ကဗျာမဆန်ခဲ့သောတွေ့ဆုံမှု(၂)
အပိုင်း(၂)
" ငါတော်တော်များပုနေသလား.."
သူ့ဘေးမှ Zhang Shen Wei ဖြတ်သွားချိန်မှာ Yan Yi Jun [ရန်ရီကျွင်း]ခပ်တိုးတိုးရေရွတ်လိုက်သည်။တကယ်တော့ ယောကျာ်းလေးတစ်ယောက်အတွက် 5ပေ9ဆိုတာ ပုလွန်းသည်လို့လဲ မဆိုနိုင်.. ထိုသူကသာ ရှည်လွန်းနေခဲ့တာ..ထိုသူကတစ်ပတ်တစ်ထည်လေးပတ်ထားတာကို သူ့ကိုယ်သူ အဝတ်အပြည့်အစုံများဝတ်ထား သည်များထင်နေသလားမသိ.. သူချက်ချင်းလှည့်ကြည့်လိုက်ပေမယ့် ထိုသူရဲ့ နောက်ကျောကိုသာ ဖျတ်ခနဲ မြင်လိုက်ရသည်။
" ဒီပုံစံကြီးနဲ့ ဘယ်အထိများသွားမလို့ပါလိမ့်.."
လက်ထဲက ပိုက်ဆံအိတ်ကို ကြည့်လိုက်ရင်း Yan Yi Jun မျက်ခုံးတစ်ဖက်ပင့်ဆက်သွားသည်။
"ကောင်မလေးကလဲ အခန်းထဲက မပြေးရုံတမယ်ထွက်လာတယ်.. အဲ့ဒီ့လူကလဲ ရေချိုးရင်းတန်းလန်းကြီးနှင့် အခန်းထဲက အမြန်ထွက်လာရပုံပဲ.. ကောင်မလေးဆီကနေ အဲ့လူရဲ့ ပိုက်ဆံအိတ်ကလဲ ဒီနားလေးမှာ ကျကျန်ခဲ့တယ်.. "
Yan Yi Jun ပါးစပ်က တတွတ်တွတ်ရွတ်ရင်း ဖြစ်ပုံတွေကို အသေအချာစဉ်းစားသည်။ လက်ညိုးတစ်ထောင်ထောင်ပါ လုပ်နေတဲ့ သူ့ပုံစံကတော့ မသိရင် မှုခင်းခပ်ကြီးကြီးတစ်ခုကို ဖော်နေတဲ့ ဝါရင့်စုံထောက်ကြီးလိုလို.. နှစ်မိနစ်လောက်ကြာတော့ Yan Yi Jun ကျေနပ်စွာ တစ်ချက်ပြုံးလိုက်ရင်း လက်ဖျောက်တစ်ချက်တီးလိုက်သည်။
" ဟုတ်ပြီ.. အဲ့ဒါဆို ခုနက ကောင်မလေးက ခုနကလူရဲ့ ပိုက်ဆံအိတ်ကို ယူသွားလို့ပဲ.. အဟီး တယ်တော်တဲ့ ငါပါလားနော်..ဟီးဟီး.."
"ဒီမှာ.."
" အမလေး.."
သူ သူ့အတွေးနဲ့သူ အာရုံဝင်စားနေချိန်မှာ နောက်က ခေါ်လိုက်တဲ့ အသံမာမာ အသံကြောင့် Yan Yi Jun လန့်သွားသည်။ ခေါ်တဲ့အသံကလဲ ရင့်လိုက်တာ.. သူမကျေနပ်စွာနဲ့ နောက်လှည့်လိုက်တော့ သူ့ကို အခုပဲလူသတ်တော့မလို မျက်နှာပေးနဲ့ သူ့ကို ကြည့်နေတဲ့ Zhang Shen Wei ဆိုတဲ့သူ..
သူ့ကို လေသံမာမာနဲ့ ခေါ်လိုက်ရုံသာမက မျက်နှာဆိုးကြီးဖြင့်ကြည့်နေသည့် Zhang Shen Wei ကြောင့် သူလဲ ဘုဂလန့်လေသံနဲ့ ပြန်ဖြေလိုက်သည်။
" ဘာလဲ.."
" ဒီနားမှာ အနီရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းမတစ်ယောက် ကို မင်းမြင်လိုက်သေးလား.."
