်နှင့်ကြည့်လိုက်သည်။မဖြစ်မနေ သည်းခံရမည့် အကြောင်းအရင်းကြီးကရှိနေ၍ သည်းခံနေပါသည်ဆိုမှ Zhang Shen Wei က ကမ်းတက်လွန်းသည်။
" ဘာလို့ ငါမြင်လိုက်တိုင်းမင်းမျက်နှာက ဒီလိုဖြစ်နေတာလဲ.. ငါရှိလို့ကို တမြင်လုပ်ပြနေတာလား.."
" ဆုတောင်းလေ !"
" YiJun.. နေမကောင်းဘူးလား.. မျက်နှာလေး အတော်ချောင်သွားတယ်..."
သူ့မျက်နှာကို အုပ်ကိုင်လာတဲ့ Xu feng ၏ လက်နှစ်ဖက်ကြောင့် Yi Jun မျက်လုံးလေးတွေ ဝိုင်းသွားပြီး နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။ ရုပ်တရက်ကြီး ဒါမျိုးကြီး လာလုပ်တော့ သူအတော်ပင် အံ့သြ သွားသည်။
" အော်ဆောရီး ဆောရီး.. ကိုယ်စိတ်ပူသွားလို့ လောသွားတာ."
" အမ်.. imm..ရပါတယ်.. ဘာမှမဖြစ်ပါဘူးတော့ မဖြစ်ပါဘူး...အိပ်ရေးပျက်လို့ နေမှာ.."
" ဟုတ်လား.. အိပ်ရေးဝဝ လေးအိပ်ဦး.. အစားလဲ များများစား.. ကိုယ်က ဘတ်စကတ်ဘောလဲ ဆော့နေတာ ဆိုတော့ ကြံ့ခိုင်မှ ဖြစ်မှာ.."
Yi Jun ခေါင်းငြိမ့်ပြလိုက်ရင်း Zhang Shen Wei ဆီအကြည့်ရောက်သွားတော့ အဲ့ကောင်က သူ့ကို မအီမလည်မျက်နှာ နှင့်ပြန်ကြည့်နေသည်။
" မင်းတို့ နှစ်ယောက်ဘယ်တုန်းက ဒီလောက်ရင်းနှီးသွားတာလဲ.."
" ဒီလိုပဲလေ.. မင်းသာ သူနဲ့ အဆင်မပြေတာ.. Yi Jun က အရမ်းခင်ဖို့ကောင်းတာ.."
Zhang Shen Wei ခေါင်းရမ်းလိုက်ရင်း Xu Feng ကို စိတ်ကုန်စွာကြည့်လိုက်သည်။ မိန်းမကိစ္စတွေဆို နှစ်ယောက်သားတိုင်ပင်စရာမလိုအောင်အတွဲညီခဲ့သူတွေမလို့ Xu Feng ဆိုသည်မှာလဲ သူနည်းတူ မဟုတ်တောင်
ရှုပ်တဲ့နေရာမှာ သူ့ထက်တော့ အောက်မကျ.. အခုလဲ မြင်နေကြ အမူအရာထက် အကဲပိုပြနေတာမလို့ သူတစ်ခုခုကို သိသလို ရှိနေသည်။
" ဟေ့ဟောင်.. ဒာက..ယောကျာ်းလေးနော်.."
သူခပ်တိုးတိုးကပ်ပြောတော့ Xu feng က တစ်ချက်ရယ်သည်။
" မင်းထင်သလို မဟုတ်ပါဘူးကွာ.. ငါ့အကြောင်းလဲ မင်းသိသားနဲ့.."
" ဒါနဲ့ ငါတို့သွားစရာရှိသေးတယ်ရော်.. EC တို့က အတန်းရှိသေးတယ်မလား.."
Li Hong Yi က Xu feng တို့ကို မေးလိုက်သည်။
" ဟင့်အင်း.. အတန်းမတက်ချင်တော့လို့ နှစ်ယောက်လုံးထွက်လာခဲ့တာ.. ဒါနဲ့ မင်းတို့က ဘယ်သွားမလို့လဲ.."
" Basketball club ဖက်... ဆရာ့ဆီကို ခဏသွားမလို့.."