မြင်တယ် မမြင်ဘူးမဖြေရသေးခင်မှာပဲ.. Zhang Shen Wei [ကျန်းရှန်ဝေး]
ရဲ့ မျက်လုံးတို့က သူ့လက်ထဲမှာကိုင်ထားတဲ့ ပိုက်ဆံအိတ်ဆီသို့ရောက်လာသည်။ ပိုက်ဆံအိတ်မှာ သူကိုယ်တိုင်တပ်ပြီးအလှဆင်ထားတဲ့ လေးထောင့်ပုံ ငွေရောင်အတုံးသေးလေးတွေကြောင့် ဒါကအိတ်တူတာမဟုတ်ပဲ.. သူ့အိတ်မှန်း Zhang Shen Wei ကလဲအတတ်သိလိုက်သည်။
" ဒါ ငါအခိုးခံလိုက်ရတဲ့ အိတ်ပါ.. မင်းဆီဘယ်လိုလုပ်ရောက်နေတာလဲ.."
သံသယဖြစ်သလိုလို ဘာလိုလို အကြည့်တို့က သူ့ဆီကို ဝေ့ကြလာတော့ Yan Yi Jun ဒေါသထောင်းခနဲထွက်သွားမိသည်။
" မင်းဘယ်လိုသဘောနဲ့ မေးတာလဲ... မင်းအခန်းထဲက ထွက်သွားတဲ့ မိန်းကလေးကျသွားတာ မြင်လို့ ငါက ပြန်ပေးမလို့ ကောက်ထားလိုက်တာ.."
" ဟုတ်လား..အဲ့ဒါဆို မင်းသူ့ကို ပြန်မပေးဖြစ်ပဲ အိတ်ကဘာလို့မင်းဆီမှာပဲ ရှိနေတာလဲ..အထဲက ပိုက်ဆံတွေမြင်ပြီး မင်းပြန်မပေးချင်လို့ယူထားလိုက်တာလဲ ဖြစ်နိုင်တာပဲ.."
" ဘာ.. မင်းက စကားပြောတာ အတော်လေးကျက်သရေ တုံးတာပဲ.."
သူ့ရှေ့က မထီသလိုမျက်နှာပေးနဲ့ သကောင့်သားကို ကြည့်ရင်း Yan Yi Jun ကိုင်ဆောင့်ပစ်ချိန်စိတ်တို့ပေါ်လာသည်။
စကားပြောတာများ တစ်စက်ကလေးမှကို အချိုးမပြေ..ဒီလူက သူ့ပိုက်ဆံအိတ်ပြန်ရလို့လဲ သူ့ကို ကျေးဇူးမတင်မယ့် အပြင် အပြစ်တင်တင်နေမည့်လူမျိုး..သူ့ဘေးကဖြတ်သွားတုန်းက မသိသာပေမယ့် အခုမျက်နှာချင်းဆိုင် စကားပြောမှ အနံ့ရလာတာကြောင့် ထိုသူသောက်ထားကြောင်း Yan Yi Jun သိလာရသည်။
" မင်းစကားပြောတာလဲ အချိုးမပြေပါဘူး.. ထားပါ.. ငါ့ကိုပိုက်ဆံအိတ်ပြန်ပေး..အဲ့ဒါ ငါ့ပိုက်ဆံအိတ် အဲ့ကောင်မက ငါရေချိုးနေတုန်း လစ်ပြေးသွားတာ.."
Zhang Shen Wei စကားကြောင့် Yan Yi Jun တစ်ချက် နှာခါင်းရှုံ့လိုက်သည်။ သူပြောပုံအရ နှင့် ဖြစ်ပျက်ပုံရယ်..ရောက်နေတာကလဲ ဟိုတယ်ဆိုတာရယ် တို့ကို တက်စပ်တွေးကြည့်တော့..ခုနက မိန်းမက Club တို့ Barတို့ကနေ အလွယ်ခေါ်လို့ရတဲ့ မိန်းမတစ်ယောက်.. ဒါမှမဟုတ်..ညည့်ငှက်တစ်ကောင်လဲ ဖြစ်နိုင်သည်။ တချို့တွေက ဂွင်ကောင်းကောင်းတွေ့ပြီး လစ်ရင်လစ်သလို ပစ္စည်း ဖုန်း ပိုက်ဆံအိတ် အလစ်သုတ်ပီး ခြေရာဖျောက်သွားတတ်ကြသည်။ အခုဒီလူကလဲ မိန်းမလည်တစ်ယောက်နဲ့ တွေ့ပြီး ဂျင်းမိသွားတာ ဖြစ်နိုင်သည်။ ခုနက မိန်းကလေးက ဝတ်ပုံစားပုံ ရုပ်ရည်ကအစ အထက်တန်းလွှာထဲကလို့ ထင်ရသည်။ ဒီလို လုပ်လိမ့်မယ်လို့ တစက်ကလေးပင်ထင်ရက်စရာမရှိ..
" ဟေ့ငါပြောတာ ကြားလား..ငါ့ပိုက်ဆံအိတ်ပြန်ပေးလို့ ပြောနေတယ်လေ.."
လေသံရော..ပုံစံရောက နည်းနည်းလေးမှ ထောင့်မကျိုး..ဒီလိုလူမျိုးက ဆယ်ခါပြန်အလိမ်ခံရတောင် ဝမ်းနည်းစရာတစ်ကွက်မရှိဟု သူတွေးလိုက်သည်။ သူ့စိတ်ထဲ ဒီလူ့ကို အတော်လေးပင် ချဉ်နေပြီ...
ခုနက ထိုလူ့ရုပ်ရည်နှင့် အရက်အပေါ် အမှတ်များများပေးလိုက်မိတဲ့ ကိုယ့်ကိုကို သာကျိန်ဆဲမိသည်။ ဒီလိုလူမျိုးကိုမှလို့ပေါ့..သူကလူငယ်တွေ..ချစ်သူရည်းစားချင်း အတူနေကြတာကိုပင် သူသဘောမကျချင်.. လိင်ကိစ္စကို သာမန်စားရေသောက် သလို သဘောထားလာနေကြတဲ့ ခေတ်ကြီးမှာ ကိုယ့်ကိုကို တန်ဖိုးထားလွန်းတဲ့သူက ဆယ်စုနှစ်လေးခုစာလောက် ခေတ်နောက်ကျ ကျန်ခဲ့တာတော့ သေချာသည်။
" ဒီမှာ စကားပြောချိုသာတဲ့သူကို လူတိုင်းကသဘောကျကြတယ်...စကားပြောထောင့်မကျိုးတဲ့သူဆိုရင်တော့ Sorry ပဲ.. တကယ်ဆို ဒီအချိန် မင်းက ငါ့ကို ကျေးဇူးတောင်တင်နေသင့်တာ..အဲ့ကောင်မလေးနဲ့ငါသာမတိုက်ခဲ့ရင် မင်းလဲ အခုအချိန်ပိုက်ဆံအိတ်ကို မြင်နေရမယ်များ မထင်နဲ့.."
" အဟက်... လတ်စသတ်တော့ ကျေးဇူးတင်ခံချင်နေတာကိုး..ရပာတယ်..ငါ့ကို ပိုက်ဆံအိတ်အရင် ပြန်ပေးဟုတ်ပြီလား..ငါအထဲက ပိုက်ဆံတွေ..မလိုပါဘူး..အရေးကြီးကတ်ကလေးတွေပဲ ယူမှာပါ.. အထဲမှာ ကျန်တာကတော့ မင်းကို ကျေးဇူးဆပ်တဲ့ သဘောပဲ.. ဒါနဲ့ ငါ့ကို ပြန်ကျေးဇူးတင်ဖို့ မလိုဘူးနော်.. "
စကားအဆုံးမှာ Zhang Shen Wei က သူ့ကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
" အော် ဒင်းကအဲ့လိုလား..ရတယ်လေ.."
Yan Yi Jun က တစ်ချက်မထီပြုံးပြုံးလိုက်ရင်း.. လက်ထဲက ပိုက်ဆံအိတ်ကို သူ့ရှေ့မှာ ဖြန့်ထားတဲ့ လက်ထဲ ထည့်ဟန်ပြုပြီးမှ ကြမ်းပြင်ဆီကို လွှင့်ပစ်လိုက်သည်။
" မင်းဒါဘာလုပ်တာလဲ.."