" ဟုတ်လား.. ကိုယ်တို့လဲ အဲ့ကိုသွားမလို့ပဲ.. Zhang Shen Wei က နည်းပြကို.. အင်.. မင်းလဲ လက်ဆောင်ပါတာပဲ..ဆရာ့ကိုသွားပေးမလို့ပဲလား.. ကိုယ့်ဖို့ရော လက်ဆောင်မပါဘူးလား..?"
" အဲ... .."
YiJun အားနာသလို ခေါင်းလဲရှုပ်လာသည်။ Xu feng ကိုသတိပင်မရခဲ့တာမလို့ တစ်ခုခုဝယ်လာဖို့လဲ စိတ်မကူးမိခဲ့.. အခုလို မေးလာတော့လဲ အားနာမိပြန်သည်။
" haha.. ကိုယ်က စတာပါ.. "
" ဟို.. ကျွန်တော် မေ့သွားတာ.. ဒီလိုမှန်းသိရင် Ge (ကော)
အတွက် ဝယ်လာခဲ့ပါတယ်.. အားနာလိုက်တာ.."
" Ge??? တကယ်ကြီးလား Yan Yi Jun!! ဘယ်တုန်းက မင်း ဒီလောက်ယဉ်ကျေးသွားတာလဲ.."
တလျှောက်လုံး သူနှင့်မဆိုင်သလို ငြိမ်နေတဲ့
Zhang Shen Wei ဆီက အသံကျယ်ကျယ်ကျယ်ကြောင့် Yi jun မျက်စောင်းထိုးလိုက်သည်။
" ငါ့ဘာသာ ဘယ်လိုခေါ်ခေါ်ပေါ့.. မင်းအလုပ်လား.."
Zhang shen Wei ကိုဆို အကောင်းကိုမပြောချင်သည့်စိတ်က သူ့စိတ်ထဲအမြဲရှိနေတာမလို့ အခုလဲ စကားတွေက ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားပြန်သည်။ သူ့ကို ယဉ်ယဉ်ကျေးကျေးပြောဆိုတဲ့ စကားကြီးကို အမြင်ကတ်တာမလို့ Zhang Shen Wei နဲ့ စကားမပြောမိအောင် အတတ်နိုင်ဆုံး ကြိုးစားနေကာမှ.. ပြောဖြစ်အောင် ပြောမိသွားသည့် ကိုယ့်ကိုကိုသာ အပြစ်တင်လိုက်မိသည်။
" Hak.. မင်းက တကယ် ရယ်ရတာပဲ.. Changshaမှာတုန်းက ပေးခဲ့တဲ့ ကတိကို မေ့ပစ်လိုက်တာလား..?? "
နှလုံးဒိတ်ခနဲ တစ်ချက်ခုန်သွားတာကို ရန်ရီကျွင်းခံစားလိုက်ရသလို နားရွက်ဖျားများလည်း ပူတက်လာသည်။ စလာပြီ.. ဒင်းကြီး ဇာတ်လမ်းစလာပြန်ပြီ 😭
" ရတယ်လေ.. မင်းလဲ လုပ်ချင်တာလုပ်.. ငါလဲ လုပ်ချင်တာလုပ်မယ် မကောင်းဘူးလား..?"
" ဟမ်..ဘာတွေ ဖြစ်ခဲ့ကြလို့်လဲ...??"
Li Hong Yi ရဲ့ မေးခွန်းတစ်ခုနှင့် Xu feng ၏ အကြည့်တို့က သူ့ဆီရောက်လာတော့ Yan Yi Jun သူ့နှုတ်ခမ်းကိုသာ ဖိကိုက်လိုက်သည်။
" ဘာမှမဟုတ်ဘူး.. သူတမင် လျှောက်ပြောနေတာ.."