Zhang Shen Wei တစ်ယောက် လျှင်မြန်စွာပဲ Yan Yi Jun ရဲ့ အကျီစလည်ပင်းစကို ဆွဲဆုပ်လိုက်သည်။
" ပိုက်ဆံအိတ်ကို ငါတွေ့ခဲ့တဲ့နေရာမှာ ပြန်ထားလိုက်တာပဲ.. ဘာအမှားများပါသွားလို့လဲ.."
အကျီလည်ပင်းစကို ဆွဲဆုပ်ထားတာကြောင့် မျက်နှာနှစ်ခုက နီးကပ်နေသည်။ Yan Yi Jun မျက်ဝန်းထဲမှာ လှောင်ရိပ်တို့ ရှိပေယ့် Zhang Shen Wei ကတော့ သူ့ကို စားတော့ ဝါးတော့မလို မျက်ဝန်းမျိုးနှင့် ကြည့်နေသည်။
" အဟမ်း.."
ဘေးက ချောင်းဟန့်သံကြားလို့ ကြည့်လိုက်တော့ အန်တီကြီးတစ်ယောက်..သူ့မျက်နှာကလဲ သူတို့ကို အားတုံ့အားနာဖြစ်နေဟန်တူသည်။ ထိုအန်တီကြီးကို မြင်မှ Zhang Shen Wei က အကျီစကို လက်လွှတ်လိုက်သည်။
" အားတော့ အားနာပါတယ်..ကလေးတို့ရယ်..လမ်းလည်ခေါင်ကြီးတော့ မသင့်တော်ဘူးမလား.. Cctv တွေလည်းရှိနေတာပဲကို.. "
"ဗျာ.."
ထိုအန်တီကြီးပြောတာကို စစခြင်းသူတို့သဘောမပေါက်..
" ကောင်လေး..သူ့ကို အကျီပဲဖြစ်ဖြစ် ဝတ် ခိုင်းလိုက်ဦး..ရာသီဥတုက အေးနေတာ..အအေးပတ်ကုန်လိမ့်မယ်..ချစ်တာကလဲ ချစ်ကြတာပေါ့.."
" ကျွန်တော်?"
ထိုအန်တီကြီးက သူ့ကိုပြောနေတာမလို့.. Yan Yi Jun သူ့ကိုယ်သူယောင်နနနှင့် လက်ညိုးပြန်ထိုးမိသည်။ Zhang Shen Wei ရဲ့ဗလာနီးပါးဖြစ်နေတဲ့ခဏကိုယ်ရယ် အန်တီကြီးရဲ့ စကား နောက်က ချစ်တာကလဲ ချစ်ကြတာလဲ ချစ်ကြတာပေါ့ ဆိုတဲ့စကားကို ဆက်စပ်တွေးကြည့်မှ ဘာကို ဆိုလိုတာလဲ သဘောပေါက်ပြီး.. Yan Yi Jun တစ်ခါထဲ နင်သွားသည်။ Zhang Shen Wei မျက်နှာကတော့ ရဲခနဲဖြစ်သွားပီး ပိုက်ဆံအိတ်ကို ကောက်ကာ အခန်းထဲသို့ အမြန်သုတ်ခြေတင်တော့သည်။
အပြင်မှာတော့ Yan Yi Jun ရယ်..အန်တီကြီးရယ်သာကျန်ခဲ့သည်။ သူက မဟုတ်ပါဘူး..မဟုတ်ပါဘူး..လို့ အထပ်ထပ်ပြောနေပေမယ့် အန်တီကြီးကလဲ မရှက်ပါနဲ့မရှက်ပါနဲ့ သာ အထပ်ထပ်ပြောနေသည်။ Yan Yi Jun ဘဝ အသက်၁၈နှစ်တစ်လျောက်လုံးတော့ ဒီနွေဦးည တစ်ညက ကျက်သရေအတစ်လိုက်အတုံးဆုံး အမှတ်တရညတစ်ခုအဖြစ် ဖြစ်ကျန်နေခဲ့သည်။
====>
✨နောက်တပိုင်းရှည်ရှည်တင်ပေးပါ့မယ်..အခုဟာက တပိုင်းကြလည်းရှည်..နှစ်ပိုင်းကြလဲ တိုဝါးလို့ 😁 Thank u All 💗✨
🌟17.6.2017🌟
Bạn đang đọc truyện trên: Truyen247.Pro