သူ Zhang shen Wei လက်ကို သွားဆွဲလိုက်တော့ သူ့ကိုအံ့သြသလို တစ်ချက်ဖြစ်သွားပေမယ့်
သူ့ရဲ့ မျက်လုံးတွင် ရယ်မြူးရိပ်များသန်းနေတာ တွေ့တော့ Yan Yi Jun နှုတ်ခမ်းကိုသာ ပိုဖိကိုက်လိုက်သည်။ ရင်တွေကလဲ တဒိတ်ဒိတ်ခုန်နေသလို နားထင်တွေပါ တဒိတ်ဒိတ်ခုန်နေတာကို ခံစားမိနေသည်။ သူ Zhang Shen Wei ကို ဆွဲခေါ်လာပေမယ့် ဟိုလူက ပါမလာတော့ သူစိတ်ပေါက်စွာ အော်လိုက်သည်။
" လာခဲ့.. လိုက်ခဲ့လို့.. ငါ့အပေါ်ထိ ဒါမျိုးလုပ်နေမှာလဲ..!!"
" Wow.. Wow.. ဘာဖြစ်ကြတာလဲ.. ရန်မဖြစ်ကြပါနဲ့ကွာ.... စိတ်အေးအေးထား.."
Xu Feng [ရွှီဖုန်း] က ကြားထဲ ဝင်လာတော့ YiJun ခေါင်းရမ်းလိုက်သည်။
" ရတယ်.. စကားပြောရုံပဲမလို့ စိတ်မပူနဲ့..ငါသူနဲ့နှစ်ယောက်ထဲပဲ ပြောချင်တာမလို့ မလိုက်ခဲ့နဲ့..Li hong Yi နည့်းပြဆီ နောက်မှ သွားမယ်..!"
သူ Zhang Shen Wei လက်ကို စောင့်ဆွဲလိုက်တော့ ဒီတစ်ခါ လူပါ ပာလာသည်။ ဖြတ်သွားဖြတ်လာ ကျောင်းသူကျောင်းသားတွေနဲ့ သူတို့ဖြတ်သွားတဲ့ အတန်းဘေးက လူတွေရဲ့ စပ်စပ်စုစုမျက်လုံးတွေက သူတို့ဆီမှာမှန်းသိပေမယ့် သူဂရုမစိုက်ချင်တော့ .. Zhang Shen Wei လက်ကို သာ တင်းနေအောင်ဆုပ်ထားရင်း လူရှင်းတဲ့ နေရာဖက်ဆီခေါ်လာခဲ့သည်။
" တခြားသူတွေ သိသွားမှာ အရမ်းကြောက်တာပဲလား.. ဒါမှမဟုတ်.. Xu feng သိသွားမှာကို စိုးလို့လား.."
" ဘာ.. Feng Ge နဲ့ ဘာဆိုင်လို့လဲ.! မင်းအတွက် ဒါက ရယ်စရာ ထင်နေလား.. တခြားသူရဲ့ လူမသိစေချင်တဲ့ တခြားတစ်ဖက်ကို လှောင်ရယ်နေတာ..သိပ်ကို ကျေနပ်စရာ ကောင်းနေလား..? "
" Feng Ge? Hak ဟာသပဲ.. ငါမင်းကို မပြောခဲ့ဘူးလား.. မင်းနဲ့ ငါက ထပ်တူကျနေမှာပဲလို့လေ.. မင်းငါ့စကားကိုကြ အလေးအနက် မထားဘဲ တခြားငါနဲ့ရွယ်တူတစ်ယောက်ကို Ge Ge ခေါ်ပြနေတာ..ရုပ်ပေါက်လွန်းတယ် မထင်ဘူးလား..?"
" ငါ..."
Zhang Shen Wei စကားတွေကလဲ မှန်နေသည်မလို့ သူငြိမ်သွားသည်။ Zhang Shen Wei ကို အကြီးတစ်ယောက်လိုပင် မြင်ပေးလို့ကိုမရတာမလို့ အခေါ်အဝေါ်တွေ ဘာတွေပြောင်းလဲဖို့ ခက်ခဲလွန်းသည်က အမှန်တရားတစ်ခုဖြစ်နေသည်။
" မင်းက လူတွေကိုလဲ မသိစေချင်ဘူး.. ငါ့ကိုကြလဲ ရှိတယ်လို့သဘောမထားဘူးဆိုတော့ ??"
" Shen Wei Ge ရပြီလား? ခင်ဗျားနဲ့ LiNa ကြား ထပ်မပါမိဖို့လဲ ကျွန်တော့်ဖက်က ကတိပေးတယ်.. ခင်ဗျားဖက်ကလဲ ခင်ဗျားကတိသာ တည်ပါစေ.."
" အဟား.. မင်းငါ့ကို Ge ခေါ်ဖို့အရေး ငါအသည်းအသန်ဖြစ်နေတယ်ထင်တာလား.. No No..ငါက မင်းကို အချိုးပြေစေချင်တာ.. ဒါပေမယ့် ငါ့ဖက်က သေချာတာကတော့ မင်းကောင်းကောင်းနေသရွေ့ ငါလဲ ကောင်းကောင်းနေမှာပဲ..ဟုတ်ပြီလား.. ကျစ်.. ဘယ်က အားတွေ ထွက်လာတာလဲမသိဘူး.."
Zhang Shen Wei က နာသွားပုံရတဲ့ သူ့လက်ကောက်ဝတ်ကို ခပ်ဖွဖွ လှည့်ကြည့်နေသည်။
" နာသွားတာလား.. ဆော..ဆောရီး.."
" မင်းနဲ့ပြောရ အာတောင်ချောက်တယ်.. အအေးတစ်ဘူးလောက် သွားဝယ်ပေးပါလား.."
" ဘာ??"
သူမယုံနိုင်စွာနဲ့ မေးတော့ Zhang Shen Wei က မျက်ခုံးတစ်ချက်ပင့်ပြသည်။
" ဘာလဲ မလုပ်ချင်တာလား.."
Zhang Shen Wei ကို သူကြည့်နေရင်း တစ်ခုခုကို သူသဘောပေါက်လာသလိုရှိသည်။ သူ မလုပ်ဘူးလို့
ငြင်းဆန်ပြန်ရင်လဲ သူ့ရဲ့ နိုင်ကွက်ကိုနင်းပြီး လှလှပပ ချုပ်ကိုင်ဦးမည်။ Yan Yi Jun ခြောက်ကပ်ကပ်တစ်ချက်ရယ်လိုက်သည်။
" ခင်ဗျားတော်တော် ယုတ်မာတာပဲ.."
သူ့စကားကို Zhang Shen Wei က စိတ်ဆိုးဟန်ပြမဘဲ ပြုံးနေရင်း လက်တစ်ဖက်က သူ့ခေါင်းပေါ်ကို ရောက်လာကာ ခပ်ဖွဖွ ပုတ်လာသည်။
" အခုမှ သိတာလား.. ငါက မင်းထင်တာထက်ပိုဆိုးနိုင်တယ်နော်.. ဒါနဲ့ Canteen က ရေညှိလှိပ်ပါ ဝယ်ခဲ့ဦးနော်.. အတန်းထဲက စောင့်နေမယ်..😉.."
Zhang Shen Wei ထွက်သွားတော့Yan Yi Jun ဒေါသတွေ..မွန်းကြပ်မှုတွေ..နောင်တတွေနှင့်အတူ ငြိမ်သက်စွာ ကျန်နေခဲ့သည်။ သူသိခဲ့သင့်တာ..နားလည်ခဲ့သင့်တာ။ စတွေ့ထဲက ကံဆိုးမှုတွေဘဲ သယ်ဆောင်လာတဲ့သူ့ကို သူသာ ဒီ့ထက်ပို သတိထားခဲ့ရင်။ ။
🌟အပိုင်း (၂၄)ဆက်ရန် 🌟
သီတင်းကျွတ်အတော အတွင်း အိမ်လည်ရောက်နေတဲ့ ကလေးတွေကြောင့် စာရေးဖို့ မလွယ်ဖြစ်သွားလို့ ကြာသွားတာပါ .. ခုပြန်လာပါပြီနော် 😘 update မှန်အောင်ကြိုးစားပေးပါ့မယ်..ဒါပေမယ့် ဘယ်ရက်ဘယ်လို ဒိတ်မယ် အတိအကျမပြောတော့ဘူး.. အကြောင်းအမျိုးမျိုးကြောင့် မဒိတ်ဖြစ်တဲ့အခါ အားနာဖို့်ကောင်းလို့်ပါ 😊 update မှန်မှန်လေးတော့ လုပ်သွားပေးပါ့မယ် 💗
🌟13.10.2017🌟
🍑Dream-catcherr🍑
Bạn đang đọc truyện trên: Truyen247.Pro